Saturday, August 24, 2013

လက်ဘနွန်နိုင်ငံ ထရစ်ပိုလီ ပေါက်ကွဲမှု လူ ၄ဝ ကျော်သေဆုံး


လက်ဘနွန်နိုင်ငံမြောက်ပိုင်းက ထရစ်ပိုလီဆိပ်ပမ်းမြို့ ရဲ့ ဗလီတွေအနီးနားမှာပေါက်ကွဲမှုကြီး၂ခုဖြစ်ပွားခဲ့ပြီး လူ၄၀ကျော် သေဆုံးပြီးအမြောက်အမြားထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရှိရပါတယ်။ ထရစ်ပိုလီမြို့ပေါ်တွင် လည်း မီးခိုးလုံးများမည်းတက်လာသည်ကိုလဲ ရုပ်သံသတင်းဌာနများတွင်ဖော်ပြထားပါတယ်။
သောကြာနေ့ က ဗလီများတွင် ၀တ်ပြုဆုတောင်းနေချိန် ပစ်မှတ်အဖြစ် ဆန်နီမွတ်ဆလင် ဘာသာရေးခေါင်းဆောင် တစ်ဦးကို လုပ်ကြံဖို့ ပစ်မှတ်ထားဖောက်ခွဲတာဖြစ်တယ်လို့ လည်းသိရပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဘေရွတ်မြို့ တော်ရှိ ရှီအာမွတ်ဆလင်ရပ်ကွက် မှာကားဗုံးပေါက်ကွဲ ခဲ့ ပြီး ၂၇ယောက်သေဆုံး ခဲ့ပါတယ်။

ယခုပေါက်ကွဲမှုကြီးသည် ၁၅ရက်အတွင်း ဒုတိယအကြိမ်မြောက်ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...