Friday, December 6, 2013

ကမ္ဘာတစ်ဝန်းမှာ iPhone 5S အတွက် Consumer တွေ ဘယ်လောက်ပေးရသလဲ






Apple ရဲ့ iPhone ဆိုတာနဲ့ အခြားသော စမတ်ဖုန်းတွေထက် ဈေးပိုများမယ်ဆိုတာ လူတိုင်းလက်ခံထားတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် Apple အနေနဲ့ နိုင်ငံတကာ ဈေးကွက်တွေမှာ iPhone 5S ကို ဘယ်ဈေးတွေနဲ့ ရောင်နေလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

Mobile Unlocked အင်တာနက် စာမျက်နှာရဲ့ စစ်တမ်းအရတော့ အချို့သော နိုင်ငံများမှာ iPhone 5S ရဲ့ ဈေးနှုန်းဟာ သိသိသာသာကို ပိုများနေတာကို တွေ့ခဲ့ရပါတယ်။ ယူအက်စ်မှာ ရောင်းတဲ့ဈေးထက် ၂၂ ရာခိုင်နှုန်း ပိုများနေတဲ့ နိုင်ငံကတော့ အိန္ဒိယနိုင်ငံပဲ ဖြစ်ပါတယ်။



ဒါတင်မကသေးပါဘူး အိန္ဒိယနိုင်ငံရဲ့ GDP အပေါ် အခြေပြုပြီး တွက်ချက်ထားတဲ့ Purchasing Power Parity (PPP) လို့ ခေါ်တဲ့ သာမန်လူတစ်ဦးရဲ့ ပျမ်းမျှဝင်ငွေနဲ့ ဝယ်နိုင်စွမ်းအားပါ ထည့်သွင်းတွက်ချက် လိုက်မယ်ဆိုရင်တော့ iPhone 5S တစ်လုံးရဲ့ တန်ဖိုးဟာ ခေါင်ခိုက်သွားပါပြီ။

နိုင်ငံတကာ ဈေးကွက်တွေမှာ ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းတာ လုံးရိုးလုပ်စဉ်ပဲ ဖြစ်ပါတယ်။ အခွန်အကောက်၊ သယ်ယူပို့ဆောင်စရိတ်နဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်တို့ အပေါ်မူတည်ပြီး ဈေးနှုန်းတွေ ကွဲပြားသွားတတ်ပါတယ်။



iPhone 5S ဟာ မိခင် အမေရိကန်နိုင်ငံမှာ ဈေးအချိုဆုံးဖြစ်ပြီး မော်ဒယ်အလိုက် ဒေါ်လာ ၆၄၉ ကနေ စပြီး ဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် ဂျော်ဒန်နိုင်ငံမှာ တရားဝင် ရောင်းချနေတဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာနဲ့ ဆိုရင် ၉၄၀ ကျသင့်ပါတယ်။ ဒါတောင် အခွန်မပါသေးပါဘူး။

အပေါ်မှာ ပြောခဲ့တဲ့ GDP PPP အရ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ အိန္ဒိယနိုင်ငံမှ ပြည်သူများအနေနဲ့ iPhone 5S အတွက် ကုန်ကျစရိတ်ဟာ ဝင်ငွေရဲ့ ၂၂.၃ ရာခိုင်နှုန်းအထိ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် GDP မြင့်မားတဲ့ ချမ်းသာတဲ့ နိုင်ငံတွေက ပြည်သူများကတော့ iPhone 5S ရဲ့ တန်ဖိုး မြင့်မားနေစေကာမူ ဝင်ငွေလည်း မြင့်မားတာကြောင့် ကုန်ကျစရိတ်ဟာ မိမိဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းသာ ရှိတာကို တွေ့ရပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...