Friday, November 29, 2013

Myanmar Microfinance Bank ဖွင့်လှစ်ခွင့် ဗဟိုဘဏ်မှ ရရှိထားပြီး ဒီဇင်ဘာလတွင် ရန်ကုန်မြို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်မည်




အသေးစားငွေချေး လုပ်ငန်းများ လုပ်ကိုင်မည့် Myanmar Microfinance Bank (MMB) ကို သမ၀ါယ မစီးပွားရေး ဗဟိုဌာနတွင် ဇွန် ၂ ရက်က ဖွင့်လှစ်ခဲ့ပြီး ဖြစ်သော်လည်း ဘဏ်လုပ်ငန်းများ လုပ်ဆောင်ရန် ဗဟိုဘဏ်၏ ခွင့်ပြုချက်အား စောင့်ဆိုင်းနေပြီး ယခုနှစ် ဒီဇင်ဘာလတွင် ဘဏ်ခွဲများ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း Myanmar Microfinance Bank (MMB) ဘဏ်မှ ဒုတိယဥက္ကဋ္ဌ-၁ ဖြစ်သူ ဦးကျော်လင်းက ပြောကြားသည်။

Myanmar Microfinance Bank (MMB) အား ၀င်ငွေနည်း ပြည်သူလူထုအတွက် အရင်းအနှီး ချေးငွေရရှိရန် အထူးပြု တည်ထောင်ခြင်းဖြစ်ပြီး ချေးငွေများ ပေးအပ်ရာတွင် အတိုးနှုန်း အနည်းငယ်အား ကာလတို ထုတ်ချေးမည် ဖြစ်သဖြင့် အခြားဘဏ်များထက် ဘဏ်တိုးနှုန်း များပြားမည့် အခြေအနေတွင် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အဆိုပါဘဏ်၏ အတိုးနှုန်းမှာ ဗဟိုဘဏ်၏ သတ်မှတ်ချက် အတိုင်းသာ ကောက်ခံမည် ဖြစ်ကြောင်း ဦးကျော်လင်းက ပြောကြားသည်။

''ဘဏ်ဖွင့်လှစ်ခွင့်က ရရှိထားပါပြီ။ အခုလောလောဆယ်မှာ ဘဏ်ခွဲတွေဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပြီး ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့မှာ ဘဏ်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဘဏ်ခွဲနှစ်ခုအထိ ဖွင့်လှစ်သွားပါမယ်'' ဟု ဦးကျော်လင်းက ဆိုသည်။

လက်ရှိဗဟိုဘဏ်၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ အတိုးနှုန်းမှာ အပ်ငွေအတိုးနှုန်း တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်း၊ ချေးငွေ အတိုးနှုန်း တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းနှင့် ၀န်ဆောင်ခ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ပိုင်းအတွင်း ကျောက်မျက်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ အထူးပြု တည်ထောင်မည့် ဘဏ်နှစ်ခုနှင့် နေပြည်တော် စည်ပင်သာယာရေး ဘဏ်တစ်ခုတို့ ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက် ရှိသည်ဟု သတင်းထွက်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ နေပြည်တော် စည်ပင်သာယာရေး ဘဏ်ကိုသာ ဖွင့်လှစ်ခွင့် ပြုခဲ့ကြောင်း သိရသည်။

လတ်တလောကာလတွင် ပုဂ္ဂလိကဘဏ် ဖွင့်လှစ်ခွင့် အများအပြား တင်ပြထားသော်လည်း အစိုးရ ဖက်စပ်ပါဝင်သည့် ဘဏ်များမှအပ ပုဂ္ဂလိက ဘဏ်ဖွင့်လှစ်ခွင့်အား ပေးအပ်ဦးမည် မဟုတ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားထားပြီး အသေးစား ငွေချေးလုပ်ငန်းများ လုပ်ကိုင်မည့် Myanmar Microfinance Bank (MMB) တွင်မူ သမ၀ါယမ ၀န်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။

''သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းပြောတဲ့ အတိုင်းဆို ဘဏ်တိုးနှုန်းက ၃၀ ရာခိုင်နှုန်း အထိ ဖြစ်မယ်။ ဒါပေမဲ့ သူက လူတစ်ဦးကို ကျပ်နှစ်သောင်း၊ သုံးသောင်းပဲ ချေးမှာပါ'' ဟု သမ၀ါယမဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှုး ဦးဖေမြင့်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ တရားဝင် ထုတ်ပြန်ထားသော စာရင်းများအရ ပုဂ္ဂလိကဘဏ် ၂၁ ဘဏ် အထိရှိနေပြီး နိုင်ငံပိုင် ဘဏ်လေးဘဏ် ရှိသည်။

(သမ၀ါယမ ဗဟိုစီးပွားရေး ဌာနတွင် ဖွင့်လှစ်ထားသည့် Myanmar Microfinance Bank (MMB) အား တွေ့ရစဉ်(ဓာတ်ပုံ-ဖြိုးဝေ))
EMG

ထိုင်းနိုင်ငံတွင် ကျင်းပသည့် လေးကြိမ်မြောက် အာဆီယံ ကင်းထောက်များ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ကင်းထောက် ကျောင်းသားကျောင်းသူများ တက်ရောက်


ထိုင်းနိုင်ငံတွင်၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ကျင်းပပြုလုပ်မည့် လေးကြိမ်မြောက် အာဆီယံ ကင်းထောက်များ တွေ့ဆုံပွဲ (4th Asean Scout Jamboree) သို့ မြန်မာနိုင်ငံ ကိုယ်စားပြု ကင်းထောက် ကျောင်းသားကျောင်းသူ ၂၀ ဦးနှင့် အုပ်ချုပ်သူ နှစ်ဦး အပါအ၀င် စုစုပေါင်း အဖွဲ့ဝင် ၂၂ ဦး တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေးကြိမ်မြောက် အာဆီယံ ကင်းထောက်များ တွေ့ဆုံပွဲ (4th Asean Scout Jamboree) သို့ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ရန်အတွက် ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်းက နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် လူငယ်တွေ့ဆုံပွဲနှင့် ကင်းထောက်စခန်းချ လေ့ကျင့်သင်တန်းတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ပညာရေး ၀န်ကြီးဌာနမှ စိစစ်ရွေးချယ် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်က မင်္ဂလာဒုံလေဆိပ်မှ ဘန်ကောက်မြို့သို့ ဆွေးနွေးပွဲ တက်ရောက်ရန် ထွက်ခွာခဲ့ကြသည်။

ယင်းကင်းထောက် လူငယ်အဖွဲ့သည် အာရှပစိဖိတ်နှင့် အာဆီယံနိုင်ငံများမှ လူငယ်ကိုယ်စားလှယ် ဦးရေ ၅၀၀၀ နှင့်အတူ ထိုင်းနိုင်ငံတွင် တစ်ပတ်ကြာ စခန်းချ နေထိုင်မည်ဖြစ်ပြီး ခရီးစဉ် ကာလအတွင်း တည်းခိုနေထိုင် စားသောက်စရိတ်များအား အာဆီယံ ကင်းထောက်အဖွဲ့ချုပ်မှ မြန်မာနိုင်ငံ ကင်းထောက် ကျောင်းသား ကျောင်းသူများ အတွက် တာဝန်ယူ လှူဒါန်းပေးသွားမည်ဖြစ်ပြီး ပြည်တွင်းမှ ပုဂ္ဂလိက စေတနာရှင် များမှလည်း ပါဝင်လှူဒါန်း ခဲ့ကြသည်။

''အာရှပစိဖိတ် ဒေသက ကင်းထောက် အဖွဲ့ဝင်တွေက ဖိတ်ကြားထားတဲ့ အတွက် အခုလို မြန်မာနိုင်ငံက ကင်းထောက်ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ တက်ရောက်ကြတာ ဖြစ်ပါတယ်။ ဒီ 4th Asean Scout Jamboree ကို မြန်မာနိုင်ငံက ကင်းစိတ် နှစ်စိတ် တက်ရောက်တာပါ။ အဓိကကတော့ ဒီတွေ့ဆုံပွဲကနေ တစ်ဆင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နိုင်ငံအချင်းချင်း ကင်းထောက် အကြောင်းအရာတွေ ဖလှယ်ပြီး ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် မြန်မာနိုင်ငံလည်း ၀င်ရောက်နိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်'' ဟု မြန်မာနိုင်ငံ ကင်းထောက်ကော်မတီ (ယာယီ)၏ ဥက္ကဋ္ဌ ဦးတင်ညိုက ဆိုသည်။

၂၀၁၃ ခုနှစ် သြဂုတ်လတွင် ဂျပန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် အာရှပစိဖိတ် ဒေသလုံးဆိုင်ရာ ကင်းထောက်များ တွေ့ဆုံပွဲအား မြန်မာနိုင်ငံမှ ကင်းထောက် လူငယ်အချို့ ပထမဆုံးအကြိမ် တက်ရောက် ခဲ့ခြင်းဖြစ်ပြီး လေးကြိမ်မြောက် အာဆီယံ ကင်းထောက်များ တွေ့ဆုံပွဲ (4th Asean Scout Jamboree) မှ ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ကင်းထောက် အဖွဲ့အစည်းများ အစည်းအဝေးသို့ နိုင်ငံကိုယ်စားပြု တက်ရောက်ခြင်း ဖြစ်သည်။

(ဘန်ကောက်မြို့တွင် ကျင်းပမည့် လေးကြိမ်မြောက် အာဆီယံ ကင်းထောက်များ တွေ့ဆုံပွဲသို့ တက်ရောက်ရန် ထွက်ခွာမည့် ကင်းထောက်များအား မထွက်ခွာမီ လေဆိပ်၌ တွေ့ရစဉ်။)
EMG

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး ILO အပါအ၀င် ပြည်ပပညာရှင်များနှင့် အလုပ်သမား ၀န်ကြီးဌာန ပူးပေါင်းဆောင်ရွက်မည်




မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အနိမ့်ဆုံး အခြေခံ လုပ်ခလစာ သတ်မှတ်နိုင်ရေး အတွက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် အပါအ၀င် ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်မှ ပညာရှင်များနှင့် ပူးပေါင်းကာ သုတေသန ပြုလုပ်လျက်ရှိပြီး အလုပ်သမား တစ်ဦး၏ စားသောက်မှု ကုန်ကျစရိတ်၊ မိသားစုနှုန်း၊ အလုပ်သမား၏ လက်ရှိဝင်ငွေတို့ကို အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာ၌ ထည့်သွင်း တွက်ချက်မည် ဖြစ်ကြောင်း သိရသည်။

''သုတေသနလုပ်ပြီး ပေါ်ပေါက်လာမယ့် ရလာဒ်တွေကို ဆွေးနွေးပြီး အလုပ်ရှင် အလုပ်သမား နှစ်ဦးစလုံး သဘောတူ ကျေနပ်မယ့် အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ပေးမှာပါ'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။

အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် ကုန်စည်ဈေးနှုန်းနှင့် ၀န်ဆောင်ခများ၊ အလုပ်သမားများ၏ ကုန်ထုတ်လုပ်မှုစွမ်းအား၊ အလုပ်ရှင်မှ လုပ်ခပေးနိုင်မှု အခြေအနေ၊ နိုင်ငံတော်၏ လူမှုစီးပွားရေး အခြေအနေ၊ စားသုံးသူ ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စသည့်အချက်များအပေါ် အခြခံကာ သတ်မှတ်ရမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ စက်ရုံ အလုပ်ရုံ လုပ်ငန်းများ၌ အလုပ်သမား တစ်ဦး၏ အနိမ့်ဆုံး အခြေခံလစာကို အစိုးရမှ သတ်မှတ်ပေးထားခြင်း မရှိဘဲ အလုပ်ရှင်အချင်းချင်း ညှိနှိုင်းပေးသည့်စနစ် ကျင့်သုံးနေသည်။

စက်ရုံအလုပ်သမားတစ်ဦး လက်ရှိ အခြေခံ လုပ်ခလစာမှာ ကျပ်နှစ်သောင်းမှ သုံးသောင်းဖြစ်ပြီး အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပြီးပါက ယခုထက် လစာတိုးမြှင့် ရရှိမည်ဟု သိရသည်။ အခြေခံလုပ်ခ လစာကို ဒေသ၊ လုပ်ငန်းနှင့် ကျွမ်းကျင်မှု အမျိုးအစားအလိုက် သတ်မှတ်ပေးပြီး လုပ်ခလစာ သတ်မှတ်ချက်များ တူညီမှုရှိမည် မဟုတ်ကြောင်း သိရသည်။

(အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးအတွက် အလုပ်ရှင် အလုပ်သမားများနှင့် အလုပ်သမား ၀န်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးနေစဉ်)
EMG

နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံး ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယင်းဟိုတယ်များ၌ အခန်းပေါင်း တစ်ထောင်ကျော်ပါဝင်


Photo: နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံး ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယင်းဟိုတယ်များ၌ အခန်းပေါင်း တစ်ထောင်ကျော်ပါဝင်

နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံးအား ယခုတစ်ပတ်အတွင်း ဖွင့်လှစ်ခွင့် ပြုခဲ့ပြီးနောက် အခန်းပေါင်း တစ်ထောင်ကျော် ပါဝင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ဖွင့်လှစ်ခွင့်ပြုခဲ့သော ဟိုတယ်များမှာ နေပြည်တော် ဟိုတယ်ဇုန်တွင် ပါဝင်သော ဒက္ခိဏသီရိ ဟိုတယ်ဇုန်နှင့် ဥတ္တရသီရိ ဟိုတယ်ဇုန်များတွင် ရှိကြောင်း သိရသည်။

ယင်းတို့အနက် ဒက္ခိဏသီရိ ဟိုတယ်ဇုန်ရှိ မြနန်းယုံဟိုတယ်မှ အခန်းပေါင်း ၁၅၄ ခန်း၊ ACE ဟိုတယ် ၂၅ ခန်း၊ သူရဇ္ဇဟိုတယ် ၄၆ ခန်း၊ မင်္ဂလာသီရိ ၁၄၈ ခန်း၊ EXCEL CAPITAL HOTEL ၈၅ ခန်း၊ မန်းမြန်မာဟိုတယ် ၁၃၈ ခန်း၊ နယူးဧရာဟိုတယ် ၈၈ ခန်း၊ Jade City HOTEL ၁၄၁ ခန်းတို့ ရှိလာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဥတ္တရသီရိ ဟိုတယ်ဇုန်တွင်မူ Jade Royal Hotel ၅၂ ခန်း၊ အေးချမ်းသာ ဟိုတယ် ၁၂၈ ခန်းနှင့် ပုလဲသီရိ ဟိုတယ်မှ အခန်း ၄၀ ကိုလည်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းဟိုတယ်များမှ ရရှိသော အခန်းများမှာ နေပြည်တော်တွင် ကျင်းပမည်ဖြစ်သော ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း အခန်းလုံလောက်စွာ ရရှိရန် အဓိကထား ဖြည့်စွက်ရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းအပြင် ဆီးဂိမ်းမတိုင်မီအထိ နေပြည်တော်တွင် ဟိုတယ်အသစ်များ ထပ်မံဖွင့်လှစ်ရန် ရှိမည်ဖြစ်ပြီး အခန်းပေါင်း ၄၀၀ ခန့် ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ခွင့်ပြုခဲ့သော ဟိုတယ် ၅၃ လုံးမှ အခန်းပေါင်း ၃၈၀၀ ခန့်ရှိကြောင်း သိရသည်။

(ဖွင့်လှစ်ခွင့်ပြုခဲ့သော EXCEL HOTEL အား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်)
နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံးအား ယခုတစ်ပတ်အတွင်း ဖွင့်လှစ်ခွင့် ပြုခဲ့ပြီးနောက် အခန်းပေါင်း တစ်ထောင်ကျော် ပါဝင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ဖွင့်လှစ်ခွင့်ပြုခဲ့သော ဟိုတယ်များမှာ နေပြည်တော် ဟိုတယ်ဇုန်တွင် ပါဝင်သော ဒက္ခိဏသီရိ ဟိုတယ်ဇုန်နှင့် ဥတ္တရသီရိ ဟိုတယ်ဇုန်များတွင် ရှိကြောင်း သိရသည်။

ယင်းတို့အနက် ဒက္ခိဏသီရိ ဟိုတယ်ဇုန်ရှိ မြနန်းယုံဟိုတယ်မှ အခန်းပေါင်း ၁၅၄ ခန်း၊ ACE ဟိုတယ် ၂၅ ခန်း၊ သူရဇ္ဇဟိုတယ် ၄၆ ခန်း၊ မင်္ဂလာသီရိ ၁၄၈ ခန်း၊ EXCEL CAPITAL HOTEL ၈၅ ခန်း၊ မန်းမြန်မာဟိုတယ် ၁၃၈ ခန်း၊ နယူးဧရာဟိုတယ် ၈၈ ခန်း၊ Jade City HOTEL ၁၄၁ ခန်းတို့ ရှိလာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဥတ္တရသီရိ ဟိုတယ်ဇုန်တွင်မူ Jade Royal Hotel ၅၂ ခန်း၊ အေးချမ်းသာ ဟိုတယ် ၁၂၈ ခန်းနှင့် ပုလဲသီရိ ဟိုတယ်မှ အခန်း ၄၀ ကိုလည်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းဟိုတယ်များမှ ရရှိသော အခန်းများမှာ နေပြည်တော်တွင် ကျင်းပမည်ဖြစ်သော ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း အခန်းလုံလောက်စွာ ရရှိရန် အဓိကထား ဖြည့်စွက်ရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းအပြင် ဆီးဂိမ်းမတိုင်မီအထိ နေပြည်တော်တွင် ဟိုတယ်အသစ်များ ထပ်မံဖွင့်လှစ်ရန် ရှိမည်ဖြစ်ပြီး အခန်းပေါင်း ၄၀၀ ခန့် ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ခွင့်ပြုခဲ့သော ဟိုတယ် ၅၃ လုံးမှ အခန်းပေါင်း ၃၈၀၀ ခန့်ရှိကြောင်း သိရသည်။

(ဖွင့်လှစ်ခွင့်ပြုခဲ့သော EXCEL HOTEL အား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်)

နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံး ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယင်းဟိုတယ်များ၌ အခန်းပေါင်း တစ်ထောင်ကျော်ပါဝင်

နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံးအား ယခုတစ်ပတ်အတွင်း ဖွင့်လှစ်ခွင့် ပြုခဲ့ပြီးနောက် အခန်းပေါင်း တစ်ထောင်ကျော် ပါဝင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ဖွင့်လှစ်ခွင့်ပြုခဲ့သော ဟိုတယ်များမှာ နေပြည်တော် ဟိုတယ်ဇုန်တွင် ပါဝင်သော ဒက္ခိဏသီရိ ဟိုတယ်ဇုန်နှင့် ဥတ္တရသီရိ ဟိုတယ်ဇုန်များတွင် ရှိကြောင်း သိရသည်။

ယင်းတို့အနက် ဒက္ခိဏသီရိ ဟိုတယ်ဇုန်ရှိ မြနန်းယုံဟိုတယ်မှ အခန်းပေါင်း ၁၅၄ ခန်း၊ ACE ဟိုတယ် ၂၅ ခန်း၊ သူရဇ္ဇဟိုတယ် ၄၆ ခန်း၊ မင်္ဂလာသီရိ ၁၄၈ ခန်း၊ EXCEL CAPITAL HOTEL ၈၅ ခန်း၊ မန်းမြန်မာဟိုတယ် ၁၃၈ ခန်း၊ နယူးဧရာဟိုတယ် ၈၈ ခန်း၊ Jade City HOTEL ၁၄၁ ခန်းတို့ ရှိလာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဥတ္တရသီရိ ဟိုတယ်ဇုန်တွင်မူ Jade Royal Hotel ၅၂ ခန်း၊ အေးချမ်းသာ ဟိုတယ် ၁၂၈ ခန်းနှင့် ပုလဲသီရိ ဟိုတယ်မှ အခန်း ၄၀ ကိုလည်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းဟိုတယ်များမှ ရရှိသော အခန်းများမှာ နေပြည်တော်တွင် ကျင်းပမည်ဖြစ်သော ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း အခန်းလုံလောက်စွာ ရရှိရန် အဓိကထား ဖြည့်စွက်ရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းအပြင် ဆီးဂိမ်းမတိုင်မီအထိ နေပြည်တော်တွင် ဟိုတယ်အသစ်များ ထပ်မံဖွင့်လှစ်ရန် ရှိမည်ဖြစ်ပြီး အခန်းပေါင်း ၄၀၀ ခန့် ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ခွင့်ပြုခဲ့သော ဟိုတယ် ၅၃ လုံးမှ အခန်းပေါင်း ၃၈၀၀ ခန့်ရှိကြောင်း သိရသည်။

(ဖွင့်လှစ်ခွင့်ပြုခဲ့သော EXCEL HOTEL အား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်)

EMG




ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် ကုလသမဂ္ဂ၏ တောင်းဆိုမှုကို ရမ်းဗြဲမြို့ ဒေသခံများ ဆန္ဒပြ



ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာ အမည်ဖြင့် နိုင်ငံသားဖြစ်ခွင့် ပြုလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၏ ဆုံးဖြတ်တောင်းဆိုမှုအား နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ဒေသခံများ ဆန္ဒပြကန့်ကွက် ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ရန်အတွက် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့သို့ ခွင့်ပြုချက် တောင်းခံခဲ့ပြီး ခွင့်ပြုချက် ပေးခဲ့ကြောင်းလည်း သိရသည်။ ယင်းအတွက် အဆိုပါ ဆန္ဒထုတ်ဖော်မှုသည် တရားဝင် ထုတ်ဖော်ပြသသော ဆန္ဒထုတ်ဖော်မှု တစ်ရပ်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း မည်သည့်အခါမျှ မရှိခဲ့သော လူမျိုးတစ်ခုကို နိုင်ငံသားအဖြစ် လက်ခံပေးရန် ကုလတောင်းဆိုမှုသည် တစ်ဖက်သတ် ဖြစ်နေကြောင်းနှင့် နိုင်ငံတော်၏ အချုပ်အခြာကို ၀င်ရောက် စွက်ဖက်ခြင်းဟု ဒေသခံများ ထင်မြင်ကြောင်းလည်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး ရမ်းဗြဲမြို့မှ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူများ အနက် ပါဝင်သူ တစ်ဦးဖြစ်သည့် ဦးထွန်းကြည်က ''ကျွန်တော်တို့ အချက် သုံးချက်နဲ့ တင်ပြတောင်းဆိုတာ ဖြစ်တယ်။ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်ကို လေးစားရေး၊ ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် ဘယ်တုန်းကမှ မရှိ၊ ၁၉၈၂ ဥပဒေကို အတိအကျ အကောင်အထည် ဖော်ဆောင်ရေးဆိုတဲ့ အချက်တွေကို ဆိုင်းဘုတ်တွေရေးပြီး စီတန်းလှည့်လည်တာ ဖြစ်တယ်။ သံဃာတော်တွေနဲ့ ဒေသခံ လူအင်အား ၉၀၀ ခန့် ပါဝင်တယ်။ မြို့တစ်ပတ် စီတန်းလမ်းလျှောက် ခဲ့ကြတယ်'' ဟု ပြောကြားသည်။

ရမ်းဗြဲမြို့တွင် ထိုသို့ဆန္ဒထုတ်ဖော်ခြင်း ပြုလုပ်ရခြင်းသည် ကုလမှ တောင်းဆိုချက်ကို ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်းသာဖြစ်ပြီး မဖြစ်နိုင်သော ကိစ္စတစ်ခုအား မြန်မာအစိုးရသို့ ဖိအားပေး တောင်းဆိုခြင်းသာ ဖြစ်သည့်အတွက် ရခိုင်ပြည်သူများကိုယ်စား ရမ်းဗြဲမြို့သူ မြို့သားများက ကန့်ကွက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

''တကယ်တော့ ကုလသမဂ္ဂဟာ ဘင်္ဂါလီ လူမျိုးတွေဘက်က သီးခြားရပ်တည် နေတယ်ဆိုတာ ဒီနေရာက ဖော်ပြသလို ဖြစ်နေတယ်။ အခုက မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ တိုင်းရင်းသားတွေနဲ့ ရန်တိုက်ပေးတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လုံးဝလက်မခံဘူး ဆိုတာကို သိအောင်လို့ အခုလိုထုတ်ဖော် ပြသတာ ဖြစ်ပါတယ်'' ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောကြားသည်။

(ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် နိုဝင်ဘာ ၂၈ ရက် နံနက်က ဒေသခံများ ဆန္ဒပြနေကြစဉ်)
EMG

မန္တလေးမြို့မှ တရုတ်ဈေးကွက်သို့ ဆန်အသစ်တင်ပို့မှု များပြား




မန္တလေးမှ တရုတ်ဈေးကွက်သို့ ယခုလပိုင်းအတွင်း ဆန်အသစ် တင်ပို့မှု များပြားလျက်ရှိကာ ပြည်တွင်း၌ ဆန်အသစ်ဈေးမာ လျက်ရှိကြောင်း မန္တလေး ဆန်ကုန်စည်ဒိုင်မှ သိရသည်။

တရုတ်ဈေးကွက်သို့ ဆန်အသစ်ပေါ်ချိန်၌ မန္တလေးအပြင် ရန်ကုန်၊ ပြည်နှင့် မြစ်ဝကျွန်းပေါ် ဒေများမှ ဆန်ကုန်သည်များလည်း တိုက်ရိုက်တင်ပို့မှုများ များပြားလျက်ရှိကြောင်း သိရသည်။

''တရုတ်ဈေးကွက်က ဈေးငြိမ်နေပေမယ့် ပြည်တွင်းကနေ ဆန်အသစ်တင်ပို့မှု များတယ်လို့ ပြောလို့ရတယ်။ မန္တလေးက ဆန်ကုန်သည်တွေအပြင် အရင်မန္တလေးကနေ တစ်ဆင့် တင်ပို့တဲ့ အောက်ပိုင်းက ဆန်ကုန်သည် တွေကလည်း တရုတ်ကို တိုက်ရိုက်တင်ပို့မှုတွေ ရှိလာတယ်။ ဆန်အသစ်တွေဖြစ်တဲ့ သုခနဲ့ ရတနာတိုး ဆန်အမျိုးအစားတွေ အများဆုံး တင်ပို့နေကြတဲ့အတွက် ပြည်တွင်းမှာ အဲ့ဒီဆန် အမျိုးအစားတွေ ဈေးမာတယ်။ ပြည်တွင်း ဆန်ဟောင်းဈေးနဲ့ ၀ယ်လိုအားကတော့ အေးတယ်'' ဟု မန္တလေး ဆန်ကုန်စည်ဒိုင်မှ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

မန္တလေး ဆန်ကုန်သည်များမှ မူဆယ်သို့ နေ့စဉ်ဆန်အိတ် လေးသောင်း ၀န်းကျင်ခန့် တင်ပို့လျက်ရှိပြီး ရတနာတိုးဆန် အမျိုးအစားမှာ ပြည်တွင်းဈေးကွက်၌ တစ်အိတ်လျှင် ကျပ် ၁၆၈၀၀ မှ ကျပ် ၁၇၀၀၀ ဈေးနှုန်းရှိပြီး သုခဆန်(အသစ်)မှာမူ တစ်အိတ်လျှင် ကျပ် ၁၆၀၀၀ ဈေးနှုန်းရှိကြောင်း၊ မူဆယ် ဈေးကွက်၌ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ရတနာတိုး ဆန်ဈေးမှာ ၁၃၆ ယွမ်နှင့် သုခဆန်ဈေးမှာ ၁၂၈ ယွမ်ဈေးနှုန်း ရရှိကြောင်း သိရသည်။

ယခုဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက် အထိ ပြည်ပသို့ ဆန်တန်ချိန် ၄၁၂၇၄၀ တန် တင်ပို့နိုင်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအနေဖြင့် ပြည်ပသို့ ယခုဘဏ္ဍာရေး တစ်နှစ်ပတ်လုံး ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့ရန် လျာထားကြောင်း သိရသည်။

(မန္တလေးမြို့ ဆန်ပွဲရုံတစ်ခုတွင် တရုတ်ဈေးကွက်သို့ တင်ပို့ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်)
EMG

မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ကမ်း တစ်လျှောက် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ယခုနှစ်အတွင်း ကမ်းပြိုမှု အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသဖြင့် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ




မကွေးတိုင်းအတွင်း ဧရာဝတီ မြစ်ကမ်းတစ်လျှောက် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ယခုနှစ် ရေတက်ကာလမှ ရေကျကာလအထိ ကမ်းပြိုမှုများ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ရွှေ့ပြောင်း ခဲ့ရသောကြောင့် မကွေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ နိုဝင်ဘာ လလယ်ပိုင်းကစ၍ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ဒေသခံများနှင့် အဆိုပါဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မကွေးတိုင်း စလင်းမြို့နယ် ဘိုကုန်းကျေးရွာ၊ ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာ၊ ရှားတောကျေးရွာ၊ မင်းဘူးမြို့နယ် နိဗ္ဗာန်ကျွန်း ကျေးရွာ၊ ရေနံချောင်းမြို့နယ် ကျမ်းကိုင်ကျွန်း ကျေးရွာအုပ်စု၊ မကွေးမြို့နယ် မြေနုကျွန်း ကျေးရွာ၊ မင်းလှမြို့နယ် ကမ်းနားလမ်းနှင့် အောင်လံမြို့နယ် သရက်တော ရပ်ကွက်တို့တွင် ကမ်းပြိုမှုကြုံတွေ့ ခဲ့ရကြောင်း၊ ယခုနှစ်တွင် ဧရာဝတီမြစ်ရေ အတက်အကျနှစ်ကြိမ် ဖြစ်ပေါ်ခဲ့သောကြောင့် ရေတက်ချိန်နှင့် ရေကျချိန်တိုင်း ကမ်းပြိုလေ့ ရှိခဲ့ကြောင်း၊ လက်ရှိတွင် ရေငြိမ်စပြုလာ၍ ကမ်းပြိုမှုလည်း လျော့နည်းလာကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကမ်းပြိုခဲ့သည့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ အနက် အောင်လံမြို့ သရက်တော ရပ်ကွက် အ.မ.ကကျောင်း အနောက်ဘက် ကမ်းပြိုခဲ့သည့် နေရာတွင် အလျား ပေ ၄၅၀ လျှောစောက် ပေ ၂၀ ရှိ ကျောက်စီ နံရံတစ်ခုအား လည်းကောင်း၊ မကွေးမြို့ နယ် မြေနုကျွန်း ကျေးရွာတွင် ရေနက်ကြောင်းကြောင့် ကမ်းပြိုခဲ့သည့် နေရာ၌ ပေ ၁၅၀ အရှည်ရှိ ကျောက်စီရေကာ ငါးခုအားလည်းကောင်း၊ မကွေးတိုင်းအတွင်း ရေစကြိုမြို့နယ် ချင်းတွင်း မြစ်ကြောင်းနှင့် ထီးလင်းမြို့နယ် မောချောင်း တို့တွင်လည်း ကျောက်စီရေကာနှင့် မျောတိုင်ရေကာများအား လည်းကောင်း တည်ဆောက်လျက် ရှိကြောင်း မကွေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သိရသည်။

''မြစ်တစ်ခုဟာ တိုက်စားခြင်း၊ အနည်များ သယ်ယူပို့ဆောင်ခြင်းနဲ့ ရေစီးလျော့တဲ့ နေရာမှာ အနည်ပို့ချခြင်းတွေ လုပ်ဆောင်ပါတယ်။ အဲဒါတွေဟာ ရှင်သန်နေတဲ့ မြစ်တစ်စင်းရဲ့ သဘာဝပါ။ အခုရေကြောင်း ကျပ်တဲ့နေရာတွေနဲ့ ကမ်းပြိုတဲ့ နေရာတွေမှာ ကာကွယ်မှုတွေ လုပ်နေပါတယ်။ အရင်နှစ်တွေကလည်း လုပ်ခဲ့တာ ရှိပါတယ်'' ဟု အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကမ်းပြို၍ နေအိမ်ရွှေ့ပြောင်း ခဲ့ရသူများမှာ ပြောင်းရွှေ့ထားသည့် နေအိမ်များ၏ ထရံနှင့် တိုင်လုံးများ ရေမျောခံရသည်များလည်း ရှိကြောင်း သိရသည်။

(မကွေးတိုင်း ပွင့်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာ၌ ကမ်းပါးပြိုမှုကြောင့် ပြောင်းရွှေ့ရန် ပြင်ဆင်နေစဉ်)
EMG

၂၀၁၃-၂၀၁၄ နောက်ထပ် ဖြည့်စွက် ဘဏ္ဍာငွေနှင့် ပတ်သက်၍ အဓိက ဆွေးနွေးမည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပြုလုပ်မည်




၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် နောက်ထပ် ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံမှုနှင့် ပတ်သက်၍ အဓိက ဆွေးနွေးမည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်တွင် စတင်ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ နောက်ထပ်ဖြည့်စွက် ဘဏ္ဍာငွေ တောင်းခံမှုအား ဥပဒေကြမ်း အနေဖြင့် တင်သွင်းကာ ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီအစည်းအဝေးက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးပါ။ ၂၀၁၃-၂၀၁၄ ဖြည့်စွက် ဘဏ္ဍာငွေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးမှာပါ။ အစည်းအဝေးက ဆီးဂိမ်းစ်ကပ်မှ လုပ်တာဆိုတော့ နှစ်ရက်လောက်ပဲ လုပ်မယ့်သဘောရှိတယ်။ အန်တီအနေနဲ့ ဒီလွှတ်တော် အစည်းအဝေးမှာ မေးခွန်း ၁၀ ခု တင်ဖို့ရှိတယ်။ ပြီးခဲ့တဲ့ ဆဋ္ဌမပုံမှန် အစည်းအဝေးမှာတုန်းက အန်တီတင်ထားတဲ့ ကြယ်ပွင့်ပြ မေးခွန်းငါးခုလည်း ဖြေဖို့ကျန်သေးတယ်'' ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး ပြုလုပ်သည့် အကြိမ်အရေအတွက်မှာ အခြားတိုင်းနှင့် ပြည်နယ်အချို့တွင် ပြုလုပ်သည့် လွှတ်တော် အစည်းအဝေး အကြိမ်အရေ အတွက်ထက် နောက်ကျနေပြီး ယခုနှစ် ဧပြီလတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ပဉ္စမပုံမှန် အစည်းအဝေး ပြုလုပ်ပြီး ငါးလအကြာ စက်တင်ဘာလမှသာ ဆဋ္ဌမပုံမှန် အစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွေက အခြားတိုင်းနဲ့ ပြည်နယ်တွေထက် နောက်ကျတယ်။ လွှတ်တော်ပဉ္စမ ပုံမှန်အစည်းအဝေးနဲ့ ဆဋ္ဌမပုံမှန် အစည်းအဝေးကြားမှာ အချိန်ငါးလလောက် ဟသွားတယ်။ အဲဒီငါးလ အတွင်းမှာ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ နှစ်ကြိမ်လောက် အနည်းဆုံး လုပ်ပြီးသွားကြပြီ။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ဘတ်ဂျက်တင်စရာ ရှိမှသာ လွှတ်တော် အစည်းအဝေးလုပ်တဲ့ သဘောဖြစ်နေတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ လွှတ်တော် အစည်းအဝေးတစ်ခုနဲ့ တစ်ခုကြား သိပ်မကြာစေချင်ဘူး'' ဟု ဒေါက်တာ ညိုညိုသင်းက ဆိုသည်။

ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဆဋ္ဌမ ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပခဲ့ပြီး ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အထူး အစည်းအဝေးကို နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားချက်နှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်။

(နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အထူးအစည်းအဝေး မြင်ကွင်းအား တွေ့ရစဉ်)
 EMG

ညစ်ညမ်းဗီဒီယိုခွေ ထုတ်လုပ်ရောင်းချနေသည့် ပင်ရင်းဒိုင်များကို အရေးယူမှု အပါအ၀င် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်သည့်ပြစ်ဒဏ် ချမှတ်မည်




အရွယ်မရောက်သေးသည့် မိန်းကလေးငယ်များကို မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သွားမည့်အပြင် ညစ်ညမ်းဗီဒီယိုခွေ ထုတ်လုပ်ရောင်းချနေသည့် ပင်ရင်းဒိုင်များကိုလည်း အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပြောသည်။

ယခုနှစ်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ အရွယ်မရောက်သေးသည့် မိန်းကလေးများ မုဒိမ်းမှု ကျူးလွန်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး အဆိုပါ ဖြစ်စဉ်များတွင် ပထွေးမှလည်းကောင်း၊ ဆွေမျိုးသားချင်းနှင့် ပတ်ဝန်းကျင်မှ ကျူးလွန်သည့် ဖြစ်စဉ်များ ပါဝင်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားမှုကြောင့် မိမိ၏ကလေးမှာ ငယ်သေးသော်လည်း သူစိမ်းယောက်ျား လေးများဖြင့် ယုံကြည်စွာ အပ်နှံထားခြင်း မပြုဘဲ မိခင်ရင်းမှသာ စောင့်ရှောက်ရန် လိုအပ်နေကြောင်း သိရသည်။

''အခုသက်ငယ် မုဒိမ်းမှုတွေ အများအပြား ဖြစ်ပွားနေတယ်။ မိမိရဲ့ကလေးကို အသက်ငယ်သေးတယ် ဆိုပြီးတော့ ယုံကြည်မှုနဲ့ မလွှတ်ထားသင့်ဘူး။ လက်ရှိဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်တွေမှာဆိုရင် ဦးလေးက ကျူးလွန်တာတွေ၊ ယုံကြည်စိတ်ချလို့ ပတ်ဝန်းကျင်ကို အပ်နှံခဲ့တဲ့ အခါမှာ ကျူးလွန်တဲ့ ဖြစ်စဉ်တွေ၊ အသက်အရွယ် ကြီးရင့်ခဲ့သူတွေက ကျူးလွန်တဲ့ ဖြစ်စဉ်တွေ၊ ကလေးကို အဖော်မပါဘဲ အပြင်လွှတ်တဲ့ အခါမှာ ကျူးလွန်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပထွေးက ကျူးလွန်တဲ့ ဖြစ်စဉ်တွေ အများအပြား ပါဝင်နေတာကို တွေ့ရတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ကလေးကို မည်သူ့ကိုမျှ ယုံကြည်မှု ထားပြီးတော့ မအပ်ထားသင့်ဘူး။ မိခင်အရင်းကပဲ စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က ဆိုသည်။

အဆိုပါဖြစ်စဉ်များ ဖြစ်ပွားမှုနှုန်း လျော့ကျစေရန် အတွက် မြို့နယ်၊ ကျေးရွာများတွင် ရှုတ်ချပွဲများ၊ အသိပညာပေး ဟောပြောပွဲများ၊ ဆင်ဆာမဲ့ ဗီဒီယိုခွေ ရောင်းချနေမှုများအား အရေးယူခြင်းနှင့် ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ၁၀ လတာ ကာလအတွင်း မုဒိမ်းမှုဖြစ်စဉ် ၁၂၉ မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များတွင် သက်ငယ်မုဒိမ်း ဖြစ်စဉ် ၈၃ မှု ပါဝင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒုတိယရဲမှူးကြီး ၀င်းကြည်က ''အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို မုဒိမ်းမှု ကျူးလွန်တဲ့ သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ ဥပမာ-အခြားမုဒိမ်းမှု ကျူးလွန်တဲ့သူကို ငါးနှစ်ချရင် သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့သူကို ၁၀ နှစ်ချမှတ် သွားမယ်'' ဟု ပြောကြားသည်။

(ရန်ကုန်မြို့တွင်း ရောင်းချလျက်ရှိသည့် လမ်းဘေး ဒီဗီဒီနှင့် ဗီစီဒီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ်)
EMG

ခိုက်ရန်ဖြစ်ပွားမှုများနှင့် လုယက်မှုများ ဖြစ်ပွားနေသည့် အင်းလျားနှင့် မြကျွန်းသာ ကန်ပေါင်တို့တွင် ည ၁၂ နာရီ နောက်ပိုင်း လာရောက်ခွင့် မပြုတော့



ရန်ကုန်တိုင်း ဒေသကြီးအတွင်း လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ပေါင်နှင့် မရမ်းကုန်း မြို့နယ်ရှိ မြကျွန်းသာ ကန်ပေါင်တို့တွင် ခိုက်ရန်ဖြစ်ပွားမှုများနှင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုများနှင့် လုယက်မှု ဖြစ်စဉ်များကြောင့် ယင်းအနားယူ အပန်းဖြေနိုင်သည့် ကန်ပေါင်နှစ်ခုတွင် ည ၁၂ နာရီ နောက်ပိုင်း လာရောက်ခွင့် မပြုတော့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ''အဲဒီအင်းလျား ကန်ဘောင်နဲ့ မြကျွန်းသာ ကန်ပေါင်မှာ လုယက်မှုတွေ၊ အချင်းချင်း ရန်ဖြစ်မှုတွေ ဖြစ်ပွားနေတယ်။ ဒါကြောင့် ထပ်မံပြီး မဖြစ်ပွားစေဖို့ အတွက် ည ၁၂ နာရီကျော်ရင် လာရောက်ခွင့် မပြုတော့ပါဘူး။ ည ၁၂ နာရီ ရောက်တာနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ စည်ပင်သာယာက ၀န်ထမ်းတွေ ပူးပေါင်းပြီးတော့ သတိပေးမှုတွေ ပြုလုပ်တယ်။ အခုလည်း လာရောက်ခွင့် မပြုဘူး ဆိုတာကို ပညာပေးမှုတွေ လုပ်ဆောင် နေပါတယ်'' ဟု နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အဆိုပါ အင်းလျားကန်ပေါင်နှင့် မြကျွန်းသာ ကန်ပေါင်တို့တွင် လစဉ် လုယက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ် အရေအတွက် ၁၅ မှုဝန်းကျင် ဖြစ်ပွားနေကြောင်း သိရှိရသည်။

ဆက်လက်၍ ''အဓိက ဒီလိုည ၁၂ နာရီ ကျော်ရင် တက်ရောက်ခွင့် မပြုရတဲ့ အကြောင်းရင်းကတော့ မလိုလားအပ်တဲ့ မှုခင်းဖြစ်စဉ်တွေ ဆုံးရှုံးမှုတွေ မဖြစ်စေဖို့အတွက် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်'' ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားခဲ့သည်။

အင်းလျားကန်ပေါင်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနက် အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်စဉ်တစ်ခုမှာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက် ည ၁၂ နာရီအချိန်တွင် လုံခြုံရေးဝန်ထမ်း တစ်ဦးက ည ၉ နာရီ ကျော်သွားသဖြင့် လာရောက် လည်ပတ်နေသူများကို ပြန်ခိုင်းရာ မကျေနပ်သူ လူငယ်အုပ်စု တစ်ဖွဲ့က ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ ပြန်လည် ရောက်ရှိလာပြီး အဆိုပါဝန်ထမ်းနှင့် ကန်ပေါင်ပေါ်ရှိ ဆိုင်စောင့် ၀န်ထမ်းအချို့ကို ၀ိုင်းဝန်းရိုက်နှက် ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှ ကျူးလွန်သူများကို ဖမ်းဆီးခဲ့ကာ တရားဥပဒေနှင့်အညီ အရေးယူခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် အင်လျားကန်ပေါင်ပေါ်တွင် ဒီမိုကရေစီ စနစ်နှင့်အညီ ပိတ်ချိန်ကို သတ်မှတ်ချိန် မရှိတော့ဘဲ လွတ်လပ်စွာ နေထိုင်ခွင့် ပြုခဲ့သည်။

ယင်းနောက်ပိုင်းတွင် အဆိုပါ အင်းလျားကန်ပေါင်၌ လူငယ်များအုပ်စုဖွဲ့ သောက်စားပြီးနောက် ရမ်းကားခြင်းများ၊ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ၊ လုယက်မှုများ၊ ခါးပိုက်နှိုက် ခံရမှုများ၊ ခိုးမှုဖြစ်စဉ်များ၊ ကန်ပေါင်ပေါ်ရှိ ပစ္စည်းများ ဖျက်ဆီးခံရမှုနှင့် ခြိမ်းခြောက်ငွေ တောင်းခံရမှုများ မကြာခဏ ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

(အောက်တိုဘာ ၃၀ ရက် ညပိုင်းက အင်းလျား ကန်ပေါင်တွင် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် လာရောက် အပန်းဖြေနေသူများ (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))
EMG

အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသည့် အသံဖိုင်ကြောင့် ထိခိုက်နစ်နာသူများကို တောင်းပန်ကြောင်း ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဦးခင်ညွန့် ပြောကြား



အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ လျက်ရှိသည့် အသံဖိုင်သည် ၁၉၉၃ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်အရာရှိကြီးများ အုပ်ချုပ်မှုမွမ်းမံသင်တန်း ၃/၉၃ ကဟောပြောပို့ ချချက်များ ဖြစ်ပြီး သင်တန်းပို့ ချချက်များဖြစ်သဖြင့် မာကျော၊ ကြမ်းတမ်း၊ မသိမ်မွေ့ခြင်းများ ပါရှိနေခဲ့ပြီး အချို့သောပုဂ္ဂိုလ်များအား ထိခိုက်နစ်နာမှုများ ရှိနေသည့်အပေါ် ထိခိုက်နစ်နာစေရန် တမင်ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ လမ်းစဉ်အား အစိုးရကိုယ်စား ရှင်းလင်းခဲ့ခြင်း ဖြစ်သဖြင့် ထိခိုက်ခံစားခဲ့ရသည့် ပုဂ္ဂိုလ်များအား နားလည်ခွင့်လွှတ် ပေးစေလိုကြောင်းကို ကရ၀ိက်ဟိုတယ်၌ နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်သည့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန် နှင့် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့  ပြုလုပ်ခဲ့သည့် အင်တာဗျူးများအား စုပေါင်းပုံနှိပ် ထုတ်ဝေသည့် စာအုပ်မိတ်ဆက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းဦး ခင်ညွန့် က ပြောကြားလိုက်သည်။

ထိုအသံဖိုင်တွင် ၁၉၈၈ အရေးအခင်း ကာလအဖြစ်အပျက်များအား သေချာမသိရှိ သေးသည့်အရာရှိများအား ရှင်းလင်းထားခြင်းဖြစ်ပြီး ၈၈အရေးအခင်းတွင် တပ်မတော်၏ခိုင်မာမှု၊ စည်းလုံးညီညွတ်မှုတို့ ကြောင့် တိုင်းပြည်ချောက်ထဲကျခါနီး အချိန်တွင် တပ်မတော်မှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၈၈ အရေးအခင်းအတွင်း ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)မှ မွေးမြူထားသည့် Cell များက ၀င်ရောက်ပြီး တိုင်းပြည်ဆူပူမှု ဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုအရေးအခင်းအတွင်း လူသတ်ခေါင်းဖြတ်မှုများ ဖြစ်ပေါ်လာသဖြင့် တပ်မတော်မှဝင်ရောက် ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ နောက် ရွေးကောက်ပွဲတွင် NLD ပါတီမှ အများစုအနိုင်ရခဲ့ခြင်းမှာ မယုံနိုင် စရာဖြစ်ခဲ့ပြီး ရွေးကောက်ပွဲပြီးလျင်ပြီးချင်း နိုင်ငံရေးသမားများက ညစ်ပတ်စွာဖြင့် အာဏာလွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း ပြောကြားထားသည်။ ထိုတောင်းဆိုချက်မှာ လိုက်လျောရန် မဖြစ်နိုင်ကြောင်းနှင့် တိုင်းပြည်၏ အခြေအနေအရ ၁၉၄၇ အခြေခံဥပဒေကိုလည်းကောင်း၊ ၁၉၇၄ အခြေခံဥပဒေကို လည်းကောင်းအသုံးပြု၍ မရနိုင်ဘဲ ၁၉၄၇ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ပြုထားသည့် အချက်ပါဝင်နေသဖြင့် ထိုဥပဒေကို ကျင့်သုံးပါက တိုင်းပြည်ပြိုကွဲသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပြီး အခြေခံဥပဒေသစ်တစ်ခုကို ရေးဆွဲရမှာဖြစ်ကြောင်းကို ရှင်းလင်းခဲ့သည်။

ထို့ အပြင် NLD ပါတီမှ ခေါင်းဆောင်များမှာ တပ်မတော်အတွင်း မည်သည့် ပြစ်ဒဏ်များ ကျူးလွန်ခဲ့သည်ကို တက်ရောက်လာသည့် တပ်မှူးများသိကြောင်း ပြောကြားလိုက်ပြီးနှင့် တပ်အတွင်းပြစ်ဒဏ်များ၊ ထောင်ဒဏ်များကျခံရပြီးမှသာ NLD ပါတီတွင် အမတ်အဖြစ် ၀င်ရောက်လုပ်ကိုင်နေကြောင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ‘အမျိုးသမီး'ဟု ခေါ်ဝေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာပြည်သို့  တစ်နှစ်လျှင်တစ်ခါသာ လာရောက်ခဲ့ပြီး မိခင် မကျန်းမာချိန်တွင် လာရောက်ပြုစုရန်အတွက် ယခင်အစိုးရ၀န်ကြီးများက ခေါ်ခိုင်းလိုက်သဖြင့်သာ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အရေးအခင်းကာလနှင့်ကြုံကြိုက်စဉ် သခင်တင်မြကဲ့သို့ သော ကွန်မြူနစ်များမှ အကြံပေးသဖြင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မဆလ၀န်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် စေတနာဖြင့် နိုင်ငံရေးထဲဝင်မပါရန် တားမြစ်ခဲ့သော်လည်း လက်မခံကြောင်း ပြောကြားထားသည့် အချက်အလက်များ ပါဝင်နေသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဆန့် ကျင်ခဲ့သည့်အပြင် သောင်းကျန်းသူများအား လက်ခံထားသဖြင့် ၁၀(ခ) ဖြင့် ဖမ်းဆီးအရေးယူခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခေါင်းဆောင်အဖြစ် လက်မခံနိုင်ပါကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထုတ်ဝေခဲ့သော စာအုပ်တွင် ဦးခင်ညွန့် က ''ပြောခဲ့တယ်ဆိုရင်လည်း ခိုင်းလို့  ပြောတာဖြစ်မယ်''ဟု ပြောကြားချက်အား ထည့်သွင်းရေးသားခဲ့သော်လည်း မည်သူက၊ မည်ကဲ့သို့  ခိုင်းစေခဲ့ကြောင်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

ထိုစာအုပ်တွင် ပါဝင်သောချက်များသည် သမိုင်းကြောင်း အမှန်များကို အခြေခံကာ ဖြေကြားခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် သမိုင်းမှတ်တမ်းအဖြစ် အသုံးဝင်မည့်စာအုပ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ အပြင် သမိုင်းကြောင်းနှင့်နွှယ်ပြီး ဖြေဆိုရသဖြင့် ပုဂ္ဂိုလ်ရေးထိခိုက်မှုများလည်း ပါခဲ့ကြောင်း နှင့် ပုဂ္ဂိုလ်ရေးအရ ထိခိုက်ခဲ့ပါက တောင်းပန်ပါကြောင်း လည်းပြောကြားလိုက်သည်။

ထို့ အပြင် ၎င်းတို့ တာဝန်ယူခဲ့သည့် တပ်မတော်အစိုးရလက်ထက်တွင် သာမက မည်သည့် အစိုးရအဖွဲ့တွင်မဆို တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်၍မရခဲ့ကြောင်းနှင့် ၎င်းတို့ လက်ထက်တွင် လုပ်ကိုင်ခဲ့သည့်အရာများတွင် ကောင်းခြင်း၊ ဆိုးခြင်းများ ရောနှောနေသော်လည်း အားလုံးဝိုင်းဝန်းလုပ်ဆောင် ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် အစိုးရအဖြစ်တာဝန်ရှိခဲ့ကြသူများ ၀ိုင်းဝန်းဆန္ဒပြုကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်တွင် လုပ်ကိုင်နေမှု များမှာလည်း အစိုးရအဖွဲ့အနေနှင့်သာ ကြိုးစားလုပ်ကိုင်နေကြောင်းနှင့် အားနည်းချက်များလည်း ရှိနိုင်ကြောင်းနှင့် အပြုသဘောနှင့် ဝေဖန်မှုများရှိပါက ကောင်းမွန်သော်လည်း အဟန့် အတားဖြစ်စေရန် ထိုးနှက်မှုများရှိနေပါက လျော့ချပေးရန်လည်း တောင်းဆိုလိုက်ပြီး ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အခြေအနေကောင်းတစ်ခုဖြစ်သောကြောင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ပါက နိုင်ငံတော်တိုးတက်အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားလိုက်သည်။

နောက်ဆုံးအနေနှင့် ဦးခင်ညွန့် က ၎င်းအားသတင်းဌာနအချို့ ကနိုင်ငံရေးလုပ်မည် ဟုထင်မြင်မေးမြန်း နေကြကြောင်း သို့ သော်လည်း သူ့ အနေနှင့် နိုင်ငံရေးကို လုပ်တော့မှာမဟုတ်ကြောင်း တရားဝင် ပြောကြားလိုက်သည်။

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် သည် ၁၉၈၈ ခုနှစ်က စစ်တပ်မှ အာဏာလွှဲပြောင်းခဲ့စဉ် ဒုတိယစစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲများအား မကြာခဏပြုလုပ်ကာ အာဏာလွှဲပြောင်း ယူခဲ့သည့် န၀တအစိုးရ၏ လမ်းစဉ်များကို တာဝန်ယူဖြေရှင်းခဲ့ရသည့် အတွင်းရေးမှူး (၁) အဖြစ် ဆောင်ရွက်ခဲ့သည်။ န၀တအစိုးရလက်ထက်မှ စတင်ကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် အစရှိသည့် အထင်ကရတက္ကသိုလ်များအား ပိတ်ပင်ခဲ့ပြီးလယ်ကွင်းများအတွင်း တက္ကသိုလ်ကျောင်းများကို ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းဆောင်များအားလည်း ပိတ်ခဲ့သည်။ ၎င်းထောက်လှမ်းရေး တာဝန်ယူထားစဉ် စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း သေဆုံးသူများ၊ နိုင်ငံရေးအကျဉ်းသားများ အရေအတွက်မြင့်တက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်အဖြစ် ချုပ်နှောင်ထားခဲ့သည်။ ၂၀၀၃ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီးတွင် လုပ်ကြံရန် ကြံစည်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ ယနေ့ အထိလည်း မည်သူများက ကြံစည်ခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ ၂၀၀၀ ပြည့်နှစ်လောက်မှ စတင်ကာ မြန်မာပြည်အတွင်း ထောက်လှမ်းရေးတပ်များ၏ နေရာရယူမှုများ အလွန်အကျွံ ဖြစ်လာခဲ့ပြီး တပ်အတွင်း ထောက်လှမ်းရေးများအား ကြောက်ရွံ့နေခဲ့ရသည့် အခြေအနေမှ ၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေးတပ်အား ဖမ်းဆီးအရေးယူခဲ့ပြီး ဦးခင်ညွန့် မိသားစုအားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင် လွတ်မြောက်လာခဲ့ပြီး ယခုအချိန်အထိ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၂၁ ဦး အကျဉ်းထောင်များအတွင်းတွင် ကျန်ရှိနေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ က ၎င်းတို့ အား နိုင်ငံရေးအကျဉ်းသားအဖြစ် လက်မခံသော်လည်း လူသားချင်း ထောက်ထားညှာတာမှုဖြင့် အခြားခေါင်းစဉ်အောက်မှ လွတ်မြောက်ခွင့်ရရှိရန် သမ္မတထံ တင်ပြမည်ဟု ဦးရဲအောင်က ပြောကြားခဲ့သည်။

ဦးခင်ညွန့် ၏ ပြောကြားချက်အပေါ် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ မှ ဦးမြင့်အောင်က ''တောင်းပန်တယ်လို့ ပဲ ပြောနေရုံ နဲ့ တော့ မရပါဘူး။ သူဆောင်ရွက်ခဲ့တဲ့ တစ်လျှောက်လုံးကို ပြန်ဆန်းစစ်ရင် သူ့ရဲ့ရာထူးရယ်၊ အာဏာရယ်၊ စည်းစိမ်ရယ် တည်မြဲဖို့ ပဲ လုပ်ဆောင်ခဲ့တယ်၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေးအတွက် ကြိုးပမ်းခဲ့တဲ့ လူထုဟာ အကြောက်တရားနဲ့  ရက်စက်စွာဖိနှိပ်မှုကို ခံခဲ့ရတာပါ။ သူ့ရဲ့ရာထူးအတွက် သူနှိမ်နှင်းခဲ့လို့  ထောင်ပေါင်းများစွာသော မိသားစုတွေ ထိခိုက်နစ်နာခဲ့ရပါတယ်။ သွေးတွေ၊ မျက်ရည်တွေနဲ့  ငိုကြွေးခဲ့ကြရတာတွေက အများကြီးပဲလေ။ ဒီလိုလေးပြောယုံနဲ့ တော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သူ့ ကိုလက်မခံနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ် မပြုနိုင်ပါဘူး။ အငြိုးနဲ့ အမုန်းပေါ် အခြေခံပြီးပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ သမိုင်းအနေနဲ့ကတော့ မှတ်တမ်းတင်ရမှာပဲ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ထိုစာအုပ်မိတ်ဆက်ပွဲသို့ ထောက်လှမ်းရေးမှ တာဝန်ယူခဲ့သူ အများအပြား တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ဟောင်း အချို့လည်း တက်ရောက်ခဲ့သည်။ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ အေးနေ၀င်းလည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။

(ကရ၀ိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် စာအုပ်မိတ်ဆက်ပွဲတွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ရှင်းလင်းပြောကြားစဉ်)
EMG

မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်း၊ တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ နီးပါးအထိ ရောက်ရှိလာ



နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတွင် အမေရိကန် ဒေါ်လာတန်ဖိုးမှာ တက်ရိပ်ပြလာပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျင် ကျပ်၉၉၀ ၀န်းကျင်အထိ မြင့်တက်လာကြောင်း ဗဟို ဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ နှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။

နိုဝင်ဘာ ၁ ရက်မှ ၈ ရက်ထိ သိမ်ဖြူ ငွေလဲကောင်တာတွင် အမေရိကန်တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၇၅ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၆၇ ကျပ်ဝန်းကျင် တွင်ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန်တစ် ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ကျပ် ၉၇၀၊ ၀ယ်ဈေး ၉၆၉ ကျပ်ဝန်းကျင် တွင်တည်ရှိ နေကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ ရက်မှစတင်၍ နိုင်ငံခြား ငွေလဲလှယ်မှုနှုန်းတွင် သိမ်ဖြူငွေလဲကောင် တာ၌ အမေရိကန် တစ်ဒေါ်လာတန်ဖိုး ရောင်းဈေး ၉၈၂ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၇၂ ကျပ်ဝန်းကျင်သို့ စတင်မြင့်တက်လာ ပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန်တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေးကျပ် ၉၈၀၊ ၀ယ်ဈေး ၉၇၂ ကျပ်ဝန်းကျင်သို့ ရောက်ရှိ လာကြောင်း သိရသည်။

ယခုလအတွင်း တက်ရိပ်ပြလာသော အမေရိကန်ဒေါ်လာ တန်ဖိုးသည် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက် ၀န်းကျင်တွင် သိမ်ဖြူ ငွေလဲကောင်တာရောင်းဈေး ၈၈၅ ကျပ်မှ ၈၈၇ ကျပ်ဝန်းကျင်တွင်ရှိလာခဲ့ပြီး ပြင်ပ ဈေးကွက်တွင်မူ အဆိုပါ ရက်များအတွင်း တစ်ဒေါ်လာရောင်းဈေးမှာ ၈၈၉ ကျပ်ဝန်း ကျင်သို့  ရောက်ရှိလာခြင်းနှင့်အတူ တရားဝင်ငွေလဲကောင်တာ၏ ငွေလဲနှုန်းထက် တစ်ကျပ် ပိုလာခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၈ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၉၈၂ ကျပ်သတ်မှတ်ထားပြီး သိမ်ဖြူငွေလဲကောင်တာတွင် (နံနက် ၁၁ နာရီ အဖွင့်ဈေး) အမေရိကန်တစ် ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၈၈ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၇၈ ကျပ်ဝန်းကျင်တွင် ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၉၀ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၈၈ ကျပ်ဝန်းကျင် သို့ မြင့်တက်ခဲ့ကြောင်း သိရသည်။

ယခုဖြစ်ပေါ်နေသော ငွေလဲလှယ်မှုနှုန်းသည် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒ်ါလာ ၁၀၀၄ ကျပ် အထိ မြင့်တက်လာပြီး နောက်သုံးလကျော် အတွင်း အမြင့်ဆုံးငွေလဲနှုန်းဖြစ်ခဲ့ပြီး ဇွန် ၂၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ပြင်ပငွေလဲ လှယ်မှုနှုန်းရောင်းဈေးကျပ် ၉၉၀ ၀န်းကျင်၊ ၀ယ်ဈေး ၉၈၈ ကျပ်ဝန်းကျင်သို့  ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထိန်းကျောင်းမှု ရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ် ပေါက်ဈေးသာရှိရာမှ ယခု ၁၉ လအကြာ ကာလအတွင်း တစ်ဒေါ်လာလျှင် ၁၇၅ ကျပ် ကျော်အထိ ဈေးနှုန်းဆက်လက် မြင့်တက်လျက်ရှိသည်။

တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း AD လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကား ရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင် နှုန်း နှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

(သမ၀ါယမဘဏ်၏ ငွေလဲစင်တာတွင် ငွေလဲလှယ်နေသည်ကို တွေ့ရစဉ်)
EMG

ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် (၉)ဆင့် ခုန်တက်ခဲ့ပြန်သည့် မြန်မာ



နိုဝင်ဘာလ အတွက် ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ မြန်မာ့ လက်ရွေးစင် အသင်းမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် အဆင့်(၉)ဆင့် ခုန်တက်သွားခဲ့ပြီး အာဆီယံ ဒေသတွင်းတွင် အဆင့်(၂)နေရာသို့ ရောက်ရှိလာခဲ့သည်။

မြန်မာ အသင်းအနေဖြင့် အောက်တိုဘာလ အတွင်းတွင် မည်သည့် ခြေစမ်းပွဲမျှ ကစားခဲ့ခြင်း မရှိသော်လည်း အဆင့်(၉)ဆင့် မြင့်တက်ကာ ကမ္ဘာ့အဆင့် (၁၄၀)သို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရပ်တည်မှုမှာ မြန်မာ အသင်းအတွက် အမြင့်မားဆုံး ကမ္ဘာ့အဆင့် ရပ်တည်မှု ဖြစ်ပြီး အာရှ အဆင့်တွင် အဆင့်(၂၂)သို့ ရောက်ရှိစေကာ အာဆီယံ ဒေသတွင်းတွင် အဆင့်(၂)သို့ ရောက်ရှိသွားစေခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလ သတ်မှတ်ချက်တွင်လည်း မြန်မာ အသင်းမှာ အဆင့်(၁၃)ဆင့် ခုန်တက်ခဲ့သည့် အတွက် အံ့အားသင့်ခဲ့ ရသေးသည်။ ထိုစဉ်ကလည်း မြန်မာ အသင်းမှာ ဟောင်ကောင် အသင်း တစ်သင်းတည်းနှင့်သာ ခြေစမ်းပွဲ တစ်ပွဲ စက်တင်ဘာလ အတွင်း၌ ကစားခဲ့ပြီး အဆင့်ခုန်တက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ အသင်း၏ အထက်တွင် အာဆီယံ ဒေသတွင်း နံပါတ်(၁) အသင်းအဖြစ် ဖိလစ်ပိုင် အသင်းက ရပ်တည်နေကာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ် တို့မှာ အဆင့် (၃၊ ၄၊ ၅၊ ၆) နေရာများ၌ အစဉ်လိုက် ရပ်တည်နေကြသည်။

အာဆီယံ ဒေသတွင်း အသင်းများ၏ နိုဝင်ဘာလ အတွက် ကမ္ဘာ့အဆင့် ရပ်တည်မှု

၁၃၃ ဖိလစ်ပိုင် (+၄)
၁၄၀ မြန်မာ (+၉)
၁၄၂ ထိုင်း (+၁)
၁၅၄ စင်ကာပူ (+၁)
၁၅၈ မလေးရှား (+၂)
၁၅၈ ဗီယက်နမ် (-၇)
၁၆၂ အင်ဒိုနီးရှား (-)
၁၆၃ လာအို (+၄)
၁၈၈ ကမ္ဘောဒီးယား (+၁၀)
၁၈၉ ဘရူနိုင်း (+၄)
၁၈၉ အရှေ့တီမော (+၄)

Soccer Myanmar

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် မေတ္တာရပ်ခံချက်အပေါ် သမ္မတသဘောထား တုံ့ပြန်မှုနှင့် ပတ်သက်၍ အမြင်အမျိုးမျိုးရှိနေ



ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံရန် မေတ္တာရပ်ခံချက်အပေါ် သမ္မတ၏ သဘောထား တုံ့ပြန်မှုနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ရှိနေကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံရန် အတွက် မေတ္တာရပ်ခံကြောင်း စာပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ လေးပွင့်ဆိုင် တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထား တုံ့ပြန်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေ ချောမွေ့စေရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် မေတ္တာရပ်ခံသောစာကို လက်ခံရရှိကြောင်း၊ ၀ိုင်းဝန်းညှိနှိုင်းဖြေရှင်း ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်သည် ကောင်းမွန်သင့်မြတ်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ အနေဖြင့် တင်ပြလာသည့် အတွက် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီပေါင်း ၅၈ ပါတီရှိရာ ကျန်ရှိနေသော နိုင်ငံရေး ပါတီများ၏ သဘောထားနှင့် အကြံပြုချက် များကိုလည်း အလေးထားသင့်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်းပြီး အခြေခံဥပဒေအရ အခွင့်အာဏာ အပ်နှင်းထားသော ပြည်ထောင်စု လွှတ်တော်သည် လက်ရှိအချိန်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ ကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆောင်ရွက်နေရာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပ်နှင်းထားသော ပြည်ထောင်စု လွှတ်တော်၏ လုပ်ပိုင်ခွင့်ကို လေးစားရမည်ဖြစ်ပြီး ကျော်လွန်ရာ မရောက်ရှိစေရန်လည်း သတိပြုသင့်ပါကြောင်း၊ ထို့ကြောင့် ကော်မတီ၏ အစီရင်ခံစာ ထွက်ပေါ်လာသည့် အချိန်အထိ စောင့်ဆိုင်းပြီးမှသာ လေးပွင့်ဆိုင် ဆွေးနွေးရေးကိစ္စကို စဉ်းစားဆောင်ရွက် သင့်သည်ဟု နိုင်ငံတော်သမ္မတက သဘောထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ သဘောထား တုံ့ပြန်ချက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ယင်းကိစ္စရပ်သည် နိုင်ငံရေးအရ အရေးကြီးသည့်ကိစ္စ ဖြစ်သည့်အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

''ငြင်းဆိုတယ်ဆိုတဲ့ သဘောတော့ ပါချင်ပါမယ်။ ငြင်းဆိုတယ်ဆိုတဲ့ စကားလုံးတော့ မပါဘူး။ သို့သော် သူတို့က ဥပဒေသဘောအရ ပြောတာပါ။ ကျွန်တော်တို့က ဒီကိစ္စဟာ ဥပဒေသဘောတင် မကဘူး။ နိုင်ငံရေးအရ အရေးကြီးတဲ့ ကိစ္စလို့ သတ်မှတ်တယ်။ ကျွန်တော်တို့ လုပ်စရာရှိတာတွေ ဆက်လုပ်မှာပါ။ နောက်ဆုံးလုံးဝ ငြင်းဆိုတယ် ဆိုလည်း ဆက်လုပ်မှာပဲ။ NLD သက်တမ်း တစ်လျှောက် ဒီလိုပဲလုပ်လာရတာပဲ'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ''မြန်မာပြည်သူ အားလုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လို သဘောထားလဲဆိုတာ ပထမသတိမူဖို့ လိုတယ်။ နောက် ၂၀၁၅ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ချဉ်းကပ်တဲ့ အခါမှာ အမတ် ၄၄ ဦးသာရှိသော လွှတ်တော်ထဲက ပါတီငယ်လေး တစ်ခုအနေနဲ့ မြင်ရင်မှားမယ်။ ၂၀၁၅ အလွန်မှာ ဖြစ်လာမယ့် နိုင်ငံရေး ချိန်ခွင်လျှာကို ထိန်းညှိနိုင်မယ့် ပုဂ္ဂိုလ်နဲ့ ပါတီဖြစ်တယ် ဆိုတာကို ကြိုသုံးသပ်မယ်ဆိုရင် သမ္မတဟာ မငြင်းပယ်သင့်ဘူး။ နောက်တစ်ခုက ပြည်ထောင်စု လွှတ်တော်ရဲ့ ကော်မတီ ၁၀၉ ဦးမှာ မပါလို့ ကျုပ်တော့ မတွေ့နိုင်ဘူးလို့ တုံးတိုက်တိုက် ပြောခဲ့မယ်ဆိုရင်၊ ဆွေးနွေးညှိနှိုင်းခြင်းကို မလိုလားရင် အနာဂတ်ကို ကြိုတင်စီမံချက် ဆွဲမထားတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ လူထုက သုံးသပ်ကြမှာ။ ကျွန်တော်တို့ မြင်တာက တွေ့ဆုံဆွေးနွေးခြင်း လမ်းကြောင်းကို မျက်ကွယ်မပြုသင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတာဟာ ၁၀၉ ဦးပါ ကော်မတီကို မျက်ကွယ်ပြုတယ် ဆိုရင်လည်းပဲ ဒါကို ကျွန်တော်တို့ လက်မခံဘူး။ ဘာလို့လဲဆို ၁၀၉ ဦးမှာ ဒေါ်အောင်ဆန်းစုကြည် မပါဘူး။ ၁၀၉ ဦးမှာပါတဲ့ ပါတီတစ်ခုရဲ့ ခုနစ်ဦးကို ကိုယ်စားပြုနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။ ဒေါ်အောင်ဆန်းစုကြည် ချဉ်းကပ်တာ ကနဦးတင်ပြနိုင်တဲ့ ခုနစ်ဦးတင်ပြနိုင်တဲ့ စာတမ်းမာခြင်း၊ ပျော့ခြင်း၊ ဒီမိုကရက်တစ် ဆန်ခြင်းမဆန်ခြင်းနဲ့ ပတ်သက်လို့ ကြိုတင်ညှိနှိုင်းပြီးခါမှ သူ့ရဲ့ဦးတည်ချက်ကို ပြောင်းချင်လို့ သို့မဟုတ် သူ့ပါတီ ဦးတည်ချက်ဟာ အများနည်းတူ သို့မဟုတ် သမ္မတကြီးရဲ့ သက်သေခံရှေ့မှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တစ်ခုခု အတွင်းစည်းထဲမှာ ညှိနှိုင်းတိုင်ပင်ချင်လို့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ၂၅ ရာခိုင်နှုန်းကို ဘယ်လိုညှိနှိုင်းကြရင် ကောင်းမလဲဆိုတဲ့ ဆုံးဖြတ်ချက် တစ်ခုကို မချခင်လေးမှာ ညှိနှိုင်းတိုင်ပင်ပြီးခါမှ ပြည်ထောင်စုအတွက် ကောင်းရာကောင်းကြောင်းတွေကို တာဝန်အတူတူ ထမ်းဆောင်ချင်တယ်ဆိုတဲ့ သူ့ရဲ့ရည်မှန်းချက်ပါတယ်။ အဲဒါကို အသိအမှတ်ပြုဖို့ ကောင်းတယ်လို့ ပြောချင်ပါတယ်'' ဟု သုံးသပ် ပြောကြားသည်။

ထို့အတူ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ''၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် သမ္မတ၊ လွှတ်တော် အကြီးအကဲတွေနဲ့ ကာကွယ်ရေး ဦးစီးချုပ်သာမက တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးမျိုးကို မဖြစ်မနေ လုပ်ရမှာပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်တော့ ကြီးလေးကြီး ဆွေးနွေးပွဲ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေးအရ ငြင်းတာဆိုရင်တော့ မကောင်းဘူး။ အနိမ့်ဆုံး တွေ့နိုင်မယ့် လူအချို့နဲ့တွေ့ပြီး ဒေါ်စုဆီက ပေးချင်တဲ့ စကားကို နားထောင်ဖို့လိုမယ်။ ပြန်ဆွေးနွေးဖို့ လိုမယ်လို့ ထင်တယ်'' ဟု ပြောကြားသည်။

''အခုဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးအတွက် ပြင်ဆင်ခြင်းဖြစ်တယ်။ အဲဒါကြောင့်မို့ သမ္မတရဲ့ အခန်းကဏ္ဍ ၂၀၁၅ အလွန်မှာ ရှိတော့မှာ မဟုတ်တဲ့ အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတနဲ့ ဆွေးနွေးစရာ မလိုဘူးဆိုတာ ကျွန်တော်နားလည်တယ်။ ဒါပေမဲ့ အာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ တာဝန်ရှိသူတွေဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်နဲ့တော့ သူမအနေနဲ့ လွှတ်တော်ထဲမှာ မကြာခင်တွေ့ဆုံ ဆွေးနွေးတော့မှာ ဖြစ်တယ်။ အရေးကြီးဆုံး အချက်ကတော့ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မိမိတပ်ပိုင်းဆိုင်ရာကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့တော့ မဖြစ်မနေ တွေ့ဆုံဆွေးနွေးရမှာ ဖြစ်တယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲဟာ တရားဝင် ဖြစ်ချင်မှလည်း ဖြစ်မယ်။ အလွတ်သဘော ဖြစ်ချင်လည်းဖြစ်မယ်။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားဝင် ပြင်ဆင်ရမယ့် နေရာဟာ ပြည်ထောင်စု လွှတ်တော်ပဲ ဖြစ်တယ်။ ဒီအလွတ်သဘော ဆွေးနွေးမှုဟာ ၂၀၁၅ အလွန် မြန်မာနိုင်ငံ တည်ငြိမ်တိုးတက်ရေးနဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ အပေါ်မှာ နိုင်ငံတကာက ယုံကြည်စိတ်ချ စေဖို့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ထင်တယ်'' ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားသည်။

''ဒါ့ကြောင့်မို့ ကျွန်တော့်အမြင် ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတနဲ့ တွေ့ဆုံစရာ မလိုပါဘူး။ လေးပွင့်ဆိုင်လည်း တွေ့စရာ မလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်နဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေနဲ့လည်း လွှတ်တော်ထဲမှာ သီးသန့်တွေ့ဆုံ ဆွေးနွေးပါလိမ့်မယ်။ လွှတ်တော်ပြင်ပမှာလည်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ လိုပါလိမ့်မယ်။ ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့လည်း အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တိုင်းပြည် အပြောင်းအလဲအတွက် အမှန်တကယ် ဆန္ဒရှိတယ်ဆိုရင် လူထုခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သာမန်ပါတီ ခေါင်းဆောင်တစ်ဦးအဖြစ် မယူဆဘဲ အမြန်ဆုံး မဖြစ်မနေ အလွတ်သဘော တွေ့ဆုံဆွေးနွေးတာ ပိုသင့်တော်ပါတယ်'' ဟု CEO ဒေါက်တာသန်းထွဋ်အောင်က ဆက်လက် ပြောကြားသည်။

(နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အင်န်အယ်လ်ဒီပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲ၌ တက်ရောက် လာသူများက ဖွဲ့စည်းပုံ ပြင်ဆင်ရေး လက်ထောင် ဆန္ဒပြုနေစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း))
EMG

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ


ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်ပါတယ်။

ဒါကြောင့် ဗိုက်ပူနေပြီ ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျ စေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ် စေပါတယ်။

(၂) အမျှင်ဓာတ်များများ စားပါ

အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီး ဟင်းရွက်တွေက ကယ်လိုရီ ပါဝင်မှု နည်းပါး ပါတယ်။

(၃) ဆားလျှော့စားပါ

လူအများစုဟာ ဆိုဒီယမ်ကို လိုအပ်တာထက် နှစ်ဆပိုစား နေကြတယ်လို့ ကျွမ်းကျင်သူ တွေက အကြံပြု ထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုး စေနိုင်သလို လေပွ စေနိုင်ပါတယ်။ ဆားပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုးကို အရင် ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ် ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး အိမ်မှာ မိမိဘာသာ ချက်ပြုတ် ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများ သောက်တာက ဆိုဒီယမ် ပမာဏကို လျော့ကျ စေပါတယ်။

(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ညစာကို များများ စားတာကြောင့် ဗိုက်ပူ နေတယ်ဆိုရင် နည်းနည်းနဲ့ မကြာ ခဏစားတဲ့ အလေ့အထကို ပြောင်းလဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄ နာရီကြာတိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာတာနဲ့ အစာကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။

(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ

ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်း အတာက လျော့ကျမှု မရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။




Related Posts Plugin for WordPress, Blogger...