Saturday, March 22, 2014

ဗိုက်ခွဲမွေးခဲ့ရပြီး အဆုတ်ရောင်ရောဂါပါလာတဲ့ ချစ်စရာ့ ဂေါ်ရီလာ မျောက်ဝံမလေး




ရှားရှားပါးပါး ဗိုက်ခွဲမွေးခဲ့ရပြီး အဆုတ်ရောင်ရောဂါပါလာတဲ့ ဂေါ်ရီလာမျောက်ဝံလေးတစ်ကောင်ဟာ ကယ်လီဖိုးနီးယားပြည်နယ် San Diego တိရိစ္ဆာန်ရုံမှာ မွေးဖွားလာပါတယ်။ ခုတော့ နို့ဗူးလုံလုံလောက်လောက် သောက်နိုင်ပြီး သူကိုယ်တိုင် အသက်ရှူနေနိုင်ပြီလို့ သိရပါတယ်။

ဂေါ်ရီလာ မျောက်ဝံမလေးကို အသက် ၁၈နှစ်ရှိပြီဖြစ်တဲ့ မျောက်ဝံမကြီး Imani က မတ်လ ၁၃ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

‘ခင်ဗျားဟာ ဂေါ်ရီလာ မျောက်ဝံတွေအကြောင်း သေသေချာချာ လေ့လာဖူးတယ်ဆိုရင် ခု မျောက်ဝံမလေးမှာ ဆံပင်တွေပိုရှည်နေတာကို သတိပြုမိမှာပါ။ နို့ဗူး သောက်ရတာ သူမနဲ့ အစဉ်ပြေတယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ သူမ ကယ်လိုရီတွေ အများကြီးရလာပါပြီ။ သူမရဲ့ ပြောင်းလဲတိုးတက်မှုတွေကို နေ့တိုင်းမြင်တွေ့ရမှာပါ။ ခပ်မြန်မြန်ကို ပကတိအတိုင်း တိုးတက်ကောင်းမွန်လာတာ။’ လို့ တိရစ္ဆာန်ရုံမှာ တာဝန်ယူထားတဲ့ တိမွေးကုဆရာဝန်အဖွဲ့ တွဲဖက်အကြီးအကဲ Nadine Lamberski ကပြောခဲ့ပါတယ်။

ဒါဟာ ကယ်လီဖိုးနီးယား တောင်ပိုင်း တိရိစ္ဆာန်ရုံကနေ မွေးဖွားပေးခဲ့တဲ့ ၁၇ယောက်မြောက် ဂေါ်ရီလာမျောက်ဝံလေးပါပဲ။ မတ်လ ၁၈ရက်နေ့ မတိုင်ခင်ထိ ဂေါ်ရီလာ မျောက်ဝံမလေးကို အဆုတ်ရောင်ရောဂါအတွက် ပဋိဇီဝဆေးတွေနဲ့ ကုသပေးခဲ့ရတယ်လို့ သိရပါတယ်။



Ref:dailymail.co.uk

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...