Saturday, March 22, 2014

ကိုယ့်ကိုကိုယ်သေကြောင်းကြံတာဖြစ်ကြောင်းအတည်ပြုလိုက်တဲ့ ဖက်ရှင်ဒီဇိုင်နာ L’Wren Scoctt ရဲ့သေဆုံးမှု




နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ L’Wren Scott ရဲ့သေဆုံးမှုဟာ သူမရဲ့ Manhattan ကတိုက်ခန်းမှာ ကိုယ့်ကိုကိုယ် ကြိုးဆွဲချပြီးသက်သေတာဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။

၄၇ နှစ်အရွယ် L’Wren ရဲ့သေဆုံးမှုဟာ ဖက်ရှင်လောက၊ ဆွေမျိုးနီးစပ်တွေနဲ့ သူမရဲ့ကာလရှည်ကြာတွဲလာတဲ့ ချစ်သူ (Rolling Stones ၀ိုင်းရဲ့အဆိုတော်) Mick Jagger တို့ကို ဆက်ပြီးပဟေဠိတွေတိုးပွားစေပါတယ်။

“ကျွန်တော့ရဲ့ချစ်သူလည်းဖြစ်အကောင်းဆုံးသူငယ်ချင်းလဲဖြစ်တဲ့သူက သူမရဲ့ဘ၀ကို ဒီလိုဝမ်းနည်းစရာကောင်းတဲ့နည်းလမ်းနဲ့အဆုံးသတ်ခဲ့ရတာကို နားလည်ပေးဖို့ကြိုးစားနေရဆဲပါ” လို့ Mick Jagger ကပြောပါတယ်။

L'Wren ရဲ့သူငယ်ချင်းအရင်းဖြစ်ပြီး New York Times ရဲ့ဖက်ရှင်ဝေဖန်ရေးတစ်ယောက်ဖြစ်ခဲ့တဲ့ Cathy Horyn က Times မှာ L’Wren ကိုဂုဏ်ပြုရေးသားခဲ့ပါတယ်။ အဲဒီ့အထဲမှာတော့ L’Wren ရဲ့ ဖက်ရှင်အမှတ်တံဆိပ်ဟာ ငွေကြေးပြသနာများစွာရှိနေပြီး သူမက ဗုဒ္ဓဟူးနေ့မှာ အဲဒီ့အမှတ်တံဆိပ်ကို ရပ်တန့်ကြောင်းကြေငြာဖို့ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ အဲဒီ့အမှတ်တံဆိပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ မှတ်ချက်ပေးဖို့ငြင်းဆန်သွားပါတယ်။

Ref:luckymag.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...