Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

Friday, October 25, 2013

ဗန်းမော်နယ်မြေတစ်ဝိုက်က သစ်မှောင်ခို ပြဿနာ

အောက်တိုဘာ ၂၅ ရက် ၂၀၁၃

၂၀၁၃ ခုနှစ်၊ သြဂုတ်လကနေ အောက်တိုဘာလ ၁၆ ရက်နေ့အထိ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီ၊ ကိုက်ထိပ်၊ ရွှေကူမြို့နယ်တွေအတွင်းမှာ ကျွန်းနှင့် တမလန်း စတဲ့ အဖိုးတန်သစ် စုစုပေါင်း ၅၀၇.၆၂၈ တန် ဖမ်းဆီး ရမိခဲ့ကြောင်း စစ်တပ်သတင်းတစ်ရပ်အရ သိရှိရပါတယ်။ ဒီလို ဖမ်းမိတဲ့အထဲမှာ သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ လုပ်ငန်းသုံးယန္တရားယာဉ် ၁၂ စီးကိုလည်း သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရှိရပါတယ်။ ဒီနှစ်ဆန်း ဖေဖော်ဝါရီလတုန်းကလည်း ဆင်ဘို/၀ဲကြီးဒေသ မှာ တရုတ် သစ်ကုန်သည် ၄ ဦးနဲ့ သစ်တန် ၈၀၀ ခန့်ကို ယာဉ်ယန္တရားမျိုးစုံ ၇၁ စီးနဲ့အတူ ရဲနှင့်စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ အစိုးရ သတင်းတွေ မှာ တွေ့လိုက်ရပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့မှာလဲ နမ့်လင်းပါနယ်မြေမှာ ကျွဲ/နွားမှောင်ခို ၃၁ ဦးကို ကျွဲ ၉ ကောင်၊ နွား ၇၈ ကောင်နဲ့ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
 

တရုတ်နိုင်ငံအတွင်းမှ KIA ၏သစ်ခိုးထုတ်နေသည့် သစ်ကွင်းစခန်း


          ကချင်ပြည်နယ်၊ မံစီ-ကိုက်ထိပ်-ရွှေကူဝန်းကျင်တစ်ဝိုက်မှာ ဒီလို တရားမ၀င်သစ်တွေ၊ ကျွဲ/နွားမှောင်ခိုတွေ ဖမ်းဆီးရမိတဲ့သတင်းတွေ မကြာခဏဖတ်ရှုရပါတယ်။ သစ်ခိုးထုတ်ရာမှာ တရုတ်နိုင်ငံသားတွေ မကြာခဏဖမ်းဆီး ရမိသလို သစ်ခိုးထုတ်တဲ့အဖွဲ့တွေကို KIA ယူနီဖောင်းဝတ်ထားတဲ့ အစောင့်ရှောက်တွေက လိုက်ပါစောင့်ကြပ် ပေးကြောင်း၊ ဒီခွင်ထဲကိုဝင်လာတဲ့ စစ်ကြောင်းတွေနဲ့ မကြာခဏတိုက်ပွဲဖြစ်ပွားကြောင်းလည်း သတင်းတွေရရှိပါ တယ်။
          ဒီနယ်မြေဟာ တစ်ချိန်က ကျွန်း၊ တမလန်းစတဲ့ အဖိုးတန်သစ်တွေ အများအပြားပေါက်ရောက်တဲ့ နေရာပါ။ အစိုးရစစ်တပ်တွေအနေနဲ့ ဒီနယ်မြေကို အပြည့်အ၀ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒီနယ်မြေက အဖိုးတန်သစ်တွေဟာ မံစီ-ဗန်းမော်-လွယ်ဂျယ်လမ်း၊ စီအူ-နမ့်လင်းပါ-မံဝိန်းကြီး-ရွှေလီ လမ်းကြောင်းတွေက နေတစ်ဆင့် တရုတ်နိုင်ငံ ထဲကို နှစ်စဉ် တန်သောင်းနဲ့ ချီပြီး ရောက်နေခဲ့တာပါ။ ဒါကို အဓိကလုပ်နေတာက မြန်မာပြည်မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ KIO\KIA အဖွဲ့ပဲဖြစ်ပါတယ်။ KIO\KIA အဖွဲ့ဟာ သစ်မှောင်ခိုလုပ်ငန်းက ရတဲ့ ၀င်ငွေတွေအပြင် နံမည်ကျော်ကြားလှတဲ့ ဖားကန့်ဒေသ က ကျောက်စိမ်းမှောင်ခိုလုပ်ငန်းတွေနဲ့ ပတ်သက် တဲ့ ၀င်ငွေတွေ အမြောက်အများရရှိပြီး ချမ်းသာကြွယ်ဝတဲ့ အဖွဲ့အစည်းတစ်ခုလို့ လူသိများပါတယ်။
တရုတ်နိုင်ငံသို့ ခိုးထုတ်ရန် ပြင်ဆင်ထားသော သစ်လုံးများ
          ဒီအဖွဲ့ဟာ ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးပျက်ပြားပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရာက ယခုအချိန်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်လုပ်ဆောင်ခဲ့ကာ အလွတ်သဘောဆွေးနွေးမှု ၄ ကြိမ် အပါအ၀င် ဆွေးနွေးပွဲပေါင်း ၁၄ ကြိမ် ရှိခဲ့ပြီဖြစ်ပေမယ့် Cease Fire အတွက် တစ်စုံတစ်ရာ သဘောတူညီမှု မရသေးတဲ့အဖွဲ့ဖြစ်ပါတယ်။ KIO\KIA က နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် အပစ်အခတ်ရပ်ဆိုင်းရေးဆွေးနွေးပွဲကို သွားမယ်လို့ ပြောဆိုနေပြီး အစိုးရဘက်လည်း အပစ်ရပ်ဆိုင်းပြီး မှ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လုပ်ဖို့ တွန်းအားပေး ဆောင်ရွက်နေ ဆဲဖြစ်ကြောင်း လေ့ လာတွေ့ရှိရပါတယ်။
          သစ်ခိုးထုတ်တဲ့ လမ်းကြောင်းတစ်လျှောက် အစိုးရစစ်ကြောင်းတွေမရှိတဲ့အချိန်တွေမှာ KIA အစောင့် အရှောက်တွေပါတဲ့ သစ်တင်ယာဉ်ကြီးတွေဟာ ၈ စီးမှ ၂၀ စီးအထိ အုပ်စုတွေ ဖွဲ့ဖွဲ့ပြီး နေ့စဉ်နဲ့အမျှ တစ်ဖွဲဖွဲ တရုတ်နိုင်ငံကို ရောက်ရှိနေကြပါ တယ်။ ဒေသခံတွေ ကို ငွေပေး ပြီး တောလိုက်ပြုတ်အောင် ခုတ်လှဲတဲ့စနစ်ဖြစ်တဲ့ အတွက် ဒီဒေသမှာ အဖိုးတန်သစ်တွေ မရှိသလောက် ရှားပါးနေပြီဖြစ်ပြီး ယခုဆိုရင် ကျွဲ/နွားမှောင်ခိုလုပ်ငန်းများပါ အစားထိုးဝင်ရောက်လာပြီဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှုတွေကြောင့် ရာသီဥတုဒဏ်ကိုလည်း ဒေသခံပြည်သူ တွေ  ခံစားနေကြရပါတယ်။
သစ်ခိုးထုတ်နေသော သစ်ကားများ
          အစိုးရစစ်ကြောင်းများ နယ်မြေအတွင်း ၀င်ရောက်လာခဲ့ရင် သစ်မှောင်ခိုအစောင့်လိုက်တဲ့ KIO/KIA တပ်တွေနဲ့ မကြာခဏတိုက်ပွဲတွေဖြစ်ပွားတက်ပါတယ်။ KIO/KIA အဖွဲ့က သူတို့ရဲ့မိသားစုများနေထိုင်တဲ့ နမ့်လင်းပါကျေးရွာ၊ မုန်ဒိန်းပါ ကျေးရွာ၊ ကောင်ဂျာကျေးရွာတွေကို IDP စခန်းအနေနဲ့ သတ်မှတ်ထားပါတယ်။ အနီးဝန်းကျင်ကျေးရွာများက ရွာသားများကိုလည်း IDP စခန်းများသို့ စုစည်းကာ INGOs အဖွဲ့အစည်းတွေထံက ထောက်ပံ့ကြေးများကို ရယူ လျက်ရှိပါတယ်။ ယခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့မှာ UNOCHA အဖွဲ့က နမ့်လင်းပါ IDP စခန်းအတွက် ထောက်ပံ့ မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ KIO\KIA က နမ့်လင်းပါ IDP စခန်းမှာ ဒုက္ခသည် ၁၅၀၀ ကျော်ရှိတယ်လို့ ဆိုပေမယ့် အစိုးရဘက်က ဒီရွာသားတွေဟာ KIO\KIA ရဲ့ မိသားစုဝင်တွေကို စုစည်းပြီး အပြည်ပြည်ဆိုင်ရာ ထောက်ပံ့မှုတွေရအောင် နိုင်ငံရေးအရ ကစားကွက် တစ်ခုအနေ နဲ့ပြောတာလို့ သတ်မှတ်ထားပါတယ်။ KIO\KIA အနေနဲ့လည်း ဒီဒုက္ခသည်စခန်းတွေကို အခြေခံပြီး လှုပ်ရှားတာတွေရှိသလို ဒီစခန်းပတ်ဝန်းကျင်ကနေတစ်ဆင့် သစ်မှောင်ခို၊ ကျွဲ/နွားမှောင်ခိုတွေအတွက် လုံခြုံရေးဆောင်ရွက်ပြီး ၀င်ငွေရှာနေတာကိုလည်း လေ့လာတွေ့ရှိရ ပါတယ်။
          အောက်တိုဘာလ ၂၂ ရက်နေ့မှာ KIO\KIA အဖွဲ့နဲ့ တပ်မတော်စစ်ကြောင်းတွေ မုန်ဒိန်းပါကျေးရွာ၊ ကောင်ဂျာကျေးရွာတွေမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အဲဒီရွာတွေမှာ နေနေတဲ့ KIO\KIA အဖွဲ့တွေဆုတ်ခွာခဲ့ရ ကြောင်းနဲ့ သူတို့ရဲ့ ဆက်သွယ်ရေးစက်တွေ၊ ယူနီဖောင်းနဲ့ စစ်အသုံး အဆောင်တွေကို အစိုးရစစ်ကြောင်းတွေက သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။ ဒီကျေးရွာမှာတော့ KIO\KIA တို့ ပြောသလို IDP  စခန်းတွေ မရှိပါဘူး။         အဓိက ကတော့ သစ်မှောင်ခိုလမ်းကြောင်းရဲ့ ဗဟိုချက်က နမ့်လင်းပါနယ်မြေဖြစ်ပါတယ်။ တရုတ်ဘက် ကုန်သည်အများအပြားဟာလည်း နမ့်လင်းပါမှာပဲ အခြေပြုပြီး ဒီနယ်မြေထဲက သစ်တွေကို ခိုးထုတ်နေတာဖြစ်ပါ တယ်။ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွား ပြီးနောက် ဖားကန့်နယ်မြေက ကျောက်စိမ်းကုန်သည်တွေအပေါ် အခွန် ဆက်ကြေးကောက်ခံလို့ မရတော့ဘဲ အဖွဲ့အစည်းရပ်တည်မှုအတွက် ၀င်ငွေလျော့နည်းလာတဲ့အပေါ် ဒီဘက် မှောင်ခိုလုပ်ငန်းနဲ့ အဓိက၀င်ငွေရရှိဖို့ KIO\KIA အဖွဲ့အနေနဲ့ စီစဉ်ရတာ ဖြစ်ပါတယ်။ ဒီနယ်မြေကို အစိုးရ စစ်တပ်တွေ ၀င်မလာအောင် IDP စခန်းအဖြစ် ဖန်တီးပြီး တစ်ဘက်မှလည်း သစ်မှောင်ခိုလုပ်ငန်း လုပ်ဆောင်နိုင် အောင်၊ တစ်ဘက်ကလည်း အပြည်ပြည်ဆိုင်ရာအထောက်အပံ့တွေရအောင် တစ်ချက် ခုတ် နှစ်ချက်ပြတ် အကြံအစည်နဲ့ ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။
          ဒီနယ်မြေအတွင်းမှာ နိုင်ငံရဲ့သယံဇာတပစ္စည်းတွေကာကွယ်ဖို့နဲ့ ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများကို ထိန်းသိမ်းရန် နဲ့ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအတွက် တရားဥပဒေ စိုးမိုးရေး အမှန်တကယ် လိုအပ်နေတယ်လို့ မြန်မာပြည်တွင်းရေး အကဲခတ်သူများက သုံးသပ်ကြပါတယ်။

စိုင်းခွန်နောင်

Thursday, October 17, 2013

အကို ဗိုလ်ကြီး သို့ အိတ်ဖွင့်တောင်းပန်စာ

ကျေးဇူးပြု၍ နားနဲ့မနာ ဖဝါးနဲ့နာပေးပါရှင့်၊ အမေနဲ့ ပထွေးက အကြပ်ကိုင်နေတဲ့ကြားကနေ အကို ဗိုလ်ကြီး ဆီကို၊ ညီမ ယွန်းသော်တာမြတ်နိုး (အထက ၂ မရမ်းကုန်း) ရိုသေစွာ လက်အုပ်ချီလျက် စာရေး လိုက်ပါတယ်၊ ဒီစာလေးက အကို ဗိုလ်ကြီးဆီ တနည်းနည်းနဲ့ ရောက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီအကြောင်းတွေကို post အဖြစ် ဖြန့်ဝေပေးဖို့လည်း သမီး တောင်းဆိုပါရစေရှင့်။

အဖြစ်မှန်ကို လူအများ သိမှသာ ကျေးဇူးရှင် အကို ဗိုလ်ကြီး အပေါ် ပြစ်မှားမိခဲ့တဲ့ ကျွန်မတို့သားအမိ နေ့စဉ်ခံစားနေရတဲ့ စိတ်ဝေဒနာနဲ့၊ အပြစ်တွေကင်းစင်သွားလိမ့်မယ်လို့ ယုံကြည်လို့ ခုလို မရှက်မကြောက် ဝန်ခံရတာပါ။ အကို ဗိုလ်ကြီး ရဲ့ ခွင့်လွှတ်မှုကို မမျှော်လင့်ပေမယ့် ကျွန်မတို့သားအမိရဲ့ ဘဝပေး အခြေအနေ သမီးရဲ့ ရုပ်သေးရုပ်လိုဖြစ်နေတဲ့ ဘဝအပေါ် နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ကျွန်မရဲ့ အမေ ဒေါ်နီလာယု(ခ)ယွန်းမီမီ (Ph 0973176738) ဟာ ယခင်က စင်တင် စားသောက်ဆိုင် တစ်ခုမှာ သီချင်းဆိုခဲ့ဘူးပါတယ်။

အမေဟာ စင်တင်မှာ ညစဉ် သီချင်းဆိုရင်း ဖေါက်သယ်များနဲ့ ငြိစွန်းပြီး ကျွန်မကို မွေးဖွားခဲ့ပါတယ်။ ကလေးအဖေ ကတော့ အခုထိ ဘယ်သူမှန်း မသိခဲ့ရပါဘူး။

နောက်တော့ ကျွန်မတို့သားအမိ စားဝတ်နေရေးအဆင်ပြေစေဖို့ အတွက် အမေဟာ ဇနီးနဲ့ သားသမီးရှိတဲ့ အိမ်ထောင်သည် တစ်ဦးဖြစ်သူ၊ ကားပွဲစား ဦးဝင်းနိုင် Ph 095157790 သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာ အိမ်ယာ၊ နေထိုင်သူနဲ့ ထပ်မံငြိစွန်းပြီး ကလေး ၂ ယောက် ထပ်ရခဲ့ပါတယ်။

ကျွန်မအမေဟာ ဦးဝင်းနိုင်ရဲ့ မယားငယ်အဖြစ် အမှတ် ၅၀၃ ခ အောင်မြေသာလမ်း၊ ၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းကုလားကျောင်းမှတ်တိုင် အနီးမှာ နေထိုင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ဦးဝင်းနိုင်ဟာ သူ့မယားကြီးသိမှာ စိုးတာရယ်၊ ကားပွဲစားခေတ် မကောင်းတော့တာရယ်ကြောင့် ကျွန်မတို့ကို ဆက်မထောက်ပံ့ချင်တော့ပါဘူး။ အထူးသဖြင့် ပထွေး ဦးဝင်းနိုင်ဟာ မယားပါသမီးဖြစ်တဲ့ ကျွန်မအတွက် မထောက်ပံ့ချင်တော့ပါဘူး။

ကျွန်မကိုလည်း စင်တင်မှာ သီချင်းဆိုတုန်းက မွေးခဲ့တဲ့ ကောင်မ နင်က စာသင်ကျောင်းနဲ့ မတန်ဘူး စင်တင်သွားဖို့ပဲတန်တယ် လို့ ပထွေးပီပီ နှိမ့်ချဆက်ဆံကာ စာစိတ်မဝင်စားရင် ကျောင်းထုတ်မယ် စင်တင်ပို့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

နားနဲ့မနာ ဖဝါးနဲ့နာပါရှင့်၊ တကယ်တော့ ဖြစ်စဉ်ဖြစ်တဲ့နေ့က ကျွန်မဟာ ကျူရှင်မတက်ပဲ ရည်းစားနဲ့ တည်းခိုခန်းသွားခဲ့မိတာပါ။ ဒါကို သိသွားတဲ့ ဦးဝင်းနိုင်ဟာ ပထွေးပီပီ ကျွန်မကို ကျောင်းထုတ်မယ်၊ နင့်အမေတုန်းကလို စင်တင်မှာ ရှာစားချေ၊ နင်တို့ကို ဘာမှ ဆက်မထောက်ပံ့တော့ဘူးလို့ပြောဆိုကြိမ်းမောင်းခဲ့ပါတယ်။

အမေနဲ့ ကျွန်မလည်း ကြံရာမရဖြစ်ပြီး ကျွန်မတို့မိသားစု နေမကောင်းဖြစ်တိုင်း ပြသနေကျ၊ ဆေးခန်း ဖွင့်ထား တဲ့ ဗိုလ်ကြီးနဲ့အတူသွားတာဖြစ်ကြောင်း ပြောရင် အခြေအနေမဆိုးနိုင်ဘူးလို့ တွက်ပြီး လိမ်ပြော ဖို့တိုင်ပင်ခဲ့ကြပါတယ်။

ကြံရာမရတဲ့ ကျွန်မတို့သားအမိဟာ ဗိုလ်ကြီးကို အကျိုးအကြောင်းရှင်းပြပြီး ကျွန်မအနေနဲ့ ကျူရှင်လစ်ပြီး ရည်းစားနဲ့ဘုရားသွားမိတဲ့ အကြောင်း၊ တကယ်လို့ ရည်းစားနဲ့ မဟုတ်ပဲ အကို ဗိုလ်ကြီးနဲ့ လမ်းကြုံလို့ ဘုရားဖူးလိုက်သွားတာလို့ ပြောရင် အခြေအနေအားလုံး ပြေလည်မှာမို့၊ ကျွန်မ ကျောင်းထုတ်မခံရရေးနဲ့ ကျွန်မတို့သားအမိ စားဝတ်နေရေးအတွက် ကြားဝင် ကူညီပေးဖို့ ငိုယိုပြီးတောင်းပန်ခဲ့ပါတယ်။

အဲဒီနေ့က ရည်းစားနဲ့ တည်းခိုခန်းသွားအိပ်တာကိုတော့ ဗိုလ်ကြီးခမျာ မသိခဲ့ပါဘူး။ ဦးဝင်းနိုင်က ဗိုလ်ကြီး ဆီ ph ဆက်မေးတော့ ဗိုလ်ကြီးကလည်း ကျွန်မတို့ကို ကူညီတဲ့အနေနဲ့ 'ဟုတ်ပါတယ် ဘုရားသွား ရင်း ညီမလေးက လိုက်ချင်တယ်ဆိုလို့ ကျွန်တော်နဲ့ အတူတူသွားခဲ့တာပါ' လို့ သဘောရိုးနဲ့ ဖြေပေးခဲ့ပါတယ်။

အဲဒီမှာတင် နဂိုကတည်းက ကျွန်မတို့ သားအမိကို ပုတ်ထုတ်ချင်နေတဲ့ ဦးဝင်းနိုင် အတွက် အကွက်ကောင်း ဆိုက်သွားပြီး၊ ဦးဝင်းနိုင် က ဗက နဲ့ ဒီကလေးမနဲ့ တည်းခိုခန်းသွားခဲ့တာ ဗက အနေနဲ့ ဒီကလေးမကို အခု ယူရင်ယူ မယူရင် Media. Facebook, Internet. Journal တွေကနေ တနိုင်ငံလုံးသိအောင်လုပ်မယ်လို့ ခြိမ်းခြောက်ပါတော့တယ်။ ဗိုလ်ကြီးက သူနဲ့ဘာမှမပတ်သက်တဲ့အကြောင်း ကျွန်မတို့သားအမိ အကူ အညီတောင်းလို့ ကူညီပေးတာဖြစ်ကြောင်း ရှင်းပြပါသေးတယ်။

ဒါပေမယ့် ဦးဝင်းနိုင်ရဲ့ အရိပ်ကိုမှီပြီး သူ့သြဇာကို မလွန်ဆန်ဝံ့တဲ့ ကျွန်မအမေဟာ ကျွန်မအနေနဲ့ ဗိုလ်ကြီးနဲ့ညားသွားလည်း ကောင်းတာပဲ အဆိုးထဲကအကောင်းပဲ၊ မညားတောင်မှ နင့်ရှေ့ရေးအတွက် အနည်းဆုံး သိန်း ၃၀ လောက်ရအောင် ဖန်တီးနိုင်တယ် ဆိုပြီး မထူးဇာတ်ခင်းခဲ့ပါတယ်။

ဒါ့ကြောင့် တရားဝင် တိုင်ကြားလို့မဖြစ်ပေမယ့်၊ ကျွန်မတို့ဘက်က မှန်သယောင် အထက်စီးကနေ အတင်း အကြပ်စွတ်စွဲကာ ပိုင်မှ တိုင်သင့်တိုင်မယ်ဆိုပြီး၊ အမေနဲ့ ဦးဝင်းနိုင်တို့ဟာ ကျွန်မတို့သားအမိ အပေါ် စေတနာ ထားခဲ့တဲ့ အကို ဗိုလ်ကြီး အပေါ် media တွေကနေ တစ်ဆင့် တကယ် ရက်ရက်စက်စက် အရှက်ခွဲခဲ့ကြပါတယ်။

မီဒီယာတွေကလည်း အစိုးရမကောင်းကြောင်း၊ စစ်သားမကောင်းကြောင်းဆို ဟုတ်ဟုတ်မဟုတ်ဟုတ် အရမ်း စိတ်ဝင်စားနေပြီး၊ internet ပေါ်မှာလည်း သူ့ထက်ငါ ထမင်းမေ့ ဟင်းမေ့ အလုအယက် ဖွကြတဲ့ အခါ အကို ဗိုလ်ကြီး ခမျာ အတော်ပဲ စိတ်ထိခိုက် နာကျင် ခံစားနေရမယ် ဆိုတာ ကျွန်မ သိပါတယ်။ လူမဆန်စွာ ကျေးဇူးကန်းခဲ့တဲ့ ကျွန်မတို့သားအမိအပေါ် အရမ်းကို နာကျည်းနေမယ်ထင်ပါတယ်။

သမီးဘဝပေးအရ အမေနဲ့ ပထွေး ခိုင်းတဲ့အတိုင်း လုပ်ခဲ့ရတာပါ။

ဒီသတင်းတွေကို internet စာမျက်နှာပေါ်မှာတွေ့တိုင်း သမီးအပေါ် စေတနာနဲ့ ကူညီခဲ့တဲ့ အကို ဗိုလ်ကြီး အတွက် စိတ်မကောင်းဖြစ်လွန်းလို့ အကြိမ်ကြိမ် မျက်ရည်ကျခဲ့ရပါတယ်။

အရင်ကတော့ မထူးဇာတ်ခင်းခဲ့မိတဲ့ ကျွန်မတို့သားအမိရဲ့ မိုက်မဲတဲ့ လုပ်ရပ်တွေသည် အရာထင်လိမ့် မယ်လို့ ထင်မိခဲ့ပေမယ့် အခုတော့ ကျွန်မတို့သားအမိဟာ ပတ်ဝန်းကျင်ကလူတွေရဲ့ မုန်းတီးပစ်ပယ်ခြင်းကို ခံနေရပါပြီ။ အကျင့်စာရိတ္တမကောင်းတဲ့ သားအမိ၊ အိမ်ထောင်ရေး ဖောက်ပြားတတ်တဲ့ မိသားစု လို့ ပြော ဆိုတာကို ခံနေရပါပြီ။

ဘယ်သွားသွား လူတွေက ကျွန်မကို ကြည့်နေတယ် ကျွန်မတို့သားအမိရဲ့ လုပ်ရပ်တွေကို ပြောနေတယ် ကျွန်မကို မုန်းတီးနေတယ် လို့ အလိုလို ခံစားနေရပါတယ်။ ဘုရားစင်နားရောက်တိုင်းလည်း ကျွန်မတို့ သားအမိကို တစ်ခုခုက ခြောက်လှန့်နေသလို စိတ်ထဲမှာ အလိုလို တုန်လှုပ်နေရပါတယ်။

ဒါ့ကြောင့် ရိုးသားတဲ့ ကျေးဇူးရှင် အကို ဗိုလ်ကြီးအပေါ် ပြစ်မှားမိခဲ့တဲ့ သမီးတို့သားအမိကို ခွင့်လွှတ်ပေးပါ လို့ ဒီနေရာကနေ အကို ဗိုလ်ကြီးရဲ့ ခြေအစုံကို ရှိခိုးဦးခိုက် တောင်းပန်လိုက်ရပါတယ်။

အကို့အပေါ် စော်ကားမိလို့ မျက်နှာမဖေါ်ဝံ့တော့တဲ့ - ညီမ ယွန်းသော်တာမြတ်နိုး (အထက ၂ မရမ်းကုန်း)၊ အမှတ် ၅၀၃ ခ အောင်မြေသာလမ်း၊ ၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းကုလားကျောင်းမှတ်တိုင် အနီး။

Min Myanmar - posted via message from ယွန်းသော်တာမြတ်နိုး

Saturday, September 28, 2013

မြန်မာ့ဒီမိုကရေစီပန်းတိုင် အောင်မြင်မည်လော


မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှစ၍ ဒီမိုကရေစီစနစ် တစ်ခန်းရပ်ခဲ့သည်။ ဒီမိုကရေစီစနစ်အစား ဗဟိုဦးစီးချုပ်ကိုင်မှု (TOTALITAR IANISM) က မြန်မာနိုင်ငံကိုလွှမ်းမိုးထားခဲ့သည်။ ယခုအခါတော့ ပြည်သူအများလိုလားတောင့်တနေကျသောဒီမိုကရေစီစနစ်သည် ပြန်လည်ရောက်ရှိလာပေသည်။

သို့သော် မြန်မာ့ဒီမိုကရေစီသည် ယခုမှအစပျိုးသော မြေစမ်းခရမ်းပျိုးကာလသာရှိသေးသည်။ လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း ဒီမိုကရေစီလမ်းကြောင်းအပေါ် လျှောက်လှမ်းကာစသာဖြစ်သည်။
ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံတိုင်းတွင်လည်း ယနေ့တိုင် ပြီးပြည့်စုံသည်ဟု မဆိုနိုင်သေးဘဲ
လိုအပ်ချက်တွေရှိတုန်းပင် ဖြစ်သည်။

ဒီမိုကရေစီကို လျှောက်လှမ်းရာ၌လည်း ကမ္ဘာ့နိုင်ငံအသီးသီးကို လေ့လာကြည့်ပါက စနစ်အရတော့
ဒီမိုကရေစီပင်။ သို့သော် ထိုစနစ်သို့ သွားပုံခြင်းက တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူ။
မြန်မာနိုင်ငံအနေဖြင့်လည်း ဒီမိုကရေစီစနစ်သို့ မည်သည့် ပုံစံ၊ မည်သည့် လမ်းကြောင့်ဖြင့်သွားနေသနည်း။

အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ကြည့်လျှင် သူတို့၏ ဒီမိုကရေစီသည် လူတစ်ဦးတစ်ယောက်တိုင်း
၏ အခွင့်အရေးကို လုံးဝလွတ်လပ်ခွင့်ပြုထားသည်။ လူတိုင်းလူတိုင်းမှာ လွတ်လပ်မှုအခွင့်အရေးကို အပြည့်
အ၀ရကြသည်။ ချုပ်ကိုင်မှုမရှိ။ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိသည်။ စီးပွားရေးအပေါ်လည်း ချုပ်ကိုင်ထားမှုမရှိ။

ဒီမိုကရေစီဘိုးအေလို့ ခေါ်သော ဗြိတိန်က အမေရိကန်ကဲ့သို့ မဟုတ်။  အမေရိကန်သွားနေသော ဒီမိုကရေစီလမ်းကြောင်းနှင့် မတူ။ စနစ်အရတော့ ဒီမိုကရေစီပင်။ သို့သော်လျှောက်လှမ်းပုံခြင်းမတူ။

စင်ကာပူ နိုင်ငံသည်လည်း ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ထားသည်။ သို့သော်စင်ကာပူကို ဒီမိုကရေစီနိုင်ငံလို့ မယူဆတဲ့လူတွေလည်းအများအပြားရှိသည်။ သူတို့ပေးတဲ့အကြောင်းပြချက်က စင်ကာပူမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရွေးကောက်ပွဲ တွေမရှိဘူးလို့
ဆိုကြသည်။ စင်္ကာပူမှာ အုပ်စုဖွဲ့ဆန္ဒပြခြင်းကို ခွင့်မပြုထားပါ။ စီးပွားရေးကို လွတ်လွတ်လပ်လပ်လုပ်။ အစိုးရ၀င်မစွက်ဖက်ဘူး။ နိုင်ငံရေးမှာတော့ တင်းကြပ်မှုတွေရှိသည်။

အိမ်နီးချင်းထိုင်းနိုင်ငံလည်း ထိုကဲ့သို့ပင် ဒီမိုကရေစီနိုင်ငံဆိုပေမယ့်  နိုင်ငံရေးမှာ တော့ ဗဟိုက ချုပ်ကိုင်မှုအနည်းအကျဥ်းရှိသည်။ဘုရင်ကိုထိလို့မရပါ။ ဆန္ဒပြလို့မရ။ စစ်တပ်က အာဏာဝင်သိမ်းမှုကလည်း ခဏခဏဖြစ်သည်။ စီးပွားရေးကို ဖွင့်ပေးထားတဲ့အတွက်သာ
ယခုလို တိုးတက်နေတာဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံအရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများသည် အိန္ဒိယနိုင်ငံကဲ့သို့ဖြစ်သည်။
အိန္ဒိယသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းပြီးနောက်ပိုင်း အစိုးရဘာလုပ်လုပ် ပြည်သူကဆန္ဒပြသည်။ ထို့အတွက်ဦးဆောင်နေရသည့် အစိုးရမှာ ကာလရှည်ပြသနာတွေကို မဖြေရှင်းနိုင်ခင် ကာလတိုပြသနာတွေကိုလိုက်လံဖြေရှင်းနေရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုခရီးက ထင်သလောက်မတွင်ပေ။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ထွန်းနေတဲ့ ပြုပြင်ပြောင်းလဲရေးများသည် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံအချို့ကဲ့သို့  အာဏာရှင် စနစ်ကို လုံးဝတွန်းလှန်ဖြိုဖျက်လိုက်ခြင်းမဟုတ်။ စနစ်ဟောင်း နဲ့ ညှိနှိုင်း ပြီးဒီမိုကရေစီနစ်ဆီသို့ ပြောင်းလဲ လာခြင်းဖြစ်သည်။ အနီးစပ်ဆုံးပြောရလျှင်အာဆီယံနိုင်ငံများထဲမှ အင်ဒိုနီးရှားနဲ့ ဆင်တူသည်။

ဒါနှင့် ပတ်သက်၍ "ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာဟာ အသစ်တည်ဆောက်ရတာ မဟုတ်ဘဲ ရှိရင်းစွဲ အခြေအနေများကနေ ပြုပြင်ပြောင်းလဲ ယူရတာဖြစ်ပြီး ဆယ်စုနှစ်များစွာ အထီးကျန်ဆန်ခဲ့ရတဲ့ အခြေအနေတွေကနေ ပေါ်ပေါက်လာတဲ့ စဉ်းစားတွေးခေါ်မှု ပုံစံတွေကို ပြောင်းလဲဖို့ ကြိုးပမ်းဆောင်ရွက် နေရပါတယ်။ ကျွန်တော်တို့အနေနဲ့ အခင်းအကျင်းသစ်တွေကို ဦးတည်ချီတက်နေရသလို အရှိန်မသေသေးတဲ့ စနစ်ဟောင်းရဲ့ အမူအကျင့်များကိုလည်း ရပ်တန့်နိုင်ဖို့ ကြိုးပမ်းနေရပါတယ်" ဟု နိုင်ငံတော်သမ္မတက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။


ဒီလိုထူးခြားတဲ့ ပြောင်းလဲမှု ပုံစံဟာ ဒီမိုကရေစီ ပီပီပြင်ပြင် ထွန်းကားရေးအတွက် အထောက်အပံ့ဖြစ်စေသလား၊ အဟန့်အတား ဖြစ်စေသလား ဆိုတာစောင့်ကြည့်ရမည်ဖြစ်သည်။ နိုင်ငံရေး သုခမိန်တစ်ဦးက၊ ''ဒီမိုကရေစီစနစ်တွင် ချို့ ယွင်းချက် အနည်းငယ်ရှိနေသည်မှာ မှန်ပါ၏။ သို့သော် လူ့အဖွဲ့အစည်းအတွက် ဒီမိုကရေစီထက်ပို၍ ကိုက်ညီသင့်လျှော်သောစနစ်ကိုလည်း သူမမြင်'' ဟု ဆိုဖူးလေသည်။

ဒီမိုကရေစီသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊  ထင်သာမြင်သာရှိခြင်း၊  တာဝန်ယူမှုရှိခြင်း၊ ကွဲပြားခြားနားသည့် အမြင်အတွေးများဖြင့် ဖွဲ့စည်းတတ်ခြင်း တို့သည် ဒီမိုကရေစီ၏ အခြေခံများပင်ဖြစ်သည်။ ဒီမိုကရေစီက လူတိုင်းအတွက် လွတ်လပ်ခွင့်ကို ပေးထားသည်။ ထိုအခွင့်အရေးကို မည်သည့်အရာကမှ ချုပ်ကိုင်ထား၍ မရ။ သို့သော် လွတ်လပ်မှုတွင် သတိထားရမည်မှာ လူတစ်ဦး၏လွတ်လပ်မှုသည် အများစု၏ အကျိုးစီးပွားကို ထိခိုက်အန္တရာယ်ပြုမှုတစ်ခုမဖြစ်သင့်သလို၊ အများစု၏ဆန္ဒ သည်လည်း လူပုဂ္ဂိုလ်တစ်ဦးစီ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို စော်ကား ချုပ်ချယ်ရာ မရောက်စေသင့်ပေ။

မည်သို့သော လမ်းကြောင်းဖြင့် ဒီမိုကရေစီစနစ်သို့ သွားနေပါစေ ယနေ့မြန်မာပြည်သူလူထု
လိုအပ်နေခြင်းသည် လွတ်လပ်ခွင့်မှ အခြေတည်၍ လူတိုင်းအတွက် ပြည့်စုံကြွယ်ဝသော ဘ၀ကိုပိုင်ဆိုင်နိုင်ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် သာယာရေးပင် ဖြစ်၍ ထိုရည်မှန်းချက်သို့
ရောက်အောင် နိုင်ငံသားအားလုံး လက်တွဲညီစွာ လျှောက်လှမ်းရမည်ဖြစ်သည်။

ဒီမိုပလေတို

ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်း စုကြည် အပေါ် ဘယ်လိုမြင်လဲ


ဟိုတစ်လော က မိတ်ဆွေတစ်ယောက်က မောင်ဘ ကို မေးတယ် “သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဘယ်လိုမြင်လဲ” လို့ မေးလာတာ ကြုံဖူးတယ်။ အမှန်ပြောရရင် မောင်ဘ လည်း လေ့လာဖတ်မှတ်ဆဲ လူတစ်ဦးဖြစ်သလို ၊ ကိုယ့်ကိုဆွေးနွေးတဲ့ သဘောနဲ့ မေးလာတဲ့ မေးခွန်းမို့လည်းကိုယ်တိုင်လည်းငါဘယ်လို မြင်နေသလဲလို့ ပြန်သုံးသပ်မိတယ်။အခု
 မောင်ဘဒါကို မြင်တဲ့အတိုင်းပဲ ရေးမှာပါ ။ ဒီအပေါ်မှာ ကြိုက်တဲ့သူလဲရှိသလို မကြိုက်တဲ့သူလည်း ရှိမှာမို့ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။
          လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ လူရွယ်၊လူကြီး ပတ်ဝန်းကျင်မှာ  သမ္မတ ဦးသိန်းစိန် ကို လေးစားကြသူများနဲ့ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို လေးစားကြသူများဆိုတဲ့ လူအဖွဲ့အစည်း နှစ်ခု ဟာ ကွဲလွဲရပ်တည်လျှက်ရှိပါတယ်။ဒီအထဲမှာမှထပ်မံ ခွဲခြားဆန်းစစ် ကြည့်မယ်ဆိုရင် တစ်ချို့လူတွေဟာ ပုဂ္ဂလအဓိဌာန် ကျကျ လူပုဂ္ဂိုလ် ကိုးကွယ်တဲ့ အပိုင်းတွေ ရှိသလို ၊ တစ်ချို့ လူတွေက ဓမ္မအဓိဌာန် ကျကျ လုပ်ရပ်အပေါ် (၀ါ) ပြည့်သူအပေါ်အကျိုးပြုမှု နဲ့ တိုင်းတာ ကြတဲ့ အပိုင်းတွေကို တွေ့ရပါတယ်။ဒီလူအဖွဲ့အစည်း နှစ်ခု မှာ မတူကွဲပြားတာတွေ ရှိသလို တူတာတွေလဲရှိပါတယ် ။ ဒါကတော့ နိုင်ငံကိုချစ်တဲ့စိတ်ပါ။ဒါပေမယ့် ဒီမိုကရေစီိကို မြတ်နိုးပါတယ်လို့ မိုးလုံးပြည့်ညံ ကြွေးကြော်သံတွေနဲ့ လူအများစု မှာ မတူကွဲပြားတဲ့ ဒီမိုကရေစီ ရဲ့သဘောသဘာဝ ကိုနားမလည်နိုင်ပဲ“ငါနဲ့မတူငါ့ရန်သူ”ဆိုတဲ့အတွေးတွေပိုင်ဆိုင်သူတော်တော်များများ တွေ့မိတယ်။ကဲထား
ပါလေ လိုရင်းကိုပဲဆက်ပြောကြမယ်။
          ဒီအကြောင်း ကို အမြင်ပြောရမယ်ဆိုရင် Politicians are many  but Statesmen is few  ဆိုတဲ့ စကားပုံလေးကိုထည့်ပြောချင်ပါတယ်။ဒါမှ လဲ မိမိ အမြင်ကို နားလည်အောင်ပြောနိုင်မှာ မို့လို့ပါ။ဒီနေရာမှာ Statesman ဆိုတာ တိုင်းပြည်ပြုသုခမိန် လို့ ပြန်ဆိုပါတယ်။ဒီစကားလုံး နဲ့ ပတ်သတ်ပြီး တိုင်းပြည်ပြုသုခမိန် ဆိုတာကို ဒေါက်တာမောင်မောင် စုစည်းတင်ပြထုတ်ဝေတဲ့ AungSan of Burma (Myanmar) ဆိုတဲ့စာအုပ်မှာ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း C.R.Attlee က ၎င်း ရဲ့ ဆွေးနွေးဖက် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အောက်ပါအတိုင်း ရေးသားထားပါတယ်။
“Aung San was a Statesman of considerable capacity and wisdom as was show by his proposals for dealing with the minority communities in generous lines.Had he lived ,might well have staged in the commonwealth,but,as it was ,the Burmese decided an complete independence”။အဘိဓာန်မှာတော့ ဒီ Statesmen ဆိုတဲ့ စကားလုံး ကို  တိုင်းပြည်ပြုသုခမိန် ၊ အမြော်အမြင်ကြီးမားသော နိုင်ငံရေးသမားလို့ ဖွင့်ဆိုပါတယ်။Politicians ဆိုတာက နိုင်ငံရေးသမားတော့ နိုင်ငံရေးသမားပဲ ဒါပေမယ့် ရွေးကောက်ပွဲအတွက်ပဲ ကြည့်တတ်တဲ့ နိုင်ငံရေးသမားမျိုးလို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်.။Statesman ကတော့ အဲလိုမဟုတ်ဘူး နိုင်ငံရေးသမားတော့ နိုင်ငံရေးသမားပဲ ဒါပေမယ့် နောက်မျိုးဆက် တစ်ခု အတွက်ပါ ကြည့်တတ်တဲ့ နိုင်ငံရေးသမားလို့ ဆိုပါတယ်။ဒီတော့ နိုင်ငံရေးသမားချင်းတူပေမယ့် Statesman နဲ့ Politicians  စကားလုံးတော်တော်လေး ကွာခြားသွားတာတွေကိုတွေ့ရပါတယ်။မောင်ဘ ပြောချင်တဲ့ အပိုင်းကို ရောက်လာပါပြီ.။
         လက်ရှိအခြေအနေမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ရပ်တည်ချက်တွေ လုပ်ဆောင်ချက်တွေဟာ တော်တော်လေးလဲ ထိရောက်မှုရှိသလို အချို့ မမျှော်မှန်းထားတဲ့ လူအချို့မထင်မှတ်ထားတာတောင် လုပ်ခဲ့တယ်လို့ ဆိုရမယ်။(ဥပမာ-မြစ်ဆုံကိစ္စ ရပ်တန့်ထားတာတွေ) ၊ ပြီးတော့ ဘင်္ဂလီအရေးတွေမှာ ပြည်သူနဲ့ တစ်သားတည်း ပြည်သူဆန္ဒ အတိုင်း အပြင် နောက်မျိုးဆက်တွေ အတွက်ပါ ထည့်တွက် စဉ်းစားဆုံးဖြတ်ခဲ့တယ်လို့ တွက်လို့ရတယ်။ပြီးတော့ အခု သမ္မတဦးသိန်းစိန်လက်ထပ်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးေ
ဖ်ာဆောင်မှုလုပ်ခဲ့တာတွေဟာလည်း နောက်မျိုးဆက်တွေအတွက်ကောင်းတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်
။နောက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျော့အောင်ကြိုးစားခဲ့တာတွေ ၊ နိုင်ငံအတွင်း အလုပ်အကိုင်တွေ ပေါများလာအောင် ဖန်တီးနေတာတွေ ၊ စင်္ကာပူ ၀န်ကြီးချုပ် လောက်နဲ့တွေ့ဖို့ ကိုသမ္မတတစ်ယောက်မာန်ကိုချပြီးအမျိုးသားအကျိုးစီးပွားအတွက်မိနစ်ပေါင်းများစွာထိုင်စောင့် သည်းခံပေးခဲ့တာတွေဟာ နောက်မျိုးဆက်တစ်ခု အတွက်ပဲ မဟုတ်ဘူးလား ။ဒါကြောင့် မောင်ဘ က တော့ လက်ရှိသမ္မတဦးသိန်းစိန်ကို နိုင်ငံရေးသမား ဆိုပေမယ့် Statesman အမျိုးအစားခေါင်းစဉ်အောက်မှာ ထားလိုက်ပါတယ်။  နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်ကို စဉ်းစားကြရအောင်။
       ဒေါ်အောင်ဆန်းစုကြည် ဆိုတာဟာလည်းပဲ မြန်မာနိုင်ငံမှာ ပြည်သူလူထု ရဲ့ ထောက်ခံမှု တော်တော်များများ ရထားတဲ့အတိုက်အခံ ပါတီခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ အတိုက်အခံပါတီတွေအများကြီးရှိတဲ့အထဲကမှအတော်ဆုံး ခေါင်းဆောင်တစ်ယောက်လို့ ပြောလို့ရပါတယ်။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆို က ကျွန်တော် တို့ရဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လည်းဖြစ်လို့ လူထု က ထောက်ခံအားပေးကြတာလည်း ပါကောင်းပါမှာ ပါ။မောင်ဘ အမြင်တော့ နိုင်ငံအတွက်ကောင်းတာလုပ်ရင် မောင်ဖြူ လုပ်လုပ် ၊ မောင်မဲ လုပ်လုပ် ထောက်ခံရမှာပဲ။စစ်အစိုးရ လက်ထပ်က ဒေါ်အောင်ဆန်းစုကြည် နဲ့ အခု ဒေါ်အောင်ဆန်းစုကြည် ဆိုတာအပေါ်မှာ ပြည်သူလူထုက ကြည့်တဲ့ရှုထောင့်တွေက ကွဲပြားလာကြပြီ ။အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုသနားကြတယ်၊ မေတ္တာစိတ်နဲ့ချစ်ကြတယ်။ဒါပေမယ့် ဒေါ်အောင်
ဆန်းစုကြည်အကျယ်ချုပ် က ထွက်လာခဲ့တဲ့နောက်ပိုင်းမှာ လည်း ပြည်သူလူထု နဲ့ အတူ မောင်ဘ တို့လဲ အပါအ၀င် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြတယ်။(မောင်ဘ အမြင်အတိုင်းပြောရမယ်ဆိုရင်)အခုအချိန်ထိ တိုင်းပြည်နဲ့ လူမျိုး အတွက် ဘာတစ်ခုမှ ထိထိရောက်ရောက် မလုပ်ပေးသေးဘူး။ဒါကို တစ်ချို့ ကလဲ အာဏာမရှိသေးလို့  လို့ ပြောကြတယ်။ဒါဆို လွှတ်တော်ထဲမှာ ၀င်နေပြီး တရားဥပဒေစိုးမိုးရေး ဥက္ကဌ ကဘာမှ မယ်မယ်ရရ လုပ်တာမတွေ့ရဘူး။ လွှတ်တော် နားရင် ပြည်ပသွားတယ် ။ တစ်ချို့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ အမတ်လောင်းတွေ ပြည်သူတွေ အတွက် အမျိုးဘာသာ သာသနာအတွက် ဥပဒေကြမ်းတွေတင်နယ်တွေကို ကွင်းဆင်းလုပ်နေတဲ့အချိန်မှာ  တစ်နိုင်ငံပြီးတစ်နိုင်ငံ ခရီးသွားလိုက်၊ အခြေခံဥပဒေ ပြင်ကိုပြင်ရမယ်တို့ပဲ အတွင်အတွင် ပြောနေတယ်။ ပြင်ရမှာတော့ မောင်ဘ အပါအ၀င် လူတိုင်းသိတာပေါ့။ ပြီးတော့ အမျိုးဘာသာ သာသနာ ကိစ္စတွေ ၊ ဥပမာ မောင်တော ၊ မိတ္ထီလာ ကုလားအရေးအခင်း ကိစ္စတွေမှာ ဘာတစ်ခုမှ လုပ်မပေး မပြောပေးတဲ့အပြင်ကွင်တားနား မှန်တယ် လို့တောင်ထောက်ခံလိုက်သေး။မိမိ သမ္မတ ဖြစ်ရေး ရွေးကောက်ပွဲနိုင်ရေး အတွက် ဘာမဆို ချခင်းမယ့် ချနင်းမယ့်ပုံပဲ။မောင်ဘ နောက်တစ်ခု ထောက်ပြချင်သေးတယ်။ NLD က ၂၀၁၅ မှာWhite Card မဲမပေးရဘူးဆိုတဲ့ ကိစ္စမှာ ဘာလို့နှာစေး နေတယ်လို့ ထင်လဲ။ဘင်္ဂလီ ကိစ္စဆို လက်ရှောင် တယ်လို့ထင်လဲ။ အသာလေး နှာစေးပြီး လက်ရှောင်နေရင် လာမယ့် ၂၀၁၅ မှာ အဲ့ ဒီ မဲ ၄ သိန်းအား က NLD ၀ှက်ဖဲ ဖြစ်လာမယ် မဟုတ်လား။လယ်ပြင်မှာ ဆင်သွားသလို ရှင်းပါတယ်။မောင်ဘကတော့ ရွေးကောက်ပွဲအတွက်ပဲ ဆိုင်းပြင်းနေတဲ့ ဒေါ်စုကို Politicians ထဲထည့်ထားလိုက်မယ်ဗျာ..။ကဲ..မောင်ဘအမြင်ကတော့ဒါပါပဲဗျာ..။

မောင်ဘ

Friday, September 27, 2013

၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊အသစ်ရေးဆွဲခြင်းနှင့် သူတို့ ၏အမြင်များ



NLD ပါတီအနေဖြင့်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်၊အသစ်ရေးဆွဲမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လောလောဆယ်တွင်ပါတီအချို့နှင့် လက်နက်ကိုင်အဖွဲ့ အစည်းအချို့ မှကန့်ကွက်

မှုများ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီတစ်ခုဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ "ဖွဲ့စည်းပုံ အခြေခံဥပဒေအား မိမိသဘောဆန္ဒနှင့် ကိုက်ညီမှုမရှိဟုဆိုကာ အသစ်ပြန်ရေးဆွဲရန် မလိုကြော င်းနှင့် ပြင်ဆင်မည်ဆိုပါကလည်း သမ္မတဖြစ်ခွင့်နှင့် စပ်လျဉ်းသည့် ပုဒ်မများကို ပြင်ဆင်ရန် မလိုကြောင်း၊စက်တင်ဘာလ၂၄ရက်က ပြုလုပ်သောတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏၂၅နှစ်မြောက်ငွေရတုအခမ်းအနားသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်ပါသည်။

ထို့ ကြောင့်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊အသစ်ရေးဆွဲရေးနှင့်ပတ်သတ်ပြီးနိုင်ငံရေးပါတီများကြား
အငြင်းပွားနိုင်စရာများ ဖြစ်ပေါ်နေကြောင်းသိရသည်။သမ္မတကြီး၏မတ်လ၁ရက်နေ့ 
ကပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သောမိန့်ခွန်းတွင်တိုင်းရင်းသားများနှင့်ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနှင့်ပတ်သတ်၍ “ဖွဲ့စည်းပုံအခြေခံဥပဒေကိုအများဆန္ဒနဲ့သဘောတူပြင်ဆင်ပြီးမိမိတို့ရဲ့လိုလားချက်တွေရရှိအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်”ဟုပြောဆိုခဲ့ခြင်းကိုလည်းအားလုံးသိရှိပြီးဖြစ်ပါသည် ။ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်နိုင်ငံရေးပါတီများနှင့်အဖွဲ့ အစည်းအသီးသီးမှလက်ခံကြသော်လည်းအသစ်ပြန်လည်ရေးဆွဲခြင်းမှာမူလွယ်ကူမည်မဟုတ်ပေ။

မြန်မာနိုင်ငံမှအထင်ကရလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သောကရင်အမျိုးသားအစည်းအရုံးKNUမှဗဟိုအလုပ်အမှုဆောင်ဦးမန်းငြိမ်းမောင်ကလည်းဖွဲ့ စည်းပုံအခြေခံ ဥပဒေနှင့်ပတ်သတ်၍"ကျနော်တို့ ကပြန်လည်ပြီးတော့ ပြင်ဆင်ဖွဲ့ စည်းတာသာလျှင် နှစ်ဦးနှစ်ဖက်ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းရာလည်းရောက်တယ်။အဲ့တာအပြုသဘောလည်း

ဆောင်တယ်။တကယ်လို့ ၂၀၀၈ဖွဲ့ စည်းပုံဟာတိုင်းပြည်ရဲ့ အခြေအနေနဲ့ မအပ်စပ်ဘူးဆိုတာကျွန်တော်တို့ အသစ်ရေးဆွဲမယ်ဆိုရင်လက်ရှိအစိုးရကလဲလက်ခံနိုင်မှာမဟုတ်ဘူး။ တပ်မတော်ကလည်းလက်ခံနိုင်မှာမဟုတ်ဘူး။လက်မခံနိုင်ဘူးဆိုရင်ကျွန်တော်တို့ မဖြစ်နိုင်တဲ့ဟာတစ်ခုကိုအနိမ့် ဆုံးကနေအစပြုတာ အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်"ဟုပြောဆိုခဲ့ သည်။

ထို့ ပြင်KNUအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့ ဖြင့်ဖွဲ့ စည်းထားသောညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှလည်းဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ရပ်ထွက်ပေါ်လာရေးအတွက်ဥပဒေမူကြမ်းရေးဆွဲနေခြင်းကိုလည်းဦးမန်းငြိမ်းမောင်မှ

"ဒီ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေကိုအသစ်ရေးဆွဲဖို့ ဆိုတာမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။မဖြစ်နိုင်ဘူးဆိုတာကကျနော်ပြောပြမယ်။ အစဉ်အဆက်အစိုးရကသူ့ မှာမာနတစ်ခွဲသားနဲ့ ရှိပြီးသားဗျ။အဲ့ဒီလိုဆိုတော့၂၀၀၈ဖွဲ့ စည်းပုံကဘယ်သူမှမကြိုက်ဘူး။ဒါအကုန်လုံးလက်ခံထားကြပါတယ်။ သမ္မတကြီးကိုယ်တိုင်ကလဲ၂၀၀၈ဖွဲ့ စည်းပုံကအားနည်းချက်တွေရှိတယ်။ကျနော်တို့ ပြင်ဆင်ရမယ်လို့ သူကလည်းလမ်းဖွင့်ထားတယ်"ဟုဦးမန်းငြိမ်းမောင်မှဖွဲ့ စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲမည့်အပေါ်မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင်မူဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သတ်ကာ ပြင်ဆင်ရေး၊အသစ်ပြန်လည်ရေးဆွဲရေးများဆောင်ရွက်ခြင်းနှင့်ပတ်သတ်၍နိုင်ငံရေးလေ့လာသူကိုကျော်စွာမင်းမှ"အခုကပြင်မယ်၊အသစ်ဆွဲမယ်နဲ့ လုပ်နေကြတာဗျ။တကယ်တမ်းတော့အသစ်ဆွဲစရာတော့မလိုဘူးထင်တယ်။အရင်ဖွဲ့ စည်းပုံကိုလိုတာလေးတွေ ဖြည့်ပြီးအချို့ ပြင်ဆင်စရာရှိတာ ပြင်လိုက်ရင်အဆင်ပြေပါတယ်၊ဒါပေမယ့်တိုင်းပြည်နဲ့ လူမျိုးအတွက်အမျိုးသားရေးကိုတော့ဦးစားပေးရမှာပေါ့"ဟု ပြောဆိုခဲ့ သည်။

အချို့ ကမူတပ်မတော်သားများလွှတ်တော်တွင်းရောက်နေသောကြောင့်လည်းကောင်း၊သမ္မတဖြစ်ခွင့်ဥပဒေနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်အတွက်အထိအခိုက်ဖြစ်မည်စိုးရိမ်သောကြောင့်လည်းကောင်း ပြင်ဆင်ခြင်း၊အသစ်ပြန်လည်ရေးဆွဲခြင်းများ ပြုလုပ်ချင်နေကြသည်ဟုထင်မြင်ယူဆသူများလည်း ရှိနေကြသည်။

မည်သို့ပင်ဆိုစေ ခေါင်းထဲတွင် နိုင်ငံရေးအသိနည်းနည်းပါးပါးလောက်ရှိတယ်ဆိုရင်ပဲယနေ့အချိန်
အခါမှာဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပြန်လည်ရေးဆွဲရေးဟာလိုအပ်လားမလိုအပ်ဘူးလားဆို
တာစဉ်းစားဆုံးဖြတ်နိုင်ကြမှာဖြစ်ပါတယ်။

တ-စ-ည-=ကတော့ ပြင်ချင်ရင် ပြင် သမ္မတ ဖြစ်ခွင့်ကို ပြင်ဖို့ မလိုဘူးလို့ဆိုတယ်။

KNU -= ကတော့ ပြင်ချင်ရင် ပြင် ၊ ဖျက်ပြီး အသစ်ပြန်ရေးမယ်ဆိုတာ ကို လက်မခံဘူးလို့ ဆိုတယ်။

ဒေါ်အောင်ဆန်းစုကြည်-=ကတော့ ပြင်မှ ဒီမိုကရေစီ ပြည့်ဝမယ်ပြောတယ်။

ဦးအေးသာအောင်-=ကတော့အသစ်ရေးဆွဲတာဟာ၂၀၀၈နဲ့ ပြောင်းပြန်ကွာခြားမယ်လို့ပြောတယ်။

ဦးဌေးဦး -=ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပြန်ရေးဆွဲဖို့ မလိုဘူးပြောတယ်။

ဦးဦးလှစော-=ကတော့သူတို့ လမ်းကြောင်းက ပြင်ရေးလမ်းကြောင်းဖြစ်တယ်။
အသစ်ပြန်ရေးတဲ့လမ်းကြောင်းမဟုတ်ဘူးလို့ ပြောတယ်။

အင်း...နောက်တော့လည်း....ဆူကြပူကြ ဆန္ဒတွေပြ...

မကြာမီ လာမည်မျှော်.....ဟုသာ ဆိုလိုက်ချင်ပါတော့သည်။
From: M Zaw

Wednesday, September 25, 2013

ဖက်ဒရယ်ကို ဗန်းပြပြီး လက်နက်မစွန့်နိင်ကြတော့တဲ့ သူတို့တွေ



တောင်ကြီးမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှူတည်ဆောက်ပွဲ မှာ ရှမ်းပြည်တပ်မတော် (တောင်)ပိုင်းက ဦး ပေါင်ခေး ရဲ့ လက်နက်ကိုင်တပ်တွေ ဖွဲ့စည်းနေရာချထားခြင်းအတွက် ပြောကြား တဲ့ စကားကို ကြားမိတော့ ယဲ့ပြုံးလေးတစ်ချက်တော့ပြုံးမိပါတယ်။သူပြောတာလေးကတော့ စကားကွက် ကတကယ် လှပါတယ်။

သူ့အပြောအရ စစ်တပ်ထဲမှာ တိုင်းရင်းသားတွေပါဝင်တဲ့ ပြည်ထောင်စုတပ်မတော် လို့သုံးနှုန်းသွားတာ တစ်ခုတွေ့မိတယ်။အဲဒီမှာ မေးစရာရှိလာပါတယ်။လက်ရှိစစ်တပ်ကရော သူတို့အခေါ် ဗမာလူမျိုးကြီး ဆိုတဲ့ဝါဒဆိုပြီး ဗမာတွေချည်း ရှိနေတာမို့လား။လက်ရှိ စစ်တပ်ထဲမှာရော တိုင်းရင်းသားတွေ ရှိနေတာပဲ မဟုတ်လား။ လူမျိုးတစ်မျိုးတည်း သီးသန့်နေပြီး ကိုယ့်နယ်မြေမှာ ကိုယ်မင်းလုပ်ချင်တာ ဘယ်သူတွေလဲ လို့ပြန်မေး လိုက်ရင် ဗိုလ်မှူးချုပ် ပေါင်ခေးဘယ်လိုဖြေမလဲ သိချင်ပါတယ်။ စစ်တပ်မပြောပါနဲ့ဦး။ ကျွန်တော် ၁၉၉၇ ခုနှစ် အလုပ်ဝင်ခါစ ရှမ်းပြည်နယ် (မြောက်ပိုင်း)ကိုရောက်တော့ ‘အော်.ဗမာပြည်ကလာတာလား’ ဆိုပြီး မေးခံရလွန်းလို့ ခဏခဏ စိတ်ကသိကအောက် ဖြစ်ခဲ့ရဖူးတယ်။ဘယ်သူတွေက ခွဲခြားနေတာလဲ။ ထားပါတော့.နောက်တစ်ချက်က ဗိုလ်မှူးချုပ်ပေါင်ခေး ပြောသလို ပြည်ထောင်စု တပ်မတော်တကယ်ကြီး ဖြစ်လာတယ်ပဲ ဆိုပါတော့။အဲဒါကို သမ္မတအောက်မှာ ထားရှိရေးလို့ပြောတယ်နော်။ အခုလက်ရှိစစ်တပ်ကရော သမ္မတ အောက်မှာ မဟုတ်လို့လား။သမ္မတအမိန့်ကို မနာခံပဲနေလို့လား။ကေအိုင်အေ နဲ့ တိုက်စဉ် တုန်း ကလည်း လိုင်ဇာကိုသိမ်းဖို့ လက်တကမ်းအလိုကျမှ သမ္မတကြီးရဲ့ ထိုးစစ်တစ်ဖက်သတ်ရပ် ထားတာကြောင့် စစ်တပ်က စစ်သားတွေ အများကြီး ကေအိုင်အေလက်ချက်နဲ့ အသတ်ခံရလို့ စစ်သားတွေရဲ့ ကြိတ်မနိုင်ခဲမရ လေသံတွေ အွန်လိုင်းမှာ ပွထနေခဲ့တဲ့ကာလတစ်ခုကို ပြန်လှန်ကြည့်လိုက်ပါဦး။ ပြည်နယ်တွေအတွက် လုံခြုံရေးတပ်တွေကို ပြည်နယ်ဝန်ကြီးအောက်မှာ ထားရမယ်ဆိုတော့ကာ အဲဒီတပ်တွေဟာ ပြည်နယ် ၀န်ကြီးတွေရဲ့ ခါးပိုက်ဆောင်တပ်တွေ ဖြစ်မသွားဘူးလား။ပြီးတော့ အဲဒီတပ်တွေနဲ့ ပြည်ထောင်စု တပ်မတော်နဲ့ ဘယ်လို အနေအထားရှိမလဲ။ ပြည်ထောင်စုတပ်မတော်ရဲ့ အမိန့်ကို ပြည်နယ်စောင့်လုံခြုံရေးတပ်ဖွဲ့က နာခံမှာ လား။ပြည်နယ်ဝန်ကြီးရဲ့ အရိပ်အကဲနဲ့ လှုပ်ရှားမှာလား။အစိုးရပြည်ထောင်စုတပ်မတော်ကရော ပြည်နယ် လုံခြုံရေးတပ်တွေကို လက်အောက်တပ်လို့ သဘောထားရမှာလား၊ မဟာမိတ်လို့ သဘောထားရမှာလား၊ ဒါဘယ်ပြည်နယ်ဝန်ကြီးရဲ့တပ်တွေကွ  အချိန်မရွှေး ပုန်ကန်နိုင်တယ်ဆိုတဲ့ သံသယကြီးတွေနဲ့ အချင်းချင်း ရန်စောင် စောင့်ကြည့်နေရမှာလား။နယ်ခြားစောင့်တပ်တွေကို ပြည်နယ် လုံခြုံရေးတပ်အောက် ထားမယ် ဆိုတော့ နယ်ခြားစောင့်တပ် တွေက ဘယ်သူ့ရဲ့ လက်အောက်ခံ တပ် ဖြစ်သွားမလဲ။ပြည်နယ်ဝန်ကြီးတပ်ရဲ့ အရံအင်အားစု ဖြစ်သွားမယ့်သဘောလား။နောက်ပြီး အခုလက်ရှိ နယ်ခြားစောင့်တွေတောင် နိုင်ငံတော်စစ်တပ်ထဲမှာ လက်ရုံးတပ်တစ်ခု အနေနဲ့တည်ရှိနေတာ။ သူတို့ကို ပြည်နယ်လုံခြုံရေးတပ် အောက်မှာ ထားမယ်ဆိုတော့ ရဲတပ်ဖွဲ့လောက်တောင် အဆင့်မရှိတဲ့တပ်တွေ ဖြစ်သွားလိမ့်မယ်။ လက်ရှိ နယ်ခြားစောင့်တပ်တွေကရော သဘောတူလက်ခံမယ်လို့ ထင်ပါသလား။ လက်မခံခဲ့ရင် အကျိုးဆက်က စားပွဲဝိုင်းတွေပေါ်မှာ အဆုံးမသတ်ပဲ ရိုင်ဖယ်ပြောင်းက မီးပွင့်တွေက စကား ပြောကြတော့မယ်။ ။လက်ရှိ ကိုယ့်တပ်တွေကို အသွင်ပြောင်းပြီး ပြည်နယ်လုံခြုံရေးလုပ် ၊ကိုယ်တိုင်လည်း နိုင်ငံရေးလုပ်၊ အခြေအနေမဟန်ရင် တပ်တွင်းပုန်ကန်မှူတွေ စလုပ်ပြီး ပြည်နယ် ခွဲထွက်သွားမယ် လို့များကြံစည် နေပါသလား။ နောက်ပြီး မြန်မာနိင်ငံမှာ လက်နက်ကိုင်အဖွဲ့ပေါင်း ၁၀ဖွဲ့/၁၅ဖွဲ့ လောက်ရှိတယ်။အဲဒီအဖွဲ့တွေကရော အပစ်အခတ်ရပ်စဲပြီးရင် လက်နက်တကယ် စွန့်ကြမှာလား။ လက်နက်စွန့်ပြီး လက်ရှိစစ်တပ်အောက်မှာ တပ်ဖွဲ့ တစ်ခုအနေနဲ့ လက်ရှိမြန်မာ စစ်တပ်ရဲ့ စစ်သားအနေနဲ့ အမူထမ်းကြမှာလား။သေချာတယ် ဘယ်သူမှ မစွန့်ကြဘူး။

အခု အဖွဲ့အစည်းတွေလိုချင်တဲ့ ဖက်ဒရယ်ဆိုတာက စာရွှက်တွေပေါ်မှာ ဘယ်လိုပဲစကားလုံးလှည့်လှည့် အနှစ်ချုပ်က ကိုယ့်ပြည်နယ်ကို ကိုယ်ပိုင်စစ်တပ် နဲ့ကိုယ့်စည်းမျဉ်းနဲ့အုပ်ချုပ်မယ်။ပြည်မကြီးက ၀င်ရောက် စွက်ဖက်စရာမလိုဘူး။နိုင်ငံတော်နဲ့ ဆိုင်တဲ့ကိစ္စတွေကိုပဲ နိုင်ငံတော်က ကိုင်တွယ်။ဒါတောင် တိုက်ရိုက် ကိုင်တွယ်ရမှာမဟုတ်ဘူး။ညှိနှိုင်းကိုင်တွယ်ရမှာ။ ကိုယ့်ပြည်နယ်က ရတဲ့ အကျိုးစီးပွါးကို ကိုယ့်ပြည်နယ်ပဲ သုံးမယ် ဆိုတဲ့သဘောကြီးပါပဲ ။ အစတုန်းကတော့ အစိုးရစနစ်ကိုမကြိုက်လို့ ပြည်နယ်တွေဟာ အစိုးရ တိုက်ရိုက်ကိုင်တွယ်မှူကနေ လွတ်မြောက်ပြီးနိုင်ငံငယ်အနေနဲ့ရပ်တည်ဖို့ ဆိုတဲ့ ရည်ရွှယ်ချက်တွေနဲ့ လက်နက်ကိုင်ခဲ့ပေမယ့် အခု အားလုံးက လက်နက်ကိုင်ပြီး တစ်စင်ထောင်နေရတဲ့ အနေအထားကို မက်မောတွယ်တာနေပြီ။ ဒီလက်နက်ကိုင်ရင်းရလာတဲ့ အကျိုးအမြတ်တွေကို မစွန့်နိုင် တော့ဘူး။ ဒါပါပဲ။ လက်နက်ကြောင့် နယ်မြေမှာ ဗိုလ်ကျနိုင်တာ။လက်နက်ကြောင့် အခုလက်ရှိ အကျိုးအမြတ်တွေ ရနေတာ။လက်နက်ကြောင့်အစိုးရနဲ့စကားပြောနိုင်တာ တွေကို အားလုံးက သာယာနေပြီ ။မဟုတ်ဘူး မငြင်းပါနဲ့ ။ ဘယ်သူမှ တောခိုတယ်ဆိုပြီး တောထဲမှာ တဲထိုးနေတာ မရှိပါဘူး။ဇာတ်လမ်းထဲက ပစ္စတိုတစ်လက်နဲ့ ဗိုလ်အောင်ဒင်တောင် ဆင်စခန်းနဲ့ဆင်တဲ နဲ့နေသေးတာပဲ။ ခေတ်မှီစက်သေနတ်တွေ ကိုင်ထားပြီး မီဒီယာအုပ်စိုးမှူနဲ့ ခွင်ချဲ့နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တောခိုတယ်ဆိုတာ ဘန်ကောက်မှာ ထိုင်းဘတ်သန်းချီတန်တဲ့ အိမ်တွေနဲ့ပါဗျာ။အားလုံးက လက်နက် ကြောင့်ရထားတဲ့ စည်းစိမ်တွေကို သာယာလွန်းသွားပြီ။ပြီးတော့ တစ်ချိန်ချိန်မှာ ငါတို့လက်နက် မကိုင်ထားရင် ငါတို့ကို အစိုးရကတွယ်တော့မှာပဲ ဆိုတဲ့ အတွေးကြီးရှိနေလို့ပဲ။အဲဒီစိတ်ကြီးရှိနေတဲ့ ဦးပေါင်ခေး တို့လိုလူတွေကပဲ ယုံကြည်မှူ တည်ဆောက်ဖို့ ဆိုတာတော့ သိပ်ဟန်ပုံမရဘူး။ တကယ် ယုံကြည်မှူ တည်ဆောက်ရာမှာ အစိုးရကိုမဟုတ်ဘူးဗျ။ အခု လက်နက်ကိုင်ထားသူတွေ ကိုယ်တိုင်ကိုယ့်စိတ်ကို ကိုယ်ပြန်တည်ဆောက်ရမှာ ဖြစ်တယ် ခင်ဗျ ။

ဇော်(ဆ/မ)

Sunday, September 15, 2013

ရှေ့တန်းတွင် ကျဆုံးသွားသော စစ်သားတစ်ယောက်၏ မိခင်တစ်ဦး မှ သမ္မတထံ ပေးစာ (သို့) နှလုံးသားကို ရင်းပြီး ဦးနှောက်နဲ့ ရေးတဲ့ မိခင်တစ်ဦးရဲ့ စာတစောင်


သမ္မတကြီးရှင့်…

နိုင်ငံရဲ့ တာဝန်တွေကို မအားလပ်နိုင်အောင် ထမ်းဆောင်နေရတဲ့ သမ္မတကြီးကို အနှောက် အယှက် ဖြစ်စေလိုတဲ့စိတ် မရှိပေမယ့် ကျွန်မ ဒီစာကို ရေးလိုက် မိပါတယ်။ ကျွန်မဟာ တိုင်းပြည် အတွက် ခြေတစ် ဖက် စွန့်ထား သူ ရဲ့ ဇနီး၊ တိုင်းပြည်အတွက် အသက်ပေးသွားသူရဲ့ မိခင်၊ လက်ရှိ တိုင်းပြည် အတွက် အလုပ် အကျွေးပြု နေဆဲ ကျောင်းဆရာမ တစ်ဦးပါ။

ကျွန်မ အမျိုးသား ခြေတစ်ဖက် ဆုံးရှုံးချိန်မှာ ရခဲ့ဖူးတဲ့ ကြေး တံဆိပ်လေးကို ကျွန်မ ဂုဏ်ယူ ကျေနပ် ခဲ့ဖူးပေမယ့် ကျွန်မရဲ့ သားအပါအ၀င် တိုင်းပြည်အတွက် ကချင်ပြည် နယ်မှာ အသက်စွန့်ခဲ့တဲ့ စစ်သည်တွေ အပေါ် သမ္မတကြီး တို့ရဲ့ လျစ်လျူရှု နေနိုင်မှုကို ကျွန်မ တကယ် မခံစားနိုင်ပါဘူး။ ကျွန်မတို့ မိသားစုဟာ စစ်ကိုင်းတိုင်းက မြို့နယ် တစ်ခုမှာ နေထိုင်ကြီးပြင်း ခဲ့ကြတယ်။ ကျွန်မ အမျိုးသား ဟာ ရှမ်းပြည် နယ်မြောက်ပိုင်းမှာ ခြေတစ်ဖက် စွန့်ခဲ့ရတယ်။ ကျွန်မရဲ့ သား ငယ်လေးဟာ ကချင်ပြည် နယ်မှာ အသက် စွန့်ခဲ့ရတယ်။ ကျွန်မရဲ့ သားငယ်ဟာ အသက် စွန့်ပြီး စီးပွားရေး လုပ်ခဲ့ တာ မဟုတ် ပါဘူး။

တိုင်းပြည် ငြိမ်းချမ်းရေး အတွက် အသက်ပေးခဲ့တဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်ပါ သမ္မတကြီး။ သမ္မ တကြီး တို့ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံဆိုတာ ဖြစ်အောင်၊ ကျွန်မ ကလေးတွေကို သင်ပေးတဲ့ တိုင်းနဲ့ ပြည် နယ်ေ တွ ပါဝင် တဲ့ မြန်မာနိုင်ငံ မြေပုံ ကြီး ဖြစ်အောင် မွေးရပ်မြေ ကို စွန့်ခွာပြီး အသက်စွန့် တာဝန်ထမ်းေ ဆာင်နေ တဲ့ မြန်မာနိုင် ငံရဲ့ တပ်မတော် သားတွေပါရှင်။ အသက် ၂၅ နှစ် ဆိုတဲ့ ကျွန်မ သားငယ်ဟာ ကျွန်မအတွက်တော့ ကလေးပါပဲ။

ကျွန်မ သားငယ် စစ်ဆင်ရေး တာဝန်ကို စပြီးထမ်းဆောင်ကတည်းက ကျွန်မသားဟာ သူ့လစာကို မစားခဲ့ရဘူး။ သူနဲ့ ရွယ်တူ အပေါင်း အသင်းတွေ မိသားစုနဲ့ အတူနေပြီး ဘ၀ကို ပျော်ပျော် ရွှင် ရွှင် ဖြတ် သန်းချိန်မှာ ကျွန်မသား အတွက် မိသားစု ဆိုတာ တာဝန်နဲ့ ရဲဘော် ရဲဘက်တွေပဲ ဖြစ်ခဲ့ ရတယ်။ သူအရမ်း နှစ်သက်တဲ့ ဘုရားပွဲေ တွ ကို နှစ်ပေါင်း များစွာ မိသားစုနဲ့ အတူ ပျော်ရွှင်ခွင့် မရခဲ့ဘူး။ အခုတော့ ဒီဘ၀မှာ သူ့အတွက် မိသားစုနဲ့ ပြန် ဆုံဖို့ အခွင့် အရေးကို ဆုံးရှုံးခဲ့ရပါပြီ။

နိုင်ငံကြီးတစ်ခုက စစ်သား တစ်ယောက်ဟာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်ချိန်မှာ အနွေးထည် မ လုံေ လာက် လို့ သူ့အမေဆီ စာရေးပြီး မှာခဲ့ဖူးတယ်။ သူ့မိခင်က အစိုးရကို ဒီအဖြစ်အတွက် စာရေးေ တာင်း ဆို လို့ အစိုးရက ဖြေရှင်းခဲ့ပေးရတယ်။ ကျောပိုးအိတ် တစ်လုံးနဲ့ ရိက္ခာ အငတ် ငတ် အပြတ်ပြတ် တာဝန် ထမ်းဆောင် တဲ့ တပ်မ တော် သားတွေအတွက် သမ္မတကြီးတို့ အစိုးရ အဖွဲ့မှာ တာဝန် မရှိဘူးလို့ သမ္မတကြီး ယူဆပါလား လို့ ကျွန်မ တကယ် မေးလိုက် ချင်တယ်။ စစ်သား ဘ၀ကို ဖြတ်သန်းပြီးမှ သမ္မ တဖြစ် လာတဲ့ သမ္မတကြီး တို့လို လူကြီး တွေက တပ်မတော်သားတွေ အပေါ် ပိုပြီး ကြင်နာရမှာ မဟုတ် ပါဘူးလား။ မာနယ်ပလော၊ မဲသဝေါ လိုဒေသ မျိုးတွေမှာတောင် တိုက်ပွဲတိုင်းနိုင်အောင် တိုက်ပြီး တိုင်းပြည် အေးချမ်း စေခဲ့တဲ့ တပ်မတော်သား တွေဟာ ဘာမဟုတ်တဲ့ ကချင် လက်နက်ကိုင်ကျမှ အကျိုးမဲ့ အသက်ပေးခိုင်း ခဲ့ရပါသ လား။

ကချင် ထိုးစစ်ရပ် ဆိုလို့ ရပ်ထားခဲ့ ရတယ်တဲ့။ ဒါဆို ထိုးစစ်ရပ် ဆိုတဲ့ ကာလမှာ ကျွန်မ သား ဟာ ရန်သူ့ရဲ့ ကျည်ဆံအောက်မှာ ကျဆုံးခဲ့ ရတာပါလဲ။ တကယ်ဆို သမ္မတကြီးတို့ လုပ်တဲ့ ငြိမ်းချမ်းရေး သာ စစ်မှန် ရင် ဒီအချိန် ကျွန်မဟာ ကျွန်မ သား ပြန်အလာကို စောင့်ရင်းနဲ့ ဘုရားမှာ ဆုတောင်းနေ ရမှာပါ။ ကျွန်မ အရမ်း ၀မ်းနည်းမိပါတယ်။ စစ်သားတစ်ယောက် ဖြစ်လို့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကျွန်မ သားကို ကျွန်မ ဂုဏ်ယူပေမယ့် ကျွန်မသား ပေးဆပ်ရတဲ့ အသက်ဟာ သမ္မတ ကြီးရဲ့ ထိုးစစ် ရပ်ဆိုတဲ့ စကားေ ကြာင့် ဆို တဲ့ အတွေး ကလည်း ကျွန်မကို နှိပ်စက်နေပါတယ်။ သမ္မတကြီးရဲ့ အမိန့်ကို ကာကွယ်ရေး ဦးစီး ချုပ် က နာခံပါ့မယ် လို့ ၀န်ကြီး ဦးအောင်မင်းက ပြောခဲ့တယ်။

ဒီလို ကချင်ပြည်နယ်မှာ တပ်မတော် မလို အပ် ဘူး။ ကေအိုင်အေပဲ လိုအပ်တယ် ဆိုရင် ကချင်ပြည်နယ်က တပ်မတော်ကို သမ္မတကြီး အမိန့်ထုတ်ပြီး ပြန်ရုပ်ခိုင်း လိုက်ပါတော့လား။ ဒါဆို ကျွန်မ သားလို ကျည် တစ်တောင့် မပစ်ရဘဲ သေဆုံးရတဲ့ တပ်မတော် သားတွေ မရှိနိုင်တော့ဘူး မဟုတ် လား ရှင်။ အခု သေဆုံးသွားတဲ့ ကျွန်မသား အပါအ၀င် တပ်မတော်သားတွေဟာ သူရဲကောင်းတွေပါ။ သူရဲကောင်းတို့ အသက်စွန့်ခြင်းနဲ့ တိုင်းပြည်အတွက် ပေးဆပ်ခဲ့သူတွေပါ။

သမ္မတကြီးတို့ အမြဲပြောဆိုနေတဲ့ အမေရိကန်လို ဒီမိုကရေစီ နိုင်ငံက စစ်သားတွေ ဗီယက်နမ် စစ်မြေပြင် မှာ သေဆုံးတုန်း ကတောင် အမေရိကန် သမ္မတ က သူ့မိသားစု တွေဆီကို ၀မ်း နည်းကြောင်း ပို့ပေးခဲ့ဖူးပါတယ်။ အခုလို ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အသက် ပေးခဲ့ရသူတွေ အတွက် သမ္မတကြီး ၀မ်းနည်းကြောင်း တစ်ခွန်း မပြောသင့်ဘူး လားလို့ မေးချင်ပါတယ်။ ကျွန်မဟာ ကျွန်မသား သေဆုံးမှုအတွက် ၀မ်းနည်းတာတစ်ဖက်၊ ခံပြင်းတာ တစ်ဖက်မို့ အရူး တစ်ပိုင်း ဖြစ်နေရ ပါတယ်။ကျွန်မ မျက်ရည်တွေကို ကူမသုတ်ပေးနိုင် ရင်တောင် နောက်ထပ် ကျွန်မလို မိဘတွေ ထပ်ပြီး မရှိရ အောင် သမ္မတကြီး တို့ ဆုံးဖြတ်ကြပါတော့လို့ ကျွန်မ တိုက်တွန်းလိုက်ပါတယ်။ သမ္မတကြီးကို အားကိုးယုံကြည်လျှက်။

ကျွန်တော်ထပ်ဖြည့်ပါရစေ....

ဒီပေးစာကို ကျွန်တော် ဖတ်လိုက်ရတဲ့ အချိန်မှာ ကျွန်တော့်ရင်ထဲမှာ
ဖော်မပြနိုင် ပြောမပြနိုင်တဲ့ ဝေဒနာ တစ်ရပ်ကို ခံစားလိုက်ရပါတယ်

တစ်ကယ်တော့ စစ်သားတိုင်းဟာ စစ်ကို မလိုကြပါဘူး ဒါကို တစ်ချို့တွေက
မြို့ပေါ်မှာနေ လမ်းပေါ်ထွက် ပြီး စစ်ပွဲတွေရပ်ပေးပါလို့ အော်နေတဲ့သူတွေကို
ကျွန်တော် စကားတစ်ခွန်းလောက် ပါးလိုက် ပါရစေ အဲဒါကတော့

စစ်ပွဲတွေကိုမုန်းတာ စစ်သားတွေနဲ့ စစ်သားမိခင်တွေ ဇနီးတွေ ဘဲရှိပါတယ်

By Nay Min

Friday, September 13, 2013

သွေးနဲ့ရေးမယ့် ငါတို့ ကမ္ဗည်း


 ငါက စစ်သား သစ္စာတရားနဲ့လူ
ယောဂီဝတ်တာမဟုတ်ဘူး
တိုင်းပြည်အတွက် အသင့်ရှိတယ်။

ဘ၀ဆိုတာ တိုက်ပွဲ
သေမှာလည်း မကြောက်
နောက်မတွန့်ဘူးဟေ့။

လူမိုက်တော့မဟုတ်ဘူး
တိုင်းပြည်အတွက်ဆို
လူသတ်ရဲတဲ့ စိတ်တော့ရှိတယ်။

ပြောချင်တာပြောကြ
တို့ပြည်လှဖို့ဆို
အသက်ပေးပြီး အလှဆင်မဲ့ ရဲရဲတောက်စစ်သားတွေ။

ခေတ်အဆက်ဆက်
ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်လျှောက်
မှန်ကန်တဲ့လမ်းကြောင်း မပြောင်းဘူးဟေ့။

ပေးအပ်တဲ့ တာဝန်
ကျေအောင်ထမ်းလျက်
ဦးထိပ်ပန်ဆင် သက်စွန့်လို့ တိုက်ပွဲဝင်မယ်။

မြင်အောင်သာကြည့်ထား
အလကားလူမဟုတ်
သူရဲကောင်းစိတ်ဓာတ်
ရာဇ၀င်တွင်စေရမယ်။

တို့ပြည်နဲ့ တို့ပြည်သူကို
ရန်စမယ် ကြံလာကြည့်
ငါတို့သွေးဘယ်လောက်ရဲလည်း
ကမ္ဗည်းမှတ်တမ်းရေးထိုးခဲ့မယ်။

                                                      သားကောင်းမြန်မာ

Monday, September 9, 2013

မြန်မာပြည်အတွက် စစ်မှုမထမ်းမနေရဥပဒေ လိုအပ်လာပြီလား

လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့(HRDP)မှ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက မြန်မာနိုင်ငံမှာ ကလေးစစ်သားများပပျောက်ဖို့ စစ်သားစုဆောင်းရေး စခန်းများကို ဖျက်သိမ်းရန်လိုအပ်ကြောင်း The Flower News ဂျာနယ်သို့ သုံးသပ်ပြောဆိုခဲ့သည်။

တပ်မတော်အနေနဲ့ ကတော့ ၂၀၁၂ ခုနှစ် ဧပြီ ၁၈ ရက်ကစပြီး နိုင်ငံတွင်းကလေးစစ်သားပပျောက်ရေးနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုပပျောက်ရေးအတွက် သုံးနှစ်စီမံကိန်းနဲ့ ဆောင်ရွက်နေကြောင်း သိရသည်။ အသက် ၁၈ နှစ်မပြည့်ဘဲ တပ်ထဲရောက်နေတဲ့ စစ်သားတွေကို  မြန်မာနိုင်ငံအရပ်ရပ်က မိဘရင်ခွင်ဆီကို ၄ ကြိမ်တိတိပြန်လည်ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် အသက် ၁၈ နှစ်မပြည့်ဘဲ တပ်ထဲရောက်နေတာရှိရင် အကြောင်းကြားပါက ပြန်လည်စိစစ်ပြီး တပ်ထဲကနေထုတ်ပေးပါတယ်လို့ စစ်သားစုဆောင်းရေးတပ်က တပ်ကြပ်ကြီးတစ်ဦးက ဆိုသည်။

    ယခုကဲ့သို့ တပ်မတော်အနေနဲ့ ကလေးစစ်သားတွေကို လက်မခံယုံသာမက လူစည်ကားရာနေရာတွေ မှာအသက် ၁၈ နှစ်မပြည့်ပါက တပ်မတော်မှ လက်မခံပါဆိုတဲ့ ဆိုင်းဘုတ်တွေတပ်ပြီး ကလေးစစ်သား ပပျောက်ရေး ကို အလေးထားဆောင်ရွက်နေတာ တွေ့ရသည်။

  အဆိုပါကဲ့သို့ ပွင့်လင်းမြင်သာစွာ တပ်မတော်မှ လုပ်ဆောင်နေချိန်တွင် ဦးမြင့်အေး၏ ပြောကြားချက် သည်တိုင်းပြည်ကာကွယ်ဖို့ အတွက် မျိုးချစ်စိတ်ဖြင့် တပ်မတော်ထဲသို့ ၀င်လာမည့် အသက် ၁၈ နှစ်ပြည့်ပြီး အနာဂတ်လူငယ်များအတွက် အခွင့်အရေးကို မလေးစားဘဲ ပြောဆိုခဲ့ခြင်းသာ ဖြစ်ကြောင်း၊ စစ်သား စုဆောင်းရေး တပ်များသည်အသက် ၁၈ နှစ်မပြည့်သူများကို လိုက်လံစုဆောင်းနေခြင်းမဟုတ်၊ အသက် ၁၈ နှစ်ပြည့်ပြီး တပ်မတော်ထဲတွင် ၀င်ရောက်အမှုထမ်းလိုသူ နိုင်ငံ့သားကောင်းများအတွက် လက်ကမ်းကြို ဆိုနေခြင်းသာဖြစ်ကြောင်း စစ်သားစုဆောင်းရေးတပ်တွင် ၁၀ နှစ်ကြာတာဝန်ထမ်းဆောင်နေသူ ဗိုလ်ကြီး တစ်ဦးကဆိုသည်။

ကလေးသူငယ်များ လူ့အခွင့်အရေးကာကွယ်ပေးမှုအဖွဲ့မှ ကိုအောင်ငြိမ်းချမ်းက "ကျနော်တို့ အနေနဲ့ ကလေးတွေကို အသက် ၁၈ နှစ်မပြည့်ဘဲ တပ်မတော်ထဲမှာ ၀င်ရောက်အမှုထမ်းခြင်းကို ကာကွယ်ယုံ တစ်ခုတည်းနဲ့ ဒီကလေးတွေရဲ့ ဘ၀အဆင့်အတန်း မြင့်စေလာနိုင်မှာ မဟုတ်ပါဘူး။ အသက် ၁၈ နှစ်မပြော နဲ့ အသက် ၁၂ နှစ်မပြည့်တဲ့ ကလေးတွေ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ဘီယာဆိုင်တွေမှာ ၀င်ရောက် လုပ်ကိုင်နေတာ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ ကျနော်တို့ အနေနဲ့ ဒီကလေးတွေအတွက်ရော ဘယ်လိုစဉ်းစားပေးရမလဲ။ ရှင်းရှင်းပြောရရင် တပ်မတော်ထဲမှာမှ စစ်သားတစ်ယောက်အတွက်လစာ သိန်းဂဏန်းနီးပါးရမယ်။ နေစရာရမယ်။ ၀တ်စရာရမယ်။ စားစရာရမယ်။ ပညာလိုချင်ရင် တပ်မတော် ပညာရေးကျောင်းတွေမှာ သင်ပေးပါတယ်။  လက်ဖက်ရည်ဆိုင်မှာ လုပ်နေတဲ့ ကလေးတစ်ယောက် ပညာမသင်ရဘူး။ တစ်လကို လစာ နှစ်သောင်းလောက်နဲ့ အင်မတန် လူ့အခွင့်အရေး အနှိမ်ခံပြီး အသက်မပြည့်သေးတဲ့ ကလေးဆီက လုပ်အားကို လိမ်ယူခြင်းခံနေရတာပါ။ ဒါကယှဉ်ပြတာပါ။ တပ်မတော် ထဲကို အသက်၁၈ နှစ်မပြည့်မ၀င်ရမှ မဟုတ်ပါဘူး။ ကျနော်တို့ လုပ်ရမှာက ဒီလိုပြင်ပက စီးပွားရေး သမားတွေ ရဲ့ အသုံးချမှုကို ခံနေရတဲ့ကလေးတွေကိုလည်း ကာကွယ်ရမှာဖြစ်ပါတယ်" လို့ သူ့၏ အမြင် ကိုပြောကြားခဲ့သည်။

အသက် ၁၈ နှစ်မပြည့်၍ တပ်မတော်မှ မိဘရင်ခွင်ဆီ ပြန်ပို့ခံရသူ ရေနံချောင်းမှ မောင်အောင်နိုင်၏ ဖခင်ဖြစ်သူ ဦးလှဖေက"ကျနော်သားက ဆယ်တန်းမပြီးခင် ကိုယ့်ဝါသနာနဲ့ကို စစ်ထဲဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် တပ်ထဲရောက်ပြီးမှ ဒုတိယအကြိမ် တပ်မတော်ကကလေးစစ်သားတွေကို မိဘတွေဆီ ပြန်ပို့တဲ့ အထဲမှာ ပါပြီး တပ်ကထွက်ခဲ့ရပါတယ်။ စုဆောင်းရေးတပ်ဆိုတာရှိသင့်ပါတယ်။ စစ်မှုမထမ်းမနေရ ဥပဒေ
ပြဋ္ဌာန်းရင်တောင် စုဆောင်းရေးတပ်က တပ်မတော်ထဲအမြဲတမ်းတာဝန်ထမ်းဆောင်ချင်တဲ့ သူတွေအတွက်
လိုအပ်ပါတယ်။ တကယ့်ကို တိုင်းပြည်ကာကွယ်ချင်တဲ့စိတ်နဲ့ ၀ါသနာပါလို့ ၀င်ချင်တဲ့သူတွေအတွက် အဆင်ပြေ တာပေါ့"လို့ ပြောကြားခဲ့သည်။

ဒါ့အပြင် ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း "မြန်မာနိုင်ငံ၌ ပြည်ထောင်စု တပ်မတော် ဖြစ်ပေါ် ရန် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းသင့်ကြောင်း၊စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း ၍ စစ်မှုထမ်းခိုင်းမှသာ ပြည်သူအားလုံးသည် နိုင်ငံအပေါ် သစ္စာစောင့်သိစိတ်၊ မျိုးချစ်စိတ် များ ဖြစ်ပေါ် လာပြီး ပြည်သူနှင့် တပ်မတော်အကြား တစ်သားတည်းဖြစ်ကာ ပြည်သူ့ တပ်မတော် ဖြစ်လာ မည်ဖြစ်ကြောင်း၊ သို့မှသာ တပ်မတော်မှလည်း တိုင်းရင်းသား ပြည်သူများအပေါ် ယုံကြည်မှုရှိနေမည်ဖြစ်ပြီး အဆိုပါ အချက်အား ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဋ္ဌာန်း သင့်ကြောင်း ဒီမိုကရက်တစ်(ကျားဖြူ) ပါတီ အနေဖြင့် ကြိုးပမ်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း "The Daily Eleven သို့  ပြောကြားခဲ့ကြောင်း သိရှိရသည်။




ကိုရွှေကျော်


Saturday, September 7, 2013

ခေတ်ရေစီးကြောင်းနှင့် လူ့ယဉ်ကျေးမှု


ရေစီးကြောင်းမှာလိုက်ပါမသွားဘဲ မရပ်တန့်လိုက်ပါနဲ့။ ကျွန်တော်တို့တွေကျန်ခဲ့လိမ့်မယ်။ ရေစီးကြောင်းနဲ့ အတူ ပါသွားမယ်ဆိုရင်လည်း သတိထားပြီး ကံဉာဏ်၊ ဝီရိယလေးနဲ့ယှဉ်ပြီးလုပ်ဆောင်လျှင် ကမ်းကိုရောက်ပေလိမ့်မယ်။ သို့မဟုတ်လျှင် ဆင်သေကောင်နောက်သို့လိုက်တဲ့ကျီးမိုက်လို ဖြစ်နေပေ လိမ့်မယ်။ ခေတ်ရေစီးကြောင်းနဲ့ လိုက်ပါစီးမျောရာမှာ ပဲ့ကိုင်ရှင်နှင့် အလားတူသောပညာမပါလျှင် လိုရာ ပန်းတိုင်မရောက်ဘဲ အန္တရာယ်ကျောက်ဆောင်နှင့် တွေ့ကာ ကြေမွပျက်စီးမည်သာ ဖြစ်ပါသည်။ 

          ကိုယ့်ကိုယ်ကို သေချာကြည့်ပြီး သိပြီးတော့ ပိုပြီးကောင်းတဲ့ လူတစ်ယောက်ဖြစ်လာအောင် အမြဲတမ်း ကြိုးစားနေရမှာပဲ။ နဂိုအတိုင်းနေသွားရင် သင်ကျန်ခဲ့လိမ့်မယ်။ နဂိုအတိုင်းနေလို့တော့မဖြစ်ဘူး။ ငယ်ငယ်တုန်းကတည်းက သိရှိလာတဲ့ သဘောထားတွေ၊ မျှော်လင့်ချက်တွေ၊ ဦးတည်ချက်တွေအတိုင်း နေသွားလို့မဖြစ်ဘူး။ အမြဲတမ်းလိုအပ်တာလေးတွေကို၊ ပြင်သင့်တာလေးတွေကို ကြည့်ကြည့်ပြီး ပြင်သွား နေရမှာပဲ။ အဲဒီလိုကိုယ့်ကိုယ်ကို ပိုကောင်းအောင် လုပ်သွားတာကိုပဲ Transcending လို့ခေါ်လို့ရတယ်။ အရင်အတိုင်းမဟုတ်ဘူး။ ကိုယ့်ကိုပြန်ပြီးတော့ ကျော်သွားနေတယ်။ အပြေးပြိုင်ပွဲမှာ နောက်တစ်ယောက်ကို ကိုယ်ကကျော်တက်သလိုပဲ၊ ကိုယ့်ကိုယ်ကိုလည်း ပြန်ကျော်တက်သွားဖို့ရှိတယ်။ 

         ကိုယ့်မှာရှိနေတဲ့ အရည်အချင်းကောင်းတွေကို အရင်ကထက် ပိုပြီး ထွက်ပေါ်လာအောင် ဖော်ထုတ်နေတာ ကိုယ့်ဘ၀မှာ ဖြစ်နိုင်သမျှ ကောင်းတာတွေဖြစ်လာအောင်၊ ပြည့်စုံလာအောင်လုပ်တာ ကိုယ့်မှာရှိတဲ့ တစ်ဆင့်မြှင့် တဲ့စိတ်ထားတွေ၊ အရည်အချင်းတွေ ထွက်လာအောင်လုပ်တာဟာ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် လုပ်တာပါ။ အရင်တုန်းကထက် စိတ်ထားတွေ၊ သဘောထားတွေ၊ အသိဉာဏ်တွေ သာတဲ့လူတစ်ယောက် ဖြစ်လာအောင် လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကို ကိုယ်ဖြည့်ဆည်းနေတာပဲ။ ဒါကိုယ့်ရဲ့ လိုအပ်ချက်ပဲ။ စားဝတ်နေရေးအတွက်လည်း ကြိုးစားနေရတယ်။ တစ်ချိန်တည်းမှာပဲ ပိုပြီးတော့ကောင်းတဲ့ လူသားတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေရတယ်။ အကယ်၍စားဝတ်နေရေးအတွက်ပဲ လုပ်ပြီးတော့ အရင်အတိုင်းပဲ စိတ်နေသဘောထား၊ အသိဉာဏ် ဘာမှ အပြောင်းအလဲမရှိတဲ့ လူတစ်ယောက်အဖြစ်နဲ့ပဲ နေသွားမယ်ဆိုရင် အသက်ရှင်နေတယ်ဆိုတာ အသက် မသေတာကို ပြောတာပဲလို့ အဓိပ္ပာယ်ပေါက်နေပြီ။ မသေတာကိုပဲ အသက်ရှင်နေတာလို့ ပြောမယ်ဆိုလျှင် သစ်ပင်တစ်ပင်နှင့် ဘာမှထူးခြားမှာ မဟုတ်တော့ ဘူး။ 

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုထွန်းကားနေဆဲဖြစ်သော နိုင်ငံတစ်ခုပါပဲ။ ယဉ်ကျေးမှု ဆိုတာမှာ လူတစ်ယောက်ချင်းစီ၏ အနေအထိုင်၊ ယဉ်ကျေးမှု၊ အပြောအဆို၊ ယဉ်ကျေးမှုနှင့် ဆင်ယင် ထုံးဖွဲ့မှုနှင့် ဆိုင်သော ယဉ်ကျေးမှုတို့သည် လိုအပ်လှပေတယ်။ ခေတ်သည် တဖြည်းဖြည်း တိုးတက်       လာသည်နှင့်အမျှ မြန်မာ့ယဉ်ကျေးမှုသည်လည်း တဖြည်းဖြည်းပြောင်းလဲလာတယ်။ ယဉ်ကျေးမှုမည်မျှပင် ပြောင်းလဲလာသည်ဖြစ်စေ သူ့နေရာနှင့် သူ ၀တ်တတ်ဖို့တော့ လိုပေလိမ့်မယ်။ ပွဲလမ်းသဘင်သွားရာတွင် ဘယ်လိုဝတ်ဆင်ထားသည်ဖြစ်စေ ဘုရားဖူးသွားရင်တော့ မြန်မာလူမျိုးဖြစ်သည့်အတွက် မြန်မာလိုဝတ်ဆင် ထားမှသာ သင့်လျှော်ပေလိမ့်မယ်။ ခေတ်မီတာနှင့် ခေတ်ဆန်တာ ကွဲပြားဖို့တော့လိုလိမ့်မယ်။ လူ့ ယဉ်ကျေးမှုတစ်ခုတွင် အချင်းချင်းရိုင်းပင်းကူညီပါဆိုတဲ့ စကားပင်သိပ်မပြောကြတော့ပေ။ ကူညီရာမှာ တချို့ က စေတနာနှင့် ကူညီကြသလို တချို့ကြတော့ ကိုယ့်အတွက်အကျိုးရှိမှသာ ကူညီကြတယ်။
         
 တစ်ခါက ကျွန်ုပ်မိတ်ဆွေတစ်ယောက် လမ်းမှာဖုန်းကြခဲ့လို့ ပြန်လည်လိုက်ရှာရာ ဖုန်းရရှိထားသူက ကျပ်တစ်သောင်းခွဲ  ရမှ ပြန်ပေးမည်ဟု ပြောပါတယ်။ အချင်းချင်းရိုင်းပင်းကူညီပါဆိုတဲ့စကားပင် ဘယ်ရောက်သွားမှန်းမသိ။ ကောင်းသောအမူအရာ၊ အပြောအဆိုနှင့် အလုပ်အကိုင်များကိုမြင်လျှင် လိုက်ပါလုပ်ဆောင်မည်ဆိုပါက မည်မျှကောင်းလိမ့်မည်နည်း။ ကိုယ့်ကိုဖျက်ဆီးတာ ကိုယ့်မှာရှိတဲ့မကောင်းတဲ့စိတ်ပါပဲ။ မြန်မာတွေက ရိုင်းပင်းကူညီကြတယ်ဆိုတဲ့စကားပင် ပြောရမှာ ကျောမလုံတော့ပေ။ လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ ရေးကြီးခွင်ကျယ် ထင်မှတ်နေကြပေမယ့် အသက်ရှင်ရတာဟာ ဘာလုပ်ဖို့လဲဆိုတာ အထိတော့ဆက်ပြီး မစဉ်းစားတတ်ကြဘူး။ ဘာမှမစွမ်းနိုင်ဘူးဆိုရင်တောင် ကိုယ့်ခြေရာလက်ရာတစ်ခုခုတော့ နောင်လာ နောက်သား သတိရလောက်အောင် ချန်ထားရစ်ခဲ့ရမယ်။ ဒါပေမယ့် ကောင်းတာလေးတော့ ဖြစ်ပါစေပေါ့။

ကိုမိုး(TGI)

Wednesday, September 4, 2013

ကျောက်ပန်းတောင်းမှ ဆရာဝန်ကြီး ဒေါက်တာအောင်ဇော်မိုး အတွက် တောင်းဆိုကြပြီ

·         ကျောက်ပန်းတောင်းမြို့နယ်ကျန်မာရေးဦးစီးဌာနမှူး
ဆရာဝန်ကြီး ဒေါက်တာ အောင်ဇော်မိုးနှင့်တွေ့ဆုံမေးမြန်းခြင်း

·         “ဆရာ..၂၀.၇.၂၀၁၃ ရက်နေ့ကသေဆုံးသွားတဲ့ ကျောက်ပန်းတောင်းမြို့နယ်၊ သံဘိုချောင်းဖျား ကျေးရွာနေ ဦးအောင်လှိုင်ဝင်း၊ဒေါ်ဖြူဖြူစန်းတို့ရဲ့သမီး အသက်(၄)နှစ်ခွဲအရွယ်ရှိ မကျော့မွန်အေးနဲ့ ပတ် သက်ပြီး သစ်ထူးလွင်ဝက်ဘ်ဆိုက်မှာ ဖော်ပြသွားတာ တွေ့လိုက်ရပါတယ်။ အဲလိုဖော်ပြ သွားတဲ့ အပေါ် ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲ ဆရာ”

“ဟုတ်ကဲ့ ကလေးသေဆုံးရတဲ့ အကြောင်းရှင်းမပြခင် ကျွန်တော် တာဝန်ယူရတဲ့ ကျောက်ပန်း တောင်းမြို့နယ်ပြည်သူ့ ဆေးရုံအကြောင်း အရင်ပြောပြချင်ပါတယ်။ ကျွန်တော့ ဆေးရုံက ကုတင် (၅၀) ဆေးရုံပါ။ ကုတင်(၅၀)ဆေးရုံဖြစ်ပေမယ့် လက်ထောက်ဆရာဝန် (၅)ဦးရှိရမယ့်အစား (၂)ဦး က ပြောင်း ရွှေ့သွားတဲ့အတွက်(၃)ဦးနဲ့ အရိုးအထူးကု ဆရာဝန်တစ်ဦး၊ ကျွန် တော်အပါအ၀င် ဆရာဝန် (၅)ဦးပဲရှိပါ တယ်။ ၀န်ထမ်း အင်အားဟာလည်း အထူးသဖြင့် ဆရာမများ အင်အားက ကုတင်(၅၀)ဆေးရုံ စံကိုက် ခွင့်ပြုအင်အား ရရှိထားတာ မဟုတ်တဲ့ အတွက် လုပ်ငန်းဆောင်တာ များပြားပြီးဝန်နဲ့အား မမျှဘူးလို့ပြောရမှာပါ”
“မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး တစ်ယောက်အနေ နဲ့ မြို့နယ်ရဲ့ပြည်သူ့ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းတွေ၊ စီမံအုပ်ချုပ်မှုလုပ်ငန်းတွေ၊ ဆေးရုံရဲ့ ကုသရေး ဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက် ရ တဲ့အပြင် အထူးကု ဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ သားဖွားမီးယပ် ဆရာဝန်တွေ မရှိတာကြောင့် အဲဒီကုသရေး တွေကိုပါ ကျွန်တော် တစ်ဦးတည်းက ဆောင်ရွက်ရပါတယ်”
“ဟုတ်ကဲ့ပါဆရာ၊ ဆရာ့ဆေးရုံမှာ နေ့စဉ်လူနာ ဘယ်နှစ်ယောက်လောက် ဆေးကုသမှုပေးနေရ တယ်ဆိုတာလဲ သိပါရစေ ဆရာ”
“ကုတင်(၅၀)ဆေးရုံဆိုပေမယ့် နေ့စဉ်လူနာ (၉၀)ကနေ (၁၂၀)လောက် အထိရှိပြီး တစ်ချို့နေ့တွေ ဆို (၁၄၀)အထိရှိတတ်ပါတယ်။ နေ့စဉ်အရေးပေါ် ခွဲစိတ်လူနာ (၅)ဦး လောက်ရှိပြီး တစ်ပါတ်ကို ခွဲစိတ်ခန်းနေ့ တနလာင်္နဲ့၊ ကြာသပတေး(၂)ရက် သတ်မှတ်ထားပါတယ်။ တစ်ရက်ကို ခွဲစိတ်လူနာ (၁၀)ဦးမှ (၁၅)ဦးအထိရှိပြီး တစ်လကို ခွဲစိတ်လူနာ(၁၅၀) မှ(၂၀၀) အထိရှိတတ်ပါတယ်”
“သေဆုံးသွားတဲ့ လူနာ ဆေးရုံကို ရောက်လာတဲ့ ဇူလိုင်(၂၀) ရက်နေ့က ဆရာဆေးရုံမှာ ရှိမနေ ဘူးလို့သိရပါတယ်။ ဆရာ့အနေနဲ့ အရေးကြီးတဲ့ လူနာကိုထားခဲ့ပြီး သွားရတဲ့ အကြောင်းရင်းလေး ကိုသိပါရစေဆရာ”
“အမှန်က အဲဒီကလေးကို ဇူလိုင်(၁၈)ရက်နေ့က လာပြတော့ ကလေးက မှိန်းလွန်းနေတဲ့အတွက်
ဆေးရုံတက် ဖို့ပြောပါတယ်။ ကလေးမိခင်က ၀ါဆိုပန်းခူး ရောင်းရဦးမှာမို့ မတက်နိုင်ကြောင်း ပြောပါတယ်။ နောက်တစ်နေ့ မနက်ပိုင်းမှာ ဘိုက်အောင့်တယ်ဆိုပြီး လာပြလို့ မဖြစ်မနေ ဆေးရုံတက်ဖို့ ပြောတော့လည်း မလိုက်နာဘဲ ပြန်သွားခဲ့ပါတယ်”
“အဲဒီနေ့ နေ့လယ်ပိုင်းမှာ ထပ်ပြီးလာပြတော့ ကလေးကမှိန်းလွန်းနေပြီး ဓာတ်ဆားမ၀င်လို့ စိုးရိမ် ရတယ်။ ဆေးရုံမတက်ဘူး ဆိုရင်တော့ အသက်အန္တရာယ် ရှိတယ်လို့ ပြောတာတောင် မတက်ဘဲ တိတ်တဆိတ် ပြန်သွားကြပါတယ်။ ဇူလိုင်(၂၀)ရက်နေ့ မနက်(၉)နာရီခွဲလောက် မှာ ကလေးဟာ တစ်ညလုံး လူးလွန့်နေတယ်ဆိုပြီး ရောက်လာလို့ သွေးပေါင်ချိန် တိုင်းကြည့်တော့ တိုင်းလို့ မရအောင် (၀)ကို ရောက်နေတဲ့အတွက် ဆေးရုံကို တင်ပို့ခဲ့ပါတယ်”
“ဆေးရုံရောက်တော့ သက်ဆိုင်ရာဆေးရုံ အရေးပေါ်တာဝန်ကျ ဆရာဝန်ကလည်း သီးသန့်ကုသ မှုပေးပြီး ကျွန်တော့ရဲ့ ဆေးကုသမှု ညွှန်ကြားချက်အတိုင်း ဆက်လက် ကုသခဲ့ကြပါတယ်။ အဲဒီနေ့က ကျွန်တော်ဟာ ဖျားနေတဲ့ကြားထဲက အင်္ဂလန်နိုင်ငံက ပါလီမန်အမတ်တွေ ပါဝင်တဲ့ ကျန်းမာရေး လုပ်ငန်းများ လေ့လာရေးအဖွဲ့ ပုဂံနဲ့ပုပ္ပါးကို ရောက်လာတာကြောင့် သွားရောက်ခဲ့ရပါတယ်” 
“အဲဒီခရီးစဉ် သွားရောက်နေတုန်းမှာ ပဲနာရီဝက် တစ်ခါလောက်ကလေးရဲ့ သွေးပေါင်ချိန် တိုးတက်မှု အချေအနေကို ဖုန်းနဲ့မေးမြန်းပြီး အရေးပေါ်တာဝန်ကျ ဆရာဝန်နဲ့ ဆရာမတွေကို သေချာ စောင့်ကြပ် ကြည့်ရှုပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ညနေ(၅)နာရီလောက်မှာ ပြန်ရောက်ပေမယ့် ဖျားပြီးချောင်းတွေ ဆိုးနေ တာကြောင့် အိမ်မှာ အနားယူပြီး ည(၉)နာရီ ကျော်လောက်မှာတော့ လူနာအချေအနေ မကောင်းကြောင်း သိရလို့ဆေးရုံကို သွားခဲ့ပါတယ်”
“ကျွန်တော်ရောက် သွားတော့ ကျွန်တော့ကို ၀ိုင်းဝန်းဆဲဆို ကြိမ်းမောင်း အော်ဟစ်ကြ တာနဲ့ ကလေး အချေအနေကို ကြည့်လိုက်တော့ ကလေးက ဆုံးနေပါပြီ။ ကျွန်တော်ကလေးကို လစ်လျူမရှုခဲ့ ပါဘူး။ ကျွန်တော့စကား နားထောင်ပြီး ဆေးရုံကို အချိန်မီ တင်နိုင်ခဲ့ရင် ဒီလို အဖြစ်ဆိုး နဲ့ကြုံရမှာ မဟုတ်ပါဘူး”
“ပထမကြည့်ခဲ့တဲ့ နှစ်ရက်လောက်က လူနာဟာ သွေးပေါင်ချိန်ကောင်း နေပါတယ်။ BP90/60 ရှိပါ တယ်။ ဓာတ်ဆားရည် တိုက်ဖို့ ညွှန်ကြားခဲ့ပေမယ့် မတိုက်နိုင် ခဲ့ကြပါဘူး။ ကလေး အထွန့်သလူး ဖြစ်တဲ့အခါမှာလည်း ဆေးရုံကို မနက်စောစော ရောက်အောင်လာနိုင်တဲ့ အချေအနေ ရှိပါရဲ့နဲ့ (၉) နာရီခွဲလောက်မှ ရောက်လာကြပါတယ်”
“လူနာကို ICU လို့ခေါ်တဲ့ အထူးကြပ်မတ် ကုသခန်းမှာ ထားတာကြောင့် တာဝန်ကျ ဆရာဝန် အခန်းနဲ့(၁၀)ပေလောက်၊ ဆရာမများ အခန်းနဲ့က (၅)ပေလောက်ပဲ ကွာဝေးလို့ ကျွန်တော့ရဲ့ အဝေးရောက် ညွှန်ကြားမှုနဲ့ အနည်းဆုံးနာရီဝက် တစ်ခါစမ်းသပ် ကြည့်ရှု ဆောင်ရွက် ပေးခဲ့ကြ ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဘက်ကတော့ လစ်ဟင်းမှု၊ ပေါ့လျော့မှုမရှိခဲ့ပါဘူး။ ဆေးကုသမှု အပိုင်းမှာလည်း မှားယွင်းမှု မရှိခဲ့ပါဘူး”
“ကျွန်တော်ဟာ (၁၂.၄.၂၀၁၂)ရက်နေ့က စတင်ပြီး ကျောက်ပန်းတောင်းမြို့နယ် ဆေးရုံမှာ တာဝန် ထမ်းဆောင်ခဲ့ တာပါ။ အဲလိုစတင် တာဝန်ယူကတည်းက ဆေးရုံကုသရေး လုပ်ငန်းများမှာ အခမဲ့ ဆောင်ရွက်ခဲ့ပြီး ဆေးရုံကို အဖက်ဖက်က တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျွန်တော် ကုသခွဲစိတ်ပေး ခဲ့တဲ့လူနာ မှတ်ပုံတင် စာရင်းစာအုပ်က လူနာတွေကို ခေါ်ယူမေးမြန်းနိုင်ပါတယ်”
“ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ”


မင်းကျော်ဇော မြို့နယ်စာရေးဆရာအသင်း မကွေးမြို့။ PH 0943053905

သစ်ထူးလွင် website ဇူလိုင်လ 29 တွင်ဖော်ပြခဲ့သောသတင်းမှာမှားယွင်းနေသောကြောင့် ဆရာဝန်ကြီးမှာ သိက္ခာကျဆင်းစေပါ သည်။ မြို့နယ်ဆရာဝန်ကြီးမှာ ပြည်သူများအပေါ်တွင်ငွေရေးကြေးရေး အဓိက မထားပဲ စေတနာ ရှေ့ထားပြီး ကုသပေးနေသည်မှာ ကျောက်ပန်းတောင်းတမြို့လုံးသိပါသည်။ထိုကဲ့သို့ စေတနာဆရာဝန်မှာ ရှားပါးပါသည်။ဆရာဝန်ကြီးပြောင်းသွားလျှင်သော် လည်းကောင်း အလုတ် ထွက်သွားခဲ့လျှင်သော်လည်ကောင်း မြို့ခံလူထုအတွက် အရမ်းနစ်နာစေပါသည်။ထို့ကြောင့် သတင်းမှန်ဖြစ်စေရန်နှင့် ဆရာကြီး အပေါ် လူထုအမြင်ရှင်းစေရန် အတွက် သွားရောက်မေးမြန်းရေးသားလိုက် ရခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါသဖြင့် လူကြီးမင်းတို့ website တွင်သတင်းဖော်ပြပေးပါရန် မေတ္တာရပ် ခံ ပေးပို့အပ်ပါသည်။

Tuesday, September 3, 2013

``` သူငယ်ချင်းထံ ပေးစာ.........´´´


သို့

မိလုံး

မှ/တဆင့်
မအဲလိဇဘက်
YCC လူမှုကွန်ယက်
ရန်ကုန်မြို့


နေ့စွဲ၊ ၃-၉-၂၀၁၃။

မိလုံးရေ....
ငါ သတိတရ စာရေးလိုက်ပါတယ်၊ နင်နေကောင်းလားဟင်...၊ ငါလည်း နေကောင်းပါတယ်။

အခု ငါ စိတ်ရှုပ်နေတယ်ဟာ.....
ရင်ဖွင့်စရာ သူငယ်ချင်း အရင်းခေါက်ခေါက်ကလည်း မရှိတော့ တစ်ယောက်ထဲ ရှိတဲ့ နင့်ကိုပဲ ရင်ဖွင့်ရတာပေါ့။

ဒီလို မိလုံးရဲ့....
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ ည ၁၁နာရီ၅၀မှာ မြိတ်ရေပြင်မှာ တရားမ၀င် ခိုးလှေတစ်စီးကို တွေ့လို့ စစ်ရေယာဉ်က စစ်ဆေးရာမှာ လှေဝမ်းထဲမှာ ၀ှက်ထားတဲ့ ဘင်္ဂါလီ ၃ ဦးကို AK- 47 တစ်လက်၊ ကျည်ဆံ အတောင့် ၂၀နဲ့ မိခဲ့တယ်တဲ့လေ.....။

လှေပိုင်ရှင်က မြိတ်မြို့၊ ကံဖျားရပ်ကွက်မှာ နေတဲ့ မွန်ပြည်သစ်က ခွဲထွက်ထားပြီး အလင်းဝင်ထားတဲ့ နိုင်စိုက်ချမ်းတဲ့လေ.... အေပြီလကတည်းက သက်တမ်းကုန်နေတဲ့ လှေတဲ့...။

လှေကိုတော့ လွန်ခဲ့တဲ့ ၅လ လောက်ကတည်းက ကော့သောင်းက အလင်းဝင် နိုင်ဆန်းဦး ဆိုသူကို ငှားထားတယ်၊ ဒီဘင်္ဂါလီတွေကို ဘင်္ဂလားကနေ ထိုင်းကျွန်းမဲလို့ ခေါ်တဲ့ ထိုင်းမြန်မာ ရေစပ်က ထိုင်းရေတပ်ရှိတဲ့ ကျွန်းကို တစ်ယောက်ကို ဘတ် ၅၀၀၀ နဲ့ ပို့ပေးပါသတဲ့။ ဘတ် ၅၀၀၀ ဆိုတာ မြန်မာငွေ တစ်သိန်းခွဲပေါက်တယ်လေ..။

သေနတ်ကိုတော့ နိုင်စိုက်ချမ်းက လှေပဲ့နင်းကို ထုတ်ပေးထားတယ်တဲ့.... ကဲစဉ်းစားကြည့်ပါဦး မိလုံးရယ်... ဖြစ်နေတာတွေ... ဖြစ်နေတာတွေ... နော်။

ငါကတော့ စဉ်းစားတယ်ဟာ သူတို့ပြောတဲ့ ထိုင်းကျွန်းမဲဆိုတာ ထိုင်းမြန်မာရေစပ်က အက်ဒမန်ပင်လယ်ပြင်ကို စောင့်ကြည့်တဲ့ ရေတပ်စခန်းကြီး ရှိတဲ့ကျွန်း.... ဒီကျွန်းကို ဘင်္ဂါလီသွားပို့တယ်ဆိုတာ ဟုတ်ရဲ့လား.... ပို့လို့ရသလား ဆိုတာကိုပါ။

နောက်တစ်ချက်က ထိုင်းကျွန်းမဲကို သွားပို့တဲ့ လှေက မြိတ်ကို ဘာဝင်လုပ်တာလဲပေါ့...။

မကြာခင်ကမှ အစွန်းရောက် ဖောက်ခွဲရေးသမား ၃ယောက်ရဲ့ ဓါတ်ပုံတွေ... သတင်းတွေ ဖြစ်ပေါ်နေတဲ့ မြိတ်မြို့ကို ၀င်လာတယ်ဆိုတာကို ငါ ဘယ်လိုမှ စဉ်းစားလို့ မရဘူး ဖြစ်နေတယ်...။

ဒီလို ဘင်္ဂါလီတွေကို အခကြေးငွေယူပြီး ပို့ပေးနေတဲ့သူတွေဆီမှာ အမျိုးသား လုံခြုံရေးအသိနဲ့ စိတ်ဓါတ်ဆိုတွေ ဘယ်များ ရောက်သွားသလဲ၊ ဘာကြောင့် ပျောက်သွားသလဲဆိုတဲ့ ဒွိဟ အတွေးတွေ အရမ်းဖြစ်မိတယ် မိလုံးရေ...။

ဘင်္ဂါလီဆိုတဲ့ ကောင်တွေက လူဦးရေ ပေါက်ကွဲပြီး နေစရာလည်း မရှိ၊ စားစရာလည်း မရှိဖြစ်နေလို့ သူများ နိုင်ငံတွေကို မရ ရတဲ့နည်းနဲ့ ခိုးဝင်နေကြတဲ့ ကောင်တွေလေ....။

ဘုန်းကြီးဝတ်ပြီးတော့လည်း အယောင်ဆောင်ပြီး ၀င်တယ်....၊ တာဝန်ရှိသူတွေကို ငွေကြေးနဲ့ စည်းရုံးချည်းကပ်ပြီးတော့လည်း ၀င်တယ်...၊ မတရားသဖြင့်လည်း ကျူးကျော်ပြီး ၀င်တယ်...၊ ရောက်ရာအရပ်မှာလည်း မစင်ပုံမှာ ယင်မမဲရိုင်းကြီးတွေ သားပေါက်သလို မျိုးဥတွေ တစ်ပြုံတစ်မကြီး ဥချတယ်...။

နောက်ပြီး ခြေကုပ်ရလို့... အခြေအနေကောင်းရင်တော့ အစွန်းရောက်ဖြစ်သွားပြီး ရောက်ရာအရပ်မှာ ဗုံးခွဲ...၊ လူမျိုးခြားမလေးတွေကို ရအောင်ယူ အတင်း ဇာတ်သွင်း၊ ပြည်နယ်ခွဲထွက်ရေး တောင်းဆို လုပ်နေတဲ့ ကောင်တွေလေ....။

စိတ်ပျက်တယ် မိလုံးရေ....
တကယ်ကို စိတ်ပျက်မိပါတယ်..။

နိုင်ငံတော်အစိုးရက တိုင်းရင်းသားအချင်းချင်း၊
တမြေတည်းနေ တစ်ရေတည်း သောက်နေကြတဲ့သူ အချင်းချင်း၊
သွေးသားအရင်းတွေ အချင်းချင်းမှာ စိတ်ဝမ်းကွဲပြားမှုတွေ မဖြစ်စေချင်လို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရတဲ့ နည်းနဲ့ တည်ဆောက်နေချိန်မှာ....
သွေးတိတ်ဆေးလေးတွေ ကြိုးစား တိုက်ကျွေးနေချိန်မှာ...

ဒီလို ကိုယ်ကျိုးရှာ အနှစ်မဲ့တဲ့ သူတွေကြောင့်
အချို့သော အမြင်တွေ ပြောင်းလဲသွားပြီး
ရည်မှန်းချက်နဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့
အခြားသော ညီအစ်ကိုတွေရဲ့ ဂုဏ်ကို ထိခိုက်သွားတာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်...။

သူတို့ကို အားနာလို့ ရင်ထဲရှိသမျှ မပြောတော့ပါဘူး....

နင်လည်း သတိနဲ့နေနော်......
မလေးရှားက ဒို့ညီအစ်ကိုတွေအတွက် ငါစိတ်မကောင်းဖြစ်နေတာလေးလည်း ကြုံရင်ပြောပြပေးပါ.....။

သူတို့လည်း အမြန်ဆုံး ဘေးရန်ကင်းကြပါစေလို့ ငါ ဆုတောင်းပေးနေပါတယ်ဟာ......

တစ်ခါက ဖတ်ဖူးတဲ့ ကဗျာတိုလေးတစ်ခု ရေးပေးလိုက်တယ်.... ဘာရယ်မဟုတ်ပေမယ့် သိပ် အဓိပ္ပါယ်ရှိလို့ပါ...

`` အပြင်ကခွေး.. အိမ်ကခွေး... နှစ်ခွေးပေါင်းတော့ အိမ်ကြက်ပြောင်.....´´တဲ့။

ချမ်းမြေ့ပါစေ မိလုံးရေ...

နင့်ရဲ့ သွေးသောက်ကြီး....
(မောင်ကွန်)
YTYY လူမှုအဖွဲ့

ကလေးတွေ ကို ကယ်ကြပါ။



ကျွန်တော် ဟာ Calsome Quaker ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံ အနှံ့ မြို့များစွာမှာရှိတဲ့ အစိုးရကျောင်းများ၊ဘက ကျောင်းများနဲ့ မိဘမဲ့ကလေးကျောင်း များစွာ ( ၂၅၀ ကျော် ) ကို ၃ နှစ် ကာလအတွင်းသွားရောက်ခဲ့ပြီး Calsome ခွက်ဆင့်ကစားနည်း နဲ့ ဥာဏ်ရည်ထက်မြက် သွက်လက်စေမယ့် Edutainment program တွေကို စီစဉ်ပေးလျက်ရှိပါတယ်..

အဲ့ဒီမှာ ဝမ်းနည်း စိတ်မကောင်း ရင်လေး စရာ ဖြစ်ရပ်တွေနေ့စဉ်နဲ့အမျှဖြစ်ပေါ်နေပါတယ်......
တစ်ခြားမဟုတ်ပါ... နယ်မြို့ကျောင်း အကုန်လုံးမှာ ရှိတဲ့ မုန့်စားတန်းတွေ နဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဆင်ခြေဖုံး ကျောင်း မုန့်စားတန်းတွေ မှာ ဒီနေ့ ထက်ထိ အခုလို မုန့်ပဲသရေစာတွေ ကို ကလေး ထောင်သောင်းပေါင်းများစွာ စားနေခဲ့ရ/စားနေကြရဆဲ ဖြစ်ပါတယ်...မုန့် တစ်ချို့နဲ့ မိတ်ဆက်ပေးပါ့မယ်..
ပုံ ရဲ့ ဗယ် အပေါ် ကမုန့် ကို အာနီ လျှာနီ လို့ ခေါ်ပါတယ်..ရောင်းဈေး တစ်ထုပ် တစ်ပြား ကို တစ်ဆယ်ကျပ် ဖြစ်ပြီး ဝယ်ရင်း ၈ကျပ်ခွဲ အမြတ် တစ်ကျပ်ခွဲ ကျန်ပါတယ်..စားရင် ရမယ့်အကျိုးကျေးဇူးကတော့ သူ့မုန့်နာမည် အတိုင်း ၂၀၀ % နီရဲနေဖို့ အာမခံပါတယ်.ဘာဆိုးဆေးတွေနဲ့ ဘာဆေးသကြားတွေ ကို ဘယ်လိုနေရာမှာ ဘာနဲ့လုပ်ထားမှန်းလုံးဝ မသိရ.....
ဗယ် အောက် က မုန့် ကိုတော့ ဂျူးချောင်း/အစပ်ချောင်း လို့ ခေါ်ပြီး ညာအပေါ်ထောင့် က မုန့်ကို အစပ်ပြားလို့ခေါ်ပါတယ်...ရောင်းဈေး၅၀ ကျပ်မှာ ဝယ်ရင်း ၃၈/၄၀ ရှိပါတယ်.....
သူ့ အနံ့အရသာ ကတော့ ရာဘာဖိနပ်ကို နန်းပြား ဆွဲ ထားလိုက်လို့ ပါးလွှာနေတဲ့အပေါ် သေအောင်စပ်ရင်ပြီးရော ဆိုတဲ့ အစပ်မှုန့်တွေဖြူးထားပြီးတဲ့သကာလမှာ အထုပ်ဖွင့်ဖောက်ဖောက်ခြင်း ထောင်းခနဲ ထွက်လာတဲ့ အနံ့ နဲ့ တင် ဒီမုန့် စားကောင်းရင် စီးလာတဲ့ဖိနပ်နဲ့ ပါးသာရိုက်သွားဆိုတဲ့ အရသာပါ ( ကျွန်တော် ကိုယ်တိုင် ရှူကြည့် ဝါးကြည့် ဖူးတာပါ.အနံ့ နဲ့ အရသာကြောင့် ၅ စက္ကန့် ထက် ပိုမဝါးနိုင်လို့ ထွေးထုတ်ခဲ့ရပါတယ် )
ညာ အလယ် က မုန့်တွေ ကတော့ ၂၅ ကျပ်တန် ဂျယ်လီ နဲ့ ကြယ်ပုံ ဆေးသကြား ခဲတွေပါ...
ညာ အောက် က မုန့် ကြတော့ ၅၀ တန် ဟင်း အနေနဲ့ တစ်ချို့ ကလေးတွေက ထမင်း နဲ့ တွဲ စားကြပါတယ်တဲ့ .....
နောက်ထပ် ဆေးလိပ်ဗူး ပုံစံနဲ့ ဆေးသကြားချောင်းတွေရော အထုပ် ကို အပြင်ကနေ ကြည့်လိုက်တာနဲ့ လက်သည်းခွံ လောက်ရှိတဲ့ အချိုမှုန့်ခဲတွေ မြင်နေရတဲ့ မုန့်မျိုးစုံတွေ အများကြီးရှိပါသေးတယ်....
အများအားဖြင့် က တရုတ်နယ်စပ်က လာတယ်လို့သိရပါတယ်....

လက်ရှိ private school တွေနဲ့ ယှဉ်လျှင် အစိုးရကျောင်းတက်နေကြရတဲ့ ကလေးတွေဟာ တစ်နိုင်ငံလုံး မှာ ၉၀% နှုန်း အထက်ရှိပါတယ်.....

ကျွန်တော် က ကျန်းမာရေး ပညာရှင် / အစားအသောက် ကျွမ်းကျင် ပညာရှင် မဟုတ်ပေမယ့် အနာဂတ် မြန်မာ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ထုဆစ်ပေးကြမယ့် လူငယ်တွေဟာ ဒီလိုမုန့်မျိုးတွေစားပြီးကြီးပြင်း လာကြရမယ်သာဆိုလျင်ဖြင့်.........

ကိုရွှေကျော်

ဦးဝင်းထိန် ( သို့မဟုတ် ) အသံကြောင့် ဖားသေ



ဟိုတစ်နေ့က ပြည်ပအသံလွှင့်ဌာနတစ်ခုနဲ့ မိတ္ထီလာမြို့နယ် ရဲ့ ပြည်သူ့လွှတ်တော် အမတ် လည်းဖြစ်....  .NLD ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ " ဦးဝင်းထိန်" တို့ရဲ့ အင်တာဗျူးစကားတွေကို ကြားလိုက်မိပါတယ်။

မိတ္ထီလာဒေသခံတွေ က ကင်တားနား ကို ဆန္ဒပြကြတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မေးကြ ဖြေကြ တာပါ။

ကင်းတားနား အကြမ်းဖက်ခံရတာ ဟာ ဟုတ်ကြောင်း ဖြေကြားသွားပါတယ်။

ဆန္ဒပြတဲ့ ဖြစ်စဉ်ကို ခပ်ကြမ်းကြမ်းပုံဖော်ကြည့်မယ်ဆိုရင် လူပေါင်းတစ်ရာကျော်လောက်က ကားကိုတားမယ်...စာပေးမယ်။ ကားတခါးမဖွင့်တော့ ကားကို လက်နဲ့ ပုတ်တာရှိမယ်...လက်နဲ့ ထုတာရှိမယ်ပေါ့..။

ဟို ကင်တားနား ဆိုတာကလည်း လုံခြုံတဲ့ လမ်းတွေပေါ် ကျော့ကျော့လေးေ  လျှာက်ခဲ့တဲ့  ရွှေမင်းသား...။

မိတ္ထီလာမှာ အခုလို ကြုံလိုက် ရတော့ ထိတ်လန့်သွားမယ်...လိုတာထက်ပိုပြီး တွက်မိလိမ့်မယ်...ပိုပြီးကြောက်သွားပါလိမ့်မယ်။ ကားမှန်အပြင်ဖက်က လူအုပ်ရဲ့ ဆန္ဒကို ကားမှန်တခါးအတွင်းထဲက ကင်တားနား အဓိပါယ် အကောက်အယူ လွဲသွားပါတယ်။

ဒါကို ဦးဝင်းထိန်က မတွေးနိုင်...မမြင်နိုင်ပဲ အကြမ်းဖက်ခံရတာ ဟုတ်ပါတယ်တွေ ဘာတွေ အတည်ပေါက် လာလုပ်နေပါတယ်။

အဆိုးဆုံးကတော့ အခုလို အကြမ်းဖက်ဆန္ဒပြသူတွေဟာ ၉၆၉ တွေပါလို့ မိုက်မိုက်ကန်းကန်း စွပ်စွဲလိုက်တာပါပဲ။ ၉၆၉ လို့ တံဆိပ်ကပ်တာ ဟာ ဦးဝင်းထိန် က ပထမ ဆုံး နဲ့ တစ်ဦးတည်း ပါ။ ဘယ်ပုဂ္ဂိုလ် ...ဘယ် အဖွဲ့အစည်းက မှ ဒီလို နာမည်တပ်ပြီး မပြောပါဘူး။

တိကျ ခိုင်မာ နဲ့ သက်သေ..အချက်အလက် ဘာမှ မရှိပဲ အခုလို အာချောင်တာကို ကြည့်ပြီး ဒီ နိုင်ငံရေးသမားရဲ့ စိတ်အခံ နဲ့ နိုင်ငံရေး ရေချိန်ဟာ အတော့်ကို မေးခွန်းထုတ်စရာ ကောင်းပါ တယ်။

တကယ်တော့် ဒီ ၉၆၉ တို့ ...မျိုးစောင့်ဥပဒေ တို့ နဲ့ပတ်သက်ရင် ဒေါ်စုလို ဧရာမ ပုဂ္ဂိုလ်ကြီးတောင် ထိန်းထိန်းသိမ်းသိမ်...သတိရှိရှိ နဲ့ ပြောဆို လာရပါတယ်။ ဒီလို အရေးကြီးတဲ့ ဟာ မျိုးကို ဘာမှမဟုတ်တဲ့ ဦးဝင်းထိန်က ( ELEVEN နဲ့အင်တာဗျူးမှာ ) ဒေသခံပြည်သူတွေကို ရင့်ရင့်သီးသီး စကားတွေသုံပြီး ပြောဆိုခဲ့တယ်။

ဒီမိုကရေစီယဉ်ကျေးမှုတို့ ...ဘာတို့ ဆိုတာ ဒီ အမတ် ရဲ့ စကားတွေမှာ မတွေ့မိပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ၉၆၉ တို့...၈၈ တို့ ထဲ ရောက် သွားတဲ့ ပါတီဝင်ဟောင်းတွေကို ရန်သူလို ရှုမြင်ပါတယ်..ဒီကောင်တွေ..ဘာညာ နဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပါတော့တယ်..။

ဆရာကြီးဒဂုန်တာရာ ရဲ့ စကားနဲ့ ပြောမယ်ဆိုရင် နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ် အောင် လုပ်ရတာပါ။ ကိုယ်နဲ့ အမြင်မတူတဲ့ ဆန့်ကျင်ဖက်အင်အားစုကို မေတ္တာ ထားရ မယ်....သဘောထားကြီး ရပါမယ်...။ အစွဲကင်းကင်း နဲ့ ကြည့်မှ ပြသနာရဲ့ အဖြေကို ရှာနိုင်မယ်ဆို တာ ဦးဝင်းထိန် သတိထားမိပုံမပေါ်ဘူး။

ကိုယ်နဲ့ အမြင်မတူသူတွေအပေါ် ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ ...မျက်မှန်စိမ်းတပ်ပြီး ဦးဝင်းထိန်က ကြည့်ခဲ့တယ်။

ဦးဝင်းထိန် ဟာ သူရောက်နေတဲ့ လွှတ်တော်ထိုင်ခုံနေရာနဲ့ ပါတီရဲ့ CEC ဆိုတဲ့    နေရာတွေကို( ဒေါသရှေ့ထားလို့ )မေ့ပြီး...လမ်းပေါ်က လူလို ရမ်းကား နေတာ လားရယ်လို့ ဖော့ပြီးတွေးမိပါသေးတယ်။

ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အဖြေစကားတွေ ဟာ ပါတီရဲ့ ကောင်းခြင်း ဆိုးခြင်း နဲ့တော့ တိုက်ရိုက်ဖြစ်စေ ...သွယ်ဝိုက်လို့ ဖြစ်စေ သက်ဆိုင်နေတယ် ဆိုတာကတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး.။

အများပြောကြသလို ခေတ်ပျက်နိုင်ငံရေးသမားဖြစ်စေ...အရှင်မွေး လို့ နေ့ချင်းကြီးရသူ   ဖြစ်စေ... ပါးစပ်ကလေး လိမ္မာရင်ဖြင့် ပါတီအတွက်ရော...တိုင်းပြည်အတွက် ပါ..ပိုပြီးအကျိုးများပါလိမ့်မယ်။
From: Nyi Zin 

ကိုရီးယားရောက် မြန်မာများနဲ့ ကွမ်း ပညာပေး

ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့တွင် မြန်မာတို့ စားသုံးသည့် ကွမ်းတံတွေးများ မညစ်ပတ်စေရေးနှင့် ကွမ်းစားသုံးမှု လျော့ချရေးအတွက် ပညာပေးလှုံ့ဆော်သည့် ကွမ်းကမ်ပိန်းကို တနင်္ဂနွေနေ့ နံနက်ပိုင်းက စတင်ပြုလုပ်ပါသည်။ 

မြန်မာစင်တာက ကမကထပြု၍ မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်သည့် ကွမ်းကမ်ပိန်း ပြုလုပ်ရာတွင် မြန်မာများ ကျင်လည်ရာ ၀န်းကျင်ရှိ ညစ်ပတ်နေသော ကွမ်းသွေးများကို ဆေးကြောခြင်း၊ လူမြင်ကွင်းများတွင် ပိုစတာ စတေကာများ ကပ်ခြင်း၊ လက်ကမ်းစာရွက် ဝေခြင်းတို့ကို လူအင်အား ၄၀ ခန့်ဖြင့် ဆောင်ရွက်ကြပါသည်။

“မြန်မာတွေ ကွမ်းစားတာကို အပြစ်မပြောလိုပေမဲ့ စည်းကမ်းမရှိ ကွမ်းသွေး ထွေးတာကတော့ အတော်ဆိုးပါတယ်။ ကွမ်းက မြန်မာတွေပဲစားတာ ဆိုတော့ ပြောစရာဖြစ်တာပေါ့”ဟု အင်ချွန်းမြို့မှာ နေသူတဦးက ပြောပါသည်။ 
 


 ဘူဖျောင်းမြို့တွင် မြန်မာစားသောက်ဆိုင် ၁၇ ဆိုင် ရှိသည့်အနက် ကွမ်းရောင်းသည့်ဆိုင် ၅ ဆိုင်ခန့် ရှိသည်။ ယာပီးသား ကွမ်း ၈ ယာခန့်ပါသည့် အထုပ်လိုက် ရောင်းတာလည်း ရှိသလို၊ မယာရသေးသည့် အမယ်စုံပါသည့် ကွမ်းအထုပ်လိုက် ရောင်းတာလည်း ရှိသည်။

ကွမ်းယာကို သွားရင်းလာရင်း အလွယ်တကူ စားပြီး၊ ကွမ်းသွေးကို အလွယ်တကူ ထွေးကြသည့်အတွက် သစ်ပင်ရင်း၊ မြောင်းပေါက်ဝနှင့် ချောင်ဖြစ်သည့် နေရာများတွင် ကွမ်းသွေး နီရဲရဲ အကွက်များ အများဆုံး ဖြစ်သည်။ လမ်းတလျှောက် နီရဲနေတတ်သဖြင့် ဘူဖျောင်းစာတိုက်ဘေးလမ်းကို “လမ်းနီလေး”ဟုပင် မြန်မာတွေက ခေါ်ဝေါ်ကြသည်အထိ ဖြစ်သည်။ 
 


“လုပ်သင့်တယ်။ ဒါကို ကိုရီးယားမှာတင် မကဘူး၊ မြန်မာပြည်မှာလည်း လုပ်သင့်တယ်။ အခြား မြန်မာတွေ ရှိတဲ့ နိုင်ငံတွေမှာလည်း လုပ်သင့်တယ်။ ဒီကွမ်းက အတော်ကို အရုပ်ဆိုးတဲ့အပြင် ကျန်းမာရေးနဲ့လည်း မသင့်လျော်ဘူး။ ဒါကြီးကို အားလုံး ပြုပင်သင့်ပြီ”ဟု ဘူဖျောင်းမြို့ မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်းမှာ ဝေါဆရာတော်က မိန့်ပါသည်။

“ဘုန်းကြီးတို့ ကျောင်းမှာလည်း အမြဲပြောဆိုနေရတယ်။ ဆေးကြောနေရတယ်။ အားလုံး အသိကလေးနဲ့ ဆင်ခြင်သင့်တယ်”ဟု ဆရာတော်က ဆက်လက်မိန့်ဆိုပါသည်။

ယနေ့လုပ်သည့် ကွမ်းကမ်ပိန်းတွင် ဘူဖျောင်းမြို့ ဘူတာမြောက်ဘက်ခြမ်းကို အဓိကထား၍ နံနက်ပိုင်း၊ ညနေပိုင်း ၂ ချိန်ခွဲ ပြုလုပ်ရာ ကွမ်းသွေးကွက်များ အကုန်အစင်နီးပါး သန့်ရှင်းနိုင်ပြီး၊ လက်ကမ်းစာရွက် ၂၀၀၀ ကျော် ဝေငှနိုင်ခဲ့သည်။

“တချို့က စာရွက်ပေးတာကို မယူဘူး။ ကျနော် ကွမ်းမစားဘူးဗျ လို့ ပြန်ပြောတယ်။ ကိုယ်ကွမ်းမစားတာနဲ့ ဒီကိစ္စ ငါနဲ့မဆိုင်ဘူးလို့ လုပ်တာကတော့ မဖြစ်သင့်ဘူးထင်တယ်။ အခု ကမ်ပိန်းလိုက်လုပ်နေတဲ့ သူတွေက ကွမ်းစားနေသူတွေမှ မဟုတ်တာ။ ဒါဟာ အားလုံးနဲ့ ဆိုင်တယ်။ ကိုယ် မလုပ်ပေမဲ့ ကိုယ့်ပတ်ဝန်းကျင် ဖြစ်ပျက်နေတာကို ၀ိုင်းဝန်းဟန့်တားဖို့ ပြုပြင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်တယ်”ဟု ကမ်ပိန်းတွင် ပါဝင်သည့် ကိုဇေယျာအောင်က ပြောပါသည်။ 
 


ဒုတိယအကြိမ် လှုပ်ရှားမှုကို ကောက်သစ်စားပွဲတော် (ချုဆော့ပိတ်ရက်) စက်တင်ဘာ ၁၉ တွင် ဘူဖျောင်းမြို့နှင့် ပူချွန်းမြို့များ၌ ပြုလုပ်သွားမည်ဖြစ်သည်။

ကွမ်းကမ်ပိန်းကို ကျန်းမာရေးဆိုင်ရာ ပညာပေးမှုနှင့် ကွမ်းစားသုံးမှု လျှော့ချနိုင်ဖို့ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။ 


(ကိုဝင်းပေါ်မောင်အီးမေးမှာ တွေ့ရတဲ့သတင်း နဲ့ ဓာတ်ပုံတွေကို ကူးယူ ဖော်ပြပါတယ်)

Related Posts Plugin for WordPress, Blogger...