Monday, July 28, 2014

Sexy Post လုပ်ပြီး ဓာတ်ပုံရာင်းစားတဲ့ ဇာဇာထက်




Sexy Model အဖြစ် နှင့် သာ ရပ်တည် သွား မည် ဟု ဖွင့်ဟ လာ သည့် မော်ဒယ် ဇာဇာထက် က Sexy Post များဖြင့် နိုင်ငံ တကာ ပရော် ဖက်ရှင် နယ် မော်ဒယ် ဖြစ် ကြိုးစား သွားမည် ဖြစ် ကြောင်း နှင့် Sexy Dance များကို လည်း စိတ်ဝင် စား ကြောင်း ပြော သည်။

ဇာက Sexy Dance ကို စိတ်ဝင်စားတယ်။ Sexy Dance ကိုလည်း နည်း နည်း သင်ထား တာ ဆို တော့ ဒါကို ကူညီပေး ပါ။ ရိုက်ပေးပါဆိုရင်တော့ ရိုက်ပေးပါတယ်။ Dance သီးသန့် တော့ မဟုတ်ဘူး။ ဇာက လည်း Sexy Post နဲ့ ထိုး ဖောက်ချင်တာပေါ့။

ဇာလုပ်တဲ့ Sexy Post ဆိုရင် နိုင်ငံခြားက လူတွေကလည်း လက်ခံတယ်။ စင်ကာပူဆို တော်တော် လက်ခံတယ်။ ဇာလုပ်တဲ့ Art နည်းနည်း Sexy ကျတယ်။ မြန်မာ အမြင်နဲ့ ရိုင်းချင်ရိုင်းမယ်။ ကိုယ့်ရဲ့ ကိုယ်လုံး ကိုယ်ပေါက်နဲ့ မြန်မာ အမျိုးသမီး တစ်ယောက် ရဲ့ Sexy ကို နိုင်ငံ တ ကာ ကို ပြချင်တာပေါ့။

စင်ကာပူဆိုရင် သူတို့နိုင်ငံထုတ် မဂ္ဂဇင်းတွေ မှာ Cover ရိုက်ရတယ် ဆိုတော့ ၀မ်း သာ ပါတယ်။ ဇာကတော့ Sexy Model အနေနဲ့ပဲ ရပ်တည်သွားမယ်။ ပရော်ဖက်ရှင်နယ်အထိကို၊ နိုင်ငံ တ ကာ အထိကို ထိုးဖောက်နိုင်တဲ့ အထိ ကြိုးစား ပါ့မယ်။ တစ်ခါ တလေ ကျ တော့လည်း စိတ်ဓာတ် ကျ တယ်။ Impression အရမ်းဒေါင်း တယ်။ ဒီလိုမျိုး လုပ်နေရ တာတွေကိုလေ။

တချို့ကပြောတယ်၊Sexy Post ရိုက် တယ် ပေါ့။ မြန်မာပြည်မှာက အမြင်မရှိကြဘူး။

ဇာဇာထက်က Sexy Post ပုံ ရိုက်တယ်။ ဇာဇာထက်ကို ခေါ်လို့ ရချင်ရမယ်။ မရချင်မရဘူး။ Sexy Post ရိုက်တာနဲ့ ပျက်စီးနေတာ မဟုတ်ဘူး။

ကိုယ့်ရဲ့ အနုပညာ ကို လက်ခံ လာ အောင် လုပ်တယ်။ ပေါ်ပြူလာဖြစ်ချင်လို့မဟုတ်ဘူး။ ကိုယ်နဲ့ လိုက်လို့ လုပ်ဖြစ်တာ။

အဲဒီ လမ်း ကြောင်း ပေါ် မှာ ကိုယ့်ကို လက်ခံတဲ့သူရှိသလို၊ လက်မခံတဲ့သူ လည်းရှိတယ်။ ဇာက Facebook မှာ ဓာတ်ပုံတော့ သိပ် မ တင် ဖြစ်ပါဘူး။

Sexy ပုံတင်တာ များ သွားရင် မြန်မာပုံလေးတွေ ပြောင်း တင်တယ်။ တင်ပြီးသွားရင်လည်း Comment ကို မဖတ် ဘူး။ Website တွေမှာတော့ တင်တယ်။

ဇာ့ ကို Website တင်မယ်၊ ဘယ် လောက် ပေးမလဲ၊ ရိုက်ပေးမယ်။ သူတို့ဘက်ကလည်း အဲဒီလို ပုံလေးတွေ ရိုက်မယ်။ ငါးသိန်း ပေးမယ်။ အဲဒါဆို လက်ခံ တယ်။ အတိုင်းအတာအရေအတွက်နဲ့ ရိုက်ပေးပါတယ်။

သူများတွေ ကတော့ မသိဘူး။ ဇာကတော့ Sexy ပုံတွေ ကို ရောင်းစားတယ်။ ခန္ဓာ ကိုယ်ရှိတုန်း သူတို့ငှားတဲ့ အချိန် အထိပေါ့နော်။ ဒါဆို ကိုယ်လည်း အပြောခံရ တာ တန် တယ်။ ပေါက်လည်း ပေါက်တယ်။

Sexy Post ရိုက်တယ်ဆိုပေမယ့် စိတ်က မတန်ပါ ဘူး။ အားလုံးကို ယဉ် ယဉ်ကျေးကျေး နဲ့ ဆက်ဆံပါတယ်””ဟု ဇာဇာထက်က ပြော သည်။ဇာဇာထက်သည် Sexy Model အဖြစ် သီးသန့််ရပ် တည်နေပြီး Two Pic ၀တ်စုံနှင့် ရိုက်ကူးရန် ဒေါ်လာတစ်ထောင်ဖြင့် လက်ခံထားကြောင်းပြောပြသည်။

ဇာ နှင့် သီးသန့် ဆွေးနွေးလိုသူများ
ဆွေးနွေးနိုင်ပါသည် ………

ဇာ့ ကို ချစ်ရင် ဇာ့ကိုကြိုက်ရင်
Like တချက်နှိတ်ပြီးအားပေးကြပါဦးလို့ ………

ဇာဇာထက်

ကမ္ဘာတလွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၀) နေရာ ဖြစ်ကြောင်း ကို လေ့လာသိရှိရ




၎င်းတို့မှာ...

(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတဆူ...။

(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ခြေတော်ရာတဆူ...။

(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတဆူ...။

(တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)

(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက် သုံးလီအကွာ၌ ခြေတော်ရာတဆူ။(ဖာယီယန်၏ မှတ်တမ်းအရ)

(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတဆူ။

(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊သာစည်ထောင့်ရွာအနီး ၌ ခြေတော်ရာ တဆူ...။

(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင် ဓာတ်တော် အနီးရှိ ခြေတော်ရာတဆူ...။

(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း (မန်းရွှေစက်တော်)၌ အောက်,အ ထက် ခြေတော်ရာနှစ်ဆူ...။

(၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော်ရာ တဆူ...။

(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာခြေတော်ရာတစုံ...။

စသည်တို့ ဖြစ်ကြကြောင်း ..... ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်၊မဟာသုခပါဠိတက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထား ပါသည်။

မြတ်စွာဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွ သုနာပရန္တ ယောနက တိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်စကုမြို့နယ်လယ်ကိုင်းကျောင်းတော်ရာ ဒေသ) သို့လည်း ကြွရောက်ခဲ့တော်မူ၏...။

ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ ပြန်အကြွနမ္မဒါမြစ်(ယခုမန်းချောင်း)အနီးသို့
ရောက် သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်း နဖူး ကျောက်ဖျာထက်တွင် လက်ဝဲခြေတော်ရာကို ချပေးခဲ့၏..။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။

ဆက်လက်၍ကြွမြန်းစဉ်ထိုမြစ်အနီးသစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော်ရသေ့၏လျှောက်ထားတောင်း ပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကို တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟုဆိုကြသည်။

သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ် ခြေတော်ရာဖူးရင်း စေတီများတွင် ပွဲတော်များ ကျင်းပခဲ့လေသည်။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီး တောင်ဖီလာ ဆရာတော်ကြီး (ဓားမကူး ဆရာတော်)၏ ဖော်ထုတ်မှုဖြင့်ပွင့်ပေါ်လာခြင်းဖြစ်ကြောင်း မှတ်သားရပါသည်...။


FROM-THE NEW LIGHT MEDIA

မြစ်ကြီးနားတွင် ကျား/မ လိင်ဆက်ဆံရာတွင် အသုံးပြုသော ကာမရာဂ စိတ်ကြွ ဆေးဝါးများပြန့်နေ




 မြစ်ကြီးနားမြို့ပေါ်တွင် တရားမ၀င် တင်သွင်း ရောင်းချလျက် ရှိသော ကျား/မ လိင်ဆက်ဆံရာတွင် အသုံးပြုသော ကာမရာဂ စိတ်ကြွ ဆေးဝါးများ ရောင်းချလျက်ရှိသော ဆေးဆိုင်များ ဖြစ်သည့် ရှိန်းဆေးဆိုင်၊ ဈေးကြီးတန်း၊ ပိုင်ရှင်-ဦးမြင့်သိန်း၊ ၄၄ နှစ်၊ (ဘ) ဦးရှိန်း၊ မြို့မရပ်ကွက်။ လမ်းဘေးဆေး အရောင်းဆိုင်၊ ၀ိုင်းမော် ကူတိုးဆိပ်ဟောင်း နှင့် အောင်ဆန်း လမ်းထောင့်၊ ပိုင်ရှင်- မယဉ်ယဉ်မြင့်၊ ၄၅ နှစ်၊ (ဘ) ဦးလှအောင်၊ အောင်နန်းရပ်ကွက်။ ညဈေးတန်း လမ်းဘေး ဆေးဆိုင်၊ ဖူဂျီ အအေးဆိုင်ရှေ့၊ အောင်ဆန်းလမ်း၊ ပိုင်ရှင်-ဦးမင်းမင်း၊ ၃၅ နှစ်၊ (ဘ) ဦးလှမောင်၊ အေးစေတီ ရပ်ကွက်။ ညသီးယံ ကွမ်းယာနှင့် ဆေးအရောင်းဆိုင်၊ ၀ိုင်းမော်ကူးတို့ဆိပ် လမ်းဟောင်းနှင့် အောင်ဆန်းလမ်း ထောင့်၊ ပိုင်ရှင်- ဦးသိန်းဝင်း၊ ၄၇ နှစ်၊ (ဘ) ဦးကောင်းကင်၊ မြို့သစ်ကြီး။ ကရ၀က် ဆေးဆိုင်၊ ပိုင်ရှင်- ညီညီအောင်၊ ၃၃ နှစ်၊ (ဘ) ဦးမြင့်အောင်၊ နယ်မြေ(၂)၊ မြို့သစ်ရပ်ကွက် စသည့် ဆေးဆိုင်များအား ကျန်းမာရေး ဦးစီးဌာန၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်များမှ အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများ၊ အရံ မီးသတ် တပ်ဖွဲ့များနှင့် တာဝန်ရှိသူများ သက်သေ လိုက်ပါလျက် လိုက်လံ စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း သိရှိရ ပါသည်။ အဆိုပါ တရားမ၀င် ဆေးဝါးများ ရောင်းဝယ် ဖောက်ကား သူများအား အမျိုးသား ဆေးဝါး ဥပဒေ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိပါသည်။

ချက်ကြီးနဲ့ ပြိုင်ဘယ်သူနိုင်(မှတ်ချက်-၁၈ နှစ်ပြည့်မှ ကြည့်ပါ)




နာမည်ကြီးနေသည့် ဆီဒိုးနားဟိုတယ် ဗွီဒီယို အပိုင်း(၁) ထွက်လာပြီး ရုပ်ရှင်သရုပ်ဆောင်လား၊ လူကြီးသား လား မကွဲပြား ကြောင်း ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်များမှ သိရှိရသည်။ ဆီဒိုးနားဟိုတယ် (အပိုင်း-၁) ခေါင်း စဉ်ဖြင့် နာမည်ကျော် ဒေါက်တာချက်ကြီး ဘလော့တွင် ဖော်ပြထားပြီး( http:// doctor-chatgyi. blogspot.com/ )တွင် ကြည့်ရှုနိုင်သည်။ (မှတ်ချက်-၁၈ နှစ်ပြည့်မှ ကြည့်ပါ)

ထို့ ပြင်ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့် ဟိုတယ်တစ်ခု ဖြစ်သော ဆီဒိုးနား ဟိုတယ်တွင် လျှို့ဝှက် ကင်မရာ တပ်ဆင်၍ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတစ်ခု အွန်လိုင်းတွင် ပြန့်နှံ့ လျက်ရှိကြောင်း သိရှိ ရသည်။


အဆိုပါဆီဒိုးနားဟိုတယ်(အပိုင်း၁)ခေါင်းစဉ်ဖြင့်(http://myanmarfemalegirl.blogspot.com/2013/09/sedona-hotel-yangon.html)တွင် လျှို့ဝှက်ကင်မရာ တပ်ဆင်၍ ရိုက်ကူး ထားသော ဗီဒီယိုမှတ်တမ်း တစ်ခုထပ်မံတွေ့ ရှိရသဖြင့်၎င်းဗီဒီယိုမှတ်တမ်း(၂)ခုအားပရိတ်သတ်များကြည့်ရှူပြီး ဝေဖန်လေကန်နိုင်အောင် အတွက် မျှဝေပေးလိုက်ပါသည်။(မှတ်ချက်-၁၈ နှစ်ပြည့်မှ ကြည့်ပါ)


FROM-SINGAPORE FEEL

ကမ်းခြေမှာ လမ်းလျှောက်နေသူ လေယာဉ် တိုက်၍ သေဆုံး


MONDAY, JULY 28, 2014

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကမ်းခြေတခုမှာ အင်ဂျင်တလုံးတပ် လေယာဉ်တစီးက လမ်းလျှောက်နေသူ ၂ ဦးကို တိုက်မိလို့ ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရသွားပါတယ်။




ဖလော်ရီဒါ ကမ်းခြေက လေယာဉ်တိုက်မှု မြင်ကွင်း၊ ဓာတ်ပုံ- NBC

ဖလော်ရီဒါ Venice မှာ ရှိတဲ့ Caspersen Beach မှာ လေယာဉ်ဆင်းသက်ရာမှာ လမ်းလျှောက်နေသူ ဖခင်နဲ့ သမီးတို့က ကမ်းခြေမှာ လမ်းလျှောက်နေချိန်ဖြစ်ပါတယ်။ လေယာဉ်က သူတို့ ၂ ဦးကို တိုက်မိရာ မှာ လမ်းလျှောက်နေ သူ ဖခင်ဖြစ်သူ သေဆုံးသွားပြီး သမီးဖြစ်သူကလည်း ဒဏ်ရာရသွားတယ်လို့ Sarasota County Sheriff ရဲ့ ပြောခွင့်ရ Wendy Rose က NBC သတင်းဌာနကို ပြောပါတယ်။

မနေ့က ဒေသစံတော်ချိန် ညနေ ၃ နာရီလောက်က လေယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့သမီး
ဖြစ်သူကို လည်း ရဟတ်ယာဉ်နဲ့ ကလေးဆေးရုံကို ခေါ်သွားပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုတယ်။

အခုလို လေယာဉ်တိုက်မှုနဲ့ လူသေဆုံး၊ ဒဏ်ရာရမှု ရှိတဲ့အတွက် အမျိုးသား ပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေး ဘုတ်အဖွဲ့ ကလည်း စုံစမ်းစစ်ဆေးမှု လုပ်နေပြီလို့ သိရပါတယ်။

လေယာဉ်ပေါ်ပါတဲ့ လေယာဉ်မောင်းသူနဲ့ ခရီးသည်ကတော့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး။

ဆိုင်ကယ်စီးလားရင်း လေယာဉ်တိုက်ခံလိုက်ရလို့ သေဆုံးသွားတဲ့ ဦးပြားလိုအဖြစ်ဆိုးမျိုး မြန်မာနိုင်ငံမှာပဲ ရှိတယ် ထင်ခဲ့ရတာပါ။ ဒါကြောင့် မြန်မာနိုင်ငံက လူတွေက ဆိုင်ကယ်စီးရင်း လေယာဉ်သတိထား လို့တောင် ပြောစမှတ်ရှိ ခဲ့ကြ တာပါ။

အခု ဒီသတင်းကြောင့် အမေရိကန်မှာလည်း ကမ်းခြေမှာ လမ်းလျှောက်ရင်း လေယာဉ်ပျံ ဝင်တိုက်မှာကို သတိထားရမယ် လို့ ပြောစမှတ်တွင်လာဖွယ် ရှိနေပါတယ်။

Sunday, July 27, 2014

သန့်စင်ခန်းအတွင်း လည်ပင်းလှီးဖြတ်ဒဏ်ရာများနှင့် မသင်္ကာဖွယ်ရာ လူတစ်ဦးသေဆုံး


ထီးချိုင့်၊ ဇူလိုင် ၂၇


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကြက်တကောင်းကျေးရွာနေ ဒေါ်အေးဆိုင်၏ ခြံဝင်းအတွင်းရှိ သန့်စင်ခန်းအတွင်း၌ လည်ပင်းလှီးဖြတ်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေသည့် အတွက် ကြက်တကောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဖြိုး ဆိုသူမှ ထီးချိုင့်မြို့မရဲစခန်းမှူး ဒုရဲမှူး ရဲထွဋ် အောင်ထံသို့ ဇူလိုင် ၂၅ ရက်နေ့ မနက် ၁၀ နာရီအချိန်က ဖုန်းဖြင့်ဆက်သွယ်အကြောင်းခဲ့သည်ဟု သိရ သည်။

ထို့ကြောင့် ထီးချိုင့်မြို့မရဲစခန်းမှူး ဒုရဲမှူး ရဲထွဋ်အောင်၊ ကမ်းနီရဲကင်းစခန်းမှူး ရဲအုပ် ကျော်မျိုးမင်းနှင့်အဖွဲ့ သည် သန့်စင်ခန်းအတွင်း လည်ပင်းလှီးဖြတ်ဒဏ်ရာများနှင့် မသင်္ကာဖွယ်ရာ လူတစ်ဦးသေဆုံးနေသည့်အ ရပ်သို့သွားရောက်၍ စစ်ဆေးခဲ့ကြသည်။ ထိုသူတို့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သန့်စင်ခန်းအတွင်း၌ လည်ပင်းလှီးဖြတ်ဒဏ်ရာများဖြင့်သေဆုံးနေသူမှာ ကိုဝင်းသန်းအေး အသက်(၄၃)နှစ်ဆိုသူဖြစ်ကြောင်းသိရ သည်။

ထိုနေ့မနက်ပိုင်းက သေဆုံးသူ၏ အစ်မတော်စပ်သူ မခင်မာအေးဆိုသူသည် နေအိမ်ခေါင်းရင်းရှိ ရေဘုံ ဘိုင်၌ ရေလှုပ်နေစဉ် သေဆုံးသူ ကိုဝင်းသန်းအေးမှာ အိမ်သာတက်ရန်သွားရောက်ခဲ့သည်ကို သူမကမြင် တွေ့လိုက်ရသည်ဟု အမှုစစ်ရဲအရာရှိထံပြောပြခဲ့သည်။ ထို့နောက် အချိန်နာရီဝက်ခန့်အကြာတွင် တူမတော် စပ်သူ မခင်လပြည့်ဝင်းက အိမ်သာတက်ရန် အိမ်သာတံခါးအားဆွဲဖွင့်စဉ် အိမ်သာအတွင်း၌ ကိုဝင်းသန်း အေး ဆိုသူသည် ဒူးထောက်လျက် အိမ်သာနံရံအားမှီကာ လည်ပင်းလှီးဖြတ်ဒဏ်ရာများဖြင့်သေဆုံးနေ သည်ကို စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အမှုစစ်ရဲအရာရှိမှ မှတ်တမ်းများရယူထားခဲ့သည်။

သေဆုံးသူ၏ မိသားစုဝင်များ၏ ထုတ်ဖော်ပြောကြားချက်များအရ သေဆုံးသူသည် လွန်ခဲ့သောသုံးနှစ်ခန့် က ပိုသတ်ဆေးရည်များသောက်သုံးကာ မိမိကိုယ်ကို အဆုံးစီရန်ကြံစည်ခဲ့ဘူသေးသည်။ ထို့ကြောင့် အမှု စစ်ရဲအရာရှိက သေဆုံးသူအား မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် ထီးချိုင့် မြို့မရဲစခန်း၏ သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၄ အရအမှုရေးဖွင့်ထားရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး
https://www.facebook.com/KoToeChinDween?fref=nf






Saturday, July 26, 2014

ရုတ်တရက် သွေးနီရောင် ပြောင်းသွားတဲ့ မြစ်တစင်း



တရုတ်နိုင်ငံ အရှေ့ဘက် ဇီကျန်ပြည်နယ် ကျန်မေ့ကျောင်းရွာအနီး မြစ်ထဲ က ရေတွေဟာ ထူးထူးဆန်း ဆန်း သွေးနီရောင်ကို ရုတ်တရက် ပြောင်းလဲသွားပါတယ်။




ဓာတ်ပုံ- China Newscom
ဇီကျန်းပြည်နယ် ဒေသခံတွေပြောတာကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ပီကင်း စံတော်ချိန် မနက် ၅ နာရီ
လောက်က ပုံမှန်အတိုင်း ရှိတာမြင်ကြရပါတယ်တဲ့။ ဒါပေမယ့် အဲဒီနေ့ မနက် ၁ နာရီလောက် အတွင်း
သွေးနီရောင်ပြောင်းသွားတာပဲလို့ ဇူလိုင်လ ၂၅ ရက်နေ့ အေဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဒေသခံတွေပြောတာက ထူးထူးဆန်းဆန်း အနံ့အသက်မျိုးလည်း လေထဲ ပျံ့နေတယ်လို့လည်း ပြောကြပါ တယ်။




“ရေက ပုံမှန်အတိုင်း ကြည်ကြည်လင်လင်ဆိုတော့ ကျနော်တို့လည်း ငါးဖမ်းဖို့ လုပ်တာပေါ့။ အဲဒီမှာ တကယ့်ကို ထူးဆန်းအံ့သြဖို့ ကောင်းတာဖြစ်လာတာဘဲ” လို့ ဒေသခံ ရွာသားတဦးက မှတ်ချက်ပေးထားပါ တယ်။

ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရိုက စုံစမ်းရေးမှူးတွေ ပြောတာ မှာတော့ အခုလို ရုတ်တရက်ဖြစ်သွားရတဲ့ အကြောင်းအရင်းကိုတော့ သူတို့ ရှာမတွေ့ရသေးဘူးလို့ ပြောပါ တယ်။

ဒါပေမယ့် ရေနမူနာတွေကို ယူပြီး စစ်ဆေးတဲ့အခါမှာတော့ သံသယဖြစ်စေတဲ့ အရောင်ဟာ မြစ် ထဲမှာ တရားမဝင် ဆိုးဆေး တွေ၊ စွန့်ပစ်ပစ္စည်းတွေ သွန်ကြတာရဲ့ အကျိုးဆက်လို့ ပြောပါတယ်။

“ကျတော်တို့ သံယယဖြစ်တာက တယောက်ယောက်က ဓာတုဆိုးဆေးတွေကို ရေထဲ စွန့်ပစ်လိုက်တာ
ဖြစ်နိုင်တယ်။ မနေ့ က လည်း တိုင်ဖုန်းမုန်းတိုင်းကြောင့် မိုးက တော်တော်သည်းတော့ ဘယ်သူမှ ဒါကို သတိထားမိမှာ မဟုတ်ဘူး ထင်ပြီး လုပ် လိုက်တာဖြစ်မယ်” လို့ ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရို အကြီးအကဲ ကျန်ဖန် ဂျောင်း က ပြောထားပါတယ်။

သူက ဆက်ပြောတာက မြစ်ရိုးတလျှောက် အစားအသောက် လုပ်ငန်း ကုမ္ပဏီတခုနဲ့ ယက္ကန်းရုံ တခု၊ စက္ကူစက်တခုလည်း ရှိတာကြောင့် ဒီကိစ္စကို ဗျူရိုအနေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်။ ။ သတင်းမှာ ပါတဲ့ တကယ်တော့ အဲဒီ တရုတ် ဒသခံတွေ ပြောတဲ့ မြစ်ဆိုတာက မြန်မာ
နိုင်ငံ က ရေမြောင်း တခုလိုပါဘဲ။

Friday, July 25, 2014

အားလုံးဖတ်ပြီးပြန် share ပါ AIDS ထက်ဆိုးတဲ့ ကိုရိုနာ

 

မလေး၇ှားနိုင်ငံသားတယောက်ဟာ ဆော်ဒီအာရေဘီယား(Saudi Arabia)ကိုသွားပြီး နှစ်ပါတ်လည် ဘာသာရေး စုပေါင်း ၀တ်ပြုပွဲကို သွားခဲ့ ပြီးပြန်အလာမှာ.. ရုတ်တရက် သေဆုံးသွားခဲ့တယ်၊ သူပြန်လာတာမတ်လ ၂၉ရက်၊သေဆုံးပုံက အလွန်မြန်ပြီး ထူးဆန်း နေတာကြောင့်၊..ဆေးရုံကသေဆုံးသူဟာ ဘာကြောင့်ဆေးကု ချိန်တောင် မမှီဘဲသေဆုံး ရလည်းဆိုပြီး စစ်ချက်ယူလိုက်မှ။
......
ကြောက်စရာအကောင်းဆုံး ကိုရိုနာ ကူးဆက်ပိုးကြောင့်ဆိုတာ ၇ှာတွေ့ သွားတော့.... ကျန်းမာရေးဌာနကအရေးပေါ်တနိုင်ငံလုံးကြေငြာပြီး မကာကနေ ဘာသာရေးပွဲသွား တဲ့သူတွေအားလုံးကို ဆေးစစ်နေကြပြီ၊ အရမ်းကူးဆက်မြန်တဲ့ပိုးပါ ၊..ခုဆိုအများဆုံး အစ္စလာမ်နိုင်ငံ(၁၁)နိုင်မှာ-
Jordan, Saudi Arabia , Qatar, United Arab Emirates, United Kingdom , France, Germany, Italy, Tunisia , Oman and Kuwait by most patients in Saudi Arabia
ရောဂါကူးဆက်နေသူ ၉၀ လောက်သေနေပြီ-၊ဒီမကာပွဲကနေကူးဆက်လာကြတာများတယ်လို့  ဆိုတယ်၊ဒီ (corona) ပိုးက၂၀၁၂ထဲက တွေ့ နေပေမယ့်.. ခုလောက် ကူဆက်မမြန်သေးတော့ လူတွေသိတ်အလေးမထားကြပါ။
ခုတော့ဒီပိုးက တဦးကနေတဦး..ကူးဆက်တာအလွန်လွယ် ပါသတဲ့၊ စကားပြောရင်း-တတွေး-ချွေးကတောင်ကူးနိုင်တော့ aids ရောဂါထက်အဆပေါင်းများ စွာ အန္တရယ်ပေးနိုင်ပါတယ်၊ ခုသေသွားတဲ့ မလေးရှားနိုင်ငံသားကို ပြုစုတဲ့ ဖိလစ်ပိုင်အိမ်ဖေါ်ကိုသူ့ နိုင်ငံက အရေးပေါ်ပြန် ခေါ်သွားပြီး အထူးစီမံထားတဲ့ဓါတ်ခွဲခန်းအတွင်းမှာဆေးစစ်ခံနေရပြီ။
ဒီရောဂါပိုးမှန်း မသိတဲ့သူတွေက aids ထင်ပြီးဆေးရုံကိုပြရမှာရှက်တော့ အိမ်ဖေါ်တွေ-ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိတ်တိတ်ကုတော့ ပိုးဆိုးလာတာပေါ့။
ခုလိုကြောက်စရာကိုရိုနာ ကူးဆက်ပိုးကို မလေးကစတွေ့ သွားတော့ ထိုင်းနိုင်ငံကပါ ကြောက်လန့်  လာပြီလေ၊ ထိုင်းကနေမကာကို သွားတဲ့ အစ္စလာမ် ဘာသာဝင်(၁၀၀၀၀)ကိုဒီရက်ပိုင်းမှာဘဲ အားလုံးဆေးစစ်ဖို့ လုပ်နေပါတယ်၊
ဒီရောဂါလက်ခဏာကတော့ .....................................................................
မဖျားမကျဖြစ်နေ-ချောင်းအလွန်ဆိုး-ကိုယ်အပူချိန်တက်ပြီး -ကိုယ်တွင်းကနေ အရည်တွေ ထွက်လာ၊ အသက်ရှူလို့ လည်းမ၀နဲ့ ဖြစ်နေရင် အနားမှာနေတဲ့သူတွေ နှာခေါင်း အကာ တတ်ထားရမယ်၊ နောက်လက်ကိုအရက်ပျံနဲ့ မကြာ ခဏဆေးပေးပြီး လူနာအ၀တ် အစား အားလုံး-အသုံးအဆောင်အားလုံး မသုံးမိဘို့ လိုပါတယ်။
မိမိတို့ နိုင်ငံတွင်းက မကာသွားပြီး ဟာဂျီဘွဲ့ ခံတဲ့ အစ္စလာမ်ဘာသာဝင်တွေလည်း ပေါ့ပေါ့မနေကြဘို့  သတိပေးလိုက်ပါရစေ။။

ကြီးပွါးကြောင်း ( ၇ ) ရပ်




(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။


(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။
ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း
ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို
ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊
ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ် ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။
(သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ)

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။
( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင်
ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။
( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင်
အဲဒီကို သွားကြမှာ )

လူသားဖွံ့ဖြိုးမှုညွှန်းကိန်း အာဆီယံတွင် မြန်မာအနိမ့်ဆုံး


ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က ထုတ်ပြန် သည့် လူသားဖွံ့ဖြိုးမှုအစီရင်ခံစာ(၂၀၁၄)တွင် မြန်မာနိုင်ငံ၏ လူ သားဖွံ့ဖြိုးမှုအညွှန်းကိန်း (HDI) အဆင့်မှာ အာဆီယံတွင် အနိမ့် ဆုံးဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကထက် အဆင့်တစ်ဆင့်လျော့ကျသွား ကြောင်း သတင်းရရှိသည်။


လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း ၂၀၁၄ တွင် မြန်မာနိုင်ငံမှာ လူ သားဖွံ့ဖြိုးမှုနိမ့်ကျသော Low Human Development အုပ်စု တွင်ပါဝင်ပြီး အဆင့် ၁၅၀ တွင်ရှိသည်။ ပြီးခဲ့သည့်နှစ်ကထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံမှာ အဆင့် ၁၄၉ ဖြစ်သည်။

‘‘၁၄၉ ကနေ ၁၅၀ ဖြစ်တာ တော့မကောင်းဘူး။ ဒါပေမဲ့ အဆင့်ကိုတိုင်းတဲ့နေရာမှာ နှစ် ပိုင်းရှိတယ်။ ပကတိအခြေအနေ ကိုတိုင်းတာရှိတယ်၊ အခြားနိုင်ငံ နဲ့ယှဉ်ပြိုင်တိုင်းတာရှိတယ်’’ ဟု နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေးဒေါက်တာအောင်ထွန်း သက်က သုံးသပ်သည်။

လူသားဖွံ့ဖြိုးမှု အညွှန်းကိန်း ကို အသက်ရှည်ခြင်း၊ ပညာ တတ်ခြင်းနှင့် နေထိုင်မှုအဆင့် အတန်းတို့ဖြင့် တိုင်းတာကြပြီး မြန်မာလူမျိုးများ၏ ပျမ်းမျှသက် တမ်းမှာ ၆၅ ဒသမ ၂ နှစ်ဖြစ်သည်။ပျမ်းမျှပညာသင်ကြားသော ကာလမှာ လေးနှစ်နှင့် နိုင်ငံသားတစ်ဦးချင်း တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃,၉၉၈ ရှိသည်ဟု ဖော်ပြထားသည်။

‘‘ပညာရေးနဲ့ ကျန်းမာရေး ဘတ်ဂျက်တွေတိုးလာပေမယ့် ဒီ ဘတ်ဂျက်တွေကို ထပ်တိုးဖို့လိုပါ သေးတယ်’’ဟု UNDP မှ အကြီး တန်း စီးပွားရေး အကြံပေး Mr Daniel Kostzer က ပြောသည်။

ထို့အပြင် မွေးကင်းစ ကလေးများ သေနှုန်းလျှော့ချနိုင်ရန် အတွက် ကလေးသူငယ်များအား ဆေးရုံတွင် မွေးဖွားခြင်းနှင့် ဆေးရုံ၊ ဆေးခန်းများ သန့်ရှင်းအောင်ဆောင်ရွက်ရန် လိုကြောင်း UNDP မှ အကြီးတန်း အရာရှိကြီးတစ်ဦးက အကြံပြုသည်။

‘‘နယ်တွေမှာ ကလေးတွေ နွားကျောင်းနေရတယ်။ လက် ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ် နေရတယ်။ အဲဒီကလေးတွေကို ကျောင်းကိုပို့ပေးဖို့လုပ်ရမယ်’’ဟု လည်း UNDP မှ အကြီးတန်း စီး ပွားရေး အကြံပေး Mr Daniel Kostzer က သုံးသပ်သည်။

အာဆီယံဒေသတွင်း နိုင်ငံ များထဲတွင် လာအိုနိုင်ငံမှာ လူ သားဖွံ့ဖြိုးမှု အညွှန်းကိန်း ၁၃၉ ရှိပြီး ပျမ်းမျှသက်တမ်း ၆၈ ဒသမ ၂ နှစ်ရှိ၍ ကမ္ဘောဒီးယားနိုင်ငံမှာ အဆင့် ၁၃၇ တွင်ရှိပြီး ပျမ်းမျှသက်တမ်းမှာ ၇၁ ဒသမ ၉ နှစ်ဖြစ်သည်။

ယခုနှစ်ထုတ်ပြန်သော လူ သားဖွံ့ဖြိုးမှု အညွှန်းကိန်းတွင် နော်ဝေးနိုင်ငံမှာ ထိပ်ဆုံးမှရှိနေ ပြီး ဒုတိယတွင် ဩစတြေးလျ၊တတိယတွင် ဆွစ်ဇာလန်နိုင်ငံတို့ ရှိကြသည်။

မိုးရာသီနဲ့ ဒူးရင်းသီး ( စားခြင်း အကျိုးကျေးဇူး )




အနံပြင်း တဲ့ အထဲ မှာ သူက ထိပ်ဆုံး ကပါလို့ မကြိုက်သူ
အများရဲ့ နှာခေါင်းရူပ်တာတွေ ခံနေရတဲ့ စားကောင်း အာဟာရ ဖြစ်လှတဲ့ အသီးပါ။ ယခု မိုးကာလ ရာသီချိန် ဖြစ်တာနဲ့အညီ ပေါပေါနဲ့ စားနိင်လာတဲ့ နှစ်သက်သူများ အတွက် ဒူးရင်းသီးပါ။ အင်္ဂလိပ် နာမည်မှာ လည်း Durian လို့ပဲ ခေါ်ပြီး ရုက္ခ ဗေဒနာမည်ကတော့ Durio zibethinus လို့ခေါ်ကြောင်း သိရပါတယ်။ ဒူးရင်းသီးမျိုး ၃၀လောက် အမျိုးစားကွဲများ ရှိပြီး ထိုထဲမှာမှ အမျိုးအစား (၉) မျိုးလောက်သာ စားကောင်းပါတယ်။ နိင်ငံတကာ ဈေးကွက်တွေမှာတော့ Durio zibethinus ဆိုတဲ့ ဒူးရင်း တစ်မျိုးသာ ရရှိပြီး ကျန်တဲ့ အမျိုးအစားတွေကိုတော့ ဒေသတွင်းမှာ သာရောင်းချလျက်ရှိပါတယ်။

ဒူးရင်းသီးဟာ အပူပိုင်း သစ်သီးတွေ ဖြစ်တဲ့ ဌက်ပျောသီး၊ ထောပတ်သီး တို့လိုပဲ အာဟာရ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေမှာ ကြွယ်ဝပါတယ်။ ဒူးရင်းသီး တစ်လုံးကို ၆၀၂ ဂရမ်လောက်ရှိပြီး ကယ်လိုရီက ၈၈၅ နှုန်းရှိပါတယ်။ ထိုထဲမှာမှ အသားဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တွေ အပြင် ဗီတာမင် စီ အများဆုံးနဲ့ ဗီတာမင် B6 တို့ အများဆုံးပါဝင်ပါတယ်။ ထိုဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံမူအားကို မြင့်တက်ပေးပြီး ရောဂါတွေကို ကာကွယ်ပေးနိင်ပါတယ်။ အသီးဟာ နူးညံလှပြီး အစားခြေလွယ်အောင်ကူညီပေးတဲ့ Fructose ကဲ့သို့ သကြားဓာတ်တွေပါဝင်တဲ့အတွက် အစားခြေမူကို လွယ်ကူစေပြီး ခွန်အားကို ဖြည့်တင်းပေးတဲ့နေရာမှာ လွယ်လွယ် ခန္ဓာကိုယ်ကို ဖြည့်တင်းပေးနိင်ပါတယ်။

ပိန်တဲ့ သူများကိုလည်း ၀စေနိင်တဲ့ အာဟာရတွေပါဝင်ပြီး ပြည့်ဝလွယ်တဲ့ မကောင်းတဲ့ ကိုယ်လက်စထောတွေမပါဝင်တဲ့ အတွက် စားသင့်တဲ့ အသီးတစ်သီး ဖြစ်ပါတယ်။

Ref: nutrition-and-you

မေမြတ်နိုး၊ခင်ဝင့်ဝါ၊ဂျူးစံသာ..... ပြီးရင်ဘယ်သူအလှည့်လဲစောင့်ပဲကြည့်ရတော့မလို

 

 
ဂျူးစံသာနှင့် သူမမိသားစုဝင်များ Miss Globe Myanmar Organization နှင့် လုံးဝ ဆက်လက် ပတ်သက်ခြင်းမရှိတော့ပါကြောင်း

ချစ်ခင်လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးရှင့်။
ဆရာဖြိုးပိုင် နှင့် လှနုတို့ မေမြတ်နိုးအတွက် ကိုရိးယားလိုက်ပါသွားနေစဉ်အတွင်း ဂျူးစံသာအားဖိလစ်ပိုင်တွင် တစ်လနီးပါး သင်ကြားပေးခဲ့သော လေ့ကျင့်မှုများကို သာ ဦးစားပေးပြီး မှန်မှန်ပြုလုပ်ထားရန်နှင့် သူမနှင့် သူမမိသားစုကိုလည်း မည်သည်အော်ဂနိုင်ဇေးရှင်းကိုမှ လှနုခွင့်ပြုချက်မရပဲ အကူအညီတောင်းခြင်း၊ ဆက်သွယ်ခြင်း၊ ဖုန်းလက်ခံပြောဆိုခြင်း မပြုလုပ်ပါရန် မှာကြားခဲ့ပါသည်။ ဆရာပြည်စိုးအောင်မှ National Costume ကိုစေတနာဖြင့် တာဝန်ယူပေးပြီး၊ ဖိလစ်ပိုင်မှ Designer Chico မှ Final Gown ကို စပွန်ဆာပေးကာစီစဉ်ခဲ့ပါသည်။ သို့ သော် တခြားအော်ဂနိုင်ဇေးရှင်းအား သွားရောက်အကူအညီတောင်းသည့် အပြင် ခင်မင်စည်းလုံးနေပါသော အော်ဂနိုင်ဇေးရှင်းအချင်းချင်း အထင်အမြင်လွဲကာ စိတ်ဝမ်းကွဲစေမည့် စကားများကို ပြောဆိုခဲ့သည့်အတွက် ကြောင့်သော်လည်းကောင်း၊ လှနုအား ဘာမှ မလုပ်ပေးခဲ့ ပါဟု ကိုယ်တိုင် မက်ဆေ့ ဘောက်မှ ပြောဆိုခဲ့ခြင်းကြောင့် လည်းကောင်း၊ အော်ဂနိုင်ဇေးရှင်းမှ စာချုပ်အတွက် ယနေ့ လာရောက်ဆွးနွေးပါရန် တောင်းဆိုသော်လည်း အဖေနေမကောင်းသာကြောင့် မအားသည်ကို လှနုတို့ နားလည်လက်ခံပါသော်လည်း၊ အသက်ငယ်သေးသော ကြောင့် ဘာမှ နားမလည်သဖြင့် မေမေနှင့် သာ ပြောပါဟုဆိုပြိး တမျိုးအကြောင်းပြကာ တခြားအော်ဂနိုင်ဇေးရှင်းကို သွားရောက်ဖို့ ကိုသာ ဦးစားပေးရွေးခြယ်သွားသောကြောင်လည်းကောင်း ဒီနေ့ ဒီရက် ဒီအချိန်မှ စပြီး Miss Globe Myanmar အဖြစ်မှ ရပ်ဆဲလိုက်ပါပြီဖြစ်ကြောင်း အသိပေးပြောကြားလို ပါသည်ရှင့်။ Miss Globe Myanmar ဟူသော အမည်ကို အသုံးပြုခွင့်မရှိတော့ပဲ အနုပညာလုပ်ငန်းများ ကို လွတ်လပ်စွာလုပ်ကိုင်နိုင်ပြီး ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်၊ ဂျူးစံသာနှင့် သူမမိသားစုဝင်များ Miss Globe Myanmar Organization နှင့် လုံးဝ ဆက်လက် ပတ်သက်ခြင်းမရှိတော့ပါကြောင်း လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးကို အသိပေးအပ်ပါတယ်ရှင့်၊
လေးစားစွာဖြင့်။
လှနုထွန်း
National Director
Miss Globe Myanmar

အသားဖြူချင်သူများအတွက် သဘာဝနည်းလမ်းများ



အသားဖြူတာဟာ မိန်းမတွေအတွက် လိုလားတောင်းတအပ်တဲ့ အလှအပ တစ်ခုပဲ ဖြစ်ပါတယ်။ အသားညိုတဲ့သူတွေ အတွက်တော့ အသားဖြူဝင်း လှပဖို့ဆိုတာ ဘဝအတွက် ကြိုးစားရမယ့် ပန်းတိုင် တစ်ခုလိုပါပဲ။

အသားဖြူစေတဲ့ အလှကုန်တွေ ပေါသလို အသားဖြူစေတဲ့ သဘာဝဖြစ်နည်းတွေ လည်း ရှိပါတယ်။ အသားဖြူချင်သူများ အတွက် သိသင့်သိထိုက်စရာ အဖြာဖြာကို ဖော်ပြလိုက်ရပါတယ်။

သဘာဝဖြစ် အသားဖြူနည်းများ

သဘာဝဖြစ် ပစ္စည်းတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေ အရင်ဖော်ပြသွားပါမယ်။ ကရိကထလည်း မများ၊ ဈေးလည်း မကုန်တဲ့ ပစ္စည်းတွေနဲ့ အများသူငါ လက်လှမ်းမီ သုံးလို့ရတာတွေကို ဦးစားပေး တင်ပြသွားမှာ ဖြစ်ပါတယ်။

လိမ္မော်ခွံနဲ့ အသားဖြူနည်း

လိမ္မော်သီးအခွံကို နေပူထဲ လှမ်းပေးပါ။ လုံးလုံးခြောက်သွေ့သွားတဲ့ အချိန်မှာ ကြိတ်ပြီး ပေါင်ဒါလို အမုန့်ဖြစ်သွားအောင် လုပ်ပါ။ ပြီးမှ နို့အစိမ်းနဲ့ ရောပြီး ပျစ်ခဲနေအောင် ဖျော်ပါ။ အဲဒီ့အရည်ကို အရေပြားကို လိမ်းပါ။ နေ့စဉ် လိမ်းပေးပါ။ လိမ်းပြီးသွားလို့ အရေပြားပေါ် လုံးလုံး ခြောက်သွေ့သွားတဲ့ အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။

ခရမ်းချဉ်သီးနဲ့ အလှပြင်မယ်

ခရမ်းချဉ်သီး ၂-၃ လုံးလောက်ကို ကြိတ်ပြီး အရည်ညှစ်ချပါ။ အဲဒီ့ အရည်ထဲကို သံပရာရည် တစ်စက် နှစ်စက်ထည့်ပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် နှစ်ဆယ်လောက် အခြောက်ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးပါ။ ၁၅ ရက်ကနေ ရက် ၂၀ အတွင်း သိသာထင်ရှားလာပါလိမ့်မယ်။

အမဲကွက်နဲ့ အစက်အပြောက်တွေ ပျောက်ဆေး

အာလူးအစိမ်းတစ်လုံးကို ယူပြီး ပါးပါးလှီးပါ။ လှီးထားတဲ့ အစိတ်လေးတွေကို မျက်နှာပေါ် ကပ်ပေးပါ။ မျက်နှာပေါ်က မှဲ့ခြောက်တွေ။ တခြားအမဲကွက်တွေကို ပျောက်စေပါတယ်။

နေပူလောင်အတွက်

နေပူလောင် ခံထားရတဲ့ အသားရေများအတွက် နနွင်းမှုန့်နဲ့ သံပုရာရည် ရောပြီး လိမ်းပေးပါ။ နေလောင်ဒဏ်ခံရတဲ့ အသားရေတွေအတွက် အရမ်းကောင်းပါတယ်။

နနွင်းကို တခြားအမယ်ပစ္စည်းတွေနဲ့ ရောစပ်ပြီး အသုံးပြုနိုင်ပါသေးတယ်။ နနွင်းဟာ အသားရေ ဖြူဝင်းလှပဖို့အတွက် အကောင်းဆုံး သဘာဝပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အိပ်ရာထဲ မဝင်ခင် တစ်နာရီ အလိုမှာ နွားနို့နွေးနွေး တစ်ဖန်ခွက်ထဲကို နနွင်းမှုန့် ဇွန်းဝက်ခန့်(လက်ဖက်ရည်ဇွန်း) ရောစပ်ပေးပါ။ အချိုကြိုက်ရင် သကြား အနည်းငယ် ထည့်ပေးပါ။ ဒါပေမဲ့ သကြားနည်းလေ ပိုကောင်းလေ ဖြစ်ပါတယ်။

အဲဒါကို လအနည်းငယ်ခန့်လောက် သောက်သုံးပေးတာနဲ့ သိသာထင်ရှားလာပါလိမ့်မယ်။ ဒါပေမဲ့ ပူပြင်းတဲ့ နွေရာသီလို ကာလမျိုးမှာတော့ ဒီနည်းကို အသုံးမပြုပါနဲ့။ နနွင်းဟာ ကိုယ်တွင်းအပူချိန်ကို မြှင့်တင်ပေးတာမို့ အေးမြတဲ့ အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

အိမ်တွင်းဖြစ် အသားဖြူ Lotion

သခွားသီးအရည် (စားပွဲတင်ဇွန်း) တစ်ဇွန်းထဲကို သံပရာရည် တစ်စက် နှစ်စက်ရောပေးပါ။ သမအောင်ရောပြီးသွားရင် အဲဒီ့အရည်ကို မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ နာရီဝက်လောက် အခြောက်ခံပြီးသွားရင် မပူမအေး ရေနွေးနွေးလေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ပျိုတို့ရဲ့ အသားရေဟာ အရင်ကထက် ပိုပြီး တောက်ပြောင်ရွန်းလဲ့ လာပါလိမ့်မယ်။

အိမ်တွင်းဖြစ် Facial Mask

ပျားရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)၊ သင်္ဘောသီး အရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)တို့ရောပြီး လိမ်းပေးပါ။ ၁၅ မိနစ် ခန့်စောင့်ပြီးမှ ရေနဲ့ ပြန်ဆေးကြောပေးပါ။

ရှောင်ကြဉ်ရမည့် အချက်များ

အသားဖြူချင်တဲ့သူတွေ ရှောင်ကြဉ်ရမယ့် အချက်တွေ ရှိပါတယ်။ Whitening Product များ ဝယ်ရတာကအစ သတိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။

ပျိုတို့အနေနဲ့ Whitening Product တွေ ဝယ်ယူသုံးစွဲတဲ့ အခါမှာ မဝယ်ခင် ကိုယ့်အသားအရေရဲ့ အမျိုးအစားကို သိပြီးမှ အသားအရေ အမျိုးအစား အလိုက် ရွေးချယ်ဝယ်ယူသုံးစွဲသင့်ပါတယ်။တချို့အသားဖြူ အလှကုန်တွေဟာ အဆီပြန်တဲ့ အသားအရေ၊ ခြောက်သွေ့တဲ့ အသားအရေ အမျိုးအစားတွေနဲ့ သင့်တော်ခြင်း မရှိလို့ ဖြစ်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ ပူစပ်တဲ့ အစားအစာများ၊ ဆီကြော်အစားအစာများကိုလည်း မစားပါနဲ့။ ဒီအစားအစာတွေဟာ အရေပြားပေါ်က ရေဓာတ်ခြောက်ခမ်းမှုကို ဖြစ်ပေါ်စေပြီး အရေပြားကို ခြောက်သွေ့မည်းကွက် လာစေပါတယ်။ ဘယ်လောက်ပဲ Whitening Product သုံးသုံး၊ အသားဖြူဆေး သုံးသုံး ကိုယ်ကာယ လေ့ကျင့်ခန်းတွေ မလုပ်လို့ကတော့ အကျိုးထိရောက်မှု မရှိပါဘူး။ ကာယလေ့ကျင့်ခန်းကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှ သွေးလေလည်ပတ်မှု ကောင်းမွန်ပြီး အသားထဲ ဆေးစိမ့်ဝင်မှု ပိုမိုမြန်ဆန်နိုင်မှာ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...