Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, July 30, 2014

သင့်ရဲ့ အရည်အချင်းတွေ တိုးတက်လာစေဖို့ အွန်လိုင်းကတစ်ဆင့် လေ့လာသင်ယူသွားနိုင်





ခုလို တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကိုယ်တိုင်လေ့လာသင်ယူနိုင်မယ့် အရာတွေ အများကြီးရှိလာပါပြီ။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ သင့်ရဲ့ ပင်ကိုယ်အရည်အသွေးတွေကို မြှင့်တင်ဖို့ အခွင့်အရေးတစ်ခုလည်း ရရှိလာတာပါပဲ။ ဒီတော့ အွန်လိုင်းကတစ်ဆင့် သင်ဘာတွေ လေ့လာသင်ယူနိုင်မယ်ဆိုတာ တစ်ချက်ပြောပြပေးချင်ပါတယ်။

၁။ Excel in Excel: Microsoft Excel

ကွန်ပျူတာစကိုင်ပြီဆိုတာနဲ့ မဖြစ်မနေ လေ့လာရတဲ့ အပိုင်းကတော့ Excel ပါပဲ။ စာရင်းဇယားတွေချဖို့ မဖြစ်မနေလိုအပ်ချက်တစ်ခုဟာ စီးပွားရေလုပ်ငန်းလုပ်ကိုင်မယ့်သူတွေအထိ ကြီးကြီးမားမားကို အသုံးတည့်တာပါ။ ဒီတော့ လေ့လာချင်တဲ့သူတွေအတွက် chandoo.org ဒီဆိုက်ကလေးကတစ်ဆင့် ၀င်ကြည့်နိုင်ပါတယ်။

၂။Code: Coding

Coder တွေဟာ ကမ္ဘာကို ပြောင်းလဲပစ်ခဲ့တဲ့သူတွေပေါ့။ အဝေးကြီးမစဉ်းစားနဲ့ Bill Gates နဲ့ Mark Zuckerberg ကိုပဲ ကြည့်။ ဒါတွေမရှိရင် ကမ္ဘာကြီးက ဘယ်လိုဖြစ်နေမလဲ စဉ်းစားကြည့်လို့တောင် မရဘူး။ ဒီတော့ သင်က HTML၊ CSS၊ Javascript၊ Python၊ jQuery နဲ့ PHP စတာတွေကို စိတ်ဝင်စားတာဆိုရင်တော့ codecademy.com ဆိုက်မှာ လေ့လာနိုင်တယ်နော်။

၃။Website Building

ကိုယ်ပိုင် Website လေး ဖန်တီးကြည့်ချင်တာလား။ ဒါဆိုရင်တော့ programming နဲ့ ပတ်သက်တာတွေ သိထားမှရတော့မှပေါ့။ iwanttolearnruby.com ဒီဆိုက်ကတစ်ဆင့် သိချင်တာလေးတွေရှိရင် ၀င်လေ့လာနိုင်ပါတယ်။

၎။စိတ်ပညာပိုင်းဆိုင်ရာ Psychology

လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား ၊ အပြုအမူ၊ အတွေးအခေါ် စတာတွေနဲ့ ပတ်သက်ပြီး သင်ဟာ လေ့လာဖို့ စိတ်ဝင်စားသူဆိုရင်တော့ coursera.orgopen2study.comcoursera.org နဲ့ skilledup.com စတဲ့ဆိုက်တွေမှာ လေ့လာနိုင်ပါတယ်။ ဒီလိုလေ့လာခြင်းအားဖြင့် သင်ဟာ လူတွေရဲ့ သဘောထားကို သူများတွေထက် ပိုသိနိုင်ပြီး marketing နဲ့ ပတ်သက်တဲ့အလုပ်တွေ၊ အကြံပေးပိုင်းဆိုင်ရာအလုပ်တွေအတွက် တကယ်ကို ထိရောက်မှုရှိရှိ ဒီပညာကို အသုံးချနိုင်ပါတယ်။

၅။Graphic Design

ခုချိန်မှာ Graphic Design တတ်ထားမှ လူရာဝင်တယ်လို့တောင် ဆိုနေကြရပါပြီ။ Adobe Photoshop၊ Illustrator CS6၊ Dreamweaver CS6 စတာတွေကို အိမ်မှာနေရင်းနဲ့ သိရှိ နားလည်သွားနိုင်အောင် လေ့လာချင်တယ်ဆိုရင်တော့udemy.com lifehacker.com နဲ့ youtube.com ဆိုက်လေးတွေမှာ တစ်ချက်ကြည့်လိုက်နော်။

Ref:mensxp.com

Monday, July 28, 2014

ရမ္မက် ဘီလူးများနှင့် အသပြာ ဖဝါးအောက်တွင် ပန်းမဖြစ်မီ ကြွေရှာသည်





ရန်ကုန်တိုင်း ဒေသကြီး၊ မြို့သစ် တစ်ခုရှိ ရပ်ကွက် တစ်ခုတွင်းမှ ခယိုး ခယိုင်အိမ်လေး တစ်လုံးက အတွင်းတွင် စုဝေး ထိုင်နေသည့် လူများကြောင့် ဒီနေ့ မှပို၍နုံချာ သေးကျုံ့နေသလို ခံစားရသည် ဟုမလုံး(အမည်လွှဲ)က ပြန်ပြောင်း ပြောသည်။ ကြုံရာကျပန်း လုပ်ကိုင်စားနေရ သော သူတို့မိသားစု အတွက် ပိုက်ဆံဆို သည်က မက်မောစရာ၊ အမြဲလိုအပ်နေ သောအရာ။ သို့သော်…
”ဒီငွေကို ယူလိုက်၊ ပြီးရင် ဒီစာချုပ် မှာ လက်မှတ်ထိုး”ဟု ရပ်ကွက်လူကြီး တစ်ဦးက အထက်ပါ စကားကိုဆိုလိုက်ရင်း ငွေတစ်ထပ်နှင့် စာချုပ်ကို မလုံးရှေ့သို့ ချပေး လိုက်သည်။ သူတို့အတွက် အမြဲလိုအပ်နေသည့် ငွေဖြစ်သော်လည်း ဤငွေကို ယူရန် အတွက် သူတွေဝေ လေးလံနေခဲ့ရသည် ဟုမလုံးက ဆိုပါသည်။ သူ့ဘေးတစ်ဖက် စီတွင်ထိုင်နေသည့် ၇ နှစ်သမီးအရွယ် သမီးငယ်နှင့် ယောက်ျားဖြစ်သူတို့ထံ ငဲ့ စောင်းကြည့်လိုက်ရင်းမှ ဆယ်အိမ်မှူး နှင့် အဖွဲ့ညွှန်ပြသော စာချုပ်ပေါ်မှာ လက်မှတ် ထိုးရမည့် နေရာတွင် ကြက် ခြေခတ်တစ်ခု ရေးခြစ်ပေး လိုက်သည်။ ပိုက်ဆံ ကိုတော့ ယောက်ျား ဖြစ်သူက လှမ်းယူ လိုက်သည်။

ထို့နောက် ဖျတ်ခနဲ လက်သွားသော ကင်မရာမီးရောင်။ သူ တို့ငွေလက်ခံရယူသည် ကိုသက်သေ အ ဖြစ် ဓာတ်ပုံမှတ်တမ်းတင်သွားကြခြင်း။ ”ငွေကြေးက ချေးငှားတာလား အပြတ်ပေးတာလား၊ အဲဒါတော့ မသိ ဘူး။ သူတို့ဘာသာ လူမှုရေးအရ လုပ် ကြတာ။ ကျွန်တော်တို့က ကျွန်တော်တို့ အနေနဲ့လုပ်ပေး တာမဟုတ်တော့ ကျွန် တော်တို့ဘက်ကပြောလို့မရဘူး။ ဒါပေမဲ့ အဲဒီလိုပေးတဲ့အခါမှာတော့ ရုံးလုပ်ထုံး လုပ်နည်းအရ မှတ်တမ်းဓာတ်ပုံ ရိုက်ရ တယ်”ဟု ထိုရပ်ကွက်မှ ဆယ်အိမ်စုမှူး တစ်ဦးက ပြောသည်။
၇ နှစ် အရွယ်သာ ရှိသေးသည့် သူတို့၏သမီးငယ်ကို အိမ်နီးချင်း အမျိုး သားတစ်ဦးက ပြုကျင့်ခဲ့ကြောင်းကို အချိန်လွန်မှ သိခဲ့ပြီးနောက် ဤသို့ လာ ပေးသော ငွေကိုမည်သို့ အမည်တပ်ရ မည်မှန်း မလုံးကိုယ်တိုင်လည်း မသိ။မလုံးကအိမ်တကာလှည့် အဝတ် လျှော်အလုပ် လုပ်သူ။ ယောက်ျား က လည်း ကျပန်းသမားမို့ အိမ်မကပ်နိုင်။ နေ့စဉ်အိမ်တွင်သားဖြစ်သူနှင့် သမီးတို့ သာကျန်ခဲ့စမြဲ။ သမီးငယ်က ကလေးမို့ ရပ်ကွက်အနှံ့ဆော့ ကစား နေတတ်သည့် အပြင် အိမ်နီးချင်း မည်သူခိုင်းခိုင်း မညည်းမညူလုပ်ပေးတတ်သည့်ကလေး ဟု မလုံးကသူ့သမီးအကြောင်း ပြောပြ သည်။

သမီးက ယခုမေလ ၄ ရက်နေ့မှ ဆီးမသွားနိုင်ဘဲနာနေသည်ဟုဆို၍မေး မြန်းရာမှအဖြစ်ဆိုးသိကာ ရင်ကျိုးရခြင်း ဖြစ်သည်။ မည်သည့်အချိန်က တည်းက ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ ရှိနေပြီဆို သည်လည်းမသိပါဟု မလုံးက မချိတင် ကဲ ဆိုပါသည်။ ”ဒီကိစ္စကို စကြားကတည်းက ခံစားချက် အပြည့်နဲ့ ကိုယ့်သားသမီးလိုပဲ ကိုယ့်သားသမီး ကိုယ့်မြေးတစ်ယောက် လိုပဲ ခံစားချက်နဲ့ ငါတို့က အမှုကိစ္စနဲ့ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ကျွန်မတို့ ရတာမဟုတ်ဘဲနဲ့ ကျွန်မတို့ဘာသာ ကျွန်မတို့ ဒီဖြစ်စဉ်မှန်သာဖြစ်ခဲ့လို့ရှိရင် ကလေးတစ်ယောက်ဟာ ဒါမျိုးတွေဖြစ် သွားမယ်ဆိုတဲ့ ခံစားချက်တွေ၊ ကိုယ့် သားသမီး ကိုယ့်မြေးသာဖြစ်ခဲ့တယ်ဆိုရင် ဆိုတဲ့အတွေးနဲ့ ပါတီဝင်တစ်ယောက်အ နေနဲ့သာမက ပြည်သူတစ်ယောက်အနေ နဲ့ အဖြစ်မှန် ကို ဖော်ထုတ်ချင်တယ်။ဖော်ထုတ်ဖို့လည်း သင့်တယ်လို့ယုံကြည် တယ်။

ဒီကိစ္စကို သိသိချင်း လိုက်ကြ တယ်၊ စုံစမ်းကြတယ်၊ လေ့လာကြတယ်။ ဘယ်သူမှ ကျွန်မတို့ကို လက်ဖက်ရည် မတိုက် လမ်းစရိတ်မပေးဘူး။ ခု ကျွန်မတို့ စွမ်းဆောင်နိုင်သ လောက် ပါတီဝင်တစ်ယောက်အနေနဲ့ ရော၊ ပြည်သူတစ်ယောက်အနေနဲ့ရော၊ မိခင်တစ်ယောက်အနေနဲ့ရော ကျွန်မတို့ လုပ်မှာပါ” ဟု ဒေသခံနိုင်ငံရေးပါတီ တစ်ခုမှ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။သမီးဖြစ်သူ ထိုသို့ကျူးလွန်ခံရ ပြီးမှန်း မိဘများနှင့် ပတ်ဝန်းကျင်သိ၍ အသံထွက်လာပြီးနောက် ကျူးလွန်သူ ပုဂ္ဂိုလ်က ငွေကျပ် သုံးသောင်းပေး၍ တောင်းပန်ခဲ့သည်ဟု မလုံး က ပြော သည်။


”ကိုယ်ကတောင်းတာ မဟုတ် ဘူး။ သူကလာပေးတာ”ဟု မလုံးက ဆို သည်။ အခြား အိမ်နီးချင်းတစ်ဦးဖြစ်ပြီး အကြောင်းရင်း အစအဆုံးသိနေသည့် ဒေါ်နီကမူ တောက်တစ်ချက်ခပ်ပြင်းပြင်း ခေါက်လိုက်ပြီး ”ကလေး တစ်ယောက်ကို ဒီလိုလုပ်ပြီး လျော်ကြေးပေးလိုက်ရုံနဲ့ ပြီးရောလား။ ဒါဟာ ဖြစ်သင့်တဲ့ကိစ္စရော ဟုတ်ရဲ့လား”ဟု ဒေါသဖြင့် မေးခွန်း ထုတ်သည်။ အဆိုပါသုံးသောင်းပြီးနောက် အစ တွင်ဖော်ပြခဲ့သည့်အတိုင်း နောက်တွင် ငွေ ၂ သိန်း ၇ သောင်းကို ရပ်ကွက် တာဝန်ရှိသူများနှင့်အတူ လာေ ရာက် ပေးခဲ့ခြင်းဖြစ်သည်။ ”စာထဲမှာဘာတွေရေးထားလည်း ကျွန်မ မသိဘူး။ ကျွန်မက စာမတတ် ဘူးလေ”ဟု မလုံးက ညှိုးငယ်သောမျက် နှာဖြင့် ပြောသည်။
”စခန်းကို မသွားခင်မှာ ကျွန် တော်တို့ရုံးကို လာပြီးတော့ ချိန်းလိုက် တာပေါ့။ ဒါ ရဲတွေချိန်းလိုက်တာ ကျွန် တော်မသိဘူး။ ပြဿနာတက်နေတယ်၊ ဆယ်အိမ်မှူးရေ လာပါဦးဆိုပြီး။ ရဲတွေ ကတော့ ခရေစေ့တွင်းကျ မေးတာပေါ့။ စုံစိနေတာပဲ။ နှိုက်နှိုက်ချွတ်ချွတ်ပေါ့။ မေးပြီးတဲ့အခါကျတော့ မင်း အမှုဖွင့်လို တယ်ဆိုရင်လည်း စခန်းကိုလိုက်ပြီး အမှုဖွင့်၊ အဲ့မှာပြန်သွားပြီးတော့ ကလေး အိမ်နီးချင်းကို သွားပြောတာ။ သူက အဲ့ဒါမျိုးတော့ငါမေ ကျနပ်ဘူး၊ အခုချက် ချင်းလုပ်မယ်ဆိုပြီး ခေါ်ကြဆိုတော့ကျွန်တော်ခုချက်ချင်း စခန်းကိုသွားကြ ဆိုပြီး ကျွန်တော်နောက်ကနေလိုက်သွား တယ်။ စာရွက်ဖြူ ၁ဝဝ ဖိုးတောင် ဝယ်သွားတယ်။ တကယ်လို့ ဟိုနင်းဖြစ် ရင် ကျွန်တော်က စာတင်ရတော့မှာ လေ။ ဟိုကျတဲ့ခါကျတော့ မေးပြီးတော့ စခန်းမှူးရော၊ ဂတ်စာရေးရော၊ ရဲတပ် သားတွေရော မေးစမ်းပြီးတဲ့ အခါကျ တော့ သူ့ယောက်ျားရော သူရောက အမှုမဖွင့်ချင်ပါဘူးတဲ့။ အဲလိုပြော ပြီးမှ ဟိုက လက်မှတ်ထိုးခိုင်းတာကို လက် မှတ်ထိုးပြီး ပြန်လာတယ်” ဟု ငွေပေး အပ်ရာတွင်ပါဝင်ခဲ့သည့် ဆယ်အိမ်စုမှူး တစ်ဦးက ပြောသည်။

ဤကဲ့သို့ လူမသိသူမသိ၊ မကြားဝံ့ မနာသာ အဖြစ်မျိုး မြန်မာနိုင်ငံတွင် မည်မျှထိဖြစ်ပျက်နေပါပြီနည်း။ ၂ဝ၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး ၌ ကောက်ယူထားသည့် စာ ရင်းများအရ ရန်ကုန်တိုင်းဒေသကြီး အတွင်း အသက် မပြည့်သေးသည့် ကလေးငယ်များအား အဓမ္မကျူးလွန်မှု ၇၇ မှုရှိခဲ့သည်။ယခု ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလအတွင်းတော့ အမှုပေါင်း ၃၁ မှုရှိ နေပြီဖြစ်သည်။
အသက် မပြည့်သေး သည့် ကလေးသူငယ် များအတွင်း ၁ဝ နှစ်အောက် ကလေးငယ်များအပေါ် အဓမ္မကျူးလွန်မှုများမှာ တစ်နှစ်လျှင် နှစ်ဆနီးပါးခန့် မြင့်တက်လာပြီး ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာတစ် နိုင်ငံလုံးကောက်ယူခဲ့သည့် စစ်တမ်းများ အရ အမှုပေါင်း ၈၈ဝ နီးပါး ရှိခဲ့သည်ဟု ကလေးသူငယ်နှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအား အ ရေးယူ၍ ဥပဒေအတွက် အဓိကလိုက်လံ ဆောင်ရွက်ပေးနေသည့် သမာဓိဖောင် ဒေးရှင်းမှ သိရသည်။ ကလေးသူငယ်တို့အပေါ် အဓမ္မ ကျူးလွန်သူ၊ လိင်အလွဲသုံးစား ပြုသူ အချို့မှာ ”ကျေအေးခြင်းဆို သည့်စကား လုံးနောက်၌ လုံလုံခြုံခြုံ ပုန်းအောင်း လျက်သားပင် ရှိသည်။ မုဒိမ်းမှုဟုခေါ် သည့် မှုခင်းများစွာကား ဆိတ်ကွယ်ရာ အရပ်၌ မှောင်ရိပ်ခိုကောင်းတုန်းပင်ဖြစ် သည်။


”တကယ်တော့ မုဒိမ်းမှုကို ကျေ အေးမပေးသင့်ဘူး။ ကျေအေးပေးတာနဲ့ နောက်တစ်ခါအမှုထပ်ဖြစ်ဖို့ အခွင့် အလမ်း ဖွင့်ပေးသလိုပဲ” ဟု သမာဓိ ဖောင်ေ ဒးရှင်းမှေ ရှ့နေဖြစ် သူဦးငိုင်ဆာ့ခ် ကဆိုသည်။ ၄င်းက သူ့အတွေ့အကြုံ အရကလေးသူငယ်များအပေါ်အဓမ္မပြု ကျင့်ရာတွင် ကလေးကိုယ်တိုင်က လိုလို လားလား ပြောပြလာခြင်းမျိုးမဟုတ်ဘဲ အသက်အရွယ် ငယ်လွန်းခြင်းကြောင့် သွေးတအားဆင်းလာခြင်း၊ ဆီးမသွား နိုင်ဘဲ နာကျင်လာသည့် အချိန်မျိုးမှသာ စတင်သိရှိသည်ဟု ဆိုသည်။ ပြစ်မှုဆိုင်ရာ ဥပဒေမှတ်တမ်းများ အရ အဓမ္မကျူးလွန်ရန် ကြံစည်ထားသူ များက ကလေးအပေါ် ကျူးလွန်ရခြင်း သည် အရွယ်ရောက် သူတစ်ဦး ထက် ပိုမို လွယ်ကူလေ့ရှိခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည်။ အရွယ်ရောက်အမျိုးသမီး တစ်ဦးအနေဖြင့်၎င်းတွင်ပြန်လည်ခုခံ နိုင်စွမ်းရှိပြီး ခွန်အားသုံး၍ ရုန်းကန်နိုင် ခြင်းကြောင့်ကျူးလွန်သူအနေဖြင့် အကြံ စည်အထမြောက်ရန် ခဲယဉ်းသည်။


သို့ သော် ကလေးကား မခုခံနိုင်။ ထို့ပြင် တစ်ခါတစ်ရံ မိဘဖြင့် တိုင်မည်ဟုခြိမ်း ခြောက်ရုံဖြင့်ပင် ကလေးများက ဖွင့်ဟ ဝန်ခံလေ့ မရှိတော့ကြောင်း တွေ့ရှိရ သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကလေး သူငယ်ကာကွယ်ရေးအဖွဲ့မှ ကိုအောင် မျိုးမင်းက ပြောသည်။ ထိုသို့သော အဖြစ်ဆိုး တစ်ခုက (၅-၅-၂ဝ၁၃)နေ့တွင် မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ မဝေဝေ (အမည်လွှဲ)က သူ၏ ၇ နှစ်အရွယ် သမီး ငယ်လေးမှာ အဓမ္မပြုကျင့်ခံထားရပြီး ဆေးကုသမှုခံယူနေရတုန်းပင် ဖြစ် သည်ဟု ဆိုသည်။မဝေဝေတို့မှာလည်း ကျပန်းအလုပ်သမား မိသားစုသာ ဖြစ် သည်။ ကလေးကိုကျောင်းပင်မထားနိုင်။

ယခုကိစ္စဖြစ်ပေါ်လာချိန်တွင် ငွေပေးကျေအေးခိုင်းသည်။ သက် ဆိုင်ရာရဲစခန်းမှ ထိန်းချုပ်ထားသော် လည်း စီရင်ချက်တော့ မချမှတ်ရသေး။ မဝေဝေကတော့ သမီးအတွက် အစိုးရဆေးရုံမှပေးလာမည့် သက်သေခံ ဆေးစာ။ ဤဆေးစာကိုသာ မျှော်လင့်တကြီး စောင့်မျှော်နေဆဲဖြစ် သည်။
”ငွေမယူဘူး။ တရားစွဲမယ်။ အဲဒီ လူကို အပြစ်ဒဏ်ကြီးကြီးမားမား ပေး စေချင်တယ်” မိခင်တစ်ယောက်၏ ရင်တွင်း ခံစားချက်ကို မျက်ရည်များနှင့်ရောပြွန်း ၍ မဝေဝေတစ်ယောက်အပြင်သို့ ထုတ် ဖော်ပြောလိုက်ပြီး လက်ခုံနှင့် မျက်ရည် တချို့ကို သုတ်ပစ်လိုက်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်း ကလေး သူငယ်များ အဓမ္မပြုကျင့်ခံရမှုများအား မိမိတို့ဆီသို့ လာရောက် အမှုဖွင့်တိုင် တန်းမှသာလျှင် ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်ကြားလာ သည့် ပြစ်မှုများအတွက်ကိုမူ ထိရောက်သည့်ပြစ် ဒဏ်ပေးနိုင်ရန် ညွှန်ကြားထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ဆိုသည်။ ”ဒီလိုအမှုတွေအတွက် မြို့နယ်ရုံး ကိုတောင်မဟုတ်ဘဲ ခရိုင်တရားရုံးကို တိုက်ရိုက်တန်းပြီး စွဲချက်တင်ပါတယ်”ဟု ရဲမှူးမြင့်ထွေးက ပြစ်ဒဏ်ေ ပးနိုင်ရန် ဆောင်ရွက်နေပုံကို ရှင်းပြသည်။


ဥပဒေအရတရားစီရင်ရာတွင် ပြစ် မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၃၇၆ (အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်း) သာမက ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းထား သည့် ကလေးသူငယ် ဥပဒေပါ ၆၆(က)၊ ၆၅(က) တို့ဖြင့်ပါ ပူးတွဲအရေးယူမှုပြု ကြောင်း သိရသည်။ ကလေးသူငယ်ဥပဒေ၌၆၅(က) တွင် ကလေး သူငယ်အား အသက်ဘေး အန္တရာယ် ဖြစ်စေနိုင်သော ရောဂါဝေဒ နာများ စွဲကပ်စေနိုင်သော (သို့မဟုတ်) အကျင့်စာရိတ္တ ပျက်ပြားစေနိုင်သော အလုပ်ကိုစေခိုင်းခြင်း (သို့မဟုတ်) လုပ် ကိုင်ခွင့်ပြုခြင်းအတွက် ထောင်ဒဏ် ၆ လ ဖြစ်စေ၊ ငွေဒဏ် ၁ဝဝဝ ကျပ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ၆၆ (က)တွင်မူ ကလေးငယ်အား လိင်လုပ် သားအဖြစ် ဆောင်ရွက်စေပါက ထောင် ဒဏ် ၂ နှစ်၊ ပြစ်ဒဏ်ငွေ ကျပ် ၁ဝဝဝဝ ထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် နိုင်ကြောင်း ကလေးသူငယ်ဥပဒေအခန်း ၁၇ ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်း၌ ပြ ဋ္ဌာန်းထားသည်။


အသက်မပြည့်သည့် ကလေးငယ် တစ်ဦးအပေါ် တမင်ရည်ရွယ်ကြံစည်၍ အဓမ္မပြုကျင့်ခြင်းသည် မုဒိမ်းမှုမြောက် ပြီး ၄င်းသည်ကြီးလေး သည့်ပြစ် မှုကြီး တစ်ခုသာ ဖြစ်သည်။ယင်းအတွက် သာ မန်အမှုများကဲ့သို့ခွင့်လွှတ်၍ လုံးဝမ ထိုက်သင့်သည့်အမှုသာ ဖြစ်ကြောင်း ဥပဒေပညာရှင်တို့က သုံးသပ်သည်။ ပြစ်ဒဏ်များချမှတ်ရာတွင် အမြင့် ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ် သက်တစ်ကျွန်းအထိချမှတ်နိုင်ကြောင်း ဦးငိုင်ဆာ့ခ်ကဆို သည်။
သို့သော် အဓမ္မ မှုတိုင်းတော့ တစ်သက်တစ်ကျွန်းမဟုတ် ကြပေ။ ဇနီးမယားအား အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်း၊ ခွင့်မပြုသေးသည့် အချိန်တွင်ကျူးလွန်ခြင်း၊ ခြိမ်းခြောက် သဘောတူစေခြင်းနှင့် ယောက်ျားထင် မှတ်၍ ပေါင်းသင်းမိခြင်းတို့ အတွက်မူ တရားသူကြီးက တွေ့ရှိချက်အတိုင်းပြစ် ဒဏ်ချမှတ်သည်ဟု သိရသည်။ ပြစ်ဒဏ်တို့ကား တရားခံတို့ အ တွက် ကြီးကြီးမားမားအသင့်ရှိနေသည်။ သို့သော် မကောင်းမှု ကျူးလွန်သူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဥပဒေဘောင် အပြင်က လက်တစ် လုံးခြားကစားနေကြ တုန်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူက ကလေးငယ်မိသားစု၏ပျော့ကွက်၊ ဟာ ကွက်ကို နင်း၍ အမှုကိုမတိုင်တန်းစေရန် အမျိုးမျိုးကြိုးစားမည် သို့မဟုတ် ခြိမ်း ခြောက်ပြောဆိုဦးမည်။


တစ်ခါတစ်ရံ ပတ်ဝန်းကျင်အကူအညီတချို့ဖြင့် မြေ နိမ့်ရာ လှံစိုက်ပစ်တတ်သည်။ ကလေးသူငယ်များအပေါ်၌ ရွေး ချယ်၍ အဓမ္မပြုကျင့်သူ အများစုသည် ကလေးငယ်များ၏ ရိုးသားမှုအပေါ် မူတည်၍ စည်းရုံးသိမ်းသွင်းကြခြင်းဖြစ် သည်။စည်းရုံးရာတွင်လည်း လွယ်ကူမှုရှိ ကြောင်း တွေ့ရှိရသည်။ မြောက်ဥက္ကလာမှ မဝေဝေက ”သမီးလေးကို မုန့်ကျွေးမယ် ဦးဦးနဲ့ လိုက်ခဲ့ဆြို ပီးခေါ်သွားရင်းက အဲဒီလို လုပ်တာ။ကျွန်မတို့မရှိတုန်း။ ပြန်ရောက် တော့ ကလေးက သွေးတွေဆင်းနေပြီ”ဟု သမီးအားအဓမ္မပြု ကျင့်မှုခေါ်ယူ သွားခဲ့ပုံကို ပြန်ပြောင်းပြောသည်။
ကလေးသူငယ်များကား အသက် အရွယ် ငယ်လွန်းလှသည်မို့ အစား၊ ကစား၊ ခုံမင်ကြသည်။ အဆော့မက်ကြ သည်။ အယုံကြည်လည်း လွယ်တတ် ကြ သည်။ ကလေးအား မုန့်ဝယ်ကျွေးမည် လိုက်ခဲ့ဟုဆိုရုံဖြင့် ကလေးကမငြင်း တော့။ သူ့အတွက်မုန့်စားရန်အသိတစ် ခုဖြင့် ရိုးသားစွာလိုက်လာေ သ်ာလည်း အခွင့်ကောင်းယူ၍ အဓမ္မကျူးလွန်စော် ကားသည်။ကလေးက မိမိလုံခြုံရေး အတွက် မည်ကဲ့သို့ကာကွယ်ရမည်ကို သိထား သည်မဟုတ်။ ထိုအခြေအနေကလည်း ပစ်မှတ်ထား ကျူးလွန်သူတို့အတွက် အခွင့်အရေးတစ်ရပ် ဖြစ်စေသည်။ ကလေးငယ်များအပေါ် အဓမ္မ ကျူးလွန်ခြင်း (သို့မဟုတ်) မုဒိမ်းမှုကျူး လွန်ခြင်းသည်ဒေါသအလျောက် တစ် ခဏဆောင်ရွက်ကျူးလွန်မိခြင်း မဟုတ်။ ပင်ကိုယ်ဗီဇ၊ မျိုးရိုး၊ စရိုက်၊ အကျင့်တို့ အပေါ်၌သာ မူတည်နေသည်။”မုဒိမ်းမှုတော်တော်များများမှာ တော့ ကလေးကတရားခံကို ပြောနိုင် တယ်။ အဲဒီကနေတရားခံကို ခြေရာခံ လိုက်တယ်။ ဒါပေမဲ့ ရဲက ကြိုတင်ထိန်း ချုပ်မှုလုပ်နိုင်ဖို့ဆိုတာတော့ ခက်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအုပ်တစ်ဦးက ဆိုသည်။
ကလေးသူငယ် အဓမ္မပြုကျင့်ခံ ရမှု လျော့နည်းလာစေရေး အတွက် တော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်ပေါင်း ၄၄မြို့နယ်အတွက် ပညာ ပေးလုပ်ငန်းများအား စီမံချက်ချ၍ ဖော် ဆောင်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။မိဘများအနေဖြင့်မိမိ၏ သားသမီး ငယ်အားတစ်ဦးတည်း လွှတ်ထားတတ် ခြင်း၊ လယ်၊ တောနှင့် အခြားနေရာတစ်ခု သို့ တစ်ဦးတည်း စေလွှတ်ခြင်းများကို အတတ်နိုင် ဆုံး ရှောင်ကြဉ် သင့်သည်။ ထို့အပြင် အသိ၊ မိတ်ဆွေနှင့် မိမိကြည် ညိုရသည့်လူပုဂ္ဂိုလ်ဆိုလျှင်တောင်မိမိ ကလေးငယ်ဖြင့် နှစ်ဦးတည်းမထားသင့် ကြောင်း၊ စိတ်မချသင့်ကြောင်း ကလေး သူငယ်များလိင်အလွဲသုံးစားမှု မပြုခံရ စေရန် ဒေါက်တာတင့်ဆွေက အကြံပြု သည်။


ကလေးသူငယ်များ အဓမ္မကျူး လွန်ခံရမှုမှာ ၂ဝဝ၉ ခုနှစ်တွင်း လေ့ လာဆန်းစစ်မှုအရ အာရှတိုက်၌ ၂၃ ဒသမ ၉ ရာခိုင်နှုန်းရှိနေပြီး အမေရိ ကနှင့်ဥရောပထက်သာလွန်နေ သည်။ မိန်းကလေးများက ၁၉ ဒသမ ၇ ရာခိုင် နှုန်းရှိပြီး ယောက်ျားလေး ၇ ဒသမ ၉ ရာခိုင်နှုန်းရှိနေကြောင်း တွေ့ရှိ ရသည်။ မြန်မာနိုင်ငံတွင်း၌ ကလေးအပေါ် အဓမ္မကျူးလွန်မှုတိုင်း တရားခွင်ရှေ့ သို့ရောက်ရှိနေခြင်းတော့ မဟုတ်။ ခြိမ်း ခြောက်မှုတစ်စုံတစ်ရာရှိ၍ အမှန်ကို မမြင်ရခြင်းလော၊ သို့တည်းမဟုတ် ဖိ အားပေးမှုကြောင့် အမှန်တရားနစ်မြုပ် ပျောက်ကွယ်နေခြင်းလော။
ယင်းအတွက် ”ကူညီပါရစေ” ဆိုသည့်ဆိုင်းဘုတ်အောက် အဓမ္မမှု တိုင်းရောက်မလာနိုင်ခြင်းလည်း ဖြစ်ပေ လိမ့်မည်။”ဒီကိစ္စမျိုးက အရှက်အကြော က် မရှိဘဲတိုင်ကိုတိုင်ရမယ်။မတိုင်ရင် ကလေး က အခါခါခံရမယ်။ ဒါက, ကလေးဆိုး လို့ဖြစ်တာမှမဟုတ်တာ”ဟု ကလေးငယ် အပေါ် အဓမ္မကျူး လွန်ခံရမှုနှင့် စပ် လျဉ်း၍ ရှေ့နေဦးငိုင်ဆာ့ခ်က ပြောဆို လိုက်ခြင်းဖြစ်သည်။အဓမ္မကျူးလွန်သူ တစ်ဦးအား တိုင်တန်းခြင်းမပြု၍ ယင်းထောင်မှ လွတ်လပ်သွားခြင်းသည် နောက်ထပ် ကလေးသူငယ်များအပေါ်သို့ ဆက် လက် ကျူးလွန်နေဦးမည်ကတော့ သေချာကြောင်း ရှေ့နေအတွေ့အကြုံ အရပြောပြသည်။
ထိုကဲ့သို့ အဓမ္မမှုများသည် မြို့ လယ်နေရာများတွင် ဖြစ်ပွားမှုရှိသော် လည်း နည်းပါးပြီးဆင်ခြေဖုံးရပ်ကွက် များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည် သာ၊ တောင်ဒဂုံ၊ ဒလစသည် တို့တွင်တော့ လအလိုက်နှစ်အလိုက် ဖြစ်ပွားနေကြ သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြစ်မှု မှတ်တမ်းများအရ သိရ သည်။သို့သော်သာမန်အလယ် အလတ် တန်းစားလူများတွင် အဓမ္မကျူးလွန်ခံ ရပါက ရုံးရှေ့သို့မကြောက်မရွံ့လာ ရောက်တိုင်တန်းတတ်ကြသည်။ ၄င်း တို့၌ ပညာရည်အဆင့်အတန်း အားဖြင့် တတ်သိနားလည်ကြပြီး ငွေကြေးဖြင့် ကျေအေးပါကလည်း မိမိသားသမီးအ ပေါ် လိင်အလွဲသုံးစားပြု မှုအား ကိုယ် တိုင်ပါဝင်သွားနိုင်မည်ကို သိရှိထားခြင်း တို့ကြောင့် ထိုသူများကတော့ တိုင် တန်းမှုပြုရဲကြသည်ဟု ဥပဒေမှတ်တမ်း ပြုစုရာ မှ တွေ့ရှိသည့်အချက်အလက်ကို ဦးငိုင်ဆာ့ခ်ပြောပြခြင်းဖြစ်သည်။
မြောက်ဥက္ကလာပမှ မဝေဝေက သမီးအတွက်ပရိဒေဝမီးတောက်လောင် ၍ ဘာလုပ်ဘာကိုင်ရမှန်း မသိချိန်က လေးခေါ်၍ မြောက်ဥက္ကလာဆေး ရုံသို့ သွားခဲ့သော်လည်း တွေ့ကြုံလိုက်ရသည် က ”တာဝန်ကျတဲ့ဆရာဝန်မက ဘာမှမ ဖြစ်ဘူး ပြန်တော့တဲ့။သမီးကိုခေါ်ပြီး ပြန်လာတော့ သမီးကေ သွးတွေတအား ထပ်ဆင်းလာတယ်”ဟု ပြောရင်း မဝေ ဝေ၏အသံကတိမ်ဝင်သွားပြီး ခဏတာ နစ်မြုပ်သွားသည်။ မျက်ရည်စက်များက ပါးပြင်ပေါ် သို့ တစ်လှိမ့်ပြီးတစ်လှိမ့်ဆင်း လာရင်း။ ”ရပ်ကွက်ထဲတစ်ခါပြန်ပြီး လူ ကြီးတွေကို အကူအညီပြန်တောင်းရ တယ်။
စခန်းမှာ အမှုတွေဘာတွေ ဖွင့်ပြီးတော့ ညကျမှဆေးရုံပြန်သွားရ တယ်” ဆေးရုံသို့သွားရာ ပထမအ ကြိမ်၌ သမီးငယ်လေးအား စစ်ဆေးပေးမှုမ လုပ်ခဲ့ကြောင်း မည်သို့မျှနားမလည် ကြောင်း မဝေဝေက ရိုးရိုးသား သားပင် ပြောသည်။ လက်ရှိတွင်တော့ ကလေး အားလိုအပ်သည့် ဆေးကုသမှုများပေး ထားပြီး ပြန်လည်ပြသရန်ရက်လည်း ချိန်းထားသည်ဟု သိရသည်။

အဓမ္မကျူးလွန်မှုသည်ရဲအရေး ပိုင်သည့်အမှုဖြစ်ပြီး ယင်းအတွက် ကျူးလွန်ခံရသည်ကို ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရမည်။ သို့သော် ခြွင်းချက် အနေဖြင့် အခြေအနေတစ် စုံတစ်ခုကြောင့် ရဲစခန်းသို့မသွား ရောက်ဘဲ ဆေးရုံသို့တိုက်ရိုက်သွားလျှင်လည်းဆေးရုံရှိဆေးစာဌာနမှ မှတ် တမ်း တင်ပြီး စခန်းသို့ပေးပို့ အမှုဖွင့် နိုင်ကြောင်း၊ ယင်းအတွက် ရဲစခန်းမှ တာဝန်ကျရဲအရာရှိမှ ဆေးရုံသို့ လာ ရောက်၍ အမှုဖွင့်ဆောင်ရွက်ပေးသွား မည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ရှင်း ပြသည်။
အဓမ္မပြုကျင့်ခံရသည့် ကလေး ငယ်တိုင်း မိန်းမကိုယ်၌ ထိုးသွင်းဒဏ် ရာဒဏ်ချက်များ ရှိနေမည်ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံလိုက် ရ သော်လည်း ဆေးဝါးအချိန်မီ ကုသနိုင် ပါက အသက်အန္တရာယ် မထိခိုက်နိုင်။ သို့သော် ကလေး၏ နုနယ်သည့်စိတ် ၌ ဒဏ်ရာကြီးကြီးမားမား ကျန်ရှိနေတတ် သည်။ ကျူးလွန်သူ၏ စိတ်ဆန္ဒတစ်ခဏ ကျေနပ်မှု အတွက် ကလေးငယ်တစ် ယောက်၏ တစ်ဘဝစာ အနာဂတ်ကို ကြီးမားသော ထိုးနှက်ချက်များနှင့် ပေး ဆပ်လိုက်ရခြင်း ဖြစ်သည်။

အိပ်မက် ဆိုးများ မက်ခြင်း။ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးအား ကြောက်လန့်နေတ တ် ခြင်း ၊ ဖြစ်ပျက်ခဲ့ရမှုအပေါ် ရင်မဆိုင် နိုင်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ ဝင် ရောက်လာနိုင်ကြောင်း စိတ်ကျန်းမာ ရေးဆိုင်ရာ အငြိမ်းစားပါမောက္ခ ဒေါက် တာ ဆွေဆွေဝင်းက မှတ်ချက်ပြု ပြော သည်။ ”သူတို့လေးတွေအတွက် စိတ်ပိုင်း ဆိုင်ရာအရမ်းကြီးထိခိုက်သွားပြီ။ ဒီဟာ က သူတို့ဘဝမှာ အမည်းစက်တစ်ခု ဖြစ်သွားတယ်”ဟု ပါမောက္ခက ကလေး များက ကလေးများ၏ စိတ်ခံစားနိုင်ရ မှုအပေါ် ဆွေးနွေးပြောကြားသည်။
ကလေးများအတွက် ပြန်လည် ကုသပေးရာတွင် ခန္ဓာကိုယ်သာ မက စိတ်ပိုင်းဆိုင်ရာကိုပါ အဓိကထား ကု သပေးသင့်သည်။ ခန္ဓာကိုယ်ကျန်းမာ ရေးကား ပြန်လည်ကုသရန် လွယ်သော် လည်း စိတ်ကျန်းမာရေး ကား မည်သို့ ရှိနေသည်ကိုပင်မသိ။မှန်းဆရန်ခက် သည်။ ခန္ဓာကိုယ် ပြန်လည်ကုသရေး တွင်လည်း သာမန် စုတ်ပြဲဒဏ်ရာဒဏ် ချက်အတွက်တော့ ကုသရန် လွယ်ကူ သည်။ သွေးလိုအပ်မှုများအတွက်လည်း ပြဿနာတော့ မရှိလှ။
သို့သော် ပိုးဝင်ရောက်ခံရခြင်း သို့မဟုတ် သား အိမ်ခေါင်း ကင်ဆာဖြစ်ရင် ဗိုင်းရပ်စ် တစ်မျိုးကူးစက်ခံရခြင်းဖြစ်ပါက ကလေး အတွက် ထိခိုက်နစ်နာမှုများစွာ ရှိ လာလိမ့်မည်ဟု သားဖွားနှင့် မီးယပ် အထူးကုဆရာဝန် ဒေါက်တာစိုးလွင်က မှတ်ချက်ပေးသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေး ရုံအုပ်ကြီး ဒေါက်တာကျော် ကျော်က ၄င်းတို့ အစိုးရဆေးရုံများအနေဖြင့် အဓမ္မမှုများအပါအဝင် ရဲမှူးခင်းဆိုင်ရာ အမှုအခင်းများအတွက် ရဲစခန်း၏ ကနဦး အစီရင်ခံစာ (First Information Report) (FIR)အား အရင်ဆုံးလက်ခံ ရယူရသည်ဟု ဆိုသည်။

အကယ်၍ ယင်းအစီရင်ခံစာပုံ စံမရောက်လာသေး သည့် အခါများတွင်လည်း ဆေးရုံမှ မှတ်တမ်းကောင်းစွာ မှတ်သားထားရပြီး ရဲဆေးစာ တွင်ြ ပန်လည်ဖြည့်စွက်ပေးရ သည်။ လူနာ၏ အရေးပေါ်လိုအပ်ချက် အပေါ်မူတည်၍ ဆေးဝါးကုသမှုဆောင် ရွက်ကြောင်း ပြောသည်။”ဆေးရုံကြီး အချို့မှာ သက် ဆိုင်ရာရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦး တွဲဖက်ထားရှိပေးပါတယ်။ ဆေးရုံ တိုင်းတော့မဟုတ်ဘူး”ဟု ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီးက ဆိုသည်။မလုံး၏ သမီးငယ်လေး အမှုနှင့် မဝေဝေ၏ သမီးငယ်လေး၏ အမှုတို့တွင် ကလေး နှစ်ဦးစလုံးကား သက်တူရွယ်တူနီးပါး။ ပြစ်မှုကျူးလွန် သူများကလည်း ငွေပေး ကျေအေးမှုများ၊ ခြိမ်းခြောက်မှုများ ပြုလုပ်ကြပြီး အပြစ်လျော့မည့် နည်း လမ်းပေါင်းစုံ အသုံးပြုနေကြခြင်း ဖြစ် သည်။ ”ဘဘက အသက်လည်းကြီးပြီ။ ပန်းလည်းသေနေတယ်တဲ့။ နင်တို့ ကလေး ဘာမှမဖြစ်ပါဘူးဆိုပြီး ပထမ ဆုံး ငွေလာပေးတုန်းက ပြောသွားတာ။
ကျွန်မဖြင့် အသည်းတွေယားပြီး အသား တွေတောင်တုန်တယ်”ဟု မလုံးနှင့် အိမ် ချင်း ကပ်ရက်ဖြစ်သူ စစ်သူနာပြု တက္ကသိုလ်တက်ရောက်ခဲ့ဖူး သည့် ဒေါ် မိမိကြီးက ၄င်းကြားခဲ့ရပုံကို ပြောပြခဲ့ ခြင်းပင်။ အထက်ပါ ဖြစ်ရပ်နှစ်ခုတွင် ကွဲ ပြားနေသည်က မိခင်များ၏ ယုံကြည် ချက်။ မဝေဝေ ကတော့ ပြတ်ပြတ်သား သား ဆုံးဖြတ်ပြီးသူမို့ အမှုဖွင့်ထားပြီး ဖြစ်သောလည်း မလုံးက ဝေခွဲမရသေး။ ပိုက်ဆံ ရယူထားရ၍ အပြီးတိုင် ကျေအေး လိုက်နိုင်ပြီဟုလည်းမဆိုနိုင်။

မိခင်တစ်ယောက်၏ စိတ်ဓာတ်နှင့် စခန်းသွား၍ အမှုဖွင့်မည် ဆိုပြန်တော့ လည်း မလုံး၏ယောက်ျား၊ ကလေး၏ ပထွေးကလည်းအမှု မဖွင့်စေချင်တော့။ တစ်ဖက်က ချုပ်ဆိုပေးထားလိုက်ရသည့် စာချုပ်ရှိနေသးသည်။ တိုင်တန်းမှု ကြောင့် ပြဿနာတစ် စုံတစ် ရာ ထပ်ဖြစ် မှာလည်း မလိုလား။ ရှပ်အင်္ကျီအနီကွက် နွမ်းနွမ်း၏ လက်အင်္ကျီစဖြင့် မျက်ရည်ကို သုတ် လိုက်ကာ သမီးငယ်လေးဘက်သို့ လှည့် ကြည့်ရင်း မလုံးက ”တိုင်လို့ရမယ်ဆို ရင်တော့ တိုင်ချင်သေးတယ်။ ဒီကလေး အနာဂတ်အတွက်ပါ” ဟု ဆို့နင့်သော အသံဖြင့်တိုးတိတ်စွာပြောပါသည်။

Wednesday, March 19, 2014

လူငယ်နှင့် Sex မရှက်နဲ့




ဆယ်ကျော်သက် အရွယ်တုန်းက လမ်းလျှောက် ရင်တောင် ယောကျာ်းလေး တွေနား မကပ်ဖြစ်ခဲ့သည်မှာ မမျှော်လင့်ဘဲနှင့် ကိုယ်ဝန်ရှိသွားတတ်သည် ဆိုသော သူ့မိခင်၏ ဆုံးမစကားကို မပန်းအိခိုင် အလေးထားခဲ့၍ ဖြစ်သည်။
ပဲခူးက သူ့ သူငယ်ချင်းတွေကိုလည်း သူတို့ မိဘတွေက လိင်မှုကိစ္စကို ရှောင်ရှားဖို့ ဆုံးမခဲ့ကြ သည်။ “ယောကျာ်းတယောက်ကို ကျမ ထိလို့တောင် မရဘူး၊ ကိုယ်ဝန်ရှိသွားလိမ့်မယ်လို့ ကျမ ရာသီသွေး စပေါ်တဲ့ အချိန်တုန်းက အမေက ပြောတယ်။ ဒါကြောင့် ကျမ သိပ်ကြောက်သွားပြီး ကင်းကင်းပဲ နေခဲ့တယ်” ဟု မပန်းအိခိုင်က ပြောသည်။
သို့သော်လည်း ဒီအယူအဆကို လွန်ခဲ့သော ၃ နှစ်ခန့်က စပြီး စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ အသက် ၁၈ နှစ် အရွယ်ရောက်သည့်အချိန်တွင် ကျန်းမာရေး ပညာကို လေ့လာသင်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ယခု အချိန်တွင် အစိုးရဝန်ထမ်း သားဖွားဆရာမ တဦး ဖြစ်လာခဲ့သည်။ သားဆက်ခြားခြင်း အကြောင်းကို လူ့အဖွဲ့အစည်းအတွင်း ဆွေးနွေးခြင်းက အကျိုးဖြစ် ထွန်းနိုင်မည်ဟု ဆေးပညာသင်တန်းမှာ သင်ကြားခဲ့ ရသည်ကို မပန်းအိခိုင် ကိုယ်တိုင်က ယုံကြည်ထား သော်လည်း လူတွေကို သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းမပြုနိုင်ဟု သူက ဆိုသည်။ ဒီလိုလုပ်ဖို့က ကျေးရွာ အများစုတွင် အခက်အခဲဖြစ်နေသည်။
မြန်မာနိုင်ငံ၏ ဒေသအချို့တွင် အထူးသဖြင့် မြို့များတွင် ကျန်းမာရေးဝန်ထမ်းများက ကွန်ဒုံးများ ဝေငှပြီး လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သည့် ရောဂါများမှ ကာကွယ်ခြင်း နည်းလမ်းများကို ဆွေး နွေးပေးနေသည်။ သို့သော်လည်း မပန်းအိခိုင် တာဝန်ထမ်းဆောင်နေသော ရခိုင်ပြည်နယ်၏ကျေး လက်ဒေသများနှင့် မြန်မာနိုင်ငံတလွှားမှ အခြား ဝေးလံသည့် ဒေသများတွင် မျိုးဆက်ပွား ကျန်းမာ ရေးနှင့် လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုအကြောင်း များကို ဆွေးနွေးပြောဆိုခြင်း မပြုသင့်သည့် အရာ များအဖြစ် သဘောထားကြသည်။
“အကြောင်းအရာက စိမ်းနေတယ်လေ၊ ပြီး တော့ ကွန်ဒုံးကို အသုံးပြုရတာ ရှက်စရာကောင်း တယ်လို့ မြင်ကြတယ်။ ရိုးရာယဉ်ကျေးမှုအရ လက် မထပ်ခင် လိင်ဆက်ဆံတာကို မှားယွင်းတဲ့ ကိစ္စလို့ မြင်နေကြတယ်” ဟု မပန်းအိခိုင်က ပြောပြသည်။
ရန်ကုန်မြို့က လူငယ်ဆရာဝန်တယောက်ကမူ ကွဲပြားသည့် နည်းလမ်းတခုကို အကောင်အထည် ဖော်ကြည့်နေသည်။ အစဉ်အလာ ယုံကြည်မှုအရ တားမြစ်ထားသည့် အကြောင်းအရာများကို မျက်နှာ ချင်းဆိုင် ပြောဆိုပြီး စိတ်ကသိကအောင့်ဖြစ်ရခြင်းမှ ရှောင်လွှဲနိုင်ရန်အတွက် လိင်ကျန်းမာရေးနှင့် ပတ် သက်၍ သိလိုသည့် လူငယ်ယောကျာ်းလေးများ၏ မေးခွန်းများကို တယ်လီဖုန်းထဲမှ ဖြေဆို အကြံပေး သည့် အစီအစဉ်ဖြစ်သည်။ မြန်မာနိုင်ငံ ဆရာဝန် များ အသင်းကလည်း ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ရှိခြင်း၊ သားဆက်ခြားခြင်းနှင့် လိင်ဆက်ဆံ ခြင်းမှ ကူးစက်တတ်သည့် ရောဂါများအကြောင်း သိရှိလိုသည့် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ အမျိုးသမီးငယ်များ ပြောဆိုဆွေးနွေးနိုင်ရန်အတွက် သီးခြားတယ်လီဖုန်းလိုင်းတခု ပြုလုပ်ပေးထားသည်။
ဖုန်းဆက်လာသူအချို့က အစပိုင်းတွင် ရှက် နေကြသည်ဟု ယောကျာ်းလေးများအတွက် ဖွင့်လှစ် ထားသော ဖုန်းလိုင်းတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကတည်းက တာဝန်ယူပေးနေသော အသက် ၂၆ နှစ်အရွယ် ကိုဇာနည်ဝင်းက ပြောပြသည်။ ဖုန်း ဆက်သူ တနေ့လျှင် ၅ ဦးခန့် ရှိသည်ဟုလည်း သိရ သည်။
“ဘာဖြစ်လို့လဲဆိုတော့ ဒါက လျှို့ဝှက်ပေးရမယ့် ကိစ္စလေ။ သူတို့ ကျနော့်ကို နာမည်ပြောပြဖို့ မလိုဘူး။ ဒါကြောင့် သူတို့ရဲ့ပြဿနာတွေကို အလွယ် တကူပဲ ထုတ်ဖော်ပြောပြကြတယ်” ဟု ကိုဇာနည်ဝင်း က ပြောပြသည်။
သို့သော်လည်း လူအများစုက မိုဘိုင်းဖုန်း ကွန်ရက်ကို သုံးစွဲနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံတွင် တယ်လီဖုန်းဖြင့် ဆွေးနွေး ဖြေကြားပေးခြင်းက အလုံးစုံ ထိရောက်သည့် နည်းလမ်းတခု မဟုတ်ပါ။ ပွင့်လင်းစွာ ဆွေးနွေးရေးအတွက် ကန့်သတ်မှုတွေ ရှိနေသည်။ များသောအားဖြင့် မိဘများက ၄င်းတို့၏ သားသမီးများကို မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ ပြောပြခြင်း မရှိကြပါ။ အမျိုးသမီးအချို့က ရာသီသွေးပေါ်ခြင်းနှင့် ပတ်သက်၍ တကယ်ဖြစ်လာသည့် အချိန်အထိ သိထားခဲ့ခြင်းမရှိကြောင်း ပြောကြသည်။ အစိုးရက ကျောင်းသင်ရိုးညွှန်းတမ်းတွင် လိင်ပညာပေး သင်ခန်းစာများ ပေါင်းစပ်ထည့်သွင်း ရန် ကြိုးစားနေသော်လည်း ဆရာ၊ ဆရာမများက လိင်အကြောင်း သင်ကြားဆွေးနွေးရန် စိုးရိမ်မှုတွေ ရှိနေကြဆဲ ဖြစ်ပါသည်။ လိင်မှုရေးရာ ဗဟုသုတများ ကို ထုတ်ဖော်ဆွေးနွေးခြင်းအားဖြင့် သူတို့၏ ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာ ဖြစ်လာမှာကိုကြောက်ရွံ့ နေကြသည်။
မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံ အများ အပြားမှာကဲ့သို့ပင် အငြင်းပွားဖွယ်ရာ ဖြစ်နေသေး သည့် မေးခွန်းတခုကို ကိုယ့်နည်း ကိုယ်ဟန်ဖြင့် အဖြေရှာနိုင်ဖို့ အားထုတ်နေရသည်။ ဆယ်ကျော် သက်အရွယ်တွင် ကိုယ်ဝန်ဆောင်ခြင်း၊ လိင်ဆက်ဆံ ခြင်းမှ ကူးစက်နိုင်သောရောဂါများနှင့် လိင်အကြမ်း ဖက်မှုများကို ကာကွယ်သည့် နည်းလမ်းတခုအနေဖြင့် ပြည့်စုံပြီး အားလုံးကိုလွှမ်းခြုံနိုင်သော လိင်ပညာပေး ခြင်းကို မည်သို့ ဟန်ချက်မျှတအောင် ပြုလုပ်နိုင်မည် နည်း ဆိုသည့် မေးခွန်းပင်ဖြစ်၏။
အခြား အရှေ့တောင်အာရှ နိုင်ငံများသို့ ကြည့် လိုက်လျှင် မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီး ရှား နိုင်ငံတွင် ၂၀၁၂ ခုနှစ် အတွင်းက ကျန်းမာရေး ဝန်ကြီး၏ လူငယ်များ ကွန်ဒုံးအသုံးပြုမှု မြှင့်တင်နိုင် ရန် အားထုတ်မှုသည် ဆယ်ကျော်သက်အရွယ် လိင် ဆက်ဆံမှုကို တွန်းအားပေးသလိုဖြစ်မှာ စိုးရိမ်ကြသူ များ၏ လှောင်ပြောင်သရော်မှုခံခဲ့ရသည်။ ပညာရေး ဌာနမှ တာဝန်ရှိသူများက အထက်တန်းကျောင်းသူ များကို အပျို စစ်၊ မစစ် စစ်ဆေးရန် အဆိုပြုခဲ့ခြင်းကို လည်း အစွန်းရောက်လွန်းသည်ဟု ထင်မြင်ခြင်းခံခဲ့ရ သည်။
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ထိုင်းနိုင်ငံ တွင်မူ လိင်မှုကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမှု ပိုရှိ သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဆရာ၊ ဆရာမ များသည် သူတို့၏ ကျောင်းသူကျောင်းသားများနှင့် လိင်ကျန်းမာရေးအကြောင်း ပွင့်ပွင့်လင်းလင်း ပြော ဆိုဆွေးနွေးရန် တွန့်ဆုတ်နေကြဆဲ ဖြစ်ကြောင်း မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ လှုပ်ရှားသူများက ပြောကြသည်။
Sex ကိစ္စ တခုတည်း မဟုတ်ပါ
အရှေ့တောင် အာရှနိုင်ငံ အများအပြားမှာ လိုပင် မြန်မာနိုင်ငံတွင်လည်း မိန်းကလေးများသည် သူတို့ လက်ထပ်သည့် အချိန်အထိ အပျိုစင်ဘဝနှင့် ရှိနေဖို့ မျှော်လင့်ကြသည်။ ကွန်ဒုံးများကို စတိုးဆိုင် များတွင် ရရှိနိုင်ပြီး ရန်ကုန်မြို့၏ စည်ကား ရှုပ်ထွေး သည့် လမ်းများဘေးတွင် ရောင်းချနေသည့် ဆိုင် များတွင်ပင် ရရှိနိုင်သော်လည်း အရွယ်ရောက်ပြီးသူ လူငယ်များသည် သူတို့အိတ်ထဲတွင် ကွန်ဒုံးတခု တွေ့သွားလျှင်ပင် လူတကာနှင့် လိင်ဆက်ဆံသည်ဟု ထင်မြင်ခြင်းခံရမှာကို စိုးရွံ့ကြသည်။ ကိုယ့်ဘာသာ စိတ်ဖြေခြင်းကိုလည်း နိုင်ငံတကာ ကျန်းမာရေး ပညာရှင်များက လုံခြုံစိတ်ချရသည့် လိင်ပိုင်းဆိုင်ရာ အလေ့အထတခုအဖြစ် သတ်မှတ်ပြောဆိုကြသော် လည်း ညစ်ညမ်းသော ရှက်ရွံ့စရာကိစ္စတခုအဖြစ် ယူဆကြသည်။ စုံတွဲများသည် လက်ချင်းဆုပ်ကိုင် ထားသည်ကလွဲ၍ လူမြင်ကွင်းတွင် ချစ်ခင်ကြင်နာဟန်ပြသည်ကိုလည်း မြင်ရခဲသည်။ အများပြည်သူ နှင့်ဆိုင်သည့် ပန်းခြံများထဲတွင် အခြားသူများ မမြင်နိုင်အောင် ထီးနှင့်ကွယ်၍ တယောက်ကိုတယောက် ဖက်ထားသည့် စုံတွဲတွေကို ရန်ကုန်မှာ မြင်ရလေ့ရှိသည်။
“ကျမတို့ ဒီအကြောင်းကို ဘယ်တော့မှပြောမှာ မဟုတ်ဘူး၊ နှစ်ဖက်လုံးအတွက် ထုတ်ပြောဖို့ ရှက် စရာ ကောင်းပါတယ်။ နောက်ပြီး ဒါက ကျမတို့ ယဉ်ကျေးမှုပါ” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူပွင့်အောင်က ပြောသည်။
သူ၏ သူငယ်ချင်းဖြစ်သူ မွန်ပြည်နယ်မှ မဖြူဖြူဝင်းသည်လည်း အသက် ၂၂ နှစ်အရွယ်ရှိပြီး ရည်းစားရှိသူလည်း ဖြစ်သည်။ သို့သော်လည်း ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမည်ဆိုသည်ကို နားမလည်ကြောင်း ပြောသည်။
“ကျမတို့အနေနဲ့ လက်မထပ်ခင် အပျိုစင် ဘဝကို ထိန်းသိမ်းထားရမယ်။ ဒါ မြန်မာ့ယဉ်ကျေး မှုပါ။ လက်ထပ်တဲ့ အချိန်မှာ အပျိုမဟုတ်ဘူးဆိုရင် သိက္ခာကျမယ်လေ” ဟု မဖြူဖြူဝင်းက ဆိုသည်။
မိဘများနှင့် လိင်အကြောင်း ဆွေးနွေးရန်လည်း အခွင့်အရေးမရှိပါ။ “ဒီလို ရွံစရာကောင်းတဲ့ကိစ္စကို ဘာဖြစ်လို့ ပြောချင်တာလဲလို့ သူတို့က ကျမကို မေးကြလိမ့်မယ်။ ဒီအကြောင်းတွေပြောရတာ မရှက် ဘူးလားလို့ ပြောကြလိမ့်မယ်” ဟု သူကပြောသည်။
၈ တန်းကျောင်းသူ ဘဝတုန်းက ကျောင်းမှာ HIV နှင့် ပတ်သက်၍ သင်ကြားဖူးကြောင်း မဖြူပွင့်အောင်က ပြောသည်။ ပြည်တွင်း NGO တခုက ပြုလုပ်သည့် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သည့် ရောဂါများအကြောင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ဖူးသော်လည်း ကြားသိခဲ့ရသည့် လုံခြုံ စိတ်ချရသည့် လိင်ဆက်ဆံမှုနှင့် ပတ်သက်သော အချက်အလက်များကို မဖြူဖြူဝင်း ပြန်မပြောပြနိုင် ပါ။ အိမ်ထောင်ကျပြီးမှသာ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာတွေကို အင်တာနက်မှာ ရှာဖွေဖတ်ရှုခြင်းဖြင့်လည်းကောင်း၊ ကျန်းမာရေးပညာပေး စာအုပ်တွေ ဖတ်ခြင်းဖြင့် လည်းကောင်း ကိုယ့်ဘာသာ လေ့လာကြဖို့ သူတို့ စိတ်ကူးထားသည်။
လိင်မှုကိစ္စ အပျော်အပါး လိုက်စားခြင်းမှ ရှောင်ကြဉ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် ခြောက်ပစ်ကင်းဟု မဆိုနိုင်သည့်နေရာ ဖြစ်ပါသည်။ပြည့်တန်ဆာလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တရား ဝင် မဟုတ်သည့်တိုင် ရန်ကုန်လို မြို့ကြီးများတွင် အလွယ်တကူ ရှာတွေ့နိုင်ပါသည်။ ကာမ အားတိုး ဆေးများကိုလည်း မှောင်ခိုဈေးကွက်တွင် ဈေးချိုချို နှင့် ဝယ်ယူလို့ရနေသည်။ တက္ကသိုလ်ကျောင်းများ အနီးတွင် ကျောင်းသားကျောင်းသူ စုံတွဲများအတွက် နာရီပိုင်းနှင့် အခန်းငှားပေးသည့် တည်းခိုခန်းများ ရှိနေသည်။
လိင်ပညာပေးမှု အားနည်းခြင်းကြောင့် နောက် ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ခဲ့ရသည်ဟု မျိုးဆက်ပွား ကျန်းမာရေးအတွက် ဆောင်ရွက်နေသူများက ပြော ကြသည်။ ငယ်ရွယ်သူများ လိင်ဆက်ဆံကြောင်း သိရှိပါက ၄င်းတို့၏ဆန္ဒမပါဘဲနှင့် အတင်းလက်ထပ် ပေးစားခြင်းခံရ၏။ မလိုချင်ဘဲ ရှိလာသည့် ကိုယ်ဝန် ကြောင့် ကလေးမမွေးချင်ဘဲ မွေးရသလို အန္တရာယ် များသည့် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုတွေလည်း ပေါ်ပေါက်လာရသည်။
အခြားသော စိုးရိမ်စရာ အကြောင်းအရာတခု ဖြစ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အလိုမတူ ဘဲ သားမယားပြုကျင့်မှုများအတွက် ရန်ကုန်မြို့မှ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူတဦး ဖြစ်သည့် မထားထားက ဘတ်စ်ကားပေါ်တွင် အမျိုးသမီးများ မဖွယ်မရာ စော်ကားနှောင့်ယှက်ခံနေရခြင်းကို ဆန့် ကျင်သော လှုပ်ရှားမှုတခု ဆောင်ရွက်နေကြောင်း ပြောသည်။
ငယ်ရွယ်သော မိန်းကလေးများသည် ဖြူစင်စွာ နေထိုင်လိုကြပြီး လိင်ကိစ္စနှင့် ပတ်သက်၍လည်း အလွန်ရိုးရှင်းစွာပင် နားလည်ထားတတ်ကြသည်ဟု မထားထားက ပြောသည်။ အမျိုးသားများမူ လိင် ကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံ လိုချင်ကြပြီး အမျိုးသမီးများသည် ညစ်ညမ်းစာအုပ်များကို ဖတ် လေ့ရှိကြသည်ဟုလည်း သူကဆိုသည်။
မထားထားက “အခရာ”ဟု အမည်ရသည့် အမျိုး သမီးကွန်ရက်တခုကိုဦးဆောင်နေပြီး ယောကျာ်း- မိန်းမ တို့၏ အခန်းကဏ္ဍ၊ ဖိုမ သဘာဝ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် အခြားသော အမျိုးသမီးရေးရာကိစ္စ များကို ဆွေးနွေးရန်အတွက် လစဉ်ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု သတင်းများ မှန်မှန်ကြားနေရကြောင်း ပြောပြသည်။ ဆွေးနွေးပွဲများသို့ တက်ရောက်သူ အမျိုးသမီးဦးရေ ပိုများလာပြီး အသက် ၂၀ ကျော် အရွယ်မှ အသက် ၅၀ ကျော် အရွယ်များအထိ ပါဝင်ကြောင်း သိရသည်။
“အိမ်ဖော်အမျိုးသမီးတွေကနေပြီးတော့ ကုမ္ပဏီ ဒါရိုက်တာတွေအထိ ပါဝင်ပါတယ်” ဟု မထားထား က ဆိုသည်။
အမျိုးသမီး ကွန်ရက်ကို မတည်ထောင်မီက မြန်မာနိုင်ငံတွင် HIV ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများ လုပ်ဆောင်နေသော နိုင်ငံတကာ NGO တခုဖြစ်သည့် Burnet Institute တွင် ဖိုမ သဘာဝနဲ့ပတ်သက်၍ လေ့ကျင့် သင်တန်းပေးသူ အဖြစ် လုပ်ခဲ့ပါသည်။ လုပ်ခဲ့သော်လည်း ထိုအချိန် က ဖိုမ သဘာဝနှင့် ပတ်သက်သော သူ၏သိနား လည်မှုသည် အကန့်အသတ်နှင့်သာ ဖြစ်သည်။
“ကွန်ဒုံးတွေအသုံးပြုဖို့ အရေးကြီးတယ်ဆိုတာ ကျမတို့သိတယ်။ ဒါပေမယ့် မသုံးချင်တဲ့သူအတွက် ဘာဆက်ပြောမလဲ။ ပြောဆိုဆွေးနွေးမှုက အမြဲတမ်း ရပ်သွားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မသိ ဘူး။ ဒါမှမဟုတ် လိင်ကိစ္စရဲ့ သာယာမှုအကြောင်း ကို မပြောချင်ကြဘူး။ ကျမတို့ကို လိင်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်နဲ့ အမျိုးသမီးတို့ရဲ့ လိင်သဘာဝကို ဆွေးနွေးဖို့အတွက် လေ့ကျင့်ပေးမထားဘူး” ဟု မထားထားက ပြောသည်။
၂၀ဝ၈ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ ရောက်လာ သော လိင်မှုဆိုင်ရာ ကုထုံးပညာရှင်တယောက်ထံ တွင် သူ၏ မိတ်ဆွေများနှင့်အတူ အမျိုးသမီး လိင် သဘာဝနှင့် မျိုးဆက်ပွား ကျန်းမာရေးအကြောင်း သင်ကြားခွင့်ရခဲ့ပြီးနောက် သူ၏ အသိုင်းအဝိုင်း အတွင်းမှ အခြားသူများကိုလည်း ပညာပေးဖို့ မထားထား ဆုံးဖြတ်လိုက်သည်။
ယနေ့အချိန်တွင် သူက ကျောင်းများတွင် ဖြစ် နိုင်လျှင် သူငယ်တန်းအဆင့်ကစတင်ပြီး လိင်ပညာ ပေး သင်ခန်းစာများ ကျယ်ကျယ်ပြန့်ပြန့် သင်ကြား ပေးဖို့ တောင်းဆိုနေသည်။
“လိင်ပညာပေး သင်ခန်းစာတွေက မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တယ်လို့ လူတွေကပြောကြ တယ်။ အဲဒါ သူတို့ နားမလည်လို့ ပြောကြတာပါ။ သူတို့က လိင်ပညာပေးသင်ခန်းစာ ဆိုတာ လိင် ဆက်ဆံတဲ့အကြောင်းလို့ ယူဆကြတယ်။ ဒါ မဟုတ် ပါဘူး။ ကျမတို့ရဲ့ ကိုယ်ခန္ဓာအင်္ဂါရပ်တွေအကြောင်း ပါ။ ကျမတို့ စက္ကန့်တိုင်း အသုံးပြုနေရတဲ့ ကိုယ်ခန္ဓာ အကြောင်းပါ။ သူတို့ ဘယ်လိုအလုပ်လုပ်တယ်။ ဘယ်လို ဂရုစိုက်ထိန်းသိမ်းရမယ်ဆိုတာကိုနားလည် ဖို့ လိုအပ်ပါတယ်” ဟု မထားထားက ဆိုသည်။
ကိုယ့်ရဲ့ ကိုယ်ခန္ဓာအကြောင်းကို သိတာဟာ ယဉ်ကျေးမှုကို ဆန့်ကျင်တာမဟုတ်ပါဘူး” ဟုလည်း သူကပြောသည်။
ဘယ်လိုပဲ ခေါ်ခေါ်
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လိင်ပညာပေး ခြင်းကို HIV ကာကွယ်ရေး ခေါင်းစဉ်အောက်တွင် ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်နေသည်။ AIDS ရောဂါသည် ပြည်သူ့ကျန်းမာရေးအတွက် အဓိက အလေးထားရမည့် အရာဖြစ်နေပြီး လိုအပ်သည့် ထောက်ပံ့မှု အရင်းအမြစ် အားနည်းမှုကြောင့် ရောဂါပိုးရှိနေသူ အများစုသည် ကုသမှုခံယူနိုင်ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် HIV ပိုးရှိနေသူ ၂ သိန်းခန့် ရှိပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းလောက်အထိ ゞင်းတို့ထဲမှ တဝက်ကျော်သည် သူတို့ အတွက်လိုအပ်နေသော ART ကုထုံးဖြင့် ကုသမှုခံယူနိုင်ခြင်းမရှိခဲ့ပါ။
“HIV ကြောင့် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံ မှုအကြောင်း ကျနော်တို့ ပြောခွင့်ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ပဲ ပြောခွင့်ရသလိုပါပဲ” ဟု မြန်မာနိုင်ငံ တွင် မိသားစုစီမံကိန်းကို ဦးတည်ရင်း လိင်နှင့် မျိုး ဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများ ပူးပေါင်း ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတခု ဖြစ်သည့် Marie stopes International မှ Country Director ဒေါက်တာ စစ်နိုင်ကပြောသည်။
“မြန်မာနိုင်ငံမှာတော့ သားဆက်ခြားတယ်လို့ ခေါ်ကြတယ်။ တကယ်တော့ ပဋိသန္ဓေ တားတာ ပါပဲ”
“မျိုးဆက်ပွား ကျန်းမာရေးကို တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးလို့ အများစုက မမြင်ကြဘူး။ ဒါပေမယ့် တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးပိုင်းက ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေ၊ ဒေသခံခေါင်းဆောင်တွေ၊ ဩဇာရှိသူတွေ ဒါမှမဟုတ် ဘာသာရေး ခေါင်း ဆောင်တွေ သူတို့တွေကတော့ HIV ကာကွယ်တား ဆီးရေးအကြောင်း သိတဲ့အချိန်မှာ ထောက်ခံ ကူညီ ရမယ်လို့ သူတို့ယုံကြည်ကြပါတယ်” သူက ထပ်ပြော သည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ကြီးဌာနက ကျောင်းများအတွက် လိင်ပညာပေး သင်ခန်းစာ သင်ရိုးညွှန်းတမ်းတခု ရေးဆွဲထားပြီး ဖြစ်ကြောင်း လည်း ဒေါက်တာစစ်နိုင်က ပြောသည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စပြီးတော့ အခြေခံကျတဲ့ လိင်နဲ့ပတ်သက်တဲ့ ကျန်းမာရေးနဲ့ HIV တားဆီးကာကွယ်ရေးဆိုင်ရာ အချက်အလက် တွေကို သင်ရိုးညွှန်းတမ်းထဲမှာ အောင်မြင်စွာ ပေါင်းစပ်ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံမှာ ကျောင်းက ဆရာအများစုက အမျိုးသမီး တွေ ဖြစ်နေတဲ့အတွက် လုံခြုံစိတ်ချရတဲ့ လိင်ဆက် ဆံရေးနဲ့ အခြေခံ လိင်ပညာပေးသင်ခန်းစာတွေ အကြောင်းကို ပြောဆိုသင်ကြားဖို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်စွမ်း မရှိကြဘူး။ သူတို့ မဝံ့မရဲ ဖြစ်နေကြတယ်။ လိင်အကြောင်းတွေ သူတို့က ပြောမယ်ဆိုရင် တပည့်တွေက မလေးစားတော့မှာကို သူတို့ အကြောက်ဆုံးပဲ” ဟု သူကဆက်ပြောသည်။
လိင်ပညာပေး သင်ခန်းစာကို အသက် ၁၀ နှစ် မှ ၁၆ နှစ်ကြားရှိ အလယ်တန်းအဆင့် ကျောင်းသား ဘဝတွင် သင်ကြားပေးပြီး လူမှုရေး ကျွမ်းကျင်မှု၊ ရောဂါ ကာကွယ်ရေးအတွက် စိတ်ခံစားမှုဆိုင်ရာ အသိအမြင်၊ လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ် သည့်ရောဂါများ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု စသည့် ခေါင်းစဉ်များ ပါဝင် သည်။ ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် သင်ရိုး ကို အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး နှစ်ကုန်၍ အတန်း တင် စာမေးပွဲဖြေဆိုသည့်အခါ အဆိုပါဘာသာရပ် ကို ထည့်သွင်းဖြေဆိုရန် မလိုအပ်ကြောင်းလည်း သိရသည်။
မျိုးဆက်ပွားနှင့် လိင်ကျန်းမာရေးကို ၅ တန်း တွင် စတင်သင်ကြားပြီး အရွယ်ရောက်လာသည့် အချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင် ရာပြောင်းလဲလာမှုနှင့် ပတ်သက်သည့် သင်ခန်းစာ များ ဖြစ်သည်။ HIV ကူးစက်ပျံ့နှံ့မှုကိုလည်း ထို အချိန်တွင် ကျောင်းသားများ စတင်လေ့လာရသည် ဟု ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်ရိုး အတွက် ကူညီပေးနေသော Unicef အဖွဲ့၏ အဆို အရ သိရသည်။ ၆ တန်းရောက်သည့်အခါ ကျောင်း သား ကျောင်းသူများကို ယောကျာ်းလေးနှင့် မိန်း ကလေးတို့၏ အသက်အရွယ်အရ မည်သို့ဆက်ဆံ နေထိုင်ရမည်ကို စဉ်းစားဆုံးဖြတ်တတ်အောင် သင် ကြားသည်။ ၉ တန်းနှင့် ၁၀ တန်း အရွယ်ရောက် သည့်အခါ မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းနှင့် လိင်ဆက်ဆံမှုကြောင့် ကူးစက်သည့် ရောဂါများကို မည်သို့ ကာကွယ်ရမည် ဖြစ်ကြောင်းနှင့် အပျော် အပါး လိုက်စားခြင်းကို ရှောင်ရှားခြင်းသည် အထိ ရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း သင်ကြားသည်။ ကိုယ်ဝန်ရှိခြင်း၊HIV နှင့် အခြား လိင်ဆက်ဆံမှု ကြောင့် ကူးစက်နိုင်သည့်ရောဂါများကို ကာကွယ်ရာ တွင် ကွန်ဒုံးအသုံးပြုခြင်းက အထိရောက်ဆုံး ဖြစ် ကြောင်းကိုလည်း သူတို့ သင်ကြားကြရသည်။
“အရင်တုန်းက မြန်မာနိုင်ငံမှာ မျိုးဆက်ပွားနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောတာကို ရှောင်ကြ တယ်။ ဆရာ၊ ဆရာမ တွေလည်း ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ဒီလို အရမ်းအရေးကြီးတဲ့ အကြောင်းအရာတွေကို သိနားလည်ဖို့ ကူညီတဲ့ နေရာမှာ အခက်အခဲတွေ တွေ့ခဲ့ကြရပါတယ်။ ခုချိန် မှာတော့ ပြုပြင်ပြောင်းလဲရေးရဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ကျန်းမာ ရေးနဲ့ ဘဝပျော်ရွှင်မှုကို ဆိုးဆိုးရွားရွား ထိခိုက် စေပြီးတော့ အရွယ်ရောက်ပြီးချိန်အထိ မကောင်းတဲ့ သက်ရောက်မှုတွေ ဆက်ပြီး ကျန်နေစေနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်း လင်းပြောဖို့ အခွင့်အရေးတွေရှိလာပါပြီ”ဟု ရန်ကုန် မြို့မှ Unicef ဌာနေကိုယ်စားလှယ် Bertrand Bainvel က ပြောသည်။
ထိုကဲ့သို့သော အကြောင်းအရာများကို တိတ် တိတ် ဆိတ်ဆိတ် လုပ်ဆောင်နိုင်သော နည်းလမ်း တခုမှာ ကိုယ်တိုင်လေ့လာသင်ယူနိုင်သည့် စာအုပ် များ စီစဉ်ပေးဖို့ဖြစ်ပြီး မျိုးဆက်ပွားနှင့် လိင်ကျန်းမာ ရေးဆိုင်ရာ ကဏ္ဍများကို ကျောင်းသားများ ကိုယ့် ဘာသာ လေ့လာနိုင်ကြမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။
မြန်မာအစိုးရကလည်း ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲရေး၏ အရေးပါသည့်အစိတ်အပိုင်းအဖြစ် ဖော်ထုတ် ပြသနိုင်ရန်အတွက် ပညာရေးဆိုင်ရာ ဥပဒေများကို စဉ်းစားသုံးသပ်နေပြီး ၂ နှစ်ကြာ ပြန်လည်လေ့လာခြင်း ပြုလုပ်ခဲ့သည်။
ကျောင်းပြင်ပမှ လူငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပညာပေးရန် အားထုတ် နေမှုများလည်း ရှိပါသည်။ တယ်လီဖုန်းမှ ဆွေးနွေး ပညာပေးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ဆရာဝန်များ အသင်း တခုတည်းကသာမကဘဲ အစိုးရဌာနတခု ဖြစ်သည့် ဆေးသုတေသနဦးစီးဌာန၊ ကုလသမဂ္ဂမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်သည့် Population Services International နှင့် Marie stopes International တို့က လည်း ဆောင်ရွက်ပေးနေသည့်အပြင် အသံလွှင့် ဌာနတခုဖြစ်သည့် Shwe FM ကလည်း လူငယ်ဆိုင် ရာ အရေးကိစ္စများဖြစ်သည့် မမျှော်လင့်ဘဲ ကိုယ်ဝန် ဆောင်ရခြင်း၊ HIV၊ မိသားစုစီမံကိန်း၊ ဆယ်ကျော် သက် ကျန်းမာရေးနှင့် မိသားစု ပြဿနာများနှင့် ပတ်သက်သော အစီအစဉ်များ ထုတ်လွှင့်ပေးနေ သည်။ အပတ်စဉ်အစီအစဉ်ကို ကုလသမဂ္ဂ လူဦး ရေ ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့ပေးနေပြီး မြန်မာနိုင်ငံ ဆရာဝန်များအသင်း၏ တယ်လီဖုန်းဖြင့် ဆွေးနွေး ခြင်း အစီအစဉ်ကိုလည်း အဆိုပါအဖွဲ့ကပင် ကူညီ ပေးနေသည်။
HIV ကာကွယ်ရေးအတွက် အခြား နိုင်ငံ တကာမှ ငွေကြေးထောက်ပံ့မှုများလည်း မြန်မာနိုင်ငံ ရရှိနေသည်။ ပြီးခဲ့သည့်အတွင်းက မြန်မာနိုင်ငံတွင် အမျိုးသမီးများကို ပဋိသန္ဓေတားဆီးရေးနှင့် မိသားစု စီမံကိန်းအကြောင်း ပညာပေးရန်နှင့် HIV ဗိုင်းရပ် ကူးစက်ခံထားရသူများကို ကူညီရန် ဒိန်းမတ်နိုင်ငံ၏ထောက်ပံ့မှုဖြင့် တည်ထောင်သည့် ဆေးခန်းတခုကို ဒိန်းမတ် တော်ဝင်မင်းသမီးက ဖွင့်လှစ်ပေးခဲ့သည်။
လူ့အဖွဲ့အစည်း အခြေပြုအဖွဲ့တခုဖြစ်သော Girl Determined ကလည်း မြို့ပြအစွန် ဒေသများ တွင် နေထိုင်ကြသည့် သက်တူ ရွယ်တူတန်း ငယ် ရွယ်သူ မိန်းကလေးများကို အဖွဲ့ဖွဲ့၍ မျိုးဆက်ပွား ကျန်းမာရေးအကြောင်း ပညာပေးခြင်းကို စတင် ဆောင်ရွက်နေသည်။ ရန်ကုန်၊ မန္တလေး ဆင်ခြေဖုံး ဒေသများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်ကိုင်းနှင့် မုံရွာမြို့များမှ အသက် ၁၂ နှစ်မှ ၁၇ အရွယ်ကြား မိန်းကလေး ၁၃၀ဝ ကျော် ပါဝင်ခဲ့သည်ဟုလည်း သိရသည်။
“ခုချိန်မှာတော့ အရွယ်ရောက်လာတဲ့ အချိန် မှာ အရေးပါတဲ့အကြောင်းအရာတွေကိုပဲ အဓိက ထားပါတယ်။ လိင်ကိစ္စကို မပြောသေးဘူး။ ကျမတို့ သင်ခန်းစာတွေကို ပြင်ဆင်တုန်းပဲ ရှိပါသေးတယ်။ ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမယ်ဆိုတာမျိုး မိန်းက လေးတွေကို သိပ်မပြောဘူး။ လိင်ကိစ္စကို ပွင့်ပွင့် လင်းလင်းပြောဖို့က ခက်တယ်။ လူတွေ၊ ဆယ်ကျော် သက် မိန်းကလေးတွေ၊ အသက်အရွယ်ငယ်တဲ့ မိန်းမ တွေ၊ သူတို့မှာ လိင်မှုကိစ္စရှိပေမယ့် ထုတ်မပြောကြ ဘူး။ မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိလာခြင်းမျိုးနဲ့ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာတွေကို ကာ ကွယ်တားဆီးနိုင်ဖို့ သူတို့ ဒါတွေသိဖို့ လိုပါတယ်” ဟု မိန်းကလေးအဖွဲ့များကို ကူညီဆောင်ရွက်ပေးနေ သော Girl Determined အဖွဲ့မှ နန့်သဇင်မင်းက ပြောသည်။
အချို့သော ငယ်ရွယ်သည့် မိန်းကလေးများက အလျင်စလိုသင်ယူဖို့ စိတ်ကူးမရှိကြောင်းပြောသည်။ “ခုချိန်မှာ ဒီထက်ပိုပြီး သိသင့်တယ်လို့တော့ ကျမ မထင်ပါဘူး။ တနေ့နေ့တော့ သိဖို့လိုလာမှာပေါ့လေ။ ဒါပေမယ့် ခုထိတော့ ဒီအကြောင်းကို တခါမှ မစဉ်း စားဖူးဘူး” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူဖြူဝင်းက ပြောသည်။
မိနစ်အနည်းငယ် ကြာသည့်အခါ သူ စိတ် ပြောင်းသွားပြန်သည်။ “ဒါက ရှောင်လွှဲလို့လည်း မရဘူးဆိုတော့။ ကလေးတွေ ဘယ်လိုဖြစ်လာသလဲ။ ကျမတို့ ဘာတွေဖြစ်သလဲ။ ကျမတို့ မရှောင်နိုင်ဘူး ဆိုတော့ သိထားသင့်တာပေါ့နော်”

မဖြူဖြူဝင်:

Friday, March 7, 2014

တိုင်းပြည်ဆိုတာ တန်ဖိုးအကြီးဆုံးရတနာ





ညက EMPEROR ဆိုတဲ့ ဇာတ်ကားကြည့်ဖြစ်တယ်။ အနုမြူဗုံးကြောင့် ဂျပန်လက်နက်ချတဲ့အချိန်မှာ ဂျပန်ဘုရင် ဟီရိုဟီတိုကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲဖို့ ဗိုလ်ချုပ်ဒေါက်ဂလပ် မက်အာသာက သူ့လက်အောက်က ဗိုလ်ချုပ် ဘာနာ ဖီးလက်စ် ကို သက်သေတွေရှာခိုင်းတဲ့ကားပါ။

ဇာတ်ကားကြည့်ရင်း ငယ်ငယ်က စစ်ပြန်မဂ္ဂဇင်းမှာ အခန်းဆက်ဖတ်ခဲ့ရတဲ့ အငြိမ်းစားဗိုလ်မှူးအေးငွေရဲ့ အရှေ့မှအရှေ့သို့ဆိုတဲ့ အခန်းဆက်ဆောင်းပါးရှည်ကြီးကို သတိရနေမိတယ်။

ကျွန်တော်တို့သိကြတဲ့အတိုင်း ဂျပန်လူမျိုးဟာ အင်မတန်မှ စိတ်ဓာတ်ပြင်းထန်တဲ့လူမျိုးပါ။ အနုမြူဗုံးဒါဏ်ခံရပြီးတဲ့ နောက် တိုင်းသူပြည်သားတွေဆက်ပြီး ဒုက္ခရောက်မှာစိုးလို့ ဘုရင်ဟာ လက်နက်ချဖို့သဘောတူခဲ့ရပါတယ်။

လက်နက်မချခင်မှာရော လက်နက်ချပြီးတဲ့ အချိန်မှာရော ဂျပန်ဘုရင့်နန်းတော် မှာ သွေးချောင်းစီးခဲ့ပါတယ်။

ရေဒီယိုကမကြေညာခင်မှာ ဘုရင်လက်နက်ချမယ်ဆိုတာ ဘုရင့်သဘောမဖြစ်နိုင်ဘူး၊ ဘေးနားက သစ္စာ ဖေါက်တွေ က ဘုရင့်ကို အကျပ်ကိုင်တာပဲဖြစ်မယ်ဆိုပြီး မျိုးချစ်စိတ်ပြင်းထန်လွန်းတဲ့ ဂျပန်စစ်ဗိုလ်၊ စစ်သား ၁၀၀၀ ကျော်ဟာ ဘုရင့်နန်းတော်ကိုဝင်စီးပါတယ်။ ဘုရင်ကို ဝှက်ထားပြီး ဘုရင့်ကိုယ်ရံတော် တပ်ဖွဲ့က အသည်းအသန်ခုခံပါတယ်။ နောက်ဆုံး ဝင်စီးတဲ့အဖွဲ့ မအောင်မြင်ပါဘူး။

လက်နက်ချကြောင်းဘုရင်ကိုယ်တိုင် ရေဒီယိုက ကြေညာတာကို နားထောင်ပြီးတဲ့နောက်မှာ ဂျပန်ဘုရင့်နန်းတော် ရှေ့မှာထပ်ပြီးတော့ သွေးချောင်းစီးသွားပါတယ်။ တိုက်ပွဲဖြစ်လို့မဟုတ်ပါဘူး။ ဂျပန်စစ်ဗိုလ်တွေ၊ စစ်သားတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာပါ။ တချို့ကသေနတ်နဲ့ တချို့ကဓားနဲ့ပေါ့။ ဒီဇာတ်ကားထဲမှာတော့ ထည့်ရိုက်မထားပါဘူး။

ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် ဟာရာကီရိ လုပ်တဲ့ ဂျပန်စစ်သားတွေကိုရော၊ နန်းတော်ကိုဝင်စီးတဲ့ ဂျပန်စစ်သားတွေ ကိုရော၊ ဘုရင်နဲ့ နန်းတော်ကို နောက်ဆုံးအချိန်အထိ ကာကွယ်သွားတဲ့ ဂျပန်စစ်သားတွေကိုရော ကျွန်တော် ဘယ်သူ့ကိုမှ အပြစ်မမြင်မိဘူး။

ရန်သူရှေ့မှောက်မှာ ဒူးထောက်အညံ့ခံရတယ်ဆိုတာ ဂျပန်တစ်ယောက်အဖို့ ရှက်ရွံ့စရာ အကောင်းဆုံးလုပ်ရပ် မဟုတ်လား။ သူတို့အားလုံး ကိုယ့်စံနှုန်းနဲ့ကိုယ်ဆုံးဖြတ်သွားကြပေမဲ့ သူတို့ရဲ့ရင်ထဲမှာရှိတာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်ဘုရင် မဟုတ်လား။

ဗိုလ်မှူးအေးငွေ (ဒဂုံမြတ်လေးနွယ်) ဆောင်းပါးထဲမှာကျွန်တော်အကြိုက်ဆုံးအခန်းက ဂျပန်စစ်ခေါင်းဆောင် တစ်ယောက် ဟာရာကီရိ (Suicide) လုပ်ဖို့တွေဝေနေတဲ့အချိန်မှာ သူ့အမျိုးသမီးက "ရှင်အခုထိ ဟာရာကီရိ မလုပ် သေးဘူးလား၊ ရှင့်အစား ဂျပန်ဘူရှီဒိုသူရဲကောင်းတစ်ယောက်ရဲ့ မိန်းမလို့ပြောရမှာ ကျွန်မဖြင့်ရှက်လိုက်တာ။" လို့ ပြောပြီး ဝုန်းခနဲ ရေချိုးခန်းထဲကို ပြေးဝင်သွားပါတယ်။ ပြီးတော့ သေနတ်သံတစ်ချက်ထွက်လာတယ်။ သူ့ကိုယ်သူ သတ်သေလိုက်တာပါ။ ဂျပန်တွေရဲ့ စိတ်ဓာတ်ဟာ အဲဒီလောက်အထိပြင်းပြပါတယ်။ အဲဒီဗိုလ်ချုပ်ကြီးလည်း ပြီးတော့ ဟာရာကီရိလုပ်သွားပါတယ်။

သမိုင်းကို စစ်နိုင်တဲ့သူကသာရေးတယ်ဆိုတဲ့အတိုင်း ဒီစစ်ပွဲမှာလည်း စစ်နိုင်တဲ့ အမေရိကန်ကသာ ဆုံးဖြတ်သွား တာပဲပေါ့။ တကယ်တော့ စစ်ရှုံးတယ်ဆိုတာ အတော့်ကို ခါးသီးပါတယ်။

တရုတ်ဝန်ကြီးချုပ်တစ်ယောက်ပြောခဲ့ဖူးသလိုပေါ့…"လူ့အခွင့်အရေးကြေညာစာတမ်းဆိုတာ ဘယ်ကနေမြစ်ဖျား ခံလာတာလဲ။ အတ္တလန်တိတ်ချာတာကနေ ဖြစ်ဖျားခံလာတာပါ။ အတ္တလန်တိတ်ချာတာကို ဘယ်သူတွေဆွဲခဲ့တာ လဲ။ ဒုတိယကမ္ဘာစစ်မှာ စစ်နိုင်တဲ့ နိုင်ငံတွေက ဦးဆောင်ပြီးဆွဲခဲ့တာပါ။ ဒီတုန်းက အဲဒီစာချုပ်မှာ လက်မှတ်ရေးထိုး ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု ကိုယ်တိုင်က အဲဒီစာချုပ်မှာပါတဲ့ စာသားတွေအားလုံးကို အယုံအကြည်ရှိတာ မဟုတ်ပါ ဘူး…" တဲ့။

ဇာတ်ကားထဲမှာ ဗိုလ်ချုပ် ဘာနာဖီးလက်စ်က ဂျပန်ထိပ်တန်းစစ်ဘက်အရာရှိအချို့နဲ့ ဝန်ကြီးတွေကို တစ်ယာက်ပြီး တစ်ယောက် လိုက်ရှာတွေ့တယ်။ သူတို့ဆီကနေ ဘုရင်ခိုင်းလို့ လုပ်ရတာပါဆိုတဲ့ အဖြေကိုလိုချင်လို့ပေါ့။ ဒါမှဘုရင်ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲလို့ရမယ်လေ။

စစ်ရှုံးခဲ့ပေမဲ့ ဂျပန်ခေါင်းဆောင်တွေဟာ သူတို့ဘုရင်ကိုလုံးဝအထိမခံဘူး။ တစ်ဘက်ကမေးလာတဲ့ စကားမှန်သမျှကို သူတို့ဘုရင် ဂုဏ်သိက္ခာမထိခိုက်အောင်ရွေးချယ်ပြီးဖြေကြတယ်။ ဂျပန်ခေါင်းဆောင်တွေရဲ့ ဘုရင်အပေါ်ထားတဲ့ သစ္စာရှိမှု၊ စစ်ရှုံးလို့အခဲမကျေပေမဲ့ အားမတန်လို့ မာန်လျော့လိုက်ရတဲ့ဟန်၊ မနေ့တစ်နေ့ကမှ လူဖြစ်လာတဲ့ နိုင်ငံက ကောင်တွေကို အရှုံးပေးလိုက်ရလို့ ယူကျုံးမရဖြစ်နေတဲ့မျက်နှာပေး…စတာတွေကိုပေါ်လွင်အောင်ရိုက်ပြသွားတာ အင်မတန်ကြည့်ကောင်းပါတယ်။

ဇာတ်ဝင်ခန်းတစ်ခန်းမှာဆို ဗိုလ်ချုပ် ဘာနာဖီးလက်စ်က ဂျပန်ဘုရင်ကြောင့်စစ်ဖြစ်ရတာ ဆိုပြီး အပြစ်ပြောတဲ့ အချိန် မှာ သူသွားတွေ့တဲ့ ဂျပန်ခေါင်းဆောင်က သူ့ဘုရင်ကို ကာကွယ်ပြောဆို ပါတယ်။ ပြီးတော့ အားလုံးနယ်ချဲ့ကြတာပဲ ကျုပ်တို့မှ ထူးပြီးအပြစ်ရှိရောတဲ့လားဆိုပြီးမေးတဲ့ အခန်းဟာ အတော်လေးကြည့်ကောင်းပါတယ်။

"ခင်ဗျားတို့လည်း ကျွန်တော်တို့တိုင်းပြည်ကိုဗုံးကြဲခဲ့တာပဲ။ ကလေးတွေကို Shelter ရောက်အောင်ပို့ခဲ့တာပဲ၊ အပြစ် ရှိတယ်ဆိုရင် နှစ်ဖက်စလုံးရှိတာပဲ၊ ကျုပ်တို့ တရုတ်ကိုနယ်ချဲ့ခဲ့တာ မှန်တယ်၊ ဒါပေမဲ့ ဗြိတိန်ကိုမချဲ့ခဲ့ဘူး၊ ပေါ်တူဂီ တွေနေရာကိုတောင် နယ်မချဲ့ခဲ့ဘူး။ ကျုပ်တို့ စင်္ကာပူကိုသိမ်းခဲ့တာ မှန်တယ်၊ ဒါပေမဲ့ ဗြိတိန်လက်ကယူခဲ့တာပါ။ ကျုပ်တို့ ဖိလစ်ပိုင်နိုင်ငံကို ဖိလစ်ပိုင်လူမျိုးတွေဆီက သိမ်းခဲ့တာ မဟုတ် ဘူး။ အမေရိကန်တွေလက်က ယူခဲ့တာပါ၊ အမေရိကန်တွေကလည်း စပိန်တွေဆီက တိုက်ယူခဲ့တာပါပဲ။ နယ်မြေတွေကို အင်အားသုံးပြီးယူတာကို နိုင်ငံတကာ အမှုအခင်းလို့ပြောရင် ဘယ်သူတွေမှာ အပြစ်ရှိလဲ။ ဗြိတိန်၊ ပြင်သစ်၊ ဒတ်ခ်ျ၊ အမေရိကန်ခေါင်းဆောင်တွေလား၊ ဘယ်သူ့ မှာမှ အပြစ်မရှိဘူး။ အခု ဂျပန်ကျတော့မှ ဘာများထူးပြီးကွာခြားနေလို့ လဲ။ မကွာပါဘူး။ ကျုပ်တို့ကလည်း ခင်ဗျားတို့ ခြေရာအတိုင်း လိုက်ခဲ့ကြတာပါ။" တဲ့။

ဂျပန်တွေဟာ လွယ်လွယ်ကူကူ လက်နက်ချခဲ့ကြတာမဟုတ်ပါဘူး။ ဒီကနေ့ ယာကူဇာဂိုဏ်းဆိုတာ မူလက မျိုးချစ် စိတ်အရင်းခံနဲ့ ဖွဲ့စည်းခဲ့တဲ့ဂိုဏ်းပါ၊ နောက်ပိုင်းရောက်မှ အဆိုးဘက်ရောက်သွား တာပါ။

ဂျပန်ဆူနာမီတုန်းက ယာကူဇာဂိုဏ်းကလည်း ပြည်သူကိုအရေးပေါ်အကူအညီ အဖြစ် ရေနဲ့အစား အသောက်တွေ ဝေပါတယ်။ ဒါပေမဲ့ ယာကူဇာဂိုဏ်းကမှန်းသိလို့ ပြည်သူကမယူတော့ ယာကူဇာ ဂိုဏ်းသားတွေဟာ မျက်ရည်ဝဲပြီး ဒီအချိန်မှာဂျပန်စိတ်ပဲထားပါ၊ မငြင်းပါနဲ့လို့ ခခယယ တောင်းပန်ပါသတဲ့။

ရှိသမျှအိမ်တွေက နီးစပ်ရာဂျပန်လူမျိုးခရီးသွားတွေကို ကူညီကြတယ်၊ ရေ၊ အစားအသောက်၊ ဖုန်း စသဖြင့် အကူ အညီပေးကြတယ်။ လူအုပ်ထဲမှာ တန်းစီနေတဲ့ကလေးတစ်ယောက်ကို အမေရိကန် စစ်သားတစ်ယောက်က ချောက လက်ထုပ်ပေးတော့ ကလေးက ကျေးဇူးတင်ပါတယ်ပြော ပြီး ချောကလက်ထုပ်ကို ရှေ့ကအပုံတွေထဲ သွားထည့်သ တဲ့။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ် တဲ့စိတ်မှာ ဂျပန်ကို ဘယ်သူမီလဲ။

ကျွန်တော်တို့မှာတော့ နာဂစ်ဖြစ်တုန်းက ညပိုင်းမုန်တိုင်းတိုက်တယ်၊ မနက်ကျတော့ သွပ်ဈေး၊ သံဈေး၊ အစား အသောက်ဈေး သုံးလေးဆ ခုန်တက်သွားတယ်။

မြစ်ဝကျွန်းပေါ်မှာ ကယ်ဆယ်ရေးလိုလို ဘာလိုလိုနဲ့ မသေမရှင်ဖြစ်နေတဲ့လူတွေဆီက လက်ဝတ်ရတနာတွေကို နားရွက်ဖြတ်၊ လက်ဖြတ်ပြီးယူကြသတဲ့။ စေတနာနဲ့ကူညီတဲ့သူတွေ လည်းအများကြီးရှိတာမှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်လူမျိုးစရိုက်ကိုယ်သိနေတာပဲ။

အင်းစိန် တိုက်ပွဲဖြစ်နေတဲ့အချိန် ဗိုလ်ချုပ်သန်းတင် (အဲဒီအချိန်ကဗိုလ်ကြီး) တို့တပ်ခွဲ သမိုင်းလမ်းဆုံနားကနေ မြို့ထဲဘက်ကို ပြန်ဆုတ်မယ်အလုပ်မှာ ဗိုလ်ချုပ်သန်းတင်က ငါ့သင်းချိုင်းကို ဒီနေရာမှာပဲ သတ်မှတ်လိုက်ပြီ၊ ငါနဲ့နေချင်တဲ့ကောင်နေခဲ့ကြ၊ သွားချင်တဲ့သူလည်းသွားနိုင်တယ် လို့ပြောတော့ တစ်ယောက်မှထွက်မသွားကြတော့ ဘူးတဲ့။

ဒီအချိန်မှာ ရန်ကုန်မြို့ထဲကလူတွေ ရုပ်ရှင်ကြည့်မပျက်ကြဘူး။

မြန်မာပြည်ကိုနောက်ဆုံးသိမ်းတော့ အင်္ဂလိပ်က မော်လမြိုင်သားမောင်ဘသန်းဆိုသူ ကို ညောင်ရမ်းမင်းသားလိုလို ဘာလိုလို ဗမာတွေထင်ယောင်ထင်မှားဖြစ်အောင် မင်းညီမင်းသား အဝတ်အစား ဝတ်ခိုင်းပြီး လှေဦးက တင်ခေါ်လာ ခဲ့တယ်။ အဲဒီခွေးသူတောင်းစားက သီပေါမင်းနဲ့ စုဖုယားလတ် ပါတော်မူပြီး သင်္ဘောပေါ်ရောက်တဲ့အခါ သီပေါမင်း ဘေးမှာ ဘေးချင်းယှဉ်ပြီးဝင်ထိုင် လို့ စုဖုယားလတ်က ဓါးနဲ့ခုတ်မယ်လုပ်တာနဲ့ စလေဒင်က မနည်းဆွဲထားရသတဲ့။

မျိုးစေ့မမှန် ပင်မသန်၊ ဖူးတန်ငုံကင်း အသီးဖျင်း၏ ဆိုတာလိုပေါ့။ အင်္ဂလိပ်မင်းများလက်ထက်က… အင်္ဂလိပ်မင်းများ လက်ထက်က…နဲ့ပြောလေ့ရှိတဲ့ အဖိုးကြီးအဖွားကြီးတွေဟာ ခုနကပြောတဲ့ ရုပ်ရှင်ကြည့်မပျက်တဲ့ လူတန်းစားတွေ ဖြစ်ဖို့များတယ်။

ဒီလိုလူမျိုးတွေအတွက်တော့ မျိုးချစ်စိတ်ဆိုတာ သစ်ဈေးလောက် အရာမရောက်ပါဘူးကွာဆိုတဲ့ စံမျိုးပဲဖြစ်မှာပဲ။ ဘယ်သူဘာပြောပြော တပ်မတော်မရှိရင် ကျွန်တော်တို့တိုင်းပြည်ပျက်ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်ရေးကို တမ်းတ နေတာမဟုတ်ဘူး။

စစ်တပ်က အစိတ်သားတောင်မလျော့ရသေးဘူး တိုင်းပြည်ကို စကားလုံးလှလှတွေပြောပြီး အပိုင်းပိုင်း အတစ်တစ် လုပ်ပစ်ချင်သူတွေက စီတန်းနေကြတယ်။ အခုတလော နယ်မြို့တွေမှာ အခြေခံဥပဒေပြင်ဖို့ ဆန္ဒပြပွဲတွေ ဆက်နေ တာ သတိထားမိတယ်။
တောင်းဆိုမှုတွေက စနစ်တကျနဲ့ဆိုတော့ နောက်မှာ Sponsor ရှိပုံရတယ်။ တကယ့်ပြည်သူ့ဆန္ဒ အစစ်အမှန်ရော ဟုတ်ရဲ့လားဆိုတာ ကျွန်တော်တော့ သံသယ ရှိပါတယ်။

အခြေခံဥပဒေ မပြင်ရရင်လမ်းပေါ်ထွက်ကြလို့ ဆော်သြတဲ့သူကဆော်သြ…၊ တစ်တိုင်းပြည်လုံး လမ်းပေါ်ရောက်လာ မယ်လို့ ခြိမ်းခြောက်တဲ့သူက ခြိမ်းခြောက်၊ သူ့အရပ်နဲ့ သူ့ဇာတ်တော့ ဟုတ်နေတာပဲ။

ဘာပဲဖြစ်ဖြစ် တိုင်းပြည်ကို မှန်မှန်ကန်ကန်ချစ်မြတ်နိုးတဲ့သူမှန်သမျှ သတိရှိသင့်တဲ့အချိန်ပါ။ ဆုံးဖြတ်ချက် တစ်ချက် မှားသွားတာနဲ့ ကျွန်တော်တို့ ခင်ဗျားတို့ တန်ဖိုးထားတဲ့အရာအားလုံး ဆုံးရှုံးသွားပြီး တဖြည်းဖြည်း တိုင်းပြည်ရော လူမျိုးပါ ပျောက်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

ဂျပန် ကလေးလေးတစ်ယောက်လောက်မှ ကိုယ့်တိုင်းပြည်ကိုယ် ချစ်ရကောင်းမှန်းမသိရင်တော့ ခင်ဗျားဟာ တိုင်းပြည်ဆိုတဲ့ ရတနာနဲ့ထိုက်တန်တဲ့သူတစ်ယောက်မဟုတ်တော့ပါဘူး။

ဘာလို့လဲဆိုတော့ ရှိရှိသမျှ ကျောက်သံ ပတ္တမြားတွေထဲမှာ တိုင်းပြည်ဆိုတဲ့ ရတနာက တန်ဖိုးအကြီးဆုံးလေ၊ ကျွန်တော်တို့ချစ်မြတ်နိုးတဲ့ တန်ဖိုးတွေကိုကာကွယ်ဖို့ ကျွန်တော်တို့အသင့်ရှိနေ
ရပါမယ်….။ ။

Tuesday, February 11, 2014

မြန်မာအမျိုးသမီး များမြန်မာ့သိက္ခာ ပြန်ဆည်ကြပါ




 နိုင်ငံခြားသားတွေနဲ့ ပျော်ပါးနေတဲ့ ပြည်ပရောက်မြန်မာမတစ်ယောက်
ကျော့ စာမရေးဖြစ်တာ တော်တော် ကြာခဲ့ပါပြီ။ နေမကောင်းတော့ မှပဲ အင်တာနက် ကို ပြန်ဖွင့်ဖြစ်ပါ တယ်… ဒါပေမဲ့ တွေ့လိုက်သိလိုက် ရတဲ့ သတင်းတွေက မြန်မာ အမျိုးသမီးအတွက် အလွန်ရှက်စရာ၊ ရွံရှာစရာကောင်းလောက်အောင် အရှက်တရားကင်းမဲ့နေကြတာ ကို တွေ့ရှိရတော့ စိတ်မကောင်း လဲဖြစ် မိပါ တယ်။ မိမိတို့တိုင်းပြည်မှာ ဗုဒ္ဒဘာသာထေရ၀ါဒ ထွန်းကားနေရဲ့နဲ့ ဒီလိုကိစ္စတွေ ရှိနေတာ မြန်မာ လူမျိုးတွေ ဘာသာရေးအား နည်းလာတယ်လို့လဲ မြင်ပါတယ်။



ဒီမိုကရေစီဆိုတာနဲ့ မြန်မာပြည်မှာ အကုန်လုံးကို လွတ်လပ်ပစ်လိုက်ကြတော့ပါလားနော်… လွတ်လပ် တာတော့ လူတိုင်းနှစ်သက် ကြပါလိမ့်မယ်.. ဒါပေမဲ့လဲ ကိုယ့်သိက္ခာကိုထိပါးတဲ့အထိတော့ မလွတ်လပ် ကြပါ နဲ့.. မိမိတို့စိတ်လေးတွေကို မိမိတို့ ထိန်းသိမ်းထား ကြပါဦး… အပျိုပဲဖြစ်ဖြစ် အိမ်ထောင်သည် ပဲဖြစ်ဖြစ် ခဏတာလေးအတွင်းမှာ မစဉ်းစားဘဲလုပ်လိုက်တဲ့အလုပ်တစ်ခုဟာ နောက်ပိုင်း ဖျက်ပစ်လို့မရ တဲ့အမဲစက်ကြီးတစ်ခုအဖြစ် ဖြစ်နေတော့မှာပါ…



ယောကျာ်းလေးတွေအနေနဲ့လည်း မြန်မာမိန်းကလေးတွေ ဟိရိသြတ္တပတရားကင်းမဲ့လောက်အောင် ထိ မြောက်မပေးသင့်ဘူးလို့ ထင်ပါတယ်.မနေ့ကသူငယ်ချင်းတယောက်က ဆိုက် တစ်ခုပေး ပြီး မိမိနဲ့ ခင်မင် ရတဲ့ အိမ်ထောင်သည်လုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်ရဲ့ ၀တ်လစ်စလစ် ဓါတ်ပုံကို ပြပါတယ်.. အဲဒါကြည့်ပြီး ကျွန်မတော်တော်လေးစိတ်မကောင်းဖြစ်သွားပါတယ်။ အဲဒီအမျိုးသမီးရဲ့သားလေးက ကျွန်မ တပည့်လေးဖြစ်နေပါတယ်။ ကလေးအတွက်အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ နောက်သူ့မှာက သမီးလေးတွေလည်းရှိပါသေး တယ်။ အမျိုးသားလည်းရှိပါတယ်။

အမျိုးသားအသိုင်းအ၀ိုင်း အနေနဲ့ကော ရှက်စရာဖြစ်မနေဘူးလား။ စဉ်းစားကြည့်တဲ့အခါ ကလေးတွေ မေမေ က အင်တာနက်မှာဖြစ်ချင်တိုင်းဖြစ်နေတယ်။ နောင်တချိန်နင်တို့မေမေက အွန်လိုင်းမှာ အဲလိုမျိုး ကြီးဆိုတာ ဖြစ်မနေဘူးလား။ ခေတ်ဆန်တာက ကောင်းပါတယ်။ ဒါပေမဲ့လည်း မိမိအရှက် သိက္ခာ ကိုတော့ ထိန်းသိမ်း သင့်တာပေါ့။ ဒီလောက်ကြီးတော့ မဖြစ်သင့်ပါဘူး။

နောက် သမီးပျိုလေးတွေ နိုင်ငံရပ်ခြားကနေ ကိုယ့်ရည်းစား၊ ချစ်သူတွေကို VZO ကနေ ဖော်ပြ ချွတ်ပြကြ တာတွေဟာ တော်တော် ဆိုးရွားလာတယ်နော်။ ဒါဟာအမျိုးကောင်းသမီးတွေမှ ဟုတ်ရဲ့လားလို့ တောင် တွေး မိပါတယ်။ မိမိကတော့ချစ်လို့ပြတယ်ပဲပြောပြော ဘယ်လိုပြောပြောပါ တဖက်လူက record လုပ်ပီး အင်တာနက်မှတင်လိုက်တော့ အကုန်ပြန့်ကုန်ရော။ ရှက်စရာဘယ်လောက်ကောင်း လဲ။ နောက် ယောကျာ်းလေးတွေ က အချင်းချင်းသိပ်ရိုင်းပင်းကြတာ။ ထူးဆန်းထွေလာလေးတွေဆို ရှယ်လုပ်ချင် ကြတယ်လေ။

အဲဒီတော့ အရှက်က ဘယ်နှစ်ခါကွဲမလဲ တိုင်းသိပြည်သိကမ္ဘာ သိ တွေ ဖြစ်ကုန်ရော။ တချို့များ ဆိုင်ထဲ မှာ ချောင်ကျကျမှာဝင်ပြီးတောင် ပြလိုက်ကြသေးတယ်။ တကယ်ပါပဲ အရှက်မဲ့နေကြ တာ။ ကျွန်မကြည့် ရတဲ့ မိန်းမသားချင်းတောင်ရှက်တာ မိဘ မောင်ဖွားတွေသာ မြင်ရင် ဘယ်လောက်ရှက်လိုက်ကြ မလဲနော် ။ နောင်တချိန် မိမိအနေနဲ့အတည်တကျ အိမ်ထောင်ပြုမယ်လို့ ရည်ရွယ်လိုက်ရင်လည်း ဒီလိုဖြစ်ပျက်တွေ ကို သိနေကြတဲ့ ပုရိသတွေက ဘယ်ရွေးချယ်ကြတော့မလဲနော်။ အဲဒီအခါမှာ မိမိအနေနဲ့အားကိုးစရာ မရှိဖြစ်သွားကြပါလိမ့်မယ်။ ပုရိသတွေက သူတို့သာ ပွေရှုပ်ရင်ရှုပ်မယ် မိမိရဲ့ရာသက်ပန်လက် တွဲဖော် ကတော့ ခြောက်ပစ်ကင်းသဲလဲစင်နေတာပဲ လိုချင်ကြတာပါ။ အမဲစက်ရှိနေတဲ့ မိန်းကလေးတွေကို သူတို့ ဘယ်တော့စဉ်းစားမှာမဟုတ်ပါဘူး။ မယူခင် ကတော့ ပြောမှာပေါ့..တီတီတာတာစကားတွေနဲ့။

ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ ဘယ်သူမှ ယူကြမှာမဟုတ်ကြပါဘူး။ အဲဒီတော့ ရေရှည်နဲ့ရေတို ဘယ်ဟာကိုရွေးချယ်ကြမလဲ ဆိုတာ အမျိုးသမီးငယ်လေးတွေ စဉ်းစားသင့်ကြပါပြီ။ ကိုယ့်ဘ၀ တလျှောက် လုံး လျှောက်လှမ်းဖို့အတွက် ဒီအချိန်တိုလေး တခုကို စိတ်ထိန်းပြီး ကျော်လွှားနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ တိရိစ္ဆာန်တွေမှာသာ အိပ် စား ကာမ ရှိတာပါ။ လူသားတွေက ဒီကိစ္စကို အသိ တရားလေးနဲ့တောင် မထိန်းနိုင်မသိမ်းနိုင်ဖြစ် ရလောက်အောင်ကလည်း ကျွန်မတို့နိုင်ငံမှာ ဘာသာရေး မခေါင်းပါးကြသေးပါဘူး။

အဲဒီတော့ အဲဒီစိတ်တွေက ပင်လယ်ရေလိုပဲ `သောက်လေသောက်လေ ငတ်မပြေ` ဖြစ်နေတယ်လေ။ တခါလောက် အတွေ့အကြုံရှိသွား တာနဲ့ တွေ့ကရာတွေနဲ့ပျော်ပါးဖို့လောက်ပဲ စဉ်းစားနေမယ် ဆိုရင် နောက်ပိုင်း ရောဂါပေါင်းစုံကနေ လူမျိုးတုံးသွားတဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းပြော ခဲ့သလို မြန်မာတွေ စည်းကမ်းမဲ့လာရင်းကနေ ဖာနိုင်ငံ ဖြစ်မယ်လို့ ပြောခဲ့တာ အမှတ်ရနေပါတယ်။ ထိုင်းနိုင်ငံမှာ မိန်းကလေးတွေတော်တော်များများဟာ ဒီလိုအလုပ်တွေ နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေ ကြတာပါ။ ပညာတတ်ဖြစ်ဖြစ် ဘယ်လိုရာထူးပဲရရ ဒီကိစ္စတွေကို လက်လွတ်စပယ်ပြုလုပ်နေကြဆဲ ပါပဲ။


ဒါပေမဲ့ ကျွန်မတို့ မြန်မာပြည်မှာတော့ ဘုရားကျောင်းကန်တွေပေါများသလို ဘာသာရေးကိုလည်း တရား စခန်း များဖွင့်လှစ်လို့ တဖုံ၊ သင်တန်းများပေးလို့တဖုံနဲ့ စည်းရုံးနေကြဆဲပါဘဲ။ မြန်မာတွေအနေနဲ့ ဒီ ကိစ္စတွေ ကို ထိန်းချုပ်နိုင်ဖို့က ဘာသာရေးဘက် မှာ အားထည့်လိုက်မယ်ဆိုရင် သူ့အလိုလို ချုပ်ထိန်းပြီး သားဖြစ်မယ်လို့ ကျွန်မအနေနဲ့ဆန္ဒပြုပါတယ်။

နောင်လာနောက်သား ကလေးငယ်များလည်း အရှက်တရားဆိုတဲ့အကြောင်းကို လမ်းပြသွန်သင်ပေး သလို လဲ ဖြစ်မှာပါ။ေ၇ှ့ကနေ လမ်းပြ မှားရင် နောင်လာမဲ့ကလေးငယ်လေးတွေကလည်း အတုမြင်အတတ် သင်တွေဖြစ် မှာပါ။ မြန်မာအမျိုးသမီးတွေ သိက္ခာတရား၊ အိနြေ္ဒရှိတဲ့အမျိုးသမီးကောင်းတွေ ဖြစ်စေဖို့ ကျွန်မအနေနဲ့ ဒီစာလေးကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
Myanmar Express
 လူထု မောင်ကာဠု

Wednesday, February 5, 2014

တော်၍ကောင်းသောနိုင်ငံ့ဝန်ထမ်းများဖြစ်ပါစေ




မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကတည်းက အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် အရှည်တည်တံ့ လာခဲ့ သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ရဲစွမ်းသတ္တိရှိပြီး စည်းစနစ်ကျနစွာ အုပ်ချုပ်သောမင်းများ လက်ထက်တွင် စည်းကမ်းကောင်းမွန်သော နိုင်ငံ့ဝန်ထမ်းကောင်း၊ လက်အောက်ငယ်သားများ ကိုပိုင် ဆိုင်ပြီး နိုင်ငံတော်၏အချုပ် အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပါသည်။ စည်းစနစ်လျော့ရဲသော မင်းများလက်ထက်တွင် လက်အောက်ငယ်သားများကို ကောင်းမွန်စွာစီမံကွပ်ကဲမှု မပြုနိုင်သောေ ကြာင့် နိုင်ငံ ၏အချုပ်အခြာအာဏာကို မကာကွယ် မစောင့်ရှောက်နိုင်တော့ဘဲ အချုပ်အခြာအာဏာ လက်လွတ်ခဲ့ရကြောင်းကို သမိုင်းကြောင်းကြည့်လျှင် သိရှိနိုင်ပါသည်။ (၁၈၈၅)ခုနှစ် တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား လျော့ရဲပြီး နန်းတွင်းရေးမငြိမ်သက်မှုများ ကြောင့် တိုင်းတစ်ပါး၏ ကျူးကျော်မှုကိုခံခဲ့ ရသည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။ သို့သော် တိုင်းရင်းသားအပေါင်းက နှစ်ပေါင်းများစွာ အသက်၊ သွေး၊ ချွေးတို့နှင့်စတေးပြီး တိုက်ပွဲဝင်ခဲ့သောကြောင့် (၁၉၄၈) ခုနှစ်တွင် အချုပ်အခြာ အာဏာနှင့် လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့ပါသည်။

လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်၏အုပ်ချုပ်ရေး ယန္တရားကို တိုးချဲ့ဖွဲ့စည်းခဲ့သည်နှင့် အညီ နိုင်ငံ့ ၀န်ထမ်း များကိုလည်း တိုးချဲ့ခန့်ထားခဲ့ပါသည်။ နိုင်ငံတော်မှခန့်အပ်ထားေ သာ နိုင်ငံ့ဝန်ထမ်း များသည် မိမိတို့နိုင်ငံတွင် ကျင့်သုံးနေသော အုပ်ချုပ်ရေးယန္တရားအတွင်းမှနေ ၍ နိုင်ငံတော်အကျိုး၊ ပြည်သူလူထု အကျိုး များကို သယ်ပိုးဆောင် ရွက်ကြရမည်ဖြစ်ပါသည်။

ထိုသို့ သယ်ပိုးဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာဝန်ထမ်းစည်းမျဉ်းစည်းကမ်းဘောင်အတွင်းကနေပြီး ပြုမူ ကျင့်ကြံနေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်၊ ရပိုင်ခွင့်နှင့်စည်းကမ်းများကိုသတ်မှတ်နိုင် ရန် နိုင်ငံ့ဝန်ထမ်း ဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၅) အဖြစ် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါသည်။

သမိုင်းဆိုင်ရာစာမျက်နှာများစွာထဲမှ သာဓကတစ်ခုကို ထုတ်နှုတ်တင်ပြလိုပါသည်။ မြန်မာသက္ကရာဇ် ၉၉၀မှ ၁၀၁၀ ပြည့်နှစ်များတွင် ထီးနန်းစိုးစံခဲ့သော သာလွန်မင်းတရားကြီးလက်ထက်တွင် ၀န်ကြီးဗညား ကျန်းတော သည် တစ်နေ့သော ညနက်တစ်ခု၌ စစ်ကိုင်းမြို့မှပြန်လာပြီး အင်းဝနေပြည်တော်သို့ နန်းတော်ရှေ့မာန်အောင်တံခါးမှ ၀င်ရန်ကြံရွယ်ခဲ့ပါသည်။ တံခါးရှေ့ရောက်သောအခါတွင် ` ၀န်ကြီးစစ်ကိုင်းကပြန်လာတယ်၊ တံခါးဖွင့်ပေးပါလို့ ` မင်းမှုထမ်းတစ်ယောက်ကိုခေါ်ပြီး တံခါးမှူးထံစေ လွှတ်ပြောခိုင်းခဲ့ပါသည်။ ထိုအခါ တံခါးမှူးက `သန်းခေါင်ဝန်ကြီးကို ငါမတွေ့ဘူးပါ၊ အချိန်မဲ့ဝင်လိုလျှင် မြို့ဝန်ထံစာခံပြီး ပြန်လှည့်ပါ`ဟု ဆိုလိုက်သည်။ ထို့ကြောင့် ၀န်ကြီး ဗညားကျန်းတောသည် မာန်အောင်တံခါးမှ ၀င်ခွင့်မရသဖြင့် အောင်ထွန်းတံခါးသို့ လှည့်၍သွားပြီး တံခါးမှူးအား မိမိ သည် ၀န်ကြီးဖြစ်ကြောင်း ၀င်ခွင့်ပေးရန်ပြောခဲ့ရာ အောင်ထွန်းတံခါးမှူးသည် အစစ်ဆေးအမေးအမြန်းမပြုတော့ ဘဲ ၀င်ခွင့်ပေးခဲ့ပါသည်။ မိုးသောက်သောအခါ ၀န်ကြီးဗညားကျန်းတောသည် တံခါးမှူးနှစ်ယောက်လုံး အားေ ခ်ါပြီး တာဝန် ကိုတိကျစွာ သစ္စာရှိရှိဖြင့် ထမ်းဆောင်ခဲ့သော မာန်အောင်တံခါးမှူးကို ဆုလာဘ်များ စွာ ချီးမြှင့်ပြီး ဂုဏ်ပြု စကားပြောကြားခဲ့ပါသည်။ တာဝန်ကိုပေါ့လျော့စွာထမ်းဆောင်ခဲ့သော အောင်ထွန်း တံခါးမှူးအား ပြစ်တင်ရှုံ့ချပြီး ပြင်းထန်စွာပြစ်တင်စကားပြောကြားခဲ့ပါသည်။ ထိုသမိုင်းဖြစ်ရပ်ကိုလေ့လာ သုံးသပ်ခြင်းအားဖြင့် တာဝန် သိတတ်သော ၀န်ထမ်းကောင်းနှင့် တာဝန်ပေါ့လျော့သောဝန်ထမ်းနှစ်ဦး အပေါ်နာယကဂုဏ်နှင့်အညီ တိကျ ဖြောင့်မတ်စွာကျင့်သုံးခဲ့သော ပဒေသရာဇ်ခေတ်၏ ဆုပေးဒဏ်ပေးစနစ်ကို တစ်ပြိုင်နက်နှိုင်းယှဉ်ကြည့်လျှင် သုံးသပ် တွေ့မြင်နိုင်ပါသည်။

၂၀၁၂ ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့တွင် နေပြည်တော်သမ္မတရုံးအစည်းအဝေးခန်းမတွင် ကျင်းပသော စီမံကိန်းကော်မရှင် ဒုတိယအကြိမ်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ `လာဘ်ပေးလာဘ် ယူမှု သည် ပေးသူရော ယူသူပါအကျင့်ပျက်သည်။ သိက္ခာမဲ့လုပ်ရပ်ဖြစ်သည့်အပြင် အစိုးရ၏ဂုဏ်သိက္ခာ ကိုပါ ထိခိုက်စေသည့် အတွက် ထိထိရောက်ရောက်အရေးယူအပြစ်ပေးခြင်းဖြင့် တားဆီးသွားရန် လိုအပ်ကြောင်း၊ ဖြူစင်သန့်ရှင်းတဲ့ အစိုးရတစ်ရပ်ဖြစ်ရေးအတွက် စွန်းထင်းနေတဲ့ ဒီအမည်းစက်ကို အစွမ်းကုန်ခြေဖျက်သွားဖို့ လိုအပ်ကြောင်းနှင့် အောက်ခြေက မည်သို့ပင်ဆောင်ရွက်သည်ဖြစ်စေ၊ အားလုံးသည် အထက်အကြီးအကဲတွင်သာ တာဝန်ရှိသည်ဟု ခံယူပြီး ထိရောက်စွာကိုင်တွယ်ဆောင် ရွက်သွားရန် လိုအပ်ကြောင်း’ သတိပေးတိုက်တွန်းပြောကြားသွားခဲ့ပါသည်။

နိုင်ငံ့ဝန်ထမ်းဥပဒေကိုမျက်ကွယ်ပြုပြီး ကိုယ်ကျိုးရှာချစားကြသူများ၊ အချောင်သမားများ၊ လာဘ်ပေး လာဘ်ယူစာရိတ္တမကောင်းသူများမှန်သမျှကို တာဝန်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ တိကျစွာဖယ် ရှားရမှာဖြစ် ပါသည်။

နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေ စီ နိုင်ငံတော်ကြီး အဖြစ် ပီပီပြင်ပြင်ဖြစ်ပေါ်လာစေရန် ပုံဖော်လျက်ရှိပါသည်။ ဒီမိုကရေစီခေတ်တွင် အစိုးရ၏ ပွင့်လင်း မြင်သာစွာ ဦးဆောင်မှုမှာ ပြည်သူတစ်ရပ်လုံးကလည်း ယုံယုံကြည်ကြည် လိုက် ပါပြောင်း လဲလျက်ရှိပါသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို ပုံဖော် ကြိုးပမ်းကြ ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အဓိကဖြစ်ပါသည်။

နိုင်ငံ့ ၀န်ထမ်းများသည် သတ်မှတ်ပြဋ္ဌာန်းထားသော နိုင်ငံဝန်ထမ်းဥပဒေပါ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာစောင့်ထိန်းပြီး မိမိတာဝန်ယူဆောင်ရွက်ရသောလုပ်ငန်းကျွမ်းကျင်မှုအစဉ်တိုးတက်နေခြင်းဖြင့် ၀န်ထမ်း အဖွဲ့ အစည်း၏ စွမ်းဆောင်ရည်မြင့်မားစေမည်ဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့တာဝန်ယူရသောအလုပ်အပေါ်တွင် တိကျမှန်ကန်မြန်ဆန်စွာဆောင်ရွက်ခြင်း၊ တာဝန်ကျေပွန်ရုံမျှမက နိုင်ငံအတွက် စေတနာတရား၊ သစ္စာတရားများနှင့်ပါ လုပ်ဆောင်တာဝန် ယူသင့်ပေသည်။ မိမိ၏တာဝန်အား ချစ်ခင်လေးစားကျေပွန်အောင်ဆောင်ရွက်ပြီး အဂတိလိုက်စားမှု များကို ရှောင်ရှားခြင်းဖြင့် တော်၍ ကောင်းသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ကြပါစေဟု တိုက်တွန်း ဆန္ဒပြုအပ်ပါသည်။



ဦးသက်တင်


Thursday, January 23, 2014

ယနေ့လူငယ်များကို မေတ္တာရပ်ခံခြင်း




ဘ၀ကို အချိန်ဖြင့် တည်ဆောက်ရသည်။ အချိန်သည် ရပ်မနေသည့်အတွက် ဘ၀သည်လည်း ရပ်မနေဟု ဆိုနိုင်ပါလိမ့်မည်။ အချိန်တွေ တဖြည်းဖြည်း ရွေ့လာသည်နှင့် လူသား တစ်ယောက်သည်လည်း ဇရာ ပြောင်းလဲလာရသည်။ သို့သော် အချိန်အရ ပြောင်းလဲလာသည့် ဇရာနှင့်အတူ နေထိုင်မှု အဆင့်မြင့်စွာ လိုက်ပါပြောင်းလဲနိုင်ရေးမှာ ရုပ်ပိုင်း၊ စိတ်ပိုင်း ခွန်အားအကောင်းဆုံးကာလ လူငယ်ဘ၀တွင် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ရေးသည် အခရာကျပါသည်။

ကမ္ဘာနှင့်ချီ ပြိုင်ဆိုင်မှုပြင်းထန်သည့် ၂၁ ရာစုတွင် ယနေ့ မြန်မာလူငယ်များအတွက် အချိန်နှင့် အမျှ ပညာရှာနိုင်ရေးသည် ပို၍ပင် အရေးကြီးလာပါသည်။ ဘ၀အခြေအနေ တိုးတက်ပြောင်းလဲနိုင်ရေး တွင် အခွင့်အရေးနှင့် စိန်ခေါ်မှုက လွန်ဆွဲနေသည်။ အချိန် အသုံးချမှန်ကန်လျှင် အခွင့်အရေးရမည် ဖြစ်သကဲ့ သို့ အချိန်အသုံးချ လွဲချော်သည်နှင့် ဘ၀ရှုံးမည်ဖြစ်သည်။

ယနေ့လူငယ်များ၏ အချိန်ကို ကမ္ဘာလုံးချီဖျော်ဖြေရေးများက စိန်ခေါ်နေပါသည်။ ကမ္ဘာကြီးကို လက်ဝါး ပေါ်တင်ပေးလိုက်သည့် အင်တာနက် နည်းပညာသည် မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဖြင့် အကောင်း အဆိုး ဒွန်တွဲပါလာသည်။ အင်တာနက်ဖြင့် ပညာမျက်စိဖွင့်မည်လော၊ သို့မဟုတ် အင်တာနက်ဖြင့် ဇိမ်ခံ ကြမည်လော။ ယနေ့လူငယ်များ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရပါလိမ့်မည်။ ထိုသို့ မေးခွန်းထုတ်လိုက် သည်နှင့် စိတ်ကိုယ်ထိန်းချုပ် မောင်းနှင်နိုင်သူများ ဘ၀ကို အနိုင်ယူနိုင်မည်လည်း ဖြစ်ပါသည်။ စိတ်ကိုနိုင် လျှင် ဘ၀ကိုနိုင်သည်ဟု ဆိုချင်ပါသည်။

၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းအထိ အကြမ်းဖျင်းတွက်ချက်မှုများအရ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြု သူ တစ်သန်းရှိပြီး ယင်းတွင် Facebook (လူမှုကွန်ရက်) အသုံးပြုသူ ရှစ်သိန်းခန့်ဟု ဆိုထားသည်။ ယနေ့ကာလဆိုလျှင် အင်တာနက်၊ Facebook အသုံးပြုမှုသည် ထို့ထက်နှစ်ဆကျော် နေနိုင်ပါသည်။

အင်တာနက်အသုံးပြုမှုတွင် လူငယ်ထု အများဆုံးဖြစ်နေ ရာ အင်တာနက်၊ လူမှုကွန်ရက်များတွင် အချိန် များစွာပေးနေကြရသည့်အတွက် အသုံးချမှားနေပါက အချိန်က ၀ါးမြိုသွားရုံသာ အဖတ်တင်ပါလိမ့်မည်။

သတိထားရန်မှာ လိုတာရနိုင်သော အင်တာနက်မှ ဘ၀အတွက် မလိုအပ်သည့် အရာများလည်း ရှိနေရာ အန္တရာယ်ကို ရှောင်ရှားနိုင်ရန် အရေးကြီးပါသည်။ ယနေ့ခေတ် မြန်မာဆယ်ကျော်သက် လူငယ်များ အတွက် ကံကောင်း ထောက်မစွာ ချိန်ခါသင့်ရရှိလာသည့် ဒီမိုကရေစီအပြောင်းအလဲတွင် အရာရာကို ကမ္ဘာကြည့် ကြည့်နိုင်ခွင့်လည်း ရလာသည်။ ထိုသို့သောအခြေအနေတွင် အချိန်ကို ကောင်းစွာ စီမံခန့် ခွဲပြီး၊ ကမ္ဘာနှင့်အပြိုင် ပြေးနိုင်ဖို့ အစွမ်းကုန်ကြိုးစား ကြရပါလိမ့်မည်။ မဟုတ်လျှင် အနာဂတ်တွင် နောင် တဆိုးများဖြင့် သံသရာလည် နေနိုင်ပါသည်။

ဒီမိုကရေစီ အကူးအပြောင်းကာလ မျက်နှာပန်းလှလာသည့် မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှု မျှော်လင့် ချက်ကောင်းများ ရှိလာသည်။ နိုင်ငံတကာက မျက်စေ့ကျနေသည့်အချိန်တွင် အိမ်ရှင်နိုင်ငံအတွက် အစစ အရာရာ ပြင်ဆင်ရမည်တွင် ယနေ့လူငယ်များသည် အရေးကြီးကဏ္ဍက ပါဝင်နေသည်။

အတိတ်ကို ပြန်ကြည့်လျှင် မြန်မာနိုင်ငံအဖို့ အရာရာတွင် ကမ္ဘာ့နောက်ကျ ခဲ့ရသည်။ ယနေ့မြန်မာလူငယ် များအနေဖြင့် လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ အခွင့်အလမ်းများမှသည် အချိန်နှင့်တစ်ပြေးညီ ကမ္ဘာနှင့်ယှဉ်ကာ ကြိုးစားမှသာ နိုင်ငံကို ကယ်တင်နိုင်ပါလိမ့်မည်။ အနာဂတ်နိုင်ငံတိုင်းကို ယနေ့ လူ ငယ်များက ပြောင်းလဲပါသည်။ သို့သော် အပြောင်းအလဲတွင်လည်း အဆိုး အကောင်းနှင့် အနိမ့်အမြင့် များ ရှိနေပါသည်။ ထို့အတွက် ဘ၀အချိန်မနှောင်းမီ ကြိုးစားပညာရှာကြရန်နှင့် အနာဂတ်ကိုမျှော်တွေး ကြည့်ရန် ယနေ့လူငယ်များကို မေတ္တာရပ်ခံလိုပါသည်။

Sunday, January 19, 2014

မြန်မာစလွယ် တစ်ခုထဲကြာင့် ပြီးစလွယ် အားမပေးသင့်





သြော် ... လူတွေ လူတွေ

ရေးသားသူ။ မျိုးချစ်မြန်မာ

သိပ်ရိုးသားတဲ့ ငါတို့ မြန်မာတွေဟာ ကိုယ့်လူမျိုး အချင်းချင်းတောင် နည်းမျိုးစုံ လှည့်စား အသုံးချ ခံနေကြရပါလား။:)

ကိုယ့် နိုင်ငံသားလဲ မဟုတ် ..

ကိုယ့်နိုင်ငံကို အရွယ်မရောက်ခင်ကထဲက စွန့်ခွာခဲ့လို့ ကိုယ့်ဘာသာစကားတောင် ကောင်းကောင်း မရေး ၊ မဖတ် ၊ မပြောတတ် ..

ကိုယ့် အမျိုးသားယဉ်ကျေးမှုဆိုတာ နဲ့ လုံးဝ ကင်းကွာတဲ့ ယဉ်ကျေးမှု နဲ့ ကြီးပြင်းလာခဲ့တဲ့ မိန်းမ တစ်ယောက် က သူ့ဘဝရှေ့ရေးအတွက် ..

သူလက်ရှိနေနေတဲ့ တခြားနိုင်ငံတစ်ခုကနေ သူ့ဘာသာ ဝင်ပြိုင်တဲ့ ပွဲတစ်ခုမှာ

ကိုယ့်တိုင်းပြည် နာမည် ကို စလွယ်လေးပေါ်မှာဘဲ ရေးပြီး အသုံးချခံနေရတာကို

တိုင်းပြည်အတွက် နာတတ်ရကောင်းမှန်းလဲ မသိတဲ့ အပြင်


" မြန်မာ စလွယ်လွယ်ထားရင် Prostitute (ပြည့်တန်ဆာ) ဖြစ်နေရင်တောင် မျက်စေ့မှိတ်ထောက်ခံမယ် " ဆိုတဲ့ စကားမျိုးတွေ

စုံလုံးကန်း အတွေးအခေါ် နဲ့ ခပ်ချာချာ သီအိုရီ တွေ ကို ဖိအားပေး ရှေ့တန်းတင်ရင်း

ရိုးသားပြီး အယုံလွယ် သနားလွယ် ကူညီလွယ်တဲ့ မြန်မာတွေကို ရှေ့ဖုံး နောက်ပေါ် ဥာဏ်နီဥာဏ်နက်တွေနဲ့ Brain Wash လုပ်နေတာတွေဟာ

ကို့ယို့ကားယား နဲ့ ရီစရာကောင်းသလို ဘာကြောင့်လဲဆိုတဲ့ သံသယဖြစ်စရာ တွေးစရာတွေ အများကြီးရှိလာပါတယ်။


တစ်ကယ်တမ်းကတော့ နဒီတေလာ ဆိုတဲ့ အမျိုးသမီး မော်ဒယ် ဟာ မြန်မာတွေ အတွက် ဝင်ပြိုင်နေတာ မဟုတ်ပါဘူး။
အဲ့ဒါကို မြန်မာ တစ်ပြည်လုံး ဝိုင်း မဲပေးလို့ ဆုတစ်ခုခု ရသွားခဲ့ရင်တောင်

အဲ့ဒိ ဆုဟာ နန်းခင်ဇေယျာရခဲ့တဲ့ဆုလို မြန်မာပြည်ကို ပြန်အသယ်ခံလာရမယ့် ဆုတံဆိပ်တစ်ခုလဲ မဟုတ်ပါဘူး။

အမေရိကားက ဧည့်ခန်းတစ်ခုထဲမှာ အထီးကျန်ဆန်စွာ ဖုံတက်သွားမယ့် ဆုတစ်ဆုဘဲဖြစ်လာမှာပါ။
ဒီတော့ အမေရိကားမှာ ဖေါ်ချွတ်ခြင်း အတတ်ပညာ နဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ မိန်းမ တစ်ယောက် ..သူ့ အနာဂါတ် အတွက် အလုပ်လျှောက်တဲ့အခါ Resume' မှာ ထည့်ပြဖို့ နဲ့ ..

အမေရိကားက သူ့ အိမ်ရှေ့ ဧည့်ခန်းထဲမှာ မြန်မာ့ယဉ်ကျေးမှုဆိုတာကို ဘာမှ တန်ဖိုးမထားတတ်တဲ့ လူမျိုးခြား ဘာသာခြားတွေ ကို Show Off လုပ်ဖို့ ..

ဒီဆုတံဆိပ်တစ်ခု ရရှိဖို့အရေးကို ဘာကိစ္စ မြန်မာ လူမျိုးတွေက မဆီမဆိုင် အရေးတထား ထောက်ခံအားပေးရမှာလဲ ဆိုတာ ကျွန်တော့်အတွက်တော့ သိပ်စဉ်းစားနေစရာတောင်မလိုတဲ့ မေးခွန်းတစ်ခုပါဘဲ။

ဘာလို့အားပေးရမှာလဲ ???


(၁) သူမ ဟာ မြန်မာပြည်မှာ မွေးလာတာ ဆိုတဲ့ တစ်ချက်ထဲကြောင့်လား ?

ဒါဆိုရင် ကျွန်တော်တို့ ရခိုင်မှာ လူသတ်ဆိုးသွမ်း သောင်းကျန်းနေတဲ့ ဘင်္ဂါလီ တွေကိုလဲ မြန်မာအဖြစ် မျက်စေ့မှိတ်လက်ခံပြီး ထောက်ခံအားပေးမှသာ တရားပါလိမ့်မယ်။ဘာလို့လဲ ဆိုတော့ သူတို့ တော်တော်များများဟာလဲ မြန်မာပြည်မှာ မွေးလာတာတွေပါ။

(၂) သူမ လွယ်ထားတဲ့ မြန်မာ ဆိုတဲ့ စလွယ်တံဆိပ် တစ်ခုကြောင့်လား ?

ဒါဆိုရင် မြန်မာနိုင်ငံသား လူမျိုးစုတွေပါလို့ သူတို့ ဆန္ဒအလျောက် ကြွေးကျော် ၊ အတင်းကြီး မြန်မာ စလွယ် သိုင်းပြနေကြတဲ့ ဘင်္ဂါလီ တွေကိုလဲ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ အဖြစ် အသိအမှတ်ပြုပေးမှသာ တရားပါလိမ့်မယ်။

သူမလွယ်ထားတဲ့ စလွယ် ပေါ်က မြန်မာ ဆိုတဲ့ အမည်ဟာလဲ သူမ ဘာသာ ဆန္ဒအလျောက် ရွေးချယ် ကိုယ်စားပြုခဲ့တာဖြစ်ပါတယ်။

ဘယ် မြန်မာနိုင်ငံသားတွေ ရဲ့ တူညီဆန္ဒ နဲ့မှ ရွေးချယ်တင်မြှောက်ခဲ့ကြတာ မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ ဘယ်မြန်မာ မှ ဒီပွဲတွေ မတိုင်ခင် နန်းခင်ဇေယျာ နာမည်မကြီးခင်အထိ သူမ ကို မကြားခဲ့ကြဖူးပါဘူး။

(၃) သူမ ဟာ အစကထဲက မြန်မာပြည်အတွက် တစ်ကယ် ကျိုးစားဆောင်ရွက်နေခဲ့တဲ့ မြန်မာ မော်ဒယ် တစ်ယောက်ဆိုရင် ဘာလို့ နန်းခင်ဇေယျာ နာမည်ကြီးမှ ဘွားကနဲ လိုက်ပေါ်လာတာပါလဲ ?

အဖြေက ရှင်းရှင်းလေးပါ။

နန်းခင်ဇေယျာ ကိစ္စမှာ မြန်မာတွေရဲ့ နှစ်ပေါင်းများစွာ မျိုသိပ် ဖုံးကွယ်ထားတဲ့ မျိုးချစ်စိတ်ဓါတ်ကြောင့် သွေးစည်းညီညွတ်မှု အတိုင်းအတာဟာ ဘွားကနဲပေါ်လာတဲ့အခါ ..

စီးပွားရေးသမား ကိုယ်ကျိုးရှာ အခွင့်အရေးသမား တွေအတွက်လဲ မြန်မာတွေ အပေါ် အင်မတန် ထိရောက်စွာ အသုံးပြု သိမ်းသွင်းနိုင်တဲ့ စိတ်ဓါတ်စစ်ဆင်ရေး နည်းဗျူဟာ အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒီတော့ မြန်မာတွေဟာ ငြှိုးမှိန်နေတဲ့ တိုင်းပြည်ရဲ့ နာမတော်ပြန်လည် လင်းလက်တောက်ပလာဖို့ကို ရာစုနှစ် တစ်ခု နီးပါး စောင့်နေခဲ့ရတဲ့အခါ ...

အမှောင်ထုထဲမှာ မျှော်လင့်ချက် အလင်းရောင်လေးတွေ ဖျော့တော့တော့ ဝိုးတစ်ဝါး မြင်လိုက်ရရင်ကို

အမိမြေအတွက် အဆုံးစွန်းအထိ သွေးနီးတတ်ကြတယ် တက်ညီလက်ညီ စည်းလုံးတတ်ကြတယ် ဆိုတဲ့ အချက်ကို ပါးနပ်နားလည်စွာ အသုံးချလိုက်ခြင်းဘဲ ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဒီစာဟာ ဒီမနက် ရလာတဲ့ သူငယ်ချင်းတွေ FAN တွေ ရဲ့ အသိပေးစာ ပို့စာ တိုင်စာ :D တွေ အပေါ် တုံ့ပြန်ရေးသားပေးခြင်းဖြစ်ပါတယ်။

Personally, နဒီတေလာ ဟာ ကျွန်တော့် အတွက် နိုင်ငံခြားမှာနေတဲ့ မြန်မာမတစ်ယောက် ထက် ဘာမှ မပိုပါဘူး။

ပိုခွင့်လဲ ဘယ်တော့မှ ပေးနိုင်မှာမဟုတ်ပါဘူး။

မှတ်ချက်။ ။ ဒီစာဟာ ဒီမနက် ရလာတဲ့ သူငယ်ချင်းတွေ FAN တွေ ရဲ့ အသိပေးစာ ပို့စာ တိုင်စာ :D တွေ အပေါ် တုံ့ပြန်ရေးသားပေးခြင်းဖြစ်ပါတယ်။

Personally, နဒီတေလာ ဟာ ကျွန်တော့် အတွက် နိုင်ငံခြားမှာနေတဲ့ မြန်မာမတစ်ယောက် ထက် ဘာမှ မပိုပါဘူး။

ပိုခွင့်လဲ ဘယ်တော့မှ ပေးနိုင်မှာမဟုတ်ပါဘူး။

ဒီတော့ သူငယ်ချင်းတွေအားလုံး မေးထားတဲ့ အဓိက မေးခွန်းကို ဦးတည်ပြီး နောက်ဆုံးဖြေချင်ပါတယ်။

" နဒီတေလာ ဟာ Prostitute (ပြည့်တန်ဆာ) တစ်ယောက်ဖြစ်နေရင်တောင် မြန်မာ ဆိုတဲ့ စလွယ်ကြောင့် အားပေးသင့်သလား ? " ဆိုတာကိုပေါ့။

အဖြေကရှင်းပါတယ်။

တကယ်လို့ နဒီတေလာ ဟာ နန်းခင်ဇေယျာလို မြန်မာပြည်တွင်းကနေ ရွေးချယ်တင်မြှောက်ခံရလို့ အမိမြေကို ကိုယ်စားပြု လာရောက်ယှဉ်ပြိုင်နေတာဆိုရင်တော့ ..

သူဟာ မော်ဒယ်မကလို့ ကိုယ်လုံးတီး ပုံတွေ အပြာကားတွေ ဘဲ ရိုက်နေတဲ့ ကြေးအကြီးစား Pro Prostitute ဘဲ ဖြစ်နေခဲ့ပါစေ ..

ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ WEBSITE တွေ FaceBook Fan Page တွေ အားလုံးမှာ

" We Proudly Support Our Miss Prostitute Of Myanmar 2012 " ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်။

သူဟာ မြန်မာ့ မြေကနေ မြန်မာတွေအတွက် လာရောက်ယှဉ်ပြိုင်သူဆိုတာ တစ်ချက်ထည်းနဲ့တင် သူဘာလုပ်နေတယ်ဆိုတာကို ကျွန်တော်တို့ လုံးဝ မေ့ထားပေးလို့ရပါတယ်။ဒါပေမယ့် အခုက အဲ့ဒိလို လုံးဝ မဟုတ်တာကို ကွဲပြားစွာ နားလည်ထားဖို့ သိပ်အရေးကြီးပါတယ်။


(မှတ်ချက်။ ။ Prostitute ဆိုတာကို ခုလို သုံးနှုန်းရတာဟာ တိုက်ရိုက် နှိုင်းယှဉ်လာတာတွေ ရှိလို့ ဒီတိုင်း ပြန်အသုံးပြုရခြင်းဖြစ်ပါတယ်။

နဒီတေလာ ကိုရော တကယ်ဘဲ Prostitute လုပ်နေတဲ့/မလုပ်နေတဲ့ ဘယ်မြန်မာအမျိုးသမီးကိုမှ စော်ကားလိုစိတ်မရှိပါဘူး။

အများသိပြီးတဲ့ အတိုင်း ကျွန်တော်တို့ မြန်မာပြည်မှာ ဆင်းရဲလွန်းရှာလို့ မိဘအတွက် မောင်နှမတွေအတွက် ခန္တာကိုယ်ကို ရောင်းချနေရတဲ့ ကံဆိုးရှာသူ မြန်မာ အမျိုးသမီးလေးများစွာ ယနေ့ခေတ်မှာ ရှေးယ္ခင်ကထက် များစွာ တိုးပွားလာနေပါတယ်။

သူတို့ကို ကျွန်တော်တို့ အားလုံး အဲ့ဒိဘဝတွေကနေ လွတ်မြောက်အောင် ကယ်တင်ဖို့ ဆိုတဲ့ အမျိုးသားရေး တာဝန်လဲရှိပါတယ်။

မချိုးနှိမ်သင့်ပါဘူး။

တိုင်းပြည်အခြေအနေ နဲ့ ဘဝပေး ကုသိုလ် ကံမကောင်းအကြောင်းမလှလို့ Prostitute ဖြစ်နေကြရတာ ကာယကံရှင်တွေရဲ့ ဆန္ဒအလျောက် ရွေးချယ်မှု မဟုတ်တဲ့အတွက် ကျွန်တော်ခုလိုဘဲ ဝမ်းနည်းစွာ သုံးစွဲလိုက်ရတယ်ဆိုတာ အသိပေးတောင်းပန်လိုက်ပါတယ်။)

ဒီတော့ အားလုံးဘဲ မိမိအခွင့်အရေး ကို ကောင်းမွန် ပါးနပ်စွာ အသုံးချပါ။

နဒီတေလာကို ထောက်ခံပါ မထောက်ခံပါ နဲ့ ကျွန်တော်တို့ ခုထိ ဘယ်သူ့ကိုမှ လုံးဝ မတိုက်တွန်းပါဘူး။

နဒီတေလာကို ဘာဖြစ်ဖြစ် ထောက်ခံမယ်ဆိုသူတွေကိုလဲ လွတ်လပ်စွာ ကွဲလွဲခွင့် အရ နားလည်ပါတယ်။မဆုံးဖြတ်ရသေးတဲ့သူတွေ မမြင်ဖူးသေးတဲ့သူတွေ အတွက် လဲ သူမရဲ့ ပုံတစ်ချို့ ကို အောက်မှာ ပူးတွဲတင်ပြပေးထားပါတယ်ခင်ဗျာ။


Nadi Taylor ၏ အင်တာနက်တွင် ရေပန်းစားနေသော ပုံများ




Tuesday, January 14, 2014

တာဝန်ကလေးကျေပြီး ကျင့်ဝတ်ကလေးတော့ စောင့်စေချင်




ဒီအလုပ်ကို လက်ခံပြီး လစာယူပြီး သူဌေးမကောင်းကြောင်းမပြောရဘူးလို့ ဘယ်ဥပဒေကမှ ထုတ်မထားပါဘူး။ ပြောလို့ရပါတယ် ဒါပေမယ့် အဲဒီလက်ရှိ ယူထားတဲ့ လစာနဲ့ တန်တဲ့ တာဝန်နဲ့ တန်တဲ့
လုပ်အားကိုတော့ ပေးဆပ်ရပါလိမ့်မယ်။ လစာတော့စား အလုပ်ထဲကန့်လန့်တိုက်ပြီးအလုပ်မလုပ်ရင်
အဲဒါ ခိုးတာပါပဲ။

ပြည့်တန်ဆာတစ်ယောက်တောင်မှ သူအခကြေးငွေယူပြီးရင် သူ့ရဲ့ Customer ကို အဲဒီငွေကြေး နဲ့တန်တဲ့ စိတ်ကျေနပ်မှု ၀န်ဆောင်မှုပေးရတာ ပြည့်တန်ဆာတွေရဲ့ ကျင့်ဝတ်ပါ။

အဲဒီလိုပဲ ကျွန်တော်တို့နိုင်ငံက အမတ်တွေလဲ တစ်နေ့တစ်နေ့လွှတ်တော်မှာ သမ္မတ၊ လွှတ်တော်ဥက္ကဌ၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ၊၀န်ကြီး၊ဌာနဆိုင်ရာ၊စစ်တပ်တွေကိုပဲ ဝေဖန်ထောက်ပြငြင်းခုန်ပြောဆိုနေကျတယ်။

လွှတ်တော်သက် ၅ နှစ်မပြည့်ခင် ကိုယ့်ကို မဲပေးထားရတဲ့ပြည်သူတွေမျက်နှာကိုငှဲ့ပြီး ကိုယ်သက်ဆိုင်ရာ မဲဆန္ဒနယ်မှာကျောင်းပြင် လမ်းပြင်၊ဆေးရုံအဆင့်တိုး၊ မီးရဖို့၊ လမ်းသစ်ဖောက် ရေတွင်းရေကန်ဆောက် အရေးပေါ် ဆေးခန်းတွေ တိုးချဲ့ဆောက်၊ ဆရာ ဆရာမတောင်း အဲဒါတွေကို လုပ်ဖူးတယ်ရှိအောင် လုပ်ကြည့်ကျပါလာ။ အဘဦးသိန်းညွှန့်တို့လိုပေါ့။

တောင်းလဲ သူတို့က အာဏာကြီးတယ် အဖွဲ့တောင့်တယ် ဘာမှရမှာမဟုတ်ဘူးဆိုတဲ့ အမုန်းဆင်ခြေတွေ ပေးတတ်ကျတယ်။ ပြည်သူတွေကလဲ အမုန်းဓါတ်ခံရှိသူများတော့ ယုံတယ်။ ကဲ လက်မခံဘူး ချမပေးဘူးပြောရအောင် ဘယ်အမတ်က ဂျက်နဲ့လက်နဲ့ တောင်းဖူးလဲ။

သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် ညှိုနှိုးဖြေရှင်းတောင်းဆိုရမှာက အမတ်အလုပ်ပါ။ပေးတာ မပေးတာက သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အစိုးရအလုပ်ပါ။

ကိုယ့်အလုပ် ကိုလုပ်နေဖို့ပဲလိုတာပါ။ အလုပ်တိုင်းမှာ သက်သေအထောက်အထားဆိုတာ ရှိတယ်လေ။ မှန်မှန်ကန်ကန်တောင်းဆိုတာ ကိုပေးနိုင်ရဲ့သားနဲ့ မပေးရင် အဲဒါ အစိုးရအပြစ်။ အမတ်တာဝန်ကျေ
တယ်လေ။

အလုပ်မလုပ်ပဲ လွှတ်တော်အမတ်လစာယူထားရင်တော့ ဒါလစာဆိုသော်ငြားလဲ တန်ရာတန်ကြေး လုပ်အားမပေးတဲ့အတွက် ပြည်သူ့ဆီက ခိုးတာပါပဲ၊ လွှတ်တော်ထဲ မငြင်းပဲ မပြောပဲ အိပ်နေလဲ အဂတိ
လိုက်စားတာပါပဲ..

(Thiha Maung Maung)

ဘယ်သူ သမ္မတ လုပ်မလဲ





( ပြည်သူ့ခေတ် ဂျာနယ်မှာရေးခဲ့တဲ့ ဆောင်းပါး။ သမ္မတ ဆိုတာက နိုင်ငံတော်ရဲ့ အထွတ်အထိပ်ဆိုတော့
သမ္မတ ဖြစ်လိုသူများ အစစအရာရာ ကြိုတင်ဖြည့်ဆည်းထားနိုင်လေ တိုင်းပြည် ဂုဏ်တက်နိုင်လေလို့ ပြောရင် မှားမယ်မထင်။ )

အခုအခါမှာ သမ္မတရာထူးအတွက် ရည်မှန်းချက်ထားပြီး နိုင်ငံရေးလုပ်နေသူများ အလျှိုအလျှိုပေါ်ပေါက်လာနေပါတယ်။ သမ္မတဖြစ်လိုကြောင်းလူသိရှင်ကြား ထုတ်ဖေါ်ပြောဆို
သူများရှိကြသလို လူမသိသူမသိ ကြိတ်ပြီးကြိုးစားနေကြသူများလည်းရှိမှာမုချပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ်ကို ထူထောင်နေကြတဲ့ အခုလိုကာလမျိုးမှာ နိုင်ငံတော်ရဲ့ အထွတ်အထိပ်ရာထူးကိုရယူလိုကြတယ်ဆိုတာ ကောင်းပါတယ် လို့ ယေဘူယျ အားဖြင့် ပြောရမှာပါပဲ။သမ္မတဘယ်သူဖြစ်မလဲဆိုတဲ့ကိစ္စအပေါ်စိတ်ပါဝင်စားမှုကလည်း ပြည်တွင်း ပြည်ပမှာ
တစ်နေ့တစ်ခြား မြင့်တက်လာနေပါတယ်။ လူထုနဲ့ နိုင်ငံတကာကလည်း ဂရုတစိုက်စောင့်ကြည့်နေကြ
ပါပြီ။

အာဏာရှင်ခေတ်လိုမဟုတ်ဘဲ သမ္မတရာထူးရရင် အမှန်တစ်ကယ် လူထုနဲ့ နိုင်ငံတော်အကျိုးကို သယ်ပိုးရမယ်ဆိုတာ အခု သမ္မတရာထူးရည်မှန်းကြသူများရော အားလုံးသော နိုင်ငံရေးသမားများပါ သိရှိနားလည်ကြပါတယ်။ ဒီတော့ အခု ခေတ်စနစ်ပြောင်းလာပြီးတဲ့နောက်ပိုင်း သမ္မတ တာဝန်ထမ်းဆောင်လိုတယ်ဆိုတာ အာဏာအတွက်၊ အခွင့်အရေးအတွက် တစ်နည်းအားဖြင့် လူထုကိုဖိနှိပ်ပြီး ကိုယ်ကျိုးရှာဖို့အတွက် မဟုတ်ဘူးဆိုတာတော့ သမ္မတရာထူးရည်မှန်းသူတို့ သိပြီးဖြစ်မှာပါ။ သမ္မတဖြစ်ခဲ့ရင် တစ်ကယ်လည်း လူထုနဲ့နိုင်ငံတော်အကျိုးကို ဦးလည်မသုံထမ်းရွက်ဖို့
ရည်မှန်းထားတယ်လို့ မှတ်ယူရပါတယ်။ ဒီတော့ လူထုကို နိုင်ငံတော်ကို အလုပ်အကျွေးပြုချင်လို သမ္မတ ဖြစ်ချင်ကြတာမို့ ကြိုဆိုကြရမှာပါ။

ဒါပေမယ့် သမ္မတ လုပ်လိုသူများအပါအဝင် နိုင်ငံရေးသမားအားလုံးသတိပြုသင့်တာတွေရှိပါတယ်။ ဒီမိုကရေစီခေတ်မှာ နိုင်ငံတော်အကြီးအကဲဆိုတာက အကြွင်းမဲ့အာဏာရှင်မဟုတ်ဘဲ တစ်ကယ်တမ်းက နိုင်ငံတော်နဲ့ လူထုရဲ့ ကျေးကျွန်ဖြစ်တယ်ဆိုတာပါ။ နိုင်ငံတော်နဲ့ လူထုကို အလုပ်အကျွေးပြုခွင့် ရဖို့ ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်။ သမ္မတတစ်ယောက်ဟာ နိုင်ငံတော်ရဲ့ အထွတ်အထိပ်ဖြစ်တာနဲ့ အညီ စံပြပုဂ္ဂိုလ်ဖြစ်ဖို့လိုပါတယ်။ လူထုအတွက် အနစ်နာခံဖို့ ကိုယ်ကျိုးစွန့်ဖို့လိုအပ်သလို မိမိရဲ့ကိုယ်စွမ်းကိုယ်စကို အစွမ်းကုန်မြှင့်တင်ဖို့လိုအပ်ပါတယ်။ ရိုးသားဖြောင့်မတ်ပြီး နှလုံးရည်ပြည့်ဝဖို့လိုအပ်သလို အမြော်အမြင်၊ ဆင်ခြင်တုံတရားတို့နဲ့ပြည့်စုံဖို့လိုအပ်ပါတယ်။ အများက လေးစားကြည်ညိုချစ်ခင်တဲ့သူဖြစ်ဖို့ လိုအပ်သလို မိမိရဲ့ လုပ်ငန်းတာဝန်ကို ကောင်းစွာစီမံဆောက်ရွက်နိုင်ူဖြစ်ဖို့လည်းလိုအပ်ပါတယ်။

သာမန်အာဖြင့် လူဆိုတာက အတ္တဗဟိုပြုတဲ့ သတ္တဝါဖြစ်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ မိမိအတ္တအတွက်သာ ရှင်သန်တယ်ဆိုတာ ပြသနာ သိပ်မရှိလှပေမယ့် နိုင်ငံတော်အကြီးအကဲတာဝန်
ကိုယူမယ့် ပုဂ္ဂိုလ်များကတော့ အတ္တကို လျှော့နိုင်သမျှလျှော့ချဖို့လိုအပ်ပါတယ်။ မိမိအတ္တကို မလျှော့နိုင်ဘဲနဲ့ နိုင်ငံတော်အကြီးအကဲတာဝန်ကိုဘယ်သူမှ အောင်မြင်အောင် ထမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ အာဏာရှင်ခေတ်မဟုတ်တော့တာနဲ့ အညီ သမ္မတတစ်ယောက်ရဲ့ လုပ်ရပ်မှန်သမျှဟာ အားလုံးရဲ့ စောင့်ကြည့်အကဲဖြစ်မှု ၊ ဝေဖန်မှုနဲ့ဘယ်တော့မှ လွတ်ကင်းဖို့မရှိပါဘူး။
စေနတာမှန်နဲ့ မဆောင်ရွက်နိုင်ဘူး၊ အရည်အသွေးကလည်းပြည့်မီခြင်းမရှိဘူး၊ အာဏာရှင်ဆန်ဆန်လည်း လုပ်တတ်ကိုင်တတ်တဲ့အကျင့်စွဲတယ်ဆိုရင် အဲဒီသမ္မတ ဟာ ဘယ်တော့မှ တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့မလွယ်ပါဘူး။ နိုင်ငံအတွက်လည်း အခက်အခဲတွေ
ပြသနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီမိုကရေစီထူထောင်ဖို့ ကြိုးစားခါစ အခုလိုအချိန်မျိုးမှာ ပိုအရေးကြီးပါတယ်။ မှတ်ကျောက်အတင်ခံရဲတဲ့ လိပ်ပြာမျိုးကိုပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်များသာနိုင်ငံတော်
အကြီးအကဲ ရာထူးကို မှန်းသင့်တာဖြစ်ပါတယ်။သက်တိုင်ရာပါတီများကလည်းဂရုတစိုက် သေသေချာချာ
ရွေးချယ်ဖို့လိုအပ်ပါတယ်။

အာဏာရှင်ခေတ်က လွတ်မြောက်စ လူ့ဘောင်အဖွဲ့အစည်းတစ်ခုကို အဆင့်မြှင့်တင်ဖို့ အတွက် တတ်စွမ်းသမျှထမ်းရွက်ကြတာဖြစ်လို့ နိုင်ငံရေးလောကမှာရှိတဲ့ သူများဟာ ယျေဘူယျအားဖြင့် ဂုဏ်ပြုရမယ့်သူများပါ။ ခေတ်ပြောင်းစနစ်ပြောင်းကာလမှာ နိုင်ငံတာဝန်ထမ်းတယ် နိုင်ငံရေးလုပ်တယ်ဆို
တာ ခေတ်ကောင်းစနစ်ကောင်းမှာ
နိုင်ငံရေးလုပ်ရတာထက်ပိုခက်ခဲပါတယ်။ စေတနာမပါဘဲနဲ့လည်းရေရှည်လုပ်နိုင်ဖို့မလွယ်တာကြောင့်
တစ်ကယ်တမ်းရေရှည်လုပ်နိုင်တဲ့သူ ကိုယ်ကျိုးမကြည့်တဲ့သူများကို အားလုံးကလေးစားဂုဏ်ပြုကြမှာပါ။
နိုင်ငံရေးခေတ်က အခုမပြန်စတာလို့ပြောလို့ရပါတယ်။ ရေရှည်မှာ ဘယ်သူတွေကဘယ်လောက်လုပ်နိုင်မယ်ဘယ်သူတွေက နိုင်ငံရေးနယ်ပယ်ထဲကနေထွက်ပြေးကြမယ်ဆိုတာ
ဘယ်သူမှတပ်အပ်သေချာမပြောနိုင်ပါဘူး။ အတိုက်အခံဘက်မှာရော အာဏာရပါတီဘက်မှာပါ
စေတနာမှန်သူ မမှန်သူ၊ ရိုးသားသူ မရိုးသားသူ၊ အရည်အချင်းပြည့်မီသူ မပြည့်မီသူ ဆိုတာရှိမှာပါ။
အစိုးရသက်တမ်းနှစ်ခုလောက်အတွင်းမှာ နိုင်ငံရေးသမားကောင်းတွေကို မှတ်ကျောက်တင်ပေးနိုင်
ပါလိမ့်မယ်။ အခွင့်အရေးယူမရ ကိုယ်ကျိုးရှာလို့မရနိုင်တာကြောင့် အဆင့်မမီတဲ့ သူတွေလည်း ဒီသက်တမ်းနှစ်ခုလောက်တွင်းမှာပဲတော်တော်များများ နိုင်ငံရေးထဲကနေ ထွက်ကုန်ကြပါလိမ့်မယ်။
အရေးကြီးတာက ဒီမိုကရေစီ မခိုင်မာခင် မပျက်စီးဖို့ပါ။ လမ်းချော်မသွားဖို့ပါ။

အာဏာရပါတီက ပိုဂရုစိုက်သင့်တယ်လို့ ယူဆပါတယ်။ တပ်ကလူဟောင်းတွေအများစုနဲ့ဖွဲ့စည်း
ထားတဲ့ပါတီဖြစ်ပြီး ဒီမိုကရေရက်အဖြစ်လေ့ကျင့်နေကြရတာချင်းအတူတူ စစ်သားတွေက အရပ်သားထက် ပိုခဲရာခဲဆစ်လုပ်ရမယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါ။ အခု အပြောင်းအလဲဟာ အလွန်ညင်သာပြီး ပြည်တွင်းပြည်ပက လက်ခံအသိအမှတ်ပြုခဲ့ကြတယ်ဆိုတာအာဏာရပါတီဝင်
တွေအားလုံးက တော်လွန်းလို့မဟုတ်ပါဘူး။ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်ဲးံရတဲ့ပုဂ္ဂိုလ်ရဲ့ ပုံရိပ်ကောင်းမှု ၊ အရည်အချင်းပြည့်မီမှု၊ သမ္မတ တာဝန်နဲ့ ထိုက်တန်မှုတို့ကြောင့်သာဖြစ်ပါတယ်။
ပြသနာတွေ အခက်အခဲတွေ အားနည်းချက်တွေ အမြောက်အများရှိနေတာမှန်ပေမယ့် နှစ်ငါးဆယ်
အာဏာရှင်စနစ်ကြီးစိုးခဲ့တဲ့နိုင်ငံတစ်ခုကို အခုလိုတည်တည်ငြိမ်ငြိမ်နဲ့ လမ်းကြောင်းမှန်ပေါ်မှာ ထိန်းထားနိုင်ဖို့ဆိုတာ အရည်အသွေးနဲ့ စေတနာမရှိရင် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ငြင်းလို့မရပါ။
မြန်မာ့နိုင်ငံရေးလောကမှာ ခေါ်င်းဆောင်ကောင်းရှားပါးတာနဲ့အညီ ပေါ်ပေါက်လာတဲ့ ခေါင်းဆောင်တစ်
ယောက်ကို တန်ဖိုးထားကြရပါမယ်။ အသိအမှတ်ပြုကြရပါတယ်။အာဏာရပါတီအနေနဲ့လည်း လက်ရှိသမ္မတရဲ့ တန်ဖိုးကို မှန်မှန်ကန်ကန်ရှုမြင်ပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ကို တစ်နည်းနည်းနဲ့ တာဝန်တစ်ရပ်ရပ် တာဝန်ထမ်းဆောင်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်သင့်ပါတယ်။ ပါတီရဲ့ပုံရိပ်ကိုမြှင့်တင်နိုင်ဖို့ လက်ရှိသမ္မတရဲ့စွမ်းဆောင်နိုင်မှုကိုလက်မလွှတ်သင့်ပါဘူး။
နိုင်ငံတော်အကြီးအကဲနေရာကိုရယူတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်သိက္ခာရှိပြီးနိုင်ငံတော်နဲ့လူထုအပေါ် စိတ်သဘောထားမှန်ကန်တယ်လို့ အများကယူဆနိုင်လောက်အောင် လိပ်ပြာသန့်သူ
ဖြစ်နေတာကြောင့် နိုင်ငံတကာက အရင်အစိုးရပေါ်မြင်ခဲ့တဲ့ အမြင်တွေပါ ပြောင်းပြန်လှန်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးကို ကောင်းသထက်ကောင်းအောင်ပံ့ပိုးကူညီကြတာဖြစ်ပါတယ်။
အာဏာရပါတီအပေါ် အပြစ်တင်မှုများ ရပ်တန့်သွားတာဖြစ်ပါတယ်။

၂၀၁၅ မှာ ဘယ်သူသမ္မတဖြစ်မယ် ပြောလို့မရသေးပါဘူး။ အခြေခံဥပဒေကို ဘယ်လောက်အတိုင်းအတာထိပြင်လို့ရမယ်ဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်။ ၂၀၁၅ အလွန်မှာ တစ်နည်းအားဖြင့် နောက်ထပ်တာဝန်ယူမယ့်သမ္မတလက်ထက်မှာ နိုင်ငံနဲ့လူထုလည်း နေ့ချင်းညချင်း ကြီးပွားချမ်းသာသွားဖို့ မဖြစ်နိုင်သေးပေမယ့် လူထုနဲ့ နိုင်ငံတကာက ၂၀၁၅မှာ တက်လာမယ့် အစိုးရကို
အများကြီးမျှော်လင့်နေကြပြီဖြစ်တယ်ဆိုတာကို ပါတီများနဲ့ သမ္မတရာထူးရည်မှန်းကြသူများအနေနဲ့ ထည့်သွင်းစဉ်းစားဖို့လိုပါလိမ့်မယ်။ နိုင်ငံတော်အကြီးအကဲတာဝန်ယူပြီး နိုင်ငံနဲ့လူထု အကျိုးကို သယ်ပိုးလိုတာ ကောင်းတယ်လို့ပြောလို့ရပေမယ့် မိမိဘာသာမေးခွန်းထုတ်ကြဖို့လည်းသင့်ပါတယ်။
မိမိရဲ့စွမ်းဆောင်ရည်ကို စိတ်ချရဲ့လား၊ အများက လေးစားကြည်ညိုနိုင်ပါ့မလား၊ ၂၀၁၅ အလွန် မှာ အခုထက် ပိုမိုများပြားလာမယ့် စိန်ခေါ်မှုများကို ဖြေရှင်းကျော်လွှားနိုင်တဲ့ အရည်အချင်းရှိရဲ့လား၊ နိုင်ငံရေး စီးပွားရေး ပညာရေး လူမှုရေး ယဉ်ကျေးမှု စတဲ့ ကဏ္ဍအားလုံးကို လက်ရှိအခြေအနေထက် မြင့်မားအောင်စွမ်းဆောင်နိုင်ပါ့မလား မိမိဖာသာ ဆန်းစစ်သင့်ပါတယ်။

သမ္မတဆိုတဲ့ ဂုဏ်ပုဒ်ကို လိုချင်စိတ်တစ်ခုနဲ့ တော့ မရည်မှန်းသင့်ပါ။ ၂၀၁၅ မှာ သမ္မတတာဝန်ယူမယ့်ပုဂ္ဂိုလ်ဟာ အမှန်တစ်ကယ် စိတ်စေနာတာမှန်ကန်ပြီး ကိုယ်ရည်ကိုယ်သွေးလည်းပြည့်ဝခဲ့ရင် နိုင်ငံတော်နဲ့ လူထုရဲ့ကံကြမ္မာကို တစ်ဆစ်ချိုးပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ ရာဇဝင်သမိုင်းမှာလည်းမော်ကွန်းတင်ကျန်ရစ်မှာမုချပါ။
ဒီလိုမှ မဟုတ်လို့ စိန်ခေါ်မှုများကို ရင်ဆိုကျော်လွှားနိုင်ခြင်းမရှိခဲ့ရင်၊ ဒီမိုကရေစီကိုအစိုးရပထမသက်တမ်းကာလကထက် မြှင့်တင်ပေးနိုင်ခြင်းမရှိခဲ့ရင် မြန်မာလူထုရဲ့
မျှော်လင့်ချက်အိပ်မက်တို့ကို ဖျက်ဆီးသူအဖြစ် အများရဲ့ မုန်းတီးမှု၊ ပြစ်တင်ဝေဖန်မှုတို့ကို မလွဲမသွေရင်ဆိုင်ရမှာပါ။

ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ဒီမိုကရေစီခရီးရှည်ကိုတည်တည်ငြိမ်ငြိမ်နဲ့ဆက်လက်ချီ
တက်နိုင်ဖို့အစိုးရသစ်နဲ့ နိုင်ငံတော်ကို ဦးဆောင်မယ့်ပုဂ္ဂိုလ် ကို မှန်ကန်စွာရွေးချယ်တင်မြှောက်နိုင်ဖို့ဟာ
အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်တာကြောင့် သမ္မတရာထူးရည်မှန်းကြသူများနဲ့တကွ သက်ဆိုင်ရာနိုင်ငံရေးပါတီများအနေနဲ့ အထူးတလည်အလေးဂရုပြု ဆောင်ရွက်သင့်ပါကြောင်း
လူထုနဲ့ နိုင်ငံတော်အကျိုးကိုမျှော်လျက် လေးစားစွာတင်ပြလိုက်ရပါကြောင်း။

ပိုက်တင်

Monday, January 6, 2014

ရုပ်ရှင်မဟုတ်ခဲ့တဲ့ တိုက်ပွဲကြားက သူရဲကောင်း(သို့မဟုတ်) ဒုတပ်ကြပ် အောင်သိမ်း





'ဆရာကြီး သက်ဦး ခင်ဗျားဆီက အခြေအနေကောင်းလား"

"ကောင်းပါတယ် ရင်းမှူး ကျနော်ဘက်ကို စိတ်ချပါ ရင်းမှူး ရှေ့ဆက်တက်ဖို့ အဆင့်သင့်ပါပဲ"

"ဆရာ မောင်ဖြူ ခင်ဗျားကော ရရဲ့လား"

"ရပါတယ် အဘ ဒီကောင်တွေလောက်တော့ ကျနော်တောင့်ခံထားနိုင်ပါတယ်"

လဂျားယန် ဒေသ ပွိုင့် ၇၇၁ စခန်းသိမ်း တိုက်ပွဲမှာ ခမရ(၃၁၇) က တပ်ရင်းမှူး သူ့လက်အောက်က ရဲဘော်တွေကို ကွပ်ကဲနေတာပါ။

ကျည်ဆံတွေ လက်ပစ်ဗုံးတွေ မိုးရွာသလို တ၀ုန်းဝုန်းကျနေတဲ့ အချိန်မှာ သူ့အသံက ဆူညံပေါက်ကွဲသံတွေကို ဖြတ်၍ ရဲဘော်တွေကြားရအောင် အော်ပြောနေသည်။

ဒီတိုက်ပွဲက အရေးကြီးသည် လဂျားယန်ဒေသမှာ ရှိတဲ့ နယ်မြေအေးချမ်းရေး လုံခြုံရေးယူထားသည့် သူတို့ တပ်မတော်သားများစခန်းကို KIA တို့က ရိက္ခာပို့လို့ မရအောင် ၀ိုင်းပတ်ပိတ်ဆို့ထားသည်။ အုပ်ချုပ်မှု ကိစ္စဆောင်ရွက်ဖို့ တပ်များ ရုတ်သိမ်းပေးဖို့ KIA ဘက်ကို တောင်းဆိုသော်လည်း မဖယ်ပေးဘဲ လဂျာယန်းမှာ ရှိတဲ့ တပ်မတော်သားတွေကိုရိက္ခာပြတ်သေ အောင် ပတ်ပတ်လည်ကို ပို၍ ပိတ်ဆို့လာသည်။

ဒီပွိုင့် ၇၇၁ တောင်ကုန်းကလဂျားယန်ဒေသမှာ အမြင့်ဆုံး ကုန်းဖြစ်၍ ပတ်ဝန်းကျင်ကို စိုးမိုးထားသည်။ ဒီတောင်ကုန်းပေါ်မှာ နေ၍ KIA တို့က အနားကပ်လာသမျှ မြန်မာ့တပ်မတော်မှ တပ်တိုင်းကို ရိက္ခာပို့လို့မရအောင် ဒုက္ခပေးနေသည်။ နယ်မြေ လုံခြုံရေးယူထားသည့် တပ်များ ရိက္ခာပြတ်အောင်
ပိတ်ဆို့ထားသည်။

ဒီတိုက်ပွဲကို အောင်နိုင်မှ ပိတ်မိနေသူတွေ အသက်ရှင်မည်။ KIA တို့၏ ယုတ်မာသော အကြံကို ဖယ်ရှားနိုင်မှ မိမိတပ်မတော်သားများကို ကယ်တင်နိုင်မည်။

တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲက ပိုမိုပြင်းထန်လာသည်။

"ဟိုကောင် ရန်နိုင်လင်း မင်းသိပ်မတက်နဲ့ ငါ့အမိန့်ရမှလုပ်"

"အောင်သိမ်း မင်းအတင့်မရဲနဲ့ ဒီကောင်တွေ ဗုံးတွေအပေါ်က ပစ်ပစ်ချနေတယ် ၀ပ်နေစမ်း"

KIA တို့၏ မိုးကဲ့သို့ သွန်ချနေသော ကျည်ဆံတွေကို ခမရ(၃၁၇) တပ်ရင်းမှူးတစ်ယောက်
ဂရုမစိုက်အား သူ့တပည့်တွေကို ကြီးကြပ်ကွပ်ကဲနေသည်။


ထိုစဉ် KIA မှ ပစ်လိုက်သော လက်ပစ်ဗုံး တစ်လုံး ကြီးကြပ်ကွပ်ကဲနေသော တပ်ရင်းမှူး အနားသို့ ကျလာသည်။ အနားမှာက အရာရှိတွေရော အခြားစစ်သည်တွေလည်းရှိသည်။ လက်ပစ်ဗုံးနှင့် အနီးဆုံးက ဒုတပ်ကြပ် အောင်သိမ်း။ လျှပ်တပြက်မို့ သူ့မှာ စဉ်းစားချိန်မရ။ ရုတ်တရက် လက်ပစ်ဗုံးရှိရာ သို့ သူခုန်အုပ်လိုက်သည်။ တပ်ရင်းမှူးက လှမ်းအော်သည်။

"အားလုံးဝပ်"


" ဂျိမ်း..." ကနဲလက်ပစ်ဗုံး ပေါက်ကွဲသံက ဆူညံသွားသည်။ မြေစာများ ဖွာလန်ကျဲသွားသည်။
မီးခိုးများ က ပတ်ဝန်းကျင်ကို ဖုံးအုပ်သွားသည်။ အဖြစ်အပျက်က မြန်ဆန်လွန်းသည်။ အရာအားလုံးက
၎ စက္ကန့်ဝန်းကျင်အတွင်း ဖြစ်ပျက်သွားသည်။ မီးခိုးများကြားမှ တပ်ရင်းမှူး သူ့တပည့်ရှိရာသို့ လှမ်းကြည့်လိုက်သည်။

ကျန်တဲ့သူများလက်ပစ်ဗုံးထိမှာ စိုး၍ ခန္ဓာကိုယ်ဖြင့် ဖိအုပ်ခဲ့သော ရဲရင့်သည့် ဒုတပ်ကြပ် အောင်သိမ်း မမြင်ဝံ့စရာ သွေးအလူးလူးဖြင့် ခန္ဓာကိုယ်က တစ်စစီ။ တိုင်းပြည်အတွက် အသက်ကို စွန့်သွားသည်။

ကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက အကောင်းမဖြစ်တော့သော်လည်း ဒုတပ်ကြပ် အောင်သိမ်း၏ မျက်ဝန်းတစ်စုံက အကောင်းအတိုင်းရှိနေသေးသည်။ မပိတ်သေးသော ထိုမျက်ဝန်းထဲတွင် တစ်စုံတစ်ခုကို သူပြောချင်နေသည်။ သို့သော် ဒုတပ်ကြပ် အောင်သိမ်းမပြောနိုင်ရှာတော့။

တပ်ရင်းမှူးနှင့် အခြားသူတွေရဲ့ မျက်ဝန်းမှာ မခံချင်စိတ်၊ ယူကြုံးမရတဲ့ စိတ်နှင့်အတူ ၀မ်းနည်းကြေကွဲမှုများ အတိုင်းသား ပေါ်နေသည်။ သူ့ တပည့်ဘာပြောချင်ခဲ့သည်ကို တပ်ရင်းမှူး ကောင်းကောင်းသိလိုက်သည်။ ကျန်သူများလည်း သိပေလိမ့်မည်။ တပ်ရင်းမှူး သူ့တပည့်ကိုလှမ်းကြည့်ရင်း အံကိုတင်းတင်းကြိတ်ကာ ကတိတစ်ခုပေးလိုက်သည်။

"ငါ တို့ နိုင်ကို နိုင်ရမယ် အောင်သိမ်း..."


မြန်ဆန်လွန်းသည့် အဖြစ်အပျက်များကြားတွင် တွေဝေမနေအား။ ချက်ချင်းပင် ရန်သူကို ချေမှုန်းဖို့ တပ်ရင်းမှူး အမိန့်ပေးသံက ကျည်ဆံများကြားက ဟိန်းထွက်လာသည်။ "ပစ်..... ရဲသော်မသေ သေသော်ငရဲမလား... ပြည်သူ့တပ်မတော်သား ကွ"


ထိုတိုက်ပွဲကို သူတို့အောင်မြင်ခဲ့ပါသည်။ KIA ၏ လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့သည်။ ထောင်ချီသော ဗုံးသီးများ သောင်းချီသော ကျည်ဆံများကို KIA တို့ စွန့်ခွာ ထွက်ပြေးခဲ့သည်။ ထိုလက်နက်တွေကို KIA ဘယ်က ရသည်မသိ။ ထိုလက်နက်တွေကြားမှာ တပ်မတော်သားများ တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည်။ တရားသောစစ်အတွက် ရဲရင့်သူတို့ အောင်နိုင်ခဲ့သည်။


အသက်စွန့်သွားသော် တပ်မတော်သားများအတွက် သေချာသည်က သူတို့ တာဝန်ကျေပွန်ခဲ့သည်။ ရဲသော်မသေ သေသော်ငရဲမလား ဆိုသလို သေသည့်တိုင် ငရဲသို့ရောက်မည့်သူများမဟုတ် နိုင်ငံတော်
ကလည်း သူရဲကောင်းများအတွက် ဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့သည်။


ရုပ်ရှင်ထဲကလို လက်ပစ်ဗုံးပေါ်ကို တက်ဖိ၍ မိမိအသက်ကိုစွန့်လွှတ်ပြီး အများအသက်ကို ကယ်တင်ခဲ့သည့် ဒရမ်မာဆန်ဆန် ပြကွက်တစ်ခုမဟုတ် ။ လဂျားယန် ဒေသ ပွိုင် ၇၇၁ စခန်းသိမ်း တိုက်ပွဲ မှာ တပ်ရင်းမှူး နှင့် အရာရှိ စစ်သည် အများ စု ရှိနေတဲ့ နေရာ ကိုကျရောက်လာတဲ့ KIA ရဲ့ လက်ပစ်ဗုံးပေါ်သို့ အချိန် ၄ စက္ကန့်လောက်အတွင်းမှာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနှင့် မိမိအသက်ကို ငဲ့မကွက်ဘဲ မိမိခန္ဓာကိုယ်ကို ဖိ၍ အခြားသူများ ဗုံးဆန်မထိအောင် ကာကွယ်ပေးခဲ့သည့် ဒုတပ်ကြပ် အောင်သိမ်း၏ အဖြစ်အပျက်မှာ အမှန်တကယ်ဖြစ်ပေါ်ခဲ့သည်။

ရဲဝံ့ကိုယ်ကျိုးစွန့်သော ထိုစိတ်ဓာတ်အတွက် နှစ်ပေါင်း ၂၀ ကျော်အတွင်း အမြင့်ဆုံး ဘွဲ့ထူး ဂုဏ်ထူးဖြစ်လာသော တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့တစ်ခုဖြစ်သည့် သီဟသူရ ဘွဲ့ ပေးအပ်ချီးမြှင့် ခြင်းဖြင့် ဂုဏ်ပြုခဲ့သည်။ ထို့ပြင် ဒုတပ်ကြပ်မှ တပ်ကြပ်သို့ အဆင့်တိုးပေးခဲ့သည်။

တိုင်းပြည်၏ အနာဂတ်သည် လွတ်လပ်ရေး ရပြီးတည်းက ယမ်းခိုးယမ်းငွေ့များကြားထဲတွင် တောက်ပသင့်သလောက် မတောက်ပလာခဲ့။ နယ်မြေရယူလိုမှု၊ အာဏာရယူလိုမှု၊ မဖြေရှင်းနိုင်သေးသော ပြသနာပေါင်းစုံကြားထဲတွင် တိုင်းပြည်အတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်သွားသူ သူရဲကောင်းတွေမနည်း။ ထိုသူများအားလုံး တူညီသော
ခံစားချက် တစ်ခုတော့ရှိပေလိမ့်မည်။ မြင့်မြတ်သော သေဆုံးခြင်းကြောင့် နောင်တချိန်မှာ ငါတို့ တိုင်းပြည်ကြီး အေးချမ်းသာယာတိုးတက်လာလိမ့်မယ် ဟူသတည်း။



ပွိုင့် ၇၇၁ တောင်ကုန်းကို သိမ်းပိုက်ရရှိပြီးနောက် KIA တို့ စွန့်ပစ်ခဲ့သော
လက်နက်များကိုတွေ့ရစဉ်


ပွိုင့် ၇၇၁ တောင်ကုန်းကို သိမ်းပိုက်ရရှိပြီးနောက် KIA တို့ စွန့်ပစ်ခဲ့သော
လက်နက်များကိုတွေ့ရစဉ်

မနောမြေမှ သားမောင်စစ်သည်


Thursday, January 2, 2014

၂၀၁၄ နိုင်ငံရေးအခင်းအကျင်းကို လှမ်းမျှော်ကြည့်ခြင်း




ရေးသားသူ- အိဖြူလွင်၊ ရန်မျိုးနိုင်၊ မင်းဟိန်းကျော်

၂၀၁၄ ဇန်န၀ါရီ ၃၁ ရက်တွင် ပေါ်ထွက်လာမည့် အခြေခံဥပဒေလေ့လာသုံးသပ်သည့်အစီရင်ခံစာနှင့် ဇန်န၀ါရီနှောင်းပိုင်းတွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖ

ွဲ့များ၏ အပစ်အခတ်ရပ်စဲရေးမူဘောင်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲရလဒ်များသည် ၂၀၁၄ ၏ နိုင်ငံရေးဖြစ်စဉ်ကို အဓိကပုံဖော်ပေးမည့်ကိစ္စရပ်များဖြစ်သည်။

အာဆီယံဥက္ကဋ္ဌတာဝန်ကို ပထမဆုံးအကြိမ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည့် မြန်မာနိုင်ငံအတွက် ၂၀၁၄ ခုနှစ်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံများအပါအ၀င် ဥရောပနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကျယ်ပြန့်စွာဆက်သွယ်ဆက်ဆံမှုကိုရတော့မည် နှစ်တစ်နှစ်ဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်များ၏ ခြေလှမ်းအစအဖြစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို ဇန်န၀ါရီလတွင်ပင် ကျင်းပမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးများမှ ပေါ်ထွက်လာမည့် ရလဒ်များသည် ၂၀၁၄ ၏ နိုင်ငံရေးဖြစ်စဉ်ကို ပုံဖော်မည်ဆိုသော်လည်း ၂၀၁၄ ခုနှစ်တစ်နှစ်လုံးသည် သိသာထင်ရှားသော အပြောင်းအလဲများ တွေ့ရမည်မဟုတ်ဘဲ ထိပ်တိုက်တွေ့ဆုံမှုများ၊ စိန်ခေါ်မှုများနှင့် တအုံနွေးနွေးဖြင့်သာရှိမည့် နှစ်တစ်နှစ်လည်းဖြစ်နိုင်သည်။

“၂၀၁၄ ခုနှစ်ရဲ့အကြီးမားဆုံးရိုက်ခတ်မှုက ၁၀၉ ဦး ကော်မတီရဲ့ အစီရင်ခံစာကိစ္စဖြစ်လာမယ်။ အစီရင်ခံစာက ပြည်သူလိုလားတဲ့အနေအထားကို ရောက်မလား၊ မည်ကာမတ္တပဲဖြစ်မလားဆိုတာ ဘယ်သူမှမပြောနိုင်ဘူး”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီဝင်ဖြစ်သည့် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အဓိကကျသည့်ခေါင်းဆောင်များ အထူးသဖြင့် အတိုက်အခံနှင့် တပ်မတော်ကြားတွင် အခြေခံကျသော နားလည်မှု၊ နိုင်ငံရေးသဘောတူညီချက်မရှိသည့်အတွက် ဥပဒေပြင်ဆင်ရာတွင် မရေရာမှုများနှင့်အတူ အခက်အခဲအချို့ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ယူဆကြသည်။

၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အဆင်ပြေနေသည့် အသိုင်းအ၀ိုင်းက ယခုပြုပြင်ပြောင်းလဲမှုများကို အန္တရာယ်ဟုမြင်လာနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း ပိုမိုလွတ်လပ်သော အနေအထားများ ခံစားရရှိလာသဖြင့် ယခင်ကမျိုသိပ်ထားရသည့် အခြားတင်းမာမှုများ ပေါ်ထွက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်းက ၂၀၁၄ ခုနှစ်တွင် ကြုံတွေ့နိုင်သည့် နိုင်ငံရေးအခြေအနေကို သုံးသပ်ထားသည်။

“၂၀၁၄ မှာ သိပ်ပြီးတော့ပြင်းထန်တဲ့ လူမှုမငြိမ်သက်မှုတွေ ရုပ်ပျက်ဆင်းပျက် အားပြိုင်မှုတွေမဖြစ်အောင်လို့ အစိုးရပိုင်းက ထိန်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှာ မျက်နှာပျက်ရမယ့်ကိစ္စတွေကို ရှောင်ရှားချင်လိမ့်မယ်ထင်တယ်”ဟု နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ဦးမင်းဇင်ကပြောသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွင် အရေးပါသော ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် တပ်မတော်၊ လွှတ်တော်၊ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်းသည် ၂၀၁၄ ခုနှစ်တွင် အကောင်အထည် ပေါ်၊ မပေါ် မရေမရာသာရှိနေသေးသည်။

“တွေ့ဆုံမှုက ဖြစ်ရင်ဖြစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ အဓိကကျတဲ့အချက်တွေကို ပြင်ဖို့ကတော့ အရမ်းခက်ခဲမယ်ဆိုတာ သတိပြုဖို့လိုတယ်”ဟု မြန်မာနိုင်ငံရေးကျွမ်းကျင်သူ သတင်းစာဆရာတစ်ဦးဖြစ်သည့် ဘာတေးလ်လင့်တနာကသုံးသပ်သည်။

အတိုက်အခံခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ရန် မဖြစ်မနေပြင်ဆင်ရန် လိုအပ်နေသည့် ပုဒ်မ ၅၉(စ)ကို မပြင်ပေးပါကလည်း ရွေးကောင်ပွဲဝင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင်ပြောကြားလိုက်ပြီး အာဏာရပါတီကလည်း ပုဒ်မ ၅၉(စ)ကို ပြင်မည်ဟု ပြောကြားလိုက်သဖြင့် ခေါင်းဆောင်များကြားတွင် တစ်စုံတစ်ရာ အပေးအယူမှုများရှိနိုင်သည်ဆိုသော ခန့်မှန်းချက်များလည်းရှိလာသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းနှင့် တိုင်းရင်းသားများ၏ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများသည် အပြန်အလှန်ဆက်စပ်မှုများရှိနေသည်ဖြစ်ရာ “အခြေခံဥပဒေမပြင်နိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် သူရဦးအောင်ကိုက ထောက်ပြသည်။

“ဒီနှစ်ထဲမှာတော့ တိုင်းရင်းသားတွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ဖြစ်ရင်ဖြစ်နိုင်မယ်။ ဒါပေမဲ့ အဖြေရတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကတော့ ပြီးပြတ်မယ်မထင်ဘူး။ နောက်တစ်ခုက သမ္မတဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကို တစ်စုံတစ်ရာအာမခံချက်ရတဲ့အထိ ပြီးပြတ်စေချင်တယ်။ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ ကတိက၀တ်မျိုးရတဲ့အထိ ဖြစ်စေချင်တယ်”ဟု တိုင်းရင်းသားလက်နက်ကိုင်များ၏ အရေးနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူဖဒိုမန်းငြိမ်းမောင်ကပြောသည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသားဖြစ်သည့် လက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲအချို့ ဆက်ရှိနေဆဲဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နှင့်လည်း အပစ်အခတ်ရပ်စဲရေးမရရှိသေးခြင်းက ၂၀၁၄ အတွက် နှစ်အဆက်ဆက် လက်ဆင့်ကမ်းပြဿနာအမွေဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ တိုင်းရင်းသားဒေသအချို့တွင်လက်နက်ကိုင်တိုက်ပွဲများနှင့် လူမျိုးရေးပဋိပက္ခများအတွက် စိုးရိမ်ပူပန်မှုများရှိနေချိန်တွင် အင်အားကြီးပါတီများကလည်း ၂၀၁၅ ရွေးကောက်ပွဲအကြိုပြင်ဆင်မှုများက သက်ဝင်လှုပ်ရှားလာတော့မည်။

“ဒီအချိန်မှာ စီးပွားရေးမူဝါဒကို ချပြရတော့မယ့်အချိန်ဖြစ်နေပြီ။ အချိန်ကသိပ်မရှိတော့ဘူး။ ရှေ့နှစ်မှာ အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးဇုန် (AFTA)ကလည်း လာတော့မယ်။ ရွေးကောက်ပွဲကလည်း လာတော့မယ်။ ဒီတော့ စီးပွားရေးမူဝါဒကိုရေးရမယ်။လူပြိန်းကြိုက်နိုင်ငံရေးတွေ၊ ကြွေးကြော်သံတွေနဲ့ သွားရမယ့်အချိန်မဟုတ်တော့ဘူး”ဟု ဥရောပသမဂ္ဂ၏ စီးပွားရေးဆိုင်ရာ ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် ဦးမင်းတေဇာညွန့်တင်ကပြောသည်။

ယခုအချိန်သည် တိုင်းပြည်၏ မဟာဗျူဟာတစ်ရပ်ကို မည်သို့ပုံဖော်ဆောင်ရွက်မည်ဆိုသည်ကို ပြည်သူအားချပြစည်းရုံးခြင်းကို နိုင်ငံရေးပါတီများအနေဖြင့် ဦးစားပေးလုပ်ဆောင်သင့်သည်ဟု ထောက်ပြပြောဆိုမှုများရှိနေသည်။

သက်တမ်းကုန်ရန် အချိန်တဖြည်းဖြည်းနီးလာပြီဖြစ်သည့် နိုင်ငံတော်သမ္မတနှင့် အစိုးရသစ်အတွက်လည်း မီးကုန်ယမ်းကုန် အားထုတ်ရမည့်နှစ်လည်းဖြစ်သည်။

၂၀၁၄ ခုနှစ်သည် မြန်မာနိုင်ငံရေးတွင် အရေးပါမည့်နှစ်တစ်နှစ် ဖြစ်သော်လည်း တိကျသည့်ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာပြုလုပ်နိုင်ရေးသည် နိုင်ငံရေးခေါင်းဆောင်များ၏ အတ္တကင်းသော အမြော်အမြင်ရှိရှိ ဆွေးနွေးညှိနှိုင်းမှုများလိုအပ်ပြီး စေတနာကောင်းဖြင့် လုပ်ဆောင်မှုများအပေါ်တွင်သာ မူတည်နေသည်။

၂၀၁၄ တွင် လုပ်ဆောင်နိုင်မှသာ ၂၀၁၅ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ချောမွေ့စေမည်ဖြစ်သကဲ့သို့ ဒီမိုကရေစီအခြေခံကောင်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

Tuesday, December 31, 2013

တပ်မတော်သည် တိုင်းပြည်အတွက်



နိုင်ငံရဲ့လက်ရှိအခြေအနေကို လက်မခံနိုင်ကြတဲ့လူအချို့ဟာ NLD ခေါင်းဆောင် ဒေါ်စုကြည်ရဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းလာမှု မအောင်မမြင်ဖြစ်ပြီးနောက် တပ်မတော်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ် အဆက်မပြတ် ဝေဖန်ထိုးနှက်တိုက်ခိုက်လာတာကို သတင်း ဂျာနယ်များအပါအ၀င် မီဒီယာများမှာ တွေ့ရှိနေရပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်များကို အဓိကတာဝန်ယူထားတာဖြစ်ပါတယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား

စည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ရှိပါတယ်။ နိုင်ငံတော်ရဲ့ရှေ့အနာဂတ်ခရီးမှာ မမျှော်မှန်းနိုင်တဲ့ ဘေးအန္တရာယ်ဆိုးများ မကျရောက်ရလေအောင် အချုပ်အခြာအာဏာရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ကာကွယ်စောင့်ရှောက်သွားရမယ့် တာဝန်ရှိပါတယ်။



နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာမှာ နိုင်ငံတော်သမ္မတကြီးရဲ့ ညွှန်ကြားချက်နဲ့အညီ တပ်မတော်က လိုက်နာဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခိုင်အမာ ထုတ်ဖေါ်ပြောကြားထားပြီးဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အဖွဲ့အစည်းအချို့အနေနဲ့ ၄င်းတို့ရဲ့ဆန္ဒတွေ မပြည့်ဝ ကြတဲ့အခါ ပုတ်ခတ်မှုတွေ ပြုလုပ်ကြပါတယ်။ “ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတအထက်မှာ ရှိသလား”၊ တပ်ချုပ်ဟာဗီတိုအာဏာပိုင်ရှင်လား” စသည်ဖြင့် ထင်ရာမြင်ရာ ရေးသားလာကြပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်အစိုးရနဲ့ သမ္မတကြီးရဲ့ ကွပ်ကဲမှုအောက်မှာဘဲ ရှိတယ်ဆိုတာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပြောကြားချက်တွေမှာ ပါရှိပြီးဖြစ်ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကဏ္ဍများဟာ နိုင်ငံတော်ရဲ့ အဓိကမဏ္ဍိုင်သုံးရပ်ဖြစ်ပါတယ်။ တပ်မတော်ဆိုတာ နိုင်ငံတော်အစိုးရရဲ့ ကွပ်ကဲမှုအတွင်းက အဓိကကာကွယ်ရေး အင်အားစုတစ်ခုသာ ဖြစ်ပါတယ်။

 နိုင်ငံတော်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေမှာ တပ်မတော်က လိုက်ပါဆောင်ရွက်ပေး နေတာဘဲ ရှိပါတယ်။ နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူခဲ့တဲ့အချိန်ကစပြီး ယနေ့အထိ တပ်မတော် အနေနဲ့ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ၀င်ရောက်စွက်ဖက် အဟန့်အတားပြုလုပ်

ခဲ့ဖူးတယ်ဆိုတာလည်း မရှိခဲ့ပါဘူး။ လိုအပ်ချက်အရ လွှတ်တော်အတွင်းမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါဝင်ဆောင်ရွက်နေတာသာ ရှိပါတယ်။ ဒါဟာ နိုင်ငံရဲ့အသွင်ကူးပြောင်းရေးကာလမှာ အမှန်တကယ် လိုအပ်တာလည်း ဖြစ်ပါတယ်။ လွှတ်တော်အတွင်းမှာလည်း တပ်မတော်ကိုယ်စားလှယ်များဟာ အပြုသဘောဆောင်တဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်နေတာကို အများအသိ၊ လွှတ်တော်ကိုယ်စားလှယ်များလည်း အသိဘဲဖြစ်ပါတယ်။ အမှန် တကယ်ဆိုရင် တပ်မတော်သားကိုယ်စားလှယ်များက နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုများမှာ အနှောင့် အယှက်ပေးခဲ့တယ်ဆိုတာ မရှိခဲ့ပါဘူး။ တပ်မတော်အပေါ် အမြင်မကြည်လင်သူများနဲ့ ကိုယ်ကျိုး ထင်ပေါ်လိုသူအချို့ကသာ တပ်မတော်နဲ့ တပ်မတော်သားကိုယ်စားလှယ်များအပေါ် ဝေဖန်ပုတ်ခတ် တိုက်ခိုက်ခဲ့မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီကူးပြောင်းတဲ့နိုင်ငံများမှာ လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်မှုရာခိုင်နှုန်းဟာ အချို့နိုင်ငံများမှာ မြန်မာနိုင်ငံမှာထက် ပိုလို့များတာကို လေ့လာတဲ့သူများ သိရှိ နိုင်ပါတယ်။ သို့သော်လည်း အမှန်တရားကို လက်မခံလိုသူများနဲ့ လူပုဂ္ဂိုလ်အချို့ကတော့ လွှတ်တော် ထဲမှာ စစ်တပ်ကိုယ်စားလှယ်တွေရောက်နေတာ အလုပ်ကိုမဟုတ်ဘူးရယ်လို့ ခါးခါးသီးသီး ဝေဖန် ပြောဆိုနေကြတာလည်း ရှိပါတယ်။ ရှင်းအောင်ထပ်ပြောရရင် ဒီမိုကရေစီ ကူးပြောင်းတဲ့နိုင်ငံတွေမှာ စစ်တပ်က မလွှဲသာမရှောင်သာ ပါဝင်ကြရမြဲဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ ဒီမိုကရေစီရင့်ကျက်မှုအရ စစ်တပ်ရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်း လျှော့ချသွားရတာဘဲ ဖြစ်ပါတယ်။ ဒီလိုလျှော့ချနိုင်ဖို့ ပြည်သူ တစ်ရပ်လုံးနဲ့ ပြည်သူ့ကိုယ်စားလှယ်များဟာ ဒီမိုကရေစီအရည်အချင်းများ ပြည့်ဝလာကြရပါမယ်။ ကိုယ်ကိုယ်တိုင်က ဒီမိုကရေစီရေချိန်မပြည့်ဝသေးဘဲ တစ်ယောက်တစ်ပေါက် ထင်ရာစိုင်းပြီး ညီညွတ်မှု မရှိ၊ အထိန်းအကွပ်မဲ့နေရင်တော့ ထိန်းကျောင်းပေးတဲ့သူနဲ့ နေရတဲ့ခေတ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတော်အစိုးရဟာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို တစ်စိုက်မတ်မတ်ဆောင်ရွက်နေတာ မျက်ဝါးထင်ထင် တွေ့မြင်ကြ ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီအစိုးရသစ် စတင်တာဝန်ယူချိန်မှာ ဒီလို ပြုပြင်ပြောင်းလဲမှုတွေကို မြင်ကြရ လိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ရိုး အမှန်ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ပြုပြင်ပြောင်းလဲမှု တွေကို ဆက်တိုက်ဆောင်ရွက်လာတဲ့အခါ ပြည်သူအများစုက ၀မ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြရပါတယ်။ သို့သော်လည်း နိုင်ငံရေးအမြတ်ထုတ်လိုသူ အချို့ကတော့ ရလေလိုလေဆိုတဲ့ ပုံစံနဲ့ အစိုးရကို အကြပ် အတည်းဖြစ်အောင် ဖိအားပေးဆောင်ရွက်နေတာ တွေ့ကြရပါတယ်။ အခြေခံဥပဒေကို စောင့်ထိန်း လိုက်နာပါမယ်လို့ ကျမ်းသစ္စာကျိန်ဆိုထားသူများ ကိုယ်တိုင်ကပါ ၄င်းတို့ရဲ့ နိုင်ငံရေးအကျိုးအမြတ် ရလိုမှုအတွက် မလုပ်သင့်တာတွေ လုပ်လာကြတာကိုလည်း မြင်တွေ့ကြရပါတယ်။


ဥပဒေများရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းတွေကိုပြုလုပ်ဖို့ လွှတ်တော်မှာတာဝန်ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းပြီးဆောင်ရွက်နေပြီဖြစ်ပါတယ်။ တပ်မတော် ကတော့ ဖွဲ့စည်းပုံအခြေခံဥဒေအတိုင်း သူ့တာဝန်သူထမ်းဆောင်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေး နယ်ပယ်မှာ ပါဝင်စွက်ဖက်စေခြင်းမရှိဘဲ မိမိရဲ့မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေ ကိုသာ ထမ်းဆောင်နိုင်ဖို့ အားလုံးနဲ့ကင်းရှင်းစွာ ဆောင်ရွက်နေတာဖြစ်ပါတယ်။ နိုင်ငံရဲ့ ဒီမိုကရေစီ အရေးမှာရော ငြိမ်းချမ်းရေးဆောင်ရွက်မှုများမှာပါ တပ်မတော်က အဟန့်အတားဖြစ်အောင် လုပ်ဆောင် နေတာ တစ်ခုမှ မရှိခဲ့ပါဘူး။

ဒါကြောင့် ပြည်သူများအနေနဲ့ ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေများကို အမှန်အတိုင်း ရှုမြင် သုံးသပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူတစ်ဦးတစ်ယောက်အတွက် ရည်ရွယ်ကန့်သတ်ထားတဲ့ ဥပဒေတစ်ခုလား၊ လူတစ်ဦးတစ်ယောက်က မိမိအကျိုးအတွက် ဒီဥပဒေကို ပြင်ဆင်ချင်တာလား ဆိုတာကို ပြည်သူတွေက ကိုယ်ပိုင်စဉ်းစားခြင့်ချိန်ဆုံးဖြတ်ကြရမှာသာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်များမှာ တပ်မတော်က မပါဝင်လိုတာလား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တန်းတူအခွင့်အရေးကို အကြောင်းပြပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်ချင် ကြတာလား၊ စစ်မှန်တဲ့ပြည်ထောင်စုစနစ်ထက် လက်နက်ကိုင်စွဲပြီး ကိုယ့်ပြည်နယ်ဒေသအလိုက် တစ်ဗိုလ်တစ်မင်း ကြီးစိုးနေထိုင်လိုကြတာလား ဆန်းစစ်ရမှာဖြစ်ပါတယ်။ မီဒီယာများကိုလည်း ပြည်သူ လူထုကို သတင်းအချက်အလက်အမှန်တွေ ပေးချင်တာလား၊ ၄င်းတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လုပ်ကြံဖန်တီးပြီး လိုရာကိုဆွဲကာ ရေးသားနေကြတာလားဆိုတာတွေကိုလည်း သတိထားစောင့်ကြည့် ကြရမှာ ဖြစ်ပါတယ်။ တပ်မတော်ကတော့ တိုင်းပြည်အတွက်ပါဘဲ။

ပြည်ချစ်သား

Related Posts Plugin for WordPress, Blogger...