Sunday, September 8, 2013

ရုံးပိတ်ရက်မှာ ၀က်သားဒုတ်ထိုးအိမ်မှာ လုပ်စားရအောင်



ပါဝင်သောပစ္စည်းများ
၁။ ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ (၀က်အူမ၊ ၀က်နားရွက်၊ ၀က်အရွတ်၊ ၀က်ကလီစာ၊ ၀က်အသဲ၊ ၀က်အူ၊ ၀က်သား) – ၁ပိသာ
၂။ ခရုဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
၃။ ပျားရည် – စားပွဲတင်ဇွန်း ၁၀ဇွန်း
၎။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၅ဇွန်း
၅။ ရှာလကာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
၆။ နတ်နတ်ပွင့် – ၇ခု
၇။ သစ်ဂျပိုး – ၄ခု
၈။ ကလဝေရွက် – ၆ခု
၉။ နတ်မတ် (nutmeg) – ၂ခု (ခြစ်ထည့်ပေးပါ)
ချက်ပြုတ်နည်း
၁။ ၀က်အစုံ များကို အတုံးကြီးကြီး တုံးပါ။
၂။ ပြီးလျှင် ၀က်အစုံအားလုံးကို ( ဆား(လက်ဖက်ရည်ဇွန်း ၁၀ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၇ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည်၊ နတ်နတ်ပွင့်၊ သစ်ဂျပိုး၊ ကလဝေရွက်၊ နတ်မတ် ) ထည့်ရောနုယ်ပေးပြီး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။
၃။ မချက်ခင် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့် ကြိုထုတ်ထားပါ။
၎။ ပြီးမှ ဒယ်အိုးကြီးထဲ ဆီ(စားပွဲတင်ဇွန်း ၅ဇွန်း) ထည့် နုယ်ထားသော ၀က်အစုံကို ထည့်မွှေပေးပါ။
၎။ ဆီပြန်လျှင် ရေကို ၀က်အစုံမြုပ်သည်အထိထည့် မီးပြင်းပြင်းဖြင့်တည်ထားပေးပါ။ ရေခန်းပြီး ဆီပြန်လာလျှင် ၅ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။
၅။ ၀က်အစုံနူးအိလာပြီး ဆီပြန်လာပြီးဆိုလျှင် ဆော့ရည်အနည်းငယ်ချန်၍ မီးပိတ်လိုက်ပါ။
၆။ ထို့နောက် ၀က်အစုံကို ပါးပါးလှီးပြီး တုတ်ထိုးပြီး ရလာသော ဆော့ရည်နှင့်လည်း တွဲဖက်စားနိုင်ပါသည်။
(သို့)
၇။ ၀က်အစုံကို ပါးပါးလှီးပြီး ပန်းကန်ပြားကြီးကြီးပေါ်တွင် စီထည့်လိုက်ပါ။ ပြီးမှ ၀က်အစုံမှ ဆော့ရည်များကို လောင်းချလိုက်ပါ။
၈။ ကိုယ်အိမ်တွင် အလွယ်တကူလုပ်စားနိုင်မည့် ၀က်သားတုတ်ထိုးရရှိပါသည်။ ၀က်သားတုတ်ထိုးကို ငရုတ်သီးဆော့နှင့်တွဲဖက်စားနိုင်ပါသည်။
ဟင်းအကြောင်း
-၀က်သားတုတ်ထိုးကို အားလုံးလိုလိုကြိုက်နှစ်သက်ကြပါတယ်။ ၀တ်ရည်ကိုယ်တိုင်လည်း အလွန်ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် အများစုက အပြင်ကပဲ ၀ယ်စားလေ့ရှိကြတယ်။ အိမ်မှာလည်း ၀က်သားတုတ်ထိုး လုပ်စားနိုင်ရန် ရည်ရွယ်ပြီးတင်ဖြစ်သွားတာပါ။
By Wutyee Food House

သိမ်းဆည်းလယ်မြေ ဧက ၅၀ ပြန်ပေးမည်ဟု ဦးဇော်ဇော်ဆို


ရန်ကုန်၊ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့နယ် ငွေသောင်ယံ မြို့နယ်ခွဲ ချောင်းသာ ကျေးရွာအုပ်စုတွင် ပုစွန်ကန် တူးဖော်ရန် သိမ်းယူထားသော လယ်ယာမြေ ဧက ၅၀ ကို တောင်သူလယ်သမား ၂၁ ဦးသို့ ပြန်ပေးမည်ဟု မက်စ် (မြန်မာ) စီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌ ဦးဇော်ဇော်က The Voice သို့ ပြောကြားသည်။

လန ၃၉ ရရှိထားသော အဆိုပါ လယ်မြေ ဧက ၅၀ ကျော်သည် ပုစွန်ကန် မတူးဖော်ဖြစ်သည့် အပြင် တောင်သူလယ်သမားများ စားဝတ်နေရေး ကျပ်တည်းကြောင်း တင်ပြသောကြောင့် ပြန်လည် ပေးအပ်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

အဆိုပါ လယ်ယာမြေများကို ၂၀၀၂ ခုနှစ်က သိမ်းယူခဲ့ပြီး လယ် တစ်ဧကလျှင် ကျပ် ၄၅,၀၀၀ နှုန်းဖြင့် သီးပင်စားပင် အလိုက် လျော်ကြေးငွေများ ပေးအပ်ပြီး ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရသို့ ဧပြီ ၂၄ ရက်နေ့တွင် ပေးပို့သောစာကို မက်စ် (မြန်မာ) စီးပွားရေးလုပ်ငန်းစု၏ တရားဝင် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် ပုလဲမြို့သစ် ရွှေနံ့သာကျေးရွာ အုပ်စုတွင် ရွှေနံ့သာရွာနှင့် ပေါင်းကူရွာရှိ လယ်သမား ၇၁ ဦးပိုင် လယ်ဧက ၈၀၀ ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက ၂၀၀၉ ခုနှစ်တွင် အငြင်းပွားဖွယ်ရာ သိမ်းယူခဲ့သည်ဟု ဒေသခံလယ်သမားများက စွပ်စွဲ ပြောကြားပြီး ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားနေသော်လည်း ယင်းကိစ္စမှာ ယခုအချိန်ထိ မဖြေရှင်းနိုင်သေးပေ။

လက်ရှိ ဖြစ်ပေါ်လျက်ရှိသော လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာများသည် ယခင် တပ်မတော် အစိုးရလက်ထက်က ပြဿနာ ဖြစ်ပြီး ယခုအစိုးရ လက်ထက်တွင် ထပ်မံသိမ်းယူခြင်း မရှိဘဲ ဖြေရှင်းရန် ကြိုးစားနေခြင်းသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ နော်ဝေ ခရီးစဉ်တွင် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

အကြောင်း ကြောင်းကြောင့် လယ်ယာမြေ ဆုံးရှုံးခဲ့ရသည့် တောင်သူ လယ်သမားများအတွက် ဥပဒေနှင့်အညီ ညှိနှိုင်း ဆောင်ရွက်ပေးမည်ဟု ဇွန်လ ၂ ရက်နေ့တွင် ကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ပြောကြားထားသည်။

Miss Supranational-2013 အစအဆုံး



Miss Supranational-2013 အစအဆုံး ကို မောင်(စွယ်စုံကျမ်း) ဒေါင်းထားတာပါ

အပိုင်း (၆) ပိုင်းခွဲတင်ထားတာကို Youtube ကနေ ကြည့်လိုသူများ

ဒီမှာ ဒေါင်းနိုင်ပါတယ် ... ရှယ်လည်း ရှယ်သွား ကြဦးနော်....

http://www.youtube.com/watch?v=FiT-gPlCF5k&feature=youtu.be
http://www.youtube.com/watch?v=HAK5BAp2Uiw
http://www.youtube.com/watch?v=gUnKprd3kgY
http://www.youtube.com/watch?v=e_Nzo5gPeNs
http://www.youtube.com/watch?v=zE0V3VWXNd4
http://www.youtube.com/watch?v=6KtuzFrAyzg

Share သွားပေးလိုက်ကြပါဦး မကြည့်ရတဲ့သူတွေအတွက်ပါခင်ဗျာ....

အတုယူစရာ ဂျပန်မှာ



၁။ ဂျပန်လူငယ်လေးတွေဟာ ဆရာတွေနဲ့အတူ နေ့စဉ် ၁၅ မိနစ် ကျောင်းသန့်ရှင်းရေးလုပ်ကြရတဲ့အတွက် သန့်ရှင်းမှုကိုအလေးထားတဲ့ မျိုးဆက်သစ်ကို မွေးဖွားပေးပါတယ်။

၂။ ခွေးမွေးထားတဲ့ ဂျပန်တစ်ယောက်ဟာ အိတ်တစ်လုံးကို ခွေးချေးကြုံးဖို့သယ်ရပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး တို့အရေး လုပ်ရပါတယ်။

၃။ သန့်ရှင်းရေးအလုပ်သမားကို ကျန်းမာရေးအင်ဂျင်နီယာလို့ ခေါ်ပြီး လခ ဒေါ်လာ ၅ ထောင်မှ ၈ ထောင်အတွင်းရရှိပါတယ်။ အလုပ်မ၀င်ခင် ရေးဖြေရော နှုတ်ဖြေပါ စာမေးပွဲဖြေရပါတယ်။

၎။ ဂျပန်မှာ သဘာဝသယံဇာတလည်းမရှိ၊ နှစ်စဉ် ငလျင်ပေါင်း ရာကျော်ဒဏ်လည်းခံရပေမယ့် ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။

၅။ ဟီရိုရှီးမားမြို့ဟာ အနုမြူဗုံးကျဲခံရပြီး ၁၀ နှစ်အတွင်းမှာပဲ မူလ စီးပွားအင်အားအခြေအနေကို ပြန်ရောက်ခဲ့ပါတယ်။

၆။ ဂျပန်မှာ ရထား၊ စားသောက်ဆိုင်တွေအတွင်းမှာ မိုဘိုင်းဖုန်းသုံးခွင့်မပြုပါဘူး။

၇။ ဂျပန်ကလေးငယ်များဟာ ပထမတန်းမှ ၆ တန်းအထိ လောကနီတိ ( လူမှုဆက်ဆံရေးကျင့်ဝတ် ) တွေကို မသင်မနေရ သင်ကြရပါတယ်။

၈။ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဂျပန်များမှာတောင် အိမ်အကူမထားပါဘူး။ မိဘများဟာ အိမ်အလုပ်နဲ့ ကလေးများအတွက် တာဝန်ယူကြရပါတယ်။

၉။ မူလတန်းမှ တတိယတန်းအထိ စာမေးပွဲမရှိပါဘူး။ ပညာသင်ကြားရခြင်းရဲ့ ရည်ရွယ်ရင်းမှာ အတွေးအခေါ်၊အယူအဆတွေ၊ စာရိတ္တတွေထူထောင်ဖို့ဖြစ်ပြီး စာမေးပွဲတွေ၊ ဂုဏ်ထူးတွေ ယူဖို့မဟုတ်လို့ပါ။

၁၀။ ဂျပန်ဘူဖေးဆိုင်ထဲဝင်သွားရင် လူတွေက သူတို့စားနိုင်သလောက်ပဲ ထည့်စားကြတာကိုတွေ့နိုင်ပါတယ်။ စားပြီးပိုလို့လွှင့်ပစ်ရတယ်ဆိုတာ မရှိပါဘူး။

၁၁။ ဂျပန်မှာရထားနောက်ကျချိန်ဟာ တနှစ်လုံးအတွက် ၇ စက္ကန့်ပါ။ အချိန်ကိုအလွန်လေးစားပြီး မိနစ်၊ စက္ကန့်အထိ တိကျတတ်ပါတယ်။ ( မြန်မာတွေနဲ့တော့ တွေ့ဦးမယ်။ )

၁၂။ ကလေးတွေဟာ ကျောင်းမှာ အစာစားပြီး သွားတိုက်ကြပါတယ်။ ငယ်စဉ်ကတည်းက ကျန်းမာရေးကို အလေးထားကြပါတယ်။

၁၃။ အစာစားချိန်ကို နာရီဝက်ခန့်ယူပြီး အစာကြေညက်အောင် ဂရုပြုကြပါတယ်။ ဒီကျောင်းသားတွေဟာ ဂျပန်ပြည်ရဲ့ အနာဂတ်ပါ။

ဘာသာပြန်သူ - သန္တာဝင်း

အလုပ်မှာ ပျော်စေရန် နည်းလမ်း


Saturday, September 7, 2013

ယခု ဒီစာကို လာဖတ်နေသူ အများစုဟာ အလုပ်မှာ ပျော်ရွှင်မှုများ ပျောက် ဆုံး နေတယ်ဆိုတာ ဖြစ်နိုင်ချေအများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှာ လူဆိုတာကလည်း ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာမပျော်ပဲ အမြဲ စိတ်ညစ်နေသူ တစ်ဦးဟာ သူကိုယ်တိုင်ကလည်း မတိုးတက်သလို၊ သူ့အလုပ်လုပ်တဲ့ လုပ်ငန်း၊ ကုမ္မဏီကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။

1. Surround yourself with people who love their work

တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးရယ်လို့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အလုပ်အကြောင်း အမြဲ ငြီးငြူပြီး မကောင်းပြောနေသူတွေနဲ့ အတူ နေဖြစ်တာများရင် သင်ကိုယ်တိုင် ကိုယ့်အလုပ်မှာ ချို့ ယွင်းချက်၊ အားနည်းချက်တွေ မသိမသာ ရှာနေမိမှာ အမှန်ပါပဲ။ ဒီတော့ မိမိလုပ်တဲ့အလုပ်ကို ချစ်မြတ်နှိုးသူများနဲ့ မိတ်ဆွေဖြစ်ခြင်း၊ ပြောဆို ဆက်ဆံခြင်း၊ သွားလာခြင်းဖြင့်လည်း မိမိကိုယ်တိုင် လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးလာစေမှာ ဖြစ်ပါတယ်။

2. Work to improve your strengths and talents

Personal Development ကိုပြောတာပါ။ တစ်ကိုယ်ရည် စိတ်စွမ်း၊ ဥာဏ်စွမ်း၊ ကိုယ်စွမ်း ဖွံ့ဖြိုးတိုးတက်နေရင် လူက စိတ်ဓာတ်မကျပါဘူး။ အမြဲတမ်း Update ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အလုပ်မှာ ပျော်တတ်ပါတယ်။ ဒါကြောင့် မိမိအလုပ်ကနေပဲ လုပ်ပိုင်ခွင့် တာဝန်ကနေ သင်ယူနိုင်တာ သင်ယူပြီး အချိန်တွေ ပိုနေရင်၊ အခွင့်အရေးတွေ ရနေရင် ပိုမြင့်တဲ့ ပညာရပ်တွေကို အလုပ်ထဲကနေပဲ တစ်ဆင့် လေ့လာ နိုင်ပါတယ်။

3. Identify the impact you want to have on the world

အချို့  က ငါလုပ်နေရတဲ့ အလုပ်က ဒီလောက်လေး။ င့ါတာဝန်က ဒီလောက်လေး။ အကျိုးကျေးဇူးအနေနဲ့ ဒီလူတွေကိုပဲ Effect ဖြစ်မှာ အစရှိသဖြင့် ခံယူချက် ထားရှိမှုတွေ မှားယွင်းသွား ပါတယ်။ မိမိရဲ့  Action တိုင်းအတွက် ကိုယ့်ကိုပဲ Reaction ရုံမကပဲ Effect က တစ်ဆင့်ပြီးတစ်ဆင့် လူအရေအတွက် ဘယ်လောက်ထိ များများသို့ ထိရောက်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်တွေးဖို့လိုပါမယ်။ ဒါမှ မိမိကိုယ့်ကို တန်ဖိုးထားမှု ဖြစ်လာပြီး အလုပ်မှာလည်း ပျော်လာ ပါမယ်။

4. Learn as much as you can about the life you want

ဘဝ အကြောင်းလေ့လာဖို့ပါ။ အလုပ်ဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလုပ်ကိုပဲ ဘဝလို့ထင်နေသူဟာ အလုပ်မှာ ပြဿနာ တစ်ခုကြုံရင်တောင် မခံနိုင်လောက်အောင် စိတ်သောက ရောက်ပါတယ်။ ဒီတော့ ယင်း အနိမ့်အမြင့် လောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် ဘဝ အကြောင်း ကောင်းကောင်း လေ့လာဖို့လိုအပ် ပါတယ်။ ဘဝ အကြောင်းကို ဒဿန စာပေအပြင် ဘာသာရေး စာပေတွေထဲမှာလည်း အလွယ်တကူ ရှာတွေ့ နိုင်ပါတယ်။

5. Try, and try again

ဘယ် အလုပ်မဆို ကိုယ်နဲ့ လုံးဝ perfect ဖြစ်အောင် အဆင်ပြေ တယ်လို့တော့ ဘယ်ရှိနိုင်မလဲ။ အားလုံးက သူ့ အားနည်းချက်၊ အားသာ ချက်တွေချည်းပဲ ဖြစ်ပါတယ်။ အရမ်းကြီးဆိုးရွားတဲ့ အခြေအနေ တစ်ခု ခံနေရင်တော့ Career ကိုပြောင်းသင့်ရင် ပြောင်းရမှာပေါ့။ အခြေအနေ အားလုံးကို လက်ခံသိရှိထားရပါမယ်။ အခက်အခဲတွေ့တိုင်း လည်း စိတ်ညစ်နေဖို့မဟုတ်ပါဘူး။ ဖြေရှင်းစေဖို့ ဖြစ်ပါတယ်။ ဒီမှာ ကြိုးစားဖို့ လိုအပ်ပါတယ်။ အခက်ကြုံတိုင်း လက်မြောက်အရှံးပေးနေရင် အလုပ်မှာ မပျော်တော့ပါဘူး။ Try, and try again ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လူတိုင်း အလုပ်မှာ ပျော်ရွှင်ဖို့အတွက် ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
Ref:entrepruner.com
အောင်ခမ်း (International news for myammar)

International news for myanmar

လက်တွေ့အမြင်



Saturday, September 7, 2013

မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲစားအတူထွက်ကြပါတယ်... တစ်ယောက်ကတော့ ပါရဂူဘွဲ့ရ ပညာရှင်ကြီးပေါ့... နောက်တစ်ယောက်ကတော့ သာမန်လူတစ်ဦးပါပဲ...

သူတို့နှစ်ယောက်ဟာ အပန်းဖြေဖို့နေရာမှာ တဲထိုးပြီး အိပ်ကြတယ်... နာရီအတော်ကြာတဲ့အခါမှာတော့ ပညာရှင်ကြီးကို သူ့သူငယ်ချင်းကနှိုးတယ်...

"အပေါ်ကိုမော့ကြည့်ပါဦး... ပြီးရင် ဘာတွေ့လဲပြော..."

ပညာရှင်ကြီးကပြန်ပြောတယ်...

"သန်းပေါင်းများစွာသော ကြယ်တွေကို မြင်တာပေါ့ကွာ..."

အဲ့တော့ သူ့သူငယ်ချင်းက...

"အဲ့ဒီကြယ်တွေက မင်းကိုဘာပြောနေလဲ..."

ပညာရှင်ကြီးက ခဏလောက်စဉ်းစားပြီးမှ...

"နက္ခတ်ဗေဒအရပြောရမယ်ဆိုရင် ကြယ်တွေက သန်းနဲ့ချီနေတဲ့ ဂလက်ဆီတွေနဲ့ သန်းထောင်ပေါင်းများစွာသော ဂြိုလ်တွေရှိနေတယ်ဆိုတာကို ပြောပြနေတာပေါ့ကွာ..."

"နက္ခဗေဒင်ပညာအရဆိုရင်တော့ သိဟ်ရာသီခွင်မှာ ဂြိုလ်ဆိုးဝင်နေတဲ့သဘောပေါ့..."

"ကြယ်တွေကိုကြည့်ပြီ အချိန်ကို ခန့်မှန်းတွက်ချက်ရမယ်ဆိုရင်တော့ သုံးနာရီ ၁၅ လောက်ရှိပြီကွ...."

"ဘာသာရေးအရဆိုရင်တော့ ဘုရားသခင်ရဲ့ တန်ခိုးတော်ကြီးမားပုံနဲ့ ငါတို့လူတွေဟာ ပါမွှားလေးတွေဆိုတာကို ပုံဖော်နိုင်တာပေါ့..."

"မိုးလေဝသပညာအရပြောရရင် မနက်ဖြန်မှာသာယာလိမ့်မယ်ကွ.... မင်းကကော ကြယ်တွေကိုမြင်တော့ ဘာတွေသိလိုက်လဲ..."

သူငယ်ချင်းဖြစ်သူက ဘာမှမပြောဘဲ ခဏလောက်ဆိုင်းနေလိုက်တယ်... ပြီးမှ...

"လက်တွေ့ကျကျပြောရရင်တော့... ငါတို့တဲကို တစ်ယောက်ယောက်ဖြုတ်ခိုးသွားပြီ..."

Ref: Inspire Your Friends
နှိုင်းရင့်နွေမှ

“စကားလုံးများကို...နေရာချခြင်း” (Placing the words in a sentence pattern)


Saturday, September 7, 2013

ဘာသာစကားတိုင်းဟာ ဝေါဟာရမြောက်များစွာနဲ့ ဖွဲ့စည်း တည်ဆောက်ထားတာပါ။အင်္ဂလိပ်ဘာသာမှာလဲ စကားလုံးပေါင်း တစ်သန်းကျော်၊ အီဒီယံပေါင်းတစ်သိန်း...နီးပါးနဲ့ တည်ဆောက်ထား ပါတယ်။ဒီစကားလုံးတွေဟာ..အလှထိုင်ကြည့်ဖို့ မဟုတ်ပါဘူး..။ ၀ါကျတစ်ကြောင်းမှာ စနစ်တကျ နေရာချပြီး..အဓိပွါယ်ရှိတဲ့ စာကြောင်းတွေ ဖန်တီးတဲ့နေရာမှာ အသုံးချဖို့ဖြစ်ပါတယ်။ စကားလုံးတွေသာသိပြီး ၀ါကျမှာ ဘယ်လိုနေရာချရမှန်းမသိသေးရင် အဲဒီဘာသာစကားကို တတ်ပြီလို့ မဆိုနိုင်သေးပါဘူး။ဒါ့ကြောင့် ..ဒီနေ့တော့..အခြေခံဝါကျပုံစံထဲကို စကားလုံးတွေ နေရာချပုံကို ဖော်ပြပေးလိုက်ပါတယ်။

စကားလုံးတွေကို နေရာမချခင်မှာ သဒ္ဒါထဲက ၀ါစင်္ဂရှစ်မျိုး(Eight parts of speech) ကို တီးမိခေါက်မိ လေ့လာပြီး ဖြစ်ရပါမယ်။Phrases & Clauses တို့ကိုလည်း သိရပါမယ်။S+V ,,, S+ V + O ,,, S + V + C စတဲ့.. အခြေခံဝါကျ ပုံစံတွေကိုလည်း..သိထားရပါမယ်။အဲဒီအခြေခံဝါကျတွေထဲကို ကိုယ်လိုချင်တဲ့ အဓိပွါယ်ရအောင် စကားလုံးတွေ ထည့်မှာမို့ပါ။ ဥပမာ...လူကလေးတစ်ယောက် ငိုနေသည်(A boy is crying.)ဆိုတဲ့ဝါကျမှာ A boy က subject ပါ ။is crying က verb ပါ...။အဲဒီယယSub+Verb ၀ါကျပုံစံထဲ.. ကိုယ်လိုချင်တဲ့ အဓိပွါယ်ရအောင် စကားလုံးတွေ ထည့်ကြည့်ပါမယ်။

A boy is crying.
------ -----------
ပထမဦးဆုံး boy (လူကလေး)ရဲ့ ရှေ့မှာ young (ငယ်ရွယ်သော)ဆိုတဲ့ နာမ၀ိသေသနတစ်လုံးကို ထားကြည့်ပါမယ်။

A young boy is crying.

“လူကလေး”မှ “လူငယ်ကလေး” ဖြစ်သွားပါပြီ။သူဝတ်ထားတဲ့ အင်္ကျီကို ကြည့်ပါ။အပြာရောင်ရှပ်အင်္ကျီဝတ်ထားရင် in a blue shirt ဆိုတဲ့ စကားစု(phrase)ကို boy ရဲ့နောက်မှာ နေရာချလိုက်ပါမယ်။

A young boy in a blue shirt is crying.

“အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် ငိုနေသည် ”ဆိုပြီး ဖြစ်သွားပါမယ်။နောက်..သူငိုနေပုံကို ကြည့်လိုက်ပါဦး။အော်ငိုနေရင် loudly ဆိုတဲ့ ကြိယာဝိသေသန (adverb)ကို cry ဆိုတဲ့ ကြိယာနောက်မှာ ထားကြည့်ပါ။

A young boy in a blue shirt is crying loudly.

“အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် အော်ငိုနေသည်။” လို့ ဖြစ်လာပါပြီ။နောက်ပြီး..ဘယ်နေရာမှာ ငိုနေတာလဲဆိုတာ ကြည့်လိုက်ပါဦး။ခုံတန်းရှည်ပေါ်မှာ ငိုနေရင် on the bench ဆိုတဲ့ စကားစုကို ၀ါကျနောက်ဆုံးမှာ ထားကြည့်ပါ။

A young boy in a blue shirt is crying loudly on a bench.

“အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် ခုံတန်းရှည်ပေါ်မှာ အော်ငိုနေသည်။”ဆိုပြီး ဖြစ်သွားတာကို တွေ့ရပါမယ်။ဒီလို..ငိုနေတာ ဘာ့ကြောင့်လဲ..။အကြောင်းရင်းကို ရှာကြည့်ပါ။သူ့အမေက ရိုက်လို့ဆိုပါတော့.။ Being beaten by his mother ဆိုတဲ့ စကားစုကို ၀ါကျရှေ့ဆုံးမှာ ထားကြည့်ပါဦး။

Being beaten by his mother,a young boy in a blue shirt is crying loudly on a bench.

“အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် သူ့အမေက ရိုက်လို့ ခုံတန်းရှည်ပေါ်မှာ အော်ငိုနေသည်။”အင်္ဂလိပ်စာဝါကျလည်း တော်တော်ရှည်လာပါပြီ။ ဘယ်အချိန်ငိုနေတာလဲ..ကြည့်လိုက်ပါ။မနက်အစောကြီး..ဆိုပါစို့။

Early in the morning,being beaten by his mother,a young boy in a blue shirt is crying loudly on a bench.

“မနက်အစောကြီး အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် သူ့အမေက ရိုက်လို့ ခုံတန်းရှည်ပေါ်မှာ အော်ငိုနေလေရဲ့။” ဆိုပြီး ဖြစ်သွားပါပြီ။ အခုလို စကားလုံးတွေကို အခြေခံဝါကျ Subject+Verb ပုံစံဖြစ်တဲ့ A boy is crying.မှာ လိုချင်တဲ့ အဓိပွါယ်အတိုင်း စကားလုံးတွေကို နေရာချလိုက်တာ အားကောင်းတဲ့ ၀ါကျတစ်ကြောင်း (Powerful sentence) ကို ရရှိသွားပါပြီ။အခြားအခြေခံဝါကျပုံစံတွေကို လည်း ဒီနည်းအတိုင်း စကားလုံးတွေ ထည့်ပေး ရမှာပါ။ဒီလို ..စကားလုံးတွေ နေရာချတာကိုပဲ ကိုယ်ပိုင်ဝါကျ တည်ဆောက်တယ် လို့ ခေါ်ပါတယ်။တစ်နည်းအားဖြင့် ဒီလို စကားလုံးတွေကို နာမ်နေရာ နာမ်၊ကြိယာဝိသေသန နေရာ...ကြိယာဝိသေသန၊ စကားစုနေရာ စကားစု စသဖြင့် နေရာချတတ်တဲ့ စွမ်းရည်ကိုပဲ အရေးစွမ်းရည် (Writing Skill)လို့ ခေါ်တာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

သရဖီ

***ဗုဒ္ဓဘာသာဝင်တိုင်း သိမှတ်ထားသင့်သော “မေတ္တာသုတ်” အဓိပ္ပါယ်နှင့်၊ “မေတ္တာပွားရကျိုး” နှင့်၊ “မေတ္တာပွားသည့်အခါ အစွမ်းထက်လိုပါက လိုက်နာစောင့်ထိန်းဖွယ်များ”***


Sunday, September 8, 2013

၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။

**မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာဝတို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်...

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

**ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…

၃။ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊

**အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

၎။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

**စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်ဝမ်းတခါးအတွက် လွယ်လင့်တကူပေါ့ပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။

၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ၀ိညူ ပရေ ဥပ ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

**ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တ၀ါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ၀ါ ထာဝရာဝ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုက ထူလာ။

**ထွက်သက်ဝင်သက် အသက်ရှုနေကြသော သတ္တ၀ါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသောရဟန္တာမဖြစ်ကြသေးသော သတ္တ၀ါများ၊ မကြောက်မရွံ့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တ၀ါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တ၀ါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တ၀ါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တ၀ါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တ၀ါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ …

၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာဝ သမ္ဘဝေသီဝ၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

**မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တ၀ါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တ၀ါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တ၀ါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၎င်း၊ နောင်ဘ၀ဖြစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တ၀ါအားလုံးတို့သည်၎င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ္ခ မိစ္ဆေယျ။

**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။

၉။မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။

**တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တ၀ါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..

၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ မသပတ္တံ။

**အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အ၀ီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာဝတာဿ ၀ီတမိဒ္ဓေါ။
ဧတံ သတႎ အဓိေ႒ယ်၊
ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု၊

**ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မ၀ိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။

၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။

**အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာသီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ္တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
(မေတ္တာသုတ် မြန်မာပြန်အဓိပ္ပါယ် ပြီးပါပြီ)

“မေတ္တာအကျိုး ( ၁၁ )မျိုး”
===============
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၎။ ပတ်ဝန်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊

၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီးဝယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာဈာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

( မေတ္တာအကျိုး ဆောင်ပုဒ် )
မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တ၀ါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေ၀ထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , ဈာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း

“မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်”
=============================
၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၎။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊

၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုက၀ုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊

၁၁။ သန္တိန္ဒြိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။


Special Thanks for your precious post – “ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း”

နှလုံးသားအာဟာရ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းရှိသည့် မူဆယ်မြို့တွင် တရားမ၀င် သယ်ဆောင်လာသည့် ကျောက်စိမ်းနှင့် ကျောက်စိမ်းထည်များ ဆက်တိုက်ဖမ်းဆီးရမိ


Sunday, September 8, 2013

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းရှိသည့် မူဆယ်မြို့တွင် ခန့်မှန်းတန်ဖိုး ကျပ်သန်း ၈၀ ကျော် တန်ဖိုးရှိ တရားမ၀င် သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းနှင့် ကျောက်စိမ်းထည်များ ရက်ဆက်ဖမ်းဆီး ရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ ရရှိသော သတင်းအချက်အလက်များအရ သိရသည်။

စက်တင်ဘာ ၃ ရက်တွင် မန္တလေးမှ မူဆယ်သို့ ၀င်ရောက်လာသည့် Light Truck ယာဉ် တစ်စီးအား အကောက်ခွန် ဦးစီးဌာနမှ စစ်ဆေးခဲ့ရာ ယာဉ်ကိုယ်ထည်၏ အောက်ဘက်ဖရိန်များတွင် အံဝှက်ပြု၍ သယ်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော ခန့်မှန်းတန်ဖိုး ကျပ် ၄၇ သန်းခန့် တန်ဖိုးရှိ ကျောက်တုံးအရွယ်စုံ ၄၇၆ ကီလိုအား ဖမ်းဆီးနိုင်ခဲ့ပြီး ကျောက်စိမ်းတင်ဆောင်လာသည့် ယာဉ်ကိုလည်း အကောက်ခွန် ဥပေဒများအရ အရေးယူထားကြောင်း သိရသည်။

သြဂုတ် ၂၇ ရက်ကလည်း မန္တလေးမှ မူဆယ်သို့ ထွက်ခွာလာသည့် ကန်တာယာဉ်တစ်စီးအား မူဆယ်ယာဉ်ငယ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်မောင်း၏ ထိုင်ခုံနောက်ဘက်နှင့် ယာဉ်၏ပစ္စည်းမျိုးစုံထည့်သည့် Tool Box အတွင်း သိုဝှက်သယ်ဆောင် လာသည့် ကျောက်စိမ်းဟု ယူဆရသော လက်ကောက်အကြမ်း ၂၃၀၀ ကွင်းအား တွေ့ရှိသဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

ထို့အတူ သြဂုတ် ၁၂ ရက်က မန္တလေး ကျောက်ချောပူးပေါင်းစစ်ဆေးရေး စခန်းတွင် အကောက်ခွန် ဦးစီးဌာနမှ ကျောက်စိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျောက်ချောစခန်းတွင် ဖမ်းဆီးရမိခဲ့သည့် ကျောက်စိမ်းများမှာ မန္တလေးမှ မူဆယ်သို့ သယ်ဆောင်သွားမည့် ကျောက်စိမ်းများဖြစ်ပြီး ခန့်မှန်းတန်ဖိုး ကျပ် ၂၅ သိန်းရှိ ကျောက်စိမ်း ၁၇ ထုပ်ဖြစ်ကြောင်း သိရသည်။
သြဂုတ် ၁၈ ရက်ကလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ယာဉ်ငယ်စစ်ဆေးရေးဂိတ်၌ ခန့်မှန်းတန်ဖိုး ကျပ် ၁၂၃ သိန်းရှိ ကျောက်စိမ်းလက်ကောက် ၂၀၅၀ ကွင်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းတွင် ကျောက်စိမ်းဖမ်းဆီးရမိမှု ရှစ်မှုရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ် ၃၈ သန်းခန့်အား ဖမ်းဆီးအရေးယူ နိုင်ခဲ့သဖြင့် သြဂုတ်နှင့် စက်တင်ဘာလအတွင်း ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်း ၈၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျောက်စိမ်းကို ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်၊ မိုးညှင်း ဒေသများတွင် လည်းကောင်း၊ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၌ ခန္တီးမြို့နယ်တို့တွင် လည်းကောင်း ထုတ်ယူနိုင်ကြောင်း၊ အခြားကျောက်မျက် ရတနာများကိုမူ ကချင်ပြည်နယ် နန့်ယားဆိတ်၊ မန္တလေးတိုင်း ဒေသကြီးတွင် မိုးကုတ်နှင့် ရှမ်းပြည်နယ် မိုင်းရှူးမြို့များတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော အရည်အသွေးမြင့် ကျောက်စိမ်းများ မှောင် ခိုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်းမှုများ ရှိနေကြောင်းလည်း သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ သိရသည်။

မူဆယ်မြို့တွင် ဖမ်းဆီးရရှိသည့် ကျောက်စိမ်းလက်ကောက်များကို တွေ့ ရစဉ် (ဓာတ်ပုံ- အကောက်ခွန် ဦးစီးဌာန)
Eleven Media Group

မိုဘိုင်းဖုန်းထဲ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်နိုင်မယ်


Sunday, September 8, 2013

အော်ရီဒိုးမြန်မာက သူ့ရဲ့မိုဘိုင်းဖုန်းလိုင်းသုံးသူတွေဟာ အီလက် ထရွန်နစ်စနစ်နဲ့ ငွေဖြည့်နိုင်မယ် လို့ သြဂုတ်လ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်ရှိ (MPT) တို့ရဲ့နည်းက ငါးထောင်တန်/တသောင်းတန် ငွေဖြည့်ကတ် ၀ယ်ပြီး ဂဏန်းသိရဖို့ ဖုံးထားတဲ့ခဲကိုခြစ်ထုတ်ပြီး တလုံးချင်း ရိုက်ထည့် ရတဲ့နည်းလမ်းပါ။တခါတရံ တမိနစ် နှစ်မိနစ်အတွင်း ကိစ္စပြတ်ပါတယ်။
တခါတရံတော့ စိတ်ကို ဆွဲဆန့်ပြီး လုပ်ဆောင်ပါမှ ကိစ္စပြတ်ပါတယ်။

အီလက်ထရွန်နစ်စနစ်နဲ့ ငွေထည့်နိုင်မယ် ဆိုတော့ ငွေဖြည့်ကတ်ကိုပဲ အားကိုးစရာ မလိုတော့ဘူးပေါ့။

အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်ကြတာ တွေ့ရမှာပါ။

၁။ 7-11 ကုန်စုံဆိုင်လေးတွေမှာ အနည်းဆုံး ဘတ်တရာဖိုး သို့မဟုတ် နှစ်ရာသုံးရာဖိုး ၀ယ်ဖြည့်ကြတယ်။ (ဘတ်တရာ = US$ 3 ခန့်)
ဒီလိုဆိုင်တွေက ထိုင်းတနိုင်ငံလုံး နေရာအနှံ့ ရှိပြီး ၂၄ နာရီ ဖွင့်တာကြောင့် ကြိုက်တဲ့အချိန်မှာ သွားဖြည့်နိုင်ပါတယ်။
ဆိုင်တွေလည်း အမြတ်ရ၊ ဖုန်းကုမ္ပဏီလည်း ၀င်ငွေရ၊ ဖုန်းသုံးသူများလည်း အဆင်ပြေစေတဲ့နည်းပါပဲ။
ရာဂဏန်းဖိုးသာမက ထောင်ဂဏန်းဖိုး ၀ယ်ထည့်လည်း ရပါလိမ့်မယ်။
ကောင်တာရှေ့တပ်ထားတဲ့ စက်ပိစိလေးမှာ ကိုယ့်ဖုန်းနံပတ်ကို နှိပ်၊ ပြီးရင် ဘယ်လောက်ဖိုးထည့်မယ်ဆိုတာ ဆိုင်ဝန်ထမ်းကို ပြောလိုက်ရုံပါပဲ။
ကောင်တာမှာ အဲဒီစက်နဲ့ ကွန်ပြူတာနဲ့က ကျောချင်းကပ်ပြီး ကြိုးနဲ့ချိတ်ဆက်ထားတာပါ။
ဆိုင်ဝန်ထမ်းက ကွန်ပြူတာမှာ ကလစ် တချက်နှစ်ချက်နှိပ်ပြီး အတည်ပြုလိုက်တာနဲ့ ငွေဖြည့်ခြင်းကိစ္စ ပြီးမြောက်ပါပြီ။
ပိုက်ဆံရှင်းပြီးတာနဲ့ ဘယ်လောက်ဖိုးဝယ်တယ် ဆိုတဲ့ ဘောက်ချာစာရွက်ပိစိလေး ပေးပါလိမ့်မယ်။
ဆိုင်ထဲက ထွက်တဲ့အချိန်/ဆိုင်တံခါးဝ ရောက်တဲ့အချိန်မှာပဲ ကိုယ့်ဖုန်းကို message ၀င်လာပါတယ်၊ လူကြီးမင်းရဲ့ဖုန်းထဲ ငွေ ဘယ်လောက် ၀င်သွားပြီ။ ငွေပမာဏ စုစုပေါင်း ဘယ်လောက် ရှိနေပါပြီ စသဖြင့်...။

ရန်ကုန်မှာ ခပ်စိတ်စိတ် တွေ့လာရတဲ့ 108 ဆိုင်တွေ၊ ABC ဆိုင်တွေမှာ ဒီစနစ် တပ်ဆင်ဖို့ ဖုန်းကုမ္ပဏီတွေ အခုကတည်းက စဉ်းစားနေပြီလို့ ယူဆရပါတယ်။

ရှေ့လာမယ့်နှစ်ထဲ အပြိုင်ကြဲကြမယ့် ဖုန်းကုမ္ပဏီ ၄ ခုအကြောင်း ဧရာဝတီဘလော့မှာ ဖော်ပြပြီးပါပြီ။

၂။ မိုဘိုင်းဖုန်းဆိုင်တချို့မှာ ငွေပေးပြီး ဖြည့်တယ်။
ဒီနည်းက အထက်က နည်းလမ်းနဲ့ ဆင်တူပါတယ်။
သို့သော်လည်း ဒီဆိုင်တွေမှာ ကွန်ပြူတာစနစ်နဲ့ ဖြည့်တာ မဟုတ်ပါဘူး။
ဆိုင်မှာရှိတဲ့ လက်ကိုင်ဖုန်းထဲကို နံပတ်တွေ ရိုက်ထည့်ပြီး ငွေဖြည့်ပေးတာ တွေ့ရပါတယ်။
အထက်ကအတိုင်းပဲ ဆိုင်ထဲက ထွက်တဲ့အချိန်/ဆိုင်တံခါးဝ ရောက်တဲ့အချိန်မှာ ငွေလက်ခံရရှိကြောင်း ကိုယ့်ဖုန်းထဲ message ၀င်လာပါလိမ့်မယ်။
ကိုယ်က တယောက်ယောက်အတွက် ငွေဖြည့်ပေးရင်လည်း

အထက်က နည်းလမ်း ၂ ခု ကျင့်သုံးဖို့ ဆိုရင် ဖုန်းကုမဏီ နဲ့ ဆိုင်လေးတွေချည်းပဲ အချိတ်အဆက်လုပ် သဘောတူဖို့တင်မက ဘဏ်တွေနဲ့ပါ ချိတ်ဆက်ဖို့ လိုပါမယ်။

၃။ လမ်းဘေးဖုန်းနဲ့ ဆင်တူတဲ့ စက်လေးထဲ ငွေထည့်ပြီး ဖြည့်တယ်။
စက်အရွယ်အစားက လမ်းဘေးဖုန်းသေတ္တာအရွယ်ပါ။ တခါမှတော့ မသုံးဖူးပါဘူး။
ကိုယ့်နံပတ် ရိုက်ထည့်၊ စက်ထဲကို ထိုင်းနိုင်ငံသုံးငွေကို ထည့်ပြီး ငွေဖြည့်တဲ့စနစ် ဖြစ်ဖွယ်ရှိပါတယ်။
ကလေးတွေ၊ ဆယ်ကျော်သက်တွေကအစ သုံးလေ့ရှိပါတယ်။
ငွေပမာဏနည်းနည်းပဲဖြည့်လည်း ရပါလိမ့်မယ်။

ရှေ့နှစ်ထဲ မြန်မာပြည်မှာ ဒီစနစ် ကျင့်သုံးမယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာတွေက စက်နဲ့ ဈေးဝယ်တာ အတွေ့အကြုံ မရှိသေးလို့ပါ။
မြန်မာပြည်မှာ အကြွေစေ့ မရှိဘူး၊ ပြီးတော့ ငွေစက္ကူတွေကလည်း အရွယ်အစားစုံလင်လွန်းပါတယ်။
ဖုန်းကုမဏီတွေက ဒီအချက်တွေကို ထည့်တွက်မယ်လို့ ယူဆရပါတယ်။

၎။ ဖုန်းသုံးသူ မိတ်ဆွေအချင်းချင်း ဖြည့်ပေးတယ်။
ကိုယ့်ဖုန်းမှာ ငွေပမာဏ နည်းနေပြီ သို့မဟုတ် ကုန်သွားပြီ ဆိုရင် သူငယ်ချင်းတယောက်ရဲ့ ဖုန်းထဲကနေ ချေးယူလို့ ရပါတယ်။
ကိုယ်က လှမ်းယူလို့ မရပါဘူး။
ရှိတဲ့သူက ပေးမှ ဝင်လာမှာပါ။
အပြင်ထွက်ပြီး ဖုန်းငွေဖြည့်ဖို့ အခြေအနေ မပေးဘူး ဆိုရင် ဒီနည်းက အတော်လေး အသုံးတည့်ပါလိမ့်မယ်။ တခြားမြို့တမြို့ကို ရောက်နေတဲ့သူက လှမ်းပြီး အကူအညီပေးတာမျိုးလည်း ရှိပါတယ်။ ထိုင်းမှာက မြန်မာပြည်သားတွေ ပြန့်ကျဲနေတာ မဟုတ်လား။
ဒီနည်းအတွက် ဆိုရင် သူနဲ့ကိုယ်နဲ့ ဆင်မ်ကတ် အမျိုးအစား တူမှ ဖြစ်ပါလိမ့်မယ်။ ဥပမာ - သူက အော်ရီဒူးသုံးပြီး ကိုယ်က တယ်လီနော သုံးတယ်ဆိုရင်လည်း အပေးအယူ လုပ်လို့ မဖြစ်ပါ။

ဒီအတွက် ဝန်ဆောင်တဲ့အတွက် ဝန်ဆောင်ခ ယူတဲ့ ကုမ္ပဏီလည်း ရှိပါတယ်။ ကုမ္ပဏီတွေက ၂ ခါ မြတ်တယ်လို့ ဆိုနိုင်ပါတယ်။

အွန်လိုင်းကနေ ငွေဖြည့်လို့ ရမလား
အွန်လိုင်းကနေ ငွေဖြည့်ဖို့ ဆိုရင် ကိုယ့်ရဲ့ အမည်၊ ဘဏ်ကတ်နံပတ်၊ မိုဘိုင်းဖုန်းနံပတ်တို့ လိုပါလိမ့်မယ်။
ထိုင်းမှာ အင်တာနက်ကနေ ငွေဖြည့်လို့ ရ မရ မစုံစမ်းကြည့်ရသေးပါဘူး။
အခု အင်တာနက်သုံးနေပေမယ့် လိုက်ရှာမကြည့်တော့ပါဘူး။ ရှာကြည့်နေရင် ဟိုဟာဖတ်မိ ဒီဟာဖတ်မိနဲ့ ဒီစာကို ဒီနေ့ တင်ဖို့ အခက်အခဲ ရှိလာနိုင်ပါတယ်း)
ပြီးတော့ ... မီးနဲ့နက်က ရန်ကုန်မှာ သိပ်ပြီး အစိုးမရပါ။

နိဂုံး
အော်ရီဒူးမြန်မာက သူ့ရဲ့မိုဘိုင်းဖုန်းလိုင်းသုံးသူတွေဟာ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်နိုင်မယ် လို့ သြဂုတ် ၁၆ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အထက်ဖော်ပြပါ စနစ် လေးမျိုးကို လာမယ့်နှစ် မြန်မာပြည်အတွင်း ကျင့်သုံးဖို့ ဆိုတာက အော်ရီဒိုးမြန်မာအတွက် အခက်အခဲ ရှိပုံ မရပါဘူး။ တခြားနိုင်ငံတွေမှာ အော်ရီဒိုးက အကျင့်ရနေပြီ လို့ ယူဆရပါတယ်။
အခက်အခဲကတော့ အင်တာနက် နဲ့ လျှပ်စစ်မီးပဲ ဖြစ်ပါလိမ့်မယ်။
နက်နဲ့မီး အခြေအနေ ဒီထက်ပိုပြီး တိုးတက်မယ်ဆိုရင်တော့ မိုဘိုင်းဖုန်းသုံးသူတွေ အီလက်ထရွန်နစ်စနစ်နဲ့ ငွေထည့်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီလို ထည့်နိုင်ပြီ ဆိုရင် ခဲခြစ်ပြီး ငွေဖြည့်ရတဲ့အလုပ်ကို ကျနော်တို့ လုပ်စရာ မလိုတော့ဘူးပေါ့။
ခဲမှုန်တွေက ကျနော်တို့ရဲ့ ကျန်းမာရေးကို ဒုက္ခ လှလှပပ ပေးနိုင်တာကြောင့် အီလက်ထရွန်နစ်စနစ်နဲ့ ငွေထည့်နိုင်မယ့်ကာလ မြန်မြန် ရောက်လာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

The Irrawaddy (Burmese Version)

ဒိုင်ယာနာအဖြစ် သရုပ်ဆောင်ရန် အချိန်ယူ သုတေသနပြုခဲ့သည့် နာအိုမီ



Sunday, September 8, 2013

အသက်(၄၄)နှစ်ရှိ မင်းသမီးသည် Diana ဇာတ်ကားတွင် ကွယ်လွန်ခဲ့ပြီဖြစ် သည့် မင်းသမီး ဒိုင်ယာနာအဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။
ဗြိတိသျှ တော်ဝင်မင်းသမီး ဒိုင်ယာနာအဖြစ် ပါဝင်သရုပ်ဆောင်ရန် သူမအနေဖြင့် အချိန်ကြာမြင့်စွာ လေ့လာမှုများ ပြုလုပ်ခဲ့ရကြောင်း နာအိုမီဝတ်စ်က ဖွင့်ဟ ပြောကြားခဲ့သည်။ အသက်(၄၄)နှစ်ရှိ မင်းသမီးသည် Diana ဇာတ်ကားတွင် ကွယ်လွန်ခဲ့ပြီဖြစ်သည့် မင်းသမီး ဒိုင်ယာနာအဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။ စက်တင်ဘာလ (၂၀)ရက်နေ့တွင် ရုံတင်ပြ သမည့် ရုပ်ရှင်ဇာတ်ကား၏ အကြိုအဖြစ် အထူးပွဲ ပြသမှု အခမ်းအနားသို့ တက်ရောက်ရာ၌ နာအိုမီက သူမသည် ဒိုင်ယာနာအကြောင်း အတူးတလည် လေ့လာ အတုခိုးခဲ့ရကြောင်း ပြောဆိုသွားသည်။

"ကျွန်မက ဒိုင်ယာနာ ဖြစ်လာတဲ့ထိ လေ့ကျင့်ခဲ့ရတယ်။ သုတေသနပြုခဲ့ရ တယ်။ ဒိုင်ယာနာဟာ တကယ့်ကို စိတ်ဓာတ်ခိုင်မာပြီး ပျော်ပျော်နေတတ်တဲ့ အမျိုးသမီး တစ်ယောက်ပါ။ လူတကာကိုလည်း ကျီစယ် နောက်ပြောင်နေတတ် တယ်။ ဒီလို အရည်အသွေးမျိုးတွေကို ကျွန်မ ကိုယ်ပိုင် ဘဝအတွက်တောင် လိုချင်မိပါတယ်"ဟု နာအိုမီက ဆိုသည်။ ကြာသပတေးနေ့ ညနေပိုင်းက ဗြိတိန်ဖွား ဩစတြေးလျ ရုပ်ရှင်မင်းသမီး နာအိုမီသည် လန်ဒန်ရှိ လီဆက်စတာ ရင်ပြင်တွင် ပြုလုပ်သည့် ရုပ်ရှင်အထူးပွဲသို့ ဖြူလွသည့် ပွဲတက်ဝတ်စုံနှင့် တက်ရောက်လာခဲ့သည်။

ဝေလနယ်စားကတော် ဒိုင်ယာနာသည် (၁၉၉၇)ခုနှစ်၊ ဩဂုတ်လ (၃၁)ရက်နေ့က အသက်(၃၆)နှစ် အရွယ်တွင် ယာဉ်မတော်တဆမှုကြောင့် ပဲရစ်၌ ကွယ်လွန်ခဲ့ရှာသည်။ ယခုဇာတ်ကားသည် ဒိုင်ယာနာ၏ ဘဝ ဇာတ်ကြောင်း၊ ဒိုင်ယာနာ၏ လျှို့ဝှက် အချစ်ဇာတ်လမ်းများနှင့် မပြေ လည်ခဲ့သည့် အိမ်ထောင်ရေး အခြေအနေတို့ကို ပုံဖော် ရိုက်ကူး ထားခြင်း ဖြစ်သည်။ ဒိုင်ယာနာနှင့် နှလုံးအထူးကု ဆရာဝန် ဒေါက် တာ ဟတ်စ်နတ်ခန်း၊ ကုဋေကြွယ်သူဌေး ဒိုဒီအယ်လ်ဖာရတ်တို့၏ အချစ်ဇာတ်လမ်းများကို ယခုဇာတ်ကားတွင် ပြန်လည် ဖော်ကျူးထားပြီး နီဗန်အန်ဒရူးစ်က ဟတ်စ်နတ် အနေဖြင့်လည်းကောင်း၊ ကက်စ်အန်ဗာက ဒိုဒီအနေဖြင့်လည်းကောင်း အသီးသီး သရုပ်ဆောင်ထားကြောင်း သိရှိရသည်။

Planet Myanmar Network

အမျိုးသမီးများ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်ခြင်းရဲ့ အကြောင်း






အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ


ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ၊
ရင်ဖွင့်တာပါရှင့်။ ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမ
အရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။ ပြောချင်တာက ကျမ တခါမှ ယောက်ျားနဲ့ တူတူ
မနေဘူးပါဘူး။ ချစ်သူရှိတယ် ဆိုတာကလည်း သူက အဝေးမှာပါရှင့်။ ကျမမှာ
မကောင်းတဲ့အချက်တခုရှိပါတယ်။ ကျမ လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။


ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့
အကျင့် ဖြစ်သွားခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင်ထူထူနဲ့ဟာမျိုးနဲ့ ၁
နှစ်လောက်ထိ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ကိုယ်ပဲ
လုပ်ပါတယ်။ မလုပ်ရင်လည်း ကျမ တကယ် မနေနိုင်တော့လို့ပါရှင့်။ အမှန်ဆိုရင်တော့


အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ အပြစ်ရှိလားရှင့်။ အခု
ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ထင်ရတဲ့ ဘယ်ဘက်ဆီးခုံ အထက်နားက တခါတခါဆိုရင်
အရမ်းနာပါတယ်။ ဆိုင်ကယ် စီးတဲ့အခါမျိုးမှာလည်း နာပါတယ်။ နောက်ပြီး
လိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း ကြောက်လို့ ဘာနဲ့မှ
မလုပ်ဖြစ်ပါဘူးရှင့်။ အဲဒါဆိုလည်း အဲလိုစိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။
အဲဒါ ကျမ သားအိမ်မှာ ရောဂါများ ရနေတာလား၊ ကျမ လိင်ဆက်ဆံချင်တဲ့စိတ်က ခဏခဏ
ဖြစ်တာလည်း ရောဂါလားရှင့်။ နောက်ပြီး ကျမ ရည်းစားနဲ့ အိမ်ထောင်ကျခဲ့ရင်ကော ကျမ
အဲလိုမျိုးတွေ လုပ်ခဲ့ဖူးတာ ပြောပြရမှာလားရှင့်။ ကျမကို ဖြေကြားပေးပါရှင့်။


မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့
ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။
အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey
(အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ
ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ
လေ့လာမှုလုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%
လုပ်ဖူးကြတာ သိရတယ်။


၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက်တွေကို
နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm
(အော်ဂဇင်မ်) လိင်ဆန္ဒပြည့်ဝမှု ဆိုတာ အခွင့်အရေးတရပ် ဖြစ်တယ်လို့တောင် လက်ကမ်း
ကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy
ဆယ်ကျော်သက်-ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်စေဘို့
ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့
လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ
မကူးစက်နိုင်ပါ။


Benefits ကောင်းကျိုးတွေ
• Intercourse တကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လို့
တခြားမသင့်တာမျိုး အားကိုးစရာမလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။
• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေး
အားပေးတယ်။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှုတခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ
သုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။
• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေတာကြောင့် ဗဂျိုင်းနာ၊
သားအိမ်ဝ နဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့
ပိုပြီးအဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး
၁-၄၅ မိနစ်အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကို
ကောင်းကောင်းရောက်စေတယ်လို့ သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။
• Female masturbation ကြောင့် သားအိမ်ဝက အချွဲကို အက်စစ်ဓါတ်ပိုစေတာမို့
ရောဂါပိုးဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။
• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem
ကိုယ့်ကိုယ်ကို ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။
• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန်အလှန် လိင်စိတ်ဖြေပေးကြတာ
ဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကို
ဖေါ်ထုတ်ပေးမယ်။
• (STDs) လိင်ကတဆင့်-ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။
• Masturbation လုပ်ပြီး Sexual climax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါ
ပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleep
အိပ်ပျော်စေမယ်။
• တချို့ဆရာဝန်တွေက (မာစတာဘေးရှင်း) လုပ်တာဟာ Cardiovascular workout
နှလုံး-သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။
• ကိုယ်ဝန်မရစေဘူး။


Risks ဘာတွေကို ဂရုစိုက်ရမလဲ
• လက်ကို မတိုင်ခင် အသေအခြာ ရေဆေးပါ။ လက်သည်းဖြတ်ထားရမယ်။ လက်မှာ အနာအဆာ
မရှိရဘူး။
• အသုံးပြုတဲ့ ကိရိယာပစ္စည်းကြောင့် ဘေးဖြစ်မှာသတိထားပါ။ ဂျာမနီမှာ တခါက
အမျိုးသမီးတယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့
ဆီးသွားပေါက် မှားသွားလို့ဖြစ်တယ်။
• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves
(လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။
စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန်လက်သွားတာ မကောင်းဘူး။
• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ
ကျွတ်ကျန်နေမှာကို သတိထားရတယ်။


Methods နည်းလမ်းတွေ
“ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ” လို့ Paul Joannides
စိတ်အထူးကုဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂)
Vibrators ကရိယာဖြစ်တယ်။ အမေရိကားမှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝ
နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တဝက်ကျော်က Vibrator သုံးတယ်”
လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual Health
Promotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။ သူတို့ဟာ
Masturbation ဖါသာ-အာသာဖြေတာမှာရော Intercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။


Fingering လက်ကိုသုံးတဲ့နည်း
• Vaginal fingering ဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစ်၊
ဥပဒေသုံးလဲဖြစ်တယ်။ လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။
လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။
• Clitoris မ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့
ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။
• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊
ကဲစေဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။
• ဒီလိုလုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တကယ့်လိင်ဆက်ဆံမှုရဲ့
အစိတ်အပိုင်းအဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activities
ကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။
• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေပေးတာမှာလဲ
သုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။
• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulva
မိန်းမကိုယ်နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitoris
မ-အစိကိုပွတ်သပ်ခြင်းဟာ အဓိကအရေးပါတယ်။
• Clitoral body မ-အစိကိုယ်ရော Shaft အရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့်
Skin of the clitoral hood မ-အစိအထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊
စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။
• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာမှန်သမျှကိုလဲ
အသုံးပြုနိုင်တယ်။


Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။
• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့
(ရှေ့ဆိုတာ ပက်လက်အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။
• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။
• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။
• ကိုယ့်ဖါသာကိုယ်လုပ်သူတွေက ဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှုပိုစေမယ်ဆိုတာ
ကိုယ်တိုင်သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစိုစွပ်လာမှာ အမှန်ပါ။
• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra
ဆီးထွက်လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။
• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာ
Antibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostate
ဆီးကျိတ်ကထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျအထိ လက်ထည့်ရမှာမို့
လက်ချောင်းသုံးတာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။


Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း
• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား)
ရောဂါကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ
ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာ
ဖြစ်လာတယ်။
• ၂ဝဝ၉ လေ့လာမှုတခုအရ အမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ
၅၃% ဟာ Vibrator သုံးသတဲ့။
• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက်
Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော
Intercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။
• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကို
ထိမိစေရတာဖြစ်တယ်။ ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။
o G-Spot Vibrator ဆိုတာလဲလာသေးတယ်။ ခပ်ကောက်ကောက်ပုံရှိတယ်။
o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအတိုင်း အရွယ်တူ လုပ်ထားတဲ့
ကစားစရာမျိုးဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber
(ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။
o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။
o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)
ကိုပါ ထိမိစေဘို့ လုပ်တားတယ်။
• ကနေဒါနိုင်ငံက (တိုရွန်တို) လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို
အသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို
Desensitize ပြောင်ပြန်အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်က
သူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့
အကြံပေးတယ်။ Autonomic nervous system အလိုအလျှောက် သက်ရောက်တဲ့
အာရုံကြောစနစ်က အကျင့်ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။
• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။
Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။


တခြားနည်းတွေ
• တချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့
သွားတိုက်တံခေါင်းရဲ့ နောက်ဖက်၊
• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊
• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။
• တခြားနည်းနာတွေလဲ ရှိမှာပါ။


ရောဂါမဟုတ်ပါ
• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာအာသာဖြေဖျောက်တာလုပ်မိတာကို Feel
guilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု
ဆရာဝန်တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။
• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။
Solo sex တယောက်ထဲစခန်းသွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာ
စိတ်ကူးထည့်စရာလဲ မလိုဘူး။
• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။
ကိုယ့်အတွက်ကိုယ်လုပ်တာသာဖြစ်
တယ်။ သူနဲ့နေတဲ့အခါမှာလဲ ပိုပြီးသာလွန်ကောင်းမွန်စေနိုင်


သေးတယ်။
သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။
• ယောက်ျားနဲ့နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။
Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှု နဲ့ Orgasm
(အော်ဂဇင်မ်) တွေမျာ ပိုကောင်းစေတယ်။
• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။
• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများတတ်တယ်။
ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။
• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာ
ရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း)
ထတတ်တယ်။
• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင်
ဖြစ်ချင်တာတွေ ကိုပါ သက်သာစေမယ်။


Dr.တင့်ဆွေ

ယာဉ်တိုက်မှုဖြစ်ပွားပြီး တိမ်းရှောင်နေသည့် ကျူးလွန်သူများကို ဖမ်းမိနိုင်ရေး ပြည်သူများ ပူးပေါင်းပါဝင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ပြောကြား




Created on Saturday, 07 September 2013
ရန်ကင်းမြို့နယ်အတွင်း အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် လမ်းဘေးပလက်ဖောင်းအား ကျော်လွန်ကာ မြောင်းထဲသို့ ပြုတ်ကျခဲ့သည့် ယာဉ်တစ်စီး (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

မြန်မာနိုင်ငံအတွင်း ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ကျူးလွန်သူများကို ဖမ်းဆီးရရှိမှု မရှိသည့် ဖြစ်စဉ်များ ရှိနေသဖြင့် ပြည်သူများ ပူးပေါင်းပါဝင်ရန် အထူးလိုအပ်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက စက်တင်ဘာ ၇ ရက် နံနက်က ပြောကြားသည်။ ယင်းကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ကျူးလွန်သူများကို ဖမ်းဆီးရရှိခဲ့သည့် ဖြစ်စဉ်များ ရှိနေသော်လည်း ထွက်ပြေးတိမ်းရှောင်နေသည့် ကျူးလွန်သူများကို ကာလရှည်ကြာစွာ မမိသေးသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

ပြည်သူတွေအနေနဲ့ ကားအရောင်၊ ကားရဲ့အက္ခရာနဲ့ ရှေ့ဂဏန်းနှစ်လုံးကို သိတယ်ဆိုတာနဲ့ ဒီကျူးလွန်တဲ့သူကို အမြန်ဆုံး ဖမ်းမိနိုင်ပါတယ်။ အချို့ဖြစ်စဉ်တွေက ပတ်ဝန်းကျင်မှာ လူတစ်ယောက်မှ မရှိတဲ့ အမှုမျိုးဆိုရင်တော့ ကျူးလွန်သူကို ဖမ်းမိဖို့ တော်တော်လေးကို စစ်ဆေးရပါတယ် . . . . .


"ယာဉ်တိုက်ပြီး ထွက်ပြေးသွားတဲ့ ကျူးလွန်သူတွေကို ဖမ်းမိတာတွေ ရှိသလို ဖမ်းမမိသေးတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ အချို့တရားခံတွေကိုလည်း နှစ်ချီပြီးတော့ မမိသေးတာတွေလည်း ရှိတယ်။ ဒီလိုထွက်ပြေးသွားတဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ ပြည်သူတွေ အနေနဲ့ တိုက်ပြီးထွက်ပြေးသွားတဲ့ ကားအရောင်၊ ကားအမျိုးအစားနဲ့ ကားနံပါတ်ကို သက်ဆိုင်ရာ ရဲစခန်းကို သွားရောက်ပြီးတော့ ရဲရဲဝံ့ဝံ့ သတင်းပေးပြီးတော့ ပူးပေါင်းပါဝင်ဖို့ လိုတယ်။ အချို့ဖြစ်စဉ်တွေမှာဆို ယာဉ်တိုက်မှု ဖြစ်သွားတဲ့ နေရာတွေမှာ နယ်မြေခံရဲတွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ မရှိတဲ့ အခါကျရင်တော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပြည်သူတွေက ပူးပေါင်းပါဝင်ဖို့ အထူးလိုအပ်တယ်။ မျက်မြင်တွေ့လိုက်တဲ့ ပြည်သူတွေအနေနဲ့ ကားအရောင်၊ ကားရဲ့အက္ခရာနဲ့ ရှေ့ဂဏန်းနှစ်လုံးကို သိတယ်ဆိုတာနဲ့ ဒီကျူးလွန်တဲ့သူကို အမြန်ဆုံး ဖမ်းမိနိုင်ပါတယ်။ အချို့ဖြစ်စဉ်တွေက ပတ်ဝန်းကျင်မှာ လူတစ်ယောက်မှ မရှိတဲ့ အမှုမျိုးဆိုရင်တော့ ကျူးလွန်သူကို ဖမ်းမိဖို့ တော်တော်လေးကို စစ်ဆေးရပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးကျော်ထွေးက စက်တင်ဘာ ၇ ရက် နံနက်က ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ယခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ရှစ်လတာကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၇၆၀၀ ကျော် ဖြစ်ပွားခဲ့ကာ သေဆုံးသူ အရေအတွက်မှာ ၂၀၀၀ ကျော်ထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၃၀၀၀ နီးပါး ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


Eleven Media Group

မြိတ်မြို့ ဘုရားကိုင်ချောင်းအတွင်း BA-63 သေနတ်နှင့် ကျည်ဆန်များတွေ့ရှိ




မြိတ်မြို့ ဘုရားကိုင်ချောင်းအတွင်း တွေ့ရှိရသော လက်နက်နှင့် ကျည်ဆန်များအား စစ်ဆေးမှု ပြုလုပ်နေစဉ်

စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မြိတ်မြို့၊ ရေနံမြေနှင့် နောက်လယ်ကြားရှိ ဘုရားကိုင်ချောင်းထဲတွင် BA-63 သေနတ်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့ရကြောင်း သိရသည်။

မြိတ်တောင်နယ်၊ မြို့သစ် ၁ ရပ် ရွှေနှင်းဆီလမ်းနေ မောင်စိုးနိုင်အသက် ၁၆ နှစ်(ဘ) ဦးဝယ်မှ နံနက်ပိုင်း ဒီရေကျချိန် တံတားအောက်တွင် ပလပ်စတစ်အိတ်များ၊ သံတိုသံစများ လိုက်လံကောက်ရာတွင် ပလစ်စတစ်အိတ် အဟောင်းဖြင့် ထုပ်ထားသော လက်နက်များနှင့် ကျည်ဆန်များကို တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"နံနက် ၆ နာရီကျော်လောက်မှာ တွေ့တာ။ ပလပ်စတစ်အိတ်နှင့်ထုပ်ပြီး လာပစ်ထားတဲ့ ပုံစံပဲ။ မကြာခင်မှာ ရဲတွေရောက်လာပြီး လာသိမ်းသွားတာ တွေ့ရတယ်။ ဒီချောင်းက ပင်လယ်ထဲကို စီးထွက်နေတဲ့ ချောင်းတစ်ခု ဖြစ်ပါတယ်" ဟု ရေနံမြေရပ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ချောင်းအတွင်း တွေ့ရှိခဲ့ရသည့် သေနတ်နှင့် ကျည်ဆန်များမှာ BA-63 မောင်းပြန်ရိုင်ဖယ်၊ G-3 (သေနတ်ဒင်မပါ) မောင်းတုံးစပရင်ပါသော ကိုယ်ထည်တစ်ခု၊ ကျည်ဘောက် ၆ ခု၊ ၇.၆၂ ကျည် ၂၈ တောင့်၊ ကာဘိုင်ကျည်ဘောက် ၁ ခု၊ G-3 သေနတ်လက်ကိုင် တစ်ခု၊ သေနတ်ဒင်ပိတ် တစ်ခုနှင့် ၉ မမကျည်အတောင့် ၂၀ ဖြစ်ကြောင်း သိရသည်။

"လာပစ်သွားတာလား ဒါမှမဟုတ် လာသိမ်းထားပြီး ရေတိုးအားကြောင့် အိတ်ပြဲပြီး လူတွေတွေ့သွားတာလားတော့ မသိဘူး။ အခုတွေ့ရတဲ့ BA-63 သေနတ်ဆိုတာ အရင်က စစ်တပ်မှာ အသုံးပြုခဲ့တဲ့ သေနတ်တွေပဲ။

၉ မမကျည်တွေကလည်း အရာရှိတွေ အသုံးပြုတဲ့ သေနတ်ကျည်တွေဖြစ်တယ် BA-63 သေနတ်တွေကတော့ အခုခေတ်မှာ မသုံးကြတော့ဘူး" ဟု ရေကြောင်းလူငယ် စစ်သင်တန်း တက်ဖူးသူ တစ်ဦးက ပြောကြားသည်။

ပိုင်ရှင်မဲ့ ယခုတွေ့ရှိရသော လက်နက်နှင့် ကျည်ဆန်များကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် အမှတ် ၃၄၂ စက်လက်နက်ပစ္စည်း တပ်သို့ ပေးပို့အပ်နှံထားကြောင်း သိရသည်။

Eleven Media Group

Who are they ?






"တစ်နှစ် တစ်ခါလောက် အမြဲ ပုံမှန် ဆေးစစ်နေရလို့ 
မြန်မာရုပ်ရှင်ကား တွေ ထဲကလို ဗီလိန် ခပ်ပေါပေါ HIV ရှိမယ့် ကောင်တွေ တစ်ကောင်မှ မပါ သလို ကျန်းမာရေး ဒေါင်ဒေါင်မြည် ရော ဂါပိုး အကုန်လုံး ကင်းရှင်းကြသူတွေမို့  ကမ္ဘာကျော် အားကစားသမားတွေ မဟုတ်ကြဘူး......"

"ဒေါ်လာမြောက်များစွာ တန်ဖိုး ရှိတဲ့ Chemical Liquids တွေ နဲ့  အလုပ် လုပ်နေကြရပေမယ့် Chemists တွေ တော့ မဟုတ်ကြဘူး......"

"လမ်းဆိုတာ မမြင်ဘဲ သွားနေကြရတဲ့ သူတွေ ဖြစ်ပေမယ့်
မျက်မမြင်တော့ မဟုတ်ကြဘူး......"

"မြန်မာတစ်နိုင်ငံလုံးမှာ ၁၀ တန်းအောင်လျှင် အထူးချွန်ဆုံး ကျောင်း သားတွေ ရွေးချယ် လျှောက်လှမ်း ခံခွင့် အရချင်ဆုံး လုပ်ငန်းခွင် အမျိုးအစားထဲက လူသားတွေ ဖြစ်ပေမယ့်
ဆေးကျောင်း သား ဆရာဝန် တွေ မဟုတ်ကြဘူး..."

"သမီးရှင်ယောက္ခမ တိုင်း နီးပါး သဘောကျပြီး ဆရာဝန်မ၊ အင်ဂျင်နီယာမ၊ တက္ကသိုလ် ဆရာမ၊နာမည်ကြီး မင်းသမီးအဆိုတော်၊ မြန်မာနိုင်ငံက ပညာတတ်ရုပ်ချောဥစ္စာပေါ ပျိုပျိုတိုင်း သဘောကျနှစ်သက် အိမ်ထောင်ဘက် အဖြစ် အားကိုးချစ်ခင်ခြင်း ခံနေကြရပေမယ့်...
ကိုရီးယားမင်းသားတွေ တော့ မဟုတ်ကြဘူး....."

"မြန်မာရုပ်ရှင် ဒါရိုက်တာများ နှင့် ဇာတ်ညွှန်းရေး ဆရာများ အားလုံး က မနာလို ၀န်တိုခြင်း အကြီးအကျယ်ခံနေရ ပေမယ့်
ဟောလိဝုဒ်နဲ့  ကိုရီးယား က ဒါရိုက်တာတွေ မဟုတ်ဘူး.."

"ကမ္ဘာပေါ်က နာမည်ကြီး နိုင်ငံ တွေ အကုန်လုံး ရောက်ဖူး နေကြတဲ့ သူတွေမို့  ဘီလျံနာ သန်းကြွယ်သူဌေးကြီး တွေတော့ မဟုတ်ကြဖူး..."

"တိုင်းပြည် က အလွန်အားကိုးအားထားရပြီး နိုင်ငံ အပေါ် အလုပ်အကျွေးပြု သူတို့ ရဲ့  ချွေးနှဲစာ ဖြူစင်မွန်မြတ်လွန်းလှတဲ့ ၀င်ငွေနဲ့  နှစ်စဉ် ဒေါ်လာ သန်းချီအများဆုံး အခွန်ငွေ မှန်ကန်တိကျစွာ နဲ့  ပေးဆပ် တာဝန်ထမ်းဆောင် နေကြသူ တွေ ဖြစ်ပေမယ့်
မြန်မာနိုင်ငံ က ခရိုနီကြီး တွေ မဟုတ်ကြဘူး...."

" မြေကြီးပေါ် နင်းလျှောက် လိုက်ရတဲ့ ခံစားမှု အရသာရလိုက်တာ နဲ့  မျက်နှာက အလိုလို ပြုံးဖြီး လာတတ်သူတွေ ဖြစ်ပေမယ့်
ရွာသာကြီး က လူတွေ မဟုတ်ကြဖူး...."

"အဖြူရောင် ၊အနီရောင်၊ အ၀ါရောင်၊ အစိမ်းရောင် အရောင်များကို စိတ်ဝင်တစား ခွဲခြား လေ့လာ စူးစမ်း လေ့ရှိပေမယ့်
ဒီဇိုင်နာ များ မဟုတ်ကြဘူး ..."

"မိသားစု၊ ဆွေမျိုး အပေါင်းအသင်း၊ဇနီးမယား သမီးရည်းစား ချစ်သူခင်သူတွေ ကို သံယောဇဉ် ခပ်ပြတ်ပြတ် မတွေ့  မမြင် ဘဲ အကြာကြီး နေနိုင်ကြသူတွေဖြစ်ပေမယ့်..

သူတော်စဉ်အရိယာ ကိလေ သာ ကုန်ခမ်း တောထွက်မယ့်ပုဂ္ဂိုလ်ထူးတွေ မဟုတ်ကြပါဘူး..."

ဗျာ.............................

ပင်လယ်ခရီးသွား အံ့ဖွယ်ဟိန်း

Posted From Arnt Bwe Hein

Related Posts Plugin for WordPress, Blogger...