Sunday, February 9, 2014

အမျိုးသားများအတွက် ကျန်းမာပျော်ရွှင်သော ဘ၀နေထိုင်မှုပုံစံ



ဒီနေ့ခေတ်မှာ အမျိုးသားအများစုက ရည်ရွယ်ချက်တွေ ကြီးမားလာတတ်ကြတာ သတိထားမိ နေပါတယ်။ ရည်ရွယ်ချက်ကြီးသူတိုင်းအတွက် အခက်အခဲတွေ ၊ ဖိအားတွေကတော့ အနဲနဲ့အများ ကြုံတွေ့ရသူချည်းပါပဲ။ ဒီအခါ အရက် ၊ ဆေးလိပ် ၊ မူးယစ်ဆေး စတာတွေနဲ့ စိတ်ထွက်ပေါက်ရှာမိတာကြောင့် အညွန့်ကျိုးသွားရသူတွေလည်း ဒုနဲ့ဒေးပေါ့။

အောင်မြင်မှုလမ်းစကို စတင်နင်းမိနေချိန်မှာ စနစ်တကျ တည်ဆောက်ထားတဲ့ နေထိုင်မှုပုံစံဆိုတာ အလွန်ပဲ အရေးပါလှပါတယ်။ ပြောခဲ့တဲ့ ဖိအားအပြားအများကို ပြန်လည်တွန်းလှန်နိုင်ဖို့ အကောင်းဆုံး စိတ်ထွက်ပေါက်ဆိုတာ ရှာမရဖြစ်နေသူတွေကို အကြံပြုတင်ပြပေးပါရစေ။

(၁) ခန္ဓာကိုယ် တောင့်တင်းစေတဲ့ လေ့ကျင့်ခန်းများလုပ်ပေးပါ။



Gym မှာ အမြဲတမ်းသွားကစားဖို့ဆိုတာ သိပ်မဆင်မပြေမှန်း သိပါတယ်။ ဒီတော့ တခြား body weight လေ့ကျင့်ခန်းတွေဖြစ်တဲ့ ဘားတန်းခိုတာ ၊ ၀ိတ်မတာတွေနဲ့ ဒိုက်ထိုးတာတွေကလည်း အလားတူ အကျိုးကျေးဇူးတွေ ပေးနိုင်ပြီး သင့်အိမ်မှာပဲ ရေချိုးခန်းမ၀င်ခင် အလွယ်တကူ လုပ်နိုင်တာတွေပါ။

(၂) မိသားစုနဲ့ အချိန်ဖြုန်းပေးပါ။

လက်တော့ပ်တွေနားမှာ အချိန်ကုန်နေမယ့်အစား မိသားစုနဲ့ ၀ိုင်းဖွဲ့ပြီး ညစာစားပေးပါ။ ရုံးက သင့်ကို လုံလောက်တဲ့ social life ကို ပေးခဲ့ပြီးပါပြီ။ ဒီတော့ အိမ်ပြန်ရောက်ပြီဆိုရင် လက်တွေ့ဘ၀ထဲကို ပြန်ဝင်ဖို့ သတိရပါ။

(၃) ချက်ပြုတ်ပါ။



တစ်ကြိမ်လောက်ပဲ စပြီးချက်ပြုတ်ကြည့်ပါ။ ဘယ်လောက်ထိရောက်တဲ့ ကုထုံးလဲဆိုတာ တွေ့ရပါလိ့မ်မယ်။ ဒါ အမျိုးသားတိုင်း မရှိမဖြစ်တတ်ထားရယ့် ပညာရပ်တစ်ခုလို့လဲ ဆိုနိုင်ပါတယ်။ ခပ်များများ ချက်ထားမယ်ဆိုရင် နောက်နေ့မှာလည်း အိမ်မှာလုပ်တဲ့ အစားအသောက်လေး ထပ်စားလို့ရတာပေါ့။

(၄) ရေဓါတ်ပြည့်ဝအောင် နေပါ။

နေ့စဉ် လုံလောက်တဲ့ရေဓါတ် ပမာဏရောက်အောင် သောက်ပေးပါ။ ကုန်ခန်းသွားတဲ့ ချွေးတွေအတွက် ရေဓါတ်ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပြီး ရေဓါတ်ပြည့်ဝနေရင် သင့်အနေနဲ့ တော်ရုံတန်ရုံဆို တစ်နေ့တာလုံး လန်းဆန်းနေပါလိမ့်မယ်။

(၅) အပျက်အစီးတွေ ပြုပြင်တဲ့ အကျင့်ကိုမွေးပါ။



အိမ်မှာ ကျိုးနေတဲ့ ခုံအဟောင်းလေးပြင်မယ် ၊ ပျက်နေတဲ့ ကားဘီးလေးလဲမယ် ၊ ကျွမ်းနေတဲ့ မီးချောင်းလေး အသစ်ပြန်တပ်မယ် ။ ဒါတွေဟာ သင့်ကို တခြားကိုအာရုံ မပြန့်လွင့်စေဘဲ စိတ်ဓါတ်အင်အားလဲ များစွာပေးပါတယ်။ ကောင်းသွားဖို့ထက် လုပ်ဖြစ်နေဖို့က ပိုအရေးကြီးပါတယ်။

(၆) အသီးများများ စားပေးပါ။

အမျိုးသားတွေက သရေစာ မစားဖြစ်တတ်ကြသလို အသီးတွေလည်း အစားနည်းပါတယ်။ ဒါပေမယ့် အသက်ကို ကယ်တင်နိုင်တဲ့ အရာတွေထဲ အသီးတွေက မရှိမဖြစ်ပါ။ ဒါကြောင့် ကျန်းမာဖို့အတွက် အနည်းဆုံးလိုအပ်တဲ့ အသီးပမာဏလေးကိုတော့ မရှိမဖြစ် စားပေးရပါမယ်။

(၇) ဖြစ်နိုင်ရင် အလုပ်ကို လမ်းလျှောက်သွားပါ။

အလုပ်မှာ ဖိအားတွေများနေပြီလို့ ခံစားလာရတဲ့အခါ နှစ်မိနစ် ၊ သုံးမိနစ်လောက် လမ်းလျှောက်ထွက် လိုက်ပါ။ လတ်ဆတ်တဲ့လေတွေကို ရှုရှိုက်ပြီး စိမ်းလန်းတဲ့အရာတွေကို ကြည့်ရှုပေးပါ။ ဒါမှသာ သင့်ဦးနှောက်ရော ခန္ဓာပါ ပြန်လည်လန်းဆန်းမှာဖြစ်ပါတယ်။

(၈) ကြုံကြိုက်တဲ့အခါ အပြင်ထွက်စားပါ။



အပြောင်းအလဲကို မကြိုက်တဲ့သူများ ရှိပါသလား ။ အပြင်စာတွေ ထွက်စားတာ ကျန်းမာရေးနဲ့ မညီညွတ်တာမှန်ပေမယ့် ဒါကသင့်စိတ်ကို ပျော်ရွှင်စေတယ်ဆိုရင်တော့ ရံဖန်ရံခါ ထွက်စားပါ။

ဒီအပြုအမူလေးတွေ သင့်ဆီမှာရှိအောင် အလေ့အကျင့်ပြုလုပ်ပေးမယ်ဆိုရင် ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ အလုပ်ရဲ့ဖိအားတွေကနေ မှန်ကန်တဲ့နည်းလမ်းနဲ့ ရုန်းထွက်နိုင်မှာ သေချာပါတယ်။ ဒါကြောင့် လက်ရှိအသုံးပြုနေတဲ့ နည်းလမ်းအမှားတွေကို စွန့်ပစ်လိုက်ပါ။

Ref:mensxp.com

အချစ်ဆိုတာ အဆင်မပြေတဲ့သူတွေအတွက်တော့ ပူလောင်တယ်လို့ ဆိုလိုက်တဲ့ Patricia




ငယ်ရွယ်နုပျိုတဲ့ ဟန်ပန်တချို့နဲ့ပရိသတ်ကို ဖမ်းစားနိုင်သူလေးကတော့ Patricia ပါ။ သူမဟာ အသက်ငယ်ပေမဲ့ အနုပညာကို ၀ါသနာကြီးလှသူမို့ ကျောင်းတက်နေဆဲမှာပင် အနုပညာအလုပ်ကို တွဲဖက်လုပ်ကိုင်သူပါ။ လတ်တလော သူမရဲ့လှုပ်ရှားမှုများနဲ့ ချစ်သူများနေ့ကို သူမဖြတ်သန်းမဲ့ အကြောင်းကို မေးမြန်းကြည့်တဲ့အခါ ‘ခုက သီချင်းလေးတွေရိုက်တယ်။ ဂျာနယ်၊ magazine တွေရိုက်တယ်။ ကြော်ငြာလေးတွေ ရိုက်ထားတယ်။ ကားရိုက်ကတော့ ကျောင်းပြီးရင်တော့ ကူးဖြစ်မှာပါ။ အခုက ကမ်းလှမ်းထားတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ တချို့က ညီမမလုပ်ချင်တဲ့ ကာရိုက်တာတို့၊ တချို့က နေရာမရတာတို့ဆို မရိုက်ဖြစ်ဘူးပေါ့နော်။ ကျောင်းပြီးမှပဲ သေချာကာရိုက်တာတွေ လေ့လာပြီး အမေနဲ့တိုင်ပင်ပြီးရွေးချယ်ဖြစ်ပါမယ်’ လို့ သူမကပြောပါတယ်။

လာမဲ့ချစ်သူများနေ့ကိုတော့ သူမက ‘ဘာချစ်သူမှမရှိတဲ့အတွက်ကြောင့် ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းတွေနဲ့ပဲ အတူတူ ဖြတ်သန်းဖြစ်မယ်လို့ထင်ပါတယ်။ အရင်နှစ်တွေတုန်းကလဲ တစ်ယောက်တည်းပဲ။ သူငယ်ချင်းရှိရင်တော့ သူငယ်ချင်းနဲ့လျှောက်သွားတယ်။ ချစ်သူများ နေ့မှာတော့ အရုပ်လေးတွေ ရဖူးတယ်။ ဒီနှစ်မှာတော့ သူများကိုပေးဖို့ စိတ်ကူးမရှိပါဘူး။ အချစ်ဆိုတာ အဆင်ပြေတဲ့သူတွေအတွက်ကျတော့ ချိုမြိန်တယ။် အဆင်မပြေတဲ့သူတွေအတွက် ကျတော့လဲ ကံဆိုးတယ်ပေါ့။ ပူလောင်တယ်’တဲ့။

၂၂ ကြိမ်မြောက် ၂၀၁၄ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရုရှားနိုင်ငံ ဆိုချီမြို့ မှာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပ



၂၂ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရုရှားနိုင်ငံ၊ ဆိုချီ မြို့ မှာ ဖေဖော်ဝါရီ ၇ ရက်နေ့ က ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပနိုင်ခဲ့ပါတယ်။

ရှရှားနိုင်ငံ အိုလံပစ်အားကစားကွင်း Fisht Stadium မှာ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံပေါင်း ၈၇ နိုင်ငံက အားကစားသမားတွေက ပရိတ်သတ် လေးသောင်းရှေ့ မှာ ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။

အိုလံပစ်မီးရှူးတိုင်ကို ရှရှားလူမျိုး ရွှေတံဆိပ်ဆု သုံးခုပိုင်ရှင် ရေခဲပြင်ဟော်ကီကစားသမားဟောင်း Vladislav Tretiak က သယ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဆိုချီ ဆောင်းရာသီအိုလံပစ် ပွဲတော်အတွက် ရုရှားနိုင်ငံဟာ ပေါင် ဘီလီယံ ၃၀ ကျော် သုံးစွဲခဲ့ပြီး အိုလံပစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ကုန်ကျစရိတ်အများဆုံးပြိုင်ပွဲ ဖြစ်လာပါတယ်။

နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ဆိုချီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး တန်ပေါင်းများစွာသော မီးရှူးမီးပန်းတွေ၊ ဆောင်းရာသီအိုလံပစ် အမှတ်တံဆိပ်ပုံဖော်မှုတွေ၊ ထူးခြားလှပတဲ့ Performances တွေ၊ ဂန္တ၀င်စာရေးဆရာ လီယိုတော်စတွိုင်းရဲ့ နာမည်ကျော်လက်ရာ စစ်နှင့်ငြိမ်းချမ်းရေး ၀တ္ထုရှည် ကို ပုံဖော်မှုတွေက ကမ္ဘာတစ်လွှားက ကြည့်ရှုသူတွေ အားရကျေနပ်မှုဖြစ်စေခဲ့တယ်လို့ သိရှိရပါတယ်။







Ref: bbc

ကျွန်တော်ဘယ်တော့ကမှ မူးယစ်ဆေးဝါးမသူံးဖူးပါဘူး လို့ပြောတဲ့ Leonardo DiCaprio




သူရဲ့နာမည်ကြီးဇာတ်ရုပ်တွေရဲ့ ဆိုးသွမ်းတဲ့အပြုအမူတွေရှိခဲ့ပေမယ့်လဲ Leonardo DiCaprio ဟာ မူးယစ်ဆေးဝါးရဲ့ဖြားယောင်းမှုနောက်ကိုမလိုက်ခဲ့ဖူးဘူးလို့ဆိုပါတယ်။

“တစ်ခါမှမသူံးစွဲဖူးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ၃/၄နှစ်တုန်းက အဲဒီ့အရာတွေကို တကယ်ပဲနေ့တိုင်းမြင်တွေ့နေရတာ။ ဒါကြောင့် ဟောလိဝုဒ်ဟာကျွန်တော့အတွက်တော့ ပန်းခြံထဲလမ်းလျှောက်သလိုပါပဲ။ ပါတီတွေသွားတယ်။ အဲဒီ့မှာ မူးယစ်ဆေးဝါးတွေရှိတယ်။ ဟုတ်ပါတယ်။ အဲဒီ့မှာ လုပ်ချင်စိတ်ကစတော့တာပဲ။ ဟောလိဝုဒ်ဟာ အနုပညာရှင်တွေရောက်ရှိလာပြီး အရမ်းပဲ အပြောင်းအလဲတွေကိုမြန်စေတဲ့နေရာတစ်ခုပါ။ ပြီးတော့ သူတို့ယုံယုံကြည်ကြည့်နဲ့ကိုဒီနေရာဟာ သူတို့နဲ့ဆိုင်တဲ့နေရာလို့ပြောကြတယ်။

ကိုယ်ကိုကိုယ်ထုဆစ်နေချိန် အသက်ငယ်ရွယ်စဉ်မှာ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့နဲ့ ဝေဖန်ခံရဖို့အတွက် ဒီနေရာဟာ မယုံနိုင်လောက်အောင်ကို ထိခုက်ပျက်စီးလွယ်ပါတယ်။ ဒီအထဲမှာသားကောင်ဖြစ်သွားတဲ့လူတော်တော်များများကိုကျွန်တော်တို့တွေ့ဖူးပါတယ်။ အရမ်းကိုကံဆိုးပါတယ်” လို့ Los Angele Time နဲ့လုပ်တဲ့ အင်တာဗျူးမှာ Leo ကပြောသွားပါတယ်။

Ref:starpulse.com

2014 မှာ သျှမ်းသျှမ်းတောက်လာနိုင်ခြေရှိတဲ့ K-Pop girl (၃)ဦး



Tiny G အဖွဲ့ဝင် Dohee ၊ Suzy နဲ့ IU တို့သုံးဦးကိုတော့ ဒီနှစ်အတွင်းမှာ အဓိကထား စောင့်ကြည့်ရမယ်ဆိုပါတယ်။ Dohee , Suzy နဲ့ IU တို့သုံးဦးဟာ အဆိုတော်အဖြစ်နဲ့ စတင်ပွဲထွက်ခဲ့ကြတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်တွေ ပိုင်ဆိုင်ကြတာချင်းလည်း တူကြပါတယ်။ ပြီးတော့ အသက်ချင်းကလည်း မတိမ်းမယိမ်းတွေဖြစ်ပါတယ်။



လွန်ခဲ့တဲ့ Dohee က “Respond 1994” ဆိုတဲ့ ဒရမ်မာဇာတ်ကားမှာ Jo Yoon Jin ဆိုတဲ့ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ရုပ်နဲ့ပတ်သက်ပြီး ကြည့်ရှုသူတွေရဲ့ အထင်ကြီးမှုကို အတော်လေး ရခဲ့ပါတယ်။



Suzy ကလည်း သူမရဲ့ ပထမဆုံးအချစ်ဇာတ်ရုပ်ပွားကို “Architecture 101” ၊ “Gu Family Book” တို့နဲ့ ပီပီပြင်ပြင် သရုပ်ဖော်ထားပါတယ်။



IU ကတော့ အဆိုတော်ဘ၀မှာ ကတည်းက “korea’s little sister” ဆိုပြီး နာမည်ပြောင်ရထားသူလည်း ဖြစ်ပါတယ်။ “You’re the Best , Lee Soon Shin” နဲ့ “Pretty Man” စတဲ့ ဇာတ်ကားတွေကို ကြည့်လိုက်ရင်တော့ IUရဲ့ သရုပ်ဆောင်မှု အရည်အသွေးကို အသိအမှတ်ပြု ၀န်ခံမိမှာပါ။

အဆိုတော်အဖြစ်နဲ့ ပရိသတ်အားပေးမှု ရထားပြီးဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ ဒရမ်မာအဖြစ် ပြောင်းလဲ သရုပ်ဆောင်ရာမှာ အားပေးမှု မခံရတာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် သူမတို့ သုံးဦးကတော့ လက်ရှိ နှစ်ဖက်လုံးမှာ အောင်မြင်နေသူတွေလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အခု ၂၀၁၄ အတွင်းမှာ သူမတို့ရဲ့ လှုပ်ရှားမှုတွေကို spotlight အနေနဲ့ စောင့်ကြည့်သင့်ပါတယ်လို့ ပြောရခြင်းပဲဖြစ်ပါတယ်။

Ref:kpopstarz.com

နောက်ကျောမှာ အမြီးပေါက်လာတဲ့လူကို ဟိန္ဒူမျောက်နတ်ဘုရား ဟာနုမန် ပြန်လည်ဝင်စားသူအဖြစ် ၀ိုင်းကိုးကွယ်ကြ

နောက်ကျောမှာ ၁၄.၅ လက်မရှိတဲ့ အမြီးပေါက်လာတဲ့ အိန္ဒိယအမျိုးသားတစ်ယောက်ကို နတ်ဘုရားအဖြစ် ကိုးကွယ်နေကြကြောင်း သိရှိရပါတယ်။

အိန္ဒိယနိုင်ငံ၊အနောက်ဘင်္ဂလားပြည်နယ်၊ အလီပါဒူရား ဒေသက အသက် ၃၅ နှစ်အရွယ် ချန်ဒရီ ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဟိန္ဒို မျောက်နတ်ဘုရား ဟာနုမန်ဝင်စားတယ်ဆိုပြီး နာမည်ကြီးလျက်ရှိပါတယ်။

ချန်ဒရီဟာ သစ်ပင်တွေကိုလည်း မျောက်တစ်ကောင်လို တက်ဆင်းနိုင်တဲ့အတွက် ဟာနုမန်ဝင်စားတယ်ဆိုတဲ့ အချက်ကို ပိုမိုယုံကြည်နေကြတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ချန်ဒရီကို ကိုးကွယ်သူအများအပြားဟာ မိုင်ပေါင်းများစွာကနေ ချန်ဒရီ ဆီ အရောက်လာကြပြီး သူ့ ရဲ့ အိမ်အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းနေကြပါတယ်။ ချန်ဒရီရဲ့ အမြှီးနဲ့ ထိတွေ့ ကောင်းချီးပေးမှုကို ခံယူချင်ကြတဲ့အတွက် အခုလို မိုင်ပေါင်းများစွာကနေ အပင်ပန်းခံလာရောက်ရတာပါလို့  သိရှိရပါတယ်။

“ ကျုပ်ဟာ ဟာနုမန် ပဲ ။ ကျုပ်အမြှီးကြောင့် ကျုပ်ကို လူတွေအကုန်လေးစားရတယ်။ ဒီအမြှီးက ကျုပ်အတွက် အနှောင့်အယှက်မဖြစ်ဘူး။ ဒါဟာ ဘုရားပေးတဲ့ဆုလာဘ်ပဲလေ” လို့ မစ္စတာ ချန်ဒရီက ပြောကြားပါတယ်။

ဒါပေမယ့်လည်း ဆရာဝန်တွေကတော့ ချန်ဒရီ ရဲ့ အမြှီးဟာ ရှားပါးတဲ့ မွေးရာပါမျိုးရိုးဗီဇချို့ ယွင်းမှု တစ်ခုကြောင့်ဖြစ်ပြီး ခွဲစိတ်ဖယ်ရှားပစ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် ချန်ဒရီကတော့ သူ့ အမြှီးကို ဖယ်ရှားမယ့် အကြံကို အပြင်းအထန်ငြင်းဆန်နေပါတယ်။

“ကျုပ်ငယ်ငယ်တုန်းက အမေက အမြှီးကို တစ်ခါ ဖြတ်ပစ်ဖူးတယ်။ သိပ်မကြာလိုက်ဘူး။ ကျုပ်အပြင်းအထန် ဖျားတော့တာပဲ။ သေမလိုတောင်ဖြစ်ခဲ့တယ်လို့ ကျုပ်အမေပြောဖူးတယ်” လို့ ချန်ဒရီက ပြောကြားခဲ့ပါတယ်။

“ ဒါကြောင့် ကျုပ်အမြှီးကို ဒီအတိုင်းထားသင့်တယ်လို့ အားလုံး ဆုံးဖြတ်လိုက်တယ်။ ကျုပ် အမြီးဟာ ကြီးကျယ်မြင့်မြတ်တဲ့အတွက် အခုလို ဖျားနာခဲ့ရတာလို့ ကျုပ်မိသားစုက ထင်တယ်လေ”

ချန်ဒရီရဲ့ ဦးလေးဖြစ်သူ ရမ် က “ အသက်ကြီးလာတာနဲ့ သူ့ အမြီးက ထပ် ရှည်လာတာပဲ။ ဒါဟာ ဘုရားက ချီးမြှင့်တဲ့ ကောင်းချီးမင်္ဂလာတစ်ခုပဲဆိုတာ ကျွန်တော်တို့ ရိပ်မိခဲ့တယ်” လို့ ဖြေကြားခဲ့ပါတယ်။

Ref: mirror

Saturday, February 8, 2014

၁၀မိနစ် OG ၈ဂိုးသွင်းတဲ့ပွဲကို အီတလီဘောလုံးအဖွဲ့ချုပ်စစ်ဆေးနေ






အီတလီ ပြည်တွင်းဖလား ပွဲစဉ်တစ်ပွဲတွင် ပွဲချိန် ၁၀မိနစ်အတွင်း ကိုယ့်ဂိုးကိုယ် ၈ကြိမ် သွင်းယူခဲ့ခြင်းနှင့်ပတ်သက်၍
အီတလီဘောလုံး အဖွဲ့ချုပ်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ တာရီနိုဗီနှင့် ဘာဂျီရီယာတို့ ယှဉ်ပြိုင်ခဲ့သည့် (၃)သင်းပါ အုပ်စုပတ်လည်အဆင့်တွင် ပွဲစဉ်တွင် ပွဲချိန်မိနစ် ၈၀အထိ တာရီနိုဗီအသင်း (၄-၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘာဂျီရီယာအနေဖြင့် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်နိုင်ရန်အတွက် တစ်မှတ်ရရှိရန် လိုအပ်နေရာတွင် တာရီနိုဗီ အသင်းက (၂)ဂိုးဆက်တိုက် ထပ်သွင်းခဲ့သည်။
ထို့နောက် လက်ကျန်ပွဲချိန် ၁၀မိနစ်အတွင်း ဘာဂျီရီယာ ကစားသမားများက OG ရှစ်ဂိုးသွင်းခဲ့ပြီး (၁၄-၃)ဆိုသည့် ရလဒ်ကြောင့် တာရီနိုဗီအသင်း နောက်တစ်ဆင့် တက်နိုင်ခဲ့သည်။ (၅-၃)ဂိုးဖြင့်သာ ပွဲပြီးမည်ဆိုပါက ပါတီနီကောဒေ့အသင်း နောက်တစ်ဆင့် တက်နိုင်မည် ဖြစ်သော်လည်း ဘာဂျီရီယာ ကစားသမားများက တာရီနိုဗီကိုသာ နောက်တစ်ဆင့် တက်စေလိုသောကြောင့် ယခုကဲ့သို့ ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်မှာ လုပ်ပွဲကစားမှု ဖြစ်နိုင်ဖွယ်ရှိနေသည်ဟု အီတလီ ဘောလုံးအဖွဲ့ချုပ်မှ ယူဆပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ ၂၀၀၂ခုနှစ်က အေအက်စ်အဒီမာနှင့် အမ်မြန်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အမ်ရာနီ ကစားသမားများက OG ၁၄၉ ဂိုး သွင်းယူပြီး ကမ္ဘာ့စံချိန်တင်ခဲ့ဖူးသည်။



Italian FA investigates after team scores eight own goals in last 10 minutes
• Bagheria hammered when losing 4-3 after 80 minutes
• 'Our prosecutors will look into the case' says federation

theguardian.com


Borgata Terrenove play in Prima Categoria, the eighth tier of Italian football. Photograph: Guardian
Italian football has been hit by another possible scandal, this time involving a team that scored eight own goals in the last 10 minutes of a regional cup match on their way to a 14-3 defeat.
The Italian federation is set to launch an investigation into the Coppa Sicilia match between Borgata Terrenove and Bagheria, the final game in a three-team group which also featured Partinicaudace.
All three sides play in Prima Categoria, the eighth tier of the league.
Bagheria, needing a point to qualify, were 4-3 behind with 10 minutes to play in Wednesday's game when Borgata hit two goals in quick succession.
Borgata players then watched in bewilderment as their opponents scored one own goal after the other, shared between three players, Italian media said.
The result meant Terrenove qualified on goal difference ahead of Partinicaudace.
"It had been a real contest up to a certain point then Bagheria staged a farce," the Borgata coach Ignazio Chianetta told the website Siciliaingol.
"Their captain told me they preferred us to qualify rather than Partinicaudace.
Partinicaudace's coach Giovanni Cammarata said: "I can guarantee there was no agreement between us and Bagheria.
"I can't try to understand a motive for these eight own goals. It has nothing to do with football and I hope the FIGC investigates."
Sandro Morgana, the FIGC's regional president, said: "I will personally inform our prosecutors about this and they will look into the case and establish which sanctions should apply."
The two sides were well short of the world record for goals scored in senior football, which was set when AS Adema won a match 149-0 against Stade Olymique L'Emyrn in Madagascar in 2002.
Stade Olymique deliberately scored all the goals in their own net in protest over a refereeing decision.

Facebook အလွန်သုံးစွဲခြင်းသည် သစ္စာမရှိခြင်းကို ဖြစ်ပေါ်စေသည် ဟုသိရ




ဖေ့ဘုတ် အလွန်အကျူးသုံစွဲခြင်းအပေါ် လေ့လာမူတစ်ရပ်ကနေ ထွက်ပေါ်လာတဲ့ အဆိုတစ်ခု ဖြစ်ပါတယ်။ " ကျမဒီဖေ့ဘုတ်ပေါ်မှာ ရှိနေလေလေ သူအဲဒီအပေါ်မှာ တွေ့မြင်သွားမှာ စိုးရိမ်လေလေ။ သံသယ စိတ်တွေ သိပ်လွန် ကဲနေခဲ့ တယ်လေ " လို့ Kate Wise ဆိုသူက ပြောခဲ့ပါတယ်။

" သူတို့အမြဲပြောတယ် ဒီအရာလေးဟာ ရွေးချယ်မူ အရာတွေအားလုံးရဲ့ လွတ်လပ်မူ လေးတစ်ခုပါတဲ့ "

" ထိုရွေးချယ် မူကို ပြုလုပ်ပြီး ချိန်မှာတော့ ဒီအရာဟာ လွယ်ကူတဲ့ အရာတစ်ခု မဟုတ်ဘူးဆိုတာ သိရှိခဲ့ရပါ တယ်"

အခု Facebook ရဲ့ ဆိုးကျိုးကို သိပ္ပံပညာအားဖြင့် အတည်ပြုလိုက်ပါပြီ။ ဆိုက်ဘာစိတ်ပညာ၊ လူအပြုအမူ၊ ဆိုရှယ် နက်ဝက်ဘ် ဂျာနယ်တွေမှာ လေ့လာမူတစ်ရပ်က အဆိုပါ ဖေ့ဘုတ်သက်ရောက်မူ အကြောင်းကို ရေးသား ဖြန့်ဖြူး ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပြောကြားချက်အရ Facbook ပေါ်မှာ အချိန်ကြာကြာ အချိန်ဖြုန်းလေလေ သင့်တို့ရဲ့ မျက်စိတွေဟာ ပိုပြီး ကျယ်ကျယ်ဝန်းဝန်းရောက်ရှိလေလေ ဖြစ်ပါတယ်။ ဆိုလိုတာက ယောကျာင်္းလေးနဲ့ မိန်းကလေးတေတွေ့ဖို့ အချိန်းအချက်ပိုမိုရရှိစေကာ ဖောက်ပြားဖို့အတွက် လမ်းစတွေ ရှိလာတာကို ဖြစ်ပါတယ်။

CBS လော့အိန်ဂျလစ်ရဲ့ သတင်းအရ ချစ်သူတွေနဲ့ ခင်ပွန်း (သို့) ဇနီးသည်တွေဟာ ဖေ့ဘုတ် ပေါ်က ဖော်ပြချက်အပေါ်သူတို့ရဲ့ပါတနာ( လက်တွဲဖော်) ရဲ့ ခြိမ်းခြောက်မူကိုခံစားနေရပါတယ်။ လို့သိရပါတယ်။ အခြားတစ်ယောက်နဲ့အတူ ပြန်လည်ဆက်သွယ်မူ လိမ်ညာမူတွေနဲ့ အဓိက ဖျားယောင်း မူတွေထဲမှာ တစ်ခု ဖြစ်လို့ပါပဲ။ မိတ်ဆွေတို့၏ လက်တွဲဖော်ရဲ့ သတိပေးခြင်းကို ခံရလိမ့်မှာ ဖြစ်ပြီး အကြောင်းကတော့ ဖေ့ဘုတ်ဟာ ထိုသို့အရာတွေအားလုံးကို သိစေနိင်တဲ့ နေရာတစ်ခု ဖြစ်ပြီး မိတ်ဆွေတို့ရဲ့ Relationship ကို ပြိုကွဲစေပါလိမ့်မယ်။

ဖေ့ဘုတ်ဟာ နောက်ဆုံးသစ္စာရှိတဲ့ လူသတ်သမားပါလို့ တစ်ယောက်သောသူက ပြောခဲ့ပါတယ်။ တကယ်လည်းဖေ့ဘုတ်ဟာ (ပုန်းကွယ်နေတဲ့ သစ်သီး )နောက်တစ်ယောက်ကို ငြိတွယ်နိင်အောင် ကူညီပေးနိင်တယ်လို့ မြင်နေရပါတယ်။ ထို ကဲ့သို့သော အကြောင်းအရာတွေကို စိတ်ပညာရူထောင့်မှ လေ့လာချက်အရ ထိုဖြစ်ရပ်များသည် အနည်းငယ်သော Like လုပ်ခြင်း၊ Chat Box , Comment Box တို့မှ ပရောပရိလုပ်ခြင်းတို့မှ စတင်နိင်ကြောင်း၊ မီးတောက်နဲ့တူသော ပျက်စီးထိခိုက်နစ်နာမူများကို မြင်ရတဲ့ အချို့ အရာတွေ ဖြစ်ကြောင်း သိရပါတယ်။ နောက်ကျနေတဲ့ညအခါမျိုးတွေမှာ နာမည်သိတဲ့ တစ်စုံတစ်ယောက်ကို ဖေ့ဘုတ်မှာ ရှာပြီး Bang Bang လုပ်ရက အစပေါ့။

ဟုတ်ပါတယ်။ အဲဒီ Bang Bang နဲ့ မိတ်ဆွေတို့ရဲ့ အိမ်ထောင်သည်ဘ၀ဟာ သေဆုံးသွားပါလိမ့်မယ်။

ဒါပေမဲ့ အဆိုပါ ဖြစ်ရပ်တွေဟာ တကယ်ပဲ သစ္စာမရှိမူတွေကို ဧကန်ဖြစ်စေမှာလား ?

အစိတ်အပိုင်းတစ်ခုအနေနဲ့သာ Facebook ပေါ်က ကျတော်တို့ရဲ့ ယိုယွင်းမူတွေကိုမကြည့်ဘဲ ကိုယ်ကိုယ်ကို စိတ်ချလက်ချနေနိင်ဖို့အတွက် သူတို့မရှိဘဲ ပိုပြီးကောင်းကောင်းမွန်နေနိင်မှာလား ဆိုတာ တွေးဖို့ရှိပါတယ်။ ဂုဏ်ကျက်သရေတွေအတွက် Club ထဲက ဘားတန်းဒါး တစ်ယောက်လို သူတို့ရဲ့ နောက်ဆုံးတင်တဲ့ ဓာတ်ပုံတွေ၊ Update တွေကို မကြည့်ပဲနဲ့ လေ။ ကျတော်တို့ အဲဒီလို လုပ်ကြမလား ? ဖေ့ဘုတ်ပေါ်မှာမှ မဟုတ်ပါဘူး။ အပြင်မှာလည်း ရပ်တည်မူနှစ်ခု အတွက် ( ငါးနှစ်ကောင်ဖမ်းပြီ) ဥာဏ်ကောင်းစွာဖြင့် သူတို့တွေရဲ့ ချစ်သူကို မျက်နှာချိုသွေးပြီး နေနိင်တာပါပဲ။

Aung Heine ( Smart Pro Journal)

မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်စဉ် အနာကြီးရောဂါရှင် ငါးရာခန့်ပေါ်ထွက်ဟုဆို





မန္တလေးတိုင်းဒေသကြီးအတွင်း အနာကြီးရောဂါရှင် တစ်နှစ်လျှင် ငါးရာဦးခန့် ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ အထူးအရေပြားရောဂါကုဌာနနှင့် မတ္တရာမြို့နယ်အတွင်းရှိ ရေနံ့သာ အနာကြီးဆေးရုံမှ တစ်နှစ်လျှင် အနာကြီးရောဂါသည်အသစ် ပျမ်းမျှ တစ်ရာဝန်းကျင်နှင့် ငါးဆယ်ဝန်းကျင်ခန့် အသီးသီးရှိနေပြီး တိုင်းဒေသကြီးတစ်ခုလုံးရှိ မြို့နယ်ပေါင်း ၃၁ မြို့ နယ်တွင် ရောဂါရှင်ပေါင်း နှစ်စဉ် ပျမ်းမျှ ၃၅၀ ဦး ခန့် ထွက်ပေါ်နေ၍ စုစုပေါင်း လူနာငါးရာခန့်အထိ ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာန လက်အောက်တွင် ဇုန်များအလိုက် ဖွဲ့စည်းထားသည့် တိုက်ဖျက်ရေးအဖွဲ့ခြောက်ဖွဲ့မှ မြို့နယ်များ၊ ကျေးရွာများထဲသို့ အနာကြီးရောဂါရှိသူလူနာအသစ်များအား ကွင်းဆင်းရှာဖွေမှုများ ပြုလုပ်ပေးနေပြီး လူနာများကိုယ်တိုင်ကလည်း ပင်ကိုကျန်းမာရေးအသိစိတ်ဖြင့် ဌာနတွင်းသို့ လာရောက်စစ်ဆေးမှုများ ပြုလုပ်လာကြသည်ဟုဆိုသည်။

ယင်းသို့ စစ်ဆေးရာမှတစ်ဆင့် မိမိကိုယ်မိမိ အနာကြီးရောဂါဖြစ်ပွားနေသည်ကို သိရှိသွားကြသူများလည်းရှိကြောင်း မန္တလေးတိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ ဆရာဝန်ကြီး ဒေါက်တာမောင်မောင်ထူးကပြောသည်။ ယင်းကဲ့သို့ နှစ်စဉ် စစ်ဆေးရာမှ ထွက်ပေါ်လာသည့် အချက်အလက်များအရ တစ်နှစ်လျှင် ပျမ်းမျှ လူနာသစ် ငါးရာခန့် ထွက်ရှိနေသည်ဟု ဒေါက်တာမောင်မောင်ထူးကပြောသည်။

““ဌာနအနေနဲ့ ကျန်းမာရေးပညာပေးပွဲတွေ ရွာလုံးကျွတ်ရောဂါစစ်ဆေးပေးတာတွေ လုပ်ပေးတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ကိုက သူတို့မှာရောဂါရှိနေတယ်ဆိုပြီး မရှက်မကြောက်လာပြကြတာပိုများတယ်””ဟု ဒေါက်တာ မောင်မောင်ထူးကပြောသည်။

နှစ်စဉ်ထွက်ပေါ်နေသည့် လူနာအသစ် ငါးရာအနက် သုံးပုံ နှစ်ပုံမှာ အမျိုးသားများဖြစ်ပြီး အသက်(၂၀)နှစ်ထက်ကြီးသူ အများစု ပါဝင်သည်။ ရောဂါဖြစ်ပွားသူများသောက်သုံးရမည့် ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှတစ်ဆင့် ဂျပန်နိုင်ငံအခြေစိုက် ဆာဆာကာဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း ယင်းဌာနမှ သတင်းရရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် နှစ်စဉ် အနာကြီးရောဂါသည် သုံးထောင်ကျော် ထွက်ရှိနေပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ အများဆုံး ထွက်ပေါ်နေသည်ဟု မန္တလေးတိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာမောင်မောင်ထူးက ပြောကြားသည်။

မြန်မာလူငယ်တွေ စီးမျောနေတဲ့ အကနဲ့ ဘဝ ခွန်အားတစ်ရပ်လား




Hip Hop ယဉ်ကျေးမှု မြန်မာပြည်မှာ စတင်ခေတ်စားလာတာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပါပြီ။ Hip Hop ယဉ်ကျေးမှုထဲက တစ်ခုဖြစ်တဲ့ Street Dance ဟာ မြန်မာလူငယ်တွေကြားထဲမှာ ရေပန်းစားတဲ့ အကတစ်ခုလည်း ဖြစ်ပါတယ်။

ရော့ခ်၊ ဟဲဗီးရော့ခ်၊ ပန့်ခ် စတဲ့ ရေစီးကြောင်းတွေကို လမ်းသူရဲယဉ်ကျေးမှုလို့ သမုတ်နေတဲ့ လူကြီးတွေ အတွက် Street Dance ကလည်း အပြစ်တင်စရာတစ်ခုထဲမှာ ပါနေတာကြောင့် လူတွေအမြင်ကို ပြောင်းနိုင်ပါ့မလား။ အကပညာကလည်း လူငယ်တွေကို ဘဝအာမခံချက်နဲ့ လောကဓံကိုရင်ဆိုင်ဖို့ ခွန်အားပေးနိုင်ပါ့မလား။

ဂျပန်မြန်မာ သံတမန်ချစ်ကြည်ရေး နှစ် ၆ဝပြည့်အတွက် ကြီးမားတဲ့ အဆိုအကပူးတွဲဖျော်ဖြေမှုမှာ ပါဝင်ခဲ့တဲ့ ဂျပန်နိုင်ငံက Wrecking Crew Orchestra ကတော့ အကဝါသနာပါတဲ့ မြန်မာလူငယ်တွေ အတွက် လမ်းစတစ်ခု ဆွဲထုတ်ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ တစ်ပတ်ကြာ အကပညာကိုလေ့လာဖို့ မြန်မာလူငယ် ၂ဝကို ရွေးချယ်ခဲ့ပါတယ်။

Hip Hop အစစ်အမှန်ဆိုတာ ဘာလဲဆိုတာနဲ့ ဂျပန်အကကို လေ့လာစေချင်တာကြောင့်လို့ ဆိုပါတယ်။ WCO အဖွဲ့ခေါင်းဆောင် ယူအိချိကတော့ Street Dance ဟာ လူတွေကို ပျော်ရွှင်အောင် ဖန်တီးပေး တဲ့အရာဖြစ်တာမို့ ဂျပန်မှာလည်း လူကြီးတွေရဲ့ နှာခေါင်းရှုံ့မှုကို အချိန်ယူ ပြောင်းလဲခဲ့ရတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ တစ်ပတ်ကြာ အကပညာကိုသွားလေ့လာဖို့ ရွေးချယ်ခံခဲ့ရတဲ့သူတွေထဲ တစ်ယောက်ဖြစ်တဲ့ ဟိန်းယာကတော့ မိဘတွေသဘောမတူကြောင့် အိမ်ပေါ်ကနေတောင် ဆင်းခဲ့ပြီး အကနဲ့ဘဝကို ရပ်တည်နိုင်မယ်လို့ ယုံကြည်နေသူတစ်ယောက်ပါ။

ရွေးချယ်ခံခဲ့ရတဲ့သူတွေထဲမပါပေမယ့် အကပညာ Workshop လာတက်တဲ့ သက်မွန်ရည်ကတော့ ကကွက်အသစ်အဆန်းတွေ တီထွင်သွားချင်သူဖြစ်ပါတယ်တဲ့။ သူကိုယ်တိုင် မကနိုင်တဲ့အချိန်ကျရင်လည်း အကသင်တန်းတွေလုပ်သွားဦးမယ်လို့ ဆိုပါတယ်။

အကနဲ့ ဘဝကို ရပ်တည်မယ်ဆိုတဲ့ လူငယ်တွေရဲ့ ယုံကြည်ချက်ကို ခေတ်အဆက်ဆက်က လူကြီးတွေက လှောင်ရယ်ကြဦးမှာပါ။ ဘာပဲပြောပြော အကဟာ သူတို့ရဲ့ ဘဝပါဆိုတာကို သက်သေပြရင် ခွန်အားသစ်တွေနဲ့ ယဉ်ကျေးမှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်မယ့် ခြေလှမ်းတွေကတော့ သွက်လက်နေကြပါပြီ။

မြန်မာ့ မိုးဝေ ဇာတ်သဘင်၏ ခေါင်းဆောင်မင်းသား ဇာတ်ခုံနောက်ဘေးတွင် သေဆုံးနေ




စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ မှန်ပင်နွယ်နိုင်း ကျေးရွာဘုရားဝင်းအတွင်း၌ ကပြ ဖျော်ဖြေရန် ရောက်ရှိနေသည့် မြန်မာ့မိုးဝေ ဇာတ်သဘင်းမှ ခေါင်းဆောင်မင်းသားဖြစ်သူ ကိုမိုးဝေ(ခ) ကိုဇော်ဇော်အောင် ဆို သူသည် ယခုလ ၆ ရက်နေ့ မနက် ၈ ၄ နာရီက ဇာတ်ခုံ၏ နောက်ဘေးတွင် သေဆုံးနေကြောင်း ပွဲငှားကန်ထရိုက်ဖြစ်သူက ဟုမ္မလင်းမြို့မရဲစခန်းသို့ လာရောက်အကြောင်းကြားခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရဲဌာနသို့ လာရောက်အကြောင်းကြားခဲ့သူမှာ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်နေ ဇာတ်ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူ ဦးထွန်းမောင် ဆိုသူဖြစ်သည်။ ထိုသူ၏ အကြောင်းကြားချက်များအရ စခန်းမှူး ဒုရဲမှူး သိန်းဦးနှင့်အဖွဲ့က ဇာတ်မင်းသား သေ ဆုံးနေသည့် နေရာသို့သွားရောက်စီစစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စီစစ်ရာတွင် သေဆုံးနေသူမှာ ပဲခူးမြို့၊ အုတ်တွင်းအုပ်စု၊ အုတ်တွင်ကျေးရွာနေ ဇာတ်မင်းသား ကိုမိုးဝေ(ခ) ကိုဇော် ဇော်အောင် အသက်(၂၅)နှစ် ဆိုသူဖြစ်ပြီး ထိုသူမှာ ဇာတ်ခုံနောက်ဘေးရှိ ဒရင်ဘက်ပေါ်တွင် ပလက်အနေအထားဖြင့် ဒဏ် ရာဒဏ်ချက်မရှိသေဆုံးနေခြင်းဖြစ်ကြောင်း ရဲဌာနက မှတ်တမ်းများရယူထားခဲ့သည်။
ထို့နောက် သေဆုံးနေသည့် ဇာတ်မင်းသားအား မှုခင်းဆေးပညာအရ ဆက်လက်စစ်ဆေးဆောင်ရွက်နိုင်ရန် ဟုမ္မလင်းမြို့မရဲ စခန်းက သေမှုသေခင်းအမှတ်စဉ် ၄/ ၂၀၁၄ အရ အမှုရေးဖွင့်၍ ပြည်သူ့ဆေးရုံ မှုခင်းဆေးပညာဌာနသို့ ပို့ဆောင်ထား ကြောင်းသိရသည်။

ကိုတိုးကြီး


နိုက်ဂျီးရီးယား၏ စားသောက်ဆိုင် တစ်ခုတွင် လူဦးခေါင်း အသားကင်ရောင်းချခဲ့


ဖေဖော်ဝါရီ ၈

နိုက်ဂျီးရီးယား၊ အနမ်ဘရာပြည်နယ်မှ စားသောက်ဆိုင်တစ်ခုမှာ လူသားဖြင့် ဟင်းလျာများချက်ပြုတ်ရောင်းချနေကြောင်း အာဏာပိုင်များမှ လက်ပူးလက်ကြပ်တွေ့ရှိပြီးနောက် ယင်းဆိုင်အား ပိတ်စေခဲ့သည်။

လျှို့ဝှက်သတင်းပေးမှုအရ စားသောက်ဆိုင်အတွင်း ၀င်ရောက်ဖမ်းဆီးရာတွင် ဆိုင်ပိုင်ရှင်၊ အမျိုးသမီး ၈ ဦး၊ အမျိုးသား လေးဦး စုစုပေါင်း ၁၁ ဦးကို လတ်ဆတ်နေဆဲ ဆီစိမ်စက္ကူဖြင့်ပတ်ထားသော လူသားဦးခေါင်း နှစ်ခုနှင့်အတူ ရဲများက တွေ့ရှိခဲ့ကြသည်။

၎င်းအပြင် ၀င်ရောက်စီးနင်းစဉ် အေကေ ၄၇ ရိုင်ဖယ်သေနတ် ၂ လက်၊ အခြားလက်နက် ကိရိယာများ၊ ဒါဇင်နှင့်ချီသော ကျည်များထည့်သွင်းထားသည့်ခါးပတ်များ နှင့် မိုဘိုင်းလ်ဖုန်းများစွာကိုလည်း သိမ်းယူနိုင်ခဲသည်။

“ ကျွန်တော် ဈေးကိုသွားလေတိုင်း ဈေးနဲ့သိပ်နီးကပ်နေတဲ့ အဲ့ဒီဟော်တယ်မှာ ပုံမမှန်တဲ့ဝင်ထွက်မှုတွေကို အမြဲ သတိထားမိပါတယ်။ စရိုက်ကြမ်းကြမ်း လူအပေအတေတွေ အဲ့ဒီဟော်တယ်ထဲ ၀င်သွားနေလေ့ရှိတယ်။ ဒါကြောင့် မနေ့ မနက်ပိုင်းမှာ ရဲတွေက ဒီလိုရှာဖွေတွေ့ရှိတာကိုကြားရတော့ ကျွန်တော့်အဖို့ သိပ်မထူးဆန်းတော့ပါဘူး ” ဟု ဒေသခံတစ်ဦးမှ Osun Defender သို့ ပြောပြခဲ့သည်။

မိမိစားသုံးခဲ့မိသည့်အရာမှာ လူသားဖြစ်ကြောင်းသိသွားသော အမည်မဖော်လိုသူ ပရိုတက်စတင့်ဘုန်းတော်ကြီးက “ ဒီနှစ်အစောပိုင်းက ကျွန်တော် ဒီဟိုတယ်ကို ရောက်ခဲ့တယ်။ အသားတစ်တုံးကို N700 (ပေါင်စတာလင် ၂.၅ ပေါင်) နဲ့ ရောင်းချတယ်လို့ပြောတော့ ကျွန်တော် အရမ်းအံ့သြခဲ့ပါတယ်။ ဒီလောက်ဈေးကြီးပေးပြီး စားခဲ့တဲ့အသားဟာ လူသားဖြစ်မှန်း မသိခဲ့ရဘူးဗျာ ” ဟု ရဲဌာနသို့ ပြောဆိုခဲ့သည်။

နိုက်ဂျီးရီးယားနိုင်ငံတွင် လူသားစားသတင်းများ ကြားရလေ့ရှိသော်လည်း လူသားဟင်းလျာရောင်းချသည့် စားသောက်ဆိုင်ကိုတွေ့ရခြင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။

ဓါတ်ပုံရှင်းလင်းချက်- လူသားဖြင့် ဟင်းလျာ ချက်ပြုတ်ရောင်းချနေသော နိုက်ဂျီးရီးယားမှ စားသောက်ဆိုင် ( ရိုက်တာသတင်းဓာတ်ပုံ)

ကိုးကား-International Business Times

Friday, February 7, 2014

ကိုကိုတို့ အထင်ကြီး စွဲမက် နေစေရန် ပျိုမေ မမတို့ ဒါလေးတွေ လုပ်ပါ (For Girl)



ဒီနည်းလမ်းတွေအတိုင်းသာ ကျင့်သုံးသွားရင် အမျိုးသားတို့ရဲ့ အထင်ကြီး၊လေးစား၊ သဘောကျခြင်း ခံရမယ်လို့ ညွန်းထားပါတယ်။ အနောက်တိုင်းက ကျန်းမာရေးနဲ့ Life style ဝဘ်ဆိုဒ်တစ်ခု က ဖော်ပြထားတာဖြစ်ပါတယ်။ အမျိုးသမီးများ အနေနဲ့ အမျိုးသားတို့ အထင်ကြီး ခံရရန် ကျင့်ကြံရမယ့် နည်းလမ်း ၁၃ ချက်ဆိုပြီး ဖော်ပြထား ပါတယ်။ ဒီတော့ မြန်မာ့ယာဉ်ကျေးမှုနဲ့ ကိုက်ညီအောင် မြန်မာအမျိုးသမီး များအတွက် ယခုလို အနီးစပ်ဆုံး ဘာသာပြန်မျှဝေ ပေးလိုက်ပါတယ်။

1. Don’t be judgmental

အကဲဖြတ်ဒိုင်လူကြီးလို မနေဖို့ ဖြစ်ပါတယ်။ သူဘက်က စကားတစ်ခွန်းခွန်း ဆိုလိုက်တိုင်း ကိုယ်က လိုက်ပြီးတော့ အကဲဖြတ်နေတာမျိုးကို အမျိုးသားတို့ မကြိုက်ကြပါဘူး။ သူပြောတဲ့အကြောင်းအရာကို မကြိုက်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်းပြောလိုက်ပါ။ ပြီးတော့ သူပြောတဲ့အကြောင်းအရာများကို စိတ်ဝင်စားသယောင်လေးပြပါ။

2.Punish him when he’s cocky

ဟုတ်ပါတယ်။ အမှားလုပ်တတ်တဲ့ ဘယ်အမျိုးသားကိုမှ ဒီတိုင်း ခွင့်မလွတ်လိုက်ပါနဲ့။ ချိန်းထားတာထက် ၂ နာရီထက်ပိုနောက်ကျတဲ့ သူ့ကို ခွင့်လွတ်မိရင်တော့ အမှားကြီးမှားပါပြီ။ နောက် ဒါမျိုး လုပ်နေတော့ မှာ ဖြစ်ပါတယ်။ ချိန်းထားတာမှမဟုတ်ပဲ ကိုယ်နဲ့လမ်းလျှောက်နေစဉ် အခြား တစ်ဖက်ဖက်ကို ဘာမပြော၊ ညာမပြော ခဏလှည့်ထွက်သွားတာမျိုး ဆိုရင် စောင့်ဆိုင်းမနေပါနဲ့။ ကိုယ့်လမ်းကို ဆက်လျှောက်သွားပါ။ စကားပြောရင်း ရိုင်းပြတဲ့စကားလုံးပါလာတာမျိုးဆိုရင်လည်း ခွင့်မလွတ်ပါနဲ့။ မှတ်သားလောက်အောင် အပြစ်တစ်ခုခုပေးလိုက်ပါ။ ဥပမာ-စကားဆက် မပြောတော့တာမျိုး၊ ဖုန်းချလိုက်တာမျိုး၊ ခဏ ရှောင်နေလိုက် တာမျိုး။ ဒီလောက်ဆို သူတို့ အမှားမလုပ်ရဲတော့ပါဘူး။

2. Smile and laugh a lot around him

အမျိုးသားတွေဟာ ပွင့်ပွင့်လင်းလင်း မရှက်မရွံ့ ရယ်တတ်တဲ့ မိန်းကလေးတွေကို သဘောကျကြပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ရယ်တတ်သည်ဖြစ်စေ။ ပဲမများပဲ စိတ်ထဲရှိသလို ရယ်တတ်စေဖို့ ဖြစ် ပါတယ်။ အဲဒီလို ရယ်ခြင်းက ရိုးသားပွင့်လင်းမှုကို သဘောကို ဆောင်ပါတယ်။

3. Debate with him, And win it.

စကားနိုင်လုပါ။ အမျိုးသားတွေဟာ အမျိုးသမီးတို့ရဲ့  ဥာဏ်ရည်သဏ်သွေး ကို စမ်းသပ်ချင်ကြပါတယ်။ အကယ်၍ သူကစမ်းသပ်လာပြီး စကားနိုင်လုပြီ ဆိုရင် အရှုံးမပေးပါနဲ့။ တကယ်မနိုင်ဘူးဆိုရင်တောင် ဇွတ်အတင်း ကိုယ့်ဘာကိုယ်နိုင်တယ်လို့ သဘောထားလိုက်တဲ့ အမူအရာလေးပြလိုက်ပါ။ အဲဒီလို အရှုံးမပေး တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်ကိုလည်း အမျိုးသားတွေက သဘောကျကြပါတယ်။

5.Be naughty

ပြောင်နောက်၊ စနောက်တတ်ရပါမယ်။ စကားပြောတယ်ဆိုတာ တစ်ဖက်သားကို ကဲ့ရဲ့ သလို စနောက်မှု မျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ- အနားမှာရှိတဲ့အခါ အိင်္ကျီမပေ၊မဟောင်းပဲနဲ့၊ အိင်္ကျီအပေ၊ အဟောင်း အစုပ်ကြီး အစရှိသဖြင့် မျက်နှာအမူအရာလေးနဲ့ ကဲ့ရဲ့ နောက်ပြောင်လိုက်ပါ။ သို့ပေမယ့် ရိုးရိုးသားသား စိတ်ထဲရှိသလို စနောက်၊ပြောင်နောက်ဖို့ လိုပါတယ်။ တမင်ဟန်ဆောင်ရင်တော့ မထူးပါဘူး။ အဲလို စနောက်ပြီး ကွိုင်ရှာတတ်တဲ့ မိန်းကလေးတွေကို ယောင်္ကျားလေးတွေက သဘောကျတတ်ပါတယ်။

6.Don’t give in too easily

သူကကိုယ့်ကိုကြိုက်နေတယ်။ ကိုယ်ကလည်း သူ့ကိုပြန်ကြိုက်တယ်။ ဒါဆိုပြီးပြီဆိုပြီး ချက်ချင်း အဖြေပေး လိုက်တာမျိုး၊ အခွင့်အရေးတွေ အများကြီး ပေးလိုက်တာမျိုးလုံးဝမလုပ်လိုက်ပါနဲ့။ ယောင်္ကျားလေးတွေက အလွယ်တကူရရင် တန်ဖိုးထားမှု သိပ်မရှိလို့ ဖြစ်ပါတယ်။ ဒီတော့ သူ့ဖက်က ဖွင့်ပြောလာပြီး ကိုယ်ကချစ် နေရင်တောင် အဖြေမပေးသေးပါနဲ့။ အပြင်မှာ တွေ့ဆုံ စကားပြောပါ၊ ဖုန်းဆက်စကားပြောပါ၊ သူတကယ် ချစ်တာ မှန်မမှန် သေချာ သဘောပေါက်နိုင်တဲ့အထိ လေ့လာပါ။ အဲဒီလိုမဟုတ်ပဲ ချက်ချင်းအဖြေပေး လိုက်ရင် ကိုယ်က ချစ်ပါတယ်လို့ အရင်ပြောတဲ့ သဘော သက်ရောက်သွားပြီး လွယ်လွယ်နဲ့ရတာလို့ ယူဆ တတ်ကြပါတယ်။

7.Tempt him with your appearance

အလှပြင်ထားပါ။ အလှပြင်ဆိုလို့ လှတဲ့သူတွေကိုပဲ ပြောတာမဟုတ်ပါဘူး။ သူတို့နဲ့တွေ့တဲ့အခါ ကိုယ့်အနေနဲ့ Perfect ဖြစ်မယ်လို့ ယူဆတဲ့ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို သုံးစွဲပါ။ အဲလိုအကောင်း ဆုံးပြင်ဆင်ထားတဲ့ အမျိုးသမီးနဲ့ အတူတူထိုင်ရင် အမျိုးသားတွေဟာ အခြား ကောင်မလေးလေး၊ အတွဲများ ထက် ကိုယ့်ကိုယ် ပြန်လည် အထင်ကြီး တတ်ကြပါတယ်။ ဒါကိုပဲ သူတို့က မျော်လင့်တာ ဖြစ်ပါတယ်။

8.Smell great

အမျိုးသားတွေ ရေမွေးမကြိုက်ဘူးဆိုတာ အလကားပြောတာပါ။ ဘာပဲ ဖြစ်ဖြစ် မိန်းကလေးတစ်ယောက်မှာ အနံ့တစ်မျိုး ရှိနေတာမျိုးကို သဘောကျတတ်ကြပါတယ်။ အဲဒီအနံ့ကို စွဲလမ်းပြီး သူမရှိတဲ့အချိန်တောင် အနံ့ကလေးကို ပြန်လည် တတိရတာမျိုးတို့ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်တဲ့ ရေမွေးတစ် မျိုးမျိုးကို စွဲသုံးရန် လိုအပ်ပါတယ်။

9.Be kind to everyone

သူနဲ့တွေ့တဲ့အချိန်တိုင်း ကိုယ်က ကြင်နာတတ်တဲ့သူတစ်ယောက်ပုံစံ ရှိနေရန်လိုအပ်ပါတယ်။ ဥပမာ- ဆိုင်မှာ ထိုင်ရင်း အအေးသောက်တုန်း အလှူခံများ၊ ဒါမှမဟုတ်လည်း သူတောင်းစားများ လာတောင်းရင် လှူတန်းပေး ရပါမယ်။ အမျိုးသားက ဝမ်းနည်းစရာ တစ်ခုခု ပြောပြတဲ့အခါ အရမ်းသနားသယောင် နားထောင်ပြီး လိုက်ခံစားပေးပါ။ အမျိုးသမီးတွေရဲ့ သနားတတ်တဲ့ စိတ်ကိုလည်း အမျိုးသားတွေက နှစ် သက်ကြပါတယ်။

10 Be spontaneous and alive

ပျင်းရိနေတဲ့ပုံ ပေါက်မနေပါနဲ့။ သူနဲ့ ရှိနေစဉ် ကိုယ်က စိတ်ဝင်စားမှု သယောင်နေရပါမယ်။ သူဘာလုပ်လုပ် ကိုယ်လည်း စိတ်ဝင်တစား လိုက်လုပ်တာမျိုး ဖြစ်ပါတယ်။ ပြီးတော့ သူ့မိတ်ဆွေတို့နဲ့ မိတ်ဆက်ပေး တဲ့အခါ ရှက်ရွံ့ တဲ့အမူအရာ ဖြစ်မနေပဲ ရင်းနှီးစွာ ပြောဆို ဆက်ဆံရဲရ ပါမယ်။ အချို့ က ရှက်တတ်တဲ့ မိန်းကလေးကို သဘောကျတယ် လို့ ပြောကြပါတယ်။ အမှန်တော့ အဲလိုရှက်တာဟာ မာယာသဘော သာ ဖြစ်ပါတယ်။ မရှက်ပဲ ပွင့်ပွင့်လင်းလင်း ပြောဆို၊ သွက်လက်နေတဲ့ မိန်းကလေးကို သဘောကျတတ်ကြ ပါတယ်။

10.Show the guy the competition

သူဘက်က လိုက်တုန်းပဲရှိသေးတယ်။ ကိုယ်ကကြိုက်နေပြီဆိုတော့ အခြားကောင်လေးတွေကို လှည့် မကြည့် တော့တာမျိုးမလုပ်ပါနဲ့။ ကိုယ့်ကို တွေ့လို လာနှုတ်ဆက်တဲ့ မိတ်ဆွေ ကောင်လေးတွေ၊ ကိုယ် မကြိုက်ပေမယ့် တစ်ဖက်သက် သဘောကျနေတဲ့သူတွေကို ရင်းရင်းနှီးနှီး ပြောဆိုပါ။ အဲလို ရင်းရင်းနှီးနှီး ပြောဆိုခြင်းကို အမျိုးသားတို့က သဝန်တိုတတ်ကြပါတယ်။ ပြီးတော့ အပြိုင်အဆိုင်တွေရှိလာပြီလို့ သတ် မှတ်ပြီး ပိုပြီးတော့ ကြိုးစားလာတတ်ကြပါတယ်။ ပြိုင်ဆိုင်မှုနဲ့ ရတဲ့ မိန်းကလေးဆိုရင် အမျိုးသားတို့က တန်ဖိုးထား တတ်ကြပါတယ်။

12.Don’t use him.

သူကိုယ့်ကို ချစ်ခွင့်ပန်ပြီးဖြစ်စေ၊ သဘောကျတဲ့အဆင့်ပဲ ရှိသေးတယ်ပဲဖြစ်စေ ဘယ်တော့မှ မခိုင်းပါနဲ့။ ပစ္စည်းမှာလိုက်တာမျိုး၊ စကားမှာခိုင်းတာမျိုးတို့ပေါ့။ အမျိုးသားတို့က အဲလိုခိုင်းတာ သိပ်မကြိုက် ချင်ကြပါဘူး။ အဲလိုခိုင်းပြီဆိုရင်လည်း သူတို့ဘက် က သေချာနေပြီလို့ အပိုင်တွက်တတ်ကြပါသေးတယ်။ ဒီတော့ ခိုင်းမယ့် အစား အကူအညီတောင်းရမှာ ဖြစ်ပါတယ်။ ကိုယ်မလုပ်နိုင်ဘူး အကူအညီ လိုအပ်တယ် ဆိုတာကို သာ သိအောင်ပြပြီး သူ့ဘက်က အလိုလို ကူညီတာကို စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ အမျိုးသား များက အဲလိုနေရာ ကျရင် လူစွမ်းကောင်းပမာ ကျေနပ်နေတတ်ကြပါတယ်။

13.Leave in a memorable manner

သူ့ကိုယ် ကိုယ့်ရဲ့ အမှတ်တရဖြစ်ရပ်လေး ပြောပြပါ။ ဒီထက်ပိုလိုအပ်တာ ကတော့ သူနဲ့ အမှတ်ရစရာ တစ်ခုခု ရှိသွားဖို့ဖြစ်ပါတယ်။ တကယ်ပဲ သာမန် ကိစ္စလေးဖြစ်နေရင်တောင် အမှတ်ရစရာ မရှိဘူးဆိုရင် အမှတ်ရစ ရာ ဖြစ်အောင် လုပ်ရပါမယ်။ ပြီးတော့ ဒါကိုလည်း တကယ်အမှတ်ရနေဖို့ လိုပါတယ်။ ဥပမာ- ပလာဇာမှာ သူနဲ့ အတူတူ ရှော်ပင်ထွက်ရင်း အဝတ်တစ်ထည် ကျန်ခဲ့တာမျိုး။ သူနဲ့ချိန်းမှ မိုးရွာပြီး ထီးမပါ တာမျိုး။ အဲဒါမျိုးကို တကယ်ပဲအမှတ်ရနေသယောင် ရင်ဖွင့်ပြောပြပါ။ အဲလို သူနဲ့ အတူ အမှတ်ရပေးတဲ့ မိန်းကလေးဆိုရင် အမျိုးသားတွေက သဘောကျ တတ်ကြပါတယ်။
အထက်ပါအချက်များအတိုင်း လိုက်လံကျင့်သုံးရင် အမျိုးသားတို့ဟာ အမျိုးသမီးတစ်ဦးကို ကြိမ်းသေ သဘောကျလာမှာဖြစ်တယ်လို့ ယင်း ဝဘ်ဆိုဒ်က အာမခံထားပါတယ်။ သို့ပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ယင်း အချက်များ အတိုင်း လိုက်လံကျင့်သုံးခြင်းဟာ အမျိုးသမီးတိုင်းနဲ့ သင့်တော်တာမို့ ရေးသား မျှဝေပေး လိုက်ရပါတယ်။

ပျိုမေ တို့ အတွက် ခါးသေးစေမည့်နည်းလမ်းများ





စားသမျှ စောင့်ကြည့်ပါ

အစာစားတဲ့ အခါမှာ စည်းကမ်းတော့ ထားဖို့ လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ မှန်ကန် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်း အပူချိန်မှာ ခဲသွားတဲ့ အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက် ပတ်လည်က အဆီတွေကို လျော့ကျစေပါတယ်။ တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန် နှစ်နာရီ-သုံးနာရီ ကြာတိုင်း အစာစားပေးပါ။


အမျိုးသမီးတွေက ဝမ်းဗိုက် ချပ်ရပ်ဖို့နဲ့ ခါးသေးဖို့ အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ခါးသေးချင်တဲ့ အမျိုးသမီးတွေ လုပ်နေကြ အမှားတစ်ခုက အဝတ်အစားဝတ်လို့ အဆင်မပြေတဲ့ အချိန်မှာပဲ ခါးသေးချင်တတ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ ခါးသေးအောင် အားမထုတ်တတ်ကြပါဘူး။

ခါးလှည့်ကွင်း သုံးပါ

ခါးလှည့်ကွင်းကို သုံးပြီး လေ့ကျင့်ခန်းလုပ်တာက ခါးနဲ့ ဝမ်းဗိုက်က အဆီတွေကို လျော့ပါးစေပါတယ်။ ရေကူးတာကလည်း ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေကို သန်စွမ်း ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းပါ။ ကခုန်တဲ့ လှုပ်ရှားမှုကလည်း ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ အဆီတွေကို လျော့ကျစေပါတယ်။

ရေဓာတ် ဖြည့်တင်းပါ

ရေသောက်တာက ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ရေသောက်များတာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်းကို လျော့ကျစေပြီး အစာကြေစေပါတယ်။ ဒါ့အပြင် ရေကို များများသောက်တာကြောင့် ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်စေပါတယ်။ အရက်နဲ့ အချိုရည်အစား သစ်သီးဖျော်ရည်တွေကို သောက်ပါ။ ကော်ဖီအစား သံပရာရည်ကို ရွေးပါ။

လေ့ကျင့်ခန်း လုပ်ပါ

ခါးသေးသွယ်စေမယ့် အဓိက လေ့ကျင့်ခန်းက ထိုင်ထ လေ့ကျင့်ခန်း၊ ယောဂ လေ့ကျင့်ခန်း၊ အိပ်ထမတင် လေ့ကျင့်ခန်း စတာတွေ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက သင့်ဘဝတစ်လျှောက်လုံး ကျန်းမာနေစေဖို့အတွက် ပုံမှန် လုပ်ပေးသင့်တဲ့ အလေ့အထတစ်ရပ် ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေအပြင် နောက်ထပ် လုပ်သင့်တဲ့ လေ့ကျင့်ခန်းကတော့ အလေးမတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ဝမ်းဗိုက် ကြွက်သားတွေကိုပါ သန်စွမ်းစေပါတယ်။

စိတ်အား မြှင့်တင်ပါ

လေ့ကျင့်ခန်းလုပ်ဖြစ်စေဖို့ အားကစား ဝတ်စုံအသစ်တွေကို ဝယ်တာ၊ ခါးအလှ ပေါ်လွင်စေမယ့် ဝတ်စုံတွေ ဝယ်တာတွေကို လုပ်ဆောင်ပါ။ ဒီလို လုပ်ဆောင်တာကြောင့် ခါးသေး သွယ်လျအောင် ကြိုးစားချင်စိတ် အပြည့်အဝ ရှိလာပါလိမ့်မယ်။Reader's comment: " အစာစားတဲ့ အခါမှာ စည်းကမ်းတော့ ထားဖို့ လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ မှန်ကန် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်း အပူချိန်မှာ ခဲသွားတဲ့ အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက် ပတ်လည်က အဆီတွေကို လျော့ကျစေပါတယ်။

တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန် နှစ်နာရီ-သုံးနာရီ ကြာတိုင်း အစာစားပေးပါ။ အမျိုးသမီးတွေက ဝမ်းဗိုက် ချပ်ရပ်ဖို့နဲ့ ခါးသေးဖို့ အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ခါးသေးချင်တဲ့ အမျိုးသမီးတွေ လုပ်နေကြ အမှားတစ်ခုက အဝတ်အစားဝတ်လို့ အဆင်မပြေတဲ့ အချိန်မှာပဲ ခါးသေးချင်တတ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ ခါးသေးအောင် အားမထုတ်တတ်ကြပါဘူး။"

ကြယ်စင်

ဖုန်းထဲကနေကြူနေသူများအတွက် ဖုန်းကတဆင့် ချစ်လာအောင်လုပ်နည်း





မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်သဘောကျနေတဲ့ ကောင်လေးတစ်ယောက်ကို ဘယ်လိုစကားလုံးမျိုးတွေနဲ့ မက်ဆေ့(ဂ်ျ)ပို့ပြီး ရင်းနှီးမှုရယူနိုင်မလဲဆိုတဲ့ အချက်လေးဟာ တစ်ဖက်သတ်ချစ်နေရတဲ့ ပျိုမေတွေအတွက်သာမက နှစ်ဦးစလုံးက တစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားနေပေမယ့် ဘယ်ကနေဘယ်လိုစပြီး လမ်းကြောင်းထွင်ရမှန်းမသိတဲ့ သူတွေအတွက်တော့ တကယ့်ကိုအသုံးဝင်စေတာမို့ ခုလိုဖော်ပြပေးလိုက်ပါတယ်။

Hey u ;)

ဒီအရေးအသားလေးက ရိုးရှင်းတက်ကြွပြီး ချိုမြိန်ပါတယ်။ ပြုံးနေတဲ့ မျက်နှာပုံလေးကလည်း ရင်းနှီးမှုကိုပြပါတယ်။ ဘယ်အချိန်မှာ ပို့ရမလဲဆိုတော့ မင်းရဲ့ မင်းသားလေး အခန်းထဲဝင်မလာခင် တစ်မိနစ်လောက်အလိုပေါ့။ ဒါမှမင်းသူ့ကိုမြင်ရတဲ့အချိန်ဟာ သူ့ဖုန်းကိုထုတ်ပြီး မင်းမတ်ဆေ့(ဂ်ျ)လေးကို ဖတ်နေချိန်ဖြစ်မှာပါ။ သူဖတ်ပြီးချိန်မှာတော့ မင်းကိုမလွဲမသွေ လှမ်းကြည့်မှာပါ၊ အဲဒီအချိန် မင်းပြုံးပြလိုက်ရင်တော့ သူကလဲ ဟိုင်းလို့ ပြန်နှုတ်ဆက်ဖို့ သေချာပါတယ်။

Morning sleepyhead .. hope you have a great day! Xo

မင်္ဂလာမနက်ခင်းပါဆိုတဲ့ မက်ဆေ့(ဂ်ျ)လေးကပေးတဲ့ အဓိပ္ပာယ်ကတော့ မင်းအိပ်ရာက နိုးနိုးချင်း အရင်ဆုံး သတိရမိတာဟာ သူ့ကိုပါလို့ သဘောရစေပါတယ်။ ပြီးတော့ သူ့ရဲ့ တစ်နေ့တာလုံးအတွက် အစခရီးမှာ မင်းအကြောင်းကို တွေးမိသွားပြီ ဆိုတာပါပဲ။

Would You Rather .. get your foot stuck in a bear trap or hang out with me this weekend?

''ဒီအပတ်ရုံးပိတ်ရက်မှာ ငါနဲ့လျှောက်လည်မလား''လို့ ဆိုချင်တာပါ။ ဒါဟာ သိပ်ချစ်စရာကောင်းတဲ့ မေးနည်းလေးပါ။ ကိုယ့်ဆန္ဒကို တစ်ခါတလေ ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောပြဖို့လည်းလိုပါတယ်။ ယောက်ျားလေးတွေက ဒါမျိုးနှစ်သက်ပါတယ်။

Serious issue: cant stop thinking about u.

''လုံးဝသေချာတာတစ်ခုကတော့ ငါမင်းအကြောင်း စဉ်းစားတာကို ရပ်တန့်လို့ မရနိုင်ဘူး'' လို့ဆိုလိုတာပါ။ ဒီမက်ဆေ့(ဂ်ျ)လေးကိုရရင် မင်းချစ်သူ မပြုံးပဲမနေနိုင်ပါဘူး။ အချိန်အကြာကြီး ခွဲနေရသူတွေ ပို့လေ့ရှိတဲ့ မက်ဆေ့(ဂ်ျ)လေးပါ။

ံHey, Its Sara! We met at Sams place on Saturday. I just checked out that band you told me about!

မကြာသေးခင်ကမှ ဆုံခဲ့တဲ့သူတစ်ယောက်ကို ပို့ချင်တယ်ဆိုရင်တော့ အခုလိုမျိုး ရေးကြည့်လိုက်ပါ။ သူ့စိတ်ထဲမှာ မှတ်မှတ်ရရ ရှိနေသေးတယ်ဆိုရင်တော့ သင့်ကိုတစ်ခုခု ပြန်ပို့ပါလိမ့်မယ်။

Bored @ home & up for a Sunday Funday?

အခုလို ဟာသနှောတဲ့ အပြောမျိုးလေးနဲ့ တနင်္ဂနွေလိုနေ့မျိုးအတွက် ညစာစားဖော် ရှာနိုင်ပါတယ်။

At Coffee Shop & can't study anymore. Save me?

သင်ခန်းစာတွေလေ့လာပြီးလို့ ငြီးငွေ့နေချိန်မျိုးမှာ ချစ်သူနဲ့ အပန်းဖြေချင်မှာပါ။ ဒါဟာ သင်ပျော်စရာတစ်ခုခုလုပ်ဖို့ စဉ်စားချိန်မှာ သူ့ကိုအရင်စဉ်းစားမိတယ် ဆိုတာကို ပြလိုက်တာပါပဲ။

Good luck tonight .. ull be the hottest guy on the field ;)

ညဘက်မှာ ဂိမ်းကစားတတ်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒီမက်ဆေ့(ဂ်ျ)လေးက သင့်အတွက် အချစ်တိုးစေပါတယ်။ သူ့ကို နိုင်စေချင်တဲ့စေတနာတွေကို ဖော်ပြရာရောက်ပြီး တွန်းအားပေးရာလည်း ရောက်ပါတယ်။

Just got to this Concert .. Wish u were here!

သင်ရောက်နေတဲ့နေရာကို သူ့ကို အသိပေးနည်းတစ်မျိုးပါပဲ။ သူ့ကိုလည်းအတူ ရှိစေချင်ကြောင်း ဖော်ပြလိုက်တာပါ။ သူကလည်း အဲဒီမှာပဲ ရှိနေမယ်ဆိုရင်တော့ နောက်တစ်နေ့ နှစ်ဦးသားဆုံတဲ့အခါ အတွေ့အကြုံတွေ ဖလှယ်ရင်း စကားပြောဖို့ အကြောင်းအရာအသစ်တစ်ခု ရနိုင်ပါတယ်။

Hey bday boy.. whats ur birthday wish? ;)

မွေးနေ့ဆုတောင်းလေး တစ်မျိုးပေါ့။ ပို့နေကျ Hppay Birthday ဆိုတာမျိုး ထက်တော့ ဆန်းသစ်မှာပါ။

Sweet dreams .. ;)

စကားလုံးလေးနှစ်လုံးတည်းပေမယ့် အိပ်ရာဝင်ချိန် သူ့ခေါင်းထဲမှာ သင့်အကြောင်းကိုတွေးရင်း အိပ်ပျော်သွားစေနိုင်ပါတယ်။ သင်ဆုတောင်းပေးသလိုပဲ ကံကောင်းရင် သူရဲ့ချိုမြိန်တဲ့ အိပ်မက်လေးတွေထဲအထိ သင်လိုက်ပါသွားနိုင်မှာပါ။

Related Posts Plugin for WordPress, Blogger...