Sunday, March 9, 2014

barbie အရုပ်ကလေးနဲ့တူအောင် ခွဲစိတ်ခဲ့သော မိန်းကလေး






ကမ္ဘာပေါ်တွင် မိမိထင်ထားသည်ထက် ထူးဆန်းမူများမှာ များပြားလွန်းလှသည်
ယခုလည်း သာမန်မိန်းကလေးတစ်ယောက်မှ barbie အ၇ုပ်ကလေး နှင့်ချွတ်စွတ်
တူစေ၇န် အသားအနာခံ ပိုက်ဆံအကုန်ခံ ပြီး ပြုလုပ်ထားပုံကိုတင်ပြ ချင်ပါသည်
ယူက၇ိန်းနိုင်ငံမှ Valeria Lukyanova အမည်၇အမျိုးသမီးတစ်ဦး သည် ဒေါ်လာ
၈၀၀၀၀၀ ၇ှစ်သိန်းအကုန်ခံပြီး ခွဲစိတ်မူကိုခံယူ ခဲ့ သည် ထိုအမျိုးသမီးသည်
အ၇ုပ်မ နှင့်တူစေ၇န် နံ၇ိုးနှစ်ချောင်းမျှ မိမိကိုယ် မှ ထုတ်ပယ်ခဲ့ ၇သည် ထိုမှသာ
အ၇ုပ်ကဲ့ သို့ ခါးသေး ၇င်ချီဖြစ်စေမည်........နှာခေါင်းမှာလည်းအလွန်အမင်း
သေးငယ်စေ၇န်အတွက် အစစ်ကိုဖြတ်ထုတ်ကာ silicon နှာခေါင်းအတုကိုအစား
ထိုးပေးထားရသည်။

ရေကို အလာ့ဂျစ်ဖြစ်တဲ့ မိန်းကလေး





ရေကို အလာ့ဂျစ်ဖြစ်တဲ့ မိန်းကလေး
ဒါဟာလည်း ထူးထူးဆန်းဆန်း ရောဂါ အခြေအနေတစ်မျိုးပဲဖြစ်ပါတယ် ။ ယုံကြည်နိုင်ဖွယ်ရာတောင်မရှိပါဘူး ။ သူမနာ မည်က Ashleigh Morris ဖြစ်ပြီး ရေကို အလာ့ဂျစ်ဖြစ်တဲ့ Aquagenic Urticaria ဆိုတဲ့ရော ဂါတစ် မျိုးကို ခံစားနေရရှာတယ် ။ ဒီရောဂါဟာ သူမကို ဘယ်လိုအကြောင်းနဲ့မှ ရေနဲ့ထိခွင့်မရအောင် တားဆီး ထား တယ် ။ ဥပမာ ရေချိုးခြင်း ရေကူးခြင်း စသဖြင့်ပေါ့ ။ သူမဟာ ဘယ်လောက်ထိ လဲဆိုရင်သူမ ကိုယ်က ထွက်တဲ့ချွေး နဲ့ ပြန်ပြီး အလာ့ဂျစ်ဖြစ်နေတဲ့အတွက် အချိန်တိုင်း အနီကွက်တွေပေါ်နေလေ့ရှိတယ် ။ လူတွေ ရဲ့ခန္ဓာ ကိုယ် ဟာ ရေ ၈၀% နဲ့လုပ်ထားတာမှန်ပေမယ့်လည်းဒီကောင်မလေးက ဘာကြောင့် အလာ့ ဂျစ်ဖြစ် ရ တယ်ဆို တာတော့မသိပါဘူး ။ သူမ ဘယ်လိုရေချိုးသလဲဆိုတာလည်းမသိရပါဘူး ။

ရင်သားကြီး၍ အမှုနိုင်သွားသူ မိန်းကလေး





ဘီကီနီ မော်ဒယ်မှ သရုပ်ဆောင်ဖြစ်လာသည့် ဂျပန် လှပျိုဖြူ တစ်ဦးဟာ တံခါးကို ချိုးဖျက် ၍ ဖြစ်ပေါ်လာသော အပေါက်မှ တိုးဝင်၍ ပြစ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် အမှုတွင် အဆိုပါ အပေါက်တွင် သူမ၏ ဖွံ့ထွားလှသော ရင်သားများ ဝင်ဆံ့နိုင်ခြင်း မရှိဟု သက်သေပြနိုင်ခဲ့ခြင်းကြောင့် အမှုမှ တရားသေ လွတ်ခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ Serena Kozakura လို့ အမည်ရတဲ့ မော်ဒယ် မိန်းကလေးဟာ သူမ ချစ်သူ၏ တိုက်ခန်းတွင် အခြား အမျိုးသမီး တစ်ဦးကို တွေ့ရှိ ခဲ့ရခြင်းကြောင့် စကားများကြရာမှ အဆိုပါ တိုက်ခန်း၏ တံခါးကို ခြေထောက်ဖြင့် ကန်ကျောက်၍ အပေါက်ဖြစ်စေကာ ယင်းအပေါက်မှ အခန်းတွင်းသို့ တိုးဝင်ခဲ့သည်ဟု ဆိုကာ တစ်ပါးသူ၏ ပိုင်ဆိုင်မှုကို ဆန္ဒအလျောက် ဖျက်ဆီးမှုဖြင့် ထောင်ဒဏ် ၁၄ လ ချမှတ် ခံခဲ့ရတဲ့ အတွက် တိုကျို တရားရုံးချုပ်သို့ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အယူခံကို ကြားနာမှုတွင် သူမရဲ့ ချစ်သူနှင့် အခြား သက်သေ တစ်ဦးတို့က Kozakura ဟာ တံခါးကို ကန်ကျောက်၍ အပေါက် တစ်ပေါက် ဖြစ်စေခဲ့ကာ သူမရဲ့ ကိုယ်ကို ကျုံ့၍ ယင်းအပေါက်မှ တစ်ဆင့် တိုက်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထွက်ဆို ခဲ့ကြသည်။

သို့သော်လည်း အဆိုပါ တံခါးပေါ်မှ အပေါက်ကို တိုင်းတာကြည့်သည့်အခါ ၂၈.၃ လက်မ x ၈.၇ လက်မသာ ရှိပြီး Kozakura ရဲ့ နာမည်ကျော် လက်မ ၄၀ ရှိတဲ့ ရင်သားများ ဝင်ဆံ့နိုင်ဖို့အတွက် ကျဉ်းလွန်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ ယခုလို တရားစွဲဆို ခံရမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသော်လည်း နောက်ဆုံးတော့ မျှတတဲ့ တရားစီရင်မှုကို ရရှိ ခဲ့ကြောင်း၊ သူမရဲ့ ပိုလျှံနေတဲ့ ခန္ဓာကိုယ် အချိုးအဆက်ကြောင့် စိုးရိမ်မှု ရှိခဲ့သော်လည်း အခုတော့ ယင်းအတွက် ဂုဏ်ယူမိကြောင်း Kozakura က ဝမ်းမြောက်ဝမ်းသာ ပြောပြခဲ့ပါတယ်။


သူမ ချစ်သူရဲ့ ထွက်ဆိုချက်များတွင် သံသယဖြစ်ဖွယ်များ တွေ့ရှိခဲ့တဲ့အတွက်လည်း ယခုလို ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ကြောင်း စီရင်ချက်ကို ဖတ်ကြားခဲ့သည့် တရားသူကြီး Kunio Harada က ရှင်းပြခဲ့ပါတယ်။ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်သူကိုသာ လှပသူအဖြစ် ရှုမြင်လေ့ ရှိတဲ့ ဂျပန်နိုင်ငံမှာ Kozakura ရဲ့ ဖွံ့ထွားတဲ့ ခန္ဓာကိုယ်အချိုးအဆက်ဟာ သူမကို တီဗွီ ဈေးဝယ်အစီအစဉ်များတွင် ပါဝင်နေရာမှ ဘီကီနီ မော်ဒယ်တစ်ယောက်ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။ Kozakura ကတော့ သူမရဲ့ ရင်သားတွေကြောင့်သာ အမှုကို အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ ပြောမဆုံး ဖြစ်နေခဲ့ပါတော့တယ်။

ထိမ်းမြားလက်ထပ်ခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် မိန်းကလေး ကြိမ်ဒဏ် အချက် ၁၀၀ အရိုက်ခံရ




ထိမ်းမြားလက်ထပ်ခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် မိန်းကလေး ကြိမ်ဒဏ် အချက် ၁၀၀ အရိုက်ခံရ


အနောက် အာဖရိကနိုင်ငံ မြောက်ပိုင်း သဲကန္တာရအတွင်းရှ...ိ မွတ်ဆလင် စစ်သွေးကြွအဖွဲ့အစည်းတစ်ခုမှ စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် အသက် ၁၈ နှစ် အရွယ် မိန်းကလေးတစ်ဦးကို ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ပြီး အပြစ်ပေးရန် ဆုံးဖြတ်စီရင်လိုက်ကြောင်း သတင်းရရှိသည်။

ဒေသဆိုင်ရာ အရာရှိတစ်ဦးဖြစ်သည့် မိုဟာမက် အွန်ဘာဘီကလည်း ထိုကြိမ်ဒဏ်စီရင်သည့်ပွဲကို လာရောက်ကြည့်ရှုရမည်ဟု အမိန့်ထုတ်
ထားသည်။ မိုဟာမက်က ကြိမ်ဒဏ်စီရင်ခြင်းကို ကွက်လပ်တစ်ခုတွင် ကျင်းပမည်ဖြစ်ပြီး လူငယ်တိုင်း လာကြည့်ရန် အမိန့်ထုတ်ထားကြောင်း၊ ပထမဦးဆုံးအကြိမ် အပြစ်ပေးခြင်းဖြစ်သဖြင့် စံပြအဖြစ် လုပ်ဆောင်သွား
မည်ဖြစ်ကြောင်း၊ မိန်းကလေးတွင်ကိုယ်ဝန် ၃ လရှိနေပြီး၊သားတစ်ယောက်
လည်းရှိနေသေးကြောင်း၊ သို့သော် သူနှင့်အတူနေ ယောက်ျားလေး
မိတ်ဆွေမှာ လက်ထပ်ထိမ်းမြားထားခြင်းမရှိသဖြင့် ထိုသို့အပြစ်ပေးရခြင်း
ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် အစ္စလမ်ဥပဒေကို တိကျစွာလိုက်နာပြီး၊ အစ္စလမ်ဥပဒေအရ ကြိမ်ဒဏ် အချက် ၁၀၀ စီရင်ခြင်းဖြစ်သည်ဟုဆိုသည်။ မြို့တော်ရှိ ရဲအရာရှိတစ်ဦးကလည်း လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ ကလေးယူထားသည့် အခြား အမျိုးသမီး ၆ ဦးလည်း ရှိသေးကြောင်း၊ ထိုသူများကိုလည်း မကြာမီ အစ္စလမ်ဥပဒေအရ တရားစီရင်သွားမည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အပျိုစင် ညကိုရောင်းပြီးလှူမည့် အသက်၂၀ အရွယ် မိန်းကလေး



ဘရာဇီးနိုင်ငံမှ ကျောင်းသူတစ်ဦးဟာ ပြည်နယ်တစ်ခုမှဆင်းရဲချို့ တဲ့ နေကြသည့် မိသားစုများနေ ထိုင်နိုင် ရန်အိမ်များဆောက် လုပ်ပေးမည့် ပရဟိတရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရန်အတွက် သူမရဲ့  အပျိုစင်ညကို လေလံတင်ရောင်းချလျှက် ရှိနေပါတယ်။



အသက် ၂၀ အရွယ်ရှိ ကာတာရီနာ မစ်ဂလီယီုရီနီ ဟာယခု ဈေးပြိုင်ခေါ်ဈေး ဒေါ်လာ ၁၅၅၀၀ အထိရောက်နေပြီဖြစ်သည့် ထိုလေလံပွဲမှရသည့် ငွေအားလုံးအား ဘရာဇီး နိုင်ငံ တောင်ပိုင်း မှ သူမနေ ထိုင်ရာ ဆန်တာကာတာရီနာ ပြည်နယ် တွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်း မှတာဝန်ယူ လှူဒါန်း ဆောက်လုပ်မည့် ဆင်းရဲသူဆင်းရဲသားများ အတွက် (တန်ဖိုးနည်း )ခေတ်မှီအိမ်ရာ စီမံကိန်း အတွက်လှူဒါန်းပေး အပ်မှာဖြစ်ပါတယ်။


သူမဟာ ကြေးစားပြည့် တန်ဆာတစ်ယောက်ဖြစ်သည်ဟူသော စွပ်စွဲချက်များအားငြင်းဆန်ယင်း သူမ အနေဖြင့် အချစ်စစ်အချစ်မှန်အားယုံကြည်လျှက်ရှိနေဆဲဖြစ်ကြောင်း သို့ သော်လည်းယခုအခွင့် အလမ်း လုပ်ဆောင်ချက်ဖြင့် ကမ္ဘာကြီးအား ပိုမိုသာယာကောင်းမွန်အောင် ပြုလုပ်ပေးရာတွင် ပါဝင်ဆောင် ရွက်ခွင့် အဖြစ်မှတ်ယူပါကြောင်းပြောကြားခဲ့ပါတယ်။


သို့ သော်လည်း ကြံ့ ခိုင်ရေးပညာ ရပ်ဆိုင် ရာကျောင်းသူလေးဟာ သူမရဲ့  အာဝါဟလုပ်ပြီး လှူမယ့် အာဝါသ အလှူပွဲအတွက် သြစတေးလျရုပ်သံရိုက် ကူးရေးအဖွဲ့ ရဲ့ "အပျိုစင်လိုချင်ပါတယ်။ အမည်ရှိ မှတ်တမ်းတင်ရုပ်သံအစီအစဉ်အား လက်ခံရိုက်ကူးပေးမှာမို့  အငြင်းပွား ဖွယ်ရာတွေ ဖြစ်စေခဲ့ ပါတယ်။


" ကျွန်မကတော့ ဒါကို (မှတ်တမ်းရုပ်ရှင်ကို) စီးပွားရေးဆန်ဆန်ကိစ္စ တစ်ခုလို့ မြင်ပါတယ်။ ဒီမှတ်တမ်း ရုပ်ရှင်ရိုက်တဲ့ အတွက် ကျွန်မအနေနှင့် ခရီးသွားဖို့ အခွင့် အလမ်းတွေရမယ်.။ မှတ်တမ်းရုပ်ရှင်မှာ ပါဝင်ခွင့် ရတဲ့ အပြင် အပိုဆုကြေးလည်းရမှာဖြစ်ပါတယ်။ ဘ၀မှာတစ်ကြိမ်တစ်ခါပဲ ( အခကြေးငွေယူပြီး အမျိုးသားနှင့် အတူ အိပ်စက်ပျော်ပါးခြင်း ) ပြုလုပ်တာမို့ ပြည့် တန်ဆာတစ်ယောက်အဖြစ် မသတ်မှတ် နိုင်ပါဘူး။ ဓါတ်ပုံကောင်းလေးတစ်ပုံရိုက်ခဲ့ လိုက်ရုံနှင့် ဓါတ်ပုံဆရာအဖြစ် မခံယူနိုင်လိုသလိုပါပဲ။" လို့ သူမ ကရှင်းပြခဲ့ ပါတယ်...

"လေလံပွဲဆိုတာလည်းစီးပွားရေးသဘောဆန်ဆန်လုပ်တာပါပဲ။ ကျွန်မဟာ အချစ်ကိုကိုးကွယ် ယုံကြည် တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေးတစ်ဦးပါ.။ ဒါပေမယ့် ဒီအတွက်ကြောင့် လည်း ကျွန်မ အနေနှင့် အပြောင်းလဲကြီးပြောင်း လဲရပါလိမ့် မယ်။" လို့ သူမက ဖိုလ်ဟာ သတင်းစာကိုပြောကြား ခဲ့  ပါတယ်။ အီတလီအဆက်အနွယ်ဖြစ်သည့် ကာတာရီနာဟာ ထိုရုပ်သံအစဉ် အစဉ်အား လွန်ခဲ့ သည် ၂ နှစ်ခန့် က သောမတ်စ်ဝီလီယံ ရိုက်ကူးထုတ် လုပ်ရေးကုမ္ပဏီမှ အပျိုစင်တစ်ဦးအား ရိုက်ကူး ၇န်ရှာ ဖွေနေစဉ်သိရှိခဲ့ ပြီး ပါဝင်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။


ဒါရိုက်တာ ဂျပ်စ်တင်စစ်စ်လေအနေဖြင့် သူမအားပထမဦးဆုံးအကြိမ် ချစ်တင်းမနှော ခင်နှင့် ချစ် တင်းနှောပြီးနောက် သူမရဲ့ စိတ်ခံစားမှုများ အား မှတ်တမ်းတင်ရိုက်ကူးမှာဖြစ်ပါတယ်။ . လူပျိုအစစ် အဖြစ်ရိုက်ကူးမှတ်တမ်းတင်ရန် အချစ်ရေးတွင်အတွေ့အကြုံမရှိဘူးသေးသည့် လူပျိုလေး အလက်ဇန္ဒား ကိုလည်းရွေး ချယ်ထားပါတယ်. အောက်တိုဘာလ ၁၅ ရက်နေ့ တွင်အဆုံးသတ် မည့် ထိုလေလံ ပွဲမှ ငွေ၏ ၉၀ ရာခိုင်နှုံးဖြစ်သည့် ဒေါ်လာ ၂၀၀၀၀ အား သူမအနေနှင့်  ရရှိမည်ဖြစ်ပါတယ်။ လေလံပွဲ တွင် ဈေးအမြင့်ဆုံးပေးသူအား အပျိုစင်မလေးနှင့် ချစ်တင်း မနှောမှီ ကာလသားရောဂါရှိ မရှိ ဆေးစစ်မှာဖြစ်ပြီး ပြည့်တန်ဆာဥပဒေ အားရှောင်ရှားကျော်လွှားနိုင်ရန် သြစတေးလျမှ အမေရိက သို့ သွားသည့် လေ ယာဉ်တစ်စင်းပေါ်တွင် ဝေ့ဟင်တွင်ဆင်နွှဲသည့် အချစ်ပွဲ ကိုပြုလုပ်ကြရ မှာဖြစ်ပါတယ်။ လိင်ဆက်ဆံရာတွင် ရာဘာအစွပ်ကိုမဖြစ်မနေအသုံးပြုရမှာဖြစ်ပြီး ကာတာရီနာ ကတော့ သူမ အနေဖြင့် အချစ်ရေးနှင့် ပါတ်သတ်ပြီး ယခင်ကလုံးဝ အတွေ့ အကြုံမရှိခဲ့ တာသေချာကြောင်း သက် သေပြဖို့ အသင့် ပြင်ထားပြီးဖြစ် တယ်လို့ ပြောဆိုလိုက်ပါတယ်.။

စွန့်စားလိုစိတ်ရှိသော အမျိုးသမီးများ လိင် စိတ်ပြင်းထန်ကြောင်းလေ့ လာတွေ့ ရှိ




စွန့်စားလိုစိတ်ရှိသော အမျိုးသမီး များသည် လိင်မှု ကိစ္စတွင် ပိုမိုပြင်းပြ စွာ ဆောင် ရွက် လိုစိတ် ရှိကြောင်း သိရှိ ရသည်။ရှီကားဂိုး တက္ကသိုလ် မှ ပညာရှင် များသည် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အယောက် (၅၀၀) ၏ တံတွေးမှ တဆင့် လိင်မှု အာရုံကို လှုံ့ဆော်ပေးသော Testosterone ပမာဏကို တိုင်းတာ မှတ်သားခဲ့ရာ လိင်ဆိုင်ရာ ဆန္ဒပြင်းပြ သည့် အမျိုးသမီး များသည် အများအားဖြင့် လောင်းကစား ဆန်ဆန် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် တတ်သူများ ဖြစ်နေသည်ကို တွေ့ရှိ ခဲ့ရသည်။

ပညာရှင်များက လူတဦး ( အထူးသဖြင့် အမျိုးသမီး တဦး ) ၏ လိင်မှု စွမ်းရည်သည် အလုပ်အကိုင်၊ ငွေကြေး အခြေအနေ နှင့် ဆက်စပ်လေ့ ရှိကြောင်း ဖော်ပြခဲ့သည်။

ထီထိုးခြင်း ကဲ့သို့ ကံစမ်းမှုမျိုး နှင့် သေမြေကြီး၊ ရှင်ရွှေထီး စွန့်စားရသော အလုပ်အကိုင် များကို ခုံမင်လေ့ ရှိသည့် အမျိုးသမီးများ၏ Testosterone မှာ အမြင့်ဆုံး အနေအထား ရောက်ရှိ နေတတ်သလို ထို အမျိုးသမီးများ သည် လိင်မှု ကိစ္စတွင်လည်း အရဲကိုး ဆောင်ရွက်မှုများ ပြုလုပ်လေ့ ရှိကြောင်း ပညာရှင်များက ဆိုသည်။

ရှီကားဂိုး တက္ကသိုလ်မှ ပါမောက္ခ ဒါရီယို မာစထရီပီရီ က အမျိုးသမီးတဦး၏ လုပ်ရဲကိုင်ရဲ၊ ဆုံးဖြတ်ရဲသော စိတ်သည် လိင်မှု ဘ၀တွင်ပါ အကျုံးဝင် နေလေ့ရှိပြီး လိင်ဆိုင်ရာ စွမ်းဆောင်မှုကို ဖော်ဆောင်သည့် Testosterone ကို အမြင့်မားဆုံး တွန်းတင် ပေးတတ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

စကာင်္ပူမိန်းကလေးငယ်တွေ အလွန်လိုက်စားလာတဲ့ အပျော်အချစ် ဇာတ်လမ်း တွဲလေးများ(၂)





Asiaone.comရဲ့ခေါင်းစီးပိုင်းနေရာယူထားတဲ့ အပတ်စဉ်အင်္ဂါနေ့တွေမှာအခန်းဆက်တွေရေးလို့ရတဲ့ အထိဇာတ်လမ်းလေးတွေရှိလာပါတယ်? ရေးသားထားတာက ဘယ်လိုမိန်းခလေးတွေ ဖြစ်ဖြစ် “random 4some with three men” ခေါ် မတူညီတဲ့ယောကျားင်္ ၃၊၄ယောက် နှင့် တွေ့ကြုံပြီးရင်" ငယ်ရွယ်တဲ့မိန်ခလေးတွေ ယောင်္ကျားတွေရဲ့ အကြောင်းကို ကြည့်ရုံနှင့် သူတို့ရဲ့ အကျင့်စရိတ်တွေကို သေချာစွာသိနိုင်ပါတယ်တဲ့!Jumana က အချိန်ပိုအားလပ်ချိန်တွေမှာ ပြည်တွင်းမှာရှိတဲ့ အမျိုးသမီးတွေကိုကာကွယ်ကူညီဖို့ အသင်းဝင် ရောက်နိုင်အောင် ကူညီလုပ်အားပေးရပါတယ်လို့ bikyamasr မှာပြောပါတယ်။

ဒါတွေက လိင်တခုထဲ မဟုတ်ပါဘူး! မိန်ခလေးတွေအတွက် လိုအပ်နေသော စိတ်ခံစားမှုတွေကို အဖွဲ့အစည်းက အခြေခံကျကူညီ စောင့်ရှောက်ပေးထားတာက မတူညီတဲ့ အချက်တွေဘဲ! သူမတို့ဘယ်လိုပြုပြင်ပေးလဲဆိုတာကြည့်လိုက်ရင်သိနိုင်ပါတဲ့! သူမတို့ ပြောဆိုနေတာက ယောကျာင်္း တွေကို ဘယ်လို နည်းတွေနှင့် လိင်ဆွဲဆောင်ရမလဲနည်းလမ်း လေးတွေပါဘဲ ? သူမတို့တတွေ လိင်ဆွဲဆောင်မှုရှိအောင် ခပ်ဟော့ဟော့နေထိုင်ကျဖို့နှင့် စီးပွားရေးဆန်ဆန်ဖွဲ့စည်း ထားတဲ့ အသင်းဖြစ်ပြီး ယောကျာင်္းတွေရဲ့ စကားကိုနားထောင်ဖို့မဟုတ်ပါဘူးလို့" ပြောပါတယ်! (ဆိုလိုတာက ကြေးစားအဆင့်ကိုပြောတာဖြစ်မှာပါ၊ ငွေရှာတာဖြစ်မယ်လေ!.....)အသဲနှလုံးထဲမှတ်ထားရမှက အဓိကမိန်းမတွေရဲ့စိတ်ဆိုးခြင်းခံရတာက လုံးဝဥဿမဟုတ်သော သူမတို့ ၀ယ် လို့မရတဲ့ အမှန်တကယ် စိတ်ရောဂါ အကြံပေးချက်တွေပါဘဲ! (ငွေရှိရင်ဒီရောဂါပျောက်ကုန်မှာပါ!.....) သူမတွေဟာ အားလုံးသောလူတွေ သဘာဝပေးထားသော အမှန်တကယ်လိုအပ် နေသော လိင်ပျော်ရွှင်စွာဆက်ဆံနိုင်ဖို့နှင့် လိင်ပြည့်ဝစွာအဆုံးထိခံစားချစ်နိုင်ဖို့ မဟုတ်ဘူးလား? ဒါဟာ sex addicstion ရဲ့ ရည်ရွယ်ချက်ဘဲ ဟုတ်တယ်နော်! Jumma ပြောလိုက်သေးတယ်! "ရေးရတဲ့ရည်ရွယ်ချက်က ရှက်တတ်တဲ့သူတွေနှင့် တစွတ်ထိုးလုပ်တတ်တဲ့ မိန်းခလေးတွေကို သူမတို့တွေရဲ့ဘ၀ကိုယ်ရေးကိုယ်တာနှင့်အများနှင့်ပျော်ရွှင်စွာ နေထိုင်နိုင် ဖို့ပါဘဲတဲ့!"မိန်းခလေးတွေကို တချို့သောလိင်စိတ်ဝေဒနာရောဂါ (ယောကျာင်္းလေးတွေနှင့် အတူအိပ်ချင်တဲ့ရောဂါမှု) ကုသရပါသေး တယ်။

တချို့သော စကာင်္ပူ မြို့လည်မှာရှိတဲ့ စီးပွားရေးအဆောက်အအုံတွေမှာ Yang Fuek ဆိုသူရဲ့ ရုံးခန်းမှာ ထိုင်ပြီး သူလူနာတွေဖြစ်တဲ့သူမအခက်အခဲတွေ ပြောဆိုနေတာကို နားထောင်ပြီး ဆွေးနွေးတိုင်ပင် နေ ပါတယ်၊ စောင့်နားထောင်ပြီးသူမရဲ့စိတ်ညစ် စိတ်ဓာတ်ကျဆင်းနေပြီး အလုပ်မသွားချင်ဖြစ်နေကြောင်း လူတွေနှင့်သူငယ်ချင်းတွေ့ချင်ကြောင်း နှင့် "နောက်ဆုံးသူမဘယ်လို ရမ္မက်တက်ကြွနေပြီး ယောကျာင်္းတွေ နှင့် အတူအိပ်ချင်ကြောင်း" ပြောပါတယ်တဲ့!Yang ကပြန်ပြောတာက ငယ်ရွယ်တဲ့မိန်းခလေးတွေဘ၀တွေကို ဘယ်လိုနည်းတွေနှင့် အနာဂတွေမှာ ဘယ်လိုပြင်ဆင်ထားရမယ်နှင့် မိမိလိုအင်ဆန္ဒတွေကို ပြည့်ဝကျေနပ်အောင်လုပ်ဆောင်ရမဲ့နည်းတွေ ပါဘဲ!သူကပြောပါတယ် ! စီးပွားရေးအဆင်မပြေမှုကတော့ ပုံမှန်တခုလိုပါဘဲ! "လူတွေရဲ့ဘ၀ဟာမြင့်လိုက်နှိမ့် လိုက်ဘဲ" အခု ၁၇နှစ်ရှိသူလေးရဲ့စိတ်ခံစားသူလေးပါ! "စီးပွားရေးအဆင်မပြေမှုကတော့ စကာင်္ပူ လူတွေရဲ့ အမြဲပါနေကျပြဿနာတခုပါဘဲတဲ့" သို့သော် ဘာတွေလဲ လိင်နောက်ဆက်တွဲ ခေါ်တဲ့ sex additionဆိုတာ?"ကိုယ်တွေ့ဖြစ်ရပ်တခုပါဘဲတဲ့။

တချို့လူလာပြီးစောဒတက်ကျတယ် သူတို့ ရဲ့ဘ၀တလျှောက်လုံးမှာ တချိန်လုံးနှင့်အချိန်တိုင်း ရမ္မက်တက်ကြွချိန်မှာဘဲ လိင်ဆက်ဆံချင်ကျတယ်" လို့ bikyamasr.com မှာကို ပြောတယ်၊ သို့သော် တကယ်စိတ်ညစ်နေရပြီး ရိုးရိုးမပျော်ရွှင်မှုက အပေးအယူမမျှတဲ့ လက်ရှိဆက်ဆံ ရေးတွေပါဘဲ၊ သူမလက်ရှိ သူတို့ရဲ့လက်ရှိယောကျာင်္းတွေနှင့် ဆက်ဆံတာ မပျော်ရွှင်ကျတာဘဲ! သူမတို့ရှာနေတာက သူမတို့နှင့် အကြိုက်ခြင်း တူညီတဲ့ အပေးယူမျှတဲ့ ယောကျာင်္းတွေကိုပါဘဲတဲ့!" ကောင်းသေးရဲ့လား အပေါင်းအသင်းတို့ ဒါအခုခေတ်မှီတဲ့အနောက်ပိုင်းယှဉ်ကျေးမှုစရိတ်တွေဘဲ!ဒီမိုကရေစီလို့ပြောရမလားဘဲ.....တခုသောAsiaone ရဲ့အင်္ဂါနေ့တိုင်းမှာအခန်းဆက် တွေတောက်လျှောက် သားနေသောသတင်းလေးပါ! Yang လောင်ပြောင်ထားတာက "နောက်ဆက်တွဲဇာတ်လမ်း လေးတွေ ရေးရရင်ဘယ်တော့မှပြီးမှာ မဟုတ်ဘူးတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတွဲလေးတွေ အများကြီး ရှိတယ်တဲ့လေ။

သူကအဓိကပြဿနာကိုရေးထားတာက လက်ရှိငြင်းခုံနေကျတာတွေရှိတယ်လေ! "ယောကျာင်္းနှင့် မိန်းမ ဘယ်သူတွေပိုပြီး တခြားသူတွေနှင့် ပိုအိပ်ချင်ကျတာလဲ? ကောင်းပြီ! ဆေးပညာအရ ဘာမှပြဿနာ မရှိပါဘူး ကုသလို့ရပါတယ်တဲ့၊ အဓိကဆေးပညာအရ စိတ်ရောဂါနှင့်ဆိုင်တဲ့ ကျွှန်တော်တို့နားလည်ထား တာက လူတွေဖြစ်လာတာက လိင် ဆက်ဆံလို့ဖြစ်လာတာပါ၊ သို့သော် ကွှန်တော်တို့မှာ ဘ၀မှာ လူအသိုင်းအ၀ိုင်းနှင့် နေထိုင်မှု တွေအတွက် လိုအပ်နေပါသေးတယ်" အမျိုးသားကြေးစားပညာရှင်ကပြောတယ်! လိင်ဆက်ဆံတဲ့အချိန် ဆေးအကူအသုံးပြုတာ ဆေးပညာအရ ဘာမှအန္တရယ် မဖြစ်ပါဘူး သို့သော် မလွန်ကျွံစေနဲ့တဲ့!" Sex Addiction ဟာ လူမှုဆက်ဆံရေး အမြင်သဘောထားအသစ်တွေကို မီဒီယာမှာရေးထားတာ အခုမှာရှိတာမဟုတ်ပါဘူး အရင်ကတည်းရေးသားထားတာအများကြီး ရှိနေပြီး နေ့စဉ်ရက်ဆက်တင် ပြ ရေးသားချက်တွေပါဘဲတဲ့ အရေးကြီးတဲ့အချက်တွေနှင့်လူတိုင်းကြိုက်တဲ့ ကဏ္ဌာန်ဖြစ်တယ်လို့ " ထောက်ခံ ပါတယ်။

ဗြိတိန်လူမျိုး MarlonThomas စကာင်္ပူမှာနေထိုင်သူကို မေးကြည့်ပါတယ်?သူကအခုကွာရှင်းထားသူပါတဲ့ ဘာဖြစ်လို့လဲဆိုတော့ သူမိန်းမက ရမ္မက်တက်မက်မှုလိုအပ်မှုတွေ များလွန်းလို့ပါဘဲတဲ့!သူမကပြောတယ်သူမဟာ sex addction အသင်းကပါတဲ့ သို့သော် အခု ထပ်ပြီး လက်ထပ်ထားပြီးပြီတဲ့ သူမကသူကိုပြောပါတယ် အဖော်သစ်တွေမရှာတော့ပါဘူးတဲ့" သူမ၀န်ခံပါတယ်တဲ့၊ သူကတော့ သူမအပေါ် အခုအချိန်မှာ လိင်ကိစ္စနှင့်အချစ်စိတ်တွေစိတ်ကုန်သွားပါပြီ၊ နောက်ဆက်ရန် မရှိပါဘူး၊ သူမကို ပျော်ရွှင်မှုနှင့် လိုအင်ဆန္ဒာတွေကိုမဖြည့်စီးပေးနိုင်တာ သူနားလည်တယ် ဘယ်သူကိုမှ စိတ်မဆိုးပါဘူးလို့ သူက Bikyamar.com ပြောပါတယ်၊Asiaone က ရေးသားချက်တွေကတော့ သက်ရောက်မှုအတိုင်းအတာတွေ ဘယ်လိုလူတွေရဲ့ ခံယူချက်နှင့် ခံစားချက် တွေ ဖြစ်ပျက်မှုတွေနှင့်မိသားစုအပေါ်သက်ရောက်မှုနှင့် အလုပ်တွေအပေါ်ထိခိုက်မှုတွေပါဘဲ။

သို့သော်Yang နှင့်စိတ်ပညာရှင် တွေ Bikyamasr ကပြောဆိုငြင်းခုန်နေတာက sex addction က " မီဒီယာတွေကိုရောင်းအားတက်အောင်နှင့် စာဖတ် ပရိတ်ဿတ်တွေစိတ်ဝင်စားအောင် လုပ်ဆောင် နေတာပါတဲ့" သူတို့ယုံကြည်နေတာက ဖြစ်ရပ်မှန်တွေလိင်မှုခင်းများတွေနှင့် တစုံတခုသော လူမှုရေးဖြစ် ပျက် တာတွေကိုတင်ပြလိုတာဖြစ်ပြီး လူမှုရေးဖောက်ပြန်မှုကို တားဆီးလိုခြင်းတာဖြစ်ပါတယ် အကယ်၍ လူမှုအဖွဲ့ အစည်း ကို လိင်ကိစ္စတွေ နည်းလည်စေချင်တာဖြစ်ပါကြောင်း" ဆိုပါတယ်......။

မူရင်း link

http://asnthanhan.blogspot.sg/2012/08/so-different-living-in-singapore.html

စင်ကာပူ မိန်းကလေး ငယ်တွေ အလွန်လိုက်စားလာ တဲ့ အပျော် အချစ် ဇာတ်လမ်း တွဲလေးများ(၁)





ဒါကလက်ရှိစကာင်္ပူမှာအမျိုးသမီးငယ်တွေရဲ့ ရမ္မက်ဖြည့်စွက်မှုဇာတ်လမ်းလေး (အပျော်အချစ်ဇာတ် လမ်း များ) တွေထဲ ကအဖြစ်ပျက်လေးတခုပါ၊အသက်၁၈နှစ်ရှိ စကာင်္ပူပထမနှစ်ကျောင်းပြီးထားတဲ့တက္ကသိုလ်ကျောင်းသူလေး သူမရဲ့တည်ငြိမ်စွာ ပြောပြတာက သူမရဲ့အတွေ့အကြုံနှင့် ဘယ်လိုလူတွေနှင့် တွေ့ဆုံပြီး တတ်ကျွမ်းကျင်လာ ခဲ့ပုံကို ပြောပြလာပါတယ်၊ငယ်ရွယ်တဲ့ တက္ကသိုလ်ကျောင်းသူအများစုတွေဟာ အဆင့်တန်းမြင့်မြင့်နေချင်ကျပါတယ်လို့ပြောပါတယ်၊ ဒါကြောင့်ငွေလိုတယ်! ငွေလဲရှာ စိတ်ဆန္ဒလိုအင်တွေလဲပြည့်ဆိုသလိုပေါ့၊.....(ငွေသည် လောကကြီးကိုသာယာအောင်လုပ်ပေးနိုင်တဲ့ စွမ်းရည်များကိုပိုင်ဆိုင်ထားသူပါလားနော်!....)

ဒီအတွက် ကောင်လေးတွေတော်တော်များများနှင့် အချိမ်းအချက်ပြုလုပ်ကျတယ် အများတွေ့ကြုံ နေရတာ က အားလုံးဟာ သူမကိုအပြင်ခေါ် ထုတ်ဖို့ကြိုးစားကျပြီး နောက်ဆုံး ညအိပ်နေကျဖို့ပါဘဲတဲ့! သူမကလဲ အမြဲသူမ သဘောကျတဲ့သူတွေအချို့နှင့်ချိမ်းတွေ့ကျပါတယ် တဲ့!သေချာတာက သူတို့တတွေအကောင်းဆုံးအချိန်မှာ တွေ့တာကောင်းပါတယ်လို့ LeeAnne ဆိုသူ က bikyamasr ကိုပြောပါတယ်၊ ယောကျာင်္းနှင့်ဆက်ဆံတာ အဆင်မပြေတဲ့အခါမှာ စိတ်ဆန္ဒာ ကျေနပ် ဖို့လုပ်ရပါတယ်တဲ့ သို့သော် ဒီလိုရက်တွေကို သူမကလဲ မနှစ်သက်ပါဘူးတဲ့"သူမက မကြာခင်မှရေးသားပုံနှိပ်သော asiaone.com မှာ "sex addiction" in the country လိင်နောက်ဆက်တွဲ (အပျော်အချစ်ဇာတ်လမ်းများ) တွေ ဒီမှာရှိနေကျပြီ ဆိုတာ ရေးသားဖော်ပြလာကျ ပါပြီတဲ့!သူမတို့တတွေ လိင်ဆက်ဆံကျပါတယ်၊ သို့သော် မိန်းမတော်တော်များတွေမှာ လိင်ဆက်ဆံမှုများ နှင့်ပတ်သက်ပြီး သူမတို့စိတ်တိုင်းမကျတာကို စိတ်မကောင်းစွာတွေ့နေရတာနှင့် ဒါလို ဆက်လက်ပြီး ကျေနပ်မှုမရရှိသောမိန်းမတွေပေါင်းပြီး အဖွဲ့အစည်းလေး ဖြစ်လာတာဖြစ်ကြောင်း သူမပြောပါတယ်။

သူမတို့တတွေနှင့် သူမအုပ်စုတွေရဲ့ ချိန်းတွေ့ကျတဲ့နေရာက ကျွန်းအနှံနာမည်ကြီးကော်ဖီဆိုင်တွေပါဘဲလို့ နေရာကိုတော့ အတိကျမရှိတဲ့ ချိန်းတဲ့နေရာအနှံလဲပေါ့နော်!သူမသူငယ်ချင်း Jumana ကအချက်ကျကျပြောပြီးအကြံပေးတာက "sex addction" ဆိုတာက တခါတရံ အမှန်တကယ် လိုအပ်နေတဲ့မိန်းခလေးတွေအတွက် တိုက်ပွဲတွေပါလို့ပြောပါတယ်၊ "အလွန်အန္တရယ်များတဲ့ နေရမှာရောက်နေတာပါတယ်တဲ့" ဘယ်လိုနေရာတွေမှာ မမြင်ရတဲ့ ပုန်းလျှိးဖွတ်လျှိုးလုပ်စားတဲ့ ကြေးစားယောင်္ကျားတွေ သို့မဟုတ် အဓမ္မမုဒိမ်းကျင့်သမားတွေ သို့မဟုတ် လိင်အတွက် ရုတ်တရက် တိုက်ခိုက်တတ်သူတွေရဲ့အန္တရယ်တွေရှိတတ်တာကြောင့်တကြောင်း ဒီလိုအန္တရာယ်တွေ မရှိတဲ့ အားလုံးအတွက် "sex addiction" က ဆွေးနွေးတိုင်ပင်လို့ရတဲ့နေရာ အကြံတွေယူလို့ရတဲ့ သို့မဟုတ် စိုးရိမ်စရာမရှိတဲ့တန်ဖိုးဖြတ်လို့မရတဲ့နေရာလေး ဖြစ်တယ်လို့ပြောပါတယ်။

နေ့ စဉ်ကယ်လိုရီ ၁၀၀ လျှော့ချနိုင်သော နည်းလမ်း ၁၀


တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျှော့ချတာက သင့်ကို တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျဆင်းသွားအောင် စွမ်းဆောင် နိုင်ပါတယ်။ အခုပြောပြမယ့် နည်းလမ်းတွေထဲက တစ်ခုကို ရွေးချယ်ပြီး နေ့စဉ် လုပ်ဆောင်ကြည့်ပါ။ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောင်ကျွမ်းစေပါတယ်။

နည်းလမ်း (၁)

သင်စားတဲ့ အစားအစာတွေရဲ့ ပမာဏကို မှန်မှန်ကန်ကန် စားတတ်တဲ့ အလေ့အကျင့် ရှိနေဖို့က အရေးကြီးပါတယ်။ သင်စားမယ့် ပန်းကန်ကို လေးပုံပုံပြီး တစ်ပုံကိုထမင်း၊ နှစ်ပုံကို ဟင်းသီးဟင်းရွက်နဲ့ ကျန်တစ်ပုံကို သားငါးထည့်စားပါ။

နည်းလမ်း (၂)

သင် အစာစားတဲ့အခါ ဗိုက်ပြည့်သွားအောင် စားမယ့်အစား ၈၀ ရာခိုင်နှုန်းအထိပဲ ပြည့်အောင်စားပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းလောက်တော့ လျှော့စားပေးပါ။

နည်းလမ်း (၃)

သကြားမပါဘဲ အနံ့ထည့်ထားတဲ့ ပီကေကို တီဗီကြည့်ရင်း၊ အင်တာနက်သုံးရင်း ဝါးပေးပါ။ ညစာမစားခင် ပီကေဝါးပေးတာက ညစာ လျှော့စားမိစေပါတယ်။

နည်းလမ်း (၄)

စကားတပြောပြောနဲ့ ထမင်းစားတာက သင်ဗိုက်ပြည့်သွားတယ် ဆိုတာကို မသိနိုင်တော့ဘဲ အစာကို အထိန်းအကွပ်မရှိ စားမိတတ်ပါတယ်။ စားတဲ့ အစားအသောက်ကိုလည်း သင့်ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ မရွေးချယ်မိတော့ပါဘူး။ အများစုက ဒီအချက်ကို မေ့နေတတ်ပါတယ်။ ဒါကြောင့် အစာစားချိန်မှာ စကားမပြောဘဲ သင်စားတဲ့ အစာအပေါ်မှာပဲအာရုံစိုက်ပြီး စားပေးပါ။

နည်းလမ်း (၅)

ယောဂနဲ့ ကိုယ်အလေးချိန် လျှော့ချနိုင်တာ ဘယ်လို ဆက်စပ်နေလဲ ဆိုတာကို သုတေသီတွေက လေ့လာကြည့်တဲ့အခါ ယောဂ လေ့ကျင့်သူတွေဟာ အစားအသောက် စားရာမှာလည်း သတိထားပြီး စားသောက်တဲ့အကျင့် ရသွားပြီး အစားအသောက်တွေကို အလွန်အမင်း ပြည့်အင့်တဲ့အထိ မစားမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မားလာတာကြောင့်လို့ ဆိုပါတယ်။

နည်းလမ်း (၆)

ဝက်ဆားနယ်ခြောက်စားတာ၊ အသားညှပ် ဆင်းဒ်ဝှစ်စားတာတွေကို ရှောင်လိုက်ပါက သင်စားတဲ့ အစား အသောက်ထဲကနေ ကယ်လိုရီ ၁၀၀ ရရှိမှုကို လျှော့ချနိုင်ပါလိမ့်မယ်။ အသားနဲ့ချိစ် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ် အစား အသီးအရွက် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ်ကို စားပေးပါ။

နည်းလမ်း (၇)

ကာက်နှံတစ်ခုလုံးကို စားသုံးပေးပါက ကယ်လိုရီ အနည်းငယ်သာ ရရှိစေပြီး ကိုလက်စထရော အဆင့်ကို ကောင်းမွနစေပါတယ်။ ကောက်နှံတစ်ခုလုံးနဲ့ ပြုလုပထားတဲ့ အစားအသောက်တွေ သင့်ပတ်ဝန်းကျင်မှာ များစွာဝယ်ယူ စားသုံးနိုင်တယ် ဆိုပေမယ့် သကြားနဲ့ခရင်မ် ပါဝင်မှု များတာတွေကို မစားသင့်ပါဘူး။

နည်းလမ်း (၈)

အချိုရည်တွေ သောက်မယ့်အစားရေပဲ သောက်ပါ။ သင်ရဲ့တစ်နေ့တာထက သကြား ၁ဝ ဇွန်းစာ လျှော့ချပြီးသားဖြစ်စေပါတယ်။ ရေပဲသောက်ရတာကို မနှစ်သက်ပါက ရေထဲကို ရှောက်ရည် အနည်းငယ် ညှစ်ပြီး သောက်တာ၊ စတော်ဘယ်ရီသီး ထည့်သောက်မျိုး လုပ်ဆောင်ပါ။

နည်းလမ်း (၉)

ညစဉ်အိပ်စက်တိုင်းမှာ အိပ်ချိန်ထက် တစ်နာရီ ပိုအိပ်စက်ပေးပါက တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းစေတယ်လို့ မစ်ချီကန်တက္ကသိုလ်မှ သုတေသီတွေက ပြောပါတယ်။ အိပ်စက်မှု ပိုတာက သရေစာ စားချင်စိတ်ကို လျှော့ချပေးတာကြောင့် ကယ်လိုရီ ၆ ရာခိုင်နှုန်းလောက် ကျဆင်းစေတယ်လို့ ယူဆကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူကြဘူး ဆိုပေမယ့် အိပ်စက်ချိန်ပိုယူတာက အကျိုး သက်ရောက်မှု ရှိစေပါတယ်။

နည်းလမ်း (၁၀)

အစာစားဖို့ အချိန်မိနစ် ၂၀ ပေးပြီး ဖြည်းဖြည်းစားပါ။ ဒါဟာ ရှင်းလင်းလွယ်ကူပြီး ကိုယ်အလေးချိန် ကျဆင်းစေနိုင်တဲ့ ထိပ်တန်း နည်းလမ်းတစ်ခုပါ။ အစာကို တစ်လုတ်ချင်း၊ တစ်ကိုက်ချင်း အရသာခံစား သုံးပါက အစာစားချိန် သိသိသာသာ နှေးကွေး သွားစေပါတယ်။ အစာကို အမြန်စားသုံးပါက တင်းတိမ် သွားပြီး ဆာလောင်မှု ပြေပျောက်သွားပြီ ဆိုတဲ့ သတင်းအချက်အလက်ကို ဦးနှောက်ဆီ ပို့ဆောင် တဲ့နေရာကို ပိတ်ဆို့လိုက်တာကြောင့် အစာပိုစားမိစေပါတယ်။

မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ရင်သား






မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။ ရင်သားလှတဲ့ မိန်းက လေးတွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ်ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ် ယောက် အတွက် ရင်သားအလှ မထိခိုက် စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အ တွက် သိထားသင့်တဲ့ လမ်းညွှန်ချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁) ဖြည့်စွက်ဆေး သောက်ပါ

ရင်သား ကျန်းမာရေး အတွက် လိုအပ်တဲ့ အစား အသောက်တွေကို ပြည့်ဝအောင် စားပေးပါ။ တ ကယ်လို့ မစားဖြစ်ရင် ဖြည့်စွက်ဆေးကို မှီဝဲသင့် ပါတယ်။ မှီဝဲသင့်တဲ့ အစားအသောက် တွေကတော့ ဗီတာမင်နဲ့ သတ္တုဓာတ် ပေါကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်း အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အခွံချွတ် မထားတဲ့ ဆန်လုံးညိုလို ကောက်နှံ စာတွေပဲ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီအာဟာရတွေကို အလုံအလောက် မစားဖြစ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပေး သင့်ပါတယ်။

၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီကို စားပါ

အဆီတွေဟာ ဟော်မုန်း ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီး လုပ်ငန်းဆောင်တာ များစွာကို ကောင်းမွန်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပေးတဲ့အခါ သင့်ခန္ဓာကိုယ်က ပိုကြည့် ကောင်းလာပြီး စိတ်ခံစားမှုလည်း ပိုကောင်းလာတာကို တွေ့ရမှာပါ။ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အဆီတွေကတော့ ငါး အဆီ၊ အခွံမာသီး၊ အစေ့ အဆန်၊ သံလွင်ဆီ စတာတွေ ဖြစ်ကြပါ တယ်။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါသရီး ဖက်တီးအက်စစ် အားဖြည့်ဆေးကို မှီဝဲပေးပါ။

၃) အပင်ထွက် ဟော်မုန်းကို မှီဝဲပါ

ဖိုင်တိုဟော်မုန်းတွေဟာ အပင်ကနေ ရတဲ့ ဟော်မုန်းတွေဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါတဲ့ ဟော်မုန်း အမျိုးအစား အားလုံးကို ဖန်တီး ထုတ်လုပ်ရာမှာ ကူညီပါတယ်။ ဟော်မုန်း စနစ် ဟန်ချက်ညီတာဟာ ရင်သားတွေကို ကျန်းမာစေပါတယ်။ ဒါကြောင့် ဖိုင်တိုဟော်မုန်း ရအောင် အပင်ထွက် အစားအစာတွေကို စားသုံး ပေးသင့်ပါတယ်။

၎) အသည်း ကျန်းမာအောင် ဂရုစိုက်ပါ

အသည်းရဲ့ လုပ်ငန်းဆောင်တာဟာ ဟော်မုန်းတွေနဲ့ တခြား ဓာတု ပစ္စည်းတွေကို တည်ဆောက် ဖြိုခွဲတာ ဖြစ်ပါတယ်။ အသည်း ကျန်းမာစေဖို့ အတွက် အရက် အလွန်အမင်း မသောက်ပါနဲ့။ မကောင်းတဲ့ ထပ်ပြန် ကြော်ဆီ၊ တိရစ္ဆာန်ထွက် အဆီ စတာတွေကို ရှောင်ပါ။ မှိုတက်နေတဲ့ အစားအစာတွေကို လုံးဝ မစားပါနဲ့။ အသည်း ကောင်းနေမှ ဟော်မုန်းတွေ ဟန်ချက်ညီကာ ရင်သား ကျန်းမာနေမှာ ဖြစ်ပါတယ်။

၅) စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ

စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့က အပြောလွယ်သလောက် လုပ်ရတာ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေတာကြောင့် အာဟာရ ပြည့်ဝအောင် စားတာ၊ တရား ထိုင်တာ၊ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ လျှော့ချ ကြည့်သင့်ပါ တယ်။

၆) အပို ကိုယ်အလေးချိန်ကို လျှော့ချပါ

ကိုယ်အလေးချိန် ပိုနေရင် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက် စေသလိုပဲ ရင်သားကိုပါ ထိခိုက် စေနိုင်ပါတယ်။ ပုံမှန်ထက် ကိုယ်အလေးချိန် ပိုများတာနဲ့ ကျန်းမာရေး ပြဿနာအကြား ဆက်စပ်မှု ရှိနေ တာကြောင့် ကိုယ် အလေးချိန်ကို ပုံမှန် ရှိအောင် ထိန်းသင့်ပါတယ်။

၇) အမျှင်ဓာတ်များသော အစားအစာ စားပါ

အမျှင်ဓာတ် များတဲ့ အစားအစာတွေကို စားတာက အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက်တွေနဲ့ အပို အီစထရိုဂျင်တွေကို ဖယ်ရှားပေးနိုင်ရင် ရင်သားကို ကျန်းမာစေ တာကြောင့် အမျှင်ဓာတ်များတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာ စတာတွေ ကို စားပေးသင့်ပါတယ်။ အသားကို လျှော့စားသင့်ပါတယ်။

၈) ကျန်းမာရေးနှင့် မညီညွတ်သော အရာများနှင့် ထိတွေ့မှု မရှိပါစေနှင့်

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကင်ဆာ ဖြစ်စေတဲ့ အရာတွေနဲ့ ညစ်ညမ်းတဲ့ အခိုးအငွေ့ စတာတွေနဲ့ မထိတွေ့မိအောင်၊ မရှုရှိုက်မိအောင် တတ်နိုင်သမျှ ရှောင်ပါ။ ဒီအရာတွေဟာ ခန္ဓာကိုယ် တွင်း ဟော်မုန်း စနစ်ကိုသာ မက ရင်သား ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

အရွယ်မတိုင်မီ အိမ်ထောင်ပြုသော အာဖဂန် မိန်းကလေးများ






ဖွံ့ဖြိုးဆဲနိုင်ငံများမှ မိန်းကလေး သန်း ၅၀ ကျော်မှာ အသက် ၁၇ နှစ် မပြည့်မီ အိမ်ထောင်ပြုကြသည်။ နောက်ထပ် မိန်းကလေးငယ် သန်းပေါင်းများစွာမှာလည်း child marriages ဖြစ်အောင်ဖိအားပေးခံနေရသည်။ ၄င်း အလေ့အထကို အာဖဂန်နစ္စတန်ရှိ ကျေးလက်များတွင် အများဆုံး တွေ့ရှိနိုင်သည်။

အထက်ပုံတွင် အာဖဂန်နစ္စတန်ရှိ ဒမာဒါ ကျေးရွာတွင် အသက် ၄၀ အရွယ် Faiz Mohammed နှင့် အသက် ၁၁ နှစ်အရွယ် Ghulam Haider တို့ ၂၀၀၅ ခုနှစ်က လက်ထပ်ပြီးစ ပုံဖြစ်သည်။ အာဖဂန် မိန်းကလေးငယ်များမှာ အိမ်ထောင်ပြုဖို့အတွက် မူလတန်းအဆင့် မပြီးခင် ကျောင်းထွက်ကြရသည်။ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်မှု အရေအတွက် များပြားနေသည်။ အသက် ၁၆ နှစ် မပြည့်ခင် အာဖဂန် မိန်းကလေး ၅၇ ရာခိုင်နှုန်း လက်ထပ်ကြသည်။



အတင်းအဓမ္မ အိမ်ထောင်ချမှုက အာဖဂန်နစ္စတန်မှာ ယဉ်ကျေးမှုသဖွယ် ဖြစ်နေခဲ့သည်။ မိဘတွေက ကြွေးဆပ်ဖို့၊ လူမှုရေး မိတ်ဖွဲ့ဖို့ မိန်းကလေးငယ်များကို အတင်း ပေးစားကြသည်။ ဆင်းရဲ စုတ်ပြတ်နေတဲ့ နိုင်ငံမှာ သမီးငယ်လေးများက စီးပွားရေးအတွက် ရောင်းကုန်တွေ ဖြစ်နေသည်။ အထက်ပုံတွင် ၂၀၁၀ ခုနှစ်က ဘမီယန် ကျေးရွာတွင် သတို့သမီးငယ်လေး သတို့သားကြီးနှင့် အတူ လမ်းလျှောက်လာစဉ်။



အသက် ၁၇ ရှိ Bas Gul ကို အမျိုးသမီးများ စောင့်ရှောက်တဲ့ safe house တွင် ၂၀၁၀ ခုနှစ်တွင် ရပ်နေတာ တွေ့ရသည်။ အသက် ၁၁ နှစ်တွင် သူမထက် အသက် ၅ နှစ်ကြီးသူနှင့် လက်ထပ်ခဲ့ရပြီး၊ ငါးနှစ်ပေါင်းပြီးနောက် ထွက်ပြေးခဲ့သည်။



အသက် ၅၅ နှစ်ရှိ Said Mohammed နှင့် အသက် ၈ နှစ်ရှိ Roshan Kasem တို့ ၂၀၀၅ စက်တင်ဘာ ၁၀ ရက်နေ့က စေ့စပ်ပွဲလုပ်တဲ့ ပုံဖြစ်သည်။ မိန်းကလေးရဲ့ ဖခင်က အသက် ၆၀ ရှိပြီး၊ ကြွေးဆပ်ဖို့ သမီးငယ်ကို ပေးလိုက်ရခြင်း ဖြစ်သည်။



၂၀၀၅ ခုနှစ် မေ ၂၅ ရက်နေ့က အသက် ၂၄ နှစ်ရှိ Reza Ali Zada နှင့် အသက် ၁၆ နှစ်ရှိ ဇနီးလောင်း Aqila Nazali တို့ရဲ့ စေ့စပ်ပွဲဖြစ်သည်။ ယခင်က သူတို့နှစ်ဦး တစ်ကြိမ်မှ တွေ့ဆုံဖူးခြင်း မရှိ။



၂၀၁၀ တွင် အာဖဂန် သတို့သမီး တစ်ဦးရဲ့ မိခင်နှင့် အဖွားတို့ကိုလည်း မင်္ဂလာပွဲအတွက် နားချည်မှု လုပ်ကြသည်။



၂၀၁၀ အောက်တိုဘာ ၁၇ ရက်နေ့တွင် ကာဘူးမြို့ရှိ ဗြူတီပါလာဆိုင်ဘေးတွင် အာဖဂန် မိန်းကလေးငယ် တစ်ဦး ပီကေ ရောင်းနေစဉ်။ ပန်းချီကားမှာ မိန်းကလေးများနှင့် စေ့စပ်ပေးဖို့ ကြော်ငြာထားခြင်း ဖြစ်သည်။



ဘမီယန် ကျေးရွာလမ်းကြားမှ ၂၀၁၀ အောက်တိုဘာ ၁၄ ၇က်နေ့က သတို့သားနှင့် အသက် ၁၄ နှစ်ရှိ သတို့သမီးတို့ အတူ လမ်းလျှောက်လာစဉ်။



ရဲမေ Malalai Kakar က၂၀၀၆ ဇွန် ၄ ရက်နေ့တွင် အသက် ၃၅ နှစ်ရှိ Janan ကို ဖမ်းထားတဲ့ပုံ ဖြစ်သည်။ Janan က အသက် ၁၅ နှစ်ရှိ သူ့ဇနီး Jamila ကို သတ်ဖို့ကြိုးစားသည်။ Jmaila က လင်ယောက်ျားရဲ့ အမျိုးမျိုး နှိပ်စက်မှုကို မခံနိုင်လို့ မိခင် ရှိရာကို ထွက်ပြေးခဲ့သည်။

Janan က သူ့ဇနီးသည်ကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ အမျိုးမျိုး အကြောင်းပြ ပြန်ခေါ်သည်။ သို့သော် နောက်ဆုံး သူမရဲ့ အဖွားကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သည်။ အဖွားက Jamila ကို အကာအကွယ် ပေးထားလို့ ဖြစ်သည်။ Jamila က အသက် ၁ နှစ်တွင် စေ့စပ်ခဲ့ပြီး၊ ၁၀ နှစ် အရွယ်တွင် လက်ထပ်ခဲ့သည်။

ရဲမေ Kakar မှာ ၂၀၀၈ ခုနှစ်တွင် ပစ်သတ်ခံရသည်။



၂၀၀၉ ခုနှစ် ဩဂုတ်လ Heart ပြည်နယ်တွင် အာဖဂန် အမျိုးသမီး ၅၀ အပြုံလိုက် လက်ထပ်ပွဲမှ ထိုင်နေကြသော သတို့သမီးများ ဖြစ်သည်။



အသက် ၁၄ နှစ်ရှိ သတို့သမီးလေး Zahara ကျေးရွာ အလှပြင်ဆိုင်တွင် ပြင်ဆင်ပြီး မင်္ဂလာပွဲသွားဖို့ ဖိနပ်စီးနေစဉ်။

မောက္ခ နိုင်ငံတကာသတင်း

"လက်ကိုင်ဖုန်းကြောင့် ဘ၀ဆုံးရသူများ"




မိန်းကလေး ၂၉ ရာနှုန်းက ယင်းတို့၏ ဝတ်လစ်စလစ်ပုံကို အင်တာနက်ပေါ်တွင်သာ တွေ့ဆုံဖူးသူ သူစိမ်းထံသို့ ပေးပို့ခဲ့ဖူးသည်ဟု ဆိုသည်။ ယင်းအရေအတွက်သည် ထိတ်လန့်ဖွယ်ရာဖြစ်သည်။

"လက်ကိုင်ဖုန်းကြောင့် ဘ၀ဆုံးရသူများ"
အေးထွန်းမင်း

၂ဝဝ၉ ခုနှစ် စက်တင်ဘာလ။ ဖလော်ရီဒါပြည်နယ်မှ အသက် ၁၃ နှစ်အရွယ် ဟုပ်ဝစ်ဆဲလ် - Hope Witsell အမည်ရှိ ကျောင်း သူတစ်ဦးသည် ဆွဲကြိုးချလျက် မိမိကိုယ်ကို အဆုံးစီရင်သွားသည်။ သူမသည် ဖလော်ရီဒါကျေးလက်တွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ မိဘနှစ်ပါးမှာ ဘာသာရေး ကိုင်းရှိုင်းသူများ ဖြစ်ကြသည်။

၂ဝ၁ဝ ပြည့်နှစ်၊ သူမ သတ္တမတန်းအောင်ပြီးချိန်တွင် သူမ၏ အပေါ်ပိုင်း ဗလာကျင်းနေသော ဓာတ်ပုံကို သူမ သဘောကျနေ သည့် ကျောင်းနေဖက်ယောက်ျားလေးထံ ပို့မိလိုက်သည်။ ထိုယောက်ျားလေး၏ မိန်းကလေး သူငယ်ချင်းတစ်ဦးက ယင်းဓာတ်ပုံ ကို ကျောင်းသူ ကျောင်းသားများထံသို့ လက်ကိုင်ဖုန်းမှတစ်ဆင့် ဖြန့်ဝေလိုက်သည်။ ထို ဓာတ်ပုံသည် ကျောင်းသားများအတွင်း ချက်ချင်း ပျံ့နှံ့သွားသည်။ သူမ မသေဆုံးမီ ဒိုင်ယာရီထဲတွင် ရေးသားခဲ့သည်မှာ ''ငါ့အကြောင်းကို ငါ့နောက်ကွယ်မှာ လူတွေ က ပြောနေလိုက်ကြတာ။ ငါ့ကို မိန်းမပျက်တဲ့။ ငါ သူတို့ကို သိပ်မုန်းတာပဲ''။

၂ဝဝ၉ ခု ဇူလိုင်လတွင် အလားတူဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ စင်စန်နယ်တီမြို့စွန်တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ်ရှိ ဂျက်ဆီ လိုဂင်- Jessie Logan သည် ဆွဲကြိုးချ အဆုံးစီရင်သွားသည်။ ရည်းစားထံပေးပို့ခဲ့သော သူမ၏ ဝတ်လစ်စလစ်ပုံသည် သူငယ် ချင်းများအကြား ပျံ့နှံ့လျက် အုတ်အော်သောင်းတင်း ဖြစ်ကုန်သည့်အတွက် အရှက်တကွဲဖြစ်ကာ ဘဝကို အဆုံးစီရင်သွားခြင်း ဖြစ် သည်။ ရည်းစားနှင့် ကွဲသွား သည့်အခါ ရည်းစားဖြစ်သူက အဆိုပါဓာတ်ပုံကို အခြားသူများထံ လက်ဆင့်ကမ်းလိုက်ခြင်း ဖြစ်သည်။ သူမ အထက်တန်းကျောင်း အောင်ပြီးသည့်နှစ်တွင် အဆုံးစီရင်သွားခြင်း ဖြစ်သည်။

ဂျက်ဆီ၏ မိဘများက သူမ၏ ရည်းစားဟောင်း၊ ဓာတ်ပုံကို လက်ဆင့်ကမ်းဖြန့်ဝေခဲ့သည့် ကျောင်းသား ကျောင်းသူများ၊ ကျောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် တားဆီးခြင်းမပြုခဲ့သည့် ရဲအရာရှိတို့ကို တရားစွဲဆိုသည်။

စတင်ဖြစ်ပွားချိန်တွင် ဂျက်ဆီက ဓာတ်ပုံများ ပျံ့နှံ့နေခြင်းကို တားဆီးပေးပါရန် ကျောင်းအုပ်ချုပ်ရေးအဖွဲ့သို့တင်ပြခဲ့ရာ အုပ်ချုပ်ရေး အဖွဲ့က ကျောင်း၏ ပြစ်မှုရေးရာအတိုင်ပင်ခံ ရဲအရာရှိ ပေါလ်ပိုင်းထံ ရည်ညွှန်းလိုက်သည်။ ရဲအရာရှိက ကျောင်းသား ကျောင်းသူ များအား ယင်းတို့၏ လက်ကိုင်ဖုန်းများအတွင်းရှိ ဓာတ်ပုံကို ဖျက်ပေးရန် မေတ္တာရပ်ခံပေးမည်ဖြစ်ကြောင်း၊ ဓာတ်ပုံကို ဖျက်ပေး သည်၊ မပေးသည်မှာ ကျောင်းသားကျောင်းသူတို့အပိုင်းသာ ဖြစ်ကြောင်း၊ ဂျက်ဆီသည် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သဖြင့် ထို့ ထက်ပို၍ သူ့တွင် လုပ်ပိုင်ခွင့် မရှိကြောင်း ဂျက်ဆီအား ပြောသည်။

ဂျက်ဆီ၏ ကိစ္စမတိုင်မီ အရွယ်မရောက်သေးသူတစ်ဦး ပတ်သက်နေသော ဆက်တင်းကိစ္စတွင် ရဲအရာရှိ ပေါလ်သည် အမှုဖွင့်လျက် သက်ဆိုင်ရာ မိဘများအား ခေါ်ယူဆွေးနွေးခဲ့သည်။ အရွယ်မရောက်သေးသူများအား လိင်ကိစ္စဖြင့် ပတ်သက်စေခြင်းသည် ကြီးလေးသော ရာဇဝတ်မှု ဖြစ်သဖြင့် ယင်းကဲ့သို့ အရေးယူ ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ ဂျက်ဆီမှာမူ အသက်ပြည့်ပြီးဖြစ်သဖြင့် ယင်းကဲ့သို့ အရေးမယူနိုင်ပေ။

ဂျက်ဆီက ကျောင်းအာဏာပိုင်များထံ တိုင်ကြားလိုက်သည်ကို သိရှိသော ကျောင်းသားများက သူမအပေါ် ထိုးနှက်မှုများ ပိုမိုလုပ် လာကြသည်။ သူမအား မိန်းမပျက်၊ အကျင့်ပျက်မ စသဖြင့် အမျိုးမျိုး ခေါ်ဝေါ်ပုတ်ခတ်ကြသည့်အပြင် တယ်လီဖုန်းဆက်ကာ ညစ်ညမ်းစွာ ပြောဆိုမှုများ လုပ်လာခဲ့သည်။

စာသင်နှစ် ပြီးဆုံးခါနီးအချိန်တွင် ဂျက်ဆီသည် စာမကျက်နိုင်တော့။ ကျောင်းမတက်ဘဲ နေတော့သည်။ ယင်းသို့ ဖြစ်ပျက် နေ သည်ကို မိဘများက မသိဟု ဆိုသည်။ သူမ ကျောင်းပျက်နေခြင်းကို ကျောင်းမှ တိုင်စာရောက်လာသည့်အခါတွင်မှ အခြေအနေကို ရိပ်မိတော့သည်ဟု သူမ မိခင်က ရုပ်မြင်အင်တာဗျူးတွင် ပြောသည်။

ကျောင်းဆင်းပွဲတွင် သူမကို ဝိုင်းဝန်းလှောင်ပြောင်ကြသည်။ စက္ကူလုံးများဖြင့် ပစ်ပေါက်သည်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံသွား သည့် ရင်းနှီးသူတစ်ဦး အသုဘကို ဂျက်ဆီက တစ်နေ့တွင် လိုက်ပို့သည်။ နောက်တစ်နေ့တွင် ဂျက်ဆီ သူ့ကိုယ်သူ အဆုံးစီရင် လိုက် တော့သည်။

လက်ကိုင်ဖုန်းဖြင့် တစ်ဦးထံတစ်ဦး သာမန် စာသားပေးပို့ခြင်းကို တက်ဆ်တင်း- Texting ဟု အမည်ပေးထားသည်။ လိင်ကိစ္စ သဘောသက်ဝင်သည့် စာသား၊ ဓာတ်ပုံ၊ ဗီဒီယိုပေးပို့ခြင်းကို ဆက်တင်း- Sexting ဟု ခေါ်ကြသည်။ လူငယ်များအကြား တစ်ဦးထံ တစ်ဦး စာသား၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များ ပေးပို့ခြင်းသည် ၂၁ ရာစု ဆယ် ကျော်သက်များ၏ နိစ္စဓူဝ ပြုမြဲ ကိစ္စ ဖြစ်နေသည်။

အမ်တီဗီတေးဂီတ ရုပ်မြင်အစီအစဉ်က ဆက်တင်းနှင့် ပတ်သက်၍ လူငယ်လူရွယ်များအကြား သဘောထား မှန်ကန်စေရန် ရည်ရွယ်လျက် A Thin Line ဟူသော အမည်ရှိ စစ်တမ်း ကောက်ယူမှု ပြုလုပ်သည်။ အ သက် ၁၄ နှစ်မှ ၂၄ နှစ်အကြား လူငယ် ၂၅ ရာနှုန်းကျော်သည် ဆက်တင်းတွင် တစ်နည်းမဟုတ် တစ်နည်း ပါဝင်ပတ်သက်နေသည် ဟု စစ်တမ်းတွင် တွေ့ရသည်။ ယင်းတို့အနက်မှ ၁ဝ ရာနှုန်းသည် ယင်းတို့၏ ကိုယ်တုံးလုံးဓာတ်ပုံကို လက်ကိုင်ဖုန်းချင်းပေးပို့ခြင်း၊ အင် တာနက်ပေါ်သို့တင်ခြင်း တို့ကို ပြုလုပ်ခဲ့ဖူးသည်ဟုဆိုသည်။ ယင်းတို့အနက် ၁၇ ရာနှုန်းသည် လက်ခံရရှိထားသော ဓာတ်ပုံကို အခြားသူများထံ (ကာယကံရှင် ခွင့်ပြုချက် မရှိဘဲ) ဝေငှဖူးသည်။

သုတေသနပြုခံများ၏ ၅ဝ ရာနှုန်းသည် တစ်နည်းမဟုတ် တစ်နည်း လက်ကိုင်ဖုန်းမှတစ်ဆင့် အနိုင်ကျင့်မှုကို ခံခဲ့ရသည်ဟု ဆို သည်။ လက်ကိုင်ဖုန်းဖြင့် သွားပုပ်လေလွင့် ပုတ်ခတ်သော မမှန်သတင်းများ ပေးပို့ခံရခြင်းမှာ အများဆုံး ဖြစ်သည်။ ၈ ရာနှုန်းသည် ခြိမ်းခြောက်ခံရသည် ဟုဆိုသည်။ ယင်းသို့ အနိုင်ကျင့်ခံရသူ မိန်းကလေးမှာ ၅၃ ရာနှုန်းရှိပြီး ယောက်ျားလေးမှာ ၄၂ ရာနှုန်း ဖြစ် သည်။ မဖွယ်မရာဓာတ်ပုံများ အပေးအယူလုပ်နေခြင်းဖြင့် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်ကို ကျောင်း သူ ကျောင်း သား ၇၅ ရာနှုန်းက သိရှိ သည်။ သို့သော် စိတ်အလိုကို မထိန်းနိုင်ကြ။

မိန်းကလေးများသည် ယောက်ျားလေးများထက် ဝတ်လစ်စလစ်ဓာတ်ပုံများကို မိန်းကလေး အချင်းချင်း ဖလှယ်ရန် အခွင့်အ လမ်းများသည်ဟု သုတေသနက တွေ့ရှိသည်။ အပျိုဖော်ဝင်ခါစ မိန်းကလေးများသည် ဓာတ်ပုံပေးပို့ခြင်းကို အပျိုဖော် မဝင်သေးသူ များထက် ပိုလုပ်လေ့ရှိသည်။ မိန်းကလေး ၂၉ ရာနှုန်းက ယင်းတို့၏ ဝတ်လစ်စလစ်ပုံကို အင်တာနက်ပေါ်တွင်သာ တွေ့ဆုံဖူးသူ သူစိမ်းထံသို့ ပေးပို့ခဲ့ဖူးသည်ဟု ဆိုသည်။ ယင်းအရေအတွက်သည် ထိတ်လန့်ဖွယ်ရာဖြစ်သည်။

အလားတူ သုတေသနကို ဆမီးယားဟင်ဒူဂျာနှင့် ပတ်ချင် - Sameer Hinduja and Justin Patchin သုတေသနဌာန ကလည်း ပြု လုပ်ခဲ့သည်။ ဆယ်ကျော်သက် ၁၂ ရာခိုင်နှုန်းက အခြားသူများ၏ ဓာတ်ပုံများကို ကာယကံရှင်ခွင့်ပြုချက်မရှိဘဲ ရိုက်ယူပြီး အင်တာနက်ပေါ်သို့ တင်ဖူးသည်ဟု ဆိုသည်။

အခြားသူတစ်ဦး၏ ဓာတ်ပုံ၊ ဗီဒီယိုကို ရိုက်ယူရာတွင် ကာယကံရှင် ခွင့်ပြုချက် မရှိခြင်း၊ အတင်းအကြပ် ရိုက်ယူခြင်းတို့ ရှိနေသဖြင့် အကျိုးဆက်မှာ ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။ ကာယကံရှင် ခွင့်ပြုချက်မရှိဘဲ နှစ်ကိုယ်တူ ကြည်နူးနေသည့် အခိုက်အတန့်ကို ခိုးရိုက် ကာ အင်တာနက်ပေါ်တင်ခြင်းသည် ရာဇဝတ်မှု ဖြစ်သည်။ ခိုးရိုက်သူသည် ကိုယ်တိုင်ပါ ဝင်လှုပ်ရှားနေသူ ဖြစ်လင့်ကစား သူတို့၏ မျက်နှာ မပါဝင်စေရန် ယောက်ျားလေးများက တမင်တကာ စီစဉ်ထားတတ်ကြသည်။ မျက်နှာပါဝင်နေသည့်တိုင် ဗီဒီယို နည်းပညာဖြင့် မျက်နှာကို ဖျောက်ထားလေ့ရှိသည်။ ယင်းသို့ မိမိအပိုင်းကို ဖုန်းကွယ်ထားခြင်းသည် မရိုးသားသည့်သဘောကို ထင်ရှားစေသည်။ တစ်ဖက်သားအား အရှက်တကွဲ ဖြစ်စေလိုသော ရည်ရွယ်ချက် ပါဝင်နေသည်။

တူနှစ်ကိုယ်ရိုက်ကူးထား သောပုံများ တယ်လီဖုန်းအတွင်း ရှိနေသည်ဟု သိထားသူ တစ်ဦးဦးက ထိုဖုန်းကို ခေတ္တအလစ်သုတ်ကာ ထိုဖုန်းမှပင် အခြားလူများထံသို့ ပေးပို့ခြင်းဖြင့် ကာယကံရှင် ကိုယ်တိုင် ပေးပို့သည်ဟု ထင်မှတ်မှားစေသည်။ ခလုတ်တစ်ချက်နှိပ် ရုံဖြင့် ရာပေါင်းများစွာသော တယ်လီဖုန်းများထံ ရောက်သွားစေနိုင်သည့်အတွက် အဖျက်စွမ်းအားသည် ကြီးမားလှသည်။ ခံရသူ အဖို့ များစွာနစ်နာရသည်။

ဆယ်ကျော်သက်များ ယူဆောင်သွားလာနေသည့် လက်ကိုင်ဖုန်းနှင့် ခရီးဆောင် ကွန်ပျူတာများသည် သူတို့၏ ဘဝများကို တစ်စစီ ဆုတ်ဖြဲပစ်နိုင်သည့် ပစ္စည်းများ ဖြစ်သည်ကို ဂရုမထားမိကြ။ တစ်ခဏတာ စိတ်ရူးပေါက် ရုံမျှနှင့် လူငယ်တစ်ယောက်၏ ဂုဏ် သိက္ခာ အဖတ်ဆယ်၍ မရနိုင်လောက်အောင် ကျေပြုန်းသွားနိုင်သည်။ ဆက်တင်းသည် လူငယ် အချင်းချင်း တစ်ယောက်အပေါ် တစ်ယောက် မညှာမတာနှိပ်ကွပ် နိုင်သော နည်းလမ်း ဖြစ်လာနေသည်။

ဟော်မုန်းတို့ ထကြွ သောင်းကျန်းနေသည့် အရွယ်မို့ လူငယ်များသည် ဆင်ခြင်တုံ အား နည်းကြသည်။ ယခင်က စာသင်ကျောင်း တွင် အနိုင်ကျင့်ခြင်းသည် ကစားကွင်း၊ အိမ်သာတို့တွင် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း ဖြစ်သော်လည်း ယခုအခါ လက် ကိုင်ဖုန်းကို အသုံးပြုလျက် အနိုင်ကျင့်မှုများ ဖြစ်ပွားလာသည်။ စိတ်ကို အနိုင်ကျင့်ခြင်း ဖြစ်သည်။ မရင့်ကျက်သေးသည့် ဆယ်ကျော်သက်များသည် အလူးအလဲ ခံရတော့သည်။ မလျော်ကန်သော သတင်းစကား၊ မတော်တရော် ဓာတ်ပုံတို့ ကို ဖြန့်ဝေခြင်းဖြင့် တိုက်ခိုက် အနိုင်ကျင့်မှုများ ရှိနေသည်။ သုတေသနပြုချက်များအရ သိရှိရသည်မှာ ဆက်တင်းဖြင့် အ နိုင်ကျင့် မှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေနှုန်းသည် ၁ ဒသမ ၉ ရာနှုန်းရှိပြီး ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခံရမှုကြောင့် သတ်သေ နှုန်း မှာ ၁ ဒသမ ၇ ရာနှုန်းသာ ရှိသည် ။

ယင်းသို့ အနိုင်ကျင့်မှုများကို အရေးယူဆောင်ရွက်ရာတွင် အာဏာပိုင်များ အခက်တွေ့ရသည်။ ကျူးလွန်သူများသည် ငယ် ရွယ်သူ များ ဖြစ်သဖြင့် ပြစ်ဒဏ် ကြီးကြီးမားမားပေးပါက အညွန့်ချိုး သကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်ရ သည်။ အပြစ်ဒဏ် ပေါ့နေပါကလည်း ကျူးလွန်မြဲ ကျူးလွန်နေကြမည်ကို ထည့်သွင်းစဉ်းစားရသည်။ တရားရုံးသည် ဆက်တင်းပြဿနာကို ဖြေရှင်းရာတွင် အသင့်တော် ဆုံး မဖြစ်နိုင်ဟု စိတ်ပညာရှင်အချို့က ဆိုသည်။ လူငယ်များ အသိစိတ် ရင့်ကျက်လာရန် လေ့ကျင့်ပေးဖို့ လိုအပ်သည်။

ဟုပ်ဝစ်ဆဲလ်သည် ကိုယ့်ကိုယ်ကို သတ်မသေမီ ဓာတ်ပုံကိစ္စကြောင့် မိဘများက သူ့အား အပြင်မထွက်ဘဲ နေစေသည်။ ကျောင်းမှ လည်း နုတ်လိုက်သည်။ သို့သော် သူမက အခြားယောက်ျား လေးတစ်ယောက်ထံ အပေါ်ပိုင်း ဗလာကျင်းထားသည့် ဓာတ်ပုံကို ပို့ ပြန်သည်။ ဤသည်မှာ စိတ်ဓာတ်အရ ချောင်ပိတ်မိနေသော ငယ်ရွယ်သူတစ်ဦး၏ တုံ့ပြန်မှုဟု စိတ်ပညာရှင်များက ဆိုသည်။ ဘာဖြစ်သလဲ ငါလုပ်တယ်ဟူသည့် အရွဲ့တိုက်သော အပြုအမူ ဖြစ်သည်။ ဆယ်ကျော်သက်တို့၏ အပြုအမူသည် ခံစားမှုကို ဦးစားပေးသဖြင့် နားလည်ရန် ခက်ခဲသည်။ ခံစားမှုကို ကျိုးကြောင်းပြသက်သက်ဖြင့် ပြောဆိုရှင်းပြလျှင် ပိုမိုပေါက်ကွဲလေ့ရှိသည်။ ခံစားမှုကို နားလည်အောင် ကြိုးစားရသည်။ ထိုခံစားမှုကို အသိအမှတ်ပြုကာ ကျိုးကြောင်းဆက်စပ်ခြင်းသည်သာ အကောင်း ဆုံး ဖြစ်သည်။

မိဘများသည် သားသမီးများ စောင့်ကြည့်နေရန် လိုအပ်သည်ဆိုသောအချက်ကို ပညာရှင်များက လက်ခံကြသည်။ သို့သော် ၁၉၈ဝ ပြည့်လွန်နှစ်များက ကြိုးဖုန်း အသုံးပြုလျက် စကားပြောခြင်း နှင့် ယနေ့ခေတ် လက်ကိုင်ဖုန်း အသုံးပြုခြင်းတို့သည် များစွာ ခြားနားခဲ့ပြီဖြစ်သည်။ အိပ်ယာထဲ၊ အိမ်သာထဲ စသည့် မမြင်ကွယ်ရာအထိ ယူသွားနိုင်ပြီး စွမ်းဆောင်ရည်အမျိုးမျိုး တပ်ဆင် ထားသည့် လက်ကိုင်ဖုန်းသည် ဒုက္ခအမျိုးမျိုးကို ပေးစွမ်းနိုင်သည့် ကိရိယာ ဖြစ်နေသည်။ လက်ကိုင်ဖုန်း ရှိနေသော ဆယ်ကျော် သက်ကို ထိုင်စောင့်နေ၍ လက်တွေ့တွင် မဖြစ် နိုင်။ လက်ကိုင်ဖုန်းသည် မရှိမဖြစ် လိုအပ်သောပစ္စည်း ဖြစ်သည်။ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအပြီး လက်ကိုင်ဖုန်း အသုံးပြုမှု အဆမတန် တိုးတက်များပြားလာသည်။ မိဘများက သားသမီးများ မည် သည့်နေရာ တွင် ရှိသည်ကို ချက် ချင်းသိလိုကြသည်။ သားသမီးများ ဘေးမသီ ရန်မခ ရှိနေသည်ကို သေချာလိုကြသည်။

လက်ကိုင်ဖုန်းများတွင် ကျယ်စွာ အသုံးပြုလာသည့်အတွက် အဝေးပြေးလမ်းတွင် ဖြစ်ပွားသော ရာဇဝတ်မှုများ၊ မြေအောက် ကားရပ်နားရာတွင် ဖြစ်ပွားသော ရာဇဝတ်မှုများ ထက်ဝက်လျော့ကျ သွားသည်ဟု စာရင်းဇယားများက ဆိုသည်။ ယင်းသို့မရှိမဖြစ် အသုံး ဝင်သော ကိရိယာဖြစ်သော်လည်း မလျော်မကန် အသုံးပြုပါက အဖျက်စွမ်းအားလည်း ကြီးမားလှသည်။
မိန်းကလေးများသည် ရည်းစားများထံ ယင်းတို့၏ ဝတ် လစ်စလစ်ပုံများကို ပေးပို့သည်မှာ ထုံးစံလို ဖြစ်လာနေသည်။ ဓာတ်ပုံ ပေးပို့ ဖူးသည့် မိန်းကလေး ၁၄ ရာ နှုန်းက သူတို့ပုံများသည် သူတို့၏ ခွင့်ပြုချက်မရှိဘဲ အခြားသူများထံတွင် ရောက်ရှိနေသည်ဟု ယူဆကြသည်။

ယင်းကဲ့သို့ ဓာတ်ပုံ လက်ခံရရှိဖူးသည့် ယောက်ျားလေး ၁၇ ရာနှုန်းက ထိုပုံများကို ဆက်လက်ဝေငှဖူးသည်ဟု ဆိုသည်။ ထို သို့ ဝေငှရာတွင် တစ်ခါတစ်ရံ၌ တစ်ဦးထက်မကသော လူများထံ ပေးပို့ဖူးသည်ဟု ဆိုသည်။ ဤနေရာတွင် မိန်းကလေးများ သည် ယောက်ျားလေးများထက် ပိုမိုလက်သွက်သည်ဟု ဆိုသည်။ သုတေသနပြု မေးမြန်းခဲ့သော မိန်းကလေး ဆယ်ဦးအနက် တစ်ဦးက ၎င်းတို့၏ ဝတ်လစ်စလစ်ပုံကို လက်ကိုင်ဖုန်း၊ အင်တာနက်မှတစ်ဆင့် ပေးပို့ခဲ့ဖူးသည်ဟု ဆိုသည်။

ဆက်တင်းသည် ဒုက္ခလှလှ ရောက်စေနိုင်သည်ဆိုသော အချက်ကို လူငယ် ၅ဝ ရာနှုန်းက သိရှိကြသော်လည်း သူတို့သည် ဆက်တင်း မလုပ်ဘဲ မနေနိုင်ဟု ဆိုကြသည်။

လူမှုရေးပညာရှင် ကက်သရင်းဘိုဂလီ - Kathleen Bogle သည် လာဆားလ်တက္ကသိုလ်မှ လူမှုရေးသိပ္ပံ ပါမောက္ခဖြစ်သည်။ သူမ က ''ဒုက္ခဖြစ်နိုင်တယ်ဆိုတာ သိပေမယ့် ကလေးတွေက သူတို့ရဲ့ အလျှံညီးညီး တောက်လောင်နေတဲ့ စမ်းသပ်ချင်တဲ့ဆန္ဒကို မလွန် ဆန်နိုင်ရှာကြဘူး'' ဟု ထင်မြင်ချက်ပေးသည်။ ''ဆယ်ကျော်သက်တွေ ကားကို အမြန်မောင်းကြသလိုပဲ။ ငါ ဘာမှမဖြစ်နိုင်ဘူး ဆိုပြီး မောင်းကြတာပဲ။ တိုက်မိခိုက်မိပြီဆိုမှ မရှူနိုင် မကယ်နိုင် ဖြစ်ကြရတယ်။ ဆက်တင်းမှာလည်း ဒီလိုပဲ ဘာမှ မဖြစ်နိုင်ပါဘူး ဆိုပြီး မျက်ကန်း တစ္ဆေမကြောက် လျှောက်လုပ်နေကြတာ'' ဟု သူမက ပြောသည်။ ဖြစ်လာနိုင်သည့် အန္တရာယ်ကို ဖော့ တွေးကြ သည်။ သိလျက်နှင့် ဝိဘက် ကြမ္မာ ငင်ကြသည်။

ဆယ်ကျော်သက်အရွယ်၏ ဦးနှောက်သည် အပြည့်အဝ ရင့်ကျက်ဖွံ့ဖြိုးမှု မရှိသေးပေ။ ဆယ်ကျော်သက်မှ အသက်နှစ် ဆယ် အတွင်းတွင် ဦးနှောက်၏ စိတ်ခံစားမှုအပိုင်းက အခြားအပိုင်းများထက် လျင်မြန်စွာ ဖွံ့ဖြိုးလာသည်။ စိတ်ခံစား လွယ်လာသည်။ ပတ်ဝန်းကျင်၏ ဖိအားကို မခံနိုင် ဖြစ်လာသည်။ ချင့်ချိန်အားနည်း နေသည့်အရွယ်မို့ ပတ်ဝန်းကျင်ကို ကိုးကွယ်ရာတစ်ခုလို နာခံ သည်။ ပတ်ဝန်းကျင်ရှိ အခြားသောဆယ် ကျော်သက်များ ဝတ်သလို စားသလို လိုက်လုပ်နေကြသည်။ ဆယ်ကျော်သက် အဝတ်အစား၊ အသုံးအဆောင် ရောင်းချသူများ၏ အခွင့်ကောင်းပင် ဖြစ်သည်။ သူတို့၏ ကုန်ပစ္စည်းကို 'ပေါက်' အောင် ကြော်ငြာ အားဖြင့် ဖိတွန်းသည်။ ပေါက်သွားသည့်အခါ ရောင်းမ လောက်တော့။ ဆယ်ကျော်သက် တို့ သဘာဝအတိုင်း တစ်ဦးက ဝတ်လျှင် လိုက်ဝတ်သည်၊ သုံးလျှင် လိုက်သုံးကြသည်။

ဦးနှောက်၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် ဆိုင်သော အစိတ်အပိုင်း- Frontal Cortex) သည် အသက်နှစ်ဆယ်ကျော်သည့် အခါတွင် မှ အပြည့်အဝ ဖွံ့ဖြိုးလာ သည်။ ထိုခါတွင်မှ ကျိုးကြောင်း ဆင်ခြင်ခြင်း၊ အကျိုးအပြစ်ကို ချိန်ဆတွေးတောခြင်းတို့ လုပ်လာနိုင် သည်။

ဆယ်ကျော်သက်တို့သည် အွန်လိုင်းပေါ်တွင် တင်လိုက်သည့် ဝတ်လစ်စလစ် ဓာတ်ပုံများသည် ၎င်းတို့၏ အနာဂတ်အပေါ် မည်မျှ သက်ရောက်နိုင်သည်ကို သတိ မထားမိကြ။ ငယ်ရွယ်သူများပီပီ ရယ်မောစရာတစ်ခုအဖြစ်သာ သဘောထားမိကြသည်။ ထိုဓာတ်ပုံ များသည် တက္ကသိုလ်ဝင် စိစစ်ရေး ဌာနနှင့် မိမိအား အလုပ်ခန့်ထား မည့် အလုပ်ရှင်လက်ထဲသို့ ရောက်နေနိုင်သည်ကို မစဉ်းစားမိ ကြ။ ယင်းသို့ ရောက်နေလျှင် သူတို့၏ အနာဂတ်အပေါ် ဆိုးကျိုး များစွာ သက်ရောက်သွားနိုင်သည်။ ဆိုင်ဘာစပေ့ (အင်တာနက်)ပေါ်သို့ရောက်သွားသည့် ဓာတ်ပုံသည် မည်သည့်အခါတွင်မျှ ပျောက်ကွယ်သွားမည်မဟုတ်ပေ။ တစ်ထောင့်ထောင့် တစ်နေရာရာတွင် ထာဝရရှိနေတော့မည်။ သူတို့၏ ဘဝတာတစ်ခုလုံးတွင် ခြောက်လှန့်နေပေတော့မည်။

ဆက်တင်းဖြင့် တိုက်ခိုက်ခံရသည့် လူငယ်များ၏ စိတ်ဖိစီးမှု မြင့်တက်လာသည်။ ထိုကဲ့သို့အခြေအနေမျိုးတွင် မိမိကိုယ် ကိုယ်ကို သတ်သေရန် အခွင့်အလမ်း ၃ ဆမျှ မြင့်တက်လာသည်ဟု သုတေသနက တွေ့ရသည်။ ကျောင်းထွက်ရန် ဆုံးဖြတ်ဖို့လည်း ၃ ဆမျှ နီးစပ်လာသည်။

ဖလော်ရီဒါ၊ အင်ဒီယာနာ၊ အိုဟိုင်ယိုနှင့် ပင်ဆဲလ်ဗေးနီးယားပြည်နယ်တို့တွင် ဝတ်လစ်စလစ် ဓာတ်ပုံများကို တယ်လီဖုန်းဖြင့် ဖြန့်ဖြူးမှုဖြင့် ဆယ်ကျော်သက်များသည် တရားရုံးတွင် ရင်ဆိုင်နေရပြီ ဖြစ်သည်။ အချို့ဆိုလျှင် ပြစ်မှုကြီးအဖြစ် စွဲဆိုခံနေရသည်။

ဆယ်ကျော်သက်များ၏ လေးပုံတစ်ပုံသည် ဆက်တင်းတွင် ပါဝင်ပတ်သက်နေသည်ဟု သုတေသနများက ဆိုသည်။ အသက်နှစ် ဆယ်မှ သုံးဆယ်အတွင်းရှိ သူများ၏ သုံးပုံတစ်ပုံသည် ဆက်တင်း တွင် ပါဝင်နေသည်ကို တွေ့ရသည် ဟု အခြားသုတေသနတစ်ခု က ဆိုသည်။ ယင်းသို့ဆိုလျှင် ဆက်တင်းသည် ဆယ်ကျော်သက်အရွယ် လွန်မြောက်သည့်အခါ ပိုမိုပျံ့နှံ့လာသည်ဟု ကောက် ချက်ချနိုင်သည်။

အမ်တီဗီက ပြုလုပ်သော A Thin Line သုတေသနသည် ဆယ်ကျော်သက်များအား ပညာပေးရန် ဖြစ်သည်။ ခေတ်ပေါ် ဆက်သွယ်ရေး မီဒီယာကိရိယာများကို အသုံးပြုရာတွင် အမှားနှင့် အမှန်အကြားတွင် ပါးလွှာသော မျဉ်းကြောင်းလေး တစ်ကြောင်း သာ ခြားထားကြောင်း၊ ထို့ကြောင့် သတိကြီးစွာထားလျက် တစ်ခဏတာပေါ်လာသော စိတ်ရူးပေါက်မှုကို တွန်းလှန်ရန် လိုအပ်ကြောင်း သတိပေးခြင်း ဖြစ်သည်။

ခေတ်တိုင်းခေတ်တိုင်း၊ မျိုးဆက်တိုင်း မျိုးဆက်တိုင်းတွင် မလျော်မကန်ပြုမူမှု ဆိုသည်မှာ ရှိခဲ့သည်သာ ဖြစ်သည်။ သို့သော် ယနေ့ခေတ် မျိုးဆက်တို့ လက်ဝယ်တွင်ရှိနေသည့် မလျော်မကန် အသုံးပြုနိုင်သည့် ပစ္စည်းသည် လွန်စွာ အစွမ်းထက်သော ကိရိယာ ဖြစ်နေသည်။ လက်ကိုင်ဖုန်းမှ ဓာတ်ပုံတစ်ပုံ၊ စာသားတစ်ပိုဒ်၊ ဗီဒီယို အပိုင်းတစ်ပိုင်းသည် စက္ကန့်ပိုင်း အတွင်း ကမ္ဘာ တစ်လွှားသို့ ပျံ့နှံ့ သွားနိုင်သည်။ လူသားတစ်ဦးနှင့် တစ်ဦးအကြား ဂဏန်းဆယ်လုံးသာ ခြားတော့သည်။ ဂဏန်းဆယ်လုံးလှည့် လိုက်ရုံဖြင့် ဆက်သွယ်လိုသူကို ဆက်သွယ်နိုင်သည့် အနေအထား ဖြစ်လာသည်။

အမေရိကန်ပြည် လော့အင်ဂျလိစ်မြို့တွင် ရဲက လူမည်းတစ်ဦးကို ဥပဒေမဲ့ ရိုက်နှက်ကန် ကျောက်နေသော ဗီဒီယိုအပိုင်းအစ တစ်ခုကြောင့် လူမည်းများ ဆန္ဒပြကာ မီးတင်ရှို့သဖြင့် လော့အင်ဂျလိစ်မြို့ တစ်မြို့လုံး မီးဟုန်းဟုန်း တောက်လောင်ခဲ့ဖူးသည်။ လက်ကိုင်ဖုန်းဖြင့် ဗုံးခွဲနိုင်သော အဆင့်သို့ ရောက်နေသည်။

ခေတ်မီ မီဒီယာကိရိယာများ၏ အစွမ်းဖြင့် အစိုးရများကို ဖြုတ်ချခဲ့ဖူးသည်။ အဓိကရုဏ်းများ ဖြစ်ပွားစေခဲ့သည်။ လူတစ်ဦး တစ်ယောက် အပေါ် လက်ကိုင်ဖုန်း၏ ဆိုးကျိုးသက်ရောက်နိုင်မှု ပမာဏသည် ယုံနိုင်ဖွယ်ပင်မရှိ။

အသက် ၁၈ နှစ်ပြည့်မှ လက်ကိုင်ဖုန်းကို လိုင်စင်ဖြင့် ကိုင်ဆောင်ရမည်ဟု ကန့်သတ်ရန် လွန်စွာနောက်ကျသွားပြီ ဖြစ်သည်။ မိဘများက သားသမီး လက်ကို ကားသော့အပ်လိုက်ခြင်းသည် သူတို့၏ လှုပ်ရှားသွားလာ နိုင်စွမ်းကို မြှင့်တင်ပေးလိုက်ခြင်း ဖြစ် သလို လမ်းအန္တရာယ် ဖြစ်ပွား နိုင်ခြေလည်း ရှိလာသည်။ ရုပ်ဝတ္ထု ပျက်စီးမှုသည် မတော်တဆ ဖြစ်ပွားမှု၏ ပတ်ဝန်းကျင်သို့သာ သက်ရောက်မှု ရှိနိုင်သည်။ သို့သော် လက်ကိုင်ဖုန်းတစ်လုံး၏ အဖျက်စွမ်းအားသည် နယ်နမိတ် အကန့်အသတ်မရှိ။ လူငယ်များ အား အင်တာနက်လုပ်ချိန်ကို ကန့်သတ်ခြင်း၊ အီးမေးလ်ကို စစ်ဆေးခြင်း၊ ဝက်ကင်မရာ ဖြုတ်သိမ်းခြင်းတို့ဖြင့် ၎င်းတို့အား တားဆီးနိုင်မည် မဟုတ်ပေ။ လူငယ်များသည် ယင်းတို့အပေါ် အကန့်အသတ်များကို ပါးနပ်စွာ ရှောင်ကွင်းနိုင်ကြ သည်သာ ဖြစ် သည်။

စာသင်ချိန်တွင် စားပွဲခုံ အောက်တွင် လက်လျှိုထားပြီး ဆရာမကို ကြည့်နေကာ တယ်လီဖုန်းလက်ကွက်ကို မကြည့်ဘဲ စာသား ကို မှန်ကန်စွာရိုက်ပြီး ပေးပို့ နိုင်ကြသည်။ တစ်ဖက်မှ တယ်လီဖုန်းခေါ်သံ- Ring Tone ကို အ သက် ၂၅ နှစ်အထက်ရှိသူ (ဆရာမ) မကြားနိုင်စေရန် ကြိမ်နှုန်းမြှင့် ခေါ်သံကို အသုံးပြုထားသည်။ ထို ကြိမ်နှုန်းမြင့်လှိုင်းကို လူကြီးများ မကြားနိုင်ဘဲ လူငယ်များသာ ကြား နိုင်သည်။

လက်ကိုင်ဖုန်းသည် လူ့လောကအတွင်း ဆိုင်းမပါ ဗုံမဆင့်ဘဲ ရုတ်ခြည်းရောက်ရှိလာသည်။ သေးငယ်လှပပြီး လွန်စွာမှ အစွမ်း ထက်သည်။ အချိန်ပိုနေသော ဆယ်ကျော်သက်များအဖို့ အဖော် ကောင်း ဖြစ်သည်။ အချိန်ဖြုန်းရန် အထိရောက်ဆုံး ကိရိယာ ဖြစ် သည်။ ထို့အတူ စာမေးပွဲ ခိုးချရန်၊ ရန်ပွဲ ချိန်းရန်၊ ခြိမ်းခြောက်ရန်၊ မူးယစ်ဆေးဝါး ဝယ်ယူရန်၊ မတော် တရော်ဓာတ်ပုံများ ပေးပို့ ရန် တို့တွင် များစွာ အသုံးဝင်သည်။

ပုဂ္ဂလိကနှင့် အများပြည်သူအကြား၊ မေတ္တာနှင့် အနိုင်ကျင့် မှုအကြား၊ ဝေါဟာရနှင့် အနာတရ ဖြစ်မှုအကြား မျဉ်းသားထားသည်မှာ ပါးပါးလွှာလွှာလေးသာ ရှိတော့သည်။ လက်ကိုင်ဖုန်းကို အကျိုးရှိစွာ အသုံးချမှုနှင့် အလွဲသုံးမှုအ ကြား ပါးလွှာသော မျဉ်းကြောင်းကို အခိုင်အခန့် ပြန်လည်ရေးဆွဲရန် လိုအပ်နေပေပြီ။

အေးထွန်းမင်း

လူ ၂၃၉ ဦး လိုက်ပါလာသည့် ပျောက်ဆုံးနေသော မလေးရှားလေယာဉ် ဗီယက်နမ်ကမ်းလွန်၌ ပျက်ကျသွားခြင်းဖြစ်





၁၉၉၇ ခုနှစ် ဧပြီ ၂ ရက်က ကွာလာလမ်ပူလေဆိပ်တွင် ဆိုက်ကပ်ထားသော ဘိုးရင်း ၇၇၇-၂၀၀ ကို ရိုက်ကူးထားသည့်ဓာတ်ပုံ


မလေးရှားလေကြောင်းလိုင်း (Malaysia Airlines) ၏ ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦးလိုက်ပါခဲ့သော လေယာဉ်သည် မတ် ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့ပြီးနောက် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်းသိရသည်။

လေယာဉ်ခရီးစဉ် MH370 သည် ကွာလာလမ်ပူလေဆိပ်မှ ပျံတက်ပြီးနောက် နှစ် နာရီခန့်အကြာ ဒေသစံတော်ချိန် နံနက် ၂း၄၀ နာရီတွင် လေကြောင်းထိန်းသိမ်းရေးဌာနနှင့် အဆက်အသွယ်ပျောက်ဆုံးခဲ့ကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

မလေးရှားလေကြောင်းလိုင်း၏ လေယာဉ်သည် ဗီယက်နမ် ဝေဟင်ပိုင်နက်အနီး ဆက်သွယ်မှု ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ် အာဏာပိုင်များက ပြောကြားခဲ့သည်။ ယင်းလေယာဉ်သည် ဟိုချီမင်း လေကြောင်းထိန်းသိမ်းရေးဌာနနှင့် အဆက်အသွယ် မပြုလုပ်မီ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ကို ရှာဖွေရန် မလေးရှား၊ တရုတ် တာဝန်ရှိသူများနှင့် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်နေကြောင်း ဗီယက်နမ်အစိုးရ၏ ကြေညာချက်က ဖော်ပြခဲ့သည်။

“လေယာဉ်သည် ဟိုချီမင်းလေကြောင်း ထိန်းချုပ်ရေးစခန်းနှင့် လွှဲပြောင်းချိတ်ဆက်ရန် ပြင်ဆင်နေစဉ် ကာမောင်ပြည်နယ် ဝေဟင်ပိုင်နက်အနီး၌ ပျောက်ဆုံးသွားခဲ့သည်” ဟု ဗီယက်နမ်အစိုးရ၀က်ဘ်ဆိုက်၌ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။ သို့သော် ယင်းလေယာဉ်ထံမှ အချက်ပြမှုသည် ဟိုချီမင်းစီးတီး လေကြောင်းထိန်းချုပ်ရေးစခန်းသို့ မည်သည့်အခါမှ ရောက်မလာခဲ့ကြောင်း ယင်းကြေညာချက်က ဆိုသည်။ ကာမောင်ပြည်နယ်သည် ဗီယက်နမ်တောင်ဘက် အစွန်ဆုံး၌ရှိပြီး ကမ္ဘောဒီယားနှင့်နယ်စပ်တွင် တည်ရှိသည်။

ဘိုးရင်း ၇၇၇-၂၀၀ အမျိုးအစား လေယာဉ်သည် နိုင်ငံ ၁၄ နိုင်ငံမှ ခရီးသည်များ တင်ဆောင်လာခဲ့ပြီး တရုတ်ခရီးသည် ၁၅၃ (မွေးကင်းစတစ်ဦး အပါအ၀င်)နှင့် မလေးရှားခရီးသည် ၃၈ ဦးတို့ အများဆုံး လိုက်ပါလာခဲ့သည်။ ယင်းအပြင် အင်ဒိုနီးရှား ၁၂ ဦး၊ သြစတြေးလျ ခြောက်ဦး၊ ပြင်သစ် သုံးဦး၊ အမေရိကန် လေးဦး (မွေးကင်းစ တစ်ဦးအပါအ၀င်)၊ နယူးဇီလန်၊ ယူကရိန်း နှင့် ကနေဒါတို့မှ နှစ်ဦးစီ၊ ရုရှား၊ အီတလီ၊ ထိုင်ဝမ်၊ နယ်သာလန်နှင့် သြစတြီးယားတို့မှ တစ်ဦးစီ လိုက်ပါခဲ့သည်။




လေယာဉ်သည် မိုင် ၃ç၇၀၀ (ကီလိုမီ တာ ၂ç၃၀၀) ခရီးကို ပျံသန်းပြီးနောက် ဒေသစံတော်ချိန် နံနက် ၆း၃၀ နာရီတွင် ပေကျင်းလေဆိပ်သို့ ရောက်ရှိရန် ရည်မှန်းထားခဲ့သည်။ ပျောက်ဆုံးချိန်၌ လေယာဉ်တွင် ပျံ သန်းချိန် ၇ ဒသမ ၅ နာရီအတွက် လောင်စာဆီပါရှိကြောင်း မလေးရှားလေကြောင်းလိုင်း၏ လုပ်ငန်းထိန်းချုပ်ရေး ဒုတိယဥက္ကဋ္ဌ ဖာအွတ်ရှာယူဂျီက ပြောကြားခဲ့သည်။

(MAS) သည် ၎င်း၏မှတ်တမ်းတွင် မတော်တဆမှု အနည်းငယ်သာရှိခဲ့သည့် လေကြောင်းလိုင်းဖြစ်သည်။ ၁၉၇၇ ခုနှစ်က မလေးရှားတောင်ပိုင်းတွင် (MAS) ၏ လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး ခရီးသည် ၉၃ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦး သေဆုံးခဲ့သည်။

MH370 လေကြောင်းခရီး၏ လေယာဉ်သည် သက်တမ်း ၁၁ နှစ်ကျော် ရှိပြီဖြစ်ပြီး လေယာဉ်မှူးသည် အသက် ၅၃ နှစ် အရွယ် ဇာဟာရီအာမက်ရှား ဖြစ်သည်။ လေယာဉ်မှူးသည် ၁၉၈၁ ခုနှစ်မှစ၍ မလေးရှားလေကြောင်းလိုင်းတွင် မောင်းနှင်ခဲ့သူဖြစ်ပြီး ပျံသန်းချိန် နာရီ ၁၈ç၃၆၅ မှတ်တမ်းရှိထားသူ ဖြစ်သည်။
Ref:AFP -

ရည်းစားတစ်ယောက်ထဲကိုဝေမျှချစ်တဲ့ အမွှာညီအမ




တမိနစ်ပဲကွာခြားပြီးမွေးဖွားလာတဲ့သြစတြေးလျက အမွှာညီအမနှစ်ယောက်ဟာ သူတို့ ဘ၀မှာ အားလုံးကို ဝေမျှပြီးသုံးစွဲကြပါတယ်။ အလုပ်၊ကား၊ဖေ့ဘွတ်အကောင့်အတူတူ....နောက်ဆုံး ရည်းစားတောင်မှ နှစ်ဦးပေါင်းတစ်ယောက် ထဲထားပါသတဲ့။

သြစတြေးလျအမွှာညီအမနှစ်ယောက်ဖြစ်တဲ့ အန်နာနဲ့  လူစီဟာ ရုပ်ရည်ချင်းတူကြပေမယ့် အသေးစိတ် ကအစတူသထက်တူအောင် ငွေကြေး အကုန်အကျခံပြီး ထပ်မံခွဲစိတ်ပြုပြင်ခဲ့ပါ တယ်။ နုတ်ခမ်း၊ရင်သား၊ မျက်တောင်၊မျက်ခုံးကစ လို့ အသေးစိတ်တူညီအောင်ပြုပြင် ခွဲစိတ် တာ ဒေါ်လာ နှစ် သိန်းလေးသောင်း နဲ့ ရှစ်ရာ ကုန်ကျခဲ့ပါတယ်။

ပါတ်သ်မြို့ ၊သြစတြေးလျမှာနေထိုင်ကြတဲ့သူတို့  အမွှာညီမနှစ်ယောက်ဟာ အိပ်ယာထရင်အတူထကြ တယ်။ အိပ်ယာဝင်ရင်လည်းအတူတူပဲ။ အိပ်ယာကုတင်တလုံးထဲမှာအတူအိပ်တယ်။
မိခင်နဲ့ အတူတူနေထိုင်တဲ့ အန်နာနဲ့ လူစီဟာ ရည်းစားကိုတောင်တစ်ယောက်ထဲ ထားပါတယ်။ သူတို့ ရည်းစားက လျှပ်စစ်မက်ကင်းနစ် ဘင်ဆိုသူဖြစ်ပြီး ပါ့တ်သ်မြို့ ကပဲ ဖြစ်ပါတယ်။



အမွှာညီအမနှစ်ယောက်ရဲ့ ကံထူးသူရည်းစား

အန်နာက "ကျမတို့ ယောက်ျားလေးတစ်ယောက်ထဲကိုပဲချိန်း တွေ့ တယ်လေ။ ကျမတို့ ရဲ့ သမီးရည်းစား ဆက်ဆံရေးက လူသုံးယောက်ဖြစ်နေတာပေါ့။ သုံးယောက်ဝေမျှကြတာပေါ့ "
လူစီက ဒါကကျမတို့ အတွက် စိတ်ကသိကအောင့်မဖြစ်ပါဘူး။ ကျမတို့ သုံးယောက်ကုတင်တခုထဲမှာ စုအိပ်ကြတာပေါ့ " တဲ့။အရင်ကရည်းစားတစ်ယောက်စီပေမယ့် အဲဒီရည်းစားဟာလည်း ညီအကို၊ဒါ
မှမဟုတ် အခင်ဆုံးသူငယ်ချင်း တွေထဲကဖြစ်နေတတ်ပါတယ်။

သူတို့ နှစ်ယောက်အရမ်းကိုပူးကပ်လွန်းလို့ အမေဖြစ်သူက ခပ်ခွာခွာနေကြဖို့ ပြောခဲ့ပေမယ့်မအောင်မြင် ပါဘူး။ငယ်ငယ်က ကလေးထိန်းဌာနအတူတူ၊နောက်မူလတန်း အထက်တန်းအတူတူ၊နောက်ကောလိပ်တက်တော့လည်းအတူတူပါပဲ။သူတို့ အဖေကတော့ ၂၀၁၀ မှာဆုံးပါးသွားခဲ့ပါတယ်။
"အမေကကျမတို့ ကို အမြဲ ခပ်ခွာခွာနေကြဖို့ ပြောတယ်။ အဖေကတော့သိပ်ပြောလေ့မရှိဘူး။ သူက နင်က ဘယ်သူလဲလို့  မေးလေ့ရှိတယ်။"

လူစီရဲ့ ပါးမှာ မှဲ့ တစ်လုံးရှိပြီး၊ အန်နာ နဖူးမှာ အမာရွတ်တစ်ခုကိုကြည့်ပြီးသူတို့ ကိုခွဲခြားရပါတယ်။
အခုတော့ အဲဒါကိုပါခွဲစိတ်ပြီးပြုပြင်လိုက်တော့ သူတို့ ရည်းစားတောင်ဘယ်သူမှန်းမခွဲနိုင်တော့ပါဘူး။

"ကျမတို့ ငယ်ငယ်ကဆိုရီရတယ်။ ပျင်းလာရင် သူ့ ရည်းစားကိုယ့်ရည်းစားချိန်းပြီးတွဲကြတယ်။
ဖုန်းပြောနေရင်း ရည်းစားနဲ့ ဆက်မပြောချင်တော့ရင် တစ်ယောက်က ဟန်ဆောင်ပြီး ပြောတယ်။ လူစားထိုးပြီးပြောနေတာ ဟိုဖက်တစ်ယောက်ကဘယ်တော့မှမရိပ်မိဘူး။ အဲဒါကျမတို့ ကစားနည်းတမျိုးပဲ"

သူတို့ အဖေကင်ဆာရောဂါဖြစ်တော့ ညီအမနှစ်ယောက်ပိုပြီးနီးစပ်သွားပါတယ်။
အလှသင်တန်းကထွက်ပြီး ညီအမနှစ်ယောက်အဖေမဆုံးခင်အထိလေးနှစ်လောက်အတူတူပြုစုခဲ့ကြတယ်။
နောက်သူတို့ အသက်၂၄ နှစ်ရောက်တော့ ကင်ကာဒက်ရှန်ကိုအားကျပြီး ရင်သားကိုBB ဆိုဒ်ကနေ DD ဆိုဒ်ဖြစ်အောင်အတူတူခွဲစိတ်ပြုပြင်ခဲ့ကြတယ်။



ကျမတို့ တစ်ယောက်ဘာတွေးနေတယ်ဆို တာတစ်ယောက်သိတယ်။ တယောက်က နာကျင်တဲ့ဝေဒနာခံစားနေရရင် လည်းနောက်တ စ်ယောက်ကနာကျင်တယ်။
အခု တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်ဝ ယ်ပေး တဲ့အကြံကိုလက်လျှော့လို က်ပြီ။ ဘာလို့ လည်းဆိုတော့ကျမတို့  ၀ယ်တဲ့လက်ဆောင်ချင်း အတူတူဖြစ်နေလို့ ပါ။

ဒီလိုအလွန်အမင်းနီးကပ်မှုကြောင့် အနာဂတ်မှာအကယ်၍တစ်ယောက်ယောက်က အိမ် ထောင်ပြုသွားရင် ပဲဖြစ်ဖြစ် သေဆုံးသွားခဲ့ရင်ပဲဖြစ်ဖြစ် ကျန်ရစ်ခဲ့တဲ့တစ်ယောက်မှာ စိတ်ဒုက္ခအကြီးအကျယ်ရောက်ကျန်ခဲ့မှာ စိုးရိမ်လို့  သတိပေးမှုတွေရှိပေမယ့် အမွှာနှစ်ယောက် ကတော့ စိတ်ပူပန်မှုမရှိပါဘူး။



"ကျမတို့ တစ်ယောက်နဲ့ တစ်ယောက် အဖော်အဖြစ်မရှိတော့မယ့်နေ့ ကို စိတ်တောင်ကူးလို့ မရပါဘူး။ ရိုးရိုးသားသားပြောရရင် အဲဒီနေ့ လည်းဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူးရှင်" လို့ လူစီကပြောပါတယ်။








 Source

နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါ ဖြစ်နိုင်




ရာသီဥတု ပူပြင်းတာကြောင့် နားဆီ ခန်းခြောက်တယ် ထင်ပြီး နားထဲကို ရေ ဒါမှမဟုတ် ဆီတစ်မျိုးမျိုး ထည့်တာက နားမှိုစွဲ ရောဂါအပြင် နားကိုက်တာပါ ဖြစ်နိုင်ပါတယ်။

နားဆီက နားပြွန်ထဲမှာ ရှိသလို နားထဲမှာ အဆီကျိတ်တွေနဲ့ နားဖာချေး ထုတ်တဲ့ အကျိတ်တွေလည်း ရှိပါတယ်။ အကျိတ်တွေက ရာသီဥတု ပူလာရင် အဆီ ခြောက်တတ်ပါတယ်။

ရာသီဥတု ပူတဲ့အချိန်တွေမှာ နားထဲကနေ နားဖာချေး အခြောက်လေးတွေ ခါတိုင်းထက် ပိုထွက် လာတတ်ပါတယ်။ အဲသည်လို အချိန်မျိုးတွေမှာ နားကျပ်တာ၊ နားကလော်တာ၊ နားထဲကို ရေ၊ ဆီ၊ နားနဲ့ ပတ်သက်တဲ့ တခြား ဆေးရည်တွေ ထည့်တာမျိုး မပြုလုပ် သင့်ပါဘူး။ ပူပြင်းတဲ့ ရာသီမှာ နားထဲက အဆီတွေက ခြောက်သွေ့တတ်ပေမယ့် ခန်းတယ်လို့တော့ မရှိပါဘူး။ နားပြွန်ထဲမှာ အလိုအလျောက် သန့်ရှင်းရေးလုပ်တဲ့ စနစ်လည်း ရှိပါတယ်။

အဲသည်စနစ်က အတွင်းပိုင်း ရောက်သွားတဲ့ အမှုန်အမွှားတွေကို သယ်ထုတ် ပေးပါတယ်။ သည်စနစ်က နူးညံ့တာကြောင့် နားကလော်ရင် ပျက်သွား တတ်ပါတယ်။ သန့်ရှင်းရေးစနစ် ပျက်သွားရင် နားဖာချေးတွေ အပြင်ကို မထွက်တော့ဘဲ အတွင်းပိုင်းမှာ စုနေတတ်တာကြောင့် နားဖာချေး ပိတ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာတော့ နားဖာချေး လုံးဝ မရှိတော့ တာတွေလည်း ဖြစ်တတ်ပါတယ်။ နားကလော်ပါ များရင်၊ နားကျပ်ပါ များရင် နားထဲမှာရှိတဲ့ အဆီတွေ ထွက်မလာ တတ်တော့ပါဘူး။

အဲသည်အခါမျိုး တွေမှာ နားခြောက် တတ်ပါတယ်။ နားခြောက်လာတဲ့ အခါ နားထဲဖုန်ဝင်ရင် နားအရမ်းယားပြီး တစ်နေ့တည်း လေးငါးခါ နားကျပ်တာမျိုးတွေ ပြုလုပ်လာတတ်ကြပါတယ်။ နားယားတဲ့ ဝေဒနာကို သက်သာဖို့ တွေ့ကရာ တုတ်တွေ၊ စက္ကူတွေ၊ ချိတ်တွေနဲ့ နားကျပ်ပါ များလာရင် နားမှိုစွဲတဲ့ ရောဂါနဲ့ နားကိုက် ရောဂါပါ ခံစား လာရတတ်ပါတယ်။

“နားယားလာလို့ တရားလွန် နားကျပ်တာမျိုး၊ နားပင်းလောက်တဲ့ အထိ နားကျပ်တာမျိုး မလုပ်သင့်ဘူး။ နားစည် ပေါက်သွားမယ် ဆိုရင် နားလေး သွားတတ်ပါတယ်။ နားမှိုစွဲတာတို့၊ နားကိုက် လာတာတို့ ဖြစ်ပြီဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာပြသ သင့်တယ်”လို့ အထူးကု ဆရာဝန် ဒေါက်တာ ဦးဝင်းထိုက်ကြည်က ပြောပါတယ်။

(ကုမုဒြာ)

Related Posts Plugin for WordPress, Blogger...