Saturday, September 7, 2013

ဘဏ်ကိုဓားပြတိုက်ပြီး တဒေါ်လာပဲယူတဲ့သူ





ဘဏ်ကို ဓားပြတိုက်၊ ငွေတဒေါ်လာပဲတောင်းပြီး အဖမ်းခံဖို့ ရဲကိုစောင့်နေတဲ့အဖြစ်အပျက် တခု သောကြာနေ့  က အမေရိကမှာဖြစ်ပွားခဲ့ပါတယ်။ အသက် ၅၀အရွယ်အဲလ်စစ်ဆို သူဟာ အော်ရီဂွန်ပြည်နယ်က အမေရိကဘဏ်တခုကိုဝင်ပြီး
ကဲ၊ဒါ ဘဏ်ကိုဓားပြတိုက်တာပဲ။ ငါ့ကိုတဒေါ်လာပေးစမ်းဆိုပြီးပြောပါတယ်။
ငွေတဒေါ်လာရပြီးတဲ့နောက်တော့ ဧည့်သည်ထိုင်တဲ့နေရာမှာထိုင်ပြီးသူ့  ကိုလာဖမ်းမယ့်ရဲ ကိုစောင့်နေ လိုက်ပါတယ်။

အဲလ်စစ် ဟာ အိမ်ယာမဲ့တယောက်ဖြစ်ပြီးတော့မူးယစ်ဆေးစွဲနေသူတယောက်လည်းဖြစ်ပါတယ်။

သူအဖမ်းခံချင်ရတဲ့အကြောင်းကတော့ သူ့ ရဲ့ သွားရောဂါနဲ့ ဆေးစွဲနေတဲ့ပြဿနာ ကိုကုသမှုခံယူချင် လို့  ဒီလိုအဖမ်းခံချင်ရတာလို့ သူကရဲ အရာရှိကိုပြောပါတယ်။

မိမိထက် အသက် ၇၀ ငယ်သည့် မိန်းကလေး တစ်ဦးနှင့် အသက် ၉၂ နှစ်အရွယ် အမျိုးသားကြီး လက်ထပ်




အီရတ်နိုင်ငံမှ အသက် ၉၂ နှစ် အရွယ်ရှိ မူဆာလီ မိုဟာမက် အယ်လ်မူဂျာမီသည် ၎င်းထက် အသက် ၇၀ ငယ်ရွယ်သည့် အမျိုးသမီးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။


လယ်သမား တစ်ဦးဖြစ်သူ မူဆာလီက သူ၏ မင်္ဂလာ ပွဲအား ၎င်း၏ ဆယ်ကျော်သက် အရွယ် မြေးနှစ်ဦး၏ မင်္ဂလာ ပွဲနှင့်အတူ လေးနာရီကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။ မူဆာလီနှင့် မြေးနှစ်ဦး၏ လက်ထပ် မင်္ဂလာ ပွဲအား ဇွန် ၄ ရက်က ဘဂ္ဂဒက်မြို့ မြောက်ပိုင်း၌ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်း ဌာန၏ ဖော်ပြချက် အရ သိရသည်။
မြေးနှစ်ဦးနှင့် အတူ လက်ထပ် မင်္ဂလာပွဲ ဆင်နွှဲရသည့် အတွက် အလွန် ပျော်ရွှင်မိကြောင်း၊ မိမိကိုယ် မိမိအသက် ၂၀ အရွယ်ကဲ့သို့ ပြန်လည်နုပျို သွားသည်ဟု ခံစားရကြောင်း ဆာမာရာမြို့ တောင်ပိုင်း ဂက်ဘန်းရွာတွင် နေထိုင်သည့် မူဆာလီက ဆိုသည်။
မူဆာလီသည် ပထမ အိမ်ထောင်နှင့် သားသမီး ၁၆ ဦး ရရှိခဲ့ကြောင်း သိရသည်။

~သံပုရာရည်၏အကျိုးကျေးဇူး~






အေးမြတဲ့ သံပရာရည်ကို သောက်တာကြောင့် အရသာကိုတိုးစေတဲ့အပြင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူး အမြောက်အမြားကိုလည်း ပေးစွမ်းနိုင်ပါတယ်။

- ရေဓာတ်ခန်းခြောက်မှုကို လျော့ကျစေတယ်။
- အသည်းကို သန့်စင်ပေးတယ်။ အစာကြေညက်စေတယ်။
- ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို အားကောင်းစေပါတယ်။

ဒီလို အကျိုးကျေးဇူးတွေအပြင် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိတာက သံပရာသီးမှာ ဗီတာမင်စီများစွာ ပါဝင်လို့ပါ။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးလည်း ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရှိ အန္တရာယ်ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန်ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားကောင်းစေပြီး သွေးတိုးကို ကျစေပါတယ်။

သံပရာသီးမှာ ဗီတာမင်အပြင် ဗီတာမင် အေ၊ ရက်တီနော်၊ ကယ်ရိုတင်း၊ ဘီတာခရစ်ပတိုဇန်သင်း၊ လူတင်၊ ဇီဇန်သင်း၊ ဖောလိတ်၊ ကိုလင်းစတဲ့ဓာတ်တွေနဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။

posted by နှင်းဆီဖူးလေးများ

အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ



အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

(၁)ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှ သာ နှလုံးရော ဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၂)ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး မှာ ရောင် ရမ်း မှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စ ထရော လျော့ကျစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင် တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃)ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေ အတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေ တဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄)ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅)သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရို တီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင် တာကြောင့် သွေး တိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင် နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲ မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။

(၆)သစ်ကြားသီး

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇)ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့ အပြင် နှလုံးရော ဂါနဲ့ ကင်ဆာဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၈)အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရော ဂါ ဖြစ်နှုန်း ကို လျော့ ကျစေပါတယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝအိပ်ပျော်စေပါတယ်။

(၉)ပဲမည်း

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့နှလုံးရောဂါဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၁၀)လက်ဖက်စိမ်းလက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေးပါတယ်။

ကေအမ်

By Good Health

မျိုးစောင့်ဥပဒေကို လက်မခံနိုင်ကြောင်း နန်းသီရိမောင်ပြောကြား





နေ့ စဉ်ထုတ်ရွှေနိုင်ငံသစ်သတင်းစာမှ ယခုလတ်တလော ဆရာတော်ဥူးဝီရသူဦးဆောင်သည့် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၇်ျ နာမည်ကြီးမော်ဒယ် နန်းသီရိမောင်နှင့် အင်တာဗျူးလုပ်ခဲ့သည်။
အမျိုးသားကဇာတ် ရုံတွင်ပြုကျင်းပပြုလုပ်မည့် Aroma Zulu Wedding Show တွင်ပါဝင် ရှိုး လျှောက် ရန်ပြင်ဆင်နေစဉ် ရွှေနိုင်ငံသစ် သတင်းစာမှ သတင်းထောက် မာဂျေ ကသွားရောက်မေးမြန်းခဲ့သည်။ ထိုရှိုးကို SKYNET နဲ့ MRTV-4 ကလည်းပြန်လည်ပြသသွားမှာဖြစ်ကြောင်း သိရသည်။

မေး။ ညီမလေးမင်္ဂလာပါဗျာ

NTM။ ဟုတ်ကဲ့ မင်္ဂလာပါရှင့်

မေး။ အခုဆရာတော်ဥူးဝီရသူတို့ က မျိုးစောင့်ဥပဒေအတွက် လက်မှတ်များစုဆောင်းနေပါတယ်။ အမျိုးဘာသာသာသနာစောင့်ရှောက်တာနဲ့ ပတ်သက်ပြီး ညီမလေး အနေနဲ့ ဘယ်လိုမှတ်ချက်မျိုးများပေးချင်လဲမသိဘူး

NTM။ နန်းနန်းအနေနဲ့ ပထမဆုံးပြောချင်တာ နိုင်ငံရေးကို သိပ်စိတ်မ၀င်စားဘူးဆိုတာပါ။ ပြီးတော့ အဲဒီဥပဒေထဲက အချက်တွေကိုလည်း အများကြီးမဖတ်ဖူးပါဘူး။ ဒါပေမယ့် အဲလိုမျိုးကန့် သတ်မှုတွေရှိနေတာမျိုးကြီးတွေ မနှစ်သက်ပါဘူး။ လူကိုလူလို့ ပဲမြင်ပါတယ်။ ဥူးဝီရသူကိုလည်း သံဃာတစ်ပါးအနေနဲ့ ရှုမြင်ဖို့ နန်းနန်းနည်းနည်းတွေဝေမိပါတယ်။ ဘုရားရှင်ရဲ့ သားတော်တစ်ပါးကို ဝေဖန်ဖို့ လည်း နန်းနန်းဘုရားကိုကြောက်ပါသေးတယ်ရှင့်။

မေး။ Miss International ဖြစ်တဲ့ နန်းခင်ဇေယျာအနေနဲ့ လည်း ၉၆၉ကို လက်မခံဘူးလို့ ပြောခဲ့တယ်နော်။ ဒါနဲ့ ပတ်သတ်ပြီးရော?

NTM။ ဟုတ်ကဲ့။ မမနန်းခင်က နန်းနန်းလေးစားရတဲ့ လူတစ်ယောက်ပါ။ သူ့ ရဲ့ လုပ်ရပ်မှန်ကန်လိမ့်မယ်လို့ နန်းနန်းအကြွင်းမဲ့ယုံကြည်ပါတယ်။ သူ့ ကိုလည်း ၉၆၉မှာအသုံးချဖို့ ချဉ်းကပ်ခဲ့တယ်လို့ လဲ ထုတ်ဖော်ပြီး ပြောခဲ့ပါတယ်။ နန်းကိုလည်း အခုလာပြောတဲ့လူတွေရှိပါတယ်။ ၉၆၉ကဘယ်လိုကောင်းပါတယ်ဆိုပြီး ပရိုမိုရှင်းလာလုပ်တဲ့လူတွေရှိတယ်။ ၉၆၉ က အကြမ်းမဖက်ဘူးလို့ လဲပြောသေးတယ်၊ အတင်းအဓမ္မ အကြမ်းဖက်ပြီးလက်ခံခိုင်းနေတယ်။ နန်းနန်းတို့ ကပွင့်လင်းသူတွေပါ။ ကိုယ်ကြိုက်တဲ့လမ်းကိုလျှောက်မှာပဲ။ အတင်းလာပြောလို့ လဲလက်ခံလိုက်မယ့် လူစားမျိုးထဲမှာ နန်းနန်းမပါဘူး။

မေး။ အခုလို မျိုးစောင့်ဥပဒေထဲမှာ လက်ထပ်ဖို့ အတွက် လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်ပြီး ကန့် သတ်ထားတာနဲ့ ရောဘာပြောလိုပါသလဲ

NTM။ နန်းနန်းတို့ ကဟောလီးဝုဒ်ထိ ထိုးဖောက်ဖို့ ရည်ရွယ်ထားတာ။ ဒီလို အတွေးခေါင်လို့ မရဘူး၊ ခရစ်ယာန်နဲ့လည်းဆက်ဆံရမယ်၊ အစ္စလာမ်နဲ့ လည်း ဆက်ဆံရမယ်၊ လူဖြူလူမည်းအကုန်လုံးနဲ့ ဆက်ဆံရမှာပါ။
နိုင်ငံတကာက ဖက်ရှင်မင်းသားတွေလာရင်လည်း ကူးလူးဆက်ဆံရတာတွေရှိလာမယ်။ လက်ထပ်ဖို့ ဆိုတာကတော့ နောက်ထားပါ။ ဥပဒေရဲ့  ရည်ရွယ်ချက်ကိုက မရိုးသားဘူးလို့ နန်းနန်းပွင့်ပွင့်လင်းလင်းပြောပါရစေ။ နန်းနိုင်ငံရေး အရမ်းမသိပေမယ့် ဒီလောက်ကတော့သဘောပေါက်ပါတယ်ရှင့်။
နန်းနန်းလေးစားရတဲ့ ဦးကျော်သူ၊ မမနန်းခင်ဇေယျာ၊ ကိုနေတိုးတို့ ကလည်း ပြတ်ပြတ်သားသားပြောပြီးသားမို့ နန်းနန်းလည်း သူတို့ နဲ့ ထပ်တူပါပဲ။ နန်းနန်းအဲ့ဒီအမျိုးစောင့်ဥပဒေကြီးကို စိတ်မ၀င်စားသလို လက်လည်းမခံနိုင်ပါဘူး၊ နန်းနန်းလျှောက်တဲ့ အနုပညာလမ်းကို နိုင်ငံရေးလုပ်ကြံသူတွေအနေနဲ့ မပိတ်ဆို့ စေချင်ပါဘူး။

မေး။ ဟုတ်ပြီ၊ ညီမလေးရေ။နောက်ထပ်ဖြည့်စွက်ပြောချင်တာလေးရှိရင်ရော
ပြောပါဦး၊ ပရိသတ်ကိုရော ဘာများပြောချင်သေးလည်း?

NTM။ နိုင်ငံရေးသမားတွေအနေနဲ့ လည်း အနုပညာရှင်တွေကို ခုတုံးလုပ်ပြီး လက်ရှိအနုပညာလောကကို ခေတ်နောက်ပြန်ဆွဲဖို့ မကျိုးစားပါနဲ့ လို့ ။
နန်းနန်းကိုချစ်တဲ့ပရိသတ်ကိုလည်း နန်းနန်းကအရမ်းချစ်ပါတယ်လို့ ၊ နန်းနန်းရဲ့ ပရိသတ်ကြီး ကျန်းမာကိုယ်စိတ်မြဲပါစေလို့ ၊ လူမျိုးရေး ဘာသာရေး အရောင်တွေ မစွန်းထင်းကြပါစေနဲ့ လို့ ဆုတောင်းပေးကြပါဦးလို့ ပြောချင်ပါတယ်။

မေး။ အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

NTM။ ဟုတ်ကဲ့။ နန်းနန်းကလည်း အကိုတို့ ဂျာနယ်ကို အထူးကျေးဇူးတင်ပါတယ်။

မာဂျေ
ရွှေနိုင်ငံသစ် နေ့ စဉ်သတင်းစာ

ကမ္ဘာ့စစ်အင်အား အကြီးဆုံး ထိပ်တန်း (၂၀) တွင် တူရကီ၊ ပါကစ္စတန်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်တို့ ပါဝင်



စစ်အင်အားနှင့် ပတ်သတ်၍ တွက်ချက်သတ်မှတ်ပုံ တစ်ခုမက ရှိနေပြီး Global Fire Power (GFP) အဆင့်သတ်မှတ်ချက်မှာ အထင်ကရတစ်ခု ဖြစ်သည်။ နိုင်ငံတစ်ခုချင်းစီ၏ Power Index (PwrIndx) ကို သတ်မှတ်ရာတွင် အခြေခံ အချက်အလက်ပေါင်း (၄၀) ကျော်ကို ထည့်သွင်းတွက်ချက်ထားသည်။ နိုင်ငံကြီးသော်လည်း နည်းပညာအရ ခေတ်နောက်ကျနေခြင်း၊ နိုင်ငံသေးငယ်သော်လည်း အဆင့်မြင့်နည်းပညာများ ပိုင်ဆိုင်ထားရှိခြင်း အစရှိသည်များကိုပါ ထည့်သွင်းစဉ်းစားပြီး ဘက်လိုက်မှုမရှိ စာရင်းပြုစုသည်။

နိုင်ငံပေါင်း (၆၈) နိုင်ငံကို လေ့လာတွက်ချက် စာရင်းပြုစုထားပြီး (၂၀၁၃) ခုနှစ် ဩဂုတ်လ (၁) ရက်နေ့အထိ နောက်ဆုံး အချက်အလက်များဖြင့် တင်ပြထားခြင်း ဖြစ်သည်။

မွတ်စလင်နိုင်ငံများ၌ တူရကီ (Turkey) မှာ အဆင့် (၁၁) ဖြင့် ထိပ်ဆုံးဖြစ်ပြီး ပါကစ္စတန် (Pakistan) အဆင့် (၁၂)၊ အီဂျစ် (Egypt) အဆင့် (၁၄)၊ အင်ဒိုနီးရှား (Indonesia) အဆင့် (၁၅) နှင့် အီရန် (Iran) အဆင့် (၁၆) အသီးသီး ဖြစ်ကြသည်။

စစ်အင်အားအကြီးဆုံး နိုင်ငံ (၂၀) မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ အမေရိကန် (USA)

၂။ ရုရှား (Russia)

၃။ တရုတ် (China)

၎။ အိန္ဒိယ (India)

၅။ ဗြိတိန် (Britain)

၆။ ပြင်သစ် (France)

၇။ ဂျာမနီ (Germany)

၈။ တောင်ကိုးရီးယား (South Korea)

၉။ အီတလီ (Italy)

၁၀။ ဘရာဇီး (Brazil)

၁၁။ တူရကီ (Turkey)

၁၂။ ပါကစ္စတန် (Pakistan)

၁၃။ အစ္စရေး (Israel)

၁၄။ အီဂျစ် (Egypt)

၁၅။ အင်ဒိုနီးရှား (Indonesia)

၁၆။ အီရန် (Iran)

၁၇။ ဂျပန် (Japan)

၁၈။ ထိုင်ဝမ် (Taiwan)

၁၉။ ကနေဒါ (Canada)

၂၀။ ထိုင်း (Thailand)

အခြား မွတ်စလင်နိုင်ငံများမှာ

- ဆော်ဒီအာရေဗျ (Saudi Arabia) အဆင့် (၂၇)၊

- မလေးရှား (Malaysia) အဆင့် (၃၃)၊

- နိုင်ဂျီးရီးယား (Nigeria) အဆင့် (၃၆)၊

- အလ်ဂျီးရီးယား (Algeria) အဆင့် (၃၈)၊

- ဆီးရီးယား (Syria) အဆင့် (၃၉)၊

- ယီမင် (Yemen) အဆင့် (၄၃)၊

- အာဖဂန်နစ္စတန် (Afghanistan) အဆင့် (၄၈)၊

- ဂျော်ဒန် (Jordan) အဆင့် (၅၆)၊

- ယူအေအီး (UAE) အဆင့် (၅၇)၊

- အီရတ် (Iraq) အဆင့် (၅၈)၊

- လစ်ဗျား (Libya) အဆင့် (၅၉)၊

- ကူဝိတ် (Kuwait) အဆင့် (၆၃)၊

- ကာတာ (Qatar) အဆင့် (၆၅)၊

- လက်ဘနွန် (Lebanon) အဆင့် (၆၆)။

လင်းယုန်နက် (ခြင်္သေ့မြို့တော်)

ကိုးကား – GFP

ref :http://myanmarmuslimsvoice.com/archives/8534

အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်




*ဟေ့ကောင် ငါဆော်ကို ငါက စင်ကာပူမှာလို့ ပြောထားတာကွ ။ ငါ့ facebook မှာလည်း စင်ကာပူလို့ဘဲ ရေးထားတယ် ။ ဖုန်းဆက်နေတဲ့ စင်ကာပူက ကောင်မလေးကလည်း လာလည်မယ်ပြောတယ် ။ လာလည်ရင်တော့ အေးဆေးဆေး ဟိုတည်ဘဲ သွားတည်းတော့မယ် ။*

ပျံ့လွင့်လာတဲ့ စကားသံတွေက ကိုယ်နဲ့ မဆိုင်ပေမယ့် နားထဲရောက်လာတာမို့ ကြားနေရတယ် ။ ကြားလိုက်မိတော့ ရင်မောပြန်တယ် ။ လူတွေ ရဲ့ အတွေးခေါ် အယူဆတွေ ဘာကြောင့် ဒီလောက်ထိ ပေါ့တန် သိမ်ဖျင်းလာရသလဲ ။ တစ်နေ့ တစ်နေ့ မကြားချင်လည်းကြးနေရတယ် ။ မမြင်ချင်လည်း မြင်နေရတဲ့ မြင်ကွင်းတွေ ၊ အသံတွေကို မုန်းလာသလိုထိ ရင်ထဲမှာ ခံစားလာရတယ်ဆို ပိုလိုက်တာလို့ ပြောကြမလား မသိဘူးနော် ။ ယနေ့ ခေတ်စားလာတဲ့ ချက်တင် ချစ်သူတွေ ၊ ဖုန်းချစ်သူတွေ အဖြစ်ပေါ့ရှင် ။ facebook မှာရေးထားတဲ့ ကိုယ်ရေးအချက်လက်တွေကို ကြည့်ပြီး သူ့ကိုရေးထားတာတွေကို အဟုတ်တွေမှတ်နေကြတဲ့ မြန်မာမိန်းကလေးတွေ ။ ပညာတွေ သင်ထားတာ အလကားမှ မဟုတ်တာဘဲ ။ လေ့လာပါ ၊ တွေးပါ ၊ ဆင်ခြင်ပါ လို့ပြောချင်မိတယ် ။ပြောတိုင်းယုံနေရအောင် ကျွန်မတို့ကို မိဘမွေးထဲက ဦးနှောက်ဆိုတာ ထည့်ပေးထားတယ် ။ ဒါအလကားထားဖို့မှ မဟုတ်တာ ။ ယောကျာင်္းတစ်ယောက်ကို ရွေးချယ်တဲ့ နေရာမှာ သူ့ရောက်နေတဲ့ နိုင်ငံတွေ ၊ သူ့ပိုင်ဆိုင်မှုတွေထက် အဓိကထား ရွေးချယ်ရမယ့် အချက်တွေရှိပါတယ် ။

၁.ယောကျာင်္းတစ်ယောက်ရဲ့ အရည်ချင်း ၊
၂.မိမိချစ်သူအပေါ် စာနာထောက်ထားတတ်မှု ၊
၃. မိမိချစ်သူအပေါ် သစ္စာရှိမှု ၊
၎. မိမိအပေါ် ဦးဆောင် တတမှု ၊
၅.နှမချင်းစာနာစိတ်ရှိခြင်း
၆.ဘာသာတူညီခြင်း၊
၇.ကျွန်မတို့ ဘ၀တွေကို ဘယ်လောက်ထိ လုံင်္ခြုမှုပေးနိုင်ခြင်း

ဆိုတဲ့အချက်တွေကို စံထားရွေးချယ်ရမှာပါ ။ ဘာမဟုတ်တဲ့ အရာတွေနဲ့ မဟုတ်တဲ့ ဂုဏ်ပကာသနတွေကို မက်မောမိရင် ရလာဒ်တွေက အလိမ်အညာတွေနဲ့ဘဲ တွေ့ဆုံနေကြရပါလိမ့်မယ် ။ စင်ကာပူမှာ ရှိရှိ အင်္ဂလန်မှာ ရှိရှိ ဒါတွေက အရေးမကြီးပါဘူး ။ အပေါ်က အချက်တွေနဲ့ ကိုက်ညီမှုရှိဖို့ ပိုအရေးကြီးပါတယ် ။ နိုင်ငံခြားဆိုတိုင်း အထင်မကြီးကြပါနဲ့ မြန်မာမိန်းကလေးတွေရယ်။ မဟုတ်တဲ့ဆိုဒ်မှာ ညီမလေးတို့ မမတို့ vzo ပုံတွေ ပလူပျံနေတာ သက်သေပါဘဲ ။ သေချာဘာမှ မသိတဲ့ ယောကျာင်္းတွေ အပေါ် ချစ်မိသွားလို့ပါဆိုတဲ့ အကြောင်းပြချက်လေး တစ်ခုနဲ မိမိတို့ ဘ၀တွေကို နင်းခြေမခံမိကြပါစေနဲ့ကွယ်။ လူုဖြစ်ရတဲ့ ဘ၀လေးမှာ လူဖြစ်ရကျိုးနက်ဖို့ဆိုတာ သိက္ခာရှိအောင်နေတတ်ဖို့ သိပ်အရေးကြီးပါတယ် ။ အွန်လိုင်းပေါ်က စကားတွေဟာ ယုံတမ်းစကားတွေလား အမှန်တမ်းစကားတွေလားဆိုတာကို ဝေဖန်ခွဲခြားနိုင်ခြင်း မပြုနိုင်ခင်မှာ ဘာကိုမှ မရက်ရောတာ အကောင်းဆုံးပါ ။ ဒါဆို မေးစရာရှိတယ် ။ အွန်းလိုင်းချစ်သူတိုင်းကို မယုံရတော့ဘူးလားလို့ ။ မဆိုလိုပါဘူး ။ တကယ်မေတ္တာစစ်နဲ့ ချစ်ပြီး ဘ၀ကို လက်တွဲသွားကြတဲ့ သူတွေ တပုံတပင်ပါဘဲ ။ ဒီလို လက်တွဲသွားတဲ့အထိ ဖြစ်တဲ့နေရာမှာ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့ ရွေးချယ်တတ်ဖို့တော့ လိုတယ် ။ အွန်လိုင်းမှာ ချစ်သူဖြစ်ပြီး တာနဲ့ ပုံတွေတင်ကြတော့တာလည်း ခေတ်စားလာသလိုဘဲ ။စကား စပ်မိတုန်းလေး ပြောချင်သေးတယ် ။ မိမိချစ်သူကို ချစ်လို့ ကိုယ်ပိုင်တယ်ဆိုတာကို လူသိအောင် လုပ်ပေမယ့် တကယ်တမ်းမယူဖြစ်တဲ့ အခါမှာ နစ်နာသွားတာ ကျွန်မတို့ မိန်းကလေးတွေပါပဲ ။ နောက်တစ်ခု ချစ်သူဖြစ်ပြီဆိုတာနဲ့ အကောင့် password တွေကိုတောင်းတတ်ကြတာလည်း မိန်းကလေးတော်တော်များများရဲ့ တူညီတဲ့ အချက်ပါပဲ ။ တောင်းတာကို ကျွန်မ အပြစ်မဆိုပါဘူး ။ လိုအပ်တာထက် ပိုတဲ့ ပိုင်စိုးချင်တဲ့ စိတ်တွေက အချိန်တန်တော့ ကိုယ်ကိုဘဲ ဒုက္ခုပြန်ပေးတတ်တယ်ဆိုတာကို ပြောပြချင်တယ် ။ ဟုတ်ပြီ password ရပြီ။ ဖွင့်ကြည့်မယ် ။ ဒီလောက်ဆို လုံလောက်ပြီလေ ။ ဒီထက်ပိုပြီး သူစာမျက်နှာမှာ ကိုယ်ပုံတွေတင်တယ် ။ သူအနေနဲ့ ကိုယ်ကစကားတွေ ၀င်ပြောတာမျိုးကြတော့ အခွင့်ရေးကို အလွဲသုံးစားလုပ်တာနဲ့ တူပါတယ် ။ တဖက်လူကလည်း ခုစကားပြောနေတာ အကောင့်ပိုင်ရှင် ဟုတ်မဟုတ်ဆိုတာကို သိပါတယ် ။ ဒီတော့ တဖြေးဖြေး မိတ်ပျက်စရာတွေ ဖြစ်လာတတ်တယ် ။ အကောင့်ဆိုတာ ကြိုက်သလောက် ထပ်ဖွင့်ရတယ်ဆိုတာကို မေ့မထားစေချင်ဘူး ။ ပေးသိထားတဲ့ အကောင့်ကို လိုအပ်တာထက် ပိုချုပ်ကိုင်လာတဲ့ အခါတွေမှာ အသစ်တွေ ထပ်ဖွင့်သုံးကြတော့တာပါပဲ ။ ဒီတော့ ဘာတွေ လုပ်တယ်ဆိုတာ သိချင်လို့ password တောင်းတယ် ။ နောက်အသစ်ထပ်ဖွင့်သုံးတော့ အလကားဖြစ်နေပြီပေါ့ ။ သူပေးတာကို လိုအပ်တဲ့ အခါလေးပါဘဲ ဖွင့်ကြည့်တာမျိုးဆို သူလည်း စိတ်မညစ်ရဘူး ၊ ကိုယ်သိချင်တာလေးတွေလည်း သိနေရမယ် ။ ယောကျာင်္းလေး အများစုဟာ သိပ်စိတ်ရှုတ်မခံတတ်ကြဘူးဆိုတဲ့ အချက်ကို မေ့မထားကြပါနဲ့ ။ ကဲ အွန်လိုင်းချစ်သူကိစ္စကို ဆက်ရအောင် ။ ဟုတ်ပြီ အွန်လိုင်းမှာ ချစ်သူဖြစ်တယ် ။ တစ်ယောက်အကြောင်းတစ်ယောက်သိအောင် လိုအပ်သလောက် စကားပြောကြည့်မယ် ။ ဒီထက်လေးနက်လို့ရပြီဆို အပြင်မှာတွေ့ကြည့်ရမယ် ။ ( တွေ့ကြည့်ရမယ်ဆိုတာ တည်းခိုခန်းတွေမှာ တွေ့ကြည့်ဖို့ မဟုတ်ဘူးနော် ) ။ မိဘတွေနဲ့ တွေ့ပေးကြည့်မယ် ။ အားလုံးသေချာ အိုကေပြီးဆိုရင်တောင် ဆေးစစ်ရအုံးမယ်နော် ။ အားလုံး အဆင်သွားပြီဆို လက်ထပ်ကြတာပြီပေါ့ ။ ဘယ်လောက် မင်္ဂလာရှိလိုက်သလဲရှင် ။
မပြောချင်ပေမယ့် ပြောရအုံးမယ်ရှင် ။ ကျွန်မတို့နဲ့ ခင်တဲ့ လူတစ်ယောက်ပေါ့ ။ သူ့မှာမိန်းမရှိတယ်။ မိန်းမလေးက သူ့ထက်လည်း တော်တော်လေးကို ငယ်တယ် ။ ချစ်ဖို့လည်းကောင်းတယ် ။ သူအကျင့်က ဟုတ်တာကော မဟုတ်တာပါ စကားအကြီးကြီတွေ ပြောတတ်တယ် ။ နောက် အရမ်းကို ချက်တင်ထိုင်တယ် ။ အလုပ်က ပြန်လာပြီဆိုတာနဲ့ ရေတောင်မချိုးနိုင်ဘဲ ကွန်ပြူတာ တန်းဖွင့်တော့တာပါပဲ ။ ချက်တင်ထဲမှာ နောက်ထပ်ကောင်မလေးတွေနဲ့ ရည်းစားဖြစ်နေတယ်လေ။ ဒါဘာထူးဆန်းလို့ ထင်နိုင်ပါတယ် ။ ဟုတ်ဒါအထူးဆန်းပါဘူး ။ ထူးဆန်းတာက တဖက်မိန်းကလေးတွေက သူ့မှာ အိမ်ထောင်ရှိတယ်ဆိုတာကို သိသိနဲ့ ပြန်ကြိုက်တာသတဲ့လေ။ သူ့မိန်းမကိုကြတော့ ထားစရာ နေရာမရှိအောင် တိုတတ်ပါတယ် ။ နောက်ထပ်ရည်းစားတွေထားတာ ၊ ကောင်မလေးတွေက သူ့မှာ မိန်းမရှိနေမှန်းသိသိနဲ့ ပြန်ကြိုက်တယ်ဆိုတာတွေကို ဂုဏ်ယူစွာနဲ့ ကြွားနေတာ ။ ကြားရတဲ့ ကျွန်မ အသက်ရှူဖို့ ခဏ မေ့သွားတယ် ။ ကိုယ်နဲ့ မဆိုင်ပေမယ့် မြန်မာမိန်းကလေးဆိုတာနဲ့ ကျွန်မနဲ့ ဆိုင်သလို ခံစားမိတယ် ။ မခံချင်တဲ့ စိတ်တွေက နှိုးကြွလာတယ် ။ သူ့ကို တစ်ခုခု ပြန်ပြောချင်တယ် ။ ပြောချင်တဲ့ စိတ်ကို ချုပ်ထိန်းလိုက်ရတာ တစ်ကိုယ်လုံးမှာ ရှိတဲ့ အာရုံကြောတွေ ခေတ္တခဏမျှ တုံ့ဆိုင်းသွားသလားထင်ရပါတယ် ။ အတွေးခေါ်တွေ တဖြေးဖြေး ဆင်းရဲလာတဲ့ မြန်မာမိန်းကလေးတွေ အတွက်ပါ ။ ဘာကိုမှ အလေးနက်မရှိတဲ့ ခပ်ပေါ့ပေါ့လူစားတွေကတော့ သူကို အထင်ကြီးချင်ကြီးနေကြမှာပေါ။ ခေတ်ကာလ မြန်မာမိန်းကလေးတွေရဲ့ အတွေးမှာ အယူဆမှားတွေကို သန့်စင်သွားအောင် ဘယ်အရာနဲ့ ဆေးကြောပေးရမလဲလို့ အခါခါတွေးမိတယ် ။ ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ အနှစ်သာရ ရှိစွာနေထိုင်ဖို့ဆိုတာ ဆင်းရဲတော၊ ချမ်းသာတော ၊ တော်တာ ၊ ညံ့တာနဲ့ မဆိုင်ပါ ။ ကျွန်မတို့ တတွေ လူဖြစ်ပြီး လူပီတအောင် နေတတ်ဖို့ အရေးကြီးပါတယ် ။ ကြောက်ရမယ့် အရာကို ကြောက်ကိုကြောက်တတ်ရမယ် ။ ရှက်ရမယ့် အရာကို ရှက်တတ်ရမယ် ။ ထိန်းသိမ်းရမယ့် လူကျင့်ဝတ်တွေကို ထိန်းသိမ်းနိုင်ရမယ် ။ ဒါမှ လူပီတသူလို့ သတ်မှတ်နိုင်မှာပါ ။ အကျင့် သီလ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသော မိန်းမကောင်းလေးတွေ မိသားစုတိုင်းမှာ ရှိနေပါလျှင် အိမ်သာ၏ ။ သီလသတီ = ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း ၊ မေဓ၀ိနီ = အမြော်အမြင် ဆင်ခြင်ဥာဏ် ပညာအလိမ္မာနှင့် ပြည့်စုံခြင်း ဆိုတဲ့ မိန်းမကောင်းကျင့်ဝတ်တရားလေးတွေကို မမေ့မလျော့ နှလုံးသွင်း ဆင်ခြင်နိုင်ကြပါစေ ။

မလေးရှားရောက် မြန်မာတွေရဲ့ လူနေမှု ပုံစံလေးကို ပြောချင်ပါသေးတယ် ။ ခိုင်လေး ဆိုတဲ့သူငယ်ချင်းတယောက်ပြောပြတဲ့ အကြောင်းလေး နည်းနည်း ပြောပြချင်ပါတယ် ။ သူမ မလေးရှားမှာ ခုလက်ရှိနေပါတယ် ။ အမျိုးသားနဲ့ တူတူနေပါတယ် ။ တူတူနေတယ်ဆို မလေးရှားရောက် မြန်မာစတိုင်လို မယူရသေးဘဲ တူတူနေနေတာမျိုး မဟုတ်ပါ ။ တရားဝင်လက်ထပ်ပြီး လိုက်နေခြင်းမျိုးပါ ။ သူမ အမျိုးသားရှိလို့သာ လိုက်နေရပေမယ့် မလေးရှားမှာ နေနေတာကို ခိုင်လေးမိဘတွေက လုံးဝ သဘောမကျပါဘူး ။ ခိုင်လေးတို့ အိမ်မှာ လုပ်စရာ အလုပ်တွေ အပြည့်ပါပဲ ။ အိမ်ထောင်ရှင် ယောကျာင်္းတစ်ယောက်ကို အဝေးမှာ ကြာကြာ တစ်ယောက်ထဲ ထားဖို့ မသင့်ဘူးလို့ မှတ်ယူတာမို့ သူနဲ့ တူတူလိုက်နေရခြင်းပါ ။ မလေးရှားရောက်တဲ့အခါ သူမအလုပ်လုပ်မယ်လို့ ပြောပါတယ် ။ အမျိုးသားက ပေးမလုပ်ပါဘူး။ သူများဆီမှာ တစ်ခါမှ အလုပ်အလုပ်ဘူးဘဲ အဆင်ပြေမှာ မဟုတ်ဘူးတဲ့ ။ လုပ်တတ်မှာလည်း မဟုတ်ဘူးဆိုပြီး အိမ်မှာဘဲနေခိုင်းပါတယ် ။ ဒီတော့ တစ်နေ့ တစ်နေ့ အိမ်မှုကိစ္စလေးတွေလုပ် ပြီးတာနဲ့ စာတွေဖတ် သတင်းတွေဖတ် ၊ စာရေး ဒါသူမ အလုပ်ပါပဲ ။ သူမက အကျင့်တစ်ခုရှိတယ် ။ သိချင်တဲ့ အရာတစ်ခုကို သေချာလေ့လာတတ်တာပါပဲ ။ မလေးရှားကို ရောက်ပြီး မလေးရှားရောက်တဲ့ မြန်မာတွေ အကြောင်းကို လေ့လာဖြစ်တယ် ။ အသေးစိတ်ကို လေ့လာမိပါတယ် ။ တခြားနိုင်ငံတွေကို ရောက်ဖူးပေမယ့် ခုလောက် ကြာကြာမနေဘူးတာမို့ မလေးရှားရောက် မြန်မာတွေ အကြောင်းလောက်တော့ မသိခဲ့ပါဘူး ။ မလေးရှားကို ရောက်နေတဲ့ မြန်မာ ယောကျာင်္းလေးတွေ အကြောင်းကို အရင်ပြောချင်တယ် ။ အိမ်ထောင်ရှိသူတွေ ဖြစ်လင့်ကစား မလေးရှားရောက်တာနဲ့ *အင်ဒိုနီးရှား*မတွေနဲ့ တူတူနေကြတယ် ။ မြန်မာချင်းကြိုက်ကြတယ် ။ ချစ်သူဖြစ်ပြီဆိုတာနဲ့ တူတူအိပ်ကြတော့တာပဲ။ ကွဲသွားကြလည်း ဘာမှထူးထွေ မခံစားကြရသလိုဘဲရှင် ။ အတွဲ တစ်တွဲဆို တစ်မြို့ထဲ သားတွေပါ ။ နှစ်ယောက်စလုံး အိမ်ထောင်တွေပါပဲ ။ မလေးရှားကို ရောက်တော့ ဖောက်ပြန်ကြတယ် ။ တူတူနေနေကြတယ် ။ မြန်မာပြည်က မိသားစုတွေကတော့ ဒါတွေကို ပြန်သိမှာ မဟုတ်ပါဘူး ။ သိပ်ကို စိတ်ပျက်စရာကောင်းလှတဲ့ အဖြစ်တွေပေါ့ ။ လူတွေ လူတွေ ဘာလို့ သိရက်နဲ့ မိုက်မဲနေကြတာလဲ။ ဒီမေးခွန်းကို ကျွန်မ ရင်ထဲမှာ အထပ်ထပ်ကို မေးနေမိတယ်။အချစ်ဆိုတာ တစ်ကယ်ကို သိမ်မွေ့နူးညံ့ပြီး တန်ဖိုးရှိပါတဲ့ ခံစားမှုလေးတစ်ခုပါ ။ ဒီခံစားမှုလေးကို လူတွေက မဟုတ်တဲ့ နေရာမှာ အသုံးချနေတာကတော့ လုံးဝကို မဖြစ်သင့်ပါဘူး ။ အိမ်ထောင်ရေးတိုင်းမှာ အတွင်းကျိတ် ပြသနာလေးတွေ ရှိနေတတ်ကြပါတယ်။ ဒီလို ပြသနာတွေ ဖြစ်ကျတဲ့ နေရာမှာ ယောကျာင်္းလေး ကော မိန်းကလေးတွေပါ အေးဆေးစွာ ဖြေရှင်းတဲ့ နည်းလမ်းက အကောင်းဆုံး နဲ့ အဖြစ်သင့်ဆုံးပါပဲ ။ ဒါပေမယ့် ပြသနာတက်ချိန်မှာ ဘယ်သူက အေးအေးဆေးဆေး ဖြေရှင်း နိုင်မှာလဲ လို့ တွေးမိကြပါလိမ့်မယ်။ မှန်ပါတယ် ဒါပေမယ့် အတတ်နိုင်ဆုံးတော့ သွေးအေးအေးထားစေချင်တယ် ။ ဒီနေရာမှာ ဖြစ်တတ်တာလေးတွေကို တင်ပြချင်ပါတယ် ။
ရိုးသွားတတ်တယ်
အိမ်ထောင်သက်ကြာလာတာနဲ့ အမျှ ရိုးသွားတယ်လို့ မဟုတ်ပေမယ့် အပြောင်းလဲဆိုတာတော့ ရှိလာတတ်ပါတယ်။လူတစ်ယောက်က နေ့တိုင်း ကြက်သားဟင်းကို စားနေရပေမယ့် တစ်ခါတစ်ရံမှာ ငပိရည်တို့စရာလေးကိုတော့ စားချင်တဲ့စိတ်တွေ ၀င်လာတတ်ကြတယ် ။ အိမ်ရှင်မတွေအနေနဲ့ ကြက်သားဟင်းကို ကြော်တာလေးကတမျိုး၊ ချက်တာလေးကတစ်ဖုံ။သုတ်ပေးတာလေးက တသွယ် စားချင်စဖွယ်ဖြစ်အောင်တော့ ပြောင်းလဲမှုလေးတွေ ရှိပေးသင့်ပါတယ် ။ တခါတရံ စားချင်လာတတ်တဲ့ငပိရည်ဆိုတာ စားမိရင် မျက်နှာမှာ အဖုတွေ ထွက်လာတတ်သလို ၊ ဘ၀မှာလဲ အမည်းစက် အဖုတွေ ထွက်လာတယ်ဆိုတာကိုနားဝင်အောင် နူးညံ့တဲ့ နည်းလမ်းလေးတွေနဲ့ ပြောပြဖြေရှင်းသင့်တယ်။





သစ္စာမဲ့ခြင်းဆိုတာကို တရားဝင်ချိုးဖောက်မိကြခြင်း

အိမ်ထောင်တစ်ခုကို ထူထောင်တဲ့ နေရာမှာ မိဘပေးစားလို့ဘဲ ဖြစ်ဖြစ် ကိုယ်တိုင်ချစ်ခင်စုံမက်လို့ဘဲ ဖြစ်ဖြစ်၊ ဘယ်လို အကျိုးကြောင်းတရားတွေ ရှိနေပါစေ ကိုယ်ကို တိုင် လက်မှတ်ထိုး ပေးမှ တရားဝင် အကြင်လင်မယားဖြစ်ကြရတဲ့အတွက် ကိုယ်တိုင် စိတ်နဲ့ လက်ထပ်ဖြစ်ကြရတာပါပဲ ။ ညှိုနှိုင်းလို့ ဘယ်လိုမှ ကို မရတော့ဘူး ၊ မဖြစ်နိုင်ဘူးဆိုရင်လဲ ကွာရှင်းလိုက် တာက သိက္ခာရှိပါသေးတယ် ။ မပြေလည်တဲ့ အိမ်ထောင်ရေးကို အကြောင်းတွေပြ ဒီဘက်လဲ မရှင်း ၊ ဟိုဘက်မှာလဲ ဇာတ်လမ်းတွေ ရှာနေကြတဲ့ သူတွေတော်တော် များများကို မလေးရှားမှာ တွေ့နေရပါတယ်။ လက်ရှိ အိမ်ထောင်ရေးမပြေလည်မှုမှာ ကိုယ်ဘက်က မှန်ချင်မှန်နေပေမယ့် အိမ်ထောင်ရေးမပြေလည်လို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဖော်ပြန်တာတော့ သိက္ခာမရှိနိုင်ပါဘူး ။ တရားဝင် ကွာရှင်းပြတ်ဆဲခြင်းမရှိဘဲ ဒီလိုကျူးလွန်မိလိုက်တာဟာ မှန်ခဲ့တယ်ဆိုတဲ့ ကိုယ်အမှန်တရားတွေပါ အလကားဖြစ်ကုန်တာပါပဲ ။ ကိုယ် ဂုဏ်သိက္ခာတွေ ၊ ကိုယ်ကျင့်တရားတွေ ပျက်စီးခဲ့ရင် ဘယ်ပညာ ၊ ဘယ်ချမ်းသာမှု ကမှ မကယ်နိုင်ပါဘူး။ အဲဒီလို အခါမျိုးတွေမှာ မှန်ရှေ့မှာ ရှင် ရပ်လိုက်ပါ ။ မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ်ပုံရိပ်က ရှင်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အပြစ်တင်နေသလို ရှင် ခံစားရပါလိမ့်မယ်။ အချိန်မှီနေပါသေးတယ် ရှင် အမြန်ဆုံး သိက္ခာရှိတဲ့ လုပ်ရပ်ကို အမြန်ဆုံး ပြုပြင် ပြောင်းလဲလိုက်ပါ ။ ရှင်ကို ကံတရားက တစ်ကြိမ်တော့ ပြင်ဆင်ခွင့် ပေးပါလိမ့်မယ်။ ဖောက်ပြန်တယ်လို့ နာမည်တပ်ခံရတာကိုက လူတစ်ယောက်လုံးကို ရစရာမရှိအောင် သိမ်ငယ်သွားစေပါတယ် ။ မလေးရှားမှာ ပြောနေတတ်ကြလွန်းလို့ပါ ။ မြန်မာပြည်က မိန်းမက ဘယ်လိုမကောင်းတာ ၊ မြန်မာပြည်က ယောကျာင်္းက ဘယ်လို ဆိုးတာ စုံနေတာပါပဲ ။ ဟုတ်ပြီ မကောင်းဘူး ၊ ဘယ်လိုမှ ညှိနှိုင်းမရဘူးဆိုရင် ကွာရှင်းလိုက်ပါ ။ ဒီလို မဟုတ်ဘဲ မကောင်းတာတွေ ဆိုးတာတွေကို အကြောင်းပြပြီး လက်ရှိ အိမ်ထောင်အပေါ် ဖောက်ပြန်နေခြင်းကတော့ ရုပ်ဆိုးလွန်းပါတယ် ။ ဆင်ခြင်နိုင်ကြပါဝေလို့ ဆုတောင်းမိပါတယ် ။
မိန်းကလေးတွေ အနေနဲ့လည်း ပိုက်ဆံလာရှာတာ မှန်ပေမယ့် မှန်ကန်တဲ့ နည်းမှန်လမ်းမှန်တွေနဲ့ဘဲ ရှာစေချင်ပါတယ် ။ ချစ်သူဖြစ်ပြီဆိုတာနဲ့ တူတူလိုက်အိပ်နေရမယ်ဆိုတဲ့ အောက်တန်းကျတဲ့ ပုံသေနည်းကြီးကို ကျွန်မတို့ မြန်မာမိန်းကလေးတွေ ထိန်းသိမ်းရမယ့် ကိုယ်ကျင့်တရားဆိုတာနဲ့ တွန်းလှန်တိုင်ထုတ်ပြစ်ကြရအောင် ။ ခုဆို ယောကျာင်္းတော်တော်များများပြောနေကြတဲ့စကားရှိပါတယ် ။ မြန်မာမတွေလည်း အင်ဒိုမတွေနဲ့ ဘာမှ မထူးတော့ဘူးတဲ့ ။ သိပ်ကို ရင်နာစရာကောင်းပါတယ် ။ မြန်မာပြည်ပြန်သွားတဲ့ လူုတိုင်းလိုလိုက နိုင်ငံခြားကောင်းကြောင်းတွေကိုသာ စီကာပတ်ကာပြောတတ်ကြပေမယ့် ဆိုးကျိုးတွေကို ချန်လှပ်ထားကြတာလဲ လူသားမပီသ မှုတစ်ခုပါပဲ ။ အသက်ကြီးသူက ငယ်သူကို ထိန်းဖို့မပြောပါနဲ့ ကြီးသူတွေကိုယ်တိုင်ကိုက ထိန်းမနိုင် သိမ်းမနိုင်အောင် ဖြစ်နေကြတာ ယိုသူမရှက် မြင်သူရှက်ဆိုသလိုပါပဲ ။ ကဲ ကျွန်မတို့ ဘယ်လို ထိန်းကြမလဲ လူတစ်ဦးချင်း တစ်ယောက်ချင်းဆီက မိမိတို့ကိုယ်ကို တန်ဖိုးတတ်ခြင်းတွေနဲ့ ထိန်းမယ် ။ မိဘတွေ အနေနဲ့လည်း မိမိတို့ သမီးရတနာလေးတွေကို ငွေမျက်နှာတစ်ခုထဲကို မကြည့်ဘဲ နိုင်ငံခြားကိုလွတ် ငွေရှာခိုင်းခြင်းတွေကို သေချာဆင်ခြင်တွေးတောမယ် ။ တကယ်လိုအပ်တယ် လွတ်ရမယ်ဆိုရင်တောင် မိမိတို့ သားသမီးကို သေချာ လေ့လာပါ ။ မိမိရင်သွေးငယ်ဟာ ကိုယ်ကိုကိုယ် အမှန်တကယ် ထိန်းသိမ်းနိုင်ပြီလားဆိုတာကို လေ့လာပြီးမှသာ လွတ်သင့်ပါတယ် ။ အကောင်းဆုံးနည်းလမ်းကတော့ မိမိကိုယ်ကို ဂုဏ်သိက္ခာရှိအောင် နေတတ်ခြင်းဘဲ ဖြစ်ပါတယ် ။ ဒီနည်းလမ်းဟာ အကောင်းဆုံးနဲ့ အဖြစ်သင့်ဆုံးပါပဲ ။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ယဉ်ကျေးတဲ့ ခေတ်တစ်ခေတ်ဖြစ်အောင် ကျွန်မတို့တွေ လက်တွဲညီညီ တည်ဆောက်ကြပါစို့ ။ သူ့ဖက် ကိုယ့်ဖက်မျှတစွာ စဉ်းစားတတ်ပြီး ကိုယ်ချင်းစာတရားကို လက်ကိုင်ထားတတ်သော ၊ နှမချင်းစာနာစိတ်မွေးမြူတတ်သော အမျိုးကောင်းသားတွေ ပေါ်ပေါက်ပါစေ ။ ဘုရားဂုဏ် ၊ တရားဂုဏ်၊ သံဃာ့ ဂုဏ်တို့ကို အထူးမှတ်ရှူတတ်ကာ မေတ္တာပွားများနိုင်သော အမျိုးကောင်းသမီးများစွာ ပေါ်ပေါက်လာကြပါစေ ။

အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်လို့ လှုပ်နှိုးရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတော့တယ် ။

မိန်းကလေးများ၊ ယောက်ကျားလေးများကို ပုတ်ခတ်ပြောဆိုဝေဖန်ရန်အတွက် အစဖော်ပေးခြင်းမဟုတ်ပါ။ ကြမ်းတမ်းစွာပြောဆိုဝေဖန်မည့်အစား နှစ်သိမ့်ပညာပေး အားပေးစေချင်ပါတယ်

 MYANMAR EXPRESS GROUP From : .. ပျို့မှာတမ်း

မူးယစ်ဆေးဖြတ်သူများထဲတွင် အသက် ၃၅နှစ်အောက်အမျိုးသမီးများ အများဆုံးပါဝင်






မူးယစ်ဆေး ဝါးဖြတ်ပေးသည့်စင်တာများ၌ မိမိအသိစိတ်ဖြင့် ဆေးလာဖြတ် ကြသူများထဲတွင် စိတ်ကြွဆေး သုံးစွဲသူများ အများဆုံးဖြစ်ပြီး ယင်းတို့အနက်မှ အသက် ၃၅နှစ် အောက်လူငယ်အမျိုးသမီးများ အများဆုံးပါဝင်ကြောင်း သိရ သည်။

ယင်းတို့ကိုယ်ပိုင် အသိစိတ် ဓာတ်ဖြင့်လာရောက်အကြံဉာဏ် တောင်းခံ၍ ဆေးဖြတ်သူများတွင် လူငယ်အမျိုးသမီးများ ပါဝင်မှု များပြားကြောင်းကို'လူငယ်အား မာန်'ကျန်းမာရေးစောင့်ရှောက် မှုစင်တာမှအဖွဲ့ ခေါင်းဆောင် ကိုလှထွန်းမျိုးကပြောသည်။

''ဒီနှစ်လာရောက်ဆေးဖြတ် သူတွေမှာလူငယ်တွေပိုများတယ်။ နောက်ပိုင်းမိန်းကလေးတွေပါ ပါ ဝင်မှုများလာတယ်။ သူတို့ကိုယ် ပိုင်အသိစိတ်ဓာတ်နဲ့ လာရောက် ဆွေးနွေးတိုင်ပင်တဲ့အခါ ကျွန် တော်တို့အနေနဲ့ Refer လုပ်ပေး ရတာပေါ့။ ဆေးရုံကိုပို့ဆောင်ပေး ပြီးဆေးဖြတ်နိုင်ဖို့ကူညီဆောင် ရွက်ပေးပါတယ်''ဟု ကိုလှထွန်း မျိုးက ပြောသည်။

၂၀၁၂ခုနှစ်တစ်နှစ်လုံး တွင် လာရောက်ဆေးဝါးစောင့် ရှောက်မှုခံယူသူမှာ ၃ဝကျော်သာ ရှိခဲ့သော်လည်း ယခုနှစ် ဩဂုတ် အထိ ဆေးဝါးစောင့်ရှောက်မှု ခံယူသူဦးရေမှာ ၂ဝကျော်ရှိခဲ့ ကြောင်းသိရသည်။

အဆိုပါမူးယစ်ဆေးဝါးသုံး စွဲနေသူအမျိုးသမီးအများစုသည် အသက် ၃၅နှစ်အောက် လူငယ် များဖြစ်ကြပြီး ဈေးကြီးပေး၍ဝယ် ယူရသော နံပါတ်ဖိုးနှင့်စိတ်ကြွဆေးလိုမျိုး မူးယစ်စေသည့်အရာ များကို ပိုက်ဆံရှိလူတန်းစားနှင့် အနုပညာရှင်များအသုံးပြုနေကြ သလို အခြားသောငွေကုန်ကြေး ကျသက်သာသည့် မူးယစ်စေနိုင် သည့်အရာများကိုသုံးစွဲနေသူ အခြေခံလူ တန်းစားများလည်းရှိ နေကြောင်းMANA ဥက္ကဋ္ဌ ဦး ခင် မောင်ထွန်းကပြောသည်။

ဦးခင်မောင်ထွန်းက''မူးယစ် ဆေးဝါးဆိုတာ စမ်းသပ်သုံးစွဲနေ ရာကစွဲသွားကြတာပါ။ သုံးစွဲနေ သူအမျိုးသမီးတွေကတော့ အ သက် ၃၅နှစ်အောက်လူငယ်တွေ များတယ်။ ဆေးသုံးစွဲသူတွေက တော့ လူတန်းစားမျိုးစုံပါပဲ။ အ လုပ်သမားတွေ၊ အနုပညာရှင်တွေ ကနေလုပ်ငန်း ရှင်တွေအထိရှိကြ တာပဲ။ တစ်ဖက်နိုင်ငံကနေပြန် လာပြီး ဆေးစွဲလာတာမျိုးတွေ လဲရှိတယ်။ ဒီစင်တာမှာဆေးဝါး ကုသမှုခံပြီးရင် ပြန်လည်ထူထောင် ရေးနဲ့ အလုပ်ရရှိရေးကို(MANA) က လုပ်ဆောင်ပေးပါတယ်''ဟု ပြော သည်။
လက်ရှိရန်ကုန်တိုင်းအ တွင်း မူးယစ်ဆေးဝါးအပြင် မူး ယစ်စေတတ်သောအရာများ သုံး စွဲမှုများတွင် လူငယ်အမျိုးသမီး များပါဝင်လာမှုသည် တဖြည်း ဖြည်းများပြားလာကြောင်းနှင့် အရေးယူခံရမည်ကို စိုးရိမ်နေသ ဖြင့်လာရောက် အကူအညီတောင်း ခံမှုမရှိသော လူငယ်အမျိုးသမီး များလည်းတွေ့ရှိနေရကြောင်း ဆက်လက်ပြောသည်။

ကိုလှထွန်းမျိုးက''တချို့မိန်း ကလေးတွေဆိုသုံးနေတာ၊ ဆေး စွဲနေတာသိနေတယ်။ တွေ့နေရ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီ ရောက်မလာတာတွေရှိပါတယ်။ အကူအညီလာမတောင်းကြဘူး။ ကျွန်တော်တို့က အင်န်ဂျီအိုအဖွဲ့ ပါ။ ဘယ်သူ့ကိုမဆိုကူ ညီပေးမှာ ပါ။ အစိုးရနဲ့ မဆက်နွှယ်ပါဘူး။ တချို့တွေက ထင်ပါလိမ့်မယ်။ မူး ယစ်ဆေးဝါးလာဖြတ်ရင်အရေး ယူခံရမှာတွေ၊ ကျွန်တော်တို့ ဒါကို တာဝန်ယူပါတယ်။ ဘာမှမဖြစ် စေရပါဘူး''ဟု ပြောသည်။

အမျိုးသမီးလူငယ်အများ စုသုံးစွဲနေခြင်းမှာ ငွေကြေးတတ် နိုင်ခြင်း၊ အပေါင်းအသင်းစုံခြင်း နှင့် အမှန်တကယ်ဆေးစွဲနေသူ များအနေဖြင့် ဆေးဖြတ်ရန်မှာ မလွယ်ကူကြောင်း တောင်ဒဂုံမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ယင်းမှ''လွန်ခဲ့တဲ့သုံးလ လောက်တုန်းကတော့မြင်ဖူးတယ်။ မိန်းကလေးတစ်ဦးပါ။ အသက်က ၁၉၊၂ဝအရွယ်လောက်ပဲရှိမယ်။ ရုပ်ရည်က သန့်သန့်ပြန့်ပြန့်ပါပဲ။ သူနဲ့ပတ်သက်နေတဲ့ သင်္ဘောသား တစ်ဦးကြောင့် သုံးတတ်သွားတာ လို့သိရတယ်။ သူသုံးနေရာကနေ ဖြတ်မရတဲ့အဆုံးနောက်ပိုင်း ရောင်းချတဲ့အထိဖြစ်လာတယ်။ အခုတော့မတွေ့ရတော့ဘူး။ အ ဖမ်းအဆီးတွေများလာတာ ကြောင့်ဖြစ်မယ်''ဟု ပြောသည်။

ယင်းကျန်းမာရေးစောင့် ရှောက်မှုစင်တာကို မြန်မာနိုင်ငံ တွင်၂၀၀၉ခုနှစ်စက်တင်ဘာမှ စတင်ဖွင့်လှစ်ခဲ့သည်။


From : .. YMG

ညီအစ်မချင်း အချင်းများရာမှ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ





မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ် (၆) ရပ်ကွက် ၁ လမ်းတွင် ညီအစ်မချင်း စကားများရာမှ ၎င်းတို့၏ ခင်ပွန်းနှစ်ဦး အပြန်အလှန် ဓားဖြင့် ခုတ်ကြရာ တစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းမှ သိရှိရသည်။

သြဂုတ်လ ၉ ရက် နံနက် ၇ နာရီခန့်က ညီအစ်မချင်း စကားများရာ အစ်မဖြစ်သူ ဒေါ်တင်တင်ဌေး၏ ခင်ပွန်း ဦးမြင့်အောင်က ခယ်မဖြစ်သူ ဒေါ်ခင်ခင်အေးကို အရိုး ငါးလက်မ၊ အသွား ၁၂ လက်မရှိ ဓားရှည်ဖြင့် ခုတ်ခဲ့ရာ ဒေါ်ခင်ခင်အေး၏ ညာဘက် လက်ခလယ်နှင့် လက်သူကြွယ်လက် နှစ်ဆစ်ခန့် ပြတ်သွားပြီး ယင်းအချိန်တွင် အနီးသို့ ရောက်ရှိလာသည့် ၎င်း၏ခင်ပွန်း ဦးရဲလွင်အောင်ကို ဦးမြင့်အောင်က ဓားဖြင့် ဆက်လက်ခုတ်ခဲ့ရာ ဦးရဲလွင်အောင်၏ ဘယ်ဘက်ရင်ဘတ်တွင် ဓားဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းအမှုကို စစ်ဆေးခဲ့သော မိတ္ထီလာမြို့ မြို့မရဲစခန်း၏ အမှုစစ်ဒုရဲအုပ် ဌေးဝင်းက ပြောကြားသည်။

ယင်းနောက် ဦးရဲလွင်အောင်က ဦးမြင့်အောင်ကို အရိုး ငါးလက်မ အသွား ၁၂ လက်မဓားရှည်ဖြင့် လည်ပင်းကို ခုတ်ရာ ဦးမြင့်အောင်သည် လည်ပင်း ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ အချင်းများရာမှ ဦးရဲလွင်အောင် ရင်ဘတ်ဒဏ်ရာရရှိပြီး ဒေါ်ခင်ခင်အေး လက်အဆစ်ပြတ်ဒဏ်ရာ ရရှိကာ ဒေါ်တင်တင်ဌေး ဦးခေါင်းဒဏ်ရာ ရရှိ၍ ၎င်းတို့ သုံးဦးကို ပခုက္ကူမြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ပို့ကုသလျက် ရှိကြောင်း အဆိုပါအမှုစစ်က ဖြည့်စွက် ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဦးရဲလွင်အောင်ကို ပခုက္ကူမြို့ မြို့မရဲစခန်းတွင် ပ၂၃၉/၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

From : ..the voice
 

မြို့ပတ်အထူးတွဲပေါ်မှ စုံတွဲအချို့၏ မဖွယ်မရာသတင်း



မြို့ပတ်ရထားအထူးတွဲများပေါ်၌ စုံတွဲအချို့ မဖွယ်မရာပြုလုပ်မှုကို ကြား သိရသော်လည်း တရားဝင်တိုင်ကြားမှု များမရှိသေး ဟု မြန်မာ့မီးရထားမှ ရန် ကုန်တိုင်း လက်ထောက်အထွေထွေမန် နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

''ကျွန်တော်တို့အနေနဲ့ကတော့ သူ တို့က လက်မှတ်ဝယ်စီး တာဆိုတော့ သွားတားဆီးဖို့ အခက်အခဲရှိနိုင်တယ်။ သိပ်ကြီးလွန်လွန် ကဲကဲ ဖြစ်လာ ရင် လူမှုရေးအရပဲ ပြောပြမေတ္တာရပ်ခံ ရမှာပေါ့'' ဟု ၄င်းက ပြောသည်။

မြို့ပတ်အထူးတွဲများပေါ်၌ ရထား ရဲ၊ အထူးတွဲ တွဲစောင့်ဝန်ထမ်းနှင့် လက် မှတ်သိမ်းဝန်ထမ်းများပါရှိကြောင်း အထူး တွဲတွင် ဈေးသည်များပါရှိမှု နည်းပါး၍ စုံတွဲများ စီးနင်းမှုများပြားကြောင်း သိရ သည်။

''အထူးတွဲမှာရော၊ ရိုးရိုးတွဲမှာရော ဒါမျိုးတွေက ရှိနိုင်တာပဲ''ဟု အထက် ပါ အရာရှိက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင် မြို့ပတ်ရထား ၂၁ ဆိုင်းရှိပြီး ယင်းတို့၌ အထူးတွဲ ချိတ် ဆက်နိုင်သော အဆိုင်း ၁၄ ဆိုင်းရှိ ကာအထူးတွဲ ချိတ်ဆက်ပြီးစီးမှုမှာ ၁၁ ဆိုင်းရှိပြီ ဟု သိရသည်။

မြို့ပတ်ရထားသည် နံနက် ၄ နာရီ ၄၅ မိနစ်မှ စတင်၍ ထွက်ခွာပြီး ယင်း တွင်လည်း အထူးတွဲပါရှိကြောင်းညပိုင်း တွင် နောက်ဆုံးထွက် ရထားမှာ ၉ နာရီ ၄၅ မိနစ်ဖြစ်ပြီး အထူးတွဲပါရှိသည့် နောက်ဆုံးတွဲမှာ ၉ နာရီ မိနစ်၂ဝ တွင် ဘူတာကြီးမှစတင်ထွက်သည်ဟု မြန်မာ မီးရထားမှ သိရသည်။

''မနက်အစောပိုင်း နေ့ခင်းလူနည်း ချိန် ညပိုင်းတွေမှာ အဲလိုကိစ္စတွေ ပိုရှိ နိုင်တာပေါ့''ဟု အထက်ပါ အရာရှိက ထပ်လောင်းပြောသည်။


From : .. popular

ဆီးရီးယားသူပုန်တို့၏ ရက်စက်ကြမ်းကြုတ်မှု ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာ



Saturday, September 7,2013

New York Times သတင်းဌာနက ဖော်ပြခဲ့သော ဗီဒီယို မှတ်တမ်း တစ်ခုတွင် သမ္မတ ဘာရှာ အာဆက်ဒ်၏ သစ္စာတော်ခံ တပ်သား (၇)ဦးကို ဆီးရီးယား သူပုန်များက သတ်ဖြတ်နေပုံကို တုန်လှုပ် ခြောက်ခြားဖွယ် တွေ့ ရှိရဆီးရီးယား အစိုးရ အနေဖြင့် သူပုန်တပ်များကို ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲမှုများ အားကောင်းနေချိန်တွင် သူပုန်တပ်များဘက်မှလည်း ရက်စက်လွန်းသည့် လုပ်ရပ်များ ကျူးလွန်နေကြောင်း မှတ်တမ်း အထောက်အထားများ ထွက်ပေါ်လာခဲ့သည်။ New York Times သတင်းဌာနက ဖော်ပြခဲ့သော ဗီဒီယို မှတ်တမ်း တစ်ခုတွင် သမ္မတ ဘာရှာ အာဆက်ဒ်၏ သစ္စာတော်ခံ တပ်သား (၇)ဦးကို ဆီးရီးယား သူပုန်များက သတ်ဖြတ်နေပုံကို တုန်လှုပ် ခြောက်ခြားဖွယ် တွေ့ရှိရသည်။ ဆီးရီးယား စစ်သားများကို အဝတ်အစားများချွတ်ကာ မြေကြီးပေါ် တွန်းလှဲပြီး သူပုန်တပ်ဖွဲ့ဝင် အများအပြားက ၎င်းတို့ကို ကန်ကျောက် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းစစ်သားများအနက် အချို့သည် ကျောဘက်နှင့် လက်မောင်းတို့တွင် ဆိုးဆိုးရွားရွား ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရသည်။

အဆိုပါ စစ်သည်များ၏ ဦးခေါင်းကို သေနတ်ဖြင့် တေ့ကာ ပစ်မသတ်မီတွင် ဦးလေးကြီးဟု အများက ခေါ်ဝေါ်သည့် သူပုန်အဖွဲ့ခေါင်းဆောင် အက်ဘ်ဒူလ်ဆာမက်ဒ် အစ်ဆာက ရိုးရာ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ခဲ့သည်။ ထို့နောက် ပထမဆုံး ကျည်ဆန်ကို ၎င်းကိုယ်တိုင် ပစ်ခတ်ခဲ့သည်။ "နှစ်ပေါင်း(၅၀)လောက် ကြာညောင်းအောင် သူတို့တွေဟာ အကျင့်ပျက် ခြစားမှုရဲ့ နောက်လိုက်တွေ ဖြစ်ခဲ့ကြတယ်။ ကျုပ်တို့ဟာ ဘုရားသခင်ကို တိုင်တည်တယ်။ ကျမ်းကျိန်တယ်။ ကျုပ်တို့ လက်စားချေမယ်"ဟုလည်း ၎င်းက ပြောကြားခဲ့သေးသည်။

အဆိုပါ ခြောက်ခြားစရာ ဖြစ်ရပ်သည် (၂၀၁၂)ခုနှစ်၊ ဧပြီလက ရိုက်ကူးထားသည့် မှတ်တမ်း ဗီဒီယိုထဲမှ ပုံရိပ်လည်း ဖြစ်သည်။ ယခုဗီဒီယိုကို သူပုန်တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးကိုယ်တိုင်က မိမိအနေဖြင့် ယင်းရက်စက် ကြမ်းကြုတ်မှုများကို စိတ်ပျက်ကြောင်း ဝန်ခံပြီး New York Timesသို့ လက်လွှဲပေးခဲ့ခြင်း ဖြစ်သည်။ ပစ်သတ်ခံရသော ဆီးရီးယား စစ်သားများ၏ အလောင်းများကိုမူ ရေတွင်းဟောင်း တစ်ခုထဲတွင် စွန့်ပစ်ခဲ့ကြသည်။ အစ်ဆာသည် ယခုသုတ်သင်မှုကို ဗီဒီယို ရိုက်ကူးထားရန် ကိုယ်တိုင် ညွှန်ကြားခဲ့ပြီး ထိုဗီဒီယိုကို ပြသကာ တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။

ဆီးရီးယား အစိုးရသည် မိမိတို့၏ စစ်သားများကို သူပုန်များက ရက်စက်စွာ သတ်ဖြတ်နေခြင်းကို နိုင်ငံတကာက သိရှိနိုင်မည် မဟုတ်ဟု ဝေဖန်ခဲ့ဖူးသလို ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးက မိမိတို့၏ လေတပ်ပိုင်းလော့ တစ်ဦးကို ခေါင်းဖြတ်ကာ ဆီပူအိုးထဲ ထည့်ကြော်သည့် ဗီဒီယိုမျိုးကို ကြည့်ရှုဖူးကြောင်း ပြောကြားခဲ့ဖူးသည်။ ယခင်ကလည်း ဆီးရီးယား သူပုန်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးသည် စစ်သားတစ်ဦး၏ အလောင်းကို ဓားတစ်ချောင်းဖြင့် လှီးဖြတ်ကာ အသည်းနှလုံးထုတ်ပြီး တစ်ဖဲ့ယူစားပြဖူးသည့် စက်ဆုပ်ဖွယ်ရာ ဗီဒီယို မှတ်တမ်းမျိုး ထွက်ပေါ်ခဲ့ဖူးသည်။

Planet Myanmar Network

အဆောက်အအုံ တည်ဆောက်ရန် စည်ပင်မှတားမြစ် ထားသော်လည်း ၀ါဝါ၀င်းကုမ္ပဏီက ဆက်လက် ဆောက်လုပ်နေမှုကြောင့် မူလမြေပိုင်ရှင်များ လာရောက်ကန့်ကွက်

 Created on Saturday, 07 September 2013


စက်တင်ဘာ ၆ရက် မူလ မြေပိုင်ရှင် ၅၀ ခန့်က အဆောက်အဦ တည်ဆောက်နေမှုကို လာရောက် ကန့်ကွက်နေကြစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)

အဆောက်အအုံ တည်ဆောက်ရန် မြို့တော်စည်ပင်မှ ခွင့်ပြုချက်မပေးဘဲ တားမြစ်ခဲ့သော်လည်း ၀ါဝါ၀င်းကုမ္ပဏီမှ ဆက်လက် ဆောက်လုပ်နေမှုကြောင့် ဗိုလ်တထောင်မြို့နယ်၊ မြေတိုင်းရပ်ကွက် ၉K ၃ ရပ်ကွက်၊ ၅၇ လမ်း၊ ၅၈ လမ်း၊ ၅၉ လမ်း၊ လမ်း ၆၀ မြေနေရာ (ယခင်စီအိုဒီဝင်း အတွင်းရှိ) မူလမြေပိုင်ရှင် ဦးရေ ၅၀ ခန့်က စက်တင်ဘာ ၆ ရက်၊ နံနက်ပိုင်းက ယင်းမြေနေရာသို့ လာရောက်ကန့်ကွက် ခဲ့ကြကြောင်း သိရသည်။

မြို့တော်စည်ပင်မှ ယင်းမြေနေရာတွင် အဆောက်အအုံ တည်ဆောက်ရန် ခွင့်ပြုချက်မပေးဘဲ ဆက်လက် ဆောက်လုပ်နေခြင်းကိုလည်း တားမြစ်ခဲ့သော်လည်း မူလနှစ်ထပ်ရှိ အဆောက်အအုံမှ ယခုလေးထပ်အထိ တိုးမြှင့်ဆောက်လုပ် လာခြင်းနှင့် ယင်းမြေနေရာ များအတွင်း ခြံဝင်းကာရံ လိုက်သည့်အတွက် ယခုကဲ့သို့ လာရောက် ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မူလမြေပိုင်ရှင်များသည် နှစ် ၉၀ ဂရန် နှင့် နှစ် ၆၀ ဂရန်ရှိသူ အများစုဖြစ်ပြီး ၁၉၄၇ ခုနှစ်က ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာနတို့က ယင်းမြေကွက်များကို ငှားရမ်းခဲ့ပြီး ၁၉၉၄ ဇွန်လတွင် မြို့ရွာနှင့် အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာနမှ ထိုမြေများကို နိုင်ငံတော် လိုအပ်ချက်ဟုဆိုကာ သိမ်းယူခဲ့ပြီး မည်သည့်စီမံကိန်းမှ ပြုလုပ်ခြင်းမရှိဘဲ ၂၀၀၃ ခုနှစ်တွင် ကုမ္ပဏီကြီးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝါ၀ါဝင်း ကုမ္ပဏီအပြင် ဧဒင်၊ ပတ္တမြားနဂါး၊ ယုဇနကုမ္ပဏီများမှ တစ်ကွက် ပျမ်းမျှအကျယ် ၂၅x၅၈ ပေဖြင့် စုစုပေါင်း ၇၁၃ ကွက်ရှိပြီး တည်နေရာမှာ ပျမ်းမျှအားဖြင့် (၅၇) လမ်းမှ လမ်း (၇၀) ၀န်းကျင်အထိ အလျား၊ ဗန္ဓုလလမ်းမှ ကမ်းနားလမ်းအထိ အနံအဖြစ် တည်ရှိသော မြေကွက်လပ်များပေါ်တွင် အဆောက်အအုံများ တည်ဆောက်ကာ သိမ်းယူခဲ့သည့်အတွက် ဟုဆိုကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်မှာလည်း လေးကြိမ်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းမြေကွက်လပ်များပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံများ အတွက် တရားဝင် စည်ပင်မှ ခွင့်ပြုသည်မှာ ၁၂ လုံးသာရှိကြောင်း သိရပြီး ယင်းကဲ့သို့ မြေပိုင်ရှင်ရှိသော မြေကွက်ပေါ်တွင် တရားမ၀င် ဆောက်လုပ်နေမှုကြောင့် စက်တင်ဘာ ၁၀ ရက်နေ့တွင် ငါးကြိမ်မြောက် ဆက်လက် ဆန္ဒပြမည် ဖြစ်ကြောင်း သိရသည်။


Eleven Media Group

Miss Supranational 2013 ဆုကို ဖိလစ်ပိုင် အလှမယ်မှ ရရှိခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိ

 Created on Saturday, 07 September 2013


Miss Supranational 2013 ပြိုင်ပွဲဝင်ရန်အတွက် ရွေးချယ်အပြီး ခင်ဝင့်ဝါအား တွေ့ရစဉ် (Photo:Miss Supranational Myanmar facebook)

မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် Miss Supranational 2013 နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို Belarus နိုင်ငံ၊ Minsk မြို့၌ စက်တင်ဘာ ၆ ရက် (ယမန်နေ့) မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က စတင်ကျင်းပခဲ့ရာ စက်တင်ဘာ ၇ ရက်နံနက် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု အလှမယ် Miss Personality ဆု ရရှိထားသူ Mutya Datul က Miss Supranational 2013 ဆုကို ရရှိသွားခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါမှာ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာမှ အလှမယ် ၉၄ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြခြင်းဖြစ်ပြီး ၎င်းပြိုင်ပွဲတွင် ပထမဆုံး ယှဉ်ပြိုင်မှုအနေဖြင့် မြန်မာ့ရိုးရာ ၀တ်စုံဖြင့် ယှဉ်ပြိုင်ခဲ့ပြီး Swim Suit နှင့် ညနေခင်းဝတ်စုံတို့ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။

နောက်ဆုံးပြိုင်ပွဲ မစတင်မီ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သည့် Miss Internet ဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းဆုအတွက် အွန်လိုင်းမှတစ်ဆင့် တရားဝင် မဲပေးနိုင်ခြင်းကို စက်တင်ဘာ ၂ ရက်မှစတင်ခဲ့ပြီး စက်တင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီအထိ မဲပေးခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ မဲပေးရာတွင် အခမဲ့စနစ် မဟုတ်ဘဲ ၁၀ မဲလျှင် ငါးဒေါ်လာနှုန်းဖြင့် ၀ယ်ယူမဲပေးရခြင်း ဖြစ်သည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အွန်လိုင်းက ငွေပေးချေတဲ့ စနစ်ခေတ်မစားတော့ ဒီလောက်ထိ အားပေးလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ အခုလို နံပါတ် (၁) မဲအများဆုံးရပြီး မြန်မာကိုယ်စားပြု ဆုရတဲ့အတွက် ခင်ဝင့်ဝါနဲ့ထပ်တူ ၀မ်းသာပါတယ်'' ဟု Miss Supranational Myanmar Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ Miss Internet ဆုကို မြန်မာအလှမယ်သည် အွန်လိုင်းမှ မဲအရေအတွက် ၃၆၀၀ ဖြင့်ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ပြီး ဒုတိယမဲအများဆုံး ရရှိနေသည့် ထိုင်းအလှမယ်နှင့် မဲအရေအတွက် အပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် မြန်မာအလှမယ် ခင်ဝင့်ဝါသည် ရိုးရာဝတ်စုံ အနေဖြင့် ပျူခေတ်အ၀တ်အစားဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ၎င်းနောက်တွင် ရေကူးဝတ်စုံ၊ ညနေခင်း ၀တ်စုံတို့ဖြင့် အဆင့်ဆင့်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး စတင်ယှဉ်ပြိုင်ခဲ့သည့် နှစ်တွင်ပင် မြန်မာအလှမယ်သည် နောက်ဆုံးဆန်ခါတင် ၂၀ ဦးအဆင့်အထိ ရောက်ရှိခဲ့သည်။

မြန်မာအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သော Miss Internet ဆုအပြင် အွန်လိုင်းမှမဲပေးပြီး ပေးအပ်သည့် ဘီလာရုစ် ၀က်ဘ်ဆိုက်မှ ချီးမြှင့်သော Most Beautiful Girl in the World ဆု၊ Missosology မှ ချီးမြှင့်သော People Choice Award နှင့် Face of Miss Supranational 2013 ဆုများကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါမှာ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

အဆိုပါ Miss Supranational ပြိုင်ပွဲမှာ Miss Universe နှင့် Miss World ပြိုင်ပွဲတို့ပြီးလျှင် ကမ္ဘာ့တတိယ အကြီးဆုံး Miss ပြိုင်ပွဲကြီးဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် ပွဲဖြစ်ကြောင်း သိရသည်။



Eleven Media Group

Friday, September 6, 2013

ခရီးသွားရာတွင် သယ်ယူရ လွယ်ကူသည့် Wireless Charger နှင့် Power Bank များ ဝယ်ယူနိုင်







iPhone 4, 4s, 5, S4, S3 တို့အတွက် ကြိုးမဲ့အသုံးပြုနိုင်သည့် Wireless Charger သည် သေးငယ်သည့် ပုံစံဖြစ်သည်။ သေးငယ်သည့် အတွက် ခရီးသွားရာမှာလည်း အလွယ်တကူသယ်ယူနိုင်ပြီး အားသွင်းသည့်အခါ ကြိုးမလိုဘဲ ဘက်ထရီတုံးပေးတွင်သာ တင်၍ အားသွင်းထားရုံနှင့် အလွယ်တကူ အားပြည့်နိုင်ပါသည်။ အရောင်က အဖြူရောင်ဖြစ်ပြီး ဈေးနှုန်းမှာ ၆၀,၀၀၀ ကျပ် ဖြစ်ပါသည်။ Power Bank 3000 mAh သည် မိတ်ကပ်ဘူးပုံစံဖြစ်ပြီး iOS, Android ဖုန်းများအတွက် အသုံးပြုနိုင်ပါသည်။ မိတ်ကပ်ဘူးပုံစံ ဖြစ်သည့်အတွက် ဆယ်ကျော်သက် မိန်းကလေးများကို အကြိုက်တွေ့စေပြီး မိမိသွားလိုရာခရီးကို လွယ်ကူစွာ သယ်ဆောင် သွားနိုင်ပါသည်။

အားသွင်းကြိုး ပါဝင်ပြီး အရောင်က အမဲရောင်နှင့် ပန်းရောင်နှစ်မျိုးရှိပါသည်။ Digital Power Bank 10000 mAh သည် မိမိဖုန်း၏ ဘက်ထရီ % အားဘယ်လောက် ရှိသွားပြီိဆိုသည်ကို ပြသပေးပါသည်။ ခရီးသွားလျှင် သယ်ယူသွားနိုင်ပြီး အိတ်ဆောင်ပုံစံ သေးငယ်လို့ သယ်ရတာ လွယ်ကူပါသည်။ အားသွင်းကြိုး ပါဝင်ပြီး ညဘက်လိုအပ်သည့်အခါ သုံးနိုင်ရန် ဓာတ်မီးပါဝင်ပါသည်။ အရောင်က အဖြူရောင်၊ အမဲရောင်တို့ရှိပြီး ဈေးနှုန်းသည် ၃၀,၀၀၀ ကျပ်ဖြစ်ပါသည်။ Power Bank 2600 mAh သည် လေးထောင့်ရှည်ပုံစံဖြစ်ပြီး သေးငယ်သည့် Power Bank ဖြစ်ပါသည်။ လက်ထဲတွင် အလွယ်တကူသယ်နိုင်ပြီး လေးထောင့်ရှည်ဖြစ်သည့်အတွက် အမြင်ဆန်းတဲ့ပုံစံ ဖြစ်ပါသည်။ အလှကြိုးပုံစံလေးနှင့် ချိတ်ရတာလွယ်ကူသည့် စတီးကွင်းပါ ပါဝင်သည်။ အဖြူရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ အမဲရောင်တို့ ဖြစ်ပြီး ဈေးနှုန်းသည် ၉၀၀၀ ကျပ်ဖြစ်ပါသည်။

Power Bank 18000 mAh သည် လေးထောင့်ပုံစံ ဖြစ်ပါသည်။ ရိုးရှင်းသည့် ပုံစံဖြစ်သည့်အတွက် လူကြီးလူငယ်မရွေး သုံးနိုင်ပြီး အိတ်ဆောင်သုံးလို့ ရပါသည်။ ခရီးသွားရာမှာလည်း လွယ်ကူစွာ သယ်ဆောင်နိုင်ပြီး အပြာရောင်၊ အဖြူရောင်၊ အမဲရောင်၊ ပန်းရောင်၊ အစိမ်းရောင် ဟူ၍ အရောင်ငါးရောင် ရှိပါသည်။ ဈေးနှုန်းသည် ကျပ် ၃၀၀၀၀ ဖြစ်ပါသည်။ အဆိုပါ Power Bank များသည် Power Bank တစ်ခုကို iOS, Android ဖုန်း ခြောက်လုံးလောက်ကို တစ်လုံးပြီးတစ်လုံး တစ်ခါတည်း အားသွင်းနိုင်ပါသည်။ အကယ်၍ Power Bank များသည် အားနည်းသွားပါက ၎င်း Power Bank များအား ပြန်လည်အားသွင်းပြီး အသုံးပြုနိုင်ပါသည်။ ၎င်း Power Bank များနှင့် Wireless Charger များအား Golden Dragon၊ ရန်ကင်းစင်တာရှေ့၊ မဟာဘောဂလမ်း၊ အိမ်အမှတ် ၃၊ ဖုန်း-၇၃၀ ၃၇၆ ၃၉ တွင် ဝယ်ယူနိုင်ပါသည်။

Ref & Credit: Net Guide Journal

တရားမ၀င် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်နိုင်ရန် ပြည်ပသင်္ဘောများ စစ်ဆေးမှုကို စက်တင်ဘာလမှ စ၍ ပို့ကုန်သွင်းကုန် ဥပဒေဖြင့် စတင်စည်းကြပ်မည်



မြန်မာနိုင်ငံ အတွင်းသို့ ပင်လယ်ရေ ကြောင်းမှ တရားမဝင် ကုန်သွယ်မှုများ တားဆီး ထိန်းချုပ် နိုင်ရန်အတွက် ကမ်းရိုးတန်း ပြည်တွင်း ရေယာဉ်များ သြဂုတ်လ ၁၂ ရက်မှ စတင် စစ်ဆေး သကဲ့သို့ ပြည်ပ သင်္ဘောများ စစ်ဆေးမှုကို စက်တင်ဘာလ ၁ ရက်မှ စ၍ မှောင်ခို တင်သွင်းသူ လုပ်ငန်းရှင် များအား စစ်ဆေး၍ တွေ့ရှိပါက ပို့ကုန် သွင်းကုန် ဥပဒေအရ စတင် အရေးယူ သွားမည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန မှ သိရသည်။


စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန မှ နယ်စပ် မှ တရားဝင် ကုန်သွယ်မှု မြင့်တက် လာစေရန် မှောင်ခို ကုန်သွယ်မှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ မှစ၍ Mobile Team အဖွဲ့များဖြင့် စစ်ဆေး ဖမ်းဆီးခဲ့ရာ ယခုနှစ် ဇွန်လကုန် အထိ စာရင်းအရ ငွေကျပ် သန်း ၅၀၀၀ ကျော် ရှိသည်ဟု ယင်း ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။


" ဒီနှစ် ဘဏ္ဍာရေးနှစ် ဧပြီလ ကနေ ဇူလိုင်လအထိ ပင်လယ် ရေကြောင်း ပို့ကုန် ပမာဏ အမေရိကန် ဒေါ်လာ ၂၁၄၃ ဒသမ ၃၆ သန်း ရှိတယ် ၊ သွင်းကုန် က အမေရိကန် ဒေါ်လာ ၃၁၁၆ ဒသမ ၆၇ သန်း ရှိတယ် ၊ မနှစ်က ဆို ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ ကျော်အထိ မြင့်တက်အောင် လုပ်နိုင်တယ် .... " ဟု ယင်းပုဂ္ဂိုလ်က ပြောကြား ခဲ့သည်။


မြန်မာ့ ကုန်သွယ်မှု လိုငွေများ လည်းရှိပြီး ယင်း လိုငွေများသည် ပင်လယ် ရေကြောင်း ကုန်သွယ်မှု တစ်ခုအပြင် နယ်စပ် ကုန်သွယ် လမ်းကြောင်း မှ တစ်ဖက်နိုင်ငံ များသို့ ပို့ကုန် တင်ပို့မှုများ လည်း ပိုမို ပြုလုပ် လာကြောင်း ၊ တရားဝင် ကုန်သွယ်ရေး တန်ဖိုးအရ လိုငွေပြ နေသော်လည်း မြန်မာနိုင်ငံ မှ ထုန်ပြန်သော ကုန်သွယ်မှု ပမာဏ နှင့် တစ်ဖက် နိုင်ငံမှ ထုတ်ပြန် ထားသည့် ကုန်သွယ်မှု ပမာဏ ကွာခြားချက်များ ရှိခြင်းကြောင့် မှောင်ခို ကုန်သွယ် မှုများ ရှိနေသည်ဟု သိရသည်။



ကုန်သွယ်မှု ပမာဏ၏ ၈၀ ရာခိုင်နှုန်း သည် ပင်လယ် ရေကြောင်း ကုန်သွယ်မှု မှ ယခု ဘဏ္ဍာရေး နှစ် လေးလအတွင်း တရားဝင် ကုန်သွယ်မှု ပမာဏမှ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ကျော်ရှိပြီး ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့် ရှိကြောင်း သိရှိရသည်။

Related Posts Plugin for WordPress, Blogger...