Showing posts with label KIA. Show all posts
Showing posts with label KIA. Show all posts

Wednesday, January 1, 2014

ကေအင်န်ယူ၊ ကေအိုင်အေနှင့် ရှမ်းလက်နက်ကိုင် အဖွဲ့ဝင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား စာရင်းဝင် ၃၅ ဦးမှာ သမ္မတ၏ နိုင်ငံရေးနှင့် ဆက်နွှယ်သည့် လွတ်ငြိမ်းသက်သာခွင့်တွင် ပါဝင်သော်လည်း အခြားပြစ်မှုများဖြင့် အကျဉ်းထောင်များတွင် ကျန်ရှိနေဆဲဖြစ်



လွတ်မြောက်လာမည့် အကျဉ်းသားများအား ဒီဇင်ဘာ ၃၁ ရက်က ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ကြိုနေသော မိသားစုဝင်များအား တွေ့ရစဉ်


ကေအင်န်ယူ၊ ကေအိုင်အေနှင့် ရှမ်းလက်နက်ကိုင် အဖွဲ့ဝင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား စာရင်းဝင် ၃၅ ဦးမှာ နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးနှင့် ဆက်နွှယ်သည့် လွတ်ငြိမ်းသက်သာခွင့်တွင် ပါဝင်သော်လည်း အခြားပြစ်မှုများဖြင့် အကျဉ်းထောင်များတွင် ကျန်ရှိနေဆဲဖြစ်သည်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။

နိုင်ငံရေး ပုဒ်မများဖြင့် ပြစ်ဒဏ်ခံနေရသူများအပြင် ကြားနာစစ်ဆေးဆဲ ခံနေရသူများနှင့် စုံစမ်းအရေးယူဆဲ ခံနေရသူများအား နိုင်ငံတော်သမ္မတရုံး (အမိန့်အမှတ် ၅၁/၂၀၁၃) ဖြင့် ဒီဇင်ဘာ ၃၀ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတက အမိန့်တစ်ရပ် ထုတ်ပြန်ကာ လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ စာရင်းမှာရှိနေတဲ့ အရင်စစ်အစိုးရ လက်ထက်မှာ ထောင်ကျခဲ့တဲ့သူတွေက များသောအားဖြင့် နိုင်ငံရေးပုဒ်မအပြင် အခြားပုဒ်မတွေနဲ့ တွဲပြီးတော့ ထောင်ကျခဲ့တာတွေ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ဒီစာရင်းထဲမှာ ရှိတဲ့သူတွေက နိုင်ငံရေးပုဒ်မ၊ မနေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ပုဒ်မတွေနဲ့တော့ သူတို့ဟာ ဒီပြစ်ဒဏ်တွေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပေမယ့် အခြားပြစ်ဒဏ်တွေ တခြားဒီထဲမှာ မပါတဲ့ ပုဒ်မတွေနဲ့ ကျခဲ့တဲ့ ပြစ်ဒဏ်တွေက ဆက်ပြီးတော့ ခံစားနေရတာ ရှိပါတယ်။ အဲဒါကြောင့်မို့ သူတို့ဒီနေ့ မလွတ်လာနိုင်ပါဘူး။ ထောင်ထဲမှာပဲ ဆက်ရှိနေကြပါတယ်” ဟု ဦးရဲအောင်က ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားသည်။

လက်ရှိတွင် အကျဉ်းထောင်များ၌ နိုင်ငံရေးပုဒ်မများအပြင် အခြားပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသူများ၊ နိုင်ငံရေးပုဒ်မ မပါသော်လည်း နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အခြားပုဒ်မများနှင့် ဖမ်းဆီးခံရပြီး ထောင်ကျနေသူများ စုစုပေါင်း ၃၅ ဦး ကျန်ရှိနေသေးပြီး အဆိုပါ ကျန်ရှိနေသူများအား အမြန်ဆုံး လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ ထိုသို့လွှတ်ပေးရန် နားလည်မှု ရရှိထားသည်ဟု ဦးရဲအောင်က ပြောပြသည်။

“ကျန်နေသေးတဲ့လူ ဒီ ၃၅ ဦးက အဓိကကတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်။ ကေအင်န်ယူပါတယ်။ အေဘီအက်စ်ဒီအက်ဖ်ပါတယ်။ ကေအိုင်အေပါပါတယ်။ ရှမ်းပါပါတယ်။ ဒီလိုအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ သူတွေပါ။ အစိုးရကို ဘာတိုက်တွန်းချင်တာလဲဆိုရင် နိုင်ငံရေး အကျဉ်းသားတွေအားလုံး ဒီနှစ်ကုန်မှာ မရှိစေရဘူးဆိုတဲ့ ကတိအတိုင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ထုတ်ပြန်ခဲ့သလိုပဲ ဒီလူတွေကို လွှတ်ပေးဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးမှုတွေ အားလုံးကို အတည်ဖြစ်အောင် ဆောင်ရွက်ပေးလိမ့်မယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။ အဲဒီလိုဖြစ်ဖို့ ကတိတည်တည်နဲ့ ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောဆို ချင်ပါတယ်” ဟု ဦးရဲအောင်က အစိုးရအဖွဲ့အား တိုက်တွန်းပြောကြားသည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီဇင်ဘာ ၃၁ ရက်တွင် ရန်ကုန်၊ မော်လမြိုင်နှင့် တောင်ကြီးအကျဉ်းထောင်များမှ အကျဉ်းသားငါးဦး၊ အမှုရင်ဆိုင်နေရသူ ၁၂၀ ၀န်းကျင် လွတ်မြောက်ခဲ့ကြောင်းနှင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များနှင့် အမှုရင်ဆိုင်နေရဆဲ လွတ်မြောက်လာသူ စာရင်းကို ကောက်ယူဆဲဖြစ်ကြောင်း သိရသည်။

“ကျွန်တော် ၅၀၅ (ခ) နဲ့ တရားစွဲခံထားရပါတယ်။ ဒီနေ့ လွတ်မြောက်မှု အပေါ်မှာတော့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။ သို့ပေမဲ့ အထဲမှာ ရဲဘော်တွေ အများကြီး ကျန်သေးပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ဒီနှစ်ကုန်မှာ အကုန်လွှတ်ပေးမယ်လို့ ပြောသော်ငြားလည်း ပထမ ဖမ်းစဉ်တုန်းက လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကိုလည်း အခြားပုဒ်မတွေနဲ့ ဖမ်းဆီးထားတာ ရှိပါတယ်။ အဲဒီအပေါ်မှာ ကျန်ခဲ့တာတွေလည်း အများကြီးရှိတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ နှစ်တိုကျနေတဲ့ နိုင်ငံရေးသမားသာ အဓိကပါခြင်း ဖြစ်ပါတယ်။ ဒါဟာ အရမ်းမှားယွင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။ တကယ်တမ်း လွှတ်ပေးမယ်ဆိုရင် နှစ်အဆက်ဆက်က ဖမ်းဆီးထားတဲ့ ဒီမိုကရေစီရေးအတွက် လက်နက်ကိုင်ဆောင် တော်လှန်တဲ့ ရဲဘော်တွေကို ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးထားတဲ့ အမှုတွေကို လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှု တစ်နှစ်ပြည့်တွင် တရုတ်အလံအား မီးရှို့ဆန္ဒပြခဲ့သူ ကိုတင်ထွဋ်ပိုင်က ပြောကြားသည်။


လက်ရှိတွင် အကျဉ်းထောင်များ၌ နိုင်ငံရေးပုဒ်မများအပြင် အခြားပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသူများ၊ နိုင်ငံရေးပုဒ်မ မပါသော်လည်း နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အခြားပုဒ်မများနှင့် ဖမ်းဆီးခံရပြီး ထောင်ကျနေသူများ စုစုပေါင်း ၃၅ ဦး ကျန်ရှိနေသေးပြီး အဆိုပါ ကျန်ရှိနေသူများအား အမြန်ဆုံး လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း

ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး လမ်းလျှောက်ခဲ့၍ ပုဒ်မ ၁၈ ဖြင့် ထောင်ကျခဲ့သူ ကိုရန်နိုင်ထွန်းက “ပြည်တွင်းစစ်ကြီး ရပ်စဲဖို့အတွက် ရန်ကုန်ကနေ လိုင်ဇာထိ လမ်းလျှောက်ခဲ့လို့ ပုဒ်မ ၁၈ နဲ့ ထောင်ထဲကို ရှစ်လပြစ်ဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။ အခု အားလုံးအတွက်တော့ ဒါလွတ်ငြိမ်းချမ်းသာခွင့် ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ အတွက်တော့ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူး။ အပြင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေရဲ့ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်တစ်ခု။ နောက်တစ်ခုက ဒါသမ္မတရဲ့ ကတိတည်ကြည်မှု တစ်ခုလို့ ကျွန်တော်မြင်တယ်။ တရားစီရင်ရေးရဲ့ အားနည်းချက်ကို ဖာထေးတဲ့ လုပ်ရပ်တစ်ခုလို့ ကျွန်တော်မြင်ပါတယ်” ဟု ပြောကြားသည်။

ထို့အတူ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသူ ကိုအောင်မင်းနိုင်က “အခုလို ပြန်လွတ်လာတာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ မီဒီယာတွေရဲ့ ကြိုးစားမှုတွေ အများကြီး ပါပါတယ်။ ပုဒ်မ ၁၈ ဆိုတာက အခြေခံဥပဒေအပေါ် ရောက်နေတယ်။ တရားသူကြီးတွေ ကိုယ်တိုင်ကလည်း အခြေခံဥပဒေကို လေးစားလိုက်နာမှု မရှိပါဘူး။ ပြည်သူကို ဖိနှိပ်တဲ့ ဥပဒေမှန်သမျှ ဆက်ပြီးလည်း ဆန့်ကျင်သွားမှာပါ။ နိုင်ငံရေး သမားတွေဟာ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ကစားစရာ အရုပ်တွေ ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရန်ကုန်အကျဉ်းထောင်မှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများကို လာရောက်ကြိုဆိုသော မကွေးဆရာတော် ဦးပါမောက္ခက “နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတဲ့အပေါ်မှာ ဘုန်းကြီးအနေနဲ့ ၀မ်းမြောက်တယ်။ ကြိုဆိုတယ်။ သမ္မတကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ သို့သော်လည်း ဒီပုဂ္ဂိုလ်တွေဟာ အမှန်တကယ်တော့ အကျဉ်းထောင်တွေထဲမှာ ရောက်သင့်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ ၅၀၅ (ခ) တို့၊ ပုဒ်မ ၁၈ တို့ဆိုတာ နိုင်ငံတကာမှာ မရှိတဲ့ ပုဒ်မတွေပါ။ ဒါဟာ ခရိုနီ လူတစ်စု ကောင်းစားရေးအတွက် ရေးဆွဲထားတဲ့ ပုဒ်မတွေပါ။ ဥပမာ ရဲမင်းဦး အမှုဆိုရင် ပြစ်ဒဏ်မချဘဲ အချုပ်ချထားတာ ကိုးလကျော်ရှိနေပါပြီ။ အဲဒီလို လုပ်ရပ်မျိုးဟာ ဒီမိုကရေစီသွားတဲ့ လမ်းကြောင်းမှာ မရှိသင့်ပါဘူး။ မဏ္ဍိုင်ကြီး သုံးရပ်ကလည်း ပြိုလဲနေတယ်။ ဒီမိုကရေစီ ဒီမိုကရေစီလို့သာ ပြောနေကြတယ်။ တကယ်တမ်း ဘာနဲ့အလားသဏ္ဌာန် တူလဲဆိုရင် ဆိတ်ခေါင်းပြပြီး ခွေးသားရောင်းနေတယ်။ ပြောတော့ ဒီမိုကရေစီ၊ လုပ်တော့ အာဏာရှင်။ တိုင်းပြည်နဲ့ပြည်သူရဲ့ မျက်နှာကို ကြည့်မယ်ဆိုရင် အဲဒီ ၅၀၅ (ခ) တို့၊ ပုဒ်မ ၁၈ တို့ကို ဖျက်သိမ်းပါ။ အဲလို မဖျက်သိမ်းဘူးဆိုရင် ယနေ့လွတ်လာတဲ့ ပုဂ္ဂိုလ်သည်ပင်လျှင် မနက်ဖြန် ဟောဒီအကျဉ်းထောင်ထဲကို ပြန်ရောက်လာနိုင်တယ်။ နောက်ပြီးတော့ အဲဒီပုဒ်မတွေကကို မတရားဘူး။ မတရားတဲ့ ဥပဒေတွေနဲ့ မတရားတဲ့ သက်သေတွေခေါ်ပြီး မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခြင်းဟာ ဒီမိုကရေစီနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေ၊ လွှတ်တော်အမတ်တွေ ပြည်သူလူထုနဲ့ မိမိနိုင်ငံ ကောင်းစားချင်တယ်ဆိုရင် အမြန်ဆုံး ပြုပြင်ကြပါ၊ ညီညွတ်ကြပါလို့ ဘုန်းကြီးတိုက်တွန်း လိုပါတယ်” ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများလွှတ်သည့် ဒီဇင်ဘာ ၃၁ ရက်က အင်းစိန်အကျဉ်းထောင်တွင် အခြားပုဒ်မများဖြင့် ကျခံနေရသူများပါ လွတ်ငြိမ်းချမ်းသာခွင့် ရမည်အထင်နှင့် ၎င်းတို့၏ မိသားစုဝင်များလည်း လာရောက်စောင့်မျှော် ခဲ့ကြသည်။

EMG

Friday, December 27, 2013

KIA တပ်မဟာ(၁)မှ အမျိုးသမီး ၇ ဦး တပ်မတော်နှင့် လာရောက် ပူးပေါင်း




 KIA တပ်မဟာ(၁)မှ အမျိုးသမီး ၇ ဦးသည် နီးစပ်ရာ တပ်စခန်းသို့ လာရောက် ပူးပေါင်းကာ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ ကြောင်း သိရသည်။

၎င်းတို့၏ ပြောပြချက်အရ KIA အတွင်း အမျိုးသမီးများသည် တန်းတူ ညီမျှသော အခွင့်အရေး များ မရရှိခြင်း၊ အနိုင်ကျင့် ခံရခြင်းများ ကြောင့် ဖြစ်ကြောင်း၊ ထို့ပြင် KIA ခေါင်းဆောင်များ အနေဖြင့် အမျိုးသမီးငယ် များအား ၄င်းတို့ စိတ်ကြိုက် ရွေးချယ်ပြီး ၄င်းတို့၏ အနားတွင် အဖျော်ဖြေခံ ကာမ ကျေးကျွန်း များအဖြစ် ထားရှိကာ ကျန် ကလေးမိခင်များ၊ တစ်ခုလပ် မုဆိုးမ များအား တိုက်ပွဲ ဖြစ်ပွားရာ ရှေ့တန်းစစ်မျက်နှာ များသို့ စေလွှတ်ကာ အသေခံ တိုက်ခိုက်စေခြင်း များကြောင့် ဖြစ်ကြောင်း၊ ၄င်းတို့ အနေဖြင့် အဆိုပါ လုပ်ရပ်များကို မခံမရပ်နိုင်၍ ယခုလို လာရောက်ရခြင်း ဖြစ်ကြောင်း၊ မိမိတို့ အမျိုးသမီး ၇ ဦးတွင် လည်း အပျိုစင် တစ်ဦးမှ မပါရှိဘဲ ကလေးအမေ၊ တစ်ခုလပ် မုဆိုးမများသာ ဖြစ်ပါကြောင်း ရင်ဖွင့် ပြောကြား ကြသည်။

၎င်းတို့နှင့် အတူ အမ်(၂၂) ၂ လက်၊ ၄င်းကျည် ၁၂၀ တောင့်၊ ကျည်အိမ် ၆ ခု။ အမ်(၂၁) ၁ လက်၊ ၄င်းကျည် ၄၀ တောင့်၊ ကျည်အိမ် ၃ ခု၊ တရုတ် လက်ပစ်ဗုံး ၃ လုံး၊ လမ်းလျှောက် စကားပြောစက် ၁ လုံး တို့ ပါရှိကြောင်း သိရှိရသည်။

(စင်္ကာပူဖီး)

Wednesday, December 11, 2013

မံစီမြို့နယ်အတွင်းက ရှမ်းရွာ(၁၄)အား တစ်ရွာလျှင် လူ(၁၅)ဦး ပေးပို့ရန် ရွာလူကြီးများထံ KIA မှ ဖိအားပေးဆင့်ခေါ်


ဒီဇင်ဘာ ၁၁ ရက် ၂၀၁၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ဗန်းမော်-နန်းခမ်း လမ်းတစ်လျှောက်ရှိ မန်ဝိန်းကြီးတိုက်နယ်အတွင်းက ရှမ်းရွာ( ၁၄ )ရွာအား တစ်ရွာလျှင် လူ(၁၅)ဦးစီ KIA တပ်သားသစ် စုဆောင်းရေး စစ်သင်တန်းသို့ ပေးပို့ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ KIA မှ ဖိအားပေး ဆင့်ခေါ် စာပို့ထားကြောင်း ဒေသခံများထံမှတဆင့် သိရှိရပါသည်။

မန်စီမြို့နယ်အတွင်း မန်ဖွ၊ ပါတော်၊ ကျော်ခေါင် စသည့်ကျေးရွာများ၌ ဒီဇင်ဘာ ၄ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များတွင် KIA က တပ်သားသစ်စုဆောင်းရေး အဓမ္မဖမ်းဆီးမှုများကြောင့် လယ်ယာလုပ်ငန်းခွင်မှ လူငယ်အများစုသည် မြို့ပေါ်ရှိ ဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊

KIO ရဲ့ မဟာဗျူဟာလေ့လာရေးဌာနမှ ဦးဒေါင်ခါးက တိုက်ပွဲတွေဖြစ်နေဆဲ ကာလမှာ လိုအပ်ချက်အရ တပ်သားသစ်တွေ စုဆောင်းနေရမှာဦးမှာ ဖြစ်တယ်လို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဖျားဆီက

Monday, December 9, 2013

အစိုးရနှင့် KIA တို့၏ တိုက်ပွဲများအကြား ကချင်စစ်ရှောင် ဒုက္ခသည်များ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေ

  Monday, 09 December 2013



ကချင်ပြည်နယ် မန်စီမြို့နယ် စီခမ်းကြီးကျေးရွာတွင် ကလေးငယ်များ စာသင်ကြားနေသည်ကို နိုဝင်ဘာ လကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲများအကြား စစ်ရှောင်ဒုက္ခသည်များ အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိကြောင်း ကချင်လူမှုရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် ၀မ်ပေါင်နိမ်ထွဲမှ ဒေါ်မေရီတွန်က ပြောကြားသည်။

ကချင်ငြိမ်းချမ်းရေး ကွန်ရက်နှင့် ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသ အခြေစိုက် ကချင်စစ်ဘေး ဒုက္ခသည်များ ကူညီရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် ၀မ်ပေါင်နိမ်ထွဲတို့ ပူးပေါင်း၍ ကချင်ပြည်နယ် မန်စီမြို့နယ်တွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်မေရီတွန်က "ကျွန်မတို့ ကချင်ပြည်နယ်မှာ IDP တစ်သိန်းကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကျွန်မတို့ အဖွဲ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်စပ်ထားတဲ့ အပိုင်းမှာရှိတဲ့ စခန်းခြောက်ခုက IDP ၁၃၀၀၀ ကျော်ကို စောင့်ရှောက်ထားပါတယ်။ ဒီနေရာမှာ ထွက်ပြေးလာတဲ့ IDP တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ ရတာတွေလည်း ရှိနေပါတယ်။ လက်ရှိမှာ ကျောင်းသားတွေ၊ ရွာသားတွေ အနေနဲ့ ဒီလိုပွဲတော်ချိန် ကာလတွေမှာ စစ်ရှောင်နေရသလို သူတို့ရွာထဲကို စစ်တပ်တွေ ၀င်ရောက်လာတဲ့ အခါမှာလည်း သူတို့ဥစ္စာပစ္စည်းတွေ ထိပါးခံရတာတွေလည်း ရှိနေပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် ယခုနောက်ပိုင်း ကချင်ပြည်နယ်၊ မန်စီမြို့နယ်တွင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် ဒုက္ခသည်များ ထပ်မံတိုးပွားလျက်ရှိပြီး ကချင်လူမှု အဖွဲ့အစည်းများ အနေဖြင့်လည်း ထပ်မံတိုးပွားလာသည့် စစ်ရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် ရန်ပုံငွေ လိုအပ်ချက်များ ရှိနေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက "လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတဲ့ နေရာမှာ ကျွန်မတို့ စခန်းကို ရောက်လာတဲ့ IDP တွေရဲ့ ပြောပြချက်အရ တိုက်ပွဲတွေ စဖြစ်တဲ့ အချိန်မှာ သူတို့လယ်ကွင်းတွေထဲမှာ ရှိနေချိန်ဆိုရင် ဒီအတိုင်း အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရတယ်။ နောက် အခုချိန် ဒီဇင်ဘာဆိုရင် ကျွန်မတို့ ကချင်လူမျိုးတွေရဲ့ ကောက်ရိတ်သိမ်းပွဲချိန်ပါ။ ဒီအချိန်မှာ သူတို့အနေနဲ့ စပါးတွေလည်း မရိတ်သိမ်းရတာတွေ ရှိပါတယ်။ နောက်တိုက်ပွဲဖြစ်နေတဲ့ ကာလအတွင်းမှာ နှစ်ဖက်စစ်တပ်တွေက ရွာတွေကနေ လမ်းပြအဖြစ် ခေါ်ဆောင်သွားတာတွေ၊ လူတွေကို သူတို့မှာပါတဲ့ ပစ္စည်းထမ်းဖို့အတွက် ပေါ်တာဆွဲသွားတာတွေ ရှိပါတယ်။ ဒီလို ပေါ်တာပါသွားပြီးတဲ့ သူတွေက ပုဒ်မ ၁၇ နဲ့ တရားစွဲခံ လိုက်ရတာမျိုးတွေ ရှိတယ်။ အခုဆိုလည်း ကျွန်မတို့ဆီမှာ ဒီပုဒ်မ ၁၇ နဲ့ တရားစွဲခံရတာတွေ အများကြီး ရှိနေပါတယ်" ဟု ဆိုသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း စစ်ရှောင်ဒုက္ခသည် တစ်သိန်းကျော် ရှိနေပြီး ၃၀၀၀၀ ကျော်မှာ အစိုးရ ထိန်းချုပ်နယ်မြေအတွင်းရှိ၍ ကျန်သူများမှာ KIO ထိန်းချုပ်နယ်မြေအတွင်း နေထိုင်လျက်ရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်က သတင်းထုတ်ပြန်ထားသည်။

EMG

Monday, November 25, 2013

ကချင်သောင်းကျန်းသူသမိုင်း (၁၉၄၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်ထိ ကာလများ) (ပထမပိုင်း)






Nov 25, 2013
ကချင်သောင်းကျန်းသူအဖွဲ့စတင်ပေါ်ပေါက်လာခြင်း
၁။ ၁၉၄၉ ခုနှစ်တွင်ဖြစ်ပွားသော ကရင်-ဗမာအရေးအခင်းတွင် အမှတ်(၁) ကချင်သေနတ်ကိုင် တပ်ရင်း မှ ဗိုလ်ကြီးအဆင့်ဖြင့် တောခိုသွားသော ကချင်အမျိုးသားနော်ဆိုင်းမှာ ကေအင်န်ဒီအိုတို့နှင့် ပူးပေါင်းခဲ့သည်။ ယင်းသည် ၁၉၅ဝ ပြည့်နှစ်တွင် ကေအင်န်ဒီအိုအင်အားစုအဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားခဲ့သည်။ ထိုအချိန်တွင် လားရှိုးမြို့ အစိုးရအထက်တန်းကျောင်း၌ အဋ္ဌမတန်း ပညာသင်ကြားနေသော ဇော်ဆိုင်း သည် နော်ဆိုင်းနှင့်ဆက်သွယ်ပြီး တောခိုခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် နော်ဆိုင်း တရုတ်နိုင်ငံသို့ ဝင်ရောက်ခိုလှုံသွားရာ၌ ဇော်ဆိုင်းသည်လိုက်ပါမသွားဘဲ သံတောင်၊ ဘောဂလိ ဒေသရှိ ကေအင်န်ဒီအိုများနှင့် ပူးပေါင်းလှုပ်ရှားခဲ့သည်။
၂။ ၁၉၅၉ခုနှစ်တွင် ကေအင်န်ဒီအိုအဖွဲ့မှ ဂျီလစ်လင်း (ကချင်အမည်-ဇော်ဘောက်) ဆိုသူအား ဇော်ဆိုင်း၏ အကြံပေးအရာရှိအဖြစ် တာဝန်ပေးအပ်ပြီး ဇော်ဆိုင်းနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြေအောက်စည်းရုံး သိမ်းသွင်းမှုလုပ်ငန်းများကိုပြုလုပ်ရန်စေလွှတ်ခဲ့သည်။
ဇော်ဆိုင်းနှင့် ဂျီလစ်လင်းသည် ဇော်ဆိုင်း၏ မိခင်ဖြစ်သူ ကျောင်းဆရာမတာဝန်ထမ်းဆောင်နေသည့် ဟိုကုန်တိုက်နယ်၊ နမ့်အန်ရွာ (အက်စ်တီ-၈၈၈၉)တွင် ခိုအောင်းပြီး မြေအောက်စည်းရုံးရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့လေသည်။ ဇော်ဆိုင်း၏ညီဖြစ်သူ တက္ကသိုလ်ကျောင်းသား ဇော်ထူးသည်လည်း တက္ကသိုလ်မှထွက်ပြေးပြီး ဇော်ဆိုင်း ထံသို့ လာရောက် ပူးပေါင်း တောခိုခဲ့လေသည်။ ထို့အပြင် အမှတ်(၄)ကချင်သေနတ်ကိုင်တပ်ရင်းမှ ထုတ်ပယ် ခြင်းခံရပြီး သိန္နီတွင် ကျောင်းတက်နေသော ဒုတိယတပ်ကြပ် လမုန်တူးဂျိုင်၊ တက္ကသိုလ်မှထွက်၍ကွတ်ခိုင် သို့ ပြန်ရောက်နေသော လမာလရိန်းတို့သည် ဇော်ဆိုင်းနှင့်ဆက်သွယ်ပေါင်းမိကြပြီး ၁၉၆ဝ ပြည့်နှစ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization K.I.O) ကိုစတင် ဖွဲ့စည်းခဲ့ကြသည်။
၃။ ကေအိုင်အို မြေအောက်အဖွဲ့အစည်းတွင် ဥက္ကဋ္ဌ အဖြစ် ဇော်ဆိုင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဇော်ထူး၊ အတွင်းရေးမှူး အဖြစ်လမာလရိန်းတို့က တာဝန်ယူခဲ့ကြသည်။ ထိုအချိန်တွင် ရှမ်းပြည်နယ်၌ နိုင်ငံရေး သမား အချင်းချင်းနေရာလုကြရာမှ နိုင်ငံရေးသမားအချို့၏ ခါးပိုက်ဆောင်အဖြစ်ဖွဲ့စည်းရန်ကေအိုင်အု အား လက်နက်ခဲယမ်းများထောက်ပံ့ရာမှ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး အင်အားမှာ ၂၇ ယောက် ရှိခဲ့ပါသည်။
ကချင်သောင်းကျန်းသူများ လက်နက်ကိုင်သောင်းကျန်းမှုစတင်ခြင်း
၎။ ကေအိုင်အိုအဖွဲ့သည် ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လားရှိုးမြို့ငွေတိုက်အား စတင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြင့် လက်နက်ကိုင်လှုပ်ရှားမှုကို စတင်ခဲ့လေသည်။ လားရှိုးမြို့ရှိ ငွေတိုက် ကို ဖောက်ကာ လက်နက်ကိုင်လှုပ်ရှားမှုစတင်သည်နှင့် လားရှိုး၊ ကွတ်ခိုင်ဒေသမှ ဇော်ဆိုင်းနှင့် ဇော်တူးတို့ စည်းရုံးထားသည့် ကချင်လူငယ်များမှာလည်း တစ်ပြိုင်တည်းတောခိုခဲ့ကြသည်။ အင်အား ၁ဝဝ ခန့်စုစည်း မိသောအခါ တပ်မဟာမှူး အဖြစ် ဇော်ဆိုင်းကလည်းကောင်း၊ တပ်မဟာဗိုလ်မှူးအဖြစ် ဂျီလစ်လင်းက လည်းကောင်း တာဝန်ယူလျက် သိန္နီမြို့နယ် လွယ်တောက်၌် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကေအိုင်အေ (Kachin Independence Army-K.I.A) ခေါ် ကချင်လွတ်လပ်ရေး တပ်မတော်နှင့် ကေအိုင်စီ (Kachin Independence Council K.I.C) ကို စတင်ဖွဲ့စည်းခဲ့လေသည်။
၅။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး ဆင်လီရွာ၏ အရှေ့ဘက် ၁ဝ မိုင်ခန့်အကွာတွင် အခြေချစခန်း တစ်ခုတည်ဆောက်၍ အခြေခံစစ်ပညာသင်တန်း အမှတ်(၁)ကို ၁၉၆၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ ၌ ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ ၁၉၆၁ ခုနှစ်၊ ဇူလိုင်လတွင် ကေအိုင်အေတပ်ရင်း (၁)ကို ဗန်းမော်နယ်မြေ မွန်ဘာပါတွင်လည်းကောင်း၊ တပ်ရင်း(၂) ကို လမာလရိန်းဦးစီးကာ အင်အား ၃ဝဝ ခန့်ဖြင့် မုံးစီး၊ မုံးထန် နယ်မြေတွင်လည်းကောင်း ဖွဲ့စည်းခဲ့ကြသည်။ ထို့ပြင် ကျေးရွာများ၌ ဗွီဒီအက်ဖ် (Villager's Defence Forces) ခေါ် ကျေးရွာကာကွယ်ရေးအဖွဲ့အဖြစ်ဖွဲ့စည်းကာ တူမီးများတပ်ဆင်လျက် မိမိတပ်များ ကိုနှောင့်ယှက်ရန် တာဝန်ပေးခိုင်းစေခဲ့ကြသည်။
၆။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်း လိုက်ခြင်းကိုလည်းကောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်နိမိတ် စာချုပ်ချုပ်ဆိုမှုတွင် ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသ များအား တရုတ်ပြည် နယ်နိမိတ်အတွင်း ထည့်သွင်းဖော်ပြမှုအပေါ် နေရာအနှံ့ ဆန္ဒပြမှုအား အခွင့်ကောင်းယူ၍ လည်းကောင်း၊ ရှမ်းပဒေသရာဇ်များမှ ဖက်ဒရယ်မူကို စတင်တောင်းဆို လာခြင်းတို့ ကြောင့် လည်းကောင်း၊ ကေအိုင်အိုတို့အနေဖြင့် တိုက်ကွက်များရရှိလာခဲ့ကြသည်။ လူမျိုးရေး အမြင် ကျဉ်းမြောင်းမှုကို အရင်းခံ၍ လူမျိုးရေး မုန်းတီးမှု၊ ဗမာလူမျိုးကြီး ဝါဒဆန့်ကျင်ရေး စသည်တို့ကို အကြောင်းပြကာ လွတ်လပ်သော ကချင်သမ္မတနိုင်ငံ ထူထောင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် စည်းရုံး လှုံ့ဆော်လာခဲ့ကြလေသည်။ ထို့ကြောင့် မသိနားမလည်သော လူငယ်လူရွယ်အများအပြားမှာ ကချင် သောင်းကျန်းသူများ၏ စည်းရုံးသိမ်းသွင်းမှုအောက် သို့ ရောက်ရှိသွားခဲ့ရလေသည်။
၇။ ထိုကဲ့သို့ နိုင်ငံရေးပြဿနာများ ပေါ်ပေါက်နေစဉ်မှာပင် ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် လွှတ်တော်နှစ်ရပ်စုံညီအစည်းအဝေးက ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ (တတိယ ပြင်ဆင်ချက်) အက်ဥပဒေ၊ ၁၉၆၁ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၇ အရ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်လာသော်လည်း လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိပြီးဖြစ်လေရာ မည်သို့မျှ ထူးခြားခြင်းမရှိပေ။ သို့သော် ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာဝင်များက လွတ်လပ်စွာ ကိုးကွယ်ခွင့် မရှိတော့ဟုယူဆကာ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာသည်။ ထိုအချိန်က လက်နက်ကိုင် အင်အား ၂၇ ယောက်သာ ရှိသေးသော ကေအိုင်အို (Kachin Independence Organization) ကချင် သောင်းကျန်းသူအဖွဲ့သည် ဘာသာရေးလွတ်လပ်ခွင့်မရှိဟူ၍ အကြောင်းပြစည်းရုံးရာမှ ပိုမိုအင်အား တောင့်တင်းလာသည်။ တရုတ်-မြန်မာ နယ်နိမိတ်စာချုပ်တွင် ကချင်ပြည်နယ်မှ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် နယ်မြေများအား တရုတ်နယ်နိမိတ်အတွင်း ထည့်သွင်းပေးရခြင်းကိုလည်း ကချင်တိုင်းရင်းသား အများ အပြားက ဆန္ဒပြကန့်ကွက်ကြသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားသောအဖွဲ့အစည်း
၈။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ရန်ကုန်တစ်မြို့တည်းတွင်သာ ကျင်းပနေခြင်းမဟုတ်ဘဲ အချို့ အဖွဲ့အစည်းများမှာ ဆိုင်ရာဒေသတွင်သာ ဆွေးနွေးကြခြင်းဖြစ်သည်။ ဥပမာအားဖြင့်-ကျော်ဇံရွှီး၏ ရခိုင်ကွန်မြူနစ် ပါတီနှင့် ဆွေးနွေးပွဲပြုလုပ်ရာတွင် ငပလီ၌ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့အတူပင် ကေအိုင်အေ (ခေါ်) ကချင် သောင်းကျန်းသူများနှင့်လည်း မန္တလေးမြို့တွင် ဆွေးနွေးပွဲကျင်းပခဲ့သည်။
၉။ ၁၉၆၃ ခုနှစ်အစပိုင်းတွင် ကေအိုင်အေများသည် တပ်မဟာ(၁)နှင့် တပ်ရင်း(၆)ရင်းကို ဖွဲ့စည်းပြီး ဖြစ်ပြီး အင်အား ၁,ဝဝဝ ကျော်အထိ တိုးတက်နေပြီဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် လားရှိုး-ကွတ်ခိုင်နယ်၌ အင်အား ၃ဝဝ နီးပါးခန့်၊ ဗန်းမော်-မြစ်ကြီးနားနယ်မြေ၌ အင်အား ၃၈ဝ ခန့်အထိသာရှိသော်လည်း နောက်ပိုင်းတွင် ဗန်းမော်-စိန်လုံလမ်းနှင့် ဗန်းမော်-မန်ဝိန်းလမ်းတို့ကိုစိုးမိုးပြီး ဧရာဝတီမြစ် အနောက်ဘက် ကမ်းနှင့် မြစ်ကြီးနား အရှေ့မြောက်၊ ဟူးကောင်းလွင်ပြင်တို့ကိုတိုးချဲ့စည်းရုံးရာမှ အင်အား တိုးတက် လာခဲ့ခြင်းဖြစ်သည်။
၁ဝ။ ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် တော်လှန်ရေးကောင်စီက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်ကိုထုတ်ပြန်သောအခါ ကေအိုင်အေများသည် စာဖြင့်ဆက်သွယ်ညှိနှိုင်း ပြီးနောက်တော် လှန် ရေးကောင်စီ၏အစီအစဉ်ဖြင့် ဗန်းမော်သို့ရောက်ရှိလာကြသည်။ ကေအိုင်အေ ကိုယ်စားလှယ် ဇော်ဒန်နှင့် အဖွဲ့သည် ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ဗန်းမော်မှတစ်ဆင့် မန္တလေးသို့ ရောက်ရှိလာသည်။ ထို့နောက် စက်တင်ဘာလ ၁ ရက်နေ့တွင် တပ်မတော်မှ တပ်မဟာ(၇)တပ်မဟာမှူးနှင့် ပဏာမ ဆွေးနွေးပွဲ ကျင်းပပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ကိုယ်စား အနောက်မြောက်တိုင်း၊ တိုင်းမှူးနှင့်ထပ်မံ ဆွေးနွေးခဲ့သည်။
၁၁။ တိုင်းမှူးနှင့်ဆွေးနွေးစဉ် ဇော်ဒန်နှင့် ကိုယ်စားလှယ်အဖွဲ့က အောက်ပါအချက်များကို တောင်းဆိုခဲ့ သည်-
(က) ပြည်ထောင်စုအတွင်းရှိ လူမျိုးအသီးသီးအား လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုပေးအပ် ရန်၊ မိမိတို့ လူမျိုးများ၏သဘောအရ ခွဲထွက်လိုသူများအား ခွဲထွက်ခွင့် ပေးရန်။
(ခ) ကချင်ပြည်နယ်နှင့်ပတ်သက်၍ ကချင် ပြည်သူပြည်သားများ လက်နက်ကိုင် တော်လှန် နေခြင်း၏ အဓိကရည်ရွယ်ချက်ပန်းတိုင်ဖြစ်သည့် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် သီးခြား ကချင်ပြည်နယ်ထူထောင်ရန်။
(ဂ) ဤကဲ့သို့ ပြည်ထောင်စုအတွင်းမှ ကချင်ပြည်နယ်ခွဲထွက်သွားသည်ကို နှစ်ဦးသဘောတူ လက် မှတ်ရေးထိုးပြီးသည့်နေ့မှစ၍ ကချင်ပြည်နယ်နှင့်ဗမာပြည်သည် အောက်ပါထာဝရ ငြိမ်းချမ်းရေးမူငါးချက်ကိုအခြေခံထား၍ နှစ်ပြည်ထောင်ဆက်ဆံသွားရေးကို နှစ်ဦးသဘော တူ လက်မှတ်ရေးထိုးရန်-
(၁) တစ်ဦး၏နယ်မြေတည်တံ့ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ရေးကို တစ်ဦး က လေး စားရေး။
(၂) တစ်ဦးကိုတစ်ဦး မကျူးကျော်ရေး။
(၃) တစ်ဦး၏ပြည်တွင်းရေးရာတွင် တစ်ဦးကဝင်မစွက်ရေး။
(၄) တူညီစွာနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစွာ ဆက်ဆံရေး။
(၅) ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး။
၁၂။ ကေအိုင်အေများ၏ တောင်းဆိုချက်များမှာ လုံးဝခွဲထွက်ရေးပင်ဖြစ်ပြီး ယင်းတို့ဘက်က လိုက်လျောမှုဟူ၍ တစ်စုံတစ်ရာမျှပင်မရှိခဲ့ပေ။ ထို့အပြင် ဆွေးနွေးပွဲပြုလုပ်နေစဉ်အတွင်း ကေအိုင်အေ ထိပ်သီးခေါင်းဆောင် တစ်ဦးဖြစ်သည့် ဇော်တူးသည် ဗန်းမော်မှကာမိုင်းမြို့နယ်အတွင်း ဝင်ရောက်ကာ ကျေးရွာ အားလုံးလိုလိုကို စည်းရုံးစိုးမိုးထားခဲ့သည်။ ဆွေးနွေးပွဲ ပျက်ပြားသွားသည်နှင့် ကေအိုင်အေ များသည် လူ၊ လက်နက်၊ ခဲယမ်းများကို အပြင်းအထန်စုဆောင်းရာ ၁၉၆၃ ခုနှစ်ကုန်တွင် အင်အား ၂,ဝဝဝ ကျော်ခန့်အထိ တိုးတက်လာသည်။
ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြားပြီးနောက်ပိုင်း ကချင်သောင်းကျန်းသူအဖွဲ့အစည်း၏ အခြေအနေ
၁၃။ ကေအိုင်အေ (ခေါ်) ကချင်သောင်းကျန်းသူများသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမပြုလုပ်မီ ၁၉၆၃ ခုနှစ်နှစ်ဦးပိုင်းတွင် တပ်မဟာ(၁)နှင့်တပ်ရင်း(၆)ရင်းကို လူအင်အား ၁,ဝဝဝ ကျော်ဖြင့် ဖွဲ့စည်းနိုင်ခဲ့ ပြီးဖြစ်သည်။ ဇော်ဒန်ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တော်လှန်ရေး ကောင်စီနှင့် ဆွေးနွေးနေစဉ် ကေအိုင်အေများ သည် လူသူစုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့ကို တိုးချဲ့၍ ဆောင်ရွက်ခဲ့ကြသည်။ ဆွေးနွေးပွဲကာလတွင် ဇော်တူးသည် ဗန်းမော်နယ်မြေမှ ဧရာဝတီမြစ်ကိုဖြတ်ကျော်၍ ကျောက်စိမ်းထွက်ရှိရာ ကာမိုင်းမြို့နယ်အတွင်းသို့ ဝင်ရောက်စည်းရုံးစိုးမိုးခဲ့သည်။ ကာမိုင်းမြို့နယ်ရှိ ကျေးရွာအားလုံးလိုလိုသည် ကေအိုင်အေတို့၏ လွှမ်းမိုးမှု အောက်တွင်ရောက် ခဲ့ရသည်။ဆွေးနွေးပွဲပျက်ပြားပြီးနောက် ကေအိုင်အေ တို့သည် လူ၊ လက်နက်နှင့် ခဲယမ်း မီးကျောက်များကို အပြင်းအထန်စုဆောင်းကြလေရာ ၁၉၆၃ ခုနှစ် ကုန်တွင် လူအင်အားမှာ ၂,ဝဝဝ ကျော်အထိ တိုးတက် လာခဲ့ပြီဖြစ်သည်။
၁၄။ ၁၉၆၄ ခုနှစ်၊နှစ်ဦးတွင် ကေအိုင်အေတပ်မဟာ(၂)ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ တပ်မဟာ(၁)၏ လက်အောက်တွင် တပ်ရင်း(၁)၊ တပ်ရင်း(၂)နှင့် တပ်ရင်း(၅)ကိုစုဖွဲ့ပြီး ဇော်ဆိုင်းက အုပ်ချုပ်သည်။ ဇော်ဆိုင်း၏ တပ်မဟာ(၁)သည် မန်စီမြို့နယ်၊ မွန်ဘာပါကျေးရွာ (အက်စ်အို-၄၈၈၈)တွင် အခြေပြု၍ လှုပ်ရှားသည်။ တပ်မဟာ(၂)တွင်မူ တပ်ရင်း(၃)၊ တပ်ရင်း(၄) နှင့် တပ်ရင်း(၆)တို့ ပါဝင်သည်။ ဇော်တူးက တပ်မဟာ(၂)ကို အုပ်ချုပ်ပြီး မဂျီဘွမ်(အက်စ်-၄၄ဝ၄)တွင် အခြေပြု၍ လှုပ်ရှားသည်။ ထို့အပြင် တပ်ရင်း(၇) ကိုပူတာအိုနယ်မြေတွင် လူအင်အား ၈ဝဝ ခန့်ဖြင့် တိုးချဲ့ဖွဲ့စည်းပြီး ဇော်တူးကပင် တာဝန်ယူ၍ အုပ်ချုပ်ခဲ့ သည်။ တပ်ရင်း(၇)တွင် ဗွီဒီအက်ဖ်(ခေါ်) ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ကို အခြေခံ၍ဖွဲ့စည်းခြင်းဖြစ်သည်။ ပြောက်ကျား လှုပ်ရှားမှုအတွက် ရည်ရွယ်ခြင်းဖြစ်သည်။
၁၅။ ဇော်တူးသည် တပ်မဟာ(၂)အား တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ အင်အား ၁၄ဝဝ ကျော်အထိ တိုးတက်လာပြီး ပူတာအို၊ ချီဖွေ၊ လောခေါင်၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကွတ်ခိုင်နယ်မြေများတွင်ဖြန့်ခွဲလှုပ်ရှား၍လာသည်။ ၁၉၆၃ ခုနှစ်၊ ဇွန်လမှ ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကေအိုင်အေထိပ်သီးခေါင်းဆောင် ညီအစ်ကိုများဖြစ်သောဇော်ဆိုင်း၊ ဇော်ဒန်၊
ဇော်တူး တို့သုံးဦးသည်လည်း ဇော်သုံးဇော်ဟူ၍ နာမည်ကြီး လာကြသည်
၁၆။ တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် ရုတ်တရက်အင်အားကြီးထွား ပြီး ဆူပူလှုပ်ရှားလာကြသော ကေအိုင်အေများကို ချေမှုန်းရေးအတွက် ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စစ်ဆင်ရေးများဖြင့် ဆင်နွှဲတိုက်ခိုက်တော့သည်။ တပ်မတော်က ဆင်နွှဲခဲ့သော စစ်ဆင်ရေးများမှာ အောက်ပါ အတိုင်းဖြစ်သည်-
(က) ဂန့်ဂေါ်စစ်ဆင်ရေး။
(ခ) အောင်မြေစစ်ဆင်ရေး။
(ဂ) ကောင်ရာဘွမ်စစ်ဆင်ရေး။
(ဃ) ခရမ်းစစ်ဆင်ရေး။
၁၇။ တပ်မတော်က ဆင်နွှဲသည့်စစ်ဆင်ရေးအရပ်ရပ်ကြောင့် ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်းတွင် ကေအိုင်အေများမှာ များစွာအထိနာခဲ့ရသည်။ ထိုကာလ အတွင်း ကေအိုင်အေသောင်းကျန်းသူ ၆၉၆ ယောက်ကို အသေမိပြီး ၃၇၇ ယောက်ကို ဒဏ်ရာရစေခဲ့သည်။ ၁ဝ၆၄ ယောက်ကို အရှင်ဖမ်းဆီးရမိပြီး ၂၂၂၃ ယောက် လက်နက်ချခဲ့ကြသည်။ ထို့ကြောင့် ၁၉၆၅ ခုနှစ်မှ ၁၉၆၆ ခုနှစ်၊ နှစ်လယ်ပိုင်းအတွင်း ကချင်သောင်းကျန်းသူလှုပ်ရှားမှုများစွာ ကျဆင်းသွားခဲ့ရတော့သည်။
၁၈။ ကေအိုင်အေလှုပ်ရှားမှုမှာ တပ်မတော်၏ထိုးစစ်များကြောင့် အဘက်ဘက်မှယိုယွင်းကျဆင်းပြီး နာလန်မထူနိုင်တော့သဖြင့် ကေအိုင်အေခေါင်းဆောင်များသည် နည်းအမျိုးမျိုးဖြင့် ကြံဆကြိုးပမ်းကြရသည်။ အိုင်အေဦးစီးချုပ်ဖြစ်သူ ဇော်ဆိုင်းသည် ပြည်ပအကူအညီရရေးအတွက် ထိုင်းနိုင်ငံသို့သွားရောက်ကာ ထိုင်း-မြန်မာနယ်စပ်ထန်ဝိုး(အယ်လ်ယူ-ဝ၅ဝ၅)တွင်အခြေချ၍ ဘိန်း၊ ကျောက်စိမ်းများရောင်းဝယ်ရန် စခန်း ဖွင့်လှစ်ခဲ့ရသည်။ ထိုင်းနိုင်ငံမှတစ်ဆင့် ပြည်ပအကူအညီများရရှိစေရန် ဇော်ဆိုင်း၏ အကြံပေး အရာရှိအဖြစ် ကေအင်(န်)ယူမှ တွဲဖက်ထားသော ဂျီလစ်လင်း (ကချင်အမည်-ဇော်ဘောက်)က ကူညီခဲ့ သည်။ ဇော်ဆိုင်းသည် ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လွယ်ယားစခန်းမှ ခရီးထွက်သွားခြင်းဖြစ်ပြီး ဗန်ကောက်၊ ဇင်းမယ်၊ ဖော်မိုဆာသို့လှည့်လည်၍ အရှေ့တောင်အာရှစစ်စာချုပ်အဖွဲ့ (SEATO) ၏ အကူအညီရရန် ကြိုးစားခဲ့သည်။ ၁၉၆၆ခုနှစ်အတွင်းမှာပင် ကေအိုင်အေနိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ မရန်ဘရန်ဆိုင်းသည် အိန္ဒိယနိုင်ငံ၏ အကူအညီရယူရေးအတွက် ချောကန်တောင်ကြားဒေသသို့ သုံးလကြာ သွားရောက်ဆွေးနွေးခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။
၁၉။ ၁၉၆၆ ခုနှစ် နှစ်ဦးပိုင်းတွင် တပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ပါတီချေမှုန်းရေးအတွက် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ကိုဖွဲ့စည်းရန် ကချင်ပြည်နယ်မှ စစ်ဆင်ရေးတပ်အချို့ကို ထုတ်နုတ်ခဲ့ ရလေရာ ကေအိုင်အေများအတွက် လူသူလက်နက်စုဆောင်းစည်းရုံး၍ ခေါင်းထောင်ထနိုင်ရန် အချိန်ရသွား သည်ဟု ဆိုရ ပေမည်။

ဆက်လက်ဖော်ပြပေးပါမည်………

Sunday, November 24, 2013

ကေအိုင်အေ နဲ့ လျှာရှည်နေတဲ့ ငြိမ်းချမ်းရေး



Nov 24, 2013

ခုတစ်လော ရက်ဆက် ဆိုသလို ကေအိုင်အေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသတင်းတွေ ဖတ်ရပါတယ်။
မြန်မာ ငြိမ်းချမ်းရေး စင်တာ အဖွဲ့ ရဲ့ လုပ်ဆောင်မှုတွေ ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နားလည်မှုတွေ ခိုင်မာလာအောင် ပူပေါင်းဆောင်ရွက်ကြပြီး ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်လို့
ငြိမ်းချမ်းရေး ရသွားတဲ့ အဖွဲ့တွေလဲ ရှိပါတယ်။အခုတစ်ခါကတော့ ကေအိုင်အေ အပါအ၀င် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲ ရေးကိုတပ်မတော်ဘက်မှအားသွန်ခွန်စိုက် ကြိုးပမ်းနေကြတာကိုလည်းတွေ့ရပါသည်။သို့သော် ဖတ်ခဲ့ရသည့် ဆွေးနွေးပွဲ ရလဒ်တိုင်းတွင်
ကေအိုင်အေက ဗိုလ်ချုပ်ဂွမ်မော်တို့ရဲ့ ရပ်တည်ချက်တွေဟာ ငြိမ်းချမ်းရေးကို ဦးမတည်ပဲအခွင့်အရေးကို
နှိက်ယူနေသလို ဖြစ်နေတာကို ခံစားတွေ့မြင်မိသည်။မိမိအမြင်မှားကောင်း မှားနိုင်ပါသည်။ကေအိုင်အေ က ငြိမ်းချမ်းရေးကို မိမိလူမျိုးတွေအတွက် စစ်ဘေးဒုက္ခသည်တွေအတွက်တကယ်လိုချင်သလား တကယ်
လိုသလားဆိုတဲ့ မေးခွန်းကို မေးခွန်းထုတ် တွက်ဆရန်လိုပါသည်။ဘာကြောင့်လဲဆိုတော့ အခု ငြိမ်းချမ်းရေး ဆွေးနွေးပဲ ဘုံသဘောတူညီချက် စတာတွေကို လေ့လာကြည့်လိုက်ရင် ရွာက နတ်ကနားပွဲ ကြည့်ရသလိုပါပဲ။ ပါးစပ်ကသာ ကိုကြီးကျော် ဟေ့လို့ အော်နေပေမယ့် တကယ်ကိုကြီးကျော် ၀င်ပူးသလား မပူးသလား မသိရပေ အရက်ပုလင်းတွေတော့ တစ်လုံးပြီးကုန်နေပါပြီ။

ဒီစာကို အစပိုင်းမှာရေးဖို့ ရေးသင့်မရေးသင့်တော်တော် စဉ်းစားရပါသည်။ဘာကြောင့်လဲဆိုတော့ မိမိရေးလျှင် လတ်တလော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တစ်စိတ်တစ်ဒေသနှင့်စာဖတ်သူကို
အနှောက်အယှက်ဖြစ်မည်စိုး၍ မရေးတော့ဟု တွေးထားသော်လည်း ယခုရေးလိုက်ပါသည်။ကေအိုင်အေ တကယ်ငြိမ်းချမ်းရေး လိုချင်သလား ၊ လိုချင်ရင်တော့ ယူပါ့မလားဆိုတာ ကို မိမိ အမြင်ဖြင့်
တင်ပြချင်ပါသည်။ယခင်က နှစ်ရှည်လများစစ်အစိုးရနဲ့ ပနံသင့်ခဲ့တဲကေအိုင်အေ ဟာ ဘာကြောင့် ငြိမ်းချမ်းရေးကိုချိုးဖောက်ခဲ့သလဲဆိုရင် ကေအိုင်အေရဲ့ ငြိမ်ချမ်းရေးယူခဲ့စဉ်က စစ်အစိုးရ ကပေးခဲ့တဲ့ လုပ်ကွက်တွေ အပေါ်မှာ အခွင့်ပိုယူနေမှုအပေါ် အစိုးရက တင်းကြပ်လာတာတွေ ၊နောက် မူးယစ်ဆေးဝါးတွေ၊သစ်ခိုးထုတ် သယ်ဆောင်နေတာတွေကို စစ်တပ်က ထိန်းချုပ်ဟန့်တားလာတဲ့
အပေါ်မှာမကျေမနပ် ဖြစ်ပြီးစ ခွါပြဲခဲ့တာပါ။
နောက်ပိုင်း ထင်သလို လုပ်ခွင့်မရတော့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကနေ ခွဲထွက်ပြီးသောင်း ကျန်းသူအဖြစ် ပြန်ပြီးအရေခွံလည်းခဲ့တာဖြစ်ပါသည်။အချို့ပြည်တွင်း မီဒီယာတွေက ဖြင့် စစ်အစိုးရအပေါ်အမြင်စောင်း တာနဲ့ ကေအိုင်အေဟာ ကချင်လူမျိုးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်ရင်သားလက်နက်ကိုင်တွေအဖြစ်ပုံဖော်နေကြပေမယ့် ကေအိုင်အေဟာ လက်နက်ကိုင်
ပြည်တွင်းသောင်းကျန်းသူ သူပုန်က သူပုန်ပါပဲ။ကေအိုင်အေ စိုးမိုးတဲ့ နယ်မြေတွေမှာ ဆက်ကြေးကောက်တယ်၊အတင်းအားဓမ္မလူသစ်စုတယ်။တစ်အိမ်ထောင်မှာ အသက် ၁၆ နှစ်ပြည့်တဲ့ ယောက်ျားလေး တစ်ယောက် စီ ကေအိုင်အေ တပ်ဖွဲ့ဝင်အဖြစ်ပေးရတယ်။အချို့ မပေးနိုင်တဲ့ အိမ်တွေဆို သုံးသိန်းဖြစ်စေ လေးသိန်းဖြစ်စေ သူတို့သတ်မှတ်သလိုပေးရတယ်။
အချို့မိသားစုတွေဆို မနေရဲလို့ မိသားစုလိုက် မြို့ကြီးတွေဆီကိုပြောင်းပြေးကြရတယ်။ မြို့ကြီးတွေ
မှာလည်း အသိအကျွမ်းမရှိတဲ့သူတွေဆို တရုတ်ပြည်ထဲမှာ ဘာအအလုပ် လုပ်ရ လုပ်ရ ကေအိုင်အေထဲ မ၀င်ရပြီးရော ဆိုတဲ့ အတွေးနဲ့ စွန့်စားကြရတယ်။ဒါတွေဟာကျွန်တော် အဲ့ဒီနယ်တွေမှာ
ကျောင်းဆရာအဖြစ်တာဝန်ထမ်းဆောင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ကိုယ်တွေ့ပါ။

အဲ့လို တာဝန်ထမ်းဆောင် စဉ်ကာလမှာလည်း ကျွန်တော်နေတဲ့ရွာက လူတွေဆို သိပ်သနားစရာကောင်းတယ်။တစ်ဖက်ကလည်း ကိုယ့်ကိုဆက်ကြေးကောက် ညှင်းဆဲပေမယ့် ကိုယ့်လူမျိုး ၊တစ်ဖက်ကလည်း အစိုးရ တပ်တွေ အဲ့ဒီကြားမှာ နီးရာဓားကို ကြောက်နေရတယ်။အစိုးရ ကို သတင်းပေးရင်လည်း ကေအိုင်အေက သတ်မယ် ၊အစိုးရကို သတင်းမပေးရင်လည်း ရာဇ၀တ် သင့်မယ် အဲ့ဒီလိုပေါ့။အစိုးရတပ်တွေ လာပြီဆိုရင် သူတို့ခဗျာ ကြောက်နေကြတယ်။ပြည်ပမီဒီ ယာတွေအော်နေသလိုအစိုးရတပ်တွေကသတ်ဖြတ် ၊မုဒိန်းကျင့်ကြလို့မဟုတ်ဘူး အစိုးရတပ်တွေ လာရင် အနီးနားမှာ ရှိတဲ့ ကေအိုင်အေ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တော့မယ်ဆိုတာ သူတို့က ကြိုသိနေပြီလေ ။အေးချမ်းတဲ့သူတို့ရွာလေး စစ်တလင်း ဖြစ်မယ်ဆိုတာ ကြိုသိနေတော့ အိုးပစ်အိမ်ပစ် ထွက်ပြေးရမယ့်ဘ၀ ဘယ်လိုလုပ်ပျော်နိုင်ကြရှာမလဲ။

ကေအိုင်အေတွေကို တရုတ်က လက်နက်တွေ ထောက်ပံ့ပေးတယ်၊အခြားရိက္ခာငွေကအစထောက်ပံ့ပေး
ထားတယ်။တရုတ်ပြည်မှာ ကေအိုင်အေက ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေ ၊ကိုယ်ပိုင် ဟော်တယ်တွေ ရှိတယ်။ဒါတွေနဲ့ ကေအိုင်အေကို တရုတ်က ကောင်းကောင်းထိန်းချုပ်ထားတယ်။ဒါကြောင့်ငြိမ်းချမ်းရေး
ဆွေးနွေးပွဲ ဆိုတာလည်း ကေအိုင်အေအတွက်တော့ အချို့တကယ်လိုချင်တဲ့ အဖွဲ့အစည်းတွေရှိလို့သာ
ရေလိုက်ငါးလိုက် တက်နေရပေမယ့် နဂါးကြီးမကြည်ဖြူရင် ဓားနှစ်လက်လည်း ဘာမှကိုလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကေအိုင်အေ နဲ့ ငြိမ်ချမ်းရေး ဆိုတဲ့စကားကြားတိုင်း “မဖြစ်နိုင်မှန်းသိပါရက်နဲ့သူ့ကိုယ်ပင်”ဆိုတဲ့ စိုင်းဆိုင်မောသီချင်းစာသားပြေးမြင်မိတယ်။

လွန်ခဲ့တဲ့ ၁ ရက်ကျော်လောက်က ကေအိုင်အေ ခေါင်းဆောင် ဂွမ်းမော် ရန်ကုန် မှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်လို့ သတင်တွေဖတ်ရတယ်။အဲ့ဒီမှာ မြစ်မခ မီဒီယာက မေသင်္ကြန်ဟိန် က ဂွမ်မော်ကို မေးခွင့်ရတဲ့ မေးခွန်း ၃ ခု ထဲမှာ မေးတဲ့ မေးခွန်းတစ်ခု မှာ “တိုက်ပွဲတွေက ဘယ်လိုအကျိုးအမြတ်ရသလဲ”ဆိုတဲ့ မေးခွန်းကို ဂွမ်းမော်က “တိုက်ပွဲတွေက ဘာအကျိုးအမြတ်မှ မရပါဘူး” လို့ ဖြေထားတာလေး ဖတ်ရတယ်။ဒါလေး ဖတ်ပြီး ကျွန်တော် ပြုံးမိတယ်။ဟုတ်တယ် ဂွမ်းမော် နဲ့ ကေအိုင်အေ အတွက်က တိုက်ပွဲတွေက အကျိုးအမြတ်မရဘူး။ ဒါပေမယ့် ကိုင်နေတဲ့ သေနတ်တွေကတော့အကျိုးအမြတ်ရတယ်။လတ်တလော မြေပြင်မှာ ကေအိုင်အေ ရဲ့ လုပ်ရပ်တွေ ထဲက တစ်ခုကို ပြောပြမယ်။ကေအိုင်အေကို တရုတ်က လက်နက်၊ရိက္ခာထောက်ပံ့တယ်
ဆိုတာပြောခဲ့ပြီးပြီ။ပွင့်လင်းရာသီရောက်လာပြီရင် တရုတ်ပြည်မကြီးက တရုတ်ကုန်သည်တွေက ကားကြီး၊ကားငယ် ၊ သစ် ဖြတ်စက်တွေ၊ ချိန်းဆွဲတွေနဲ့ အလျှိုလျှိုဝင်လာကြတယ် ။ မြန်မာပြည်ထဲက သစ်တွေကို ခုတ်ကြတယ် ပြီးရင် တရုတ်ပြည်ထဲကို ကားတွေ အစီး ၆၀ လောက်နဲ့ သယ်ကြတယ်။ဟိုတစ်လောက အစီး (၅၀)ကျော်မိတာ လည်းသိကြမှာပါ။အဲ့တာက တစ်ခေါက်ပဲမိတာ
မမိတဲ့အခါတွေကအများကြီး။ အဲလို ၀င် ခုတ်နေတဲ့အချိန်မှာ ကေအိုင်အေ က လုံခြုံရေး ယူပေးရတယ်။အဲ့ဒီအတွက်လည်း ကေအိုင်အေ က ပိုက်ဆံရတယ် ၊ သစ်တွေ အတွက်လည်း ပိုက်ဆံရတယ် နှစ်သီးစားပေါ့။အဲ့ဒီအချိန်မှာ နယ်မြေစိုးမိုးရေး အတွက် ၊ သစ်မှောင်ခို ဖမ်းဆီးရေး စတဲ့ အဖွဲ့တွေနဲ့ တွေ့ရင် တိုက်ပွဲတွေဖြစ်ကြတော့တာပဲ။ဒါက တကယ့်လက်ရှိ မြေပြင်က အစိုးရစစ်တပ်နဲ့ ကေအိုင်အေ ဖြစ်နေတဲ့ဖြစ်စဉ်အမှန်တွေ ဒါပေမယ့် ပြည်တွင်း မီဒီယာတွေကတော့ စစ်တပ်တွေက ကေအိုင်အေ ကို သွားတိုက်၍ တိုက်ပွဲဖြစ်လို့ပဲ ဖော်ပြနေတဲ့ သတင်းတွေ ဖတ်ရတော့ မြန်မာ နိုင်ငံအတွက် တကယ်စိတ်မကောင်းဘူး။ဘယ်သတင်းထောက်မှ မြေပြင်ကို
သွားမလေ့လာဘူး သက်ဆိုင်ရာ သူပုန်အမာခံတွေဆီ ဖုန်းဆက်ပြီးပဲ သတင်းတွေရေးကြတာ သိရတော့ ပိုလို့ ဆိုးပါတယ်။အစိုးရ ကြည့်မရတာနဲ့ ရေးလိုက်တဲ့အရေးအသားဟာ သူပုန်ကို Cover ပေးပြီး အဆိပ်ပင်ရေလောင်းနေ တယ်ဆိုတာ သူတို့ သိတော့ သိကြမှာပါ။

အချုပ်အားဖြင့်ဆိုရရင် ကေအိုင်အေ အနေနဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့အတွက် ဘာကြောင့် အချိန်ဆွဲနေသလဲ၊ဘာကြောင့် ထုံအအ လုပ်နေသလဲဆိုတာ အားလုံးတွေးကြည့်လို့ရမယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေး ရယူဖို့အတွက် အချိန်ပေးရမယ် ဆိုတာ မှန်ပေမယ့် အတိုင်းအတာ တစ်ခုတော့ ရှိသင့်ပါတယ်။မနက်ဖြန် သို့မဟုတ် ဘယ်သောအခါ ဆိုတာမျိုးနဲ့ တော့ ငြိမ်းချမ်းရေး နတ်ပွဲကြီးမှာ ကြက်ကြော် စားသူကစား ၊ အရက်သောက်သူ ကသောက် ၊ ပါမစ်ရောင်းစားသူက ရောင်းစား ဆိုရင်တော့ လိုရင်းမရောက် ၊ ဆိုလိုရင်းပျောက်တဲ့ ၊ သူပုန်အဖွဲ့တို့တူ ပျော်နွဲ ၊သောက်စားကြတဲ့ ပွဲကြီးသာ ဖြစ်နေမည် ဖြစ်ပါကြောင်း…………။

ဆရာကျောင်း(ဗန်မော်)

Friday, November 22, 2013

တိုင်းရင်းသား အခွင့်အရေးတွေအတွက် ဆက်လက် တိုက်ပွဲဝင်နေကြဦးမည့် ကေအိုင်အေ အမျိုးသမီးစစ်မှုထမ်းတွေ


Friday, November 22, 2013

"တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံ"ဟု ရေးထိုးထားသော ခန်းမ၏ အပြင်ဘက်တွင် ဒုဗိုလ် ခေါန်နန် သည် ဆွေးနွေးပွဲအတွက် လိုအပ်သည်များကိုကူညီရန် စောင့်ဆိုင်း
လျက်ရှိသည်။

ဖြူဖွေးသည့် အသားအရေနှင့် သွယ်လျသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း စစ်ဝတ်စုံအပြည့် ၀တ်ဆင်ထားသော သူ၏ အမူအရာသည် အနည်းငယ် မာကျော ခက်ထန်လျက်ရှိသည်။

"လိုတာတွေ ကူပေးဖို့လာတာ။ ငြိမ်းချမ်းရေးလား... သိပ်တော့ မမျှော်လင့်ဘူး"ဟု အစည်းအဝေးကျင်းပရာ ခန်းမဘက်ကို တစ်ချက်ကြည့်လိုက်ရင်း သူက ပြောသည်။

ခန်းမအတွင်းတွင်မူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီး မှ ခေါင်းဆောင်များသည်၎င်းတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး မူဘောင် ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်
နိုင်ရေးအတွက် အကြိတ်အနယ် ဆွေးနွေးလျက်ရှိသည်။

"လွယ်လွယ်နဲ့ ငြိမ်းချမ်းရေးရမယ် လို့ မထင်ဘူး။ ဘယ်လိုရလဒ်မျိုးပဲဖြစ်ဖြစ် ကျွန်မတို့ကတော့ကိုယ့် တိုင်းရင်းသားတွေအခွင့်အရေးအတွက် ဆက်ပြီး ကြိုးစားနေရဦးမှာပဲ"ဟု ခေါန်နန်ကပြောသည်။

အသက် ၁၈ နှစ်အရွယ် ဆယ်တန်းအောင်ပြီးတဲ့ အချိန်မှာ တက္ကသိုလ် ဆက်မတက်ဘဲ ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)တပ်ထဲ ကိုဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သမီးအကြီးဆုံး ဖြစ်သူ
ခေါနန်ကို မိဘတွေက စိုးရိမ်စိတ်နဲ့ ကန့်ကွက်ခဲ့ပေမယ့် သူ၏ ခိုင်မာသည့် ဆုံးဖြတ်ချက်ကြောင့်နောက်ဆုံးတွင် ကေအိုင်အေဌာနချုပ် သို့သွားရန် သဘောတူခဲ့ရသည်။

၁၀ တန်းအောင်မြင်သည့် သူ့ကို ကေအိုင်အေက စစ်သင်တန်းသုံးနှစ်တက်ရန် ရွေးချယ်ခံလိုက်ရပြီးနောက် ၀မ်ချောင်ဘွန်ရှိ စစ်သင်တန်းတွင် တိုက်ခိုက်ရေး၊ စစ်ရေးနည်းဗျူဟာစသည့်တို့အပြင်အစိုးရတက္ကသိုလ်များတွင် ပြဋ္ဌာန်းထားသည့် ဘာသာရပ်များကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက်
သင်ယူခဲ့ရသည်။

"မျိုးချစ်စိတ်တစ်ခုတည်းနဲ့ တပ်ထဲကို ရောက်လာတာ။ ကိုယ်ကတော့ အေးအေးဆေးဆေးနေရပြီးတစ်ဖက်မှာ ကျွန်မတို့ တိုင်းရင်းသားတွေ တိုက်ပွဲဝင် နေတာလေ။ အဲဒီအချိန်မှာ ဘာမှမလုပ်ဘဲ
ဒီအတိုင်းကြည့်နေရတာ တစ်ကိုယ်ကောင်းဆန်သလို ခံစားရတယ်။ ဒါကြောင့် ကျွန်မတို့တိုင်းရင်းသားတွေကို ကူညီဖို့ တပ်ထဲကို ၀င်ခဲ့တာ။ သင်တန်းမှာ ခက်ခဲပင်ပန်းပေမယ့် ကိုယ်ဖြစ်ချင်
တာကို လုပ်ရတော့ ပျော်တယ်"ဟု ခေါန်နန် ကဆိုသည်။

သင်တန်းဆင်းတဲ့အချိန်မှာ ဒုဗိုလ်ရာထူးကို အပ်နှင်းခံရပြီး လူဝင်မှုကြီးကြပ်ရေးဌာနမှာ တာဝန်ထမ်း
ဆောင်ရတဲ့ ခေါန်နန်ရဲ့ တာဝန်ကတော့ လိုင်ဇာမှာ နေထိုင်သူတွေအတွက် အိမ်ထောင်စုစာရင်းလုပ်ပေးခြင်း၊ မှတ်ပုံတင်ထုတ်ပေးခြင်းအပြင် စစ်ပြေးဒုက္ခသည်စခန်းရှိ ဒုက္ခသည် စာရင်းများ
ကောက်ယူခြင်းပင် ဖြစ်သည်။

"လိုင်ဇာ ခရိုင်မှာဆိုရင်တော့ အခုလက်ရှိ မှတ်ပုံတင်ထုတ်ပေးထားတာ ၃,၀၀၀ ကျော်လောက်ရှိပြီ။နံပါတ်တွေကတော့ လဇခ ။...ဆိုပြီး သတ်မှတ် ပေးတယ်။ နောက် တရုတ်ပြည်သွားဖို့ အတွက်
ဆိုရင်လည်း ဒီဘက်ကနေလိုအပ်တာတွေ လုပ်ပေးရတာမျိုး ရှိတယ်"ဟု ခေါန်နန်က သူ၏ တာဝန် များကို ရှင်းပြသည်။

ကေအိုင်အေတွင် မိန်းကလေး စစ်မှုထမ်းများအား ဆေးကုသရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စသည့်ဌာနများတွင်သာ တာဝန်ပေးလေ့ ရှိသော်လည်း တိုက်ပွဲများ
ဖြစ်ပွားသည့်အခါ စစ်မြေ ပြင်သို့သွားရောက်ကာ ရိက္ခာပို့ခြင်း၊ ဆေးကုသရေးတာဝန်များအပြင်
လိုအပ်သည်များကို ဘေးမှ ပံ့ပိုးပေးရသည်။

"အခု တာဝန်ထမ်းဆောင်တဲ့ ခြောက်နှစ်အတွင်းမှာ ရှေ့တန်းစခန်းကို ငါးခါလောက်တော့ရောက်ဖူးတယ်။ မိန်းကလေး တစ်ယောက်အတွက် ရှေ့တန်းစခန်းက လုံခြုံမှုမပေးနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့
လုပ်ဖော်ကိုင်ဖက်လို့ ပြောရမလား၊ သူတို့တွေ တိုက်နေတာ ကိုမြင်တော့ မခံချင်စိတ်တော့ဖြစ်တယ်"လို့ သူ၏ တိုက်ပွဲအတွေ့အကြုံများကို ပြန်လည်ပြောကြားသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ အကြား တိုက်ပွဲအရှိန်အမြင့်ဆုံးကာလတွင် ခါယာဘွန်ရှေ့တန်းစခန်း ရိက္ခာပို့ အဖွဲ့တွင် လိုက်ပါခဲ့သူ ခေါန်နန်သည်ခရီးလမ်းတစ်လျှောက်တွင် သေနတ်သံများကြောင့် စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ခဲ့သည်ဟု
ပြောသည်။

သို့သော် ရှေ့တန်းစခန်းအရောက် ဒဏ်ရာရနေသော သူ၏ ရဲဘော်ရဲဘက်များကို တွေ့လိုက်စဉ်
ခဏမှာပင် ကြောက်ရွံ့မှုများ လွင့်စဉ်ပျောက်ကွယ်သွားခဲ့သည်။

"ကိုယ်ကိုယ်တိုင် မြင်လိုက်ရတဲ့အခါ ကြောက်စိတ်မရှိတော့ဘူး။ ကြားနေရတဲ့ သေနတ်သံတွေကလည်း ကိုယ့်အတွက် ဘာမှ မထူးဆန်းသလိုဘဲ"ဟု သူက ဆိုသည်။

ခေါန်နန်လိုပင် မျိုးချစ်စိတ်တစ်ခုတည်းဖြင့် ကေအိုင်အေထဲ ၀င်လာသူ အမျိုးသမီးငယ်တစ်ဦးကတော့ အသက် ၂၅ အရွယ် ဘောက်နူးစင်ဖြစ်သည်။

မောင်နှမခုနစ်ယောက်တွင် တတိယ မြောက်ဖြစ်သူ ဘောက်နူးစင်သည် ငယ်စဉ်ကပင် တပ်ထဲဝင်ရန် စိတ်အားထက်သန်ခဲ့ရာ အသက် ၂၂ တွင် လိုင်ဇာ သို့ ရောက်ရှိခဲ့သည်။

"မိဘတွေကတော့ ရှမ်းပြည်မှာနေတာ။ ညီမက အမျိုးတွေနဲ့ မြစ်ကြီးနား မှာနေတာ။ တပ်ထဲဝင်ဖို့ ရည်မှန်းချက်က ရှိနေတာ့ မရောက်ရောက်အောင် သွားမယ်ဆိုပြီး ကိုယ့်စရိတ်နဲ့ကိုယ် ၂၀၁၀
လောက်မှာ လိုင်ဇာကို လာခဲ့တာ"ဟု ဘောက်နူးစင်က ဆိုသည်။

၁၀ တန်းမအောင်တာကြောင့် သုံးနှစ်စစ်သင်တန်းကို တက်ခွင့်မရပေမယ့် မုမ်လိုန်ခက်တွင် သုံးလစစ်သင်တန်းကို သင်ယူခွင့်ရခဲ့သည်။

ရဲဘော်ဘ၀မှ ဒုတပ်ကြပ်အဆင့် ဖြစ်လာသော ဘောက်နူးစင် လက်ရှိတာဝန်ကျသည့် ဌာနမှာကေအိုင်အေ အုပ်ချုပ်ရေး ရုံးပင်ဖြစ်သည်။

"အဓိကတာဝန်က စာဝင်၊ စာထွက် တာတွေလုပ်ပေးရတာပေါ့။ နောက် စာရင်းဇယားတွေ လုပ်ပေးရတာပါ။ စစ်တော့ မတိုက်ရဘူး။ မိန်းကလေး ဆိုတော့။ သင်တန်းမှာတော့ စစ်သင်တန်း ပေးတယ်
လေ"ဟု ဘောက်နူးစင်က ပြောနေကျမဟုတ်သည့် မြန်မာစကားကို ဖြည်းဖြည်းချင်း အားယူကာပြောသည်။

သို့ပေမဲ့ တခြား အမျိုးသမီးတွေ လိုပင် သူလည်း တိုက်ပွဲဖြစ်ပွားသည့်အခါ ရှေ့တန်းစခန်းများသို့ သွားရောက်ကာ ရဲဘော်ရဲဘက်များအား ကူညီပံ့ပိုးပေးရသူ ဖြစ်သည်။

စစ်မှုထမ်းဆောင်သည့် ကာလအတွင်း အတွေ့အကြုံ အမှတ်တရများစွာ ရှိခဲ့သော်လည်း သူ့မှတ်ဉာဏ်တွင် ယနေ့တိုင်စွဲထင်နေသော အတွေ့အကြုံတစ်ခုနှင့် ပတ်သက်၍ "အစိုးရတပ်က
လေယာဉ်နဲ့ ဗုံးကြဲတုန်းကပေါ့။ အဲဒီအချိန်မှာ တပ်သားတွေအတွက် ထမင်းချက်နေတာ။ ၀ုန်းဆိုတဲ့အသံကို ကြားလိုက်တဲ့အချိန်မှာ နှလုံးတောင်မရှိသလို ခံစားရတယ်။ စစ်ပွဲကြောင့် ဆေးရုံမှာ
ဒဏ်ရာရတဲ့ သူတွေ၊ သေတဲ့သူအများကြီး။ အဲဒီအချိန်မှာ သူတို့အစား သေနတ်ထမ်းပြီး ကိုယ်တိုင်သွားတိုက်လိုက်ချင်တဲ့ စိတ်ဖြစ်မိတယ်"ဟု ဘောက်နူးစင်က ပွင့်လင်းစွာ ပြောသည်။

ကေအိုင်အေတွင် အမျိုးသမီး စစ်မှုထမ်းတစ်ထောင်ဝန်းကျင်ခန့်ရှိပြီး အများအားဖြင့် အသက် ၁၈ နှစ်မှ ၃၀ ၀န်းကျင်အရွယ်များဖြစ်သည်။

စစ်မှုထမ်းရန် အသက် ၁၈ ပြည့်ရန်သာ လိုအပ်ပြီး ကန့်သတ်ချက် အများအပြား မရှိပေ။ ခံစားခွင့်အနေဖြင့် အမျိုးသား စစ်မှုထမ်းများနှင့် တန်းတူဖြစ်ပြီး ရဲဘော်မှ စစ်ဦးစီးချုပ်အထိ ရိက္ခာအနေဖြင့်
တစ်နေ့လျှင် ဆန်သုံးဘူးနှင့် ဆားတစ်ထုပ်စီရရှိပြီး တစ်လလျှင် လစာကျပ် တစ်သောင်း ရရှိသည်။

"အုပ်ချုပ်တာကအစ အားလုံး အတူတူပဲ။ ခွဲခြားတာတော့ မရှိဘူး။ စစ်သင်တန်းတက်ပြီးရင်တော့ ငါးနှစ် အနည်းဆုံး တာဝန်ထမ်းဆောင်ရတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ အိမ်ထောင်ပြုမယ်ဆိုရင်
တော့ တပ်က ထွက်ချင်ရင် ထွက်ခွင့်ပေးတယ်။ အိမ်ထောင်ပြုပြီးရင် တာဝန်ထမ်းဆောင်ဖို့ဆိုတာအမျိုးသမီးတွေကျတော့ အဆင်မပြေတော့ဘူးလေ"ဟု ဗိုလ်ကြီး ဇော်မိုင်ကပြောသည်။

"အခုထိတော့ တပ်ကထွက်ဖို့ စဉ်းစားမထားဘူး။ အိမ်ထောင်ကတော့ တစ်ချိန်ချိန်ပြုမှာပေါ့။ အပျိုကြီး မလုပ်ဘူး"ဟု ဘောက်နူးစင်က ရယ်ရင်းပြောသည်။

ရည်မှန်းချက်ကြီးသူ ဒုဗိုလ် ခေါန်နန် ကမူ "ကေအိုင်အေမှာ ထူးချွန်တဲ့သူတွေဆိုရင် တရုတ်ပြည်မှာ
ထပ်ပြီး သင်တန်းတွေ တက်ခွင့်ရတယ်။ စစ်ပညာတွေကို အခုထပ်ပိုပြီး သင်ချင်တယ်။ ညီမတို့တိုင်းရင်းသားတွေအတွက် ဆက်ပြီးတိုက်ပွဲဝင်မယ်။ ကိုယ်တတ်နိုင်သလောက် ကြိုးစားမယ်"ဟု
ယုံကြည်ချက်အပြည့်ဖြင့် ဆိုသည်။

ကေအိုင်အေတွင် ကချင်တိုင်းရင်းသားများ အပါအ၀င် ရှမ်းနှင့် ရခိုင် တိုင်းရင်းသား အမျိုးသမီးစစ်မှုထမ်းများလည်း တာဝန်ထမ်းဆောင်လျက်ရှိရာ ၎င်းတို့ရရှိသော လစာငွေဖြင့် မိသားစုအား
ပြန်လည် မထောက်ပံ့နိုင်သော်လည်း တိုင်းရင်းသား အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် သူတို့အပေါ် မိသားစုဝင်များက ဂုဏ်ယူလျက်ရှိကြောင်း ပြောကြသည်။

ယခုကဲ့သို့ စစ်မှုထမ်းအမျိုးသမီးများကြားတွင် မတူညီသော ခံယူချက်များ ရှိနေလင့်ကစားသူတို့တွင် တူညီသော ခံစားချက်တစ်ခုတော့ ရှိသည်။

ထိုအရာမှာ စစ်မှန်သည့် ငြိမ်းချမ်းရေး ရရန် အလှမ်းဝေးဆဲဖြစ်သည် ဆိုသည့် အချက်ပင်ဖြစ်သည်။

"ငြိမ်းချမ်းရေးကတော့ ဆွေးနွေး နေတာပဲ။ စစ်ပွဲတွေလည်း ဖြစ်နေတုန်းပဲ။ စကားတွေသာပြောနေတာ လက်တွေ့ဖြစ်နေတာနဲ့တော့ တခြားစီပဲလေ။ အစိုးရဘက်က လက်တွေ့မှာငြိမ်းချမ်းရေးကို လွယ်လွယ်မပေးချင်ပါဘူး။ သူတို့ပဲ အစစ အုပ်စိုးချင်တာ။ ဆွေးနွေးပွဲကနေ
သိပ်ပြီး မမျှော်လင့်ဘူး"ဟု ခေါန်နန်က ပြောသည်။

ဒုဗိုလ်ခေါန်နန်ကို လိုင်ဇာမြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)

Myanmar Times



Friday, November 8, 2013

လွယ်ဂျယ်မြို့နယ်အတွင်းရှိ သကျမာရဇိန် အောင်တော်မူ ဘုရားရှိ အဆောက်အဦးများအား ကေအိုင်အေအဖွဲ့မှ ဖျက်ဆီးသွားခြင်းအပေါ် ဒေသခံ ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင်များမှ ပြင်းထန်စွာကန့်ကွက်


 

















FRIDAY, NOVEMBER 08, 2013

လွယ်ဂျယ်မြို့နယ်ခွဲ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသော သကျမာရ်ဇိန် အောင်တော်မူ တောင်ပေါ်ဘုရား ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တ၀ါရိန္ဒ သက်တော် (၅၈)နှစ်၊ ၀ါတော် ၃၂ နှစ်သည် ၂၀၁၁ ခုနှစ် တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် တစ်ဘက် တရုတ် နိုင်ငံ၊ ကျန်ဖုန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် သွားရောက်သီတင်းသုံးခဲ့ရပါသည်။


၎င်းဘုန်းတော်ကြီး ကျောင်းအနီးရှိ တောထဲတွင် ကေအိုင်အေအဖွဲ့ တမဟ(၃)လက်အောက်ခံ တပ်ရင်း(၁၆)နှင့် တပ်ရင်း(၂၁) တို့မှ တပ်ဖွဲ့ဝင်များသွားလာလှုပ်ရှား နေထိုင်လျက်ရှိပြီး မိုင်းများလည်းထောင်ထား သဖြင့် ဒေသခံပြည်သူများ သွားလာမှုမရှိကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် သကျမုနိ ဆုတောင်းပြည့်ဘုရား ဂြိုဟ်နံထောင့် ၈ ထောင့်မှ ဗုဒ္ဓဆင်းတုတော် ၈ဆူ၊ သကျမုနိအောင်တော်မူစေတီမှ ဗုဒ္ဓဆင်းတုတော် ၅ ဆူ၊ ရှင်သီဝလိရုပ်ပွားတော်၊ ရှင်ဥပဂုတ္တရုပ်ပွားတော်၊ သကျမာရဇိန် အောင်တော်မူ ဘုရား၏ သမိုင်းကျောက်စာပြား များနှင့် ဆရာတော်ဘဒ္ဒ န္တ၀ါရိန္ဒ၏ အသုံးအဆောင်ပစ္စည်းများကိုလည်း ကေအိုင်အေအဖွဲ့မှ ဖျက်ဆီးသွားခဲ့ ကြောင်း ဆရာတော် ဘဒ္ဒ န္တ၀ါရိန္ဒမှ အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လည် ၁၂နာရီ မိနစ် ၃၀ချိန်တွင် လွယ်ဂျယ်မြို့မှ မြို့မိမြို့ဖ များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။


သကျမာရဇိန် အောင်တော်မူတောင်ပေါ်ဘုရားအား ၁၉၅၉ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာရေးနှင့်အခွန်တော်ဌာန၀န်ကြီး ဗိုလ်ခင်မောင်ကလေးမှ ကြီးမှူး၍ တည်ထားကိုးကွယ်ခဲ့ပြီး ကျောင်းထိုင် ဆရာတော် ဦးစန္ဒိမာမှ ဆက်လက် သီတင်းသုံး နေထိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သာသနိက အဆောက်အဦများ ဖျက်ဆီးခြင်းခံရခြင်းအပေါ် လွယ်ဂျယ်မြို့နယ်ခွဲအတွင်းရှိ ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင် များမှ ကျေနပ်မှုမရှိဘဲ ကေအိုင်အေအဖွဲ့ထံသို့ ကန့်ကွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကချင်နဲ့ ရှမ်းပြည်နယ်အစပ် မန်စီမှာ တိုက်ပွဲတွေ ဖြစ်





ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ကေအိုင်အေ အကြီးအကဲ ဗိုလ်ချုပ် ဂွမ်မော်
မကြာသေးခင်က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ အပစ်ရပ်ရေး ဆွေးနွေးပြီးလို့ ၂ရက်တောင်မရှိသေးချိန်မှာဘဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မန်စီမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

မန်စီမြို့နဲ့ ၁၀ မိုင်ပတ်ဝန်းကျင်မှာရှိတဲ့ ကောင်လုံရွာ၊ မခေါ်ယမ်ရွာနဲ့ ကောင်ဂျာရွာဆိုတဲ့ နေရာ၃ခုမှာ ကေအိုင်အေ ကချင် လွတ်မြောက်ရေး တပ်မတော်က တပ်ရင်း ၁၂နဲ့ အစိုးရ စစ်တပ် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းတွေ ဒီနေ့ ကြာသပတေးနေ့မနက် ၉နာရီခွဲခန့်က စပြီးတိုက်ပွဲ ၃ကြီမ် ဖြစ်ခဲ့ပါတယ်။

ဒီလိုဖြစ်ခဲ့တာကြောင့် ကေအိုင်အေဘက်က တပ်သားတယောက်ကျဆုံးပြီး ရွာသား၂ယောက် ဒဏ်ရာရပြီးတော့ ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်နေရပါတယ်။

တိုက်ပွဲဖြစ်ရတဲ့အကြောင်းကိုတော့ ကေအိုင်အေ တပ်ရင်း၁၂ ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျွန်အောင်က အတည်ပြု ပြောကြားခဲ့ပါတယ်။

အစိုးရနဲ့ အပစ်ခတ် ရပ်စဲရေး လက်မှတ် မထိုးရသေးတဲ့ ကေအိုင်အေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ဆွေးနွေးပွဲ လုပ်လို့ နေရပ်ရင်းတွေကို ပြန်တောင် မရောက်သေးတဲ့ ခုလို အချိန်မှာ ဒီလို တိုက်ပွဲတွေ ဖြစ်ရတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသားတွေကြား ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် လုပ်နေတဲ့ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကို ဘီဘီစီကမေးကြည့်တော့ သူ့အနေနဲ့ အခြေအနေ အသေးစိတ်ကို ဘာမှ မသိရသေးဘူး ၊ ဒါပေမယ့် မကြာခင် ဒီတိုက်ပွဲတွေ ရပ်စဲသွားမယ်လို့ ယူဆရကြောင်း မြန်မာပိစ်စင်တာရဲ့ အကြံပေး ဦးလှမောင်ရွှေ ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က မြစ်ကြီးနားမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ဆွေးနွေးတဲ့ပွဲမှာ တနိုင်ငံလုံး အပစ်ရပ်ရေးအတွက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲဆိုင်ရာ မူဘောင်တွေနဲ့ ဆွေးနွေးပွဲကို ဒီဇင်ဘာလမှာ ဆက်ကျင်းပဖို့ ၂ဖက်သဘောတူပြီးခဲ့ချိန်မှာ ခုလိုတိုက်ပွဲတွေ ဖြစ်တဲ့အတွက် တနိုင်ငံလုံး အတိုင်းတာနဲ့ အပစ်ရပ်ရေးက ဖြစ်လာနိုင်ပါ့မလားလို့ တိုက်ပွဲတွေကြား မြေဇာပင်ဖြစ်နေရတဲ့ ဒေသခံတွေက စိုးရိမ်ပူပန် နေကြပါတယ်။
BBC Burmese

Monday, November 4, 2013

အစိုးရ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညှိနှိုင်းမည့် မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ နိုဝင်ဘာ ၄ ရက် (ယနေ့) စတင်မည်

 Created on Monday, 04 November 2013


မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ကချင်ဒေသခံများက ကြိုဆိုနေစဉ်

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲရလဒ်ကို အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညှိနှိုင်းမည့် မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက် (ယနေ့) တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား ဆွေးနွေးပွဲသို့ တက်ရောက်မည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ စာရင်းအတိအကျကို မသိရှိရသော်လည်း အများစု သွားရောက်မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက နိုဝင်ဘာ ၂ ရက် ညပိုင်းက ပြောကြားသည်။

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ၄ ရက်ကြာ ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို ရေးဆွဲထုတ်ပြန် နိုင်ခဲ့သည့်အပြင် ထိုသဘောတူညီချက်အား ဆက်လက်အကောင်အထည် ဖော်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။

အဖွဲ့ဝင် ၁၃ ဦး ပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့သည် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပထမဆုံးတွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား ရှင်းလင်းမည်ဖြစ်သည်။

အချက် ၁၁ ချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဘုံသဘောတူညီချက်ကို တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ အစိုးရနှင့် ညှိနှိုင်းဆွေးနွေးပြီး မူကြမ်းတစ်ရပ်ကို အသေးစိတ် ရေးဆွဲရန် စီစဉ်ထားကြောင်းနှင့် ပါဝင်သော အချက်များထဲတွင် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အစိုးရဘက်က သဘောတူညီချက် ရရှိမှ ဒုတိယအဆင့် အနေဖြင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုးရန် ပြင်ဆင်ထားသည့် အချက်သည် အရေးကြီးကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းက နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြန်လည်ဖြေကြားသည်။

"နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်စဉ်ထဲမှာ ကျွန်တော်တို့ အနေနဲ့ မူသစ်တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် နိုင်ငံရေး roadmap အသစ် ထပ်ပြီးတော့ ပြင်လိုက်ပါတယ်။ အဲဒါ ခြောက်ချက်ပါပါတယ်။ ဟိုတုန်းကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးခြင်းဆိုင်ရာ မူဘောင်ကို ချမှတ်မယ်ဆိုပြီးတော့ ပြောခဲ့တာ ရှိပါတယ်။ သို့သော် အခုညီလာခံကနေ ကျွန်တော်တို့ စဉ်းစားထားတာက နိုင်ငံရေးမူဘောင်ကို ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးရေး Frame work ကို ချမှတ်ပြီးမှ လက်မှတ်ရေးထိုးခြင်းက ခိုင်လုံမှု ရှိတယ်ပြောဖို့ လုပ်ထားပါတယ်။ နောက်အသွင် ကူးပြောင်းရေးကာလ၊ တွေ့ဆုံဆွေးနွေးရေး ကာလမှာ ကျွန်တော်တို့ လုပ်ဆောင်ရမယ့် အစီအမံတွေ ချထားပါတယ်။ အဲဒီမှာ ရှစ်ချက်ကိုးချက်လောက်ပါ။ Humanitarian Aid တွေကို တိုင်းရင်းသား ဒေသတွေမှာ ရအောင်ဘယ်လိုလုပ်လဲ ဆိုတာတွေ ပါတယ်" ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) က ရေးဆွဲထားသော မူကြမ်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ရေးဆွဲထားသော ဘုံသဘောတူညီချက်၊ ၂၀၁၂ ခုနှစ် တိုင်းရင်းသား ညီလာခံ၌ ရေးဆွဲထားသော မူကြမ်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် RCSS တို့က တင်ပြခဲ့သော WGEC ၏ မူကြမ်းကို အစိုးရက ပြင်ဆင်ဖြည့်စွက် ရေးဆွဲထားသော မူကြမ်းများကို ပေါင်းစည်းပြီး မူကြမ်းတစ်ခု အနေဖြင့် ရေးဆွဲခဲ့သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်ကို သဘောတူ ညီခဲ့ကြခြင်း ဖြစ်ပါသည်။

ဆွေးနွေးပွဲ ကာလအတွင်း အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ မည်သည့်အရာကို ဦးစားပေး လုပ်ဆောင်သင့်သည်ဆိုသော အချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်များအကြား အချေအတင် ပြောဆိုဆွေးနွေးမှုများ ရှိခဲ့ပြီး အဆုံးသတ်တွင် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးမှုသည် ဆက်စပ်ခွဲထား၍ မရသော ကိစ္စဖြစ်ကြောင်း ဘုံသဘောတူညီပြီး ဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးရာ၌ တစ်ဖွဲ့ချင်းစီအလိုက် ခွဲထိုးမည် မဟုတ်ဘဲ အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း ရေးထိုးရန် မူချမှတ်ခဲ့ကြောင်း UNFC ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက နိုဝင်ဘာ ၂ ရက် ညပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

မြစ်ကြီးနားမြို့တွင် ဆက်လက်ပြုလုပ်မည့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကိုသာ အဓိကထား ဆွေးနွေးသွားဖွယ် ရှိသည်။

EMG

Sunday, October 27, 2013

ကေအိုင်အေနှင့် ဖြစ်ပွားနေသော တိုက်ပွဲအများစုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် နေရာများတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက် ပြောကြား

 Created on Sunday, 27 October 2013

အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့၌ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ပြုလုပ်သော ကချင်ပြည်နယ် အခြေအနေဆိုင်ရာရှင်းလင်းပွဲ

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲအများစုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် နေရာအများစုတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံ အနေဖြင့် စွမ်းအင်လိုအပ်ချက်အတွက် မြန်မာနိုင်ငံမှ ဓာတ်ငွေ့များကို သွယ်တန်းရယူနေကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့သည့် နေရာများကို လေ့လာကြည့်ပါက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသည့် နေရာများတွင် အများစု ဖြစ်သည်ကို တွေ့ရကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်မေစံပယ်ဖြူက ဆိုသည်။

ဒေါ်မေစံပယ်ဖြူက "ဒီတရုတ်ဓာတ်ငွေ့ပိုက်လိုင်းတွေ ကာကွယ်ဖို့အတွက် တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖြတ်သန်းဖို့ နေရာတွေကို ရယူဖို့အတွက် ကျွန်မတို့တွေဟာ ပဋိပက္ခ စစ်ပွဲတွေ ဖြစ်ပွားတယ်လို့ ကျွန်မတို့က အဲဒီလိုပဲ ယူဆလို့ ရပါတယ်" ဟု ဆိုသည်။

ကေအိုင်အေနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ မြစ်ကြီးနားမြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အချက်ခုနစ်ချက်ပါ သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်သော်လည်း ၁၀ ရက်ကျော် အကြာခန့်တွင် ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်း၌ တိုက်ပွဲများ ဆက်တိုက်ပြန်လည် ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများမှာ သစ်ခိုးထုတ်မှုများအပေါ် သွားရောက်ရှင်းလင်းရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အစိုးရဘက်မှ ရှင်းလင်းခဲ့သော်လည်း အဆိုပါ အချက်မှာ အကြောင်းပြချက် သက်သက်သာဖြစ်ပြီး အမှန်တကယ် အကြောင်းရင်း မဖြစ်နိုင်ဘဲ တိုက်ပွဲများ ဖြစ်ပွားသည့် နေရာမှာ ဗန်းမော်-မန္တလေး ရထားလမ်းကို တရုတ်နိုင်ငံမှ ရထားလမ်း လာဆက်မည့်နေရာ ဖြစ်နေသည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဆိုသည်။

သစ်ခိုးထုတ်မှု လမ်းကြောင်းသည် မန္တလေး၊ စစ်ကိုင်း စသည့်အစိုးရအောက်ရှိ မြို့နယ်များကို ဖြတ်သန်းလာခဲ့ချိန်တွင် ဖမ်းဆီးခဲ့ခြင်း မပြုဘဲ ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းရောက်မှသာ လိုက်လံရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် သစ်ခိုးထုတ်မှု လမ်းကြောင်းမှာ အများအပြား ရှိနေပြီး လမ်းကြောင်းတစ်ခုတည်းကြောင့် တိုက်ပွဲများ ထိုမျှထိ ပြင်းထန်စရာ မရှိဟု အဆိုပါ ကွန်ရက်က ထောက်ပြသည်။



တပ်မတော်နှင့် KIA တို့ တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက လဂျားယန် ဒေသရှိ KIA ရှေ့တန်းစခန်း တစ်ခုအား တွေ့ရစဉ်

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)တို့အကြား ၁၉၉၄ ခုနှစ်မှစကာ အပစ်အခတ် ရပ်စဲထားခဲ့ပြီး ၁၇ နှစ်ကြာပြီးမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာခြင်းမှာလည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရန်မှ စတင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေါ်မေစံပယ်ဖြူက ထောက်ပြခဲ့သည်။

"၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှာ တိုက်ပွဲတွေ စဖြစ်ပွားတာကိုက တာပိန်ရေအားလျှပ်စစ်လို့ခေါ်တဲ့ ရေအားလျှပ်စစ် ထုတ်ဖို့အတွက် ဆည်အသေးလေးဆောက်တဲ့ ဒေသကနေစပြီး ဖြစ်တယ်။ စပြီးဖြစ်ခဲ့တာကိုက အဲဒီဆည်ကို လာပြီးဆောက်တဲ့ တရုတ်ကုမ္ပဏီက ၀န်ထမ်းတွေနဲ့ ဒေသခံ ရွာသူရွာသားတွေ မသင့်မတင့် ဖြစ်တာကို တရုတ်ကုမ္ပဏီက လူတွေကို လုံခြုံရေး ကာကွယ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စပြီးတော့ တိုက်ပွဲတွေ ဖြစ်တယ်။ အဲဒီတော့ ပြောချင်တာက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်လိုမှုကနေ စတာ။ တကယ်တော့ တာပိန်ရေအားလျှပ်စစ်ဆိုတာ သေးသေးလေးပါ။ ကျွန်မတို့ မြစ်ဆုံဆည်နဲ့ ယှဉ်မယ်ဆိုရင်ပေါ့" ဟု ဒေါ်မေစံပယ်ဖြူက ပြောကြားသည်။

နိုင်ငံတကာ ပညာရှင်များ အနေဖြင့်လည်း တိုက်ပွဲများ ဖြစ်ပွားသည့် နေရာများကို စနစ်တကျ မြေပုံဆွဲထားပြီး ဖြစ်ကြောင်း၊ ၎င်းတို့၏ လေ့လာမှုများ အရလည်း တညီတညွတ်တည်း ကောက်ချက်ချနိုင်သည်မှာ ပဋိပက္ခများ၊ မငြိမ်သက်မှုများ၊ တိုက်ပွဲများ ဖြစ်ပွားနေရသည့် ဒေသများ အားလုံးမှာ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းများနှင့် အမှန်တကယ် ဆက်စပ်မှု ရှိသည်ဆိုခြင်းပင် ဖြစ်ကြောင်းလည်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဆိုသည်။

"ဘယ်လိုပဲ အကြောင်းပြချက်တွေရှိရှိ တကယ်တမ်း ထဲထဲဝင်ဝင် လေ့လာလိုက်တဲ့အခါ တရုတ်အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်တွေက လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက် ကြည့်ထားတဲ့ သဘောတူထားတဲ့ အဲဒီဧရိယာတွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေဟာ အမြဲတမ်းပဲ တိုက်ပဲတိုက်ဆိုင်လွန်း အားကြီးတယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေ ဖြတ်သန်းသွားလာတဲ့ လမ်းကြောင်းတွေမှာပဲ တိုက်ပွဲအသစ် အသစ်တွေဟာ ဖြစ်ပေါ်နေတာကို တွေ့ရတယ်" ဟု ဒေါ်မေစံပယ်ဖြူက ပြောကြားသည်။

EMG

Wednesday, October 23, 2013

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်၍ တပ်မတော်၏ ငြိမ်းချမ်းရေး နှင့် ပတ်သက်သော မူဝါဒ (၆) ရပ်



KIA - ဒါတွေသင်တို့သိဖို့လိုသည်.........။

၁။ ထာဝရငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒရှိရန် ။

ဟေ့ KIA - အပြောမဟုတ် ၊ အမှန်တကယ်ဆန္ဒရှိရင် ထာဝရငြိမ်းချမ်းရေး ရနိုင်တယ်။

၂။ သဘောတူစာချုပ်များအတိုင်းသဘောတူရန် ။

ဟေ့ KIA - အပြောတစ်မျိုး၊ အလုပ်တမျိုးမလုပ်နဲ့၊ မင်းတို့ရဲ့ဝမ်ပေါင် ကချင်နိုင်ငံထူထောင်မယ်ဆိုတဲ့ နိုင်ငံတော်ကခွဲထွက်မဲ့အကြံကို ထာဝရစွန့်လွှတ်၊ သဘောတူချက်များ အတိုင်း ကတိတည်ရင် ငြိမ်းချမ်းရေးဆိုတာ အနီးလေး ။

၃။ ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် အမြတ်မထုတ်ရန် ။

ဟေ့ KIA - အများကပြောလာလို့သာ ငြိမ်းချမ်းရေးဆွေးနွေးဘို့လုပ်၊ မြို့ပေါ်တက် မြို့ပေါ်က အမာခံတွေနဲ့ ဆက်သွယ်နိုင်ဘို့လောက်စဉ်းစား၊ ခဏအပြစ်အခတ်လျှော့ချတုံး (အယ်လ်ကိုင်ဒါကုလားနဲ့ ၀အဖွဲ့ကို) လိုင်ဇာကိုခေါ်၊ လက်နက်တွေပေးပါပေးပါ လို့တောင်း၊ လူသစ်တွေ မတရားဖမ်း၊ သစ်တွေ တရုတ်နဲ့ပေါင်းပီး ခိုးထုတ်၊...... ဒါမျိုးအမြတ်မထုတ်ပါနဲ့ ။

၎။ ဒေသခံပြည်သူများအပေါ် ၀န်ထုတ်ဝန်ပိုး မဖြစ်စေရန် ။

ဟေ့ KIA - ဒို့ဒေသခံတိုင်းရင်းသားတွေဆီက ဆက်ကြေးတောင်းတာတွေ၊ လူသစ်စု တယ်ဆိုပြီး လူတွေမတရားဖမ်းခေါ်တာတွေ ၊ ဒေသခံရွာသားတွေ ကို မင်းတို့စခန်းတွေ ခေါ်ပြင်ခိုင်းတဲ့ အတင်းအဓမ္မ လုပ်အားပေးခိုင်းတာတွေ မလုပ်သင့်ဘူးလေ ။

၅။ နိုင်ငံတော်ကထုတ်ပြန်သည့် တည်ဆဲဥပဒေများကို လိုက်နာရန် ။

ဟေ့ KIA - နိုင်ငံတော်ရဲ့ဥပဒေဆိုတာ တို့နိုင်ငံသားအားလုံး လိုက်နာရ
တယ် ။ တိုက်ပွဲ မှာ ဒဏ်ရာရနေတဲ့ ကိုယ့်ရဲဘော်တွေကို ဆေးမကုပေး ဘဲ ဆေးထိုးသတ်တာလဲ စစ်ရာဇ၀တ်မှုဖြစ်တဲ့အတွက် ဥပဒေအရ အပြစ်ပေးခံရနိုင်တယ်နော်...... ။

၆။ ဒို့တာဝန်အရေး (၃)ပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး - ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန် ။

ဟေ့ KIA - ဒီမိုကရေစီတည်ဆောက်နေတဲ့ ဒို့မြန်မာနိုင်ငံ
အ တွက် ပြည်ထောင်စု မပြိုကွဲဘို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲဘို့၊ ဒို့နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲဘို့ ...... အရေးကြီးတယ်၊ လိုတယ်ဆိုတာ ....... အင်း ? မင်းတို့သိဘို့ ကောင်း ပါတယ် ။

ကဲ ....... ယောက်ဖရေ .......
မင်း ....... မငြိမ်းချမ်းချင်ဘူးလား၊ မင်းအေးအေးဆေးဆေးမနေချင်ဘူးလား ။

Tuesday, October 15, 2013

KIA ၏ မူလသဏ္ဍန် အမှန် (ကိုယ်တိုင်အတွေ့အကြုံ)




ကချင်လက်နက်ကိုင်တွေကိုစောင့်ကြည့်ကြဖို့လိုပါတယ် ။
ဤစာကို ကချင်ပြည်နယ်မှာ (၆)နှစ်နေလာခဲ့တဲ့ အတွေ့အကြုံအရ

(၁)ကချင်ပြည်သူတွေနဲ့ သဘောထားပျော့ပြောင်းတဲ့ ခေါင်းဆောင်ပိုင်းကငြိမ်းချမ်းရေးလိုလားကြပေမယ့် သဘောထားတင်းမာတဲ့ အရာရှိအချို့နဲ့ နောက်လိုက်တွေက ၁၀နှစ်ကာလ ယာယီအပစ်အခတ်ရပ်စဲမှုစာချုပ် ပျက်ပြယ်ချိန်မှာပဲ ပြန်ပြီးတောခိုသွားကြတယ် ။

(၂)အစ္စလာမ် အစွန်းရောက်တွေကို မွေးမြူထားပြီး ကျောထောက်နောက်ခံပြုပေးတယ် ၊ ပြည်တွင်းအဖျက် အမှောင့် လုပ်ငန်းတွေမှာ အစ္စလာမ်အစွန်းရောက်တွေကို ထုတ်သုံးလေ့ရှိတယ် ။

(၃)သဘောထားတင်းမာသူ ခေါင်းဆောင်တစ်ချို့နဲ့ အရာရှိ စစ်သည်တချို့က ဗမာမုန်းတီးရေးဝါဒမှိုင်းတွေတိုက်ပေးပြီး ၊ လခမပေးရတဲ့ ကချင်စစ်သားတွေကိုစုဆောင်းတယ် ။

(၄)ချင်းတွင်းမြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ တနိုင်းခမြစ်ကြောင်းတလျောက်ကို KIA ပိုင်နက်နဲ့ နာဂလူမျိုးများရဲ့ အပိုင်အဖြစ်ပိုင်းခြားထားပြီး နာဂတွေကိုလက်နက်နဲ့ ဘိန်း ၊ ဘိန်းနဲ့လက်နက် အပြန်အလှန်လဲလှယ်ကြတယ် ။

(၅)လျိုမြောင်တွေပေါများပြီးဆင်နဲ့တောင်မှခဲရာခဲဆစ်သွားရောက်ရတဲ့ တောတောင်ထူထပ်တဲ့နေရာတွေမှာ ဘိန်းဖြူ ၊ဘိန်းမဲ ကို စီးပွါးဖြစ်စိုက်ပျိုးကြတယ် ။

(၆)တရုတ်ပြည်ထဲကနေ ဌာနချုပ်လိုင်ဇာအထိ ကားကြီးတွေနဲ့ဝင်ရောက်လာပြီးကျွန်း ၊ သမ်ဘဒန်း ၊ ကျောက်စိမ်း ၊အင်ကြင်းကျောက် (အဖြူ/အ၀ါ) အစရှိတဲ့သယံဇာတ မှန်သမျှကို တရုတ်ပြည်မထဲထိ ပို့ဆောင်ရောင်းချတဲ့ စီးပွါးရေးလုပ်ငန်းတွေအပြင် ၊ တရုတ်ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး ကချင်ပြည်နယ်ရဲ့ အထင်ကရရွှေမှော်တွေမှာ အကျိုးအမြတ်ခွဲတမ်းယူ၍ ရွှေတူးဖော်ရေးတွေလုပ်တယ် ။ တရုတ်
ပြည်က လောင်းကစားမျိုးစုံအပြင် ကျားနဂါး ၊ ပေါက်စီ ၊ အစရှိတဲ့ နာမည်ကြီးလောင်းကစားနည်းတွေကို ကချင်ပြည်နယ်ရွှေမှော်တိုင်းမှာ ဒိုင်ဖွင့်စေပြီး အကောက်အခွန်ကိုကောက်ယူကြတယ် ။

(၇) တုမ္ပဏီ ၊ တလူး ၊ ဝေဘူ ၊ မုန်းစမ်ယန် ၊ နန့်စမ်ယန် ၊ဖားမှော် ၊ အစရှိတဲ့ အထင်ကရ ရွှေမှော်တွေမှာ ပြည်တွင်းရွှေတူးဖော်သူ(လော်ပန်)များကို စက်ကြီးမျော တစ်မျောလျှင်တစ်လ ရွှေ (၂ကျပ်သား) စက်ကလေး (တစ်လုံးထိုး) တစ်မျောလျှင် (၁ကျပ်သား)လေးပေကျင်း တစ်ကျင်းတူးလျှင် (၂သောင်း) အစရှိသဖြင့် အခွန်ငွေ (ဆပ်ကြေး)တောင်းခံသောကြောင့် ငွေကြေးတောင်းတင်းသော လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်လာတယ် ။

(၈)ဗမော် ၊ ကလေး ၊ခန္တီး ၊ ဟုမ္မလင်း ၊ မြစ်ကြီးနား ၊နမ္မတီး ၊ တနိုင်း ၊ အစရှိတဲ့ ဒေသများတွင် လူသစ်စုဆောင်းခြင်းများရှိသည့်အပြင် ကျေးလက်တောရွာများနှင့် စစ်အစိုးရ၏ သြဇာသက်ရာက်မှုမရှိသည့် ရွှေမှော်များမှ ရွှေလုပ်သား ကရင် ၊ ရှမ်း ၊ဗမာ ၊ ပအိုဝ့် ၊ ရခိုင် ၊လီဆူး များအားလဲ နိုင့်ထက်စီးနင်းပြု၍ ပေါ်တာဆွဲလေ့ရှိသည် ။

(၉)ပြည်နယ်တွင်း ဖွံ့ဖြိုးမှုနဲသည့် ဒေသများတွင် တာဝန်ထမ်းဆောင်ကြရသော ပညာရေးဌာန၀န်ထမ်းများဖြစ်သည့် ဆရာမများအားလဲ နည်းမျိုးစုံနှင့် သိမ်းသွင်းစည်းရုံးသည် ။အနုနည်းနှင့်မရပါက အကြမ်းဖက်၍ ဖမ်းဆီးခေါ်ဆောင်ပြီး KIA တပ်စခန်းချရာဒေသများ၌စာသင်ကြားပို့ချစေသည် ။

(၁၀)တောင်တန်းသာသနာပြုသံဃာတော်များအားလဲ အေးအေးချမ်းချမ်းသာသနာပြုခွင့်မရအောင် နှောက်ယှက်ဖျက်ဆီး၍ ၄င်းတို့နှင့် သဟဇာတမဖြစ်ပါက အသက်ကိုပါအန္တရာယ်ပြုသည့်အထိ ရက်စက်ကြသည် ။

အထက်ပါ အကြောင်းအချက်များသည် ကချင်ပြည်နယ်နေရာအနှံ့(၆)နှစ်လုံးလုံးနေခဲ့ချိန်တွင် မိမိကိုယ်တိုင်တွေ့ကြုံခဲ့သော အဖြစ်မှန်များဖြစ်သည် ။လိမ်လည်၍သော်၎င်း ချဲ့ကား၍သော်၎င်း တစ်လုံးတစ်ပါဒမျှ အပိုရေးမထားခြင်းမရှိ ။ကချင်လက်နက်ကိုင်အဖွဲ့အစည်း အင်အားတောင့်တင်းခြင်း ၊ သဘောထားတင်းမာနေခြင်းတို့သည် တိုင်းပြည်၏ သယံဇာတအားနည်းမျိုးစုံနှင့် ပြည်ပသို့ သယ်ထုတ်နေသည့်အပြင် ပြည်တွင်းမှ ပြည်သူတို့ထံမှလဲ အခွန်ဆပ်ကြေးများတောင်းခံခြင်း ၊ ဘိန်းဖြူ ဘိန်းမဲ စိုက်ပျိုးခြင်းနှင့် လက်နက်မှောင်ခို ရောင်းဝယ်ခြင်းအစရှိသော စီးပွါးရေးလုပ်ငန်းများကြောင့် ခိုင်မာသော လက်နက်ကိုင် အဖွဲ့အစည်းတရပ်အဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်သည် ။

တိုင်းပြည်ဆင်းရဲနေခြင်းသည် စစ်အစိုးရ၏ဖိနှိပ်မှု ၊ နိုင်ငံတကာ၏ စီးပွါးရေးပိတ်ဆို့မှု ၊ အတိုက်အခံတို့၏ မခံခြင်စိတ် နာကြည်းစိတ်တို့မှဖြစ်ပေါ်လာသော အမှားများ ၊တိုင်းရင်းသား လက်နက်ကိုင်များ၏ ပြည်တွင်းသယံဇာတများ ပြည်ပသို့ခိုးထုတ်မှုများအပြင် အမျိုးသားသစ္စာဖောက် စည်းပွါးရေးသမားများ၏ မတော်လောဘအမှားများ ခေတ်အဆက်ဆက်အစိုးရများ၏ မိမိကောင်းစားရေးအတွက် တိုင်းပြည်၏သယံဇာတများအား ပေါ်ထင်တမျိုး ခိုး၍တစ်ဖုံပြည်ပသို့ ရောင်းချနေမှုများ လူပျင်းလူညံ့တို့၏ ရေသာခိုအချောင်နေချင်စိတ်ကြောင့် အလုပ်လက်မဲ့ဖြစ်နေမှုများကြောင့်သာ တိုင်းပြည်ဆင်းရဲတွင်းနက်ရသည်ဟု မျှမျှတတ ဝေဖန် မိသည် ။

ညီသုတ(ပြည်)

Wednesday, October 9, 2013

အစိုးရနှင့်ကေအိုင်အိုဆွေးနွေးပွဲ အခြေအနေ ၀န်ကြီး ဦးအုန်းမြင့်ကို မေးမြန်းချက်


အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့မှာ ဒီနေ့ ကျင်းပခဲ့ကြပြီး နှစ်ဖက် ပွင့်လင်းမြင်သာမှုရှိပြီး အလားအလာ ကောင်းတယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။


ဒီကနေ့စတင်တဲ့ ဆွေးနွေးပွဲအတွင်း ပြီးခဲ့တဲ့မေလ ဆွေးနွေးပွဲကနေ ဒီကနေ့အထိ နှစ်ဖက် အဖွဲ့တွေကြား ဖြစ်ထွန်းတိုးတက်မှုတွနဲ့ နှစ်ဖက် စောင့်ကြည့်လေ့လာရေးအဖွဲ့ဖွဲ့ဖို့ အချက်နှစ်ချက်ကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးလည်းဖြစ်ြ၊ ငိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်တဦးလည်း ဖြစ်တဲ့ ဦးအုန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။


From : ..dvb

Tuesday, October 8, 2013

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အား ငြိမ်းချမ်းရေးဆွေးပွဲသို့ တက်ရောက်ရန် KIA မှ ဖိတ်ကြားခြင်းမရှိ




မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

အစိုးရအဖွဲ့အနေဖြင့် ယင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားသော်လည်း ကချင်လွတ်မြောက်ရေးဘက်မှ ဖိတ်ကြားခြင်းမရှိဟု အစိုးရအဖွဲ့ သတင်းရင်းမြစ်ကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်ထားသော KIA ဆက်ဆံရေးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ထိုကိစ္စကို မသိရှိကြောင်း အဆိုပါ ဆက်ဆံရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကပြန်လည်ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်မဟုတ်သည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ခြင်းဖြစ်မည်ဟုလည်း နီးစပ်သူများက ခန့်မှန်း ပြောဆိုနေကြသည်။ သို့ရာတွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ကိုယ်စားလှယ်တစ်ဦး တက်ရောက်မည်ဖြစ်သည်။အောက်တိုဘာ ၇ ရက်တွင် မြစ်ကြီးနားမြို့၌ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား တက်ရောက်မည်ဖြစ်ပြီး မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် မြန်မာ ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်သည်။

ဆွေးနွေးပွဲမတိုင်မီ သွားရောက်မည့် နိုင်ငံတော်သမ္မတ ခရီးစဉ်မှာ ရာသီဥတုအခြေအနေကြောင့် အောက်တိုဘာ ၅ ရက်က ဖျက်သိမ်းခဲ့သည်။

7Day Daily သတင်းစာ

အစိုးရနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဓါတ်ပုံများ


အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်KIOကိုယ်စားလှယ်အဖွဲ့တို့အကြား ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုယနေ့ မြစ်ကြီးနားမြို့တွင် စတင်ပြုလုပ်လျက်ရှိသည်။






























Photo:Irrawaddy

Saturday, September 21, 2013

မြစ်မာစစ်ဗိုလ် ရက်ရက်စက်စက် သတ်ခံရချိန် နှင့် KIA မှ တစ်ပြည်လုံးငြိမ်းချမ်းရေးဆွေးနွေးပွဲ မတတ်ကြောင်း ပြောချိန်က ငြိမ်နေခဲ့သူများ ငြိမ်းချမ်းရေးဆန္ဒပြ


SATURDAY, SEPTEMBER 21, 2013

မြစ်မာစစ်ဗိုလ် ရက်ရက်စက်စက် သတ်ခံရချိန် နှင့် KIA မှ တစ်ပြည်လုံးငြိမ်းချမ်းရေးဆွေးနွေးပွဲ မတတ်ကြောင်း ပြောချိန်က ငြိမ်နေခဲ့သူများ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲကို စက်တင်ဘာလ ၂၁ရက်နေ့ နေ့လည်၁၂နာရီမှာ ဆူးလေဘုရားကနေ စတင်လမ်းလျှောက်ကြသည်။

အစိုးရ၏ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ကချင်ပြည် လွတ်လပ် ရေး အဖွဲ့ KIO ၏ သဘောထားကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မကဒတ ၏ ဥက္ကဋ္ဌ ရဲဘော် သံခဲနှင့် ယမာန်နေ့က လိုင်ဇာ မြို့၌ တွေ့ဆုံစဉ် ဗိုလ်ချုပ် ဂွမ်မော် က ထုတ်ဖေါ်ပြောကြား ခဲ့သည်ဟု ABSDF (မြောက် ပိုင်း) အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေးက ဆိုပါသည်။











MYANMAR EXPRESS GROUP 

Thursday, September 19, 2013

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ မိုင်းများ ပြန်ထောင်ထားမှုကြောင့် ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘ၀ စိုးရိမ် စရာဖြစ်လာ




စက်တင်ဘာ ၁၉ ရက် ၂၀၁၃

ကျွန်တော်က မန်စီမြို့ခံတစ်ဦးဖြစ်ပါတယ်။ ကုန်ကားတစ်စီးထောင်ထားပြီး ဗန်းမော် - မန်စီ - ဂိုက်ထိပ် - နမ့်ခမ်း လမ်း ကြောင်းနဲ့ ဗန်းမော် - မိုးမောက် - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်းမှာ ပြေးဆွဲပါတယ်။ တစ်ခါတစ်ရံမှာတော့ ကချင် လွတ်လပ်ရေးတပ်က တပ်ဖွဲ့ဝင်တွေနဲ့တွေ့ရင် ငွေပေးရတာရှိပါတယ်။ အဲဒီ လိုငွေတောင်းတာကိုသိတဲ့ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေကတော့ ဆက်ကြေးကေက်တယ်လို့ ပြော ဆိုကြကြောင်း သိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒေသခံ တွေကတော့ တောင်းရင်ပေးလိုက်ရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အသက်ကို ရန်မရှာဖို့နဲ့ ကိုယ့်စီးပွားရေးကို ကောင်းကောင်းမွန်မွန် လုပ်စားနိုင် ဖို့ပါပဲ။

မနေ့က လွယ်ဂျယ်ကို ရောက်တော့ ကုန်ချရင်း ခဏနားဖြစ်တယ်။ လွယ်ဂျယ်မြို့ပေါ်မှာ ပျံ့နေတဲ့ သတင်းကြောင့် ကျွန်တော် စိတ်ပူမိတာတော့ အမှန်ပဲဗျာ။ ဒီမြို့အနောက်ဘက်သင်္ချိုင်းနားမှာ ထင်းရှာသွား တဲ့ မြို့ခံတစ်ဦး မိုင်းနင်းမိတယ်။ ကချင်တပ်က ထောင်ထားတာလို့ ပြောနေကြတယ်။ အဲဒီလူမှာ တစ်ကိုယ်လုံး ဒဏ်ရာတွေရသွားပြီး ကျန်းမာရေး ဆေးခန်း မှာ ဆေးကုနေပေမယ့် စိုးရိမ်ရတယ်လို့ သိရပါတယ်။ အကြောင်းစုံသိတဲ့ မြို့ခံတစ်ဦးရဲ့ ပြောပြပုံအရဆိုရင် အဲဒီမိုင်းထိတဲ့ လူဟာ ကျွန်တော်တို့ မန်စီမြို့နယ် ကထောင်ကျောင်းကျေးရွာဇာတိ နော်ဒင်းလို့ သိရပါတယ်။ ဒီမြို့ကို ပြောင်းလာပြီး ရပ်ကွက်(၁) ခေါက်ဆွဲဆိုင်အနီးမှာ ကြုံရာကျပန်းလုပ်ကိုင်စားနေတဲ့သူပါ။ အခုမိုင်းနင်းမိတာဆိုတော့ သူ့ဘ၀ ကတော့ တွေးရဲစရာမရှိပါဘူး။ ကျွန်တော့်စိတ်ထဲမှာ ကိုယ့်ကချင်လူမျိုးအချင်းချင်း အခုလို ဒုက္ခ ရောက်ရ တာကို သိရတော့ စိတ် မကောင်း ဖြစ်ရပါတယ်။ အဓိကတရားခံဟာ ကချင်တပ်က ထောင်ထားတဲ့ မိုင်းတွေ ကြောင့်ဆိုတာ ငြင်းလို့မှ မရဘဲ။ အဲဒီ မိုင်းကြောင့် လူတစ်ယောက်ရဲ့ဘ၀ဟာ နစ်နာဆုံးရှုံးမှုတွေ အများကြီး ဖြစ်သွားပါပြီ။

အိမ်ကိုပြန်ရောက်တော့ မံသာရွာက အမျိုးတွေ မြို့ပေါ်ဈေးဝယ်လာကြရင်း အိမ်ကို ၀င်လာကြတယ်။ မံသာရွာနဲ့ စီမွန်း ရွာတစ်ဝိုက်မှာ ကချင်တပ်က အဖွဲ့တွေ လွန်ခဲ့တဲ့တစ်ပတ်လောက်က မိုင်းတွေလာ ထောင်ထားကြောင်း၊ ရွာသူရွာသား များကိုလည်း တောထဲမလာရန် ပြောထားသလို ကျွဲ၊ နွား များကိုလည်း တောထဲသို့ လွှတ်ကျောင်းခြင်း မပြုရန် ပြောထား ကြောင်း၊ မိုင်းနင်းမိရင် ကချင်တပ်က တာဝန်ယူမှာ မဟုတ်ကြောင်းနဲ့ ကျွဲ၊ နွားနင်းမိရင် ပိုင်ရှင်က ငွေ(၅) သိန်းလျော်ကြေး ပေးရမယ်လို့ ပြောထားကြောင်း သိရပါတယ်။ လယ်တောယာတော တွေမှာ သီးနှံတွေစိုက်ထားပြီးပြီ။ အခုချိန်ပေါင်းခုတ် မြေသြဇာကျွေးဖို့ အချိန်ဖြစ်ပေမယ့် မသွားရဲတော့ ဘူးလို့ ပြောသွား ကြတယ်။

ဒီလိုသာဆက်နေရမယ်ဆိုရင် ကျွန်တော်တို့ ဒေသခံတွေရဲ့ စီးပွားရေးတွေကြပ်တည်းလာမယ်။ အသက် အန္တရာယ် အတွက် ခြိမ်းခြောက်မှုတွေရှိနေတယ်။ မိသားစုစားဝတ်နေရေးအတွက် မိရိုးဖလာလယ်ယာ လုပ်ငန်း လုပ်ဖို့တောင် အခြေအနေ မပေးဘူးဆိုရင် ဘယ်လိုဆက်ရပ်တည်ကြမလဲ။ အဓိကကတော့ အဲဒီမိုင်းတွေပါပဲ။ ကျွန်တော်တို့ ဒေသခံတွေအတွက် အဲဒီ မိုင်းအန္တရာယ်တွေက လွတ်ကင်းအောင် ဘယ်သူ့ကို အကူအညီတောင်းရမှာပါလဲ။ ကချင်တပ်က ခေါင်းဆောင်တွေက အရင်ထောင်ထားတဲ့ မိုင်းတွေ ပြန်ဖော်မပေးတဲ့အပြင် နောက်ထပ်တောင် ထောင်ထားပြန်ပြီ။ ဒါ့ကြောင့် ကချင်လွတ်လပ် ရေး တပ်မတော်က ပြန်ထောင်ထားတဲ့ မိုင်းတွေကြောင့် ကျွန်တော်တို့ ဒေသခံတွေရဲ့ လူနေမှုဘ၀ စိုးရိမ်စရာ ဖြစ်လာတာ တော့ အမှန်ပါပဲဗျာ….။

ကချင်တိုင်းရင်းသား တစ်ဦး

Monday, September 16, 2013

ခလရ(၁၃၇)မှ အရာရှိ၏ ဖြစ်ရပ်မှန်





ယခုအပတ်တွင် KIA မှ စစ်တပ်မှ အရာရှိတစ်ဦးနှင့် ရဲဘော် (၂) ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်မှုသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ တွေ့နေရပါတယ်။ အမှန်တကယ်ဖြစ်ပွားမှုမှာ ခလရ(၁၃၇) က ဗိုလ်ဇော်မျိုးထက်အပါအ၀င် (၁၂) ဦးက တောင်တက်အဖွဲ့ကို လုံခြုံရေး လိုက်ပေးရင်း KIA က မလွမ်ဒိန်စာရွာ အနီး မှာ တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ စစ်တပ်ဘက်က (၂)ယောက်သေပြီး (၁)ယောက်ထိခိုက် ကာ KIA ဘက်က (၁) ယောက်သေပါတယ်။ တောင်တက်အဖွဲ့အား အင်ခဂါးရွာသို့ ဆက်လက်ပို့ဆောင်စဉ် KIA မှ အင်အား (၃၀)ကျော် နှင့် စစ်တပ်လုံခြုံရေးအဖွဲ့ဝင်များအား ခြုံခိုတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး အင်အားခြင်းမမျှတတာကြောင့် စစ်တပ်က ပြန်ဆုပ်တဲ့အချိန်မှာ ဗိုလ်ဇော်မျိုးထက် မပါလာကြောင်း သူ့အဖွဲ့က သိရှိရပါတယ်။

ခလရ(၁၃၈)မှ အဖွဲ့က ဗိုလ်ဇော်မျိုးထက်ကို ထပ်မံရှာဖွေခဲ့ရာ ဒီလ (၅) ရက်နေ့မှာ အင်ဒဂါးရွာအနီးတွင် ဦးခေါင်းပြတ်ပြီး မြေမြှုပ်ထားကြောင်း ရွာသားများ၏ ပြောဆိုမှုအရ အလောင်းအားရှာဖွေတွေ့ရှိခဲ့ရပါတယ်။
မျက်မြင် တွေ့ရှိခဲ့ရတဲ့ ရွာသားတွေရဲ့ပြောဆိုချက်အရ စစ်တပ်က အရာရှိကို KIA က ဖမ်းလာခဲ့ပြီး ရွာအနောက်ဘက် တောအုပ်မှာ ခေါင်းဖြတ်သတ် ခဲ့တာပါ။ ခေါင်းဖြတ်သတ်တာ အရင်တုန်းက KIA တွေတစ်ခါမှ မလုပ်ခဲ့ပါဘူး။ ဖြတ်တဲ့ လူပုံကလဲ ကုလားနဲ့ဆင်ပြီး ကချင်လူမျိုးမဖြစ်နိုင်ပါဘူး။ ကုလားတွေ KIA ထဲရောက်လာလို့ ခုလိုဖြစ်ရတာ၊ အစိုးရ တပ်ကပဲ တောင်တက်အဖွဲ့ကို လုံခြုံရေးလိုက်ပေးရင်းနဲ့ ခုလိုတိုက်ပွဲဖြစ်သွားတာပါ။ ငြိမ်းချမ်းရေးလုပ်နေစဉ် အတောအတွင်းမှာ ခုလို KIA က စစ်ပွဲမှာဖမ်းမိတဲ့ အရာရှိကို ခုလို ရက်ရက် စက်စက်သတ်ဖြတ်တာကတော့ မကောင်းဘူးပေါ့ဗျာ။ ငါတို့ အားလုံးလည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။ ဒါပေမဲ့ KIA ကအခုလို ရန်သူကို လူမဆန် သလို လုပ်တာတော့ ငါတို့လည်း မကြိုက်ဘူး ဟု အင်ခဂါးရွာသားတစ်ဦးက ပြောပြခဲ့ပါတယ်။

ပျံ့နှံ့နေတဲ့သတင်းတွေက အရာရှိကို ခေါင်းဖြတ်နှိပ်စက်တာကို သူ့ရဲဘော်တွေကိုကြည့်ခိုင်းပြီးမှ ကျန်တဲ့ ရဲဘော်တွေကို နောက်မှ ခေါင်းဖြတ်သတ်မယ်ဆိုပြီး သတင်းတွေ အမျိုးမျိုးပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ အရာရှိကိုသာ ခေါင်းဖြတ်သတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ရဲဘော် (၂)ဦးက တိုက်ပွဲမှာသေတာဖြစ်ပါတယ်။ ဒီလိုမျိုးဖမ်းမိတဲ့ ရန်သူကို ရက်စက်စွာ သတ်ဖြတ်မှုကို ကျွန်တော်တို့တွေလည်းလက်မခံသလို ဘယ်သူမှ လည်းလက်မခံနိုင်ပါဘူး။ ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့အချိန်မှာ ဖြစ်တာကြောင့်မို့ ပိုဆိုးဝါးပေမဲ့ အစိုးရဘက်က သဘောထားကြီးစွာထားပြီး လုပ်ဆောင် သင့်ပါတယ်။ ပျံ့နှံ့နေတဲ့သတင်းတွေကို သေချာ လေ့လာပြီးမှယုံကြည်ကြပြီး အဖြစ်မှန်ကိုသိရှိဖို့ ဖော်ပြလိုက်ရ ပါတယ်။

အင်နော်သား

Kachin Daily News

Saturday, September 14, 2013

ABSDF (မြောက်ပိုင်း) ခေါင်းဆောင်များအား KIA မှ လက်နက်သိမ်း ဆည်း ပြီး အကျယ်ချုပ်ချထား


စက်တင်ဘာလ ၅ ရက် ၂၀၁၃

 ကချင်နေစဉ်သတင်း

KIA နယ်မြေတွင်း အခြေစိုက် စခန်းချလျှက်ရှိသော ABSDF (မြောက်ပိုင်း) တပ်ဖွဲ့ဝင်များကို သြဂုတ်လ ၂၈ ရက်နေ့မှစပြီး KIA ဗဟိုဌာနချုပ်မှ လက်နက် များ ပြည်လည်သိမ်း ဆည်း ကာ နေအိမ်အကျယ်ချုပ် ဖြင့်ထားရှိ ကြောင်း ABSDF မြောက်ပိုင်းအဖွဲ့ဝင် တစ်ဦးမှ ပြောကြားခဲ့သည်။ ၎င်းမှ လက်ရှိဖြစ်နေ သည့် ပြဿနာမှာ ABSDF မှ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ မှုကြောင့် ဖြစ်ကြောင်း အောက်ပါအတိုင်းပြောကြားခဲ့သည်။





“ABSDF (မြောက်ပိုင်း) အဖွဲ့က KIA အကူအညီနဲ့ ပြန်ဖွဲ့ထားတာ… အရင် တုန်းက အစိုးရ နဲ့ KIA တိုက်ပွဲဖြစ်တုန်းက KIA ဖက်က ပူးပေါင်းတိုက်ခိုက်ဖို့ KIA ဗဟို ကနေ လက်နက်နဲ့ ကျည်တွေပေးထား တယ်… အခု ABSDF ဥက္ကဌ ကိုသံခဲတို့က အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြောက်ပိုင်း ကအဖွဲ့တွေလဲပါလာတော့ KIA ရဲ့ ခွင့်ပြုချက်မရပဲ လုပ်တယ်ဆိုပြီး လက်နက်တွေ အကုန်လိုက်သိမ်းတယ်… ခေါင်းဆောင်တွေကိုလည်း အိမ်မှာပဲနေခိုင်းပြီး စောင့်ကြည့်နေတယ်…” ဟု ၎င်းက ဆိုသည်။

ယခုနှစ်အတွင်း အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် ABSDF တို့ မေ လတွင် တစ်ကြိမ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် တစ်ကြိမ်၊ သြဂုတ်လ ၄ ရက်နေ့ တွင် တစ်ကြိမ် ဆွေးနွေးခဲ့ကြပြီး သြဂုတ်လ ၄ ရက်နေ့ ဆွေးနွေး ပွဲတွင် ABSDF ဥက္ကဌ ကိုသံခဲနှင့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ကိုယ်တိုင်တွေ့ဆုံကာ နှစ်ဖက် သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ ထို့နောက် သြဂုတ်လ ၂၈ ရက်နေ့တွင် KIA မှ ABSDF အား ထောက်ပံ့ထားသည့် လက်နက် ခဲယမ်းအားလုံးကို ပြန်လည်းသိမ်း ဆည်းကာ အဖွဲ့ဝင်များကိုလည်း အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သိရသည်။

ယခုအခါ ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ကိုမင်းဌေး၊ နိုင်ငံရေး တာဝန်ခံ ဦးလဆိုင်း နဲ့ တပ်ရင်းမှူး ဦးအောင်ဆွေဦးတို့ (၃) ဦးကို KIA ဌာနချုပ်မှ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သိရပြီး KIA တပ်ဖွဲ့ဝင်အချို့၏ ပြောကြားချက်များအရ ကိုမင်းဌေး မှ ABSDF တပ်ဖွဲ့ဝင်ဟောင်းများနှင့် KIA မသိအောင် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး ABSDF တောင်ပိုင်းအဖွဲ့များနှင့် ပူးပေါင်းရန် ကြံစည်နေမှုကို KIA ဗဟိုက မလိုလား တာကြောင့် လက်နက်များ သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရရှိရသည်။

၎င်းအခြေအနေကို ဖြေရှင်းရန်အတွက် ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲနှင့် အဖွဲ့သည် KIA ခေါင်းဆောင်များနှင့် ဆွေးနွေးရန် လိုင်ဇာမြို့သို့ ထွက်ခွာ သွားကြောင်း သိရသည်။

ABSDF (မြောက်ပိုင်း)အဖွဲ့ အား ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ကချင်)ဖြစ်ပြီး KIA ဗဟိုဌာနချုပ်ရှိရာသို့ တောခို ၀င်ရောက် လာသည့် ကျောင်းသားများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ အစည်း အနေဖြင့် ABSDF (မြောက်ပိုင်း)သည် ABSDF(ဗဟို)၏ လက်အောင် တွင်ရှိပြီး စစ်ပညာများကို KIA မှ ပို့ချပေးခဲ့တဲ့အပြင် လက်နက်ခဲယမ်း များကိုလည်း ထောက်ပံ့ပေးကာ KIA တပ်ရင်းများနှင့် စစ်ရေးလှုပ်ရှားမှုများ တွဲဖက်လုပ်ဆောင် ခဲ့သည်။ ABSDF(မြောက်ပိုင်း) အဖွဲ့တွင်း သဘော ထားကွဲမှုနှင့် အထင်လွဲမှုများမှတစ်ဆင့် ၁၉၉၂ ခုနှစ် ဖေဖော် ၀ါရီလတွင် အဖွဲ့သားအချင်းချင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ရာမှ ပြိုကွဲသွားပြီး ကျန်ရှိသော ABSDF (မြောက်ပိုင်း) အဖွဲ့ဝင်အနည်းငယ်မှာ KIA နယ်မြေအတွင်း ဆက်လက်နေထိုင်ကာ KIA နှင့် စစ်ရေးပူးပေါင်း ဆောင် ရွက်မှုများ လုပ်ဆောင်လျှက်ရှိသည်။

Planet

Photo- internet

Related Posts Plugin for WordPress, Blogger...