Wednesday, January 29, 2014

၁၆ နှစ်သမီးလေးကို အအေးနဲ့ ဘီယာရောတိုက်ပြီး သားမယားအဖြစ်ပေါင်းသင်းခဲ့သူအမှုဖွင့်ခံရ



အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူကို ချစ်သူရည်းစားမဟုတ်သည့် အလုပ်အတူလုပ်သူက ကားတင် ခေါ်ဆောင်ပြေးပြီး ၀ါးခယ်မမြို့တွင် သားမယားအဖြစ် ပေါင်းသင်းခဲ့သည်ဟုဆိုကာ တိုင်တန်းမှုကို လှိုင် သာယာရဲစခန်းက ဇန်န၀ါရီ ၂၆ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့စခန်းက ထုတ်ပြန်ထားသည်။

အမှုတွင် ဇန်န၀ါရီ ၂၁ ရက် ည ၈ နာရီ ခွဲက (၇)ရပ်ကွက်နေ အသက် ၅၄ နှစ်ရှိ တရားလို အမျိုးသမီး ကြီးသည် ၁၆ နှစ် သမီးအပါအ၀င် ၎င်းအလုပ်သမားတစ်ဦးတို့နှင့်အတူ တံတားဖြူလမ်းမကြီးဘေးရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် လက်ဖက်ရည်သောက်ခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် သမီးဖြစ်သူကို ကြာဆံကြော်ဝယ်ခိုင်းရာမှ ည ၉ နာရီခွဲအချိန်ထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် လိုက်လံရှာဖွေရာ အမျိုးသားတစ်ဦးက လက်ဆွဲ၍ တက္ကစီဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိခဲ့ရသည်ဟု တရားလိုက ရဲထံတွင် ဆိုထားသည်။

ထို့နောက် ဇန်န၀ါရီ ၂၃ ရက်တွင် ကြက်ဒိုင်တစ်ခုတည်းတွင် အလုပ်လုပ်သည့် သန့်ဇင် (၂၃)နှစ်၏ ၀ါးခယ်မမြို့ရှိ နေအိမ်သို့ သွားရောက် စုံစမ်းရှာဖွေရာ သမီးဖြစ်သူကို ပြန်လည်တွေ့ရှိခဲ့သည်ဟု ဆို သည်။

ထို့ပြင် သန့်ဇင်သည် သမီးဖြစ်သူကို အအေးနှင့် ဘီယာရောတိုက်ပြီး ၀ါးခယ်မမြို့သို့ ခေါ်ဆောင်သွား ကာ ချစ်ကြိုက်ခြင်းမရှိဘဲ သားမယားအဖြစ် ပေါင်းသင်းထားကြောင်း သမီးဖြစ်သူက ပြောပြခဲ့သဖြင့် မိခင်ဖြစ်သူက ၀ါးခယ်မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် ၀ါးခယ်မရဲစခန်းက (ပ)၁၁ /၂၀၁၄ဖြင့် ပုဒ်မ ၃၆၃/၃၆၆တို့ဖြင့် အမှုဖွင့်စစ်ဆေးပြီး ပေါ်ပေါက် ချက်များအရ လှိုင်သာယာရဲစခန်းက (ပ)၁၀၃/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၆၃/၃၆၆ တို့ဖြင့် ဆက် လက်အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

လုပ်ခသွားတောင်းသူတွေကို သေးပန်းတဲ့ တရုတ်တွေရဲ့ CNPC ရုံးခွဲ မီးရှို့ခံရ




လုပ်ခတောင်းသူတဲ့သူတွေကို ရုံးပေါ်ကနေ သေးနဲ့ပန်းချတဲ့ အတွက် တရုတ် CNPC ရဲ့ ရုံးခွဲ တစ်ခုကို ဒီလ ၂၆ ညနေပိုင်းက ဒေသခံတွေက မီးရှို့လိုက်ကြတယ်လို့ သိရပါတယ်။

ဒေသခံ ကျေးရွာသား တစ်ဦးပြောတာကတော့ အခု မီးရှို့ခံရတဲ့ တရုတ် CNPC ရုံးခွဲဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဆင်ခုံးတိုင်းကျေးရွာမှာ တည်ရှိတယ်လို့ ပြောပါတယ်။

ဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး သူက ပြောကြားရာမှာ လုပ်ခ သွားတောင်းတဲ့ ရွာသားတွေ ရုံးအောက်မှာ စုရုံးနေချိန်မှာ တရုတ်ဝန်ထမ်း တစ်ဦးက ရုံးပေါ်ကနေ သေးပန်းချတယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ မကျေနပ်တဲ့ အတွက် ခုလို မီးရှို့လိုက်ကြတာဖြစ်တယ်လို့ ပြောပါတယ်။

ရွာသားတွေက သေးပန်းခံရတဲ့နောက်မှာ ၀ိုင်းဝန်းတိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့ အတွက် တရုတ်ဝန်ထမ်းတွေ ထွက်ပြေးသွားတဲ့ နောက်မှာ တရုတ်ဝန်ထမ်းတွေနေတဲ့ ရုံးခွဲ တစ်ခုနဲ့ ဆီပီပါတွေကို ရွာသားတွေက မီးရှို့လိုက်တယ်လို့ သူက ဆိုပါတယ်။

တရုတ်ဝန်ထမ်းတွေဟာ အစိုးရ အချင်းချင်း လုပ်တဲ့ စီမံကိန်းတွေ ဖြစ်တယ်ဆိုပြီး ဘယ်သူကိုမှ ဂရုမစိုက်သလို ဘယ်မြန်မာ အစိုးရ အရာရှိမှလည်း သူတို့ကို မပြောဝံ့တာကြောင့် ဒေသခံ လုပ်သားတွေ အပေါ်မှာ မချေမငံ ဆက်ဆံတာတို့၊ ရိုင်းပျစော်ကားတာတွေ ပြုလုပ်နေတာတွေ ကြာပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခုလို ဆက်ဆံပြုမူနေတာတွေကို အရင်ကလည်း တိုင်းတန်းတာတွေ ရှိပေမယ့် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့်ရှိသူတွေက ဘာတစ်ခုမှ ၀င်ရောက်ပြောဆိုတာတွေ မရှိဘူးလို့လည်း လူမူရေး လူပ်ရှားနေသူတွေက ပြောပါတယ်။

ဒါ့ပြင် လုပ်အားခ လျှော့ပေးတာတို့၊ လုပ်အားခတွေကို ပုံမှန် မရှင်းပေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းအရ အခင်းဖြစ်ပွားတဲ့ ဆင်ခုံးတိုင်ရွာကို ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့က ရဲတွေ ရောက်ရှိနေပြီး ဖမ်းဆီးတာ တချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

နိရဉ္စရာ



အင်းဝဘဏ် အနုကြမ်းစီးသည့်ဗိုလ်ကြီးကို ပြစ်ဒဏ် နှစ်ရပ်ချမှတ်မည်





တပ်မ တော်ပိုင် အင်းဝဘဏ်ကို အနု ကြမ်း စီးခဲ့သည့် ဗိုလ်ကြီးအဆင့် ရှိသူသည် တရားရုံးတွင် ပြစ်မှု ကျူးလွန်ကြောင်း ၀န်ခံလိုက်ပြီ ဖြစ်သဖြင့် ကျူးလွန်သူကို စစ် ဘက်၊ နယ်ဘက်ဥပဒေများအ ရ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြင့် ချမှတ် သွား မည်ဖြစ်ကြောင်း နေပြည် တော် ရဲချုပ်ရုံးမှ ရဲမှူးကြီးတစ် ဦးက ရန်ကုန်တိုင်းမ်သို့ အတည် ပြုပြောကြားသည်။

အဆိုပါမှုခင်းသည် တပ် မတော်သားတစ်ဦးမှ ကျူးလွန် သော အမှုဖြစ်သောကြောင့် ပြစ်မှုကျူးလွန်သူဟု ဆိုသော ဗိုလ်ကြီးဝေယံ မျိုးကျော်ကို ဖမ်း ဆီးရမိပြီး သက်ဆိုင်ရာအမှတ်- ၆၀၀၆ ကန့်ဘလူမြို့နယ် တင့် ကားတပ်(ကြည်း)သို့ အကြောင်း ကြားပြီး တပ်သို့လွှဲအပ်ကာ ယခု အခါတပ်မှ တာဝန်ရှိသူများက ၎င်းင်းကို စစ်ဘက်ဆိုင်ရာတရားရုံး တွင် စစ်ဆေးမေးမြန်းမှုများပြု လုပ်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါရဲမှူးကြီးက ““သူ ဖြောင့်ချက်ပေးပါပြီ။ သူ့ကိုတပ် ဥပဒေအပြင် နယ်ဘက်ဥပဒေနဲ့ ပါ အရေးယူရမှာပါ။ တရားရုံး က သူ့ကိုပြစ်မှုတွေ တစ်ပေါင်း တည်းကျခံစေဆိုပြီး အမိန့်ချ မှာပါ။ စစ်ဆေးစရာ ရှိတာတွေ တော့ ဆက်လုပ်နေတုန်းပဲ။ နောင် တပ်မတော်သားတွေ ပြစ်မှု ကျူးလွန်မှုတွေ မလုပ်ရဲအောင် စံပြနမူနာတစ်ခုအနေနဲ့ ဆောင် ရွက်သွားမှာပါ””ဟုပြောသည်။

မိတ္ထီလာမြို့နယ်အမှတ် (၂) ရဲစခန်း တောင်ဘက် (၂၂)ကိုက်ခန့်အကွာ မိတ္ထီလာဈေး ကြီးတောင်ဘက် ရန်ကုန်-မန္တ လေး လမ်းဘေးရှိ အင်းဝဘဏ် ကို လူတစ်ဦးက ဘဏ်မန်နေဂျာ အား ကျောမှသိုင်းဖက်ပြီး လက် တစ်ဖက်မှ အရိုးအသွား ၁၄ လက်မခန့်ရှိဓားဖြင့် လည်ပင်း အားထောက်ပြီး ၀င်ရောက်အနု ကြမ်းစီးရာမှ ဘဏ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်အောင်က ““တကယ် တော့ တပ်မတော် သားတွေဒီ လိုပြစ်မှုမျိုးကို ကျူးလွန် တာ နိုင်ငံတော် အတွက်တော့ သိက္ခာ ကျတယ်။ ပြင်းပြင်းထန်ထန်နဲ့ နောင်ကြဉ်အောင် စီရင်ချက် ချသင့်တယ် ။ နောင် တပ်မ တော်သားတွေအတွက်လဲ စံပြ ဖြစ်အောင်ပေါ့”” ဟု ပြောသည်။

ဗိုလ်ကြီးဝေယံမျိုးကျော် အား မိတ္ထီလာအမှတ်(၂) ရဲစခန်း မှ စခန်းမှူး ရဲအုပ်မြင့်သန်းက တရားလိုလုပ်ပြီး အမှုဖွင့်ကာ စစ် ဆေးဆောင် ရွက်နေကြောင်း သိ ရသည်။ ပြစ်မှုကျူးလွန်သူဟု အ မှုဖွင့်တိုင်ကြားခံထား ရသူ မှာ ကန့်ဘလူ အမှတ်၆၀၀၆ တင့် ကားတပ်မှ ကြည်း/၄၇၄၈၀ ဗိုလ် သင်တန်းအမှတ်စဉ်(၄၉)မှ ဗိုလ် တစ်ဦးဖြစ်ပြီး ကူမဲမြို့နယ်မိုင်း မောတပ်၌ တပ်ခွဲမှူးသင်တန်း အမှတ်စဉ် ၃၆/၂၀၁၃တွင် သင် တန်းတက်ရောက်နေပြီး အသက် ၂၆နှစ်ခန့်ရှိကြောင်း သိရသည်။
ကျော်မြတ်ဇံ
Yangon Media Group

ဒူချီရာတန်း အနောက်ရွာမှာ မီးလောင်မှု ဖြစ်ပွား






ယခင် မီးလောင်မှု ဖြစ်ပွားတုန်းက မြင်ကွင်းတခု

မောင်တော မြို့နယ် ဒူချီရာတန်း အလယ်ရွာမှာ မွတ်ဆလင်တွေ အစုလိုက် သတ်ဖြတ်ခံ ရတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီးမနေ့က ရန်ကုန် မြို့ နိုင်ငံခြားရေးရုံးမှာ အစိုးရ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ညပိုင်းမှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အစ္စလာမ် ကျေးရွာ တရွာ ဖြစ်တဲ့ ဒူချီရာတန်း အနောက်ရွာမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အိမ်တချို့ ပါသွားခဲ့ပါတယ်။

မီးသတ်ကားနဲ့ အတူ မီးလောင်ပြင်ကို ရောက်ရှိသွားတဲ့ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းကို အခင်း ဖြစ်ပွားပုံ အကြောင်း မေးကြည့်တဲ့ အခါ မနေ့ ဇန္နဝါရီ ၂၈ ရက်နေ့ည ၈နာရီ ၄၅မိနစ် က စလောင်တာ ဖြစ်ပြီး ဘာကြောင့် လောင်တာလဲ ဆိုတာကို အတိအကျ မသိရသေးဘူး ၊ ဒါပေမယ့် အိမ်အောက်မှာ ထင်းပုံတွေ တွေ့တယ် ၊ ရှို့မီးလို့ ယူဆကြောင်း သူက ပြောပါတယ်။

ဒါ့အပြင် ထိခိုက် ဒဏ်ရာရမှုတွေ မတွေ့ရသလို ရွာသားတွေလည်း တယောက်မှ မရှိဘူးလို့ သူက ဆိုပါတယ်။

အိမ်ကြီး ၄ လုံး အိမ်သေး ၁၂လုံး မီးထဲ ပါသွားတာကြောင့် အားလုံး အိမ် ၁၆လုံး မီးထဲ ပါသွားတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

အခင်းဖြစ်တဲ့နေရာကို သူတို့ အဖွဲ့တွေ ၉နာရီ မိနစ် ၂ဝ မှာ ရောက်ရှိ ခဲ့တာ ဖြစ်ပြီး ည ၁၀ နာရီ ၁၀ မိနစ်မှာ မီးညွှန့်ကျိုးသွားတယ်လို့ သူက ပြောပါတယ်။

သူတို့ရောက်လာချိန်မှာ ဘယ်သူမှ မတွေ့ဘဲ ရွာထဲမှာ အမျိုးသမီး တယောက်သာ ရှိတယ်လို့ ဆိုပါတယ်။

ဘယ်အိမ်က စလောင်တာလဲ ဆိုတာဘဲ သိပြီး ဘာကြောင့်လောင်တာလဲ ဆိုတာကို အဲဒီ အမျိုးသမီးက မပြောနိုင်ဘူးလို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် ဘေးပတ်ဝန်းကျင်က ဘယ်သူမှ လာပြီး ကူညီတာ မရှိသလို အခုအချိန်မှာ မှောင်နေတော့ ဘယ်သူမှလည်း မတွေ့ဘူးလို့ ဦးကြည်စန်းက ပြောပါတယ်။

အရင်ကလည်း ပေါ့ဆမီးတွေ လောင်ဖူးပေမယ့် ဘေးအိမ်တွေက ဝိုင်းငြိမ်းပေးလေ့ရှိတာကြောင့် အခုလောက် အိမ်အများအပြား မီးထဲပါလေ့ မရှိဘူးလို့ သူက ဆိုပါတယ်။

အခုတကြိမ်မှာ ထူးဆန်းတာက ဝိုင်းမငြိမ်းဘဲ ထိပ်ဖက်က စလောင်တာ နှစ်လုံး အလယ်က လေးလုံးနဲ့ ဟိုဖက်က အနောက်က အိမ် ၁ဝလုံး လောင်တာ ဖြစ်တဲ့ အပြင် အိမ်တွေအောက်မှာ ထင်းပုံကြီးတွေ တွေ့၇တယ် ၊ ဒီထင်းပုံတွေဟာလည်း သုံးဖို့ မဖြစ်နိုင်ဘူး ၊ အိမ်ကြီး အိမ်ကောင်းတွေ အောက်မှာ ဘယ်သူမှ သုံးဖို့ ထင်းပုံတွေ ထားလေ့ မရှိဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီ အရပ်မှာ လောင်စာ သုံးတာ ရှိမရှိ အခုမှ မီးစက်တွေနဲ့ ရှာဖွေ စစ်ဆေးဖို့ လုပ်နေတယ်လို့ သူက ဆိုပါတယ်။

ရွာထဲက လူတွေ ထွက်ပြေးတယ် ဆိုတာဟာလည်း ရန်မူလို့ ထွက်ပြေးတာ မဖြစ်နိုင်သလို ရန်မူစရာ အကြောင်းလဲ မရှိဘူးလို့ ဦးကြည်စန်းက ပြောပါတယ်။

အခုတော့ လုံခြုံရေး ချထားရမယ် ၊ ရွာမှာ လူလည်းမရှိ ၊ မီးညွှန့်ကျိုးလို့ မီးလောင်ပြင် ရှင်းလင်းရေး အတွက် လုံခြုံရေး ထားဖို့ လိုတယ်လို့ အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ရှင်းပြခဲ့ပါတယ်။

ဘီဘီစီ

မိန်းမဖြစ်ရတဲ့ ဒုက္ခ (၃) (အိမ်ထောင်ရေးကိစ္စပါ ၁၈နှစ်ပြည့်မှ ဖတ်ပါ)





ဆရာရှင့်
ကျွန်မက ဆရာ့ရဲ့စာဖိတ်ပရိတ်သတ်တစ်ဦးပါ၊ ဆရာ့ရဲ့ စာတွေကိုနှစ်သက်သလို ဆရာရဲ့အတွေးအခေါ်တွေ၊ ဆရာ့ရဲ့အကြံဉာဏ်တွေက သမီးစိတ်နဲ့ အမြဲလိုလို ထပ်တူကျပါတယ်။
ဆရာ့ဆီကို စာရေးတာ ဒါပထမဦးဆုံးအကြိမ်ပါ။
အိမ်ထောင်ရေးနဲ့ပတ်သက်လို့ ဆရာ့ဆီက အကြံဉာဏ်လေး တောင်းချင်လို့ပါ။ ဒီအကြောင်းက သူငယ်ချင်းတွေကို ဖွင့်မေးလို့ မကောင်းတာကြောင့် ဆရာ့ကို အားကိုးပြီး မေးလိုက်တာပါ။
သမီး အိမ်ထောင်ကျတာ ၃ နှစ်လောက် ရှိပါပြီ၊ အမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်ပါတယ်၊ အိမ်ထောင်ကျပြီးတော့ တစ်နှစ်လောက်တော့ သမီးအနားမှာ နေပါတယ်၊ သူနဲ့သမီးနဲ့ ရည်းစားသက်တမ်း ၅ နှစ်လောက် ကြာတော့မှ လက်ထပ်ဖြစ်ကြတာပါ၊ သမီးရော သူရောက တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြသလို သာယာပျော်ရွှင်တဲ့ မိသားစုကလေးတစ်ခု ထူထောင်နိုင်ဖို့က သမီးတို့ရဲ့ မျှောင်လင့်ချက်ပါ ဆရာ။
အခုမေးမဲ့ကိစ္စက အိမ်ထောင်ရေး ဗဟုသုတအနေနဲ့ မေးချင်တာပါ၊ သမီးအမျိုးသားက သမီးခန့်မှန်းရသလောက်တော့ အရမ်း တဏှာကြီးတဲ့သူ မဟုတ်ပါဘူး၊ သမီးတို့နှစ်ယောက် ဆက်ဆံရာမှာလည်း ညင်သာလို့၊ သမီးဘက်ကိုလည်း ကြည့်ပါတယ်၊ သမီး စိတ်မပါဘူးဆိုရင်လည်း အတင်း အဓမ္မဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး၊ အလွန်အကျူးလဲ မတောင်းဆိုဖူးပါဘူး၊ ဟိုမှာနေတဲ့ တောက်လျှောက်အတွင်းမှာလည်း သမီးနဲ့ သူနဲ့က တစ်ရက်မှ အဆက်အသွယ် မပြတ်သလို သူ့ပတ်ဝန်းကျင် သူ့ဆရာတွေနဲ့လည်း ခင်မင်နေတော့ သူ့အကြောင်းက ကောင်းကောင်းဆိုးဆိုး အားလုံး သိနေရပါတယ်၊ သူက အေးအေးနေတတ်တဲ့သူမျိုးပါ ဆရာ။
သမီးတို့ အိမ်ထောင်ကျပြီး လအနည်းငယ် ကြာတဲ့အချိန်မှာ သူနဲ့ဆက်ဆံရင်းက သူက အနောက်ဘက်ကိုပါ စမ်းကြည့်ချင်တယ်လို့ ပြောလာပါတယ်၊ သမီးလည်း ဒါက ပုံမှန်မဟုတ်မှန်းသိတော့ ငြင်းကြည့်ပါတယ်၊ သူက တစ်ခါလောက် စမ်းကြည့်ခွင့်ပေးပါ တောင်းဆိုတော့ ခွင့်ပြုလိုက်ပါတယ်၊ ဒါပေမဲ့ နဲနဲလေး ထိလိုက်ရင်ပဲ အရမ်းကို နာပါတယ်ဆရာ၊ ပြီးတော့ သမီးက အနာဖြစ်မှာတွေ ပိုးဝင်မှာတွေလည်း အရမ်းကြောက်ပါတယ်၊ အိမ်သာ သွားရခက်မှာလည်း ကြာက်ပါတယ်၊ အဲဒီကတည်း သူ့ကို အော်လိုက်ပါတယ်၊ အဲဒီကတည်းက သူကလည်း ကိုယ်ထိလက်ရောက် မစမ်းသပ်တော့ပါဘူး၊ သမီး နာသွားတယ်ဆိုလို့ပါ၊
ဒါပေမဲ့ ဆရာ သမီးတို့နှစ်ယောက်က ဝေးနေတဲ့အချိန်မှာ စကားပြောကြရင်လည်း လိင်ဆက်ဆံမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်း ပြောဖြစ် တိုင်ပင်ဖြစ်ကြပါတယ်။ သမီးကိုလည်း ဆုံးခန်းတိုင်အောင် ရောက်မရောက်ကအစ မေးပါတယ်၊ သူက အနောက်ကို လိုချင်တဲ့အကြောင်း စသလိုနောက်သလိုနဲ့ထည့်ထည့်ပြီး ပြောပါတယ်ဆရာ၊ သမီးကလည်းမေးလိုက်တယ် ဘယ်သူမြှောက်ပေးလို့လဲလို့၊ တခြားအိမ်ထောင်သည်တွေလည်း ဒီလိုဘဲနေကြသလားလို့ မေးလိုက်တယ်၊ သူလည်း သေချာတော့ မသိဘူးတဲ့။ သူ့သူငယ်ချင်းတွေကတော့ သူတို့ မိန်းမတွေဆီက ရတယ်လို့ ပြောတာပဲတဲ့၊ သမီးသိချင်တာက ဆရာ…

အိမ်ထောင်ညည်တွေက အနောက်ဘက်ပါ ဆက်ဆံတတ်ကြလား
အနောက်မပေးရင်ရော ယောက်င်္ကျားက ကြာရင် စိတ်ကွက်နိုင်သလား
အရမ်းနာကျင်တာကရော ပုံမှန်ဘဲလား၊ နိုင်ငံခြားကားတွေကြည့်ဘူးတာကတော့ သူတို့အတွက်က ဘာမှ မဟုတ်သလိုဘဲဆရာ
ယောက်ျားတွေက အနောက်ကို ရပြီးသွားရင် အရှေ့ဘက်နဲ့ အလိုဆန္ဒ မပြည့်ဝတော့ဘူးဆိုတာရော ဟုတ်ပါသလား ဆရာ
ပုံမှန်မဟုတ်တဲ့အတွက် ရောဂါရော ရနိုင်ပါသလားဆရာသူက ဒီလထဲဆို အပြီးပြန်လာတော့မှာဆိုတော့ သာယာတဲ့ အိမ်ထောင်သည်ဘ၀ဖြစ်ဖို့အတွက် ဒီကိစ္စက တစ်ခါတစ်လေဖြစ်နိုင်တယ် လုံးဝ မဖြစ်နိုင်ဘူး ဆိုတာကို သူ့ကို ပြတ်ပြတ်သားသား ပြောထားချင်လို့ပါ ဆရာ။
သမီးစာထဲမှာ အမှားပါတာရှိရင် ခွင့်လွှတ်ပါနော်၊ သမီးစာကိုလည်း အလျဉ်းသင့်သလို ဖော်ပြနိုင်ပါတယ်၊ ကျန်တဲ့သူတွေလည်း ဗဟုသုတရအောင်လို့ပါဆရာ။ဆရာ ကျန်းမာချမ်းသာပါစေ၊ စာတွေလည်းများများရေးနိုင်ပြီး သာယာအောင်မြင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။
ကျေးဇူးအများကြီးတင်ပါတယ်၊ ဆရာ စာပြန်မဲ့အချိန်ကို မျှော်လင့်နေပါ့မယ်။သမီး
ဂွက်ထော်
ပြဿနာပဲ။ ကလေးမလေးကိုတော့ အခုလို ခပ်တိုတိုပဲ အကြောင်းပြန်ပစ်လိုက်တယ်။ စိတ်ချဉ်က အတော်ပေါက်လာလို့။
သမီး မဂွက်ထော်
ပြဿနာပဲ။ ကလေးမလေးကိုတော့ အခုလို ခပ်တိုတိုပဲ အကြောင်းပြန်ပစ်လိုက်တယ်။ စိတ်ချဉ်က အတော်ပေါက်လာလို့။


(၁) အိမ်ထောင်သည်တိုင်း အဲလို မလုပ်ကြပါဘူး။ အထူးသဖြင့် လူစိတ် ရှိတဲ့ ယောက်ျားဆိုရင်ပေါ့။

(၂) အဲဒီ့အတွက် စိတ်ကွက်သွားတဲ့ ယောက်ျားဟာ ကိုယ့်ဇနီးအပေါ် စာနာ ညှတာတတ်၊ ချစ်တတ်တဲ့ ယောက်ျား မဟုတ်တာ သေချာပါတယ်။ တဏှာရူး သက်သက်ပါပဲ။

(၃) နိုင်ငံခြား အပြာကား ရုပ်ရှင်တွေဟာ ပြဋ္ဌာန်းစာအုပ် မဟုတ်ပါဘူး။ သူတို့က လူစိတ်ဝင်စားအောင် ရိုက်ပြနေတာလောက်တော့ နားလည်သင့်ပါတယ်။

(၄) ယောက်ျားတွေဟာ ဘယ်တော့မှ တစ်မျိုးတည်း၊ တစ်ယောက်တည်းနဲ့ မကျေနပ်တတ်ကြဘူး။ လူ့အလို နတ်မလိုက်နိုင်ဆိုသလိုပဲ ယောက်ျားတွေ တကယ် တဏှာရူးပြီဆိုရင် ဘာနဲ့မှ ကုစားလို့ မရတော့ဘူး။

(၅) ရောဂါ ရနိုင်ပါတယ်။ ပထမဆုံးက အတင်း လုပ်ရင် စအိုကွဲနိုင်ပါတယ်။ လူကြားမကောင်း၊ သူကြားမကောင်း၊ ဆရာဝန် ပြရလည်း ခက်၊ ကိုယ့်ဘာသာ ဆေးထည့်ရလည်း ခက်ပါတယ်။ ဒုတိယက ဆက်ဆံဖန်များရင် စအိုဝမှာ အင်္ဂါဇာတ်လိုပဲ နှုတ်ခမ်းသားတွေ ထွက်လာပါလိမ့်မယ်။ တတိယက ရောဂါပေါင်းစုံ ၀င်နိုင်တာပါပဲ။ အသေးစိတ်ကို အောက်မှာ ဖတ်ကြည့်နိုင်ပါတယ်။http://www.webmd.com/sex/anal-sex-health-concerns ကိုယ့်အိမ်ထောင်ဖက်ကို ငြင်းချင်ရင် လွယ်လွယ်လေးပါ။ သူ့စအိုထဲကို သူ့လိင်တံနဲ့ အရွယ်အစား တူတဲ့ သခွားသီးတစ်လုံးကို သူ့လိင်တံ အရှည်အတိုင်း အရင် အသွင်းခိုင်းလိုက်ပါ။ ပြီးရင် လိင်ဆက်ဆံသလို အဲဒီ့ သခွားသီးကို ညည်းလက်နဲ့ ခပ်သွက်သွက် ခပ်ကြမ်းကြမ်း အသွင်းအထုတ် လုပ်ပေးလိုက်ပါ။ သူ ကျေနပ်တယ်၊ အားရတယ်၊ ဇိမ်တွေ့တယ်ဆိုရင် ညည်းလည်း လက်ခံပါ့မယ်ပေါ့။
အရေးကြီးဆုံးကတော့ ညည်းလူက သည်လောက် ဖြစ်နေရင် ကြောက်စရာ ကောင်းပါတယ်။ တစ်မြို့တစ်ရွာမှာ တွေ့ကရာ မိန်းမတွေနဲ့ ပျော်ပါးပြီး ရောဂါပေါင်းစုံ ရလာနိုင်တဲ့ အန္တရာယ်ရှိတယ်။ ပြန်လာရင် လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ အကုန် စစ်ဆေးသင့်ပါတယ်။ ခုခေတ်မှာ HIV အပြင် တခြားကြောက်စရာ ရောဂါပေါင်းစုံလည်း ရှိတာကို သတိထားစေချင်တယ်။

တွေးဆ ဆင်ခြင်ကြည့်နိုင်ပါစေ
တချို့ အမျိုးသားတွေက သည်လိုအဖြေမျိုးကို ကျေနပ်နိုင်ကြမယ် မထင်ဘူးဆိုတာလည်း နားလည်ပါတယ်။ သဘာဝတရားကို ချစ်မြတ်နိုးရင်၊ သဘာဝကို တန်ဖိုးထားရင်တော့ လက်ခံနိုင်မယ် ထင်ပါတယ်။လိင်တူချင်းတပ်မက်သူများအပါအ၀င် တချို့တွေ သည်နည်းနဲ့ ဆက်ဆံနိုင်နေကြတာလည်း အမှန်ပါပဲ။ အဲသလို ဆက်ဆံဖို့အတွက်အားထုတ်မယ်ဆိုရင်တော့ အတော် စိတ်ရှည်ရပါတယ်။ ယောနိနဲ့ ပုံမှန်အတိုင်း ဆက်ဆံတာမျိုးလို မလွယ်ကူပါဘူး။
ပထမဆုံးက ဖိုမျိုးပွားအင်္ဂါနဲ့ မဆက်ဆံသေးဘဲ ဖြည်းဖြည်းချင်း ချဲ့ယူရမှာပါ။ အင်မတန် ညင်သာသိမ်မွေ့ဖို့လိုပါတယ်။ K Gel လို ရေနံအခြေခံ မဟုတ်တဲ့ ချောဆီလိုဟာမျိုးကို သုံးရပါတယ်။ အဲဒါနဲ့ ဖြည်းဖြည်းချင်း ချဲ့ယူရပါတယ်။ ဒါမှ တစ်ဖက်သား မနာကျင်မှာပါ။ အတော်ကြီးကို စိတ်ရှည်မှ အဆင်ပြေနိုင်မယ့် ဇာတ်လမ်းပါ။
ကျွန်တော်အပါအ၀င် ယောက်ျားဆိုတဲ့ သတ္တ၀ါတွေကတော့ သည်ကိစ္စမှာ အင်မတန် အတတ်ဆန်းထွင်ချင်တတ်ကြပါတယ်။ သည်ကိစ္စအတွက်ဆိုရင် အင်မတန်လည်း အပင်ပန်းခံချင်တတ်ကြသလို ဂျီလည်း အင်မတန် ကျတတ်ချင်တယ်။ကျွန်တော်ကတော့ အားမပေးဘူး။ မလုပ်ဖူးလို့ အရသာ မသိလို့လို့တော့ လာမပြောကြေးပေါ့ဗျ။ လုပ်ဖူးတဲ့ ဟိုဘက် လေယာဉ်ကွင်း ကွင်း ၂၀ လောက်တောင် လွန်ပါသေးတယ်။ သို့ပေမယ့် ကျွန်တော် မကြိုက်ဘူး။ကျွန်တော့်မူက ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြေးဆိုတဲ့ မူပဲ။ ကိုယ့်ကို အဲလို လုပ်လာရင်လည်း ကြိုက်မှာ မဟုတ်ဘူး။ အဲတော့ ကိုယ်မကြိုက်တဲ့ အလုပ်ကို သူများကိုလည်း ဇွတ်မကြိုးစားဘူး။ သူ့ဘာသာ နဂိုကတည်းက အကျင့်ရှိပြီးသားဆိုရင်တော့လည်း တစ်မျိုးပေါ့။ အဲလိုမှ မဟုတ်ဘဲ ကိုယ်က စွန့်ဦးတီထွင် လုပ်ငန်းရှင် လုပ်ဖို့တော့ ၀ါသနာကို မပါတာ။
ဝါသနာပါတဲ့ သူတွေကိုလည်း အပြစ်မတင်ပါဘူး။ သို့သော် စွန့်ဦးတီထွင်ချင်ရင်တော့ ကိုယ်ချင်းစာစိတ်ကလေးတွေ မွေးကြပါလို့သာ တိုက်တွန်းချင်ပါတယ်။လက်ခံချင်မှ လက်ခံကြပါလေ

ဆရာ အတ္တကျော်

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၏ သမီးဖြစ်သူမှ အဖြစ်မှန် ရှင်းလင်း




ဖတ်ဖြစ်အောင် ဖတ်ပေးစေချင်ပါတယ်...

ဒီနေ့ ဒီ Post ကိုတင်တာ နားလည်မှုမရှိတဲ့ လူအချို့ ရဲ့  လုပ်ရပ် ကြောင့် ကျွှန်မ မိသားစု နဲ့ အသိုင်းအ၀ိုင်းတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာအတွက်ပါ။
ဟုတ်ပါတယ်..ကျွှန်မ ဖေဖေ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ပါ။

ကျွှန်မနဲ့  ကျွှန်မချစ်သူက လွန်ခဲ့ သော ၁ နှစ်လောက်ထဲက မိဘတွေရဲ့
ခွင့်ပြုချက်နဲ့ နှစ်ဦးသဘောတူ လက်မှတ်ထိုး လက်ထပ်ခဲ့ ကြပါတယ်။ကျွှန်မ တို့ က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ်ပိုင်ဘ၀တစ်ခုကို တည်ထောင် ချင်ခဲ့ တာပါ။

ကိုယ့် ရဲ့ ဝင်ငွေ၊လုပ်အားခ တွေ နဲ့ လက်ထပ်ပွဲ ကိုကျင်းပဖို့  တိုင်ပင်ခဲ့ ၊ကြိုးစားခဲ့ ကြတယ်။ လာမယ့်  2014 April မှာ တရားဝင်လူသိရှင်ကြား ကျင်းပါဖို့  ပါ စီစဉ်ပြီးသားပါ။

အဲဒါကြောင့်လည်း နှစ်ဘက်မိဘ နဲ့  မိတ်ဆွေတစ်ချို့ ကလွဲ၇င် ဘယ်သူ့ ကို မှ အသိမပေးဖြစ်ခဲ့ပါဘူး။ ကျွှန်မခင်ပွန်းလောင်းဟာလည်း အခုထင်နေကြသလို ဘာသာမတူတဲ့ လူမျိုးတစ်ယောက်မဟုတ်ပါဘူး။

အထူးသဖြင့် ကျွှန်မ တို့ နှစ်ယောက် ကို ထိခိုက်တာထက် ဖေဖေ့ ရဲ့  ဂုဏ်သိက္ခာ အများကြီးထိခိုက်စေခဲ့ပါတယ်။

ကျွှန်မတစ်ခုလောက်ပြောပါရစေ၊ အဲဒီ Page၊ အဲဒီ Post တွေကို ရေးတဲ့သူတွေက ကျွှန်မတို့  မိသားစု၊ အသိုင်းအ၀ိုင်း
ဂုဏ်သိက္ခာ ကျရစဉ် .သူတို့  အတွက် ဂုဏ်သိက္ခာ နဲ့  တန်ဖိုး တက်နေကြမယ်ဆိုရင်တော့..ကျွှန်မတို့ စိတ်မကောင်းစွာနဲ့ လွဲမှားနေတဲ့  သတင်းတစ်ခု ကို အမှန်ယူနေတဲ့ လူတစ်ချို့ရှေ့ မှာတော့  မျက်နှာပျက်စွာဆက်ရှိနေရမှာပါ၊

အားလုံးမှာလည်း မိဘ နဲ့  မိသားစု ဆိုတာရှိကြပါတယ်။ မိဘချင်း ၊မိသားစု ချင်း ကိုယ်ချင်းစာပေးစေချင်တာပါ။ အခုလိုမျိုး ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ရဲ့ 
သမိးက ကုလား တစ်ယောက်နဲ့  ဖြစ်နေပါတယ် ဆိုတဲ့  မမှန်ကန်တဲ့  သတင်း၊ စွပ်စွဲချက်တွေ ဟာ တကယ်တန်း စဉ်းစားတတ်သူ၊ဆင်ခြင်တတ်သူ တွေ အဖို့  ပြန်သုံးသပ်ကြည့်ကြပါ။

အပြင်ပန်း မြင်တဲ့ အမြင်တစ်ခု နဲ့ ဒီလိုမခိုင်လုံတဲ့ 
အကြောင်းကို ကို့ ယ် Page နာမည်ကြီးချင်ရုံသက်သက်နဲ့ တစ်သက်လုံး ထိန်းသိမ်းလာတဲ့ ..ကာယကံရှင်တွေ၊သူတို့ ရဲ့ မိသားစု အသိုင်း အ၀ိုင်းတွေရဲ့  ဂုဏ်သိက္ခာကိုတိုက်ခိုက်တာမျိုးတော့ မဖြစ်သင့်ပါဘူး ။

အဲဒီလိုပဲ..အကြောင်းအရင်းကို မသိဘဲနဲ့ ...ဘာမှန်းကိုမသိဘဲနဲ့ 
ရိုင်းစိုင်းစွာ Comment ပေးတဲ့ လူတွေ..Share လုပ်လိုက်တဲ့ လူတွေကိုလည်းတစ်ခုမေးချင်ပါတယ်...

လူအချင်းချင်းဖေးမရမယ့် အစား ၊ ကိုယ့်နှမ ကိုပြန်လှန်ဆဲပြတဲ့  အဖြစ်ကရှင်တို့ တွေ အတွက်ကော တန်ဖိုးတွေများတက်သွားပါသလားရှင် ?
ဒါတွေကို နားလည်တယ်ဆိုရင် ကျွှန်မရဲ အဖေကို ခေါင်းစဉ်တတ်ပြီး လူမျိုးရေး၊ဘာသာရေး ပြသနာ တွေကြားရောက်အောင်
သွေးမဆောင်သင့်ဘူး...ကျွှန်မပြောတာတွေ ကိုနားလည်လက်ခံတယ်ဆို ရင် အောက်ကလင့် မှာရှိနေတဲ့ သတင်းမှားတွေ ၊ Share တွေ ရပ်တန့် သင့်ပြီလို့ ပြောချင်ပါတယ်။

Original Post Is Here
https://www.facebook.com/moieverything/posts/402298409916622

တရုတ်ကမြန်မာအပေါ်အပေါ့သွား၍မီးတင်ရှို့မှုဖြစ်ပွား




လုပ်ခသွားတောင်းသူတွေကို သေးပန်းတဲ့ တရုတ်တွေရဲ့ CNPC ရုံးခွဲ မီးရှို့ခံရ

လုပ်ခတောင်းသူတဲ့သူတွေကို ရုံးပေါ်ကနေ သေးနဲ့ပန်းချတဲ့ အတွက် တရုတ် CNPC ရဲ့ ရုံးခွဲ တစ်ခုကို ဒီလ ၂၆ ညနေပိုင်းက ဒေသခံတွေက မီးရှို့လိုက်ကြတယ်လို့ သိရပါတယ်။ ဒေသခံ ကျေးရွာသား တစ်ဦးပြောတာကတော့ အခု မီးရှို့ခံရတဲ့ တရုတ် CNPC ရုံးခွဲဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဆင်ခုံးတိုင်းကျေးရွာမှာ တည်ရှိတယ်လို့ ပြောပါတယ်။ ဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး သူက ပြောကြားရာမှာ လုပ်ခ သွားတောင်းတဲ့ ရွာသားတွေ ရုံးအောက်မှာ စုရုံးနေချိန်မှာ တရုတ်ဝန်ထမ်း တစ်ဦးက ရုံးပေါ်ကနေ သေးပန်းချတယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ မကျေနပ်တဲ့ အတွက် ခုလို မီးရှို့လိုက်ကြတာဖြစ်တယ်လို့ ပြောပါတယ်။ ရွာသားတွေက သေးပန်းခံရတဲ့နောက်မှာ ၀ိုင်းဝန်းတိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့ အတွက် တရုတ်ဝန်ထမ်းတွေ ထွက်ပြေးသွားတဲ့ နောက်မှာ တရုတ်ဝန်ထမ်းတွေနေတဲ့ ရုံးခွဲ တစ်ခုနဲ့ ဆီပီပါတွေကို ရွာသားတွေက မီးရှို့လိုက်တယ်လို့ သူက ဆိုပါတယ်။ တရုတ်ဝန်ထမ်းတွေဟာ အစိုးရ အချင်းချင်း လုပ်တဲ့ စီမံကိန်းတွေ ဖြစ်တယ်ဆိုပြီး ဘယ်သူကိုမှ ဂရုမစိုက်သလို ဘယ်မြန်မာ အစိုးရ အရာရှိမှလည်း သူတို့ကို မပြောဝံ့တာကြောင့် ဒေသခံ လုပ်သားတွေ အပေါ်မှာ မချေမငံ ဆက်ဆံတာတို့၊ ရိုင်းပျစော်ကားတာတွေ ပြုလုပ်နေတာတွေ ကြာပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ ခုလို ဆက်ဆံပြုမူနေတာတွေကို အရင်ကလည်း တိုင်းတန်းတာတွေ ရှိပေမယ့် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့်ရှိသူတွေက ဘာတစ်ခုမှ ၀င်ရောက်ပြောဆိုတာတွေ မရှိဘူးလို့လည်း လူမူရေး လူပ်ရှားနေသူတွေက ပြောပါတယ်။ ဒါ့ပြင် လုပ်အားခ လျှော့ပေးတာတို့၊ လုပ်အားခတွေကို ပုံမှန် မရှင်းပေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းအရ အခင်းဖြစ်ပွားတဲ့ ဆင်ခုံးတိုင်ရွာကို ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့က ရဲတွေ ရောက်ရှိနေပြီး ဖမ်းဆီးတာ တချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း


အမျိုးသား တွေမှာ ရောဂါ ဝေဒနာ ခံစား ရတာနဲ့ ဆေးကုသမှု ခံယူရတာ တွေကြောင့် လိင်စိတ်လျော့ နည်းမှု ဖြစ်တတ် ပါတယ်။

အမျိုးသား တွေမှာ လိင်စိတ် ဆန္ဒလျော့ နည်းမှု ဖြစ်စေတဲ့ အကြောင်းရင်း တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

- ပန်းသေ ပန်းညှိုးရောဂါ

ပန်းသေတာ ဒါမှမဟုတ် ပန်းသေ ပန်းညှိုး ရောဂါဟာ လိင်စိတ် လျော့နည်း တာနဲ့ မတူပါဘူး။ လူငယ် ခုနစ်ရာခိုင်နှုန်း ကသာ ပန်းသေ ပန်းညှိုး ဖြစ်တတ် ကြပါတယ်။ ပန်းသေ ပန်းညှိုး ရောဂါက အသက်ကြီးလာ လေလေ၊ ဖြစ်နိုင်ခြေ ပိုများ လေလေပါ။ အသက် ၄၀ အရွယ်မှာ ပန်းသေ ပန်းညှိုးဖြစ်နိုင် ခြေ ၁၂ ရာခိုင်နှုန်း၊ အသက် ၅၀-၅၉ နှစ်အရွယ်မှာ ရောဂါ ဖြစ်နိုင်ခြေ ၁၈ ရာခိုင် နှုန်းနဲ့ အသက် ၆၀ ကျော် အရွယ်မှာ ရောဂါဖြစ် နိုင်ခြေ ၂၅-၃၀ ရာခိုင်နှုန်း အထိ သိသိသာသာ မြင့်တက်လာ ပါတယ်။ ပန်းသေ ပန်းညှိုးရောဂါနဲ့ စိတ်ဖိစီးမှုက အပြန်အလှန် ဆက်နွှယ် မှုရှိပြီး လိင်စိတ်လျော့ နည်းမှုကို ဖြစ်စေနိုင်ပါတယ်။ သတင်းကောင်း အနေနဲ့ ပန်းသေ ပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဆေး ကုသမှု ခံယူနိုင် ပါတယ်။

- ပူပင်သောကများလွန်းခြင်း

အမျိုးသားတွေမှာ ပူပင်သောက များလွန်းတဲ့ အခြေအနေကြောင့် သုက်လွှတ် စောတာမျိုး ဖြစ်တတ် ပါတယ်။ အဲဒီလို ဖိအားများတဲ့အခါ လိင်စိတ်လျော့ နည်းမှု ဖြစ်ပေါ် တတ်ပါတယ်။

- စိတ်ဖိစီးမှုများခြင်း

လုပ်ငန်းခွင် စိတ်ဖိစီးမှု များပြီး စိန်ခေါ် လုပ်ကိုင်ရ တဲ့အခါ အောင်မြင်အောင် မလုပ်ဆောင် နိုင်ရင် အမျိုး သားတွေက ကိုယ့်ကိုယ်ကိုယ် လေးစား စိတ်လျော့နည်း လာပါတယ်။ ဒီအတွက် ကြောင့်လည်း အိမ်ထောင် ရေးမှာ မသာယာတဲ့ အဖြစ်မျိုး တွေ့ကြုံ နိုင်ပါတယ်။

- ကျန်းမာရေး အခြေအနေ

အမျိုးသား တွေမှာ နာတာရှည် ရောဂါ ဝေဒနာ တွေကြောင့် လိင်မှုဘဝကို ထိခိုက်စေနိုင် ပါတယ်။ ကင်ဆာနဲ့ စိတ်ကျ ရောဂါတို့လို ပြင်းထန်တဲ့ နာမကျန်း မှုတွေကြောင့် လိင်စိတ်ကို လျော့ကျ စေနိုင်ပါတယ်။ နှလုံးသွေး ကြောရောဂါ၊ သွေးတိုး ရောဂါနဲ့ ဆီးချိုရောဂါ တွေကြောင့် မျိုးပွား အင်္ဂါအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး ဆီကို သွေးရောက် ရှိမှု လျော့နည်းသွား ပြီး လိင်စိတ်လျော့နည်း စေပါတယ်။ အရက်စွဲ တာနဲ့ အရက်ကို အလွန်အမင်း သောက် သုံးတာ ကြောင့်လည်း လိင်ဆန္ဒကို လျော့ပါး စေပါတယ်။ သိုင်းရွိုက် ပြဿနာနဲ့ ပီကျူထရီဂလင်း အကျိတ် ရှိတာ ကြောင့်လည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။

- ဆေးကုသမှု

စိတ်ကျဝေဒနာ ကုသဆေး SSRI ဟာ လိင်စိတ်ကို ဟန့်တားနိုင်သလို သွေးတိုးကျဆေး ကလည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။ မူးယစ် ဆေးတွေ သုံးရင်လည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။

- အိမ်ထောင်ရေး အဆင်မပြေခြင်း

မပျော်ရွှင်တဲ့ အိမ်ထောင်ရေး အခြေအနေကြောင့် အမျိုးသား တွေမှာ လိင်စိတ်လျော့နည်းမှု ဖြစ်ရသလို အိပ်ခန်း ထဲကို ဒေါသနဲ့ စိတ်ပျက်လက်ပျက် ဖြစ်ကာ စိတ်ကုန်တဲ့ အတွေးတွေ ယူဆောင် သွားတာကြောင့် လိင်စိတ်လျော့နည်း ရတတ်ပါတယ်။

- မွေးကင်းစ ကလေးငယ် ပြုစု စောင့်ရှောက်ရခြင်း

တချို့ အမျိုးသားတွေ အတွက် ကလေးငယ်မွေး ဖွားပြီးနောက် လိင်ဆန္ဒအတွက် အဟန့်အတား ဖြစ်လာ ပါတယ်။ မွေးကင်းစ ကလေးငယ်ကို ပြုစုစောင့် ရှောက် ရတဲ့အတွက် ပင်ပန်းမှုကြောင့် လိင်စိတ် လျော့နည်း ရတတ် ပါတယ်။

ကေအမ်

အမေရိကန်နှင့် ဗြိတိသျှသူလျှိုများက မိုဘိုင်းဖုန်းများ၏ Application များထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ပုဂ္ဂိုလ်ရေး အချက်အလက်များရယူ




(Photo:EPA)


အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) နှင့် ဗြိတိန်နိုင်ငံမှ ထောက်လှမ်းရေးအေဂျင်စီတို့သည် ပုဂ္ဂိုလ်ရေး အချက်အလက်များ ရယူရန်အတွက် မိုဘိုင်းဖုန်းများ၏ application များထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဇန်နဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းသည် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး အချက်အလက်များကို ဖွင့်ချခဲ့သူ အက်ဒဝပ်စနိုးဒင်ထံမှ ရရှိသော အထောက်အထားများဖြင့် နောက်ဆုံးဖော်ထုတ်ချက်များ ဖြစ်လာသည်။ NSA နှင့် ဗြိတိန်နိုင်ငံ၏ အစိုးရဆက်သွယ်ရေးရုံးချုပ်ဟုခေါ်သော ထောက်လှမ်းရေးအေဂျင်စီတို့သည် Google Maps သို့မဟုတ် Facebook၊ Twitter နှင့် အခြားဆားဗစ်များ၏ မိုဘိုင်းဗားရှင်းများ ကဲ့သို့သော စမတ်ဖုန်း app များထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းကို အသုံးပြုလျက် တည်နေရာနှင့် အခြားလျှို့ဝှက် အချက်အလက်များကို ရယူခဲ့သည်ဟုဆိုသည်။

ယခင် မီဒီယာများ၏ ဖော်ထုတ်ချက်များအရ NSA သည် အကြမ်းဖက်သမားဟု မသင်္ကာဖွယ်လူများနှင့် အခြားထောက်လှမ်းရေး ပစ်မှတ်များကို စောင့်ကြည့်လေ့လာရန်အတွက် ဖုန်းမှတ်တမ်းများ၊ SMS Text Message များ၊ အွန်လိုင်းဂိမ်းများနှင့် အခြားအင်တာနက် လိုင်းကြောင်းများထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

တစ်စုံတစ်ဦးသည် application တစ်ခုကို ဖွင့်လိုက်သည့်အခါ သို့မဟုတ် လူကြိုက်များသည့် ဂိမ်းတစ်မျိုးဖြစ်သော Angry Birds ကို ကစားသည့်အခါ သို့မဟုတ် Google Maps ကို စစ်ဆေးလိုက်သည့်အခါ သူလျှိုအေဂျင်စီများသည် အသုံးပြုသူ၏ တည်နေရာ၊ အသက်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိပ်စာများစာရင်းနှင့် အခြားအချက်အလက်များကို ရယူလိုက်နိုင်ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြသည်။

app များနှင့်ပတ်သက်သည့် သူလျှိုလုပ်မှု အတိုင်းအတာကိုလည်းကောင်း၊ သူလျှိုလုပ်မှု အသေးစိတ် အချက်အလက် များစွာကိုလည်းကောင်း ရှင်းရှင်းလင်းလင်း သိရှိရခြင်း မရှိဟု နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။ ယခုကိစ္စနှင့်ပတ်သက်၍ NSA က ငြင်းဆိုခြင်းမရှိသော်လည်း သာမန်ပြည်သူများအပေါ် သူလျှိုလုပ်ခြင်းမရှိသည်မှာ လအတန်ကြာခဲ့ပြီ ဖြစ်ကြောင်းနှင့် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို လေးစားကြောင်း ထပ်မံပြောကြားခဲ့သည်။

Ref:AFP

၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာ့စမတ်ဖုန်းရောင်းအား အလုံးရေ တစ်ဘီလျံကျော်ခဲ့






စမတ်ဖုန်းအလုံးရေ ၁ ဘီလျံကျော် တင်ပို့ရောင်းချခဲ့ရသဖြင့် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်သည် ၂ဝ၁၃ ခုနှစ်အတွင်း သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည်ဟု ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန်ခဲ့သော ဈေးကွက်သုတေသနလုပ်ငန်း IDC ၏ လေ့လာမှုတစ်ရပ်တွင် ဖော်ပြခဲ့သည်။

ယင်းရောင်းအားတွင် ၃၁ ဒသမ ၃ ရာခိုင်နှုန်းမှာ ဆမ်ဆောင်း၏ရောင်းအားဖြစ်ပြီး ရောင်းအား ၁၅ ဒသမ ၃ ရာခိုင်နှုန်းရှိသည့် အက်ပဲလ်ကို ကျော်လွန်ကာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းအရောင်းလုပ်ငန်းအဖြစ် ဆမ်ဆောင်းကုမ္ပဏီက ဆက်လက်ရပ်တည်နိုင်ခဲ့သည်ဟု သိရသည်။

မိုဘိုင်းဖုန်းကုမ္ပဏီများသည် ယခင်နှစ်အတွင်း စမတ်ဖုန်းအလုံးရေ ၁ ဒသမ ဝဝ၄ ဘီလျံ ရောင်းချခဲ့ရပြီး ၂ဝ၁၂ ခုနှစ်ကထက် ရောင်းအား ၃၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု IDC ကထုတ်ပြန်ခဲ့သည်။ စုစုပေါင်း မိုဘိုင်းဖုန်းရောင်းအား ၁ ဒသမ ၈ ဘီလျံတွင် ၅၅ ရာခိုင်နှုန်းမှာ စမတ်ဖုန်းများဖြစ်သည်ဟု သိရသည်။

“၂ဝ၁၁ ခုနှစ်အတွင်းက အလုံးရေ ၄၉၄ ဒသမ ၄ လုံးရောင်းချခဲ့ရတဲ့ ကမ္ဘာ့စမတ်ဖုန်းရောင်းအားဟာ နှစ်နှစ်အတွင်းမှာ နှစ်ဆတက်လာတာဖြစ်ပါတယ်။ ဒါဟာ စမတ်ဖုန်းဝယ်လိုအားမြင့်မားပြီး စမတ်ဖုန်းတွေကို အသားပေးတဲ့ မိုဘိုင်းဖုန်းလုပ်ငန်းတွေရဲ့ နည်းဗျူဟာတွေ၊ ၂ဝ၁၃ ခုနှစ်အတွင်း စမတ်ဖုန်းရေပန်းစားမှုကို သက်သေပြနေပါတယ်” ဟု IDC သုတေသီရေမန်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားနည်းပညာလုပ်ငန်း ဆမ်ဆောင်းသည် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် ဈေးကွက်ဝေစု ၄၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ထိပ်တန်းအဆင့် ၁ နေရာကို ဆက်လက်ရယူနိုင်ခဲ့သည်ဟု IDC က ဖော်ပြခဲ့သည်။ နံပါတ် ၂ နေရာတွင် ရပ်တည်နေသည့် အမေရိကန် နည်းပညာလုပ်ငန်း အက်ပဲလ်သည် ၁၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ဈေးကွက်ဝေစု ကျဆင်းခဲ့သည်။ တရုတ်နည်းပညာကုမ္ပဏီ ဟွားဝေက ဈေးကွက်ဝေစု ၄ ဒသမ ၉ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့ပြီး တောင်ကိုရီးယားကုမ္ပဏီ အယ်လ်ဂျီက ၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီ လီနိုဗိုက ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အဆင့် ၄ နှင့် အဆင့် ၅ နေရာတို့တွင် အသီးသီး ရပ်တည်ခဲ့သည်။

အမေရိကန်၊ ဥရောပနှင့် တရုတ်အပါအဝင် အဓိကဈေးကွက်များတွင် အန်းဒရွိုက်စနစ်သုံး စမတ်ဖုန်းရောင်းအားသည် အက်ပဲလ်၏ အိုင်ဖုန်းရောင်းအားကို ဆက်လက်ကျော်လွန်လာသည်ဟု ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်သည့် အခြားလေ့လာမှု တစ်ရပ်တွင်လည်း ဖော်ပြခဲ့သည်။

Ref:AFP

Air KBZ လိုင်းမှ လေယာဉ်တစ်စင်း စက်ချို့ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်တွင် ပြန်လည်ရပ်နားခဲ့ရ




စက်ချို့ယွင်းခဲ့သည့် Air KBZ လေကြောင်းလိုင်းမှ K7-266 လေယာဉ်အား တွေ့ရစဉ်


ဇန်န၀ါရီ ၂၈ ရက်၊ နံနက် ၈ နာရီခန့်က ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ်ပျံသန်းသော Air KBZ လေကြောင်းလိုင်းမှ ခရီးသည် ၆၅ ဦးလိုက်ပါလာသော K7-266 လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ခရီးစဉ်ပျံသန်းရန် လေဆိပ်ပြေးလမ်းပေါ်အရောက် System error ကြောင့် ဆက်လက်ပျံတက်ခြင်း မပြုနိုင်ဘဲ ရန်ကုန်လေဆိပ် လေယာဉ်ရပ်နားရာနေရာသို့ ပြန်လှည့်လာခဲ့ရကြောင်း သိရသည်။

“လေယာဉ်က ပြေးလမ်းပေါ်မှာ System error ကြောင့် ပျံမတက်နိုင်ဘဲ လေယာဉ်ရပ်နားရာနေရာသို့ ပြန်လှည့်လာခဲ့ရပါတယ်။ လေယာဉ်ရပ်နားပြီးချိန်မှ အပူလွန်ကဲပြီး မီးခိုးတွေ အူထွက်ခဲ့တာပါ။ ခရီးသည်တွေ တစ်ဦးမှ ထိခိုက်မှုမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ အခုခရီးသည်တွေကို အခြားလေယာဉ်တစ်စင်းနဲ့ ပို့ဆောင်ပေးပြီးပါပြီ။ လေယာဉ်ကိုလည်း စစ်ဆေးမှုတွေ လုပ်ပြီးပါပြီ” ဟု Air KBZ လေကြောင်းလိုင်းမှ GM ကိုမြတ်သူက ပြောပြသည်။

“လေယာဉ်က ပြေးလမ်းပေါ်မှာ ဘရိတ်ရှူးငြိသွားလို့ မီးခိုးတွေ အူထွက်လာခဲ့တယ်။ ဒါကြောင့်မို့ ပိုင်းလော့က ဆက်လက်ပျံတက်ခြင်းမပြုဘဲ လေယာဉ်ရပ်နားရာကို ပြန်လှည့်လာခဲ့ပါတယ်။ လေယာဉ်ကို ရပ်နားပြီးချိန်မှာ မီးသတ်တွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်းထိန်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုင်းက မြန်မာနိုင်ငံတွင် ၀င်ရောက်မြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော်ရှိပြီး လုပ်ငန်းငယ်များပါ ထပ်မံမြှုပ်နှံနိုင်ရန် ဆောင်ရွက်သွားမည်ဟု ထိုင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့တာဝန်ရှိသူ ပြောကြား


ချမ်းမြေ့သူ

ထိုင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့မှ ဦးဆောင်ခေါ်ယူလာသည့် ထိုင်းလုပ်ငန်းရှင်များနှင့် မြန်မာလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးနေစဉ်


ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံတွင် ၀င်ရောက်မြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော်ရှိပြီး လုပ်ငန်းအသေးများပါ ထပ်မံမြှုပ်နှံနိုင်ရန် ဆောင်ရွက်သွားမည်ဟု ထိုင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့မှ Deputy Secretary General ဖြစ်သူ Mr Chokedee Kaewsang က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ထိုင်းလုပ်ငန်းရှင်များမှ စိတ်ဝင်စားလျက်ရှိနေပြီး ၀င်ရောက်မြှုပ်နှံရာတွင် လုပ်ငန်းစီမံကိန်းကြီးများတွင် မြှုပ်နှံမှုပြုလုပ်သကဲ့သို့ ကုန်ထုတ်လုပ်ငန်း အပါအ၀င် အသေးစား အလတ်စား လုပ်ငန်းများတွင်လည်း မြှုပ်နှံမှုပြုလုပ်ရန်အတွက် လာရောက်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆွေးနွေးပွဲတစ်ခုတွင် ထိုင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့မှ Deputy Secretary General ဖြစ်သူ Mr Chokedee Kaewsang က “မြန်မာနိုင်ငံရဲ့ လုပ်ငန်းကဏ္ဍအစုံမှာ ၀င်ရောက်မြှုပ်နှံဖို့အတွက် ထိုင်းလုပ်ငန်းရှင်တွေကို ဆွေးနွေးမှုတွေနဲ့အတူ မြန်မာက လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်အောင် ဆောင်ရွက်သွားမယ်။ ပထမအဆင့်မှာတော့ နှစ်နိုင်ငံလုပ်ငန်းရှင်တွေ လုပ်ငန်းတူအဆက်အသွယ်တွေ ရရှိနိုင်မှာဖြစ်ပြီး နောက်ပိုင်းလုပ်ငန်းအကျိုးတူ ဆောင်ရွက်မှုတွေ များလာတဲ့အခါ မြန်မာနိုင်ငံမှာ စက်ရုံတွေလာရောက် တည်ထောင်တာမျိုး စတဲ့ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ စတင်ပြဋ္ဌာန်းခဲ့သည့် အချိန်မှစ၍ ယခု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ထိုင်းနိုင်ငံအနေဖြင့် လုပ်ငန်းပေါင်း ၃၃ ခုတွင် ဒေါ်လာ ၂ ဒသမ ၈၇၆ ဘီလျံကျော် မြှုပ်နှံမှုပြုလုပ်ထားပြီး မြန်မာနိုင်ငံတွင် မြှုပ်နှံမှုပြုလုပ်ထားသည့် နိုင်ငံများအနက် စတုတ္ထနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၃ ခုနှစ်အတွင်း ထိုင်းလုပ်ငန်းရှင်များမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရ လုပ်ကိုင်မည့် စိုက်ပျိုးရေး၊ စားသောက်ကုန်၊ လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း၊ အိမ်သုတ်ဆေး ထုတ်လုပ်ရောင်းချခြင်း စသည့်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။


H7N9 ဗိုင်းရပ်စ်တွေ့ရှိပြီးနောက် ဟောင်ကောင်တွင် ကြက်အကောင်၂၀၀၀၀ သုတ်သင်




ဟောင်ကောင်တွင် ဇန်န၀ါရီ ၂၈ ရက်က ကြက်သေများကို ရှင်းလင်းနေသော တာဝန်ရှိသူများ (Photo:AFP)


ဟောင်ကောင်တွင် H7N9 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ကို တရုတ်မှတင်သွင်းသော ကြက်များတွင် စစ်ဆေးတွေ့ရှိပြီးနောက် ကြက်အကောင် ၂ဝ,ဝဝဝ သုတ်သင်မှုကို ဇန်နဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည်ဟု အာဏာပိုင်များက ကြေညာခဲ့သည်။

ယင်းဗိုင်းရပ်စ်ကို ဟောင်ကောင်ရှိ ချောင်ရှာဝမ်လက်ကားဈေး၌ တရုတ်ပြည်မကြီးမှ တင်သွင်းသောကြက်များတွင် ဇန်နဝါရီ ၂၇ ရက်က စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းနောက် ၎င်းဈေးရှိ ကြက်များကို စတင်သုတ်သင်ခြင်းဖြစ်ကြောင်း ဟောင်ကောင်မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ ယင်းကြက်များကို ဆေးထိုးသတ်ပြီးနောက် မြေမြှုပ်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ယင်းသုတ်သင်ရှင်းလင်းမှုကို ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် စတင်ခဲ့ပြီး ၁ဝ နာရီခန့် ကြာမြင့်မည်ဖြစ်သည်။

ရောဂါပိုးသတ်ရန်အတွက် ချောင်ရှာဝမ်ဈေးကို ၂၁ ရက်အကြာ ပိတ်ထားမည်ဖြစ်သည်။ ချောင်ရှာဝမ်ဈေးသည် ဟောင်ကောင်ရှိ တစ်ခုတည်းသော ကြက်ဘဲလက်ကားဈေးဖြစ်ပြီး စစ်ဆေးမှုရလဒ် မထွက်ရှိသေးသည့် ကြက်များကို ထိန်းသိမ်းထားရာ နေရာတစ်ခုလည်းဖြစ်သည်။ ဟောင်ကောင်တွင် ကြက်ဘဲမွေးမြူရေး လုပ်ငန်းများမှ ကြက်ဘဲဈေးများသို့ ကြက်တင်သွင်းရောင်းချမှုများကိုလည်း ဆိုင်းငံ့ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာကတည်းက ဟောင်ကောင်တွင် H7N9 ဗိုင်းရပ်စ်ကြောင့် လူနှစ်ဦး သေဆုံးပြီးနောက်ပိုင်း ယင်းဗိုင်းရပ်စ်နှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာသည်။ ယင်းသေဆုံးသူ နှစ်ဦးစလုံးမှာ တရုတ်ပြည်မကြီးမှ ပြန်လာသူများဖြစ်သည်။

ယင်းနောက် တင်သွင်းကုန်များ အထူးသဖြင့် တရုတ်ပြည်မကြီးမှ တင်သွင်းကုန်များ၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ အများပြည်သူ၏ စိုးရိမ်မှု မြင့်တက်လာခဲ့သည်။ ဟောင်ကောင်သို့တင်သွင်းသည့် ကြက်ဘဲအရှင်များကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးပြီးနောက် ရက်အနည်းငယ်အကြာ ချောင်ရှာဝမ်ဈေးတွင် H7N9 ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

Ref:AFP

ပဋိပက္ခတင်းမာမှု ပြေလျော့စေရေးအတွက် ယူကရိန်းဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်





၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် မြို့တော်ကိဗ်ရှိ ပါလီမန်တွင် ရာထူးမှနုတ်ထွက်ရန် မဲခွဲမှုအပြီး အမတ်များကို နှုတ်ဆက်နေသော ယင်းအချိန်က ယူကရိန်းဝန်ကြီးချုပ် အဇာရော့ဗ် (Photo:AFP)


ယူကရိန်းတွင် ပဋိပက္ခဆိုးရွားစွာ ဖြစ်ပွားနေမှုကို ပြေလျော့စေရန်နှင့် ညီညွတ်မှုခိုင်မာစေရန် ကြိုးပမ်းမှုအဖြစ် ယူကရိန်းဝန်ကြီးချုပ် မိုင်ကိုလာအဇာရော့ဗ်က ဇန်န၀ါရီ ၂၈ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ကြောင်း သိရသည်။ ယူကရိန်းသမ္မတ ဗစ်တာယာနူကိုဗစ်က ထောက်ခံခဲ့သော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များနှင့် သဘောတူညီချက်များအပေါ် ပါလီမန်က မဲခွဲဆုံးဖြတ်ရန် စီစဉ်နေချိန်တွင် အဇာရော့ဗ်က သူ၏ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက်အရ ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းမြို့တော်ကိဗ်ရှိ လွတ်လပ်ရေးရင်ပြင်တွင် အခြေစိုက်ကာ ဆန္ဒပြမှု ပြုလုပ်နေသူများ၏ အဓိကတောင်းဆိုချက် တစ်ခုဖြစ်သော ၀န်ကြီးချုပ် နုတ်ထွက်ပေးရေး အချက်ကို အဇာရော့ဗ်က လိုက်လျောခဲ့ခြင်းလည်းဖြစ်သည်။ မိမိနုတ်ထွက်မှုသည် ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးအရ ညှိနှိုင်းမှု တစ်ခုအတွက် ဖြစ်နိုင်ခြေတစ်ခု ဖန်တီးနိုင်မည်ဟု မျှော်လင့်ကြောင်း အဇာရော့ဗ်က ပြောကြားခဲ့သည်။

အဇာရော့ဗ်နုတ်ထွက်မှုနှင့် ပတ်သက်ပြီး အတိုက်အခံများဘက်မှ မှတ်ချက်ချက်ချင်း မထွက်လာသေးပေ။ အတိုက်အခံပါတီ တစ်ခုဖြစ်သော Fatherland ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ယင်းနုတ်ထွက်မှုကို သမ္မတယာနူကိုဗစ်က အတည်ပြုကြောင်း သတင်းကိုစောင့်ဆိုင်းနေသည်ဟု ပြောကြားခဲ့သည်။

အဇာရော့ဗ် ရာထူးမှမနုတ်ထွက်မီ အစိုးရနှင့် အတိုက်အခံတို့အကြား တွေ့ဆုံဆွေးနွေးပွဲများတွင် သမ္မတယာနူကိုဗစ်က အတိုက်အခံခေါင်းဆောင်တို့အား ၀န်ကြီးချုပ်ရာထူး ကမ်းလှမ်းခဲ့သည်။ သို့သော် အတိုက်အခံ အဓိကခေါင်းဆောင်များဖြစ်သော UDAR (Punch) ပါတီခေါင်းဆောင် ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း ဗစ်တာကလက်ရှ်ကိုနှင့် Fatherland ပါတီခေါင်းဆောင် အာဆင်နီယတ်ဆင်ယက် နှစ်ဦးစလုံးက ပယ်ချခဲ့ကြောင်း သိရသည်။

ယူကရိန်းမြို့တော်ကိဗ်ကို စစ်မြေပြင်အသွင် ပြောင်းလဲသွားစေခဲ့သော အချိန်နှစ်လခန့် ရှိလာခဲ့ပြီဖြစ်သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ အဆုံးသတ်နိုင်ရေးအတွက် အဓိကကျသော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ယာနူကိုဗစ်ကို ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က အကြီးအကျယ် ဖိအားပေးခဲ့သည်။

အတိုက်အခံခေါင်းဆောင်များနှင့် လေးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အငြင်းပွားဖွယ်ဖြစ်ပွားနေသော ဇန်န၀ါရီ ၁၆ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ဆန္ဒပြမှု ပိတ်ပင်ရေးဥပဒေကို ပယ်ဖျက်ရန်နှင့် အစိုးရအဆောက်အအုံများနှင့် လမ်းများပေါ်တွင် ဖမ်းဆီးထောင်ချခံရသော ဆန္ဒပြသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သဘောတူကြောင်း သမ္မတရုံးက ထုတ်ပြန်ပေးခဲ့သည်။

ယူကရိန်းပဋိပက္ခမှာ လာမည့်ဥရောပသမဂ္ဂနှင့် ရုရှားတို့အကြား ထိပ်သီးတွင် အဓိကလွှမ်းမိုးနေမည်ဖြစ်သည်။ ယင်းထိပ်သီးသို့ တက်ရောက်မည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ယူကရိန်းပဋိပက္ခကို ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပမည့် ဆိုချီဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအပေါ် အရိပ်လွှမ်းမိုးနေမည်ကို မလိုလားကြောင်း သိရသည်။

Ref:AFP

ကုလအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းဌာနများသည် ရခိုင်ဒေသပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်နေသကဲ့သို့ ဖြစ်နေဟု မြန်မာအစိုးရရှင်းလင်း




ဇန်န၀ါရီ ၂၈ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် ရခိုင်အရေးကိစ္စနှင့် ပတ်သက်သည့် ရှင်းလင်းပွဲအား တွေ့ရစဉ်


သတင်းအမှားများ အသုံးပြုကာ သတင်းဖော်ပြခြင်း၊ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းဌာနများသည် ရခိုင်ဒေသပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု မြန်မာအစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာ ဖြစ်စဉ်အပေါ် သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား အစိုးရအဖွဲ့ တာဝန်ရှိသူများက ရှင်းပြသည့် အခမ်းအနားကို ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဦးကိုကို၊ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်နှင့် နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်တို့မှ ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်နှင့် ဘင်္ဂလားဒေ့ရှ် သံအမတ်တို့မှ ထပ်လောင်းပြောကြားခဲ့ပြီး အမေရိကန်သံအမတ်မှ မေးခွန်းများမေးမြန်းသည်ကို ဦးဝဏ္ဏမောင်လွင်မှ ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဇန်နဝါရီ ၁၃ ရက်တွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်တွင် အချို့သောမီဒီယာများမှ ရေးသားဖော်ပြသည့်အတိုင်း လူပေါင်းများစွာ အသတ်ခံရမှု မရှိကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် မီဒီယာများအနေဖြင့် ခိုင်မာသည့် သက်သေအထောက်အထားများရှိပါက ပြည်ထောင်စုအစိုးရထံသို့ တင်ပြရန် ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုကလည်း ဒူချီးရားတန်းကျေးရွာ ဖြစ်စဉ်အတွင်း မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း ပျောက်ဆုံးနေကြောင်း၊ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့်အဖွဲ့သည် နယ်မြေလှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ဘင်္ဂါလီလူအုပ်စု၏ တိုက်ခိုက်ခြင်းခံရပြီး လူစုကွဲသွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို ဦးဆောင်သည့် ကေဖိုက်ဒူလာ (၂၃)နှစ်သည် တစ်ဖက်နိုင်ငံရှိ RSO အဖွဲ့တွင် သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး အခင်းမဖြစ်ပွားမီ ၁ဝ ရက်ခန့်က ရောက်ရှိခဲ့၍ ၎င်း၏သူငယ်ချင်းဖြစ်သူများအား သေနတ်ပုံစံတူများ ပြုလုပ်ကာ သေနတ်များကိုင်တွယ် ပစ်ခတ်တက်အောင် သင်ကြားပေးခဲ့ကြောင်း ပြောကြားသည်။

“အဖွဲ့အစည်းများအနေနဲ့ သတင်းများထုတ်ပြန်ရာမှာ လုံလောက်ခိုင်မာတဲ့ အချက်အလက်များပေါ်မှာ မူတည်ပြီး ထုတ်ပြန်သင့်ပါတယ်။ သတင်းအခြေအမြစ်မရှိသော ထုတ်ပြန်ချက်များသည် အခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး တရားဥပဒေ စိုးမိုးရေးကို အဟန့်အတားအဖြစ် ထိခိုက်စေနိုင်သဖြင့် အဖြစ်မှန် ပေါ်ပေါက်လာပါက ဒေသခံပြည်သူကလည်း ခွင့်လွှတ်လက်ခံမည် မဟုတ်သည်ကို သတိပြုစေလိုပါတယ်” ဟု ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သံတမန်များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများအား ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ပျောက်ဆုံးနေသူသည် ရဲတပ်ကြပ်ကြီးတစ်ဦး ဖြစ်သည့်အပြင် ရခိုင်တိုင်းရင်းသားတစ်ဦးလည်း ဖြစ်နေသည့်အတွက် အစိုးရအနေဖြင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် ရာဇဝတ်မှုကို ဖုံးအုပ်ချင်သည့် ပြစ်မှုကျူးလွန်သူများက သတင်းမှားများကို ထုတ်ပြန်ခဲ့သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

“မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးလို့ ကျွန်တော်တို့က သာမန်ရာဇဝတ်မှုတစ်ခု အနေနဲ့ ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ တကယ်ကျတော့ ဒီရာဇဝတ်မှုကို ဖုံးအုပ်ချင်တဲ့အတွက် ပြစ်မှုကျူးလွန်တဲ့သူက သတင်းမှားတွေထုတ်တယ်။ ဒါပေမဲ့ ဒီဟာကို အလွယ်တကူ ယုံတဲ့သူတွေကို ကျွန်တော်ပြောချင်တာက သတင်းဌာနတွေ၊ ယူအန်အေဂျင်စီတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ အဲဒီဒေသမှာရှိခြင်းသည် အဲဒီဒေသမှာရှိတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်အောင်လို့ တည်ငြိမ်သွားအောင်လုပ်ဖို့ သူတို့ရောက်နေတာ။ ဒါပေမဲ့ သူတို့လုပ်တဲ့ဟာက ပိုပြီးတော့ ရှုပ်ထွေးအောင်လုပ်သလို ဖြစ်နေတယ်။ ဒါကိုကျွန်တော်တို့က လက်မခံနိုင်ဘူး” ဟု ဒုတိယဝန်ကြီး ဦးရဲထွဋ်ကဆိုသည်။


ဇန်န၀ါရီ ၂၈ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ဇေယျာနန္ဒ)

ဒူချီးရားတန်းကျေးရွာ ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများက အကွက်ကျကျစီစဉ်ကာ ပြောကြားခဲ့သည့် သတင်းအမှားများကို အလွယ်တကူ ယုံကြည်ပြီး ပြောဆိုနေကြသူများ၊ သတင်းဖော်ပြသည့် သတင်းဌာနများနှင့် သတင်းထုတ်ပြန်မှုပြုလုပ်သည့် အဖွဲ့အစည်းများကြောင့် ရခိုင်ဒေသရှိ လူအုပ်စုနှစ်ခုအကြား မလိုလားအပ်သည့် သံသယများ ဖြစ်ပေါ်လာစေသည်ဟု ဦးရဲထွဋ်က ပြောကြားသည်။

မောင်တောမြို့နယ် ဒူချီးရားတန်းရွာဖြစ်စဉ်နှင့် ပတ်သက်၍ AP သတင်းဌာနနှင့် ဧရာဝတီ သတင်းဌာနတို့က မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာတွင် အကြမ်းဖက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည့်အတွက် မွတ်စလင်အမျိုးသမီးများနှင့် ကလေးငယ်များ အသတ်ခံရကြောင်း မောင်တောမြို့နယ် ဒေသခံတစ်ဦး၏ အဆိုအရ သေဆုံးသူ ၄ဝ ခန့်ရှိကြောင်း၊ သေဆုံးသူအချို့၏ ဒဏ်ရာများမှာ ဓားဒဏ်ရာများသာဖြစ်ကြောင်း တစ်ဖက်သတ် စွပ်စွဲဖော်ပြခဲ့ခြင်းသည် သတင်းမှားများသာဖြစ်သည်ဟု အစိုးရက ရှင်းလင်းခဲ့သည်။

နိုင်ငံတကာမှ စွပ်စွဲပြောဆိုမှုများ၊ ပဋိပက္ခဖြစ်စဉ်အပေါ် အမြတ်ထုတ်ချင်သူများ၊ တစ်ဖက်သက် သတင်းဖော်ပြနေမှုများအား တုံ့ပြန်နိုင်ရန်အတွက် ပြည်တွင်းမီဒီယာများ၏အင်အား လိုအပ်သည်ဟု ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါသည်။

“နိုင်ငံတကာ မီဒီယာတွေမှာ ဟိုဘက်ကအုပ်စုတွေက ဘယ်လောက်မြန်နေတယ်။ ဘယ်လောက်ထိ ပုံတွေဖော်နေတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိနေကြပြီပေါ့။ ဒီဟာကို အကောင်းဆုံး တုံ့ပြန်သွားဖို့က ကျွန်တော်တို့အစိုးရကရော ခင်ဗျားတို့ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ စာနယ်ဇင်းသမားတွေ အားလုံးရော ဒါကိုပေါင်းပြီးမှ တုံ့ပြန်မှရမှာပါ။ ကျွန်တော်တို့ကတော့ သံတမန်တွေကို သံတမန်ကျင့်ဝတ်နဲ့အညီနေဖို့ ပြောတယ်။ နိုင်ငံတကာ သတင်းဌာနတွေကို နိုင်ငံတကာ စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ လုပ်ဖို့ပြောမယ်။ သူတို့ကဒါကို ကူညီချင်တယ်ဆိုရင် သတင်းအမှန်ကိုလုပ်မှ ပြဿနာကို ဖြေရှင်းရာရောက်မှာ” ဟု ၎င်းကဆိုသည်။

အစိုးရအနေဖြင့် ရခိုင်ဒေသရှိ လူအုပ်စုနှစ်ခုအကြားတွင် ရှိနေသည့် ပဋိပက္ခကို တားဆီးရန်နှင့် ပြစ်မှုများကျူးလွန်ပါက မည်သည့်ဘက်မှ ကျူးလွန်သည်ဖြစ်စေ အရေးယူဖို့ ဆောင်ရွက်နေကြောင်း၊ ရာဇဝတ်မှုကျူးလွန်သည့် ဖြစ်စဉ်များရှိပါက ခိုင်လုံသည့် အထောက်အထားများဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားပေးရန် ဦးရဲထွဋ်ကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် Gen Anup Kumar Chakma ကလည်း အဆိုပါပြဿနာများနှင့် ပတ်သက်၍ မခိုင်လုံသည့် သတင်းဖော်ပြချက်များနှင့် ကောလာဟလများကို အတည်မပြုဘဲ ယုံကြည်၍မရကြောင်း၊ ထိုကဲ့သို့ သတင်းအမှားများ ထုတ်လွှင့်ခြင်းသည် အခြေအနေကို ပိုမိုတင်းမာစေကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် လက်တွဲ၍ ပဋိပက္ခများ လျော့နည်းစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မကြာသေးမီ ကာလကပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးစားနေသည့် အကြမ်းဖက်သမားသုံးဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖမ်းဆီးပေးခဲ့ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခစုံ စမ်းစစ်ဆေးရေး ကော်မရှင်၏ အတွင်းရေးမှူးဖြစ်သည့် ဒေါက်တာကျော်ရင်လှိုင်ကလည်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်၍ သတင်းပေးပို့မှုများအတိုင်း အုပ်စုလိုက်သတ်ဖြတ်မှုရှိမရှိ သွားရောက်စုံစမ်းခဲ့ရာတွင် အုပ်စုလိုက်သတ်ဖြတ်သည့် လက္ခဏာများ မတွေ့ရှိခဲ့ဘဲ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးနေမှုကိုသာ အတည်ပြုနိုင်ခဲ့ကြောင်း၊ တင်းမာမှုများကြောင့် ထွက်ပြေးတိမ်းရှောင်သူများ ရှိခဲ့ကြောင်း၊ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်သူ အများစုမှာ မိမိတို့၏ နေအိမ်များသို့ ပြန်လည်လာရောက်ကြပြီဖြစ်ကြောင်း ပြောကြားသည်။

“အခုဖြစ်ပျက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ စစ်တွေ၊ မောင်တောမြို့က နယ်သတင်းထောက်တွေအပြင် ရန်ကုန်ကနေ သတင်းထောက် စေလွှတ်ထားတယ်။ လတ်တလော ကျွန်တော်တို့သိရှိထားတဲ့ အချက်အလက်တွေအရဆိုရင် အစိုးရရဲ့ ထုတ်ပြန်ချက်တွေက မှန်ကန်နေတယ်။ နိုင်ငံတကာက အချို့ဖော်ပြနေတာတွေက မှားယွင်းမှုတွေ ရှိနေတယ်လို့ ကျွန်တော်တို့သိရတယ်။ ဒါပေမဲ့ ဒီထက်အသေးစိတ် အခြေအနေတွေ သိရအောင် နောက်ထပ်အကြီးတန်း အယ်ဒီတာကိုလည်း စေလွှတ်ပြီးတော့ ဒေသခံသတင်းထောက်တွေ၊ ရန်ကုန်ကလွှတ်ထားတဲ့ သတင်းထောက်တွေနဲ့ အသေးစိတ် မြေပြင်အချက်အလက်တွေ ရရှိအောင် စုဆောင်းပြီးတော့ အခြေအနေမှန် သတင်းတွေကို ဖော်ပြသွားပါမယ်” ဟု The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။

EMG

Related Posts Plugin for WordPress, Blogger...