Monday, October 14, 2013

ဖြူးမြို့တွင် ဦးခေါင်းပြတ် သေဆုံးနေသော ဂေါ်ရခါး လူမျိုး တစ်ဦး အပါအ၀င် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား





ဖြူးမြို့တွင် ဦးခေါင်းပြတ်လျက် ဂေါ်ရခါး လူမျိုး တစ်ဦး အပါအ၀င် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား ခဲ့ကြောင်း ဖြူးမြို့ ရဲစခန်းမှ သတင်း ရရှိပါသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက် ညနေ ၆ နာရီ အချိန်ခန့်တွင် ခင်တန်းကြီးကျေး ရွာအုပ်စု၊ ကျွဲကူး ကျေးရွာနေ ဦးဇော်နိုင်ဦးမှ ၎င်း၏ အိမ်တွင်း တည်းခိုနေထိုင်ပြီး၊ သစ်မာ(ပျဉ်းကတိုး) စိုက်ခင်းတွင် စိုက်ခင်း စောင့် လုပ်ကိုင်နေ ကြသောဂေါ်ရခါး လူမျိုး ဦးဇော်မင်း ၅၉ နှစ်နှင့် ဇနီး ဖြစ်သူ ဒေါ်တင်ရွှေတို့သည် စိုက်ခင်း မှ ပြန်လည် မရောက်ရှိ လာသည့် အတွက် ကျွဲကူးကျေးရွာနေ ကိုဝင်း လှိုင်၊ ကိုအေးနိုင် တို့နှင့်အတူ စိုက် ခင်းထဲသို့ လိုက်သွားရာ တဲအတွင်း မြေကြီးပေါ်တွင် ဦးဇော်မင်းမှာ ဦး ခေါင်းပြတ် လျက်နှင့် ၎င်း၏ဇနီးဖြစ် သူမှာ ဒဏ်ရာ များဖြင့် သေဆုံးနေ သည်ကို တွေ့ရှိ ရသောကြောင့် ဖြူး မြို့ရဲစခန်းသို့ တိုင်တန်းခဲ့သည်။

အခင်းဖြစ်နေ ရာသို့ ဖြူးမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းများ မှ သွားရောက် စစ်ဆေးခဲ့ရာ ဦးဇော် မင်းမှာ ဦးခေါင်းပြတ် လျက် ယာ ဘက်ရင်အုံ ထိုးသွင်း ဒဏ်ရာတစ် ချက်ဖြင့် သေဆုံးနေပြီး၊ ၎င်း၏ဇနီး ဖြစ်သူမှာ ဘယ်ဘက် ၀မ်းဗိုက်ဘေး မှ ထိုးသွင်း ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေ သည်ကို တွေ့ရှိ ရသည်။

သေဆုံးသူ ဦးဇော်မင်းမှာ အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် စိုက်ခင်းတဲသို့ သွားရောက်ခဲ့ပြီး၊ဇနီးဖြစ် သူဒေါ်တင် ရွှေမှာ နေ့လည် ၁၁ နာရီအချိန်ခန့် တွင် ထမင်းပို့ရန် သွားရောက်ခဲ့ ကြောင်း၊ အခင်းဖြစ်နေ ရာတွင် အရက်ဖြူ ပုလင်းနှင့် ဘီယာဘူးခွံ ၇ ဘူး၊ စားလက်စ အချဉ်ထုပ် များကို တွေ့ရှိ ရသည့်အတွက် လူသတ် တရားခံများနှင့် အရက်သေစာ သောက်စားခဲ့သည်ဟု ယူဆရ ကြောင်း၊ စိုက်ခင်းတဲ၏အရှေ့ဘက် ၁၅ ပေခန့်အကွာ ချုံအတွင်း၌ မစား ရသေးသော စတီး ထမင်းချိုင့်နှင့် ဦးဇော်မင်း ကိုင်ဆောင်နေကျ ပေါက် ချွန်း အား သွေးများနှင့် အတူ ရှာဖွေ သိမ်းဆည်း ရမိကြောင်း၊ ဦးဇော်မင်း ၏ ဦးခေါင်းပြတ်ကိုမူ တဲပတ်လည် ကိုက်လေးရာ အကွာအတွင်း တွေ့ရှိ ခဲ့ရကြောင်း ဖြူးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းအမှုအား ဖြူးမြို့နယ်ရဲစ ခန်းမှ (ပ) ၄၃၃/၂၀၁၃ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် အရေး ယူထားကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် ယခုနှစ်ဖေဖော် ၀ါရီလ ၁၄ ရက်နေ့က အမျိုးသမီး ငယ် တစ်ဦးအား ဦးခေါင်းဖြတ်၍ သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အမှု တွင် သေသူ မိန်းကလေးမှာ မည်သူ ဖြစ်ကြောင်းကိုပင် ဖော်ထုတ်၍ မရနိုင်သေးကြောင်း၊ ယခုတစ်ဖန် ခေါင်းဖြတ် လူသတ်မှုတစ်ခု ထပ်မံဖြစ်ပွား ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

မြန်မာပိုစ့်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...