Tuesday, September 24, 2013

"နိုင်အောင်၊ ခင်ဥမ္မာနှင့် TAT တို့တွေ့ကြသောအခါ ”



ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကလာမယ့်အောက်တိုဘာလအတွင်း  ပြည်ေ ထာင်စုအဆင့် အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေး ပွဲများ ဖြစ်မြောက်အောင် ဆောင် ရွက်မယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း ကချင်ပြည်နယ်မှာ ကေအိုင်အိုလှုပ်ရှားရာနယ်မြေအတွင်းရှိ ဒုက္ခသည်စခန်း များကို UN အကူအညီပေးရေးအဖွဲ့များလည်း ရောက်ရှိလှုပ်ရှား ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။ ဒီအချိန်မှာဘဲ အမေရိကန်အခြေစိုက် FORUM FOR DEMOCRACY IN BURMA(FDB) အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဆိုသူ ဒေါက်တာနိုင်အောင်နဲ့ သူ့ရဲ့ဇနီး ခင်ဥမ္မာတို့ဟာလည်း ကချင်ပြည်နယ် မြစ်ကြီးနား မြို့ကို ရောက်ရှိ လှုပ်ရှားလာပါတယ်။
       
ဒေါက်တာနိုင်အောင်ဆိုတာကတော့ABSDF(မြောက်ပိုင်း) ပါဂျောင်လူသတ်ကောင်အဖြစ် အဓိက တာဝန်ရှိ တယ်လို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဖြစ်သူ ခင်ဥမ္မာကလည်း ဒီမိုကရေစီအရေး၊ အမျိုးသမီး အခွင့်အရေး၊ လူ့အခွင့်အရေးများကို အကြောင်းပြုပြီး မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်အောင် ပြည် ပ အေ ထာက်အပံ့ယူ လှုပ်ရှားနေသူတစ်ဦးဖြစ်ပါတယ်။ နားလည်လွယ်အောင် ပြောရရင်တော့ သူတို့ လင်မ ယားဟာမြန်မာပြည်ဒီမိုကရေစီအရေးကိုအကြောင်းပြပြီးနိုင်ငံအတွင်းမတည်မငြိမ်ဖြစ်အောင်ဆောင် ရွက်ရင်း၊ နိုင်ငံတကာအကူအညီများနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ လူတစ်စုထဲ က လူတွေဖြစ် ပါ တယ်။
       
စက်တင်ဘာလ ၁၉ရက်နေ့မှာ သူတို့ ၂ ဦးအပါအ၀င် FDB က နိုင်ငံခြားသား/သူ ၅ ဦးတို့ဟာ မြစ်ကြီးနား  မြို့၊ Technical Advisory Team ရုံးခန်းမှာ ရုံးတာဝန်ခံ ဂေါ်လူလအောင်တို့အဖွဲ့နဲ့ တွေ့ဆုံခဲ့ကြပါ တယ်။လိုင်ဇာဒေသမှာရှိတဲ့ လုံခြုံရေးအရရွှေ့ပြောင်းစခန်းတွေကို UN အဖွဲ့အစည်းတွေက စားနပ်ရိ က္ခာ ထောက်ပံ့နေမှုအခြေအနေတွေကို အဲဒီမှာနေကြတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေတွေနဲ့ပတ်သက်ပြီး စုံစမ်းသွားခဲ့တယ် လို့ဆိုပါ တယ်။နေ့လည်ပိုင်း မှာတော့ ၀ိုင်းမော်မြို့၊ ရပ်ကွက်(၄)၊ သာဂရ၊ သရက်တောဘုန်းတော်ကြီးကျောင်းမှာဖွင့်ထားတဲ့ လုံခြုံရေး အရ ပြောင်းရွှေ့စခန်းကို သွားခဲ့ပါတယ်။

စခန်းမှာ ပြောင်းရွှေ့မိသားစုတွေနဲ့တွေ့ပြီး သူတို့အနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီနေတဲ့ အကြောင်း၊စခန်းမှာနေထိုင်ကြရသူမိသားစုများအနေနဲ့မိမိတို့နေရပ်ကိုပြန်လိုကြမည်ဖြစ်ကြောင်း၊စွန့်ခွာ ပစ်ထားရ သည့်အိုးအိမ်ခြံမြေ၊ အိမ်မွေးတိရစ္ဆာန်များ ဖရိုဖရဲဖြစ်နေကြောင်း၊ဘယ်အချိန်အထိလုံခြုံရေး အရရွှေ့ပြောင်း စခန်းမှာ နေထိုင်ရမည်ကို လူကြီးများလာရင်မေးရန်လိုကြောင်း စည်းရုံးပြောကြား သွားခဲ့ပါတယ်။ဒီစခန်းကို ၁-၂-၂၀၁၂ ရက်နေ့မှာ စတင်ထူထောင်တာဖြစ်ကြောင်း ၊စခန်းမှာလာရောက်နေ ထိုင်ကြတဲ့ မိသားစုရဲ့ စား ၀တ်နေရေးနဲ့ပတ်သက်ပြီး UN နဲ့ NGO အဖွဲ့တွေကမကြာခဏ လာရောက်ထောက်ပံ့ပေးလို့ အဆင်ပြေကြောင်းနဲ့ကျန်းမာရေး အတွက်သက်ဆိုင် ရာ ကျန်းမာရေး ဌာနတွေက အပတ်စဉ် လာရောက် စစ်ဆေးပေး တယ်လို့ စခန်းတာဝန်ခံက ပြန်လည် ရှင်း ပြခဲ့ပါတယ်။

နည်းပညာအထောက်အကူပြုအဖွဲ့ (Technical Advisory Team-TAT) ဆိုတာကတော့ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ကေအိုင်အိုအဖွဲ့အ
ကြားငြိမ်းချမ်းရေးဆွေးနွေးမှုတွေတိုး တက်အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းပေးထားတဲ့အဖွဲ့ပါ။ TAT အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်အဆင်ပြေအောင် စေတနာမှန်မှန်နဲ့ အစဉ်အားထုတ်ဆောင်ရွက်ပေးရမယ့် အဖွဲ့ပါ။ လတ်တလော TAT ဘာလုပ်နေသလဲ၊ ကေအိုင်အိုစစ်ခေါင်းဆောင် ဂန်ရှောင်က အထူး တာဝန် ပေးထားလို့ TAT ရုံးက ဂေါ်လူလအောင်တစ်ယောက် အလုပ်ရှုပ်နေပါတယ်။ သူခိုင်းထား တာတွေ ကလည်း ဒီစက် တင်ဘာလမကုန်မီ အပြီးလုပ်ပေးရမှာဆိုတော့ အလုပ်ရှုပ်ပြီပေါ့။

ဂန်ရှောင်ဘာတွေခိုင်းထားလို့ ဂေါ်လူလအောင်ဘာတွေအလုပ်ရှုပ်နေလဲ၊ငြိမ်းချမ်းရေးကိစ္စ တွေလား၊မဟုတ်ပါဘူး။မြန်မာ့လေတပ်ကခေတ်မီလေယာဉ်တွေနဲ့ ကချင်ပြည်နယ်မှာကောင်းကင် ဓာတ်ပုံရိုက်နေ တယ်ကြားတယ်၊အဲဒါဟုတ်သလား။ ကေအိုင်အို/ကေအိုင်အေကိုလေကြောင်းကတိုက်ခိုက်ဖို့စီမံလေ့ကျင့်နေ တယ်ကြားတယ်။ အဲဒါဟုတ်သလား။ မြစ်ကြီးနားမှာရှိတဲ့ ခေတ်မီတိုက်လေယာဉ်တွေ တိုက်ပွဲဝင်စွမ်းပကား ဘယ်လောက် ရှိသလဲ၊ ဘယ်နေရာတွေကို ဦးစားပေးလေကြောင်းဓာတ်ပုံရိုက်နေလဲ၊ ကြိုသိရင် ကြိုရှောင်လို့ရအောင်၊ အဲ့ဒီလေယာဉ်တွေကို ဘယ်သူကွပ်ကဲထားလဲ။ စစ်ရုံးကလား၊ တိုင်းမှူး ကလား စသည်ဖြင့် သိချင်နေ တာပါ။ တကယ်လေကြောင်းက တိုက်ခိုက်မယ်ဆိုတဲ့ ကောလာဟလ ကြားရတော့ ဂန်ရှောင် လည်း နည်း နည်းတော့ ကြက်သီးထတာပေါ့။ လောလောဆယ်မှာတော့ TAT လည်း ငြိမ်းချမ်းရေး အလုပ်တွေ မလုပ်ပါ ဘူး။ ယုံကြည်မှုတည်ဆောက်ရင်း သူလျှိုအလုပ်ကို လုပ်နေကြတာပေါ့။ တကယ် တမ်းပြောရရင်ေ တာ့ ကေအိုင်အို/ကေအိုင်အေဟာ ဘယ်တုန်းကမှ ငြိမ်းချမ်းရေးကို စိတ်မ၀င်စား ခဲ့ပါဘူး။
       
ကဲ ပြည်ဖျက်နိုင်အောင်တို့လင်မယားနဲ့ဝမ်းတွင်းရူး ကေအိုင်အို/ကေအိုင်အေတို့ တွေ့ကြပြီ။သူတို့ဘာဆက်
လုပ်ကြမလဲ၊ စောင့်ကြည့်ကြပါဦးစို့…………။
     
အောင်ဘာလေ

တက်တူးထိုးသူမိန်းကလေး ရေချိုးခွင့်မရ




Maori မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာတွင် ဆေးမင်ကြောင် ရုပ်ထိုးထား သောကြောင့် အများပြည်သူရေချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

သူမသည် ဂျပန်နိုင်ငံမြောက် ပိုင်း Hokkaido ရှိ Eniwa ရေချိုးရာနေရာသို့ တက်တူးထိုးထား သောကြောင့် ဝင်ခွင့် မရကြောင်း AFP သို့ ပြောသည်။ သူမသည် တိုင်းရင်းသားပညာရပ်ဆိုင်ရာ စည်းဝေးပွဲသို့ တက်နေ သူဖြစ်ပြီး ထိုသို့ငြင်းပယ်ခံရခြင်းမှာ ယာကူဇာကဲ့သို့ မြေအောက်ဂိုဏ်း သားများဝင်ရောက်ခြင်းကို ဟန့် တားသည့်စည်းမျဉ်းနှင့် ငြိစွန်းနေ ၍ဖြစ်ကြောင်း သိရသည်။

မျက်နှာတွင် ta moko မင် ကြောင်ထိုးခြင်းဓလေ့မှာ မည် သည့်လူမျိုး မည်သည့်ဒေသမှလာ သူဖြစ်ကြောင်း လူအများသိစေရန်ဖြစ်ကြောင်း၊ သူမ၏မင်ကြောင် ကို ကြည့်ခြင်းအားဖြင့် သူမမည် သူမည်ဝါဖြစ်ကြောင်း သိစေသည် ဟု ရှင်းပြသည်။ ရိုးရာမင်ကြောင် ထိုးခြင်းသည် လူမှုရေးဆန့်ကျင်သည့် သဘောမျိုးမဟုတ်ကြောင်း၊ သူမ၏ ယဉ်ကျေးမှုဓလေ့တွင် ဂုဏ်သရေရှိသူများသာ ထိုးခွင့်ရှိ ကြောင်း Ainu ဘာသာရပ်သင် ကြားနေသော ကထိက Kenji Sekine က ကန့်ကွက်လိုက်သည်။

အသက်၆ဝရှိ သူမ၏နှုတ် ခမ်းနှင့် မေးစေ့တွင် ta moko ထိုး ထားကြောင်း တွေ့ရသည်။ ဂျပန် လူမျိုးအချို့သာ တက်တူးထိုးကြ ၍ အနောက်နိုင်ငံများတွင် တက် တူးထိုးခြင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ကိုအံ့ဩနေကြသည်။
By YMG

သုဘရာဇာမှကမ္ဘာကျော်ဖြစ်လာသူ(သို့) ရော့စတီးဝဒ်



-
Rod Stewart
-
မြန်မာပြည်ကရော့ခ်အဆိုတော်ကြီး ဇော်ဝင်းထွဋ်ရဲ့ကျေးဇူးရှင် သီချင်းရေးဆရာ၊အဆိုတော် Rod Stewart ဟာ ၁၉၄၅ခုနှစ် လန်ဒန်မြောက်ပိုင်းမှာမွေးဖွားခဲ့ပြီးအခုဆိုသူဟဟာ ၆၇နှစ်ရှိနေပါပြီ။
သူ့ရဲ့ထူးခြားတဲ့ ကွဲရှရှအသံ Raspy Voice နဲ့ ၁၉၆၉ ခုနှစ်နောက်ပိုင်းမှာ ပထမဦးဆုံးအယ်လ်ဘမ် စတင် သီဆိုခဲ့တယ်။
(ဒီလိုကွဲအတ်တဲ့အသံမျိုးကို အဆိုတော်တွေဟာ သီချင်းဆိုတာများရင်ရတတ်သလို အသံမစမ်းဘဲ တခါတည်းအသံသွင်းလိုက်တဲ့အခါမှာ ရတတ်ပါတယ်၊ Stevie Nicks ဆိုတဲ့အဆိုတော်ကတော့ မမျှော်လင့်ပဲ vocal cord tissue မှာအမာရွတ်ဖြစ်ပြီး ခပ်ရှရှအသံရခဲ့တာတဲ့ )
-

-
သူဟာအဖေစကော့နဲ့ အမေအင်္ဂလိပ်မိသားစုမှ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တွေ North Gate ရဲစခန်းကို V-2
ဗုံးတွေနဲ့မကြဲခင်နှစ်နာရီအလို မှာမွေးဖွားခဲ့တာပါ။ သူကမောင်နှမငါးယောက်ထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။
သူတို့မိသားစုဟာ ချမ်းသာတဲ့အထဲမပါသလို ဆင်းရဲတဲ့မိသားစုထဲလည်းမပါပါဘူး။
သူဟာငယ်စဉ်က ပညာရေးမှာမထင်မရှား သူလိုကိုယ်လိုထဲကပါပဲ။
သူ့အဖေ အသက်(၆၅)နှစ်အရွယ်မှာ အိမ်အရောင်းအဝယ်သမားဘဝကအနားယူပြီး သတင်းစာဂျာနယ်အရောင်းဆိုင်ဖွင့်ခဲ့ပါတယ်။
သူတို့မိသားစုက ဆိုင်အပေါ်ထပ်မှာနေတာပါ။ သူတို့မိသားစုအကုန်လုံးကဘောလုံးဝါသနာအိုးတွေ ဖြစ်ကြပြိး
Rod Steward ကသူတို့မိသားစုထဲမှာ ပါရမီအပါဆုံးဖြစ်တယ်။
အသက်(၁၅)နှစ်အရွယ်မှာ ကျောင်းကထွက်ပြီး အဝတ်အထည်တွေပုံနှိပ်တဲ့လုပ်ငန်းမှာ အချိန်ပိုင်းလုပ်ကိုင်ခဲ့ပါတယ်။
သူ့ရဲ့ အိပ်မက်ကကြေးစားဘော်လုံးသမားဖြစ်ချင်တာပါ။
-

-
၁၉၆၁ မှာBrentford F.C အလုပ်သင်အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပေမဲ့လည်း မနက်စောစောထပြီး ပထမအသင်း၁၁ယောက်ရဲ့ ဖိနပ်တွေကို တိုက်ချွတ်ပေးနေရတာကိုတော့မနှစ်သက်လှပါဘူး။
သူဟာဘော်လုံးကျွမ်းကျင်မူ့ရှိပေမယ့် သူ့ရဲ့အလေးချိန်ပေါင်(၁၃၀)ပဲရှိတာဟာသူ့ကိုအခက်အခဲ ဖြစ်စေပါတယ်။ ကိုယ်အလေးချိန်တက်အောင် အပြင်းအထန်လေ့ကျင့်တာ ကွင်းဘေးမှာမကြာခဏအန်မိတဲ့အထိပါပဲ။
နောက်နှစ်လအကြာမှာတော့ သူဟာအသင်းကထွက်ခဲ့တဲ့အတွက် သူ့အဖေကိုအကြီးအကျယ်စိတ်ပျက်စေခဲ့ပါတယ်။
သူ့ကိုယ်သူသုံးသပ်တာကတော့ သူဟာကျွမ်းကျင်မူ့ရှိပြီး ဆန္ဒမရှိဘူးလို့ဆိုပါတယ်။
သူ့ရဲ့ရှေ့ရေးကိုသုံးသပ်လိုက်တော့ ဂီတဘက်ကိုသွားမြင်မိပါတယ်။ ငါလုပ်နိုင်တာနှစ်ခုပဲရှိတယ် သီချင်းဆိုတာရယ် ဘ်ာလုံးကန်တာရယ်။
အရက်သောက်ရင်းသီချင်းဆိုလို့ရတယ် အရက်သောက်ပြီးဘော်လုံးကန်လို့မရဘူးလို့ဆိုတယ်။(ဒီလိုအတွေးခေါ်ကြတူသွားပြန်ပြီ)
နောက်တော့အိမ်အလုပ်ကိုကူလုပ်ရင်း သတင်းစာဖြန့်တဲ့အလုပ်၊ Highgate သင်္ချို င်းမှာသုဘရာဇာအလုပ်လုပ်ပါတယ်။
နောက်သင်္ချို င်းမှာ ခြံစည်းရိုးပြင် ဂူဆိုင်းပုဒ်ရေးတဲ့အလုပ်လဲလုပ်ပါသေးတယ်။
(သူသုဘရာဇာလုပ်တာ ကျွန်တော်တို့ထင်ထားသလို ဆင်းရဲလွန်းလို့မဟုတ်ဘဲ လူငယ်တစ်ယောက်အနေနဲ့ သေခြင်းတရားကိုရင်ဆိုင်ရဲအောင်လို့ဆိုပါတယ်)
အဲ့ဒီနောက် အသံသွင်းထားတဲ့ သီချင်းများယူဆောင်ကာ ဒိန်းမတ်လမ်းမှာရှိတဲ့ နာမည်ကျော်ထုတ်လုပ်သူ Joe Meek ဆီကိုသွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူရခဲ့တာကတော့ Meek ဆီကရိုင်းဆိုင်းတဲ့တုံ့ပြန်မှူ့သာဖြစ်ပါတယ်။
Stewart ဟာ အဲ့ဒီအချိန်မှာ တက်ကြွတဲ့ နြူကလီးယားဆန့်ကျင်သူပါ။
ဒီလိုဆန့်ကျင်ဆန္ဒပြချီတက်ပွဲမှာပါဝင်တာကြောင့်အဖမ်းခံရပါသေးတယ်။
ဒီလိုပွဲတွေမှာ သူကောင်မလေးတွေနဲ့ ဇတ်လမ်းဖြစ်လေ့ရှိပါတယ်။
(တက်ကြွဆိုဒါလေးတွေကပါတာကိုး)
၁၉၆၂မှာတော့ လန်ဒန်အနုပညာကျောင်းသူလေး Suzannah Boffeyနဲ့ ချစ်ကြိုးသွယ်ရာက ကိုဝင်းကြည်ရခဲ့ပါတယ်။
Stewart ရောသူ့မိဘတွေကပါ သူ့ကိုလပ်မထပ်စေချင်သေးပါဘူး။
ဒါနဲ့ ကလေးမလေး Sarah Streeter ကိုသူများကိုမွေးစားဖို့ပေးခဲ့ပြီး Stewart နဲ့ Suzannah Boffey တို့ရဲ့ဇတ်လမ်းပြီးဆုံးခဲ့ပါတယ်။
(တိန် လွယ်လိုက်တာ)
-

-
သမီး Sarah Streeter နဲ့ ဖေဖေ Rod Stewart
-
နောက်ထပ် ကျေးလက်တေးအဆိုတော်မလေး Wizz Jones နဲ့တွဲခဲ့ပြန်ပါတယ်။
သူတို့ဟာနောက်ထပ် (၁၈)လတိုင်တိုင်လက်တွဲညီညီတွဲခဲ့ကြပါတယ်။
ဒီနှစ်ထဲမှာပဲ Stewart ဟာ နောင်တစ်ချိန်မှာThe Kinks အဖြစ်နာမည်ကြီးလာမဲ့ The Ray Davies Quartet အဖွဲ့ရဲ့ပင်တိုင်အဆိုတော်အဖြစ် စတင်ပါဝင်ခဲ့ပါတယ်။
ငယ်ငယ်ကကျောင်းနေဖက်သူငယ်ချင်းတွေရဲ့အဖွဲ့ဖြစ်တဲ့ The Ray Davies Quartet အဖွဲ့ခေါင်းဆောင် Ray Davie ကအဆိုတော်လုပ်ရတာသူနဲ့မလိုက်ဖက်ဘူးလို့ထင်နေလို့ပါ။
ခဏပဲတွဲရသေးတယ် Drummer သမားကသူ့ရဲ့အသံကို အပြစ်တင်တာကြောင့်လမ်းခွဲခဲ့ပါတယ်။
သူဟာဒီအချိန်မှာ R&B Soul ၊ Rock & Roll ကိုနှစ်သက်နေပါပြီ။ အဲ့ဒီနောက်လန်ဒန်ကR&Bတီးဝိုင်းတွေမှာ
အချိန်ပိုင်းဘာဂျာမှူတ်တဲ့သူharmonica(ဆိုးပါ့) အချိန်ပိုင်းအဆိုတော်အဖြစ်အသက်မွေးခဲ့ပါတယ်။
ဒါဟာသူ့ဘဝမှာပထမဆုံးဂီတနဲ့ အသက်မွေးခြင်းဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ သူ့အိမ်အလုပ်နဲ့ သူ့အကိုရဲ့ပန်းချီကားမှန်ဘောင်လုပ်ငန်းမှာလဲ ကူညီနေပါသေးတယ်။
ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ Jimmy Powell & the Five Dimensions အဖွဲ့ကသူ့ကို Harmonica အဖြစ်ငှားရမ်းခဲ့ပါတယ်။
သူတို့အဖွဲ့ဟာ Rolling Stone မဂ္ဂဇင်းကမကြာမကြာဖေါ်ပြလေ့ရှိတဲ့ နာမည်ကျော်Studio 51 မှာအပတ်စဉ်ဖျော်ဖြေရပါတယ်။
ဒီလိုနဲ့ London R&B လောကထဲကို Steward တစ်ယောက်ချည်းနင်းဝင်ရောက်လို့လာသလို
သူ့ရဲ့ Harmonica(ဘာဂျာ)ဟာလည်း Mick Jaggerရဲ့သွန်သင်မူ့နဲ့တိုးတက်လာပါတယ်။
သို့ပေမယ့်လည်း အဖွဲ့ခေါင်းဆောင် Powell နဲ့ နာမည်ရလာတဲ့ stewart တို့ထိပ်တိုက်တွေ့ရာက ဒီအဖွဲ့နဲ့လမ်းခွဲခဲ့ပြန်ပါတယ်။


-
ဒီလိုနဲ့ ၁၉၆၄ခုနှစ်ဇန်နဝါရီလနေ့တစ်နေ့မှာ All Stars အဖွဲ့ရဲ့စတိတ်ရိုးသွားကြည့်ပြီးအပြန် မူးမူးနဲ့ဘူတာရုံပလက်ဖောင်းပေါ် ရထားစောင့်ရင်း "Smokestack Lightnin'"သီချင်းလေးကိုသူ့ဘာဂျာလေးနဲ့ တီးမှူတ်နေပါတယ်။
ဒါကို All Stars အဖွဲ့ရဲ့ပင်တိုင်အဆိုတော်Long John Baldry ကတွေ့သွားပြီး သူတို့အဖွဲ့ထဲမှာပါဝင်ဖို့ဖိတ်ခေါ်ခဲ့တယ်။
Rod Stewart ရဲ့အမေသဘောတူညီမူ့ကိုရပြီးတဲ့နောက်မှာ Harmonica အဖြစ်ရော အဆိုတော်အဖြစ်နဲ့ပါလုပ်ဖို့
သူ့ကိုတစ်ပတ်၃၅ပေါင်နဲ့လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
သူ့ရဲ့နေ့ပိုင်းအလုပ်တွေကိုရပ်လိုက်ပြီးဒီအဖွဲ့သစ်နဲ့ လိုက်ဆိုနေတဲ့အချိန်မှာသူဟာအသက်၁၉နှစ်ရှိနေပါပြီ။
တဖြည်းဖြည်းနဲ့ သူ့ရဲ့ရှက်တတ်တဲ့အကျင့် လူတွေကိုကြောက်တဲ့အကျင့်တွေပျောက်လာပြီး ကိုယ်ပိုင်ဟန်တစ်ခုတည်ဆောက်လာနိုင်ပါတယ်။
အဖွဲ့နဲ့အတူတီးခတ်နေစဉ်မှာပဲ သူ့ရဲ့ အစမ်းအသံသွင်းမူ့အချို့ကိုပြုလုပ်ခဲ့ပါတယ်။
ဒေသတွင်းရုပ်မြင်သံကြားအစီအစဉ်တွေမှာတခါတရံပါလာတတ်ပြီး ပထမဆုံးsingle ခွေကို၁၉၆၄မှာအသံသွင်းခဲ့ပါတယ်။
ဒီတစ်ခါမှာလဲ Baldry နဲ့အငြင်းပွားခဲ့ပြီး အဖွဲ့နဲ့ခွဲခွာခဲ့ပြန်ပါတယ်။
ဒီကြားထဲမှာထွက်ခဲ့တဲ့အဖွဲ့လိုက်အခွေတွေကလဲ စီးပွားရေးတွက်ခြေမကိုက်တဲ့အပြင် နာမည်တောင်လူမသိလိုက်ပါဘူး။
တဖြည်းဖြည်းနဲ့ သူလဲသူ့အသံခပ်အက်အက်ကိုစိတ်ကုန်နေပါပြီ။
နောက်ထပ်တစ်ခါ ဂစ်တာသမားJeff Beckကရှာဖွေတွေ့ရှိသွားပြီး သူတို့အဖွဲ့ Jeff Beck Groupမှာ အဆိုတော်နဲ့သီချင်းရေးဆရာအဖြစ်ငှားရမ်းခဲ့ပြန်ပါတယ်။
ဒီအဖွဲ့နဲ့အကျိုးပေးပုံပါပဲ။ သူတို့ရဲ့ဥရောပခရီးစဉ် အမေရိကန်ခရီးစဉ်လှည့်လည်ဖျော်ဖြေတဲ့ပွဲတွေမှာတော်တော်လေးအောင်မြင်မူ့ရခဲ့တယ်။
၁၉၆၈မှာသူတို့အဖွဲ့လိုက်အခွေ The Truth ကိုဖြန့်ချီခဲ့ပြီး UK မှာမအောင်မြင်ခဲ့ပေမယ့် အမေရိကန်မှာတော့ နံပါတ်၁၅နေရာချိတ်ခဲ့ပါတယ်။
-

-
ဆက်တိုက်ဆိုသလိုအောင်မြင်လာလိုက်တာ Every Picture Tells a Story ဆိုတဲ့တတိယမြောက်ခွေမှာတော့
Rod Stewart ဆိုတဲ့နာမည်ကို ခိုင်ခိုင်မာမာစိုက်ထူလိုက်နိုင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရေဒီယိုတွေကသူ့သီချင်းတွေကိုစတင်လွင့်နေပါပြီ။
၁၉၇၅ခုနှစ်မှာတော့ Rod Stewart တစ်ယောက် Los Angeles ကိုပြောင်းရွေ့သွားခဲ့ပြီး Atlantic Crossing ကိုထုတ်ဝေခဲ့ပါတယ်။
ဒီအခွေမှာ နာမည်ကြီးသီချင်း Sailing (ရွက်လွင့်ခြင်း၊ဇော်ဝင်းဋ်)နဲ့ I Don't Wanna Talk About It (ဒီခေါင်းစဉ်အတိုင်း၊ဇော်ဝင်းထွဋ်)တို့ပါဝင်ပါတယ်။ ဒီနောက်မှာတစ်ုပုဒ်ချင်းအနေနဲ့

You're in my heart (အသည်းနှလုံးငြိမ်းချမ်းရေး၊ဇော်ဝင်းထွဋ်)၊
Cat Stevensရဲ့သီချင်းကိုပြန်ဆိုထားတဲ့ The First Cut Is the Deepest(စီးကရက်မီးခိုးများ၊ဇော်ဝင်းထွဋ်)
Have I Told You Lately That I Love You (ထွဏ်းထွဏ်း)
Downtown Train (ရင်ဂို-ဘဝရထား)
Passion (ဇော်ဝင်းထွဋ်-ချစ်ရမက်) တို့လိုသီချင်းတွေကလဲအောင်မြင်ခဲ့ပါတယ်။ သူဟာဓါတ်ပြားသန်း၁၀၀ကျော်ရောင်းရတာကြောင့် best selling artists of all time စာရင်းဝင်လဲဖြစ်ပါတယ်။
( အရောင်းရဆုံးသန်း၃၀၀ကျော်တဲ့သူစာရင်းကတော့ The Beatles၊ Presly ၊ Michael Jackson ၊ Madonna၊ Elton John ၊ Led Zeppelin၊ Queen နဲ့ ABBA တို့ဖြစ်ပါတယ်။)
သူ့ရဲ့နာမည်ကျော်သီချင်း၆၂ပုဒ်လောက်ကို မြန်မာပြန်မဆိုထားတဲ့သီချင်းရယ်လို့တော်တော်ရှားတယ်။
-

-
၂၀၀၀ခုနှစ်မှာပုံမှန်ဆေးစစ်ရင်းသိုင်းရွိုက်ကင်ဆာတွေ့ရှိခဲ့တာကြောင့်ခွဲစိပ်ကုသခဲ့ရပါတယ်။ ဒီအတွက်သူ့ရဲ့နာမည်ကျော်အသံထိခိုက်ခဲ့သလို
သီချင်းဆိုဖို့ပြန်ကျင့်ခဲ့ရပါတယ်။ ကင်ဆာဖြစ်ပြီးကတည်းကသူဟာ ကင်ဆာဖောင်ဒေးရှင်းတွေမှာတက်ကြွစွာပါဝင်လှူပ်ရှားခဲ့ပါတော့တယ်။
သူ့ရဲ့ The Very Best Of Rod Stewart ကတော့ကျနော်ထာဝရသိမ်းထားမိတဲ့အခွေပါပဲ။
ကိုလှဟန်

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့တွင် ဒေါ်စိန်ညွန့်ဖြူ အသက်( ၃၇)နှစ်သည် ကုလားများကို





ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့တွင် ဒေါ်စိန်ညွန့်ဖြူ အသက်( ၃၇)နှစ်သည် ကုလားများကို ဒီဇယ်သွားရောင်းရာ အဆိုပါ ပစ္စည်းများနှင့် အတူ ကျောက်တော်မြို့နယ် ပေါက်လေ ကျေးရွာမှ ရဟန်းတော်များဖမ်းမိ ကြောင်းသိရှိရပါသည်။




အမျိုးသား သစ္စာဖောက်မ ဒေါ်စိန်ညွန့်ဖြူ (၃၇)နှစ်အား ဒီနေ့ နေ့လည် တွင် ပုဏ္ဏားကျွန်းမြို့ တစ်ပတ် (ကျွန်မ အမျိုးသား သစ္စာဖောက်မ ) ဟုအိုခိုင်းမည်ဟုလည်း သိရှိရပါသည်။







http://myanmarnewsupdates.blogspot.com

MISS UNIVERSE MYANMAR အလှမယ်များ၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်း ကျိုက်ထီးရိုး နှင့် ကျိုက်ထိုမြို့ ခရီးစဉ်


Miss Universe Myanmar အလှမယ်များ၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်း ခရီးစဉ်
(စက်တင်ဘာလ ၂၃ ရက်၊ ကျိုက်ထီးရိုး နှင့် ကျိုက်ထိုမြို့)





Miss Universe Myanmar Top 20 Contestants' Volunteering Trip





















Miss Universe Myanmar 2013 Contestants' Kyite Htee Yoe & Kyite Hto Trip
















ပျော်ရွှင်စွာနေတတ်ခြင်းရဲ့ လျှို့ဝှက်ချက်



တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာ တခြား သူတွေထက် ပိုမို ပျော်ရွှင် နေတတ်ကြတာ ဟာ အောက်ပါ အကြောင်းတွေ ကြောင့်ပါ။

၁။ အကောင်းမြင်တတ်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူ တွေဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ် လာတာကို လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ် ကြပါတယ်။ အဆိုးမြင် ၀ါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခု မှားရင် အကုန်လုံး မှားမှာပဲ လို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ် ကြပါတယ်။

၂။ အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ် ကြပါတယ်
ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ် ကြပါတယ်။ ချီးကျူး ရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ် ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေဟာ ချီးကျူး ရမယ့် အကြောင်းအရာ တွေကိုသာ ကြားမြင် တတ်ကြ ပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထား မိရင် သင့်ဆီ အကောင်းတွေ ချည်းပဲ ရောက်လာမှာလို့ ပိုမြင်မိတတ် ကြပါတယ်။

၃။ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ် ကူကူပဲ ခွင့်လွှတ်တတ် ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာဟာ အဲ့ဒီသူ သေဆုံးဖို့ အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ် သင် အဆိပ်မိ ထားသလို ခံစားရတတ် ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့ တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ်သင် မေတ္တာပို့ပါ။ ပြီးရင် သင် ချစ်တဲ့သူ၊ သင် နဲ့ သိကျွမ်း ဖူးသူ၊ သင် ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာ ပို့ပါ။ ဥပမာ အားဖြင့် (ခွင့်လွှတ်ရမယ့် သူ နာမည် ထည့်ပါ)ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်း ပါစေ။ ကြင်နာတတ် ပါစေ အစရှိသဖြင့် မေတ္တာပို့ ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင် သွားပါလိမ့်မယ်။

၎။မိမိ ၀ါသနာ ပါရာ အလုပ်ကို လုပ်တတ် ကြပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိက မထားဘဲ သူတို့ ၀ါသနာပါရာ အလုပ်ကို လုပ်တတ်ကြ ပါတယ်။

ွှ Today Myanmar

ကြက်ဥအများကြီးစားသုံးသင့်သလား


Tuesday, September 24, 2013

ကြက်ဥကို စားသုံးခြင်းဖြင့် ကိုလက်စထရောတက်သည်မှာ မှန် သော်လည်း အရက်နှင့်အခြား အကြောင်းများကြောင့် ဝိတ်တက် ခြင်းက ပို၍အရေးကြီးသည်။ ယခု ခေတ်မူ အစားအသောက်နှင့် ဝိတ် ချသူများအဖို့ Cardiovascular ကျန်းမာရေးအတွက် ကောင်းစွာ ထိန်းသိမ်းထားနိုင်ပြီး သွေးကြော အတွင်း အဆီဓာတ် Level ကိုလည်း ထိန်းသိမ်းထားရန်လိုကြောင်း သိရှိ နားလည်လာကြသည်။ ကြက်ဥ အချို့စားသုံး၍ ကိုလက်စထရော Level တက်ပြီး သွေးအတွင်း မပျော်ဝင်ဆီများဖြစ်ပေါ်ခြင်း နည်း ပါး၏။ ကြက်ဥ တစ်ဥတွင် (၁.၂) ဂရမ်မျှလောက်သော မပျော်ဝင်ဆီ ပါဝင်ပြီး အလွန်အကျွံ မဟုတ်သော ပမာဏမျှသာ ပါဝင်သည်။

မည်သို့ပင်ဖြစ်စေ cardio vascular style အတွက် ဖြစ်နိုင်ချေ ရှိသောအကျိုးဆက်များကြောင့် ကြက်ဥများစွာစားသုံးဖို့ ရှောင်ကြဉ် သင့်သည်။ မိမိ၏ခန္ဓာကိုယ်ဝိတ် အခြေအနေကိုကြည့်ပြီး အတိုင်း အချင့်နှင့် စားသင့်သည်။ ဝက်ပေါင် ခြောက်၊ အနီရောင်အသားများ၊ ထောပတ်နှင့် အခြားမပျော်ဝင်ဆီ မြင့်မားစွာပါဝင်သည့် အစားအစာ များစားသုံးတတ်သူဖြစ်ပါက ပို၍ ထိန်းသိမ်းစားသုံးသင့်သည်။
ကြက်ဥတွင် ပရိုတိန်း၊ ဗီတာမင်D၊ ဗီတာမင် A ၊ ဗီတာမင် B2 နှင့် အိုင်အိုဒင်းတို့ပါဝင်ပြီး တစ်နေ့လျှင် အနည်းငယ်စားပါက အကျိုးဖြစ်စေ သည်။ သို့သော် သွေးတွင်း ကိုလက် စထရော များသူတို့တွင် hyper- cholesterolemia ကို ဖြစ်စေတတ် သည်။ အကယ်၍ ကိုလက်စထရော အတွက် ပူပင်ပါက ကြက်ဥအကာကို စားသုံးနိုင်သည်။

ထူး
Health Updates Journal

~ Hair Loss (ဆံပင် ကျွတ်ရင်) ~



သမီးဆံပင်အရမ်းကျွတ်လို့ပါ။ ကျွတ်လွန်းအားကြီးလို့ ထိပ်ပြောင်နေပါပြီ။ ခေါင်းဖြီးရင်လည်းကျွတ်တယ်။ ခေါင်းကိုကိုင်ရင်တောင်ကျွတ်တယ်။ ခေါင်းလျှော်ရင် နှစ်ဆကျွတ်တယ်။ ခေါင်းလည်းမဖြီးရဲ ခေါင်းလည်းမလျှော်ရဲဘူး။ ဆံပင်ကျွတ်သက်သာတဲ့ ခေါင်းလျှော်ရည်ညွှန်ပေးပါ။ ဆံပင်ပြန်ပေါက်ချင်တယ်။ ဆံပင်အုံအထူးကြီးဖြစ်ချင်တယ်။ ဆံပင်ပေါက်ဆေးပေးပါ။ ဟဲကုတ်က ဦးရေပြားထိရင် ဆံပင်ကျွတ်တာမဟုတ်လား။ ဘောက်ကြောင့်ဆံပင် ကျွတ်တာ မဟုတ်ပါ။ သမီးခေါင်းမှာ ဘောက်မရှိပါ။ ဆရာဝန်ဆီမှာလည်းပြပြီးသွားပြီ။ မပျောက်ဘူး။ ဆံပင်ဘာကြောင့်ကျွတ်တာလဲ။
..................................
ဆံပင်ကျွတ်တာကို ဆေးစာနဲ့ Alopecia လို့ခေါ်တယ်။ ဆံပင်ကျွတ်တာလဲ Male pattern baldness ယောက်ျားပုံစံ ကွက်ဖြစ်တာ နဲ့ Female pattern baldness ကျယ်ကျယ် ပြန့်ပြန့် ဖြစ်တဲ့ မိန်းမပုံစံ ရှိတယ်။ အချိန်တွေ အကြာကြီး ဆံပင်ကျွတ်နေတာမျိုးက Genetics မျိုးဗီဇကြောင့်ဖြစ်နိုင်တယ်။
ဆံပင် ကျန်းမာရေးဟာ ကမ္ဘာမှာ ဒေါ်လာထောင်ပေါင်းများစွာတန်တဲ့ စီးပွါးရေးဖြစ်တယ်။ ယောက်ျား-မိန်မ၊ လူကြီး-လူငယ်၊ အရွယ်မရွေး၊ လူမျိုးမရွေး ဖြစ်တယ်။ ဆံပင်ပြောင်နေတာဟာ Social stigma လူမှုရေးရာ နှိမ်စရာလို ဖြစ်သေးတယ်။ လူတယောက်မှာ ပျမ်းမျှ ဆံပင် တသိန်းရှိတယ်။ တလမှာ ၁ စင်တီမီတာ ရှည်တယ်။ ၂-၃ နှစ်တခါ အသစ် ပေါက်တယ်။ ၉ဝ% က တပြိုင်ထဲ ပေါက်လာတာ။ ဆံပင်အဟောင်းတွေအစား အသစ်တွေ ထပ်ထပ် ပေါက်နေတယ်။ ထပ်မပေါက်ရင် ထိပ်ပြောင်၊ ထိပ်ကွက်၊ ကတုံး ဖြစ်လာမယ်။

ရက်တိုတိုနဲ့ ဖြစ်တာဟာ Medical problem ကျန်းမာရေးပြဿနာ ရှိနေတာဖြစ်နိုင်တယ်။
- Anemia သွေးအားနည်းတာ၊
- Thyroid Malfunction လည်ပင်းကြီးဟော်မုန်း နည်းတာ-များတာ၊
- Medications ဆေးတချို့သောက်တာ၊
- Eczema, Seborrhea and Psoriasis ဦးရေခွံရောဂါ၊
- Fungal and Bacterial Infections မှို-ဗက်တီးရီးယားရောဂါ၊
- Tight hair bands, caps, cornrows or braids ဆံပင်သုံးပစ္စည်းတွေကနေထိခိုက်မိတာ၊
- Stress စိတ်ဖိစီးမှုများတာ၊
- Smoking ဆေးလိပ်သောက်တာ၊
- Serious illness မကျန်းမမာဖြစ်တာ၊
- Child birth ကလေးမွေးပြီးနောက် ၃ လမှာ ဆံပင်ကျွတ်တတ်တယ်။
- Poor Nutrition အာဟာရ မမျှတတာတွေကနေဖြစ်စေနိုင်တယ်။

Traction alopecia ဆိုတာ Hairstyles ဆံပင်ပုံစံတချို့ကြောင့်ဖြစ်တာကိုခေါ်တယ်။ ဆံပင်ကို တင်းနေအောင်လုပ်လို့ ဆံပင်ကျွတ်ရတယ်။ လူအမဲတွေ အများဆုံးလုပ်ကြတဲ့ပုံစံတွေပြောတာပါ။ Cornrows ပြောင်းခင်းမြေကွက်တွေလို လုပ်တာမျိုး။ Ponytail, Pigtails ကလဲ တင်းနေရင်ဖြစ်မယ်။ American Hair Loss Council ကပြောတာက ပြန်ပြင်ရင် ပြန်ကောင်းမယ်။ ၆ လ အထိ စောင့်ရတတ်တယ်။ ဒါပေမဲ့ Hair follicles တွေကို ဒဏ်ရာလိုရရင် ခက်တယ်။

Blood thinners (Anticoagulants) သွေးကျဲဆေး၊ Gout ဂေါက်ရောဂါဆေး၊ Blood pressure သွေးတိုးကျဆေး၊ Heart နှလုံးရောဂါဆေး၊ Vitamin A ဗီတာမင် အေ များတာ၊ Birth control pills ကိုယ်ဝန်တားတေးတွေ နဲ့ Antidepressants စိတ်မကျဆေးတွေကြောင့်လဲ ဆံပင်၈ျွတ်တတ်တယ်။ Fungal infections of the scalp ဦးရေခွံကို မှိုပိုးကူးရင်လဲ ဖြစ်တယ်။ Lupus (လူးပတ်စ်) ရောဂါ နဲ့ Diabetes ဆီးချိုရှိနေသူတွေမှာလဲ ဆံပင်ကျွတ်တတ်တယ်။

Balanced diet အာဟာရ မျှတအောင်စားရတယ်ဆိုတာ
- (ဗီတာမင်) တွေအတွက် Fruits and vegetables အသီး၊ အသီးအနှံ များများ၊
- (ပရိုတင်း) အတွက် Lean meat, Eggs or Tofu အဆီလွတ်အသား၊ ဥ၊ တိုဖူး၊
- Whole grains သိပ်ပြောင်နေအောင် ချွတ်မထားတဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပြောင်ဖူး၊
- Processed food ပြုပြင်စီမံထားတဲ့ အစားတွေဗရှာင်ပါ။
- Vitamin B, Vitamin C, Folic acid, Biotin, Zinc သောက်ပါ။
- L-cysteine and L-methionine (အမိုင်နိုအက်စစ်) သောက်ပါ။
- Vitamin A (100,000 IU or more daily) ဗီတာမင် အေ များတာ မကောင်းပါ။

ခေါင်းလျှော်ရည် ပြင်းတာ မသုံးပါနဲ့၊ Baby shampoo သုံးနိုင်တယ်။ တနေ့တခါထက် မပိုစေနဲ့။ Moisturizing conditioner သုံးနိုင်တယ်။ ပြီးရင် ခြည်ထည် ပုဝါနဲ့ ပတ်ထားပါ။ ဆံပင်ခြောက်အောက် ပွတ်ချေတာ မလုပ်ပါနဲ့။

Blow-dryer, Flatiron and Hairstyling tools တွေကို ဖြစ်နိုင်သလောက် မသုံးပါနဲ့။ အပူနည်းနည်း၊ အချိန်နည်းနည်းသာ သုံးပါ။ စိုနေတဲ့ဆံပင်ကို လိမ်မထားပါနဲ့။ တင်းနေအောင် စီးနှောင်မထားပါနဲ့။ ဆံပင်ပြင်ဘို့ ဓါတုဆေးပါတာတွေ အတတ်နိုင်ဆုံး ရှောင်ပါ။ သဘာဝ အလှအပသုံးတွေသာသုံးပါ။

Stress reduction စိတ်ဖိအားလျှော့ချနည်းကိုလဲ တချို့လူတွေအတွက်သုံးရတယ်။ ကြွက်တွေကို စမ်းသပ်တော့ Astressin-B, a CRF (corticotrophin-releasing factor) blocker ဆေးပေးတော့ ၄ လ အကြာမှာ ကျွတ်နေတဲ့ ကျောမွှေးတွေ ပြန်ပေါက်လာတယ်။

Surgical treatments ခွဲစိတ်ကုသနည်း၊ ၁၉၃၉ ကတည်းကတွေ့ခဲတဲ့ hair transplantation ကိုသုံးနိုင်တယ်။

Immunosuppressants ရောဂါပြီးစနစ်နှိမ်ဆေး၊ ယာယီပြန်ကောင်းတာ တွေ့ရတယ်။ ဘေးထွက်-ဆိုးကျိုးတွေ သတိထားရမယ်။

Concealing hair loss ဆံပင်ကျွတ်နေတာကို လူမမြင်အောင် ဖုံးကွယ်နည်းတွေလဲ သုံချင်ရင် သုံးနိုင်တယ်။

ဆံပင်ထပ်မကျွတ်အောင်နဲ့ ပြန်ပေါက်အောင်အတွက် ဆေးတွေကတော့ -
Finasteride, Dutasteride and Minoxidil solution ဆေးတွေကို သုံးနိုင်တယ်။ Androgenetic alopecia အတွက် ကောင်းတယ်။ FDA ကနေ အသိအမှတ်ပြုထားတာတွေက Finasteride (Propecia) နဲ့ Minoxidil ဆေးတွေဖြစ်တယ်။
Minoxidil (Rogaine, Regaine, Vanarex) ဆေးကို ကျားရော မပါ သုံးနိုင်တယ်။ သွေးတိုးအတွက်ဆေး ဖြစ်တယ်။
Dutasteride (Avodart) ဆေးက Testosterone ကျား-ဟော်မုန်းကို တားပေးတဲ့ဆေးဖြစ်တယ်။ (BPH) ယောက်ျား ဆီးကျိတ်ကြီး ရောဂါအတွက် သုံးတဲ့ဆေး ဖြစ်တယ်။
Finasteride (Proscar and Propecia) ဆေးကလဲ အတူတူဘဲ။ ယောက်ျားအတွက်သာဖြစ်တယ်။ ဆေးတွေကို ၆ လ သုံးကြည့်ရတယ်။

Essential oil massage အဆီနဲ့နှိပ်နယ်ခြင်း၊
ဆံပင်အခြေနေရာတွေကို ဆီလိမ်းပြီး ပလပ်စတစ်နဲ့ ဖုံးအုပ်ပါ။ အပေါ်က ရေနွေးတဘက်နဲ့ ပတ်ထားပါ။ တညအိပ်ပြီး နောက်မနက်မှာ ပြောင်စင်အောင် ခေါင်းလျှော်ပါ။ တပါတ်တခါ အဲလိုလုပ်ပါ။

Eggs-and-honey treatment ကြက်ဥ နဲ့ ပျားရည်နည်း၊ ကြကါဥ ၂ လုံးက အဝါနှစ်နဲ့ ပျားရည် ဇွန်းသေး ၃ ဇွန်း ရောမွှေပါ။ ဆံပင်ကို သုတ်လိမ်းပါ။ မိနစ် ၃ဝ ထားပါ။ ပြောင်စင်အောင် ခေါင်းလျှော်ပါ။

Aloe vera gel conditioner ရှားစောင်းလက်ပတ် နည်း၊ အပူလောင်နာတွေလဲ သုံးကြတဲ့ ရှားစောင်းလက်ပတ်ကို (ကွန်ဒီရှင်နာ) အစားသုံးပါ။ ၁၅ မိနစ် နေရင် ဆေးကြောပါ။ ရေခပ်နွေးနွေးက ပိုကောင်းမယ်။

ဗီတာမင် ဘီ ရဲ့ ဘေးထွက်-ဆိုးကျိုးတွေကို သပ်သပ်ရေးပါမယ်။ အကြမ်းပြောရရင် ဆေးမတည့်သူ မဟုတ်ရင် တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ် သောက်တာ ပုံမှန်ဖြစ်ပါတယ်။ ဆေးမတည့်တာ အလွန်ရှားတယ်။ ထိုးဆေး နဲ့ စားဆေး မတည့်တာ မတူပြန်ဘူး။ စားဆေး တည့်ပြီး ထိုးဆေး မတည့်သူလဲ ရှိတယ်။ တခါသောက်-ထိုးလို့ ဘာမှမဖြစ်ရင် နောင်လဲ ဆက်သုံးနိုင်တယ်။

နှင်းဆီဖူးလေးများ-Love BUDS

နန့်ဆန်တွင် ကိုယ်ဝန်ဆောင်တစ်ဦး အပါအ၀င် လူသုံးဦး ကားနှင့်အတူ ချောက်အတွင်း ပြုတ်ကျခြင်းကို ခရီးသွားများက တွေ့ရှိကယ်ဆယ်နိုင်ခဲ့

 Created on Monday, 23 September 2013


ချောက်အတွင်း ကျသွားသော ကိုယ်ဝန်ဆောင်မိခင်အား ပြန်လည်သယ်ဆောင်လာစဉ် (ဓာတ်ပုံ-အောင်သူ)

ရှမ်းပြည်နယ် မြောက်ပိုင်း နန့်ဆန်ဒေသတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ အမျိုးသားနှစ်ဦး ကားနှင့်အတူ ချောက်အတွင်း ပြုတ်ကျသော်လည်း အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီခန့်က နန့်ဆန်မြို့ မန်ကန်းရွာနှင့် စခန်းသာ ကျေးရွာကြား မိုင်တိုင် ၃၉ ရှိ ကိုး မိုင်ကွေ့တွင် ကျောက်သယ် ထော်လာဂျီကားတစ်စီး အရှိန်လွန်ကာ ချောက်အတွင်း ပြုတ်ကျမှု ဖြစ်ပွားခဲ့ပြီး ကားနှင့်အတူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တစ်ဦးအပါအ၀င် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး တို့မှာလည်း ချောက်အတွင်းသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

''ကိုယ်ဝန်ဆောင် အမျိုးသမီးက စခန်းသာရွာကနေ ထွေလာဂျီကားကို လမ်းကြုံ တားစီးခဲ့တာ။ အကွေ့မှာ အရှိန်လွန်ပြီး ချောက်ထဲကျသွားတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကတော့ ချောက်ထဲကနေ သူတို့ဘာသာ ပြန်တက်လာကြတာ။ အမျိုးသမီးတစ်ဦး ပါသွားတယ် ဆိုတာသိလို့ ဆင်းကယ်ခဲ့ကြတာ'' ဟု စခန်းသာရွာမှ ပလောင်တိုင်းရင်းသား ကိုထွန်းကျော်က ပြောကြားခဲ့သည်။



ချောက်အတွင်း ပြုတ်ကျသွားသော ကိုယ်ဝန်ဆောင် မိခင်အား ပြန်လည် သယ်ဆောင်လာစဉ်

''နန့်ဆန်မြို့ ဇယန်းကြီး ကျေးရွာမှာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်သွားစိုက်ရင်း အပြန်မှာ ချောက်ထဲ ကားကျတယ်ဆိုတာ သိရလို့ ဒေသခံတွေနဲ့ အဖွဲ့သားတွေ ဆင်းကယ်ဖြစ်ခဲ့တယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ချောက်ထဲကနေ အဖွဲ့လိုက် ထမ်းခေါ်လာပြီး နန့်ဆန်ဆေးရုံကို ပို့ပေးခဲ့ရတယ်'' ဟု မန္တလေးမြို့ စိမ်းရောင်စို အရိပ်ရသစ်ပင် စိုက်ပျိုးရေး အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ချောက်အတွင်းမှ ကယ်ဆယ်ခဲ့သော အမျိုးသမီးသည် ကိုယ်ဝန်ရှစ်လ ရှိနေသူဖြစ်ပြီး ကားလမ်းပေါ်သို့ ပြန်အရောက်တွင် စကားပြောဆို နိုင်သော်လည်း တစ်ကိုယ်လုံး အထိမခံနိုင်အောင် အတွင်းဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ချောက်အတွင်း ကျသွားသည့် ထော်လာဂျီယာဉ်မှာ စခန်းသာ ဆောက်လုပ်ရေးလမ်း အထူးအဖွဲ့(၁)မှ ကျောက်သည်ယာဉ် တစ်စီးဖြစ်ကြောင်း သိရသည်။

EMG

ရထားလမ်းပိုင်းများနှင့် ရထားကြံ့ခိုင်မှု အားနည်းခြင်းကြောင့် သြဂုတ်လအတွင်း ဘီးချော်မှု ၂၁ ကြိမ်ဖြစ်ပွား

Created on Monday, 23 September 2013


ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရထားဘီးချော် တိမ်းမှောက်မှု ဖြစ်စဉ်တစ်ခုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ပြည်တွင်း၌ ရထားလမ်းပိုင်းများနှင့် ရထားကြံ့ခိုင်မှု အားနည်းခြင်းကြောင့် သြဂုတ်လအတွင်း ဘီးချော်မှု ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရထားရဲတပ်ဖွဲ့မှူးရုံးမှ စက်တင်ဘာ ၂၃ ရက်က သိရသည်။

ယင်းကဲ့သို့ ရထားလမ်းပိုင်းများ၏ ကြံ့ခိုင်မှု လျော့ကျခြင်းနှင့် ရထားများ၏ ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ရထားပြေးဆွဲ သွားလာနေချိန်တွင် ဘီးချော်တိမ်းစောင်းမှု ၂၀၁၃ ခုနှစ် သြဂုတ်လ၌ ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ရထားရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းဇယားများအရ သိရသည်။

ဒီလိုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေက ရထားသံလမ်း အောက်ခံခင်းထားတဲ့ ကျောက်အမာခံတွေရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်...

''ရထားခရီးစဉ်တွေ ပြေးဆွဲရင်းနဲ့ လစဉ်ရထားဘီးချော် တိမ်းစောင်းမှုတွေ မကြာခဏ ဖြစ်ပွားနေတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေက ရထားသံလမ်း အောက်ခံခင်းထားတဲ့ ကျောက်အမာခံတွေရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်။ ဒါ့အပြင် ရထားရဲ့ တုန်ခါမှုကြောင့် ရထားဘီးရဲ့ ရှော့ဘားတွေ ကွေးလာခြင်းကြောင့် ဒီလိုဖြစ်နေရတာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး လှမိုးက စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ရထားဖြင့် မတော်တဆ ဖြစ်စဉ်များ လျော့နည်းကျဆင်း ရေးအတွက် ရထားရဲတပ်ဖွဲ့ အနေဖြင့် မြန်မာ့မီးရထား ဌာနနှင့် ပူးပေါင်းပြီး ဖြစ်စဉ်များအား 5-E (Education, Engineering, Emforcement, Medical, Enviroment) စနစ်ဖြင့် တိုင်းတာစစ်ဆေးပြီး အားနည်းချက်များအား ပြုစုပြီး ဖြည့်ဆည်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ရထားဖြင့် ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်ဘီးစသည့် တိုက်မှုဖြစ်စဉ် ငါးမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ်လအတွင်း ရထားကြိတ်/တိုက်မှုကြောင့် လူခုနစ်ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရထားရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

EMG

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဟုန်ရှင်း အလုပ်သမားများ သပိတ်စခန်းဖွင့် ဆန္ဒပြမှု အချက် (၅) ချက်ဖြင့် ပြေလည်မှုရရှိ


  Created on Tuesday, 24 September 2013


စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် အလုပ်သမားဝန်ကြီးမှ ဆန္ဒပြ အလုပ်သမားများကို လာရောက်ညှိနှိုင်း ပြောကြားနေစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ဟုန်ရှင်းအလုပ်သမား ၁၀၀ ကျော် သပိတ်စခန်းဖွင့် ဆန္ဒပြမှုမှာ အချက် (၅) ချက်ဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြေလည်မှု ရရှိစေရန်အတွက် ညနေ ၄ နာရီခွဲအချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဦးစိုးမင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ တာဝန်ခံ ဒေါ်သက်သက်အောင်၊ ဟုန်ရှင်းအအေးခန်း စက်ရုံမှ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် ဟုန်ရှင်း အလုပ်သမားသမဂ္ဂ ဦးဆောင်သူများ ဆွေးနွေးခဲ့ကြပြီး နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆို သဘောတူညီခဲ့ပြီး သပိတ်စခန်းကိုလည်း ဖျက်သိမ်း ပေးခဲ့ကြောင်း သိရသည်။

ယင်းစာချုပ်ပါ သဘောတူညီချက်များမှာ (၁) ဟုန်ရှင်း ငါးအအေးစက်ရုံ အမြဲတမ်း ပိတ်သိမ်းခြင်းကို တောင်းဆိုသူ ဦးမင်းမင်းပါ ၁၀၃ ဦးတို့မှ သိရှိသဘောတူရန်၊ (၂) စက်ရုံ ပိတ်သိမ်းခြင်း အတွက် ဥပဒေအရ အလုပ်ရပ်စဲဖို့ နစ်နာကြေးနှင့် လုပ်ခလစာ ကျန်ငွေများကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်း ကနောင်ခန်းမ၌ ပေးချေရယူရန်၊ (၃) အလုပ်ရပ်စဲ နစ်နာကြေးများကို အလုပ်သမားများမှ လက်ခံရရှိပြီးနောက် ဟုန်ရှင်း ငါးအအေးခန်း စက်ရုံနှင့် အခြားရရန် ပေးရန် မရှိတော့ပါကြောင်း၊ (၄) တောင်းဆိုမှုနှင့် ပတ်သက်၍ အမှုဖွင့်လှစ်ထားသော ဦးမင်းမင်းနှင့် ဦးသီဟတို့ အတွက် ဒါရိုက်တာ အဖွဲ့သို့တင်ပြ၍ အကောင်းဆုံး ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ရန်၊ (၅) စက်ရုံ အဆောင်နေသူများ ပြောင်းရွှေ့မှု အခက်အခဲ မဖြစ်နေစေရန် စက်တင်ဘာ ၂၆ ရက် ညနေပိုင်းအထိ နောက်ဆုံးထား၍ ပြောင်းရွှေ့ပေးရန်နှင့် အဆောင်နေသူများ နေထိုင်စဉ် ကာလအတွင်း စက်ရုံ၊ စက်ပစ္စည်း၊ အဆောက်အအုံ၊ စက်ရုံနှင့် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးပျက်စီး ဆုံးရှုံးမှု မရှိစေရန် တာဝန်ယူရန်စသည့် အချက်(၅) ချက် ပါဝင်ခဲ့ကြောင်း သိရသည်။

''အလုပ်ရှင်အနေနဲ့ လူအင်အား၊ ငွေအင်အား ဆုံးရှုံးမှုတွေ ဖြစ်သွားတဲ့အတွက် စက်ရုံကို လုံးဝလည်ပတ်နိုင်မှု မရှိတော့တဲ့ အတွက် ပိတ်သိမ်းလိုက်ပြီလို့ ပြောတယ်။ အကယ်၍ အခြားနာမည် ကုမ္ပဏီနဲ့ ဆက်ဖွင့်လှစ် နေဦးမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်'' ဟု ဟုန်ရှင်း အလုပ်သမား သမဂ္ဂဥက္ကဋ္ဌဖြစ်သူ ကိုမင်းမင်းက ပြောကြားသည်။

''နစ်နာကြေးတွေကိုလည်း မနက်ဖြန် ကနောင်ခန်းမမှာ လာရောက် ထုတ်ယူနိုင်ပါပြီ။ ဒဂုံဆိပ်ကမ်းမှာရှိတဲ့ စက်မှုဇုန်တွေ အနေနဲ့ အလုပ်သမား ခေါ်ဖို့ရှိတယ်ဆိုရင် လက်ရှိ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဆန္ဒဖော်ထုတ်ကြတဲ့ အလုပ်သမားတွေကို ဦးစားပေး ခေါ်ယူဖို့ အလုပ်သမား ၀န်ကြီးဌာနအနေနဲ့ အကြောင်းကြား မေတ္တာရပ်ခံ တာမျိုးတွေ ပြုလုပ်ထားပါတယ်'' ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ယင်းစာချုပ်ပါ သဘောတူညီချက်များအား နှစ်ဦးနှစ်ဖက်မှ ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များအရ အရေးယူခံရမည်ကို သိရှိကြောင်း မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်၌ စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းတွင် လက်မှတ်ရေးထိုး ခဲ့ကြကြောင်းလည်း သိရသည်။

အဆိုပါ ဟုန်ရှင်းစက်ရုံ အလုပ်သမားများသည် ၎င်းတို့၏ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရသည့် အတွက်ဟု ဆိုကာ သြဂုတ် ၁၀ ရက်တွင် စက်ရုံ အလုပ်ရှင်များကို ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြရာ သက်ဆိုင်ရာ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးရုံးတွင် ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ ညှိနှိုင်းရာတွင် သဘောတူညီမှု အပြည့်အ၀ မရသောကြောင့် ခုံသမာဓိရုံး၏ အဆုံးအဖြတ်ကို ခံယူခဲ့ကြကြောင်းနှင့် လက်ရှိတွင် အလုပ်ရှင်က စက်ရုံပိတ်သိမ်းသည် ဟုဆိုကာ အလုပ်သမားများအား လျော်ကြေးပေးပြီး အလုပ်ထုတ်ရန် ကြိုးစားနေသည်ဟု ဆိုကာ သပိတ်စခန်းကို စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် စတင်ဖွင့်လှစ် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

EMG

၁၁ ဘီလျံ ငွေစာရင်း ငါးခုတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ငွေစာရင်း ပါဝင်သည်ဆိုသော သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မှတစ်ဆင့် ရှင်းလင်းဖြေကြား

 Created on Tuesday, 24 September 2013


ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား စက်တင်ဘာ ၂၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ၁၁ ဘီလျံကိစ္စ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည့် မီဒီယာ တွေ့ဆုံပွဲတွင် တွေ့ရစဉ်

ပြည်တွင်းဂျာနယ် တစ်စောင်နှင့် ပြည်ပမီဒီယာ အချို့တွင် ဖော်ပြခဲ့သော ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဆိုသော သတင်းနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် ရှင်းလင်း ဖြေကြားခဲ့သည်။

သံတော်ဆင့် ဂျာနယ်တွင် ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဆိုသော သတင်းပါဝင်ပြီး နောက်ပိုင်း ပြည်ပမီဒီယာ အချို့မှလည်း အဆိုပါ သတင်းများကို ဆက်လက် ထုတ်လွှင့်ခဲ့သည့်အပေါ် အများပြည်သူ သိရှိလိုသည့် အတွက် အခြေပြုကာ ထပ်မံမေးမြန်း ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှာ လက်ရှိတွင် နိုင်ငံတော် သမ္မတ၏ အားထားရသော ပြည်ထောင်စု ၀န်ကြီးတစ်ဦး ဖြစ်နေပြီး တိုင်းပြည်အတွက် အကျိုးများစွာ ပြုနိုင်သည့် နေရာတွင် ရောက်ရှိနေခြင်း၊ အရေးပါသည့် နေရာတွင် ရှိနေ၍ ပြည်သူနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦး အဖြစ်လည်း ရှိနေသူ ဖြစ်သည်။

ထိုသို့ အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည့်အတွက် အများပြည်သူကြား၌ ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဟူသော သတင်းကို ရှင်းလင်းစွာ သိရှိစေရန် The Daily Eleven သတင်းစာမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအပြင် ပြည်ထောင်စုဝန်ကြီး၏ မိသားစု ရင်းချာများပါ နိုင်ငံခြား ဘဏ်စာရင်းများဖြင့် ရှင်းလင်းမှု ရှိ၊ မရှိကို နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် မေးမြန်းခဲ့ရခြင်း ဖြစ်သည်။

The Daily Eleven မှ မေးမြန်းရာ၌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတွင် ပြည်ပ၌ နေထိုင်သူ သားသမီးများ ရှိသည်မှာ ဟုတ်မဟုတ်၊ ၀န်ကြီးသားသမီးများ အနေဖြင့် ဒေါ်လာပမာဏ အမြောက်အများကို ယူဆောင်လာပြီး စီးပွားရေး လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လာမည် သို့မဟုတ် ပြန်လည်ရောက်ရှိ နေသည်ဆိုသော သတင်းမှာ ဟုတ်၊ မဟုတ်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အနေဖြင့် မျိုးရိုးစဉ်ဆက် ကြွယ်ဝချမ်းသာခြင်း ဟုတ်၊ မဟုတ်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အမည်ဖြင့် မဟုတ်ဘဲ သားသမီးများ အမည်ဖြင့် သို့မဟုတ် ဆွေမျိုးရင်းချာ အမည်ဖြင့် ဒေါ်လာပမာဏ များပြားစွာရှိသော နိုင်ငံခြားငွေ ဘဏ်စာရင်းများ ရှိ၊ မရှိ စသည်ဖြင့် ပြည်သူကြားတွင် သိရှိလိုနေသော မေးခွန်းအချို့ကို သိခွင့်ရှိလျှင် သိလိုကြောင်း၊ ရေးခွင့်ရှိလျှင် ရေးလိုကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။



ကလေးများ အနေနဲ့ ဖခင်ရဲ့ ရာထူး၊ တာဝန်ကို အသုံးပြုပြီး ငွေကြေး၊ အခွင့်အရေး ရယူခြင်း မရှိပါဘူး။ သူတို့ပညာနဲ့ အလုပ်လုပ်ကိုင် ၀င်ငွေရှာဖွေ ရပ်တည်နေတာသာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ နေထိုင်သူတိုင်း ဘဏ်စာရင်းတော့ ရှိမှာပေါ့ဗျာ။ ၀န်ကြီး ဦးစိုးသိန်းကလည်း သူ့သားသမီးများ အနေနဲ့ ဖခင်ရဲ့ အရှိန်အ၀ါကိုသုံးပြီး ငွေကြေး အမြောက်အများကို နိုင်ငံခြား ဘဏ်စာရင်းတွေ ဖွင့်ထားတယ် ဆိုတာ သက်သေ အခိုင်အမာ ရှိရင်ပြောပါ။ သူ့ကိုအရေးယူ နိုင်ပါတယ်လို့...




နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဦးရဲထွဋ်မှတစ်ဆင့် ပြန်လည်ရှင်းလင်း ဖြေကြားရာတွင် 'ပြည်ထောင်စု ၀န်ကြီးတွင် သားတစ်ယောက် သမီးနှစ်ယောက်ရှိပြီး ၁၉၉၀၊ ၁၉၉၁၊ ၁၉၉၂ ခုနှစ်လောက်ထဲက ပြည်ပတက္ကသိုလ်များမှာ ပညာသင်ဆု လျှောက်ထားပြီး သွားရောက် ပညာသင်ကြားရင်း အလုပ်လုပ်ကိုင် နေခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က ၀န်ကြီးဦးစိုးသိန်းသည် တပ်မတော်တွင် ဒုတိယ ဗိုလ်မှူးကြီး အဆင့်သာ ရှိသေးသည့် အတွက် ၎င်း၏ သားသမီးများမှာ ဖခင်အရှိန်အ၀ါဖြင့် ပြည်ပသို့ သွားရောက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ပညာသင်ဆု ရငွေနှင့် အလုပ်လုပ်ခြင်းမှ ရငွေများဖြင့် ကျောင်းတက်ခဲ့ပြီး ၀န်ကြီးဦးစိုးသိန်း၏ ရာထူးတာဝန်ကို အသုံးပြုပြီး ငွေကြေးအခွင့်အရေးကို သားသမီးများမှ ရယူခြင်း မရှိခဲ့ကြောင်း၊ သူတို့ပညာ၊ သူတို့အလုပ် လုပ်ကိုင်မှုမှာ ၀င်ငွေရှာဖွေ ရပ်တည်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားမှာ နေထိုင်သူတိုင်း ဘဏ်စာရင်းတော့ ရှိကြောင်း ဖြေကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ ဖြေကြားရာတွင် ''ကလေးများ အနေနဲ့ ဖခင်ရဲ့ ရာထူး၊ တာဝန်ကို အသုံးပြုပြီး ငွေကြေး၊ အခွင့်အရေး ရယူခြင်း မရှိပါဘူး။ သူတို့ပညာနဲ့ အလုပ်လုပ်ကိုင် ၀င်ငွေရှာဖွေ ရပ်တည်နေတာသာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ နေထိုင်သူတိုင်း ဘဏ်စာရင်းတော့ ရှိမှာပေါ့ဗျာ။ ၀န်ကြီး ဦးစိုးသိန်းကလည်း သူ့သားသမီးများ အနေနဲ့ ဖခင်ရဲ့ အရှိန်အ၀ါကိုသုံးပြီး ငွေကြေး အမြောက်အများကို နိုင်ငံခြား ဘဏ်စာရင်းတွေ ဖွင့်ထားတယ် ဆိုတာ သက်သေ အခိုင်အမာ ရှိရင်ပြောပါ။ သူ့ကိုအရေးယူ နိုင်ပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မှန်းဆချက်များနဲ့ စွပ်စွဲပြောဆိုရင်တော့ သူ့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ပြည်သူတွေ သံသယရှင်း စေဖို့အတွက် လုပ်ဆောင်ရပါ လိမ့်မယ်လို့ ကျွန်တော့်ကို ဒီနေ့ပဲ ထပ်မံ ရှင်းပြပါတယ်'' ဟု ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စွပ်စွဲချက်များ ထွက်ပေါ်လာမှုနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ''အခုလို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ပတ်သက်ပြီး စွပ်စွဲချက်များ ပေါ်ထွက်လာခြင်းဟာ ဦးစိုးသိန်း အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်တဲ့အခါ အရင်အစိုးရ လက်ထက်က ရာထူး၊ အာဏာ၊ အဆက်အသွယ်များကို အသုံးပြုပြီး လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်များ ရယူထားတဲ့ သူအချို့ နစ်နာခဲ့ရတာနဲ့ ပတ်သက်နိုင်တယ်လို့ ထင်ပါတယ်'' ဟု ၎င်း၏ ထင်မြင်ယူဆ ချက်ကိုပါ ထည့်သွင်း ဖြေကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှာ ယခင်အစိုးရ လက်ထက်က ငွေကြေးဆိုင်ရာများ စီမံခန့်ခွဲမှု အပိုင်းများတွင် ပတ်သက် ဆောင်ရွက်မှု များပြားခြင်း မရှိခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူ ခဲ့ပြီးနောက် စက်ရုံ၊ အလုပ်ရုံ၊ မြေကွက်နှင့် အဆောက်အဦများအား ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း၊ ပုဂ္ဂလိသို့ လွှဲပြောင်းခြင်း ပြုလုပ်မှုများကို ဆောင်ရွက်ရာတွင် ပါဝင်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုမိန့်များ ထုတ်ပေးနိုင်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခွင့် ရရှိခဲ့ပြီး လုပ်ငန်းပေါင်း များစွာကို ခွင့်ပြုပေးခဲ့ကြောင်း၊ ထိုသို့ ခွင့်ပြုပေးရာတွင် စီးကရက်၊ ဘီယာ၊ အဖျော်ယမကာ စက်ရုံများစွာကို လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း၊ အစိုးရသစ် လက်ထက်တွင် စက်မှုဝန်ကြီး ဌာနအဖြစ် ပေါင်းစည်းခြင်း မပြုခင်မှ ပေါင်းစည်းပြီး ယနေ့အထိ ၎င်းအပါအ၀င် ပြည်ထောင်စုဝန်ကြီး လေးဦးအထိ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ၎င်းတာဝန် မယူတော့သည့် နောက်ပိုင်းတွင် ၀န်ကြီးနှစ်ဦး အပြောင်းအလဲ ဖြစ်ခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတလက်ထက် စီးပွားရေး လုပ်ငန်းရှင် အများအပြားနှင့် ရင်းနှီးသူ ဖြစ်ကြောင်း၊ ထိုသို့သော အကြောင်းများကြောင့် ယခုကဲ့သို့ ၀န်ကြီးဦးစိုးသိန်းအပေါ် စွပ်စွဲချက် ထွက်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိသည်။

EMG

ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ





၁) ကြက်ဥတစ်လုံးကျကွဲပြီး ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံးကျနေ
တယ်ဆိုရင် ဖိတ်ကျနေတဲ့ ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ... ပြီးရင် ခဏစောင့်ပါ.... နည်းနည်းကြာရင် ပေခြင်းပွခြင်းမရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်....

၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ... အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်...

၃) ပန်းကန်စင် စာအုပ်စင် စတဲ့စင်တွေပေါ်မှာ ပုရွက်ဆိတ်တွေတက်နေရင် ဆားဖြူးပေးလိုက်ပါ... ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်....

၎) ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲစိမ်ထားပါ... ကြေးခွံတွေအ
လွယ်တကူ ချွတ်နိုင်ပါလိမ့်မယ်...

၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေအလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်းငယ်ရောနှောထည့်ထားပါ...

၆) အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင်ပါတယ်...

၇) ကြက်ဥတွေကောင်းမကောင်းစမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ခွက်ထဲ
စိမ်ကြည့်ပါ.... ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့တဲ့ကြက်
ဥက ပေါလောပေါ်နေပါလိမ့်မယ်...

၈) ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်းခပ်လိုက်ပါ... ကွဲနေတဲ့ကြက်ဥတွေက သူ့အခွံထဲမှာပဲ ရှိနေပါလိမ့်မယ်....

၉) ရှုံ့တွနေတဲ့ပန်းသီးတွေကို ဆားအတော်အသင့်ခတ်ထားတဲ့ရေထဲ စိမ်ထားလိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်...

၁၀) မုန့်လုပ်တဲ့ဒယ်ပြားကို ဆားနဲ့ပွတ်ပေးထားရင် မုန့်တွေမကပ်တော့ပါဘူး....

၁၁) သွားတိုက်တံကို မသုံးခင်ဆားရည်ထဲစိမ်ထားခြင်းဖြင့် သက်တမ်းပိုကြာကြာ အသုံးပြုနိုင်ပါတယ်...

၁၂) ကော်ဖီအိုးကိုအရောင်ချွတ်တဲ့အခါ ဆားနဲ့ပွတ်ပြီးချွတ်နိုင်ပါတယ်...

၁၃) ဆားနဲ့ တာပင်တိုင်ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေကို ဖြူအောင်ဆေးနိုင်ပါတယ်...

Ref: Awesome Facts
နှိုင်းရင့်နွေမှတင်ဆက်သည်...

Related Posts Plugin for WordPress, Blogger...