Showing posts with label အနုပညာ. Show all posts
Showing posts with label အနုပညာ. Show all posts

Wednesday, July 30, 2014

ပြိုင်ဆိုင်မှုတွေကြောင့် ကြိုးစားချင်စိတ်တွေ ဒီဂရီမြင့်တက်ခဲ့ပါတယ်ဆိုတဲ့ ဖူးပွင့်သခင်



အကယ်ဒမီ ဗန်းကိုင်မှတစ်ဆင့် သူမရဲ့ အနုပညာတွေ အရှိန်အဟုန်ပြင်းစွာ စတင်လာပြီး ခုဆိုရင် ထုတ်လုပ်ရေးတော်တော်များများနဲ့ စာချုပ်ချုပ်ကာ ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်တဲ့ ဖူးပွင့်သခင်ဟာ ခုလည်း မာန်ထက်ချီတိုက်နဲ့ ၅ကားမြောက် ဗီဒီယိုကားဖြစ်တဲ့ ယောက်ဖတောင် ကိုကျော် ယောက္ခမ ပင်လယ်ကိုဖြတ်မည်ဆိုတဲ့ ကားမှာ မင်းသားက ဟိန်းဝေယံနဲ့အတူ သရုပ်ဆောင်နေပါတယ်။ ဒီကား အကြောင်းကို သူမက “ဒီကားက အိမ်ထောင်ရေးဇာတ်မဟုတ်ဘူး။ ချစ်သူဇာတ်ပေါ့နော်။ ညီမရည်းစားထား တာကို သိတော့ လိုက်ပြီးပြသနာရှာလို့ထွက်ပြေးရတာပေါ့။ အပျော်ဟာသလေးပါပဲ။ ဟာသက ညီမရိုက် တာ နည်းတယ်။ ပဲပြုတ်နံပြားရယ်၊ နောက်တစ်ကားက small ဆွဲသူများတဲ့၊ နောက် ဒီကားပေါ့။ မထွက်သေး တဲ့ဟာသက ကိုကျော်ကျော်ဗိုနဲ့ ၂ကားရှိသေးတယ်။ နှစ်ကိုယ်ခွဲရယ်၊ အာဒံဖွက်ခဲ့တဲ့ ပဟေဠိ ရယ်၊ ပေါ့။ ဟာသကတော့ နဲနဲခက်တယ်။ စီနီယာတွေလဲပြောကြတယ်။ ငိုအောင်လုပ်ရတာက လွယ်တယ်။ ရယ်အောင်လုပ်ရတာက ခက်တယ်တဲ့။ ဟာသက ခက်တယ်ပေါ့။ ဒါပေမဲ့ ကာရိုက်တာမျိုးစုံကတော့ ခက်တာပေါ့နော်။ ပျော်စရာပဲဖြစ်ဖြစ် ငိုစရာပဲဖြစ်ဖြစ် အားလုံးကခက်တာပါပဲ။ ညီမလဲအသစ် တစ်ယောက်ဖြစ် တဲ့တွက် တတ်နိုင်သလောက် ညီမကြိုးစားထားပါတယ်”တဲ့။

အနုပညာသက်တမ်း၂နှစ်ဆိုတဲ့အတိုင်းအတာမှာ သူမရဲ့အတွေ့အကြုံများက ပြိုင်ဆိုင်မှုတွေလဲရှိခဲ့ပါတယ်။ အဲ့ပြိုင်ဆိုင်မှုကြောင့်လဲ တိုးတက်မှုတွေရှိလာတယ်လို့ဆိုတဲ့ သူမက “ ကျောင်းမှာကတည်းက ညီမက အမြဲအပြိုင်ခံရတယ်။ ကျောင်းမှာဆို ညီမက အမြဲအဆင့်၁ ရတယ်။ အဆင့် ၁ရတဲ့ခါကျတော့ ဆရာမတွေကိုပဲ ဖားလို့ရသလိုလို အဲလိုပေါ့နော်။ ပြိုင်ဆိုင်မှုဆိုတာ ညီမငယ်ငယ်ကတည်းက ခံလာရတဲ့ ဒဏ်ပါပဲ။ ကျင့်သားရနေပါပြီ။ ဒါပေမဲ့ ညီမဘယ်သူ့ကိုမှ မပြိုင်ခဲ့ဖူးဘူး။ ညီမဖက်ကတော့ အတတ်နိုင်ဆုံး ရယ်ထားပါတယ်။ ကိုယ်မပြိုင်ဘူး။ ကိုယ်ပြိုင်တဲ့သူကလဲ ဖူးပွင့်သခင်ပဲဖြစ်ရမယ်ဆိုတဲ့စိတ်ကို သွင်းထားတယ်။ ညီမက ဘယ်လိုစိတ်သွင်းထားလဲဆိုတော့ သူတို့အဲ့လိုပြိုင်တဲ့တွက် ညီမ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်သွင်းထားတယ်။ ဒီအနုပညာလမ်းမှာ လျှောက်နေရင်းနဲ့ တခါတလေ ချော်လဲတာရှိမယ် မရယ်။ ဘ၀ဒဏ်ပေါ့။ ဆွဲထူမဲ့သူမရှိရင် ကိုယ့်ဟာကိုယ် ထရတယ်။ အဲ့အခါကျတော့ သူတို့ ရဲ့ပြိုင်ဆိုင်မှုတွေက အားအင်တွေဖြစ်တဲ့ပြင် ကြိုးစားချင်စိတ်တွေပေါ်လာတဲ့တွက် သူတို့ကို ကျေးဇူးတင် ပါတယ်”လို့ပြောပြပေးခဲ့ပါတယ်။

ပင်လယ်မြို့ပြ ဗီစီဒီကိုအောက်တိုဘာလမှာ ထွက်ရှိဖို့ ပြင်ဆင်နေပြီဆိုတဲ့ အဆိုတော်ဇော်ပိုင်





ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလာခဲ့ရာမှာ အခုဆိုရင် ၁၆နှစ်တာကာလရှိပြီဖြစ်ပြီး ယခုချိန်ထိ ပရိသတ် အားပေးမှုရနေတဲ့၊ အောင်မြင်နေဆဲဖြစ်တဲ့ အဆိုတော်ဇော်ပိုင်ကို လတ်တလော အနုပညာ လှုပ်ရှားမှုနဲ့ အတူပင်လယ်မြို့ပြအခွေအကြောင်း မေးဖြစ်ခဲ့တာကတော့

လတ်တလောအနုပညာလှုပ်ရှားမှုပြောပြပေးပါ။

လတ်တလောမှာတော့ အစ်ကို့ရဲ့ တစ်ကိုယ်တော်အခွေအသစ်အတွက် လုပ်နေတယ်။ ဒီဇင်ဘာလောက်မှာ ထွက်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ ပြီးတော့ အစ်ကို့ရဲ့ပင်လယ်မြို့ပြ ဗီစီဒီကို အောက်တိုဘာမှာ ထွက်ဖြစ်ဖို့ ပြင်ဆင်နေပါတယ်။

ပင်လယ်မြို့ပြအခွေထဲက မျက်ဝန်းညိုသီချင်းက ပရိသတ်တွေ ကြိုက်နှစ်သက်ကြတာ ကိုတွေ့ရတယ် ဆိုတော့ အဲဒီ့သီချင်းရဲ့ဖန်တီးရေးစပ်ဖြစ်ပုံလေးပြောပြပေးပါလား။

သံစဉ်ကတော့ အစ်ကို ဖန်တီးထားတာပေါ့။ စာသားက ကိုဇဝါ ရှာထားတာဆိုတော့ အစ်ကို တို့ နှစ်ယောက်ပေါင်းပြီး ရေးထားတဲ့သီချင်းတစ်ပုဒ်ပါ။

မျက်ဝန်းညိုသီချင်းနဲ့ပတ်သက်ပြီး ဘယ်လိုပုံဖော်ရိုက်ကူးဖို့စဉ်းစားထားလဲ။

ဒီသီချင်းက နည်းနည်းရော့ခ်ဆန်တော့ အစ်ကိုစဉ်းစားထားတာ တစ်ခုကသီချင်းတွေ အားလုံးရိုက်ပြီးပြီဆိုမှ နောက်ဆုံးမှ ရိုက်ဖို့စဉ်းစားထားတယ်။ ကိုယ့်ရဲ့အနုပညာရှင် သူငယ်ချင်းတွေ နဲ့ပဲ ရိုက်မယ်လို့စိတ်ကူးတားပါတယ်။

ဆင်ဆာတွေလည်း လွတ်လပ်သွားပြီဆိုတော့ အဲဒီ့အပေါ်မှာဘယ်လိုအသုံးချသွားဖို့ရှိလဲ။

ဆင်ဆာလွတ်လပ်တယ်ဆိုတိုင်း အခွင့်အကောင်းယူပြီးတော့ လုပ်သွားမှာတော့ မဟုတ်ဘူးပေါ့။ သီချင်းပုံစံနဲ့ လိုက်ပြီး ကလေး၊လူကြီးမရွေးကြည့်လို့ ရနိုင်အောင် ပဲရိုက်သွားမှာပါ။

အခုနောက်ထပ်တစ်ကိုယ်တော် အခွေဖန်တီးနေပြီဆိုတော့ဘယ်လိုမြူးဇစ်အမျိုးအစားတွေ ပါဝင်ဖို့ရှိမလဲ။

အစ်ကိုဆိုနေကျ ပုံစံဖြစ်တဲ့ပေါ့ပ်နဲ့ကန်းထရီး ပုံစံမျိုးတွေပါမယ်။ သီချင်းပုံစံက ဒီဘက်ပုံစံ အကူးအပြောင်း လုပ်ထားတာမျိုးလည်းပါမယ်။

ကိုဇော်ပိုင်အနေနဲ့ကြားထဲမှာ ပရိသတ် တွေနဲ့အလှမ်းဝေးနေသူဆိုတော့ပြန်ပြီးတော့ ဘယ်လိုထိတွေ့ဖို့ ရှိမလဲ။

အစ်ကို့အနေနဲ့တော့ ဘယ်လိုမှတော့ မခံစားရပါဘူး။ အစ်ကိုတို့က ပွဲတွေရှိရင်ရှိသလို ဆိုနေဖြစ်တာပါပဲ။ ပရိသတ်နဲ့ ချိတ်ဆက်ဖို့ဆိုတာက မီဒီယာတော့ လိုတာပေါ့နော်။ အစ်ကိုတို့ဘက် က ဖျော်ဖြေ ပွဲတွေ၊ နောက်ထပ် အနုပညာလှုပ်ရှားမှုအသစ်တွေလုပ်ဖြစ်နေရင် မီဒီယာတွေကနေတစ်ဆင့် ပရိ သတ်တွေ သိ ခွင့်ရမှာပဲလေ။ အစ်ကိုဖြတ်သန်းလာခဲ့တဲ့ အနုပညာ၁၆နှစ်သက်တမ်းမှာ ဒီလိုဖြစ်နေကျ ဆိုတော့ ဘာမှတော့ မဖြစ်တော့ပါဘူး။

အခုဆိုရင်ဂီတလမ်းကြောင်းမှာ မြူးဇစ်အသစ်တွေထွက်ပေါ်လာပြီဆိုတော့ လက်ရှိအောင်မြင် တဲ့ အဆိုတော် တစ်ယောက်အနေနဲ့ဘယ်လိုခံစားမိလဲ။

မြူးဇစ်ဆိုတာကတော့ သက်သက်အသစ်ဆိုပြီးပေါ်လာတာမျိုးတော့ မဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်း အရ ပြန်ပြီးတော့ အသစ်ပုံစံမျိုးပေါ်လာတာပါပဲ။ တစ်မျိုးတစ်စားဆိုပြီး ထွက်ပေါ်လာတဲ့ ဂီတအမျိုးအစားပုံစံ မျိုးတော့ မရှိသေးပါဘူး။ ဥပမာပြောရရင် ELECTRO ပဲထား။ Elerctro ဆိုတာ Techno ကလာတာ။ ဆင့်ကဲဆင့်ကဲဖြစ်လာတာမျိုးပဲရှိတာကိုး။ အစ်ကိုတို့ရဲ့ သီချင်းတွေကလည်း Update တော့ဖြစ်နေတာ ပါပဲ။ နောက်ပိုင်းပေါ်လာတဲ့လူငယ်တွေ ကလည်း အရင်က ရှိခဲ့တဲ့ပေါ့ကို Electro လေးတွေပေါင်းပြီး အမျိုးမျိုuးpdate လုပ်လာတာတွေ့ရတော့ ကျေနပ်တယ်။ ကြိုက်တယ်။

ပင်လယ်မြို့ပြအခွေက ပရိသတ်တွေကြားမှာ ထင်သလောက်မပေါက်မြောက် ခဲ့ဘူးလို့ပြောလို့ ရတယ် ဆိုတော့ ။

ပင်လယ်မြို့ပြကို အစ်ကို့ကို တစ်ကယ်ချစ်တဲ့အားပေးကြတဲ့ မြူးဇစ်ကိုချစ်တဲ့ ပရိသတ်တွေအတွက် ဆိုပြီး ရည်ရွယ်ခဲ့တာပါ။ အခုနောက်တစ်ခွေအတွက်ကို တော့ အကောင်းဆုံးဖြစ်ဖို့ကြိုးစားနေပါတယ်။

လက်ရှိမိသားစု အခြေအနေလေး ပြောပြပေးပါဦး။

လက်ရှိမိသားစု အခြေအနေကတော့ အေးအေးဆေးဆေးပါပဲ။

နောက်ထပ်ကလေး ယူဖို့ အစီအစဉ်ရှိမရှိသိပါရစေ။

ကလေးကတော့ ရရင်ယူဖို့ရှိပါတယ်။

Monday, July 28, 2014

Sexy Post လုပ်ပြီး ဓာတ်ပုံရာင်းစားတဲ့ ဇာဇာထက်




Sexy Model အဖြစ် နှင့် သာ ရပ်တည် သွား မည် ဟု ဖွင့်ဟ လာ သည့် မော်ဒယ် ဇာဇာထက် က Sexy Post များဖြင့် နိုင်ငံ တကာ ပရော် ဖက်ရှင် နယ် မော်ဒယ် ဖြစ် ကြိုးစား သွားမည် ဖြစ် ကြောင်း နှင့် Sexy Dance များကို လည်း စိတ်ဝင် စား ကြောင်း ပြော သည်။

ဇာက Sexy Dance ကို စိတ်ဝင်စားတယ်။ Sexy Dance ကိုလည်း နည်း နည်း သင်ထား တာ ဆို တော့ ဒါကို ကူညီပေး ပါ။ ရိုက်ပေးပါဆိုရင်တော့ ရိုက်ပေးပါတယ်။ Dance သီးသန့် တော့ မဟုတ်ဘူး။ ဇာက လည်း Sexy Post နဲ့ ထိုး ဖောက်ချင်တာပေါ့။

ဇာလုပ်တဲ့ Sexy Post ဆိုရင် နိုင်ငံခြားက လူတွေကလည်း လက်ခံတယ်။ စင်ကာပူဆို တော်တော် လက်ခံတယ်။ ဇာလုပ်တဲ့ Art နည်းနည်း Sexy ကျတယ်။ မြန်မာ အမြင်နဲ့ ရိုင်းချင်ရိုင်းမယ်။ ကိုယ့်ရဲ့ ကိုယ်လုံး ကိုယ်ပေါက်နဲ့ မြန်မာ အမျိုးသမီး တစ်ယောက် ရဲ့ Sexy ကို နိုင်ငံ တ ကာ ကို ပြချင်တာပေါ့။

စင်ကာပူဆိုရင် သူတို့နိုင်ငံထုတ် မဂ္ဂဇင်းတွေ မှာ Cover ရိုက်ရတယ် ဆိုတော့ ၀မ်း သာ ပါတယ်။ ဇာကတော့ Sexy Model အနေနဲ့ပဲ ရပ်တည်သွားမယ်။ ပရော်ဖက်ရှင်နယ်အထိကို၊ နိုင်ငံ တ ကာ အထိကို ထိုးဖောက်နိုင်တဲ့ အထိ ကြိုးစား ပါ့မယ်။ တစ်ခါ တလေ ကျ တော့လည်း စိတ်ဓာတ် ကျ တယ်။ Impression အရမ်းဒေါင်း တယ်။ ဒီလိုမျိုး လုပ်နေရ တာတွေကိုလေ။

တချို့ကပြောတယ်၊Sexy Post ရိုက် တယ် ပေါ့။ မြန်မာပြည်မှာက အမြင်မရှိကြဘူး။

ဇာဇာထက်က Sexy Post ပုံ ရိုက်တယ်။ ဇာဇာထက်ကို ခေါ်လို့ ရချင်ရမယ်။ မရချင်မရဘူး။ Sexy Post ရိုက်တာနဲ့ ပျက်စီးနေတာ မဟုတ်ဘူး။

ကိုယ့်ရဲ့ အနုပညာ ကို လက်ခံ လာ အောင် လုပ်တယ်။ ပေါ်ပြူလာဖြစ်ချင်လို့မဟုတ်ဘူး။ ကိုယ်နဲ့ လိုက်လို့ လုပ်ဖြစ်တာ။

အဲဒီ လမ်း ကြောင်း ပေါ် မှာ ကိုယ့်ကို လက်ခံတဲ့သူရှိသလို၊ လက်မခံတဲ့သူ လည်းရှိတယ်။ ဇာက Facebook မှာ ဓာတ်ပုံတော့ သိပ် မ တင် ဖြစ်ပါဘူး။

Sexy ပုံတင်တာ များ သွားရင် မြန်မာပုံလေးတွေ ပြောင်း တင်တယ်။ တင်ပြီးသွားရင်လည်း Comment ကို မဖတ် ဘူး။ Website တွေမှာတော့ တင်တယ်။

ဇာ့ ကို Website တင်မယ်၊ ဘယ် လောက် ပေးမလဲ၊ ရိုက်ပေးမယ်။ သူတို့ဘက်ကလည်း အဲဒီလို ပုံလေးတွေ ရိုက်မယ်။ ငါးသိန်း ပေးမယ်။ အဲဒါဆို လက်ခံ တယ်။ အတိုင်းအတာအရေအတွက်နဲ့ ရိုက်ပေးပါတယ်။

သူများတွေ ကတော့ မသိဘူး။ ဇာကတော့ Sexy ပုံတွေ ကို ရောင်းစားတယ်။ ခန္ဓာ ကိုယ်ရှိတုန်း သူတို့ငှားတဲ့ အချိန် အထိပေါ့နော်။ ဒါဆို ကိုယ်လည်း အပြောခံရ တာ တန် တယ်။ ပေါက်လည်း ပေါက်တယ်။

Sexy Post ရိုက်တယ်ဆိုပေမယ့် စိတ်က မတန်ပါ ဘူး။ အားလုံးကို ယဉ် ယဉ်ကျေးကျေး နဲ့ ဆက်ဆံပါတယ်””ဟု ဇာဇာထက်က ပြော သည်။ဇာဇာထက်သည် Sexy Model အဖြစ် သီးသန့််ရပ် တည်နေပြီး Two Pic ၀တ်စုံနှင့် ရိုက်ကူးရန် ဒေါ်လာတစ်ထောင်ဖြင့် လက်ခံထားကြောင်းပြောပြသည်။

ဇာ နှင့် သီးသန့် ဆွေးနွေးလိုသူများ
ဆွေးနွေးနိုင်ပါသည် ………

ဇာ့ ကို ချစ်ရင် ဇာ့ကိုကြိုက်ရင်
Like တချက်နှိတ်ပြီးအားပေးကြပါဦးလို့ ………

ဇာဇာထက်

Friday, July 25, 2014

မေမြတ်နိုး၊ခင်ဝင့်ဝါ၊ဂျူးစံသာ..... ပြီးရင်ဘယ်သူအလှည့်လဲစောင့်ပဲကြည့်ရတော့မလို

 

 
ဂျူးစံသာနှင့် သူမမိသားစုဝင်များ Miss Globe Myanmar Organization နှင့် လုံးဝ ဆက်လက် ပတ်သက်ခြင်းမရှိတော့ပါကြောင်း

ချစ်ခင်လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးရှင့်။
ဆရာဖြိုးပိုင် နှင့် လှနုတို့ မေမြတ်နိုးအတွက် ကိုရိးယားလိုက်ပါသွားနေစဉ်အတွင်း ဂျူးစံသာအားဖိလစ်ပိုင်တွင် တစ်လနီးပါး သင်ကြားပေးခဲ့သော လေ့ကျင့်မှုများကို သာ ဦးစားပေးပြီး မှန်မှန်ပြုလုပ်ထားရန်နှင့် သူမနှင့် သူမမိသားစုကိုလည်း မည်သည်အော်ဂနိုင်ဇေးရှင်းကိုမှ လှနုခွင့်ပြုချက်မရပဲ အကူအညီတောင်းခြင်း၊ ဆက်သွယ်ခြင်း၊ ဖုန်းလက်ခံပြောဆိုခြင်း မပြုလုပ်ပါရန် မှာကြားခဲ့ပါသည်။ ဆရာပြည်စိုးအောင်မှ National Costume ကိုစေတနာဖြင့် တာဝန်ယူပေးပြီး၊ ဖိလစ်ပိုင်မှ Designer Chico မှ Final Gown ကို စပွန်ဆာပေးကာစီစဉ်ခဲ့ပါသည်။ သို့ သော် တခြားအော်ဂနိုင်ဇေးရှင်းအား သွားရောက်အကူအညီတောင်းသည့် အပြင် ခင်မင်စည်းလုံးနေပါသော အော်ဂနိုင်ဇေးရှင်းအချင်းချင်း အထင်အမြင်လွဲကာ စိတ်ဝမ်းကွဲစေမည့် စကားများကို ပြောဆိုခဲ့သည့်အတွက် ကြောင့်သော်လည်းကောင်း၊ လှနုအား ဘာမှ မလုပ်ပေးခဲ့ ပါဟု ကိုယ်တိုင် မက်ဆေ့ ဘောက်မှ ပြောဆိုခဲ့ခြင်းကြောင့် လည်းကောင်း၊ အော်ဂနိုင်ဇေးရှင်းမှ စာချုပ်အတွက် ယနေ့ လာရောက်ဆွးနွေးပါရန် တောင်းဆိုသော်လည်း အဖေနေမကောင်းသာကြောင့် မအားသည်ကို လှနုတို့ နားလည်လက်ခံပါသော်လည်း၊ အသက်ငယ်သေးသော ကြောင့် ဘာမှ နားမလည်သဖြင့် မေမေနှင့် သာ ပြောပါဟုဆိုပြိး တမျိုးအကြောင်းပြကာ တခြားအော်ဂနိုင်ဇေးရှင်းကို သွားရောက်ဖို့ ကိုသာ ဦးစားပေးရွေးခြယ်သွားသောကြောင်လည်းကောင်း ဒီနေ့ ဒီရက် ဒီအချိန်မှ စပြီး Miss Globe Myanmar အဖြစ်မှ ရပ်ဆဲလိုက်ပါပြီဖြစ်ကြောင်း အသိပေးပြောကြားလို ပါသည်ရှင့်။ Miss Globe Myanmar ဟူသော အမည်ကို အသုံးပြုခွင့်မရှိတော့ပဲ အနုပညာလုပ်ငန်းများ ကို လွတ်လပ်စွာလုပ်ကိုင်နိုင်ပြီး ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်၊ ဂျူးစံသာနှင့် သူမမိသားစုဝင်များ Miss Globe Myanmar Organization နှင့် လုံးဝ ဆက်လက် ပတ်သက်ခြင်းမရှိတော့ပါကြောင်း လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးကို အသိပေးအပ်ပါတယ်ရှင့်၊
လေးစားစွာဖြင့်။
လှနုထွန်း
National Director
Miss Globe Myanmar

Wednesday, April 9, 2014

ဝိတ်လျှော့ရန်အတွက် အစားအသောက် အငတ်မခံနိုင်ကြောင်း ကိတ်အပ်တန်ဆို





ဝိတ်လျှော့ရန်အတွက် အစားအသောက် အငတ်မခံနိုင်ကြောင်း ကိတ်အပ်တန်ဆို Sports Illustrated မဂ္ဂဇင်း၏ လုံးကြီးပေါက်လှ မော်ဒယ်လ်က သူမအနေဖြင့် ကိုယ်အလေးချိန် လျှော့ချရန် ဖိအားပေးမှုများစွာ ကြုံနေရသည့် အမျိုးသမီးများ၏ ရှေ့မှောက်တွင် စံပြုရမည့်သူမျိုး ဖြစ်ချင်ကြောင်းလည်း ဆိုသည်။

မိမိသည် ဝိတ်လျှော့ချင်သဖြင့် မိမိကိုယ်ကိုယ် အစာအငတ်ခံမည့် မိန်းကလေးမျိုး မဟုတ်ကြောင်း ကိတ်အပ်တန်က ပြောကြားခဲ့သည်။ Sports Illustrated မဂ္ဂဇင်း၏ လုံးကြီးပေါက်လှ မော်ဒယ်လ်က သူမအနေဖြင့် ကိုယ်အလေးချိန် လျှော့ချရန် ဖိအားပေးမှုများစွာ ကြုံနေရသည့် အမျိုးသမီးများ၏ ရှေ့မှောက်တွင် စံပြုရမည့်သူမျိုး ဖြစ်ချင်ကြောင်းလည်း ဆိုသည်။ Daily Star သတင်းစာနှင့် အင်တာဗျူးတွင် အသက်(၂၁)နှစ် အရွယ်ရှိ အမေရိကန် မော်ဒယ်လ်က “မိန်းကလေးတွေမှာ ဝိတ်လျှော့ဖို့ ဆိုတာက အမြဲတမ်းလိုလို ဖိအားတစ်ခုလို ရှိနေတာပါ။ ကျွန်မ ကောလိပ်မှာ ရှိနေတုန်းကတောင် ကြုံဖူးတယ်။ ဝိတ်မလျှော့ရင် ကျွန်မရဲ့ မော်ဒယ်လ်အလုပ်အတွက် အဆင်မပြေသလိုတောင် ပြောဆိုခံရဖူးတယ်လေ”ဟု ဖွင့်ဟခဲ့သည်။

ကိတ်က “ကျွန်မ စိတ်ထင်တော့ ပတ်ဝန်းကျင် အမြင်ဆိုတာ ဒီကိစ္စမှာ အများကြီး သက်ရောက်မှု ရှိနေသလိုပဲ။ ကျွန်မရဲ့ လက်ရှိ ပုံစံက ကြည့်ကောင်းတဲ့ အတိုင်းအတာမျိုးလို့ ထင်တယ်။ သေချာတာကတော့ ပိန်ချင်လို့ဆိုပြီး အငတ်ခံမယ့်ထဲမှာ ကျွန်မတော့ မပါဘူး”ဟုလည်း ဆိုသည်။ သူမက “ကျွန်မကတော့ ဘဝကို ပျော်ပျော်နေချင်တယ်။ ကိုယ်စားချင်တာမှ မစားရရင် ဘဝက ဘယ်လိုလုပ် ပျော်စရာ ကောင်းတော့မှာလဲ”ဟုလည်း မေးခွန်းထုတ်ခဲ့သည်။ ကိတ်သည် The Other Women ဇာတ်ကားတွင် ကင်မရွန်ဒိုင်ယက်ဇ်၊ လက်စ်လီမန်းတို့နှင့်အတူ သရုပ်ဆောင်ထားပြီး အမျိုးသမီးများအတွက် ကျန်းမာကြံ့ခိုင်သည့် အလှအပမျိုး ဆောက်တည်နိုင်အောင် ပါဝင်ကူညီခွင့် ရခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်းလည်း ဆိုသည်။

“ဒီဇာတ်ကားက ကျွန်မအတွက်တော့ တကယ့်ကို စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု ဖြစ်ခဲ့ပါတယ်။ ကျွန်မက ပိန်အောင် ဝိတ်လျှော့နေဖို့ထက် ကျန်းကျန်းမာမာ နေထိုင်ဖို့ အမျိုးသမီးတွေ အားလုံးကို တိုက်တွန်းပြီး စံပြအနေနဲ့ ရှိချင်တယ်လေ။ ဒီဇာတ်ကားမှာ လူတွေကို ကျန်းမာရေးနဲ့ သင့်တော်တဲ့ နည်းလမ်းမျိုးနဲ့ ရှင်သန်နေထိုင်နိုင်အောင် ကျွန်မက ကူညီနိုင်ခဲ့တယ်လို့ ထင်ပါတယ်”ဟု ကိတ်က မှတ်ချက်ပြုသွားသည်။

Sunday, March 23, 2014

သင်္ကြန် သီချင်းသံတွေကြားရင် ပျော်တယ်လို့ဆိုတဲ့ သွန်းသစ္စာဇော်



Photo Model တွေထဲမှာ ခုနာမည်တော်တော်လေး ရလာတဲ့ မော်ဒယ် သွန်းသစ္စာဇော်နဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေ မေးကြည့်တဲ့အခါ ‘ညီမ လတ်တလောမှာ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ဖြစ်တယ်။ MTV ရိုက်ဖြစ်တယ်။ ညီမက Photo Model ဆိုတော့ မဂ္ဂဇင်းသီးသန့်ပဲ ရိုက်ဖြစ်တယ်ပေါ့နော်။’ လို့ သူမက ပြောပါတယ်။

မကြာခင် ကျရောက်တော့မယ် အတာသင်္ကြန်အတွက် သူမရဲ့ စိတ်ခံစားချက်နဲ့ ဖက်ရှင် အကြောင်းကိုလည်း သူမက ‘သင်္ကြန်ရောက်ရင် ပျော်တယ်။ သင်္ကြန်သီချင်းတွေကြားရင် ပျော်တယ်။ သင်္ကြန်မကျခင်ကတည်းက နှစ်တိုင်း၊ နှစ်တိုင်းသင်္ကြန်မှာ ပျော်ခဲ့တာတွေကို ပြန်တွေးပြီး ကြည်နူးမိတယ်။ ဒီနှစ်လည်း ကိုယ်ဘယ်လိုပျော်ရမလဲဆိုတာပါ စဉ်းစားမိတာပေါ့။ သင်္ကြန်အတွက် ဖက်ရှင်ကတော့ အရောင်စုံတာလေးတွေဝတ်မယ်ပေါ့နော်။ ဘောင်းဘီတိုတော့ မဝတ်ဘူး။ အသားမည်းမှာစိုးလို့ပါ။ တီရှပ်ကာလာ ဆန်းဆန်းလေးတွေ ဝတ်မယ်လို့ စိတ်ကူးထားပါတယ်။ ဒီနှစ်သင်္ကြန် Blizzard မဏ္ဍပ်မှာ ထိုင်မယ်။ သင်္ကြန်မှာ မဏ္ဍပ်ထိုင်ရတာကို သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဏ္ဍပ်က အရိပ်လည်းရှိတယ်။ သီချင်းတွေကအစ လူငယ်အကြိုက်ပေါ့။ ရေပက်ခံထွက်တာလည်း ပျော်ဖို့တော့ ကောင်းပါတယ်။ ငယ်ငယ်ကတော့ ရေပက်ခံထွက်ဖူးပါတယ်။ အဲဒီ့နောက်ပိုင်းထဲက ရေပက်ခံထွက်တာကိုမကြိုက်တော့တာပေါ့’တဲ့။

Saturday, March 22, 2014

စာချုပ်နဲ့ လုပ်ရတာက ပိုပြီးတော့ အဆင်ပြေတယ်လို့ဆိုတဲ့ သရုပ်ဆောင် ဖူးပွင့်သခင်




၂၀၁၁ခုနှစ်ရဲ့ အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး နောက်မှာတော့ ဗီဒီယိုဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း Lucky Boss ဗီဒီယိုထုတ်လုပ်ရေးနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေပြီဖြစ်တဲ့ သရုပ်ဆောင်ဖူးပွင့်သခင်ကို Lucky Boss ဗီဒီယိုထုတ်လုပ်ရေးနဲ့ လက်ရှိမှာ စာချုပ်ပြည့်သွားပြီ ဖြစ်တဲ့အတွက် စာချုပ်နဲ့ ပတ်သက်ပြီး အနုပညာ အလုပ်လုပ်ကိုင်ရတဲ့ အပေါ်မှာ သူမရဲ့စိတ်ခံစားချက် ဘယ်လိုရှိတယ်ဆိုတာ မေးမြန်းကြည့်လိုက်တော့ ‘ ညီမ Lucky Boss နဲ့စာချုပ်ချုပ်ထားတာ ပြည့်သွားပြီ။ ဒါပေမဲ့ 5-NetWork နဲ့ စာချုပ်ချုပ်ထားတာက ကျန်သေးတယ်။ တခြား ထုတ်လုပ်ရေးတွေကနေ ကမ်းလှမ်းလာရင် ညီမသတ်မှတ်ထားတဲ့ အရာတွေနဲ့ ကိုက်ညီပြီး လွတ်လပ်ခွင့်ပေးထားမယ်၊ အခြားကုမ္မဏီတွေနဲ့လည်း ရိုက်ခွင့်ပေးမယ်ဆိုရင် စာချုပ်ချုပ်ပြီး ရိုက်ကူးသွားမယ်။ အခု ညီမချုပ်ခဲ့တဲ့ ချုပ်ထားတဲ့ ကုမ္မဏီတွေကလည်း ချုပ်နှောင်မထားဘူး။ အပြင် ကုမ္မဏီတွေနဲ့ ရိုက်ခွင့်ပေးထားတယ်။ သူတို့ကလည်း နားလည်ပေးတယ်။ တစ်လတစ်ကား ပုံမှန်ရိုက်ပေးဖြစ်သလို အားရင်လည်း အားသလို ၂ကား၃ကား ရိုက်ပေးဖြစ်တယ်လေ။ အဲဒီ့လို အပြန်အလှန် နားလည်ပေးတော့ ပြဿနာမရှိဘူး။ အသစ်တစ်ယောက်အနေနဲ့တော့ စာချုပ်နဲ့ ရိုက်ရတာ ပိုကောင်းပါတယ်။ ကားရိုက်ဖို့က အရေးကြီးပါတယ်။ ဒါမှ ကိုယ်ရိုက်ထားတဲ့ ကားလေးတွေ ထွက်လာရင် ပရိသတ်က ကိုယ့်ကို သိကြမှာလေ။ လခစားနဲ့ နေ့စား သမားတွေလိုပေါ့။ ကိုယ့်မှာ စာချုပ်ချုပ်ထားတာရှိတော့ တစ်လ ဘယ်နှစ်ကား ရိုက်ရမလဲဆိုတာ ရှိတယ်လေ။ အဆက်အသွယ် မပြတ်သွားဘူး။ ကိုယ့်ကို ခေါ်မှရိုက်ရမှာထက် ကိုယ်ရိုက်ဖို့ ကုမ္မဏီရှိတော့ အဆင်ပြေတာပေါ့။ မကြိုက်တဲ့ ကာရိုက်တာတွေ ရှိရင်လည်း သူတို့နဲ့ညှိုလို့ရတယ်။ ဒါကြောင့် ညီမအတွက် စာချုပ်နဲ့လုပ်ရတာ ပိုပြီးအဆင်ပြေတယ်။ ဒါကလည်း တစ်ချို့က မတူဘူးပေါ့။ ညီမကတော့ စာချုပ်ရှိပေမဲ့ လွတ်လွတ်လပ်လပ်နဲ့ အနုပညာအလုပ်တွေလုပ်ရတော့ အဆင်ပြေပါတယ်’လို့ သူမက ဆိုပါတယ်။

Friday, March 21, 2014

သင်္ကြန်ဆိုရင် မရောက်ခင်ကတည်းက ရင်ခုန်နေပြီလို့ ပြောတဲ့ ၀တ်မှုန်ရွှေရည်


သင်္ကြန်နီးပြီဆိုတော့ ပရိသတ်တွေအနေနဲ့ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေရဲ့ သင်္ကြန်ရင်ခုန်သံလေးတွေကို သိချင်ကြပြီပေါ့နော်။ အဲ့ဒါကြောင့် ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ၀တ်မှုန်ရွှေရည်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ သင်္ကြန်ရင်ခုန်သံကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ‘ခုရိုက်နေတဲ့ ကားလေးရဲ့ ဒါရိုက်တာက မကြည်ဖြူသျှင်ပါ။ မင်းသားက ကောင်းပြည့်ပေါ့။ အချစ်ဖန်စီကားလေးပေါ့။ ဒီကားလေးကို စရိုက်တဲ့အချိန်မှာ ကစ်ကိုယ့်ကိုကိုယ်ပြန်ငယ်သွားသလိုတောင် ခံစားရတယ်။ တကယ့် ကျောင်းအစစ်ပြန်တက်နေရသလို ခံစားရတဲ့အတွက် ကစ်ပရိသတ်တွေလဲ ဒီကားလေးကိုကြည့်တဲ့အခါ ကစ်နဲ့ စိတ်ခံစားချက်ချင်း နီးစပ်မယ်လို့ ထင်မိပါတယ်။ ဒီကားပြီးရင်တော့ ဗီဒီယိုကားတွေပဲ ဆက်ရိုက်ဖို့ရှိပါတယ်’လို့ သူမက ပြောပါတယ်။



သင်္ကြန်နဲ့ပတ်သတ်တဲ့စိတ်ခံစားမှုကိုတော့ ‘ဒီနှစ်ကတော့ ကစ်ဘယ်မှာရှိမှန်း မသိသေးဘူး။ သင်္ကြန်ဆိုရင်တော့ မရောက်ခင် ကတည်းကကို ကစ်ရင်ခုန်တယ်။ ပျော်တယ်။ ကိုယ့်မြန်မာတွေရဲ့ နှစ်ကူးပွဲတော်တစ်ခုလဲ ဖြစ်သလို မြန်မာ့ပွဲတော်တွေထဲမှာ သင်္ကြန်ဆိုတာ အစည်ဆုံးပေါ့နော်။ ရှုတင်ရှိရင်တော့ ရှုတင်မှာပဲ ဖြတ်သန်းဖြစ်မှာပါ။ ခုနောက်ပိုင်းသင်္ကြန်ကတော့ တစ်ယောက်တည်းပဲ ဖြတ်သန်းဖြစ်တာ များပါတယ်။ ချစ်သူရှိတဲ့သူတွေကတော့ ကောင်းတာပေါ့နော်။ ကစ်ကတော့ ဒီနှစ်လဲ တစ်ယောက်တည်းပါပဲ။ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ကားရိုက်မရှိရင် ဘုရားသွားပြီး ကောင်းမှုကုသိုလ်လေးတော့ လုပ်ချင်တယ်။ ခုလာမဲ့၂၀၁၄ သင်္ကြန်မှာလဲ ကစ်ရဲ့ပရိသတ်ကြီး အားလုံးကျန်းမာပျော်ရွှင်ပြီး ဘေးကင်းနိုင်ကြပါစေ’လို့လည်း သူမက ဆုတောင်းပေးလိုက်ပါသေးတယ်။

သင်္ကြန်ဆိုရင် အပြင် ထွက်လည်ရမှာ ကြောက်တဲ့ ခင်ဝင့်ဝါ





လတ်တလောမှာ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ “အရုပ် ကလေးကို ကျွန်တော်ပြန် မပေးပါ” ရိုက်ကွင်းပေါ်မှာ တွေ့ရတဲ့ ခင်ဝင့်ဝါက ဒီဇာတ်လမ်းလေး က ထူးဆန်းပြီး ပရိသတ်တွေ မထင် ထားတာ မျိုးတွေလည်း ပါဝင်မှာဖြစ်ကြောင်း၊ သူ့အနေနဲ့ လည်း အကောင်း ဆုံး ကြိုးစား သရုပ်ဆောင် ထားကြောင်း ပြောပါတယ်။ ဇာတ်ကားတွေ လည်း ဆက်တိုက်ရိုက်ကူးဖို့ရှိသလို ကြော်ငြာတွေ လည်း ရိုက်ကူးဖို့ ရှိကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။

သင်္ကြန် ကိုတော့ ခရီးသွားဖြစ်ချင် သွားဖြစ်မှာဖြစ်ပြီး မသွားဖြစ် ရင်တော့ ရန်ကုန်မှာပဲ ရိပ်သာ ဝင်ဖြစ်မယ်လို့ သိရပါတယ်။

သင်္ကြန်နဲ့ ပတ်သက်တဲ့ ခံစားချက် ကိုမေးတော့ ခင်ဝင့်ဝါက “အနုပညာ သမား မဖြစ်ခင်က သင်္ကြန်ဆိုရင် အိမ်မှာ ပဲနေတယ်။ ကလေးဘဝ တုန်းကတော့ ရေကစားဖူးတယ်။ ရှစ်တန်း၊ ကိုးတန်းလောက် တုန်း ကတော့ သင်္ကြန် ဆိုရင် လျှောက်လည် တယ်။ အဒေါ်တွေနဲ့ မုန့်တွေ လုပ်တယ်။ စတုဒိသာကျွေးတယ်။ ဆယ်တန်း ဖြေပြီးပြီးချင်းမှာ မယ်သီလရှင် ဝတ်တယ်။ အဲ ဒီနောက် ပိုင်း သင်္ကြန်နဲ့ ထိတွေ့တာ နည်း လာတယ်။ သင်္ကြန်ဆိုရင် အိမ်မှာနေ တာ များ တယ်။ အပြင် သိပ်မထွက်ဖြစ် ဘူး။ နောက် ပိုင်းတော့ သင်္ကြန် ဆိုတာ ဒီအတိုင်းပဲ။ ခါတိုင်း ရက်တွေလိုပဲ ဖြစ် လာတယ်။ သင်္ကြန်မှာ ရေပက်တာတော့ ကြိုက်ပါတယ်။ အိမ်မှာနေတဲ့ အခါကျရင် Sky Net ကနေ Live တွေ လာတယ်။ အဲဒါတွေ ကြည့်ပြီး ကိုယ်လည်း ရေစိုချင်တယ်။ အပြင် ထွက်ရမှာ လည်း ကြောက်တယ်။ သင်္ကြန် ကတော့ ပျော်ပါ တယ်။ မြန်မာနိုင် ငံမှာ ရှိတဲ့ ဆယ့်နှစ်လ ရာသီပွဲထဲက တစ်ပွဲပဲလေ။ ဒါပေမဲ့ သင်္ကြန် က ညီမ အတွက် သိပ်ပြီး မထူးဆန်းဘူး” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

Popular Journal

ဓာတ်ပုံ- အောင်ဇော်မင်း


Wednesday, March 19, 2014

မန္တလေးမှာ မီးကုန်ယမ်းကုန် ဖျော်ဖြေပေးသွားဦးမယ့် စိုင်းစိုင်းခမ်းလှိုင်






ပရိသတ်တွေ နှစ်ခြိုက်စွာ အားပေးလက်ခံချစ်ခင်ကြတဲ့ အဆိုတော်စိုင်းစိုင်း ခမ်းလှိုင်ဟာ လာမဲ့၂၉ရက်နေ့မှာ Mandalay Hill Resort မှာ ဖျော်ဖြေပွဲ ကျင်းပပြုလုပ်မယ်လို့ သိရပြီး အချိန်ကတော့ ညနေ၄နာရီခွဲမှာ စတင်ဖျော်ဖြေ ပါမယ်တဲ့။ အဆိုပါပွဲနဲ့ပတ်သတ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ဒီနေ့မနက် စင်ထရယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာကြောင့် ပွဲအတွက် စိုင်းစိုင်းရဲ့ စိတ်ခံစားချက်တွေ မေးမြန်းကြည့်တဲ့အခါ ‘ခုမန္တလေးမှာ လုပ်မဲ့ပွဲလေးကို လက်ခံဖြစ်တာက အမှန်က ကျွန်တော့်မွေးနေ့ပါတီကို သူငယ်ချင်းတွေနဲ့ တိုင်ပင်လိုက်တဲ့အခါ ရန်ကုန်မှာပဲ ၁၀နှစ်ပြည့်အမှတ်တရအနေနဲ့လုပ်မယ်။ အဲဒီအချိန်မှာ မန္တလေးကပွဲ စီစဉ်သူတွေကနေ မန္တလေးမှာ စိုင်းစိုင်းရှိုး မလုပ် တာကြာပြီဆိုတော့ ၀မ်းမြောက်ဝမ်းသာနဲ့ကျွန်တော်လက်ခံဖြစ်ခဲ့ပါတယ်။ အဲ့တော့မွေးနေ့ရှိုးကို ရန်ကုန်မှာလုပ်ဖြစ်ပေမဲ့ မန္တလေးပရိသတ်အတွက်လဲ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အကောင်းဆုံးဖျော်ဖြေသွားပါမယ်။ ဒီပွဲမှာကျွန်တော့်ရဲ့ ရဲဖော်ရဲဖက်တွေ ဖြစ်တဲ့ သူငယ်ချင်းတွေ အများကြီး ပါဝင်ပါမယ်။ သီချင်းအပုဒ်၄၀လောက် အနည်းဆုံးဖျော်ဖြေမယ် လို့မှန်းထား ပါတယ်။ ခုလဲ သီချင်းတိုက်တာတွေ၊ အကတိုက်တာတွေကို လုပ်နေပါတယ်။ မန္တလေးမှာ ဒီလိုပွဲမျိုးလုပ်တယ်ဆိုတာ တစ်ခါတစ်လေမှပေါ့။ ဒါပေမဲ့ မန္တလေး ပရိသတ်ကသာ အားပေးမယ်ဆိုရင် ဒီထက်မက သီချင်းတွေ အများကြီးကို လဲဖျော်ဖြေသွားမှာပါ။ မန္တလေးပရိသတ်က ကျွန်တော့်ကို အဆိုတော် စလုပ် ကတည်းက အမြဲတမ်းအားပေးခဲ့ပါတယ်။ စိုင်းစိုင်းရဲ့ တစ်ကိုယ်တော်ရှိုးပွဲတင် မကပါဘူး။တခြားအနုပညာအလုပ်တွေနဲ့သွားရင်မကဘူး။ ရုပ်ရှင်ရိုက်၊ ကြော်ငြာရိုက်တွေမှာပါ မန္တလေးပရိသတ်က ကျွန်တော့်ကို ဘယ်သော အခါမှ မျက်နှာမငယ်စေခဲ့ပါဘူး။ ကျန်ခဲ့တဲ့နှစ်နှစ်က နောက်ဆုံးလုပ်ခဲ့တဲ့ မန္တလေးမှာ နောက်ဆုံး လုပ်ခဲ့ တဲ့ပွဲကလဲ မိုးတွေလေတွေကျပြီးတော့ ပျက်သွားခဲ့ရတဲ့အတွက် ဒီပွဲက ကျွန်တော်တို့ အားလုံးအတွက် မကျေပွဲလို့ပြောလို့ရပါတယ်။ ကျွန်တော်တို့ အားရပါးရ မီးကုန်ယမ်းကုန်ဖျော်ဖြေပါမယ်။ အဲဒီအတွက် ဒီပွဲက အောင်မြင် မယ့် ပွဲတစ်ပွဲဖြစ်မယ်လို့လဲ ယုံကြည်မျှော်လင့်ပါတယ်။’ လို့ပြောပြပေးခဲ့ ပါတယ်။

ပြည်ပပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်မရှိပါဘူးလို့ ဆိုတဲ့ မော်ဒယ်လ်နှင်းယမုံဦး




Miss Crown ၂၀၁၃ ဆု၊ Miss Now How ၂၀၁၃ဆု တွေကို ပိုင်ဆိုင်ထား တဲ့ မော်ဒယ် နှင်းယမုံဦးကို Miss ဆုတွေရရှိထားတဲ့ သူတစ်ယောက်ဖြစ်လို့ တစ်ခြား မော်ဒယ်တွေထက် အနုပညာ အခွင့်အလမ်းတွေ ပိုမိုရရှိစေသလား ဆိုတာကို မေးမြန်းကြည့်လိုက်တော့ ‘ညီမအတွက် Miss ဆုတွေ ရရှိပြီး နောက် ပိုင်းမှာ အနုပညာလှုပ်ရှားမှု အခွင့်အလမ်းတွေ ပိုမိုရရှိစေလာခဲ့တယ်။ ကိုယ်လုပ်ရမယ့် အနုပညာ လမ်းကြောင်းပေါ်ကို လမ်းဖောက်ပေးလိုက်သလိုပါပဲ။ တစ်ဖက်ကလည်း ကိုယ်ကိုတိုင် ကြိုးစားဖို့တော့ လိုအပ်တာပေါ့နော်။’လို့ သူမက ပြောပြခဲ့သလို ဗီဒီယိုဇာတ်ကား တစ်ကားရိုက်ကူးပြီး နောက်ထပ်မရိုက်ဖြစ်တော့တာကိုလည်း သူမက ‘ညီမက မော်ဒယ် အလုပ်မှ မဟုတ်ဘူး။ အနုပညာအလုပ်တွေကို အစကတည်းက ဝါသနာပါတဲ့အတွက် လုပ်ခဲ့တာပါ။ သရုပ်ဆောင်ဘက်လည်း ဝါသနာပါပါတယ်။ ညီမအတွက် မော်ဒယ်လ်လုပ်ရတာထက် သရုပ်ဆောင် လုပ်ရတဲ့အပိုင်းက ကိုယ့်ကို အခွင့်အရေး သိပ်မပေးဘူး။ ဒါကြောင့် အချိန်တစ်ခုကို စောင့်ပြီးတော့ လုပ်နေတာဖြစ်ပါတယ်။ မော်ဒယ်ပိုင်းကတော့ ဆရာဂျွန်လွင်နဲ့ လက်တွဲပြီး လုပ်ဖြစ်နေပါတယ်။ ပြည်ပပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့တော့ အစီအစဉ်မရှိပါဘူး’တဲ့။

Friday, March 14, 2014

ပေါ့ပ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အားပေးမှုကို ရယူဦးမယ့် ဆန်းသစ်လ




၂၀၁၀ခုနှစ်ရဲ့ အကယ်ဒမီ ဗန်းကိုင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီးနောက်ပိုင်းမှာ ပရိသတ်တွေရဲ့ အသိအမှတ်ပြု၊ အားပေးခြင်းခံခဲ့ရတဲ့ မော်ဒယ်လ်ဆန်းသစ်လကို လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း မေးဖြစ်ခဲ့တဲ့အခါ ‘ညီမ လတ်တလောမှာတော့ ပြီးခဲ့တဲ့ သုံးပတ်လောက်က ပြင်သစ်က ဆရာတွေ ကိုယ်တိုင်သင်ကြားပေးတဲ့ ရုပ်ရှင်နဲ့ပတ်သက်ပြီး WorkShop သင်တန်းထပ်ပြီး တက်ခဲ့တယ်။ ပြီးတော့ သင်္ကြန်အတွက် သီချင်းဆိုဖို့ လုပ်နေတယ်။ ညီမ ဗီဒီယိုဇာတ်ကား ၅ကားလောက်ရိုက်ထားတာ ရှိပါတယ်။ နောက်ထပ် ဆက်ပြီး မရိုက်ဖြစ်တော့ဘူး။ ညီမ အခုသီချင်းဆိုတဲ့အပိုင်းကို လုပ်ဖြစ်နေတယ်။ မာစတာသင်္ကြန်အခွေမှာ သီချင်းတစ်ပုဒ် ဆိုထားတာရှိပါတယ်။ ပြီးတော့ Shwe FM မှာသီချင်းတစ်ပုဒ် ဆိုထားတာရှိပါတယ်။ မတ်လ၃၀ ရက်နေ့မှာလုပ်မဲ့ ယိုးဒယား၊ မြန်မာချစ်ကြည်ရေး ပွဲမှာမြန်မာအက ကဖို့ရှိပါတယ်။ အဲဒီ့အတွက် အကတိုက်နေပါတယ်။ ပြီးတော့ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ သင်္ကြန်ပြီးရင်တော့ ညီမရဲ့ တစ်ကိုယ်တော် အခွေအတွက်အားစိုက်ဖြစ်မှာပါ။ အခွေကို ဒီနှစ်အကုန်လောက်မှာပဲ လုပ်ဖြစ်သွားမယ်။ အခုလည်း တေးရေးဆရာတွေနဲ့ သီချင်းအပ်ထားပါတယ်။ ညီမဆိုဖြစ်ရင် ပေါ့ပ်သီချင်းအေးအေးလေးတွေ ပဲဆိုဖြစ်မှာပါ။’လို့ သူမက ပြောပါတယ်။

Thursday, March 13, 2014

Iggy Azaleaရဲ့ ပွဲဦးထွက် အယ်လ်ဘမ် "The New Classic" မှာပါလာမယ့် သီချင်းစာရင်း




Iggy Azaleaရဲ့ ပွဲဦးထွက် အယ်လ်ဘမ် “The New Classic” ထွက်လာဖို့ လပိုင်းလောက်ပဲလိုပါတော့တယ်။ သြစီသူ ရပ်ပ်ပါ Iggy Azaleaဟာ သူ့ရဲ့အယ်လ်ဘမ်မှာ ပါရှိမယ့် သီချင်းတွေနာမည်တွေကို ပွဲထုတ်လိုက်ပါတယ်။



ဧပြီ ၂၂ရက်မှာ ထွက်ရှိမယ့် အယ်လ်ဘမ်ဟာ စံမှီတင်ဆက်မှု တစ်ခုနဲ့လာပါလိမ့်မယ်။ Bonus track ၃ပုဒ် ပါရှိမယ်လို့လည်း သိရပါတယ်။



ဒီအယ်လ်ဘမ်ထဲမှာ ပါဝင်သီဆိုပေးထားတဲ့ နာမည်ကြီးတချို့လည်း ရှိပါတယ်။ သူတို့ကတော့ “Fancy” single မှာဝင်ဆိုပေးခဲ့တဲ့ ပေါ့ပ်အဆိုတော် Charli XCXနဲ့ “Change Your Life” သီချင်းမှာ ဆိုပေးခဲ့တဲ့ T.I. တို့ပါပဲ။ ဗြိတိန် ပေါ့ပ်အဆိုတော် Rita Ora ဟာ တေးရေးတေးဆို Katy Perry ရေးပေးထားတဲ့ “Black Widow” သီချင်းကို သီဆိုပေးထားပါတယ်။ “Lady Patra” သီချင်းမှာတော့ dancehall အဆိုတော် Mavado က သီဆိုပေးထားပါတယ်။



“The New Classic” Tracklist

1. ‘Walk the Line’

2. ‘Don’t Need Ya’ll’

3. ‘100’ (Featuring Watch the Duck)

4. ‘Change Your Life’ (Featuring T.I.)

5. ‘Fancy’ (Featuring Charli XCX)

6. ‘New Bitch’

7. ‘Work’

8. ‘Impossible Is Nothing’

9. ‘Goddess’

10. ‘Black Widow’ (Featuring Rita Ora)

11. ‘Lady Patra’ (Featuring Mavado)

12. ‘F--- Love’

Deluxe

13. ‘Bounce’

14. ‘Rolex’

15. ‘Just Askin’



Instagram မှာ ဘီကီနီနဲ့ sexy ဓါတ်ပုံအများအပြား ရိုက်ကူးထားတဲ့ Nicki Minaj တစ်ယောက် စေ့စပ်တော့မှာလား





Nicki Minaj တစ်ယောက် ဒီတစ်ပါတ်ထဲမှာတော့ မက္ကဆီကိုက Cabo San Lucas မှာ အချိန်အတော်များများ ဖြုန်းတီးခဲ့ပြီး selfies ဓါတ်ပုံအတော်များများလည်း Instagram ကို တင်နေခဲ့တာ တွေ့ရပါတယ်။ ဘီကီနီဝတ်ထားတဲ့ သူမရဲ့ ဓါတ်ပုံရိုက်ကူးမှုမှာ sexy ပို့စ်တွေ အများအပြားလည်း ပါဝင်နေပါတယ်။

ဒါ့အပြင် ဓါတ်ပံတွေထဲက တစ်ခုမှာ သူမရဲ့ လက်မှာ လက်စွပ်တစ်ကွင်း ၀တ်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။



အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ Nicki မှာ Safaree Samuels လို့ခေါ်တဲ့ အသက် ၃၂ နှစ်အရွယ် ရည်းစားတစ်ယောက်ရှိပါတယ်။ သူမတို့ရဲ့ ချစ်သူသက်တမ်း (၁၀)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အရင်အပတ်ထဲမှာ မင်္ဂလာဆောင်အသွင်အပြင်နဲ့ ဓါတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။

သူတို့နှစ်ဦးအနေနဲ့ စေ့စပ်ဖို့ (ဒါမှမဟုတ်) လက်ထပ်ဖို့ အတည်ပြုမှုတွေတော့ မပြုလုပ်ရသေးဘူးလို့ ဆိုပါတယ်။



ပြီးခဲ့တဲ့ အပတ်တုန်းကပဲ သရုပ်ဆောင် မင်းသမီး Stacy Keibler နဲ့ သူ့ချစ်သူ Jared Pobre တို့ကလည်း မက္ကဆီကိုမှာ တိတ်တဆိတ် အခမ်းအနားလာကျင်းပတဲ့ သာဓကတွေကလည်း ရှိနေသေးတယ်လေ။

ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့များ၏ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုများကို ကန့်သတ်ရန်စီစဉ်




K pop ယဉ်ကျေးမှုနဲ့ အာရှကို လွှမ်းမိုးထားနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီး တေးဂီတအဖွဲ့တွေရဲ့ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ကန့်သတ်နိုင်ဖို့ စီစဉ်နေတယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

ယခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ထွက်ရှိခဲ့တဲ့ အမျိုးသမီး K pop အဖွဲ့တွေရဲ့ တေးဂီတ ဗီဒီယိုတွေဟာ အလွန်အကျွံ လိင်ဆွဲဆောင်မှုတွေ ပါဝင်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က SBS ရုပ်သံလိုင်း ရဲ့ Inkigayo ဂီတအစီအစဉ်နဲ့ KBS ရုပ်သံလိုင်းရဲ့ Music Bank ဂီတအစီအစဉ်က တာဝန်ရှိသူတွေကို အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က ရုပ်သံ အစီအစဉ်တွေမှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ဘယ်အတိုင်းအတာထိသာ ခွင့်ပြုမယ်ဆိုတဲ့ သူတို့ရဲ့ သတ်မှတ်ချက်ကို ထုတ်ဖော် ပြောကြားခဲ့ပြီး ဂီတ အစီအစဉ်တွေမှာ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ဘယ်လို ကိုင်တွယ်သွားမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က အမျိုးသမီး K pop အဖွဲ့တွေရဲ့ ဖျော်ဖြေ တင်ဆက်ပုံတွေဟာ အလွန်အကျွံ အဆင့်ကို ရောက်ရှိနေပြီး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းဖို့ လိုနေပြီလို့လည်း ပြောကြားခဲ့ပါတယ်။

ပရိသတ်အချို့ကတော့ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုတွေက ဈေးကွက်ထဲမှာ အများအပြား ရှိနေပြီ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေရဲ့ ယခု လုပ်ရပ်ဟာနောက် တောင်ကျနေပြီလို့ ပြောကြားခဲ့ပါတယ်။

Tuesday, March 11, 2014

လူအများရှေ့တွင် နမ်းမိသည့်အတွက် မဖွယ်မရာပြုလုပ်သည်ဟု ဝေဖန်ခံရသော ထိုင်ဝမ် မင်းသမီး


ထိုင်ဝမ်နိုင်ငံ တောင်ပိုင်းမှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် ရွှေမြင်းရုပ်ရှင်ဆုပေးပွဲသို့ တရုတ်၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်နိုင် ငံတို့မှ နာမည်ကျော် အနုပညာရှင်များ တက်ရောက်ကြပါတယ်။ အဆိုပါ ဆုဟာ တရုတ် စာတမ်းထိုး ရုပ်ရှင်များအတွက် အော်စကာဆုတစ်မျိုးဖြစ်ပြီး နာမည်ကျော်များဟာ အပြိုင်အဆိုင် ၀တ်စုံ များဖြင့် တက်ရောက်ကြပါတယ်။




ထိုသို့တက်ရောက်လာကြတဲ့ အနုပညာရှင်များထဲမှ ထိုင်ဝမ်မင်းသမီး လင်ချီလိန်း( Lin Chi-ling) ဟာ တော့ သူမရဲ့ အလှအပတွေကို ထင်ရှားစေတဲ့ ၀တ်စုံကြောင့် ပွဲတက်လာသူများ၏ အာရုံကို ဆွဲဆောင်နိုင် ခဲ့ပါတယ်။




အကောင်းဆုံး ဒါရိုက်တာဆုကို ပေးအပ်ရန်အတွက် သူမ စင်မြင့်ပေါ်ကို တက်လာပြီးနောက် ဒါရိုက်တာကို ဆုပေး ချိန်မှာ ကိုယ်လေးကိုင်းညွှတ်လိုက်တော့ ပေါ်ထွက်လာတဲ့ အလှအပများကြောင့် အင်တာနက် ပရိ သတ် ကြီး ဟာ ဒါဟာလုံးဝ မသင့်လျော်ဘူး။ မိန်းမ မဆန်ဘူးဆိုပြီး အပြင်းအထန် ဝေဖန်ကြပါသတဲ့။




နောက်တော့မှ စင်မြင့်ပေါ်မှာ အစီအစဉ်ကြေငြာသူ Huang Bo ကို နမ်းလိုက်တဲ့အခါမှာတော့ အဆိုပါ အနမ်း ကို မဖွယ်မရာ အဖြစ် ဝေဖန်ကြပါလေရော။ဆုကိုပေးနေစဉ်မှာတော့ သူမဟာ ဟောင်ကောင်အသည်းစွဲ Andy Lau နဲ့ အတူတွဲပြီး နမ်းတဲ့အခန်းလေး ရိုက်ချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ပြီးတော့ အနမ်းခြွေခဲ့ပါသတဲ့။ သြော်..အနမ်း..အနမ်း... အမှတ် ရစရာတွေပါပဲ။

Sunday, March 9, 2014

ပရိသတ်ကရွေးတဲ့ အဆိုတော်အဖွဲ့ (သို့မဟုတ်) AKB48





AKB48 (အသံထွက် – အေကေဘီ ဖော်တီအိတ်) ဟာ ဂျပန်နိုင်ငံမှာ အအောင်မြင်ဆုံးနဲ့ အဖွဲ့ဝင်အများဆုံး အမျိုးသမီး အဆိုတော် အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်ပေါင်း ၆၄ ဖွဲ့ပါဝင်ပြီး သီးသန့်အဖွဲ့အနေနဲ့ ဖွဲ့စည်းထားတာမျိုးမဟုတ်ပဲ ပရိသတ်က ရွေးချယ်တဲ့ အဆိုတော် ၆၄ ယောက်ကို စုစည်းထားတာ ဖြစ်ပါတယ်။

AKB48 အဖွဲ့ ထူထောင်သူ Yasushi Akimoto ဟာ ၂၀၀၅ ခုနှစ်မှာ တခြား ပေါ့ပ်အဖွဲ့တွေနဲ့ မတူတဲ့ အဖွဲ့တစ်ခု တည်ထောင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ တိုကျိုမြို့ အကီဟာဘာရာ ရပ်ကွက်က ကပွဲရုံမှာ နေ့စဉ်ဖျော်ဖြေပေးမယ့် အဆိုတော်အဖွဲ့ကို စတင်ဖွဲ့စည်းဖို့အတွက် ကြေညာခဲ့ပါတယ်။ လာရောက် လျှောက်ထားတဲ့ မိန်းကလေး အရေအတွက်ဟာ ၇၉၂၄ ယောက်ရှိခဲ့ပြီး အဲဒီထဲကမှ ၂၄ ယောက်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီထဲက အယောက်၂၀ ကိုပဲ ပထမဆုံးအကြိမ် ဖျော်ဖြေမှုမှာ မြင်တွေ့ခဲ့ရပြီး အဖွဲ့ခွဲ ၄ ခုထဲက ပထမဆုံး အဖွဲ့ Team A အဖြစ် စတင်ခဲ့ပါတယ်။



နောက်ပိုင်းမှာ ဒုတိယမြောက် အဖွဲ့ခွဲအတွက် ၁၁၈၉၂ ယောက်အထိ လာရောက်လျှောက်ထားခဲ့တဲ့ထဲက ၁၉ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း Team K အဖြစ် ဖွဲ့စည်းတဲ့အချိန်မှာ ၁၈ ယောက်ပဲ ပါဝင်ခဲ့ပြီး Mariko Shinoda က ပရိသတ်ဆန္ဒမဲနဲ့ ၁၉ ယောက်မြောက်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အသက်ကြီးသွားတဲ့ Yuki Usami ဟာ အဖွဲ့ရဲ့ ပထမဆုံး ပြီးဆုံးအောင်မြင်သူအဖြစ် သတ်မှတ်ခံရပြီး AKB48ကနေ နှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အဲဒီလို ပြီးဆုံးအောင်မြင်သူတွေကို အဖွဲ့က နှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ Team K ဟာ ကပွဲရုံမှာ ၂၀၀၆ ဧပြီ ၁ ရက်နေ့ကနေ စတင်ဖျော်ဖြေနေပြီ ဖြစ်ပါတယ်။


AKB48 ဟာ သီချင်းသီဆိုတဲ့ အဖွဲ့ပုံစံထက် ဖျော်ဖြေရေးအဖွဲ့ပုံစံကို ပိုမိုအာရုံစိုက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ Team B နဲ့ Team 4 ကို ထပ်မံဖွဲ့စည်းခဲ့သလို အခြား အရပ်ဒေသတွေကို အစွဲပြုပြီး SKE48 ၊ JKT48 (Jakata, Indonesia) ၊ TPE48 (Taipei) အစရှိတဲ့ အဖွဲ့တွေကို ဖွဲ့စည်းခဲ့ပါတယ်။ နောက်ဆုံး Nogizaka46 ကိုလည်း AKB48 ရဲ့ ပြိုင်ဘက်ပုံစံ ဖွဲ့စည်းခဲ့ပါသေးတယ်။ AKB48 ရဲ့ အထင်ရှားဆုံး လှုပ်ရှားမှုကတော့ မဲပေးရွေးချယ်ပွဲပဲ ဖြစ်ပါတယ်။ AKB48 ဟာ တခြားအဆိုတော်အဖွဲ့တွေနဲ့ မတူညီပဲ အဖွဲ့ဝင်တွေကို ပရိသတ်တွေက မဲပေးရွေးချယ်ရတာ ဖြစ်ပါတယ်။ အဖွဲ့၎ဖွဲ့အပြင် သင်တန်းသူတွေလည်း ရှိသလို ညီအစ်မအဖွဲ့တွေလည်း အများအပြား ရှိပါတယ်။ အဖွဲ့ဝင်တွေဟာ ရည်းစားထားခွင့်လည်း မရှိသလို ကိုယ်ကျင့်စာရိတ္တလည်း ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် AKB48 ဟာ ပရိသတ်လိုချင်တဲ့အရာကို တိတိပပ ပေးစွမ်းနိုင်စွမ်း ရှိသလို ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုလည်း အတိုင်းထက်အလွန် ရရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။



AKB48 ရဲ့နောက်ထပ် အားသာချက်က ကိုယ်ပိုင် ကပွဲရုံအပြင် အဖွဲ့ဝင်တွေရဲ့ နေ့စဉ် လှုပ်ရှားမှုတွေ၊ အဖွဲ့အချင်းချင်း ပြိုင်ဆိုင်မှုတွေအပြင် အဖွဲ့ဝင်ဖြစ်လာဖို့ ကြိုးစားမှုတွေကိုပါ အမြဲတမ်း ပရိသတ်သိရှိနိုင်အောင် ထုတ်ပြန်ပေးနေခြင်းပါ။ ပရိသတ်တွေဟာ သူတို့ကို အောင်မြင်ကျော်ကြားသူများ အနေနဲ့ သိပ်မမြင်ပဲ သူတို့ရဲ့ ညီမလေးတွေ၊ သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေလို ခံစားနိုင်အောင် အမြဲတမ်း လုပ်ဆောင်ပေးထားပါတယ်။ အဖွဲ့ဝင်အများစုဟာ ဆယ်ကျော်သက်တွေ ဖြစ်ပြီး ၂၀ စွန်းစွန်းအဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ တခါတရံမှာ အဖွဲ့ရဲ့ ဘီကီနီဝတ်စုံနဲ့ ကြော်ငြာတွေ၊ အနည်းငယ် ကြမ်းရှတဲ့ သီချင်းစာသားတွေကြောင့် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေ လုပ်နေတယ်လို့ ဝေဖန်ခံရပေမယ့် အမျိုးသမီးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်။

လက်ရှိ AKB48 ရဲ့ အဖွဲ့ခေါင်းဆောင်ဟာ Minami Takahashi ဖြစ်ပြီး Team A ရဲ့ ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။ Team A ခေါင်းဆောင်တွေဟာ AKB48 နဲ့ သူ့ရဲ့ အစွယ်အပွား အဖွဲ့အားလုံးရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ Team A, K, B နဲ့ 4 ဆိုပြီး ၄ ဖွဲ့ ခွဲထားသလို သင်တန်းသူတွေလည်း ရှိပါသေးတယ်။ အဖွဲ့ဝင်ဖြစ်ဖို့အတွက် မဲပေးရွေးချယ်မှုတွေလည်း ပြုလုပ်သလို Rock-Paper-Scissors (မြန်မာလိုဆို ဘိုကျားသေနတ် ကစားသလို) ပြိုင်ပွဲလည်း ပြုလုပ်ပြီး ရွေးချယ်ပါတယ်။ AKB48 ရဲ့ Official Page မှာလည်း အဖွဲ့ဝင်တွေကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။


Saturday, March 8, 2014

မော်ဒယ်အလုပ်ကို အပျော်ပဲ လုပ်ဖြစ်တော့မယ်လို့ ဖွင့်ဟလိုက်တဲ့ Jessica Dada



တွေ့လိုက်ရတဲ့ magazine ကာဗာတွေတိုင်း၊ ဓာတ်ပုံတွေတိုင်းမှာ အားလုံးက ဒါဘယ်သူလဲလို့ မေးရလောက်အောင် ဆွဲဆောင်အားပြင်းတဲ့ အကြည့်တွေနဲ့ ညှို့ယူတတ်သူကတော့ မော်ဒယ်လ် Jessica Dada ပါ။ ဖိုတိုမော်ဒယ်အဖြစ်နဲ့သာမက မြူးဇစ်ဗီဒီယိုတွေမှာပါ တွေ့လာရတဲ့ သူမရဲ့ လတ်တလော လှုပ်ရှားမှုနဲ့ နောက်ပိုင်း တတ်လာကြတဲ့ မော်ဒယ်လ်တွေအပေါ် သူမရဲ့အမြင် ဘယ်လိုရှိတယ်ဆိုတာကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘အခု လတ်တလောမှာတော့ အခမ်းအနားမှုးပဲ လုပ်ဖြစ်နေတယ်။ အစ်မက Modelling အလုပ်ကို မလုပ်ဖြစ်တော့တာ ကြာပါပြီ။ မလုပ်တော့ဘူး ဆိုတာက တစ်ခြားတော့မရှိပါဘူး။ ရုပ်ကလေးက သူများတွေကို ချစ်စရာမကောင်းဘူး။ မျက်နှာအနေအထားက Sweet မဖြစ်ဘူး။ မလှဘူးဆိုတော့ ကိုယ့်ရဲ့မျက်နှာနဲ့လိုက်မဲ့ နည်းနည်း မိုက်တဲ့ဘက်၊ မာတဲ့ဘက်ကို သွားရတာပေါ့။ ကိုယ်က ရုပ်မလှတဲ့သူတစ်ယောက်ဆိုတော့ သူများတွေနဲ့မတူတဲ့ စတိုင်လ်မျိုးဖြစ်အောင် ကြိုးစားရတာပေါ့။ အခုနောက်ပိုင်း ပေါ်လာကြတဲ့ မော်ဒယ်လ်တွေဆို ကြည့်လိုက်ရင် မော်ဒယ်တွေ တော်တော်များလာကြတယ်။ နောက်ပြီး အရမ်းလည်းငယ်ကြတယ်။ အရမ်းလည်းလှကြပါတယ်။ ပြီးတော့ သူတို့လေးတွေကြည့်ရတာ တအားလည်း လူသိခံချင်ကြတာကို တွေ့ရပါတယ်။ သိပ်ပြီးပညာမစုံသေးကြတဲ့ အရွယ်လေးတွေဖြစ်နေတယ်။ ဒါပေမဲ့ အစ်မက ပညာစုံတယ်လို့ ကိုယ့်ကိုကိုယ် ပြောတာ မဟုတ်ဘူးနော်။ ပညာပိုတတ်ရင် ပိုပြီးပြည့်စုံတယ်။ ပိုကောင်းတာပေါ့လို့ပြောချင်တာပါ။ ကောင်မလေးတစ်ယောက် လှလို့ကြည့်လိုက်ရင် ဘာလုပ်လဲလို့ မေးလိုက်ရင် မော်ဒယ်လ်ဆိုတာချည်းပဲ ဖြစ်နေတယ်။ ရုပ်ချောတာလည်း ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ ရုပ်ချောတာထက် တကယ်တော်စေချင်တယ်။ လမ်းလျှောက်တာတို့၊ ဓာတ်ပုံရိုက်တဲ့အခါမှာ ပို့စ်ကောင်းကောင်းပေးတတ်ဖို့ ၊ လုပ်တတ်ဖို့က အရေးကြီးတယ်လို့ အစ်မကတော့မြင်ပါတယ်။’ လို့ သူမက ပြောပါတယ်။

Modelling မလုပ်ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ သူမက ‘အစ်မက အသက်ကြီးသွားပြီ။ အခု၂၃နှစ်ရှိသွားပြီလေ။ အခုပေါ်လာကြတဲ့ မော်ဒယ်လ်လေးတွေက ငယ်ငယ်ချောချော လှလှလေးတွေ ချည်းပဲဆိုတော့ ငယ်ဂုဏ်ရှိတယ်။ ငယ်ရွယ်နုပျိုမှု မရှိတော့ဘူး။ ပြီးတော့ အစ်မရဲ့ ပုံစံက ဘယ်သူ့မှ၂၃နှစ်လို့ မထင်ကြဘူး။ ၂၃နှစ်ထက်မကတော့ဘူးလို့ပဲ ထင်ကြမှာ။ ကိုယ်က နဂိုကတည်းကိုက ရုပ်ရင့်တဲ့ထဲမှာပါတဲ့သူဆိုတော့ ပိုအသက်ကြီးလာလေ ပိုရုပ်ရင့်လာလေပဲဆိုတော့ တစ်ခြား ဘက်ရောက်သွားတာပေါ့။ အဲဒီ့တော့ အစ်မက မော်ဒယ်လ် အလုပ်ကို အပျော်ပဲလုပ်တော့တယ်။ ကိုယ့်ဘဝအတွက် အလုပ်တွေပဲ လုပ်နေတော့တယ်’တဲ့။

အချစ်က လူကို အများကြီးပြောင်းလဲသွားစေခဲ့တယ်လို့ ဖွင့်ဟလိုက်တဲ့ မိုးအောင်ရင်



ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် အပြုံးချိုချိုနဲ့ အားလုံးကို စနောက်ကာ ပျော်ရွှင်စွာနေတတ်တဲ့ အနုပညာရှင်ကတော့ မိုးအောင်ရင်ဆိုတဲ့ ကောင်လေးပါ။ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ မကြာသေးခင်က သူနဲ့ သူချစ်သူဓာတ်ပုံတွေ တွေ့လိုက်ရတာကြောင့် အချစ်ရေးနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါ ‘အချစ်ရေးကတော့ တော်တော်လေးအဆင်ပြေပါတယ်။ အိမ်ထောင်ရေးကို ဘာမှမစဉ်းစားထားဘူး။ ဆောက်ဖြစ်မှ ကျောင်းတကာပေါ့။ အခုရထားတဲ့ အချစ်က ကျွန်တော့်ကို ပြောင်းလဲသွားအောင် တော်တော်များများလုပ်နိုင်တယ်။ အလုပ်တွေ အများကြီးလုပ်ချင်စိတ်ရှိအောင်၊ မိုးအောင်ရင် အသုံးမကျတာတွေမြင်အောင် သဘောအားဖြင့် အိမ်တွင်းမှာတင်ဖြစ်တဲ့ဟာမျိုးပေါ့။ ဥပမာ ကျွန်တော်သည် အိမ်ကလူတွေကို အရမ်းဆူတယ်။ မနားမနေကိုဆူတယ်။ အမှိုက်တွေ့ရင်ဆူတယ်။ ဖုန်တက်ရင်ဆူတယ်။ အဲဒါသူက နားညီးပြီးမခံနိုင်တော့ ကျွန်တော့ကို အဲဒီအလုပ်တွေလုပ်ခိုင်းတယ်။ ထမင်းစားပြီးရင် ကိုယ့်ပန်းကန် ကိုယ်သိမ်းတတ်သွားတယ်။ ငယ်ငယ်ကတည်းက ညီမလေးရှိပေမဲ့ ကျွန်တော့်ကို တစ်ဦးတည်းသော သားအတိုင်းကိုအဖေနဲ့အမေက သဘောထားတယ်။ သူ့ကိုရွေးချယ်ဖြစ်တာက အဲဒါတွေကြောင့်လဲပါတယ်။သူများတွေဆိုရင် လာပွားတယ်ဆိုပြီး အဆင်ပြေချင်မှ ပြေမယ်။ ကျွန်တော်ကကျတော့ အမေအဖေနဲ့ခွဲနေရတဲ့အတွက် ဒါကိုကောင်းသောပြောင်းလဲမှုလို့ပဲမြင်တယ်။ အရှေ့ကလူတွေလဲ လုပ်ပေးတယ်။ ဒါပေမဲ့နဲနဲလေးမှ သည်းမခံဘူး။ တခုခုပြောတာနဲ့ရန်ဖြစ်ပြီးပြတ်သွားရော။ ဖြတ်ပစ်တယ်။ အိမ်မလာခိုင်းတော့ဘူး။ မောင်းထုတ်တာမျိုးတို့။ သူကကျတော့ကျွန်တော့ညီမနဲ့တူတာလဲပါတယ်။ ပြီးတော့ညီမနဲ့လဲအရမ်းတည့်တယ်။ ရည်းစားသက်တမ်းက ၆လလောက်ပဲရှိပါသေးတယ်’လို့ သူက ဖွင့်ဟသွားပါတယ်။

တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ သူတို့ရဲ့ အပြင်အဆင်တွေ



ဖက်ရှင်ရေစီးကြောင်းဆိုတာ တစ်ပတ်လည်လာနိုင်တယ်လို့ ဆိုလေ့ရှိကြပေမယ့် အလှအပရေးရာ ပြင်ဆင်ခြယ်သမှုအပိုင်းတွေလည်း ဒီအတိုင်းပဲလို့ ထည့်သွင်းပြောဆိုရမှာပါ။ ဘာလို့လဲဆိုတော့ ဟိုးအရင် ၁၉၉၀ပြည့်နှစ်က ခေတ်စားခဲ့တဲ့ ဆံပင်ပုံစံတွေ၊ မိတ်ကပ် အပြင်အဆင်တွေ ခုတစ်ဖန်ပြန်လည်ခေတ်စားဖွယ် ရှိနေတာကြောင့်ပါပဲ။ ဒါ့ကြောင့် အဲ့ဒီအချိန်တွေတုန်းက အနုပညာရှင်တွေရဲ့ သူတို့ရဲ့ ပြင်ဆင်ခြယ်သမှုတွေကို ခုလို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Kristen Dunst ရဲ့ ဆံပင်ပြင်ဆင်မှုအပိုင်းဟာ အဲ့ဒီအချိန်ကာလနဲ့ယှဉ်ကြည့်ရင် သိပ်မိုက်ပါတယ်။ ဆန်းလည်းဆန်းတယ်လို့ ပြောရမှာပါ။ ဒီလိုဆံပင်ပြင်ဆင်မှုမျိုးတွေ ဖြစ်လာနိုင်ခြေရှိနိုင်ပါတယ်။



၂။Reese Witherspoon ဟာ ဒီပုံမှာ မိတ်ကပ်ပြင်ဆင်မှုကို အသားမပေးထားပဲ နှုတ်ခမ်းတစ်စုံနဲ့ ဆွဲဆောင်ထားတာ တွေ့မြင်နိုင်ပါတယ်။ ဆံပင်ကိုလည်း သာမာန်ဆံပင်ပုံစံတွေနဲ့ ကွဲထွက်နေအောင် ပြင်ဆင်ထားပါသေးတယ်။



၃။အကြေကောက်တွေ ပြန်ခေတ်စားမလာဘူးလို့ ဘယ်သူပြောရဲပါသလဲ။ Jennifer Love Hewitt ရဲ့ ချစ်စရာကောင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လ်ပေါ့။



၎။Cameron Diaz ရဲ့ မျက်လုံးခြယ်သမှုက အားလုံးကို ငေးသွားစေတယ်လေ။ မျက်နှာမှာ အထင်ရှားဆုံး ခြယ်သမှုဖြစ်တာကြောင့် သူမရဲ့အဲ့ဒီခြယ်သမှုစတိုင်လ်ကို သဘောကျခဲ့တဲ့သူတွေ အများအပြားရှိခဲ့တာပေါ့။



၅။Drew Barrymore ရဲ့ အမိုက်စားစတိုင်လ်ပါ။ ဆံပင်ကာလာ၊ ထင်ရှားပြီး သေးငယ်တဲ့ မျက်ခုံးနဲ့ နှုတ်ခမ်းနီအရောင်တွေကြောင့် သူမကလည်း နာမည်တစ်ခုနဲ့ကို ကျော်ကြားခဲ့တာပါ။



Ref:cosmopolitan.com

Related Posts Plugin for WordPress, Blogger...