
နယူးဂျာစီက အမေရိကန်ထီ ပါဝါဘောသန်း ၃၃၈ သန်းပေါက်ပြီးငွေရေးကြေးရေးစကားရာက
လင်မယား ကွဲပြီး တရားစွဲတဲ့ အထိဖြစ်သွားရတဲ့အတွဲကတော့ချစ်သူများနေ့ မှာ ပြန်ပေါင်းထုပ်သွားကြပါပြီ။

မနှစ်က ကူဇာဒါက အမေရိကန်ထီသန်း ၃၃၈သန်းပေါက်ခဲ့ပါတယ်။ သန်းနဲ့ ချီပြီးထီပေါက်တော့ မှပဲ ငွေရေးကြေးရေး ကိစ္စစကားများကြပြီးလင်မယားကွဲပါတော့တယ်။ ထီပေါက်ရင်ခွဲဝေယူကြဖို့ သူတို့ မှာသဘောတူညီချက်ရှိခဲ့တယ်လို့  မစ်ဆန်ချက်ကပြောပါတယ်။
နိုဝင်ဘာလမှာ သူ့ ယောက်ျားကို တရားစွဲခဲ့ပါတယ်။
ကူဇာဒါရဲ့ ရှေ့ နေက သူတို့ ဘယ်တုန်းကမှ တရားဝင်လက်ထပ်ခဲ့ကြတာမဟုတ်တဲ့အတွက် ဒီငွေကို တရားဝင်တောင်းဆိုခွင့်မရှိဘူးလို့ ပြောပါတယ်။
အဲဒီအချိန် မိသားစုနဲ့ ကွဲကွာရလို့ ကူဇာဒါကတော့စိတ်ဓာတ်အတော်ကျနေပါပြီ။
ရှေ့ နေက "အရင်က သူမှာ ပိုက်ဆံမရှိဘူး၊ဒါပေမယ့်မိသားစုရှိတယ် ဆိုတဲ့ အခြေအနေကနေ အခုသူ့ မှာ ပိုက်ဆံရှိတယ်၊ဒါပေမယ့် မိသားစုမရှိတော့ဘူးဆိုတဲ့အခြေအနေကိုရောက်သွားတယ်။
ကျနော်သူ့  ကိုပြော တယ်။ နားထောင်ကူဇာဒါ။အချစ်ကအားလုံးကိုအောင်မြင်နိုင်တယ်။ ခင်ဗျားမိန်းမနဲ့ စကားပြော" လို့ အကြံပေးတယ်။
ချစ်သူများနေ့ ရောက်တော့သူကျနော့်ကိုဖုန်းဆက်လာတယ်။
သူတို့ ပြေလည်သွားကြပြီတဲ့။

မစ်စန်ချက်ရဲ့ ရှေ့ နေ အပြောအရ ဒီလောက် များတဲ့ငွေတွေ ဟာဘယ်ရောက် လို့  ရောက် ကုန်မှန်း မသိဘူးတဲ့။ ဒေါ်လာ၅၇သန်းကို ဒိုမီနီကန်ရီပတ်ဗလစ်ကဆွေမျိုး တွေဆီပို့ တယ်။
ကလစ်ဖ်တန်က အိမ်ဝယ်လိုက်တဲ့ အတွက် ဒေါ်လာသုံးသိန်း ကုန်တယ်။ နောက် သန်း၂၀လောက်က ဘာအတွက်ကုန်တယ်မ သိရပဲခေါင်းစဉ်မရှိပဲကုန်သွားတယ်တဲ့။
အရင်သူနေခဲ့တဲ့ကျောင်းလမ်းက အိမ်နီးနားချင်းမိတ်ဆွေတွေကိုလည်း တလစာအိမ် ငှားခသူပေးမယ်လို ကတိပေးခဲ့ပေမယ့် တကယ်တမ်းတော့မပေးခဲ့ပါဘူးဗျာလို့ အိမ်နီးချင်း တစ်ယောက်ကပြောတယ်။

ကူဇာဒါထီမပေါက်ခင်နေခဲ့တဲ့လမ်း။အိမ်နီးနားချင်းတွေရဲ့ အိမ်လခတလစာသူပေးမယ်လို့ ကတိပေးခဲ့တယ်။
တရားသူကြီးက မစ်ဆန်ချက်နဲ့ ကူဇာဒါတို့ နှစ်ယောက်ရဲ့ ကာလကြာရှည်ဆက်ဆံရေး၊ အိမ်ထောင်စု အပေါ်မှာထားတဲ့သဘောထား၊ပေးဆပ်မှုတွေကို သိပေမယ့် ကူဇာဒါရဲ့ ငွေတွေသုံးစွဲမှုကို ကန့် သတ် ဖို့ တော့ဥပဒေကြောင်းအရ လုပ်လို့ မရဘူးလို့ ရှင်းပြတယ်။
တရားသူကြီးက "ကျုပ်က တရားသူကြီးလေ။ ကျုပ်ကဥပဒေအသစ်ထွင်ဖို့ မဟုတ်ဘူး။ ဥပဒေကိုလိုက်နာရ မယ့်လူဖြစ်ပါတယ် တဲ့။
0 comments:
Post a Comment