Friday, December 6, 2013

က်ည္ကာအက်ႌ ဝတ်သွားဖို့လိုမယ့် အာဖန်ဂန်နစ္စတန်မှ တရားမဝင် Apple အရောင်းဆိုင် အတု






ကမ္ဘာပေါ်မှာ Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ အဆင့်မြင့် အီလက်ထရောနစ် ပစ္စည်းများကို ဘယ်လောက် လူကြိုက်များသလဲ သိပါသလား။ မေးကြည့်တာထက် ပြေးကြည့်တာက ပိုမြန်ပါလိမ့်မယ်။ ဘယ်ကိုပြေးကြည့် ရမလဲဆိုတော့ အာဖဂန်နစ္စတန်နိုင်ငံပါ။

မပူပါနဲ့။ ကိုယ်တိုင် သွားကြည့်စရာ မလိုအောင် ဒီသတင်းကို ဖော်ပြပေးထားတာပေါ့။ ကဲ ဒီ Apple အရောင်းဆိုင် အတုအကြောင်း လေ့လာကြည့်ရအောင်။

Apple Store Afghanistan ကို မြို့တော် ကဘူးလ်ရှိ နိုင်ငံရဲ့ အကြီးဆုံး ရှော့ပင်းစင်တာကြီးမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အဲဒီနေရာကလည်း ခေတဲ့နေရာတော့မဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်နောက်ပိုင်း အသေခံဗုံးခွဲ တိုက်ခိုက်ခြင်း ခံရတာ ၂ ကြိမ် ရှိပါပြီတဲ့။ အဲဒီ ရှော့ပင်းစင်တာကြီးမှာ ဈေးဝယ်သူများကလည်း သူဌေးတွေနဲ့ နိုင်ငံခြားသားတွေသာ ဖြစ်ပါတယ်တဲ့။

အာဖဂန်မှရရှိတဲ့ သတင်းများအရတော့ အဆိုပါ အရောင်းဆိုင်ရဲ့ ရောင်းအားကတော့ မကောင်းလှဘဲ ပြီးခဲ့သည့်အပတ် စတင်ဖွင့်လှစ်ချိန်မှ ယခုအထိ iPhone ၆ လုံးနှင့် MacBook အချို့သာ ရောင်းချရသေးကြောင်း သိရှိရသည်။

အရောင်းဆိုင်မှာ တရားဝင်မဟုတ်သော်လည်း ရောင်းချသည့် ပစ္စည်းများမှာမူ Apple ပစ္စည်း အစစ်များဖြစ်သည်။ သို့သော်လည်း ဈေးနှုန်းအား မူရင်းထက် ၁၀ ဒေါ်လာမှ ဒေါ်လာ ၅၀ အထိ တင်ထားကာ အမြတ်ရယူနေသည်ဟု သိရှိရသည်။ ကုန်ပစ္စည်းများကို ဒူဘိုင်းမှာ မှာယူတင်သွင်းပြီး 16GB iPhone 5 ၏ ဈေးနှုန်းမှာ ဒေါ်လာ ၇၀၀ ခန့် ကျသင့်သည်ဟု သိရှိရသည်။

ယခုကဲ့သို့ တရားမဝင် Apple အရောင်းဆိုင်များ ပေါ်ပေါက်လာခြင်းမှာ ယခုမှတင် မဟုတ်ပေ။ ၂၀၁၁ ခုနှစ် အတွင်းကလည်း တရုတ်နိုင်ငံ၌ တရားမဝင် Apple အရောင်းဆိုင် အတု စုစုပေါင်း ၂၂ ခုအား ရှာဖွေတွေ့ရှိခဲ့ပြီး ပိတ်သိမ်းခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...