ထိုင်ဝမ်နိုင်ငံ တောင်ပိုင်းမှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် ရွှေမြင်းရုပ်ရှင်ဆုပေးပွဲသို့ တရုတ်၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်နိုင် ငံတို့မှ နာမည်ကျော် အနုပညာရှင်များ တက်ရောက်ကြပါတယ်။ အဆိုပါ ဆုဟာ တရုတ် စာတမ်းထိုး ရုပ်ရှင်များအတွက် အော်စကာဆုတစ်မျိုးဖြစ်ပြီး နာမည်ကျော်များဟာ အပြိုင်အဆိုင် ၀တ်စုံ များဖြင့် တက်ရောက်ကြပါတယ်။

ထိုသို့တက်ရောက်လာကြတဲ့ အနုပညာရှင်များထဲမှ ထိုင်ဝမ်မင်းသမီး လင်ချီလိန်း( Lin Chi-ling) ဟာ တော့ သူမရဲ့ အလှအပတွေကို ထင်ရှားစေတဲ့ ၀တ်စုံကြောင့် ပွဲတက်လာသူများ၏ အာရုံကို ဆွဲဆောင်နိုင် ခဲ့ပါတယ်။

အကောင်းဆုံး ဒါရိုက်တာဆုကို ပေးအပ်ရန်အတွက် သူမ စင်မြင့်ပေါ်ကို တက်လာပြီးနောက် ဒါရိုက်တာကို ဆုပေး ချိန်မှာ ကိုယ်လေးကိုင်းညွှတ်လိုက်တော့ ပေါ်ထွက်လာတဲ့ အလှအပများကြောင့် အင်တာနက် ပရိ သတ် ကြီး ဟာ ဒါဟာလုံးဝ မသင့်လျော်ဘူး။ မိန်းမ မဆန်ဘူးဆိုပြီး အပြင်းအထန် ဝေဖန်ကြပါသတဲ့။

နောက်တော့မှ စင်မြင့်ပေါ်မှာ အစီအစဉ်ကြေငြာသူ Huang Bo ကို နမ်းလိုက်တဲ့အခါမှာတော့ အဆိုပါ အနမ်း ကို မဖွယ်မရာ အဖြစ် ဝေဖန်ကြပါလေရော။ဆုကိုပေးနေစဉ်မှာတော့ သူမဟာ ဟောင်ကောင်အသည်းစွဲ Andy Lau နဲ့ အတူတွဲပြီး နမ်းတဲ့အခန်းလေး ရိုက်ချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ပြီးတော့ အနမ်းခြွေခဲ့ပါသတဲ့။ သြော်..အနမ်း..အနမ်း... အမှတ် ရစရာတွေပါပဲ။
0 comments:
Post a Comment