Monday, October 14, 2013

ဒေသခံ ပြည်သူများအား ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ နေရာချထားပေး…





နေပြည်တော် အောက်တိုဘာ ၁၄

ပြည်ခရိုင် ရွှေတောင်မြို့နယ် ယင်းမူကုန်း ကျေးရွာတွင် ဧရာဝတီ မြစ်ရေတိုက် စားမှုများကြောင့် မြစ်ကမ်းပါးပေ ၅ဝခန့် ပြိုကျသဖြင့် ကျေးရွာတွင် နေထိုင်သော အိမ်ထောင်စု ၃ဝ စု၊ စုစုပေါင်း လူဦးရေ ၁၉၁ ဦးအား ရေဘေး

လွတ်ရာနေရာ များသို့ အောက်တိုဘာ ၁ဝရက်က တပ်မတော် သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ကူညီရွှေ့ပြောင်း ပေးပြီး နယ်လှည့် ဆေးကုသရေး အဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

(မြ၀တီ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...