Thursday, March 20, 2014

အီဂျစ်ပါမောက္ခတစ်ဦး စာမေးပွဲ မေးခွန်း နှင့် လိင်ကိစ္စ အပေးအယူလုပ်၍ ကျောင်းသူ ၈၅ ဦး နှင့် အိပ်စက်ခဲ့





အီဂျစ်ပါမောက္ခတစ်ဦး နှင့် ၎င်း၏လက်ထောက်တို့သည် ကျောင်းသူ ၈၅ ဦးအား စာမေးပွဲအောင်မြင်ရေးအတွက် အကူအညီပေးခဲ့ကာ အပြန်အလှန်အနေဖြင့် သူမတို့နှင့် လိင်ကိစ္စရယူအိပ်စက်ခဲ့သည့်အတွက် တာဝန်ရှိသူများက ၎င်းတို့အား ဖမ်းဆီးလိုက်သည်။


အီဂျစ်မြို့တော်၊ ကိုင်ရိုရှိ ၎င်းပါမောက္ခ၏ အခန်းထဲ၌ ပါမောက္ခနှင့် လက်ထပ်ပြီးသော ကျောင်းသူတစ်ဦးတို့၏ အဖြစ်အပျက်ကို ရဲများက လျှို့ဝှက်ကင်မရာ တစ်ဆင့် မှတ်တမ်းတင်နိုင်ခဲ့သည်။

သတင်းစာမှ ဖော်ပြချက်အရ Aim Sham တက္ကသိုလ်အတွင်း၌ ၎င်းပါမောက္ခမှ ကျောင်းသူများအား ခြိမ်းခြောက်အကြပ်ကိုင်မှုများ ရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ရဲများက ပါမောက္ခ၏ အခန်းတွင်း၌ ထိုသို့ လျှို့ဝှက်ကင်မရာ တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ပါမောက္ခမှ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း ကျောင်းသူအချို့ကမူ ပါမောက္ခနှင့် လိင်ကိစ္စ အပေးအယူလုပ်၍ စာမေးပွဲမေးခွန်းများကို ရယူခဲ့ကြောင်း ဝန်ခံခဲ့သည်။

 Ref::: http://www.emirates247.com/crime/region/professor-slept-with-85-students-for-exams-answers-2014-03-16-1.541870

''' ၈ နှစ်သားလေးနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီး ထောင် ၂ နှစ်ကျ''



တလောက အသက် ၄၁ နှစ်အရွယ်တက္ကသိုလ် ဆရာမနဲ့ အသက် ၁၆
နှစ်အရွယ် ဆယ်တန်းကျောင်းသားခိုးပြေးကြတဲ့ သတင်းထက် အခုကိစ္စက

ပိုစိတ်ဝင်စားစရာ ကောင်းမယ် ထင်ပါတယ်။

အခုကိစ္စက အသက် ၈ နှစ်သာ ရှိသေးတဲ့ ယောက်ျာလေးငယ် တဦးနဲ့ အသက် ၁၆ နှစ် မိန်းကလေးတို့ ကိစ္စပါ။

အခု အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကလေး တယောက်အမေ မစ္စ လော်ရင် မောရစ်ဟာ အသက် ၁၆ နှစ်
အောက် လူငယ်လေး တဦးနဲ့ လိင်ဆက်ဆံခဲ့တာကြောင့် စွဲချက် ၃ ခု နဲ့ ပြီးခဲ့လက တရားစွဲခံခဲ့ရပြီး ဗြိတိန်နိုင်ငံ Worcester တရားရုံးက ပြစ်မှု ထင်ရှားရှိ တာတွေ့လို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။

လော်ရင် မောရစ်ဟာ အသက် ၁၆ နှစ်အရွယ်တုန်းက အသက် ၈ နှစ်အရွယ် လူငယ်ကလေးနဲ့ အတူ အိပ်ပြီး ၂ နှစ်ကျော် ကာလအတွင်း အကြိမ် ၅၀ ကျော် လိင် ဆက်ဆံခဲ့တယ်လို့ The Mirror သတင်းတပုဒ် မှာ တွေ့ပါတယ်။

တရားရုံးကတော့သူ့ကို ထောင်ဒဏ်နဲ့ ကန့်သတ်ချက်တွေ ချမှတ်လိုက်ပါပြီ။ ဒါပေမယ့် သူက တရားရုံး မှာ ပြန်လျှောက်ထား ရာမှာတော့ သူ ၁၆ နှစ် သမီးတုန်းက အသက် ၈ နှစ်သားနဲ့ အတူအိပ်ပြီး လိင်ဆက် ဆံခဲ့တာကို မှားမှန်းသိလို့ သူ ဆက်မ လုပ်တော့ပဲ ရပ်ပစ်ခဲ့တယ်လို့ သူက တရားသူကြီးကို တင်ပြတယ်။

တရားသူကြီး Robert Juckes QC က ဒါဟာ ရှက်ဖွယ်လိလိဖြစ်တယ်လို့ သူ့ကို ပြောလိုက်ပြီး ပြစ်မှုမြောက် လို့ ထောင် ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်။

ထောင်ဒဏ်အပြင် လော်ရင်း မောရစ်ကို အသက် ၁၆ နှစ်အောက် ယောက်ျားလေးတွေနဲ့ အဆက်အသွယ် မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်လည်း အမိန့်ချမှတ်ပါတယ်။

အသက် ၁၆ နှစ်အောက် ယောက်ျားလေး မိဘတွေရဲ့ ခွင့်ပြုချက် မရှိရင် ဆက်သွယ်ခွင့်တောင် မရှိပါဘူး တဲ့။

ဒေါသထွက်နေတဲ့ဆင်ရိုင်းတစ်ကောင်က အိမ်ကိုနင်းခြေဖျက်ဆီးခဲ့ပေမယ့် ကလေးငိုသံကြားပြီး ပြန်လည်ကယ်ဆယ်



အိန္ဒိယနိုင်ငံ ၊အနောက်ဘင်္ဂလားအရပ်က ရွာတစ်ရွာမှာနေထိုင်တဲ့ ဒီပက်မာဟာတို နဲ့ မိန်းမ လာလီတာ တို့ ရဲ့ နေအိမ်ကို မုန်ယိုနေတဲ့ဆင်ထီးတစ်ကောင်က တိုက်ခိုက်ဖျက်ဆီးခဲ့တာပါ။ ဒါပေမယ့် ဆင်ထီးကြီးဟာ သူတို့ ရဲ့ ဆယ်လသားအရွယ် သမီးလေးကို အပျက်အစီးပုံအောက်ကနေ ပြန်လည်ကယ်ဆယ်ခဲ့တယ်လို့ လင်မယား နှစ်ယောက်က ပြောကြားခဲ့ပါတယ်။

မစ္စတာ မာဟာတိုရဲ့ အိန္ဒိယတိုင်းမ် သတင်းစာကို ပြောကြားချက်အရ သူတို့ မိသားစုဟာ ညရှစ်နာရီလောက်မှာ ညစာစားနေတုန်း ရုတ်တရက် အိပ်ခန်းဘက်ဆီကနေ ချိုးဖျက်သံတွေကြားလိုက်ရတယ်လို့ ဆိုပါတယ်။

“ ကျုပ်တို့ လည်းအိမ်ထဲကနေ အတင်းထွက်ပြေးပြီး ဆင်ကြီးက ကျုပ်တို့ အိမ်နံရံကို ဖြိုချနေတာကို ကြောင်ကြည့်နေမိတာပေါ့။ အိမ်ပြင်ရောက်တော့မှ သမီးလေးကို သတိရတော့ ကျုပ်တို့  ကလေးလေးအပေါ်မှာ ဆင်ကြီးက မားမားကြီးရပ်နေတာလေ။ ဆင်ကြီးဖျက်စီးထားတဲ့ အပျက်အစီးပုံအောက်မှာ သမီးလေးက ငိုနေတာ။ ခဏနေတော့ ဆင်ကြီး ပြန်ထွက်သွားတယ်။ အဲ့မှာ သမီးလေးက ထပ်ငိုတော့တာပဲ။ သမီးလေး ငိုသံလည်းကြားရော ဆင်ကြီးက ပြန်လာပြီး နှာမောင်းနဲ့ သမီးလေး အပေါ်ပိနေတဲ့ အပျက်အစီးတွေကို ဖယ်ရှားပေးတယ်ဗျ”

ဒေါသထွက်နေတဲ့ဆင်ထီးကြီးက အုတ်အကျိုးအပဲ့နဲ့ ကျောက်တုံး၊သစ်စ တွေကို သူတို့ သမီးလေးပေါ်က တဖြည်းဖြည်း ဖယ်ရှားပေးနေပုံကို လင်မယားနှစ်ယောက် မှင်တက်ငေးမောနေခဲ့ရပါတယ်။

မစ္စတာ မာဟာတိုရဲ့ သမီးလေးကို ဒေသဆေးရုံပို့ ခဲ့ပြီး အပြင်ပိုင်းဒဏ်ရာတွေကို ဆရာဝန်တွေက ဂရုတစိုက် ကုသပေးပြီးနောက်၊ အခုအချိန်မှာတော့ ကလေးဟာ ပြန်လည်သက်သာသွားပြီလို့ အိန္ဒိယတိုင်းမ် သတင်းစာ မှာ ဖော်ပြထားပါတယ်။

ဒီဒေါသထွက်နေတဲ့ ဆင်ရိုင်းကြီးဟာ မာတာဒီ၊ ကာရှီဒါး နဲ့ ဂိုရှာရာ ရွာသုံးရွာက အိမ်ပေါင်း ၁၇ အိမ်ကို ဖျက်ဆီး သွားခဲ့တယ်လို့ ဒေသခံရဲဝန်ထမ်း ဆမီးယားဘိုစ် က ပြောကြားသွားခဲ့ပါတယ်။

ကားကို အရှိန်တင်မောင်းနှင်လို့ ၄ ဒေါ်လာ ဒဏ်ရိုက်ခံခဲ့ရတဲ့ ၂နှစ်အရွယ် ကလေးလေး




အသက် ၂နှစ်အရွယ် Za’Dariyah Mishaw ဆိုသူ ကလေးမဟာ အိမ်အပြင်ဘက်မှာ ခြေနင်းကားလေးကို မောင်းနေခဲ့ပါတယ်။ ရဲအရာရှိ Christian Velascoဟာ Za’Dariyah ကို ဘေးရပ်ခိုင်းခဲ့ပြီး အရှိန်မြင့် မောင်းနှင်မှုအတွက် ၄ဒေါ်လာတန် ချလန်ဖြတ်ခဲ့ပါတယ်။

သာမန် ယာဉ်မောင်းတွေ အဖို့တော့ ချလန်ဖြတ်ခံရပြီဆိုရင် စိုးရိမ်ပူပန် တတ်ကြတာပေါ့။ ဒါပေမဲ့ Za’Dariyah Mishaw လေးကတော့ အချိန်ဆိုင်းမနေဘဲ ၄ဒေါ်လာ ဒဏ်ငွေဆောင်ဖို့ ရဲဋ္ဌာနကိုသွားချင်ခဲ့ပါတယ်။

“သူက ခပ်မြန်မြန်ကို နင်းနေခဲ့တာ။ သူ့ကိုမှီဖို့တောင် မနည်းလိုက်ခဲ့ရတယ်။ ဒါပေမဲ့ မှီခဲ့ပါတယ်။ သူ သိပ်တော်တာ။” လို့ ရဲအရာရှိကပြောပါတယ်။

ချလန်မှာ ဒဏ်ငွေဘယ်လောက်ဆောင်ရမှာလဲ လို့ Za’Dariyah ကိုမေးကြည့်တော့ “၄ ဒေါ်လာ။” လို့ ချစ်စဖွယ်ပြန်ဖြေခဲ့ပါတယ်။

ရင်ကိုနွေးသွားစေတဲ့ အခိုက်အတန့်လေးကို Za’Dariyahရဲ့ ဦးလေးက အမှတ်တရ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

အမျိုးသားတွေ နားမလည်နိုင်တဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အချက် (၇) ချက်



ကိုယ့်ချစ်သူကောင်လေးတွေ ကိုယ့်ကိုနားလည်မပေးနိုင်တဲ့ အချက်ဆိုတာ စုံတွဲတိုင်းမှာ ရှိနေတတ်ပါတယ်။ တစ်ချို့စုံတွဲတွေအတွက် တစ်ချက်၊ နှစ်ချက်လောက်ဆိုပေမယ့် တစ်ချို့အတွဲတွေကျတော့ ကိုယ့်ကောင်မလေးကို နားလည်မှုကို မပေးနိုင်တာပါ။ ဘာလို့ဒါတွေလုပ်တာလဲ၊ လိုအပ်လို့လား ဆိုတာမျိုးတွေနဲ့ ပြဿနာခဏခဏ တက်နေပြီဆိုရင်တော့ သူတို့ကို နားလည်အောင် ရှင်းပြဖို့ လိုပြီပေါ့။ ဒါ့ကြောင့် ကိုယ့်ချစ်သူကောင်မလေးနဲ့ ပတ်သက်ပြီး အမျိုးသားတွေ နားမလည်နိုင်တဲ့ အချက်တစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။

၁။ဖိနပ်အမြင့်တွေ ၀ယ်တဲ့ကိစ္စမျိုးပါ။ ယောင်္ကျားအများစုက ဒေါက်မြင့်ဖိနပ်တွေစီးပြီး ခက်ရာခက်ဆစ် လမ်းလျှောက်နေရတဲ့ အမျိုးသမီးတွေကို နားမလည်နိုင်ပါဘူး။ ကိုယ့်ရည်းစားဆိုရင်လည်း နောက်တစ်ခါ ဒီလို ဖိနပ်မျိုး မ၀ယ်စမ်းပါနဲ့လို့ ပြောပါလိမ့်မယ်။

၂။ဖိနပ်ဘယ်နှစ်ရံတောင် ရှိသလဲဆိုတဲ့ မေးခွန်းမျိုးကလည်း အမျိုးသမီးတွေအတွက် နည်းနည်းအဖြေရခက်တဲ့ မေးခွန်းပါ။

၃။မိန်းကလေးတွေ ဘာလို့ အုပ်စုဖွဲ့ပြီး အိမ်သာသွားကြသလဲဆိုတာမျိုးကလည်း သူတို့စဉ်းစာလို့မရတဲ့ အချက်ပါပဲ။ မင်းဘာလို့ တစ်ယောက်တည်း အိမ်သာမသွားတာလဲလို့ အမေးခံရရင်လည်း စိတ်မဆိုးပါနဲ့။ သူတို့နားမလည်ဘူးဆိုတာကိုသာ သိထားလိုက်ပါ။

၎။ရင်ပြတ်အ၀တ်အစား၊ ပေါင်တစ်ဝက်ပဲပါတဲ့ dress မျိုးတွေက ဘယ်အချိန်ဝတ်ဖို့ ၀ယ်တာလဲ။ ဒါမျိုးတွေ မ၀တ်စမ်းပါနဲ့လို့ သူတို့ပြောတဲ့အခါ ခေါင်းညိတ်ပြလိုက်ပါ။ ပြန်မငြင်းပါနဲ့။

၅။ကိုယ့်ကောင်လေးကို ဘယ်လိုအရောင် ၀ယ်ရမလဲဆိုပြီး၊ ဘယ်လိုအရောင်မျိုးနဲ့ ကိုယ်နဲ့လိုက်သလဲ ဆိုတာမျိုးတွေ အကြံဥာဏ်တောင်းတဲ့အခါ သူတို့နားမလည်တာက အရင်အရောင်မကြိုက်တော့ဘူးလား ဆိုတာပါပဲ။ အမှန်တော့ မိန်းကလေးတွေက ကိုယ့်ရည်းစားရဲ့ အကြံဥာဏ်ကို လိုချင်တာပါ။ အပြစ်တင်ခံချင်တာမျိုး မဟုတ်ဘူးနော်။

၆။ဘာ့ကြောင့် အလှကုန်ပစ္စည်းတွေ ၀ယ်မဆုံးဖြစ်နေသလဲဆိုပြီး ကိုယ့်ကိုအပြစ်တင်လာခဲ့ရင် ဘယ်နေရာအတွက်က ဘာသုံးရတယ်ဆိုတာကို တစ်ချက်ချင်းရှင်းပြလိုက်ပါ။ အို မိန်းကလေးကိစ္စ ရှင်တို့ ဘယ်သိမလဲလို့ အငေါ်မတူးလိုက်ပါနဲ့။

၇။GYM ဆော့မယ့်ကိစ္စမျိုးကို ကိုယ့်ချစ်သူကောင်လေးက ခုလည်းလှနေတာပဲ ဘာအတွက်ထပ်ပြီး GYM ဆော့ဦးမှာလဲလို့ ပြောခဲ့ရင်လည်း ပြုံးပြုံးလေးနဲ့ ကိုယ့်ချစ်သူအတွက် လှပြီးရင်း လှနေတဲ့ မိန်းကလေးဖြစ်ချင်လို့ပါလို့သာ ပြောလိုက်ပါ။ ကျေနပ်သွားပါလိမ့်မယ်။

ကန်ဒေါ်လာ ၃ ဒဿမ ၂သန်းတန် ရေကာ၊ ကျည်ကာ အနောက်တိုင်းဝတ်စုံ




ဆွစ်ဇလန်နိုင်ငံမှာ စိန်နဲ့လုပ်ထားတဲ့ ကျည်ကာ ၀တ်စုံတစ်ခုကို ဖန်တီးခဲ့ပါတယ်။ ရေကာ၊ ကျည်ကာ အနောက်တိုင်းဝတ်စုံ ဖြစ်ပြီး air con စနစ်ပါဝင်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၃ ဒဿမ ၂သန်းပါ။

လက်ပစ် သေနတ်က ပစ်လွတ်လိုက်တဲ့ ကျည်တွေကို ကာနိုင်အောင် Croshield ကုမ္ပဏီရဲ့ အထည်နည်းပညာနဲ့ လုပ်ထားပါတယ်။ 9mm ပစ်စတိုကနေ .57 ခြောက်လုံးပြူးသေနတ်တွေအထိ ကျည်ကာနိုင်စွမ်းရှိပါတယ်။

ကြယ်သီးပေါ်မှာ စိန်နက် အလုံး၂၈၀နဲ့ အနားကွပ်ထားပြီး အလေးချိန် ၁၄၀ ကာရက်ရှိပါတယ်။ အင်္ကျီတစ်ခုလုံးမှာ အနားကွပ်ထားတဲ့ စိန်နက် အရေအတွက်ပေါင်းကတော့ ၈၈၀ပါ။

စိန် ကျည်ကာ အနောက်တိုင်းဝတ်စုံကို ခဏခဏ လျှော်စရာလဲမလိုပါဘူး။ နာနိုနည်းပညာ လုပ်ငန်းစဉ်နဲ့ ဖန်တီးထားတာကြောင့် ရေကာပြီး ဖုန်မှုန့်တွေကို ခုခံနိုင်စွမ်းရှိပါတယ်။ ပြီးပြည့်စုံသွားအောင် ဒီဝတ်စုံနဲ့ လိုက်ဖက်စေမယ့် limited edition လက်ပတ်နာရီတစ်လုံးလဲပါရှိမှာပါ။



Ref:dailymail.co.uk

မြန်မာလူငယ်တွေ အစွမ်းပြခဲ့တဲ့ မြန်မာနိုင်ငံ ပထမဆုံး စုပေါင်းကုတ်ရေးပွဲ




မြန်မာနိုင်ငံမှာ ပထမဆုံး စုပေါင်းကုတ်ရေးပွဲကို မတ်လ ၁၅ရက်နေ့နဲ့ ၁၆ရက်နေ့တွေမှာ ကျင်းပခဲ့ပြီး အစွမ်းအစရှိလူငယ်တွေဖြစ်တဲ့ ကုတ်ရေးသူ၊ ဒီဇိုင်နာ နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ လက်ရှိမြန်မာနိုင်ငံ အခြေအနေမှာ အရေးပါတဲ့ ကဏ္ဍတွေအတွက် Applicationတွေ ရေးဆွဲခဲ့ကြပြီး အကောင်းဆုံး ၃ခုကို စိစစ်ရွေးချယ်ကာ ဆုများချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ကုတ်ရေးသူ လူငယ် ၇၆ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပေါင်း ၁၇ဖွဲ့ဟာ NGO ကတင်ပြလာတဲ့ ပြဿနာ ၈ခုကို ဖြေရှင်းနိုင်မယ့် Application တွေကို ၄၈နာရီအတွင်း ရေးဆွဲယှဉ်ပြိုင်ခဲ့ကြရတာပါ။ ၄၈နာရီကြာ အကြိတ်အနယ်ယှဉ်ပြိုင်ကြပြီးတဲ့နောက် စုပေါင်းကုတ်ရေးပွဲကို မတ်လ ၁၆ရက်နေ့ ညနေ ၆နာရီမှာ ပြီးဆုံးသွားခဲ့ပါတယ်။ စုပေါင်းကုတ်ရေးပွဲကို Code for Change Myanmar ကနေ စုစည်းခဲ့ပြီး Internews ကနေ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူမှု စိန်ခေါ်မှုတွေကို ထဲထဲဝင်ဝင် နားလည်ပြီး နည်းပညာပိုင်းမှာ အတွေ့အကြုံရှိတဲ့ ဒိုင်လူကြီးများက အကဲဖြတ် အမှတ်ပေးခဲ့ကြပါတယ်။ အကဲဖြတ် အမှတ်ပေးခဲ့သူတွေကတော့ ဦးသောင်းစုငြိမ်း (အမှုဆောင်အရာရှိချုပ်၊ Information Matrix), ဒေါ်နှင်းနှင်းပိုင်း (လူသားဖွံ့ဖြိုးတိုးတက်ရေး ၀ါရင့်ပညာရှင်၊ The World Bank), ဒေါ်အေးမြလှိုင် (ကျောင်းအုပ်၊ The Sun Institute) နဲ့ Phil Morle (အမှုဆောင်အရာရှိချုပ်၊ Pollenizer Global) တို့ပဲဖြစ်ပါတယ်။

ပထမဆုကို ခေတ်မှီဆန်းပြားတဲ့ Android App ရေးဆွဲခဲ့တဲ့ ‘Nilbug’က ရရှိခဲ့ပါတယ်။ အနီးတစ်ဝိုက်မှာ ကျရောက်နေတဲ့ ပိုးမွှားတွေနဲ့ ရောဂါပိုးတွေအကြောင်း လယ်သမားတွေဆီ ကြိုတင်သတိပေးနိုင်မယ့် App တစ်ခုပါ။ ပထမဆုအနေနဲ့ ကန်ဒေါ်လာ ၁၀၀၀၊ SingTech Sapphire iTab Mini (tablet) တစ်လုံးစီ နဲ့ Phil Morle ရဲ့ StartUp Focus စာအုပ်တစ်အုပ်စီ ပေးအပ်ချီးမြှင့်ခံခဲ့ရပါတယ်။

ဒုတိယဆုကို ‘Electage’ အဖွဲ့က ရရှိခဲ့ပြီး ၂၀၁၅ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲ စည်းမျဉ်းနဲ့ မညီညွတ်မှုတွေကို ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့တွေအနေနဲ့ သတင်းပို့နိုင်စေမယ့် ap တစ်ခုကို ရေးဆွဲခဲ့ကြတာပါ။ ကန်ဒေါ်လာ ၅၀၀ နဲ့ SingTech ရဲ့ Sapphire Prime စမတ်ဖုန်း တစ်လုံးစီ ရရှိခဲ့ကြပါတယ်။

‘Mild Product’ အဖွဲ့ဟာ တတိယဆုရရှိခဲ့ပြီး အမျိုးသမီးများအတွက် သားဆက်ခြားမှုကို ထိန်းတဲ့နေရာမှာ ကူညီနိုင်မယ့် App တစ်ခုကို ရေးဆွဲခဲ့ကြတာပါ။ ကန်ဒေါ်လာ ၂၅၀နဲ့ SingTech iPure စမတ်ဖုန်းတစ်လုံးစီ ရရှိခဲ့ကြပါတယ်။

သီဟနိုင်

ဒီနှစ်သင်္ကြန်မှာ အထာကျအောင် ဘယ်လိုဝတ်ဆင်မလဲ



ဒီသင်္ကြန်မှာ ကားနဲ့ပဲလည်လည်၊ မဏ္ဍပ်ပဲထိုင်ထိုင် သင်္ကြန်နဲ့လိုက်ဖက်ပြီး အထာကျတဲ့ အမိုက်စားဖက်ရှင် ရွေးချယ်ဖို့ကလည်း အရေးကြီးပါတယ်။ ဘယ်လိုဒီဇိုင်းမျိုးတွေ ဆင်မြန်းရမလဲဆိုပြီး ခေါင်းစားနေတဲ့ ပျိုမေတွေအတွက် သင်္ကြန်နဲ့ လိုက်ဖက်မယ့် အ၀တ်အစား၊ ဒီဇိုင်းတွေကို ခုလို ဖော်ပြပေးလိုက်ပါတယ်။ ပုံထဲကလို ကွက်တိကြီး မဟုတ်ရင်တောင် ဒီပုံလေးတွေကနေ ကိုယ့်ဘာသာကိုယ် စိတ်ကူးကွန့်မြူးပြီး ရှာဖွေ ဆင်မြန်းကြည့်လိုက်ပါလို့။

၁။သင်္ကြန်ဆိုပေမယ့် ပူလွန်းတဲ့ ရာသီဖြစ်သလို နေရောင်ဒဏ်ကလည်း ကာကွယ်နိုင်အောင် ဂျက်ကတ်အမိုက်စားတွေ၊ student coat လို ကုတ်အမိုက်စားတွေ ရှာထားပါ။ အဆင်အသွေးကိုတော့ သင်္ကြန်နဲ့ လိုက်ဖက်မယ့် အတောက်ပုံစံလေးတွေ ၀တ်လိုက်ပေါ့။ ဒီစတိုင်လ်က လုံခြုံမှုလည်းရှိသလို ဆန်းလည်းဆန်းတယ်နော်။



၂။ဘောင်းဘီရှည်တွေ ၀တ်ဆင်ရမှာ ရိုးစင်းလွန်းတယ်လို့ ခံစားတတ်သူဆိုရင်တော့ ခုလို ဖက်ရှင်မျိုးလေး စမ်းဝတ်ကြည့်လိုက်ပါလား။ အရမ်းမတိုတဲ့ စကတ်ရယ်၊ အရောင်တောက်တောက်နဲ့ သင်္ကြန်နဲ့လိုက်ဖက်တဲ့ အင်္ကျံဒီဇိုင်းလေးရယ် ပေါင်းစပ်လိုက်ရင် အိုကေသွားမှာပါ။



၃။လိမ္မော်ရောင်ဘောင်းဘီရှည် ၀တ်ရတာ နည်းနည်းကြောင်တယ်လို့ ထင်နေတယ်ဆိုရင် မှားတယ်လို့ ပြောချင်ပါတယ်။ သင်္ကြန်ကာလမှာ ကိုယ်က ဘယ်လောက်ကြောင်တဲ့ ကာလ၀တ်ဝတ် တင့်တယ်ပြီးသားပါ။ တစ်ခုပဲ။ အင်္ကျံအရောင်တောက်တောက်ဆိုရင် ဘောင်းဘီကို ကာလာအငြိမ်လေး ၀တ်ပေးပါ။ ဘောင်းဘီဆိုရင်လည်း ဒီအတိုင်းပါပဲ။ အတောက်၊ အတောက်တွဲရင်တော့ နည်းနည်း မျက်စိစူးစရာ ဖြစ်မှာပေါ့။



၎။ရေဒဏ်၊ နေဒဏ်လည်း ခံနိုင်၊ ခေတ်အဆက်ဆက်ဘယ်တော့မှ ရိုးမသွားတဲ့အရာကတော့ ဂျင်းပါပဲ။ ဂျင်းဂျက်ကတ်နဲ့ ခုလို ရော့ခ်ကာစတိုင်လ် ၀တ်ဆင်တာမျိုးကလည်း ရိုးရိုးလေးနဲ့ အထာကျတဲ့စတိုင်လ်ပဲနော်။



၅။ဘောင်းဘီတိုပဲ ၀တ်ချင်တယ်ဆိုရင်တော့ အတိုအပွထက်၊ အတိုပေါင်နဲ့ကွက်တိလေးတွေ ၀တ်ဆင်ပါ။ လည်သာဂျက်ကတ်မရှိရင်တော့ အဆင်ပြေမယ့် ဂျက်ကတ်၊ ကုတ်အင်္ကျံတစ်ခုခုရှာလိုက်ပေါ့။



Ref:lookbook.nu

ကိုယ့်လက်ကိုင်ဖုန်းကို ကိုယ့်ရည်းစားထက်တောင် ပိုခင်တွယ်နေပြီလား



အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဖုန်းကိုပိုခင်တွယ်တတ်ကြတယ်တဲ့။ ကိုယ့်လက်ကိုင်ဖုန်းလေးကို တသသနဲ့ လက်ထဲကပြုတ်ကျမှာ၊ တစ်နေရာမှာ ကျန်ခဲ့မှာကို စိုးရိမ်တတ်ကြတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ရည်းစားနဲ့ တွေ့ဆုံချိန်တွေမှာတောင် လက်ထဲက ဖုန်းကိုမချနိုင်ပဲ ဟိုကလိ၊ ဒီကလိလုပ်တတ်ကြလွန်းလို့ အမျိုးသားတွေက သူတို့ထက် ဖုန်းကို ပိုချစ်နေပြီလားလို့ မေးခွန်းထုတ်ကြတဲ့အထိပါပဲ။ ဘာ့ကြောင့်များ သူတို့တွေ ဖုန်းကို ခင်တွယ်နေကြပါသလဲ။

၁။ဖုန်းဟာ ကိုယ့်အိပ်ယာဘေးမှာ အမြဲရှိနေတတ်တယ်လေ။ နာရီကြည်ဖို့ဆိုရင်လည်း ဖုန်းကို လှမ်းယူကြည့်လိုက်ရုံပဲ။ Alarm ပေးရင်တောင် ဖုန်းနဲ့ပဲ။ တစ်ခါတစ်လေ ဖုန်းနဲ့သီချင်းလေး ဖွင့်ပြီးတော့တောင် အိပ်ယာဝင်လိုက်သေး။ အိပ်ယာနိုးနိုးချင်း ပထမဆုံး မြင်ရတာကလည်း ကိုယ့်လက်ကိုင်ဖုန်းလေးပဲကိုး။

၂။ချစ်သူရဲ့ မိဘနဲ့ တွေ့ဆုံဖို့သာ အချိန်မရှိတာ။ facebook ထဲက သူငယ်ချင်းတွေနဲ့တော့ အချိန်တိုင်းကို တွေ့နေရတာပဲ။ ဒါကလည်း လက်ကိုင်ဖုန်းကြောင့်ပေါ့။

၃။ရေချိုးရင်လည်း ရေချိုးခန်းထဲ သယ်လို့သယ်။ ဒါမှ ဖုန်းခေါ်သံကို ကြားရမှာကိုး။ message ၀င်ရင်လည်း လွယ်လွယ်ကူကူ သိနိုင်မယ်လေ။

၎။ချစ်သူက ဘာပြောနေမှန်း သိချင်မှသိမယ်။ Instagram မှာ ဘယ်သူက ပုံဘယ်နှစ်ပုံ တင်ပြီးပြီလဲ ဆိုတာကိုတော့ အတိအကျ ပြောနေတတ်ပြန်ရော။

၅။တစ်ခါတစ်လေ အိမ်မှာဖုန်းကျန်ခဲ့လို့ ရည်းစားကို နေဦးဆိုပြီး ဖုန်းပြန်ယူရတာလည်း ရှိသေး။ တစ်ရက်တစ်လေပဲဆိုပြီး အိမ်မှာ လက်ကိုင်ဖုန်းကျန်ခဲ့ရင် ဘယ်လိုမှ အဆင်ပြေပြေ မနေနိုင်ဘူးလေ။ ဟာတာတာ ဖြစ်နေတတ်တယ်မဟုတ်လား။

၆။ရည်းစားက ကိုယ်နဲ့ညစာတူတူ စားနေရင်းကနေ အိမ်နောက်ဖေးသွားပြီး တစ်ခုခု သွားယူရင်တောင် ဖုန်းကနေ message ပို့ပြီး အိမ်နောက်ဖေးက ဘာလေးယူလာခဲ့ပါဆိုတာမျိုးကလည်း လုပ်တတ်သေး။

၇။သူနဲ့အပြင်မှာ ပြောဆိုနေကျအရာတွေထက် သူ့ရဲ့ facebook wall မှာ ကိုယ်ပို့စ်သွားလုပ်ထားတဲ့ပုံတွေ၊ စာတွေက ပိုများနေသလားလို့။ စဉ်းစားကြည့်ပါဦး။ ပြောဖြစ်တဲ့အကြောင်းအရာက ၁၅ခုဆို၊ သူ့ဝေါပေါ်မှာ ကိုယ့်ပို့စ်က အခု ၅၀လောက်ဖြစ်ချင်ဖြစ်နေတာ။

၈။နောက်ဆုံး ကိုယ့်ရည်းစားက ဖုန်းကို ချထားလိုက်စမ်းလို့ မပြောမချင်း ကလိနေတတ်တာဟာ ချစ်သူနှစ်ဦးအတွက် ကတောက်ကဆ ဖြစ်ခြင်းရဲ့ အစတွေပါ။

Ref:cosmopolitan.com

အလုပ်ရမည်ဟုခေါ်ဆောင်ကာ တရုတ်နိုင်ငံတွင် ရောင်းစားခဲ့သူကို အရေးယူပေးရန် တိုင်တန်း


ရွှေပြည်သာမြို့နယ်နေ ဒေါ်--- မှ လွန်ခဲ့သော(၁)နှစ်ကျော်ခန့်က ၎င်းနှင့် သမီးဖြစ်သူ မ--- တို့ထံသို့ ရွှေပြည်သာမြို့နယ်၊ (၁၈)ရပ်ကွက်နေ မစိုးစိုး(စိစစ်ဆဲ)ရောက်ရှိလာပြီး ရှမ်းပြည်နယ် ရှိ ယူနီဆက်ဆေးဝါးဖြန့်ဖြူးရေးစက်ရုံတွင် အလုပ်လုပ်ကိုင်ရန် လူလိုနေကြောင်းနှင့် တစ်လလျင် လစာ (၁)သိန်းခွဲ၊ (၂)သိန်းခန့်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ၎င်းတို့မှလုပ်ကိုင်လိုကြောင်းပြောဆိုခဲ့ရာ ၇.၁၁.၂၀၁၂ရက်နေ့ ၁၄၀၀အချိန်ခန့်တွင် မစိုးစိုးမှ သမီးဖြစ်သူကို လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ခေါ်ဆောင်သွားခဲ့ပြီး အဆက်အသွယ်မရရှိတော့ကြောင်း၊ ၁၆.၃.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်ခန့်တွင် ဒေါ်----၏ဖုန်းသို့ သမီးဖြစ်သူမှ ဆက်သွယ်လာပြီး မစိုးစိုးမှ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံတွင် ၎င်းအား ရောင်းစားခဲ့ကြောင်း၊ ယခုအခါ ကလေးတစ်ယောက်ရရှိ
နေပြီဖြစ်ကြောင်း၊ ပြန်လည်ခေါ်ယူနိုင်ရေး ဆောင်ရွက်ပေးပါရန်ပြောပြသဖြင့် ဖြစ်စဉ်ကိုသိရှိခဲ့ရကြောင်းနှင့် ယင်းကဲ့သို့သမီးဖြစ်သူအားရောင်းစားခဲ့သူ မစိုးစိုးကို အရေးယူပေးပါရန်တိုင်တန်းချက်အရရွှေပြည်သာမြို့မ ရဲစခန်း(ပ) ၁၇၄/၂၀၁၄၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

အစ်ကိုဖြစ်သူက အမျိုးဇာတ်မတူသော မိန်းကလေးကို ခိုးပြေးသွားသောကြောင့် ညီမဖြစ်သူကို အုပ်စုဖွဲ့ မုဒိမ်းကျင့်


ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်အတွင်းတွင် အသက် ၂၂ နှစ်အရွယ် ဆာနော်လာအမည်ရှိသူသည် အမျိုးဇာတ်မတူသော မိန်းကလေးတစ်ဦးကို ခိုးပြေးသွားသောကြောင့် ဆာနော်လာ၏ ညီမဖြစ်သူ ကို ပြန်ပေးဆွဲကာ နျစ်ကြိမ်တိတိ အဓမ္မမင်္ဂလာဆောင်ပေးခဲ့ပြီး နောက်ထပ်မံအုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ သည့်အပြင် တစ်ကိုယ်လုံးချွတ်၍ သစ်ပင်၌ချည်ထားကာ လက်တုံ့ပြန်ခဲ့ကြကြောင်း သိရသည်။ ချီနော့တ်ဒေသ မှ တစ်ရွာတည်းသားများဖြစ်သော မူလာအမျိုးဇာတ်မှ လူတစ်ဦး၏ သမီးကို ဆာနော်လာက နှစ်ဘက်မိဘမှ သဘောမတူသောကြောင့် ခိုးပြေးသွားခဲ့ပြီး နောက်တွင် ၎င်းမိန်းကလေး၏ မိသားစုက ရွာ၏ကောင်စီအဖွဲ့ကို တိုင်ကြားခဲ့သည်။ ကောင်စီကလည်း ဆာနော်လာ၏ ညီမဖြစ်သူကို ခိုးပြေးခံရသည့် မိန်းကလေး၏ အစ်ကို ဇာဟိအာလိနှင့် ပေးစားရန်အမိန့်ချမှတ်ခဲ့သည်။ ယင်းနောက်တွင် ဇာဟိ၏အပေါင်းပါတစ်ဦးသည် ဖာနော်လာအား ပြန်ပေးဆွဲသွားကာ ငါးရက်ကြာပေါင်းသင်းနေထိုင် ၍ ပြန်လည်ကွာရှင်းပေးခဲ့သည်။ ၎င်းအပြင် ဇာဟိ၏ မိသားစုသည် ၎င်း မိန်းကလေးအား ဇာဟိ၏ အစ်ကိုဝမ်းကွဲဖြစ်သူနှင့် ထပ်မံလက်ထပ်ပေးခဲ့ကြပြန်သည်။ ရက်အနည်း ငယ်ကြာပြီးနောက် ဇာဟိ၏ မိသားစုဝင်လေးဦးသည် မိန်းကလေးအား အုပ်စုလိုက်အဓမ္မပြုကျင့် ခဲ့ကြပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ကြကာ တစ်ကိုယ်လုံးချွတ်၍ ရွာထဲရှိသစ်ပင်၌ ကြိုးချည်ထားပြီး ဆာနော်လာခိုးပြေးသွားသော ၎င်းတို့၏ သမီးနှင့် ပြန်လာလဲရန် ဆာနော်လာ၏ မိဘများကို တောင်းဆိုခဲ့ကြသည်။ ၎င်းမိန်းကလေးသည် အဖမ်းခံခဲ့ရပြီး တစ်လအကြာ တွင် ပြန်လည် လွတ် မြောက်လာခဲ့ပြီး တရားရုံးသို့ တိုင်းကြားခဲ့ရာတွင် တရားသူကြီးက မိန်းကလေး အား ဆေးဖိုးဝါးခပေး ၍ အမှုအား မှတ်ပုံတင်စာရင်းရေးသွင်းထားရန်သာ အမိန့်ချမှတ်ခဲ့သည်။ ဖေဖော်ဝါရီလအစောပိုင်း တွင်ဖြစ်ပွား ခဲ့သော ၎င်းဖြစ်ရပ်တွင် ရွာကောင်စီသည် အမျိုးဇာတ်မတူသော မိန်းကလေးအား ခိုးပြေးသွား သူ၏ ညီမဖြစ်သူနှင့် ဇာဟိကို အဓမ္မမင်္ဂလာ ဆောင်ပေးရန် အမိန့်ချမှတ်ခဲ့ကြောင်းကိုသာ ရဲများက အတည်ပြုပြောဆိုခဲ့ သည်ဟုသိရ သည်။

Wednesday, March 19, 2014

အင်တာနက်စနစ်ကို ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းစီစဉ်




ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုစနစ်ကို အများပြည်သူသို့ ဝန်ဆောင်မှုပေးရောင်းချနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၎င်းတို့၏ ဝန်ဆောင်မှုအသစ်အတွက် ပြည်တွင်း၊ ပြည်ပ နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်ထားသည်ဟု ယင်းလုပ်ငန်းမှ စုံစမ်းသိရသည်။ အဆိုပါ လုပ်ငန်းအနေဖြင့် ဝိုင်ဖိုင်အင်တာနက်စနစ်ကို အကျိုးတူ လုပ်ကိုင်လိုသော ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်လိုသည့် ကုမ္ပဏီများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုအစီအစဉ်ကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်နိုင်ရန်နှင့် အများပြည်သူသို့ ရောင်းချနိုင်ရန် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဝန်ကြီးဌာန၏ ရွေးချယ်ခံထားရသော ဝိုင်ဖိုင်ကုမ္ပဏီများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းပြီး ပြည်တွင်းအင်တာနက်ဝန်ဆောင်မှုကို Borband Wireless စနစ်ဖြင့် သုံးစွဲသူများသို့ ပေးနိုင်ရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အဆိုပါ Broadband Wireless စနစ်ဖြင့် အင်တာနက်ဝန်ဆောင်မှုကို ပြည်တွင်း၊ ပြည်ပ နည်းပညာကုမ္ပဏီများဖြင့် ပူးပေါင်းမည့် အစီအစဉ်အပါအဝင် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍအတွက် အစိုးရမှ လုပ်ဆောင်နေသည့် စီမံကိန်းအများစုသည် ယခုနှစ်လယ်ပိုင်းခန့်တွင် အပြီးသတ်နီးပါးအထိ လုပ်ဆောင်ပြီးမြောက်နိုင်ဖွယ်ရှိနေသည်ဟု အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

ယုဇနကိုကို

ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူ၍ Sunday Sport မျက်နှာဖုံးတင်




"ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူသည့် သတင်းကို မတ် ၁၄ ရက်ထုတ် Sunday Sport သတင်းစာမျက်နှာဖုံးတွင် ဖေါ်ပြထားသည်။

လေယာဉ်ကြီးကျရောက်သဖြင့် လကမ္ဘာပေါ်ဝယ် အရာထင်နေသော ဓာတ်ပုံကိုလည်းယင်းမျက်နှာဖုံးတွင်ပင်
ဖေါ်ပြထားပြန်သည်။

ဗြိတိန်နိုင်ငံထုတ် Sunday Sport သတင်းစာကို ၁၉၈၆ ခုနှစ်က စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အညှီအဟောက်သတင်းများ၊ အတင်းအဖျင်းသတင်းများနှင့် မဖြစ်နိုင်သောသတင်းများကို ဖော်ပြသည့်သတင်းစာအဖြစ်နာမည်ကြီးသည်။

ယင်းသတင်းစာဝယ် လန်ဒန်မှ နှစ်ထပ်ဘတ်စ်ကားကြီးတစ်စီးကို အန္တာတိကတိုက်ရေခဲပြင်အောက်တွင်တွေ့ရှိ၊ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးကြဲလေယာဉ်ကြီးတစ်စီးကို လကမ္ဘာပေါ်တွင်တွေ့ရှိဟူသည့် သတင်းများကိုလည်းဖော်ပြခဲ့ဖူးသည်။

Popular

နေနှင့်အနီးဆုံး ဗုဒ္ဓဟူးဂြိုဟ် အချင်းကိုးမိုင်နီးပါး ကျုံ့ဝင်ခဲ့




နေစကြ၀ဠာ အဖွဲ့အစည်း၏ အသေးငယ်ဆုံးဂြိုဟ်နှင့် နေနှင့်အနီးဆုံး ဂြိုဟ်ဖြစ်သည့် ဗုဒ္ဓဟူးဂြိုဟ်သည် လွန်ခဲ့သောနှစ်ပေါင်းလေးဘီလီယံ ကာလအတွင်း အချင်းအားဖြင့် ကိုးမိုင်နီးပါးမျှကျုံ့ဝင်ခဲ့ရာ ယခင်ခန့်မှန်း ခဲ့ကြသည်ထက်ကျုံ့ဝင်မှုနှုန်းပိုများကြောင်း မတ် ၁၇ ရက်သတင်းများတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးဂြိုဟ်၏ မြေအောက်သံရည်ပူဝင်ရိုး အေးမြလာမှုကြောင့် ယင်း ဂြိုဟ်သည်လည်း အချင်းအားဖြင့် ၈ ဒသမ၆ မိုင်အထိ ကျုံ့ဝင်သွားကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

ဗုဒ္ဓဟူးဂြိုဟ်မည်မျှ ကျုံ့ဝင်သွားရသည်ကို လေ့လာတွက်ချက်နိုင်ရေး အတွက် အမေရိကန်သိပံ္ပပညာရှင်များသည် ဗုဒ္ဓဟူးဂြိုဟ်လေ့လာရေး အာကာသယာဉ် မက်ဆင်ဂျာ၏ အကူအညီဖြင့်တောင်စွယ်တန်းများ၊ တွန့်ခေါက်ကြောင်းများအပါအ၀င် ဗုဒ္ဓဟူးဂြိုဟ်မျက်နှာပြင်ဖွဲ့စည်းမှုပုံစံ ၅၉၀၀ ကျော်တို့ကို လေ့လာဆန်းစစ်ခဲ့ကြရသည်။

နေစကြ၀ဠာအတွင်းရှိ ဂြိုဟ်တိုင်းလိုလိုသည် အတွင်းပိုင်းအပူချိန်များ ပုံစံ အမျိုးမျိုးဖြင့် ဆုံးရှုံးရတတ်သော်လည်းအပူချိန်ကျဆင်းလာမှုကြောင့် ဗုဒ္ဓဟူးဂြိုဟ် မျက်နှာပြင်အပေါ် ပုံမှန်မဟုတ်သည့်အကျိုးသက်ရောက်မှုရှိခဲ့သည်။
ဗုဒ္ဓဟူးဂြိုဟ်သည် ကမ္ဘာဂြိုဟ်ကဲ့သို့ ကျောက်လွှာအထပ်ထပ်ဖြင့် ဖွဲ့စည်း ထားသော ဂြိုဟ်မျိုးမဟုတ်ဘဲ ကျောက်လွှာတစ်ထပ်တည်းသာရှိသည့် ဂြိုဟ်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။

၁၉ ရာစုနှစ် ဥရောပသိပ္ပံပညာရှင်များသည် ကမ္ဘာကြီးကျုံ့ဝင်ခဲ့သည်ဟူ သော အယူအဆကို ယုံကြည်ခဲ့ဖူးကြသည်။ သို့ရာတွင် နောက်ပိုင်း၌ ကမ္ဘာဂြိုဟ်သည် ကျောက်လွှာတစ်ထပ်တည်းဖြင့်ဖွဲ့စည်းထားသော ဂြိုဟ်မျိုးမဟုတ်ဘဲလွတ်လပ်စွာရွေ့လျားနေသော မြေလွှာကြီးများဖြင့် ဖွဲ့စည်းထားကြောင်း သိရှိခဲ့ရပြီးနောက် အထက်ပါအယူအဆပျက် ပြယ်ခဲ့ရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းမရ၍ အိမ်မီးရှို့





 ဟားခါးမြို့တွင် မီးစွဲလောင်နေသောအိမ်ကို မီးငြှိမ်းသတ်ပြီးနောက်တွေ့ရစဉ်

အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းရာ မရ၍ နေအိမ်ကိုမီးရှို့ခဲ့မှု ဟားခါးမြို့တွင်ဖြစ်ပွားခဲ့ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် မတ်လ ၁၆ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ ခန့် မီးလောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အိမ်ကို မီးရှို့တာက အိမ်ပိုင်ရှင်ရဲ့သမီးပါ။ သူက အရက်စွဲနေတာ။ သူ့အမေကို အရက်ဖိုးတောင်းတာမရလို့ အိမ်ကိုမီးရှို့ခဲ့တာပါ’’ဟု ချင်းပြည်နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက မီးလောင်မှုအကြောင်းရင်းကို အတည်ပြု ပြောကြားသည်။

အဆိုပါနေအိမ်တွင် မိသားစုခြောက်ဦးနေထိုင်ပြီး အိမ်ထောင်ဦးစီးအမျိုးသားကြီးမှာ လေဖြတ်နေသူတစ်ဦးဖြစ်သောကြောင့် အနီးပတ်ဝန်းကျင်မှ လူများက ကယ်တင်ခဲ့ရကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ကို မီးရှို့ခဲ့သည့် အသက်(၂၅)နှစ်အရွယ် အမျိုးသမီးကို ဟားခါးမြို့နယ်ရဲစခန်းမှ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။



Related Posts Plugin for WordPress, Blogger...