Thursday, March 20, 2014

အမျိုးသားတွေ နားမလည်နိုင်တဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အချက် (၇) ချက်



ကိုယ့်ချစ်သူကောင်လေးတွေ ကိုယ့်ကိုနားလည်မပေးနိုင်တဲ့ အချက်ဆိုတာ စုံတွဲတိုင်းမှာ ရှိနေတတ်ပါတယ်။ တစ်ချို့စုံတွဲတွေအတွက် တစ်ချက်၊ နှစ်ချက်လောက်ဆိုပေမယ့် တစ်ချို့အတွဲတွေကျတော့ ကိုယ့်ကောင်မလေးကို နားလည်မှုကို မပေးနိုင်တာပါ။ ဘာလို့ဒါတွေလုပ်တာလဲ၊ လိုအပ်လို့လား ဆိုတာမျိုးတွေနဲ့ ပြဿနာခဏခဏ တက်နေပြီဆိုရင်တော့ သူတို့ကို နားလည်အောင် ရှင်းပြဖို့ လိုပြီပေါ့။ ဒါ့ကြောင့် ကိုယ့်ချစ်သူကောင်မလေးနဲ့ ပတ်သက်ပြီး အမျိုးသားတွေ နားမလည်နိုင်တဲ့ အချက်တစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။

၁။ဖိနပ်အမြင့်တွေ ၀ယ်တဲ့ကိစ္စမျိုးပါ။ ယောင်္ကျားအများစုက ဒေါက်မြင့်ဖိနပ်တွေစီးပြီး ခက်ရာခက်ဆစ် လမ်းလျှောက်နေရတဲ့ အမျိုးသမီးတွေကို နားမလည်နိုင်ပါဘူး။ ကိုယ့်ရည်းစားဆိုရင်လည်း နောက်တစ်ခါ ဒီလို ဖိနပ်မျိုး မ၀ယ်စမ်းပါနဲ့လို့ ပြောပါလိမ့်မယ်။

၂။ဖိနပ်ဘယ်နှစ်ရံတောင် ရှိသလဲဆိုတဲ့ မေးခွန်းမျိုးကလည်း အမျိုးသမီးတွေအတွက် နည်းနည်းအဖြေရခက်တဲ့ မေးခွန်းပါ။

၃။မိန်းကလေးတွေ ဘာလို့ အုပ်စုဖွဲ့ပြီး အိမ်သာသွားကြသလဲဆိုတာမျိုးကလည်း သူတို့စဉ်းစာလို့မရတဲ့ အချက်ပါပဲ။ မင်းဘာလို့ တစ်ယောက်တည်း အိမ်သာမသွားတာလဲလို့ အမေးခံရရင်လည်း စိတ်မဆိုးပါနဲ့။ သူတို့နားမလည်ဘူးဆိုတာကိုသာ သိထားလိုက်ပါ။

၎။ရင်ပြတ်အ၀တ်အစား၊ ပေါင်တစ်ဝက်ပဲပါတဲ့ dress မျိုးတွေက ဘယ်အချိန်ဝတ်ဖို့ ၀ယ်တာလဲ။ ဒါမျိုးတွေ မ၀တ်စမ်းပါနဲ့လို့ သူတို့ပြောတဲ့အခါ ခေါင်းညိတ်ပြလိုက်ပါ။ ပြန်မငြင်းပါနဲ့။

၅။ကိုယ့်ကောင်လေးကို ဘယ်လိုအရောင် ၀ယ်ရမလဲဆိုပြီး၊ ဘယ်လိုအရောင်မျိုးနဲ့ ကိုယ်နဲ့လိုက်သလဲ ဆိုတာမျိုးတွေ အကြံဥာဏ်တောင်းတဲ့အခါ သူတို့နားမလည်တာက အရင်အရောင်မကြိုက်တော့ဘူးလား ဆိုတာပါပဲ။ အမှန်တော့ မိန်းကလေးတွေက ကိုယ့်ရည်းစားရဲ့ အကြံဥာဏ်ကို လိုချင်တာပါ။ အပြစ်တင်ခံချင်တာမျိုး မဟုတ်ဘူးနော်။

၆။ဘာ့ကြောင့် အလှကုန်ပစ္စည်းတွေ ၀ယ်မဆုံးဖြစ်နေသလဲဆိုပြီး ကိုယ့်ကိုအပြစ်တင်လာခဲ့ရင် ဘယ်နေရာအတွက်က ဘာသုံးရတယ်ဆိုတာကို တစ်ချက်ချင်းရှင်းပြလိုက်ပါ။ အို မိန်းကလေးကိစ္စ ရှင်တို့ ဘယ်သိမလဲလို့ အငေါ်မတူးလိုက်ပါနဲ့။

၇။GYM ဆော့မယ့်ကိစ္စမျိုးကို ကိုယ့်ချစ်သူကောင်လေးက ခုလည်းလှနေတာပဲ ဘာအတွက်ထပ်ပြီး GYM ဆော့ဦးမှာလဲလို့ ပြောခဲ့ရင်လည်း ပြုံးပြုံးလေးနဲ့ ကိုယ့်ချစ်သူအတွက် လှပြီးရင်း လှနေတဲ့ မိန်းကလေးဖြစ်ချင်လို့ပါလို့သာ ပြောလိုက်ပါ။ ကျေနပ်သွားပါလိမ့်မယ်။

ကန်ဒေါ်လာ ၃ ဒဿမ ၂သန်းတန် ရေကာ၊ ကျည်ကာ အနောက်တိုင်းဝတ်စုံ




ဆွစ်ဇလန်နိုင်ငံမှာ စိန်နဲ့လုပ်ထားတဲ့ ကျည်ကာ ၀တ်စုံတစ်ခုကို ဖန်တီးခဲ့ပါတယ်။ ရေကာ၊ ကျည်ကာ အနောက်တိုင်းဝတ်စုံ ဖြစ်ပြီး air con စနစ်ပါဝင်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၃ ဒဿမ ၂သန်းပါ။

လက်ပစ် သေနတ်က ပစ်လွတ်လိုက်တဲ့ ကျည်တွေကို ကာနိုင်အောင် Croshield ကုမ္ပဏီရဲ့ အထည်နည်းပညာနဲ့ လုပ်ထားပါတယ်။ 9mm ပစ်စတိုကနေ .57 ခြောက်လုံးပြူးသေနတ်တွေအထိ ကျည်ကာနိုင်စွမ်းရှိပါတယ်။

ကြယ်သီးပေါ်မှာ စိန်နက် အလုံး၂၈၀နဲ့ အနားကွပ်ထားပြီး အလေးချိန် ၁၄၀ ကာရက်ရှိပါတယ်။ အင်္ကျီတစ်ခုလုံးမှာ အနားကွပ်ထားတဲ့ စိန်နက် အရေအတွက်ပေါင်းကတော့ ၈၈၀ပါ။

စိန် ကျည်ကာ အနောက်တိုင်းဝတ်စုံကို ခဏခဏ လျှော်စရာလဲမလိုပါဘူး။ နာနိုနည်းပညာ လုပ်ငန်းစဉ်နဲ့ ဖန်တီးထားတာကြောင့် ရေကာပြီး ဖုန်မှုန့်တွေကို ခုခံနိုင်စွမ်းရှိပါတယ်။ ပြီးပြည့်စုံသွားအောင် ဒီဝတ်စုံနဲ့ လိုက်ဖက်စေမယ့် limited edition လက်ပတ်နာရီတစ်လုံးလဲပါရှိမှာပါ။



Ref:dailymail.co.uk

မြန်မာလူငယ်တွေ အစွမ်းပြခဲ့တဲ့ မြန်မာနိုင်ငံ ပထမဆုံး စုပေါင်းကုတ်ရေးပွဲ




မြန်မာနိုင်ငံမှာ ပထမဆုံး စုပေါင်းကုတ်ရေးပွဲကို မတ်လ ၁၅ရက်နေ့နဲ့ ၁၆ရက်နေ့တွေမှာ ကျင်းပခဲ့ပြီး အစွမ်းအစရှိလူငယ်တွေဖြစ်တဲ့ ကုတ်ရေးသူ၊ ဒီဇိုင်နာ နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ လက်ရှိမြန်မာနိုင်ငံ အခြေအနေမှာ အရေးပါတဲ့ ကဏ္ဍတွေအတွက် Applicationတွေ ရေးဆွဲခဲ့ကြပြီး အကောင်းဆုံး ၃ခုကို စိစစ်ရွေးချယ်ကာ ဆုများချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ကုတ်ရေးသူ လူငယ် ၇၆ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပေါင်း ၁၇ဖွဲ့ဟာ NGO ကတင်ပြလာတဲ့ ပြဿနာ ၈ခုကို ဖြေရှင်းနိုင်မယ့် Application တွေကို ၄၈နာရီအတွင်း ရေးဆွဲယှဉ်ပြိုင်ခဲ့ကြရတာပါ။ ၄၈နာရီကြာ အကြိတ်အနယ်ယှဉ်ပြိုင်ကြပြီးတဲ့နောက် စုပေါင်းကုတ်ရေးပွဲကို မတ်လ ၁၆ရက်နေ့ ညနေ ၆နာရီမှာ ပြီးဆုံးသွားခဲ့ပါတယ်။ စုပေါင်းကုတ်ရေးပွဲကို Code for Change Myanmar ကနေ စုစည်းခဲ့ပြီး Internews ကနေ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူမှု စိန်ခေါ်မှုတွေကို ထဲထဲဝင်ဝင် နားလည်ပြီး နည်းပညာပိုင်းမှာ အတွေ့အကြုံရှိတဲ့ ဒိုင်လူကြီးများက အကဲဖြတ် အမှတ်ပေးခဲ့ကြပါတယ်။ အကဲဖြတ် အမှတ်ပေးခဲ့သူတွေကတော့ ဦးသောင်းစုငြိမ်း (အမှုဆောင်အရာရှိချုပ်၊ Information Matrix), ဒေါ်နှင်းနှင်းပိုင်း (လူသားဖွံ့ဖြိုးတိုးတက်ရေး ၀ါရင့်ပညာရှင်၊ The World Bank), ဒေါ်အေးမြလှိုင် (ကျောင်းအုပ်၊ The Sun Institute) နဲ့ Phil Morle (အမှုဆောင်အရာရှိချုပ်၊ Pollenizer Global) တို့ပဲဖြစ်ပါတယ်။

ပထမဆုကို ခေတ်မှီဆန်းပြားတဲ့ Android App ရေးဆွဲခဲ့တဲ့ ‘Nilbug’က ရရှိခဲ့ပါတယ်။ အနီးတစ်ဝိုက်မှာ ကျရောက်နေတဲ့ ပိုးမွှားတွေနဲ့ ရောဂါပိုးတွေအကြောင်း လယ်သမားတွေဆီ ကြိုတင်သတိပေးနိုင်မယ့် App တစ်ခုပါ။ ပထမဆုအနေနဲ့ ကန်ဒေါ်လာ ၁၀၀၀၊ SingTech Sapphire iTab Mini (tablet) တစ်လုံးစီ နဲ့ Phil Morle ရဲ့ StartUp Focus စာအုပ်တစ်အုပ်စီ ပေးအပ်ချီးမြှင့်ခံခဲ့ရပါတယ်။

ဒုတိယဆုကို ‘Electage’ အဖွဲ့က ရရှိခဲ့ပြီး ၂၀၁၅ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲ စည်းမျဉ်းနဲ့ မညီညွတ်မှုတွေကို ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့တွေအနေနဲ့ သတင်းပို့နိုင်စေမယ့် ap တစ်ခုကို ရေးဆွဲခဲ့ကြတာပါ။ ကန်ဒေါ်လာ ၅၀၀ နဲ့ SingTech ရဲ့ Sapphire Prime စမတ်ဖုန်း တစ်လုံးစီ ရရှိခဲ့ကြပါတယ်။

‘Mild Product’ အဖွဲ့ဟာ တတိယဆုရရှိခဲ့ပြီး အမျိုးသမီးများအတွက် သားဆက်ခြားမှုကို ထိန်းတဲ့နေရာမှာ ကူညီနိုင်မယ့် App တစ်ခုကို ရေးဆွဲခဲ့ကြတာပါ။ ကန်ဒေါ်လာ ၂၅၀နဲ့ SingTech iPure စမတ်ဖုန်းတစ်လုံးစီ ရရှိခဲ့ကြပါတယ်။

သီဟနိုင်

ဒီနှစ်သင်္ကြန်မှာ အထာကျအောင် ဘယ်လိုဝတ်ဆင်မလဲ



ဒီသင်္ကြန်မှာ ကားနဲ့ပဲလည်လည်၊ မဏ္ဍပ်ပဲထိုင်ထိုင် သင်္ကြန်နဲ့လိုက်ဖက်ပြီး အထာကျတဲ့ အမိုက်စားဖက်ရှင် ရွေးချယ်ဖို့ကလည်း အရေးကြီးပါတယ်။ ဘယ်လိုဒီဇိုင်းမျိုးတွေ ဆင်မြန်းရမလဲဆိုပြီး ခေါင်းစားနေတဲ့ ပျိုမေတွေအတွက် သင်္ကြန်နဲ့ လိုက်ဖက်မယ့် အ၀တ်အစား၊ ဒီဇိုင်းတွေကို ခုလို ဖော်ပြပေးလိုက်ပါတယ်။ ပုံထဲကလို ကွက်တိကြီး မဟုတ်ရင်တောင် ဒီပုံလေးတွေကနေ ကိုယ့်ဘာသာကိုယ် စိတ်ကူးကွန့်မြူးပြီး ရှာဖွေ ဆင်မြန်းကြည့်လိုက်ပါလို့။

၁။သင်္ကြန်ဆိုပေမယ့် ပူလွန်းတဲ့ ရာသီဖြစ်သလို နေရောင်ဒဏ်ကလည်း ကာကွယ်နိုင်အောင် ဂျက်ကတ်အမိုက်စားတွေ၊ student coat လို ကုတ်အမိုက်စားတွေ ရှာထားပါ။ အဆင်အသွေးကိုတော့ သင်္ကြန်နဲ့ လိုက်ဖက်မယ့် အတောက်ပုံစံလေးတွေ ၀တ်လိုက်ပေါ့။ ဒီစတိုင်လ်က လုံခြုံမှုလည်းရှိသလို ဆန်းလည်းဆန်းတယ်နော်။



၂။ဘောင်းဘီရှည်တွေ ၀တ်ဆင်ရမှာ ရိုးစင်းလွန်းတယ်လို့ ခံစားတတ်သူဆိုရင်တော့ ခုလို ဖက်ရှင်မျိုးလေး စမ်းဝတ်ကြည့်လိုက်ပါလား။ အရမ်းမတိုတဲ့ စကတ်ရယ်၊ အရောင်တောက်တောက်နဲ့ သင်္ကြန်နဲ့လိုက်ဖက်တဲ့ အင်္ကျံဒီဇိုင်းလေးရယ် ပေါင်းစပ်လိုက်ရင် အိုကေသွားမှာပါ။



၃။လိမ္မော်ရောင်ဘောင်းဘီရှည် ၀တ်ရတာ နည်းနည်းကြောင်တယ်လို့ ထင်နေတယ်ဆိုရင် မှားတယ်လို့ ပြောချင်ပါတယ်။ သင်္ကြန်ကာလမှာ ကိုယ်က ဘယ်လောက်ကြောင်တဲ့ ကာလ၀တ်ဝတ် တင့်တယ်ပြီးသားပါ။ တစ်ခုပဲ။ အင်္ကျံအရောင်တောက်တောက်ဆိုရင် ဘောင်းဘီကို ကာလာအငြိမ်လေး ၀တ်ပေးပါ။ ဘောင်းဘီဆိုရင်လည်း ဒီအတိုင်းပါပဲ။ အတောက်၊ အတောက်တွဲရင်တော့ နည်းနည်း မျက်စိစူးစရာ ဖြစ်မှာပေါ့။



၎။ရေဒဏ်၊ နေဒဏ်လည်း ခံနိုင်၊ ခေတ်အဆက်ဆက်ဘယ်တော့မှ ရိုးမသွားတဲ့အရာကတော့ ဂျင်းပါပဲ။ ဂျင်းဂျက်ကတ်နဲ့ ခုလို ရော့ခ်ကာစတိုင်လ် ၀တ်ဆင်တာမျိုးကလည်း ရိုးရိုးလေးနဲ့ အထာကျတဲ့စတိုင်လ်ပဲနော်။



၅။ဘောင်းဘီတိုပဲ ၀တ်ချင်တယ်ဆိုရင်တော့ အတိုအပွထက်၊ အတိုပေါင်နဲ့ကွက်တိလေးတွေ ၀တ်ဆင်ပါ။ လည်သာဂျက်ကတ်မရှိရင်တော့ အဆင်ပြေမယ့် ဂျက်ကတ်၊ ကုတ်အင်္ကျံတစ်ခုခုရှာလိုက်ပေါ့။



Ref:lookbook.nu

ကိုယ့်လက်ကိုင်ဖုန်းကို ကိုယ့်ရည်းစားထက်တောင် ပိုခင်တွယ်နေပြီလား



အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဖုန်းကိုပိုခင်တွယ်တတ်ကြတယ်တဲ့။ ကိုယ့်လက်ကိုင်ဖုန်းလေးကို တသသနဲ့ လက်ထဲကပြုတ်ကျမှာ၊ တစ်နေရာမှာ ကျန်ခဲ့မှာကို စိုးရိမ်တတ်ကြတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ရည်းစားနဲ့ တွေ့ဆုံချိန်တွေမှာတောင် လက်ထဲက ဖုန်းကိုမချနိုင်ပဲ ဟိုကလိ၊ ဒီကလိလုပ်တတ်ကြလွန်းလို့ အမျိုးသားတွေက သူတို့ထက် ဖုန်းကို ပိုချစ်နေပြီလားလို့ မေးခွန်းထုတ်ကြတဲ့အထိပါပဲ။ ဘာ့ကြောင့်များ သူတို့တွေ ဖုန်းကို ခင်တွယ်နေကြပါသလဲ။

၁။ဖုန်းဟာ ကိုယ့်အိပ်ယာဘေးမှာ အမြဲရှိနေတတ်တယ်လေ။ နာရီကြည်ဖို့ဆိုရင်လည်း ဖုန်းကို လှမ်းယူကြည့်လိုက်ရုံပဲ။ Alarm ပေးရင်တောင် ဖုန်းနဲ့ပဲ။ တစ်ခါတစ်လေ ဖုန်းနဲ့သီချင်းလေး ဖွင့်ပြီးတော့တောင် အိပ်ယာဝင်လိုက်သေး။ အိပ်ယာနိုးနိုးချင်း ပထမဆုံး မြင်ရတာကလည်း ကိုယ့်လက်ကိုင်ဖုန်းလေးပဲကိုး။

၂။ချစ်သူရဲ့ မိဘနဲ့ တွေ့ဆုံဖို့သာ အချိန်မရှိတာ။ facebook ထဲက သူငယ်ချင်းတွေနဲ့တော့ အချိန်တိုင်းကို တွေ့နေရတာပဲ။ ဒါကလည်း လက်ကိုင်ဖုန်းကြောင့်ပေါ့။

၃။ရေချိုးရင်လည်း ရေချိုးခန်းထဲ သယ်လို့သယ်။ ဒါမှ ဖုန်းခေါ်သံကို ကြားရမှာကိုး။ message ၀င်ရင်လည်း လွယ်လွယ်ကူကူ သိနိုင်မယ်လေ။

၎။ချစ်သူက ဘာပြောနေမှန်း သိချင်မှသိမယ်။ Instagram မှာ ဘယ်သူက ပုံဘယ်နှစ်ပုံ တင်ပြီးပြီလဲ ဆိုတာကိုတော့ အတိအကျ ပြောနေတတ်ပြန်ရော။

၅။တစ်ခါတစ်လေ အိမ်မှာဖုန်းကျန်ခဲ့လို့ ရည်းစားကို နေဦးဆိုပြီး ဖုန်းပြန်ယူရတာလည်း ရှိသေး။ တစ်ရက်တစ်လေပဲဆိုပြီး အိမ်မှာ လက်ကိုင်ဖုန်းကျန်ခဲ့ရင် ဘယ်လိုမှ အဆင်ပြေပြေ မနေနိုင်ဘူးလေ။ ဟာတာတာ ဖြစ်နေတတ်တယ်မဟုတ်လား။

၆။ရည်းစားက ကိုယ်နဲ့ညစာတူတူ စားနေရင်းကနေ အိမ်နောက်ဖေးသွားပြီး တစ်ခုခု သွားယူရင်တောင် ဖုန်းကနေ message ပို့ပြီး အိမ်နောက်ဖေးက ဘာလေးယူလာခဲ့ပါဆိုတာမျိုးကလည်း လုပ်တတ်သေး။

၇။သူနဲ့အပြင်မှာ ပြောဆိုနေကျအရာတွေထက် သူ့ရဲ့ facebook wall မှာ ကိုယ်ပို့စ်သွားလုပ်ထားတဲ့ပုံတွေ၊ စာတွေက ပိုများနေသလားလို့။ စဉ်းစားကြည့်ပါဦး။ ပြောဖြစ်တဲ့အကြောင်းအရာက ၁၅ခုဆို၊ သူ့ဝေါပေါ်မှာ ကိုယ့်ပို့စ်က အခု ၅၀လောက်ဖြစ်ချင်ဖြစ်နေတာ။

၈။နောက်ဆုံး ကိုယ့်ရည်းစားက ဖုန်းကို ချထားလိုက်စမ်းလို့ မပြောမချင်း ကလိနေတတ်တာဟာ ချစ်သူနှစ်ဦးအတွက် ကတောက်ကဆ ဖြစ်ခြင်းရဲ့ အစတွေပါ။

Ref:cosmopolitan.com

အလုပ်ရမည်ဟုခေါ်ဆောင်ကာ တရုတ်နိုင်ငံတွင် ရောင်းစားခဲ့သူကို အရေးယူပေးရန် တိုင်တန်း


ရွှေပြည်သာမြို့နယ်နေ ဒေါ်--- မှ လွန်ခဲ့သော(၁)နှစ်ကျော်ခန့်က ၎င်းနှင့် သမီးဖြစ်သူ မ--- တို့ထံသို့ ရွှေပြည်သာမြို့နယ်၊ (၁၈)ရပ်ကွက်နေ မစိုးစိုး(စိစစ်ဆဲ)ရောက်ရှိလာပြီး ရှမ်းပြည်နယ် ရှိ ယူနီဆက်ဆေးဝါးဖြန့်ဖြူးရေးစက်ရုံတွင် အလုပ်လုပ်ကိုင်ရန် လူလိုနေကြောင်းနှင့် တစ်လလျင် လစာ (၁)သိန်းခွဲ၊ (၂)သိန်းခန့်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ၎င်းတို့မှလုပ်ကိုင်လိုကြောင်းပြောဆိုခဲ့ရာ ၇.၁၁.၂၀၁၂ရက်နေ့ ၁၄၀၀အချိန်ခန့်တွင် မစိုးစိုးမှ သမီးဖြစ်သူကို လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ခေါ်ဆောင်သွားခဲ့ပြီး အဆက်အသွယ်မရရှိတော့ကြောင်း၊ ၁၆.၃.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်ခန့်တွင် ဒေါ်----၏ဖုန်းသို့ သမီးဖြစ်သူမှ ဆက်သွယ်လာပြီး မစိုးစိုးမှ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံတွင် ၎င်းအား ရောင်းစားခဲ့ကြောင်း၊ ယခုအခါ ကလေးတစ်ယောက်ရရှိ
နေပြီဖြစ်ကြောင်း၊ ပြန်လည်ခေါ်ယူနိုင်ရေး ဆောင်ရွက်ပေးပါရန်ပြောပြသဖြင့် ဖြစ်စဉ်ကိုသိရှိခဲ့ရကြောင်းနှင့် ယင်းကဲ့သို့သမီးဖြစ်သူအားရောင်းစားခဲ့သူ မစိုးစိုးကို အရေးယူပေးပါရန်တိုင်တန်းချက်အရရွှေပြည်သာမြို့မ ရဲစခန်း(ပ) ၁၇၄/၂၀၁၄၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

အစ်ကိုဖြစ်သူက အမျိုးဇာတ်မတူသော မိန်းကလေးကို ခိုးပြေးသွားသောကြောင့် ညီမဖြစ်သူကို အုပ်စုဖွဲ့ မုဒိမ်းကျင့်


ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်အတွင်းတွင် အသက် ၂၂ နှစ်အရွယ် ဆာနော်လာအမည်ရှိသူသည် အမျိုးဇာတ်မတူသော မိန်းကလေးတစ်ဦးကို ခိုးပြေးသွားသောကြောင့် ဆာနော်လာ၏ ညီမဖြစ်သူ ကို ပြန်ပေးဆွဲကာ နျစ်ကြိမ်တိတိ အဓမ္မမင်္ဂလာဆောင်ပေးခဲ့ပြီး နောက်ထပ်မံအုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ သည့်အပြင် တစ်ကိုယ်လုံးချွတ်၍ သစ်ပင်၌ချည်ထားကာ လက်တုံ့ပြန်ခဲ့ကြကြောင်း သိရသည်။ ချီနော့တ်ဒေသ မှ တစ်ရွာတည်းသားများဖြစ်သော မူလာအမျိုးဇာတ်မှ လူတစ်ဦး၏ သမီးကို ဆာနော်လာက နှစ်ဘက်မိဘမှ သဘောမတူသောကြောင့် ခိုးပြေးသွားခဲ့ပြီး နောက်တွင် ၎င်းမိန်းကလေး၏ မိသားစုက ရွာ၏ကောင်စီအဖွဲ့ကို တိုင်ကြားခဲ့သည်။ ကောင်စီကလည်း ဆာနော်လာ၏ ညီမဖြစ်သူကို ခိုးပြေးခံရသည့် မိန်းကလေး၏ အစ်ကို ဇာဟိအာလိနှင့် ပေးစားရန်အမိန့်ချမှတ်ခဲ့သည်။ ယင်းနောက်တွင် ဇာဟိ၏အပေါင်းပါတစ်ဦးသည် ဖာနော်လာအား ပြန်ပေးဆွဲသွားကာ ငါးရက်ကြာပေါင်းသင်းနေထိုင် ၍ ပြန်လည်ကွာရှင်းပေးခဲ့သည်။ ၎င်းအပြင် ဇာဟိ၏ မိသားစုသည် ၎င်း မိန်းကလေးအား ဇာဟိ၏ အစ်ကိုဝမ်းကွဲဖြစ်သူနှင့် ထပ်မံလက်ထပ်ပေးခဲ့ကြပြန်သည်။ ရက်အနည်း ငယ်ကြာပြီးနောက် ဇာဟိ၏ မိသားစုဝင်လေးဦးသည် မိန်းကလေးအား အုပ်စုလိုက်အဓမ္မပြုကျင့် ခဲ့ကြပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ကြကာ တစ်ကိုယ်လုံးချွတ်၍ ရွာထဲရှိသစ်ပင်၌ ကြိုးချည်ထားပြီး ဆာနော်လာခိုးပြေးသွားသော ၎င်းတို့၏ သမီးနှင့် ပြန်လာလဲရန် ဆာနော်လာ၏ မိဘများကို တောင်းဆိုခဲ့ကြသည်။ ၎င်းမိန်းကလေးသည် အဖမ်းခံခဲ့ရပြီး တစ်လအကြာ တွင် ပြန်လည် လွတ် မြောက်လာခဲ့ပြီး တရားရုံးသို့ တိုင်းကြားခဲ့ရာတွင် တရားသူကြီးက မိန်းကလေး အား ဆေးဖိုးဝါးခပေး ၍ အမှုအား မှတ်ပုံတင်စာရင်းရေးသွင်းထားရန်သာ အမိန့်ချမှတ်ခဲ့သည်။ ဖေဖော်ဝါရီလအစောပိုင်း တွင်ဖြစ်ပွား ခဲ့သော ၎င်းဖြစ်ရပ်တွင် ရွာကောင်စီသည် အမျိုးဇာတ်မတူသော မိန်းကလေးအား ခိုးပြေးသွား သူ၏ ညီမဖြစ်သူနှင့် ဇာဟိကို အဓမ္မမင်္ဂလာ ဆောင်ပေးရန် အမိန့်ချမှတ်ခဲ့ကြောင်းကိုသာ ရဲများက အတည်ပြုပြောဆိုခဲ့ သည်ဟုသိရ သည်။

Wednesday, March 19, 2014

အင်တာနက်စနစ်ကို ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းစီစဉ်




ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုစနစ်ကို အများပြည်သူသို့ ဝန်ဆောင်မှုပေးရောင်းချနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၎င်းတို့၏ ဝန်ဆောင်မှုအသစ်အတွက် ပြည်တွင်း၊ ပြည်ပ နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်ထားသည်ဟု ယင်းလုပ်ငန်းမှ စုံစမ်းသိရသည်။ အဆိုပါ လုပ်ငန်းအနေဖြင့် ဝိုင်ဖိုင်အင်တာနက်စနစ်ကို အကျိုးတူ လုပ်ကိုင်လိုသော ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်လိုသည့် ကုမ္ပဏီများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုအစီအစဉ်ကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်နိုင်ရန်နှင့် အများပြည်သူသို့ ရောင်းချနိုင်ရန် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဝန်ကြီးဌာန၏ ရွေးချယ်ခံထားရသော ဝိုင်ဖိုင်ကုမ္ပဏီများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းပြီး ပြည်တွင်းအင်တာနက်ဝန်ဆောင်မှုကို Borband Wireless စနစ်ဖြင့် သုံးစွဲသူများသို့ ပေးနိုင်ရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အဆိုပါ Broadband Wireless စနစ်ဖြင့် အင်တာနက်ဝန်ဆောင်မှုကို ပြည်တွင်း၊ ပြည်ပ နည်းပညာကုမ္ပဏီများဖြင့် ပူးပေါင်းမည့် အစီအစဉ်အပါအဝင် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍအတွက် အစိုးရမှ လုပ်ဆောင်နေသည့် စီမံကိန်းအများစုသည် ယခုနှစ်လယ်ပိုင်းခန့်တွင် အပြီးသတ်နီးပါးအထိ လုပ်ဆောင်ပြီးမြောက်နိုင်ဖွယ်ရှိနေသည်ဟု အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

ယုဇနကိုကို

ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူ၍ Sunday Sport မျက်နှာဖုံးတင်




"ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူသည့် သတင်းကို မတ် ၁၄ ရက်ထုတ် Sunday Sport သတင်းစာမျက်နှာဖုံးတွင် ဖေါ်ပြထားသည်။

လေယာဉ်ကြီးကျရောက်သဖြင့် လကမ္ဘာပေါ်ဝယ် အရာထင်နေသော ဓာတ်ပုံကိုလည်းယင်းမျက်နှာဖုံးတွင်ပင်
ဖေါ်ပြထားပြန်သည်။

ဗြိတိန်နိုင်ငံထုတ် Sunday Sport သတင်းစာကို ၁၉၈၆ ခုနှစ်က စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အညှီအဟောက်သတင်းများ၊ အတင်းအဖျင်းသတင်းများနှင့် မဖြစ်နိုင်သောသတင်းများကို ဖော်ပြသည့်သတင်းစာအဖြစ်နာမည်ကြီးသည်။

ယင်းသတင်းစာဝယ် လန်ဒန်မှ နှစ်ထပ်ဘတ်စ်ကားကြီးတစ်စီးကို အန္တာတိကတိုက်ရေခဲပြင်အောက်တွင်တွေ့ရှိ၊ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးကြဲလေယာဉ်ကြီးတစ်စီးကို လကမ္ဘာပေါ်တွင်တွေ့ရှိဟူသည့် သတင်းများကိုလည်းဖော်ပြခဲ့ဖူးသည်။

Popular

နေနှင့်အနီးဆုံး ဗုဒ္ဓဟူးဂြိုဟ် အချင်းကိုးမိုင်နီးပါး ကျုံ့ဝင်ခဲ့




နေစကြ၀ဠာ အဖွဲ့အစည်း၏ အသေးငယ်ဆုံးဂြိုဟ်နှင့် နေနှင့်အနီးဆုံး ဂြိုဟ်ဖြစ်သည့် ဗုဒ္ဓဟူးဂြိုဟ်သည် လွန်ခဲ့သောနှစ်ပေါင်းလေးဘီလီယံ ကာလအတွင်း အချင်းအားဖြင့် ကိုးမိုင်နီးပါးမျှကျုံ့ဝင်ခဲ့ရာ ယခင်ခန့်မှန်း ခဲ့ကြသည်ထက်ကျုံ့ဝင်မှုနှုန်းပိုများကြောင်း မတ် ၁၇ ရက်သတင်းများတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးဂြိုဟ်၏ မြေအောက်သံရည်ပူဝင်ရိုး အေးမြလာမှုကြောင့် ယင်း ဂြိုဟ်သည်လည်း အချင်းအားဖြင့် ၈ ဒသမ၆ မိုင်အထိ ကျုံ့ဝင်သွားကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

ဗုဒ္ဓဟူးဂြိုဟ်မည်မျှ ကျုံ့ဝင်သွားရသည်ကို လေ့လာတွက်ချက်နိုင်ရေး အတွက် အမေရိကန်သိပံ္ပပညာရှင်များသည် ဗုဒ္ဓဟူးဂြိုဟ်လေ့လာရေး အာကာသယာဉ် မက်ဆင်ဂျာ၏ အကူအညီဖြင့်တောင်စွယ်တန်းများ၊ တွန့်ခေါက်ကြောင်းများအပါအ၀င် ဗုဒ္ဓဟူးဂြိုဟ်မျက်နှာပြင်ဖွဲ့စည်းမှုပုံစံ ၅၉၀၀ ကျော်တို့ကို လေ့လာဆန်းစစ်ခဲ့ကြရသည်။

နေစကြ၀ဠာအတွင်းရှိ ဂြိုဟ်တိုင်းလိုလိုသည် အတွင်းပိုင်းအပူချိန်များ ပုံစံ အမျိုးမျိုးဖြင့် ဆုံးရှုံးရတတ်သော်လည်းအပူချိန်ကျဆင်းလာမှုကြောင့် ဗုဒ္ဓဟူးဂြိုဟ် မျက်နှာပြင်အပေါ် ပုံမှန်မဟုတ်သည့်အကျိုးသက်ရောက်မှုရှိခဲ့သည်။
ဗုဒ္ဓဟူးဂြိုဟ်သည် ကမ္ဘာဂြိုဟ်ကဲ့သို့ ကျောက်လွှာအထပ်ထပ်ဖြင့် ဖွဲ့စည်း ထားသော ဂြိုဟ်မျိုးမဟုတ်ဘဲ ကျောက်လွှာတစ်ထပ်တည်းသာရှိသည့် ဂြိုဟ်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။

၁၉ ရာစုနှစ် ဥရောပသိပ္ပံပညာရှင်များသည် ကမ္ဘာကြီးကျုံ့ဝင်ခဲ့သည်ဟူ သော အယူအဆကို ယုံကြည်ခဲ့ဖူးကြသည်။ သို့ရာတွင် နောက်ပိုင်း၌ ကမ္ဘာဂြိုဟ်သည် ကျောက်လွှာတစ်ထပ်တည်းဖြင့်ဖွဲ့စည်းထားသော ဂြိုဟ်မျိုးမဟုတ်ဘဲလွတ်လပ်စွာရွေ့လျားနေသော မြေလွှာကြီးများဖြင့် ဖွဲ့စည်းထားကြောင်း သိရှိခဲ့ရပြီးနောက် အထက်ပါအယူအဆပျက် ပြယ်ခဲ့ရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းမရ၍ အိမ်မီးရှို့





 ဟားခါးမြို့တွင် မီးစွဲလောင်နေသောအိမ်ကို မီးငြှိမ်းသတ်ပြီးနောက်တွေ့ရစဉ်

အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းရာ မရ၍ နေအိမ်ကိုမီးရှို့ခဲ့မှု ဟားခါးမြို့တွင်ဖြစ်ပွားခဲ့ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် မတ်လ ၁၆ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ ခန့် မီးလောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အိမ်ကို မီးရှို့တာက အိမ်ပိုင်ရှင်ရဲ့သမီးပါ။ သူက အရက်စွဲနေတာ။ သူ့အမေကို အရက်ဖိုးတောင်းတာမရလို့ အိမ်ကိုမီးရှို့ခဲ့တာပါ’’ဟု ချင်းပြည်နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက မီးလောင်မှုအကြောင်းရင်းကို အတည်ပြု ပြောကြားသည်။

အဆိုပါနေအိမ်တွင် မိသားစုခြောက်ဦးနေထိုင်ပြီး အိမ်ထောင်ဦးစီးအမျိုးသားကြီးမှာ လေဖြတ်နေသူတစ်ဦးဖြစ်သောကြောင့် အနီးပတ်ဝန်းကျင်မှ လူများက ကယ်တင်ခဲ့ရကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ကို မီးရှို့ခဲ့သည့် အသက်(၂၅)နှစ်အရွယ် အမျိုးသမီးကို ဟားခါးမြို့နယ်ရဲစခန်းမှ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။



ပိုင်ဆိုင်မှုမရှိဘဲ ကားလိမ်ရောင်းသည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို အမှုဖွင့်





မော်တော်ယာဉ်တစ်စီးကို အမှန်တကယ် ပိုင်ဆိုင်ခြင်းမရှိဘဲ လိမ်လည်ရောင်းချခဲ့သည့်အတွက် အမျိုးသမီး တစ်ဦးကို အရေးယူပေးရန် အမှုဖွင့်တိုင်တန်းမှုကို ဗိုလ်တထောင် ရဲစခန်းက မတ် ၁၆ ရက် တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုအမှုကို ဗိုလ်တထောင်မြို့နယ် (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ အရောင်းအ၀ယ် လုပ်ကိုင်သူ ဦးကျော်နိုင်စိုးက အမှုဖွင့်တိုင်တန်းထားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ၎င်းထံသို့ ခင်မင်ရင်းနှီးသူ တစ်ဦးဖြစ်သည့် မလတ်စုနန္ဒာ (စုံစမ်း ဆဲ) ရောက်ရှိလာပြီး အရေးတကြီး ငွေလိုအပ်နေ၍ ၎င်းပိုင် Mark II အမျိုးအစား ခဲရောင်လိုင်စင်ရှိ ကိုယ် ပိုင်ယာဉ်အား ကျပ် ၁၁၅ သိန်းဖြင့် ရောင်းချခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် စရန်ငွေ ကျပ်သိန်း ၇၀ ပေးချေကာ ကျန်ငွေ ကျပ် ၄၅သိန်းကို အုံနာစာအုပ် အပ်နှံချိန်တွင် ငွေ အကြေပေးချေအပ်နှံရန် သဘောတူစာချုပ်ချုပ်ဆို ၀ယ်ယူခဲ့သည်ဟု တရားလိုက ရဲတိုင်ရာတွင် ပြောပြ ထားသည်။
ထိုအချိန်တွင် ယာဉ်နှင့် ၀ှီးတက် တစ်စောင်၊ ကားသော့တို့ကို အပ်နှံခဲ့သော်လည်း နောက်ပိုင်းတွင် ယာဉ် မှတ်ပုံတင်စာအုပ် လာရောက် ပေးအပ်ခြင်းမရှိသဖြင့် စုံစမ်းကြည့်ရာ အဆိုပါယာဉ်မှာ မလတ်စုနန္ဒာက ပိုင်ဆိုင်ခြင်း မရှိကြောင်းကို သိရှိရသည်ဟု ဆိုထားသည်။
ထို့ကြောင့် ယာဉ်အား အမှန်တကယ် ပိုင်ဆိုင်မှုမရှိဘဲ လိမ်လည်ရောင်းချသူအဖြစ် မလတ်စုနန္ဒာကိုအရေး ယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဗိုလ်တထောင်ရဲစခန်းက (ပ)၄၉/၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို ရှာဖွေစုံစမ်းနေကာ ပြစ်မှုကျူးလွန်ကြောင်း ဟုတ်မှန်ပါက လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် တရားစွဲတင် အရေးယူရန် ဆောင်ရွက် လျက်ရှိသည်။

လူငယ်နှင့် Sex မရှက်နဲ့




ဆယ်ကျော်သက် အရွယ်တုန်းက လမ်းလျှောက် ရင်တောင် ယောကျာ်းလေး တွေနား မကပ်ဖြစ်ခဲ့သည်မှာ မမျှော်လင့်ဘဲနှင့် ကိုယ်ဝန်ရှိသွားတတ်သည် ဆိုသော သူ့မိခင်၏ ဆုံးမစကားကို မပန်းအိခိုင် အလေးထားခဲ့၍ ဖြစ်သည်။
ပဲခူးက သူ့ သူငယ်ချင်းတွေကိုလည်း သူတို့ မိဘတွေက လိင်မှုကိစ္စကို ရှောင်ရှားဖို့ ဆုံးမခဲ့ကြ သည်။ “ယောကျာ်းတယောက်ကို ကျမ ထိလို့တောင် မရဘူး၊ ကိုယ်ဝန်ရှိသွားလိမ့်မယ်လို့ ကျမ ရာသီသွေး စပေါ်တဲ့ အချိန်တုန်းက အမေက ပြောတယ်။ ဒါကြောင့် ကျမ သိပ်ကြောက်သွားပြီး ကင်းကင်းပဲ နေခဲ့တယ်” ဟု မပန်းအိခိုင်က ပြောသည်။
သို့သော်လည်း ဒီအယူအဆကို လွန်ခဲ့သော ၃ နှစ်ခန့်က စပြီး စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ အသက် ၁၈ နှစ် အရွယ်ရောက်သည့်အချိန်တွင် ကျန်းမာရေး ပညာကို လေ့လာသင်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ယခု အချိန်တွင် အစိုးရဝန်ထမ်း သားဖွားဆရာမ တဦး ဖြစ်လာခဲ့သည်။ သားဆက်ခြားခြင်း အကြောင်းကို လူ့အဖွဲ့အစည်းအတွင်း ဆွေးနွေးခြင်းက အကျိုးဖြစ် ထွန်းနိုင်မည်ဟု ဆေးပညာသင်တန်းမှာ သင်ကြားခဲ့ ရသည်ကို မပန်းအိခိုင် ကိုယ်တိုင်က ယုံကြည်ထား သော်လည်း လူတွေကို သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းမပြုနိုင်ဟု သူက ဆိုသည်။ ဒီလိုလုပ်ဖို့က ကျေးရွာ အများစုတွင် အခက်အခဲဖြစ်နေသည်။
မြန်မာနိုင်ငံ၏ ဒေသအချို့တွင် အထူးသဖြင့် မြို့များတွင် ကျန်းမာရေးဝန်ထမ်းများက ကွန်ဒုံးများ ဝေငှပြီး လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သည့် ရောဂါများမှ ကာကွယ်ခြင်း နည်းလမ်းများကို ဆွေး နွေးပေးနေသည်။ သို့သော်လည်း မပန်းအိခိုင် တာဝန်ထမ်းဆောင်နေသော ရခိုင်ပြည်နယ်၏ကျေး လက်ဒေသများနှင့် မြန်မာနိုင်ငံတလွှားမှ အခြား ဝေးလံသည့် ဒေသများတွင် မျိုးဆက်ပွား ကျန်းမာ ရေးနှင့် လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုအကြောင်း များကို ဆွေးနွေးပြောဆိုခြင်း မပြုသင့်သည့် အရာ များအဖြစ် သဘောထားကြသည်။
“အကြောင်းအရာက စိမ်းနေတယ်လေ၊ ပြီး တော့ ကွန်ဒုံးကို အသုံးပြုရတာ ရှက်စရာကောင်း တယ်လို့ မြင်ကြတယ်။ ရိုးရာယဉ်ကျေးမှုအရ လက် မထပ်ခင် လိင်ဆက်ဆံတာကို မှားယွင်းတဲ့ ကိစ္စလို့ မြင်နေကြတယ်” ဟု မပန်းအိခိုင်က ပြောပြသည်။
ရန်ကုန်မြို့က လူငယ်ဆရာဝန်တယောက်ကမူ ကွဲပြားသည့် နည်းလမ်းတခုကို အကောင်အထည် ဖော်ကြည့်နေသည်။ အစဉ်အလာ ယုံကြည်မှုအရ တားမြစ်ထားသည့် အကြောင်းအရာများကို မျက်နှာ ချင်းဆိုင် ပြောဆိုပြီး စိတ်ကသိကအောင့်ဖြစ်ရခြင်းမှ ရှောင်လွှဲနိုင်ရန်အတွက် လိင်ကျန်းမာရေးနှင့် ပတ် သက်၍ သိလိုသည့် လူငယ်ယောကျာ်းလေးများ၏ မေးခွန်းများကို တယ်လီဖုန်းထဲမှ ဖြေဆို အကြံပေး သည့် အစီအစဉ်ဖြစ်သည်။ မြန်မာနိုင်ငံ ဆရာဝန် များ အသင်းကလည်း ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ရှိခြင်း၊ သားဆက်ခြားခြင်းနှင့် လိင်ဆက်ဆံ ခြင်းမှ ကူးစက်တတ်သည့် ရောဂါများအကြောင်း သိရှိလိုသည့် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ အမျိုးသမီးငယ်များ ပြောဆိုဆွေးနွေးနိုင်ရန်အတွက် သီးခြားတယ်လီဖုန်းလိုင်းတခု ပြုလုပ်ပေးထားသည်။
ဖုန်းဆက်လာသူအချို့က အစပိုင်းတွင် ရှက် နေကြသည်ဟု ယောကျာ်းလေးများအတွက် ဖွင့်လှစ် ထားသော ဖုန်းလိုင်းတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကတည်းက တာဝန်ယူပေးနေသော အသက် ၂၆ နှစ်အရွယ် ကိုဇာနည်ဝင်းက ပြောပြသည်။ ဖုန်း ဆက်သူ တနေ့လျှင် ၅ ဦးခန့် ရှိသည်ဟုလည်း သိရ သည်။
“ဘာဖြစ်လို့လဲဆိုတော့ ဒါက လျှို့ဝှက်ပေးရမယ့် ကိစ္စလေ။ သူတို့ ကျနော့်ကို နာမည်ပြောပြဖို့ မလိုဘူး။ ဒါကြောင့် သူတို့ရဲ့ပြဿနာတွေကို အလွယ် တကူပဲ ထုတ်ဖော်ပြောပြကြတယ်” ဟု ကိုဇာနည်ဝင်း က ပြောပြသည်။
သို့သော်လည်း လူအများစုက မိုဘိုင်းဖုန်း ကွန်ရက်ကို သုံးစွဲနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံတွင် တယ်လီဖုန်းဖြင့် ဆွေးနွေး ဖြေကြားပေးခြင်းက အလုံးစုံ ထိရောက်သည့် နည်းလမ်းတခု မဟုတ်ပါ။ ပွင့်လင်းစွာ ဆွေးနွေးရေးအတွက် ကန့်သတ်မှုတွေ ရှိနေသည်။ များသောအားဖြင့် မိဘများက ၄င်းတို့၏ သားသမီးများကို မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ ပြောပြခြင်း မရှိကြပါ။ အမျိုးသမီးအချို့က ရာသီသွေးပေါ်ခြင်းနှင့် ပတ်သက်၍ တကယ်ဖြစ်လာသည့် အချိန်အထိ သိထားခဲ့ခြင်းမရှိကြောင်း ပြောကြသည်။ အစိုးရက ကျောင်းသင်ရိုးညွှန်းတမ်းတွင် လိင်ပညာပေး သင်ခန်းစာများ ပေါင်းစပ်ထည့်သွင်း ရန် ကြိုးစားနေသော်လည်း ဆရာ၊ ဆရာမများက လိင်အကြောင်း သင်ကြားဆွေးနွေးရန် စိုးရိမ်မှုတွေ ရှိနေကြဆဲ ဖြစ်ပါသည်။ လိင်မှုရေးရာ ဗဟုသုတများ ကို ထုတ်ဖော်ဆွေးနွေးခြင်းအားဖြင့် သူတို့၏ ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာ ဖြစ်လာမှာကိုကြောက်ရွံ့ နေကြသည်။
မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံ အများ အပြားမှာကဲ့သို့ပင် အငြင်းပွားဖွယ်ရာ ဖြစ်နေသေး သည့် မေးခွန်းတခုကို ကိုယ့်နည်း ကိုယ်ဟန်ဖြင့် အဖြေရှာနိုင်ဖို့ အားထုတ်နေရသည်။ ဆယ်ကျော် သက်အရွယ်တွင် ကိုယ်ဝန်ဆောင်ခြင်း၊ လိင်ဆက်ဆံ ခြင်းမှ ကူးစက်နိုင်သောရောဂါများနှင့် လိင်အကြမ်း ဖက်မှုများကို ကာကွယ်သည့် နည်းလမ်းတခုအနေဖြင့် ပြည့်စုံပြီး အားလုံးကိုလွှမ်းခြုံနိုင်သော လိင်ပညာပေး ခြင်းကို မည်သို့ ဟန်ချက်မျှတအောင် ပြုလုပ်နိုင်မည် နည်း ဆိုသည့် မေးခွန်းပင်ဖြစ်၏။
အခြား အရှေ့တောင်အာရှ နိုင်ငံများသို့ ကြည့် လိုက်လျှင် မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီး ရှား နိုင်ငံတွင် ၂၀၁၂ ခုနှစ် အတွင်းက ကျန်းမာရေး ဝန်ကြီး၏ လူငယ်များ ကွန်ဒုံးအသုံးပြုမှု မြှင့်တင်နိုင် ရန် အားထုတ်မှုသည် ဆယ်ကျော်သက်အရွယ် လိင် ဆက်ဆံမှုကို တွန်းအားပေးသလိုဖြစ်မှာ စိုးရိမ်ကြသူ များ၏ လှောင်ပြောင်သရော်မှုခံခဲ့ရသည်။ ပညာရေး ဌာနမှ တာဝန်ရှိသူများက အထက်တန်းကျောင်းသူ များကို အပျို စစ်၊ မစစ် စစ်ဆေးရန် အဆိုပြုခဲ့ခြင်းကို လည်း အစွန်းရောက်လွန်းသည်ဟု ထင်မြင်ခြင်းခံခဲ့ရ သည်။
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ထိုင်းနိုင်ငံ တွင်မူ လိင်မှုကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမှု ပိုရှိ သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဆရာ၊ ဆရာမ များသည် သူတို့၏ ကျောင်းသူကျောင်းသားများနှင့် လိင်ကျန်းမာရေးအကြောင်း ပွင့်ပွင့်လင်းလင်း ပြော ဆိုဆွေးနွေးရန် တွန့်ဆုတ်နေကြဆဲ ဖြစ်ကြောင်း မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ လှုပ်ရှားသူများက ပြောကြသည်။
Sex ကိစ္စ တခုတည်း မဟုတ်ပါ
အရှေ့တောင် အာရှနိုင်ငံ အများအပြားမှာ လိုပင် မြန်မာနိုင်ငံတွင်လည်း မိန်းကလေးများသည် သူတို့ လက်ထပ်သည့် အချိန်အထိ အပျိုစင်ဘဝနှင့် ရှိနေဖို့ မျှော်လင့်ကြသည်။ ကွန်ဒုံးများကို စတိုးဆိုင် များတွင် ရရှိနိုင်ပြီး ရန်ကုန်မြို့၏ စည်ကား ရှုပ်ထွေး သည့် လမ်းများဘေးတွင် ရောင်းချနေသည့် ဆိုင် များတွင်ပင် ရရှိနိုင်သော်လည်း အရွယ်ရောက်ပြီးသူ လူငယ်များသည် သူတို့အိတ်ထဲတွင် ကွန်ဒုံးတခု တွေ့သွားလျှင်ပင် လူတကာနှင့် လိင်ဆက်ဆံသည်ဟု ထင်မြင်ခြင်းခံရမှာကို စိုးရွံ့ကြသည်။ ကိုယ့်ဘာသာ စိတ်ဖြေခြင်းကိုလည်း နိုင်ငံတကာ ကျန်းမာရေး ပညာရှင်များက လုံခြုံစိတ်ချရသည့် လိင်ပိုင်းဆိုင်ရာ အလေ့အထတခုအဖြစ် သတ်မှတ်ပြောဆိုကြသော် လည်း ညစ်ညမ်းသော ရှက်ရွံ့စရာကိစ္စတခုအဖြစ် ယူဆကြသည်။ စုံတွဲများသည် လက်ချင်းဆုပ်ကိုင် ထားသည်ကလွဲ၍ လူမြင်ကွင်းတွင် ချစ်ခင်ကြင်နာဟန်ပြသည်ကိုလည်း မြင်ရခဲသည်။ အများပြည်သူ နှင့်ဆိုင်သည့် ပန်းခြံများထဲတွင် အခြားသူများ မမြင်နိုင်အောင် ထီးနှင့်ကွယ်၍ တယောက်ကိုတယောက် ဖက်ထားသည့် စုံတွဲတွေကို ရန်ကုန်မှာ မြင်ရလေ့ရှိသည်။
“ကျမတို့ ဒီအကြောင်းကို ဘယ်တော့မှပြောမှာ မဟုတ်ဘူး၊ နှစ်ဖက်လုံးအတွက် ထုတ်ပြောဖို့ ရှက် စရာ ကောင်းပါတယ်။ နောက်ပြီး ဒါက ကျမတို့ ယဉ်ကျေးမှုပါ” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူပွင့်အောင်က ပြောသည်။
သူ၏ သူငယ်ချင်းဖြစ်သူ မွန်ပြည်နယ်မှ မဖြူဖြူဝင်းသည်လည်း အသက် ၂၂ နှစ်အရွယ်ရှိပြီး ရည်းစားရှိသူလည်း ဖြစ်သည်။ သို့သော်လည်း ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမည်ဆိုသည်ကို နားမလည်ကြောင်း ပြောသည်။
“ကျမတို့အနေနဲ့ လက်မထပ်ခင် အပျိုစင် ဘဝကို ထိန်းသိမ်းထားရမယ်။ ဒါ မြန်မာ့ယဉ်ကျေး မှုပါ။ လက်ထပ်တဲ့ အချိန်မှာ အပျိုမဟုတ်ဘူးဆိုရင် သိက္ခာကျမယ်လေ” ဟု မဖြူဖြူဝင်းက ဆိုသည်။
မိဘများနှင့် လိင်အကြောင်း ဆွေးနွေးရန်လည်း အခွင့်အရေးမရှိပါ။ “ဒီလို ရွံစရာကောင်းတဲ့ကိစ္စကို ဘာဖြစ်လို့ ပြောချင်တာလဲလို့ သူတို့က ကျမကို မေးကြလိမ့်မယ်။ ဒီအကြောင်းတွေပြောရတာ မရှက် ဘူးလားလို့ ပြောကြလိမ့်မယ်” ဟု သူကပြောသည်။
၈ တန်းကျောင်းသူ ဘဝတုန်းက ကျောင်းမှာ HIV နှင့် ပတ်သက်၍ သင်ကြားဖူးကြောင်း မဖြူပွင့်အောင်က ပြောသည်။ ပြည်တွင်း NGO တခုက ပြုလုပ်သည့် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သည့် ရောဂါများအကြောင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ဖူးသော်လည်း ကြားသိခဲ့ရသည့် လုံခြုံ စိတ်ချရသည့် လိင်ဆက်ဆံမှုနှင့် ပတ်သက်သော အချက်အလက်များကို မဖြူဖြူဝင်း ပြန်မပြောပြနိုင် ပါ။ အိမ်ထောင်ကျပြီးမှသာ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာတွေကို အင်တာနက်မှာ ရှာဖွေဖတ်ရှုခြင်းဖြင့်လည်းကောင်း၊ ကျန်းမာရေးပညာပေး စာအုပ်တွေ ဖတ်ခြင်းဖြင့် လည်းကောင်း ကိုယ့်ဘာသာ လေ့လာကြဖို့ သူတို့ စိတ်ကူးထားသည်။
လိင်မှုကိစ္စ အပျော်အပါး လိုက်စားခြင်းမှ ရှောင်ကြဉ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် ခြောက်ပစ်ကင်းဟု မဆိုနိုင်သည့်နေရာ ဖြစ်ပါသည်။ပြည့်တန်ဆာလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တရား ဝင် မဟုတ်သည့်တိုင် ရန်ကုန်လို မြို့ကြီးများတွင် အလွယ်တကူ ရှာတွေ့နိုင်ပါသည်။ ကာမ အားတိုး ဆေးများကိုလည်း မှောင်ခိုဈေးကွက်တွင် ဈေးချိုချို နှင့် ဝယ်ယူလို့ရနေသည်။ တက္ကသိုလ်ကျောင်းများ အနီးတွင် ကျောင်းသားကျောင်းသူ စုံတွဲများအတွက် နာရီပိုင်းနှင့် အခန်းငှားပေးသည့် တည်းခိုခန်းများ ရှိနေသည်။
လိင်ပညာပေးမှု အားနည်းခြင်းကြောင့် နောက် ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ခဲ့ရသည်ဟု မျိုးဆက်ပွား ကျန်းမာရေးအတွက် ဆောင်ရွက်နေသူများက ပြော ကြသည်။ ငယ်ရွယ်သူများ လိင်ဆက်ဆံကြောင်း သိရှိပါက ၄င်းတို့၏ဆန္ဒမပါဘဲနှင့် အတင်းလက်ထပ် ပေးစားခြင်းခံရ၏။ မလိုချင်ဘဲ ရှိလာသည့် ကိုယ်ဝန် ကြောင့် ကလေးမမွေးချင်ဘဲ မွေးရသလို အန္တရာယ် များသည့် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုတွေလည်း ပေါ်ပေါက်လာရသည်။
အခြားသော စိုးရိမ်စရာ အကြောင်းအရာတခု ဖြစ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အလိုမတူ ဘဲ သားမယားပြုကျင့်မှုများအတွက် ရန်ကုန်မြို့မှ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူတဦး ဖြစ်သည့် မထားထားက ဘတ်စ်ကားပေါ်တွင် အမျိုးသမီးများ မဖွယ်မရာ စော်ကားနှောင့်ယှက်ခံနေရခြင်းကို ဆန့် ကျင်သော လှုပ်ရှားမှုတခု ဆောင်ရွက်နေကြောင်း ပြောသည်။
ငယ်ရွယ်သော မိန်းကလေးများသည် ဖြူစင်စွာ နေထိုင်လိုကြပြီး လိင်ကိစ္စနှင့် ပတ်သက်၍လည်း အလွန်ရိုးရှင်းစွာပင် နားလည်ထားတတ်ကြသည်ဟု မထားထားက ပြောသည်။ အမျိုးသားများမူ လိင် ကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံ လိုချင်ကြပြီး အမျိုးသမီးများသည် ညစ်ညမ်းစာအုပ်များကို ဖတ် လေ့ရှိကြသည်ဟုလည်း သူကဆိုသည်။
မထားထားက “အခရာ”ဟု အမည်ရသည့် အမျိုး သမီးကွန်ရက်တခုကိုဦးဆောင်နေပြီး ယောကျာ်း- မိန်းမ တို့၏ အခန်းကဏ္ဍ၊ ဖိုမ သဘာဝ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် အခြားသော အမျိုးသမီးရေးရာကိစ္စ များကို ဆွေးနွေးရန်အတွက် လစဉ်ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု သတင်းများ မှန်မှန်ကြားနေရကြောင်း ပြောပြသည်။ ဆွေးနွေးပွဲများသို့ တက်ရောက်သူ အမျိုးသမီးဦးရေ ပိုများလာပြီး အသက် ၂၀ ကျော် အရွယ်မှ အသက် ၅၀ ကျော် အရွယ်များအထိ ပါဝင်ကြောင်း သိရသည်။
“အိမ်ဖော်အမျိုးသမီးတွေကနေပြီးတော့ ကုမ္ပဏီ ဒါရိုက်တာတွေအထိ ပါဝင်ပါတယ်” ဟု မထားထား က ဆိုသည်။
အမျိုးသမီး ကွန်ရက်ကို မတည်ထောင်မီက မြန်မာနိုင်ငံတွင် HIV ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများ လုပ်ဆောင်နေသော နိုင်ငံတကာ NGO တခုဖြစ်သည့် Burnet Institute တွင် ဖိုမ သဘာဝနဲ့ပတ်သက်၍ လေ့ကျင့် သင်တန်းပေးသူ အဖြစ် လုပ်ခဲ့ပါသည်။ လုပ်ခဲ့သော်လည်း ထိုအချိန် က ဖိုမ သဘာဝနှင့် ပတ်သက်သော သူ၏သိနား လည်မှုသည် အကန့်အသတ်နှင့်သာ ဖြစ်သည်။
“ကွန်ဒုံးတွေအသုံးပြုဖို့ အရေးကြီးတယ်ဆိုတာ ကျမတို့သိတယ်။ ဒါပေမယ့် မသုံးချင်တဲ့သူအတွက် ဘာဆက်ပြောမလဲ။ ပြောဆိုဆွေးနွေးမှုက အမြဲတမ်း ရပ်သွားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မသိ ဘူး။ ဒါမှမဟုတ် လိင်ကိစ္စရဲ့ သာယာမှုအကြောင်း ကို မပြောချင်ကြဘူး။ ကျမတို့ကို လိင်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်နဲ့ အမျိုးသမီးတို့ရဲ့ လိင်သဘာဝကို ဆွေးနွေးဖို့အတွက် လေ့ကျင့်ပေးမထားဘူး” ဟု မထားထားက ပြောသည်။
၂၀ဝ၈ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ ရောက်လာ သော လိင်မှုဆိုင်ရာ ကုထုံးပညာရှင်တယောက်ထံ တွင် သူ၏ မိတ်ဆွေများနှင့်အတူ အမျိုးသမီး လိင် သဘာဝနှင့် မျိုးဆက်ပွား ကျန်းမာရေးအကြောင်း သင်ကြားခွင့်ရခဲ့ပြီးနောက် သူ၏ အသိုင်းအဝိုင်း အတွင်းမှ အခြားသူများကိုလည်း ပညာပေးဖို့ မထားထား ဆုံးဖြတ်လိုက်သည်။
ယနေ့အချိန်တွင် သူက ကျောင်းများတွင် ဖြစ် နိုင်လျှင် သူငယ်တန်းအဆင့်ကစတင်ပြီး လိင်ပညာ ပေး သင်ခန်းစာများ ကျယ်ကျယ်ပြန့်ပြန့် သင်ကြား ပေးဖို့ တောင်းဆိုနေသည်။
“လိင်ပညာပေး သင်ခန်းစာတွေက မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တယ်လို့ လူတွေကပြောကြ တယ်။ အဲဒါ သူတို့ နားမလည်လို့ ပြောကြတာပါ။ သူတို့က လိင်ပညာပေးသင်ခန်းစာ ဆိုတာ လိင် ဆက်ဆံတဲ့အကြောင်းလို့ ယူဆကြတယ်။ ဒါ မဟုတ် ပါဘူး။ ကျမတို့ရဲ့ ကိုယ်ခန္ဓာအင်္ဂါရပ်တွေအကြောင်း ပါ။ ကျမတို့ စက္ကန့်တိုင်း အသုံးပြုနေရတဲ့ ကိုယ်ခန္ဓာ အကြောင်းပါ။ သူတို့ ဘယ်လိုအလုပ်လုပ်တယ်။ ဘယ်လို ဂရုစိုက်ထိန်းသိမ်းရမယ်ဆိုတာကိုနားလည် ဖို့ လိုအပ်ပါတယ်” ဟု မထားထားက ဆိုသည်။
ကိုယ့်ရဲ့ ကိုယ်ခန္ဓာအကြောင်းကို သိတာဟာ ယဉ်ကျေးမှုကို ဆန့်ကျင်တာမဟုတ်ပါဘူး” ဟုလည်း သူကပြောသည်။
ဘယ်လိုပဲ ခေါ်ခေါ်
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လိင်ပညာပေး ခြင်းကို HIV ကာကွယ်ရေး ခေါင်းစဉ်အောက်တွင် ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်နေသည်။ AIDS ရောဂါသည် ပြည်သူ့ကျန်းမာရေးအတွက် အဓိက အလေးထားရမည့် အရာဖြစ်နေပြီး လိုအပ်သည့် ထောက်ပံ့မှု အရင်းအမြစ် အားနည်းမှုကြောင့် ရောဂါပိုးရှိနေသူ အများစုသည် ကုသမှုခံယူနိုင်ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် HIV ပိုးရှိနေသူ ၂ သိန်းခန့် ရှိပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းလောက်အထိ ゞင်းတို့ထဲမှ တဝက်ကျော်သည် သူတို့ အတွက်လိုအပ်နေသော ART ကုထုံးဖြင့် ကုသမှုခံယူနိုင်ခြင်းမရှိခဲ့ပါ။
“HIV ကြောင့် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံ မှုအကြောင်း ကျနော်တို့ ပြောခွင့်ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ပဲ ပြောခွင့်ရသလိုပါပဲ” ဟု မြန်မာနိုင်ငံ တွင် မိသားစုစီမံကိန်းကို ဦးတည်ရင်း လိင်နှင့် မျိုး ဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများ ပူးပေါင်း ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတခု ဖြစ်သည့် Marie stopes International မှ Country Director ဒေါက်တာ စစ်နိုင်ကပြောသည်။
“မြန်မာနိုင်ငံမှာတော့ သားဆက်ခြားတယ်လို့ ခေါ်ကြတယ်။ တကယ်တော့ ပဋိသန္ဓေ တားတာ ပါပဲ”
“မျိုးဆက်ပွား ကျန်းမာရေးကို တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးလို့ အများစုက မမြင်ကြဘူး။ ဒါပေမယ့် တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးပိုင်းက ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေ၊ ဒေသခံခေါင်းဆောင်တွေ၊ ဩဇာရှိသူတွေ ဒါမှမဟုတ် ဘာသာရေး ခေါင်း ဆောင်တွေ သူတို့တွေကတော့ HIV ကာကွယ်တား ဆီးရေးအကြောင်း သိတဲ့အချိန်မှာ ထောက်ခံ ကူညီ ရမယ်လို့ သူတို့ယုံကြည်ကြပါတယ်” သူက ထပ်ပြော သည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ကြီးဌာနက ကျောင်းများအတွက် လိင်ပညာပေး သင်ခန်းစာ သင်ရိုးညွှန်းတမ်းတခု ရေးဆွဲထားပြီး ဖြစ်ကြောင်း လည်း ဒေါက်တာစစ်နိုင်က ပြောသည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စပြီးတော့ အခြေခံကျတဲ့ လိင်နဲ့ပတ်သက်တဲ့ ကျန်းမာရေးနဲ့ HIV တားဆီးကာကွယ်ရေးဆိုင်ရာ အချက်အလက် တွေကို သင်ရိုးညွှန်းတမ်းထဲမှာ အောင်မြင်စွာ ပေါင်းစပ်ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံမှာ ကျောင်းက ဆရာအများစုက အမျိုးသမီး တွေ ဖြစ်နေတဲ့အတွက် လုံခြုံစိတ်ချရတဲ့ လိင်ဆက် ဆံရေးနဲ့ အခြေခံ လိင်ပညာပေးသင်ခန်းစာတွေ အကြောင်းကို ပြောဆိုသင်ကြားဖို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်စွမ်း မရှိကြဘူး။ သူတို့ မဝံ့မရဲ ဖြစ်နေကြတယ်။ လိင်အကြောင်းတွေ သူတို့က ပြောမယ်ဆိုရင် တပည့်တွေက မလေးစားတော့မှာကို သူတို့ အကြောက်ဆုံးပဲ” ဟု သူကဆက်ပြောသည်။
လိင်ပညာပေး သင်ခန်းစာကို အသက် ၁၀ နှစ် မှ ၁၆ နှစ်ကြားရှိ အလယ်တန်းအဆင့် ကျောင်းသား ဘဝတွင် သင်ကြားပေးပြီး လူမှုရေး ကျွမ်းကျင်မှု၊ ရောဂါ ကာကွယ်ရေးအတွက် စိတ်ခံစားမှုဆိုင်ရာ အသိအမြင်၊ လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ် သည့်ရောဂါများ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု စသည့် ခေါင်းစဉ်များ ပါဝင် သည်။ ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် သင်ရိုး ကို အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး နှစ်ကုန်၍ အတန်း တင် စာမေးပွဲဖြေဆိုသည့်အခါ အဆိုပါဘာသာရပ် ကို ထည့်သွင်းဖြေဆိုရန် မလိုအပ်ကြောင်းလည်း သိရသည်။
မျိုးဆက်ပွားနှင့် လိင်ကျန်းမာရေးကို ၅ တန်း တွင် စတင်သင်ကြားပြီး အရွယ်ရောက်လာသည့် အချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင် ရာပြောင်းလဲလာမှုနှင့် ပတ်သက်သည့် သင်ခန်းစာ များ ဖြစ်သည်။ HIV ကူးစက်ပျံ့နှံ့မှုကိုလည်း ထို အချိန်တွင် ကျောင်းသားများ စတင်လေ့လာရသည် ဟု ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်ရိုး အတွက် ကူညီပေးနေသော Unicef အဖွဲ့၏ အဆို အရ သိရသည်။ ၆ တန်းရောက်သည့်အခါ ကျောင်း သား ကျောင်းသူများကို ယောကျာ်းလေးနှင့် မိန်း ကလေးတို့၏ အသက်အရွယ်အရ မည်သို့ဆက်ဆံ နေထိုင်ရမည်ကို စဉ်းစားဆုံးဖြတ်တတ်အောင် သင် ကြားသည်။ ၉ တန်းနှင့် ၁၀ တန်း အရွယ်ရောက် သည့်အခါ မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းနှင့် လိင်ဆက်ဆံမှုကြောင့် ကူးစက်သည့် ရောဂါများကို မည်သို့ ကာကွယ်ရမည် ဖြစ်ကြောင်းနှင့် အပျော် အပါး လိုက်စားခြင်းကို ရှောင်ရှားခြင်းသည် အထိ ရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း သင်ကြားသည်။ ကိုယ်ဝန်ရှိခြင်း၊HIV နှင့် အခြား လိင်ဆက်ဆံမှု ကြောင့် ကူးစက်နိုင်သည့်ရောဂါများကို ကာကွယ်ရာ တွင် ကွန်ဒုံးအသုံးပြုခြင်းက အထိရောက်ဆုံး ဖြစ် ကြောင်းကိုလည်း သူတို့ သင်ကြားကြရသည်။
“အရင်တုန်းက မြန်မာနိုင်ငံမှာ မျိုးဆက်ပွားနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောတာကို ရှောင်ကြ တယ်။ ဆရာ၊ ဆရာမ တွေလည်း ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ဒီလို အရမ်းအရေးကြီးတဲ့ အကြောင်းအရာတွေကို သိနားလည်ဖို့ ကူညီတဲ့ နေရာမှာ အခက်အခဲတွေ တွေ့ခဲ့ကြရပါတယ်။ ခုချိန် မှာတော့ ပြုပြင်ပြောင်းလဲရေးရဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ကျန်းမာ ရေးနဲ့ ဘဝပျော်ရွှင်မှုကို ဆိုးဆိုးရွားရွား ထိခိုက် စေပြီးတော့ အရွယ်ရောက်ပြီးချိန်အထိ မကောင်းတဲ့ သက်ရောက်မှုတွေ ဆက်ပြီး ကျန်နေစေနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်း လင်းပြောဖို့ အခွင့်အရေးတွေရှိလာပါပြီ”ဟု ရန်ကုန် မြို့မှ Unicef ဌာနေကိုယ်စားလှယ် Bertrand Bainvel က ပြောသည်။
ထိုကဲ့သို့သော အကြောင်းအရာများကို တိတ် တိတ် ဆိတ်ဆိတ် လုပ်ဆောင်နိုင်သော နည်းလမ်း တခုမှာ ကိုယ်တိုင်လေ့လာသင်ယူနိုင်သည့် စာအုပ် များ စီစဉ်ပေးဖို့ဖြစ်ပြီး မျိုးဆက်ပွားနှင့် လိင်ကျန်းမာ ရေးဆိုင်ရာ ကဏ္ဍများကို ကျောင်းသားများ ကိုယ့် ဘာသာ လေ့လာနိုင်ကြမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။
မြန်မာအစိုးရကလည်း ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲရေး၏ အရေးပါသည့်အစိတ်အပိုင်းအဖြစ် ဖော်ထုတ် ပြသနိုင်ရန်အတွက် ပညာရေးဆိုင်ရာ ဥပဒေများကို စဉ်းစားသုံးသပ်နေပြီး ၂ နှစ်ကြာ ပြန်လည်လေ့လာခြင်း ပြုလုပ်ခဲ့သည်။
ကျောင်းပြင်ပမှ လူငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပညာပေးရန် အားထုတ် နေမှုများလည်း ရှိပါသည်။ တယ်လီဖုန်းမှ ဆွေးနွေး ပညာပေးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ဆရာဝန်များ အသင်း တခုတည်းကသာမကဘဲ အစိုးရဌာနတခု ဖြစ်သည့် ဆေးသုတေသနဦးစီးဌာန၊ ကုလသမဂ္ဂမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်သည့် Population Services International နှင့် Marie stopes International တို့က လည်း ဆောင်ရွက်ပေးနေသည့်အပြင် အသံလွှင့် ဌာနတခုဖြစ်သည့် Shwe FM ကလည်း လူငယ်ဆိုင် ရာ အရေးကိစ္စများဖြစ်သည့် မမျှော်လင့်ဘဲ ကိုယ်ဝန် ဆောင်ရခြင်း၊ HIV၊ မိသားစုစီမံကိန်း၊ ဆယ်ကျော် သက် ကျန်းမာရေးနှင့် မိသားစု ပြဿနာများနှင့် ပတ်သက်သော အစီအစဉ်များ ထုတ်လွှင့်ပေးနေ သည်။ အပတ်စဉ်အစီအစဉ်ကို ကုလသမဂ္ဂ လူဦး ရေ ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့ပေးနေပြီး မြန်မာနိုင်ငံ ဆရာဝန်များအသင်း၏ တယ်လီဖုန်းဖြင့် ဆွေးနွေး ခြင်း အစီအစဉ်ကိုလည်း အဆိုပါအဖွဲ့ကပင် ကူညီ ပေးနေသည်။
HIV ကာကွယ်ရေးအတွက် အခြား နိုင်ငံ တကာမှ ငွေကြေးထောက်ပံ့မှုများလည်း မြန်မာနိုင်ငံ ရရှိနေသည်။ ပြီးခဲ့သည့်အတွင်းက မြန်မာနိုင်ငံတွင် အမျိုးသမီးများကို ပဋိသန္ဓေတားဆီးရေးနှင့် မိသားစု စီမံကိန်းအကြောင်း ပညာပေးရန်နှင့် HIV ဗိုင်းရပ် ကူးစက်ခံထားရသူများကို ကူညီရန် ဒိန်းမတ်နိုင်ငံ၏ထောက်ပံ့မှုဖြင့် တည်ထောင်သည့် ဆေးခန်းတခုကို ဒိန်းမတ် တော်ဝင်မင်းသမီးက ဖွင့်လှစ်ပေးခဲ့သည်။
လူ့အဖွဲ့အစည်း အခြေပြုအဖွဲ့တခုဖြစ်သော Girl Determined ကလည်း မြို့ပြအစွန် ဒေသများ တွင် နေထိုင်ကြသည့် သက်တူ ရွယ်တူတန်း ငယ် ရွယ်သူ မိန်းကလေးများကို အဖွဲ့ဖွဲ့၍ မျိုးဆက်ပွား ကျန်းမာရေးအကြောင်း ပညာပေးခြင်းကို စတင် ဆောင်ရွက်နေသည်။ ရန်ကုန်၊ မန္တလေး ဆင်ခြေဖုံး ဒေသများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်ကိုင်းနှင့် မုံရွာမြို့များမှ အသက် ၁၂ နှစ်မှ ၁၇ အရွယ်ကြား မိန်းကလေး ၁၃၀ဝ ကျော် ပါဝင်ခဲ့သည်ဟုလည်း သိရသည်။
“ခုချိန်မှာတော့ အရွယ်ရောက်လာတဲ့ အချိန် မှာ အရေးပါတဲ့အကြောင်းအရာတွေကိုပဲ အဓိက ထားပါတယ်။ လိင်ကိစ္စကို မပြောသေးဘူး။ ကျမတို့ သင်ခန်းစာတွေကို ပြင်ဆင်တုန်းပဲ ရှိပါသေးတယ်။ ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမယ်ဆိုတာမျိုး မိန်းက လေးတွေကို သိပ်မပြောဘူး။ လိင်ကိစ္စကို ပွင့်ပွင့် လင်းလင်းပြောဖို့က ခက်တယ်။ လူတွေ၊ ဆယ်ကျော် သက် မိန်းကလေးတွေ၊ အသက်အရွယ်ငယ်တဲ့ မိန်းမ တွေ၊ သူတို့မှာ လိင်မှုကိစ္စရှိပေမယ့် ထုတ်မပြောကြ ဘူး။ မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိလာခြင်းမျိုးနဲ့ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာတွေကို ကာ ကွယ်တားဆီးနိုင်ဖို့ သူတို့ ဒါတွေသိဖို့ လိုပါတယ်” ဟု မိန်းကလေးအဖွဲ့များကို ကူညီဆောင်ရွက်ပေးနေ သော Girl Determined အဖွဲ့မှ နန့်သဇင်မင်းက ပြောသည်။
အချို့သော ငယ်ရွယ်သည့် မိန်းကလေးများက အလျင်စလိုသင်ယူဖို့ စိတ်ကူးမရှိကြောင်းပြောသည်။ “ခုချိန်မှာ ဒီထက်ပိုပြီး သိသင့်တယ်လို့တော့ ကျမ မထင်ပါဘူး။ တနေ့နေ့တော့ သိဖို့လိုလာမှာပေါ့လေ။ ဒါပေမယ့် ခုထိတော့ ဒီအကြောင်းကို တခါမှ မစဉ်း စားဖူးဘူး” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူဖြူဝင်းက ပြောသည်။
မိနစ်အနည်းငယ် ကြာသည့်အခါ သူ စိတ် ပြောင်းသွားပြန်သည်။ “ဒါက ရှောင်လွှဲလို့လည်း မရဘူးဆိုတော့။ ကလေးတွေ ဘယ်လိုဖြစ်လာသလဲ။ ကျမတို့ ဘာတွေဖြစ်သလဲ။ ကျမတို့ မရှောင်နိုင်ဘူး ဆိုတော့ သိထားသင့်တာပေါ့နော်”

မဖြူဖြူဝင်:

မန္တလေးမှာ မီးကုန်ယမ်းကုန် ဖျော်ဖြေပေးသွားဦးမယ့် စိုင်းစိုင်းခမ်းလှိုင်






ပရိသတ်တွေ နှစ်ခြိုက်စွာ အားပေးလက်ခံချစ်ခင်ကြတဲ့ အဆိုတော်စိုင်းစိုင်း ခမ်းလှိုင်ဟာ လာမဲ့၂၉ရက်နေ့မှာ Mandalay Hill Resort မှာ ဖျော်ဖြေပွဲ ကျင်းပပြုလုပ်မယ်လို့ သိရပြီး အချိန်ကတော့ ညနေ၄နာရီခွဲမှာ စတင်ဖျော်ဖြေ ပါမယ်တဲ့။ အဆိုပါပွဲနဲ့ပတ်သတ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ဒီနေ့မနက် စင်ထရယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာကြောင့် ပွဲအတွက် စိုင်းစိုင်းရဲ့ စိတ်ခံစားချက်တွေ မေးမြန်းကြည့်တဲ့အခါ ‘ခုမန္တလေးမှာ လုပ်မဲ့ပွဲလေးကို လက်ခံဖြစ်တာက အမှန်က ကျွန်တော့်မွေးနေ့ပါတီကို သူငယ်ချင်းတွေနဲ့ တိုင်ပင်လိုက်တဲ့အခါ ရန်ကုန်မှာပဲ ၁၀နှစ်ပြည့်အမှတ်တရအနေနဲ့လုပ်မယ်။ အဲဒီအချိန်မှာ မန္တလေးကပွဲ စီစဉ်သူတွေကနေ မန္တလေးမှာ စိုင်းစိုင်းရှိုး မလုပ် တာကြာပြီဆိုတော့ ၀မ်းမြောက်ဝမ်းသာနဲ့ကျွန်တော်လက်ခံဖြစ်ခဲ့ပါတယ်။ အဲ့တော့မွေးနေ့ရှိုးကို ရန်ကုန်မှာလုပ်ဖြစ်ပေမဲ့ မန္တလေးပရိသတ်အတွက်လဲ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အကောင်းဆုံးဖျော်ဖြေသွားပါမယ်။ ဒီပွဲမှာကျွန်တော့်ရဲ့ ရဲဖော်ရဲဖက်တွေ ဖြစ်တဲ့ သူငယ်ချင်းတွေ အများကြီး ပါဝင်ပါမယ်။ သီချင်းအပုဒ်၄၀လောက် အနည်းဆုံးဖျော်ဖြေမယ် လို့မှန်းထား ပါတယ်။ ခုလဲ သီချင်းတိုက်တာတွေ၊ အကတိုက်တာတွေကို လုပ်နေပါတယ်။ မန္တလေးမှာ ဒီလိုပွဲမျိုးလုပ်တယ်ဆိုတာ တစ်ခါတစ်လေမှပေါ့။ ဒါပေမဲ့ မန္တလေး ပရိသတ်ကသာ အားပေးမယ်ဆိုရင် ဒီထက်မက သီချင်းတွေ အများကြီးကို လဲဖျော်ဖြေသွားမှာပါ။ မန္တလေးပရိသတ်က ကျွန်တော့်ကို အဆိုတော် စလုပ် ကတည်းက အမြဲတမ်းအားပေးခဲ့ပါတယ်။ စိုင်းစိုင်းရဲ့ တစ်ကိုယ်တော်ရှိုးပွဲတင် မကပါဘူး။တခြားအနုပညာအလုပ်တွေနဲ့သွားရင်မကဘူး။ ရုပ်ရှင်ရိုက်၊ ကြော်ငြာရိုက်တွေမှာပါ မန္တလေးပရိသတ်က ကျွန်တော့်ကို ဘယ်သော အခါမှ မျက်နှာမငယ်စေခဲ့ပါဘူး။ ကျန်ခဲ့တဲ့နှစ်နှစ်က နောက်ဆုံးလုပ်ခဲ့တဲ့ မန္တလေးမှာ နောက်ဆုံး လုပ်ခဲ့ တဲ့ပွဲကလဲ မိုးတွေလေတွေကျပြီးတော့ ပျက်သွားခဲ့ရတဲ့အတွက် ဒီပွဲက ကျွန်တော်တို့ အားလုံးအတွက် မကျေပွဲလို့ပြောလို့ရပါတယ်။ ကျွန်တော်တို့ အားရပါးရ မီးကုန်ယမ်းကုန်ဖျော်ဖြေပါမယ်။ အဲဒီအတွက် ဒီပွဲက အောင်မြင် မယ့် ပွဲတစ်ပွဲဖြစ်မယ်လို့လဲ ယုံကြည်မျှော်လင့်ပါတယ်။’ လို့ပြောပြပေးခဲ့ ပါတယ်။

ပြည်ပပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်မရှိပါဘူးလို့ ဆိုတဲ့ မော်ဒယ်လ်နှင်းယမုံဦး




Miss Crown ၂၀၁၃ ဆု၊ Miss Now How ၂၀၁၃ဆု တွေကို ပိုင်ဆိုင်ထား တဲ့ မော်ဒယ် နှင်းယမုံဦးကို Miss ဆုတွေရရှိထားတဲ့ သူတစ်ယောက်ဖြစ်လို့ တစ်ခြား မော်ဒယ်တွေထက် အနုပညာ အခွင့်အလမ်းတွေ ပိုမိုရရှိစေသလား ဆိုတာကို မေးမြန်းကြည့်လိုက်တော့ ‘ညီမအတွက် Miss ဆုတွေ ရရှိပြီး နောက် ပိုင်းမှာ အနုပညာလှုပ်ရှားမှု အခွင့်အလမ်းတွေ ပိုမိုရရှိစေလာခဲ့တယ်။ ကိုယ်လုပ်ရမယ့် အနုပညာ လမ်းကြောင်းပေါ်ကို လမ်းဖောက်ပေးလိုက်သလိုပါပဲ။ တစ်ဖက်ကလည်း ကိုယ်ကိုတိုင် ကြိုးစားဖို့တော့ လိုအပ်တာပေါ့နော်။’လို့ သူမက ပြောပြခဲ့သလို ဗီဒီယိုဇာတ်ကား တစ်ကားရိုက်ကူးပြီး နောက်ထပ်မရိုက်ဖြစ်တော့တာကိုလည်း သူမက ‘ညီမက မော်ဒယ် အလုပ်မှ မဟုတ်ဘူး။ အနုပညာအလုပ်တွေကို အစကတည်းက ဝါသနာပါတဲ့အတွက် လုပ်ခဲ့တာပါ။ သရုပ်ဆောင်ဘက်လည်း ဝါသနာပါပါတယ်။ ညီမအတွက် မော်ဒယ်လ်လုပ်ရတာထက် သရုပ်ဆောင် လုပ်ရတဲ့အပိုင်းက ကိုယ့်ကို အခွင့်အရေး သိပ်မပေးဘူး။ ဒါကြောင့် အချိန်တစ်ခုကို စောင့်ပြီးတော့ လုပ်နေတာဖြစ်ပါတယ်။ မော်ဒယ်ပိုင်းကတော့ ဆရာဂျွန်လွင်နဲ့ လက်တွဲပြီး လုပ်ဖြစ်နေပါတယ်။ ပြည်ပပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့တော့ အစီအစဉ်မရှိပါဘူး’တဲ့။

Related Posts Plugin for WordPress, Blogger...