Sunday, September 22, 2013

ဟင်္သာတတွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် ဒုက္ခသည် အရေအတွက် တိုးလာ

 Created on Sunday, 22 September 2013

ဟင်္သာတမြို့နယ်ရှိ ရေဘေးဒုက္ခသည်များအား ဆေးကုသမှု ပြုလုပ်နေသည်ကို တွေ့ရစဉ်

ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ထပ်တိုးကာ ခိုလှုံသူဦးရေ ၉၆၀ ခန့် ထိရှိလာကြောင်း စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းအချိန် ရရှိသော သတင်းအရ သိရသည်။

"မနေ့က ရေလဲ ဘ.က ကျောင်းကို ရေဘေးကယ်ဆယ်ရေး စခန်းအဖြစ် ထပ်ပြီးတိုးထားရတယ်။ လူဦးရေက တဖြည်ဖြည်း တိုးနေတုန်းပဲ" ဟု စစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဖြေကြားသည်။

စစ်ကုန်းကျေးရွာ အုပ်စုရှိ ရေလယ်သောင်၊ ကမ်းသာယာ၊ အောင်ချမ်းသာ၊ ရေပိုစု၊ စစ်ကုန်းလေး၊ ငါးဆယ်ကျွန်းနှင့် ရေလဲကျေးရွာတို့မှ ရေဘေးကြုံတွေ့ နေရသူများအား ကံကြီးဒါယကာ ဘုန်းကြီးကျောင်း၊ မဟာဘုံတန်ဆောင်း၊ ရေလယ်သောင် ဘုန်းကြီးကျောင်း၊ ငါးဆယ်ကျွန်း အ.မ.က နှင့် ရေလဲ ဘ.က ကျောင်းတို့တွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရှိကာ အိမ်ထောင်စု ၁၆၃ စုမှ လူဦးရေ ၅၈၄ ဦး ခိုလှုံနေကြောင်း သိရသည်။

တောင်လုံးစု ကျေးရွာအုပ်စုရှိ အောက်ရွာလေး ကျေးရွာနှင့် ဖောင်ချောင်းကျေးရွာတို့မှ ရေဘေးကြုံတွေ့ နေရသူများအား ၀ိဇ္ဇာလင်္ကာရကျောင်းနှင့် ဓမ္မ၀ါဒီ တန်ဆောင်းတို့တွင် ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရှိကာ အိမ်ထောင်စု ၈၈ စုမှ လူဦးရေ ၃၇၁ ဦးခိုလှုံနေကြောင်း သိရသည်။



ဟင်္သာတ မြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်

ဧရာဝတီမြစ် ရေကြီးမှုကြောင့် ဟင်္သာတ မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားမှု ခုနစ်ခုထိ ရှိနေပြီဖြစ်သည်။

ဧရာဝတီ မြစ်ရေသည် စက်တင်ဘာ ၁၆ ရက်က ဟင်္သာတမြို့၏ စိုးရိမ်ရေမှတ် ၄၄ ပေသို့ ရောက်ရှိလာခဲ့ပြီး ၂၀ ရက်တွင် ၄၆ ဒသမ ၄ ပေအထိ မြင့်တက်ခဲ့ကာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ အချိန်မှစကာ ရေကျလာပြီ ဖြစ်သော်လည်း စိုးရိမ်ရေမှတ် အထက်တွင် ရှိနေသေးကြောင်း ဆည်မြောင်းဌာနသို့ မွန်းလွဲပိုင်းအချိန် မေးမြန်းချက်အရ သိရသည်။

EMG

တောင်ကျချောင်းရေကြောင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ပြီး ချင်းပြည်နယ်တောင်ပိုင်းနှင့် ယောဒေသတွင် ကုန်ဈေးနှုန်းများ မြင့်တက်

 Created on Saturday, 21 September 2013


ကျော်ချောင်းအတွင်း ဖြတ်ကူးနေသော လှည်းများကိုတွေ့ရစဉ်

ပခုက္ကူနှင့် ပေါက်မြို့နယ်ကြားရှိ ကျောချောင်းတွင် တောင်ကျရေများ ဆက်လက်ကျဆင်း နေမှုကြောင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ကာ ခရီးသည်နှင့် ကုန်စည်များအား လှေ၊ လှည်းတို့ဖြင့်တစ်ဆင့် သယ်ဆောင်နေရ၍ ချင်းပြည်နယ် တောင်ပိုင်းနှင့် ယောဒေသအတွင်း ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူနှင့် ပေါက်မြို့အကြား ဆက်သွယ်ထားသည့် မော်တော်ကားလမ်းပေါ်ရှိ ကျောချောင်းနှင့် ယောချောင်းတို့တွင် ယခုလ ဒုတိယပတ်မှစ၍ တောင်ကျရေ ကျဆင်းမှု များပြားခြင်းကြောင့် မော်တော်ယာဉ်များ ဖြတ်ကူးနိုင်ခြင်း မရှိဘဲ ၅ ရက်ခန့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခဲ့သည်။

ယခုလ တတိယပတ်တွင်လည်း တောင်ကျရေ ဆက်လက်စီးဆင်း နေသည့်အတွက် ယာဉ်များဖြတ်ကူးနိုင်ခြင်း မရှိသေးဘဲ ခရီးသည်နှင့် ကုန်စည်များအား ချောင်းရေနည်းပါးချိန်တွင် လှေ၊ လှည်းများဖြင့် တစ်ဆင့်သယ်ဆောင်နေရပြီး ဒေသတွင်း ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ သွားလာရေး ခက်ခဲခြင်းများ ကြုံတွေ့နေရကြောင်း မော်တော်ယာဉ်မောင်းများနှင့် ခရီးသည်များ၏ ပြောကြားချက်အရ သိရသည်။

"ချောင်းရေကျလို့ ကားတွေကူးမရတာ တစ်ပတ်လောက် ရှိပြီ။ ရေများလို့ လှေရောလှည်းရော ကူးမရဘူး။ မနေ့ကမှ (၂၀ ရက်) လှေတွေလှည်းတွေ ကူးလို့ရတယ်။ လှည်းတစ်ခေါက် ဆန်အိတ် ၁၅ အိတ်ကို ကျပ် ၅၀၀၀ ယူတယ်။ ဆီပီပါဆိုရင် နှစ်ပီပါပဲ နိုင်တယ်" ဟု ကျောချောင်းအတွင်း လှည်းဖြင့်ကုန်စည် သယ်ယူပို့ဆောင် ပေးနေသူ ကိုဌေးလှိုင်က ပြောကြားသည်။

"ဒီနေ့မှ ခရီးသည်တင်ကားတွေ စထွက်တယ်။ ချောင်းရေနည်းရင် ပေါက်မြို့ပေါ်ထိ ကားရောက်တယ်။ အခုချောင်းရေက များနေသေးလို့ ကမ်းမဖြူဆိပ်ထိပဲ ကားတွေရောက်တယ်။ လူကတော့ လှည်းတို့လှေတို့နဲ့ ဖြတ်ရတယ်။ ကားခအပြင် ချောင်းကူးတဲ့လှေခ၊ နောက်မြို့ထဲသွားဖို့ ဆိုင်ကယ်ကယ်ရီခတွေပါ တက်ကုန်တယ်" ဟု ပေါက်မြို့သို့ လစဉ်ဈေးရောင်း သွားနေသူ မသိမ့်သိမ့်အေးက ပြောကြားသည်။

"ကားတွေက ချောင်းကူးလို့ မရတော့ မန္တလး၊ ပခုက္ကူဘက်ကမှာတဲ့ ပစ္စည်းတွေကို ကမ်းမဖြူဆိပ်ကနေ ပေါက်မြို့ထဲကို ကိုယ့်ဟာကိုယ် သယ်ရတယ်။ ရေများလို့ လှေနဲ့သယ်ရရင် လှေခ၊ အလုပ်သမားခ၊ လှည်းခတွေ တအားတက်လာတယ်။ အရင်က ပုံးတစ်ပုံး ကျပ် ၇၀၀။ ရေများရင် သုံးဆင့်သယ်ရတယ်။ ရေနည်းရင် နှစ်ဆင့်သယ်ရတယ်။ သယ်ယူစရိတ်ကိုက နှစ်ဆ၊ သုံးဆလောက် တက်သွားတော့ ပစ္စည်းဈေးတွေလည်း တက်ရောင်းရတယ်" ဟု ပေါက်မြို့ခံ ဆေးရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုဇော်လင်းဦးက ပြောကြားသည်။

ပခုက္ကူမှ ပေါက်မြို့၊ ယောဒေသ၊ ချင်းပြည်နယ် တောင်းပိုင်းတို့သို့ သွားရာလမ်းတွင် ယခင်ကကျောချောင်း၊ ယောချောင်းအတွင်းရှိ ရေပြာတံတားနှင့် အုန်းတောတံတားတို့မှ သွားလာကြပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သော မကွေးတိုင်းဒေသကြီးအတွင်း ချောင်းရေကြီးမှုတွင် အဆိုပါတံတား နှစ်စီးလုံး မျောပါပျက်စီး ခဲ့ခြင်းကြောင့် လမ်းပန်းဆက်သွယ်မှု ဆိုးရွားလျက် ရှိနေသည်။ အဆိုပါ ဒေသတွင် ပြီးခဲ့သော ၂၀၁၂ ခုနှစ် စက်တင်ဘာ လဆန်းပိုင်းကလည်း ကျောချောင်းရေကြီးချိန်တွင် ဖြတ်ကူးသော ကူးတို့လှေတစ်စီး တိမ်းမှောက်ခဲ့သည့်အတွက် ခရီးသည် ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

EMG

ဇောတိက စီမံကိန်းမှ ဓာတ်ငွေ့ဖြင့် ထားဝယ်ဒေသအတွက် ၆၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ ရှစ်လအတွင်း အပြီးသတ် တည်ဆောက်ရန် ခွင့်ပြုချက် တောင်းခံထား

 Created on Sunday, 22 September 2013

ကံပေါက်ဒေသရှိ စီမံကိန်း တည်ဆောက်မည့် ဧရိယာအား စက်တင်ဘာလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ - ဖြိုးဇင်)

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး တည်ဆောက်မည့် မဂ္ဂါဝပ် ၅၀၀ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ ကနဦး အနေဖြင့် မဂ္ဂါဝပ် ၆၀ ဓာတ်အားပေး စက်ရုံကို ပြည်ထောင်စု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ခွင့်ပြုချက် ရရှိပါက ထားဝယ်ဒေသအတွက် ဦးစားပေး အနေဖြင့် ရှစ်လအတွင်း တည်ဆောက်၍ လျှပ်စစ်ဓာတ်အား စတင်ပေးဝေနိုင်မည်ဖြစ်ကြောင်း စီမံကိန်း ဆောင်ရွက်မည့် Admin Power & Utility Co;Ltd မှ တာဝန်ရှိသူများက ပြောကြားသည်။

စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အင်ဂျင်နီယာ အဖွဲ့သည် စီမံကိန်းအတွက် Transmittion Line တည်ဆောက်ရန်နှင့် စက်ရုံတည်ဆောက်မည့် ဧရိယာ ၀န်းကျင်ကို ကြည့်ရှုရန် ထိုင်းနိုင်ငံမှ ထားဝယ်မြို့သို့ လာရောက်ခဲ့ပြီး စီမံကိန်း လမ်းကြောင်းတစ်လျှောက် လိုက်လံကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တွေ့ဆုံပြီး စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

စီမံကိန်း တည်ဆောက်မည့် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက "ကျွန်တော်တို့ Admin Power & Utility Co;Ltd အနေနဲ့ ကံပေါက်ဒေသမှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း တည်ဆောက်ဖို့အတွက် ပဏာမ စူးစမ်းလေ့လာဖို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ MoU လက်မှတ် ရေးထိုးထားပါတယ်။ ပဏာမ စူးစမ်းလေ့လာမှု လုပ်နေတာ အခုဆိုရင် နောက်ဆုံးအဆင့်ကို ရောက်ပါပြီ။ ဓာတ်ငွေ့ရရှိမှု အခြေအနေ အရတော့ မဂ္ဂါဝပ် ၅၀၀ လျှပ်စစ် ထုတ်လို့ရပါတယ်။ မဂ္ဂါဝပ် ၅၀၀ အတွက် ဆောက်မယ်ဆိုရင် ဓာတ်အားလိုင်းနဲ့ စက်ရုံတည်ဆောက်ဖို့ အချိန်ကြာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ် တနသာင်္ရီတိုင်း ဒေသကြီးအတွက် အကျိုးရှိအောင် လာမယ့် ၂၀၁၄ မတ်လလောက်မှာ ဂက်စ်ကစပြီးရမှာ ဖြစ်တဲ့အတွက် အဲဒီဂက်စ်တွေ အလဟဿ မဖြစ်အောင် မဂ္ဂါဝပ် ၆၀ ထုတ်နိုင်တဲ့ စက်တစ်လုံးကို အမြန်ဆုံး တည်ဆောက်ပါ့မယ်။ တစ်ပြိုင်တည်းပဲ ကံပေါက်-ထားဝယ် 230 KVA မဟာဓာတ်အားလိုင်းကို ဆွဲမှာဖြစ်ပါတယ်။ မဂ္ဂါဝပ် ၆၀ စက်ရုံနဲ့  230 KVA မဟာဓာတ်အားလိုင်း တည်ဆောက်ဖို့ အချိန်ရှစ်လ ကြာမြင့်မှာ ဖြစ်ပါတယ်။ မဂ္ဂါဝပ် ၆၀ စက်ကိုလည်း ၀ယ်ထားပြီးပါပြီ" ဟု ပြောကြားသွားခဲ့သည်။

အဆိုပါ မဂ္ဂါဝပ် ၅၀၀ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား စတင်တည်ဆောက်နိုင်ရန် ပြည်ထောင်စု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့များမှ ခွင့်ပြုချက် ရရှိရန် တင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြုချက် ရရှိပါက ချက်ချင်းဆောင်ရွက်သွားနိုင်ရန် လိုအပ်သည့် စက်ကရိယာများ အဆင့်သင့်ဖြစ်ကြောင်း သိရသည်။

ရခိုင်မှာ ၃၅ ကျပ်ဆိုရင် ထားဝယ်မှာလည်း ၃၅ ကျပ်ပဲ ဖြစ်မှာပါ။ မီးသာရရင် ဒီဘက်ကို စီးပွားရေး လုပ်ငန်းတွေ တိုးလာမှာပဲ။ ကံပေါက်-ထားဝယ် မဟာဓာတ်အားလိုင်းအတွက် ရေး-ထားဝယ် ကားလမ်းတစ်လျှောက်မှာ အရင်က ထောင်ထားတဲ့ ဓာတ်တိုင်တွေကိုပဲ အသုံးပြုမှာပါ။ စီမံကိန်းအတွက် MoU ပဲ ထိုးရသေးတယ်။ MoA ထိုးပြီးတော့မှ အားလုံးလုပ်ငန်း လည်ပတ်နိုင်မှာပါ . . . . .


မီဒီယာများမှ စီမံကိန်းနှင့် ပတ်သက်၍ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် "ဒီမဟာ ဓာတ်အားလိုင်းက ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း အတွက်လည်း ပေးနိုင်မှာပါ။ ထွက်လာတဲ့ လျှပ်စစ်အားလုံးကို လျှပ်စစ်ဝန်ကြီး ဌာနကိုပဲ ပေးမှာပါ။ ၆၀ ထွက်ရင် ၆၀၊ ၅၀၀ ထွက်ရင် ၅၀၀ စလုံး ပေးမှာပါ။ လျှပ်စစ်ဝန်ကြီးဌာနက လိုအပ်တဲ့ နေရာတွေကို ပြန်ဖြန့်ပေးမှာပါ။ အခုလောလောဆယ်လုပ်မယ့် ကံပေါက်-ထားဝယ် မဟာဓာတ်အားလိုင်း ပြီးသွားရင် ဒီလိုင်းအနီးမှာရှိတဲ့ နေရာအားလုံးကို မီးပေးနိုင်ဖို့ အဆင်သင့်ပါပဲ။ တစ်ယူနစ်နှုန်းထားကလည်း လျှပ်စစ်ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နှုန်းထားပါပဲ။ ကျွန်တော်တို့ အနေနဲ့ ထုတ်လုပ်တဲ့ အပိုင်းကိုပဲ လုပ်မှာပါ။ ဖြန့်ဖြူးရေးနဲ့ သယ်ဆောင်ရေး အပိုင်းကို ကျွန်တော်တို့ မသိပါဘူး။ ဒါကတော့ နိုင်ငံတော်ရဲ့မူနဲ့ ဒီကအစိုးရ အဖွဲ့ရဲ့ မူအတိုင်းပဲ ဖြစ်မှာပါ" ဟု ELEVEN MEDIA GROUP ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

"ဒီစီမံကိန်းအတွက် ခွင့်ပြုချက် အမြန်ဆုံးရဖို့ ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဌာနကို တိုက်တွန်းရပါမယ်။ ရခိုင်ဘက်မှာ ရွှေဂက်စ်ကနေ အစိုးရနှုန်းထားနဲ့ လျှပ်စစ်ရနေတော့ ဒီကပြည်သူတွေလည်း လိုချင်နေကြတာ ကြားရပါတယ်။ သို့သော်လည်း MIC ပြန်တင်တာတွေကို ပြည်ထောင်စု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေနဲ့ အမြန်ဆုံးစီစဉ် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ကုမ္ပဏီဘက်က ရှစ်လအတွင်းမှာ ပြီးအောင်လုပ်နိုင်တယ် ပြောပေမယ့် paper work သာ စောစောပြီးရင် လေးလလောက်နဲ့လည်း သူတို့လုပ်နိုင်တဲ့ အနေအထား ရှိတယ်။ ရခိုင်မှာပေးတဲ့ နှုန်းထားအတိုင်း ဒီမှာပေးနိုင်ဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရကလည်း ကျောသားရင်သား ခွဲခြားမှာ မဟုတ်ပါဘူး။ ရခိုင်မှာ ၃၅ ကျပ်ဆိုရင် ထားဝယ်မှာလည်း ၃၅ ကျပ်ပဲ ဖြစ်မှာပါ။ မီးသာရရင် ဒီဘက်ကို စီးပွားရေး လုပ်ငန်းတွေ တိုးလာမှာပဲ။ ကံပေါက်-ထားဝယ် မဟာဓာတ်အားလိုင်းအတွက် ရေး-ထားဝယ် ကားလမ်းတစ်လျှောက်မှာ အရင်က ထောင်ထားတဲ့ ဓာတ်တိုင်တွေကိုပဲ အသုံးပြုမှာပါ။ စီမံကိန်းအတွက် MoU ပဲ ထိုးရသေးတယ်။ MoA ထိုးပြီးတော့မှ အားလုံးလုပ်ငန်း လည်ပတ်နိုင်မှာပါ။ သူတို့တွေ့ရှိချက်တွေကို အစီရင်ခံစာ အရင်တင်မယ်။ ဂက်စ်ကလည်း မတ်လလောက်မှ ရမယ်ဆိုတော့ အဲဒီအချိန်လောက်မှ စနိုင်မယ်။ ဒီမတိုင်ခင်မှာ paper work တွေ အရင်ပြီးဖို့ လိုတယ်။ ဂက်စ်က ဒီမှာအဆင်သင့် ရှိပြီးသားဆိုတော့ စက်ရုံတွေ ဆောက်ဖို့ပဲ လိုတယ်၊ စက်တွေလည်း ၀ယ်ထားပြီးသားဆိုတော့ ဆက်လုပ်ရမယ့် လုပ်ငန်းက ခဏလေးပဲ" ဟု တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဝင်းဆွေက ဆွေးနွေးပွဲ အပြီးတွင် ပြောကြားခဲ့သည်။

အဆိုပါ မဂ္ဂါဝပ် ၅၀၀ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ထားဝယ်မြို့မှ မြောက်ဘက် မိုင် ၆၀ ခန့်အကွာရှိ ကံပေါက်ဒေသတွင် တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း ပထမအဆင့်တွင် မဂ္ဂါဝပ် ၁၈၀ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ၂၀၁၄ ဇန်န၀ါရီမှ ၂၀၁၅ ဇန်န၀ါရီအထိ၊ ဒုတိယ အဆင့်တွင် မဂ္ဂါဝပ် ၁၈၀ စက်ရုံကို ၂၀၁၄ ဇူလိုင်မှ ၂၀၁၅ ဇူလိုင်အထိ၊ တတိယ အဆင့်တွင် မဂ္ဂါဝပ် ၁၆၀ စက်ရုံကို ၂၀၁၅ ဒီဇင်ဘာလမှ ၂၀၁၆ ဒီဇင်ဘာလအထိ သတ်မှတ်ထားကြောင်း သိရသည်။ စီမံကိန်းကာလ တစ်ခုမှာ ၁၂ လ ကြာမြင့်မည်ဖြစ်ပြီး သတ်မှတ်ချိန်တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီးသည် အမျိုးသား မဟာဓာတ်အားလိုင်း မရောက်ရှိသော နေရာဖြစ်သဖြင့် ဒေသခံများမှာ ပုဂ္ဂလိက လျှပ်စစ်ပေးဝေရေး ကုမ္ပဏီ တစ်ခုဖြစ်သော ဖိုးသီးချို ကုမ္ပဏီမှ တစ်ယူနစ်လျှင် ကျပ် ၄၆၀ ခန့်ဖြင့် လျှပ်စစ်ဓာတ်အားကို ဈေးကြီးပေး၍ ၀ယ်ယူအသုံးပြု နေကြရကြောင်း သိရသည်။ ထားဝယ်မြို့နယ်နှင့် အနီးတစ်ဝိုက်တွင် တစ်နေ့လျှပ်စစ် အသုံးပြုမှု နှုန်းထားမှာ လက်ရှိအခြေအနေတွင် နှစ်မဂ္ဂါဝပ်မျှသာရှိပြီး လျှပ်စစ်ဈေးနှုန်း သက်သာပါက သုံးစွဲမှု မြင့်တက်လာနိုင်ကြောင်း သိရသည်။

မဂ္ဂါဝပ် ၅၀၀ စီမံကိန်း တည်ဆောက်မည့် Admin Power & Utility Co;Ltd မှာ ထိုင်းအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး စက်ရုံအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ကို ကံပေါက်ဒေသရှိ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်း ဆောင်ရွက်နေသော PTTEP ကုမ္ပဏီမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ 100 MMSCFD (Million Standard Cubic/Day) ပေးပို့မည် ဖြစ်သည်။ တနင်္သာရီတိုင်း ဒေသကြီးတွင် လျှပ်စစ်ထုတ်လုပ်ရန်အတွက် စီမံကိန်းများ အကောင်အထည် ဖော်လျက်ရှိပြီး ထားဝယ်ခရိုင်တွင် (မဂ္ဂါဝပ် ၅၀၀)ကံပေါက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို Admin Power & Utility Co;Ltd၊ (၂၀၀ မဂ္ဂါဝပ်) လေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (တောင်သုံးလုံး)စီမံကိန်းကို Zeya & Associates Co;ltd၊ မြိတ်ခရိုင်တွင် (မဂ္ဂါဝပ် ၅၀)ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို သန်းဖြိုးသူ သတ္တုလုပ်ငန်း ကုမ္ပဏီ၊ ကော့သောင်းခရိုင်တွင် (၈ မဂ္ဂါဝပ်) ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို သန်းဖြိုးသူ သတ္တုလုပ်ငန်း ကုမ္ပဏီနှင့် (၅၀၀ မဂ္ဂါဝပ်)ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း (ဘုတ်ပြင်း)ကို ၂၄ နာရီ သတ္တုနှင့် စက်မှုလုပ်ငန်း ကုမ္ပဏီတို့မှ ဆောက်လုပ်ရန် စီစဉ်လျက် ရှိသည်။ ထို့ပြင် ၎င်းစီမံကိန်းများမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို မော်လမြိုင်ရှိ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပြီး အမျိုးသား မဟာဓာတ်အားလိုင်းပေါ်သို့ တင်ပို့ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။



EMG

" အမျိုးသမီးတိုင်း အလိုချင်ဆုံး အရာက ဘာလဲ "






တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲ တဲ့ မေးခွန်းတစ်ခုပါ….


ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….


“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “


အဲဒီမေးခွန်းကတော့
ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..


ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူ ပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….


နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆို လိုက်ပါတယ်…


အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင် လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အား အကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….


ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ် သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…


ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင် ဒီကိစ္စဟာ သူ့အတွက် အရေးမကြီး ကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…


ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးက ပေးလိုက် ပါတော့တယ်..


“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“


ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…


အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????


ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ် ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွား လှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…


ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရ လို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….


“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင် နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်


ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရ တော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ ညအချိန် မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???


အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ


သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????


အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “


အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..


“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “


ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…


ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????


သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………


………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ……………………………… ………………………………..မလှပနိုင်တော့ဘူးပေါ့နော်……….။ ။ ။


သုတလင်း

ကင်ဆာရောဂါနှင့် သင်္ဘောရွက် ........(ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)



လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။

ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။

သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။

ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။

ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။

သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။

R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။

ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။

အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။

ဒေါက်တာခင်ရွှေ

Saturday, September 21, 2013

အင်ဒိုနီးရှားနိုင်ငံတွင် အထက်တန်းအဆင့်မရောက်မီ ကျောင်းသူလေးများအား အပျိုစစ်မစစ် စစ်ဆေးရန်စီစဉ်








အင်ဒိုနီးရှားနိုင်ငံ စူမားတြား ကျွန်းရှိ Prabumulih မြို့မှ ပညာ ရေးဌာနအကြီးအကဲဖြစ်သူ မူဟာ မက်ရာရှစ်က အထက်တန်းတက် ရောက်မည့် မြီးကောင်ပေါက် ကျောင်းသူလေးများအား အပျို ရည်စစ်ဆေးသင့်ကြောင်း ထုတ် ဖော်ပြောကြားခဲ့ရာ လူအများ ဒေါသထွက်ကြပြီး အမျိုးသမီး အရေး လှုပ်ရှားတက်ကြွသူများ က အမျိုးသမီးများအပေါ် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား ပေးကြောင်း စွပ်စွဲခဲ့ကြသည်။ ပြည့်တန်ဆာလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းခံရသော အထက်တန်းကျောင်း သူခြောက် ဦး၏ သတင်းထွက်ပေါ်လာပြီး နောက် ၎င်းအကြံပြုချက်ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအစီ အစဉ်အား လာမည့်၂၀၁၄ခုနှစ် မှစ၍ အကောင်အထည်ဖော် သွားမည်ဟုပြောသော်လည်း မြို့ တော်ဝန်နှင့် ဒေသပါလီမန်မှ အတည်ပြုချက် လိုကြောင်းလည်း သိရသည်။ သင်၏ကလေးများကို ဆိုး ကျိုးသက်ရောက်မှုမှ ကာကွယ်ရန် အခြားနည်းလမ်းများ ရှိကြောင်း၊ ယခုအစီအစဉ်သည် အမြော် အမြင်မရှိကြောင်း ပညာရေးဝန် ကြီး မိုဟာမက်နုမှ ဦးဆောင်ပြီး ဝေဖန်ပြစ်တင်ကြသည်။ ယခုအစီအစဉ်အား ဒေသ အာဏာပိုင်များမှ မထောက်ခံ ၍ အကောင်အထည်ပေါ်မည် မဟုတ်ကြောင်း၊ ဒုတိယမြို့တော် ဝန်က ပြောသည်။ ၂၀၁ဝပြည့်နှစ်ကလည်း Jami ပြည်နယ်တွင် ယခုကဲ့သို့ အပျိုရည်စစ်ဆေးမည့် အစီအစဉ် တင်ပြခဲ့ရာ ဗဟိုအစိုးရကန့်ကွက် မှုကြောင့် အစီအစဉ်ပျက်ခဲ့ရဖူး သည်။

အရည်အချင်း အစစ်အမှန်နဲ့ ကြိုးစားတဲ့သူတွေ အချိန်တစ်ခုတော့ စောင့်ရမယ်လို့ဆိုတဲ့ အိုင်ရင်း ဇင်မာမြင့်




အသံနဲ့ ပတ်သက်ပြီး လေ့ကျင့်မှု အပိုင်းတွေ မရှိပါဘူး။ ဘုရားပေးတဲ့ အသံအတိုင်း
ပါရမီအတိုင်းပါပဲ။ ဒါကြောင့် အသံနဲ့ပတ်သက်ပြီး လေ့ကျင့်မှု အပိုင်းတွေလုံးဝမလုပ် ဖြစ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ လေ့ကျင့်ပြီးတော့ ထွက်လာတဲ့ အသံတိုင်း တစ်သမတ်တည်းထွက် လာတဲ့ ပုံစံမျိုးကို အိုင်ရင်းလုံးဝမ ကြိုက်ပါဘူး။ အိုင်ရင်း ဒီပွဲမှာ Style တစ်ခုနဲ့ဆိုမယ်။ နောက်ထပ်တစ်ပွဲကျရင် Style တစ်မျိုးနဲ့ သီဆိုမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ အမြဲတမ်း သီချင်းဆိုနေတာကလည်း လေ့ကျင့်မှုတစ်ခုပါပဲ။

အိုင်ရင်း ငါးနှစ်သမီးကတည်းက သီချင်းတွေ့လာခဲ့တဲ့ အတွေ့အကြုံ တွေရှိခဲ့တာကြောင့်လည်း ပါဝင်ပါတယ်။ ညီမရင်ထဲမှာ အခုချိန်မှာ ခံ စားနေတဲ့ အကြောင်းအရာလေး တစ်ခုရှိပါတယ်။ ညီမရောက်နေတဲ့ နေရာလေးပေါ်မှာပဲ မူတည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု အဆိုပြိုင်ပွဲဝင်ပြိုင်တဲ့ သူတွေအ တွက်ပဲ စိုးရိမ်နေမိတယ်။ ညီမက လည်း အဆိုပြိုင်ပွဲကနေလာတဲ့သူ တစ်ယောက်ပါ။ အဆိုပြိုင်ပွဲဝင်မယ့် သူတွေအတွက် အိုင်ရင်းက သူတို့ ကိုယ်စားရင်တွေခုန်နေမိတယ်။ အိုင်ရင်းရဲ့ သီချင်းတော်တော်များများ ကိုတော့ အဆိုပြိုင်ပွဲတိုင်းမှာ သီဆို ပြိုင်ပွဲဝင်တာကို အမြဲလိုလိုကြားမိပါတယ်။
အိုင်ရင်းဘက်ကတော့ ခွင့်ပြုပါတယ်။ တေးရေးဆရာတွေ ဘက်ကနေ သူတို့ရပိုင်ခွင့်ကိုသာ ပေးမယ်ဆိုရင်တော့ ဘာမှ ကန့်ကွက် စရာတစ်ခုမှ မရှိပါဘူး။ အခုဆိုရင် သီချင်းဆိုပြိုင်ပွဲတွေအများကြီးပေါ် ပေါက်လာကြတယ်။ အဲဒီအတွက် အဆိုပညာကို ဝါသနာပါတဲ့ လူငယ် တွေအတွက် ကြိုးစားခွင့်တွေ အ များကြီးရလာတာပေါ့။ ပြီးတော့ ရွေးချယ်ပိုင်ခွင့်တွေအများကြီးပိုရှိ လာခဲ့ပါတယ်။ အိုင်ရင်းတို့တုန်းက ဆိုရင် ဆိုကြမယ် ပျော်ကြမယ် ပြိုင် ပွဲနဲ့ Melody World အဆိုပြိုင်ပွဲ နှစ်ခုပဲရှိတာပါ။ ရွေးချယ်စရာ နှစ်ခုပဲရှိတာပေါ့။
အခုဆိုရင် ကိုယ့်ရဲ့ Trand က ဘယ်ဘက်ကိုပိုပြီးအား သာလဲဘယ်ဘက်က ကိုယ့်ကို ပိုပြီး ဆွဲတင်နိုင်မလဲဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ပြီး ရွေးချယ်ပိုင်ခွင့်တွေရှိ လာတော့ အိုင်ရင်းတို့အနေနဲ့ ဝမ်းသာရပါတယ်။ တကယ်လည်း မြန် မာနိုင်ငံအတွက် အဆိုအနုပညာရှင် တွေမွေးထုတ်ပေးနိုင်တဲ့ အဆိုပြိုင်ပွဲ တွေပါ။ အဆိုပြိုင်ပွဲတွေနဲ့ ပတ် သက်ပြီး အိုင်ရင်းပြောချင်တာက အိုင်ရင်းရဲ့ လက်ရှိ အနုပညာသက် တမ်းက အရမ်းနုသေးတယ်။ အဲဒီ ပေါ်မှာ အိုင်ရင်းခံယူရရှိတဲ့ သင် ခန်းစာအရပြောရမယ်ဆိုရင်တော့ အရည်အချင်းအစစ်အမှန်နဲ့ ကြိုး စားရတဲ့သူတွေအတွက်ကတော့ အချိန်တစ်ခုတော့စောင့်ရပါတယ်။ အချိန်အတိုင်းအတာတစ်ခုရောက် လာချင်ရင် ပရိသတ်တကယ်ကို လက်ခံပေးတဲ့အဆိုတော်ကောင်း တစ်ယောက်ဖြစ်မှာပါကြိုးစားကြပါ လို့ပြောချင်ပါတယ်။
ထွန်းမြင့်ဇော်

ဝင်ငွေအများဆုံးအနုပညာရှင်စုံတွဲတွေ







သန်းနဲ့ ချီပြီး ၀င်ငွေရှိတဲ့အနုပညာရှင်တွေရဲ့ ဝင်ငွေတွေကို အားကျလိုက်ကြရအောင်လား။
Forbes မဂ္ဂဇင်းမှာ ဒီနှစ်အတွက် ၀င်ငွေအများဆုံးအနုပညာရှင်စုံတွဲအဖြစ် ဘီရွန်စေးနဲ့ သူ့ ခင်ပွန်းဂျေးဇက် ကို ဖော်ပြထား ပါတယ်။ သူတို့ စုံတွဲက ပြီးခဲ့တဲ့နှစ်က ဒေါ်လာသန်း ၉၅သန်း ၀င်ငွေရှိခဲ့ပါတယ်။ဂျေးဇီရဲ့  Watch the Throne အယ်လ်ဘမ်က တညကို ၁.၄သန်းဖိုးလောက်ရောင်းရပါသတဲ့။ ဘီရွန်းစေးရဲ့  Mrs Carter world tour ကလည်းခန့် မှန်းချေ တညကို ဒေါ်လာ ၂ သန်းလောက်ဝင်ပါတယ်။ ဒုတိယ၀င်ငွေအမျာဆုံးစုံတွဲက အမေရိကန်ဘော သမား ဘရက်ဒီတို့ စုံတွဲဖြစ်ပါပြီး သူတို့ စုံတွဲကသန်း၈၀။

တတိယ၀င်ငွေအများဆုံးနေရာမှာလိုက်တဲ့ စုံတွဲက အင်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ် တို့ စုံတွဲဖြစ်ပါပြီးသူတို့  ကသန်း ၅၀ ၀င်ငွေရှိပါတယ်။

နောက်ကိုယ်လုံးကိုယ်ပေါက်အလှဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ကင်ကာဒက်ရှန်တို့ စုံတွဲက
သန်း ၃၀ ၀င်ငွေ ရှိခဲ့ ပါ တယ်။

အနုပညာအလုပ်နဲ့ ဝင်ငွေ သိန်းနဲ့ သန်းနဲ့ ချီပြီးရတဲ့ အမေရိကန်အနုပညာရှင်တွေရဲ့ ဝင်ငွေတွေကို သွားရေကျပြီးသကာလ မြန်မာပြည်က အနုပညာရှင်များရောတနှစ်တနှစ်ဝင်ငွေ ဘယ်နှစ်သန်းလောက် ရကြမလဲ။သူတို့ တော့ ဒီလောက်ဒေါ်လာသန်းချီပြီးမရလောက်ဘူးလို့ စဉ်းစားမိပါ ရဲ့ ။
ဒါပေမယ့်လည်းလေ မြန်မာပြည်မှာလည်းအားကျစရာ ဒေါ်လာသန်းထောင်ချီပြီး နိုင်ငံတကာက ဘဏ်မှာအပ်ထားနိုင်ကြတဲ့သူဌေးကြီးများရှိပါရဲ့ လို့ ဂုဏ်ယူလိုက်ပါရဲ့ ။

သာစည်တွင် တောင်းရမ်းနေသူ ဘင်္ဂါလီ သူတောင်းစား တစ်ဦးကို မောင်တောသို့ ပြန်ပို့





မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တောင်းရမ်း စားသောက်သူတစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးရာ မြန်မာနိုင်ငံသား မဟုတ်ဘဲ မောင်တောမြို့နယ်တွင် နေထိုင်သည့် ဘင်္ဂါလီလူမျိုး တစ်ဦးဖြစ်သဖြင့် တရားစွဲဆိုခြင်း မပြုဘဲ စက်တင်ဘာ ၁၈ ရက်နေ့တွင် ရန်ကုန်မှတစ်ဆင့် မောင်တောသို့ ပို့ဆောင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနထံမှ သိရသည်။

“သူ့ကိုစစ်ဆေးတဲ့အခါမှာ မောင်တောကနေ လမ်းလျှောက်လာတာ သာစည်ထိ ရောက်လာတာလို့ သိရတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါလူမှာ စိတ်ကျန်းမာရေး ချို့ယွင်းနေသူ ဖြစ်နေသဖြင့် တရားစွဲဆိုခြင်း မပြုတော့ဘဲ မောင်တောသို့ ပို့ဆောင်ခြင်း ဖြစ်မည် ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် ရေလယ်ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော တရုတ်နိုင်ငံသားတစ်ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ၎င်းကို တရားစွဲဆိုခြင်း မပြုဘဲ စက်တင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏နေရပ် တရုတ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


From : .. the voice

ဟင်္သာတ နှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပြည်သူ အများ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ထားရပြီး အကူညီများ လိုအပ်ချိန် စင်္ကာပူမှ မြန်မာများ ဒေါ်လာ ၃၀ ကို ဖြုန်းတီးနေ


SATURDAY, SEPTEMBER 21, 2013




ဟင်္သာတ နှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပြည်သူများ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ထားရပြီး အကူညီများလိုအပ်ချိန် စင်္ကာပူမှ မြန်မာများ ဒေါ်လာ ၃၀ ကို ဖြုန်းတီးနေ ကြောင်း သိရသည်။ စင်္ကာပူတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် ဝင်ကြေး ဒေါ်လာ ၃၀ ကောက်ခံနေပြီး ထိုငွေများကို လက်တလော ဒုက္ခရောက်နေတဲ့ မြန်မာရေဘေးဒုက္ခသည်များကို ကူညီပါက ပိုမိုတန်ဖိုးရှိမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၂ပေမြင့်တက်လာသည့်အတွက် ဟင်္သာတမြို့နယ်အနိမ့်ပိုင်းရှိ ကျေးရွာများမှ အိမ်ခြေ၁၀၀နီးပါး ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရသည်ဟု ဒေသခံများထံမှ သိရှိရသည်။

ရေဘေးအရေးပေါ်ကယ်ဆယ်မှုများအား စက်တင်ဘာ(၁၉)ရက်နေ့မှစ၍ စစ်ကုန်းအုပ်စုရေ လယ်သောင် ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း သိရှိရသည်။
အဆိုပါဒေသများမှာ မြေနိမ့်ပိုင်းဒေသများဖြစ်သည့်အတွက် နှစ်စဉ်မြစ်ရေတက်မှုဒဏ်ကို ခံစားခဲ့ရသော်လည်း ယခုနှစ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်တက်လာသည့်အတွက်ကြောင့် အိမ်မွေးတိရိစ္ဆာန်များနှင့် ကျွဲ၊ နွား၊ ဝက်များအား ရေဘေးကင်းလွတ်သည့် ကယ်ဆယ်ရေးစခန်းများသို့ ယာယီရွှေ့ပြောင်းမှုများ ပြုလျှက်ရှိကြောင်း ဒေသခံ အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

“ စကုန်းအုပ်စုအတွင်းက ရေလယ်သောင်ကျေးရွားနဲ့ အောင်ချမ်းသာကျေးရွာက အများဆုံးဖြစ်ပါတယ်၊ ယာယီကယ်ဆယ်ရေး စခန်းတွေဆီ စက်လှေတွေနဲ့ ပြောင်းရွှေ့ထားပါတယ်”ဟု စစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦကျော်သူရက ပြောသည်။

အဆိုပါ ကယ်ဆယ်ရေးစခန်း၌ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေတို့ လိုအပ်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု များအား မြို့နယ်သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီး၏ အကူအညီဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ပြည်သူများအား ရေဘေးလွတ်ရာကုန်းမြင့်ဖြစ်သည့် ရေကာတာအတွင်းပိုင်းရှိ ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းသို့ ပြောင်းထားပြီး ဒေသခံများမှာ ယခင်နေထိုင်သော ကျေးရွာများသည် မြေနေရာ အနေအထား အနည်းငယ် နိမ့်သည့်အတွက် (၂၀၀၈) ခုနှစ်တွင် ခံစားခဲ့ရသော နာဂစ်မုန်တိုင်းကြောင့်ဖြစ်သည့် ရေလွှမ်းမိုးမှုနှင့် နှိုင်းယဉ်မည် ဆိုပါက တန်းတူနှုန်းလောက်သာ ရှိမည်ဖြစ်ဟု ဒေသခံ ရပ်ကွက်လူကြီး ဟောင်းတစ်ဦးက သုံးသပ်သည်။

“အနိမ့်ပိုင်းဖြစ်နေတဲ့အတွက် ပထမရေမှီဖို့ နည်းနည်းသာ လိုတယ်ဆိုပေမဲ့ အရင်ကယ်ဆယ်ရေးလုပ်တဲ့ ရေအမှတ်နဲ့ သွားညီ နေတယ်။ နောက်ထပ်ရေတက်မယ်ဆိုရင် မပြောင်းရွှေ့သေးတဲ့ မိသားစုတွေအတွက် အခက်အခဲရှိနိုင်ပါတယ်” ဟုဦးဌေးဝင်းက ပြောသည်။

လက်ရှိ စစ်ကုန်းအုပ်စုအတွင်းရှိ ရေလယ်သောင်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကမ်းသာယာကျေးရွာနှင့် စစ်ကုန်းလေး (တာပြင်)ကျေးရွာများအား ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ကာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး အိမ်ထောင်စုပေါင်း (၁၀၀)ဝန်းကျင်၊ ကျွဲနွားနဲ့ အိမ်မွေးတိရိစ္ဆာန် (၆၀)ဝန်းကျင် ပြောင်းရွှေ့ထားရသည်ဟု မြို့နယ်ဒုဦးစီးမှူး ဦးဝင်း ဇော်ဦးက ဆိုသည်။

From : .. Myit Ma kha
MYANMAR EXPRESS GROUP

စက်တင်ဘာ ၁၈ တပ်မတော်က အာဏာရယူတဲ့နေ့ကို ထိုင်းနိုင်ငံက အသိအမှတ်ပြုလိုက်တာလား


မြန်မာ့နိုင်ငံရေးအခင်းအကျင်းအရပွင့်လင်းလွတ်လပ်စွာ ပြောဆိုလုပ်ကိုင်ခွင့်တွေရရှိလာတာကြောင့် ၈၈၈၈ အထိမ်းအမှတ် ငွေရတုပွဲကို မင်းကိုနိုင်၊ကိုကိုကြီးတို့က ဦးစီးပြီး ကျင်းပ ခဲ့ရာမှာ NLD က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးပါတီ အသီးသီး က ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့အပြင် ထူးခြားချက် အနေနဲ့အစိုးရ အဖွဲ့ဝန်ကြီးတွေပါ တက်ရောက်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ အစိုးရအဖွဲ့ ၀န်ကြီးတွေ တက်ရောက်ခဲ့တာကြောင့် ၈ လေးလုံး အရေးအခင်း ဟာ နိုင်ငံရေးအရ အသိအမှတ်ပြုတဲ့သဘော သက်ရောက် သွားခဲ့ပါတယ်။

အလားတူဘဲ NLD ကလည်း ၂၅ နှစ်ပြည့် ငွေရတုပွဲကို ငွေကြေးကန့်သတ် ချက်ကြောင့် ၈ လေးလုံးအရေးအခင်းလောက် ခမ်းနားစွာမကျင်းပနိုင် ခဲ့သော်လည်း အစိုးရနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက အသိအမှတ်ပြုတဲ့ အနေနဲ့ကျင်းပသွားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အလား တူ ၂၀၀၇ ရွှေ ၀ါရောင် တော်လှန်ရေးနေ့ကိုလည်း အားကျမခံ ကျင်းပလာ ခဲ့ပြန်ပါတယ် ။ ရွှေဝါရောင်တော်လှန်ရေးနေ့ဟာ ဘယ်နေ့လဲ ဆိုတာကို အတည်ပြု မသတ်မှတ်နိုင်ခဲ့ပါဘူး။ တစ်ချို့ကလည်း စက်တင်ဘာ လ ၁၈ ရက်နေ့ လို့သတ်မှတ်ပြီး ၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲတွေ လုပ်ကြသ လို တစ်ချို့က လည်း စက်တင်ဘာလ၂၆ ရက်နေ့လို့ သတ်မှတ်ပြီး ရွှေဝါရောင်တော် လှန်ရေးနေ့ ၆ နှစ်မြောက်ပွဲအဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် ပွဲတွေ လုပ်လာကြပါတယ်။
ဒီလိုအထိမ်းအမှတ်ပွဲတွေလုပ်ရင်းလုပ်ရင်းနဲ့သရုပ်မှန်တွေလည်းထုတ်ဖော်ခဲ့ကြပါတယ်။သူ့ထက်ငါ သူရဲကောင်းဖြစ်ကြောင်းဟစ်ကြွေးသံတွေလည်း ဆူညံလို့နေပါတယ်။ ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေရောက်အောင် ၈လေးလုံးအရေးအခင်း ကစခဲ့ကြောင်းကို ပြောဆိုသလို NLDကလည်း မြန်မာ့ ဒီမိုကရေစီရေးအတွက် ၂၅ နှစ်တိုင်တိုင် မူမပြောင်းဘဲ သံမဏိလို စိတ် ဓာတ်ဖြင့်ရပ်တည်ခဲ့လို့ဒီအခြေအနေရောက်တာလို့ဆိုကြသလို ရွှေဝါရောင်ဦးဆောင် သံဃာတော်တွေကလည်း ဒီကနေ့ မြန်မာ့နိုင်ငံရေး အခြေအနေ ဖြစ်ပေါ် လာတာဟာရွှေဝါရောင် တော်လှန်ရေးကြောင့် ဆိုပြီးအသိအမှတ်ပြုခံရဖို့အရေး ဂုဏ်ယူဝံ့ကြွားစွာထုတ်ဖော် ပြောကြား လာတာတွေလည်း တွေ့ရှိလာ ရပါတယ်။

ဒါကြောင့် စက်တင်ဘာ ၁၈ ရက်နေ့တွင် ဘာများဖြစ်မလဲ ဟု စောင့် ကြည့်နေမိပါတယ်။န၀တ၊ နအဖ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့၂၅ နှစ်မြော က်ငွေရတုနှစ်ပတ်လည်နေ့ဖြစ်သည့် စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ အထိမ်းအမှတ်ပွဲကို လက်ရှိအစိုးရကလည်း လုပ်ဆောင်တာမတွေ့ရပါ။ သို့သော် အဲဒီအချိန်မှာ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးတဲ့ ထိပ်တန်းအရာရှိကြီးများကတော့ ထိုင်းနိုင်ငံကို ရောက်ရှိလို့နေပါ တယ်။

ထိုင်းနိုင်ငံမှာတော့နှစ်ဖက်စစ်တပ်ဦးစီးချုပ်များအဆင့်ဆွေးနွေးတဲ့High-Level Committee အစည်း အဝေးပြုလုပ်နေကြတာဖြစ်ပါတယ်။ ထူးခြားတာ ကတော့ စစ်တပ်က မဆလ အစိုးရထံမှ အာဏာသိမ်းယူတဲ့ နေ့နဲ့ တိုက်ဆိုင် တာရယ်၊ထိုင်းနိုင်ငံကလည်း ၁၈ ရက်နေ့မှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးစီးတဲ့ ထိပ်တန်းအရာရှိကြီးတွေကို ယခင်ကနဲ့မတူဘဲ တကယ့်ကို ထည် ထည်ဝါ၀ါ ခမ်းခမ်းနားနား ကြိုဆိုလိုက်တာကို ထူးခြားစွာတွေ့လိုက် ရပါတယ်။ အင်း …. စဉ်းစားစရာပါပဲ……………



From : .. http://www.oppositeyes.info/2013/09/blog-post_5256.html

မြစ်မာစစ်ဗိုလ် ရက်ရက်စက်စက် သတ်ခံရချိန် နှင့် KIA မှ တစ်ပြည်လုံးငြိမ်းချမ်းရေးဆွေးနွေးပွဲ မတတ်ကြောင်း ပြောချိန်က ငြိမ်နေခဲ့သူများ ငြိမ်းချမ်းရေးဆန္ဒပြ


SATURDAY, SEPTEMBER 21, 2013

မြစ်မာစစ်ဗိုလ် ရက်ရက်စက်စက် သတ်ခံရချိန် နှင့် KIA မှ တစ်ပြည်လုံးငြိမ်းချမ်းရေးဆွေးနွေးပွဲ မတတ်ကြောင်း ပြောချိန်က ငြိမ်နေခဲ့သူများ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲကို စက်တင်ဘာလ ၂၁ရက်နေ့ နေ့လည်၁၂နာရီမှာ ဆူးလေဘုရားကနေ စတင်လမ်းလျှောက်ကြသည်။

အစိုးရ၏ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ကချင်ပြည် လွတ်လပ် ရေး အဖွဲ့ KIO ၏ သဘောထားကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မကဒတ ၏ ဥက္ကဋ္ဌ ရဲဘော် သံခဲနှင့် ယမာန်နေ့က လိုင်ဇာ မြို့၌ တွေ့ဆုံစဉ် ဗိုလ်ချုပ် ဂွမ်မော် က ထုတ်ဖေါ်ပြောကြား ခဲ့သည်ဟု ABSDF (မြောက် ပိုင်း) အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေးက ဆိုပါသည်။











MYANMAR EXPRESS GROUP 

ခင်ဗျားတို့ အယ်ဒီတာချုပ်တွေ၊ စီအီးအို ဆိုသူတွေ၊ တိုက်ပိုင်ရှင်တွေထဲ မှာ နံမည်ရင်းနဲ့ Account ဖွင့်ထားတာ၊ လူတိုင်းကိုရေးခွင့်ပြုထားတာ၊ ကိုယ်ကို ဝေဖန်တဲ့ ရေးသား ချက်တွေ၊ ရေးသားသူတွေကို Block မလုပ်ဘဲ ခွင့်ပြုထားတာ ဘယ်နှစ်ယောက်ရှိသလဲ ~ ဦးရဲထွဋ်




မနေ့က သတင်းမီဒီယာများနဲ့ တွေ့ဆုံပွဲအပြီးမှာ ကျွန်တော့်ကို သတင်းထောက်အမျိုးသမီးငယ် တစ်ယောက်က အခုလို မေးပါတယ်။

×× အန်ကယ်က သဘောထားကွဲပြားမှုတွေကို လက်မခံနိုင်ဘူး၊ ဒါ့ကြောင့် မီဒီယာကို ထိန်းချုပ်ဖို့ ကြိုးစားရာမှ အဓိက၀င်လုပ်နေတာလို့ ပြောနေတယ်၊ ဟုတ်ပါသလား လို့ လာမေးပါတယ် ××

ကျွန်တော်က သဘောထားကွဲပြားမှုကို လက်ခံနိုင်သလား၊ လက်မခံနိုင်သလားဆိုတာတော့ ကျွန်တော့် Facebook ကိုပဲ ၀င်ကြည့်လိုက်ပါဗျာ၊ ခင်ဗျားတို့ အယ်ဒီတာချုပ်တွေ၊ စီအီးအို ဆိုသူတွေ၊ တိုက်ပိုင်ရှင်တွေထဲ မှာ နံမည်ရင်းနဲ့ Account ဖွင့်ထားတာ၊ လူတိုင်းကိုရေးခွင့်ပြုထားတာ၊ ကိုယ်ကို ဝေဖန်တဲ့ ရေးသား ချက်တွေ၊ ရေးသားသူတွေကို Block မလုပ်ဘဲ ခွင့်ပြုထားတာ ဘယ်နှစ်ယောက်ရှိသလဲ။ ပြန်ကြည့် လိုက်ပါဦးလို့ ဖြေခဲ့ပါတယ်။

ဘာမှတော့ပြန် ပြောမသွားဘူး။


From : .. ye htut

Related Posts Plugin for WordPress, Blogger...