Monday, September 30, 2013

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ





စာဖတ်သူမမများအတွက် အားတက်စရာ အမှန်တရားလေးတစ်ရပ်ကို ဆွေးနွေး တင်ပြလိုက်ချင်ပါတယ်။

ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တဲ့ ယောက်ျား (ဝါ) လိင်တူချင်းမှ အကြိုက်ကျသူ မဟုတ်တဲ့ ယောက်ျားအများစုဟာ မိန်းမသားများရဲ့ ရုပ်ရည်ကိုသာ နှစ်သက်စွဲလန်းကြတာ မဟုတ်ဘဲ ကိုယ်ခန္ဓာကိုလည်း မက်မောတတ်ကြတဲ့ အကြောင်းပါ။ ဆိုလိုတာက ကိုယ့်ရုပ်ရည်ကိုယ် သိပ်အားမရဖြစ်နေတဲ့ မမများအနေနဲ့ ဘာမှ အားငယ်စရာ မလိုဘူးလို့ ပြောလိုက်ချင်တာပါပဲ။
ကိုယ့်ရုပ်ရည် က သိပ်အဆင်မပြေတောင် ကိုယ့်ကိုယ်ခန္ဓာက ဟိုတစ်ဖက်သားအတွက် မက်စရာ ဖြစ်နေနိုင်ပြန်သေးတယ်ဆိုတာကို နှလုံးသွင်းနိုင်မယ်ဆိုရင် အားငယ်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်။
သည်လို ပြောလိုက်တော့ “ဟင်… ကျွန်မ အရပ်ကလည်း ငါးပေမပြည့်၊ ကိုယ်လုံးကျတော့လည်း ခါး ရင် ၂၈၊ ခါး ၂၇၊ တင် ၂၆ ဖြစ်နေတယ်ရှင့်။ ရုပ်က မလှရတဲ့အထဲ ကိုယ်လုံးကလည်း ပုံမလာပါဘူးတော်။ အားငယ်စရာ ပိုမကောင်းပေဘူးလား”လို့ မေးလာမယ့် မမတွေလည်း ရှိနေနိုင်ပါတယ်။


ကျွန်တော် ထပ်ပြောပါ့မယ်။ အဲဒါလည်း တစ်စက်ကလေးမှ အားငယ်စရာ မလိုပါဘူးခင်ဗျား။ ယောက်ျားတွေက ဣတ္ထိယတို့ရဲ့ ကိုယ်ခန္ဓာကို စွဲလန်း မက်မောရာမှာ ဘာကို မက်တာလဲ၊ ဘယ်နားလေးကို စွဲတာလဲဆိုတဲ့ အချက်တွေကို ကျွန်တော် တန်းစီပြီး ချပြပါရစေ။
ဟိုတစ်ယောက်တွေ့လည်း ခေါ်တော တစ်ထောင်အားနဲ့ ငေး၊ သည် တစ်ယောက် တွေ့လည်း ဂဏန်းမျက်လုံးမျိုးနဲ့ ငမ်းနေတဲ့ အစ်ကို ပုရိသများဟာ မိန်းမသားတွေရဲ့ ကိုယ်ခန္ဓာအဆက်အပေါက် အမျိုးမျိုးအမယ်မယ်ကို ဘယ်လို ရှုမြင်သုံးသပ်နေကြသလဲဆိုတာ မမတို့ သိချင်မယ် ထင်ပါတယ်။
ပြီးတော့လည်း မမတို့ စိတ်ထဲမှာ ကိုကိုတွေကဖြင့် ဟိုငါးရံ့ကိုယ်လေးကို မျက်စိကျနေပြီ၊ ဟိုအယ်စတုံကြီးကိုဖြင့် မြင်ပြင်းကပ်နေမှာ စသဖြင့် တွေးထားသမျှဟာလေ… (ဟင်း… အမှန်အတိုင်း ဖွင့်ချရရင်ပေါ့ခင်ဗျာ) တက်တက်စင်ကြီးကို လွဲလှပါသဗျ။

တကယ်တော့ဗျာ၊ ယောက်ျားတိုင်း ကြိုက်ပါတယ်၊ သဘောကျပါတယ်လို့ အပြည့်အဝ အာမခံနိုင်တဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းကို တန်းပြောပါဆိုရင် ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ တင်ပါးကိုမှ အာရုံကျတတ်တဲ့ ယောက်ျား၊ ခြေသလုံးကိုမှ နှလုံးသွင်းတတ်တဲ့ ယောက်ျား၊ ရင်ကိုမှ မင်တဲ့ယောက်ျား၊ ခြေဖနောင့်ကိုမှ စောင့်ကြည့်တတ်တဲ့ယောက်ျား၊ ဆံပင်ကိုမှ ခင်တွယ်တဲ့ ယောက်ျား၊ အိုး… အစုံပါခင်ဗျ။ အဲတော့ကာ အမျိုးသမီး တစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်က ဘယ် အစိတ်အပိုင်းကိုမဆို ပြောကြည့်လိုက်စမ်းပါ။

ထပ်ပြောမယ်နော်… ဘယ်နေရာလေးကိုမဆို ပြောလိုက်စမ်းပါ။ ဆံဖျားကနေ ခြေဖျားအထိ၊ ကြိုက်တဲ့နေရာ ပြောကြည့်။ အဲ… အဲဒီ့အပိုင်းလေးကိုမှ ရွေးပြီး စုံမက်တဲ့ ယောက်ျား တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ဤမဟာဘဒ္ဒကမ္ဘာမှာ မသွေမုချ ရှိကို ရှိနေရမှာ မလွဲဧကန်ပါခင်ဗျ။
အဲ… သို့သော်လည်းတဲ့… ဘယ်ယောက်ျားဟာဖြင့် ဘယ်နေရာကိုမှ ကြိုက်တတ်ပါတယ်ဆိုတာကို ကံသေကမ္မ ဟောကိန်းထုတ်ဖို့ အင်မတိ အင်မတန် ခက်လှပြန်ပါသေးတယ်ခင်ဗျာ။ တကယ့်တကယ်ကျတော့လည်း ကျွန်တော်တို့ ယောက်ျားတွေရဲ့ အကြိုက်ကလည်း အချိန်နဲ့အမျှ ပြောင်းပြောင်း နေတတ်ပါသေးတယ်။

သည်နေရာမှာ ဥပမာအဖြစ် တခြားသူတွေ အကြောင်းမပြောဘဲ ကိုယ့်အကြောင်းကိုယ်ပဲ ပြောပါရစေ။ ကျွန်တော် လူပျိုပေါက်စ ဘဝတုန်းကဆိုရင် မိန်းမတွေရဲ့ နှုတ်ခမ်းကို အတော် စွဲလန်းခဲ့ဖူးသဗျ။ အဲ… လူပျိုပေါက်စအရွယ်ကို ကျော်လွန်ပြီး လူပျို ကောင်းကောင်းဖြစ်တဲ့အခါကျတော့ အမျိုးသမီးတွေရဲ့ ရင်တွေ၊ တင်တွေကို စိတ်ဝင်တစား ကြည့်တတ်လာပါတော့တယ်။ အဲလိုကနေ တစ်နှစ်၊ နှစ်နှစ်လောက်ကြာတော့ ခြေသလုံးတွေကို စိတ်ဝင်စားမိပြန်ပါရော လားခင်ဗျာ။ နောက်ကျတော့ ခြေဖနောင့် အိအိလေးတွေကို ကြိုက်လာပြန်ရော။ ကျွန်တော် တစ်ယောက်တည်းနော်၊ အမျိုးမျိုး ပြောင်းနေတာ။ နောက် နည်းနည်းလေး အသက် ရလာတော့ ခါးသားလေးတွေ၊ ပုခုံးသားလေးတွေ၊ လက်ပြင်နဲ့ ချိုင်းနားက အသားလေးတွေအထိတောင် ကြိုက်တတ်လာတယ်။
ကျွန်တော့်အိမ်သူကိုဆိုရင် ပေါင်းလာတာ ၂၁ နှစ်ရှိပြီ။ အပျိုတုန်းကတော့ သူလည်း ငါးရံ့ကိုယ်နဲ့ပါပဲ။ ကလေးနှစ်ယောက် မွေးပြီးတော့ သူ့ကိုယ်လုံးက ပုံပျက်သွားပြီ။

ပထမကလေးကို မွေးပြီးစတုန်းကဆို တော်တော်ကြီးကို ဝလာခဲ့ဖူးသေးတယ်။ ဒါပေမယ့် သူ့ ဝလာလို့ ကျွန်တော်ဖြင့် တစ်စက်မှ စိတ်မပျက်ခဲ့ဖူးတဲ့အပြင် ပိုတောင် သဘောကျမိသေးတယ်။ ဒါပေမယ့် မမက ကျွန်တော့်ဘာသာ ကျွန်တော် ဝါသနာဘာဂီ ဆက်တိုင်းမှီမို့ ကွယ်ရာမှာ ခြေများမိတာကိုပဲ သူ ဝလာလို့ ဖြစ်ရတယ် အထင်ရောက်ပြီး ပိန်အောင် ပြန်လုပ်ယူတယ်ခင်ဗျ။
သို့ပေမယ့် ကလေးနှစ်ယောက်အမေဟာ ဘယ်လောက် ပိန်သွားသွား အပျိုလို အချိုးအဆက်တော့ ဘယ်ရှိပါတော့မလဲ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့လက်ချောင်းလေးတွေရယ်၊ သူ့ခြေသလုံးရယ်က ရင်ခုန်စရာ ကောင်းနေတတ်ပါတယ်။
သုတေသနတွေအရ ခိုင်ခိုင်မာမာ ပြောနိုင်တာတစ်ခုကတော့ တစ်ကမ္ဘာလုံးမှာ ရှိရှိသမျှ ယောက်ျားတွေအားလုံးအတွက် ဘယ်လို ပုံပန်းပဲ ပေါက်နေနေ၊ ဘယ်လို အဆက်အပေါက်မျိုးနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ခန္ဓာ အချိုးအစားကို ကိုယ့်ဘာသာ စိတ်တိုင်းကျနေတဲ့ မိန်းမသားတွေကို ယောက်ျားတွေ သဘောတွေ့တတ်ကြပါတယ်။ ပြောင်းပြန် ပြန်ပြောရင်တော့ ကိုယ့်ကိုယ်ခန္ဓာကို အလိုမကျ ဖြစ်နေတဲ့ မိန်းမသားတွေကို ယောက်ျားအတော်များများက စိတ်ပျက်တတ်ကြပါတယ်။

ဆိုကြပါစို့… အချိုးအဆက် အင်မတန် ကျလင့်ကစား ကိုယ့်ကိုယ်ကိုယ် ဝလှပြီလို့ အောက်မေ့ ညည်းညူနေတဲ့ ကာယအလှမယ် မိန်းကလေးတစ်ယောက် နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိတဲ့ ခပ်ဖိုင့်ဖိုင့် ကောင်မလေးတစ်ယောက်နဲ့ ယှဉ်ကြစတမ်း ဆိုရင်လားဗျာ။ ကိုကိုတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ဖိုင့်တိုင့်တိုင့်လေးနောက် ကောက်ကောက်ပါသွားနိုင်ပါတယ်။
သည်လိုပြောလိုက်လို့ ယောက်ျားတွေမှာ မျက်စိ မပါဘူးလို့ ဒေါ်ဒေါ် မမတွေ မအောက်မေ့စေချင်ဘူး။ ယောက်ျားတွေဟာ မိန်းမတွေထက် အလှအပကို ခံစားတတ်၊ အမြင်စူးတတ်တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ယောက်ျားတွေဟာ အလှအပတစ်မျိုးတည်း၊ အမြင်တစ်မျိုးတည်းကို ဖက်တွယ်ထားသူတွေလည်း မဟုတ်ကြပြန်ဘူး။ ယောက်ျားတွေအမျိုးမျိုး ကွဲပြားနေသလို တစ်ဦးစီရဲ့ အာရုံ ခံစားပုံကလည်း မတူခြားနားနေပါတယ်။

တချို့ယောက်ျားတွေအတွက်ကျတော့ မိန်းမသားတွေရဲ့ ကိုယ်နံ့က သူတို့ အတွက် သေရေး ရှင်ရေးတမျှ အရေးကြီးနေတတ်တယ်။ (အဲဒီ့ထဲမှာ ကျွန်တော် ထိပ်ဆုံးက ပါပါတယ်။) အဲ… တချို့ကျတော့လည်း မိန်းမတစ်ယောက်ရဲ့ အသံနဲ့တင် အင်သွားနိုင်တယ်။ (အဲဒါလည်း ကျွန်တော် ဖြစ်ဖူးတယ်။ လူလေးကတော့ ချစ်စရာ၊ ကိုယ်လုံးလေးကလည်း မက်စရာ။ စကားပြောလိုက်တဲ့အခါကျတော့မှ ယောက်ျားသံလို အစ်တစ်တစ်၊ အောတောတောနဲ့မို့ တစ်ခါတည်းနဲ့ လန်သွားခဲ့ဖူတာ တစ်ယောက် ရှိဖူးတယ်။) တချို့ကျတော့လည်း အသားအရေကမှ ပဓာန ဖြစ်ချင်ဖြစ်နေပြန်သေးတယ်။ (ဒါတော့ ကျွန်တော်နဲ့ သိပ်မဆိုင်ဘူး ထင်ပါတယ်။)

မမတွေ မမေ့သင့်တဲ့ နောက်အချက်တစ်ချက်လည်း ကျန်ပါသေးတယ်။ အဲဒါကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အမျိုးသားတွေ ရှုမြင်ခံစားတာဟာ ရုပ်သေ၊ ရုပ်ရှင်တွေမှာ သူတို့ကြည့်ခဲ့ဖူးလေသမျှ မလုံ့တလုံ ပုံရိပ်တွေကိုသာ စံထားနေတာမျိုး မဟုတ်ဘူး ဆိုတာပါပဲ။ ဆိုလိုတာက ရမ္မက်စိတ် တစ်ခုတည်းနဲ့တင် မိန်းမသားတွေရဲ့ ကိုယ်ခန္ဓာကို ရှုမြင်သုံးသပ်ရာက ပေါ်ပေါက်လာတဲ့ ခံစားချက်မျိုး မဟုတ်ပါဘူး။

အမေတွေ၊ အဒေါ်တွေ၊ အစ်မတွေ၊ ကစားဖော်တွေနဲ့ မိသားစု ဇာတ်လမ်း အထွေထွေက အဲလို မပေါ့်တပေါ် ပုံတွေကို မကြည့်ဖူးခင် ပဝေသဏီကတည်းက ယောက်ျားတွေရဲ့ နှလုံးအိမ်မှာ မိန်းမဆိုတာ ဘယ်သို့ ဘယ်ပုံ ဖြစ်သင့်တယ်လို့ မူချ ပြဋ္ဌာန်းနှင့်ပြီး ဖြစ်ပါတယ်။
အမျိုးသမီးအများစုရဲ့ ကိုယ်အလေးချိန်နဲ့ အဆက်အပေါက်အပေါ်မှာ ထားရှိတဲ့ ယောက်ျားသားများရဲ့ စံကို မိန်းမတွေက လျှော့တွက်တတ်ကြတယ်။ ယောက်ျားအများစုဟာ အချိုးအဆက်ကျတဲ့ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကို အမျိုးသမီးတွေ ထင်ထားတာထက်ကို အများကြီး ပိုသဘောကျတတ်ကြပါသဗျ။ အတိအကျ ပြောရရင် အမျိုးသမီးတို့ရဲ့ တင်အလှကို အမျိုးသမီးတွေ မျှော်လင့်ထားတာထက် အဆပေါင်းများစွာ ပိုပြီး ရင်ခုန်တတ်ကြသပေါ့ဗျာ။

ကိုယ်လုံးသွယ်သွယ်နဲ့ ပါးပါးလှပ်လှပ် မိန်းကလေးတွေအနေနဲ့ သူ့ဘာသာ မိုးပျံအောင် လှနေပါစေ၊ အစ်ကိုပုရိသတွေကတော့ မကြိုက်တတ်တာလည်း အမှန်ပါပဲခင်ဗျ။ အဲဒီ့ အရိုးပေါ်အရေတင်နေတဲ့ ငါးဖောင်ရိုးမ လှတပတလေးတွေဟာလည်း တစ်ကမ္ဘာလုံးမှာ ထွက်ရှိနေသမျှ အမျိုးသမီး မဂ္ဂဇင်းတွေမှာသာ ရှေ့တန်းက နေရာယူထားတာဖြစ်ပြီး အမျိုးသားတွေ အစဉ်တစိုက် အားပေး ဖတ်ရှု နေတဲ့ အမျိုးသားများအတွက် သီးသန့်မဂ္ဂဇင်းတွေထဲမှာတော့ အဲလို ပါးလှပ်လှပ်မိန်းကလေးတွေရဲ့ ဓာတ်ပုံ တစ်ပုံတစ်ကွက်လောက် နေရာရဖို့ အင်မတန် ခက်လှတာလည်း အမှန်ပါပဲ။
ဆိုလိုတာက စလင်းဘော်ဒီဆိုတဲ့ ပါးလှပ်လှပ်၊ ပိန်လျလျ၊ အရိုးဂေါက်ဂက်နဲ့ ကိုယ်ဟန်ပြမယ်တွေကို မိန်းမတွေကသာ စိတ်ဝင်စားတာ ဖြစ်ပြီး ကျွန်တော်တို့ ယောက်ျားသားတွေအတွက်ကတော့ အဲသလိုဟာမျိုးဆိုရင် နငယ်လုံးကြီးတင် တစ်ချောင်းငင် ဝစ္စအလုံး နှစ်ဆယ် ပေါက်တဲ့အထိ နိုးပါခင်ဗျား။
အဲတော့ကာ မမတို့အနေနဲ့က ကိုယ်နဲ့ အရှည် ဆက်ဆံနေတဲ့ ကိုယ့်ချစ်သူ၊ ကိုယ့်လင်သားဆိုရင် ဗြောင်သာ ဖွင့်မေးလိုက်ပါ။ ဖြစ်နိုင်ရင် တစ်နှစ် တစ်ခါ၊ နှစ်နှစ် တစ်ခါလောက် သတိထားပြီး မေးလိုက်စမ်းပါ။ အခုဆို ကျုပ် ကိုယ်ပေါ်မှာ တော့်အကြိုက်ဆုံး အစိတ်အပိုင်းက ဘာတုံးလို့။ ဒါမှမဟုတ်လည်း ကိုကိုရယ်၊ မောင်မောင်ရယ်၊ ကျွန်မရဲ့ဘယ်နားလေးကို ကိုကိုမောင်မောင် သဘောအကျဆုံးလဲဟင်လို့။ မရရအောင် ဗြောင်သာ ဖွင့်မေးလိုက်ပါ။

သူတို့ဆီက တကယ် မှန်ကန် တိကျတဲ့ အဖြေကိုသာ ရမယ်ဆိုရင် မမတွေ အံ့ဩသွားမှာလည်း အမှန်ပါပဲ။
ယောက်ျားတွေ အိမ်ထောင်ရေးပြင်ပ “အမှုပွ”ကြတဲ့အခါကျရင် မိန်းမသားတွေဘက်က တောင်တွေးမြောက်တွေး တွေးဖြစ်တတ်ကြပါတယ်။ ကိုယ်က ပုံပျက်ပန်းပျက် ဖြစ်နေလို့ သင်း ခြေလှမ်း များတာလို့ ထင်မိတတ်ကြပါတယ်။တကယ်တော့ အဲဒါ မဟုတ်ပါဘူး။ မယားလုပ်သူက ဂျနစ်ဖှာလိုပက်(ဇ်)လောက် စက်စက်ယို နေလင့်ကစား မယားလစ်တာနဲ့ အသစ်ရှာဖို့ ခြေလှမ်း ပြင်တတ်တဲ့ ယောက်ျားတွေ ကျွန်တော့်ပတ်ဝန်းကျင်မှာ အများကြီး ရှိပါတယ်။
တစ်ယောက်ဆို သူအင်မတန်ချစ်တဲ့ သူ့ဇနီးက တော်တော်လေး လှတယ်။ အရွယ်ကလည်း အစိတ်လောက်ပဲ ရှိသေးတဲ့အချိန်ဆိုတော့ အရွယ်အရလည်း လှနေပြီးသား။ အိမ်ထောင်သက်ကလည်း တစ်နှစ်မပြည့်သေးဘူး၊ သည်ကြားထဲကမှ သူ့မိန်းမလောက်လည်း မလှ၊ သူ့မိန်းမလိုလည်း ငါးရံ့ကိုယ်မဟုတ်တဲ့ ခပ်လုံးလုံး ရွက်ကြမ်း ရေကျို မိန်းကလေးတစ်ယောက်နဲ့ ခဏပန်း ဇာတ်လမ်း ဖွင့်ခဲ့တာ ကျွန်တော့် မျက်စိအောက်တင်ပါ။

သူများအကြောင်း မပြောဘဲ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရပြန်ရင်လည်း ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်က ကျွန်တော်နဲ့ စခန်းသွားခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ဆို ကိုယ်အလေးချိန်က ပေါင်တရာ့ခြောက်ဆယ်လောက် ရှိတယ်။ (အဲဒီ့ အချိန်က ကျွန်တော့်အိမ်သူထက် အဖျင်းဆုံး ပေါင် သုံးဆယ်လောက် ပိုတယ်နော်)။ အဲ… အသက်ကလည်း ကျွန်တော့်ထက် ၇ နှစ်၊ ၈ နှစ်လောက် ကြီးသေးတယ်။ (ကျွန်တော့်အိမ်သူက ကျွန်တော့်ထက် ခုနစ်နှစ် ငယ်တယ်။) ဒါပေမယ့် အဲတုန်းက ကျွန်တော် ဘာကြောင့် စွေ့ခနဲ ပါသွားခဲ့သလဲဆိုတာ ကျွန်တော့် အိမ်သူတောင် သိတယ်။ ဟုတ်ကဲ့… အဲဒီ့ ပေါင်တစ်ရာ့ခြောက်ဆယ်က ရင်ခုန်စရာ ကောင်းလှသော “တင်တင်လှ” ဖြစ်နေလို့ပါပဲ ခင်ဗျား။

အဲဒီ့အရင် ၄-၅ နှစ်တုန်းကရော ဘာထူးတုံး။ စလင်း ဘော်ဒီလေးနဲ့ ၁၉ နှစ်သမီးလေး တစ်ယောက်နဲ့ သွားရင်းလာရင်း အဆင်ပြေနေတယ်။ မန်းရွှေမြို့က ဟိုတယ်ကြီးမှာ သူကလည်း ဧည့်သည်၊ ကိုယ်ကလည်း ဧည့်သည်။ သည်ကြားထဲက ချိတ်မိသွားကြပြီး သူက ကျွန်တော့်ကားပေါ်မှာ တစ်ချိန်လုံး ပါလာတယ်။ ညနေစောင်းတဲ့အထိပဲ။ အခြေအနေ ကောင်းနေပြီဆိုတာ ကျွန်တော် သိနေတယ်။
ညစာစားကြမယ်ဆိုတော့ အဲဒီ့ ၁၉ နှစ်သမီးလေးက မဟာအမှားတစ်ရပ်ကို ကျူးလွန်လိုက်ပါတယ်။ အဲဒါကတော့ သူ့ထက် အလေးချိန် နှစ်ဆနီးပါး ပိုမယ့် အသက်၃၀ကျော် သူ့အဒေါ် တစ်ခုလပ်အမျိုးသမီးကိုပါ ခေါ်လာပြီး ကျွန်တော်နဲ့ မိတ်ဆက်ပေးလိုက်တာပါ။
သည်မှာတင် ကျွန်တော်လည်း ၁၉နှစ် သမီးလေးကို စွေ့ခနဲ ပစ်လိုက်ပြီး ၃၀ကျော်နောက် ကောက်ကောက်ပါသွားခဲ့ပါတော့တယ်။
ကိုင်း… ဘာပြောချင်ကြသေးသတုံး။

ဆိုလိုတာက မိန်းမသားအတော်များများဟာ ယောက်ျားတွေကို နားကို မလည်တတ်ကြပါဘူးခင်ဗျ။ သူတို့ထင်တာက သူတို့တွေ ဝလာပြီ ဆိုရင်ဖြင့် ကိုကိုတွေ အသစ်ရှာလိမ့်မယ်လို့ပဲ။ အဲဒါဟာ တက်တက်စင် လွဲပါတယ်။ တော်ရုံ တန်ရုံ၊ အတိအကျပြောရင် အပျိုတုန်းကထက် ပေါင်နှစ်ဆယ်အစိတ်၊ အိုဗျာ၊ အာဏာကုန် ၃၀-၃၅ လောက်အထိ တိုးလာရုံလောက်တော့ ကိုကိုတို့က မဖြုံရေးချ မဖြုံတဲ့အပြင် ကိုယ့်ကို ပိုတောင် သဘောကျလာနိုင်တာကို အမျိုးသမီး အတော်များများ သိမထားမိရှာကြဘူး။ (ဂျပန် နပန်းသမားကြီးလို အပျိုတုန်းကထက် ပေါင် ၄၀-၅၀-၁၀ဝ ပိုတဲ့အထိ တအား ဝလာရင်တော့လည်း တစ်မျိုးပေါ့ခင်ဗျာ။ အဲသလို မရှူနိုင် မကယ်နိုင် မသယ်နိုင်မပိုးနိုင် ဝတက်လာရင်တော့လည်း ယောက်ျားတွေသာမက မိန်းမချင်းတောင် စိတ်ပျက်သွားမှာလည်း သေချာပါတယ်နော်။)

ပေါင် ၂၀၊ အစိတ်လောက် ဝလာတာလောက်တော့ ယောက်ျားတွေက ပို သဘောကျတတ်တယ်ခင်ဗျ။ အဲဒါ အမှန်ပါ။ အဲဒါကို မသိဘဲ ပိန်ဆေးတွေ သောက်ကြရ၊ လေ့ကျင့်ခန်းတွေ နင်းခွ လုပ်ကြရနဲ့၊ မမတွေမှာ ဗျာများ နေကြရှာတာ ဪ… တကယ်တော့ သနားစရာပါ။ သည်ကြားထဲ ကျွန်တော်တို့လို လစ်တာနဲ့ ဟိုဟိုသည်သည် အီတတ်တဲ့သူကို လင်တော်ထားရလို့ကတော့ ကိုယ့်ကိုယ်ခန္ဓာကြောင့်လို့ ထင်ပြီး စိတ်တွေဆင်းရဲကြရတတ်ပြန်တယ်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ခန္ဓာလေး မဆိုစလောက် ဝဖိုင့်နေတဲ့အတွက်ပဲ ဖြစ်စေ၊ အပျိုတုန်းကထက် ပေါင် အစိတ်လောက် ပိုဝလာလို့ပဲဖြစ်စေ စိတ်ဆင်းရဲနေကြသူ မမများ နားလည်အောင် ယောက်ျားတွေရဲ့ ဣတ္ထိယခန္ဓာကိုယ်အပေါ် ထားရှိတဲ့ သဘောထားအမှန်ကို ထုတ်လှန် တင်ပြလိုက်ရတာပါပဲခင်ဗျား။
by lettwebaw

လာမည့်အောက်တိုဘာလမှ စတင်ပြီး ကျပ်(၅၀၀)နှုန်းဖြင့် ပြောင်း လဲ ကောက်ခံသွားမည့် လျှပ်စစ်မီတာထိန်းသိမ်းစောင့်ရှောက်ခ




လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိတဲ့ လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခ များကို ငွေကျပ်(၅၀၀)နှုန်းနဲ့သာ ပြောင်း လဲကောက်ခံတော့မှာဖြစ်တယ်လို့ စက်တင်ဘာလ(၂၈) ရက် နေ့က ပြု လုပ်ခဲ့တဲ့ လျှပ်စစ်ကဏ္ဍတွေ့ဆုံဆွေးနွေးပွဲမှ သိရပါတယ်။

အဲ့ဒီလို လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခများကို လျှော့ ချကောက်ခံမှုကိုတော့ လာမယ့် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိန်းသိမ်း စောင့်ရှောက်ခကို သုံးစွဲမှုရှိရှိ၊ မရှိရှိ ငွေကျပ်(၁၀၀၀) နဲ့ ကောက်ခံနေတာ ဖြစ်တယ်လို့သိရပါတယ်။

ဒီလိုကောက်ခံရာမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက် ခအနေနဲ့ ကောက်ခံတာမဟုတ်ဘဲ မီတာငှားရမ်းသုံးစွဲခ အနေနဲ့သာ ကောက်ခံ နေတာဖြစ်ပါတယ်။ အခုလို ပြုလုပ်တာဟာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေနဲ့ ပြည် သူတွေအတွက် လျှပ်စစ်မီတာ သုံးစွဲမှုမှာ ပိုမိုအဆင်ပြေလာ ဖို့ဖြစ်ပြီး ပြည်သူတွေမှ လည်း လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခ အတွက် အများစုမှာ ကျေနပ်မှုမရှိတာမျိုးလည်း ရှိနေတာဖြစ်ပါတယ်။

ဒီလိုကောက်ခံမှုနှုန်းထားများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ထပ်မံလျှော့ချပေးဖို့ကို လည်း လုပ်ဆောင်ပေးသွားဖို့ကိုလည်း ရှိတယ်လို့ သိရပါတယ်။

MRTV-4

ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်




ဆရာဝန်နှင့် တွေ့ ဆုံချိန်တွင် သိထားသင့်သော အချက် ခုနစ်ချက်
ဆေးကုသမှု ပြုလုပ်တဲ့အခါ အဆင်ပြေ အောင်မြင်စေဖို့အတွက် လူနာတွေ အနေနဲ့ သိထားသင့်တဲ့ အချက်တွေ ရှိပါ တယ်။
(၁)မြင်ခဲ့၊ကြားခဲ့သမျှ မေ့လိုက်ပါ “ဒီလို စမ်းသပ်လိုက်ရင် ကောင်းတယ်လို့ သူများတွေက ပြောကြတယ်၊” “ဒီစစ်ဆေးမှုကို သူများတွေ လုပ်တာ မြင်ခဲ့ တယ်”၊“ဒီဆေးသောက်ရင် ကောင်းတယ်လို့ ပြောကြလို့ ”စတဲ့ အချက်တွေကို လူနာ အများစုက ဆရာဝန်နဲ့ တွေ့ ဆုံခိုက်မှာ ပြောပြလေ့ ရှိပါတယ်။တကယ်တော့ ဆရာဝန်တွေက သင့် ကျန်းမာရေး အခြေအနေကို စမ်းသပ်ပြီး လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ကာ သင့်တော်တဲ့ ကုသမှုကို ပေးမှာ ဖြစ်ပါတယ်။ဒါကြောင့် ဆေးပညာ အကြောင်း နားလည်တတ် ကျွမ်းမှု မရှိ သူတွေ ပြောတဲ့ စကားကို မေ့ပစ်လိုက် သင့်ပါတယ်။
(၂)အမွေးရှိနေတဲ့ ခြေသလုံးအတွက်မစိုးရိမ်ပါနဲ့  လူနာ အများစုဟာ ခြေသလုံးမှာ အမွေးတွေ ရှိနေတာကြောင့် ခြေသဲဝဲ စားတာ၊ခြေထောက် အနာ စတဲ့ အခြေအနေကို ဆရာဝန်နဲ့ တွေ့ ဆုံ ဆွေးနွေး ရမှာကို ရှက်ရွံ့  စိုးရိမ် လေ့ ရှိကြပါတယ်။ တကယ်တော့ ဆရာဝန်တွေက သင့် အရေပြား အနာကိုသာ အာရုံစိုက်နေမှာ ဖြစ်တာကြောင့် ခြေသလုံး အမွေးတွေ အတွက်စိုးရိမ် ပူပန်စိတ် မထားပါနဲ့ ။

(၃)သင့် လှုပ်ရှားမှု အကြောင်းကို ရိုးသားစွာ ပြောပြပါ ဆရာဝန်တွေက လူနာတွေကို “လေ့ကျင့်ခန်း လုပ်ဖြစ်ရဲ့ လား” ဆိုပြီး မေးမြန်းတဲ့ အခါ“ဟုတ်ကဲ့၊လုပ်ဖြစ်ပါတယ်”လို့ အ များစုက ဖြေလေ့ ရှိပါတယ်။သူတို့ ပြောချင်တာက မြေးကို ထိန်းရတာမျိုး၊ ကလေးကို ကျောင်းအကြို အပို့ လုပ်တာမျိုး လောက်ကို ပြောတာပါ။ ဒီလို အလုပ်ရှုပ်တာက လေ့ကျင့်ခန်း လုပ်ဖြစ်တယ်လို့ မဆို နိုင်ပါဘူး။ ခပ်သွက်သွက် လမ်းလျှောက်တာလိုမျိုး အ သင့်အတင့် ပြင်းထန်တဲ့
လေ့ကျင့်ခန်းကို မိနစ် ၃၀-လောက် လုပ်ပေးမှ လေ့ကျင့်ခန်း လုပ်တယ်လို့ ဆိုနိုင်တာပါ။

(၄)Spaကိုကျန်းမာရေးအထောက်အကူအဖြစ်မမြင်ပါနဲ့  လူအများစုဟာ Spaကို မှန်မှန် သွားရုံနဲ့ သင့်တော်တဲ့ ကျန်းမာရေး စစ်ဆေးမှု လုပ်ဖို့ မလိုလောက်အောင်ကို ပြည့်စုံ သွား ပြီလို့ ထင်နေတတ် ကြပါတယ်။ တကယ်တော့ Spaသွားတာက စိတ်ဖိစီးမှု ပြေလျော့ စေရုံလောက်ပါပဲ။ ကျန်းမာရေး အတွက်သင့် တော်တဲ့ စစ်ဆေးမှု ကိုတော့ မဖြစ်မနေ လုပ်ဖို့ လိုအပ်ပါတယ်။
(၅)ဒုတိယ အကြံဉာဏ်ကို ရယူပါ၊ ဒါပေမဲ့သင့်မိခင်ဆီကယူရမှာမဟုတ်ပါဘူး
ဈေးဝယ်ထွက်တဲ့ အခါ ကိုယ်ကြိုက်တဲ့ ပစ္စည်းအတွက် ထောက်ခံမှု ရဖို့ တခြားသူတွေရဲ့ 
အကြံဉာဏ်ကို တောင်းခံ လေ့ရှိ ပါတယ်။လူနာတွေကလည်း ဆေးကုသမှု ပေးတဲ့ ဆရာဝန် ပေးတဲ့ အကြံဉာဏ်ကို ငြင်းဆန်ချင်တဲ့ အခါ တခြား လူ နှစ်ဦး၊ သုံးဦး ဆီက အကြံဉာဏ်ကို တောင်းလေ့ ရှိပါတယ်။ သူတို့ အကြံဉာဏ်တောင်းတဲ့ သူတွေက ဆရာဝန်တွေ မဟုတ်ကြပါဘူး။မိခင်၊ဆွေ မျိုး၊အိမ်နီးချင်း စတဲ့ နီးစပ်ရာ ပတ်ဝန်းကျင်က ဖြစ်တတ်ပါတယ်။တကယ်တော့ ဒုတိယ အကြံဉာဏ်ကို ဆရာဝန် ဆီက ယူသင့် တာ ဖြစ်ပါတယ်။
(၆)အသားအရေ ထိန်းပစ္စည်းကို ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှဝယ်ပါ အသားအရေ ထိန်းပစ္စည်းတွေကို ငွေတွေ အများကြီး အကုန်အကျ ခံကာ ဝယ်ယူနေတဲ့ သူတွေကို တွေ့ ဖူးပါတယ်။ သူတို့ သုံးတဲ့ အသားအရေ ထိန်းပစ္စည်းတွေနဲ့ မတည့်တာကြောင့် ဆရာဝန်ဆီ ရောက်လာကြသူတွေလည်း အများကြီးပါ။ တကယ် တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ အသားအရေ ထိန်းပစ္စည်းတွေကို ဝယ်ယူ သင့်ပါတယ်လို့ ချီကာဂို အရေပြားကု ဌာနမှ ကာ ရိုလင်းက ရှင်းပြပါတယ်။
(၇)အချက်အလက်ကိုသိနားလည်ပါ
ယေဘုယျ အားဖြင့် အမျိုးသမီးတွေက သန္ဓေတားဆေးကို ပုံမှန်သောက်တာဟာ ကင်ဆာရောဂါ ၊လေဖြတ်တာ ၊နှလုံး ရောဂါ ထတာနဲ့ သွေးခဲတာတွေကို ဖြစ်စေနိုင်တယ်လို့ ထင်နေတတ်ကြပါတယ်။တကယ်တော့ သန္ဓေတားဆေးကို ပုံမှန်သောက်တာက သားအိမ်နဲ့ မမျိုးဥ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတာ၊ ဝက်ခြံမပေါက်အောင် ကာကွယ်ပေးတာ၊ ရာသီအကြို ဝေဒနာ သက်သာစေတာနဲ့ မမျိုးဥ အရည်အိတ် ဖြစ်နှုန်း လျော့နည်းတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေ ပါတယ်လို့ အီလီနွိုက် တက္က သိုလ်မှ သားဖွားမီးယမ် အထူးကု ဆရာဝန် စူဇန်က ရှင်းပြပါတယ်။

ဇွန် Good Health

ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ မိုးဒဏ်ကြောင့် ပျက်စီးတတ် သဖြင့် ရှေးဟောင်းသုတေသန ဌာနမှ ဂရုပြုစောင့်ကြည့်





စက်တင်ဘာလအတွင်း ပုဂံညောင်ဦး ဒေသတွင် မကြာခဏ မိုးရွာလျက်ရှိရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စေတီ၊ ပုထိုးများ၊ အနုလက်ရာများသည် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံး တတ်သည့်အတွက် ပုဂံရှေးဟောင်း သုတေသန ဌာနမှ အထူးဂရုပြု စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"မိုးရွာရင် ကျွန်တော်တို့က ဘုရားတွေကို လိုက်စစ်ဆေးကြည့်ရှု ပေးရပါတယ်။ အရေးကြီးတဲ့ နံရံဆေးရေး ပန်းချီရှိတဲ့ ဘုရားတွေမှာ မိုးယိုမှု ရှိ၊ မရှိ စစ်ဆေးရတယ်။ မိုးယိုမှုရှိတဲ့ ဘုရားရှိရင် အရေးပေါ်ဆောင်ရွက် ရတာမျိုး ရှိတာပေါ့။ လောလောဆယ်တော့ ထိခိုက်ဆုံးရှုံးတာမျိုး မရှိသေးပါဘူး။ လောကထိပ်ပန် ဘုရားမှာတော့ နည်းနည်းလေး မိုးယိုတာရှိလို့ ပြန်ပိတ်ပြီး ဆောင်ရွက်တာလေး ရှိပါတယ်" ဟု ပုဂံရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောကြားသည်။

စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုများ ရှိခဲ့သော်လည်း မိုးကြောင့်ပျက်စီး ဆုံးရှုံးမှု တစ်စုံတစ်ရာ ယနေ့အချိန်အထိ မရှိသေးကြောင်း မိုးရွာသွန်းမှု ကြောင့် ရှေးဟောင်းအဆောက်အအုံ မိုးမလုံရာမှ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေရုပ်ကြွများ၊ စိန်တောင်များ အဓိက ပျက်စီးတတ်ကြောင်း သိရသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စေတီပုထိုးများ၊ အဆောက် အအုံများ၊ အနုလက်ရာများ ပျက်စီးဆုံးရှုံးရမှု အကြောင်းတရားများတွင် မိုးကြောင့်ပျက်စီး ဆုံးရှုံးခဲ့ရမှုများလည်း အများအပြား ပါဝင်ကြောင်း သိရသည်။

အနားယူ အပန်းဖြေရန် နည်းလမ်း ၅ခု




အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
စိတ်ညစ်တဲ့အခါ၊ အလုပ်ရှုပ်တဲ့အခါ အချို့သော လူများဟာ စိတ်ကိုယ် ပင်ပန်းမှုကို

ဖြေဖျောက် စေဖို့ ဆေးဝါးတွေ အသုံးပြုကြပါတယ်။ ဥပမာ- အားဆေး၊ အိပ်ဆေး။


အမှန်တော့ ယင်းဟာ မှားယွင်းတဲ့ အယူအဆ ဖြစ်ပြီး ကြာလာနဲ့အမျှ
ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလွယ်ဆုံး
အပန်းဖြေနိုင်မယ့် နည်းလမ်း ၅ခုကို Hearcare ဝဘ်ဆိုဒ်မှ ယခုလို
ဖော်ပြထားပါတယ်။


၁။ Autogenic relaxtion


Autogenic relaxtion ဆိုတာ စိတ် အပန်းဖြေမှုအတွက် အသားပေးပါတယ်။ Calming
word ရွတ်ဆိုပေး ရမယ်လို့ ဆိုပါတယ်။ ဆိုလိုရင်းက စိတ်ငြိမ်စေအောင်
စကားလုံးရိုးရိုးရှင်းရှင်း တစ်ခုခုကို ထပ်ခါထပ်ခါ တိုးတိုးဖွဖွ ရေရွတ်ဖို့
ဖြစ်ပါတယ်။ မြန်မာတွေမှာဆိုရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အစရှိသဖြင့်
ရွတ်ဆိုနေတာမျိုး၊ ဘုရားစာ ဂါထာ တစ်ခုခု ရွတ်ဆိုတာမျိုး ဖြစ်ပါတယ်။
ဘုရားစာမဟုတ်ပဲ သင်္ချာ ဂဏန်း အစဉ်တန်း တစ်ခုခုကို ရွတ်ဆိုနိုင်ပါတယ်။


၂။ Visualization


အမြင်အာရုံကို စိတ်ထဲကဟာကို မှတ်ယူကြည့်ရပါမယ်။ စိတ်ထဲမှာ အေးချမ်းတဲ့၊
စိတ်အေးချမ်းတဲ့ ပုံရိပ်တစ်ခုခု၊ ရှုခင်းတစ်ခုခုကို စွဲနေပြီး ယင်းပုံကိုပဲ
တွေးနေရပါမယ်။ ခက်ခဲတယ်လို့ ယူဆသူတွေအတွက် ရှုခင်းလှလှပုံရိပ်တွေကို
ကြည့်ရှုနိုင်ပါတယ်။


၃။ Progresive relaxtion


ဒါကတော့ ခန္ဓာကိုယ်ကြွက်သားတွေကို ပြေလျော့စေမယ့် နည်းလမ်း ဖြစ်ပါတယ်။
အဖုအထစ် မရှိတဲ့ ကြမ်းပြင်မှာ လဲလျောင်းပြီးတော့ ခေါင်းကနေ ခြေဖျားထိပ်အထိ
အကြောဆန့်ရန် ဖြစ်ပါတယ်။ ခြေလက်တို့ကို အတတ်နိုင်ဆုံး ဆန့်တန်းရပါမယ်။
လိုတာထက် ပိုလည်း အားမသုံးရပါဘူး။ ဒါက ကြွက်သားတွေကို ပိုနာကျင် စေပါတယ်။
ခေါင်းကနေ ခြေ ကို ၅ စက္ကန့် ဆန့်ပြီး စက္ကန့် ၃၀ ပြန်လည် အနားယူပါမယ်။
ယင်းလုပ်ဆောင်ချက် ကို ကြွက်သားတွေ တင်းမနေတော့ဘူးလို့ ယူဆရတဲ့အထိ
လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။


၎။ Breathing Break


လေရှုလေထုတ် လေ့ကျင့်ခန်းကတော့ အလွယ်ဆုံး နည်းလမ်း ဖြစ်ပါတယ်။
သက်တောင့်သက်သာ ထိုင်နိုင်မယ့် ထိုင်ခုံမှာ ထိုင်ပြီးတော့ ၅ မိနစ်ကနေ ၁၀
မိနစ်အထိ လေကို ခပ်ပြင်းပြင် ရှူသွင်း၊ ခပ်ပြင်းပြင် မှုတ်ထုတ် ပေးရပါမယ်။
ခပ်ပြင်းပြင်းဆိုတာ အသက် ရှုကြပ်လောက်တဲ့ထိကို မဆိုလိုပါ။


၅။ Exercise


နောက်ဆုံးတစ်ခုအနေနဲ့ Exercise ဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ
လန်းဆန်းစေဖို့ အကောင်းဆုံး နည်းလမ်းပြီး သာမန် လုပ်နေရိုးရှိတဲ့
လေ့ကျင့်ခန်းတစ်ခုခုကို လုပ်နိုင်ပါတယ်။


အထက်ပါ လုပ်ဆောင်ချက်အားလုံးကို တစ်ကြိမ်တည်းပြုလုပ်နိုင်ပါတယ်။
သို့သော် အားလုံးကို တစ်ပြိုင်နက်တည်းသာ လုပ်ဆောင်ရမယ်လို့လည်း မဆိုပါ။
အဆင်ပြေရင်ပြေသလို၊ နေရာဒေသ အခြေအနေလိုက် လွယ်ကူတဲ့ နည်းလမ်းတစ်ခုခုကို
ပြုလုပ်နိုင်ပါတယ်။

အနူးဘစ် ဇတ်ကားထဲက ဇတ်ဝင်ခန်းတချို့ 





ဒါရိုက်တာလူမင်းရိုက်နေတဲ့ အနူးဘစ်ဇတ်ကားထဲက စိတ်ဝင်စားစရာ ဇတ်ဝင်ခန်းတချို့ ပါ။ အနူးဘစ်ဆိုတာ Anubis အီဂျစ်မှာသေသူရဲ.နှလုံးသားနဲ.ငှက်တောင်မွေး ကိုချိန်ခွင်လျှာထိုးပြီး ဘဝတစ်ပါး လားရာကိုရွေးချယ်ပေးတဲ.ခွေးအ ဦးခေါင်းနှင်.လူခန္ဓာကိုယ်ပုံသဏ္ဍန်ရှိသောနတ်သားပါလို့  ဆိုပါတယ်။

Posted in: အနုပညာ

ပြည်ထောင်စု ၀န်ကြီးများက နိုင်ငံရေးပါတီ ၃၇ ခုမှ ခေါင်းဆောင် ၇၀ ဦးခန့်နှင့် တွေ့ဆုံကာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးတွင် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တက်ရောက်မည်ဖြစ်ကြောင်း ရှင်းပြ

Created on Monday, 30 September 2013


စက်တင်ဘာ ၂၉ ရက်က ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါ တီခေါင်းဆောင်များ တွေ့ဆုံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-MPC)

အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါတီ ၃၇ ခုမှ ပါတီခေါင်းဆောင် ၇၀ ၀န်းကျင်တို့ စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံကာ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးတို့ကို ဆွေးနွေးမှုပြုလုပ် ခဲ့ကြပြီး ပြည်ထောင်စု ၀န်ကြီးများက အောက်တိုဘာလကုန်တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တက်ရောက်မည်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံပွဲ အစိုးရအဖွဲ့မှ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးအုန်းမြင့်၊ ဦးသန်းဌေး စသည်တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားပါတီများမှ ပါတီခေါင်းဆောင်များ အပါအ၀င် ပါတီ ၃၇ ခုမှ ပါတီခေါင်းဆောင် ၆၈ ဦး တက်ရောက်ခဲ့ကြောင်း Myanmar Peace Center မှ သိရသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက "အဓိကကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေကို ဆွေးနွေးတာပါ။ လာမယ့်လမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်မယ်။ သမ္မတကြီးရယ်၊ ကာကွယ်ရေး ဦးစီးချုပ်လည်း တက်မယ်။ လွှတ်တော်ဘက်ကလည်း တက်မယ်။ နိုင်ငံရေး ပါတီတွေလည်း ပါမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။ အဲဒါပြီးသွားရင် နိုင်ငံရေး ဆွေးနွေးပွဲကို ၂၀၁၄ ဧပြီမှာ လုပ်မယ်လို့ ပြောတယ်" ဟု ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

"ကျွန်တော်တို့ ဘက်ကလည်း ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးပြီးရင် ထိတွေ့မှုတွေ မဖြစ်ဖို့ အရေးကြီးတယ်။ ၀ိုင်းဝန်းပြီးတော့ ထိန်းသိမ်းပေးဖို့ကို တင်ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံရေး ဆွေးနွေးပွဲ လာမယ်ဆိုတဲ့အတွက် ပြည့်ပြည်စုံစုံ ပြောမှာပေါ့။ အဲဒီအချိန်ကျရင် ညီလာခံ သဘောမျိုး ဖြစ်သွားတာပေါ့။ တိုင်းရင်းသားပေါင်းစုံ ပါမယ်လေ" ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ယခု တွေ့ဆုံမှုသည် လာမည့်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများ ပါဝင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပါတီများ၏ အကြံဥာဏ် ရယူရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

EMG

ရန်ကုန်မြို့တော် ခန်းမရှေ့ ဟုန်ရှင်းကုမ္ပဏီ အလုပ်သမားများ ဆန္ဒပြမှုအတွက် အလုပ်သမား ခေါင်းဆောင်များကို အမှုဖွင့် တရားစွဲဆို

Created on Monday, 30 September 2013

စက်တင်ဘာ ၂၂ ရက်က သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြသော ဟုန်ရှင်းကုမ္ပဏီ အလုပ်သမားအချို့ကို တွေ့ရစဉ်

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သော ဟုန်ရှင်းအလုပ်သမားများအနက် ဦးဆောင်သူ အလုပ်သမား ခေါင်းဆောင်လေးဦးကို စက်တင်ဘာ ၂၈ ရက်တွင် ကျောက်တံတား ရဲစခန်းမှ မမစ (ပ) ၃၅၁/၁၃၊ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့ အမှုဖွင့်ရခြင်း အကြောင်းရင်းမှာ စက်တင်ဘာ ၂၂ ရက်တွင် ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမား ၁၀၀ ကျော်တို့မှ သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းခံခြင်း မရှိဘဲ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခြင်းတို့ကြောင့် ဆန္ဒပြရာတွင် ဦးဆောင်ပြုလုပ်သူ ကိုမင်းမင်း၊ ကိုတင်ထွဋ်ပိုင်၊ ကိုကျော်မျိုးနှင့် ကိုကျော်ကျော်တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၈ ဖြင့် အမှုဖွင့် အရေးယူပေးပါရန် ရဲမှူးယုကြည်မှ တရားလိုပြုလုပ်၍ ကျောက်တံတား ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ်လအတွင်း ဒဂုံဆိပ်ကမ်းတွင် အလုပ်ရှင်မှ ထုတ်ပယ်လိုက်သည့် အလုပ်သမား ခေါင်းဆောင်နှစ်ဦးကို ပြန်ခန့်ပေးရန် အပါအ၀င် အချက် ၁၀ ချက်ဖြင့် စီတန်းလှည့်လည် ဆန္ဒပြခဲ့ခြင်းကြောင့် အလုပ်သမားခေါင်းဆောင် နှစ်ဦးကို ဒဂုံဆိပ်ကမ်း ရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ ယင်းအပြင် အလုပ်ရှင်မှ အလုပ်သမား ခေါင်းဆောင်နှစ်ဦးကိုပင် အမှုလေးမှုဖြင့် ဒဂုံဆိပ်ကမ်း ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုထားကြောင်း ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ကိုမင်းမင်း၏ ပြောပြချက်အရ သိရသည်။

"ကျွန်တော်တို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတာနဲ့ ပတ်သက်ပြီးတော့ အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ပါဘူးလို့ ရဲမှူးတွေကို ၀န်ကြီးရှေ့မှာရော၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရှေ့မှာရော ပြောဆိုခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ စခန်းမှာ အမှုဖွင့်ထားပြီးဆိုတော့ ဥပဒေအရ ရင်ဆိုင်ဖို့ပဲ ရှိပါတော့တယ်" ဟု အလုပ်သမားခေါင်းဆောင် ကိုမင်းမင်းက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။

ဟုန်ရှင်းစက်ရုံ အလုပ်သမားများသည် အလုပ်ရှင်မှ စက်ရုံပိတ်သိမ်းသည်ဟုဆိုကာ အလုပ်သမားများအား လျော်ကြေးပေးပြီး အလုပ်ထုတ်ရန် ကြိုးစားနေသည်ဟု ထင်မြင်သောကြောင့် ၎င်းတို့အနေဖြင့် စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြပြီး စက်တင်ဘာ ၁၃ ရက်တွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့စည်းများ၏ ညှိနှိုင်းပေးမှုများကြောင့် အလုပ်ရှင်နှင့် အချက်ငါးချက်ပါ သဘောတူညီမှု စာချက်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။

EMG

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့

 Created on Monday, 30 September 2013


တနင်္သာရီမြစ် ရေလွှမ်းမိုးမှုကို တွေ့ရစဉ်

တနင်္သာရီတွင် မြစ်ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် ယခုနှစ်တွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စုအတွင်းရှိ ချောင်းလမုရွာမှာလည်း ရေလွှမ်းမိုး ခံခဲ့ရကြောင်း သိရသည်။ ယခုတစ်ကြိမ် တနင်္သာရီမြစ် ရေကြီးမှုတွင် ချောင်းဖျားရေများ သာမက ချောင်းနှစ်ပြန်မှ ရေများလည်း တနင်္သာရီ ချောင်းငယ်အတွင်း စီးဝင်ခဲ့ပြီး မိုးရွာသွန်းမှု များသောကြောင့် မောတောင်ဘက်မှ တောင်ကျရေများလည်း စီးဆင်းလာခဲ့ကြောင်း သိရသည်။

င၀န်ချောင်း ရေလျှံမှုကြောင့် ချောင်းလမု ကျေးရွာတွင် ထူးထူးခြားခြား ရေလွှမ်းမှု ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"ချောင်းလမုမှာ ရေကြီးလို့ အိမ်တွေပြိုခဲ့တယ်လို့ သိရတယ်။ ဖြစ်တာက ၂၈ ရက်မှာ ဖြစ်တယ်။ ညတွင်းချင်းပဲ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတွေ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်တယ်။ ဒီနေ့ မနက်ပိုင်းမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ့ တနင်္သာရီမြို့နယ်ကို ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လာရောက်လုပ်ဆောင် ပေးနေတယ်။ အခုထိတော့ ဒဏ်ရာရသူ မရှိဘူး" ဟု ကယ်ဆယ်ရေးလုပ်ငန်း သွားရောက်လုပ်ဆောင်ပေးနေသည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် နေအိမ်များအပြင် လယ်မြေများလည်း ရေနစ်မြုပ်ခံခဲ့ရပြီး နစ်မြုပ်လယ်ဧကမှာ ၁၅၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

"ရေကြီးတာကြောင့် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာတွေက လယ်ဧက ၁၅၃၉ ဧက နစ်မြုပ်ခဲ့ရပါတယ်။ အဲဒီအထဲက တစ်ဝက်လောက်ကတော့ ပျက်စီးသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းထားပါတယ်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေအပြင် ပျက်စီးသွားတဲ့ လယ်တွေအတွက် တစ်ဧက မျိုးစပါး နှစ်တင်းစီ ပေးပါတယ်။ ချောင်းလမု ရွာမှာတော့ ရေဘေးသင့်တဲ့ အိမ်ခြေ ၂၂၀ လောက်မှာ ၉၆ လုံးက နစ်မြုပ်သွားပါတယ်။ ရေပြန်ကျတဲ့အခါ တိုင်တွေ၊ အမိုးတွေ၊ ထရံတွေ ကွာကျသွားပြီး အိမ် ၃၉ လုံးက ပြိုကျသွားတာပါ" ဟု တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။ တနင်္သာရီမြစ် ရေလွှမ်းမှု ခံခဲ့ရသော တနင်္သာရီမြို့နှင့် ကျေးရွာများသို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများမှာ တနင်္သာရီ မြို့နယ်သို့ စက်တင်ဘာ ၂၉ ရက်တွင် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

EMG

လက်ရှိ အချိန်တွင် တိုင်းပြည်လူဦးရေ၏ ရာခိုင်နှုန်း ၃၀ သာ လျှပ်စစ်မီး သုံးစွဲနိုင်ပြီး လျှပ်စစ်မီး လုံးဝမရရှိသေးသည့် ပြည်နယ်များတွင် ၂၀၁၄ အကုန်၌ လျှပ်စစ် ဓာတ်အားလိုင်းများ ပြီးစီးအောင် တည်ဆောက်မည်

 

မဟာဓာတ်အားလိုင်း ပြတ်တောက်မှုကြောင့် စက်တင်ဘာ ၁၉ ရက်ညက ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပြတ်တောက်မှုအား တွေ့ရစဉ်

လက်ရှိအချိန်တွင် တိုင်းပြည်လူဦးရေ၏ ရာခိုင်နှုန်း ၃၀ သာ လျှပ်စစ်မီး သုံးစွဲနိုင်ပြီး လျှပ်စစ်လုံးဝ မရရှိသေးသည့် ပြည်နယ်အများစုတွင် ၂၀၁၄ အကုန်၌ လျှပ်စစ်ဓာတ်အားလိုင်းများ ပြီးစီးအောင် တည်ဆောက်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

၂၀၁၄ ကုန်ပါက လောပိတ ရေအားလျှပ်စစ် တည်ရှိရာ ကယားပြည်နယ်၏ ရာခိုင်နှုန်း ၇၀ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းလည်း ရေးဆွဲထားပြီး နိုင်ငံတော်မှလည်း ဘတ်ဂျက်ချထားပေးပြီးဖြစ်ကြောင်း . . . . .


"အခု လက်ရှိက လူဦးရေရဲ့ ရာခိုင်နှုန်း ၃၀ ပဲ လျှပ်စစ်မီး ပေးနိုင်သေးတာ။ ရာခိုင်နှုန်း ၅၀ ပြည့်အောင် မီးပေးနိုင်ဖို့ဆို နောက်ထပ်ဓာတ်အားလိုင်းတွေ ဆွဲမှာပေါ့။ ရခိုင်ပြည်နယ် တစ်ခုလုံးက ၂၀၁၄ ကုန်ရင် လျှပ်စစ်မီး ရတော့မယ်။ အဲဒါဆို ရခိုင်ပြည်နယ်က ပြည်သူတွေသည် အစိုးရရဲ့ မီးကိုရမယ်။ နောက် ချင်းပြည်နယ်ကို ဓာတ်အားလိုင်း ဆွဲနေပြီ။ ချင်းပြည်နယ်လည်း ၂၀၁၄ ကုန်ရင် ဟားခါး၊ ဖလမ်း၊ တီးတိန်တို့က National Grid က နေရမယ်။ အဲဒါဆို အဲဒီဒေသက လူတွေက လျှပ်စစ်မီး ရလာမယ်။ နောက်တစ်ခါ ကချင်ပြည်နယ်မှာ ဓာတ်အားလိုင်းကြီး ပြီးသွားပြီ။ ကချင်ပြည်နယ်မှာရှိတဲ့ မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား၊ ၀ိုင်းမော် အင်းတော်ကြီး ဒေသအားလုံးက ပြည်သူတွေ ၂၀၁၄ ကုန်ရင် မီးတွေရလာမယ်။ မီးရတဲ့ သူတွေကတော့ ပိုတိုးလာမယ်။ မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်ကနေရေးကို ဓာတ်အားလိုင်းကြီး ဆွဲနေပြီ။ လာမယ့်နှစ်မှာ ရေးကနေ ထားဝယ်ကို ဆွဲမယ်။ ရေးကလူတွေလည်း လျှပ်စစ်ဓာတ်အားရမယ်။ ထားဝယ်က လူတွေလည်း ရမယ်။ ရှမ်းပြည်နယ်ဆိုရင် တောင်ကြီးကနေထိုင်ပြီး အင်းဒေသတစ်ခုလုံး မီးရအောင် ပေးတဲ့အခါမှာ အင်းဒေသကြီး တစ်ခုလုံး လျှပ်စစ်ရသွားပေမယ့် ရွာတွေအားလုံး မရောက်သေးဘူး။ နောက်တစ်ခါ ပအို့ဒေသ တစ်ခုလုံး လျှပ်စစ်မီးလိုင်းကြီး ကျွန်တော်တို့ ဆွဲနေတယ်။ အရင်က ပအို့ဒေသ တစ်ခုလုံး လုံးဝလျှပ်စစ်မီး မရသေးဘူး။ အခု မိုင်းရယ်၊ စိုင်းပေါင်၊ ဟိုပုံး အားလုံး လိုင်းတွေဆွဲနေပြီ။ ၂၀၁၄- ၂၀၁၅ ဆိုရင် မိုင်းရယ်၊ စိုင်းပေါင်၊ ဟိုပုံး၊ ဆီဆိုင်အားလုံးက လျှပ်စစ်ဓာတ်အား ထပ်တိုးရလာမယ်။ နောက်တစ်ခါ ဓနုဒေသ တစ်ခုလုံး ကလောကနေ ပင်းတယ၊ ပင်းတယကနေ ရွာငံဆွဲနေတယ်။ ဓနုဒေသ တစ်ခုလုံး လျှပ်စစ်ရလာမယ်။ မဖြစ်မနေ လျှပ်စစ်မီး လုံးဝမရရှိသေးတဲ့ ဒေသရှိသေးတယ်။ နာဂဒေသ မီးမရဘူး။ လာမယ့်နှစ်မှာ လေရှီး၊ လဟယ်၊ လန်းယွန်းမှာ ရေအားလျှပ်စစ် အသေးလေးသုံးခု သွားဆောက်မယ်။ လေရှီး၊ လဟယ်၊ လန်းယွန်းသည် လျှပ်စစ်မီး ရရမယ်" ဟု ပြောကြားသည်။

၂၀၁၄ ကုန်ပါက လောပိတ ရေအားလျှပ်စစ် တည်ရှိရာ ကယားပြည်နယ်၏ ရာခိုင်နှုန်း ၇၀ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းလည်း ရေးဆွဲထားပြီး နိုင်ငံတော်မှလည်း ဘတ်ဂျက်ချထားပေးပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

၂၀၁၅-၂၀၁၆ တွင် တစ်ပြည်လုံး လူဦးရေ၏ ရာခိုင်နှုန်း ၅၀ လျှပ်စစ်မီး သုံးစွဲနိုင်ရန် ဆောင်ရွက်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ စီမံကိန်းများအရ သိရသည်။

EMG

ရန်ကုန်မြို့ရှိ လူဦးရေ သုံးသန်းကျော် နေ့စဉ်ရထားအသုံးပြု သွားလာနိုင်ရန် ဂျပန်က ကူညီစီစဉ်ပေးမည်

Created on Sunday, 29 September 2013


မြို့ပတ်ရထားစီး ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

လာမည့် အနှစ် ၂၀ အတွင်း ရန်ကုန်မြို့၏ လူဦးရေ သုံးသန်းကျော် နေ့စဉ် ရထားအသုံးပြုနိုင်အောင် စီစဉ်နိုင်မည်ဟု ဂျပန်မှ ခန့်မှန်းထားကြောင်း ရထားဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့၏ ယာဉ်လိုင်းကျပ်တည်းမှုများကြောင့် ရထားအသုံးပြုသူ အရေအတွက်မှာ နေ့စဉ်များပြား လာနေသော်လည်း ဖြည့်ဆည်းနိုင်သည့် ပမာဏမှာ ရာခိုင်နှုန်း အနည်းငယ် ၀န်းကျင်သာ ရှိနေသေးသည့်အတွက် ရန်ကုန်မြို့ ရထားစနစ်ကို ဂျပန်နှင့် ပူးပေါင်းကာ အဆင့်လိုက် လုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဂျပန်က ဘယ်လိုမှန်းထားလဲဆိုရင် အခု ရန်ကုန်မြို့ပတ် ရထားတွေကို အသုံးပြုနေတာက လူဦးရေ တစ်သန်းကျော်ကျော် ၀န်းကျင်လောက် ရှိတယ်။ အဲဒီအနေအထားကလည်း လက်ရှိရန်ကုန်မြို့ရဲ့ ခရီးသွားလာရေး အတိုင်းအတာမှာ သုံးရာခိုင်နှုန်းနဲ့ လေးရာခိုင်နှုန်း လောက်မှာပဲ ရှိနေတယ်။ အဲဒါကို ဂျပန်က လာမယ့် ၂၀၃၅ လောက်မှာ လူဦးရေ သုံးသန်းသုံးနိုင်အောင် ပြုလုပ်ဆောင်သွားမယ်လို့ သူတို့ဘက်က ခန့်မှန်းထားတယ်" ဟု မြန်မာ့မီးရထား အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ် ရထားကို အရှိန်မြှင့်တင်ရန် ရထားလမ်းပိုင်းများကို ရာနှုန်းပြည့် ပြင်ဆင်နိုင်ရန်အတွက် မြန်မာ့မီးရထား ၀န်ကြီးဌာန၊ အစီအစဉ်ဖြင့် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

၂၀၁၃ မတိုင်မီကတည်းက သဘောတူညီထားချက်အရ ရန်ကုန်မြို့ပတ် ရထားလမ်း၏ စနစ်များကို အဓိကထား ပြုလုပ်ရန် ပါရှိခဲ့သည့်အပြင် အနာဂတ် စီမံကိန်းများအရ ဖြတ်လမ်းကျယ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိရန်ကုန်မြို့ပတ်လမ်း ဒီဇိုင်းကို အခြေပြုကာ ပြုပြင်ရေးဆွဲ တည်ဆောက်မှုများ ပါဝင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား ၀န်ကြီးဌာနမှ သိရသည်။

၎င်းအပြင် ရန်ကုန်မြို့ပတ် ရထားလမ်း စီမံကိန်းအပြင် ဂျပန်နိုင်ငံ၏ Main Plan အရ သီလ၀ါ ဆိပ်ကမ်းအထိ ဖောက်လုပ်မည်ဟု ပါရှိကြောင်း မီးရထား ၀န်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ပြောကြားထားသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းနှင့် နောင်လာမည့် ရထားလမ်း စီမံကိန်းများတွင် ဂျပန်နိုင်ငံမှ အတိုးနှုန်း သက်သာသော ချေးငွေများကိုလည်း ထုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသော မြို့ပတ်ရထားလိုင်းပေါင်း ၂၁ လိုင်းရှိပြီး ငါးမိနစ်လျှင် တစ်ကြိမ်ထွက်ရှိနေပြီး တစ်နေ့လျှင် ခေါက်ရေ ၂၀၀ တွင် လူဦးရေ တစ်သိန်းကျော်မှာ အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

EMG

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် CPI ကုမ္ပဏီက ကြိုးပမ်းနေပြီး နေပြည်တော်၌ CPI ကုမ္ပဏီရုံးခန်း တည်ဆောက်ရန် စီစဉ်နေဟုဆို

Created on Sunday, 29 September 2013


မြစ်ဆုံစီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏သမ္မတ သက်တမ်းကာလအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းကြောင်း တရားဝင်ထုတ်ပြန် ကြေညာထားသော်လည်း လက်ရှိကာလ၌ CPI ကုမ္ပဏီ အနေဖြင့် မြစ်ဆုံစီမံကိန်းအား ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းနေပြီး နေပြည်တော်၌လည်း CPI ကုမ္ပဏီ၏ ရုံးခန်းတည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (ARBRO) ၏ ဒုတိယအကြိမ် လူထုအကြံပြု အစည်းအဝေးမှ သိရသည်။

"ခုချိန်အခါမှာ ဧရာဝတီဟာ ဘယ်တုန်းဘယ်ကာလနဲ့မှ မတူအောင် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကြောင်းက ကျွန်တော်တို့ရဲ့ မြစ်ကြီးကိုက တော်တော်ချူချာနေပြီ။ အဲဒီမှာမှ မြစ်ဆုံမှာ တာဆောက်ဦးမှာဆိုတော့ တွေးတွေးပြီး အတော်ရင်လေး ရပါတယ်။ အဆိုးဆုံးကတော့ အဲဒီအလုပ်ကြီးက ပြန်စဖို့ လုပ်နေပြီ။ လုပ်နေတယ်ဆိုတဲ့ သတင်းကလည်း အလွန်ကြားနေရပါတယ်။ ကျွန်တော်တွေးပြီး ပူလာတယ်။ အခုတောင်မှ ဒါကြီးကို ရပ်ပါ့မယ်ပြောတဲ့ သမ္မတက ရုံးထဲမှာ ရှိနေတုန်း ရှိသေးတယ်။ ခုမှ သက်တမ်းက တစ်ဝက်လောက် ရှိသေးတယ်။ ဒါပေမဲ့ တစ်ဖက်က စဖို့လုပ်နေတယ်။ နေပြည်တော်မှာလည်း ရုံးခန်းဆောက်ဖို့ မြန်မာငွေကျပ် သိန်း ၄၀၀၀ ရန်ပုံငွေ ရထားတယ်တဲ့ စီပီအိုင်က" ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏သမ္မတ သက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာထားခဲ့ရာ ယခုအခါ၌ နှစ်နှစ်ပြည့်ပြီ ဖြစ်သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး ခေါင်းဆောင်သည့် အဖွဲ့ဝင်လေးဦးတို့ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွားရောက်စဉ်ကလည်း တရုတ် CPI ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် CPI ကုမ္ပဏီဘက်မှ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား ဆက်လက်လုပ်ဆောင် လိုသည်ဟုဆိုကာ အချက်အလက်များ၊ ဓာတ်ပုံများ ပြသကာ ရှင်းလင်းခဲ့ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းအတွက် တင်ပြသော EIA အစီရင်ခံစာကို အပြစ်အနာအဆာများပြီး တောင့်တင်းခိုင်မာမှု မရှိသော အစီရင်ခံစာ ဖြစ်သည်ဟု နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ရှစ်ဦးက ဝေဖန်ပြောဆိုခဲ့ကြောင်း၊ အစီရင်ခံစာ ရေးသားခဲ့သော BANCA မှ ဦးဆောင်သူ ပါမောက္ခ ဦးညိုမောင်က ပြောကြားသည်။

"မြစ်ဆုံစီမံကိန်း စတင်တဲ့ အချိန်မှာ တရုတ်ပညာရှင်တွေနဲ့ ကျွန်တော်တို့ မြန်မာပညာရှင် အဖွဲ့တွေက ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ အခြေအနေတွေကို လေ့လာပြီးတော့ EIA အစီရင်ခံစာကို ၂၀၁၀ မေလ အတွင်းမှာ စီမံကိန်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီကို သီးခြား report တစ်စောင်စီ တင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာက ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုဝေဖန်ထားတဲ့ အချက်တွေကို ကြည့်ရတာ ကျွန်တော်တို့ အစီရင်ခံစာထဲက အကြောင်းအရာတွေ မဟုတ်ဘူး။ ပြီးတော့ စီမံကိန်း လုပ်ဆောင်တဲ့ ကုမ္ပဏီက ကျွန်တော်တို့ အစီရင်ခံစာကို နိုင်ငံတကာကို ချမပြဘူးလို့ ယူဆလို့ ရပါတယ်" ဟု ဦးညိုမောင်က ပြောကြားသည်။

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် တရုတ်ကုမ္ပဏီက ကြိုးပမ်းနေမှုများနှင့် ပတ်သက်ပြီး မြစ်ဆုံစီမံကိန်းအား တရုတ်ကုမ္ပဏီ မဟုတ်ဘဲ အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားစသည့် မည့်သည့်နိုင်ငံမှမဆို ဆည်တည်ဆောက်ရန် ကြိုးပမ်းပါက မြန်မာပြည်သူ လူထုအနေဖြင့် လက်ခံလိမ့်မည် မဟုတ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေ၀ီသန့်စင်က ပြောကြားသည်။

"ဧရာဝတီကို ပြန်ပြီးတော့လုပ်ဖို့ တာစူနေပါပြီ။ အဲဒီတော့ ကြားရတဲ့ ကိစ္စတွေဟာ ကျွန်မတို့ ဧရာဝတီအတွက် စိတ်လုံးလုံး မချနိုင်သေးပါဘူး။ ဧရာဝတီနဲ့ ပတ်သက်ပြီး ရာခိုင်နှိုင်း ၆၀ အစိုးရကို ပေးပြီးသား သွင်းပြီးသားပါလို့ စီပီအိုင် ဥက္ကဋ္ဌက မီဒီယာတွေကနေပြီးတော့ ပြောခဲ့ပြီ။ မီဒီယာတွေကနေပဲ အစိုးရနဲ့ တွဲပြီးလုပ်နေတဲ့ တရုတ်ပညာရှင် အဖွဲ့ကလည်း အင်မတန်မှ ကြီးမားသော ဟိုက်ဒရိုပါဝါ စီမံကိန်းတွေကို မြန်မာပြည်မှာ လက်မခံသင့်ပါဘူးလို့ ပညာရှင် ရှုထောင့်ကနေပြီးတော့ မှန်မှန်ကန်ကန် ကျွန်မတို့ ပြည်သူတွေကို ပြောခဲ့ပါတယ်။ GEI အဖွဲ့ကပါ။ ဘာပဲပြောပြော ဧရာဝတီနဲ့ ပတ်သက်ရင် ကျွန်မတို့က ဆက်ပြီးတော့ အလုပ်တွေ လုပ်ဖို့ရှိပါတယ်။ တရုတ်အစိုးရမို့လို့ ကျွန်မတို့ ဧရာဝတီကို တားဆီးနေတာ မဟုတ်ပါဘူး။ အခု လက်ဝဲရော လက်ယာရော နိုင်ငံတွေအားလုံး ကျွန်မတို့ မြန်မာပြည်နဲ့ မဟာမိတ် စီးပွားရေး လုပ်နေပါပြီ။ အဲဒီတော့ အမေရိကန်တို့ ဂျပန်တို့ ကိုရီးယားတို့ ဧရာဝတီမြစ်ဆုံကို ဆောက်မယ်ဆိုရင်လည်း ကျွန်မတို့ ပြည်သူလူထုကတော့ လက်ခံနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါတွေဟာ အမျိုးသားရေး တာဝန်လို့ ကျွန်မခံယူပါတယ်" ဟုလည်း ဒေါ်ဒေ၀ီသန့်စင်က ပြောကြားခဲ့သည်။

EMG

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေး ကိစ္စများ၌ အသုံးပြုရန် ဂျပန်နိုင်ငံမှချေးငွေ အမေရိကန်ဒေါ်လာ ငါးဘီလျံ အပါအ၀င် ငါးလတာ ကာလအတွင်း နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်ရှိ

 Created on Sunday, 29 September 2013


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်အထက်လွှတ်တော်အမတ် Ms. Eriko Yamatain တို့ စက်တင်ဘာ ၂၃ ရက်က နေပြည်တော်၌ တွေ့ဆုံပြီး ဂျပန်၏ ODA ချေးငွေသစ်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြစဉ်

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေး ကိစ္စများ၌ အသုံးပြုရန်အတွက် ဂျပန်နိုင်ငံမှ ချေးငွေအမေရိကန်ဒေါ်လာ ငါးဘီလျံ အပါအ၀င် ငါးလတာ ကာအတွင်း နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်ရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စောင့်ကြည့်လေ့လာနေသော Myanmar Peace Monitor ၏ သုတေသန မှတ်တမ်းများအရ သိရသည်။

၂၀၁၃ ခုနှစ် မေလမှ စက်တင်ဘာလအထိ ရရှိခဲ့သော နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှုများမှာ စက်တင်ဘာလတွင် အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ အတွင်း၌ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု အမေရိကန်ဒေါ်လာ ၅၂၂၉ ဒသမ ၈ သန်းကျော် ရရှိခဲ့ကြောင်း၊ အဆိုပါ ကတိပြုမှုများထဲတွင် ဂျပန်နိုင်ငံမှ ပေးအပ်သော ချေးငွေနှင့် အလှူငွေ ထည့်ဝင်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ ထိုအထဲတွင် နှစ်ပေါင်းလေးဆယ် ကာလသက်တမ်းအတွက် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ဂျပန်နိုင်ငံက ပေးအပ်ခဲ့သော ချေးငွေသစ် (ODA) အမေရိကန်ဒေါ်လာ ငါးဘီလျံလည်း ပါဝင်ခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေကတိက၀တ်များကို လစဉ်ရရှိနေပြီး ပြီးခဲ့သည့် သြဂုတ်လမှ စတင်၍ နောက်ပိုင်းလေးလတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော်၊ ပေါင်ငွေ သန်း ၃၀ ကျော်၊ သြစတြေးလျဒေါ်လာ သန်း ၁၀၀ ကျော်နှင့် ဂျပန်ယန်းငွေ ဘီလျံ ၇၀ ကျော် ရရှိထားပြီးဖြစ် . . . . . .


စက်တင်ဘာလအတွင်း ထည့်ဝင်ခဲ့သည့် အခြားသော အလှူငွေနှင့် ချေးငွေကတိပြုမှုများမှာ ရခိုင်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန်၊ အိန္ဒိယနိုင်ငံမှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁ သန်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် ဆွစ်ဇာလန်နိုင်ငံမှ ထည့်ဝင်သော ဆွစ်ဖရန့် ၃၅ သန်း၊ ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ မြှင့်တင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်နိုင်ငံတို့မှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း၊ အခြားသော လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် အသုံးပြုရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်နိုင်ငံတို့မှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း၊ အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် International Centre for Integrated Mountain Development (ICIMD) မှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ ငါးသိန်း၊ မြန်မာနိုင်ငံ၏ NCDD (National Community Driven Development) စီမံချက်အတွက် ကမ္ဘာ့ဘဏ်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၊ ကလေးစစ်သား လျှော့ချရေး လုပ်ငန်းစဉ်အတွက် အမေရိကန်နိုင်ငံမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ငါးသန်း၊ ငါးမွေးမြူရေးလုပ်ငန်း သုတေသန ပြုရန်အတွက် နော်ဝေနိုင်ငံမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ငါးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်များရှိ လျှပ်စစ်မီး အလုံအလောက် မရရှိသေးသော နေရာများတွင် အသုံးပြုရန် ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ပေးအပ်ခဲ့ခြင်းတို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေကတိက၀တ်များကို လစဉ်ရရှိနေပြီး ပြီးခဲ့သည့် သြဂုတ်လမှ စတင်၍ နောက်ပိုင်းလေးလတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော်၊ ပေါင်ငွေ သန်း ၃၀ ကျော်၊ သြစတြေးလျဒေါ်လာ သန်း ၁၀၀ ကျော်နှင့် ဂျပန်ယန်းငွေ ဘီလျံ ၇၀ ကျော် ရရှိထားပြီးဖြစ်ကြောင်း MPM ၏ သုတေသန မှတ်တမ်းများက ဆိုသည်။

စက်တင်ဘာလအတွင်း ရရှိခဲ့သော ထောက်ပံ့မှုများနှင့် ချေးငွေကတိပြုမှုများကို ပေါင်းစပ်ပါက ငါးလတာ ကာလအတွင်း နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှုမှာ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်အထိ ရှိလာပြီ ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းက နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေအမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်နှင့် ဂျပန်ယန်းငွေ ဘီလျံ ၂၀ ကျော် ရရှိခဲ့ပါသည်။ ဇူလိုင်လ အတွင်း၌မူ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်၊ သြစတြေးလျဒေါ်လာ သန်း ၁၀၀ ကျော်နှင့် ပေါင်ငွေ ၂၉ သန်းကျော် ရရှိခဲ့သည်။ ဇွန်လအတွင်းက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်နှင့် သြစတြေးလျဒေါ်လာ ၁ ဒသမ ၅ သန်းကျော် ရရှိခဲ့သည်။ မေလအတွင်းက ဂျပန်ယန်းငွေ ၅၁ ဘီလျံနှင့် ပေါင်ငွေ ၄ ဒသမ ၄ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု ပေးခဲ့သူများထဲတွင် ဂျပန်နိုင်ငံ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အမေရိကန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ကနေဒါနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ WHO၊ UNHCR နှင့် Global Fund တို့ ပါဝင်ကြောင်း သိရသည်။

ငါးလတာ ကာလအတွင်း နိုင်ငံတကာ၏ ထောက်ပံ့ငွေနှင့် ချေးငွေကတိပြုမှု အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် ရှိနေသည်ဟု သုတေသန မှတ်တမ်းများအရ သိရှိရသော်လည်း ထိုကတိပြုမှုများအနက် မည်မျှကို ရရှိထားပြီ ဖြစ်ကြောင်းနှင့် မည်သည့်နေရာများတွင် မည်ကဲ့သို့ သုံးစွဲမည်ဆိုသည့် အချက်ကို အစိုးရဘက်မှ ရှင်းလင်းစွာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

"ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် နိုင်ငံတကာက ကူညီမှု၊ ချေးငွေဘယ်လောက် ရထားသလဲဆို သေသေချာချာ မသိရဘူး။ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးအတွက်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာက ဘယ်လောက်အထိ ရထားပြီလဲဆိုတာ ခွဲခြားပြီး ထုတ်ပြန်ရင်တော့ ပိုကောင်းမယ်။ နိုင်ငံတကာရဲ့ အကူအညီတွေကို ထိထိရောက်ရောက် သုံးရင်တော့ ပြုပြင်ပြောင်းလဲမှုတွေမှာ လျင်လျင်မြန်မြန် ဖြစ်လာနိုင်တယ်။ စနစ်တကျ စီမံခန့်ခွဲမှု မရှိဘူးဆိုရင် ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ အခြားအကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။ ကျွန်တော်သိသလောက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော်လောက် ရှိတယ်။ ဆိုလိုချင်တာက နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု များလာတာနဲ့အမျှ ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ စီမံခန့်ခွဲမှုကို သေသေချာချာ လုပ်ထားရမယ်။ ကူညီထောက်ပံ့မှုနဲ့ ချေးငွေတွေလည်း အတူတူပဲ။ ဒီငွေတွေက ကျပ်ငွေအနေနဲ့ ပြည်တွင်းမှာ ပြန်လည်စီးဆင်းမှာဆိုတော့ စီမံခန့်ခွဲမှုအပိုင်း မကောင်းဘူးဆိုရင် ငွေလဲနှုန်း တည်ငြိမ်အောင် ထိန်းတဲ့အပိုင်းမှာ ပြဿနာ ရှိလာနိုင်သလို ကုန်ဈေးနှုန်း ကြီးမြင့်တာတွေ ကာလတို၊ ကာလရှည် ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်တဲ့ အပိုင်းတွေမှာ ထိခိုက်လာမယ်" ဟု စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

စက်တင်ဘာလအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar Peace Monitor)

စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ အိန္ဒိယ ရခိုင်ဒေသ ဖွံ့ဖြိုးရေး အမေရိကန်ဒေါ်လာ ၁ သန်း
၂။ ဆွစ်ဇာလန် ငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်းစဉ် ဆွစ်ဖရန့် ၃၅ သန်း
၃။ အာရှဖွံ့ ဖြိုးရေးဘဏ်နှင့်ဂျပန် ကရင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅သန်း
၎။ အာရှဖွံ့ ဖြိုးရေးဘဏ်နှင့်ဂျပန် လမ်းပန်းဆက်သွယ်ရေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း
၅။ ICIMD အင်းလေးကန်ထိန်းသိမ်းစောင့်ရှောက်ရေး အမေရိကန်ဒေါ်လာ ၅၀၀၀၀၀
၆။ ကမ္ဘာ့ဘဏ် NCDD Project အမေရိကန်ဒေါ်လာ ၈၀ သန်း
၇။ US Fund ကလေးစစ်သားလျှော့ချရေး အမေရိကန်ဒေါ်လာ ၅ သန်း
၈။ NORAD ငါးမွေးမြူရေး သုတေသနစီမံကိန်း အမေရိကန်ဒေါ်လာ ၅၀၀၀၀၀
၉။ ကမ္ဘာ့ဘဏ် မွန်ပြည်နယ်လျှပ်စစ်မီးလင်းရေး(အတိုးမဲ့ချေးငွေ) အမေရိကန်ဒေါ်လာ ၁၄၀ သန်း
၁၀။ ဂျပန် ODA ချေးငွေသစ်

အမေရိကန်ဒေါ်လာ ၅ ဘီလျံ

သြဂုတ်လအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar Peace Monitor)

စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ ဂျပန်(နီပွန်ဖောင်ဒေးရှင်း) ရခိုင်ပြည်နယ်ကျောင်းများအတွက် အမေရိကန်ဒေါ်လာ ၁၁ သန်း
၂။ ဂျပန်(JICA) ကျေးလက်ဒေသဖွံ့ ဖြိုးရေး အမေရိကန်ဒေါ်လာ ၁၇၀ သန်း
၃။ သြစတြေးလျ(ACIAR/Aus Aid) စိုက်ပျိုးရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၆ သန်း
၎။ ထိုင်း ကရင်နှင့်မွန် ရေဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀
၅။ တရုတ် ချေးငွေ အမေရိကန်ဒေါ်လာ ၁၀၀ သန်း
၆။ ဂျပန် ဖွံ့ ဖြိုးရေးလုပ်ငန်းအတွက် ဂျပန်ယန်းငွေ ၂၀ ဘီလျံ
၇။ WHO ကျန်းမာရေးစောင့်ရှောက်မှုအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း
၈။ အိန္ဒိယ စီမံချက် ခုနှစ်ခုအတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၅၀၀ သန်း
၉။ ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၅၀ သန်း

ဇူလိုင်လအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar Peace Monitor)

စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ သြစတြေးလျ ပညာရေးအတွက် သြစတြေးလျဒေါ်လာ ၁၀၀ သန်း
၂။ သြစတြေးလျ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် သြစတြေးလျဒေါ်လာ ၅ သန်း
၃။ သြစတြေးလျ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်း
၎။ ဗြိတိန် ဖွံ့ ဖြိုးရေးအတွက် ပေါင်ငွေ ၂၉ ဒသမ ၁၅ သန်း
၅။ Global Fund HIV/AIDS တားဆီးကာကွယ်ရေး အမေရိကန်ဒေါ်လာ ၁၆၀ သန်း
၆။ ပြင်သစ် ချေးငွေ(အတိုး ၂ ရာခိုင်နှုန်း) အမေရိကန်ဒေါ်လာ ၅၅၀ သန်း

ဇွန်လအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar Peace Monitor)

စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ သြစတြေးလျ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း
၂။ ကနေဒါ NGO များ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်း
၃။ နီပွန်ဖောင်ဒေးရှင်း နယ်စပ်ဒေသဖွံ့ ဖြိုးတိုးတက်ရေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း
၎။ UNHCR ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၉ သန်း
၎။ တောင်ကိုရီးယား ချေးငွေ အမေရိကန်ဒေါ်လာ ၅၀၀ သန်း
၅။ အိန္ဒိ.ယ ကျန်းမာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း
၆။ အင်ဒိုနီးရှား ကျောင်းများအတွက် အမေရိကန်ဒေါ်လာ ၁ သန်း
၇။ US AID အဝေးပြေးလမ်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း
၈။ ဂျပန် ချေးငွေ အမေရိကန်ဒေါ်လာ ၉၄၀ သန်း
၉။ အမေရိကန် နှစ်နှစ်တာကူညီမှုအတွက် အမေရိကန်ဒေါ်လာ ၁၇၀ သန်း


မေလအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar Peace Monitor)

စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ ဗြိတိန် ရခိုင်ဒေသအတွက် ပေါင်ငွေ ၄ ဒသမ ၄ သန်း
၂။ ဂျပန် စီးပွားရေးကဏ္ဍအတွက် ယန်းငွေ ၅၁ ဒသမ ၀၅ ဘီလျံ

EMG

မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံရာ၌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား

Created on Sunday, 29 September 2013


ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းအား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- ငြိမ်းဇော်လင်း)

မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်းနှင့် ရှိသည်ဆိုလျှင်လည်း လုံလောက်မှု မရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂၉ ရက်က ပြောကြားသည်။

ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန (IBC) ၌ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် နိဂုံးချုပ် အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဒီနေ့ဆွေးနွေးသွားတဲ့ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ရခိုင်ဒေသ ရခိုင်ပြည်နယ်မှာကျတော့ ထူးခြားစွာပဲ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အထူးပြု ပြောသွားတာ ရှိတယ်။ ဒါဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးကော ကျွန်တော်တို့ နိုင်ငံမှာ၊ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရှိသလားဆိုရင် မရှိသေးဘူး။ ရှိတယ်ဆိုရင်လည်း မလုံလောက်သေးဘူးလို့ပဲ ကျွန်တော်ပြောရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ပဲ ဒီနေ့ကျွန်တော်တို့ တစာစာ ဟစ်ကြွေးပြောဆိုနေတဲ့ ငြိမ်းချမ်းရေး မရတာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ကျွန်တော်တို့ လိုချင်တာက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တစာစာပြောဆိုနေတယ်။ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေနဲ့ ဆောင်ရွက်ခဲ့တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တကယ်ရသလား၊ မရဘူးလား။ ပြောရမယ်ဆိုရင် မရလို့ ကျွန်တော်တို့ ဒီအခြေအနေထိ ဖြစ်ကြတာ။ အဲဒီအတိုင်းပဲ အမျိုးသားပြန်လည် သင့်မြတ်ရေး လိုချင်တယ်။ တကယ်ရသလားဆိုတော့ မရခဲ့ပါဘူး . . . . .


တရားဥပဒေ စိုးမိုးရေး ဆိုရာတွင် လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများကို အကောင်အထည်ဖော်ရမည့် ပုဂ္ဂိုလ်များကလည်း လိုက်နာရမည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် မည်သည့်ပုဂ္ဂိုလ်မဆို လိုက်နာရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မလိုက်နာသူကို ဥပဒေအရ အရေးယူရမည် ဖြစ်သကဲ့သို့ ဥပဒေ ချိုးဖောက်ခြင်းကို လက်ပိုက်ကြည့်နေသည့် တာဝန်ရှိသူများကလည်း ဥပဒေကို မလိုက်နာခြင်း ဖြစ်သည့်အတွက် အဆိုပါ သူများကိုလည်း ဥပဒေနှင့်အညီ အရေးယူရမည် ဖြစ်ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ အားနည်းမှုများစွာ ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ပြောကြားသည်။

လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် အစပိုင်းက လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေ၊ နောက်ပိုင်းတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာလည်း အမှန်တကယ် ကျင့်သုံးပြီး အမှန်တကယ် လိုက်နာကျင့်သုံးကြမှသာ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြံ့ခိုင်မှု၊ ထိန်းသိမ်းမှု ဖြစ်ပေါ်ရေးများ အစဉ်လိုက် ဖြစ်ပေါ်သွားမည် ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ဆိုသည်။



စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နိဂုံးချုပ် အမှာစကား ပြောကြားစဉ်

ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ယုံကြည်မှုများ မလွဲမသွေ လိုအပ်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ လေးစားမှုများ မရှိပါက အလုပ်များ ဆက်လုပ်နိုင်မည် မဟုတ်ကြောင်း၊ အတိတ်၊ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ပါက တစ်ဦးကိုတစ်ဦး ယုံကြည်မှု၊ လေးစားတန်ဖိုးထားမှုများ နည်းခဲ့ကြသည့်အတွက် မြန်မာနိုင်ငံ နိမ့်ကျခဲ့ရခြင်း ဖြစ်သည်ဟုလည်း သူရဦးရွှေမန်းက ပြောကြားသည်။

"ကျွန်တော်တို့ လိုချင်တာက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တစာစာပြောဆိုနေတယ်။ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေနဲ့ ဆောင်ရွက်ခဲ့တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တကယ်ရသလား၊ မရဘူးလား။ ပြောရမယ်ဆိုရင် မရလို့ ကျွန်တော်တို့ ဒီအခြေအနေထိ ဖြစ်ကြတာ။ အဲဒီအတိုင်းပဲ အမျိုးသားပြန်လည် သင့်မြတ်ရေး လိုချင်တယ်။ တကယ်ရသလားဆိုတော့ မရခဲ့ပါဘူး" ဟု ၎င်းကဆိုသည်။

လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရုံမျှဖြင့် ငြိမ်းချမ်းရေး ရနိုင်ပြီဟု မဆိုနိုင်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည်လည်း ငြိမ်းချမ်းရေး မဟုတ်သော၊ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်သော ပဋိပက္ခများ ဖြစ်သည့်အတွက် ယင်းအချက်များကအစ အားလုံးကို ပြေပျောက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။

ယခင်က ဖက်ဒရယ်ဆိုသည်ကို ခွဲထွက်ခြင်းဆိုပြီး မပြောရဲခဲ့ကြောင်း၊ သို့သော် အမှန်တကယ်တွင် ဖက်ဒရယ် ဆိုသည်မှာ နိုင်ငံလုံခြုံ အေးချမ်းရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပေါင်းစုတာဝန်ယူခြင်းပင် ဖြစ်ကြောင်း၊ အာဏာကို ခွဲဝေအသုံးပြုခြင်း၊ ငွေကြေး၊ သယံဇာတများ ခွဲဝေအသုံးပြုခြင်းပင် ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

ရခိုင်တိုင်းရင်းသားများ ရုပ်ပိုင်း၊ စိတ်ပိုင်း ခိုင်မာမှု မရှိပါက လက်ရှိရခိုင် တိုင်းရင်းသားများ ထမ်းဆောင်နေသော နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတွင် များစွာအခက်အခဲ ရှိမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်နေသော ရခိုင်တိုင်းရင်းသားများကို နှုတ်အားဖြင့် ဂုဏ်ပြုနေရုံနှင့် မရဘဲ လက်တွေ့အကူအညီများ ပေးသွားရမည် ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် တွေ့ဆုံမှုတွင် ရခိုင်တိုင်းရင်းသားများဘက်က ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး စသည့်နိမ့်ကျနေသည့် အခြေအနေများ၊ ဘင်္ဂါလီများနှင့် လက်ရှိအခြေအနေများ၊ ၀ှိုက်ကတ်ကိစ္စများ၊ လူဦးရေ ထိန်းချုပ်ရေး ဆိုင်ရာများ၊ တရားမ၀င် ခိုးဝင်လာမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ ကိစ္စများကို အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်တင်ပြ သွားမည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရနှင့် နိုင်ငံတော် သမ္မတထံလည်း တစ်ပြိုင်နက် တင်ပြသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရထံသို့လည်း လွှဲပေးသွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြန်လည်ပြောကြား သွားသည်။

EMG

SSA( ဝမ်းဟိုင်) အဖွဲ့မှ စီးပွါးရေးတာဝန်ခံအား မူးယစ်ဆေးဝါးများနှင့်အတူ အသေဖမ်းဆီးရမိ



ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့နယ်ခွဲ ၊ အိမ်အမှတ် ၅/၁၈၊ ပြည်ထောင်စု လမ်း ၊ ရပ်ကွက်(၅) ၊ ဝမ်ဖွီးကျေးရွာနေ နန်းခင်စန္ဒာ(ခ) နန်းခမ်းကော် ၃၉ နှစ်(ဘ) ဦစိုင်းလူ၊ ၏နေအိမ် အား စက်တင်ဘာ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင်လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ် မီးဖိုချောင်နှင့် အောက်ထပ် အခန်းအတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၂ဝ ပြားနှင့် ဘိန်းစိမ်း ၉၆ ဂရမ်အား သိမ်းဆည်းရမိသည်။







ဆက်လက်၍ သတင်းအရ ညနေ ၄ နာရီ ၂ဝ မိနစ်တွင် ခိုလမ်မြို့နယ်ခွဲ၊ ရပ်ကွက်(၂) အိမ်အမှတ် (၄၁)နေ ၊ နန်းလှရင် ၄၃ နှစ်(ဘ) ဦးလုံးခန်းစိန် ၏ နေအိမ်နှင့် ခြံဝန်းအတွင်းအတူနေ ၎င်း၏ တူဖြစ်သူ ပီစော ၄၁ နှစ် (ဘ) ဦးလုံးကန္တ၏ နေအိမ်အား ရှာဖွေနေစဉ် အရပ်ဝတ်ဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီးလုံခြုံရေး တပ်ဖွဲ့ဝင်များက မသင်္ကာ၍ စစ်ဆေးရန် ဆောင်ရွက်စဉ် ထွက်ပြေးသဖြင့်လိုက်လံ ဖမ်းဆီးခဲ့ရာ ၎င်းထံမှ ကျကျန် ခဲ့သော ဘေးလွယ်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၆ဝ ပြား ၁ ထုပ် ၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ကဒ် ၁ခု၊ ၎င်းကျည် ၁၉ တောင့်၊ ဘီအေ-၉၁ ပလပ်စတစ် လက်ပစ်ဗုံး ၁ လုံးနှင့် ငွေ ၁ဝ သိန်းကျပ် သိမ်းဆည်းရမိသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့များက ထွက်ပြေးသူနောက်သို့ လိုက်လံ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် နောင်ကျောင်း ရေကန်အနီး၌ တရားခံအားတွေ့ရှိ၍ အဖမ်းခံရန် ပြောကြားစဉ် ၎င်းမှ လက်နက်ငယ်ဖြင့် စတင် ပစ်ခတ်ခဲ့၍ လုံခြုံရေးအရ ပြန်လည် ပစ်ခတ်ဖမ်းဆီးစဉ် ရေကန်အတွင်းသို့ ခုန်ချ ထွက်ပြေးသွားသဖြင့် ဆက်လက်ရှာဖွေရာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် တရားခံအလောင်းအား ဆယ်ယူ ရရှိသည်။

ဖြစ်စဉ် ဖြစ်ပွားရာနေရာမှ တရားခံ၏ ခါးပတ်အိတ်အတွင်း WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝဝ ပါ ၆ ထုပ် ၊ ၁၈ဝ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ၁၃၈ဝ ပြားနှင့် ရေစို ပျက်စီးနေသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝ ဂရမ်ပါ ၁ထုပ်တို့နှင့် အထက်ပါ ဖမ်းဆီးရမိ မူးယစ်ဆေးဝါး အပါအဝင် စုစုပေါင်း စိတ်ကြွ ရူးသွပ်ဆေးပြား ကာလတန်ဖိုး ၆၃၂၈ဝဝဝ ကျပ်နှင့် ဘိန်းစိမ်း ကာလတန်ဖိုး ၄၄၉၅ဝ ကျပ်ခန့်တို့အား သိမ်ဆည်းရမိသည်။

ထို့နောက် ညနေ ၄ နာရီ ၅ဝ မိနစ် အချိန်ခန့်တွင် SURF အမျိုးအစား နက်ပြာရောင် မော်တော်ယာဉ် ၁ စီးသည် ရပ်ကွက်(၂)ရှိ နန်းလှရင်၏ နေအိမ်သို့ ရောက်ရှိလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ယာဉ်ပေါ်ပါ မသင်္ကာဖွယ်ရာ အရပ်သား နှစ်ဦးအားတွေ့ရှိ၍ ခိုလမ်ရဲစခန်းသို့ ပို့ဆောင်ပြီး ရှာဖွေစစ်ဆေးသည်။



ထိုသို့စစ်ဆေးစဉ် ယာဉ်အတွင်းပိုင်း ကားနောက်ခန်း အတွင်းမှ အမ်-၂၂ မောင်းပြန် ရိုင်ဖယ် ၁ လက် ၊ ၎င်းကျည် ၁၆၈ တောင့် ၊ ကျည်ကဒ် ၂ ခု ၊ ၉ လုံးကျည် ၁၇ တောင့်၊ ၎င်းကျည်ခါးပတ် အနက်ရောင်၁ခု၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁ဝဝဝဝ ပါအထုပ် ၂ ထုပ်၊ ကာလတန်ဖိုး ကျပ်သိန်း ၈ဝဝ ဖိုး ခန့်အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ယာဉ်ပေါ်ပါ စိုင်းစံမင်း အသက် ၁၉ နှစ် (ဘ) ဦးလုံးလု၊ ဝမ်ပုံကျေးရွာ၊ ကာလိမြို့နယ်ခွဲ နေသူနှင့် စိုင်းစိန် အသက် ၂၈ နှစ် (ဘ) ဦးလုံးစိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဖီးကျေးရွာနေသူတို့အား စစ်ဆေး ဖော်ထုတ်ခဲ့ရာ ဖြစ်စဉ်တွင် သေဆုံးသူမှာ စိုင်းတိ အသက် ၄၁ နှစ်(ဘ) ဦးလုံးကောက်စက်ပန်း၊ ပန်ဆွဲကျေးရွာ၊ မိုင်းရှူးမြို့နယ်ခွဲ နေသူဖြစ်ပြီး ၎င်းတို့ ၃ ဦးမှာ လက်နက်နှင့် မူးယစ်ဆေးဝါး သယ်ဆောင်၍ ဝမ်ဟိုင်းမှ မိုင်းရှူး- မိုင်းစံ- ကာလိ-ကွန်ဟိန်း လမ်းကြောင်းအတိုင်း ခိုလမ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း၊ စိုင်းတိမှာ SSA (ဝမ်ဟိုင်း)အဖွဲ့မှ စီးပွားရေး တာဝန်ခံဖြစ်ကြောင်းနှင့် စိုင်းစိန်မှာ SSA (ဝမ်ဟိုင်း)အဖွဲ့မှ တပ်သားအဆင့် ရှိသူ ဖြစ်ပြီး အဖွဲ့ဝင်အမှတ်မှာ ဝ၂၈၁၇၁ ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူ ၂ ဦးအား တရားဥပဒေအရ အရေးယူနိုင်ရေးနှင့် ကွင်းဆက် တရားခံများအား ဆက်လက်ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
မြဝတီ

Related Posts Plugin for WordPress, Blogger...