Wednesday, March 19, 2014

အချစ်အတွက်နဲ့ သေကြောင်းကြံခဲ့တဲ့ ဓာတ်ပုံတွေကို Instagram ပေါ်တင်ခဲ့တဲ့ ကောင်မလေး






အသက်ငယ်ငယ် တရုတ်မလေး တစ်ယောက်ဟာ အထပ်မြင့်တိုက် ပြူတင်းပေါက်ကနေ ခုန်ချပြီး သေကြောင်းမကြံခင် သူမရဲ့ ဘ၀နိဂုံးအခိုက်အတန့်တွေကို Instagram ပေါ်တင်ခဲ့တယ်လို့ ယူဆရပါတယ်။

‘ငါသေပြီးရင် နေ့ရောညပါ နင့်ကို လာခြောက်မယ်။’ လို့ ကောင်မလေးဟာ သူ့ ရည်စားဟောင်းကို ပြောပြီး Instagram မှာ ဓာတ်ပုံတွေတင်ခဲ့ပါတယ်။ သူမ ပိုင် ပစ္စည်းတွေမီးရှို့နေပုံ၊ အောက်မှာ ကားပါကင်တစ်ခုနဲ့ အထပ်ပေါင်းများစွာရှိတဲ့ တိုက်ပြူတင်းပေါက်မှာ ခြေထောက်တွဲလောင်းချထားပုံ တွေပါပဲ။


နောက်တော့ ဘာဆက်ဖြစ်သွားလဲ ဆိုတာတော့ မရှင်းပါဘူး။ ဒါပေမဲ့ တရုတ်ဖိုရမ် Mop က shared ထားတဲ့ ဓာတ်ပုံမှာတော့ ကားပါကင်က ရေအိုင်အလယ်မှာ အမျိုးသမီးအလောင်းတစ်ခုရှိနေတဲ့ မှုခင်းဖြစ်ပွားထားရာ နေရာရဲ့ ဓာတ်ပုံကို တွေ့ရပါတယ်။

အဲ့ဒီ မှုခင်းဖြစ်ပွားထားရာ ကားပါကင်ဟာ တရုတ်မလေးရဲ့ ဓာတ်ပုံထဲက ကားပါကင်နဲ့ ဆင်တူတယ်လို့ DailyDot သတင်းဆိုဒ်အရ သိရပါတယ်။ တရုတ်မလေးနဲ့ တစ်တိုက်တည်းနေတဲ့ အိမ်နီးချင်းတစ်ယောက်က အတည်ပြုပေးထားတာပါ။

‘ဒါ တကယ်ပါ။ ကျွန်တော်တို့ တစ်တိုက်တည်းနေတာ။ စနေနေ့ မနက်က သူမ ဆုံးသွားတာ။ ဘာပဲဖြစ်ဖြစ်ပေါ့၊ ကောင်မလေးတစ်ယောက်ဟာ သူ့ကိုယ်သူ သေကြောင်းကြံဖို့အတွက် ဘယ်လောက်များ သတ္တိရှိလိုက်သလဲ။ နောက်ဘ၀မှာ ငြိမ်းချမ်းမှုကို ရှာတွေ့ပါစေလို့ မျှော်လင့်လိုက်ပါ။’ လို့ အိမ်နီးချင်းဖြစ်သူက ရေးခဲ့ပါတယ်။




သူမရဲ့ သူငယ်ချင်းဖြစ်သူ နောက်တစ်ယောက်ကိုလည်း ‘ငါ သွားတော့မယ်။’ လို့ မက်ဆေ့ဂ်ျပို့ခဲ့ပါသေးတယ်။ သူငယ်ချင်းဖြစ်သူက သူမ သေဆုံးခဲ့မှုကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ မက်ဆေ့ဂ်ျကို screenshot ရိုက်ပြီး တင်ခဲ့ပါတယ်။

‘ငါမသေဘဲနဲ့တော့ မေ့နိုင်မှာ မဟုတ်ဘူး။ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး။’ လို့ တရုတ်မလေးက ပြောခဲ့ပါတယ်။ ရည်းစားဟောင်း ကောင်လေးထက် ပိုခန့်၊ ပိုချမ်းသာ တဲ့သူတွေ ရှိပေမဲ့ ‘ငါ့နှလုံးသားက နင်မဟုတ်တဲ့ တခြားတစ်ယောက်ကို လက်မခံနိုင်ဘူးဟာ။’ လို့ ကောင်မလေးက ပြောခဲ့ပါတယ်။ သူမကို မျှော်လင့်ချက်တွေ အများကြီးပေး၊ ကတိတွေ အများကြီးပြုခဲ့တဲ့ ကောင်လေးဟာ နောက်တော့ အလိမ်အညာတွေ ဖြစ်နေခဲ့ပါတယ်။

တရုတ်မလေး တင်ခဲ့တဲ့ ဓာတ်ပုံတိုင်းဟာ ရာနဲ့ချီတဲ့ follower တွေဆီကနေ like တွေရခဲ့ပေမဲ့ သူမရဲ့ သောကကို ဖြေသိမ့်ပေးသူ မရှိခဲ့ပါဘူး။ သူမသိပ်ချစ်ရသူနဲ့ လမ်းခွဲလိုက်ရလို့ အသည်းတွေ တစစီကြေမွခဲ့ရတဲ့ တရုတ်မလေးအတွက်တော့ တစ်လမ်းတည်းသော လွတ်မြောက်မှုဟာ သေဖို့ပဲ ဖြစ်ခဲ့ပါတယ်။

ပန်းချီဆရာမ မစန္ဒာခိုင်ရဲ့ လက်ရာ အ၀တ်အစားမပါတဲ့ Nude ပန်းချီများ




“ဒီပွဲမှာ ကင်မရာရိုက်နေတဲ့ ပုံတွေဖြစ်တဲ့ ကင်မရာစီးရီးကို သီးသန့်ဆွဲထားတာပါ။ နောက်တစ်ခုက မော်ဒယ်အခက်အခဲလည်း ရှိတာလည်းပါပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီးအစအဆုံးကို ပြခန်းကပဲ တာဝန်ပေးသွားတာပါ။ ပန်းချီကားဈေးနှုန်းကိုလည်း သူတို့နဲ့ပူးပေါင်းပြီး သတ်မှတ်မှာပါ”ဟုပြောသည်။

ယင်းအဝတ်အစားမပါသည့် ကိုယ်နေဟန် ပန်းချီကားများကို မြန်မာနိုင်ငံတွင် မြန်မာ့ယဉ်ကျေးမှု အရ ပြသခွင့် မရရှိခြင်းသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ဆရာမစန္ဒာခိုင်သည် ယင်းပန်းချီများကို တစ်စိုက်မက်မက် ရေးဆွဲလာခဲ့ပြီး မြန်မာနိုင်ငံ၌ ယခုနှစ်မှ စတင်ကာ တစ်ကိုယ်တော် ပန်းချီပြပွဲကို ပြသခွင့် ရလာခြင်း ဖြစ်သည်။ အဆိုပါ ပန်းချီကားများကို ရေးဆွဲပါက ပါဝင်ကူညီမည့် မော်ဒယ်သည် မြန်မာ့ယဉ်ကျေး မှုအရ ယနေ့အချိန်အထိ အခက်အခဲများ ရှိနေသေးသည်။

“အမှန်တော့ အဲဒီလိုမဟုတ်ပါဘူး။ ပန်းချီရဲ့အခြေခံဟာ လူရဲ့ခန္ဓာကိုယ် အဝတ်အစားမဲ့တာကို လေ့ကျင့်ရတာပါ။ အဲဒါဟာ ပန်းချီသင်ခန်းစာထဲမှာ ပါဝင်တဲ့ သင်ရိုးတစ်ခုပါ။ ပန်းချီဆိုတာကလည်း အဲဒီသင်ရိုးကနေ ဆင်းသက်လာတာပါ” ဟု Studio Square Galleryက ပန်းချီငြိမ်းချမ်းဆုက ပြောသည်။

ယင်းပန်းချီကားများကို မြန်မာနိုင်ငံတွင် လက်ခံခြင်း မရှိခြင်းသည် လိင်စိတ်ကို နိုးကြွစေခြင်း၊ အရှက်အကြောက် တရာများရှိခြင်းနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအရ ဖြစ်သည်ဟု ပန်းချီ ငြိမ်းချမ်းစုက ဆိုသည်။

ထိုပန်းချီကားများကို မြန်မာနိုင်ငံရှိ ပန်းချီမြတ်နိုးသူများသည် ဝယ်ယူ သိမ်းဆည်းထားခြင်း မရှိသော်လည်း အမှန်တကယ် ပန်းချီအကြောင်း သိသူများသာလျှင် ဝယ်ယူ စုဆောင်းသိမ်းဆည်းမှုရှိပြီး ဝယ်ယူသူ နည်းပါးဆဲဖြစ်သည်ဟု ဆိုသည်။ ပန်းချီဆရာမ စန္ဒာခိုင်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ၂၇ ရက်တွင် အဖြူ၊ အမဲ အဝတ်အစားမပါ ကိုယ်နေဟန် (Nude )ကင်မရာစီးရီး ပန်းချီကားများကို Group Show အနေဖြင့် လောကနတ် ပန်းပန်းချီပြခန်းတွင် ပြသခဲ့ပြီး ယခုပထမဆုံးအကြိမ် တစ်ကိုယ်တော်ပြပွဲတွင် အရောင်များဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။

၎င်းသည်၂၀၀၁ ခုနှစ်တွင် အဝတ်အစားမပါ ကိုယ်နေဟန် Nude ပန်းချီကားကို စတင်ရေး ဆွဲခဲ့ပြီး ထိုင်းနိုင်ငံ ချင်းမိုင်တွင် အနုပညာစုဆောင်းသူတစ်ဦးက ယင်းကိုNudeသီးသန့် ပန်းချီပြပွဲ ပြုလုပ်ပေးခဲ့သည်။ ယခုပြသမည့် ပန်းချီပြပွဲတွင် ပန်းချီကားများကို အခရိုင်းလစ်ဖြင့် ရေးဆွဲထားပြီး ပန်းချီကား ၂ပေ၊၂ပေခွဲ အရွယ်အစားရှိသည့် ပန်းချီ ကား၃၀ကို ပြသမည်ဖြစ်သည်။

အက်ဆစ်နဲ့ ပက်ခံရပြီးမှ အချစ်စစ်နဲ့ ညားခဲ့ရတဲ့ ကံကောင်းသောမိန်းကလေး





အိန်္ဒိယ နိုင်ငံ၊ နယူး ဒေးလီမြို့ မှာ နေထိုင် တဲ့ အသက် (၄၂) နှစ် အရွယ် ရှိ လက်ဇ်မီ ဟာ အက်ဆစ် နဲ့ ပက်ခံ ရပြီး တဲ့နောက် အချစ်စစ် ကို ရှာဖွေ တွေ့ ရှိခဲ့တယ် လို့ သိရ ပါတယ်။ လက်ဇ် မီဟာ အသက် (၁၅) နှစ် အ ရွယ်မှာ ချစ်သူ ဖြစ်သူ ရဲ့ မနာလို မှုကြောင့် အက်ဆစ် နဲ့ ပက်ခံ ရပြီး နောက် ဒဏ်ရာ ပြင်းထန် စွာ ရရှိ ခဲ့ပါ တယ်။ ဒီနောက် လက်ဇ်မီ ဟာ ဘ၀ ကို ခက်ခဲစွာ ရုန်း ကန်ခဲ့ရပြီး၊ ခုနစ်ကြိမ် တိတိ ခွဲစိတ် ကုသမှု ခံယူခဲ့ရ ပါ တယ်။ ဒါပေမဲ့ လက်ဇ်မီဟာ အရင် ဘ၀မျိုး ပြန်မရတော့ပါဘူး။ လက်ဇ်မီ ကို ဒေ သ တွင်း လူမှု အဖွဲ့  အစည်း တွေ က ချစ်သူရှာ ဖွေပေးခဲ့ခြင်းဖြစ်ပါတယ်။ လက်ဇ်မီရဲ့ ချစ်သူ ဟာ အသက်(၂၆)နှစ်အရွယ်ရှိ အလော့ဆို သူ ဖြစ်ပြီး၊ လက်ရှိအချိန်မှာ သူတို့စုံတွဲဟာ တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြည့်ယူကာ မခွဲ နိုင်အောင် ချစ်ကြိုက် နေ ကြ တယ်လို့ဆိုပါတယ်။

လက်ဇ်မီက ““အက်ဆစ်နဲ့ တိုက်ခိုက်ခံရပြီးတဲ့ နောက်မှာ အရာရာဆုံးရှုံးသွားပြီလို့ ထင် မှတ်ခဲ့ တာပါ။ ဒါပေမဲ့ ကျွန်မရဲ့ဘ၀ထဲကို အလော့ ၀င်ရောက်လာပြီးတဲ့ နောက်မှာ အရင် တုန်း က မရှိဖူးတဲ့ အ ရာ တွေ ရှိလာခဲ့ပါတယ်။ အလော့ ဟာ ကျွန်မ ကို အရာ ရာ နားလည် ပေးခဲ့ပါ တယ်””လို့ ပြောခဲ့ပါတယ်။ အလော့ဟာ အိန်္ဒိယ နိုင်ငံမှာ အမျိုးသမီးတွေ ဆက်ဆစ်နဲ့ ပက်ခံ ရမှု ရပ်တန့် ဖို့ ကြိုးစားနေတဲ့ လူမှု အဖွဲ့  အ စည်း တွေ ထဲက ၀န်ထမ်းတစ်ဦး ဖြစ်ပါတယ်။ အလော့ ကလည်း လက်ဇ်မီ ကို နှလုံးသား အစစ်အမှန် နဲ့ ချစ်ခဲ့ တာဖြစ်ကြောင်း ပြောကြား ခဲ့ပါ တယ်။ လက်ဇ်မီ နဲ့ အလော့ တို့ စုံတွဲဟာ အက်ဆစ် နဲ့ ပက်ခံရမှုကြောင့် ဒုက္ခ ရောက် တဲ့သူတွေကို ကူညီပေးသွားဖို့ ရည်မှန်း ထားတယ် လို့ သိရ ပါတယ်။

ရန်ကုန်က နာမည်ကြီးကျောင်းက ကျောင်းသားအချို့ မူးယစ်ဆေးဝါးပြဿနာများ ရင်ဆိုင်နေရ





ရန်ကုန်မြို့ ပေါ်ရှိ စည်း ကမ်း ကောင်း ကြောင်း၊ စာ အသင်ပြ ကောင်း ကြောင်း၊ နာမည် ကြီး သော ကျောင်း များမှ ကျောင်းသား အချို့ မူးယစ် ဆေးဝါး ပြဿနာ နှင့် ရင်ဆိုင် နေရ ကြောင်း ဖေဖော် ၀ါရီလ (၆) ရက် နေ့က လှိုင်သာယာ (အ.ထ.က) (၄) တွင် ပြုလုပ် သော မူးယစ် ဆေးဝါး အသိ ပညာ ပေး ဟော ပြောပွဲ တွင် မူးယစ် ဆေးဝါး တားဆီး နှိမ်နင်း ရေး ရဲတပ်ဖွဲ့ မှ ဒုတိယ ရဲမှူး မျိုးကြည် က ပြော သည်။

ဘာသာစုံ၊ ငါးဘာသာ၊ လေးဘာသာ ဂုဏ်ထူး တွေ အများကြီး ထွက်တဲ့ ကျောင်း က ကလေးတွေက ကျွန်တော်တို့ဆီကို ခဏခဏ ရောက်ပါတယ်””ဟု ၎င်း က ဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ လူ (၁၇) ဦး၊ သေနတ် (၁၇) လက် ဖြင့် ဦးစီး လုပ်ကိုင် နေသော ဘိန်း ချက်စခန်းတွင် ဘိန်းချက်ပေးနေရသော လုပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေး ရာ တွင်လည်း ရန်ကုန်မြို့ ရှိ နာမည်ကြီးစာသင် ကျောင်းတစ်ကျောင်းမှ ကျောင်းသားတစ်ဦး ဖြစ်နေကြောင်း ဒုတိယရဲမှူးမျိုးကြည် က ပြောသည်။ မူးယစ် ဆေး ပြဿနာ ရင်ဆိုင်နေရ သော ကျောင်းသား လူငယ်များအား စစ် ဆေး ပါက တစ်ရာ ရာခိုင် နှုန်းမှာ အပေါင်း အ သင်း ဆွယ်သောကြောင့် မူးယစ် ပြဿနာ ရင်ဆိုင် ရခြင်းဖြစ် သည်ဟု ဖြေဆိုကြ ကြောင်း ၎င်း က ဆက်ပြော သည်။ လောကမှာ မတတ်ကောင်းတဲ့ ပညာ မရှိပါဘူး။ ဒါပေမဲ့ မလုပ်ကောင်းတဲ့ အရာတွေ တော့ရှိပါတယ်။ မူး ယစ် ဆေး မသုံးသင့်ဘူး ဆိုတာကို ဖတ်ရှုလေ့လာထားရမယ်။ ဒါမှ အပေါင်းအသင်းက ကိုယ့်ကိုစမ်းသုံးခိုင်းရင် မကောင်းမှန်း သိပြီးရှောင်ရှားနိုင်မယ်””ဟု မြန်မာနိုင်ငံ မူးယစ် ဆေးဝါး ဆန့်ကျင် ရေး အသင်း (မရမ်းကုန်း) ဥက္ကဋ္ဌ ဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

ယခုခေတ်တွင် အစားအစာ၊ ဆေးဝါး၊ ရေအစရှိသည့် စားသောက်ကုန်များနှင့် မူးယစ်ဆေးကို ပေါင်းစပ် ကာ ရာဇ၀တ်မှုကျူး လွန်မှုများရှိနေ၍ လုံခြုံမှု နည်းပါးလာကြောင်း ဒုတိယ ရဲမှူး မျိုးကြည် က ပြောသည်။ ထို့ ကြောင့် ကျောင်းသူ ကျောင်းသားများ အနေဖြင့် ဆရာဝန်ပေးသော ဆေးပြားများမှ လွဲ၍ အချင်း ချင်းပေးသော ဆေးများမသုံးစွဲ ဘဲ ရှောင်ကြဉ် ဖို့ လိုကြောင်း ၎င်း က သတိပေး သည်။ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ၏ စစ်တမ်း များ အရ အလွှာအသီးသီးရှိ မူးယစ်ဆေးဝါး သုံးစွဲနေ သူများစာရင်းတွင် ကျောင်းသား လူငယ်များ က (၄ ဒသမ ၀၃) ရာခိုင်နှုန်းရှိနေကြောင်း ဇန်န၀ါရီလ (၂၉) ရက်ထုတ် The Messenger သတင်းစာတွင် ဖော်ပြ ခဲ့ဖူးသည်။

ခွေး ၂၇ ကောင်ကို အရှင်လတ်လတ် မီးရှို့သတ်ဖို့ လုပ်ခဲ့တဲ့ ရက်စက်တဲ့မိန်းမ





အမေ ရိကန် နိုင်ငံ၊ လာ့စ် ဗီးဂက်စ် မြို့က တိရစ္ဆာန် အရောင်း ဆိုင်က အမျိုးသမီး တစ်ဦး ဟာ ခွေး ၂၇ ကောင် ကို မီးရှို့ သတ်ရန် ကြိုး စား ခဲ့လို့ ရုံးတင် စစ်ဆေး ခံနေ ရပြီ ဖြစ်ကြောင်း သိရ ပါ တယ်။ အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ် တဲ့ ဂလို ရီယာလီ ဟာ သူ့ရဲ့အဖော် ဖြစ် သူနဲ့ အတူ ကိုယ့်ဆိုင် ကို မီးရှို့ဖို့ ကြိုးစား ခဲ့ရာ အ ထဲမှာ ရှိတဲ့ ခွေး ၂၇ ကောင်ကို ပိတ်လှောင် ထားခဲ့ လို့ တိရိစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ က ဒေါသ တကြီး ဝေဖန်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ် ဟာ ဇန်န၀ါရီလ(၂၇)ရက်နေ့မှာ စတင်ဖြစ် ပွားခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော် ၀ါ ရီ ၅ ရက်မှာ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးမှုပြုလုပ်ခဲ့ ရာ ဂလိုရီယာလီကို တိရိစ္ဆာန် ချစ်သူ တွေက ကန့် ကွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂလို ရီယာလီနဲ့သူ့ရဲ့ အဖော်ဖြစ် သူတို့ဟာ အမှုပေါင်း ၃၁ မှုနဲ့ စွဲချက် တင် ထားခြင်း ခံထား ရပြီး ကိုယ့် ဆိုင် ကို မီးရှို့ရန် ကြိုးစားမှု၊ ပူးပေါင်း ကြံစည် မှု၊ ခွေး ၂၇ ကောင်ကို သတ် ဖြတ်ရန် ကြိုးစား မှု စတာတွေကို ရင်ဆိုင် ဖြေရှင်းရမှာ ဖြစ်ပါ တယ်။

စီစီတီဗွီ ကင်မရာတွေကိုပြန်ကြည့်ရာ ဂလိုရီယာလီဟာ မီးရှို့ဖို့ကြိုးစားစဉ် တိရိစ္ဆာန် တွေကို ဒီအတိုင်း ပိတ် လှောင်ထားခဲ့တယ်လို့ အထင်အရှားမြင်တွေ့ရခဲ့ရပါတယ်။ ဒါပေမဲ့ ခွေး ၂၇ ကောင်ကို မီးသတ်တပ်ဖွဲ့ ၀င် တွေက အချိန်မီ ကယ်တင်မှုပြုလုပ်နိုင်ခဲ့ပါတယ်။ ဂလို ရီယာလီရဲ့ အဖော် ဖြစ်သူက တရား ရင်ဆိုင်ခြင်း မပြုဘဲ ထွက်ပြေး သွားခဲ့ ပါတယ်။ မီးလောင်မှု ကြောင့် ဒေါ်လာ ၁၀၀၀၀၀ ဖိုး ဆုံးရှုံး နစ်နာ သွားခဲ့ရပြီး ဘာအတွက် ကြောင့် မီးရှို့ခဲ့သလဲ ဆိုတာ မေးမြန်းနေဆဲဖြစ်ပါတယ်။ ဂလိုရီယာ လီကို အာမခံ ပေးထား ပေမယ့် တရားရုံးမှာ လာရောက်ပြီး တရားရင်ဆိုင်ရမှာ ဖြစ်ပြီး အပြစ်ရှိကြောင်းတွေ့ရှိပါက ထောင်ဒဏ် အ များအပြားချခံရဖွယ် ရှိပါ တယ်။ ဂလိုရီယာလီ ဟာ ၂၀၀၈ က ပြဋ္ဌာန်ထားတဲ့ တိရိစ္ဆာန်တွေ ကို စောင့်ရှောက်မှုမရှိပါက အရေးယူခံရမယ့် ဥပဒေနဲ့ စွဲချက်တင်ထားခြင်းဖြစ်ပါတယ်။

တင်ပါး မှာ ဂေါက်သီး တင်ပြီး သရုပ်ဆောင် ခဲ့ရခြင်း အတွက် တရား စွဲဆို မှုပြုလုပ်


ပလေးဘွိုင်း မော်ဒယ် အသက် (၂၈) နှစ် အရွယ်ရှိ အဲလိဇ ဘက်ဒစ် ဆင် ဟာ ထူးထူး ခြားခြား သရုပ် ဆောင်ခဲ့မှုနဲ့ ပတ်သက်ပြီး ထိ ခိုက် နစ်နာမှု တွေရှိခဲ့ တာမို့ တရား စွဲဆို ခဲ့တယ်လို့ သိ ရပါ တယ်။ ဒစ်ဆင် ဟာ ၂၀၁၂ ဂေါက်သီးရိုက် ပြိုင်ပွဲ တစ်ခုမှာ ထူးခြားစွာ သရုပ်ဆောင် ခဲ့တာပါ။ အဲဒီ ဂေါက်သီး ရိုက် ပြိုင်ပွဲကို ပလေး ဘွိုင်း မဂ္ဂဇင်းက ဦးစီး ကျင်းပ ခဲ့တာဖြစ်ပါတယ်။ ဒစ်ဆင် ဟာ ဂေါက်ကွင်း မှာ လဲလျောင်း တဲ့ အနေ အထားနဲ့ သရုပ်ဆောင်ခဲ့ ရပါတယ်။ အဲဒီလို လဲလျောင်းထား တဲ့အချိန် သူ့ရဲ့တင်ပါးပေါ်မှာ ဂေါက်သီးတစ်လုံးကို တင် ရှိ ထား ပါတယ်။ အဲဒီဂေါက်သီးကို ကီဗင်ကလင်း က ဂေါက်ရိုက်တံနဲ့ ရိုက်ထုတ် ခဲ့ပါတယ်။ ဂေါက်သီး ကို တင်ပါး ပေါ် တင် ထားတာမို့ ပထမအကြိမ်ရိုက်ထုတ်မှုဟာ အောင်မြင်ခဲ့ ခြင်းမရှိပါ ဘူး။ ဒုတိယအကြိမ် ရိုက်ထုတ် မှုမှာ တော့ ဂေါက်သီးဟာ အပြင်ကို လွင့်စင်သွား ပေမယ့် ဒစ်ဆင်အနေနဲ့ ထိခိုက်ဒဏ်ရာရမှု တွေရှိခဲ့ပါတယ်။


သရုပ်ဆောင်စဉ်မှာတော့ ဒစ်ဆင်ဟာ ရယ်ရယ်မောမောရှိခဲ့ပေမယ့် သူ့ရဲ့ သရုပ် ဆောင်မှုက ထိခိုက် နစ်နာမှု တွေရှိခဲ့တယ်လို့ ယူဆပြီး ပလေးဘွိုင်းမဂ္ဂဇင်းနဲ့ ဂေါက်သီး ရိုက်ခဲ့တဲ့ ကီဗင့်လင်းတို့ကို လျော်ကြေးငွေ ဒေါ်လာ(၅)သိန်း ရယူလိုမှုနဲ့ တရားစွဲဆို ထားပါတယ်။ ၂၀၁၂မှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာကို အခုချိန်မှ တ ရားစွဲဆိုခဲ့ တာမို့ အံ့အားသင့် စရာဖြစ်ခဲ့ရပါတယ်။ တရား စွဲဆိုခြင်းခံထားရတဲ့ ကာယကံရှင်တွေက တော့ ဒီကိ စ္စနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ ပြောဆိုထားခြင်းမရှိသေးပါ ဘူး။

Friday, March 14, 2014

အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံနှံ့မှုတွေ့ရှိ



အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံ့နှံ့မှု တစ်ခုကို ရှာဖွေတွေ့ရှိတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဋ္ဌာန (CDC)က သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန် တက္ကဆက်ပြည်နယ်နေ အမျိုးသမီးတစ်ယောက်ဟာ တခြားအမျိုးသမီးတစ်ယောက်နဲ့ လိင်ဆက်ဆံရာကတဆင့် HIV ကူဆက်ခဲ့တာပါ။

အသက် ၄၆နှစ်ရှိ အဲ့ဒီ့အမျိုးသမီးဟာ သူမရဲ့ အမျိုးသမီးဖော်ဆီကတဆင့် ကူးစက်တယ်လို့ သိရတဲ့ HIV ရောဂါပိုးကို အသစ်ရှာဖွေတွေ့ရှိတယ်လို့ စမ်းသပ်စစ်ဆေးမှုက အတည်ပြုခဲ့ပါတယ်။ သူမရဲ့ အမျိုးသမီးဖော်ဟာ အရင်က HIV ရောဂါပိုးရှိခဲ့သူဖြစ်ပြီး ၂၀၁၀ခုနှစ်မှာ HIVရောဂါ ကုသခံယူမှုကို ရပ်ဆိုင်းခဲ့ သူပါ။

အမျိုးသမီးကတဆင့် အမျိုးသမီးကို လိင်ဆက်ဆံမှုအရ ကူးစက်တဲ့ HIVရောဂါပိုးဟာ ရှားပါးပြီး သေသေချာ လေ့လာစိစစ်ဖို့လည်း ခက်ခဲတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သံသယများ နှင့် Mister University Myanmar ပြိုင်ပွဲဝင် ကျော်ဇောဟိန်း (ခေါ်) ကောင်းမြတ်ဟိန်း သေဆုံးခြင်း အမှု




Mister University Myanmar ပြိုင်ပွဲဝင် ကျော်ဇောဟိန်း သေဆုံးသွားခြင်းနှင့် ပါတ်သတ်ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့များမှ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယခုလက်ရှိအချိန်တွင် အင်းစိန်မြို့နယ် တရားရုံးတွင် ရုံးတင် စစ်ဆေးဆောင်ရွက်လျက် ရှိပါသည်။

ထွက်ဆိုချက်များ ပေးခြင်း

အဆိုပါ အမှုမှန် ဖြစ်စဉ် မှန်ကန်စွာပေါ်ပေါက်ရေးအတွက် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများနှင့် အဖွဲ့အစည်းမှ လိုအပ်သော သက်သေထွက်ဆိုချက်များကို

၁. အခင်းဖြစ်ပွားသည့် ညမှ စတင်ကာ အဆိုပါ ဟိုတယ်တွင် နာရီပေါင်း ၂၀ကျော် ထွက်ဆိုပေးခဲ့ခြင်း ၁ကြိမ်၊

၂. ထပ်မံ လိုအပ်သဖြင့် ရဲတပ်ဖွဲ့၏ ဆင့်ခေါ်မှုအရ ကျောင်းသားကျောင်းသူ ၁၀ဦးကျော်အား ရန်ကင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ၁ကြိမ်၊

၃. ၃ရက် ၂လတွင် မှူခင်း ရဲတပ်ဖွဲ့မှ လွှဲပြောင်းကိုင်တွယ်ပြီးနောက် ထပ်မံခေါ်ယူ စစ်ဆေးသည့်အချိန်တွင် အင်းစိန် CID ၀င်းအတွင်း ကျောင်းသားကျောင်းသူများနှင့် အဖွဲ့အစည်းမှ တာဝန်ရှိသူများမှ ၂ရက်တိုင်တိုင် သက်သေထွက်ဆိုခြင်း ၁ကြိမ်၊

၎. မန္တလေးရှိ မှုခင်းရဲတပ်ဖွဲ့မှ နယ်ရှိပြိုင်ပွဲဝင်အချို့အား ဆွေးနွေးမေးမြန်းခြင်း ၁ကြိမ်
အစရှိသဖြင့် အကြိမ်ကြိမ် ထွက်ဆိုချက်များ ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။
----------------------

စစ်ဆေးဆောင်ရွက်ခြင်း

အဆိုပါ အမှုအား အင်းစိန်ရဲစခန်းမှ ( သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၄ ) ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး၊ ၃ရက် ၂လ ၂၀၁၄ ခုနှစ်မှ စတင်ကာမှုခင်းရဲတပ်ဖွဲ့မှ လွှဲပြောင်းလက်ခံ စစ်ဆေးပေးခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။

အဆိုပါ အမှုအား ၁၈ရက် ၂လ ၂၀၁၄ခုနှစ် တွင် တရားရုံးသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ အင်းစိန် တရားရုံးတွင် (ပြစ်မှုထွေမှု အမှတ် ၄၁/၂၀၁၄) ဖြင့် လက်ခံပြီး တွဲဘက်မြို့နယ် တရားသူကြီး (၂)ဦးမှစစ်ဆေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း သိရှိရ ပါသည်။

အဆိုပါ စစ်ဆေးမှုများတွင် ပြိုင်ပွဲဝင်များအား မေးမြန်းသည့် အချက်များအရ ပြိုင်ပွဲဝင် ကျော်ဇောဟိန်း သေဆုံးသည့် အကြောင်းအရင်းအချို့အား သိရှိထားပြီး ဖြစ်သော်လည်း တရားရုံး၏ တရားဝင် စစ်ဆေးဖော်ထုတ်ချက်များ မထွက်ပေါ်လာသေးသဖြင့်၊ မည်သူတဦးတယောက်ကိုမှ ထိခိုက်နစ်နာမှု မရှိစေရန် အဖွဲ့အစည်းမှ မည်သည့် ထင်မြင်ချက်၊ ဖြေရှင်းချက်မျှကိုမှ ဖော်ပြခဲ့ခြင်း မရှိပါ။

သို့ရာတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၏ တဖက်သက် စွပ်စွဲချက်များ၊ မီဒီယာအချို့၏ တိကျခိုင်မာမှု မရှိသည့် အကြောင်းအချက် ဖော်ပြနေမှုများကို ယခု ရက်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာရသဖြင့် ယခု အချက်အလက် အချို့အား ဖော်ပြအပ်ပါသည်။

ပြိုင်ပွဲကျင်းပသည့် အဖွဲ့အစည်းမှ သက်ဆိုင်ရာ မိသားစု၏ ဆုံးရှူံးမှုနှင့် ခံစားချက်ကို များစွာ ငဲ့ကွက် စာနာ ထောက်ထားပြီး ပြိုင်ပွဲအားလည်း အကန့်အသတ်မရှိ ၂ကြိမ်တိုင်တိုင်
ရွှေ့ဆိုင်းပေးထားခဲ့ပြီးလည်း ဖြစ်ပါသည်။

သို့ရာတွင် အဆိုပါ သက်ဆိုင်သူ အချို့မှ ပြိုင်ပွဲဝင် ကျောင်းသားများအားယခုအချိန်ထိတိုင် စွပ်စွဲပြောဆို လျှက်ရှိပြီး၊ မီဒီယာများမှလည်း မည်သည့် အရင်းအမြစ်မှ ရရှိသည့် အချက်များကို ကိုးကားပြီး ဖော်ပြသည်မသိ၊ ပြိုင်ပွဲဝင် ကျောင်းသားများအား တရားခံများအဖြစ် စွပ်စွဲရေးသား
လျက်ရှိသည်ကို များစွာစိတ်မကောင်းဖြစ်ဖွယ် တွေ့မြင်နေရပါသည်။
--------------------------
ဓာတ်ပုံအချို့



ကျောင်းသားကျောင်းသူ အချို့ ရိုက်ကူးထားသည့် မှတ်တမ်း ဓာတ်ပုံများအရ သေဆုံးသူသည်
ရေကူးကန်တွင် ပါဝင် ကူးနေခဲ့သည်ကို တွေ့ရှိရပြီး သေဆုံးပြီး ၀တ်ဆင်ထားသည့်
ဘောင်းဘီနှင့် ရေကန်အတွင်းသို့ မဆင်းမီ ၀တ်ဆင်ထားသည့် ဘောင်းဘီမှာ တူညီနေသည်ကို တွေ့ရှိရပါသည်။



ရေဆင်းကူးနေစဉ်






ပြန်လည် ဆယ်ယူပြီးသည့် အချိန်




---------------------------
ရင်ခွဲစစ်ဆေးခြင်း

ရင်ခွဲစစ်ဆေးရာတွင်လည်း တစ်ဦးတစ်ယောက်ထဲ စစ်ဆေးခြင်း မဟုတ်ဘဲမှုခင်းဆရာဝန်ကြီးအပါအ၀င် ဆရာဝင်ကြီး (၄)ဦး ပါဝင်သည့် အထူးအဖွဲ့ကို ဖွဲ့စည်းပြီးမှသာ စစ်ဆေးခဲ့ကြသည်ဟု သိရှိရပါသည်။

ဓါတုဗေဒ၀န်ရုံးသို့ ထပ်မံ ပေးပို့ စစ်ဆေးရာတွင် သေဆုံးသူ၏ သွေးအတွင်း အရက် ပမာဏအချို့ ရှိနေသည်ကိုတွေ့ရှိရသည့်အတွက် အဆိုပါ အကြောင်းအရာနှင့် ပါတ်သက်ပြီး ပြိုင်ပွဲဝင်များအား မေးမြန်းစုံးစမ်းခဲ့ခြင်းများ ရှိခဲ့ပါသည်။
---------------------------
တရားရုံးသို့ ပေးပို့ခြင်း

မှုခင်း ရဲတပ်ဖွဲ့မှ ကောင်းမွန်စွာ စစ်ဆေးခဲ့ပြီး ဖြစ်သည့်အတွက် ယခုအခါတွင် မြို့နယ် ရဲတပ်ဖွဲ့သို့ ပြန်လည် ပေးပို့ကာ အမှုဖွင့် စစ်ဆေး နေခြင်း ဖြစ်ပါသည်။

ယခုအမှုသည် လက်ရှိတရားရုံးတွင် သေမှုသေခင်း အမှုအဖြစ်နှင့်သာအမှုဖွင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး၊ ယခု အချိန်အထိ သံသယရှိသည်ဟု မည်သည့် ကျောင်းသား ကျောင်းသူ တစ်ဦး တစ်ယောက်ကိုမှ ခေါ်ယူစစ်ဆေးထားခဲ့ခြင်းလည်း မရှိပါ။ တရားရုံးတွင် ၄ရက်နေ့ ပထမအကြိမ် ချိန်းဆို စစ်ဆေးသည့် ပွဲသို့လည်း ပြိုင်ပွဲဝင်များနှင့် အဖွဲ့အစည်းရှိ မည်သူ့ကိုမှလည်း အကြောင်းကြား ခေါ်ဆိုခဲ့ခြင်း မရှိပါ။

ယခုဖြစ်စဉ်သည် သတင်းဂျာနယ် အချို့တွင် ရေးသားဖော်ပြနေသကဲ့သို့ မဟုတ်ဘဲ သေမှုသေခင်း ကိစ္စသာ ဖြစ်ပါက ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူ များအတွက် များစွာ ထိခိုက်နစ်နာစေမည့် အပြင်၊ မှားယွင်းသော ထင်မြင်ယူဆချက် အလွဲများ ပြောဆိုချက်များကြောင့် အဆိုပါ မီဒီယာများ၏ အမည်နှင့် ဂုဏ်သိက္ခာအား ထိခိုက်လာမည်ကို တွေ့မြင်မိပါသည်။

ယခုကဲ့သို့ တိကျခိုင်မာမှု မရှိသည့် အချက်များကို ကိုးကားပြီး၊ တစ်ဖက်သက် ထင်မြင်ချက်၊ စွပ်စွဲချက်များနှင့် ပြိုင်ပွဲဝင်များ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ဆောင်ရွက်နေမှုများအား လက်ရှိ ဖော်ပြလျက်ရှိသည့် ဂျာနယ် သတင်းမီဒီယာများမှ ဆက်လက်ရေးသားခြင်း မပြုလုပ်ဘဲ၊ သက်ဆိုင်ရာ တရားရုံး၏ တရားဝင် အဖြေထွက်ပေါ်လာသည့် အချိန်မှသာ အဖြစ်မှန်ကို ရေးသားဖော်ပြနိုင်ကြပါရန် အသိပေး ဖော်ပြလိုက်ရပါသည်။

August Myanmar Media Group




Comment:

သက်သေထွက်ဆိုချက်များသည် ခိုင်မာသော မှတ်တမ်းများ မပါဝင်ပါက အနည်ငယ် ကွဲလွဲနိုင်ပါသည်။
အပြင်လူ သက်သေစကားများမဆိုနှင့် မိသားစုဝင် အချင်းချင်း ပြောဆိုသည်များပင် လွဲမှားနေသည်ကို တွေ့မြင်ရပါသည်။

ယင်းပြိုင်ပွဲဝင်၏ မိဘနှစ်ပါးစလုံးမှ "သူသည် ရေကောင်းကောင်း မကူးတက်သေးပါ. စတင်သင်နေဆဲဖြစ်တယ်. သို့အတွက်ကြောင့် ရေကူးဝတ်စုံကိုပင် သိမ်းထားပြီး ရေမကူးစေရန် ထည့်ပင်မပေးထားပါ"ဟု (*ယခု ဘောင်းဘီသည် အခြားပြိုင်ပွဲဝင်ထံမှ ငှား၍ ဝတ်ပြီး ရေဆင်းကူးခြင်း ဖြစ်ပါသည်။ * Beach Fashion Challenge နေ့၊ အဆိုပါ ရေကူးကန်တွင် ကျင်းပသည့် အမျိုးသား ရေကူးပြိုင်ပွဲတွင်လည်း သေဆုံးသူ ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါ။) ပြောသည်ကို ပြိုင်ပွဲဝင်များ ကြားရပြီး၊ မောင်နှမများမှ သူသည် "ရေကူးအထူးကျွမ်းကျင်ပြီး ဆုများပင်ရဖူးသူ တစ်ယောက်" ဖြစ်သည်ဟု ပြောပြန်သည်ကိုလည်း ကြားသိရပြန် ပါသည်။


မိသားစုဝင်များ ပြောသည်ပင်ကွဲလွဲ နိုင်သည့်အတွက် တရားရုံးမှ တရားဝင် ထုတ်ပြန်သည့်အချက်များ မဟုတ်ဘဲ ထင်မြင်ယူဆချက်များဖြင့် ပြောဆိုခြင်းသည် အခြားသူများအား နစ်နာမှုများ ရှိနိုင်သည့်အတွက် အထူးပင်ဂရုပြုပြောကြားရမည် ဖြစ်ပါသည်။

ယခုဓာတ်ပုံအချို့အား ပြိုင်ပွဲဝင်များ၏ ဖုန်းများမှ သက်ဆိုင်ရာသို့ စုစည်းပေးပို့ခဲ့ရသဖြင့် (မှားယွင်းစွာ ပြောကြားနေသည်များ ကြားသိနေသဖြင့်) ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။ အရက်ပမာဏတွေ့သည့်အချက်သည် ပြိုင်ပွဲဝင်များအား CID မှ အထူးမေးမြန်းသည့် အချက်ဖြစ်သည့်အတွက် ယခုဖော်ပြနိုင်ခြင်းဖြစ်ပြီး၊ အဆိုပါအချက်အား CID မှ မေးမြန်းထားသည့်အတွက် မိသားစုဝင်များမှလည်း သိရှိပြီးသား ဖြစ်ပါမည်။ တရားဝင်ဆေးစစ်ချက်အား တရားရုံးတွင် ဖော်ပြလာသည့်
အချိန်တွင်မှ ပိုမိုတိကျသည့် အချက်များကို ရရှိကာ၊ အမှန်တရားကို တွေမြင်နိုင်မည်ဖြစ်ပါသည်။

ယင်းမတိုင်မီ ပြောဆိုနေမှုများသည် မှားယွင်းခြင်းများ ရှိနိုင်ပြီး၊ အဆိုပါ စကားများကြောင့် ထိခိုက်နစ်နာမှုများ ၂ဦး၂ဘက်လုံး ရှိနိုင်သည့်အတွက် သတိပြုနိုင်ပါရန် ဖော်ပြထားခြင်းဖြစ်ပါသည်။

ပေါ့ပ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အားပေးမှုကို ရယူဦးမယ့် ဆန်းသစ်လ




၂၀၁၀ခုနှစ်ရဲ့ အကယ်ဒမီ ဗန်းကိုင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီးနောက်ပိုင်းမှာ ပရိသတ်တွေရဲ့ အသိအမှတ်ပြု၊ အားပေးခြင်းခံခဲ့ရတဲ့ မော်ဒယ်လ်ဆန်းသစ်လကို လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း မေးဖြစ်ခဲ့တဲ့အခါ ‘ညီမ လတ်တလောမှာတော့ ပြီးခဲ့တဲ့ သုံးပတ်လောက်က ပြင်သစ်က ဆရာတွေ ကိုယ်တိုင်သင်ကြားပေးတဲ့ ရုပ်ရှင်နဲ့ပတ်သက်ပြီး WorkShop သင်တန်းထပ်ပြီး တက်ခဲ့တယ်။ ပြီးတော့ သင်္ကြန်အတွက် သီချင်းဆိုဖို့ လုပ်နေတယ်။ ညီမ ဗီဒီယိုဇာတ်ကား ၅ကားလောက်ရိုက်ထားတာ ရှိပါတယ်။ နောက်ထပ် ဆက်ပြီး မရိုက်ဖြစ်တော့ဘူး။ ညီမ အခုသီချင်းဆိုတဲ့အပိုင်းကို လုပ်ဖြစ်နေတယ်။ မာစတာသင်္ကြန်အခွေမှာ သီချင်းတစ်ပုဒ် ဆိုထားတာရှိပါတယ်။ ပြီးတော့ Shwe FM မှာသီချင်းတစ်ပုဒ် ဆိုထားတာရှိပါတယ်။ မတ်လ၃၀ ရက်နေ့မှာလုပ်မဲ့ ယိုးဒယား၊ မြန်မာချစ်ကြည်ရေး ပွဲမှာမြန်မာအက ကဖို့ရှိပါတယ်။ အဲဒီ့အတွက် အကတိုက်နေပါတယ်။ ပြီးတော့ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ သင်္ကြန်ပြီးရင်တော့ ညီမရဲ့ တစ်ကိုယ်တော် အခွေအတွက်အားစိုက်ဖြစ်မှာပါ။ အခွေကို ဒီနှစ်အကုန်လောက်မှာပဲ လုပ်ဖြစ်သွားမယ်။ အခုလည်း တေးရေးဆရာတွေနဲ့ သီချင်းအပ်ထားပါတယ်။ ညီမဆိုဖြစ်ရင် ပေါ့ပ်သီချင်းအေးအေးလေးတွေ ပဲဆိုဖြစ်မှာပါ။’လို့ သူမက ပြောပါတယ်။

သင်တို့ရဲ့ ချစ်ခရီးလမ်း အဆုံးသတ်တော့မယ့် သင်္ကေတ(၅)မျိုး




ချစ်ခြင်းတစ်ခု ရေရှည်တည်မြဲဖို့ဆိုတာ အမျိုးသားတွေအဖို့တော့ အတော်လေး မလွယ်တဲ့ ကိစ္စတစ်ခု ပါပဲ။ သင့်အနေနဲ့ ဘယ်လောက်ပဲ တည်မြဲလိုစိတ်ရှိနေပေမယ့် တစ်ခါတစ်ရံမှာတော့ ညှိယူဖို့ မလွယ်တဲ့ အနေအထား ၊ အယူအဆ ၊ အတွေးအခေါ်တွေကြောင့် တစ်ဦးနဲ့တစ်ဦး အမြဲတစေ ကတောက်ကဆ ဖြစ်နေရတာမျိုး ရှိနေပါလိမ့်မယ်။ အခုပြောမယ့် ဒီအကြောင်းအရာတွေထဲက တချို့အချက်တွေများ သင်တို့နှစ်ဦးကြား ရှိနေခဲ့ပြီဆိုရင်တော့ အချိန်မီပြင်ဆင်ဖို့ လိုအပ်နေပါပြီ။ မပြင်နိုင်ခဲ့ကြရင်တော့ သင်တို့ မျှော်လင်ထားတဲ့ ခိုင်မြဲတဲ့ချစ်ခရီးလမ်းလေး အဆုံးသတ်သွားနိုင်ပါတယ်။

(၁) အပြန်အလှန်လေးစားမှု မရှိခြင်း

ပြည့်စုံတဲ့ ချစ်ခြင်း ဘယ်တစ်ခုမှာမဆို လိုအပ်တာက စိတ်ကူးယဉ်ဆန်တတ်မှု (romantic)လား။ ဒါမှမဟုတ် သာမန် သူငယ်ချင်းဆက်ဆံရေးမျိုးလား။ တကယ်ကတော့ အပြန်အလှန်လေးစား တတ်မှုပါ။ သူ/သူမနဲ့ကြောင့် သင့်မှာ သိမ်ငယ်စိတ်ဝင်ရမယ် ၊ သင့်ချစ်သူရဲ့ ခက်ထန်မှုက သင့်ရဲ့ ကိုယ်ပိုင်နယ်မြေ စည်းမျဉ်းတစ်ခုကို ထိခိုက်လာမယ်ဆိုတော့ ရေရှည်မှာ သင်တို့အဖို့ အဆင်မပြေပါဘူး။

(၂) ချစ်သူဆီက ပိုင်ဆိုင်လိုမှုတွေ များပြားနေခြင်း

ချစ်သူနှစ်ဦးအနေနဲ့ အခြေခံလိုအပ်ချက်တွေအပြင် ဘ၀ရဲ့ အဆောင်အယောင်အတော်များများကို တပ်မက်တတ်ကြတယ် ဆိုပါစို့။ သင့်ချစ်သူဆီက မျှော်မှန်းထားသလို လုံလောက်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးမှုတွေ မရှိလာနိုင်တဲ့အခါ ချစ်စကလို မပျော်ရွှင်နိုင်တော့ပါဘူး။ ဒီတော့ ချစ်ခြင်းတစ်ခု အစပြုပြီ ဆိုကတည်းက ဒီလိုအရာတွေကို ကြိုတွေးထားသင့်ပြီး နောက်ပိုင်းမှာ ဒီအတွက်နဲ့ ပြဿနာ ဖြစ်လာရတယ်ဆိုရင်တော့ သင်တို့ရဲ့ ချစ်ခရီးလမ်း စတင် ကြမ်းတမ်းလာပါတော့မယ်။

(၃) တစ်ဦးနဲ့တစ်ဦး လုံလောက်တဲ့ အချိန်မပေးနိုင်ခြင်း

ဒီတစ်ခုကတော့ ရှင်းရှင်းလေးပါ။ တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးနိုင်တော့မှတော့ ဘယ်လိုလုပ်ပြီး သတ်သတ်မှတ်မှတ်ရှိတဲ့ ချစ်ခြင်းတစ်ခု ဖြစ်နိုင်တော့မလဲ။ ဒီတော့ တစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားမှုတွေ ၊ နားလည်မှုတွေ ရယူဖို့ အချိန်ဆိုတာလဲ မရှိတော့ဘူးပေါ့။

(၄) စိတ်ဝင်စားမှု လျော့နည်းလာကြခြင်း

ကိုယ့်ချစ်သူနဲ့ စကားပြောနေချိန် အခြားအရာတစ်ခုကိုများ ငေးမောမိနေလား ၊ တွေးတောမိနေလား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ပါ။ အကြောင်းအရာတစ်ခုကို သူနဲ့ဆွေးနွေးနေချိန်တိုင်း စိတ်ပါဝင်စားမှု မရှိနေဘူးဆိုရင်တော့ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ငြီးငွေ့စပြုနေပါပြီ။

(၅) အငြင်းပွားမှုတွေ အတောမသတ်နိုင်ကြခြင်း

ဒီလိုပြောလိုက်လို့ အငြင်းပွားမှုတွေ မရှိရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဒီလိုအငြင်းပွားမှုမျိုးဟာ အကြိမ်ရေစိပ်လာပြီး တဖြည်းဖြည်း သေးသိမ်လာတယ်လို့ ခံစားလာရတယ် ဆိုရင်တော့ အဖြေရှာကြည့်ဖို့ လိုနေပါပြီ။ တကယ်လို့များ ကတောက်ကဆ ဖြစ်မှုတွေက ဆင်ခြင်ချိန်ဆ နိုင်စွမ်း စည်းမျဉ်းတွေအားလုံးကို ချိုးဖျက်ပစ်လိုက်ပီဆိုရင်တော့ သင့်အနေနဲ့ ဒီချစ်ခြင်းတရားကနေ နှုတ်ထွက်ဖို့ အချိန်တန်ပြီပေါ့။

ဒီအချက်လေးတွေထဲက တချို့အချက်လေးတွေ သင်တို့နှစ်ဦးကြား ဖြစ်ပေါ်နေပြီလား ပြန်လည်ဆန်းစစ် ကြည့်ပါ။ ဒီချစ်ခြင်းတစ်ခု မပြီးဆုံးလိုသေးဘူး ဆိုရင်တော့ အချိန်မီ ပြန်လည်ပြင်ဆင်ဖို့ သတိရနိုင်စေရန် ရည်ရွယ်ရေးသားလိုက်ရပါတယ်။

နောက်ဆုံးအချီမှာ တစ်ချက်တည်းကျွင်းဝင်အောင်ရိုက်ပြီး WGC ဖလားကို ပက်ထရစ်ရိဒ် သိမ်းပိုက်



နောက်ဆုံးအချီမှာ တစ်ချက်တည်းကျွင်းဝင်အောင်ရိုက်ပြီး WGC ဖလားကို ပက်ထရစ်ရိဒ် သိမ်းပိုက်

အမေရိကန်လူမျိုး အသက် ၂၃ နှစ်အရွယ် ပက်ထရစ်ရိဒ်ဟာ သူ့ ရဲ့ တတိယမြောက် WGC ချန်ပီယံဆုကို တတိယအကြိမ်မြောက်သိမ်းပိုက်နိုင်ခဲ့ပါပြီ။ ကမ္ဘာ့အဆင့် ၄၄ ရှိတဲ့ ပက်ထရစ်ရိဒ် ဟာ နောက်ဆုံးအချီ ၇၁ ချီ မြောက်မှာ တစ်ချက်တည်းနဲ့ ကျွင်းဝင်အောင်ရိုက်ပြီး အားလုံးကို ဖြတ်ကျော်ဗိုလ်စွဲခဲ့တာပါ။

ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးကစားသမား တိုက်ဂါးဝုဒ်ကတော့ ပထမ သုံးချက်လျော့နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်အချီတွေမှာ အခက်အခဲတွေ့ ခဲ့ပြီး အဆင့်ကိုးနေရာသာ ရရှိခဲ့ပါတယ်။

WGC ဖလားကို တိုက်ဂါးဝုဒ်တစ်ယောက် ရှစ်ကြိမ်မြောက် ရရှိဖို့ ရေပန်းစားခဲ့ပေမယ့် အခုလို ပက်ထရစ်ရိဒ် က ဗိုလ်စွဲသွားခဲ့တာပါ။

အမေရိကန် ဂေါက်သီးရိုက်ကစားသမား ပက်ထရစ်ရိဒ်ဟာ သူ့ ရဲ့ တတိယအကြိမ်မြောက် WGC ဖလားကို လက်ခံရယူပြီးနောက် အခုလိုပြောကြားသွားခဲ့ပါတယ်။

“ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားငါးယောက်ထဲက တစ်ယောက်ပါ။ အခုလို WGC ချန်ပီယံဆုကို သုံးကြိမ်မြောက်သိမ်းပိုက်နိုင်ခဲ့ပြီး အကောင်းဆုံးလက်စွမ်းကို ရရှိခဲ့တဲ့အတွက် အရမ်းကျေနပ်မိ ပါတယ်။ ကျွန်တော် နောက်ဆုံးအချီကို တစ်ချက်တည်းနဲ့ ကျွင်းဝင်အောင် ရိုက်နိုင်ခဲ့တယ်ဗျ”

WGC ဖလားကို မနှစ်က ရရှိခဲ့သူကတော့ တိုက်ဂါးဝုဒ်ဖြစ်ပါတယ်။

ပွဲတက်အတွက် အမိုက်စား ဆံပင်ပုံစံလေး ဖန်တီးကြည့်ချင်တယ်ဆိုရင်



ထသွားထလာမဟုတ်တဲ့ ဒင်နာ၊ ပါတီပွဲတွေအတွက် ကိုယ်ပြင်ဆင်နေကျ ဆံပင်ပုံစံတွေနဲ့ ကွဲအောင် ပုံစံအသစ်ပြင်ဆင်သွားချင်သူတွေအတွက် အမိုက်စားဆံပင်ပုံစံလေးတစ်ခု ပြောပြပေးချင်ပါတယ်။ ဆိုင်သွားစရာမလိုဘဲ အိမ်မှာပဲ အချိန်နည်းနည်းနဲ့ ကိုယ့်ဘာသာကိုယ် ပြင်ဆင်နိုင်တယ်ဆိုတော့ ပျိုမေတွေအတွက် အဆင်ပြေစေမှာပါ။



၁။ ပထမဆုံးအဆင့်အနေနဲ့ ဆံပင်ကို ဘေးခွဲ ခွဲဖို့လိုပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ကိုယ်အားသန်တဲ့ ဘက်၊ ညာဘက် (သို့) ဘယ်ဘက်ကို သေသေချာချာခွဲလိုက်ပါ။ ဆံပင်အရှည်ကလည်း ပခုံးကျော်ကျော်လောက်ရှိနေရင် ပိုအဆင်ပြေပါတယ်။



၂။အဲ့ဒီနောက်မှာတော့ နောက်စေ့နားက ဆံပင်တွေကိုယူပြီး ဘီးနဲ့ နည်းနည်းခြစ်လိုက်ပါ။ ဒီလိုခြစ်ထုတ်ခြင်းဟာ ဆံပင်သားပွပွလေးဖြစ်နေအောင် ဖန်တီးဖို့ပါ။



၃။အဲ့ဒီနောက်မှာတော့ ခြစ်ထုတ်လိုက်တဲ့ ဆံပင်သားကို ဘရက်ရှ်သုံးပြီး နောက်နားကို ဖောင်းဖောင်းလေးဖြစ်အောင် ယူလိုက်ပါ။



၎။ပြီးတဲ့အခါ ခုနယူထားတဲ့ ဆံပင်သားတွေကို ပုံမှာပြထားသလို ကလစ်လေးတွေထိုးလိုက်ပါ။



၅။ပြင်ဆင်ထားတဲ့ ဆံပင်ပုံစံကို တာရှည်ခံအောင် စပရေးဖျန်းပေးပါ။



၆။နောက်ဆုံးအဆင့်အနေနဲ့ကတော့ ဆံပင်ပုံစံနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်အပြင်အဆင်၊ ခြယ်သမှုတွေ ဖြည့်စွက်လိုက်ရုံပါပဲ။





Ref:cosmopolitan.com

ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံနဲ့ စက်ရုပ်တို့ စားပွဲတင်တင်းနစ် ယှဉ်ပြိုင်ကစား



ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံဖြစ်တဲ့ တီမိုဘိုလ် ကို ဒီတစ်ခါ စိန်ခေါ်ယှဉ်ပြိုင်တဲ့သူကတော့ လူသားတစ်ယောက် မဟုတ်ပါဘူး။ နောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုထားတဲ့ စက်ရုပ်တစ်ရုပ်ပါ။

ဂျာမနီလူမျိုး ဂန္တ၀င်စားပွဲတင်တင်းနစ်ကစားသမား တီမို ဟာ ကမ္ဘာ့ချန်ပီယံဆုကို ခုနှစ်ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးသူဖြစ်ပြီး ဥရောပဆုတံဆိပ်ပေါင်းများစွာလည်း ရရှိခဲ့သူပါ။

အားကစားနည်းတွေမှာ အဆင့်မြင့်နည်းပညာတွေ နေရာယူလာချိန်မှာ စက်ရုပ်တွေကလည်း အားကစားနည်း တွေမှာ နေရာယူလာပါပြီ။ ဂျာမနီအကောင်းဆုံးအားကစားသမားဆုကို ခုနှစ်ကြိမ်တိုင်တိုင်ရရှိခဲ့တဲ့ တီမိုဟာ အခုတစ်ခါမှာလည်း သူ့ ရဲ့ စားပွဲတင်တင်းနစ်ကျွမ်းကျင်မှုကို တရုတ်ပရိသတ်တွေ ချီးကျူး ထောပနာပြုခဲ့ရပါတယ်။

စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းစုဖြစ်တဲ့ ကူကာ ဟာ ရှန်ဟိုင်းမှာ သူ့ ရဲ့ ပထမဆုံးစက်ရုပ်ကို ဖွင့်လှစ်တဲ့ အထိမ်းအမှတ်ပွဲမှာ ကူကာ စက်ရုပ်ကို ပွဲထုတ်ခဲ့တာပါ။ ဒီဖွင့်ပွဲမှာ လူသားဖြစ်တဲ့ တီမိုဟာ စက်ရုပ် ကူကာကို ပရိတ်သတ်တွေရှေ့ မှာ ယှဉ်ပြိုင်ကစားရမှာပါ။

ကူကာ စက်ရုပ်ကို တီမိုတစ်ယောက် ခက်ခက်ခဲခဲယှဉ်ပြိုင်ပြီးနောက်မှာ ၁၁ မှတ် - ကိုးမှတ် အမှတ် ကွာဟချက် ကျဉ်းမြောင်းစွာနဲ့  အနိုင်ယူနိုင်ခဲ့ပါတယ်။

စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းစုဖြစ်တဲ့ ကူကာဟာ စီးပွားရေးလုပ်ငန်းသုံးအသုံးချစက်ရုပ် အမြောက်အမြားကို ထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကူကာ ကုမ္ပဏီထုတ် KR 6 R900 SIXX ဆိုတဲ့ စက်ရုပ်ဟာ သူ့ ရဲ့ သန်မာဖျတ်လတ်တဲ့ လက်မောင်းနဲ့ စွမ်းဆောင်ရည်တွေကြောင့် နာမည်ကြီးပါတယ်။ ဒါပေမယ့် လူသားနဲ့ စက်ရုပ်တို့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာတော့ ကူကာစက်ရုပ်ဟာ စားပွဲတင်တင်းနစ်ချန်ပီယံ တီမိုကို အရှုံးပေးခဲ့ရတာပါ။

“ ကျွန်တော်ဘယ်သွားသွား လူတွေက ကျွန်တော့်ဆီလာပြီး ဒီဗီဒီယိုနဲ့ လာမိတ်ဆက်ကြတယ်။စကားပြော ကြတယ်။ ဒီ အစီအစဉ်ဟာ အပျော်သက်သက် ထက်ပိုခဲ့ပါတယ်။ ဒီအစီအစဉ်ကြောင့် စားပွဲတင်တင်းနစ် ကစားနည်းကို ကမ္ဘာမှာပိုမိုတွင်ကျယ်အောင် မြှင့်တင်ပေးနိုင်ခဲ့တယ်လေ” လို့ တီမိုက ပြောကြားခဲ့ပါတယ်။

Ref: Mirror

လေယာဉ်မယ်တွေကို စကပ်တို ၀တ်ခိုင်းတဲ့ လေကြောင်းလိုင်း ဝေဖန်ခံနေရ


 

ဂျပန် နိုင်ငံမှာ ရှိတဲ့ လေကြောင်းလိုင်း တစ်ခုဟာ လေယာဉ်မယ် တွေကို စကပ်တိုတို ၀တ်ဆင်ခိုင်းခဲ့ လို့ ဝေဖန်မှု တွေနဲ့ ရင်ဆိုင် နေရ တယ် လို့ သိရပါတယ်။ Skymark လေကြောင်းလိုင်း ဟာ မကြာမီ စတင် ပြေးဆွဲ မယ့် ပထမဆုံး ခရီးစဉ် ဖြစ်တဲ့ ဟာနီဒါ- ဖူကူ အိုကာ ကို သွားမယ့် လမ်းကြောင်း မှာ လေယာဉ်မယ် တွေကို စကပ်တိုတိုဝတ်ဆင်စေမှာ ဖြစ်ပါတယ်။




ဒီလို ပြုလုပ်ခြင်းဟာ လေယာဉ်မယ် တွေရဲ့ အလုပ် အပေါ်များစွာ ထိ ခိုက်မှု ရှိ လာလိမ့်မယ်လို့ ဂျပန် နိုင်ငံရှိ လေယာဉ်စီးခရီးသည်များကို ပြုစု စောင့်ရှောက်သူများ အဖွဲ့ အစည်းက ထောက်ပြ ခဲ့ပါ တယ်။ စကပ်တိုတိုဝတ်ဆင်ရခြင်းကြောင့် အနေအထိုင်အသွား အလာအပေါ် သတိထား နေရ တဲ့ အပြင် လိင်အသားပေးဝတ်ဆင်မှုဖြစ် တာမို့ ခရီးသည် တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ် တယ်လို့ အဆိုပါအဖွဲ့  က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စကပ်တိုတို ၀တ်ဆင်ထားခြင်းကြောင့် လေယာဉ်မယ် တွေ ရဲ့ အနာဂတ်က စိုးရိမ်စရာဖြစ်နေပြီး၊ မိုဘိုင်း ဖုန်းတွေနဲ့ ခိုးရိုက်ကူးမှုတွေဖြစ်လာနိုင်တယ် လို့ ဆိုထား ပါ တယ်။ ဒါဟာ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းအပေါ် ချိုးဖောက်ရာရောက်နေကြောင်း သိရပါတယ်။ 



ဒါပေမဲ့ Skymark လေကြောင်း လိုင်းတာဝန်ရှိသူတွေကတော့ စကပ်တိုတို ၀တ်ဆင်ခိုင်းခြင်းနဲ့ ပတ်သက်ပြီး ကာကွယ်မှု တွေပြု လုပ် သွားခဲ့ပါတယ်။ Skymark လေ ကြောင်းလိုင်းက ပြောရေးဆိုခွင့်ရှိသူ တစ်ဦး က““ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်အသိပေး မှုမရောက်ရှိသေးပါဘူး။ ကျွန်တော်တို့ကလည်း ဒီအစီအစဉ်ကို ခြောက်လလောက်ပဲ ပြုလုပ် သွားမှာဖြစ်တာမို့ ဘာအကျိုးသက်ရောက်မှု မှ ရှိလာမှာ မဟုတ်ပါဘူး””လို့ ဖြေရှင်းခဲ့ပါ တယ်။ ပြီးခဲ့တဲ့ နှစ်က လည်း သြစတြေးလျ လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Qantas ဟာ လေယာဉ်မယ် တွေကို ဆွဲဆောင်မှု ရှိစေဖို့ စကပ်တိုတိုနဲ့ ကိုယ်ကျပ်အင်္ကျီတွေဝတ်ဆင် ခိုင်းလို့ ဝေဖန်မှုခံခဲ့ရကြောင်း သိရသည်။

Thursday, March 13, 2014

သန္ဓေတားဆေးတွေဟာ အန္တရာယ်များတဲ့ လိင်ဆက်ဆံမှုကို ဦးဆောင်နေခြင်း မရှိ




လူတချို့တွေးထင်နေတာနဲ့ ပတ်သက်ပြီး ပြောင်းပြန်ဖြစ်နေတဲ့ အချက်ကတော့ သန္ဓေတားဆေးတွေ အသုံးပြုခြင်းဟာ အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုကို မဖြစ်စေနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ဒါကတော့ ဂျာနယ် Obstetrics & Gynecology ရဲ့ လေ့လာတွေ့ရှိချက် အသစ်တရပ်ပဲ ဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက် အသစ်ဟာ အသက် ၁၄နှစ်ကနေ ၁၅ နှစ်အတွင်းမှာရှိတဲ့ အမျိုးသမီးပေါင်း ၉၀၀၀ ကို စမ်းသပ်မှုပြုလုပ်တဲ့ “CHOICE” လို့အမည်ရတဲ့ စီမံချက်တစ်ရပ်ကနေ ရရှိလာတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၂ ခုနှစ်အရောက်မှာတော့ သုတေသနပြုသူတွေဟာ ကာလကြာရှည် သန္ဓေတားဆေး (ဥပမာ- IUD , implant) စတာတွေဟာ ကလေးပျက်ကျခြင်း ၊ အရွယ်မတိုင်ခင် ကိုယ်ဝန်ရှိခြင်းတွေကို လျော့ကျစေနိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီ ကာလ၀န်းကျင်တွေ လောက်တုန်းကပဲ သုသေသနပြုသူတွေဆီက သန္ဓေတားဆေးတွေဟာ လိင်ဆက်ဆံမှု အကြိမ်ရေ ပိုများတယ် ၊ လိင်ဆက်ဆံဖက်တွေလည်း ပိုများတတ်တယ်လို့ ယုံတမ်းစကားတွေ ထွက်လာပါသေးတယ်။ မကြာသေးခင်က သန္ဓေတားဆေး ခြောက်လ ကနေ တစ်နှစ်အထိ သုံးစွဲပြီးသွားတဲ့ အမျိုးသမီး ၇၇၅၁ ယောက်လောက်ကို ဖုန်းနဲ့ အတွင်းကျကျ မေးခွန်းတွေ မေးမြန်းပြီး သုသေသနပြုကြည့်တဲ့အခါ သူမတို့ကလည်း အမှန်အတိုင်း ဖြေဆိုဖို့ သဘောတူခဲ့ကြပါတယ်။ အမျိုးသမီး ၇၇၅၁ ယောက်အနက် ၇၀၀၀ ကျော်လောက်ရဲ့ အင်အားပြည့်ဝတဲ့ သတင်းစကားတွေအရ သန္ဓေတားဆေးဟာ အသုံးပြုသူ အမျိုးသမီးတွေကို ပျက်စီးစေတတ်တဲ့ ဆုံးဖြတ်ချက်တွေ မပြုလုပ်မိစေဘူးဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကာလရှည်ကြ သန္ဓေတားဆေး သုံးစွဲတော့မယ်ဆိုရင် အများပြောသလို အထက်ပါ ယုံတမ်းစကားတွေ မဖြစ်ပွားနိုင်တဲ့အပြင် အကျိုးကျေးဇူးအချို့ပါ ရရှိစေနိုင်တယ်လို့ ခြုံငုံ သုံးသပ်လိုက်ရပါတယ်။

Related Posts Plugin for WordPress, Blogger...