Thursday, March 6, 2014

မကောင်းဆိုးဝါးတွေ အကြောင်းပြောပြီး ကလေးတွေပါတဲ့ ကားကို သမုဒ္ဒရာထဲ ထိုးမောင်းခဲ့တဲ့ မိခင်



ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ သူ့ရဲ့ ကလေး ၃ ယောက်ပါတဲ့ Honda Odyssey ကားကို အတ္တလန္တိတ်သမုဒ္ဒရာထဲ ထိုးမောင်းခဲ့ပါတယ်။ သူမဟာ မကောင်းဆိုးဝါးတွေ အကြောင်းပြောခဲ့တာ မှန်ပေမဲ့ ရဲတွေစစ်ဆေးကြည့်တော့လည်း အကောင်းအတိုင်း ပါပဲလို့ အာဏာပိုင်တွေက မေလ ၅ရက်နေ့မှာ ပြောခဲ့ပါတယ်။

Honda Odyssey အနက်ရောင်ကားဟာ လှိုင်းလုံးတွေကြား မြှုပ်တော့မှာမို့ အသက် ၉နှစ်နဲ့ ၁၀နှစ်ရှိတဲ့ ကလေးနှစ်ယောက်ဟာ သူ့တို့အသက်ရှင်ရေးအတွက် ကြိုးစားခဲ့ကြတယ် လို့ ကြောက်ရွံ့ထိတ်လန့်ခဲ့ရတဲ့ ဘေးကမြင်သူတွေက ပြောပါတယ်။

မကောင်းဆိုးဝါးတွေ အကြောင်းပြောတဲ့ ကလေးအမေဟာ လှိုင်းလုံးတွေဆီ ကားကို ထိုးမမောင်းခင် အနောက်မှာ Tim Tesseneer ဆိုသူနဲ့ သူ့ရဲ့ ဇနီးဟာ ကားမောင်းနေခဲ့ပါတယ်။

“အမေဖြစ်သူရဲ့ ပေါင်ပေါ်ကနေ စတီယာရင်ကို လုယူဖို့ကြိုးစားနေတဲ့ ကလေးတစ်ယောက်ကို ကျွန်တော်တို့ တွေ့ခဲ့တယ်။ ပြီးတော့ ရေပြင်နဲ့ ဝေးရာကို လမ်းကြောင်းပြောင်းနေခဲ့တယ်။ အနောက်မှာ ထိုင်နေတဲ့ ကလေးတွေက ‘ကယ်ပါဦး၊ ကယ်ပါဦး၊ မေမေ ငါတို့ကို သတ်နေတယ်’ လို့ အော်ဟစ်နေတယ်။” လို့ Tesseneer ကပြောပါတယ်။

ကမ်းခြေမှာ အပန်းဖြေနေတဲ့ သူတွေကလည်း ကလေးနှစ်ယောက်ရဲ့ အော်ဟစ် အကူအညီတောင်းသံကို ကြားကြတယ်။ သူတို့ဟာ ၉နှစ်နဲ့ ၁၀နှစ်သား ကလေးတွေကို အရင်ဆုံးဆွဲထုတ်ခဲ့တယ်။ နောက်တော့ ၃နှစ်သား ကလေးတစ်ယောက် တုပ်နှောင်ခံထားရတယ်ဆိုတာကို သိလိုက်ရတယ်။ တုပ်နှောင်ခံထားရတဲ့ ကလေးကိုလည်း ကမ်းခြေကို အန္တရာယ်ကင်းကင်းနဲ့ ခေါ်လာနိုင်ခဲ့ပါတယ်။ မိခင်ဖြစ်သူလည်း အိုကေခဲ့တယ်။

အတ္တလန္တိတ် ထဲကို တစ်စတစ်စ နစ်နေတဲ့ မီနီဗမ် နားကို ဦးဆုံး ရောက်ရှိသွားသူတွေကတော့ Tesseneer နဲ့ တခြားသူ တစ်ယောက်ပေါ့။

“ကလေးတွေဟာ အော်ဟစ်နေတယ်။ ‘ကလေးတစ်ယောက်ဟေ့၊ ကလေးတစ်ယောက်’ လို့ Tesseneer ကပြန်ခေါ်ခဲ့တယ်။ အဲ့ဒီ့တော့ ကျွန်တော်လဲ ဗမ်ကားဆီ ပြန်ပြေးသွားတယ်။ ရေနစ်ရင်ကယ်ဖို့ အစောင့်ချထားတဲ့ အစောင့်နှစ်ယောက်လဲ ရောက်လာပြီး ၀ိုင်းကူကြတယ်။ ထိုင်ခုံမှာ တုပ်နှောင်ခံထားရတဲ့ ကလေးတစ်ယောက်ကိုလည်း ရှာတွေ့ပြီး ကယ်နိုင်ခဲ့တယ်။” လို့ Tesseneer နဲ့ တစ်ချိန်တည်းရောက်လာတဲ့ နောက်လူ တစ်ယောက်က ပြောပါတယ်။

မိခင်ဖြစ်သူဟာ Ebony Wilkerson လို့ သိရပါတယ်။ မီနီဗမ်ထဲကနေ ရေထဲခုန်ချသွားတာကိုလည်း တွေ့ရတယ်လို့ မျက်မြင်သက်သေတွေ ပြောပါတယ်။

“ပြူတင်းပေါက်ကနေ သူမ ဆင်းသွားတာ။ ယာဉ်မောင်း ပြူတင်းပေါက်ကနေ။ ခါးဝက်လောက် မြုပ်နေတဲ့ ရေထဲကိုပေါ့။” လို့ Tesseneer ကပြောပါတယ်။

ပြီးတော့ မိခင်ဖြစ်သူဟာ ကလေးတွေကို လုံးဝ အကူအညီမပေးဘဲ တစ်ယောက်ထဲ လမ်းလျှောက်ထွက်သွားတယ်။

Ebony Wilkerson ဟာ ကလေးတွေနဲ့ ရေထဲ ထိုးမမောင်းခင် နာရီအနည်းငယ် အလိုတုန်းက Wilkerson ရဲ့ညီမဖြစ်သူက 911 ကို ဖုန်းဆက်ခဲ့ပါတယ်။ Wilkerson ဟာ ရက်စက်ကြမ်းကြုတ်တဲ့ အမျိုးသားဖြစ်သူဆီက ထွက်ပြေးလာခဲ့တာဖြစ်ပြီး မကောင်းဆိုးဝါးတွေ အကြောင်းပြောနေခဲ့တယ်လို့ ညီမဖြစ်သူက ပြောပါတယ်။

Ebony Wilkerson ဟာ ထူးထူးဆန်းဆန်းတွေ ပြုမူခဲ့တာ ဖြစ်ပေမဲ့ ထောင်ချဖို့ကျတော့လည်း အကြောင်းရှာမရဘူးလို့ ရဲတွေက ဆိုပါတယ်။

Ref:cbsnews.com

Role Model အဖြစ် မိမိကိုယ်ကိုယ် ယူဆမထားသည့် စကားလက်






Oxfamအတွက် (၈)နှစ်ကြာ ကိုယ်စားပြုပေးခဲ့ပြီးမှ ယင်းကဲ့သို့ နုတ်ထွက်ခဲ့ခြင်းသည် သူမကိုယ်သူမ ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်တစ်ခုအဖြစ် ယူဆ၍ မရခြင်းနှင့် ပတ်သက်မှု ရှိနိုင်ကြောင်း Avengers: Age of Ultron မင်းသမီးက ဆိုသည်

စကားလက် ဂျိုဟန်ဆန်က သူမအနေဖြင့် မိမိကိုယ်ကိုယ် လူတကာ စံပြုထိုက်သည့် Role Model တစ်ဦးအဖြစ် မယူဆကြောင်း ပြောကြားလိုက်သည်။ Oxfam၏ သံတမန်အဖြစ်မှ ပြီးခဲ့သည့်လက နုတ်ထွက်ခဲ့သည့် ဟောလီးဝုဒ် မင်းသမီးက သူမ၏ ဆုံးဖြတ်ချက်သည် အဆိုပါ အတွေးအမြင်နှင့် ဆက်နွယ်နေကြောင်း အရိပ်အမြွက် ဝန်ခံခဲ့သည်။ Oxfamအတွက် (၈)နှစ်ကြာ ကိုယ်စားပြုပေးခဲ့ပြီးမှ ယင်းကဲ့သို့ နုတ်ထွက်ခဲ့ခြင်းသည် သူမကိုယ်သူမ ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်တစ်ခုအဖြစ် ယူဆ၍ မရခြင်းနှင့် ပတ်သက်မှု ရှိနိုင်ကြောင်း Avengers: Age of Ultron မင်းသမီးက ဆိုသည်။



အသက်(၂၉)နှစ်ရှိ စကားလက်က Dazed မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် “ကျွန်မကိုယ်ကိုယ် Role Model တစ်ယောက်အဖြစ် ဘယ်တုန်းကမှ မြင်ကြည့်လို့ မရဘူး။ တခြား Role Model ပုဂ္ဂိုလ်တွေရဲ့ ခြေလှမ်းအတိုင်း လိုက်လှမ်းဖို့လည်း ကျွန်မ ဘယ်တုန်းကမှ စိတ်ကူးမရှိဘူးလေ”ဟု ဖွင့်ဟခဲ့သည်။ သူမက မိမိကိုယ်ကိုယ် သာမန်လူသား တစ်ဦးအနေဖြင့်သာ မှတ်ယူလိုကြောင်း၊ လူတကာ၏ ရှေ့ဆောင်လမ်းပြ ဖြစ်မနေလိုကြောင်းလည်း ဆိုသည်။
“ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်။ လူတကာက ကိုယ့်အကြောင်း စိတ်ဝင်တစား ရှိနေပြီး အတုယူဖို့ စိုင်းပြင်းနေတဲ့ ဘဝမျိုးမှာ ကျွန်မက ဘယ်လိုဘယ်ပုံ ရိုးရိုးရှင်းရှင်းနဲ့ အိပ်ရာနိုးထနိုင်မှာတဲ့လဲ။ ပြီးတော့ ဒီစိတ်မျိုးနဲ့ ကျွန်မဘယ်လို အိပ်စက်နိုင်မလဲ။ ဘဝမှာ ကိုယ့်စိတ်နှလုံးကို အများကြီး အေးချမ်းငြိမ်သက်နေစေဖို့ လိုပါတယ်။ တစ်ခါတစ်လေ သူများတွေ ကိုယ့်အပေါ် ဘယ်လိုမြင်သလဲ ဆိုတာကို လိုက်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားနိုင်တယ်လေ”ဟုလည်း စကားလက်က သုံးသပ်သွားသည်။



ရုရှားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ထုတ်ပြန်


မတ် ၃ ရက်တွင် လီနင်ဂရက်ဒေသရှိ ကီရီလိုစကီ သေနတ်ပစ်ကွင်း၌ စစ်ရေးလေ့ကျင်မှုကို ကြည့်ရှုရန် ရောက်လာသော ရုရှားသမ္မတပူတင် (Photo:AFP)


ယူကရိန်းတွင် စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကြောင့် အမေရိကန်က ရုရှားနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က မတ် ၃ ရက်တွင် ထုတ်ပြန်လိုက်ပြီး ပြဿနာကို အရှိန်လျော့ကျအောင် လုပ်ဆောင်ရန် ရုရှားအစိုးရကို တိုက်တွန်းခဲ့သည်။

“ယူကရိန်းမှာ အခုဖြစ်သွားတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားတို့အကြားက စစ်ရေးအရ ထိတွေ့ဆက်ဆံမှုကို ရပ်ဆိုင်းထားလိုက်ပါပြီ” ဟု ရေတပ်ဗိုလ်ချုပ် ဂျွန်ကာဘီက ပင်တဂွန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ရပ်ဆိုင်းမှုများတွင် စစ်ရေးလေ့ကျင့်မှုများ၊ အပြန်အလှန် တွေ့ဆုံပွဲ များ၊ စစ်သင်္ဘောများ သွားရောက်လည်ပတ်မှုနှင့် ဆွေးနွေးမှုများ စီစဉ်ပြုလုပ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် ယူကရိန်းပြဿနာကို အနီးကပ်စောင့်ကြည့်နေပြီး ခရိုင်းမီးယားဒေသရှိ ရုရှားတပ်ဖွဲ့များသည် ပင်လယ်နက် စစ်သင်္ဘောအုပ်စု ထားရှိရေးဆိုင်ရာ သဘောတူညီချက်များအရ မိမိတို့၏ စစ်စခန်းများသို့ ပြန်သွားကြရန် တိုက်တွန်းခဲ့သည်။ ယူကရိန်းပြဿနာကြောင့် ပင်လယ်နက်နှင့် အခြားနေရာများရှိ မိမိတို့၏တပ်ဖွဲ့များ တပ်စွဲထားသည့် အနေအထားကို ပြောင်းလဲသွားမည် မဟုတ်ကြောင်း ကာဘီက ပြောကြားခဲ့သည်။

“ဥရောပ သို့မဟုတ် မြေထဲပင်လယ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို နေရာပြောင်းရွှေ့ချထားခြင်း မရှိပါဘူး” ဟု ကာဘီက ပြောကြားသည်။ အမေရိကန်ရေတပ် တပ်ဖွဲ့များသည် ဒေသတွင်း မဟာမိတ်များ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းကာ ယခင်စီစဉ်ထားသည့် စစ်ဆင်ရေးများနှင့် စစ်ရေးလေ့ကျင့်မှုများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းကပြောကြားသည်။

ယခုအခါ ပင်လယ်နက်တွင် အမေရိကန် ရေတပ်စစ်သင်္ဘော USS Taylor ကိုသာ တပ်စွဲထားပြီး သောင်တင်မှုဖြစ်ပွားပြီးနောက် တူရကီနိုင်ငံ ဆိပ်ကမ်းတစ်ခုတွင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ယင်းကဲ့သို့ သောင်တင်မှုကြောင့် အဆိုပါသင်္ဘောမှ တပ်မှူးသည် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

ဆက်ဆံရေး တိုးတက်စေရန်နှင့် နားလည်မှု လွဲမှားခြင်းများ မဖြစ်စေရန် အမေရိကန်နှင့် ရုရှားတပ်ဖွဲ့များသည် နှစ်စဉ်ဒါဇင်နှင့်ချီသော ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ၊ အပြန်အလှန် စေလွှတ်မှုများနှင့် တွေ့ဆုံပွဲများ ပြုလုပ်လေ့ရှိသည်။ အမေရိကန်နှင့် ကနေဒါတပ်မှူးများက ၂၀၁၂ ခုနှစ်တွင် ပူးပေါင်းပြုလုပ်ခဲ့သည့် လေကြောင်းလိုင်းမှ ဓားစာခံများအား ကယ်တင်ရေးလေ့ကျင့်မှုများတွင် ရုရှားအရာရှိများ ပါဝင်ခဲ့သည်။

လွန်ခဲ့သောနှစ်များအတွင်းက အာဖဂန်နစ္စတန်သို့ စစ်လက်နက်ပစ္စည်းများအား ရုရှားနယ်မြေပိုင်နက်ကိုဖြတ်လျက် သယ်ယူပို့ဆောင်ရာတွင် အမေရိကန်စစ်တပ်သည် ရုရှားစစ်တပ်၏ အကူအညီများကို ရယူခဲ့ရကြောင်း သိရသည်။

Ref:AFP

တရုတ်က ၂၀၁၄ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်ကို ၁၂ ရာခိုင်နှုန်းကျော် တိုးမြှင့်


ပေကျင်းရှိ Forbidden City ဘေးတွင် မိုဘိုင်းအင်တာနက် အချက်အလက် ဖမ်းယူသည့်စက်ကို နေရာချနေသော တရုတ်ပြည်သူ့ စစ်ရဲများကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (Photo:AFP)


တရုတ်က ၎င်း၏ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်အတွက် အသုံးစရိတ် ၁၂ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်ထားသော ၂၀၁၄ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဒေသတွင်းနှင့် ၀ါရှင်တန်ကို စိုးရိမ်မှု မြင့်တက်စေခဲ့သည်။

တရုတ်သည် စစ်ရေးအသုံးစရိတ်ကို လေးနှစ်တိုင်တိုင် တိုးမြှင့်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ၁၂ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၁၁ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၁၀ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး တိုးမြှင့်ခဲ့သည်။ သို့သော် အမှန်တကယ် အသုံးစရိတ်သည် တရားဝင်ထုတ်ပြန်ချက်ထက် သိသိသာသာ များပြားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားပြီး ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၁၃၅ ဘီလျံမှ ၂၁၅ ဘီလျံအကြား ရှိနိုင်ကြောင်း ပင်တဂွန်က ခန့်မှန်းခဲ့သည်။ “၂၀၁၄ ခုနှစ်အတွက် အစိုးရ အသုံးစရိတ်ရဲ့ ၁၂ ဒသမ ၂ ရာခိုင်နှုန်းဖြစ်တဲ့ ယွမ် ၈၀၈ ဒသမ ၂၃ ဘီလျံ (ဒေါ်လာ ၁၃၂ ဘီ လျံ) ကို ကာကွယ်ရေး အသုံးစရိတ်အဖြစ် သတ်မှတ်လိုက်ပါတယ်” ဟု မတ် ၅ ရက်က စတင်ခဲ့သည့် တရုတ်ပြည်သူ့ကွန်ဂရက် (NPC) နှစ်ပတ်လည် အစည်းအဝေးသို့ တင်ပြရန် ပြင်ဆင်ထားသည့် အသုံးစရိတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဂျပန်ကလည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို ယန်း ၂၄ ဒသမ ၇ ထရီလျံ (ဒေါ်လာ ၂၄၀ ဘီလျံ) အထိ တိုးမြှင့်ရန် ယမန်နှစ်ဒီဇင်ဘာလက သဘောတူညီခဲ့ရာ လာမည့်ငါးနှစ်အတွက် ငါးရာခိုင်နှုန်း တိုးမြှင့်မှုဖြစ်သည်။ အမေရိကန်ကလည်း ၂၀၁၄ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ဒေါ်လာ ၆၃၃ ဘီလျံ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြီးခဲ့သော ဒီဇင်ဘာတွင် အတည်ပြုခဲ့သည်။

တရုတ်၏ ကာကွယ်ရေးအသုံးစရိတ်များသည် အမေရိကန်ကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ မီနိုင်သော်လည်း စွမ်းဆောင်ရည်၊ ကျွမ်းကျင်မှုနှင့် အသုံးပြုနိုင်မှုစွမ်းရည်တို့ကို မီရန်မှာမူ နှစ်ပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်သည်။ လတ်တလောတွင် တရုတ်စစ်ရေး အသုံးစရိတ်သည် အိန္ဒိယထက် သုံးဆနီးပါး ပိုမိုများပြားပြီး ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ စုစုပေါင်း အသုံးစရိတ်ထက် ကျော်လွန်နေကြောင်းလည်း သိရသည်။

Ref:AFP

၂၆နှစ်အမျိုးသမီး ၁၃နှစ်အရွယ်ကောင်လေးအား မုဒိမ်းကျင့်မှုဖြင့် တရားစွဲခံထားရ





ဒီကေတာမြို့ အလာဘားမားပြည်နယ်နေ လောရန်ဘေကာဆိုသူမှာ ၁၃နှစ်အရွယ်ကောင်လေးအား ဓမ္မာတာကိုလွန်ဆန်ပြီး မုဒိမ်းကျင့်မှုဖြင့်တရားစဲ

ွဆိုခြင်းကိုခံ ထားရသည်။ အဆိုပါအမျိုးသမီး သည်အာမခံကြေးဒေါ်လာ၂၀၀၀၀ဖြင်
့မော်ဂန်ကောင်တီအကျဉ်းမှသောကြာနေ့ မှစပြီးအပြင်တွင်နေထိုင်ခွင့်ပြုထားသည်။
သူမ၏ရှေ့နေမှာမူသူမသည်အပြစ်ကင်းစင်သူဖြစ်သည်ဟုဒီကေတာဒေလီကိုဆိုသည်။

ပြစ်မှုဖြစ်စဉ်ကို၂၀၁၃ ချစ်သူများနေ့ တွင် ဒီကေတာရဲစခန်းတွင်ဖော်ပြထားပြီး ထိုစဉ်ထဲကစုံစမ်းထောက်လှမ်းရေးများကိုပြုခဲ့သည်။ ခုံသမာဓိလူကြီးများသည် ဖြစ်ရပ်မှန်ကိုရှာဖွေပြီး တစ်နှစ်အကြာ ဖေဖော်ဝါရီလ၆ ရက်နေ့ တွင်တရားစွဲဆိုခြင်းကိုပြုခဲ့သည်။

ပြစ်မှုထိန်းသိမ်းရေးအဖွဲ့ ၊ကလေးငယ်ကာကွယ်ရေး အဖွဲ့ ၊ ကောင်တီရှေ့နေအဖွဲ့ တို့ ကလည်း ထိုအမှုကိုအတူတကွစုံစမ်းထောက်လှမ်းခဲ့သည်။

မုဒိမ်းမှုအပြင်အသက်၁၆ နှစ်အောက်ကလေးကိုကျုးလွန်ခြင်းအားဖြင်. ပြစ်မှုစွဲဆိုထားခြင်းခံရပြီး၊ နှစ်ခုစလုံးမှာပြစ်မှုကြီး (ခ) အဆင့်မြောက်သည်ဟုသိရှိရသည်။

Source: daily mail

တစ်ဆင့်ခံ ဆေးလိပ်ငွေ့များကြောင့် ကလေးများ၏ သွေးလွှတ်ကြောများကို ပျက်စီးစေ




ပြင်သစ်မြောက်ပိုင်းရှိ ဆေးလိပ်အရောင်းဆိုင် တစ်ဆိုင်တွင် ရောင်းချနေသော စီးကရက်ဗူးများကို ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်တွင် ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)


တစ်ဆင့်ခံ ဆေးလိပ်ငွေ့များ ရှူရှိုက်ရမှုကြောင့် ကလေးများ၏ သွေးလွှတ်ကြောများကို ပျက်စီးစေပြီး ၎င်းတို့၏ သွေးကြောများကို အချိန်သုံးနှစ်ကျော်စောပြီး အိုမင်းရင့်ရော်နိုင်သည်ဟု သုတေသီများက ပြောကြားခဲ့သည်။ ပျက်စီးမှုပုံစံမှာ သွေးကြောနံရံများ ထူလာခြင်းဖြစ်ပြီး သက်ကြီးပိုင်းတွင် နှလုံးရောဂါနှင့် လေဖြတ်ခြင်း အန္တရာယ်များ မြင့်တက်စေသည်ဟု သုတေသီများ၏ ပြောကြားချက်ကို European Heart Journal တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ဖင်လန်နှင့် သြစတြေးလျတွင် ဆေးလိပ်သောက်သော မိဘများမှ မွေးဖွားသည့် အသက်သုံးနှစ်မှ ၁၈ နှစ်အထိ ကလေး ၂၀၀၀ ကျော်ကို သုတေသီများက လေ့လာခဲ့ရာ မိဘနှစ်ဦးစလုံး ဆေးလိပ်သောက်လျှင် ကလေးများတွင် ယင်းအန္တရာယ်ရှိသည်ဟု တွေ့ရှိခဲ့ကြသည်။

သုတေသီများက ယင်းကလေးများ၏ ဦးခေါင်းမှ လည်ပင်းအထိ ပင်မသွေးလွှတ်ကြောတစ်ခုတွင် ပြောင်းလဲမှုများကို အချိန်ယူ လေ့လာခဲ့ကြသည်။ စစ်ဆေးခါစတွင် ၎င်းတို့၏ သွေးကြောနံရံသည် အသင့်အတင့်ထူပြီး နှစ် ၂၀ ခန့်အကြာတွင် သိသိသာသာ ထူထဲလာခဲ့သည်ဟု သုတေသီများက ပြောကြားခဲ့သည်။

ကလေးဘ၀တွင် ဆေးလိပ်ငွေ့များ ရှူရှိုက်မိခြင်းကြောင့် သွေးလွှတ်ကြော ပုံသဏ္ဌာန်ကို တိုက်ရိုက်ပျက်စီးစေပြီး ပြန်မကောင်းနိုင်သည်အထိ ပျက်စီးစေသည်ကို ယင်းလေ့လာမှုက သက်သေပြခဲ့ကြောင်း တက်စ်မေးနီးယား တက္ကသိုလ်မှ ဒေါက်တာဆင်းနာဂါးလ်က ပြောကြားခဲ့သည်။

ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိခြင်းနှင့် ပတ်သက်၍ ဘေးကင်းစိတ်ချရသော ရှူရှိုက်မှုပမာဏ မရှိဟု သုတေသီများက ပြောကြားခဲ့သည်။ နေအိမ်တွင် ဆေးလိပ်သောက်သည့် မိသားစုဝင်များနှင့်အတူ ကြီးပြင်းခဲ့ရသူများတွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ပြသရန်အတွက် ယခုသုတေသနက ရည်ရွယ်ကြောင်း သိရသည်။

Ref:AFP

ရန်ကုန်မြို့တွင်း ညပိုင်းတွင် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားနေမှုကြောင့် အထူးယာဉ်စစ်ဆေးရေးအဖွဲ့က စည်းကမ်းပျက်ယာဉ် ၄၅၈ စီးကို ငါးရက်အတွင်း အရေးယူခဲ့



ပြည်လမ်း၊ ဟံသာဝတီကားမှတ်တိုင်အနီးတွင် ယာဉ်များစစ်ဆေးနေသော ရဲတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ တတိယပတ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)


ရန်ကုန်မြို့အတွင်း ညဘက်ပိုင်းတွင် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားနေမှုကြောင့် အထူးယာဉ်စစ်ဆေးရေးအဖွဲ့က လှည့်လည်ပြီး စစ်ဆေးရာတွင် စည်းကမ်းပျက်ယာဉ် ၄၅၈ စီးကို ငါးရက်အတွင်း အရေးယူခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က မတ် ၄ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ယင်းသို့ အထူးယာဉ်စစ်ဆေးရေးအဖွဲ့အနေဖြင့် ညပိုင်းတွင်လှည့်လည်ပြီး စစ်ဆေးအရေးယူခဲ့ရာတွင် ယာဉ်အများစုမှာ မှတ်တိုင်မဟုတ်ဘဲ လူအတင်အချ ပြုလုပ်ခြင်း၊ မျဉ်းသေဖြတ်ခြင်း၊ မီးမစုံခြင်း၊ ကွေ့ကြော တည့်ဖြတ်ခြင်း၊ လမ်းပိတ်ရပ်ခြင်း၊ နံပါတ်မပါဘဲမောင်းနှင်ခြင်း၊ ယာဉ်မရပ်ရသည့်နေရာတွင် ရပ်နားခြင်း၊ သတ်မှတ်ထားသည့် လိုင်စင်နှင့် မမောင်းခြင်း၊ မ၀င်ရလမ်းတွင်မောင်းနှင်ခြင်း စသည့်စည်းကမ်းများကို အများဆုံး ဖောက်ဖျက်မောင်းနှင်နေကြောင်း သိရသည်။

"ရန်ကုန်မြို့အတွင်းမှာ ညပိုင်းအချိန်တွေမှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိလာပါတယ်။ ဒါတွေကို လျော့ကျဖို့ ယာဉ်စစ်ဆေးရေးအဖွဲ့အနေနဲ့ လှည့်လည်ပြီးတော့ ရှင်းလင်းတယ်။ စည်းကမ်းဖောက်တဲ့ ယာဉ်တွေ၊ စည်းကမ်းပျက်တဲ့ ယာဉ်တွေကိုလည်း ဖမ်းဆီးအရေးယူနေပါတယ်။ လမ်းပိတ်ဆို့ခဲ့တဲ့နေရာ အများစုကတော့ ရွှေတိဂုံဘုရားအနီးတစ်ဝိုက်နဲ့ ပြည်လမ်း အင်းလျားကန်ပေါင် အနီးတစ်ဝိုက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ညပိုင်းအချိန်မှာလည်း ကရိန်းယာဉ်တွေနဲ့ စည်းကမ်းမဲ့ရပ်ထားတဲ့ယာဉ်တွေကို လိုက်လံဖမ်းဆီးနေပါပြီ" ဟု အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ထို့ပြင် ညပိုင်းတွင် စည်းကမ်းပျက်မောင်းနှင်နေသည့် မော်တော်ယာဉ်များနှင့် ပြိုင်ကားများကိုလည်း လမ်းမကြီး ၂၀ တွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကျောက်တန်းမြို့မရဲစခန်း အနီးရှိ နေအိမ်တွင် အမျိုးသမီးတစ်ဦးတည်း ရှိနေစဉ် မျက်နှာဖုံးစွပ် လူတစ်ဦးက အနုကြမ်းစီးပြီး ငွေကျပ်သိန်း ၈၀ ယူဆောင်



ကျောက်တန်းရဲစခန်း အနောက်ဘက်လမ်းတွင်ရှိသော အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အား တွေ့ရစဉ် (ဓာတ်ပုံ- မင်းသိန်းနိုင်)


ကျောက်တန်းမြို့နယ် ကျောက်တန်းမြို့မရဲစခန်း အနီးရှိ နေအိမ်တွင် အမျိုးသမီးတစ်ဦး တည်းရှိနေစဉ် မျက်နှာဖုံးစွပ် လူတစ်ဦးက အနုကြမ်းစီးပြီး ငွေကျပ်သိန်း ၈၀ အား ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

မေ ၄ ရက် နံနက် ၇ နာရီခွဲခန့်တွင် မင်းကျောင်းလမ်း၊ အလယ်ပိုင်းရပ်ကွက်၊ ကျောက်တန်းမြို့နယ်ရှိ ကျောက်တန်းရဲစခန်း၏ အနောက်ဘက်လမ်းရှိ နေအိမ်တစ်အိမ်တွင် အနုကြမ်းစီးခံရခြင်းဖြစ်ပြီး အဆိုပါနေအိမ်တွင် ဦး....နှင့် ဒေါ်.....နှစ်ဦးတည်းသာ နေထိုင်ပြီး ဦး....က လက်ဘက်ရည်ဆိုင်သို့ သွားနေခိုက် ဇနီးဖြစ်သူတစ်ဦးတည်း ရှိနေချိန် အနုကြမ်းစီးခံခဲ့ရခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဒေါ်....သည် နေအိမ်၏ အနောက်ဘက်အိမ်သာ၌ အပေါ့သွားကာ ရေအိမ်မှထွက်လာပြီး အိမ်သာတံခါးချက်အား ပိတ်ရန်ပြင်နေစဉ် အနောက်မှ မျက်နှာဖုံးစွပ်သူတစ်ဦးက ၎င်း၏ခေါင်းအား တဘက်ဖြင့်အုပ်ပြီး လည်ပင်းအား ကြိုးဖြင့်ချည်ကာ ပါးစပ်တွင်လည်း အ၀တ်စတစ်ခုကို ထိုးသွင်းခဲ့ကြောင်း၊ ထို့အပြင် အဆိုပါ မျက်နှာဖုံးစွပ်လူက ဒေါ်......၏ ခြေလက်တို့အား ကြိုးဖြင့်ထပ်မံ ချည်နှောင်ကာ ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်အနီး ရဲစခန်းအတွင်း၌ ဖွင့်လှစ်ထားသော ကုန်စုံဆိုင်ရှင်က “ဖြစ်စဉ် ဖြစ်သွားတာကတော့ ဟုတ်တယ်။ အန်တီ့ဆိုင်က မနက် ၅ နာရီခွဲလောက်ကနေ ဖွင့်တာ။ အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ အဲဒီအိမ်က ဘာအသံမှ မကြားလိုက်ဘူး။ ဖြစ်ပြီးလို့ အဲဒီအိမ်က ယောက်ျားဖြစ်တဲ့သူက ရဲစခန်းကို လာတိုင်တဲ့အချိန်မှ သိရတာ” ဟုပြောပြသည်။

“အဲဒီအိမ်မှာ လင်မယားနှစ်ဦးတည်း နေတယ်လို့ သိရတယ်။ အဲဒီလို မျက်နှာအုပ်ပြီး ကြိုးတုပ်ခံထားရတာကို သူ့ခင်ပွန်း ပြန်လာတဲ့အချိန်မှာ တွေ့ရတယ်။ ခင်ပွန်းဖြစ်သူ ဦး....က ရဲစခန်းသို့ လာတိုင်တော့ သွားစစ်တဲ့အခါမှာ နေအိမ်မှာရှိတဲ့ ဗီရိုထဲက အ၀တ်အစားတွေ ဖရိုဖရဲဖြစ်နေတယ်။ ဗီရိုထဲ ထည့်ထားတဲ့ ငွေကျပ်သိန်း ၈၀ ပျောက်ဆုံးနေတယ်ဆိုတာ သိရတယ်။ ကျူးလွန်တဲ့ သူတွေကိုတော့ စုံစမ်းနေပါတယ်” ဟု ကျောက်တန်းမြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်အေးမင်းစိုးက ပြောကြားသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေအိမ်အား သွားရောက်မေးမြန်းရာ ကျူးလွန်ခံခဲ့ရသည့် ဒေါ်.....၏ သားဖြစ်သူက ၎င်း၏အမေ ကျန်းမာရေးမကောင်းသဖြင့် မပြောပြနိုင်ကြောင်းနှင့် ရဲစခန်းသို့ မေးမြန်းရန်သာ ပြောကြားသည်။ ယင်းဖြစ်စဉ်ကို ကျောက်တန်းရဲစခန်းက (ပ)၃၇/၁၄ ပြစ်မှု ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားသည်။

ဂျာနူဇတ်နဲ့ သတင်းတွေကို ခပ်ကြမ်းကြမ်း ငြင်းခဲ့တဲ့ စပရင်ဂါ







မန်ယူ လူငယ်ကစားသမား ဂျာနူဇတ်နဲ့ ချစ်သူဖြစ်နေကြလို့ သတင်းလွှင့်သူတွေကို ကာယကံရှင် စပရင်ဂါက အွန်လိုင်းကနေ ခပ်ကြမ်းကြမ်း တုံ့ပြန်သွားပါတယ်။ ဂျာနူဇတ် နာမည်ကျော်ကြား လာပြီးနောက် အမေရိကန် အဖော်အချွတ် မဂ္ဂဇင်းတွေမှာ မျက်နှာဖုံးရှင် ဖြစ်ခဲ့တဲ့ အင်္ဂလန် နာမည်ကျော် မော်ဒယ် စပရင်ဂါနဲ့ ချစ်သူတွေ ဖြစ်နေကြပြီလို့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စပရင်ဂါက “ ဖေ့ဘွတ်ပေါ်မှာ ကျွန်မ အကြောင်း သားပုတ်လေလွှင့် ပြောနေတာတွေကို ရပ်တန်းက ရပ်သင့်ပါပြီ။ အလိမ်အညာတွေကို ဖြန့်မနေ သင့်ပါဘူး။ ဒါက မနှစ်မြို့စရာကောင်းတဲ့ ကိစ္စပါ။ လုံးဝကို အဓိပ္ပာယ်မရှိပါဘူး”လို့ ပြောခဲ့တာပါ။ စပရင်ဂါဟာ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်လို့ မန်ယူ အသင်းသား တစ်ယောက်နဲ့ ချစ်သူဖြစ်နေပြီဆိုတဲ့ သတင်းတွေကို ပြန်တုံ့ပြန်ခဲ့ တာလို့လည်း သုံးသပ်ထားကြပါသတဲ့။


 ရိုးရာလေး

Friday, February 28, 2014

အချစ်ရယ် မပြယ်စေဖို့


သူကတော့ ကျွန်မကို အသက်နဲ့တမျှချစ်တာကြောင့် ဘာမှ စိုးရိမ်နေစရာမလိုပါဘူး လို့ယူဆထားပါသလား။ မှားပါတယ်။ ကျွန်မတို့အနေနဲ့ မိန်းမသားမို့ ချစ်သူဆီက တောင်းဆိုခွင့်တွေ ပိုများတယ်ဆိုပေမယ့် သူတို့မှာလည်း ဖွင့်ဟမပြောဖြစ်တဲ့ ကျွန်မတို့ဆီက လိုချင်နေတဲ့ အချက်လေးတွေ ရှိနေပါတယ်။

ဒီတော့ ပျိုမေတို့က ချစ်သူနဲ့ရင်ဘောင်တန်းနိုင်ပြီး သူ့အတွက် ဂုဏ်ယူရတဲ့ မိန်းမသားတစ်ဦး ဖြစ်စေဖို့ ဒီအချက်လေးတွေတော့ ပြည့်စုံအောင် ကြိုးစားနေသင့်တာပေါ့။ သိပ်များများစားစား မဟုတ်ပေမယ့် မရှိလို့လည်း မဖြစ်သေးပါဘူး။

(၁) မြည်တွန်တောက်တီးသူတစ်ယောက် မဖြစ်ပါစေနဲ့။



အမျိုးသမီးအများစုက ဗျစ်တောက် ဗျစ်တောက်လုပ်တတ်ကြောင်း အထူးပြောနေဖို့ မလိုပါဘူး။ သင့်အနေနဲ့ ပြီးပြည့်စုံတဲ့ girlfriend တစ်ဦး ဖြစ်လိုတယ်ဆိုရင်တော့ ဒီအမူအကျင့်ကို စွန့်လွှတ်လိုက်ပါ။ Perfect girlfriend တစ်ယောက်က ဒီလိုမပြုမူတတ်ပဲ လိုရင်းကိုသာ ပြောပါတယ်။

(၂) သူ့အပေါ်မှာချည်း မှီခိုသူတစ်ယောက် မဖြစ်ပါစေနဲ့။



သင့်ရဲ့အမျိုးသား ၊ ချစ်သူရည်းစားက ဘယ်လောက်ပဲ လခကောင်းနေပါစေ။ ဒါမှမဟုတ် သင့်မိဘက အတော်လေးပဲ ချမ်းသာနေပါစေ သင့်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ၀င်ငွေရတဲ့ အလုပ်တစ်ခုတော့ ရှိနေသင့် ပါတယ်။ အနည်းဆုံးတော့ သူ့ကိုချည်း လုံးဝမှီခိုမနေရတဲ့အတွက် သင့်မှာလည်း ထိုက်သင့်တဲ့ မာနလေး ထားလို့ရတာပေါ့။

(၃) ထက်မြက်သူတစ်ယောက် ဖြစ်ပါစေ။



၂၁ ရာစုမှာ မိန်းကလေးတွေ ဥာဏ်ရည်ထက်မြက်ပြီး ဗဟုသုတ ပြည့်ဝဖို့ လိုလာပါပြီ။ သင့်ရဲ့ အတွေးအခေါ် ၊ အယူအဆတွေကို အမြဲတမ်း နည်းလမ်းမှန်မှန်နဲ့ ချက်ကျလက်ကျ ပြောနိုင်သူတစ်ယောက် ဖြစ်ဖို့လိုပါတယ်။ သင်ဟာ နားလည်မှုရှိတဲ့ မိန်းကလေး ၊ ဥာဏ်ကောင်းပြီး ထက်မြက်တဲ့ မိန်းကလေးတစ်ဦး အဖြစ် ပေါ်လွင်နေရပါမယ်။ ဒါမှသာ အပေါင်းအသင်းများရှေ့ ရောက်တဲ့အခါ သင့်ကို ခပ်ကြွားကြွားလေး ပွဲထုတ်လို့ ရမှာပေါ့။

(၄) ပုရိသတွေကို ဆွဲဆောင်နိုင်သူတစ်ယောက် ဖြစ်ပါစေ။



ချစ်ခြင်းတစ်ခုမှာ ဆွဲဆောင်နိုင်စွမ်းရှိမှု ဆိုတာကလည်း မေတ္တာတရားလိုပဲ အရေးကြီးပါတယ်။ သင့်အနေနဲ့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိဖို့နဲ့ သူ့ကို ရင်ခုန်စေဖို့လိုပါတယ်။ ဒါပေမယ့် ဖော်ချွတ်ပြီး ဆတ်ကော့လတ်ကော့ နေရမယ်လို့မဆိုလိုပါဘူး။ သပ်ရပ်သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အားကစား လိုက်စားသူတစ်ဦး ဖြစ်နေရင် ဒီအချက်ပြည့်စုံပါပြီ။

(၅) သူ့အသိုင်းနဲ့ အကျွမ်းတ၀င် ခင်မင်ရင်းနှီးနိုင်သူ ဖြစ်ပါစေ။



သိတဲ့အတိုင်း မိန်းကလေးအတော်များများက အပေါင်းအသင်းနဲ့ အချိန်ဖြုန်းရင် မနှစ်သက်တတ်ကြပါဘူး။ သင့်ကောင်လေးရဲ့ အချိန်အတော်များများကို သင့်အတွက် ကုန်ဆုံးစေချင်တာ မှန်ပေမယ့် သူ့သူငယ်ချင်း အသိုင်းအ၀ိုင်းနဲ့ အချိန်ဖြုန်းတဲ့အခါမှာလည်း မကန့်ကွက်ဘဲ သင်ပါ ပါဝင်ဆင်နွှဲ နိုင်ဖို့ ကြိုးစားပါ။ ဒါဆိုရင်တော့ သင်က တခြားကောင်မလေးတွေထက် တပန်းသာသွားပါပြီ။

(၆) နှစ်သိမ့်တတ်သူတစ်ဦး ဖြစ်ပါစေ။



နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ သင်ဟာ ချစ်သူလိုရော ၊ မောင်နှမလိုရော နားလည်ပေးနိုင်ပြီး မိခင်လိုပါ နှစ်သိမ့်အားပေးတတ်တဲ့ ကြီးမားတဲ့ နှလုံးသား ရှိပါစေ။ အရှုံးတွေနဲ့ ကြုံတွေ့ရလို့ လဲကျလုလု ဖြစ်နေတဲ့ သူ့ကို အကောင်းဆုံး ကြင်နာမှုနဲ့ မှန်ကန်စွာ လမ်းပြပေးနိုင်ပါစေ။ နှစ်သိမ့်ပေးနိုင်ပါစေ။ ဒါမှသာ ဒုက္ခရောက်ချိန် လက်တွဲမဖြုတ်ခဲ့တဲ့ သင့်ရဲ့တန်ဖိုးကို သူကောင်းစွာနားလည်ပြီး “ငွေလမင်း” ရယ်လို့ အမြတ်တနိုး တန်ဖိုးထားနေနိုင်မှာပေါ့။

ပျိုမေတို့အတွက် အချစ်ရယ် မပြယ်စေဖို့ ဆိုတာကတော့ ဆေးစွမ်းကောင်းတွေ လိုက်မေးနေဖို့ မလိုဘူးနော်။ ဒီအချက်လေးတွေ ပြည့်စုံလို့ကတော့ သင့်အနားက သူဘယ်တော့မှ မထွက်ခွာသွားနိုင်တာ သေချာပါတယ်။

Ref:mensxp.com

ပူအိုက်တဲ့ရာသီအတွက် ခေတ်ရှေ့ပြေးတဲ့ Overalls လေးတွေ



၉၀ ခုနှစ် လောက်တွေတုန်းက ခဏတာ ခေတ်စားခဲ့တဲ့ overalls လေးတွေကို ဒီနှစ်နွေရာသီအတွက် ပြန်လည်ရွေးချယ်မယ်ဆိုရင်တော့ မှန်ကန်တဲ့အတွေးပါပဲ။ ဒီအတွက် အကြံဥာဏ်ယူလိုတယ်ဆိုရင်တော့ အခုရွေးချယ်ဖော်ပြပေးမယ့် ပုံလေးတွေကို လေ့လာကြည့်ပါ။

(၁) ဂျင်းသားဘောင်းဘီရှည်ကို အတွင်းခံ လက်ပြတ်အဖြူလေးနဲ့ တွဲဝတ်ကြည့်ပါ။ ပိတ်ရက်တွေမှာ ထွက်လည်ဖို့ အကောင်းဆုံးစတိုင်ပေါ့။ ဘောင်းဘီ အနားကိုတော့ ခပ်ရှုံ့ရှုံ့လေးဖြစ်အောင် မညီမညာ ခေါက်လိုက်ပါ။



(၂) ကာကီရောင် အပါးလေးတွေကို အောက်က တီရှပ် အညိုလေးတွေ ခံဝတ်တာက လိုက်ဖက်တဲ့ အရောင်အတွဲအစပ်ပါ။ အနက်ရောင် (သို့) အညိုရောင် လည်ရှည်boot တစ်ရံစီးပြီး ဘောင်းဘီအနားကို အနည်းငယ်ခေါက်လိုက်ပါ။



(၃) အတိုကိုရွေးချယ်လိုတယ်ဆိုရင်တော့ ဒီလို cute စတိုင်မျိုး ရမှာပေါ့။ အရပ်သိပ်မရှည်ရင်တော့ အတိုလေးတွေနဲ့ ပိုလိုက်ဖက်ပြီး ဂျင်းတွေကတော့ overall ရဲ့ မူရင်းစတိုင်ပါ။



(၄) အပွင့်အဆင်လေးတွေလည်းရှိပြီး အနီးအနား ၊ ထသွားထလာအတွက် အလွန်အဆင်ပြေပါတယ်။ မိန်းမဆန်တဲ့ အသွင်လေးလည်း ပိုပေါ်လွင်ပါတယ်။



(၅) နေပူထဲသွားမှာမို့ အရောင်ဖျော့လေးတွေ ရွေးချယ်ဖို့ လိုနေတယ်ဆိုရင်တော့ ဂျင်းအဖျော့လေးတွေကို ရွေးချယ်ပါ။ အင်္ကျံအဖြူအပါးလေးတွေနဲ့တင်မဟုတ်ပဲ ပန်းရောင် ၊ အသားရောင် အစရှိတဲ့ အရောင်နုလေးတွေနဲ့လည်း တွဲဝတ်လို့ရတယ်နော်။



(၆) ရော့ခ်ကာတစ်ဦးဆိုရင်တော့ အနက်ရောင် denim တွေရွေးချယ်ပေါ့။ ဒီလိုစတိုင်မျိုးက တခြား Overall တွေနဲ့မတူပဲ အနည်းငယ် rock ဆန်ပါတယ်။ Willow Smith ကတော့ အနက်ရောင် သက္ကလပ် လည်ရှည် boot နဲ့ အခုလိုပဲ ခပ်ကြမ်းကြမ်း ၀တ်ဆင်သွားပါတယ်။



ဒီလောက်ဆိုရင်တော့ သင်လည်း Overall လေးနဲ့ လန်းကြည့်ဖို့ ဒီနွေမှာ စိတ်ကူးသစ်လေး ရလောက်ပြီပေါ့။ တခြားစတိုင်တွေနဲ့မတူပဲ သင့်ကို လူကြားထဲ ထင်းနေစေမယ့် Overall လေးတွေကို စမ်းကြည့်ဖို့တော့ လိုနေပြီနော်။

Ref:seventeen.com

မွေးနေ့ ပါတီကို အတွင်းခံဘောင်းဘီမ၀တ်ဆင်ဘဲ တက်ရောက်ခဲ့တဲ့ Paris Hilton



ဟောလီးဝုဒ်နာမည်ကြီးမင်းသမီး Paris Hilton တစ်ယောက် စနေနေ့ ညက ပြုလုပ်ခဲ့တဲ့ သူမရဲ့ အသက် ၃၃ နှစ်ပြည့် မွေးနေ့ ပါတီကို တက်ရောက်လာတဲ့ ဖက်ရှင်ကြောင့် ပရိတ်သတ်တွေအကုန် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။

သူမရဲ့ မွေးနေ့ ပါတီကို West Hollywood ရဲ့ Greystone Manor ကလပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပန်းရောင်တောက်တောက်ဝတ်စုံနဲ မွေးနေ့ ပါတီကို တက်ရောက်လာခဲ့တာပါ။ အစ္စရေးလူမျိုး ဒီဇိုင်နာ Alon Livne ရဲ့ ၀တ်စုံဟာ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို လှပပေါ်လွင်စေခဲ့ပါတယ်။

အနီရောင်ကော်ဇော်လျှောက်လမ်း မှာ ဓာတ်ပုံဆရာတွေက တဖျပ်ဖျပ်ရိုက်ကျတဲ့အခါမှာ Paris Hilton ဟာ သူမရဲ့ စကတ်ကို ခဏခဏ ဖြန့် ပြီး ရှည်သွယ်တဲ့ ခြေထောက်အလှနဲ့ နေလောင်ခံထားတဲ့ ဘီကီနီဝတ်စုံအရာ လေးကိုပါ လှစ်ဟပြနေခဲ့တာပါ။ ဒါပေမယ့် ဆိုးရွားတာတစ်ခုကတော့ Paris Hilton ဟာ အတွင်းခံဘောင်းဘီ ၀တ်ဆင်လာခြင်းမရှိဘဲ သူမခန္ဓာကိုယ်အောက်ပိုင်းအတွင်းသားတွေကို ပေါ်ပေါ်ထင်ထင် လှစ်ဟပြခဲ့တာပါ။

သူမဖက်ရှင်ကို သူမကိုယ်တိုင်သဘောကျနေတဲ့ Hilton ကတော့ “ ဒီဝတ်စုံက The Runaway ဖက်ရှင်ရှိုးက ဂါဝန်ဝတ်စုံလေးပါ။ ဒီဝတ်စုံလေးကို ကျွန်မမွေးနေ့ မှာ ၀တ်မယ်လို့ ပြောခဲ့ပါတယ်။ ဒီဝတ်စုံက ဘာဘီမင်းသမီးဝတ်စုံလေးကျနေတာပါပဲ” လို့ US Weekly သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဟောလီးဝုဒ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Paris Hilton ဟာ ဒီဇိုင်နာ Livne ကို Instagram က တစ်ဆင့် ချီးကျုးစကားဆိုခဲ့ပါသေးတယ်။



ပိုချစ်တင်းနှောရင် ဉာဏ်ရွှင်ထက်မြက်ရခြင်း အကြောင်းရင်း




နောက်တစ်ခါဆို သင့်ရဲ့ ကြင်ဖက်က ချစ်တင်းနှောဖို့ စိတ်မပါဘူးလို့ ပြောလာခဲ့ရင် “ဒါမင်းထင်သလိုမဟုတ်ဘူး၊ ဉာဏ်ပိုရွှင်စေတာ။” ဆိုပြီး ဒီအကြောင်းလေးကို ရှင်းပြနိုင်တာပေါ့။
ပရိယာယ်များတယ်လို့ ထင်ရပေမဲ့၊ ချစ်တင်းနှောတာဟာ ပိုပြီးဉာဏ်ရွှင်ထက်မြက် လာစေတယ်လို့ စိတ်ပညာရှင်တွေက ဆိုထားပါတယ်။
အရင့်အရင် သုတေသနရပ်တွေအရလည်း ချစ်တင်းနှောရင် စိတ်ဖိစီးမှုလျော့ရုံသာမက ကယ်လိုရီတွေကိုပါ လောင်ကျွမ်းစေတယ်ဆိုတာကို သိနှင့်ပြီးဖြစ်ကြပါတယ်။
ခုနောက်ဆုံးလုပ်ခဲ့တဲ့ သုတေသနရပ်မှာ ကြွက်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ ရေရှည်မှတ်ဉာဏ် ဖွဲ့စည်းမှုဆိုင်ရာ ဦးနှောက်နေရာဖြစ်တဲ့ hippocampus ထဲက ဦးနှောက်ဆဲလ်တွေဖြစ်ထွန်းလာမှုဟာ ချစ်တင်းနှောတဲ့အခါ ပွားများလာပါတယ်။
ချစ်တင်းနှောမှုကို ရပ်ဆိုင်းထားပေးတဲ့ ကြွက်တွေမှာတော့ ဉာဏ်ရည်ကျဆင်းလာတာကို တွေ့ရတယ်လို့ မေရီလန်းဒ် တက္ကသိုလ်က စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ချစ်တင်းနှောတဲ့ လှုပ်ရှားမှု တက်လာခဲ့ရင် ဦးနှောက်ဆဲလ်တွေဆီ အောက်စီဂျင်လွှမ်းသွားစေတာကိုလည်း သူတို့က သတိပြုမိပါတယ်။ ဦးနှောက်ဆဲလ် (Neurons) တွေဟာ အာရုံကြောအဖွဲ့အစည်း ဖြစ်လာဖို့အတွက် အခြေခံ တည်ဆောက်ရေးအတုံးလေးတွေပါ။
တောင်ကိုရီးယား၊ Konkuk တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်ကလည်း အခုသုတေသနရှာဖွေတွေ့ရှိချက်တွေကို ထောက်ပံ့ပေးထားပါတယ်။ ကိုရီးယား လေ့လာမှုအရ ချစ်တင်းနှောတာဟာ ဉာဏ်ရည်ပိုင်း လုပ်ဆောင်ချက်တွေကို တိုးမြင့်စေတယ်လို့ သိရပါတယ်။
Ref:dailymail.co.uk

တရုတ်အမျိုးသားနှင့် လက်ထပ်ခဲ့သော အမျိုးသမီးငယ် ပျောက်ဆုံးနေ





တိုက်ကြီးမြို့နယ် ဥက္ကံရှမ်းစု ကျေးရွာတွင် တရုတ်နိုင်ငံသားတစ် ဦးနှင့်လက်ထပ်ခဲ့သော မြန်မာအမျိုး သမီးငယ်တစ်ဦး ပျောက်ဆုံးနေ သည်ဟုဆိုကာ လူကုန်ကူးမှုတား ဆီးနှိမ်နှင်းရေးတပ်ဖွဲ့သို့ တိုင်ကြား ခဲ့ကြောင်း တိုင်ကြားသူရှမ်းစုကျေး ရွာသားဦးမြင့်ဝေက ပြောသည်။

အဆိုပါတိုင်ကြားမှုကို ဖေ ဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးလူကုန် ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့သို့ လူကိုယ်တိုင် သွားရောက်တိုင်ကြား ခဲ့သည့်အပြင် ရန်ကုန်စာတိုက်ကြီး မှလည်း အမြန်ချောပို့ဖြင့် တိုင်ကြား စာကို ပို့ဆောင်ခဲ့ကြောင်း သိရ သည်။

''ရွာနာလို့တိုင်တာ၊ နိုင်ငံခြား သားက ရွာမှာလာအိပ်လို့ရလား၊ လက်ထပ်တာကို ကျေးရွာအုပ်ချုပ် ရေးမှူးက ခွင့်ပြုလို့ရလားဆိုတာ သိချင်တယ်''ဟု တိုင်ကြားသူ ရှမ်း စုရွာသားဦးမြင့်ဝေက ဆိုသည်။

လက်ထပ်ခဲ့သော တရုတ်နိုင်ငံ သားမှာ မစ္စတာကျောက်စုန်ထောင် ဖြစ်ပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ယင်းရှမ်းစုကျေးရွာနေ ဦးတင်အေး၏သမီးနှင့် လက်ထပ် ထိမ်းမြားခဲ့ကြောင်း၊ အမျိုးသမီး ငယ်မှာ အသက် ၃ဝ ခန့်ရှိသော် လည်း မစ္စတာကျောက်စုန်ထောင် မှာ အသက် ၆ဝ ခန့်ရှိပြီး မြန်မာ စကားမပြောတတ်ကြောင်း တိုင် ကြားသူ ရှမ်းစုရွာသား ဦးသန်း မောင်က ပြောသည်။

''အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆို တာရှိတယ်။ ခုကိစ္စကတစ်မျိုးသား လုံးနဲ့သက်ဆိုင်တယ်။ မြို့နယ်အ ဆင့်မှာလဲတိုင်ပြီးပြီ။ ဘာမှ ဖြစ် မလာဘူး''ဟု ယင်းက ပြောသည်။
အထက်ပါကိစ္စနှင့်ပတ်သက် ပြီး ရန်ကုန်တိုင်းမ်ဂျာနယ်မှ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးလူ ကုန်ကူးမှု တားဆီးနှိမ်နင်းရေးအ ဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့ရာတာ ဝန်ကျဝန်ထမ်းက ''ကျွန်တော်တို့ ဌာနက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကာယကံရှင်မိဘကို ခေါ်ယူစစ် ဆေးနေပါတယ်''ဟု ဖြေဆိုသည်။




အိမ်ထောင်ကျသွားပေမဲ့ အခုထိ နေသားမကျသေးဘူးလို့ဆိုတဲ့ ဝိုင်းစုခိုင်သိန်း




ချစ်စရာအသံချိုချိုလေးနဲ့ ပရိသတ်ကို ဖမ်းစားထားနိုင်သလို သရုပ်ဆောင်ဘက်မှာလည်း ခြေလှမ်းမှန်မှန်နဲ့ အနုပညာလမ်းကို လျှောက်လှမ်းနေတဲ့ အဆိုတော်၊ သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံခိုက် လတ်တလော သူမရဲ့အနုပညာလှုပ်ရှားတွေကို မေးမြန်းကြည့်လိုက်တဲ့အခါ ‘အခုလတ်တလောကတော့ အကြွေးကျန်တဲ့Duet အခွေအတွက် အသံသွင်းဖို့ရယ်၊ နောက်တစ်ချို့ သီချင်းတွေ ကျန်တာ တီးဖို့ရယ် လုပ်နေတယ်။ ပြီးရင် မတ်လ၁၆ရက် နေ့မှာ ကိုရီးယားပွဲသွားမယ်။ ကိုရီးယားကနေပြန်လာမှ ကားရိုက်တွေပြန်စမယ်။ တစ်ကိုယ်တော်လိုက်ရှိုးလုပ်ဖို့လည်း ရှိပါတယ်။ ပထမတုန်းကတော့ မင်္ဂလာမဆောင်ခင်မှာ လိုက်ရှိုး လုပ်မလို့ပါပဲ။ မလုပ်ဖြစ်လိုက်ဘူး။ အားလုံး အေးဆေးဖြစ်သွားပြီဆိုတဲ့ အချိန်ကျမှ လုပ်ဖြစ်တော့မယ်။ အခုတော့ အလုပ်ကြွေးတွေ ကျန်နေသေးတယ်။ မတ်လ၂၃ရက်နေ့မှာ ကိုဘိုဆန်းလုပ်တဲ့ ရှိုးပွဲရှိမယ်။’လို့ သူက ပြောပါတယ်။
ခုချိန်မှာ အိမ်ထောင်ရှင်မ ဖြစ်သွားပြီဖြစ်တဲ့ ၀ိုင်းစုကို အိမ်မှုကိစ္စအတွက် ဘာတွေ တာဝန်ယူရတယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးကြည့်လိုက်တော့ သူက‘အိမ်မှုကိစ္စတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာတွေနဲ့ ချုပ်ချယ်ထားတာတွေမရှိပါဘူး။ ဘယ်အရာမှလည်း မချုပ်ချယ်ထားခဲ့ဘူးဆိုတော့ အရင်တိုင်းပါပဲ။ ဝိုင်းစု စိတ်တိုင်းကျနေလို့ရတယ်။ သူလည်း သူ့အလုပ်နဲ့သူ။ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ ကိုယ်ပေါ့နော်။ တစ်ခါတစ်လေကျရင်လည်း ကိုယ့်ကိုကိုယ် အရင်အတိုင်းပဲ လို့ထင်ထားမိတယ်။ တစ်ချက်တစ်ချက်ကျရင် ငါအိမ်ထောင်သည်ပဲ၊ အိမ်ထောင်ကျသွားပြီပဲဆိုတဲ့ အဲဒီလိုဖီလင်မျိုးတော့ဖြစ်မိပါတယ်။ ဘယ်လိုပြောမလဲ နေသားတော့မကျသေးဘူးပေါ့နော်’တဲ့။

Related Posts Plugin for WordPress, Blogger...