Saturday, August 24, 2013

ဗြိတိန်တော်ဝင် လေတပ်တွင် ပထမဆုံး အမျိုးသမီး လေတပ် ဗိုလ်ချုပ်ခန့်အပ်


လန်ဒန် သြဂုတ် ၂၃

ဗြိတိန်တော်ဝင် လေတပ် (RAF) သည် ကြယ်နှစ်ပွင့် အဆင့်ရှိ ပထမဆုံး အမျိုးသမီး လေတပ်ဗိုလ်ချုပ် အဖြစ် Elaine West ကို ခန့်အပ်ခဲ့ပြီး အဆိုပါ ခန့်အပ်မှုသည် ဗြိတိန် တပ်မတော်တွင် အမျိုးသမီး အရာရှိများကို ရာထူး နေရာ ခန့်ထားရာ၌ ကန့်သတ်ထားခြင်း မရှိသည်ကို ဖော်ပြ လိုက်ခြင်းဖြစ်ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဖိလစ် ဟမ်းမွန်းက သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အသက် ၅၁ နှစ်အရွယ်ရှိ Elaine West သည် RAF တွင် ၃၄ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိ အဆင့်သို့ တိုးမြှင့်ခန့်အပ် ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ၎င်းသည် ကာကွယ်ရေး ဆိုင်ရာ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အဖွဲ့၏ စီမံကိန်း ရေးရာနှင့် အစီအစဉ် ရေးဆွဲ အကောင်အထည်ဖော် ဆောင် ရွက်ရေး ညွှန်ကြားရေးမှူး အဖြစ် တာဝန် ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၎င်းသည် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေး အထောက်အကူပြု အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စီမံ ကိန်းများ ရေးဆွဲ ဆောင်ရွက်ရေး၊ ကာကွယ်ရေး စွမ်းရည်တိုးတက် တည်ဆောက်ရေးနှင့် ဂျာမနီ နိုင်ငံရှိ ဗြိတိန် တပ်ဖွဲ့ဝင်များ လျှော့ချရေး အစီအစဉ် တို့ကို ကြီးကြပ် ကွပ်ကဲရေး စသည့် စီမံကိန်း အစီအစဉ် များကိုလည်း ဦးစီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...