Thursday, September 5, 2013

ရွာလည်တဲ့ စာ



တိုင်းလုံးကျော်လည်းခေတ်မီပြီ။ ဆူဆူညံညံ အသံတွေ ကြောင့် တိုင်းလုံးကျော်လန့် နိုးသွားတယ်။ စာရေးစားပွဲပေါ် မှောက်ရက်သားအိပ်ပျော်သွားတာမို့ အသံတွေ က နှိုးလိုက် သလိုပါပဲ ။ ဘာတွေတုန်း တိုင်းလုံးကျော်လည်း လန့်ဖြန့်ပြီး ဘေးက ပြတင်းပေါက်ကိုဖွင့်လိုက်တော့ လားလား လူအုပ် ကြီးပါလား။ တိုင်းလုံးကျော် အိမ်ရှေ့မှာ ဘုရား ဘုရား။ သစ္စာဆိုပါရဲ့ဗျာ။ တိုင်းလုံးကျော် နိုင်ငံရေးလည်းလုပ်ပါဘူး။ ပါတီလည်းထောင်ပါဘူး။ အဟင့် အကြမ်းဖက်လည်း လုပ်ပါ ဘူး။ တိုင်းလုံးကျော် လူကောင်းေ လးပါခင်ညာ့ အရပ်ကတို့ ရေ။ အမယ် အခုမှ ကြည့်မိတယ် ။ သူတို့လက်ထဲမှာ ဆိုင်း ဘုတ်တွေနဲ့ပါလား။
ဘာတဲ့ဖတ်ကြည့်ရအောင် . . .
”အလုပ်မလုပ်တဲ့ တိုင်းလုံးကျော် အလိုမရှိ” အလိုလေး။ ” ဗိုလ်ကျဇိမ်ခံ တိုင်းလုံးကျော် အလိုမရှိ” ”အလုပ် မလုပ်ရင်အခုထွက် ထွက်” ”အများဆန္ဒအလေးထားတိုင်း လုံးကျော် ဝေးဝေးသွား” ဘုရားဘုရား တိုင်းလုံးကျော်ဘာ များ မှားခဲ့ပါလိမ့်ဗျာ။ ဘာများလုပ်ခဲ့မိပါလိမ့်။ တွေးမရ တိုင်းလုံးကျော်တွေးမရပါ။ ဒီကြားထဲအသံတွေက ပို ကျယ်လာကြတယ်။ အားလုံးကလည်း တူညီ ဝတ်စုံတွေနဲ့ဗျ။ လှတောင်လှသေးဟေး ဟေး အယ် ဟုတ်ပါဘူး ဒါ တိုင်းလုံးကျော်ကို ဆန္ဒပြနေတာလေ။ အမလေးဖြစ် ရလေခြင်း။ ဒါနဲ့တိုင်းလုံးကျော်လည်း မနေသာတော့ ဘူး။ ဘယ်နှယ့် လူကြားမကောင်း သူကြား မကောင်းဗျာ။ တိုင်းလုံးကျော် ကိုယ့်ဘာ သာ ဝါသနာအရ လုပ်တတ်တာလေးအရ စာလေးဘာလေး မတောက်တခေါက်ရေး၊ စာမူခလေးနဲ့ ရှာကြံစားနေရတာပါ။ ဒီလို ဆန္ဒပြအရေးဆိုရလောက်အောင် တိုင်းလုံး ကျော် ဘာတွေများ လုပ်မိပါလိမ့်ပေါ့။ အတွေးနဲ့ပဲ တိုင်းလုံးကျော် အိမ်ရှေ့ ထွက်ပြီး မေးလိုက်ရပါတယ်။
”ဟေ့လူတွေ ဟေ့လူတွေ မပြေးနဲ့ သူကြီးကလိုက်တယ်အာာ–စိုင်းစိုင်းနဲ့ မှား ကုန်ပြီ ကျုပ်အိမ်ရှေ့လာပြီး ဒီလိုလုပ်ရ အောင် ဘာတွေလဲ” တိုင်းလုံးကျော်လည်း စိတ်ပေါက်ပေါက်နဲ့ ဒေါသတကြီးမေးလိုက် တာပေါ့။ အဲဒီတော့ သူတို့အဖွဲ့က ခေါင်းဆောင် ထင်ပါတယ်။ တစ်ယောက်က ထွက်လာပြီး ”မသိဘူးလေ။ ကျွန်တော်တို့လည်း ဒီလိုလုပ်ပေးပါဆိုပြီး ငှားလို့ဗျ ဗျာ”တိုင်းလုံးကျော်အခုမှ လန့်မိတာပါ။ ဖြစ်ရလေ။ ဒီလိုတောင် ငှားပြီး လုပ်ရအောင် တိုင်းလုံးကျော်မှာ ရန်သူလည်း မရှိ။ မကျေနပ်တဲ့ စာဖတ်သူက လုပ်ရအောင်ကလည်း တိုင်းလုံး ကျော် စာတွေကို ဖတ်မိသူလက်ချိုးရေလို့ ရပါတယ်။ ဒါနဲ့      ”ဘယ်သူက ငှားတာလဲဗျ” လို့ တိုင်းလုံးကျော် လည်း အလော တကြီးပြန်မေး မိလိုက်စဉ်မှာပဲ နောက်ကနေ ဘယ် တုန်းကရောက်နေမှန်းမသိတဲ့ မဒမ်တိုင်းလုံးကျော်က ”ဘယ် သူဖြစ်ရမှာလဲ။ ကျုပ်ပေါ့။ ရှင်ကစာရေးတယ် အကြောင်ြး ပ ပြီး ဘာမှအိမ်အလုပ်မလုပ်။ ညဥ့်နက်သန်းခေါင်ထိ လက် ဖက်လေးသုတ်ပေးပါဦး၊ ရေနွေးလေးတည်ပေးပါဦး။ ဆေး လိပ်ကွမ်းယာ ဟင်း.. ကြီးကြီးကျယ် ကျယ်ခိုင်းနေ တာများ။ မသိရင် ချက်ခြင်းပဲ ကမ္ဘာကျော်တော့မလိုလို။ ဘာမှဖြစ်ဖြစ် မြောက်မြောက်မရှိ စာမူခလေးငါးထောင်တစ်သောင်းနဲ့ ရှင် ပြန်သုံးနေတာက ပိုများ တယ်။ အဲဒါတွေမကျေနပ်လို့ ဒီလို ငှားလုပ်တာတော့်ရေ ။ သိပြီလား”
အမလေး ဖြစ်မှဖြစ်ရလေ အရပ်ကတို့။ ကြည့်စမ်း မိန်းမဆိုတာအနီးကပ်ရန်သူဆိုတာမှန်လိုက်လေခြင်း။ ဒင်းလုပ် ရက်လေခြင်း။ဒါပေမယ့်တိုင်း လုံးကျော်အသံမထွက်နို င်ပါ ဘူး။ ဟီးဟီး ဟုတ်တယ်လေ ။ ချစ်စကိုရှည်စေ မုန်းစကိုတိုစေမဟုတ်လား။ဒီတော့လည်းမဒမ်တိုင်းလုံးကျော်အချက် ပြ တဲ့အခါ ဆက်ဆက်အော်နေကြတဲ့ အသံေ တွ အောက် ”တိုင်းလုံးကျော် အလိုမရှိ” ”အလုပ်မလုပ်သူ တိုင်းလုံးကျော် ထွက်သွား ထွက်သွား” အမလေးတော်ကြပါတော့ တော်ကြ ပါတော့ဗျို့
   ”ယောက်ျား ယောက်ျား ထထ ဘာဖြစ်တာလဲ ဘာလို့ အော်နေတာလဲ”
ရုတ်တရက် လှုပ်နှိုးခံလိုက်ရတော့ တိုင်းလုံးကျော်လည်း လန့်ပြီး နိုးသွားပါတယ်။
”ဟင်ဘာဖြစ်တာလဲ ဘာလဲ”
”ဘာဖြစ်ရမှာလဲ ရှင် အိပ်မက်မက်တာလား။ အိပ်နေ ရင်း ထအော်နေလို့လေ”
ဟင် ဒါအိပ်မက်လား တော်ပါသေးရဲ့ဗျာ။ တိုင်းလုံး ကျော် တော်တော်ဝမ်းသာသွားရသဗျာ။ သက်ပြင်းတွေဘာ တွေချပြီး ကိုယ့်ဘာသာ ပြန်ရယ်မိပါတယ်။ တကယ်တော့ ဗျာ တိုင်းလုံးကျော်လည်း သတင်းတွေဖတ် ဆန္ဒပြတာတွေ စိတ် စွဲပြီး ကြံကြံဖန်ဖန်မက်ဟန်တူပါတယ်ဗျာ။ ဟုတ်ပါ့။ အရင် က နိုင်ငံရေးအရ၊ အလုပ်သမားရေးရာအရ၊ လယ်သိမ်း ယာသိမ်းတွေအတွက်ဆန္ဒထုတ်ဖော်ကြတာလေ။ ဟိုတလော ကထူးထူးခြားခြားလေးမြင်ခဲ့ရတော့ ညက အဲဒါကို စဉ်းစား ရင်း စိတ်စွဲမက်တာဖြစ်မှာပေါ့။ ဘာအကြောင်းလဲ ဟုတ်စ။
သိကြသားနဲ့ဗျာ။ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌကြီးကို ထုတ်လုပ် ဖြန့်ချိသူတွေ လောကသားအချို့တွေ ဆန္ဒပြကြပါရောလား။ ဒါ ဘာဆန်းလဲတော့မထင်နဲ့ဗျ။ ဆန်းတာက ဒါဟာ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရတဲ့ကာလတစ်လျှောက်မှာ ပထမ ဆုံးအကြိမ် အစိုးရမဟုတ်တဲ့ အရပ်ဘက် အင်န်ဂျီအိုအဖွဲ့ အစည်းတစ်ခုအပေါ် ဆန္ဒပြခြင်းပါပဲ။ ဒါနဲ့ပတ်သက်လို့ လုပ်ကြံတာတို့၊ အယောင်ဆောင်တွေတို့ ငှားတာတို့ ကော လာဟလတွေကြားကြားနေရပေမယ့် မှန်တာမှားတာ အသာ ထား။ ဒီလိုဖြစ် တာဟာ ဖြစ်လောက်စရာအကြောင်းတွေတော့ ရှိမယ်ဆိုတာ မှန်းဆနိုင်တာပဲမဟုတ်လားဗျာ။ တကယ်တော့ ဒီလိုအခွင့်အရေးမျိုးရှိချိန်မှာ မတရားမှုကို မတရားတဲ့ အတိုင်း၊ နစ် နာမှုကို နစ်နာမှု အတိုင်း ပြောဆိုထုတ်ဖော်ခွင့်ရတာ၊ တောင်းဆိုနိုင်တာ အလွန်ကောင်းတဲ့အရာပါ။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ အပုပ် ချချင်လို့ တိုက်ချင်လို့ ဆိုတာ မျိုးတွေ တော့မဖြစ်ချင်စေဘူးဗျ။
နောက်တစ်ချက်က မှားရင်လည်း မှားသလို၊ မှန်ရင် လည်းမှန်သလို မျှမျှတတ သဘောထားကြီးကြီးနဲ့ ဖြေရှင်းကြ တာမျိုး ဂုဏ်သိက္ခာရှိရှိလုပ်စေချင်မိတာပါပဲ။ ဘာဖြစ် လို့လဲ ဆို ဒီဆန္ဒပြတဲ့အပေါ်မှာ ပြည်သူအချို့က အပျက်ဘက်က မြင်ပြီး လုပ်ဇာတ်တွေလို့ သဘောထားလာရင် ဒီရတောင့်ရခဲ တန်ဖိုးလည်း ပေါ့ပျက် ထိခိုက်မ ယ်လေ။ အဲဒါဆို တကယ်လို အပ်လို့ လုပ်ကြပြီဟေ့ဆို အုတ်ရောရော ကျောက်ရောရောနဲ့ ပြည်သူက ညိုငြင်မှာ၊ မထောက်ခံကြမှာစိုးလို့ တိုင်းလုံး ကျော်က ဓားခုတ်ရာ လက်ဝင်လျှိုမိတာမျိုးပါပဲ။ ဒီတော့ မတရားမှုတွေကိုထုတ်ဖော်ကြပါ။ ရသင့်တဲ့ ကိုယ့်အခွင့်အ ရေးကို စည်းနဲ့ကမ်းနဲ့တောင်းကြပါ။ အဲလိုပဲ သက်ဆိုင်သူ တွေကလည်း မှားနေရင် ထောက်ပြရှင်းလင်းကြပါ။ မှန်နေ ရင် ရိုးဖြောင့်စွာ ဝန်ခံပြုပြင်ဆောင်ရွက်ပေးကြပါ။ ဒါမှသာ အညမညတရားတွေ ထွန်းကားပြီး အပြန်အလှန် ညီညွတ် မျှတခြင်းတွေနဲ့ လောကကလှမယ်မဟုတ်လားဗျာ။ အဲလိုမှ မဟုတ်ဘဲ ခေတ်တလျှောက်လုံးတစ်ခါမှ မရဖူးတဲ့ ပြည်သူ့ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရခြင်းဆိုတဲ့ အသီးအ ပွင့်ကိုတော့ အလိမ်အညာတွေနဲ့ြေ>ွခချဖျက်ဆီးတာမလုပ်ကြ ပါနဲ့လို့ တိုင်းလုံးကျော် စိတ်သဘောအမှန်နဲ့ ဆန္ဒပြုလိုက်ရ ပါကြောင်းဗျာ။
ခပ်ကြမ်းကြမ်း သြဂုတ်လွန်ပြီးနောက်သကာလ ပြော မယ့်သာပြောရတယ်။ ဒီရက်ပိုင်းတွေမှာ ထူးထူးခြားခြားလှုပ် လှုပ်ရှားရှား ဖြစ်ရပ်တွေမရှိမကြားရတော့ တိုင်းလုံးေ ကျာ် စိတ်ချမ်းသာရပါတယ်ဗျာ။ သြဂုတ်လကလည်း သိတဲ့အတိုင်း အစားထိုးမရတဲ့ဆုံးရှုံးမှုတွေနဲ့ အမှည့်ခြွေ ခြွေခဲ့တာတွေရှိ တော့ ဒီဝမ်းနည်းဖွယ် နာရေး သတင်းတွေကြောင့်ပဲ သက်မဲ့ ဖြစ်တဲ့သြဂုတ်လကို မုန်းခဲ့ကြတယ်လေ။ အခုတော့ သြဂုတ် လလည်း ကုန်ပါပြီ။ ဘာပဲဖြစ်ဖြစ် ကံတရားပဲဆိုဆို သမိုင်း ပဲဆိုဆို အားလုံး ကတော့ သူ့အလုပ်သူလုပ်၊ တချို့က အရှုပ် တွေလုပ်နေကြပြီး၊ တချို့က သမိုင်းကောင်းဖို့ အလုပ်တွေ လုပ်နေကြတာပါပဲ။ ဒါကလည်းမဆန်းပါဘူး။ သဘာဝတရား မှာကိုက အလင်းနဲ့အမှောင်ဆိုတာ ရှိစမြဲပဲလေ။ မဆန်းလှပါ ဘူး။ အဲ ဒါပေမယ့် သံသရာဆိုတာ သမိုင်းဆိုတာ တစ် ပတ်ပြန်လည်တတ်တဲ့သဘောအရ မကြာခင်ေ ရာက် လာ တော့မယ့် စက်တင်ဘာလဆိုတာကလည်း မြန့်မာ့နိုင်ငံရေး သမိုင်းမှာအထင်ကရမှတ်တမ်းတစ်ခုရှိနေတယ်မဟုတ်လား။ ၈၈ နောက်ပိုင်းဖြစ်ခဲ့သ မျှတွေရှိပေ မယ့် ၂ဝဝ၇ ခုနှစ် စက် တင်ဘာလတုန်းက ပြည်သူအားလုံး ကြုံလိုက်ရတဲ့အဖြစ်၊ အထူး သဖြင့် ဒီဘက်ခေတ်လူငယ်တွေ ကြုံခဲ့ရတဲ့ အာဏာရှင်ဆို တာရဲ့အဓိပ္ပာယ်က အခုလာမယ့်စက်တင်ဘာလမှာ ခြောက် နှစ်ပြည့်အဖြစ် တစ်ပတ်ပြန်လည်လာပါဦးမယ်။ တစ်ပတ်ပြန် လည်မယ်ဆိုတာကို အနက်တစ်မျိုး မပေါက်စေချင်ဘူးဗျ။ တိုင်းလုံးကျော်ဆိုလိုတာက အတိတ်ဆိုတာ သင်ခန်းစာယူ စရာပဲမဟုတ်လား။ ကောင်းခဲ့တာတွေကိုပိုကောင်းအောင်၊ အဆိုးတွေကိုကျ သင်ခန်းစာယူပြီး ပြုပြင် တတ်ေ အာင် လုပ်ကြရမယ်မဟုတ်လား။ တိုင်းလုံးကျော်က အဆိုးမြင် သမားမဟုတ်ပါဘူး။ ဒါပေမယ့် အစိုးရိမ်ကြီးတတ်ပါတယ်။
ဒါကိုပြောရင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေသလိုပါပဲ။ ဘာလို့ဆို တိုင်းလုံးကျော်တို့ မြန်မာလူမျိုးတွေက သွေးဆူ လွယ်တဲ့သူတွေပါ။ ညီညွတ်ဖို့ စည်းလုံးဖို့မှာ ဘာကြောင့်လဲမသိအားနည်းကြပြီး အပြစ်ပြော ဖို့နဲ့ တစ်ပွဲထိုးစိတ်ဆူမှုမှာကျ ပေါင်းစီးမိတတ်ကြတာ ပြုပြင် ရမယ့်စိတ်လို့ တိုင်းလုံးကျော် အဆဲခံရနိုင်မှန်းသိပေမယ့် လျှာရှည်မိပါတယ်။ သမိုင်းသာပြန်ကြည့်ပါတော့ဗျာ။ စုစု စည်းစည်းရှိခဲ့ကြလည်း မကြာပါဘူး။ တစ်ယောက်နဲ့တစ် ယောက် သည်းမခံနိုင်ကြ၊  ကွဲပြားတဲ့ အမြင်တွေရှိကြ တာကိုက ပြဿနာဖြစ်၊ ပြိုကြကွဲကြနဲ့။ ဒီဒဏ်တွေကို နိုင်ငံက တောက် လျှောက်ခံလာရတယ်လို့ တိုင်းလုံးကျော်မြင် ပါတယ်။ ရှေ့မှာ ဖြစ်ခဲ့တာတွေပြန်ကြည့်ရင် အများစုဖြစ်ရပ်တွေမှာ အစပြု လှုံ့ဆော်သူတွေက စပြီးရင် နောက်ကလူထုက ဘာမှန်းညာ မှန်းမသိပါလာပြီး ထိန်းမရတော့ ဘူးဆိုရင် စခဲ့သူတွေလည်း ကြက်ပျောက် ငှက်ပျောက်၊ တရားခံရှာမရ၊ ဘယ်သူ့မှာ တာ ဝန်ရှိမှန်းမသိဘဲ ဟိုလိုလို ဒီလိုလိုနဲ့ ပြီးပြီးသွားတာ များနေ ပြီမဟုတ်လား။ ဒီတော့ လာမယ့် စက်တင်ဘာဟာ ရှိရင်းစွဲ သမိုင်းတန်ဖိုးတွေကို မယုတ်လျော့စေဘဲ ပိုမိုကောင်းမွန်စနစ် ကျတဲ့ အပြောင်းအလဲတွေအတွက် အထောက်အပံ့ဖြစ်မယ့် အကြောင်းတရားကောင်းေ တွကိုပဲ မြင်ခွင့်ရ ပါစေလို့ တိုင်းလုံးကျော်ဆုတောင်းလိုက်ပါတယ်ဗျာ။ တို့မြန်မာဂုဏ်ဆောင် ရတဲ့နေရာက ဆောင်သတင်းတွေ မထူးခြားပေမယ့် ဒီရက် ပိုင်း တိုင်းလုံးကျော်တစ်ေ ယာက် ဖေ့ဘွတ်ကို တော်တော် ဓာတ်ကျနေသဗျ။ ဟဲ ဟဲ ဒါကလည်း ခိုင်လုံတဲ့အကြောင်း ရှိသကိုး။ ရှိရမယ်လေ ။ နိုင်ငံတကာအလှမယ်တွေနဲ့အပြိုင် တိုင်းလုံးကျော် တို့ ရွှေမြန်မာမလေးတစ်ယောက်လည်း ပြိုင်ပွဲ ဝင်နေသကိုး။ ဟုတ်ပါ့ လှပါ့ ခင်ဝင့်ဝါ နှမငယ်။ အရင်က
နန်းခင်ဇေယျာလည်း အတိုင်းအတာတစ်ခုအထိ ပေါက်မြောက် အောင်မြင်ခဲ့တော့ ဒီတစ်ယောက်လည်း အောင်မြင်စေချင်ပါ တယ်ဗျာ။ ဒါကလည်း အားကစားတစ်ခုလို မိန်းမတို့ရဲ့ အဆင်းနဲ့အချင်းကို ပြိုင်ရတာမဟုတ်လား။ တိုင်းလုံးကျော် ဓာတ်ကျတာလည်းမပြောနဲ့ဗျ။ ခင်ဝင့်ဝါလေး ပြိုင်ပွဲဝင်ပွဲတွေ တက်တက်လာတော့ ကြည့်မိပါတယ်။ လားလား အသား အရေ ကိုယ်နေဟန်ထား ကောက်ကြောင်း မျက်နှာအမူအယာ တယ် ဟုတ်တဲ့သူငယ်မပဲဗျ။ အဲ အဲ ဒီလိုတွေရေး နေတော့ ဒီလူကြီးလည်း ဘူးဇာတ်ပဲမထင်ပါနဲ့။ တိုင်းလုံးကျော်က တစ်မျိုးတစ်ဘာသာပါ။ နောက်ပြီး လူကြီးလည်းမဟုတ် လူငယ် လည်းမဟုတ် စကောစက လူလတ်ပိုင်း ဆိုတော့ အလှအပကို လည်းချစ်ပါတယ်။ နောက်ပြီး မြန်မာဆိုတာ ကမ္ဘာပေါ်မှာ ကောင်းသတင်းနဲ့ ကျော်ကြားရဖို့မှာ ဖြစ်နိုင်ချေတွေကို အားပေးရမှာပဲ မဟုတ်လား။ သို့သော်လည်း ပေါ့လေ ထုံးစံအတိုင်း ကျုပ်တို့မြန်မာ မနေသာ စကားတင်းလေးဆိုလိုက်မှာ။ သိတော် မူကြတဲ့အတိုင်း ဒင်းကလေးပုံနဲ့ ကဗျာ လေးချိုးပြီး အမျိုးဖျက် ယဉ်ကျေးမှု ဖျက်ဘိသကဲ့သို့ ဆိုသူကဆိုကြတော့။
ဟူးးးးးးးး
သက်ပြင်းကလေးအသာချ တိုင်းလုံး ကျော်လည်း ခေါင်းတခါခါလုပ်မိပြန် တယ်ဗျာ။ ဆိုပါတော့ဗျာ။ အရှက်အ ကြောက်တရား နဲ့ကြီးပြင်းလာကြတဲ့ မြန်မာ အမျိုးသမီးများ အတွက် မမြင် အပ်တာကို မမြင်ရအောင် လုံလုံခြုံခြုံထိန်းသိမ်းရစမြဲဆိုတာ တိုင်းလုံးကျော် လေးစားတန်ဖိုးထားပါတယ်။ ဒါပေမဲ့ အဆင်အယင်ဆိုတာ တမင်တကာ စိတ်နှိုးဆွဖို့လုပ်တာမျိုးကျ ဆန့်ကျင်ပေါ့။ အဲ လိုမှမဟုတ် ယှဉ်ပြိုင်ရတဲ့ ပွဲအနေအထား၊ ပုံသဏ္ဌာန်၊ စည်း ကမ်းချက်များအရလုပ်ရတဲ့အခါ ဒါကိုမှ ယဉ်ကျေးမှု ဖျက် တယ်ဆိုပြန်ရင်ဖြင့် မနိပ်ပါဘူးဗျာ။ ဥပမာပေါ့ ရင်ဖုံးနဲ့ ထမီ ခြေမျက်စိဖုံးနဲ့ ဒါပေမဲ့ အကျင့်စရိုက် က မကောင်းဘူးဆိုပါစို့။ ဒါဆို သူအဆင်အယင်အရ ယဉ်ကျေးမှုစောင့် ထိန်းသူလို့ ဆိုနိုင်ပါ့မလား။ ဒါက ယေဘုယျ ဆန်ပေမယ့် အကြမ်းဖျင်း ဥပမာပေါ့လေ။ ပြောချင်တာကတော့ဗျာ။ ခေတ်မီမီ ကမ္ဘာ ကြည့်ကြည့်မြင်လို့ ဆရာမြို့မငြိမ်း ရေးခဲ့ သလိုပါပဲ။ နိုင်ငံ တကာကို တိုးဝင်နိုင်ဖို့ ကြိုးစားကြတဲ့အခါ ယဉ်ကျေးမှုစံ နှုန်းတွေမှာလည်း အလျှော့အတင်းဆိုတာ ရှိလာမှာပါပဲ။ ဒီလိုဝတ်ပြီးပျက်စီးနေရင်တော့ တိုင်းလုံးကျော် ရှေ့ကနေ တိုက်မယ်ဗျာ။ ဒါပေမဲ့ ပြိုင်ပွဲတစ်ခုအတွက် စိတ် ဖြူဖြူစင်စင် ရိုးရိုးသားသားကြိုးစားနေကြသူတွေကို ဒီလိုဆိုရင်ဖြင့် သူတို့ မှာမရှိတဲ့စိတ်ကို တိုင်း လုံးကျော်တို့က အရောင်စွန်းအောင် ထည့်ပေးနေမိသလိုဖြစ်နိုင်ပါတယ်။ ဖြစ်သွားနိုင်ပါတယ်။
အခုပြိုင်နေတဲ့ ညီမငယ်ဆိုရင်လည်း မိဘမောင်ဖွားတွေနဲ့ ပါပဲ။ ဘယ်သူကမှ မကောင်းရာမကောင်းကြောင်းကို လုပ်ဖို့ တိုက်တွန်းကြမယ်မထင်သလို ဒီသူငယ်မ လည်း နေရာတကာ အမြဲဒီလိုဝတ်ပြီး ဖော်ချွတ်နေမတဲ့လားဗျာ။ ခက်တော့ခက် နေပါပြီလေ။ သူ့အရပ်နဲ့သူဇာတ်မှာ အရေးကြီးတာက ကိုယ့် ယဉ်ကျေးမှု စရိုက်လက္ခ ဏာတွေကို သွေးသားထဲကနေစိမ့် ဝင်ပြီး ကိုယ်ခံအားဒေါင်ဒေါင်မြည်နေဖို့လိုတာပါ။ အပေါ်ယံ တွေမှာ လမ်းဆုံးနေသမျှ အတွင်းသားတန်ဖိုးတွေကို မျက် ကွယ်ပြု သလိုပဲဖြစ်နေဦးမှာပါ။ ဒီတော့ တိုင်းလုံးကျော် ဆို ချင်တာက အရိုးကို အရွက်မဖုံးစေချင်တာမှန်ပါတယ်။ ဒါ ပေမဲ့ အဲဒီအရိုးက ညှိုးခြောက်ပြီး အမြင်မလှ မတင့်တယ်နေ ရင်တော့ ဘယ်လိုမွမ်းမံ အသက်သွင်းရမယ်ဆိုတာက ပို အရေးကြီးတာပဲမဟုတ်လား။ အရိုးကို အရွက်ဖုံးတိုင်းလည်း အရွက်မှာ အပြစ်မရှိ။ အရွက်က လည်းအရွက် အလှနဲ့ အရိုး ကလည်း အရိုးအလှနဲ့ ပေါ်လွင်ကြစတမ်းပါလို့ နော်ဗျာ။
ဒီတပတ်တော့ ရွာလည်တဲ့စာမှာ တိုင်းလုံးကျော် အာ ဘော်အမြင်တွေနဲ့ဖုံးနေရင်ဖြင့် နားလည်ပေးကြဖို့နဲ့ လောက် လောက်လားလား ရေးကွက်မရှိတာကိုက အဆိုးတွေအဖြစ် နည်းတာပဲလို့ အကောင်းဘက်ကတွေး အေးအေးနေခွင့်ရ တယ်လို့ နှလုံးသွင်းကြရင် မကောင်းကြပေဘူးလားဗျာ။ ဘာပဲဖြစ်ဖြစ် စာဖတ်ပရိသတ် အပေါင်း သူတော်ကောင်းတို့ ကျန်းမာထီပေါက် မာဆတ်ရောက် အဲ … နိဗ္ဗာန်ရောက် ကြပါစေဗျာ ။
တိုင်းလုံးကျော်
Popular

နောက်ဆုံးထွက် Samsung Glaxy Note 3ကို Note 2 နဲ့ ယှဉ်ကြည့်မယ်




Thursday, September 5, 2013

Generally ပဲ ယှဉ်လို့ရအုံးမှာပါ။ အသေးစိတ် နှိုင်းယှဉ်ကျတော့ မျက်စိရှေ့ ရောက်လာမှ စမ်းသပ်လို့ ရမှာမို့ပါ။ မနေ့ညမှ ဘာလင်မှာ မိတ်ဆက်သွား ပုံအရ အသစ်ပါလာတဲ့ Specification များကိုပဲ ၂၀၁၂ ခုနှစ်က Samsung Galaxy Note 2 နဲ့ ဘာတွေများ ကွာသွားလဲ ဆိုတာကိုသာ လေ့လာ ကြည့်ရမှာပါ။

မျက်နှာပြင် (Display)

၅.၇ လက်မ အရွယ်ဖြစ်သွားပါတယ်။ အရင်က ၅.၅ လက်မ ဖြစ်ပြီး ၀.၂ လက်မ တိုးသွားပါတယ်။ မျက်နှာ ပြင် ကြီးသွားလို့ Resolution က နည်းမသွားပဲ သိသိသာသာတောင် တိုးလာပါတယ်။ Full HD မှာကိုမှ 386 ppi အရည်အသွေး ရှိပြီး ယခင် Note 2 တုန်းက 267 ppi ပဲ ရှိခဲ့တာပါ။ ဒါကြောင့် ပိုပြီး Sharp ဖြစ်တဲ့ ပုံရိပ်တွေကို မြင်တွေ့ရဖို့ သံသယ ဝင်စရာ မရှိ ပါဘူး။

Processing Power

Processor မှာလည်း သိသိသာသာကြီးကို မြင့်တက်သွား ပါတယ်။ မြင့်တက်ဆိုလို့ လေပေါ်ပစ်လိုက်တာကို ပြောတာ မဟုတ်ဘူးနော်။ Speed မြန်သွားတာပါ။ 2.3 GHz quad core Qualcomm Snapdragon 800 processor ကို အသုံးပြု ထားပါတယ်။ S4 တုန်းကတော့ 1.6 နဲ့ 1.9 GHz ပဲရှိခဲ့တာ Note 3 Speed အမြန်ဆုံး စမတ်ဖုန်း ဖြစ်လာမယ် ထင်ပါတယ်။ သူတို့အခေါ်တော့ Phablet ပေါ့။ ဖုန်း+တက်ဘလတ် = ဖတ်ဘလတ် မျိုးနွယ်မှာ အကောင်းဆုံးပါလို့တောင် ကြွေးကျော် နေပါပြီ။ သူ့ကိုယှဉ်မယ့် Phablet တွေကိုလည်း မြင်ယောင် နေမိ ပါသေးတယ်။ RAM က 2GB မဟုတ်တာ့ဘူး။ 3GB လေ။ လက်ရှိ သုံးနေတဲ့ ကွန်ပြူတာ အများစုတောင် RAM က 2GB ပဲ ရှိတာ 3GB RAM ဆိုတော့ တော်တော် Performance ကောင်းမယ့် အမျိုးပါ။ Data များများယူပြီး အလုပ်လုပ်ရတဲ့ Application တွေလောက်ကတော့ သူက အေးဆေး နိုင်မှာပါ။ Note 2 တုန်းက 1.6 GHz ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

Memory and Battery

Note 2 မှာတုန်းက 16 GB ဗားရှင်းထွက်တယ်။ ယခု Note 3 မှာ 32 နဲ့ 64 ပဲ ရေးသား ထားတာ တွေ့ရပါတယ်။ SD ကဒ်ကတော့ ထုံးစံအတိုင်း 64GB အထိ တိုးနိုင်တာပါပဲ။ ဘက်ထရီ ကတော့ သိပ်ထူးခြား မသွားဘူး။ အရင်က 3100 mAh, ယခု Note 3 အသစ်က 3200 mAh ဆိုတော့ တစ်ရာလောက်ပဲ တိုးပါတယ်။ တစ်ရာပဲ တိုးဆို Power usage plan က အရင်ကထပ် သက်သာပါကြောင်း ဘာလင်မှာ တရားဝင် ပြောဆို သွားလို့ ဖြစ်ပါတယ်။

ကင်မရာ

ကင်မရာ လည်း အားလုံး ခန့်မှန်းထားတဲ့အတိုင်း မှန်ပါတယ်။ 13 Megapixel အရည်အသွေးရှိတဲ့ ကင်မရာ ဖြစ်ပါတယ်။ Note 2 မှာတုန်းက 8 Megapixel ပဲရှိခဲ့တာ။ ရိုးရိုးလေး တွေးရင်တောင် Note 3 က ပိုကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရနိုင်ပါတယ်။ low light performance, stablilisation, powerful flash, Ultra HD video Capture အစရှိသဖြင့် ဘာလင်က မိတ်ဆွဲပွဲမှာ ထည့်ကြွား သွားပါတယ်။ ရှေ့ ကင်မရာ ကလည်း 2 megapixel တောင် အရည်အသွေး ရှိပါတယ်။

ဒီဇိုင်း

ဒီဇိုင်းလည်း သိသိသာသာကြီးကို ပြောင်းသွားပါတယ်။ ဒါကလည်း ထုံးစံပဲလေ။ Note 1 နဲ့ Note 2 တောင် ဒီဇိုင်း သိသိသာသာ ကွဲသွားတာပဲ။ Note 1 က Note 2 ထက် အရပ်ပုပြီး ပိုဝတယ်။ Note 2 က ရှည်မျောမျော ဘဝကို ရောက်သွားရော။ ယခုလည်း Note 3 ကလည်း ရှည်မျော်မျော် ပါပဲ။ သို့ပေမယ့် ထောင့်စွန်းက အရင်လောက် လုံးမနေတော့ပဲ လေးထာင့် နည်းနည်း ဆံလာပါတယ်။ ဒီတော့ Samsung Galaxy S2 ရဲ့  အကိုကြီး လားလို့တောင် မြင်မိသယောင် ရှိပါတယ်။ technical အရ တိတိကျကျ ပြောရရင် Note 3 က 151.2 x 79.2 x 8.3mm, အရင် Note 2 က 151.1 x 80.5 x 9.4mm . ဘာမှတော့ သိပ်အကွာကြီးမဟုတ်ပါဘူး။ အဓိက ကွာသွားမှာ အရည်အသွေးပါ။

Software and Feature

Samsung Galaxy Note စီးရီးရဲ့  အခြား ဖတ်ဘလတ်များထက် ထူးခြားတဲ့ အချက်တစ်ခုက S Pen ပါဝင်မှုပါ။ သို့ပေမယ့် ဝန်ခံပါတယ်။ ကျနော်တို့တောင် S pen ကို တစ်လလုံးနေမှ တစ်ခေါက်တောင် ထုတ်သုံး ဖြစ်တာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေ ရှေ့  ရောက်မှ S pen ပါတယ်ကွလို့ ပြပြီး ကြွားလေ့ ရှိပေမယ့် သူ့ရဲ့  အသုံးဝင်မှုက တော်တော်များများ လစ်လျူရှုမိနေကြပါတယ်။ ဒါကလည်း ကျနော်တို့မို့လို့ နေလိမ့်မယ်။ တစ်လောက နိုင်ငံခြားသားတွေနဲ့အတူထိုင်တဲ့အစည်းအဝေးမှာ Note 2 pen နဲ့ သေချာ Record လုပ်နေတဲ့ တိုးရစ်စ်တွေ တွေ့လိုက်တယ်။ ပြီးတေ့ သူတို့ စက်ရုံက ဒီဇိုင်းအချက်အလက်ကို Note book ထဲ သေချာ ထည့်ထားပြီး တစ်ခုချင်းကို အသေးစိတ် ပြသပါတယ်။ ကိုယ်တွေက Pen ကို သေချာတောင် ထုတ်ကြည့် ဖူးတာ မဟုတ်တော့ Note 2 ကို သနားတော့ သနားမိသား။

ယခု Note 3 မှာလည်း S Pen အတွက် ထူးခြားတဲ့ Feature အသစ်များစွာ ထည့်သွင်း ပေးထားပြန် ပါတယ်လို့ ဆိုပါတယ်။ Air Command တောင် ပါအုံးတဲ့။ S pen အသစ်နဲ့ Task တွေ ပိုမို မြန်ဆန်စွာပြုလုပ်နိုင် မှာ ဖြစ်ပါကြောင်း ပေါ့။ Android ကလည်း မြင့်သွားပါပြီ။ Android 4.3 Jelly Bean ဖြစ်ပါတယ်။ နောက် အသစ်အသစ်တွေကို Upgrade ဖို့လည်း Samsung က မခက်ခဲပါဘူး။

Upgrade လုပ်မလား၊ ဝယ်မလား

အခြားဖုန်းတွေဆိုရင် အသစ်မဝယ်ပဲ ရှိရင်ဖုန်းကို ဆော့ဖ်ဝဲလေးတွေ Upgrade လုပ်ရုံနဲ့ မော်ဒယ်မြင့် ဖုန်း တစ်လုံးနဲ့ ယှဉ်လို့ရတယ်။ ကျနော်တောင် အဲ့လိုပဲ စဉ်းစားနေတာ။ Samsung Galaxy Note 3 က အဲ့လို မရတော့ဘူး။ Note 1 နဲ့ Note 2 တုန်းကဆို သိပ်မကွာဘူးလေ။ ယခု Note 3 က သိသိသာသာကို ကွာသွားပြီ။ အဓိက ကွာခြားမှုက RAM ။ ပြီးတော့ ကင်မရာ။ ပြီးတော့ Processor။ ပြောမယ်ဆို Hardware အရ အရမ်းမြင့်သွားတဲ့ အစိတ်အပိုင်းတွေ အင်မတန် များတယ်။ ဒီတော့ Note 3 ဟာ Note 3 ပါပဲ။ Upgrade လုပ်တာထက် ဝယ်တာပဲ ကောင်းမယ် ထင်ပါတယ်။

မြန်မာပြည်မှာဆိုရင်

လက်ရှိ မြန်မာပြည်မှာ တရားဝင်ဖြန့်ချိတဲ့ Samsung ကိုယ်စားလှယ်ကုမ္မဏီ ရှိနေပြီလေ။ Note 3 မိတ်ဆက် ပွဲကို တစ်ခမ်းတနား ကျင်းပအုံးမှာပါ။ Samsung Galaxy S4 တုန်းကလိုပေါ့။ Note 3 အတွက်လည်း ပွဲလုပ်အုံး မယ်လို့ သတင်းကြားသိ ရပါတယ်။ မျက်နှာပြင်လွဲရိုက်ပါတို့၊ အဆင့်မြင့်သော နေထိုင်မှုပုံစံတို့၊ ဖွံ့ဖြိုးတိုးတက်စေသူတို့လို Built in မြန်မာစာလည်း ပါဝင်အုံးမယ် ထင်ပါတယ်။

ဈေးနှုန်း

ဈေးနှုန်းကလည်း စိတ်ဝင်စားစရာ ပေါ့။ နိုင်ငံတကာရဲ့ ခန့်မှန်းချက် အရတော့ အမေရိကန်ဒေါ်လာ ၆၀၀ အောက်ထစ်ပါတဲ့။ ကျနော်ကတော့ ငွေ ၆ သိန်းခွဲထပ် ဈေးမကြီးပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတယ်။ အရင် Note 2 က မြန်မာပြည်မှာ ၅ သိန်းဝန်းကျင်လောက် ပေါက်ဈေး ရှိနေသေးတယ်။ အချို့ ဆိုင်တွေဆို ၅သိန်း ၃ သောင်းကနေတောင် မချသေးတာ တွေ့ခဲ့သေးပါတယ်။ Note 3 ဈေး တကယ်လည်း မကြီးလောက် ပါဘူး။ ၆သိန်း ဝန်းကျင်တော့ ရှိမှာပါ။ Note 3 အပေါ် စာဖတ်သူတို့ အမြင်လေးလည်း သိချင်ပါသေးတယ်။


အောင်ခမ်း (TSJ team)

သာဝတ္ထိ မောင်းတံဂိတ်ကို တိုက်ပြေးသည့် MARK II ကား နေပြည်တော်၌ ဆိုင်ကယ်ကို ထပ်မံ တိုက်ပြီး စွန့်ပစ်ထား



နေပြည်တော် စက်တင်ဘာ ၎
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့မဈေး မီးပွိုင့်၌ ယနေ့ ညနေ ၄ နာရီခွဲခန့်က ပျဉ်းမနား- တောင်ညိုကားလမ်း အတိုင်း သပြေကုန်း ဘက်မှမောင်းနှင် လာသော ယာဉ်အမှတ် ၁ဃ/……… MARK II အဖြူရောင်အား မီးပွိုင့် တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်မှ မော်တော်ယာဉ်ကို ရပ်တန့်စေ၍ ခရာမှုတ် တားမြစ်စဉ် မရပ်တန့်ဘဲ ဆက်လက် မောင်းပြေးရာ Kenbo-125 ဆိုင်ကယ် အမှတ် ၃၃ယ/………. အား ဝင်တိုက်၍ မောင်းပြေးသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဦးပဉ္ဇင်း တစ်ပါး (စိစစ်ဆဲ) နှင့် အမျိုးသမီး တစ်ဦး(စိစစ်ဆဲ) တို့မောင်းနှင်လာသော အဆိုပါ ကားသည် သာဝတ္ထိ မောင်းတံဂိတ်ကို တိုက်ပြီး မောင်းပြေးကြောင်း အဆင့်ဆင့် အကြောင်းကြားချက်အရ လယ်ဝေးစုပေါင်း ဂိတ်၌ ထပ်မံရပ်တန့်ရန် တားမြစ်ရာ မရပ်တန့်ဘဲ မောင်းနှင် ထွက်ပြေးလာပြီး မြို့မဈေး မီးပွိုင့်သို့ ရောက်ရှိလာကြောင်း၊ တာဝန်ကျ ယာဉ်ထိန်း တပ်ဖွဲ့ဝင်က ရပ်တန့်ရန် တားမြစ်စဉ် ဆက်လက် မောင်းပြေးရာ ဆိုင်ကယ်အမှတ် ၃၃ယ/……… စီးနင်းလာသူ ဥတ္တရ သီရိမြို့နယ်၊ ဂွေးပင်ရိုး ကျေးရွာနေ ဦးအောင်ငွေ (ဘ) ဦးအောင်သိန်းနှင့် နောက်တွင် စီးနင်းသူ ဂွေးပင်ရိုးကျေးရွာနေ ဦးအောင်ငွေ (ဘ) ဦးအောင်သန်းတို့အား တိုက်မိခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားသော ကားသည် ပညာသိဒ္ဓိရပ်ကွက်၊ (ခရေအိမ်ရာ)၊ သီတဂူလမ်း၊ တိုက်(၁၂၉)အနီး ကားပါကင်၌ ရပ်ထား စွန့်ခွာ၍ ယာဉ်ပေါ်ပါသူများ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရှိရသည်။ သို့ဖြစ်၍ ဇမ္ဗူသီရိ မြို့နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအုပ် လှကျော်ဦး နှင့်အဖွဲ့က စွန့်ပစ် ရပ်ထား ခဲ့သော ၁ဃ/……… MARK II အဖြူရောင် အား လုပ်ထုံး လုပ်နည်းနှင့်အညီ သိမ်းဆည်းပြီး ယာဉ်ပိုင်ရှင် အား အရေးယူရန် ဆက်လက်စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဆိုင်ကယ်အား တိုက်မိမှုတွင် ဆိုင်ကယ် အနောက်မှ စီးနင်းလိုက်ပါသူ ဦးမင်းသိန်းမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ဝဲတံတောင် ပွန်းပဲ့ဒဏ်ရာများ ရရှိသဖြင့် နေပြည်တော် ခုတင် (၁ဝဝဝ) ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေ ကြောင်း သတင်း ရရှိသည်။

စိတ်ချမ်းသာအောင် FACEBOOK ပေါ်မှာ နေထိုင်မယ် (ကိုယ်တွေ့ဖြစ်ရပ်လို့ ပြောပါတယ်...)






(၁) ကိုယ့် wall ပေါ်မှာ ရေးချင်တာရေးပါ။ သူများ wall ပေါ် (လူရင်း မိတ်ဆွေ မဟုတ်လို့က ယောင်လို့ တောင်) comment မရေးပါနဲ့။

(၂) စွတ်စဲ့ပြီး မ like ပါနဲ့။ နာရေးကိစ္စ နဲ့ ပူဆွေးဝမ်းနည်း နေရင် အချောင် အဆဲခံရတတ်ပါတယ်။

(၃) profile ပုံကို အရမ်း မတင်ပါနဲ့။ copy and paste ကလေးက ဘဝ ပျက်သွားနိုင်ပါတယ်။

(၄) အတတ်နိုင်ဆုံး မိမိရဲ့ private အကြောင်း လုံခြုံမှုထားပါ။ ငဖွတွေနဲ့ တွေ့ရင် နလန်မထူနိုင်ဖြစ်သွား နိုင်ပါတယ်။

(၅) Group မထောင်ပါနဲ့။ အချောင် လက်တည့်စမ်း ခံရတတ်ပါတယ်။

(၆) Facebook ပေါ်မှာ အလုပ်မရှိ အကိုင်မရှိ အားအားယားယား အချိန်ဖြုန်းနေတဲ့ ပေါက်လွှတ်ပဲစား သူငယ်ချင်း ၁၀ ယောက်လောက် Stand By မရှိဘဲ ဆရာကြီး ဆရာမကြီး ထမလုပ်ပါနဲ့။ Group နဲ့ ကိုက် တဲ့ ခွေးတွေ နဲ့တွေ့ရင် ဆေးမမှီမှာ စိုးလို့ပါ။

(၇) သူငယ်ချင်းတွေမှ တစ်ဆင့် online black list တွေကို အဆက်မပြတ် စုံစမ်းပါ။ (လေ့လာ ရသလောက် သူတို့တွေဟာ သေမထူး၊ နေမထူး တွေ ဖြစ်နေတတ်ပါတယ်။)

(၈) အကောင်းဆုံး အကြံပေးလိုသည်မှာ ခင်ဗျား account ကို Deactivate တစ်သက်လုံးလုပ်ပြီး Facebook ကို ဘယ်တော့မှ မသုံးပါနဲ့။ မျက်စိ နောက်လွန်းလို့ပါဗျာ။ ဟီးဟီးဟီး

မှတ်ထား/ ဖတ်ချင်ဦး
Credit > မင်းမွန်ရှင်

အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ




Thursday, September 5, 2013

နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်းခြောက် မှုကို သက်သာစေကာ ဝမ်းဗိုက် ချပ်ရပ်တဲ့ အလှတရား ကိုပါ ရရှိစေမယ့် သရေစာ တွေကို ရေးသား လိုက်ရပါတယ်။
(၁) ဖရဲသီး

ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တဲ့ ဖရဲသီးဟာ နွေရာသီ ရေဓာတ် ခမ်းခြောက် မှုမဖြစ်အောင် ကာကွယ် ပေးသလို ဝမ်းဗိုက် ချပ်ရပ် စေပါတယ်။ ဒါ့အပြင် ဗီတာမင်စီ အများအပြား ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု လျော့နည်း တာကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူ တို့အတွက် အကောင်းဆုံး သရေစာပါ။

(၂) ဒိန်ချဉ်

ဒိန်ချဉ် တစ်ခွက်မှာ ပရိုတင်းဓာတ် ၂၀ ဂရမ် ပါဝင်တာကြောင့် ကယ်လိုရီ အပိုမရရှိ စေဘဲ ချက်ချင်း ဗိုက်ပြည့် စေပါတယ်။ ဒိန်ချဉ်မှာ ပိုတက်စီယမ်လည်း ပါဝင် တာကြောင့် ကိုယ်တွင်း ဆိုဒီယမ် အပိုတွေကို တွန်းထုတ် နိုင်သလို အကျိုးပြုဘက် တီးရီးယား ပါဝင်မှုကြောင့် လေပွတာနဲ့ လေထတာကို လျော့ကျ စေပါတယ်။

(၃) သခွားသီး

သခွားသီးမှာ ရေဓာတ် ၉၆ ရာခိုင် နှုန်း ပါဝင်မှုကြောင့် ပူပြင်းတဲ့ အချိန်မှာ အေးမြ လန်းဆန်း သွားစေတဲ့ အစွမ်း ရှိပါတယ်။ ဒါ့အပြင် သခွားသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့ အတွက် ဝမ်းဗိုက်ချပ်ရပ် လိုသူတွေ စားသင့်တဲ့ သရေစာပါ။

ကြယ်စင်

Samsung Galaxy Note 3 ကိုအသေးစိတ်လေ့လာကြည့်ခြင်း



၎.၉.၂၀၁၃ ရက်နေ့မှာ Samsung ဟာ Galaxy Note ရဲ့ တတိယမြောက်မျိုးဆက်ဖုန်းဖြစ်တဲ့ Samsung Galaxy Note 3 ကိုမိတ်ဆက်ပြသလိုက်ပါပြီ။ ဒီဇိုင်းနှင့်တကွ အဆင့်မြှင့်တင်ထားချက်အများအပြားပြုလုပ်ထားတဲ့ Samsung Galaxy Note 3 ဟာ ယခုတစ်ကြိမ်ထုတ်လုပ်မှုမှာ Samsung ပရိသတ်တွေသာမက အခြားဖုန်းအသုံးပြုသူများရဲ့ ကျေနပ်အားပေးခြင်းကိုပါ တခဲနက်ရရှိခဲ့ပါတယ်။ Samsung Galaxy Note 3 ရဲ့ features အသေးစိတ်ကိုအောက်မှာဆက်လက်လေ့လာကြည့်ရအောင်။

Samsung Galaxy Note 3 ကို Screen size မှာ ၅.၇ လက်မရှိပြီး (1920 x 1080) Resolution ရှိသောရုပ်ထွက်ကိုပြသနိုင်သော Super AMOLED Full HD Screen ကိုတပ်ဆင်အသုံးပြုထားသည် ။ Android OS အနေဖြင့် နောက်ဆုံးထွက်ရှိထားသော Android 4.3 Jelly Bean ကိုအသုံးပြုထားသည်။ Camera အနေဖြင့် 13 Megapixel ရှိသော Camera ကိုတပ်ဆင်ထားပြီး Full HD Video များကိုရိုက်ကူးနိုင်စွမ်းရှိသည် ။ Dual Camera: Dual Shot / Dual Recording/ Dual Video Call စသော Camera feature များကိုလုပ်ဆောင်နိုင်သည်။ Camera Mode တွင် Camera Mode: Drama Shot, Sound & Shot, Animated Photo, Eraser, Best Photo, Best Face, Beauty Face, HDR (High Dynamic Range), Panorama, Sports, Golf, Surround shot, Live effect စသည့် features များကို ထည့်သွင်းပေးထားပါတယ်။

ယခု Samsung Galaxy Note 3 တွင်ပါဝင်သော S-Pen မှာ Process တော်တော်များများကိုလုပ်ဆောင်နိုင်စွမ်းပိုများလာသည်။ S-Pen ကိုအသုံးပြု၍ Air Command: Action Memo, Scrapbook, Screen Write, S Finder, Pen Window စသော features များကိုလုပ်ဆောင်ပေးနိုင်သည်။

Samsung Galaxy Note 3 ရဲ့ဖုန်းဘက်ထရီကို 3200 mAh ရှိသော Battery အမျိုးအစားကိုအသုံးပြုထားပါတယ်။ ဖုန်းရဲ့ Processor ကို LTE 2.3 GHz Quad-Core Processor အားအသုံးပြုထားပါသည်။ ဖုန်းရဲ့ RAM ပမာဏအနေနဲ့ 3GB RAM ပါဝင်ပါတယ်။ Internal Storage အနေနဲ့ 32 GB/ 64 GB နှစ်မျိုးဝယ်ယူရရှိနိုင်မှာဖြစ်ပြီး SD Card ထပ်မံထည့်သွင်းအသုံးပြုနိင်သည်။



ထူးခြားချက်အနေနဲ့ကတော့ ယခင်က Samsung ဖုန်းများမှာ နောက်ဘက်ခြမ်းကို ပလတ်စတစ်ကာဗာသာအသုံးပြုခဲ့ရာမှ ယခု Samsung Galaxy Note 3 တွင် သားရေသားကာဗာဖြင့် ပြောင်းလဲအသုံးပြုလိုက်သည်ကိုတွေ့ရသည်။

ကွန်ရက်ထောက်ပံမှုအနေဖြင့် 2G/3G/4G Network အားလုံးမှာအသုံးပြုနိုင်မည်ဖြစ်သည်။ Samsung Galaxy Note 3 ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းအသေးစိတ်ကိုထုတ်ဖော်ကြေညာခြင်းမရှိသေးပေ။

Credit to>>>သက်နိုင်စိုး (Myanmar Mobile App Store)

ဆီးရီးယားကို တိုက်ခိုက်မယ့်အစီအစဉ် အမေရိကန်လူထုသဘောမတူ



Thursday, September 5, 2013

ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်ဆိုပြီး ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) နဲ့ ထိပ်တန်းလွှတ်တော် အမတ်တချို့က အခိုင်အမာ ထောက်ခံနေကြပေမဲ့ အမေရိကန် လူထုက လက်ခံအောင် လုပ်ဖို့တော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

Washington Post သတင်းစာနဲ့ ABC News ရုပ်သံဌာနတို့ရဲ့ လူထုစစ်တမ်း မှာတော့ ဆီးရီးယား အစိုးရကို မစ်ဇိုင်းဒုံးပျံတွေနဲ့ တိုက်ခိုက်မယ့် အစီအစဉ်ကို ဆန့်ကျင်သူ ၅၉ ရာခိုင်နှုန်းနဲ့ ထောက်ခံသူက ၃၆ ရာခိုင်နှုန်းသာ ရှိနေတာကို
တွေ့ခဲ့ရတာပါ။

ဗြိတိန်နဲ့ ပြင်သစ်တို့လို တခြားမဟာမိတ် နိုင်ငံတွေနဲ့အတူ လေကြောင်း ထိုးစစ်ဆင်မယ် ဆိုရင်တော့ ထောက်ခံသူက ၄၆ ရာခိုင်နှုန်း ရှိပါတယ်။ ထင်ရှားတဲ့ Pew သုတေသနဌာနရဲ့ စစ်တမ်းမှာတော့ လေကြောင်းက တိုက်ခိုက်မှုကို ကန့်ကွက်သူ ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံသူ ၂၉ ရာခိုင်နှုန်းသာ ရှိနေတာပါ။

စစ်တမ်းကောက်ခံမှုရဲ့ ၇၄ ရာခိုင်နှုန်းကတော့ လေကြောင်း ထိုးစစ်တွေကြောင့် အမေရိကန် ဆန့်ကျင်တဲ့အမြင်တွေ ပေါ်ပေါက်နိုင်တယ်လို့ မြင်ကြသလို၊ ၆၁ ရာခိုင်နှုန်းကတော့ အမေရိကန်အနေနဲ့ စစ်ပွဲမှာ ရေရှည်ပါဝင်သွားရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ယူဆကြပါတယ်။

စစ်တမ်း ၂ ခုစလုံးကိုတော့ စစ်ရေးအရ အရေးယူမယ့် အစီအစဉ်တွေကို ထောက်ခံမှုရအောင် သမ္မတ အိုဘားမားနဲ့ ထိပ်တန်း အစိုးရအရာရှိတွေ နောက်ဆုံးအကြိမ် ကြိုးပမ်းခဲ့တဲ့ အချိန်မတိုင်မီ သြဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အတွင်း လူပေါင်း ၁ ထောင်ကျော်ရဲ့ သဘောထားတွေကို အခြေခံစစ် တမ်း ကောက်ယူထားတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry
VOA

ASEAN Single Window တွင် မြန်မာနိုင်ငံ ပါဝင်နိုင်ရန် အမေရိကန်သံရုံးမှ ကူညီမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ကမ်းလှမ်း

 Created on Wednesday, 04 September 2013

ရန်ကုန်မြို့ အတွင်းရှိ ဆိပ်ကမ်းတစ်ခုအား စက်တင်ဘာ လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

အာဆီယံစီးပွားရေး အသိုက်အ၀န်း (ASEAN Economic Community-AEC) တွင် အကောင်အထည် ဖော်ဆောင်မည့် ASEAN Single Window တွင် မြန်မာနိုင်ငံ အနေနှင့် ပါဝင်နိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးမည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ကမ်းလှမ်းထားကြောင်း အာဆီယံစီးပွားရေး အသိုက်အ၀န်း အသိပညာ ပြန့်ပွားရေးအဖွဲ့မှ သဘာပတိဖြစ်သူ ဦးတင်ချိုက ပြောကြားသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင်မည့် AEC တွင် အာဆီယံနိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်မှု၊ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်မည်ဖြစ်သည်။ ထိုသို့ အာဆီယံ ၁၀ နိုင်ငံအနက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စသည့်ဖွံ့ဖြိုးမှု နောက်ကျနေသည့် နိုင်ငံများ ရှိနေပြီး ထိုသို့ဖွံ့ဖြိုးမှု နောက်ကျသည့် CLMV နိုင်ငံများတွင် ပါဝင်ခဲ့သော်လည်း ဗီယက်နမ်နိုင်ငံ အနေဖြင့် လက်ရှိတွင် အဆင်သင့်ဖြစ်နေသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

အာဆီယံ စီးပွားရေး အသိုက်အ၀န်းတွင် မြန်မာနိုင်ငံ ပါဝင်ယှဉ်ပြိုင်နိုင်ရန် လိုအပ်သည့် ငွေကြေးကဏ္ဍ၊ နည်းပညာများ ကူညီရန် ကမ်းလှမ်းသည့် နိုင်ငံများအနက် အမေရိကန်နိုင်ငံအပြင် ဂျပန်နိုင်ငံလည်း ပါဝင်နေသည်။

ဖွံ့ဖြိုးမှု နောက်ကျနေသည့် မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ လာအို စသည့်နိုင်ငံများသည်လည်း အာဆီယံနိုင်ငံများအကြား ဈေးကွက်တစ်ခုတည်း ဖြစ်ပေါ်ရေးအတွက် လုပ်ဆောင်နေသည့် AEC အား သတ်မှတ်ကာလအတွင်း အကောင်အထည် ဖော်နိုင်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံအခြေစိုက် ကုန်သည်ကြီးများ အသင်းနှင့် စင်ကာပူနိုင်ငံအခြေစိုက် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့မှ ဒေသတွင်းရှိ အမေရိကန်စီးပွားရေး လုပ်ငန်းအမှုဆောင် ၄၇၅ ဦးကို စစ်တမ်းကောက်ယူမှုအရ သိရသည်။

"AEC ဆိုတာ အာဆီယံနိုင်ငံ ၁၀ နိုင်ငံ ပူးပေါင်းပြီးမှ တစ်ခုတည်းသော ဈေးကွက်ဆိုတာမျိုး အကောင်အထည် ပေါ်လာမှာပါ။ တစ်နိုင်ငံ အသင့်မဖြစ်တာနဲ့ အကောင်အထည် မဖော်နိုင်ပါဘူး" ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ အနေနှင့် AEC တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ အဓိကတာဝန်ယူ လုပ်ဆောင်နေကြောင်း သိရသည်။

ဆေးစားစရာမလိုဘဲ အမြန်ဝိတ်ချနည်း




ကျန်းမာရေးအတွက် ဘာဆေးမှ စားစရာ မလိုပဲ တကယ် ဝိတ်ချလို့ရပါတယ်။ သို့ပေမယ့် အောက်ဖော်ပြပါ နည်းလမ်းများကို လုပ်နိုင်ဖို့ တော့ လိုအပ်ပါလိမ့်မယ်။

၁။ အသီး နဲ့ အရွက်ကို နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ပုံမှန် ပါဝင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကယ်လိုရီဓာတ် နည်းတဲ့ အစားအစာများ၊ သဘာဝ အက်ဆစ်ဓာတ်များတဲ့ အစားအစာမို့ အဆီတွေကို တိုက်ဖျက်ရာမှာ အင်မတန် အရေးပါတဲ့အစားအစာများ ဖြစ်ပါတယ်။

၂။ အငံဓာတ် များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အငံတင် မကပဲ အဆီအဆိမ့် ဓာတ်အရမ်းများတဲ့ အစားအစာများက ဝိတ်မြန်မြန် တက်စေ ပါတယ်။

၃။ နို့ထွက် အစားအစာများ ဖြစ်တဲ့ ချစ်၊ ထောပတ်နဲ့ နို့မလိုင် များက အမှန်တကယ် ရှောင်သင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ အသား ၊ ဟင်းရွက်မဟုတ် အစားအစာ များကလည်း ဝိတ်မတက်ရန် ရှောင် စား၊ လျော့စားဖို့လိုအပ်ပါတယ်။

၎။ ဟင်းခတ်အမွေးအကြိုက်များဖြစ်တဲ့ နံနံ၊ ကြက်သွန်၊ ဂျင်းနဲ့ အခြား ဟင်း ခက်၊ ဟင်းသီးဟင်းရွက်တို့ဟာလည်း ဝိတ်ကျဖို့ အထောက်အကူပြုတဲ့ အစားအစာ များဖြစ်တာမို့ နည်းလမ်းအမျိုးမျိုးနဲ့ စားသုံးနိုင်ပါတယ်။ (ဥပမာ- ဂျင်းပြုတ်ရည် ပုံမှန်သောက်သုံးပေးခြင်း၊ ဂျင်းစိမ်းဟင်းရည်၊ နံနံပင် ဟင်းရည်များ ချက်ပြုတ်စားသောက်ခြင်း)

၅။ ကြက်ဟင်းခါးသီး၊ ဒန့်သလွန်သီးတို့ဟာဆိုရင်လည်း ကာဘွန်ဟိုက်ဒရိတ် ဓာတ်အင်မတန် များတဲ့ အစားအစာများ ဖြစ်ပြီး အဆီပိုဖယ်ရှားဖို့အတါက် အထောက်အကူပြုတာမို့ ဝိတ်ချတဲ့ ဆေးအချို့ တွေမှာ တောင် ထည့်သွင်း အသုံးပြုတတ်တယ်လို့ သိရပါတယ်။

၆။ ဝိတ်မြန်မြန် ကျစေတဲ့ နောက်တစ်နည်းက ပျားရည်သောက်ခြင်းပါ။ မနက်အိပ်ယာထတိုင်း လက်ဘက်ရည်ဇွန်းတစ်ဇွန်းစာ ပျားရည်ကို လက်ဖက်ရည်ခွက်အရွယ် ထဲ ထည့်ပြီး ရေပူ (ရေနွေး)နဲ့ ဖျော်သောက် ရမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ မနက်တိုင်း ပုံမှန် သောက်သုံး ခြင်းဖြင့်လည်း ဝိတ်ကျနိုင်ပါတယ်။

၇။ ဂေါ်ဖီထုပ် (မုန်လာထုပ်) လို့ခေါ်တဲ့ Cabbage ကလည်း ကာဘွန်ဟိုက်ဒရိတ်ဓာတ် (သဘာဝရေဓာတ်) များတဲ့ အစားအစာ ဖြစ်ပြီး နည်းမျိုးစုံ ချက်ပြုတ်စားသောက်ခြင်းဖြင့် ဝိတ်ကျစေပါတယ်။

၈။ အားကစား ပြုလုပ်ခြင်းပါ။ အားကစား ပြုလုပ်ခြင်းကလည်း အင်မတန် အရေးကြီးပါတယ်။ အစားကတော့ နည်းလမ်းကျအောင် စားသုံး ပေမယ့် လေ့ကျင့်ခန်း အားကစားမလုပ်ပဲ ထိုင်နေရင် အလကား ပါပဲ။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ ကြက်တောင်ရိုက်ခြင်း အစရှိ သဖြင့် မိမိနှစ်သာရာ အားကစား တစ်ခုကို ရွေးချယ်ပြီး တစ်စိုက် မက်မက် ကစားခြင်းဖြင့်လည်း ဝိတ်ကျစေပါတယ်။

၉။ နောက်တစ်ခုကတော့ သံပုရာရည်ပါ။ သံပုရာရည်မှာတောင်မှ ရေနွေးတဲ့ ဖျော်တဲ့ သံပုရာရည်က အဆီကျဖို့ ပိုမို အထောက်အကူ ပြုပြီး ပျားရည်နဲ့လည်း ရောစပ် သောက်သုံး နိုင်ပါတယ်။ မနက် အိပ်ယာထတိုင်း သောက်ခြင်းဖြင့် ဝိတ်ကျ စေနိုင် ပါတယ်။

၁၀။ အစားလျော့စားခြင်းပါ။ အစား ကို ပုံမှန်စားတဲ့ နှုန်းထက် တတ်နိုင် သလောက် လျော့ဖို့လိုပါတယ်။ လိုတာထက် ပိုလျော့တာမျိုး မဟုတ် ပါဘူး။ လိုအပ် သလောက်သာ စားသုံးခြင်းသာ ဖြစ်ပြီး သရေစာ စားသုံးမှုကို ရှောင် ရှား ရပါမယ်။ ထမင်းစားတဲ့ အချိန် တစ်ချိန်နဲ့ တစ်ချိန် နီးစပ်နေမှု ကို ရှောင် ပြီး အနည်းဆုံး လေးနာရီလောက်တော့ ခြားရ မှာ ဖြစ်ပါတယ်။ ညစာ စားသုံးမှုနေရာ မှာ အသီးအရွက်နဲ့ သစ်သီးဖျော်ရည် သောက် သုံးခြင်းဖြင့် လည်း ဝိတ်ကျစေတဲ့အပြင် အသားအရည်ပါ လှပလာစေနိုင်ပါတယ်။
By အောင်ခမ်း(ရိုးရာလေး)

ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းမှုကြောင့် ရထားအသုံးပြုသူ နေ့စဉ်မြင့်တက်လာပြီး တစ်ရက်လျှင် ခရီးသည် တစ်သိန်းကျော်အထိ ရှိလာ

 Created on Wednesday, 04 September 2013

ရန်ကုန်ဘူတာကြီးမှ မြို့ပတ်ရထား လိုက်ပါအသုံးပြုသူများအား တွေ့ရစဉ်

ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှုကြောင့် ရထားအသုံးပြုသူ နေ့စဉ်မြင့်တက်လာပြီး တစ်ရက်လျှင် ခရီးသည် တစ်သိန်းကျော်ထိ ရောက်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

ယခင်က ရန်ကုန်မြို့ပတ်ရထား၏ စနစ်မှာ ကောင်းမွန်မှု မရှိခြင်းနှင့် ယာဉ်ကြောကျပ်တည်းမှု လျော့နည်းခြင်းတို့ကြောင့် ရထားစီးနင်းသူများမှာ သောင်းဂဏန်းမျှသာ ရှိခဲ့ကြောင်း ရန်ကုန်ဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ် ဦးရဲလွင်က ဆိုသည်။

"အခု အခြေအနေအရ ရန်ကုန်မြို့က ယာဉ်ကြောပိတ်မှုတွေက ကြီးမြင့်လာတယ်။ အဲဒီအတွက်ကြောင့် ရထားကို အသုံးပြုတဲ့ သူတွေက တဖြည်းဖြည်း များလာတယ်။ အခုဆိုရင် တစ်သိန်းကျော်ထိ ရှိပါပြီ" ဟု ဦးရဲလွင်က ပြောကြားသည်။



မြို့ပတ်ရထားစီး ခရီးသွားများကို တညင်းကုန်း ဘူတာတွင် တွေ့ရစဉ်

မြို့ပတ်ရထား အသုံးပြုမှုများတွင် ရန်ကုန်ဘူတာကြီးမှ နေ့စဉ် လူဦးရေ ၅၀၀၀ နှင့် ၆၀၀၀ ကြား လာရောက်စီးနင်းနေပြီး ရန်ကုန်မြို့တွင်းရှိ ဘူတာရုံများမှ ကိုးသောင်းနှင့် တစ်သိန်းကြား စီးနင်းလိုက်ပါနေကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။ ယင်းအတွက် ကျပ် ၁၀၀ ဖြင့် မီးရထားလက်မှတ်များကို မှတ်ပုံတင်ပြပြီး ၀ယ်ယူရသည့် အခြေအနေမှ အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူနိုင်အောင် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းလည်း ဦးရဲလွင်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထား အစီး ၂၀၀ အသုံးပြုနေမှုအား ထပ်မံတိုးမြှင့်သွားရန် ရှိသည့်အပြင် မြို့တစ်ပတ်ပြေးဆွဲမှု ကြာချိန်သုံးနာရီအား လျှော့ချသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

အဲယားကွန်များ တပ်ဆင်ထားသော RBE ရထားအား မြို့ပတ်ရထားအဖြစ် ပထမဆုံး ပြေးဆွဲရန် စီစဉ်နေပြီဖြစ်ပြီး ရထားတွဲ ၁၀ တွဲဖြင့် စတင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Eleven

Samsung Galaxy Note 3 ကြေငြာခဲ့ပါပြီ။





THA: TSJ Tech Team

Galaxy Note 3 ရဲ့ Specification တွေကတော့ အောချလောက်ပါတယ်။ Hardware ပိုင်းသာမက OS နဲ့ Feature တွေမှာလည်း များစွာ ကောင်းမွန်တာကို တွေ့ရပါတယ်။

1. Processor
LTE 2.3 GHz Quad-Core Processor
3G 1.9 GHz Octa Core Processor ( A15 1.9 GHz + A7 1.3 GHz)
(Octa Core Processor ကို ပထမဆုံးသုံးထားတဲ့ Smart phone ဖြစ်မယ်လို့ ထင်ပါတယ်။)

2. Display 5.7inch (144.3mm) Full HD Super AMOLED (1920 x 1080)
(မျက်နှာပြင်က Note 2 ထပ်ကြီးပါတယ်။ သို့ပေမဲ့ Phone Size ကတော့ ပိုမကြီးသွားပါဘူး)

3. OS Android 4.3 (Jelly Bean)
(နောက်ဆုံးထွက် OS နဲ့ပါဝင်လာမှာ ဖြစ်ပါတယ်)

4. Camera Main(Rear): 13 Mega-pixel BSI Sensor, Auto Focus camera with Smart Stabilization, LED Flash(High CRI), and Zero Shutter LagSub (Front): 2 Mega-pixel BSI sensor with Smart Stabilization,Full HD recording

5. Dual Camera: Dual Shot / Dual Recording/ Dual Video Call Recording: UHD 30fps,Smooth motion (FHD 60fps), Slow motion (HD 120fps)

6. Ultra High Quality Audio (~192KHz, 24 bit) support

7. Connectivity WiFi 802.11 a/b/g/n/ac (HT80)
GPS / GLONASS NFC, Bluetooth® v 4.0 (LE)
IR LED (Remote Control), MHL 2.0

8. Sensor Gesture, Accelerometer, Geo-magnetic, Gyroscope, RGB Proximity, Barometer, Temperature & Humidity, Hall Sensor

9. Memory 32/ 64 GB User memory + microSD slot (up to 64GB)

10. 3GB RAM (Memory အများဆုံးဖြစ်သွားပါပြီ)

11. Dimension 151.2 x 79.2 x 8.3mm, 168g

12. Battery Standard battery, Li-ion 3,200 mAh

Ref: Android Authority

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် အသေးစိတ် ထုတ်ပြန်



Created on Thursday, 05 September 2013 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပသုံးနိုင်ငံသို့ ယခုလအတွင်း သွားရောက်မည်ဖြစ်ပြီး ခရီးစဉ် အသေးစိတ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၀ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် စတင်ထွက်ခွာမည် ဖြစ်သည်။ စက်တင်ဘာ ၁၁ ရက်တွင် ပိုလန်နိုင်ငံ လွှတ်တော်သို့ သွားရောက်ကာ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်တွင် ပိုလန်နိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် တွေ့ဆုံကာ ၀ါဆောတက္ကသိုလ်တွင် Education and Politics ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမည် ဖြစ်သည်။

ထို့နောက် စက်တင်ဘာ ၁၃ ရက်တွင် ဟန်ဂေရီနိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်ကာ သမ္မတအပါအ၀င် အစိုးရထိပ်ပိုင်း အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ပြီး Corvinus University တွင် From Revolution to Reconstruction ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်ထိ ချက်သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ကာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။

ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ ဒေါက်တာတင်မာအောင်နှင့် ဦးစိုးဝင်းတို့ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာ ၂၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။

ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသားများက အစိုးရအဖွဲ့ကို တောင်းဆို


  Created on Thursday, 05 September 2013

ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

ရန်ကုန်မြို့ရှိ ကန်တော်မင် ပန်းခြံအား ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသားများက အစိုးရအဖွဲ့အား တောင်းဆိုထားကြောင်း စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဓည၀တီ ကျောင်းတိုက်တွင် ပြုလုပ်သည့် (၇၄)နှစ်မြောက် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးနှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က "စစ်တွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက လွှတ်တော်တွင် ရန်ကုန်မြို့မှာ အရင်တုန်းက ဦးဥတ္တမပန်းခြံဆိုပြီးတော့ သတ်မှတ်ခဲ့တဲ့ ကန်တော်မင်ပန်းခြံဟာ ဦးဥတ္တမပန်းခြံကနေ နာမည်ပြောင်းသွားပြီးတော့ ကန်တော်မင်ပန်းခြံ ပြန်ဖြစ်သွားတယ်။ အဲဒီ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်ပြောင်းမယ့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနဲ့ ရှိရင်လည်း ဘယ်တော့ပြန်လုပ်မလဲ ဦးဥတ္တမ ရုပ်တုကြီးပြန်ထားဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးတဲ့ အခါမှာ သက်ဆိုင်ရာ ၀န်ကြီးဌာန ၀န်ကြီးက သမိုင်းအထောက်အထား မရှိဘူးဟု ပြန်လည်ဖြေဆိုခဲ့ရာ ရခိုင်တိုင်းရင်းသား ပြည်သူလူထုများက ၀မ်းနည်းခဲ့ရပါတယ်" ဟု ပြောကြားသည်။

၁၉၇၆ ခုနှစ်က ထုတ်ခဲ့သည့် မြန်မာ့စွယ်စုံကြမ်း အတွဲ ၁၅ နှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာ သင်ရိုးညွှန်းတမ်း သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီက ပြဋ္ဌာန်းထုတ်ဝေခဲ့သည့် စတုတ္ထတန်း မြန်မာသမိုင်းဖတ်စာတို့တွင် ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံအတွက် အနစ်နာခံပြီး နိုင်ငံရေးနိုးကြားလာအောင် ဆောင်ရွက်ပေးသည့် ပုဂ္ဂိုလ်ဖြစ်သဖြင့် နိုင်ငံတော်က သူ့ကျေးဇူးကို မမေ့ခဲ့ချေ။ ထို့ကြောင့် နိုင်ငံတော် အစိုးရက ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု အမည်ပြောင်းပြီး ဂုဏ်ပြုခဲ့သည်ဟု အတိအလင်း ရေးထားကြောင်း ဦးဇော်အေးမောင်က ပြောကြားသည်။

"သမိုင်းအထောက်အထား မရှိဘူးလို့ ပြောတာကို သမိုင်းအထောက်အထား ရှိပါတယ်ဆိုပြီး ယဉ်ကျေးမှု ၀န်ကြီးဌာနကို တင်ပြထားပါတယ်။ လက်ရှိအစိုးရက ဒီမိုကရေစီ အစိုးရ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ လွတ်လပ်ရေး မီးရှူးတန်ဆောင်ဖြစ်တဲ့ ဆရာတော် ဦးဥတ္တမရဲ့ ကျေးဇူးကို ပြန်လည်ထောက်ထား ကျေးဇူးဆပ်တဲ့ အနေနဲ့ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် သမိုင်းအထောက်အထားအားလုံး တင်ပြနိုင်ရင် ပြန်လည်ပြောင်းလဲ သတ်မှတ်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ ရခိုင်ပြည်သူလူထု အားလုံးက ယုံကြည်လျက် ရှိပါတယ်" ဟု ဦးဇော်အေးမောင်က ဆိုသည်။

သြဂုတ် ၁၁ ရက်က ဓည၀တီ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ အစည်းအဝေးတွင် ကန်တော်မင်ပန်းခြံအား ဆရာတော်ဦးဥတ္တမ ပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့များထံသို့ ရခိုင်တစ်မျိုးသားလုံးက အလေးအနက် တောင်းဆိုကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် တစ်ရက်လျှင် လူနှစ်ဦးနှုန်း အဖမ်းခံနေရ

 Created on Wednesday, 04 September 2013


ကချင်ပြည်နယ် ဖားကန့်မြို့နယ် တစ်နေရာတွင် မူးယစ်ဆေးဝါး သုံးစွဲနေသူ တစ်ဦးကို သြဂုတ်လဆန်းက တွေ့ရစဉ်

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာပြီး မူးယစ်ဆေးနှင့် ဆက်စပ်၍ တစ်ရက်လျှင် လူနှစ်ဦး အဖမ်းခံနေရကြောင်း အထူးမူးယစ် အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

ကချင်ပြည်နယ်၏ မြစ်ကြီးနား အထူးမူးယစ်နှင့် ဗန်းမော်အထူးမူးယစ်၏ မှတ်တမ်းများအရ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရက်ပေါင်း ၂၄၅ ရက်အတွင်း အမှုပေါင်း ၃၄၉ မှု၊ တရားခံဦးရေ ၄၈၀ ဦး (ကျား-၃၇၆ ဦး၊ မ-၁၀၄ ဦး) ရှိခဲ့ပြီး ဖမ်းမိသော ဘိန်းဖြူ၊ ဘိန်းမည်း စိတ်ကြွဆေးပြား တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၁၁၀၅ သိန်းကျော်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် အထူးမူးယစ်အဖွဲ့မှ အရာရှိတစ်ဦးက "ဘိန်းထွက်ရှိမှု အနေနဲ့ ကချင်ပြည်နယ်က ရှမ်းပြည်နယ်ကို မမီပါဘူး။ အထူးသဖြင့်တော့ မူးယစ်ဆေးဝါးတွေဟာ ရွှေမှော်ကျောက်မှော်တွေမှာ ဈေးကွက်ကြီးတစ်ခု ဖြစ်နေတယ်။ ငွေရှာရလွယ်တော့ သုံးစွဲတဲ့လူလည်း များတယ်။ ထောင်ထဲမှာလည်း လူဦးရေ ငါးပုံလေးပုံဟာ မူးယစ်ဆေးကြောင့်ပဲ" ဟု ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက "မြို့နယ်တိုင်းမှာ တင်ပြတဲ့ ပြဿနာပါ။ ကျွန်တော်တို့နိုင်ငံသာ ခံရတာ မဟုတ်ဘူး၊၊ ဆင်းရဲ/ချမ်းသာ တိုင်းပြည်တိုင်း ခံစားနေရတာပါ။ ဘိန်းအစားထိုး ကိစ္စကို ဒေသအေးချမ်းတာနဲ့ စီစဉ်ပါ့မယ်။ မူးယစ်ဆေးဝါးက ငွေနဲ့ပတ်သက်နေတော့ တိုက်ဖျက်ရတာ အရမ်းခက်တယ်" ဟု ၀ိုင်းမော်မြို့၌ လူထုနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

ဖားကန့်ဒေသခံ ဦးတင်ထွန်းလင်းကမူ "ဖားကန့်မှာတော့ နံပါတ်ဖိုးကို ပွဲတန်းကြီးလို ရောင်းနေတာ။ လူငယ်တွေလည်း တိုက်ရိုက်ထိုးကြတာ များတယ်။ ဒီကိုရောက်လာမှ ဆရာဝန်တွေကအစ မူးယစ်ဆေးကြောင့် ဘ၀ဆုံးသွားကြတယ်" ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားနေသော ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ပိုမိုများပြားလာကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ် စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေ

 Created on Thursday, 05 September 2013


ဖြစ်စဉ်ဖြစ်ပွားခဲ့သော ဘာသာရေး စာသင်ကျောင်း (ဓာတ်ပုံ-အောင်ရဲကို)

သင်္ဃန်းကျွန်းမြို့နယ်ရှိ ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

ဖြစ်စဉ်အနေအထားအရ စက်တင်ဘာ ၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ခဲ့ခြင်းဖြစ်ကာ လူသုံးဦးက ဓနိမိုးထားသော အစ္စလာမ် စာသင်ကျောင်းပေါ်သို့ အင်ဂျင်ဝိုင်များ သုတ်ထားသော တုတ်များဖြင့် မီးရှို့ကာ ပစ်တင်ခဲ့ပြီးနောက် မီးမှာသုံးမိနစ်ခန့်သာ လောင်ကျွမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက် အဖြေများအရ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဖြစ်သူက "ဖြစ်စဉ်ဖြစ်တယ်ဆိုတဲ့ စသိသိချင်းပဲ ရောက်ရှိနေခဲ့ပြီး အခြေအနေကို ထိန်းထားခဲ့ပါတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ လက်ရှိတော့ ကျောင်းတာဝန်ရှိသူတွေကို စစ်ဆေးနေတယ်။ ပြီးတော့ ပတ်ဝန်းကျင် နေထိုင်သူတွေ ဆီကလည်း ဆက်လက်စုံစမ်း သွားမယ်" ဟု ပြောကြားသည်။



မီးရှို့ရာတွင် အသုံးပြုခဲ့သော ဆီအိတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)

ယင်း အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှာ သင်္ဃန်းကျွန်းမြို့နယ် ၂ ရပ်ကွက်ရှိ ယုဝလမ်းတွင် တည်ရှိပြီး ကျောင်းဆောင်နှစ်ခုဖြင့် စာသင်ကြားနေကြောင်း၊ ကျောင်းသားဦးရေ ၂၇၀ ရှိပြီး ကျောင်းဆရာ ၃၄ ဦးရှိကြောင်း သိရသည်။

ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော ဂျာမေအာ အာရဗီယာ အစ္စလာမီယာသအ်လီမွလ်ကုရ်အာန်ကျောင်းမှ ဒုတိယကျောင်းအုပ် ဖြစ်သူက "ကျွန်တော်တို့ အနေနဲ့ကတော့ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးတာကို ပြန်လည်ဖြေကြားတယ်။ နောက်ပြီး ဓနိမိုးထားတဲ့ကျောင်းကို သွပ်မိုးဖို့အတွက် သက်ဆိုင်ရာကို တင်ထားခဲ့ဖူးတာ မှန်ပါတယ်။ ဒါပေမဲ့ ချမပေးခဲ့ပါဘူး" ဟု ပြောသည်။

လက်ရှိတွင် ယင်းအစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ ကျောင်းအုပ်ဦးခင်အောင်နှင့် အဆောင်ဆရာနှစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက စစ်ဆေးနေသည့်အပြင် ယင်းကျောင်းဝန်းကျင်အနီး နေထိုင်သူ ငါးဦးခန့်ကိုလည်း စစ်ဆေးနေကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မီးရှို့ခဲ့သည်ဟူသော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှာ ၁၉၈၀ ခုနှစ်က စတင်တည်ထောင် စာသင်ကြားခဲ့ကြောင်း၊ ၎င်းစာသင်ကျောင်းရှိသော လမ်းမှာလည်း အစ္စလာမ် ဘာသာဝင်များသာ နေထိုင်ကြောင်း ပတ်ဝန်းကျင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

၎င်းအပြင် လာရောက်မီးရှို့မှု ဖြစ်ပွားခဲ့သည်ဆိုသော ဓနိမိုး စာသင်ကျောင်းကိုလည်း ၁၉၉၅ ခုနှစ်က သွပ်မိုးအဖြစ် တည်ဆောက်ရန် သက်ဆိုင်ရာ မြို့နယ်ရုံးများသို့ တင်ပြခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ကြောင်း သိရသည်။

Related Posts Plugin for WordPress, Blogger...