Saturday, September 28, 2013

၁၁၅ မိုင် နဲ့ People-centered Development




People-centered Development ဆိုတဲ့ အယူအဆ ကို ၁၉၈၀ လွန်နှစ် များ တုံး က David Korten ဆို တဲ့ ပညာရှင် တစ်ယောက် က စတင် ဖော်ထုတ် ခဲ့တယ် လို့ ဆိုတယ်။ ၂၀၁၂ ခုနှစ် ၊ ဇွ န် လ ပတ်ဝန်းကျင် လောက် ကလည်း သမ္မတကြီး မိန့်ခွန်း ထဲမှာ အဲ့ဒီ စကားလုံး သုံးစွဲ သွားတာ ကြားလိုက် မိပါတယ်။ People-centered Development လုပ်ငန်းတွေ ကို ဦးစားပေး လုပ်သွားမ ယ် လို့ ပြောခဲ့တာ။

People-centered Development ရဲ့ အယူအဆ တွေ၊ ဆွေးနွေး ချက်တွေ၊ သီအိုရီ ပိုင်းတွေ ဖြင့် စာလေး မဆိုးလို့ အကျယ် မဆွေးနွေး လို။ သို့သော် တိုက်တိုင် ဆိုင်ဆိုင် ၁၁၅ မိုင် စခန်း က၊ လမ်းဘေး ဈေးသည် တွေ ဖယ်ရှား တဲ့ ကိစ္စ၊ မနေ့ည ကမှ ဖတ်လိုက် ရသမို့ ဒီ အကြောင်း နည်းနည်း ပြောချင် လာမိတယ်။

People-centered Development မှာ အဓိက ပါဝင်တဲ့ အစိတ် အပိုင်း တစ်ခု က sustainability ။ အဲ့ဒီ sustainability ထဲ မှာမှ ဒေသခံ လူထုရဲ့ ၀င်ငွေ တိုးအောင်၊ ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်နိုင်အောင် အသေးစား လုပ်ငန်းလေး တွေ လုပ်ပေး ရမယ် ဆိုတာ အတော် ကျယ်ကျယ် ပြန့်ပြန့် ပါဝင် ပါတယ်။

အခု ကျွန်တော် တို့ နိုင်ငံ ဟာ People-centered Development မူ နဲ့ သွား နေ ပါတယ်။ ဒါဆို အခု ဖြူးမြို့ က ရွာ အုပ်စု တစ်ခု အနားမှာ ကျွန်တော် တို့ ၁၁၅ မိုင် စခန်းကြီး အရင် ခေတ် ကေ ဆာက် ခဲ့ ကြတယ်။ ဘာမှ လုပ် မပေး ခဲ့ဘူး ဆိုလည်း ထားပါတော့။ အရင်ခေတ် က ကိုး။ သို့သော် အခု ခေတ် မယ် ကျွန်တော် တို့ စဉ်းစားသင့် တဲ့ ပုံစံ ( mindset ) က အဲ့ဒီ ဒေသခံ တွေ အတွက် ကျွန်တော် တို့ ဘာလုပ် ပေးသင့် သလဲ၊ ဘာလုပ်ပေး နိုင်မလဲ၊ ဘာလုပ် ပေး ရမလဲ ဆိုတဲ့ မေး ခွန်း တွေ ကို အဖြေရှာ ဖို့လို့ ယူဆမိ ပါတယ်။

မှန်ပါတယ်။ အဲ့ဒီ လမ်းဘေး ဈေးသည် တွေကြောင့် ကားရပ်နား စခန်းကြီး ညစ်ပတ် တာ၊ အကျ ည်းတန် တာ၊ စသည်၊ စသည်၊ ကျွန်တော် လည်း ခဏခဏ ဖြတ်သွား နေသမို့ သိ ပါတယ်။ အခု ဓာတ်ပုံ ထဲ ရှင်းသွားပြီ ဆိုတော့ ပထမဆုံး ခံစားချက် က ၀မ်းသာစရာ ကောင်း တယ် ပေါ့။ သို့ေ သာ် ဆက်တွေး မိတာ က အဲ့ဒီ ဒေသခံ ဈေးသည်လေး တွေ စီးပွား ပျက်ရှာပြီ ဆိုတဲ့ အချက်။ တကယ် ရိုးရိုးလေး စဉ်းစား ရင် သူတို့က ဒေသခံ ဆိုတော့ အိမ်ရှင်ဗျ။ ကျန်တဲ့ ကျွန်တော် တို့ ခရီး သွား တွေ ကသာ သူစိမ်းတွေ။ win - win ဆိုတာ ၂ဖက်လုံး အဆင်ပြေ တဲ့ အဖြေ ဖြစ်ရမယ်။ အခု သန့်ရှင်း သပ်ယပ် ပြီး စည်းကမ်း ရှိတဲ့ ကားရပ်နား စခန်း ကလေး မြင်ရတော့ ကျွန်တော် တို့ သူ စိမ်းတွေ ကဖြင့် လိုချင် တာ ရခဲ့ပြီ ပေါ့လေ။ သို့ပေသိ အဲ့ဒီ ဒေသခံ ကောက်ညှင်း ကျည်တောက် သည်တွေ၊ အသုတ် သည် တွေ၊ ဖရဲသီး သည် တွေ၊ အအေး ဆိုင်လေး တွေ စသည် စသည်။ သူ တို့တွေ အတွက် ကော တစ်ခုခု စဉ်းစားပေး ကြရင် မကောင်းဘူး လား။

နံပါတ် တစ် - ဒေသခံ ပဲ ဖြစ်ရမယ်။

နံပါတ် နှစ် - စည်းကမ်း တော့ မရှိမဖြစ် ရှိရမယ် ပေါ့ဗျာ။ သူတို့တွေ ကျန်းမာရေး နဲ့ အညီ ဈေးရော င်း နိုင်ဖို့၊ သန့်ရှင်း သပ်ယပ် အောင် ထိန်းသိမ်း ဖို့ သင်တန်းတွေ ပေးရမှာက စည်ပင်သာယာရဲ့ အ လုပ်ပဲ။ သူတို့ဟာ စည်းကမ်း မရှိလို့ ဈေး မရောင်း ရတာ။ စည်းကမ်း ရှိလာ အောင် လေ့ ကျင့် ပေး ရမှာ အာဏာ ပိုင်ရဲ့ အလုပ်။ လေ့ကျင့်ပေး လို့မှ စည်းကမ်း မရှိတဲ့ သူ ကဖြင့် ဖယ်တာ တွေ အရေး ယူ တာတွေ လုပ်ချင် လုပ်ရ မပေါ့။ ဒါက တစ်ပိုင်း။

နံပါတ် သုံး - ကားရပ်နားစခန်း လို မဟုတ်ဘဲ အခြား မြေ ကွက်လပ်၊ အနီး အနားမှာ ဒေသ ထွက် ကုန် ပစ္စည်းတွေ ရောင်းတဲ့ ဈေးလေး တစ်ခု စည်းကမ်း တကျ ဖွင့်ပေး တာမျိုး။ဒါက all inclusiveness သဘော လည်း ပါတယ်။

၁၁၅ မိုင်ကို သူစိမ်း တွေက ဖွင့်၊ သူစိမ်းတွေ ပဲလာ၊ သူစိမ်းတွေ ပဲ ကောင်းစားပြီး၊ ဒေသခံ တွေ ဘာမှ အကျိုး ကျေးဇူး မရရင် ၁၁၅ မိုင် ဟာ သူတို့နဲ့ မဆိုင်ဘူး လို့ ထင်လာ မယ်။ ၁၁၅ မိုင် စခန်း က ရရှိ တဲ့ အကျိုးကျေးဇူး ကို ခံစား ရသူတွေ ထဲမှာ ဒေသခံတွေ ပါမှ သူတို့ အတွက် အကျိုးရှိ ပါလား ဆိုကာ ဒါကို ၀ိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက် တဲ့ အထဲ သူတို့ ပါဝင် လာကြ မှာ။

အချုပ် ဆိုရရင် ၁၁၅ မိုင် စခန်း က လမ်းဘေး ဆိုင်တွေ ကို တစ်ခုခု စနစ် တကျ ပြန် မစီစဉ်ပေး ဘဲ ဖယ်ရှား တယ် ဆိုရင်ဖြင့် နိုင်ငံရဲ့ အခု သွားနေတယ် ဆိုတဲ့ People-centered Development မူနဲ့ ကွဲလွဲမှု ရှိနေ ပါလိမ့် မယ်။ သူတို့ ဒေသခံတွေ အတွက် လည်း တစ်ခုခု ပြန် စဉ်းစားပြီး လုပ်ပေး သင့်တယ် လို့ ယူဆမိ ပါကြောင်း။

Zaw Nyunt

iPad Mini 2 ရွှေရောင်ကို မြင်တွေ့နိုင်မည်လား


========================
မေသဇင်

အင်တာနက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ iPad အခွံတစ်လုံးရဲ့ ဓာတ်ပုံအရ iPad Mini အသစ်မှာ ရွှေရောင် သို့မဟုတ် မီးခိုးဖျော့ရောင်
ကို ရွေးချယ်နိုင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ iPhone 5S ရဲ့နာမည်ကျော် Touch ID fingerprint Sensor လည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

တရုတ်အခြေစိုက် DoNews နည်းပညာသတင်းဌာနက fingerprint Sensor နဲ့ ရွှေရောင် iPad Mini အသစ်ကို မကြာမီ တွေ့မြင်ရတော့မည် လို့ သတင်းရေးလိုက်တာကြောင့် Apple ပရိသတ်တွေ ပိုပြီး အုံးအုံးကြွသွား ခဲ့တယ်။ ဒီသတင်းက Twitter ပေါ်မှာ တစ်ဟုတ်ထိုး ပြန့်နှံ့သွားခဲ့ပြီး စိတ်ဝင်စားမှု အများအပြားရှိခဲ့ပါတယ်။

ဆက်စပ်သတင်းအရ iPad 5 တွင် မီးခိုးရောင်ဖျော့ဖျော့နဲ့ ငွေရောင်
နှစ်မျိုးကို ရွေးချယ်နိုင်မယ်လို့ ဆိုပါတယ်။ iPad Mini 2 မှာ 1GB RAM ပါဝင်နိုင်သလို iPad 5 မှာ 2GB RAM ပါဝင်နိုင်တယ်လို့ ထင်ကြေးပေး
ပြောဆိုနေကြပါတယ်။

ကောလဟာလသတင်းတွေကလည်း တစ်ခါတစ်လေမှန်တတ်တာမို့ ဒီသတင်းတွေကိုတော့ လျစ်လျူရှုလို့ မရပါဘူး။ အသစ်ထုတ်မယ့် iPad Mini 2 နဲ့ iPad 5 အတွက် ဘယ်လိုသတင်းတွေ ထွက်ရှိလာဦးမလဲဆိုတာ
စောင့်ကြည့်ရဦးမှာပါ။

စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ



စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း (Jasmine Tea) ကို တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၇၀ဝ နီးပါး ကတည်းက ထုတ်လုပ်ခဲ့ပြီး ရေပန်းအစားဆုံး ပန်းရနံ့ လက်ဖက်ရည် ကြမ်း ဖြစ်ပါတယ်။ တစ်ခါတလေ လက် ဖက်စိမ်း လက်ဖက်ရည်နဲ့လည်း တွဲဖက်သုံး လေ့ရှိသလို အူလွန်လက်ဖက်ရည်နဲ့ လည်း တွဲသုံး ပါတယ်။ စံပယ်ပန်းရနံ့ လက်ဖက်ရည်ကြမ်းမှာ အင်တီအောက် ဆီးဒင့် ကတ်တီချင်ပါဝင်တာကြောင့် ကင်ဆာဖြစ်နှုန်းလျော့ကျတာ၊ နှလုံးခုန် နှုန်း မြန်ဆန်မှု လျော့နည်းတာ၊ သွေးတိုး ကျတာ၊ လေဖြတ်ဝေဒနာ ဖြစ်နိုင်ခြေ လျော့နည်းတာနဲ့ သွေးတွင်း ကိုလက်စ ထရောအဆင့် လျော့ကျတာ စတဲ့ ကျန်း မာရေးအကျိုးကျေးဇူး တွေကို ရရှိစေပါ တယ်။

အစာရေ မျိုပြွန်ကင်ဆာ ဖြစ်နှုန်း လျော့ကျစေပါတယ်
အာဟာရဆိုင်ရာ လေ့လာမှုတစ်ရပ် အရ စံပယ် လက်ဖက်ရည်ကြမ်းကို မကြာ ခဏသောက်တာနဲ့ အစာရေမျြွိုပန်ကင် ဆာဖြစ်နှုန်း လျော့နည်းမှုအကြား ဆက် စပ်မှု ရှိကြောင်း သိရပါတယ်။ လက်ဖက် စိမ်း၊ အူလွန်လက်ဖက်ရည်နဲ့ စံပယ်ရနံ့ လက်ဖက်ရည်တွေကို သောက်တာ ကြောင့် အင်တီအောက်ဆီးဒင့် ရရှိမှု များကာ မသောက်သူတွေနဲ့ စာရင် အ စာရေမျြွိုပန်ကင်ဆာဖြစ်နိုင်ခြေ လျော့ နည်းမှု ပိုရှိပါတယ်။

စိတ်ခံစားမှု ကောင်းမွန်ပြီး နှလုံးခုန် မြန်ဆန်မှုအား လျော့နည်းစေခြင်း
စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း သောက်တာကြောင့် စိတ်တည်ငြိမ်စေပြီး နှလုံးခုန်နှုန်း မြန်တာကို လျော့ကျစေပါ တယ်။ လာဗန်ဒါနဲ့ စံပယ်ပန်းရနံ့ လက် ဖက်ရည်ကြမ်းဟာ စိတ်ခံစားမှုကို တည် ငြိမ်စေပြီး နှလုံးခုန်ရင်တုန်ဝေဒနာကို လျော့ကျစေပါတယ်။

လေဖြတ်ခြင်း အန္တရာယ် လျော့ကျပြီး သွေးတွင်း ကိုလက်စထရော အဆင့်ကို လျှော့ကျနိုင်ခြင်း
တရုတ်လေ့လာမှု တစ်ခုအရ စံပယ် ပန်းရနံ့ လက်ဖက်ရည်ကြမ်းသောက်တာ ကြောင့် လေဖြတ်ဝေဒနာကို သိသိသာ သာ လျော့ကျစေတယ်လို့ သိရပါတယ်။ လေ့လာမှုအရ စံပယ်ပန်းရနံ့လက်ဖက် ခြောက်ကို တစ်လ ၁၅၀ ဂရမ် သောက် တာကြောင့် လေဖြတ်ဝေဒနာကို သိသိ သာသာ လျော့ကျစေကြောင်း သိရပါ တယ်။
စံပယ်ရနံ့လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာ ကြောင့် သွေးတွင်း ကိုလက်စထရောအ ဆင့်ကို သိသိသာသာ လျော့ကျစေတယ် လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ သွေး တွင်းကိုလက်စထရော မြင့်မားတာက နှ လုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါ တယ်။

စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
စံပယ်ရနံ့ လက်ဖက်ရည်ကြမ်းကို သောက်တာကြောင့် စိတ်ပူပင်သောက ကို လျော့ပါးစေပြီး စိတ်တည်ငြိမ်အေး ချမ်းစေပါတယ်။ လက်ဖက်စိမ်းလက်ဖက် ရည်သောက်သလို ကိုလက်စထရောကျ စေတာ၊ ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းတာ၊ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်တာ၊ အင်တီအောက်ဆီးဒင့် အာနိသင်ရှိတာတို့ လို ကောင်းကျိုးတွေကို ရရှိစေ ပါတယ်။
ဘေးထွက်ဆိုးကျိုးများ
စံပယ်ပန်းရနံ့ လက်ဖက်ရည်ကြမ်း မှာ ကဖင်းဓာတ် အနည်းငယ်ပါဝင်တဲ့ အ တွက် ကဖင်းဓာတ်နဲ့ မတည့်တဲ့ တချို့လူ တွေမှာ စံပယ်ရနံ့ လက်ဖက်ရည်များများ သောက်တာကြောင့် ရင်တုန်တာနဲ့ က တုန်ကယင်ဖြစ်တာတို့ ဖြစ်တတ်ပါတယ်။

ကြယ်စင်

မယုံချင်ပေမယ် ကြုံခဲ့ရသည် (GHOST STORY)



2001 ခုနှစ် ၀ါဆိုအဖိတ်နေ့ ရယ် လပြည့်နေ့ရယ်က ကျွန်တော် အရင် နေခဲ့တဲ့ အိမ်ရဲ့ သုံးအိမ်ကျော် အိမ်မှာ အဲဒီ ကိစ္စတစ်ခု ဖြစ်တယ်ဗျ

မောင်နှစ်မ လေးယောက် နေတယ် ပေါ့ဗျာ.. အကြီးဆုံးက မိန်းမ ရှိတယ် သားက ကိုးတန်း သမီးက ခြောက်တန်း၊ ညီအလတ်ရယ် ညီမအငယ်ရယ် ညီအထွေးရယ်က လူလွတ်တွေ

ညီမအငယ်က စိတ်ထားဆိုးတယ်ဗျ သူ့ အလုပ်မှာ သူ့ရာထူးတိုးရေးအတွက် အောက်လမ်း ဆရာတွေနဲ့ ပင်းတာတွေဘာတွေ လုပ်တယ်

အိမ်ရှေ့ လမ်းမမှာ ညသန်းခေါင် အမဲသားစိမ်း ငါးဆယ်သား ခေါစာ ခဏခဏ ထွက်ကျွေးတယ်

တခါသား သူက ခရီး ထွက်သွားတော့ သူ့မောင် ကို ကျွေးဖို့ မှာသွားရော

သူ့မောင်က ကြောက်ကြောက်နဲ့ အိမ်ပြင်မှာ မကျွေးပဲ အိမ်ခြံထောင့်မှာ ကျွေးလိုက်ရောဗျာ.

အဲဒါ သူကလဲ ပြန်မပြောဘူး နောက် သုံးလလောက်အတွင်းမှာ စောစောက ပြောတဲ့ ညီမငယ်ဟာ ဘာရောဂါမှန်း ရှာမရပဲ ဆေးရုံတင်လိုက်ရရောဗျာ...

အဲဒီ ၀ါဆိုလပြည့် အဖိတ်နေ့ ကျတော့ သူက မသေပဲ ပုပ်နေပြီ ဆေးရုံမှာ။

အိမ်မှာလဲ သူ့ကိစ္စ ဗာဟီရတွေ အခြား အိမ်မှုကိစ္စတွေ မနိုင်ကြတော့ အစ်ကိုကြီးရဲ့ မိန်းမရဲ့ အစ်မ၊ တောမှာ နေတဲ့ အမျိုးသမီးကြီးကို ခေါ်ထားကြတယ်ပေါ့ဗျာ။

ညနေ ခြောက်နာရီလောက် ကျွန်တော် အလုပ်က ပြန်လာပြီး (အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ programming group လေး ထောင်ထားတယ်ဗျ) နေတုန်း အိမ်က အဖိုးကို အစ်ကိုကြီးရဲ့ မိန်းမက လာပြေးခေါ်ရောဗျာ သူတို့ ညီအစ်ကိုတွေက နဲနဲသောက်တတ်တယ်ဗျ

ဒါနဲ့ မူးပြီး ရမ်းတယ် ထင်လို့ လိုက်သွားတာ.. ဟိုအိမ်လဲ ရောက်ရော တကယ်ရမ်းနေတာက ပိန်တာရိုး မိန်းမ ဖစ်နေရော.. ယောက်ျားကြီး သုံးယောက် အိမ်ထောင့်သုံးထောင့် မှာ ကုပ်လို့ ဗျား

အဲဒီ မိန်းမက ပေါင် ကိုးဆယ် မပြည့်ဘူး လက်ချောင်းကလေးတွေက ပုသိမ်ထီး ထီးရိုး သာသာ ဘဲ ရှိတယ် ကျွန်တော်ရယ် ရပ်ကွက်က ယောက်ျား နှစ်ယောက်ရယ် ၀ိုင်းချုပ်တာ

ဟင်းဟင်း.. နောက်တစ်ယောက်က လက်ဖျံကိုချုပ်ထားပေးပြီး ကွေးထားတဲ့ လက်သန်းကို ကျွန်တော်က ဆွဲဖြည်တာ ဖြည်မရဘူးဗျ

အဲဒါ ဘယ်လက်နော်.. တပြိုင်ထဲပဲ ညာလက်နဲ့ ဖိလစ် သရီးဒိုး ရေခဲသေတ္တာကြီးကို တွန်းထဲ့လိုက်တာ ရေခဲသေတ္တာ လွင့်ကို ထွက်သွားတာ ...... လဲသွားတာ မဟုတ်ဘူးနော်

အတွင်းအားတယ်ပြင်းတယ်နော်

သပ်သပ်သပ်စီနော်.. ခေါစာကျွေးတဲ့ ညီမငယ်က ဆေးရုံမှာ ခုဟာက အစ်ကို အကြီးဆုံးရဲ့ မရီး.. တောက လာနေတဲ့ အမျိုးသမီးကြီးနော်

အဲဒါနဲ့ ညီအငယ်ဆုံးက လုပ်မိလုပ်ရာ ပုတီး ကောက်စွပ်လိုက်တော့ မျက်လုံးကြီး ပြူး၊ လျှာကြီး တစ်လစ် ထွက်ပြီး ငြိမ်သွားရောဗျ.. အဲတော့မှာ အဖိုးက ၀ိပဿနာ လုပ်နေတာဆိုတော့ ဦးဆောင်ပြီး ပုတီး ပြန်ချွတ်ရင် ငြိမ်ငြိမ်နေမလား မေးရောဗျ .. ဟိုက ခေါင်း ညိမ့်ပြတာနဲ့ ပုတီး ချွတ်ပြီး မေးတော့မှ

အဲလို ပဲ အလုပ်တွေ ခဏခဏခိုင်း.. အိမ်ထဲခေါ်ပြီး ခေါစာ တစ်ခါပဲ ကျွေး ပြန်လဲ မနှင်လို့ ဘာမှလဲ ရှာစားလို့မရလို့ လုပ်ထည့်လိုက်တာ ဆိုရောကိုး

ဟုတ်ပြီ ဒါဆိုရင် ချက်ပြီးသား ထမင်းတွေ ဟင်းတွေရှိတယ် ခုစားမလား ဆိုတော့ မစားဘူးတဲ့ဗျ

ဒါဆို ဘာစားမှာတုန်း ဆိုတော့ အမဲသား ငါးဆယ်သားတဲ့

ဟုတ်ပြီ ခုက ညခုနစ်နာရီ ထိုးတော့မယ် ဈေးတွေလဲ ပိတ်ကုန်ပြီ စားချင်တာ စားရရင် ထွက်မှာလား အေးအေးလူလူ ပြန်မှာလား ပေးထားတဲ့ ဒုက္ခတွေ ပြန်နှုတ်ပေးမှာလား မေးတော့ အင်း.... တဲ့

ဒါဆို နက်ဖြန် ညနေ ခြောက်နာရီကို ကျွေးမယ် ဖြစ်မလား ဆိုတော့ အင်း.. တဲ့

ဖြတ်မေးဦးမယ် ခင်ဗျား လျှာကို ဘယ်လောက်ထိ ထုတ်လို့ရသလဲ

ဲဟဲ သူ့လျှာ ထွက်လာတာ ဇလုပ်ကို ထိတယ်ဗျ

သွားမှာပါ အစွယ် ထွက်လာတာ.. ဖလင် တစ်လိပ်တိတိ ကျွန်တော် ဓာတ်ပုံ ရိုက်ထားတယ်ဗျ (ပုံတွေတော့ ကာယကံရှင်တွေကို လေးစားသောအားဖြင့် မတင်ပါရစေနဲ့ဗျာ)

ဒါနဲ့ နက်ဖြန် ရက်ချိန်းရတော့ အိုကေ ပေါ့..

ပြင်စရာဆင်စရာရှိတာ ပြင်ဆင်ပြီး စောင့်နေကြတာပေါ့..

နောက်နေ့က ၀ါဆိုလပြည့်နေ့လေ..

အဲဒီတော့ကျွန်တော်က အစ်ကိုအကြီးဆုံးရဲ့သားကို တိုးတိုး မှာထားတယ်..“ဟေ့ကောင်အခြေအနေ မကောင်းရင် တီဗီ ပြေးဖွင့်..“ လို့ ညနေ ခြောက်နာရီဆိုရင် တီဗီကနေသပိတ်အိုင်ဆရာတော်ရဲ့ ၀ါဆိုလပြည့်နေ့နဲ့ ပတ်သက်တဲ့ တရားလာတယ်လေ

အမဲသားစိမ်း ငါးဆယ်သားကို ကျွေးမှာက ခြံထဲမှာ အရင် ကျွေးထားတဲ့ ဒေါင့်ပဲ.. ဟဲဟဲ နံကရိုင်းမယ်တော် နတ်စင် အောက်တည့်တည့် ဗျား.....

ဒါနဲ့ အဲဒီအမျိုးသမီးကြီးနဲ့ ကျွန်တော်နဲ့ ဆေးလိပ် တစ်ယောက်တစ်လိပ်စီ ဖွာနေကြတာပေါ့ဗျာ ..

အဲသရဲက ဒိတ်သွားတော့ ကျွန်တော်လဲ ကင်မရာ နှစ်လုံးကို အယ်လကာလိုင်း ဘက်ထရီအသစ်စက်စက်တွေ ထည့်.. ကွန်နီးကာ စင်ကျူရီယာ 500 တစ်လိပ်စီ ထည့်လို့ အသင့်ပြင်ထားတာပေါ့ဗျာ.. တစ်လုံးက ကျွန်တော့် အဖေဟာ မီနော်လ်တာ ပရိုသုံးဗျအသစ်ကြီး ကျွန်တော့်ဟာကတော့ ကင်နွန်35mm အစုတ်ကလေး.. ဖလင်က စင်ကျူရီယာ 500တော့ ဟုတ်တယ်/ သုံးလေးရက်ကမှ မန္တလေးက ပြန်လာတော့ အဲဒီဖလင်လိပ် ပထမဆုံးအကွက်မှာ မဟာမြတ်မုနိဘုရားကြီးပုံ တစ်ပုံ ရိုက်ထားတယ်/

ဒါနဲ့ခုန ပြောပါရော ဆေးလိပ် တစ်ယောက်တစ်လိပ်စီ ထိုင်ဖွာနေတုန်း သူ့လက်က ဆတ်ဆတ်ဆတ်ဆတ်နဲ့ တုန်လာရောဗျ.. အဲဒီအမျိုးသမီးက အလွန် သိမ်မွေ့တာဗျ. စကားပြောတာကအစ ဘယ်တော့မှ အသံမာမာ မပြောဘူး.. ဒါနဲ့ အဲလို တုန်လာတော့ ကျွန်တော်က အစ်မဘာဖြစ်တာလဲ ဆိုပြီး သူ့လက်ကို လှမ်းထိလိုက်တော့

မျက်စောင်းနီကြီး ထိုးတဲ့ပြီး ဖယ်စမ်း ငါ့မထိနဲ့ တဲ့ အော်ရော..

အဲတော့မှ ပွဲစပြီ ဆိုပြီး ကိုယ့်နေရာ ကိုယ်ယူကြတာပေါ့ဗျာ..

အဲဒီမှာခုနက ကိုးတန်း ချာတိတ်က တီဗီ ပြေးဖွင့်မလို့ လုပ်ရော. ဟဲဟဲ သရဲကအသံနက်ကြီးနဲ့ ကျုံးအော်တယ် မဖွင့်နဲ့ တဲ့... အဲဒါက ထူးဆန်းတာ တချက်ဗျ

ဒါနဲ့ သူ့ကို ကျွန်တော့် အဖိုးက မေးတယ် ဘယ်မှာနေတုန်း ဘာညာပေါ့ဗျာ.. နောက်ဒို့မှာ ကုသိုလ်တွေ ရှိတယ် မင်းကို အမျှဝေမယ် ကိုင်း သာဓုခေါ် ဆိုပြီး အမျှဝေကြရောဗျ.. အဲဒီမှာဗျာ လည်ချောင်းထဲက တစီစီနဲ့ အသက်ငင်သလို အသံကြီးဖြစ်လာပြီး ရှိုက်ကြီးတငင် ငိုရှာရောဗျာ...

မခေါ်နိုင်ဘူးတဲ့ သူက အရိမေတ္တေယျဘုရားပွင့်မှ ကျွတ်မှာတဲ့... ငိုရင်း ပြောရှာတယ်ဗျ

ကျွန်တော်ကတော့ ဖလက်ရှ်ရော ဇွန်းရော စိတ်ကြိုကဖွင့်ပြီးရိုက်တော့တာပေါ့ဗျာ မီနော်လ်တာကို ပရို ဓာတ်ပုံသမား တစ်ယောက်ကို ပေးထားတယ်ကျွန်တော်က ကင်နွန်နဲ့ ရိုက်တယ်

အဲလိုငိုငို ပြောပြော နေတုန်း ညီအလတ်က သူ့စိတ်ကူးနဲ့သူ အနီးနားဘုန်းကြီးကျောင်းက ဆွမ်းစားကျောင်း ဘုန်းကြီးကို တက်စီကြီးနဲ့ပင့်ချလာပါရောဗျာ

ကျွန်တော်တို့က မမြင်ဘူးဗျ အိမ်တံခါးမက ကျွန်တော်တို့ နောက်မှာ။ ဧည့်ခန်းထဲမှာ ဖြစ်နေကြတာကိုး.. အိမ်က နှစ်ခန်းတွဲ အိမ်တွေလေ

ဘုန်းကြီးကတံစက်မြိတ်ရိပ်ကို နင်းလိုက်တာနဲ့ တခါထဲ မီးဖိုထဲ ပစ်ချလိုက်သလိုထွန့်ထွန့်လူးပြီး ပူလှချေရဲ့ သေရချေရဲ့နဲ့ အသံနက်ကြီးနဲ့ကျုံးအော်တာဗျာ.. ကျွန်တော်တို့က ဘုန်းကြီးကို မမြင်ရသေးဘူးလေ/ရုတ်တရက်ကြီး တရှုပ်ရှုပ် ငိုနေရာကနေ ထအော်တော့ ဘယ်လောက် လန့်ကုန်ကြမလဲစဉ်းစားသာ ကြည့်ဗျာ/

အဲလို လန့်ဖြန့်ကုန်တုန်း ဘုန်းဘုန်းက အိမ်ထဲကို ကြွလာပါရောဗျာ.. အဲဒီမှာငါ့ကို အပြင်ထုတ်ပေးကြပါ သွားပါ့မယ် ခုသွားပါ့မယ် ဆိုပြီး သနားစရာတောင်းပန်ပါရောဗျာ...

လမ်းမှာညီလတ်က အကြောင်းစုံ လျှောက်လာတော့ ဘုန်းကြီးကလဲဇာတ်ရည်လည်ထားပြီးသားပေါ့ဗျာ.. ဒါနဲ့ ကဲ နင် စားစရာ ရှိတာ စား... ပြီးရင်ပြန်.. ပြသနာ မရှာနဲ့ လို့ မိန့်ရော. သူက ပြန်ပြောတယ်ဗျ ဘုန်းကြီး ရှိရင်သူ စားလို့ မရဘူးတဲ့

ဒါနဲ့ အဖိုးက ဘုန်းဘုန်းကို ပင့်သွားရော ဘုန်းဘုန်းကလဲ ဒါဆိုရင် ငါ ဖယ်ပေးမယ် ပေါ့ဗျာ/ နှစ်ခန်းတွဲမှာ ခုဖြစ်တာက ခေါင်းရင်းခန်း ကိုးဗျ။ ခြေရင်းခန်း အိမ်ကို ပင့်သွားရော။

ဘုန်းဘုန်းလဲ ခြံပြင်ထွက်သွားရော သောင်းကျန်းလိုက်တာ ဗြောင်းကို ဆန်ရောဗျာ သူ့နား ရှိတဲ့လူတွေ အကုန် ရှဲရတော့တာ။

ခဏလဲ နေရော ခုနလို ဆတ်ဆတ်တုန်ပြီး အသံနက်ကြီးနဲ့ အော်ပြန်ရောဗျ

ဘာဖြစ်တာလဲလို့ကျွန်တော် က မေးကြည့်တော့မှ ဘုန်းကြီး ရှိသေးတယ် ဆိုပြီး အော်ရော..မရှိပါဘူး ပြောလဲ မရဘူး.. ရှိတယ် ရှိတယ် ပဲ အော်ရော..

ဒါက ဒုတိယ ထူးဆန်းခြင်းဗျ။ အိမ်တံစက်မြိတ် တစ်ခုတည်း ဆိုရင် အာဏာတည်တယ် ဆိုပဲ။ သူပြောတာ။

ဒါနဲ့ အဲဒီ အပကို ပြောရတာပေါ့ဗျာ ခု ကျွေးမယ် နင် လုပ်ထားတာတွေ နင် နှုတ်ပေး ဆိုတော့

အိမ်မှာရယ် အိမ်သားတွေ ပေါ်မှာရယ် သူလုပ်ထားတာတွေကိုတော့ ဖယ်ပေးတယ်ဗျ။ လက်ကို ဟိုရမ်း ဒီရမ်း လုပ်တာပဲ။

နောက် ဟို ဝေဒနာရှင် ကိုေ၇ာ နင် လုပ်တာလား နှုတ်ပေးလို့လဲ ပြောရော

အဲဒါတော့ မရတော့ဘူး လွန်နေပြီတဲ့ သူက မကြာခင် ငါ့ အောက်ကို ငါ့အစေအပါးအဖြစ် လာရတော့မှာ တဲ့ဗျာ........

တကယ်လဲ ဟုတ်တယ် နောက် သုံးလေးရက်မှာ ဆုံးသွားတယ်။

အဲဒီပူးတဲ့အချိန်မတိုင်ခင် တပတ်လောက်ထဲက ဆေးရုံက လူနာနားကို ဘယ်သူမှ ကပ်လို့မရတော့ဘူးဗျ ပုပ်စော်တွေ နံလိုက်တာ ဆိုတာဗျာ.. နောက် ဆုံးသာသွားရောဘာရောဂါမှန်းကို အဖြေမထွက်ဖူးဗျ ဒါက တတိယ ထူးဆန်းတာ

ဒါနဲ့ နင့်အောက်မှာ ဘယ်လောက်များ ရှိတုန်း ဆိုပြီး မေးတော့..

ဟဲဟဲ

နင်တို့ လူတွေရှိ ရှိသမျှထက်တောင် ငါ့တစ်ယောက်ထဲ အောက်က အစေအပါးက များသေးတယ်တဲ့

ငါလိုမျိုးတွေလဲ အများကြီး ရှိတယ် တဲ့

ငါ့အထက်မှာလဲ အများကြီးပဲ တဲ့

မှတ်ကရောဗျား

သူကတော့ သူ့ကိုယ်သူ ကွင်းပိုင် လို့ ပြောတယ်ဗျ။ ကျွန်တော်တို့ နေတဲ့ မြို့ကြီး မတည်ခင် ဒီနေရာ ပင်လယ်ကနေ ကုန်းပေါ်ကတည်းက သူ ဒီမှာ နေတာ ဆိုပဲ။

အဓိကရ တံတား ကြီးတစ်ခုရဲ့ အဆင်းက ညောင်ပင်ကြီးက သူ့နေရာ တဲ့

(အဲဒါ ကြားကတည်းက အတွဲတွေအစား ကျွန်တော် ရင်တုန်လိုက်တာ ပြောမနေနဲ့)

ဖြတ်ပြောရရင်ဆိုင်ဘာ အဒေါ့ခြံ မရှိခင်ကတည်းက သူက မြန်မာလိုက်ဖ်ရှိုးတွေ ရှယ် ကြည့်ရမှာ ဟိ

ဒါနဲ့ ကျွေးရောဗျ

ခင်ဗျား စဉ်းစားကြည့်ဗျာ အမဲသား ငါးဆယ်သား အစိမ်းနဲ့ ရေသန့် ခြောက်ဗူးကို တထိုင်တဲ ပြိုက်ကနဲပဲ

ထူးထူးဆန်းဆန်း တစ်ခု ကြုံသေးဗျ

သူကခြံထောင့်မှာ ဆောင့်ကြောင့်ကြီး ထိုင်စားနေတာကိုး.. ခြံစည်းရိုးကပုဏ္ဏရိတ်ပင်တွေပဲ ရှိတာဗျာ အရင် လူဟောင်းတွေ ဆိုတာက မြို့တည်ကတည်းကအိမ်နီးချင်းတွေ ဆိုတော့ အုတ်တံတိုင်းတွေ ဘာတွေ မကာဘူး.. ဒီလိုပဲ အားလုံးနှစ်အိမ့်တစ်အိမ်တွေ ချည်းပဲ။ သူတို့အိမ်ရဲ့ ဟိုဘက်အိမ်က အိမ်ရှင်မကပန်းပင် ရေလောင်းနေရင်း လှမ်းနှုတ်ဆက်တယ်။ ဒီဘက်မှာ ဘာတွေ ဖြစ်နေလဲ သူကမသိဘူးကိုး။

“အစ်မ နေကောင်းလားတဲ့“ ဟိုကလဲ စားရင်း တန်းလန်း ”အေး” တဲ့

တော်သေးတယ် ဟိုဘက်က ဒီလောက်နဲ့ ပြီးသွားလို့ ခြံစည်းရိုး သစ်ပင်ကြားဆိုတော့ သေသေချာချာလဲ မမြင်ရဘူးပေါ့ဗျာ ဘယ်သူမှန်းတော့ သိတာပေါ့

တော်ကြာ စားပြီးပြီလား ဘာနဲ့ စားလဲ မေးလို့ အမဲသားစိမ်း ခု စားနေတယ် လို့ ဖြေရင် ဘာတွေ ဆက်ဖြစ်မယ် မသိဘူး။ ဟိုက နှလုံးရောဂါသည်။

ဒါနဲ့စားပြီးတော့ ထွက်သွားရော ဆိုပါတော့ဗျာ... ထွက်တာကလဲ ကြမ်းတယ်ဗျကာယကံရှင်ကို အသေ လုပ်ပစ်ခဲ့တာ.. ခြံတံခါးမကြီးကို အကုန် ဟင်းလင်းဖွင့်ရတာ...

နောက် ခြံပြင်ထိအောင် သူ့ဘာသာ လမ်းလျှောက်ထွက်သွားပြီး ခြံပြင်လဲ ရောက်ရော

နောက်ကနေကိုင်မြှောက်လိုက်သလို (သူ့ဘာသာ ခုန်သလို ဒူး မကွေးပဲနဲ့) လေထဲကိုလူတစ်ရပ်လောက် မြောက်တက်သွားပြီး အုတ်ခဲကျိုးပုံပေါ်ကို ခေါင်းနဲ့ပစ်ကျတာ.. အနီးနားက လူတွေ ပြေးဖမ်းတာ မြန်လို့

ဒါနဲ့ ၀ိုင်းခေါ်တြတော့ ခေါ်မရဘူးဗျ

ပရိတ်ရေလေး နှစ်စက်လောက်နဲ့ တောက်လိုက်တော့မှ သေနတ်မှန်သလို “အင့်” ကနဲ အော်ပြီး သတိပြန်လည်လာတာ

ဒါနဲ့သူတို့ အိမ်သားတွေက အဲဒီအမျိုးသမီးကို ခေါ်ပြီး ချက်ချင်းပဲဓာတ်မှန်သွားရိုက်ကြတယ်ဗျ.. အသားစိမ်းတွေ ဗိုက်ထဲမှာ ရှိနေတော့နေမကောင်းဖြစ်မှာ စိုးလို့ ပေါ့လေ.. ဟဲဟဲ ဘာမှ မရှိဘူးဗျ.. နာရီဝက်တောင်မခြားဘူးနော် . ဒါက နံပါတ်လေး ထူးဆန်းမှု ဗျ

နောက်ဆုံးတစ်ခုကတော့

ကျွန်တော် နောက်နေ့လဲ ကျရော ဓာတ်ပုံတွေ သွားကူးရော..

မှတ်မှတ်ရရ ကမ်းနားလမ်းနဲ့ လသာလမ်းထောင့် မြူးဇစ်ပလပ် အခွေဆိုင်ဘေးက ဓာတ်ပုံဆိုင်မှာ

မီနော်လ်တာ ကင်မရာသစ်က ဖလင်လိပ် အသစ်က တစ်ပုံမှ မထင်ဘူးဗျ...

မဟာမြတ်မုနိဘုရားပုံ ပါတဲ့ ကျွန်တော့် ကင်မရာစုတ်လေးက ဖလင်မှာ သုံးဆယ့်ခုနစ်ပုံ တိတိ ထွက်တယ် ရှင်းနေတာပဲ.. ခုထိကို ရှိသေးတယ်...... အဲဒီ.ဓာတ်ပုံတွေ ... ကိုင်း ဘယ့်နှယ့်လဲ

Credit:သရဲအကြောင်းပြောကြမယ်

MISS TOURISM QUEEN INTERNATIONAL 2013 ပြိုင်ပွဲဝင် ခင်လပြည့်ဇော်ကို အီးမေးလ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့



Miss Supranational Myanmar မှ စီစဉ်သူများမှ Miss Tourism Queen International ပြိုင်ပွဲကျင်းပသူများအား ပေးပို့ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပလျက်ရှိသည့် Miss Tourism Queen Inter- national 2013 ပြိုင်ပွဲတွင် ယှဉ်ပြိုင်လျက်ရှိသည့် ခင်လပြည့်ဇော်အား အီးမေးလ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ယခုပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီခြင်းမရှိသူဖြစ်သည့်အပြင် မြန်မာနိုင်ငံကိုယ်စားပြုရွေးချယ်ရာတွင်လည်း တရားမျှတမှု မရှိသည့်အပြင် ရွေးချယ်ရန် တာဝန်ကျသည့် အေဂျင်စီမှာ တရားဝင်လိုင်စင်မရှိသည့် အေဂျင်စီဖြစ်ကြောင်း စသည့်အချက်များကို ထည့်သွင်းရေးသားထားသည်။ ဒါ့အပြင် ပေးပို့သူ Miss Supranational Myanmar Organizationမှ ကိုဝေယံအောင်ကပေးပို့သည့်အနေဖြင့် ယခုပွဲစီစဉ်သူများကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ပေးပို့မှုများကြောင့် ပွဲတာဝန်ရှိသူများက ခင်လပြည့်ဇော်၏ စီစဉ်သူ Star & Model Int'L အား ပြန်လည်အကြောင်းကြားခဲ့ပြီး ခင်လပြည့်ဇော်၏ ယှဉ်ပြိုင်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများလည်း ရှိခဲ့သည်။


“ဒီမေးလ်က ဘယ်သူပို့မှန်းလည်းမသိဘူး။ ကျွန်တော့်ဆီကို ရောက်လာတဲ့အတွက် ပထမပိုင်းတုန်းကတော့ ကျွန်တော့်အနေနဲ့ စိတ်ကသိကအောက်ဖြစ်ပြီး ဖေ့ဘွတ်ပေါ်မှာတင်ခဲ့ပါတယ်။ ခင်လပြည့်ဇော်နဲ့ ပတ်သက်ပြီးတော့လည်း ဟိုဘက်က တာဝန်ရှိတဲ့သူတွေနဲ့ ပြောဆိုခဲ့ပါတယ်။ မေးလ်မှာဖော်ပြထားတဲ့ လိပ်စာက တကယ့် လိပ်စာဟုတ်မဟုတ် ပြန်လည် စုံစမ်းဖို့ပါ။ ခင်လပြည့်ဇော်က ဟိုမှာ တစ်ပွဲတောင် ယှဉ်ပြိုင်လို့ ပြီးသွားပါပြီ။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အီးမေးလ်လိပ်စာမှာ ဖော်ပြထားတဲ့ အေဂျင်စီကို တရားစွဲဖို့တို့၊ ဘာတို့ စတဲ့ အစီအစဉ်တွေ ဘာမှမရှိပါဘူး”ဟု စတား မော်ဒယ်လ်အေဂျင်စီက ဂျွန်လွင်က မဇ္ဈိမသို့ဖြေကြားခဲ့သည်။

အီးမေးလ်တွင် ပေးပို့သူအဖြစ် ဖော်ပြထားသည့် ကိုဝေယံအောင်က “ဒီမေးလ်က ကျွန်တော်တို့ ပေးပို့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့သုံးတဲ့ မေးလ်လိပ်စာလည်း မဟုတ်ပါဘူး။ ကိုဂျွန်လွင်နဲ့လည်း အဆက်အသွယ်ရပါပြီ။ ကျွန်တော်တို့မဟုတ်ကြောင်းလည်း ရှင်းပြပြီးပါပြီ။ Miss Tourism Queen International ရယ်၊ Miss Myanmar.org ဘက်ကို စုံစမ်းကြည့်ဖို့ အကြံပြုခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘက်ကလည်း ဖြေရှင်းချက်ထုတ်မှာပါ”ဟု တုံ့ပြန်ဖြေကြားခဲ့ပါသည်။

အဆိုပါပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲကို အောက်တိုဘာလ ၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံ Dynasty Brand Promotion မှ ဦးစီးကျင်းပခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၉၀ ကျော်မှ မော်ဒယ်လ်များ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ပလပ်ဆိုက်အမျိုးသမီးများအား ယောက်ျားများပိုပြီးစိတ်ဝင်စား






“PloS ONE” ဂျာနယ်တွင်၊ လန်ဒန် ဝက်စ်မင်စတာ တက္ကသိုလ်မှ သုတေသီများ၏ လေ့လာ ရေးသားထားချက် များအရ အမျိုးသားများသည် ခပ်ဝဝအမျိုးသမီးများအပေါ်တွင် စိတ်ဝင်စားမှုပိုမိုကြောင်း ရေးသားထားသည်။ သို့သော် အဝလွန်ကဲသူများကိုမူ စိတ်ဝင်စားမှုနည်းကြသည်ဟုဆိုသည်။

ဒေါက်တာ တိုဗီး မာတင်က “ကိုယ်ခန္ဓာအချိုးအစားဆိုတာ ပတ်ဝန်းကျင်၊ အလေ့အထတွေနဲ့လည်း သက်ဆိုင် တယ်။ သာမန်လောက်ဝတာ အတိုးအလျှော့ လုပ်လို့ရပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အနေ အထားကိုလိုက်ပြီး သူတို့အပေါ် သုံးသပ်လို့ရတယ်” ဟုပြောကြားသည်။

သုံးသပ်ချက်များအရ ပိန်သောအမျိုးသမီးများ အပေါ်တွင် ယောက်ျားတို့ စိတ်ဝင်စားမှုမှာ သာမန်အနေအထား လောက်သာဖြစ်ကြောင်း၊ ပိန်သောသူ ရောဂါထူသဖြင့်လည်း စိတ်ပျက်ခြင်းဖြစ်နိုင်ကြောင်း၊ ပိန်သောအမျိုးသမီး များသည် ရာသီပုံမှန်မဆင်းခြင်း၊ ကိုယ်ဝန်ဆောင်နိုင်ရန် ခက်ခဲခြင်းစသည့် အကြောင်းအချက်များကြောင့်လည်း ဝသောအမျိုးသမီးများထက် စိတ်ဝင်စားမှုနည်းရခြင်းဖြစ်ကြောင်း ဆောင်းပါးရှင် တိုဗီး မာတင်က လေ့လာ သုံးသပ်ပြထားသည်။

မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်းများ ဖွံ့ ဖြိုးလာရေးအတွက IFC က ဆက်လက် ကူညီမည်






မြန်မာနိုင်ငံတွင် အသေးစား ချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကမ္ဘာ့ဘဏ်၏ ကဏ္ဍခွဲတစ်ခုဖြစ်သော IFC (International Finance Corpotation) က ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း IFC ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Charles Schneider က စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

''အမှန်တော့ IFC က ကမ္ဘာ့ဘဏ်ရဲ့ ပုဂ္ဂလိကကဏ္ဍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုပါ။ မြန်မာနိုင်ငံမှာလည်း ပုဂ္ဂလိကကဏ္ဍတွေ ပိုမိုရှင်သန် အားကောင်းလာဖို့အတွက်နဲ့ အရင်းအနှီးတွေ ပိုမိုဖြန့်ကြက်နိုင်ဖို့အတွက် ဆောင်ရွက်ပေးနေပါတယ်။ အလားတူ အသေးစား ချေးငွေလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြီးခဲ့တဲ့ မတ်လ လောက်ကစပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အခုဆိုရင် ပြည်တွင်းမှာလည်း အသေးစား ချေးငွေလုပ်ငန်း လုပ်ကိုင်ဖို့အတွက် လိုင်စင် လျှောက်ထားတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိနေပါပြီ။ IFC အနေနဲ့ နောက်ထပ် အသေးစား စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အကူအညီပေးဖို့ စဉ်းစားနေတာတွေ ရှိပါတယ်''ဟု IFC (International Finance Corpotation) က ပြောကြားသည်။

အလားတူ ကမ္ဘာ့ဘဏ် အနေနှင့်လည်း ဆင်းရဲမွဲတေမှု လျှော့ကျရေး၊ မြို့ပြနှင့် ကျေးလက် ကွာဟမှု နည်းပါးရေးအတွက် ရေရှည်စီမံကိန်းများ ချမှတ်ရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး အများပြည်သူအားလုံး မျှဝေ ခံစားနိုင်ရေးတို့ကို ၂၀၃၀ တွင် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် UN ချမှတ်ထားသည့် ရည်မှန်းချက်အတိုင်း ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသဖွံ့ဖြိုးမှာ တိုင်းပြည် စီးပွားရေး တိုးတက်ရေးအတွက် များစွာအရေးပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ စုစုပေါင်း GDP ၏ ရာခိုင်နှုန်း ၅၀ အား စိုက်ပျိုးရေးကဏ္ဍမှ ရရှိနေကြောင်း၊ ထို့အတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း များစွာအရေးပါကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်က ပြောကြားသည်။

''မြန်မာနိုင်ငံ အစိုးရအနေနှင့်လည်း ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း အစိုးရကို ကူညီဖို့အသင့်ပါပဲ။ ဒါ့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို လုပ်နေပါတယ်။ ဥပမာ ကျေးလက်ဒေသ မီးလင်းမှ ဒီဒေသမှာ နေထိုင်တဲ့ လူတွေရဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းတွေ တိုးတက်ကောင်းမွန်လာမှာပါ။ ဒါကြောင့် လျှပ်စစ်မီးရရှိမှုကလည်း အလွန်အရေးကြီးပါတယ်''ဟု ၎င်းက ပြောကြားသည်။

(ရန်ကုန်မြို့ ခြောက်မိုင်ခွဲရှိ ကမ္ဘာ့ဘဏ်ရုံးတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ်)

EMG

ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၅၅၀၀၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာသန်း ၃၉၀ နီးပါး ရရှိထား




ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၅၅၀၀၀၀ ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၃၉၀ နီးပါး ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက် မှ စက်တင်ဘာ ၁၃ ရက်အထိ ပဲမျိုးစုံ တန်ချိန် ၅၅၈၈၄၄ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈၈ ဒသမ ၀၄၇ သန်းကျော် ရရှိထားသော်လည်း မတ်ပဲ၊ ပဲစင်းငုံ၊ ပဲလွန်းဖြူ၊ ထောပတ်ပဲ တင်ပို့မှု လျှော့ကျနေကြောင်း သိရသည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ပဲကြီး၊ ပဲကတ္တီပါ၊ စွန်တာပြာ၊ ကုလားပဲ၊ ဘိုကိတ် ပဲနှင့် ပဲပုပ်စေ့ အစရှိသည့် ပဲမျိုးစုံကို ပြည်ပသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၉၀ နီးပါး ရရှိခဲ့သော်လည်း ယခင် ဘဏ္ဍာရေးနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပဲမျိုးစုံ တင်ပို့မှုမှ ရရှိငွေမှာ အမေရိကန် ဒေါ်လာ ၆၁ သန်းကျော် လျော့နည်းနေကြောင်း သိရသည်။

မတ်ပဲတင်ပို့အနေဖြင့် တန်ချိန်နှစ်သိန်း ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော်ရရှိခဲ့ကာ ပဲစင်းငုံတန်ချိန် ၉၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၁ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုမှာလည်း ယခင်နှစ် အလားတူကာလ တင်ပို့နှင့်နှိုင်းယှဉ်ပါက တန်ချိန်နှင့် ရရှိငွေပါ လျော့နည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင် ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပဲမျိုးစုံ တင်ပို့မှု တန်ချိန် ၁၄ သိန်းကျော်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ အမေရိကန်ဒေါ်လာ ၉၁၂ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှထွက်သည့် ပဲများကို အိန္ဒိယနှင့် တရုတ်သို့ အဓိက တင်ပို့နေကြောင်း သိရသည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ပြည်ပ ပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ လုံးဝ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များဖြစ်ကြောင်း သိရသည်။

ထိုသို့ ပင်မထုတ်ကုန် အနည်းငယ်အပေါ်သာ မှီခို အားထားနေရခြင်းကြောင့် အစိုးရက ပြည်ပ ပို့ကုန်အမျိုးအစားများ စုံလင် များပြားလာစေရန်အတွက် မူဝါဒများ ချမှတ် ဆောင်ရွက်နေကြောင်း၊ ကုန်သွယ်မှုကဏ္ဍအတွက် ဘဏ္ဍာရေး ငွေကြေးကိစ္စများ ပံ့ပိုးပေးခြင်း (trade financing)၊ ဈေးကွက် ချဲ့ထွင်ပေးခြင်းနှင့် ကုန်သွယ်မှု မြှင့်တင် ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပဲလုပ်ငန်းရှင်များ ပဲအရောင်းအ၀ယ် ပြုလုပ်နေကြစဉ်)

အိပ်စက် အနားယူ ချိန် ချိန်ဆခြင်း




ညစဉ် အိပ်ချိန် ငါးနာရီနှင့်၊ ငါးနာရီ အောက်သာ ရှိသော အသက် ၄၀ အောက် လူငယ်များ တွင် အိပ် ချိန် ပြည့်ဝ သူများ ထက် ဝမ်းဗိုက် အဆီ စုဆောင်းမှု ငါးနှစ် အတွင်း သိသိ သာသာ များ လာ ကြောင်း ကျန်းမာရေး သုတေသန များ က တွေ့ရှိ ထား ကြသည်။ ထို့ကြောင့် အိပ်ရေး မဝခြင်း သည် အဝလွန် ၍ ဗိုက်ရွှဲစေသည် ဟူသော သဘော တရား သည် မှန်ကန် ကြောင်း သက်ေ သပြ နိုင်သည်။ သို့သော် တစ်ဖက် မှ လေ့လာ ချက် တစ်ရပ် မှာ လည်း အိပ်ချိန် ရှစ် နာရီနှင့်၊ ရှစ် နာရီ အထက် ရှိသူများ သည် လည်း ဤကဲ့ သို့ အဝလွန် ၍ ဗိုက်ရွှဲ စေကြောင်း သိရှိရ ပြန်သည်။

ထို့ကြောင့် ဤ သုတေသန ချက်များ ၏ ရလဒ် အနှစ်ချုပ် ကို တင်ပြ ရလျှင် ဝမ်းဗိုက် အဆီ တက် ရန် အခွင့်အလမ်း အနေဖြင့် အိပ်ချိန် ငါးနာရီ ခန့် ရှိသူ များ သည် ၃၂ ရာခိုင် နှုန်း၊ ခြောက် နာရီမှ ခုနှစ်နာရီ ရှိသူများ သည် ၁၃ ရာခိုင်နှုန်း၊ ရှစ် နာရီ ရှိသူများ သည် ၂၂ ရာခိုင်နှုန်း သာ ရှိသည်ဟု သိရသည်။ ဤ ရလဒ် ကိန်းဂဏန်းများ သည် အိပ်ချိန် ဟူသော အချက် တစ်ချက် တည်းပေါ် မူတည် ၍ တွက်ချက် ထားခြင်း ဖြစ်ပြီး အဝလွန် စေသော အခြား အရေး ပါသော အချက်များ ဖြစ် သည့် အစား အသောက် ပမာဏ၊ အမျိုး အစား၊ ကိုယ်လက် လှုပ်ရှားမှု အနည်း / အများ၊ ပညာ တတ်မြောက် မှု နှင့် ဆေးလိပ် သောက် / မသောက် စသည့် အချက်များ ကိုလည်း ထည့်သွင်း စဉ်းစား ရမည်။

မည်သို့ပင် ဆိုစေ ကာမူ အိပ်ရေး ပျက်လျှင် ကစီဓာတ်များ အပေါ် ခုံမင် စေသော ဟော်မုန်း တစ် မျိုး ထွက်လာ ခြင်း၊ အစာ စား နေစဉ် အတွင်း အစား အသောက် ကို တင်းတိမ် စေေ သာ ဟော် မုန်း တစ်မျိုး အထွက် နောက်ကျခြင်း စသည့် အချက်များ ကြောင့် နေ့စဉ် အိပ်ချိန် နည်း လွန်းခြင်း သည် အဝလွန် ခြင်းကို အားပေး သည်ဟု မြောက် ဥက္ကလာပ ဆေးရုံမှ လက်ထောက် ဆရာဝန် တစ်ဦး က ပြောကြား သည်။ အအိပ် များ လွန်းခြင်း / နည်းလွန်းခြင်း သည် အဝလွန် ခြင်း အပေါ် တိုက်ရိုက် မ ဟုတ် သော် လည်း သွယ်ဝိုက်သော နည်းဖြင့် ဆက်နွှယ် နေလေရာ တတ်နိုင် လျှင် အထက်ပါ ရလဒ်များ အရ အိပ်ချိန် ခြောက်နာရီ မှ ခုနှစ် နာရီ ကြား ထားလျှင် အကောင်း ဆုံး ဖြစ် မည် ဟု ကျန်းမာရေး ပညာရှင် များ က ပြောကြား သည်။

The Voice Weekly

Liver Transplant Matching Criteria အသဲချင်း တူကြရဲ့လား






အသဲအစားထိုးဘို့အတွက် အသဲလှူမဲ့သူကို (က) Blood and tissue type သွေးနဲ့ (တစ်ရှူး) အမျိုးအစား၊ (ခ) Condition and size of the organ အသဲအခြေအနေနဲ့ အရွယ်အစားတွေကို စစ်ဆေးပါမယ်။

(၁) Blood and Tissue Compatibility သွေးနဲ့ (တစ်ရှူး) အမျိုးအစား တူ-မတူ၊
• သွေးအုပ်စု A ကနေ A နဲ့ AB ကိုလှူနိုင်တယ်။
• သွေးအုပ်စု B ကနေ B နဲ့ AB ကိုလှူနိုင်တယ်။
• သွေးအုပ်စု AB ကနေ AB ကိုလှူနိုင်တယ်။
• သွေးအုပ်စု O ကနေ A, B, AB, နဲ့ O ကိုလှူနိုင်တယ်။

Tissue type (တစ်ရှူး) အမျိုးအစား တူ-မတူစစ်ဆေးခြင်း
ဆေးရုံတခုနဲ့တခု မတူပါ။ Tissue compatibility (တစ်ရှူး) အမျိုးအစား တူ-မတူ ဆိုတာမှာ Human leukocyte antigens (HLA) ကိုစစ်ပါတယ်။ တူလေကောင်းလေဖြစ်တယ်။ တော်တော်တန်တန်မတူလဲ Anti-rejection drugs ဆေးတွေ ပေးမှာမို့ စိုးရိမ်စရာမရှိပါ။

Cross-matching တိုက်ရိုက် တူ-မတူ စစ်ဆေးခြင်း
White blood cells သွေးဖြူဥတွေချင်း ပေါင်းစပ်ကြည့်ပါမယ်။ သွေးဖြူဥတွေသေကျေပျက်စီးရင် Positive ခေါ်ပြီး လှူလို့မရပါ။ Negative ဆိုရင် လှူနိုင်တယ်။

(၂) General Health အထွေထွေကျန်းမာရေး စစ်ဆေးခြင်း
Chest x-ray ရင်ပတ်ဓါတ်မှန်၊ Electrocardiogram (ECG) အီးစီဂျီ၊ Blood tests သွေးစစ်၊ Urine tests ဆီးစစ်တာတွေ လုပ်ပါမယ်။ လှူမဲ့သူက အမျိုးသမီးဖြစ်နေရင် သားဖွါးမီးယပ်ဆိုင်ရာကို စစ်ပါမယ်။ ရာသီ၊ ကိုယ်ဝန်၊ (မင်မိုဂရမ်)။
• No heart, renal, or liver problems or abnormalities နှလုံး၊ ကျောကပ်နဲ့ အသဲ၊
• No history of deep vein thrombosis or history of bleeding problems သွေးယို-သွေးခဲဘူးတဲ့ရာဇဝင်၊
• Negative for Hepatitis B and C and for HIV ဘီပိုး၊ စီပိုးနဲ့ အိတ်ခ်ျအိုင်ဗွီ၊
• No history of diabetes ဆီးချို၊
• No prior liver surgery အရင်ကအသဲခွဲစိတ်ဘူးခြင်းမရှိ၊
• No alcoholism or frequent and heavy alcohol intake အရက်၊
• No history of cancer ကင်ဆာရာဇဝင်၊
• No psychiatric illness under treatment စိတ်၊
• Height and weight ကိုယ်အလေးချိန်နဲ့ အရပ်အမောင်း၊
• Age limit အသက် ၄၅-၅၅-၆ဝ ထက်မကြီးရ။

• (၃) Health of Liver အသဲအခြေအနေ စစ်ဆေးခြင်း
• Hepatic angiogram အသဲသွားသွေးကြောတွေအခြေအနေကို သိရမယ်။ သွေးလွှတကြောထဲကို ဆေးထိုးပေးပြီးမှ ရိုက်မယ်။
• Computed tomography (CT) angiography (CT scan) သွေးပြန်ကြောထဲကို ဆေးထိုးပြီးမှ ရိုက်မယ်။

(၄) Other Assessments တခြား စစ်ဆေးချက်များ
• Psychological စိတ်ပိုင်းစစ်ဆေးမှုနဲ့
• Financial reviews ငွေကြေးစစ်ဆေးမှု။

HTC One Max တွင် လက်ဗွေ စနစ် ပါဝင်မည်




အရွယ်ကြီး Phablet ဖုန်း အဖြစ် ထွက်ရှိ မယ့် ထိုင်ဝမ် ရဲ့  HTC Max သတင်း တစ်ခုပါ။ လက်ဗွေ သုံး လုံခြုံရေး စနစ် ပါဝင် လာမယ်လို့ တရုတ်ပြည် အခြေ ဆိုက် သတင်း ဌာန အများစု က ဖော်ပြ လျက် ရှိနေ ကြပြီး HTC အတည်ပြုမှု ကိုလည်း စောင့်ဆိုင်း လျက် ရှိပါတယ်။

Apple တုန်း ကလည်း ပလပ်စတစ် နဲ့ လုပ်တဲ့ အိုင်းဖုန်း ထွက်ရ မယ် လို့ တရုတ်ပြည် ကနေပဲ သ တင်း စထွက် ပြီး တကယ် အတည် ဖြစ်သွား ပါတယ်။ ဒီတစ်ခါ လည်း အရွယ်ကြီး HTC One သ တင်းနဲ့ အတူ ပါဝင် လာမယ့် လက်ဗွေ စနစ် ကလည်းမမှား နိုင်ပါဘူး။ ဖုန်းရဲ့  အသေးစိတ် Specification ကိုလည်း ခန့်မှန်း ဖော်ပြ ထားကြ ပါတယ်။ မျက်နှာပြင် အရွယ် ၆.၄ လက်မ ရှိမယ့် Full HD မျက်နှာ ပြင် သို့မဟုတ် ၅.၉ လက်မ 1920x1080 resolution ၂ ခုတည်း က တစ်ခုခု နဲ့ ထွက်မယ် လို့ ဆိုပါတယ်။ ၆.၄ လက်မ ဖုန်းက ppi 342 ရှိပြီး ၅.၉ လက်မ ဖုန်း က 373 ppi ရှိမယ် လို့တောင် ရေးသား ဖော်ပြ ထား ကြ ပါတယ။် ထွက်ရင်တော့ တစ်မျိုး ပဲ ထွက်မှာပါ။

RAM 2GB, internal storage 16 GB ရှိပြီး ဘက်ထရီ က 3300 mAh ရှိမယ် လို့ ဆိုပါတယ်။ microSD card ထည့်သွင်း အသုံးပြု လို့ ရပါမယ်။ HTC One မှာ ပါဝင်တဲ့ ကင်မရာ ထပ် ပိုကော င်းမယ် လို့ ပြောဆို ထားပြီး Processor က 2.3 GHz Snapdragon 800 quad core ဖြစ် ပါတယ်။ Android 4.3 နဲ့ Sense 5.5 UI ပေါင်းစပ် ထားတယ် လို့ ဆိုပါတယ်။ RAM 3G ရှိတဲ့ Note 3 ကို လိုက်လို့ မမှီ ပေမယ့် Fingerprint Scanner ပါဝင် တာတော့ တစ်ခု သာ သွားပါတယ်။

ဒီတော့ Samsung Galaxy Note 3 ရဲ့  ပြိုင်ဘက် ဖြစ် လာအုံး မယ် ထင်ပါတယ်။ ရေးသား ဖော်ပြ ချက် များ အရတော့ လာမယ့် အောက်တိုဘာ လ IFA မှာ မိတ်ဆက် ပြသ မယ့် စမတ်ဖုန်း ဖြစ်ေ ကြာ င်း သိရပါတယ်။

အောင်ခမ်း (TSJ Team)

ရခိုင်ပြည်နယ်အတွင်း မပြီးပြတ်သေးသော ဆွဲ တင် စစ် လူဦးရေစာရင်းကောက်ခံမှု ပြန်လည်ပြုလုပ်မည်

Created on Friday, 27 September 2013


ရခိုင်ပြည်နယ် ဆင်တက်မော်ကျေးရွာတွင် လူဦးရေစာရင်း စစ်ဆေးမှုပြုလုပ်နေစဉ်

ရခိုင်ပြည်နယ်အတွင်း စစ်ဆေးမှု ပြုလုပ်စဉ် ပြဿနာတက်ခဲ့သဖြင့် မပြီးပြတ်သေးသော ဆွဲ တင် စစ် ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံမှုအား ပြန်လည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ယင်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ''ဆွဲ တင် စစ် စာရင်းကောက်တာ ပြန်ကောက်ဖို့ရှိတယ်။ ဘယ်တော့ ကောက်မလဲဆိုတာ မသတ်မှတ်ရသေးဘူး။ လ၀ကနဲ့ နယ်စပ်လုံခြုံကို ပြန်မေးရဦးမယ်'' ဟု ပြောကြားသည်။

ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံရာတွင် ဘင်္ဂါလီများက ငြင်းဆန်ခဲ့သဖြင့် အကြိမ်ကြိမ် ရပ်တန့်ထားခဲ့ရပြီး ဘင်္ဂါလီများက လူမျိုးနေရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းရေးသား ဖော်ပြရန် တောင်းဆိုခဲ့သည်။ ဆွဲ တင် စစ် လူဦးရေ စာရင်းကောက်ခံရာတွင် ပထမဆုံးအဖြစ် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်အတွင်းက ပေါက်တောမြို့နယ်တွင် ကောက်ခံခဲ့ပြီး အဆင်မပြေခဲ့သည့်အပြင် စစ်တွေမြို့နယ်တွင် ဆက်လက် ကောက်ခံရာတွင်လည်း

ဘင်္ဂါလီများက လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ပြန်လည် ကောက်ခံရာတွင်လည်း အဆင်မပြေခဲ့သဖြင့် စာရင်းကောက်ခံခြင်းအား ရပ်နားထားခဲ့ရာ ယခုအခါ ပြန်လည် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

''လူဦးရေစာရင်း ကောက်ခံသွားဖို့တော့ ရှိတယ်။ သူတို့ကို စာရင်းကောက်တာကလည်း ဘယ်လူမျိုးလို့ သတ်မှတ်ပြီး ကောက်တာမဟုတ်ဘူး။ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက် စာရင်းကောက်ခံတဲ့ စာရွက်မှာ ဒီလိုမျိုး ရေးစရာမလိုဘူး။ သူတို့ရဲ့မွေးရာဇာတိ၊ အဘိုးအဘွားတွေ မွေးဖွားနေထိုင်ခဲ့ရာနဲ့ အလုပ်အကိုင်တွေကိုသာ အဓိကရေးသား ထည့်သွင်းတာဖြစ်တယ်'' ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ဆိုသည်။

EMG

တရားမ၀င် ကုန်စည်တင်ဆောင်ပါက ကုန်တင်ဂိတ်များကိုပါ အရေးယူမည် ဖြစ်သောကြောင့် မန္တလေး-မူဆယ်လမ်းပိုင်းတွင် ကုန်စည်ပို့ဆောင်မှု ရပ်တန့်လာ



ပြည်ကြီးတံခွန်မြို့နယ် ပြည်ကြီးမင်္ဂလာ ကုန်တင် ယာဉ်ရပ်နားစခန်းအတွင်းရှိ မူဆယ်-မန္တလေး ကုန်တင်ယာဉ်များကို တွေ့ရစဉ်

မန္တလေး-မူဆယ် ကုန်စည်တင်ပို့မှု လုံးဝ ရပ်တန့်နေကြောင်း ကုန်တင်ဂိတ်များနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများထံမှ သိရသည်။

နှစ်စဉ် ၀ါတွင်းကာလ သုံးလ မိုးတွင်းအချိန် ကုန်ရှားပါးသဖြင့် ကုန်တင်ပို့မှု လျော့နည်းလေ့ရှိသော်လည်း ယခုနှစ်တွင် တရားမ၀င် ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရေး အတွက်(Mobile Team) မှ တရားမ၀င် အကောက်ခွန်မဲ့ကုန်များ ပါရှိပါက ယာဉ်မှူး၊ ယာဉ်အကူ၊ ယာဉ်ပိုင်ရှင်နှင့် ကုန်စည်ဂိတ်များကိုပါ အရေးယူမည် ဖြစ်သဖြင့် ကုန်တင်ဂိတ်များမှာ အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

လတ်တလော မန္တလေး-မူဆယ် ကုန်တင်ခမှာ ကုန်ကျစ်တစ်ပိသာ ၃၉ ကျပ်၊ ကုန်ပွ ၅၅ ကျပ်၊ မူဆယ်-မန္တလေး ၄၇ ကျပ်၊ ၅၀ ကျပ်ဝန်းကျင် ဈေးရှိသော်လည်း ကုန်တင်ပို့မှု ရပ်တန့်နေကြောင်း၊ မူဆယ်ဘက်မှ မန္တလေးသို့ ကုန်အ၀င်မရှိသလောက် နည်းနေကြောင်း မန္တလေး-မူဆယ် ယာဉ်မောင်း ဦးထွန်းအောင်က ပြောကြားသည်။

''အရင်နှစ်တွေ မိုးတွင်း ၀ါတွင်းကာလ ကုန်ပါးတယ်ဆိုတာ ဒီနှစ်လို ကုန်တင်ကားဂိတ်အားလုံး ရပ်ထားရတဲ့အထိ တစ်နှစ်မှ မရှိခဲ့ဘူး။ တစ်ပြည်လုံးအနှံ့ ရေကြီးလို့ သွားလာရေး ခက်ခဲမှုကြောင့်ရော၊ တရားမ၀င် ဂျူတီမဲ့ကုန်မိရင် ယာဉ်မောင်းအပါအ၀င် အားလုံးအရေးယူမယ့် အတွက်ရော ကုန်တင်ဂိတ်တွေ မထွက်နိုင်ကြဘူး။ ကုန်ကားခဈေးနှုန်းက ဖွင့်သာထားတာ တွက်ခြေမကိုက်လို့ မလိုက်နိုင်ကြပါဘူး''ဟု ကစ္ဆပနဒီ ကုန်တင်ဂိတ်မှ ဦးသွင်စိုးက ဆိုသည်။

နယ်စပ်တွင် စစ်ဆေးပြီးသော ကုန်စည်များကိုသာ ပို့ဆောင်နေသည့် ယာဉ်မှူး၊ ယာဉ်အကူ၊ ယာဉ်ပိုင်ရှင်တို့အား စီမံချက်ဥပဒေအတိုင်း တူညီသော ပြစ်ဒဏ်ဖြင့် အရေးယူမည့်အစား တရားမ၀င် ကုန်သွယ်မှုပြုလုပ်သူကိုသာ အရေးယူသင့်ကြောင်းကို မန္တလေးတိုင်းဒေသကြီး အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းက တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ အကြံပြုတင်ပြထားကြောင်း သိရသည်။

EMG

စစ်ကိုင်းနှင့် မန္တလေးအကြား ဧရာဝတီမြစ်ကြောင်းတစ်လျောက် သဲသောင်ဖယ်ရှားရန် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ ကုန်ကျမည်

Created on Friday, 27 September 2013


မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ယက္ခဒီပကျေးရွာအနီးတွင် မြစ်ကြောင်းထိန်းသိမ်းရေး ပြုလုပ်နေသည်ကို တွေ့ရစဉ်

စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သော မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦး၏ ဧရာဝတီမြစ်ကြောင်း ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအကြောင်း မေးမြန်းသည့် မေးခွန်းအပေါ် ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီမြစ်ကြောင်းတစ်လျောက်(မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးကြား) သဲသောင်ပြင် ဖယ်ရှားရန်လုပ်ငန်းကိစ္စမှာ လွန်စွာကြီးမားသည့် လုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်း၊ မန္တလေးမြို့ အနောက်ဘက် ဧရာဝတီ(မန္တလေးနှင့်စစ်ကိုင်း)အား သဲသောင်တူးဖော်သည့် လုပ်ငန်းအတွက် အကျယ် ၁၀၀၀ မီတာ၊ အရှည်(၅၀ကီလိုမီတာ) အနက်(၄မီတာ)ရှိတဲ့ ရေလမ်းကြောင်းကြီးအတွက် တူးဖော်ရသည့် သဲသောင်၏ ထုထည် ကုဗမီတာ(၄၀ာ၃)သန်း ရှိပြီးတော့ ကုန်ကျစရိတ်အနေနဲ့ ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းတွက်ချက်ထားကြောင်း၊ ဒီသောင်တူးလုပ်ငန်း ဆောင်ရွက်ရန်ကိစ္စမှာ ငွေကြေးလွန်စွာ ကုန်ကျစရိတ် များပြားသည့်အတွက် နိုင်ငံတော်အစီအစဉ်ဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး ပြည်ပအကူအညီ ချေးငွေတို့ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းကြီးဖြစ်ပါတယ်''ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း က ပြောကြားခဲ့သည်။

ထို့ပြင် ၀န်ကြီးက ဧရာဝတီမြစ်သည် မန္တလေးတိုင်းဒေသကြီးအတွင်း တကောင်းမြို့နယ်ခွဲအထက် အင်းနက်ရွာမှ အစပြု၍ ညောင်ဦးခရိုင် (စဥ့်ကူးကျေးရွာ)အထိ ရေလမ်း ၂၈၈ မိုင်ရှိပြီး ဧရာဝတီမြစ်ကြောင်း တစ်လျောက် မိုးရာသီကာလတွင် သဲသောင်ပြင်မရှိဘဲ ရေအားလုံး ဖုံးလွှမ်းနေကြောင်း၊ နွေရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးကြား ဧရာဝတီမြစ်၏ ဧရိယာသည် 40 km2 ရှိပြီး ရေဖုံးလွှမ်းမှု 22 km2 ၅၅ရာခိုင်နှုန်းနှင့် သဲသောင်ပြင် 18 km2 ၄၅ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပါသဖြင့် ရေဖုံးလွှမ်းမှုနှင့် သဲသောင်ပြင်ဖုံးလွှမ်းမှုတွင် ရေဖုံးလွှမ်းမှုက ပိုသည်ကို တွေ့ရကြောင်းလည်း ပြောကြားခဲ့သည်။

EMG

နိုင်ငံတွင်း ပဋိပက္ခများ တည်ငြိမ်အောင် လုပ်ဆောင်ရေးအပါအ၀င် အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက်ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိ

 Created on Saturday, 28 September 2013


Challenges Ahead: Myanmar's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေးပွဲ (ဓာတ်ပုံ-အောင်ဇော်ထွန်း)

နိုင်ငံတွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများ တည်ငြိမ်အောင် ထိန်းသိမ်းရေး အပါအ၀င် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်၌ မြန်မာနိုင်ငံကကိုင်တွယ်ဆောင်ရွက်ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိကြောင်း စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော Challenges Ahead: Myanmar 's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာအာဆီယံရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ERIA (Economic Research Institute for ASEAN and East Asia) က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ဂျာနယ်လစ်များအတွက် သီးခြားရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံနှင့် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်၌ သိထားသင့်သော အချက်များ၊ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံဒေသတွင်း ချိတ်ဆက်မှု၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကျယ်ပြန့်စွာ ဖြစ်ပေါ်လာရေး မျော်မှန်းချက်နှင့် အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေးကျယ်ပြန့်စွာ ဖြစ်ပေါ်စေရေး စီမံကိန်းအစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

''မြန်မာနိုင်ငံဟာ လက်ရှိကြုံတွေ့နေရတဲ့ တိုင်းရင်းသားအရေး အပါအ၀င် ပဋိပက္ခတွေကို ဖြေရှင်းထားသင့်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရ နောက်ဆုံးမှာ ရှိခဲ့တဲ့ နိုင်ငံတစ်ခုအနေနဲ့ လက်ရှိအချိန်မှာ လျင်မြန်တဲ့ ခြေလှမ်းတွေနဲ့ အာဆီယံကို ဦးဆောင်နိုင်တဲ့ နေရာတစ်ခုကို ရောက်ရှိလာပါပြီ။ ဒီအချိန်မှာ ပြည်တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းထားသင့်ပါတယ်''ဟု ERIA Academic Advisory Council (AAC) ၏ ဥက္ကဋ္ဌ Dr. Hank Lim က ပြောကြားသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာ ဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်၌ ကိုင်တွယ်ဆောင်ရွက်ရမည့် အခြားသော ကိစ္စရပ်များမှာ အာဆီယံအသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASE AN Political-Security Community) ကို သုံးသပ်ခြင်း၊ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံ စီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက်အကောင် အထည်ဖော်ရေး၊ ASCC (ASEAN Sociocultural Community) သုံးသပ်ချက်များကို ဆွေးနွေးခြင်း၊ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှာ အာဆီယံနိုင်ငံများအကြား ချိတ် ဆက်စေမှုကို မည်သို့ အကူအညီပေးနိုင်မည် ဆိုသည်ကို ဆွေးနွေးခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊ အာဆီယံနိုင်ငံများအကြား နိုးကြားမှုရှိစေရန် ဆက်သွယ်မှု အစီအစဉ်များဆောင်ရွက်ရေး၊ အမေရိကန်၊ တရုတ်အပါအ၀င် အာဆီယံ မိတ်ဖက်နိုင်ငံများအကြား မျှခြေကို ထိန်းညှိ ဆောင်ရွက်ပေးခြင်း၊ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ် ပိုင်း ကိစ္စရပ်များအပြင် နိုင်ငံတွင်း ကိစ္စရပ် ဖြစ်သော ရခိုင်အရေးကိစ္စရပ်များကို ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုချင်းစီက အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်တွင် မှတ်တိုင်စိုက်ထူနိုင်သော ဦးဆောင်မှုများကို ပြုလုပ်ခဲ့ကြသည့်အတွက် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက မှတ်တိုင်ထူနိုင်မည့် ဆောင်ရွက်မှုမှာ AICHR(ASEAN Intergovernmental Commission on Human Rights) အား သုံးသပ်ခြင်းဖြစ်လာနိုင်ကြောင်း ERIA ၏ အကြံပေး အဖွဲ့ဝင်နှင့် အာဆီယံရေးရာ ကျွမ်းကျင်သူဂျာနယ်လစ် Mr. Kavi Chongkittavorn က ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အောက် တိုဘာလတွင် ဘရူးနိုင်ငံ၌ ပြုလုပ်မည့် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် လက်ခံရယူမည်ဖြစ်သည်။

EMG

Related Posts Plugin for WordPress, Blogger...