Saturday, August 24, 2013

တိုက်လေယာဉ် အစင်း ၆ဝ ဝယ်ယူမည့် တောင်ကိုရီးယား၏ ကန်ထရိုက် စာချုပ် ရရှိရန် အတွက် လော့ဟိဒ်မာတင် ကုမ္ပဏီ ဆက်လက်ကြိုးပမ်း


ဝါရှင်တန် သြဂုတ် ၂၃

တောင်ကိုရီးယား နိုင်ငံသည် ဘိုးရင်း ကုမ္ပဏီနှင့် F-15 Silent Eagle ဂျက်တိုက် လေယာဉ် အစင်း ၆ဝ ဝယ်ယူရေး ကန်ထရိုက် စာချုပ်ချုပ်ဆိုမည့် အနေအထားတွင် ရှိနေသော်လည်း လော့ဟိဒ် မာတင် ကုမ္ပဏီက အဆိုပါ ကန်ထရိုက် ရရှိရေး အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သြဂုတ် ၂၃ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

အမေရိကန် ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ အဆိုပါ ကန်ထရိုက် အတွက် ကုမ္ပဏီတစ်ခု သာလျှင် အရည်အသွေး ပြည့်မီကြောင်း တောင် ကိုရီးယား ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ပစ္စည်း ဝယ်ယူရေး အေဂျင်စီ (DAPA) က သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ကန်ထရိုက် အတွက် ဘိုးရင်း ကုမ္ပဏီက F-15 Silent Eagle တိုက်လေယာဉ်ဖြင့် လည်းကောင်း၊ လော့ဟိဒ်မာတင် ကုမ္ပဏီက F-35 တိုက် လေယာဉ်ဖြင့် လည်းကောင်း၊ EADS ကုမ္ပဏီက Eurofighter Tranche 3 Typhoon တိုက်လေယာဉ်ဖြင့် လည်းကောင်း နောက်ဆုံးအဆင့် အနေဖြင့် အသီးသီး ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

EADS ကုမ္ပဏီ၏ အဆိုပြုချက်တွင် လက်မခံ နိုင်ဖွယ်ရာအချက်အလက်များ ပါရှိနေသည့် အတွက်ကြောင့် ဘိုးရင်း ကုမ္ပဏီကိုသာ ပေးအပ်ရေး DAPA က ရှုမြင်ထားသည်။ ဘိုးရင်းနှင့် နဗှီ ကုမ္ပဏီတို့သည် အဆိုပါ ကန်ထရိုက် ရရှိရေး အတွက် တိုက်ရိုက် ယှဉ်ပြိုင် ခဲ့သော်လည်း လော့ဟိဒ်မာတင် ကုမ္ပဏီ အနေဖြင့် နှစ်နိုင်ငံ အစိုးရ အချင်းချင်း စေ့စပ် ကမ်းလှမ်းမှု လုပ်ငန်းစဉ်မှ တစ်ဆင့် ပါဝင် ယှဉ်ပြိုင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါကန်ထရိုက်အား မည်သည့် ကုမ္ပဏီသို့ ပေးအပ်သွားမည်ကို DAPA စက်တင်ဘာလတွင် ဆုံးဖြတ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...