Saturday, September 28, 2013
"ဆန္ဒမစောပါနဲ့"
မကြာမှီ ရန်ကုန်လေဆိပ်ကို လေယာဉ်ဆင်းတော့မယ်
အင်တာကွန်းကနေပြီး လေယာဉ်မှူးက နုတ်ဆက်စကားပြောတယ်...
"ခရီးသည်အားလုံး မင်္ဂလာပါ၊ ကျနော် ကပ္ပတိန်ဇော်နူပါ၊ မကြာမှီ မင်္ဂလာဒုံကွင်းကို ဆင်းသက်တော့မှာ ဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ပုဇဉ်းရင်ကွဲ လေကြောင်းလိုင်းကို အားပေးစီးနင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ပြသနာက နုတ်ဆက်စကားပြောပြီးပေမယ့် မိုက်ကရိုဖုန်းခလုပ်ကို ပြန်မပိတ်မိဘူး
ဒီတော့ လေယာဉ်မောင်းခန်းက ပြောသမျှ ခရီးသည်အားလုံး ကြားနေရတယ်
လေယာဉ်မှူးက တွဲဖက်လေယာဉ်မှူးကို မေးနေတာ... ...
"ဟကောင်ကြီး ရန်ကုန်မှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲကွ"
"လောလောဆယ် ဗိုက်အရမ်းနာနေတော့ ဟိုတယ်ကိုပြေးပြီး အိမ်သာတက်မယ် ဆရာ၊ ပြီးမှ ရေမိုးချိုးမယ်"
"ပြီးတော့ရော"
"ပြီးတော့... ခု ပါလာတဲ့ ဟို လုံးကြီးပေါက်လှလေယာဉ်မယ်ကို အခန်းလာဖို့ ချိန်းထားတယ် ဆရာ၊ အဲဒါ သူရောက်လာတာနဲ့ တညလုံးဘေမယ် ဆရာရေ့"
"ကောင်းကွာ..."
ခရီးသည်တွေက ပြုံးစိစိနဲ့ လေယာဉ်မယ်ကို ဝိုင်းကြည့်ကြတယ်
ဒါနဲ့ လေယာဉ်မယ်လည်း မဖြစ်ချေဘူး မိုက်ပိတ်ဖို့ သွားပြောမှ ဆိုပြီး ခေါင်းခန်းဆီပြေးသွားတယ်...
ဖြစ်ချင်တော့ လျှောက်လမ်းမှာ မှောက်လျှက်လဲပါလေရော
ဘေးခုံမှာ ထိုင်နေတဲ့ အဖွားကြီးတစ်ယောက်က ဆွဲထူပေးရင်း ပြောတယ်... ...
"ဖြေးဖြေးသွား သမီး၊ အချိန်ရပါသေးတယ်၊ သူအိမ်သာတက်ပြီး ရေချိုးအုံးမှာပါ"...
ဟာသဗိမာန်-ဆရာသန်
SSA နှင့် တိုက်ပွဲတွင် အရာရှိ ၁ ဦးနှင့် အခြားအဆင့် စစ်သည် ၄ ဦး ကျဆုံး
အပစ်အခတ်ရပ်စဲရေးတဲ့လား..ငြိမ်းချမ်းရေးတဲ့လား
စက်တင်ဘာ ၂၃ ၊မိုင်းပျဉ်းမြို့နယ် မိုင်းပူကြီးဒေသ နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေတဲ့ မိုင်းတုံဗျူဟာက ခလရ ၂၂၇ ရဲ့ဗိုလ်ကြီး ထွန်းတင့်ဝေ(dsa-51) ဦးစီး တပ်ခွဲတစ်ခွဲဟာ RCSS/SSA(ရွက်ဆစ်) တပ်ရဲ့ အင်အား ၃၀ နဲ့ တောင်ကုန်းတစ်ခုပေါ်ကနေ
ဆီးကြိုစောင့်ပစ်ခံလိုက်ရတယ် ။ အဲဒီတိုက်ပွဲမှာ တပ်မတော်စစ်ကြောင်းက အရာရှိ ၁ ဦး နဲ့ အခြားအဆင့် ၄ ဦး ကျဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်။
ကျဆုံးသွားသူတွေကတော့
• ဗိုလ်ကြီးထွန်းတင့်ဝေ (ပေါင်နဲ့ရင်ဘတ် မှာ ၂ ချက်)၊
• တပ်ကြပ်ကြီး လှမြင့်နိုင်(ခေါင်း ၁ ချက်) ၊
• တပ်ကြပ် မောင်ထူး(ဒူးခေါင်းနဲ့ဗိုက် မှာ ၂ ချက်) ၊
• တပ်ကြပ် သန်းဦး(၄၀ မမ ဗုံးသီးထိမှန်) ၊
• တပ်သား မျိုးမင်းဦး(ညာဘက်တခြမ်းလုံး ဇကာပေါက်) တို့ဖြစ်ပြီး
တပ်ကြပ်ကြီး ၁ ယောက် ၊ တပ်ကြပ် ၁ ယောက် နဲ့ ရဲဘော် ၁ ယောက်တို့ကတော့ ဒဏ်ရာရပြီး ဆေးကုသမှူခံယူနေပါတယ် ။
နေ့လည် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ တိုက်ပွဲချိန်ကြာမြင့်ခဲ့ပါတယ် ။
တိုင်းရင်းသားလက်နက်ကိုင်တွေရေ..ခင်ဗျားတို့ပြောတော့ အစိုးရတပ်က ထိုးစစ်ဆင်နေတာဆို ။ ဒီသတင်းကျတော့ ဘာလို့ ဘယ်သတင်းဌာနကမှ ထွက်မလာတာလဲ မေးစမ်းချင်ရဲ့ဗျာ ။
From:ကပ္ပတိန် ငှက်ခါး
သမ္မတရုံးဝန်ကြီးတစ်ဦးပိုင်ဆိုင်သည့် ခြံမြေလှည်းကူး၌ ရွာသားများ ၀င်ရောက်ဖျက်ဆီး
အေးလှိုင်၊ ရန်ကုန်၊ စက်တင်ဘာ-၂၇
လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာ ကျောက္ကာဒင်ကွင်း မယ်ဇလီကုန်း ကျေးရွာရှိ သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးတစ်ဦး ပိုင်ဆိုင်သည့် ခြံ မြေ၌ စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း တွင် မယ်ဇလီကုန်းကျေးရွာနေ ရွာသား ခြောက်ဦးက ၀င်ရောက် ဖျက်ဆီးခဲ့ ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် ကရု ဏာ (၁) လမ်း (ဋ) ရပ်ကွက်နေ အငြိမ်း စား ဗိုလ်ကြီးတစ်ဦးဖြစ်သူ ဦးသန်း ဦး အသက် (၅၀) သည် မယ်ဇလီကုန်း ကျေးရွာအနီးရှိ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် ပိုင်ဆိုင်သည့် ခြံမြေ၌ ပိန္နဲ၊ သင်္ဘောပင် သစ်မွှေးနှင့် အခြားသီးပင် စားပင်များကို ၂၀၁၁ ခုနှစ် နှစ်ဆန်း ပိုင်းက စ၍ ဦးစီး လုပ်ကိုင်လာခဲ့ကြောင်း၊ စက် တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက မယ်ဇလီကုန်း ကျေး ရွာနေ ဒေါ်ပုမ၊ ဦးကြည်သောင်း၊ ဦးစိုးအောင်၊ ဦးအေးကို၊ ဒေါ်အေးသွယ် တို့ ငါးဦးက ခြံဝင်း အတွင်း သို့ ၀င်ရောက်၍ ဓာတ်ပုံရိုက်ခြင်း၊ ငုတ်တိုင်များ စိုက်ထူ ခြင်းများကို လုပ်ကိုင်ကြပြီး ဦးသန်းဦး ကာရံထား သည့် ခြံစည်းရိုးများကို ဖျက် ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရ သည်။
ကျယ်ဝန်း
အဆိုပါ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၏ခြံမြေမှာ မယ်ဇလီကုန်း ကျေးရွာအနီး ကွင်းအမှတ် ၆၉၃၊ မိုင်တိုင် အမှတ် ခုနစ်မိုင် ခြောက်ဖာလုံအနီး တွင်ရှိပြီး ၅၇ ဒသမ ၆၀ ဧက ကျယ်ဝန်းသည်။
ခြံမြေကို ကျူးကျော်ဝင်ရောက်၍ ဖျက်ဆီးခဲ့သည့် ဒေါ်ပုမပါငါးဦးကို အရေး ယူပေးပါရန် ဦးသန်းဦးက တရားလိုပြု လုပ် တိုင်တန်းခဲ့သဖြင့် လှည်းကူးမြို့နယ် ရဲစခန်းမှ (ပ) ၃၇၂/၂၀၁၃၊ ပုဒ်မ ၄၄၇/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ဒုရဲအုပ် သံချောင်းက ၎င်းင်းတို့အား ဖမ်းဆီး ရမိရေး စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ
၂၀၁၅ မှာ တကယ်ဖြစ်လာမလား စောင့်ကြည့်ရမယ့် စစ်တပ်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ထည့်သွင်း ရေး လှိုင်းဂယက်
The Elders ဆိုတာ ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီအဖွဲ့ထဲမှာ အမေရိကန် နိုင်ငံသမ္မတဟောင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဂျင်မီကာတာက ခေါင်းဆောင်ပြီး ဖင်လန်နိုင်ငံ သမ္မတဟောင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မာတီအာတီဆာရီ၊ နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ ဂရိုဟာလမ် ဘရန့်တ်လန်းတို့ ပါဝင်ပါတယ်။ အခုမြန်မာနိုင်ငံကို (၃) ရက်ကြာအလည် အပတ် ခရီး ရောက်ရှိနေပါတယ်။
The Elders အဖွဲ့ဟာ နိုင်ငံတော်သမ္မတ၊ တပ်ချုပ်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ (၈၈) မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း တစ်ကြိမ်တစ်ခါမျှ မကြားဖူးသော တစ်ခါမှ ထင်မှတ်မထားသော လှိုင်းဂယက်တစ်ခု ထ လာပါခဲ့ပါတယ်။ အမေရိကန် သမ္မတ ဂျင်မီကာတာ က မြန်မာနိုင်ငံလွှတ်တော်တွေမှာ စစ်တပ်ကိုယ်စားလှယ်တွေကို ခန့်အပ်ထားရာမှာ လာမယ့် (၂၀၁၅) ရွေးကောက်ပွဲကျရင်တော့ အမျိုးသမီးတွေ ကိုရွေးချယ်ခန့်ထားဖို့ တိုက်တွန်းပြောကြားသွားတဲ့ ကိစ္စပဲဖြစ်ပါတယ်။
အဲဒီဂယက်ဟာ နေ့ချင်းညချင်း ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ရိုက်ခတ်လာပါတယ်။ ကျွန်တော်တို့မြို့ မှာ ပြည်နယ် အစိုးရရုံးတွေ၊ ပါတီရုံးတွေ၊ စစ်တပ်တွေလည်းရှိနေတော့ သတင်းမျိုးစုံ ထွက်လာပါတယ်။ အဓိက သတင်းထွက်လာတာကတော့ ပါတီရုံးတွေဆီက တစ်နည်းပြောရရင် လွှတ်တော် ကိုယ်စား လှယ်တွေ ဆီကပဲ ဖြစ်ပါတယ်။ စစ်တပ်ကို ကြည့်မရတဲ့ ပါတီကတော့ အမေရိကန်သမ္မတဟောင်း ကိုတောင် အဆင့်မရှိဘူးလို့ စွပ်စွဲလိုက်သေးတယ်။ စစ်တပ်က စစ်သားလွှတ်တော် ကိုယ်စားလှယ်တွေ ကိုတောင် မပါစေချင်လို့ အကြောင်း အမျိုးမျိုးပြ ထုတ်ပယ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့၊ အသစ်ရေးဆွဲဖို့ ကြိုးပမ်းနေကြချိန်မှာ၊ အမေရိကန် သမ္မတဟောင်းရဲ့ တိုက်တွန်းစကားက အတော်လေး ပွက်လောရိုက်သွားပါတယ်။
ကျွန်တော်ကတော့ အစိုးရ၀န်ထမ်းလည်းမဟုတ်၊ ပါတီဝင်လည်းမဟုတ်၊ စစ်သားလည်းမဟုတ်လေတော့ ရပ်ကြည့်ပြည်သူအနေနဲ့ ဘယ်သူတွေဘာလုပ်တယ်ဆိုတာ စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပါတယ်။ ကျွန်တော်က ဘွဲ့ရပေမယ့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းနဲ့ ရပ်တည်နေရသူဖြစ်လို့ ကိုယ့်ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ပေါင်းရပါတယ်။ မကြားချင်လည်း ကြားရ၊ ကြားသော်လည်း နားပိတ်ထားရတဲ့ အတင်းအဖျင်းတွေကလည်း အများကြီးပါပဲ။
ပါတီ (အမည်မဖော်လိုပါ) တစ်ခုကတော့ အဲဒီကိစ္စအပေါ် အတော်လေး မကျေမနပ်ဖြစ်နေပုံ ပေါ်ပါတယ်။ ဖွဲ့စည်းပုံကို ပြင်တာထက် အသစ်ရေးဆွဲဖို့ပဲ ကောင်းတော့တယ်။ ဒီဖွဲ့စည်းပုံအတိုင်းဆိုရင် စစ်သား ၂၅% က မလျော့မယ့်အပြင် စစ်တပ် အမျိုးသမီးတွေထည့်ဖို့တောင် အမေရိကန် သမ္မတဟောင်းက တိုက်တွန်း သွားတယ်။ ဒါပေမယ့် အခုလုပ်နေတဲ့ဖွဲ့စည်းပုံပြင်ရေး တွေ့ဆုံဆွေးနွေးပွဲကို နောက်ထပ် နည်းလမ်းရှာ ရမယ်ဆိုပြီး ၀ိုင်းဖွဲ့ပြောနေတာ ကြားမိပါတယ်။ သူတို့ရင်ထဲမှာ မြိုသိပ်မထားနိုင်တော့လို့ လူအများ စည်ကားတဲ့ စားသောက် ဆိုင်ထဲမှာတောင် ဆူညံဆူညံ ပြောနေကြလေရဲ့၊ သူတို့ကို ကြည့်ပြီး အတော်လေး တရားကျမိပါတယ်။ လောဘ ဒေါသ မောဟ တွေနဲ့ ပူလောင်လွန်းပါတယ်။
ကျွန်တော်နဲ့ ထိုင်နေတဲ့ အသိမိတ်ဆွေတစ်ဦးက အဲဒီစကားတွေကို နားထောင်ရင်း ပြုံးစိစိလုပ်နေတယ်။ သူက သင်္ဘောသားဆိုတော့ ကမ္ဘာနှံ့တယ်လေ။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဂျပန်က ပြန်လာတာ။ သူက ကျွန်တော့်ကို ပြောပါတယ်။ ငါဒီနေ့ နေ့လယ် အင်တာနက်ထဲမှာ သူတို့ပြောနေတဲ့ သတင်းဖတ် လိုက်ရတယ်။ အမေရိကန် သမ္မတဟောင်း ဂျင်မိကာတာ ဦးစီးတဲ့ The Elders အဖွဲ့ကလည်း လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ထောက်ခံတယ်လေ။ ၂၀၁၅ မှာ စစ်တပ်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ ထည့်ဖို့ တိုက်တွန်းတာဟာ အဓိက သက်သေပဲကွ၊ အခုလွှတ်တော်ထဲမှာ စစ်တပ်ကိုယ်စားလှယ်က ၂၅% ရှိတယ်။ အဲဒီအတိုင်း ၂၀၁၅ ကို ဆက်သွားဖို့ ပြောတဲ့အဓိပ္ပါယ်ပဲ၊ အဲဒီပါတီ ၀င်တွေပြောနေ သလို လွှတ်တော်ထဲကနေ စစ်သားကိုယ်စားလှယ် ၂၅% ကိုဖယ်ထုတ်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာလို့ပြောမှ ကျွန်တော်လည်း သဘောပေါက်သွားပါတယ်။
ဒါဆိုရင်အဲဒီလှိုင်းဂယက်က ဘယ်လောက်အတိုင်းအတာအထိ ထ ဦးမယ်မသိပါ။ ကမ္ဘာ့နိုင်ငံ ကြီးတွေက ခေါင်းဆောင်ဟောင်းကြီးတွေကတောင် တိုက်တွန်းလိုက်တဲ့ ကိစ္စကို လက်ရှိအစိုးရ အဖွဲ့ကလည်း စဉ်းစားချင့် ချိန်ပြီး အကောင်အထည်ဖော်ကောင်း ဖော်နိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။ တစ်ခုဆိုးတာက မြန်မာနိုင်ငံထဲ မှာပဲ ကျင်လည်ပြီး မြန်မာနိုင်ငံနေရာအနှံ့တောင် မရောက်ဖူးသေးတဲ့ အဲဒီပါတီဝင်တွေက ကမ္ဘာ့ခေါင်းဆောင် ဟောင်းကြီးတွေရဲ့  တိုက်တွန်းမှုကို လက်မခံဘူး လို့ ပြောနေကြပါတယ်။ ကျွန်တော်ပြုံးလိုက်မိပါတယ်။ လက်တွေ့ မဖြစ်လာသေးတဲ့ ဖွဲ့စည်းပုံပြင်ရေး၊ အသစ်ရေးဆွဲရေး ကိစ္စထက် အခုစစ်တပ်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ ထည့်သွင်းရေး ဂယက်က ၂၀၁၅ ထိ ရိုက်ခတ်သွားနိုင်ပြီး တကယ်ဖြစ်လာနိုင်မ လားဆိုတာ စောင့်ကြည့်ချင် စရာ ကောင်းနေတာတော့ အမှန်ပဲဖြစ်ပါတယ်။
နေနိုင် (ခရမ်း)
SSA(ဝမ်ဟိုင်း)အဖွဲ့ နှင့် ဒေါ်နန်းခမ်းအေးတို့  ကိုယ့်နေရာကိုယ် သိဖို့ လိုပါသည်
နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ ကြိုးစား နေချိန်နဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ ကျင်း ပနေချိန်တွေမှာ ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSA (၀မ်ဟိုင်း) တပ်ဖွဲ့များနဲ့ တပ်မတော်တို့ ရှမ်းပြည်နယ် နမ္မတူမြို့နယ်ရှိ မိုင်းရင်ကျေးရွာမှာ တိုက်ပွဲများ ဖြစ်ပွား ခဲ့ပါတယ်။တိုက်ပွဲများမှာ စက်တင်ဘာလ ၁၇ ရက်က စတင်ဖြစ်ပွားခဲ့ပါတယ်။ ငြိမ်းချမ်းရေး အ တွက် ယုံကြည်မှုတည်ဆောက်ပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းမှာလည်း ထပ်မံဖြစ်ပွားခဲ့ပါတယ်။
SSA(၀မ်ဟိုင်း)အဖွဲ့ဟာ အစိုးရနဲ့ အပစ်ရပ်သဘောတူညီထားသော်လည်း သဘောတူညီချက်ပါ သတ်မှတ် နယ်မြေများမှာ မနေဘဲ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုခြင်းများကို ကျူးလွန်လျှက် ရှိတဲ့ အပြင် နယ်မြေ စိုးမိုးရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းများကိုလည်း ချောင်းမြောင်းပစ်ခတ် တာတွေကို အမြဲ လုပ်ဆောင်လျှက်ရှိပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုဟာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ဖို့ နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအနီး ရောက်ရှိခဲ့ပါတယ်။ ဒီအချိန်မှာ ရှမ်းတိုင်းရင်သားများ ဒီမိုကရက် တစ်ပါတီ SNDP (ကျားဖြူပါတီ)က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးဟာ တပ်မတော် စစ်ကြောင်းများ မိုင်းရင်ရွာသို့ ၀င်ရောက်မှု မရှိစေရေး တားမြစ်ပေးရန်နဲ့ တိုက်ပွဲများဖြစ်ပွား လာခဲ့ ရင်  ဒေသခံ/ ရွာသူရွာသားများ ထိခိုက်မှုများ မဖြစ်အောင် ဆောင်ရွက်ဖို့ လားရှိုးရှိ စစ်ဘက် တာဝန်ရှိသူ များထံ ဖုန်းနဲ့ဆက်သွယ် တားမြစ်ခဲ့တယ်လို့ သိရပါတယ်။
နောက်တစ်ရက် စက်တင်ဘာ ၁၇ ရက်နေ့မှာ SSA(၀မ်ဟိုင်း)အဖွဲ့က တပ်ဖွဲ့ဝင်များဟာ မိုင်းရင်ရွာကို ဆက်ကြေးကောက်၊ လူသစ်စုဖို့ ရောက်လာပြီး  အဲဒီနေ့ညနေပိုင်းမှာ တပ်မတော်ကို စတင်ပစ်ခတ် တိုက် ခိုက်ခဲ့ပါတယ်။ SSA(၀မ်ဟိုင်း)အဖွဲ့ဘက်က တစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ SSA(၀မ်ဟိုင်း) အဖွဲ့က အဲ့ဒီ စစ်ကြောင်းကို ထပ်မံတိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးဟာ မိုင်းရင်ရွာကို စက်တင်ဘာလ ၁၆ ရက်နေ့ ကတည်း က ရောက်ရှိနေတာ ဖြစ်ပါတယ်။ ကျေးရွာစိုက်ပျိုးရေးကိစ္စများ စစ်ဆေးရန် အကြောင်း ပြချက်နဲ့ ယခုအထိ ရှိနေဆဲ ဖြစ်ပါတယ်။ ဒေါ်နန်းခမ်းအေးရဲ့ ပြုမူပြောဆို လုပ်ဆောင်ချက်များကို ကြည့်ရင် ကိုယ်နဲ့မဆိုင် တဲ့ကိစ္စတွေမှာ ၀င်ရောက်စွက်ဖက်နေတာ ထင်ရှားပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ဆိုတဲ့ အရှိန်အ၀ါ ကို အသုံးချပြီး ကိုယ်နဲ့လည်းမဆိုင် ကျွမ်းကျင်မှုလည်းမရှိတဲ့ စစ်ရေး စစ်ရာ ကိစ္စတွေမှာ ပါဝင်ပတ်သက် စွက်ဖက်လာတာကို တွေ့ရပါတယ်။ 
လွှတ်တော်ကိုယ်စားလှယ် ဆိုသော်လည်း အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပုလင်းတူဗူးဆို့ပူးပေါင်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှောင့်နှေးေ  အာင် လုပ်ဆောင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ SSA (၀မ်ဟိုင်း) အဖွဲ့ဟာ လွှတ်တော် ကိုယ်စား လှယ်တွေကတစ်ဆင့် တပ်မတော်စစ်ကြောင်းတွေကို နယ်မြေရှင်းလင်းရေးတွေ မလုပ်ဖို့ ဒီနယ်မြေတွေထဲ မလာဘို့ပြောနေတဲ့ သဘောဖြစ်ပါတယ်။ SSA (၀မ်ဟိုင်း) အဖွဲ့ဟာ ငြိမ်းချမ်းရေးကို ခုတုံးလုပ်၊ လွှတ်တော် ကိုယ်စားလှယ်ကို အသုံးချပြီး နယ်မြေတိုးချဲ့လာတာဖြစ်ပါတယ်။
ဒေါ်နန်းခမ်းအေးဟာ ၄င်းတို့ပါတီ အာဏာခိုင်မြဲရေးအတွက် ပြည်သူလူထုကို တစ်ပတ်ရိုက်ပြီး အပေါ စားခေါင်းဆောင်မှု ရယူလာတာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ SSA (၀မ်ဟိုင်း) နှစ်ဖွဲ့ပေါင်း ပြီး အပေးအယူလုပ်ကာ  လွှတ်တော် အတွင်းအပြင်ကနေ နိုင်ငံရေး စစ်ရေး အမြတ်ထုတ် လာတာ ဖြစ် ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရှိန်အ၀ါကိုသုံးပြီး စစ်ရေးစစ်ရာကိစ္စတွေ တစ်နည်းပြောရရင် အစိုးရရဲ့ စီမံခန့်ခွဲမှုတွေကို ၀င်ရောက်စွက်ဖက်လာတာ ဖြစ်ပါတယ်။ SNDP (ကျားဖြူ)ပါတီ က ဒေါ်နန်း ခမ်းအေး အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အချို့ဟာ နိုင်ငံရေးမှာ သာမက စစ်ရေးလှုပ်ရှားမှုများမှာပါ ၀င်ရောက်စွက်ဖက်ရန် ကြိုးစားလျှက်ရှိနေပါတယ်။ သူတို့ဟာ သက်ဆိုင်ရာ နယ်မြေအလိုက် SSA (၀မ်ဟိုင်း) အဖွဲ့များနဲ့ ထိတွေ့ဆက်ဆံပြီး ဒေသခံရွာသူရွာသား များအပေါ် ၄င်းတို့ရဲ့ သြဇာညောင်းစေ ရန် နဲ့ ၄င်းတို့ပါတီ အာဏာလွှမ်းမိုးစေရန် လုပ်ဆောင်လျှက် ရှိပါတယ်။
ဒေါ်နန်းခမ်းအေးဟာ ကျေးရွာဖွံ့ဖြိုးရေးကို အကြောင်းပြပြီး မိုင်းရင်ရွာမှာ ဆက်လက်နေထိုင် နေတာဟာ ရိုးဖြောင့်မှုမရှိလှကြောင်း ပေါ်လွင်နေပါတယ်။ အစိုးရတပ်များရဲ့ အားနည်းချက်များကို  အပြစ်ရှာ အထောက်အထားရယူဖို့ လွှတ်တော်ကို တိုင်ကြားဖို့ အားထုတ်နေတာလည်း ဖြစ်နိုင်ပါတယ်။ Internet media များနဲ့ ၀ါဒဖြန့်တာတွေကိုလည်း ဆောင်ရွက်လာပါတယ်။ တိုင်းရင်းသား လက်နက် ကိုင်များနဲ့ SNDP (ကျားဖြူ)ပါတီတို့ဟာ တိုက်ရိုက်ပတ်သက် ဆက်နွယ်နေကြပါတယ်။ ဒီလို နှစ်ဖက် တပ်ဖွဲ့များ အပစ်အခတ်ဖြစ်နေတဲ့ ဒေသမှာ အနေအထိုင်မတတ်တဲ့ ကိုယ်စားလှယ် တစ်ယောက်မတော်တဆ ထိ ခိုက်သေဆုံးခဲ့ရင်လည်း တပ်မတော်အပေါ်ကိုသာ အပြစ်ပုံချကြဦးမှာ ဖြစ်ပါတယ်။
တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း SSA (၀မ်ဟိုင်း) အဖွဲ့ကို သတ် မှတ် နေရာတွေမှာသာ နေထိုင်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သဘောတူထားပြီးဖြစ်ပါတယ်။  တိုင်းရင်းသား လက်နက်ကိုင်များအနေနဲ့ သတ်မှတ်ပေးထားတဲ့ နေရာမှာနေရင် တိုက်ပွဲတွေ ဖြစ်လာ စရာ အကြောင်းမရှိပါဘူး။ သတ်မှတ်နေရာမှာမနေဘဲ နယ်မြေတွေကျော်ပြီး ရွာတွေမှာ ဆက်ကြေး လိုက်ကောက် လူသစ်စု စတဲ့ ပြည်သူလူထုကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေ လို့သာ ဒီလိုတိုက်ပွဲတွေဖြစ်နေရတာပါ။
အောက်တိုဘာလမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ ကြိုးစားနေချိန်မှာ ယခုလို တိုက်ခိုက် လာတာဟာ SSA (၀မ်ဟိုင်း) အဖွဲ့ဖက်က ကတိမတည်တဲ့သဘော ဖြစ်နေပါတယ်။ ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးယုံကြည်မှု တည်ဆောက်နေတဲ့ပွဲ ကျင်းပနေချိန်အတွင်း ယခုကဲ့ သို့ ဖြစ်ပွားနေသည့်အပေါ် အခမ်းအနားသို့ တက်ရောက်လာသူ အချို့ကရှုတ်ချခဲ့ကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားပါသလား။              
“ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားမယ်”၊ “ရိုးသားပြီး ကတိတည်မယ်”၊ “ငြိမ်းချမ်းရေး အကြောင်းပြပြီးအမြတ်မထုတ်ဘူး”၊ “တိုင်းရင်းသားပြည်သူလူထုအပေါ် ဒုက္ခမပေးဘူး ” ဆိုရင် တိုက် ပွဲတွေဖြစ်စရာ အကြောင်းမရှိပါဘူး။ ဒီလိုမှမဟုတ်ဘဲ စေတနာမမှန်မကန်နဲ့ တိုင်းရင်းသား ပြည်သူလူထု အပေါ်ဒုက္ခပေးနေရင်တော့ တပ်မတော်က နယ်မြေရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေးတွေ လုပ်ပြီး ပြည်သူ လူထုကို  ဆက် လက်အကာအကွယ်ပေးနေရမှာဘဲ ဖြစ်ပါတယ်။
SSA (၀မ်ဟိုင်း) အဖွဲ့ဟာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်နေ့မှာ အစိုးရနဲ့အပစ်အခတ် ရပ် စဲရေးပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ပါ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာလည်း လူသစ်စု၊ ဆက်ကြေးကောက်ခံမှုများ ရှိနေဆဲဖြစ်ပြီး တပ်မတော်နဲ့ လက်ရှိအချိန် အထိ တိုက်ပွဲပေါင်း ၁၀၀ ကျော်အထိ ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။ SSA (၀မ်ဟိုင်း) အဖွဲ့အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် ကိုယ့်နေရာကိုယ်သိဖို့၊ ကိုယ်နေရာကိုယ်နေဖို့ လိုအပ် ပါတယ်။
အလားတူ ဒေါ်နန်းခမ်းအေး ကဲ့သို့သော ကိုယ်စားလှယ်များသည်လည်း ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့၊ ကိုယ့်နေရာ ကိုယ်နေတတ်ကြဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးနှင့် ပြည်သူလူထုကို ဗန်းပြပြီး မိမိနဲ့မသက် ဆိုင်တဲ့နေရာများမှာ မိမိနဲ့မသက်ဆိုင်သောကိစ္စများကို ၀င်ရောက်စွက်ဖက်ရန် မသင့်ပါဘူး။ “ ဥပဒေ အထက်တွင် မည်သူမျှမရှိစေရ” ဟူသောပြည်သူ့လွှတ်တော်ဥက္ကဌကြီးရဲ့ တစ်ချိန်ကစကား ကိုပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကိုယ်တိုင်က မျက်ကွယ်ပြုပြီး ဥပဒေအထက်တက်ကာ မလည်ရှုပ် လုပ်နေလျှင် ကြီးစွာဘေးဒုက္ခရောက်နိုင်ကြောင်း သတိပေးလိုက်ရပါတယ်။
ပြည်ချစ်သား
မြန်မာ့ဒီမိုကရေစီပန်းတိုင် အောင်မြင်မည်လော
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှစ၍ ဒီမိုကရေစီစနစ် တစ်ခန်းရပ်ခဲ့သည်။ ဒီမိုကရေစီစနစ်အစား ဗဟိုဦးစီးချုပ်ကိုင်မှု (TOTALITAR IANISM) က မြန်မာနိုင်ငံကိုလွှမ်းမိုးထားခဲ့သည်။ ယခုအခါတော့ ပြည်သူအများလိုလားတောင့်တနေကျသောဒီမိုကရေစီစနစ်သည် ပြန်လည်ရောက်ရှိလာပေသည်။
သို့သော် မြန်မာ့ဒီမိုကရေစီသည် ယခုမှအစပျိုးသော မြေစမ်းခရမ်းပျိုးကာလသာရှိသေးသည်။ လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း ဒီမိုကရေစီလမ်းကြောင်းအပေါ် လျှောက်လှမ်းကာစသာဖြစ်သည်။
ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံတိုင်းတွင်လည်း ယနေ့တိုင် ပြီးပြည့်စုံသည်ဟု မဆိုနိုင်သေးဘဲ
လိုအပ်ချက်တွေရှိတုန်းပင် ဖြစ်သည်။
ဒီမိုကရေစီကို လျှောက်လှမ်းရာ၌လည်း ကမ္ဘာ့နိုင်ငံအသီးသီးကို လေ့လာကြည့်ပါက စနစ်အရတော့
ဒီမိုကရေစီပင်။ သို့သော် ထိုစနစ်သို့ သွားပုံခြင်းက တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူ။
မြန်မာနိုင်ငံအနေဖြင့်လည်း ဒီမိုကရေစီစနစ်သို့ မည်သည့် ပုံစံ၊ မည်သည့် လမ်းကြောင့်ဖြင့်သွားနေသနည်း။
အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ကြည့်လျှင် သူတို့၏ ဒီမိုကရေစီသည် လူတစ်ဦးတစ်ယောက်တိုင်း
၏ အခွင့်အရေးကို လုံးဝလွတ်လပ်ခွင့်ပြုထားသည်။ လူတိုင်းလူတိုင်းမှာ လွတ်လပ်မှုအခွင့်အရေးကို အပြည့်
အ၀ရကြသည်။ ချုပ်ကိုင်မှုမရှိ။ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိသည်။ စီးပွားရေးအပေါ်လည်း ချုပ်ကိုင်ထားမှုမရှိ။
ဒီမိုကရေစီဘိုးအေလို့ ခေါ်သော ဗြိတိန်က အမေရိကန်ကဲ့သို့ မဟုတ်။  အမေရိကန်သွားနေသော ဒီမိုကရေစီလမ်းကြောင်းနှင့် မတူ။ စနစ်အရတော့ ဒီမိုကရေစီပင်။ သို့သော်လျှောက်လှမ်းပုံခြင်းမတူ။
စင်ကာပူ နိုင်ငံသည်လည်း ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ထားသည်။ သို့သော်စင်ကာပူကို ဒီမိုကရေစီနိုင်ငံလို့ မယူဆတဲ့လူတွေလည်းအများအပြားရှိသည်။ သူတို့ပေးတဲ့အကြောင်းပြချက်က စင်ကာပူမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရွေးကောက်ပွဲ တွေမရှိဘူးလို့
ဆိုကြသည်။ စင်္ကာပူမှာ အုပ်စုဖွဲ့ဆန္ဒပြခြင်းကို ခွင့်မပြုထားပါ။ စီးပွားရေးကို လွတ်လွတ်လပ်လပ်လုပ်။ အစိုးရ၀င်မစွက်ဖက်ဘူး။ နိုင်ငံရေးမှာတော့ တင်းကြပ်မှုတွေရှိသည်။
အိမ်နီးချင်းထိုင်းနိုင်ငံလည်း ထိုကဲ့သို့ပင် ဒီမိုကရေစီနိုင်ငံဆိုပေမယ့်  နိုင်ငံရေးမှာ တော့ ဗဟိုက ချုပ်ကိုင်မှုအနည်းအကျဥ်းရှိသည်။ဘုရင်ကိုထိလို့မရပါ။ ဆန္ဒပြလို့မရ။ စစ်တပ်က အာဏာဝင်သိမ်းမှုကလည်း ခဏခဏဖြစ်သည်။ စီးပွားရေးကို ဖွင့်ပေးထားတဲ့အတွက်သာ
ယခုလို တိုးတက်နေတာဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံအရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများသည် အိန္ဒိယနိုင်ငံကဲ့သို့ဖြစ်သည်။
အိန္ဒိယသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းပြီးနောက်ပိုင်း အစိုးရဘာလုပ်လုပ် ပြည်သူကဆန္ဒပြသည်။ ထို့အတွက်ဦးဆောင်နေရသည့် အစိုးရမှာ ကာလရှည်ပြသနာတွေကို မဖြေရှင်းနိုင်ခင် ကာလတိုပြသနာတွေကိုလိုက်လံဖြေရှင်းနေရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုခရီးက ထင်သလောက်မတွင်ပေ။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ထွန်းနေတဲ့ ပြုပြင်ပြောင်းလဲရေးများသည် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံအချို့ကဲ့သို့  အာဏာရှင် စနစ်ကို လုံးဝတွန်းလှန်ဖြိုဖျက်လိုက်ခြင်းမဟုတ်။ စနစ်ဟောင်း နဲ့ ညှိနှိုင်း ပြီးဒီမိုကရေစီနစ်ဆီသို့ ပြောင်းလဲ လာခြင်းဖြစ်သည်။ အနီးစပ်ဆုံးပြောရလျှင်အာဆီယံနိုင်ငံများထဲမှ အင်ဒိုနီးရှားနဲ့ ဆင်တူသည်။
ဒါနှင့် ပတ်သက်၍ "ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာဟာ အသစ်တည်ဆောက်ရတာ မဟုတ်ဘဲ ရှိရင်းစွဲ အခြေအနေများကနေ ပြုပြင်ပြောင်းလဲ ယူရတာဖြစ်ပြီး ဆယ်စုနှစ်များစွာ အထီးကျန်ဆန်ခဲ့ရတဲ့ အခြေအနေတွေကနေ ပေါ်ပေါက်လာတဲ့ စဉ်းစားတွေးခေါ်မှု ပုံစံတွေကို ပြောင်းလဲဖို့ ကြိုးပမ်းဆောင်ရွက် နေရပါတယ်။ ကျွန်တော်တို့အနေနဲ့ အခင်းအကျင်းသစ်တွေကို ဦးတည်ချီတက်နေရသလို အရှိန်မသေသေးတဲ့ စနစ်ဟောင်းရဲ့ အမူအကျင့်များကိုလည်း ရပ်တန့်နိုင်ဖို့ ကြိုးပမ်းနေရပါတယ်" ဟု နိုင်ငံတော်သမ္မတက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။
ဒီလိုထူးခြားတဲ့ ပြောင်းလဲမှု ပုံစံဟာ ဒီမိုကရေစီ ပီပီပြင်ပြင် ထွန်းကားရေးအတွက် အထောက်အပံ့ဖြစ်စေသလား၊ အဟန့်အတား ဖြစ်စေသလား ဆိုတာစောင့်ကြည့်ရမည်ဖြစ်သည်။ နိုင်ငံရေး သုခမိန်တစ်ဦးက၊ ''ဒီမိုကရေစီစနစ်တွင် ချို့ ယွင်းချက် အနည်းငယ်ရှိနေသည်မှာ မှန်ပါ၏။ သို့သော် လူ့အဖွဲ့အစည်းအတွက် ဒီမိုကရေစီထက်ပို၍ ကိုက်ညီသင့်လျှော်သောစနစ်ကိုလည်း သူမမြင်'' ဟု ဆိုဖူးလေသည်။
ဒီမိုကရေစီသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊  ထင်သာမြင်သာရှိခြင်း၊  တာဝန်ယူမှုရှိခြင်း၊ ကွဲပြားခြားနားသည့် အမြင်အတွေးများဖြင့် ဖွဲ့စည်းတတ်ခြင်း တို့သည် ဒီမိုကရေစီ၏ အခြေခံများပင်ဖြစ်သည်။ ဒီမိုကရေစီက လူတိုင်းအတွက် လွတ်လပ်ခွင့်ကို ပေးထားသည်။ ထိုအခွင့်အရေးကို မည်သည့်အရာကမှ ချုပ်ကိုင်ထား၍ မရ။ သို့သော် လွတ်လပ်မှုတွင် သတိထားရမည်မှာ လူတစ်ဦး၏လွတ်လပ်မှုသည် အများစု၏ အကျိုးစီးပွားကို ထိခိုက်အန္တရာယ်ပြုမှုတစ်ခုမဖြစ်သင့်သလို၊ အများစု၏ဆန္ဒ သည်လည်း လူပုဂ္ဂိုလ်တစ်ဦးစီ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို စော်ကား ချုပ်ချယ်ရာ မရောက်စေသင့်ပေ။
မည်သို့သော လမ်းကြောင်းဖြင့် ဒီမိုကရေစီစနစ်သို့ သွားနေပါစေ ယနေ့မြန်မာပြည်သူလူထု
လိုအပ်နေခြင်းသည် လွတ်လပ်ခွင့်မှ အခြေတည်၍ လူတိုင်းအတွက် ပြည့်စုံကြွယ်ဝသော ဘ၀ကိုပိုင်ဆိုင်နိုင်ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် သာယာရေးပင် ဖြစ်၍ ထိုရည်မှန်းချက်သို့
ရောက်အောင် နိုင်ငံသားအားလုံး လက်တွဲညီစွာ လျှောက်လှမ်းရမည်ဖြစ်သည်။
ဒီမိုပလေတို
နေပြည်တော်တွင် ရဲများကို ဖမ်းဆီးခဲ့သူ ရွာသားများ အဖမ်းမခံလျှင် အင်အားသုံးမည်
ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်တွင် နေပြည်တော် ဇဗ္ဗူသီရိနှင့် ပုဗ္ဗသီရိ မြို့နယ်၊ ၀ဲကြီး၊ ကျောက်ခွင့် ၊ သရက်ပင် နှင့် အင်းတိန် ကျေးရွာများမှ လယ်မြေဧက ၅၀၀ ခန့်ကို သတင်းစာတိုက်နှင့် စက်ရုံများဆောက်လုပ်ရန် သိမ်းယူခဲ့ကြောင်း၊ သိမ်းဆည်းလယ်မြေများ တွင် ဒေသခံရွာသားများက ၀င်ရောက် စိုက်ပျိုးထွန်ယက်မှုများ ဆောင်ရွက်ခဲ့ရာ ရဲတပ်ဖွဲ့က ဒေသခံ ရွာသားများကို ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် အမှုဖွင့်ထားကြောင်း၊ စက်တင်ဘာလ ၂၀ရက်နေ့ ညသန်းခေါင်ယံကျော် အချိန်တွင် ဝဲကြီးကျေးရွာမှ လယ်သမား များ၏ အိမ်များကို ရဲတပ်ဖွဲ့ဝင် များက ဝင်ရောက်စီးနင်းခဲ့ရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း၊ ဒေသခံ ရွာသားများက ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။
ဝဲကြီးကျေးရွာ ပဋိပက္ခတွင် ပါဝင်ပတ်သက်ခဲ့သော ရွာသား ၁၀ ဦးကို အေးအေးဆေးဆေး အဖမ်းခံရန် သက်ဆိုင်ရာ ကျေးရွာအာဏာပိုင်များထံ လာရောက်အကြောင်းကြားခဲ့ပြီး ၃ ကြိမ်ဆင့်ခေါ်၍ လာရောက် အဖမ်းမခံလျှင် အင်အား သုံးဝင်ရောက်ဖမ်းဆီးမည်ဟု ရဲတပ်ဖွဲ့က တရားဝင်ပြောဆိုထားကြောင်း၊ ၀ဲကြီးပဋိပက္ခတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀ဲကြီးကျေးရွာ ရပ်/ကျေး ဥက္ကဋ္ဌတဦး ဖြစ်သူ ကိုဇော်လတ်က လယ်ယာမြေပိုင်ဆိုင်မှု မရှိသော်လည်း လယ်သမားများကို လယ်ယာမြေ ဥပဒေများ ရှင်းပြခြင်း၊ လယ်ယာမြေအရေး ကိစ္စများတွင် ကူညီဆောင်ရွက်ပေးခဲ့ပြီး လယ်သမားများကို အားပေး ကူညီမှုဖြင့် ရဲက အလိုရှိနေကြောင်း နေပြည်တော် ခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇာနည်က ဧရာဝတီသို့ ပြောသည်။
“ရဲက အေးအေးဆေးဆေး အဖမ်းခံစေချင်တယ်။ ၃ ကြိမ်ခေါ်ပြီး မလာလို့ အင်အားသုံးရရင် ကျနော်တို့ ပါတီအတွက်ရော ဒေသခံ လယ်သမားတွေအတွက်ရော မကောင်းဘူးလို့ လာပြောတယ်။ နေပြည်တော်ကောင်စီ နယ်မြေဖြစ်လို့ သူတို့မှာလဲ အပေါ်က ဖိအားတွေ ရှိနေတယ်လို့ ပြောတယ်´´ဟု ပုဗ္ဗသီရိမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌကိုအောင်အောင် က ပြောသည်။
ဝဲကြီးကျေးရွာသားများကို အမှုဖွင့်ထားသော နေပြည်တော်၊ ရွှေတွင်းကုန်းရဲစခန်းမှ ဒုရဲအုပ် ၀င်းဗိုလ်က “သူတို့အနေနဲ့ အေးအေးဆေးဆေး လာပြီးတော့ ရဲစခန်းနဲ့ တရားရုံးမှာလာရောက်ဖြေရှင်းမယ် ကျနော်တို့က အေးအေးချမ်းချမ်း ပဲလက်ခံ မှာပါ ။ အဲလိုမဟုတ်ဘဲနဲ့ အုတ်အော်သောင်းနင်း လူတွေအများကြီး ခေါ်လာပြီး လူအုပ်နဲ့လာဝိုင်းရင်တော့ ကျနော် တို့က လက်မခံဘူး”ဟု ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းယူထားသောမြေများအတွက် ပိုင်ဆိုင်မှု အထောက်အထားရှိသူများကို လယ်မြေ တဧက လျှင် ငွေကျပ် ၃ သိန်းခွဲ၊ ယာမြေ တဧကလျှင် ငွေကျပ် ၂ သိန်းခွဲနှုန်းဖြင့် စုစုပေါင်း ၁၀၅ သိန်းလျော်ကြေး ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က နေပြည်တော်တွင် စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ပြန်ကြားရေး ၀န်ကြီးဌာနက သိမ်းယူထားသော လယ်မြေများတွင် အထောက်အထားခိုင်လုံသူ ၄၄ ဦးရှိရာ ၂၉ ဦးမှာ လျော်ကြေး လက်ခံခဲ့သော်လည်း ကျန် ၁၇ ဦးမှာ အချင်းချင်းပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ လျော်ကြေးနည်း၍ မထုတ်ယူခြင်း များရှိနေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
မစုစုနွေး NLD ပါတီ ငွေရတုပွဲ တက်ခွင့် မရ
မစုစုနွေး ရုံးရှေ့မှာ အတားဆီး၊ အဖယ်ရှား ခံနေရစဉ်၊ ဓာတ်ပုံ- Su Su Nway
စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် ပါတီရုံးချုပ်မှာ စည်စည်ကားကား ကျင်းပခဲ့ ပါတယ်။
အဲဒီအခမ်းအနားကို NLD ပါတီမှာ တက်တက်ကြွကြွ လူ့အခွင့်အရေး၊ လယ်သမားအရေး တက်ကြွ လှုပ်ရှားတဲ့ ထန်းမနိုင်ရွာသူ မစုစုနွေးက တက်ခွင့် မရခဲ့ဘူးလို့ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသား ထားပါတယ်။
ဘာကြောင့်များ မစုစုနွေးဟာ NLD ပါတီ ရဲ့ မွေးနေ့ပွဲ တက်ခွင့်မရတာလဲ၊ ဒီလို တက်ခွင့်မရလို့ မစုစုနွေး ဘာတွေ ပြောထားလဲဆိုတာ...
"ဒီနေ့ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်ဆယ့်ငါးနှစ့်ပြည့် ငွေရတုအခမ်းအနားကို ကျွန်မ သွားပါတယ်။ 1990 ခုနှစ်၊ အသက်(၁၈)နှစ် ပြည့်ကတည်းက ဝင်ရောက်ခဲ့တဲ့ ပါတီ။ ကျွန်မဘဝရဲ့ အချိန် ထက်ဝက်ကျော် ပေးဆပ်ခဲ့တဲ့ ပါတီ။ စစ်အစိုးရရဲ့ ဖိနှိပ်မှုအမျိုးမျိုးကို ကျွန်မတတ်စွမ်းနိုင်သလောက် အတူတူ ရုန်းကန်ရင်ဆိုင်ခဲ့ရတဲ့ ပါတီမို့ ကျွန်မနဲ့လည်း သက်ဆိုင်တယ်လို့ ယူဆပြီး သွားရောက်ခဲ့တာပါ။ အတူတူ လက်တွဲ ရင်ဆိုင်ခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေနဲ့ ဆုံဆည်းချင်တာလည်းပါ ပါတယ်။ ဒါပေမဲ့ အခန်းအနားကျင်းပတဲ့ အရှေ့နားမှာတောင် ကျွန်မ ရပ်ခွင့်မရခဲ့ပါဘူး။ ကျွန်မ မသိတဲ့၊ ကျွန်မကိုလည်း မသိတဲ့ ပါတီဝင် လုံခြုံရေးတာဝန်ကျတွေက ခန်းမထဲကို ဝင်ခွင့်မပေးတဲ့အပြင်၊ အရှေ့မှာ လာ မရပ်ဖို့တောင် တားဆီးဖယ်ရှားခဲ့ကြပါတယ်။ ဒါ့ကြောင့် NLD ငွေရတုပွဲကို ပါဝင်ဆင်နွှဲခွင့်မရခဲ့ပါဘူး။ 1990 ကတည်းက ပါတီနဲ့အတူ တက်ကြွစွာ လှုပ်ရှားခဲ့ကြသူတွေ အတော်များများလည်း ကျွန်မလိုပဲ ဝင်ခွင့်မရခဲ့ကြပါဘူး .... ။ "
ဒီလို မစုစုနွေးက ရေးသား ထားတဲ့အတွက် သူ့ ဖေ့စ်ဘုတ်မှာ မှတ်ချက်တွေပေးထားကြတာလည်း မနည်းပါဘူး။ ဒီအထဲက တခုက " မစုစုနွေးလို သူတစ်ယောက်ကိုတောင် မသိတာတော့ တော်တော်လွန်လွန်းပါတယ်" လို့ ဆိုထားပါတယ်။
ဒါဟာ NLD ပါတီအတွက် ကောင်းမွန်တဲ့ လက္ခဏာ တခုတော့ မဟုတ်ကြဘူးလို့ ဆိုလာသူတွေလည်း မနည်းပါဘူး။
အိမ့်သံစဉ် ~
ဧရာဝတီ
ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်း စုကြည် အပေါ် ဘယ်လိုမြင်လဲ
ဟိုတစ်လော က မိတ်ဆွေတစ်ယောက်က မောင်ဘ ကို မေးတယ် “သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဘယ်လိုမြင်လဲ” လို့ မေးလာတာ ကြုံဖူးတယ်။ အမှန်ပြောရရင် မောင်ဘ လည်း လေ့လာဖတ်မှတ်ဆဲ လူတစ်ဦးဖြစ်သလို ၊ ကိုယ့်ကိုဆွေးနွေးတဲ့ သဘောနဲ့ မေးလာတဲ့ မေးခွန်းမို့လည်းကိုယ်တိုင်လည်းငါဘယ်လို မြင်နေသလဲလို့ ပြန်သုံးသပ်မိတယ်။အခု
 မောင်ဘဒါကို မြင်တဲ့အတိုင်းပဲ ရေးမှာပါ ။ ဒီအပေါ်မှာ ကြိုက်တဲ့သူလဲရှိသလို မကြိုက်တဲ့သူလည်း ရှိမှာမို့ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။
          လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ လူရွယ်၊လူကြီး ပတ်ဝန်းကျင်မှာ  သမ္မတ ဦးသိန်းစိန် ကို လေးစားကြသူများနဲ့ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို လေးစားကြသူများဆိုတဲ့ လူအဖွဲ့အစည်း နှစ်ခု ဟာ ကွဲလွဲရပ်တည်လျှက်ရှိပါတယ်။ဒီအထဲမှာမှထပ်မံ ခွဲခြားဆန်းစစ် ကြည့်မယ်ဆိုရင် တစ်ချို့လူတွေဟာ ပုဂ္ဂလအဓိဌာန် ကျကျ လူပုဂ္ဂိုလ် ကိုးကွယ်တဲ့ အပိုင်းတွေ ရှိသလို ၊ တစ်ချို့ လူတွေက ဓမ္မအဓိဌာန် ကျကျ လုပ်ရပ်အပေါ် (၀ါ) ပြည့်သူအပေါ်အကျိုးပြုမှု နဲ့ တိုင်းတာ ကြတဲ့ အပိုင်းတွေကို တွေ့ရပါတယ်။ဒီလူအဖွဲ့အစည်း နှစ်ခု မှာ မတူကွဲပြားတာတွေ ရှိသလို တူတာတွေလဲရှိပါတယ် ။ ဒါကတော့ နိုင်ငံကိုချစ်တဲ့စိတ်ပါ။ဒါပေမယ့် ဒီမိုကရေစီိကို မြတ်နိုးပါတယ်လို့ မိုးလုံးပြည့်ညံ ကြွေးကြော်သံတွေနဲ့ လူအများစု မှာ မတူကွဲပြားတဲ့ ဒီမိုကရေစီ ရဲ့သဘောသဘာဝ ကိုနားမလည်နိုင်ပဲ“ငါနဲ့မတူငါ့ရန်သူ”ဆိုတဲ့အတွေးတွေပိုင်ဆိုင်သူတော်တော်များများ တွေ့မိတယ်။ကဲထား
ပါလေ လိုရင်းကိုပဲဆက်ပြောကြမယ်။
          ဒီအကြောင်း ကို အမြင်ပြောရမယ်ဆိုရင် Politicians are many  but Statesmen is few  ဆိုတဲ့ စကားပုံလေးကိုထည့်ပြောချင်ပါတယ်။ဒါမှ လဲ မိမိ အမြင်ကို နားလည်အောင်ပြောနိုင်မှာ မို့လို့ပါ။ဒီနေရာမှာ Statesman ဆိုတာ တိုင်းပြည်ပြုသုခမိန် လို့ ပြန်ဆိုပါတယ်။ဒီစကားလုံး နဲ့ ပတ်သတ်ပြီး တိုင်းပြည်ပြုသုခမိန် ဆိုတာကို ဒေါက်တာမောင်မောင် စုစည်းတင်ပြထုတ်ဝေတဲ့ AungSan of Burma (Myanmar) ဆိုတဲ့စာအုပ်မှာ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း C.R.Attlee က ၎င်း ရဲ့ ဆွေးနွေးဖက် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အောက်ပါအတိုင်း ရေးသားထားပါတယ်။
“Aung San was a Statesman of considerable capacity and wisdom as was show by his proposals for dealing with the minority communities in generous lines.Had he lived ,might well have staged in the commonwealth,but,as it was ,the Burmese decided an complete independence”။အဘိဓာန်မှာတော့ ဒီ Statesmen ဆိုတဲ့ စကားလုံး ကို  တိုင်းပြည်ပြုသုခမိန် ၊ အမြော်အမြင်ကြီးမားသော နိုင်ငံရေးသမားလို့ ဖွင့်ဆိုပါတယ်။Politicians ဆိုတာက နိုင်ငံရေးသမားတော့ နိုင်ငံရေးသမားပဲ ဒါပေမယ့် ရွေးကောက်ပွဲအတွက်ပဲ ကြည့်တတ်တဲ့ နိုင်ငံရေးသမားမျိုးလို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်.။Statesman ကတော့ အဲလိုမဟုတ်ဘူး နိုင်ငံရေးသမားတော့ နိုင်ငံရေးသမားပဲ ဒါပေမယ့် နောက်မျိုးဆက် တစ်ခု အတွက်ပါ ကြည့်တတ်တဲ့ နိုင်ငံရေးသမားလို့ ဆိုပါတယ်။ဒီတော့ နိုင်ငံရေးသမားချင်းတူပေမယ့် Statesman နဲ့ Politicians  စကားလုံးတော်တော်လေး ကွာခြားသွားတာတွေကိုတွေ့ရပါတယ်။မောင်ဘ ပြောချင်တဲ့ အပိုင်းကို ရောက်လာပါပြီ.။
         လက်ရှိအခြေအနေမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ရပ်တည်ချက်တွေ လုပ်ဆောင်ချက်တွေဟာ တော်တော်လေးလဲ ထိရောက်မှုရှိသလို အချို့ မမျှော်မှန်းထားတဲ့ လူအချို့မထင်မှတ်ထားတာတောင် လုပ်ခဲ့တယ်လို့ ဆိုရမယ်။(ဥပမာ-မြစ်ဆုံကိစ္စ ရပ်တန့်ထားတာတွေ) ၊ ပြီးတော့ ဘင်္ဂလီအရေးတွေမှာ ပြည်သူနဲ့ တစ်သားတည်း ပြည်သူဆန္ဒ အတိုင်း အပြင် နောက်မျိုးဆက်တွေ အတွက်ပါ ထည့်တွက် စဉ်းစားဆုံးဖြတ်ခဲ့တယ်လို့ တွက်လို့ရတယ်။ပြီးတော့ အခု သမ္မတဦးသိန်းစိန်လက်ထပ်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးေ
ဖ်ာဆောင်မှုလုပ်ခဲ့တာတွေဟာလည်း နောက်မျိုးဆက်တွေအတွက်ကောင်းတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်
။နောက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျော့အောင်ကြိုးစားခဲ့တာတွေ ၊ နိုင်ငံအတွင်း အလုပ်အကိုင်တွေ ပေါများလာအောင် ဖန်တီးနေတာတွေ ၊ စင်္ကာပူ ၀န်ကြီးချုပ် လောက်နဲ့တွေ့ဖို့ ကိုသမ္မတတစ်ယောက်မာန်ကိုချပြီးအမျိုးသားအကျိုးစီးပွားအတွက်မိနစ်ပေါင်းများစွာထိုင်စောင့် သည်းခံပေးခဲ့တာတွေဟာ နောက်မျိုးဆက်တစ်ခု အတွက်ပဲ မဟုတ်ဘူးလား ။ဒါကြောင့် မောင်ဘ က တော့ လက်ရှိသမ္မတဦးသိန်းစိန်ကို နိုင်ငံရေးသမား ဆိုပေမယ့် Statesman အမျိုးအစားခေါင်းစဉ်အောက်မှာ ထားလိုက်ပါတယ်။  နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်ကို စဉ်းစားကြရအောင်။
       ဒေါ်အောင်ဆန်းစုကြည် ဆိုတာဟာလည်းပဲ မြန်မာနိုင်ငံမှာ ပြည်သူလူထု ရဲ့ ထောက်ခံမှု တော်တော်များများ ရထားတဲ့အတိုက်အခံ ပါတီခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ အတိုက်အခံပါတီတွေအများကြီးရှိတဲ့အထဲကမှအတော်ဆုံး ခေါင်းဆောင်တစ်ယောက်လို့ ပြောလို့ရပါတယ်။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆို က ကျွန်တော် တို့ရဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လည်းဖြစ်လို့ လူထု က ထောက်ခံအားပေးကြတာလည်း ပါကောင်းပါမှာ ပါ။မောင်ဘ အမြင်တော့ နိုင်ငံအတွက်ကောင်းတာလုပ်ရင် မောင်ဖြူ လုပ်လုပ် ၊ မောင်မဲ လုပ်လုပ် ထောက်ခံရမှာပဲ။စစ်အစိုးရ လက်ထပ်က ဒေါ်အောင်ဆန်းစုကြည် နဲ့ အခု ဒေါ်အောင်ဆန်းစုကြည် ဆိုတာအပေါ်မှာ ပြည်သူလူထုက ကြည့်တဲ့ရှုထောင့်တွေက ကွဲပြားလာကြပြီ ။အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုသနားကြတယ်၊ မေတ္တာစိတ်နဲ့ချစ်ကြတယ်။ဒါပေမယ့် ဒေါ်အောင်
ဆန်းစုကြည်အကျယ်ချုပ် က ထွက်လာခဲ့တဲ့နောက်ပိုင်းမှာ လည်း ပြည်သူလူထု နဲ့ အတူ မောင်ဘ တို့လဲ အပါအ၀င် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြတယ်။(မောင်ဘ အမြင်အတိုင်းပြောရမယ်ဆိုရင်)အခုအချိန်ထိ တိုင်းပြည်နဲ့ လူမျိုး အတွက် ဘာတစ်ခုမှ ထိထိရောက်ရောက် မလုပ်ပေးသေးဘူး။ဒါကို တစ်ချို့ ကလဲ အာဏာမရှိသေးလို့  လို့ ပြောကြတယ်။ဒါဆို လွှတ်တော်ထဲမှာ ၀င်နေပြီး တရားဥပဒေစိုးမိုးရေး ဥက္ကဌ ကဘာမှ မယ်မယ်ရရ လုပ်တာမတွေ့ရဘူး။ လွှတ်တော် နားရင် ပြည်ပသွားတယ် ။ တစ်ချို့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ အမတ်လောင်းတွေ ပြည်သူတွေ အတွက် အမျိုးဘာသာ သာသနာအတွက် ဥပဒေကြမ်းတွေတင်နယ်တွေကို ကွင်းဆင်းလုပ်နေတဲ့အချိန်မှာ  တစ်နိုင်ငံပြီးတစ်နိုင်ငံ ခရီးသွားလိုက်၊ အခြေခံဥပဒေ ပြင်ကိုပြင်ရမယ်တို့ပဲ အတွင်အတွင် ပြောနေတယ်။ ပြင်ရမှာတော့ မောင်ဘ အပါအ၀င် လူတိုင်းသိတာပေါ့။ ပြီးတော့ အမျိုးဘာသာ သာသနာ ကိစ္စတွေ ၊ ဥပမာ မောင်တော ၊ မိတ္ထီလာ ကုလားအရေးအခင်း ကိစ္စတွေမှာ ဘာတစ်ခုမှ လုပ်မပေး မပြောပေးတဲ့အပြင်ကွင်တားနား မှန်တယ် လို့တောင်ထောက်ခံလိုက်သေး။မိမိ သမ္မတ ဖြစ်ရေး ရွေးကောက်ပွဲနိုင်ရေး အတွက် ဘာမဆို ချခင်းမယ့် ချနင်းမယ့်ပုံပဲ။မောင်ဘ နောက်တစ်ခု ထောက်ပြချင်သေးတယ်။ NLD က ၂၀၁၅ မှာWhite Card မဲမပေးရဘူးဆိုတဲ့ ကိစ္စမှာ ဘာလို့နှာစေး နေတယ်လို့ ထင်လဲ။ဘင်္ဂလီ ကိစ္စဆို လက်ရှောင် တယ်လို့ထင်လဲ။ အသာလေး နှာစေးပြီး လက်ရှောင်နေရင် လာမယ့် ၂၀၁၅ မှာ အဲ့ ဒီ မဲ ၄ သိန်းအား က NLD ၀ှက်ဖဲ ဖြစ်လာမယ် မဟုတ်လား။လယ်ပြင်မှာ ဆင်သွားသလို ရှင်းပါတယ်။မောင်ဘကတော့ ရွေးကောက်ပွဲအတွက်ပဲ ဆိုင်းပြင်းနေတဲ့ ဒေါ်စုကို Politicians ထဲထည့်ထားလိုက်မယ်ဗျာ..။ကဲ..မောင်ဘအမြင်ကတော့ဒါပါပဲဗျာ..။
မောင်ဘ
မန္တလေးဈေးချိုကို ရှောင်တခင် ဝင်စစ်မည်
မန်းသားလေး| September 28, 2013
မန္တလေးမြို့တွင်းရှိ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်ထားသည့် ဂိုထောင်များနှင့် အရောင်းဆိုင်များကို အောက်တိုဘာလမှ စတင်ပြီး ရှောင်တခင် ၀င်ရောက် စစ်ဆေး ဖမ်းဆီးတော့မည် ဖြစ်ကြောင်း သိရသည်။
ဈေးချိုအပါအ၀င် စားသောက်ဆိုင်များ၊ စတိုးဆိုင်ကြီးများ၊ စားသောက်ဆိုင်များ၊ မိုဘိုင်းဖုန်း အရောင်းဆိုင်များနှင့် စက်သုံးဆီ အရောင်းဆိုင်များတွင် ရောင်းချနေသော ကုန်စ္စည်းများမှာ တရားဝင်သော ကုန်ပစ္စည်းများ ဟုတ်၊ မဟုတ်ကို စစ်ဆေးကာ တရားဝင် သယ်ဆောင်သည့် ကုန်ပစ္စည်းများ မဟုတ်ပါက သိမ်းဆည်းထားသူများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက ပြောသည်။
“မန္တလေးမြို့မှာ တရားမ၀င် ကုန်သွယ်မှု ပပျောက်ဖို့အတွက် Mobile Team အဖွဲ့ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့စည်းတွေက မန္တလေးမြို့မှာ ရှိတဲ့ လက်ကား အရောင်းဆိုင်ကြီးတွေ၊ ကုန်ပစ္စည်း သိုလှောင်တဲ့ ဂိုဒေါင်တွေ၊ စတိုးဆိုင်နဲ့ ဈေးဝယ်စင်တာတွေမှာ ၀င်ရောက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မန္တလေးတွင် ဖွဲ့စည်းမည့် Mobile Team အဖွဲ့တွင် ဌာန ၆ ခု ပါဝင်မည် ဖြစ်ပြီး ယင်းဌာနတွင် မီဒီယာဌာနလည်း ပါဝင်သည်။ ဌာန ၆ ခုတွင် စီးပွားကူးသန်းဌာန၊ အကောက်ခွန် ဦးစီးဌာန၊ အုပ်ချုပ်ရေး၊ ပြည်သူ့ရဲတပ်ဖွဲ့၊ စည်ပင်ယာရေး ဦးစီးဌာနနှင့် မီဒီယာတို့ ပါဝင်မည် ဖြစ်သည်။
မန္တလေးမြို့သို့ တရုတ်နိုင်ငံမှ ကုန်သွယ်မှု အများဆုံး ပြုလုပ်လျှက် ရှိပြီး အဓိက ၀င်လမ်း လေးလမ်း ကိုလည်း ယင်းအဖွဲ့မှ ကြပ်မတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း စီးပွား ကူးသန်း ၀န်ကြီးဌာန ကုန်သွယ်မြှင့်တင်ရေးနှင့် စားသုံးသူကာကွယ်ရေးရာ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးသူက ပြောသည်။
“မူဆယ်ဘက်နဲ့ လားရှိုးဘက်တွေမှာ ကျနော်တို့ အဖွဲ့တွေ ထားပြီး ကြပ်မတ် စစ်ဆေးတာတွေ လုပ်နေပါတယ်။ အခုတော့ စစ်ဆေးရေး အဖွဲ့တွေကို သင်တန်းပေးနေတာ တပတ်လောက် ရှိပါပြီ။ သူတို့ သင်တန်းပေးပြီးရင်တော့ ကွင်းဆင်း စစ်ဆေးတာတွေ လုပ်ဆောင်သွားမှာပါ” ဟု သူက ဆိုသည်။
တရုတ်ပြည်ဘက်ရှိ အရည်အသွေး ညံ့သော ကုန်ပစ္စည်းများကို အခွန်မဲ့ သယ်ဆောင်လာသည့် အတွက် စားသုံးသူများ ဘေးအန္တရာယ် ကျရောက်လျှက် ရှိသည်။
“ကုန်ပစ္စည်းတခု တရားဝင်တယ်၊ မ၀င်ဘူးဆိုတာ သူတို့ ဖြတ်ခဲ့တဲ့ အခွန်စာရွက်ကို ကြည့်မှာပါ။ အခွန်မဆောင်ဘဲ ဖြတ်သန်းတယ် ဆိုရင် ဒါဟာ တရားဝင်တဲ့ ကုန်ပစ္စည်း သယ်ဆောင်တာမျိုး မဟုတ်ပါဘူး။ တရုတ်ပြည်ဘက်မှာ တရားဝင် ထားတဲ့ ကုန်ပစ္စည်း တော်တော်များများက အခွန်ဆောင်ကြပါတယ်။ တရုတ်ပြည်ဘက်ကနေ တရားမ၀င်တဲ့ ကုန်ပစ္စည်းတွေ၊အရည်အသွေး ညံ့နေတဲ့ ပစ္စည်းတွေကို ဒီဘက် တင်သွင်းလာမှာကို လက်မခံနိုင်တဲ့ အတွက် စားသုံးသူ ကာကွယ်ရေးအတွက် ကျနော်တို့က ခုလို အဖွဲ့တွေ ဖွဲ့ပြီး စစ်ဆေး ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ဦးမျိုးက ဆိုသည်။
အကောက်အခွန်မဲ့ ပစ္စည်းများ စစ်ဆေးခြင်းကို ဈေးချိုနှင့် စတိုးဆိုင်ကြီးများမှ ရောင်းဝယ်သူများက လက်ခံကြိုဆိုလျှက် ရှိနေပြီး ယင်းသို့ လုပ်ဆောင်ခဲ့လျှင် စားသုံးသူများအတွက် ကျန်းမာရေး စိတ်ချရနိုင်ကြောင်း သိရသည်။
“လာစစ်ဆေးတာကို လက်ခံပါတယ်။ စစ်ဆေးတဲ့ အချိန်မှာလည်း ပစ္စည်းအရည်သွေးကို နေရာတင် စစ်ပြီး ချက်ခြင်း အဖြေထွက်တာမျိုးကို လိုချင်ပါတယ်။ ဒါမှ ဒီပစ္စည်းတွေက အရည်သွေးမမှီဘူးဆိုရင် ချက်ခြင်း သိမ်းဆည်းရမှာ။ အရင်ကလည်း သူတို့က လာစစ်ပါတယ်။ ဒါပေမယ့် စစ်တဲ့ပစ္စည်းတွေကို ၂ လကြာမှ အဖြေသိရတော့ လက်ထဲမှာ အဲဒီပစ္စည်းတွေက ရောင်းပြီးကုန်ပြီလေ။ အဲဒီလိုမျိုး မဖြစ်စေချင်ပါဘူး” ဟု ဈေးချိုတော်ရုံ တွဲဘက်အတွင်းရေးမှူး ကိုအောင်ကျော်ဦးက ပြောသည်။
စစ်ဆေးသည့် စက်ကိရိယာများ အနေဖြင့် ခေတ်မီကိရိယာများကိုသာ သုံးသွားမည် ဖြစ်ပြီး ယင်းကိရိယာ များအတွက်လည်း ပြည်ပမှ မှာယူတင်သွင်း ပြီးသွားပြီ ဖြစ်ကြောင်း၊ စစ်ဆေးမှုများ၏ ဖြစ်စဉ်များကိုလည်း အွန်လိုင်း တပ်ဆင်မှုများဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ စစ်ဆေးမည့်အဖွဲ့များကိုလည်း စနစ်တကျ သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်း ၀န်ကြီး ဦးအောင်ဇံက ပြောသည်။
ကုန်ပစ္စည်းများကို ယင်းကဲ့သို့ လုပ်ဆောင်မည်ဆိုလျှင် ကုန်ဈေးနှုန်းများလည်း တက်သွားမည် ဖြစ်ပြီး ကျန်းမာရေး ဆုံးရှုံးမှုထက်စာလျှင် ကုန်ဈေးနှုန်းတက်သည်က လက်ခံနိုင်ဖွယ်ရှိကြောင်း စားသုံးသူများက ပြောဆိုလျှက် ရှိကြသည်။
Mobile Team အဖွဲ့ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ပညာပေး ကာလများ သတ်မှတ်ကာ ဆောင်ရွက်ခဲ့သေးသည်။
မန္တလေးမြို့သို့ တရုတ်ပြည်ဘက်မှ ကုန်ပစ္စည်းများ အများဆုံး ၀င်ရောက်လျှက် ရှိပြီး အကောက်ခွန်မဲ့ ပစ္စည်းများမှာ အီလက်ထရွန်းနစ် ပစ္စည်းများ၊ အရက်ဘီယာ၊ ကလေးငယ်များ စားသုံးနေသည့် အသင့် ထုတ်ပိုးထားသော မုန့်ပဲသရေစာများနှင့် မိုဘိုင်းဖုန်းများ အများဆုံး တင်သွင်းကြကြောင်း သိရသည်။
မန္တလေး ဈေးချို (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
ဧရာဝတီ
မော်လမြိုင်မြို့လယ်ရှိ ချမ်းသာခေတ်မီ ကလေးကစားကွင်းမှ လောင်းကစားဂိမ်းစက်များ ဖမ်းဆီး
၂၆ စက်တင်ဘာ ၂၅ ရက် ညနေ ၅ နာရီ က မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မော်လမြိုင်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အင်အား ၂၀ ကျော် ဖြင့် မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် မြို့မတံတားလမ်းရှိ ချမ်းသာခေတ်မီကလေး ကစားကွင်းအား ၀င်ရောက်ရှာဖွေရာ ကလေးငယ်များ ကစားသော ခေတ်မီကစားစရာ ပစ္စည်းများနှင့်အတူ ငွေကြေးဖြင့် လောင်းကစားပြုလုပ်သော ဂိမ်းစက်များတွေ့ရှိသဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
''ညနေ ၅ နာရီလောက် ရှိမယ်ထင်တယ်။ ရဲကားတွေရောက်လာပြီး အရှေ့အနောက် ၀င်ပေါက်၊ ထွက်ပေါက်တွေ ပိတ်ပြီးတော့ဖမ်းတယ်။ ကစားတဲ့ စက်တွေထားတဲ့ အနောက်မှာက ဘီယာဆိုင်ရှိတော့ အဲဒီမှာ ဘီယာသောက်တဲ့လူတွေလဲ ပိတ်မိနေတယ်။ နောက်မှ စစ်ဆေးပြီး ပြန်လွှတ်လိုက်တာတွေ့ရတယ်။ လောလောဆယ် ဂိမ်းစက်တွေမှာ ကစားနေတဲ့လူတွေကို ထိန်းသိမ်းထားတယ်''ဟု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။
''ဒီမှာ ဂိမ်းစက်တွေထားတာ သုံးလေးလလောက်ပဲ ရှိမယ်ထင်တယ်။ အနိုင်အရှုံးကတော့ သိန်းဆယ်ဂဏန်းနဲ့ ရှိတယ်လို့ ကြားပါတယ်။ ငါးပစ်စက်၊ အန်စာတုံး အနည်းအများ ကစားတဲ့စက်တွေ၊ ၊ အကြွေစေ့ ထည့်ကစားရတဲ့ ပန်းသီးဂိမ်းစက်တွေ၊ ဂေါ်လီဆွဲတဲ့ ဂိမ်းတွေအများကြီးပဲရှိပါတယ်။ လူငယ်တွေ လာကစားတာ များတယ်။ဒီလိုဖြစ်တော့ အားလုံးမကောင်းဘူးပေါ့။ ဘ၀ပျက်တဲ့ လူတွေတောင် ရှိတယ်လို့ကြားတယ်''ဟု မော်လမြိုင် မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်မန်နေဂျာဖြစ်သူ ဦးမြင့်သန်းအပါအ၀င် လောင်းကစားပြုလုပ်သူ ၂၃ ဦးအား ဖမ်းဆီးရမိပြီး ထိုညမှာပင် အာမခံဖြင့် ပြန်လွှတ်လိုက်ကြောင်း၊ ဂိမ်းစက်မျိုးစုံ ၁၆ လုံးနှင့် အကြွေစေ့များ၊ ငွေသား ကျပ် ၁၈၂၇၀၀ သိမ်းဆည်းရမိကြောင်းနှင့် အဆိုပါဖြစ်စဉ်အား (ပ)။ ၁၀၅။ ၂၀၁၃ လောင်းကစားဥပဒေ ပုဒ်မ၁၃ (က)။၁၄(က)ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း မော်လမြိုင်မြို့မရဲစခန်းမှစုံစမ်းသိရသည်။
(ချမ်းသာ ခေတ်မီကစားကွင်းအတွင်း ၀င်ရောက်ဖမ်းဆီးမှု ပြုလုပ်နေစဉ်)
EMG
၁၁၅ မိုင် နဲ့ People-centered Development
People-centered Development ဆိုတဲ့ အယူအဆ ကို ၁၉၈၀ လွန်နှစ် များ တုံး က David Korten ဆို တဲ့ ပညာရှင် တစ်ယောက် က စတင် ဖော်ထုတ် ခဲ့တယ် လို့ ဆိုတယ်။ ၂၀၁၂ ခုနှစ် ၊ ဇွ န် လ ပတ်ဝန်းကျင် လောက် ကလည်း သမ္မတကြီး မိန့်ခွန်း ထဲမှာ အဲ့ဒီ စကားလုံး သုံးစွဲ သွားတာ ကြားလိုက် မိပါတယ်။ People-centered Development လုပ်ငန်းတွေ ကို ဦးစားပေး လုပ်သွားမ ယ် လို့ ပြောခဲ့တာ။
People-centered Development ရဲ့ အယူအဆ တွေ၊ ဆွေးနွေး ချက်တွေ၊ သီအိုရီ ပိုင်းတွေ ဖြင့် စာလေး မဆိုးလို့ အကျယ် မဆွေးနွေး လို။ သို့သော် တိုက်တိုင် ဆိုင်ဆိုင် ၁၁၅ မိုင် စခန်း က၊ လမ်းဘေး ဈေးသည် တွေ ဖယ်ရှား တဲ့ ကိစ္စ၊ မနေ့ည ကမှ ဖတ်လိုက် ရသမို့ ဒီ အကြောင်း နည်းနည်း ပြောချင် လာမိတယ်။
People-centered Development မှာ အဓိက ပါဝင်တဲ့ အစိတ် အပိုင်း တစ်ခု က sustainability ။ အဲ့ဒီ sustainability ထဲ မှာမှ ဒေသခံ လူထုရဲ့ ၀င်ငွေ တိုးအောင်၊ ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်နိုင်အောင် အသေးစား လုပ်ငန်းလေး တွေ လုပ်ပေး ရမယ် ဆိုတာ အတော် ကျယ်ကျယ် ပြန့်ပြန့် ပါဝင် ပါတယ်။
အခု ကျွန်တော် တို့ နိုင်ငံ ဟာ People-centered Development မူ နဲ့ သွား နေ ပါတယ်။ ဒါဆို အခု ဖြူးမြို့ က ရွာ အုပ်စု တစ်ခု အနားမှာ ကျွန်တော် တို့ ၁၁၅ မိုင် စခန်းကြီး အရင် ခေတ် ကေ ဆာက် ခဲ့ ကြတယ်။ ဘာမှ လုပ် မပေး ခဲ့ဘူး ဆိုလည်း ထားပါတော့။ အရင်ခေတ် က ကိုး။ သို့သော် အခု ခေတ် မယ် ကျွန်တော် တို့ စဉ်းစားသင့် တဲ့ ပုံစံ ( mindset ) က အဲ့ဒီ ဒေသခံ တွေ အတွက် ကျွန်တော် တို့ ဘာလုပ် ပေးသင့် သလဲ၊ ဘာလုပ်ပေး နိုင်မလဲ၊ ဘာလုပ် ပေး ရမလဲ ဆိုတဲ့ မေး ခွန်း တွေ ကို အဖြေရှာ ဖို့လို့ ယူဆမိ ပါတယ်။
မှန်ပါတယ်။ အဲ့ဒီ လမ်းဘေး ဈေးသည် တွေကြောင့် ကားရပ်နား စခန်းကြီး ညစ်ပတ် တာ၊ အကျ ည်းတန် တာ၊ စသည်၊ စသည်၊ ကျွန်တော် လည်း ခဏခဏ ဖြတ်သွား နေသမို့ သိ ပါတယ်။ အခု ဓာတ်ပုံ ထဲ ရှင်းသွားပြီ ဆိုတော့ ပထမဆုံး ခံစားချက် က ၀မ်းသာစရာ ကောင်း တယ် ပေါ့။ သို့ေ သာ် ဆက်တွေး မိတာ က အဲ့ဒီ ဒေသခံ ဈေးသည်လေး တွေ စီးပွား ပျက်ရှာပြီ ဆိုတဲ့ အချက်။ တကယ် ရိုးရိုးလေး စဉ်းစား ရင် သူတို့က ဒေသခံ ဆိုတော့ အိမ်ရှင်ဗျ။ ကျန်တဲ့ ကျွန်တော် တို့ ခရီး သွား တွေ ကသာ သူစိမ်းတွေ။ win - win ဆိုတာ ၂ဖက်လုံး အဆင်ပြေ တဲ့ အဖြေ ဖြစ်ရမယ်။ အခု သန့်ရှင်း သပ်ယပ် ပြီး စည်းကမ်း ရှိတဲ့ ကားရပ်နား စခန်း ကလေး မြင်ရတော့ ကျွန်တော် တို့ သူ စိမ်းတွေ ကဖြင့် လိုချင် တာ ရခဲ့ပြီ ပေါ့လေ။ သို့ပေသိ အဲ့ဒီ ဒေသခံ ကောက်ညှင်း ကျည်တောက် သည်တွေ၊ အသုတ် သည် တွေ၊ ဖရဲသီး သည် တွေ၊ အအေး ဆိုင်လေး တွေ စသည် စသည်။ သူ တို့တွေ အတွက် ကော တစ်ခုခု စဉ်းစားပေး ကြရင် မကောင်းဘူး လား။
နံပါတ် တစ် - ဒေသခံ ပဲ ဖြစ်ရမယ်။
နံပါတ် နှစ် - စည်းကမ်း တော့ မရှိမဖြစ် ရှိရမယ် ပေါ့ဗျာ။ သူတို့တွေ ကျန်းမာရေး နဲ့ အညီ ဈေးရော င်း နိုင်ဖို့၊ သန့်ရှင်း သပ်ယပ် အောင် ထိန်းသိမ်း ဖို့ သင်တန်းတွေ ပေးရမှာက စည်ပင်သာယာရဲ့ အ လုပ်ပဲ။ သူတို့ဟာ စည်းကမ်း မရှိလို့ ဈေး မရောင်း ရတာ။ စည်းကမ်း ရှိလာ အောင် လေ့ ကျင့် ပေး ရမှာ အာဏာ ပိုင်ရဲ့ အလုပ်။ လေ့ကျင့်ပေး လို့မှ စည်းကမ်း မရှိတဲ့ သူ ကဖြင့် ဖယ်တာ တွေ အရေး ယူ တာတွေ လုပ်ချင် လုပ်ရ မပေါ့။ ဒါက တစ်ပိုင်း။
နံပါတ် သုံး - ကားရပ်နားစခန်း လို မဟုတ်ဘဲ အခြား မြေ ကွက်လပ်၊ အနီး အနားမှာ ဒေသ ထွက် ကုန် ပစ္စည်းတွေ ရောင်းတဲ့ ဈေးလေး တစ်ခု စည်းကမ်း တကျ ဖွင့်ပေး တာမျိုး။ဒါက all inclusiveness သဘော လည်း ပါတယ်။
၁၁၅ မိုင်ကို သူစိမ်း တွေက ဖွင့်၊ သူစိမ်းတွေ ပဲလာ၊ သူစိမ်းတွေ ပဲ ကောင်းစားပြီး၊ ဒေသခံ တွေ ဘာမှ အကျိုး ကျေးဇူး မရရင် ၁၁၅ မိုင် ဟာ သူတို့နဲ့ မဆိုင်ဘူး လို့ ထင်လာ မယ်။ ၁၁၅ မိုင် စခန်း က ရရှိ တဲ့ အကျိုးကျေးဇူး ကို ခံစား ရသူတွေ ထဲမှာ ဒေသခံတွေ ပါမှ သူတို့ အတွက် အကျိုးရှိ ပါလား ဆိုကာ ဒါကို ၀ိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက် တဲ့ အထဲ သူတို့ ပါဝင် လာကြ မှာ။
အချုပ် ဆိုရရင် ၁၁၅ မိုင် စခန်း က လမ်းဘေး ဆိုင်တွေ ကို တစ်ခုခု စနစ် တကျ ပြန် မစီစဉ်ပေး ဘဲ ဖယ်ရှား တယ် ဆိုရင်ဖြင့် နိုင်ငံရဲ့ အခု သွားနေတယ် ဆိုတဲ့ People-centered Development မူနဲ့ ကွဲလွဲမှု ရှိနေ ပါလိမ့် မယ်။ သူတို့ ဒေသခံတွေ အတွက် လည်း တစ်ခုခု ပြန် စဉ်းစားပြီး လုပ်ပေး သင့်တယ် လို့ ယူဆမိ ပါကြောင်း။
Zaw Nyunt
iPad Mini 2 ရွှေရောင်ကို မြင်တွေ့နိုင်မည်လား
========================
မေသဇင်
အင်တာနက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ iPad အခွံတစ်လုံးရဲ့ ဓာတ်ပုံအရ iPad Mini အသစ်မှာ ရွှေရောင် သို့မဟုတ် မီးခိုးဖျော့ရောင်
ကို ရွေးချယ်နိုင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ iPhone 5S ရဲ့နာမည်ကျော် Touch ID fingerprint Sensor လည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။
တရုတ်အခြေစိုက် DoNews နည်းပညာသတင်းဌာနက fingerprint Sensor နဲ့ ရွှေရောင် iPad Mini အသစ်ကို မကြာမီ တွေ့မြင်ရတော့မည် လို့ သတင်းရေးလိုက်တာကြောင့် Apple ပရိသတ်တွေ ပိုပြီး အုံးအုံးကြွသွား ခဲ့တယ်။ ဒီသတင်းက Twitter ပေါ်မှာ တစ်ဟုတ်ထိုး ပြန့်နှံ့သွားခဲ့ပြီး စိတ်ဝင်စားမှု အများအပြားရှိခဲ့ပါတယ်။
ဆက်စပ်သတင်းအရ iPad 5 တွင် မီးခိုးရောင်ဖျော့ဖျော့နဲ့ ငွေရောင်
နှစ်မျိုးကို ရွေးချယ်နိုင်မယ်လို့ ဆိုပါတယ်။ iPad Mini 2 မှာ 1GB RAM ပါဝင်နိုင်သလို iPad 5 မှာ 2GB RAM ပါဝင်နိုင်တယ်လို့ ထင်ကြေးပေး
ပြောဆိုနေကြပါတယ်။
ကောလဟာလသတင်းတွေကလည်း တစ်ခါတစ်လေမှန်တတ်တာမို့ ဒီသတင်းတွေကိုတော့ လျစ်လျူရှုလို့ မရပါဘူး။ အသစ်ထုတ်မယ့် iPad Mini 2 နဲ့ iPad 5 အတွက် ဘယ်လိုသတင်းတွေ ထွက်ရှိလာဦးမလဲဆိုတာ
စောင့်ကြည့်ရဦးမှာပါ။
စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ
စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း (Jasmine Tea) ကို တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၇၀ဝ နီးပါး ကတည်းက ထုတ်လုပ်ခဲ့ပြီး ရေပန်းအစားဆုံး ပန်းရနံ့ လက်ဖက်ရည် ကြမ်း ဖြစ်ပါတယ်။ တစ်ခါတလေ လက် ဖက်စိမ်း လက်ဖက်ရည်နဲ့လည်း တွဲဖက်သုံး လေ့ရှိသလို အူလွန်လက်ဖက်ရည်နဲ့ လည်း တွဲသုံး ပါတယ်။ စံပယ်ပန်းရနံ့ လက်ဖက်ရည်ကြမ်းမှာ အင်တီအောက် ဆီးဒင့် ကတ်တီချင်ပါဝင်တာကြောင့် ကင်ဆာဖြစ်နှုန်းလျော့ကျတာ၊ နှလုံးခုန် နှုန်း မြန်ဆန်မှု လျော့နည်းတာ၊ သွေးတိုး ကျတာ၊ လေဖြတ်ဝေဒနာ ဖြစ်နိုင်ခြေ လျော့နည်းတာနဲ့ သွေးတွင်း ကိုလက်စ ထရောအဆင့် လျော့ကျတာ စတဲ့ ကျန်း မာရေးအကျိုးကျေးဇူး တွေကို ရရှိစေပါ တယ်။
အစာရေ မျိုပြွန်ကင်ဆာ ဖြစ်နှုန်း လျော့ကျစေပါတယ်
အာဟာရဆိုင်ရာ လေ့လာမှုတစ်ရပ် အရ စံပယ် လက်ဖက်ရည်ကြမ်းကို မကြာ ခဏသောက်တာနဲ့ အစာရေမျြွိုပန်ကင် ဆာဖြစ်နှုန်း လျော့နည်းမှုအကြား ဆက် စပ်မှု ရှိကြောင်း သိရပါတယ်။ လက်ဖက် စိမ်း၊ အူလွန်လက်ဖက်ရည်နဲ့ စံပယ်ရနံ့ လက်ဖက်ရည်တွေကို သောက်တာ ကြောင့် အင်တီအောက်ဆီးဒင့် ရရှိမှု များကာ မသောက်သူတွေနဲ့ စာရင် အ စာရေမျြွိုပန်ကင်ဆာဖြစ်နိုင်ခြေ လျော့ နည်းမှု ပိုရှိပါတယ်။
စိတ်ခံစားမှု ကောင်းမွန်ပြီး နှလုံးခုန် မြန်ဆန်မှုအား လျော့နည်းစေခြင်း
စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း သောက်တာကြောင့် စိတ်တည်ငြိမ်စေပြီး နှလုံးခုန်နှုန်း မြန်တာကို လျော့ကျစေပါ တယ်။ လာဗန်ဒါနဲ့ စံပယ်ပန်းရနံ့ လက် ဖက်ရည်ကြမ်းဟာ စိတ်ခံစားမှုကို တည် ငြိမ်စေပြီး နှလုံးခုန်ရင်တုန်ဝေဒနာကို လျော့ကျစေပါတယ်။
လေဖြတ်ခြင်း အန္တရာယ် လျော့ကျပြီး သွေးတွင်း ကိုလက်စထရော အဆင့်ကို လျှော့ကျနိုင်ခြင်း
တရုတ်လေ့လာမှု တစ်ခုအရ စံပယ် ပန်းရနံ့ လက်ဖက်ရည်ကြမ်းသောက်တာ ကြောင့် လေဖြတ်ဝေဒနာကို သိသိသာ သာ လျော့ကျစေတယ်လို့ သိရပါတယ်။ လေ့လာမှုအရ စံပယ်ပန်းရနံ့လက်ဖက် ခြောက်ကို တစ်လ ၁၅၀ ဂရမ် သောက် တာကြောင့် လေဖြတ်ဝေဒနာကို သိသိ သာသာ လျော့ကျစေကြောင်း သိရပါ တယ်။
စံပယ်ရနံ့လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာ ကြောင့် သွေးတွင်း ကိုလက်စထရောအ ဆင့်ကို သိသိသာသာ လျော့ကျစေတယ် လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ သွေး တွင်းကိုလက်စထရော မြင့်မားတာက နှ လုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါ တယ်။
စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
စံပယ်ရနံ့ လက်ဖက်ရည်ကြမ်းကို သောက်တာကြောင့် စိတ်ပူပင်သောက ကို လျော့ပါးစေပြီး စိတ်တည်ငြိမ်အေး ချမ်းစေပါတယ်။ လက်ဖက်စိမ်းလက်ဖက် ရည်သောက်သလို ကိုလက်စထရောကျ စေတာ၊ ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းတာ၊ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်တာ၊ အင်တီအောက်ဆီးဒင့် အာနိသင်ရှိတာတို့ လို ကောင်းကျိုးတွေကို ရရှိစေ ပါတယ်။
ဘေးထွက်ဆိုးကျိုးများ
စံပယ်ပန်းရနံ့ လက်ဖက်ရည်ကြမ်း မှာ ကဖင်းဓာတ် အနည်းငယ်ပါဝင်တဲ့ အ တွက် ကဖင်းဓာတ်နဲ့ မတည့်တဲ့ တချို့လူ တွေမှာ စံပယ်ရနံ့ လက်ဖက်ရည်များများ သောက်တာကြောင့် ရင်တုန်တာနဲ့ က တုန်ကယင်ဖြစ်တာတို့ ဖြစ်တတ်ပါတယ်။
ကြယ်စင်
မယုံချင်ပေမယ် ကြုံခဲ့ရသည် (GHOST STORY)
2001 ခုနှစ် ၀ါဆိုအဖိတ်နေ့ ရယ် လပြည့်နေ့ရယ်က ကျွန်တော် အရင် နေခဲ့တဲ့ အိမ်ရဲ့ သုံးအိမ်ကျော် အိမ်မှာ အဲဒီ ကိစ္စတစ်ခု ဖြစ်တယ်ဗျ
မောင်နှစ်မ လေးယောက် နေတယ် ပေါ့ဗျာ.. အကြီးဆုံးက မိန်းမ ရှိတယ် သားက ကိုးတန်း သမီးက ခြောက်တန်း၊ ညီအလတ်ရယ် ညီမအငယ်ရယ် ညီအထွေးရယ်က လူလွတ်တွေ
ညီမအငယ်က စိတ်ထားဆိုးတယ်ဗျ သူ့ အလုပ်မှာ သူ့ရာထူးတိုးရေးအတွက် အောက်လမ်း ဆရာတွေနဲ့ ပင်းတာတွေဘာတွေ လုပ်တယ်
အိမ်ရှေ့ လမ်းမမှာ ညသန်းခေါင် အမဲသားစိမ်း ငါးဆယ်သား ခေါစာ ခဏခဏ ထွက်ကျွေးတယ်
တခါသား သူက ခရီး ထွက်သွားတော့ သူ့မောင် ကို ကျွေးဖို့ မှာသွားရော
သူ့မောင်က ကြောက်ကြောက်နဲ့ အိမ်ပြင်မှာ မကျွေးပဲ အိမ်ခြံထောင့်မှာ ကျွေးလိုက်ရောဗျာ.
အဲဒါ သူကလဲ ပြန်မပြောဘူး နောက် သုံးလလောက်အတွင်းမှာ စောစောက ပြောတဲ့ ညီမငယ်ဟာ ဘာရောဂါမှန်း ရှာမရပဲ ဆေးရုံတင်လိုက်ရရောဗျာ...
အဲဒီ ၀ါဆိုလပြည့် အဖိတ်နေ့ ကျတော့ သူက မသေပဲ ပုပ်နေပြီ ဆေးရုံမှာ။
အိမ်မှာလဲ သူ့ကိစ္စ ဗာဟီရတွေ အခြား အိမ်မှုကိစ္စတွေ မနိုင်ကြတော့ အစ်ကိုကြီးရဲ့ မိန်းမရဲ့ အစ်မ၊ တောမှာ နေတဲ့ အမျိုးသမီးကြီးကို ခေါ်ထားကြတယ်ပေါ့ဗျာ။
ညနေ ခြောက်နာရီလောက် ကျွန်တော် အလုပ်က ပြန်လာပြီး (အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ programming group လေး ထောင်ထားတယ်ဗျ) နေတုန်း အိမ်က အဖိုးကို အစ်ကိုကြီးရဲ့ မိန်းမက လာပြေးခေါ်ရောဗျာ သူတို့ ညီအစ်ကိုတွေက နဲနဲသောက်တတ်တယ်ဗျ
ဒါနဲ့ မူးပြီး ရမ်းတယ် ထင်လို့ လိုက်သွားတာ.. ဟိုအိမ်လဲ ရောက်ရော တကယ်ရမ်းနေတာက ပိန်တာရိုး မိန်းမ ဖစ်နေရော.. ယောက်ျားကြီး သုံးယောက် အိမ်ထောင့်သုံးထောင့် မှာ ကုပ်လို့ ဗျား
အဲဒီ မိန်းမက ပေါင် ကိုးဆယ် မပြည့်ဘူး လက်ချောင်းကလေးတွေက ပုသိမ်ထီး ထီးရိုး သာသာ ဘဲ ရှိတယ် ကျွန်တော်ရယ် ရပ်ကွက်က ယောက်ျား နှစ်ယောက်ရယ် ၀ိုင်းချုပ်တာ
ဟင်းဟင်း.. နောက်တစ်ယောက်က လက်ဖျံကိုချုပ်ထားပေးပြီး ကွေးထားတဲ့ လက်သန်းကို ကျွန်တော်က ဆွဲဖြည်တာ ဖြည်မရဘူးဗျ
အဲဒါ ဘယ်လက်နော်.. တပြိုင်ထဲပဲ ညာလက်နဲ့ ဖိလစ် သရီးဒိုး ရေခဲသေတ္တာကြီးကို တွန်းထဲ့လိုက်တာ ရေခဲသေတ္တာ လွင့်ကို ထွက်သွားတာ ...... လဲသွားတာ မဟုတ်ဘူးနော်
အတွင်းအားတယ်ပြင်းတယ်နော်
သပ်သပ်သပ်စီနော်.. ခေါစာကျွေးတဲ့ ညီမငယ်က ဆေးရုံမှာ ခုဟာက အစ်ကို အကြီးဆုံးရဲ့ မရီး.. တောက လာနေတဲ့ အမျိုးသမီးကြီးနော်
အဲဒါနဲ့ ညီအငယ်ဆုံးက လုပ်မိလုပ်ရာ ပုတီး ကောက်စွပ်လိုက်တော့ မျက်လုံးကြီး ပြူး၊ လျှာကြီး တစ်လစ် ထွက်ပြီး ငြိမ်သွားရောဗျ.. အဲတော့မှာ အဖိုးက ၀ိပဿနာ လုပ်နေတာဆိုတော့ ဦးဆောင်ပြီး ပုတီး ပြန်ချွတ်ရင် ငြိမ်ငြိမ်နေမလား မေးရောဗျ .. ဟိုက ခေါင်း ညိမ့်ပြတာနဲ့ ပုတီး ချွတ်ပြီး မေးတော့မှ
အဲလို ပဲ အလုပ်တွေ ခဏခဏခိုင်း.. အိမ်ထဲခေါ်ပြီး ခေါစာ တစ်ခါပဲ ကျွေး ပြန်လဲ မနှင်လို့ ဘာမှလဲ ရှာစားလို့မရလို့ လုပ်ထည့်လိုက်တာ ဆိုရောကိုး
ဟုတ်ပြီ ဒါဆိုရင် ချက်ပြီးသား ထမင်းတွေ ဟင်းတွေရှိတယ် ခုစားမလား ဆိုတော့ မစားဘူးတဲ့ဗျ
ဒါဆို ဘာစားမှာတုန်း ဆိုတော့ အမဲသား ငါးဆယ်သားတဲ့
ဟုတ်ပြီ ခုက ညခုနစ်နာရီ ထိုးတော့မယ် ဈေးတွေလဲ ပိတ်ကုန်ပြီ စားချင်တာ စားရရင် ထွက်မှာလား အေးအေးလူလူ ပြန်မှာလား ပေးထားတဲ့ ဒုက္ခတွေ ပြန်နှုတ်ပေးမှာလား မေးတော့ အင်း.... တဲ့
ဒါဆို နက်ဖြန် ညနေ ခြောက်နာရီကို ကျွေးမယ် ဖြစ်မလား ဆိုတော့ အင်း.. တဲ့
ဖြတ်မေးဦးမယ် ခင်ဗျား လျှာကို ဘယ်လောက်ထိ ထုတ်လို့ရသလဲ
ဲဟဲ သူ့လျှာ ထွက်လာတာ ဇလုပ်ကို ထိတယ်ဗျ
သွားမှာပါ အစွယ် ထွက်လာတာ.. ဖလင် တစ်လိပ်တိတိ ကျွန်တော် ဓာတ်ပုံ ရိုက်ထားတယ်ဗျ (ပုံတွေတော့ ကာယကံရှင်တွေကို လေးစားသောအားဖြင့် မတင်ပါရစေနဲ့ဗျာ)
ဒါနဲ့ နက်ဖြန် ရက်ချိန်းရတော့ အိုကေ ပေါ့..
ပြင်စရာဆင်စရာရှိတာ ပြင်ဆင်ပြီး စောင့်နေကြတာပေါ့..
နောက်နေ့က ၀ါဆိုလပြည့်နေ့လေ..
အဲဒီတော့ကျွန်တော်က အစ်ကိုအကြီးဆုံးရဲ့သားကို တိုးတိုး မှာထားတယ်..“ဟေ့ကောင်အခြေအနေ မကောင်းရင် တီဗီ ပြေးဖွင့်..“ လို့ ညနေ ခြောက်နာရီဆိုရင် တီဗီကနေသပိတ်အိုင်ဆရာတော်ရဲ့ ၀ါဆိုလပြည့်နေ့နဲ့ ပတ်သက်တဲ့ တရားလာတယ်လေ
အမဲသားစိမ်း ငါးဆယ်သားကို ကျွေးမှာက ခြံထဲမှာ အရင် ကျွေးထားတဲ့ ဒေါင့်ပဲ.. ဟဲဟဲ နံကရိုင်းမယ်တော် နတ်စင် အောက်တည့်တည့် ဗျား.....
ဒါနဲ့ အဲဒီအမျိုးသမီးကြီးနဲ့ ကျွန်တော်နဲ့ ဆေးလိပ် တစ်ယောက်တစ်လိပ်စီ ဖွာနေကြတာပေါ့ဗျာ ..
အဲသရဲက ဒိတ်သွားတော့ ကျွန်တော်လဲ ကင်မရာ နှစ်လုံးကို အယ်လကာလိုင်း ဘက်ထရီအသစ်စက်စက်တွေ ထည့်.. ကွန်နီးကာ စင်ကျူရီယာ 500 တစ်လိပ်စီ ထည့်လို့ အသင့်ပြင်ထားတာပေါ့ဗျာ.. တစ်လုံးက ကျွန်တော့် အဖေဟာ မီနော်လ်တာ ပရိုသုံးဗျအသစ်ကြီး ကျွန်တော့်ဟာကတော့ ကင်နွန်35mm အစုတ်ကလေး.. ဖလင်က စင်ကျူရီယာ 500တော့ ဟုတ်တယ်/ သုံးလေးရက်ကမှ မန္တလေးက ပြန်လာတော့ အဲဒီဖလင်လိပ် ပထမဆုံးအကွက်မှာ မဟာမြတ်မုနိဘုရားကြီးပုံ တစ်ပုံ ရိုက်ထားတယ်/
ဒါနဲ့ခုန ပြောပါရော ဆေးလိပ် တစ်ယောက်တစ်လိပ်စီ ထိုင်ဖွာနေတုန်း သူ့လက်က ဆတ်ဆတ်ဆတ်ဆတ်နဲ့ တုန်လာရောဗျ.. အဲဒီအမျိုးသမီးက အလွန် သိမ်မွေ့တာဗျ. စကားပြောတာကအစ ဘယ်တော့မှ အသံမာမာ မပြောဘူး.. ဒါနဲ့ အဲလို တုန်လာတော့ ကျွန်တော်က အစ်မဘာဖြစ်တာလဲ ဆိုပြီး သူ့လက်ကို လှမ်းထိလိုက်တော့
မျက်စောင်းနီကြီး ထိုးတဲ့ပြီး ဖယ်စမ်း ငါ့မထိနဲ့ တဲ့ အော်ရော..
အဲတော့မှ ပွဲစပြီ ဆိုပြီး ကိုယ့်နေရာ ကိုယ်ယူကြတာပေါ့ဗျာ..
အဲဒီမှာခုနက ကိုးတန်း ချာတိတ်က တီဗီ ပြေးဖွင့်မလို့ လုပ်ရော. ဟဲဟဲ သရဲကအသံနက်ကြီးနဲ့ ကျုံးအော်တယ် မဖွင့်နဲ့ တဲ့... အဲဒါက ထူးဆန်းတာ တချက်ဗျ
ဒါနဲ့ သူ့ကို ကျွန်တော့် အဖိုးက မေးတယ် ဘယ်မှာနေတုန်း ဘာညာပေါ့ဗျာ.. နောက်ဒို့မှာ ကုသိုလ်တွေ ရှိတယ် မင်းကို အမျှဝေမယ် ကိုင်း သာဓုခေါ် ဆိုပြီး အမျှဝေကြရောဗျ.. အဲဒီမှာဗျာ လည်ချောင်းထဲက တစီစီနဲ့ အသက်ငင်သလို အသံကြီးဖြစ်လာပြီး ရှိုက်ကြီးတငင် ငိုရှာရောဗျာ...
မခေါ်နိုင်ဘူးတဲ့ သူက အရိမေတ္တေယျဘုရားပွင့်မှ ကျွတ်မှာတဲ့... ငိုရင်း ပြောရှာတယ်ဗျ
ကျွန်တော်ကတော့ ဖလက်ရှ်ရော ဇွန်းရော စိတ်ကြိုကဖွင့်ပြီးရိုက်တော့တာပေါ့ဗျာ မီနော်လ်တာကို ပရို ဓာတ်ပုံသမား တစ်ယောက်ကို ပေးထားတယ်ကျွန်တော်က ကင်နွန်နဲ့ ရိုက်တယ်
အဲလိုငိုငို ပြောပြော နေတုန်း ညီအလတ်က သူ့စိတ်ကူးနဲ့သူ အနီးနားဘုန်းကြီးကျောင်းက ဆွမ်းစားကျောင်း ဘုန်းကြီးကို တက်စီကြီးနဲ့ပင့်ချလာပါရောဗျာ
ကျွန်တော်တို့က မမြင်ဘူးဗျ အိမ်တံခါးမက ကျွန်တော်တို့ နောက်မှာ။ ဧည့်ခန်းထဲမှာ ဖြစ်နေကြတာကိုး.. အိမ်က နှစ်ခန်းတွဲ အိမ်တွေလေ
ဘုန်းကြီးကတံစက်မြိတ်ရိပ်ကို နင်းလိုက်တာနဲ့ တခါထဲ မီးဖိုထဲ ပစ်ချလိုက်သလိုထွန့်ထွန့်လူးပြီး ပူလှချေရဲ့ သေရချေရဲ့နဲ့ အသံနက်ကြီးနဲ့ကျုံးအော်တာဗျာ.. ကျွန်တော်တို့က ဘုန်းကြီးကို မမြင်ရသေးဘူးလေ/ရုတ်တရက်ကြီး တရှုပ်ရှုပ် ငိုနေရာကနေ ထအော်တော့ ဘယ်လောက် လန့်ကုန်ကြမလဲစဉ်းစားသာ ကြည့်ဗျာ/
အဲလို လန့်ဖြန့်ကုန်တုန်း ဘုန်းဘုန်းက အိမ်ထဲကို ကြွလာပါရောဗျာ.. အဲဒီမှာငါ့ကို အပြင်ထုတ်ပေးကြပါ သွားပါ့မယ် ခုသွားပါ့မယ် ဆိုပြီး သနားစရာတောင်းပန်ပါရောဗျာ...
လမ်းမှာညီလတ်က အကြောင်းစုံ လျှောက်လာတော့ ဘုန်းကြီးကလဲဇာတ်ရည်လည်ထားပြီးသားပေါ့ဗျာ.. ဒါနဲ့ ကဲ နင် စားစရာ ရှိတာ စား... ပြီးရင်ပြန်.. ပြသနာ မရှာနဲ့ လို့ မိန့်ရော. သူက ပြန်ပြောတယ်ဗျ ဘုန်းကြီး ရှိရင်သူ စားလို့ မရဘူးတဲ့
ဒါနဲ့ အဖိုးက ဘုန်းဘုန်းကို ပင့်သွားရော ဘုန်းဘုန်းကလဲ ဒါဆိုရင် ငါ ဖယ်ပေးမယ် ပေါ့ဗျာ/ နှစ်ခန်းတွဲမှာ ခုဖြစ်တာက ခေါင်းရင်းခန်း ကိုးဗျ။ ခြေရင်းခန်း အိမ်ကို ပင့်သွားရော။
ဘုန်းဘုန်းလဲ ခြံပြင်ထွက်သွားရော သောင်းကျန်းလိုက်တာ ဗြောင်းကို ဆန်ရောဗျာ သူ့နား ရှိတဲ့လူတွေ အကုန် ရှဲရတော့တာ။
ခဏလဲ နေရော ခုနလို ဆတ်ဆတ်တုန်ပြီး အသံနက်ကြီးနဲ့ အော်ပြန်ရောဗျ
ဘာဖြစ်တာလဲလို့ကျွန်တော် က မေးကြည့်တော့မှ ဘုန်းကြီး ရှိသေးတယ် ဆိုပြီး အော်ရော..မရှိပါဘူး ပြောလဲ မရဘူး.. ရှိတယ် ရှိတယ် ပဲ အော်ရော..
ဒါက ဒုတိယ ထူးဆန်းခြင်းဗျ။ အိမ်တံစက်မြိတ် တစ်ခုတည်း ဆိုရင် အာဏာတည်တယ် ဆိုပဲ။ သူပြောတာ။
ဒါနဲ့ အဲဒီ အပကို ပြောရတာပေါ့ဗျာ ခု ကျွေးမယ် နင် လုပ်ထားတာတွေ နင် နှုတ်ပေး ဆိုတော့
အိမ်မှာရယ် အိမ်သားတွေ ပေါ်မှာရယ် သူလုပ်ထားတာတွေကိုတော့ ဖယ်ပေးတယ်ဗျ။ လက်ကို ဟိုရမ်း ဒီရမ်း လုပ်တာပဲ။
နောက် ဟို ဝေဒနာရှင် ကိုေ၇ာ နင် လုပ်တာလား နှုတ်ပေးလို့လဲ ပြောရော
အဲဒါတော့ မရတော့ဘူး လွန်နေပြီတဲ့ သူက မကြာခင် ငါ့ အောက်ကို ငါ့အစေအပါးအဖြစ် လာရတော့မှာ တဲ့ဗျာ........
တကယ်လဲ ဟုတ်တယ် နောက် သုံးလေးရက်မှာ ဆုံးသွားတယ်။
အဲဒီပူးတဲ့အချိန်မတိုင်ခင် တပတ်လောက်ထဲက ဆေးရုံက လူနာနားကို ဘယ်သူမှ ကပ်လို့မရတော့ဘူးဗျ ပုပ်စော်တွေ နံလိုက်တာ ဆိုတာဗျာ.. နောက် ဆုံးသာသွားရောဘာရောဂါမှန်းကို အဖြေမထွက်ဖူးဗျ ဒါက တတိယ ထူးဆန်းတာ
ဒါနဲ့ နင့်အောက်မှာ ဘယ်လောက်များ ရှိတုန်း ဆိုပြီး မေးတော့..
ဟဲဟဲ
နင်တို့ လူတွေရှိ ရှိသမျှထက်တောင် ငါ့တစ်ယောက်ထဲ အောက်က အစေအပါးက များသေးတယ်တဲ့
ငါလိုမျိုးတွေလဲ အများကြီး ရှိတယ် တဲ့
ငါ့အထက်မှာလဲ အများကြီးပဲ တဲ့
မှတ်ကရောဗျား
သူကတော့ သူ့ကိုယ်သူ ကွင်းပိုင် လို့ ပြောတယ်ဗျ။ ကျွန်တော်တို့ နေတဲ့ မြို့ကြီး မတည်ခင် ဒီနေရာ ပင်လယ်ကနေ ကုန်းပေါ်ကတည်းက သူ ဒီမှာ နေတာ ဆိုပဲ။
အဓိကရ တံတား ကြီးတစ်ခုရဲ့ အဆင်းက ညောင်ပင်ကြီးက သူ့နေရာ တဲ့
(အဲဒါ ကြားကတည်းက အတွဲတွေအစား ကျွန်တော် ရင်တုန်လိုက်တာ ပြောမနေနဲ့)
ဖြတ်ပြောရရင်ဆိုင်ဘာ အဒေါ့ခြံ မရှိခင်ကတည်းက သူက မြန်မာလိုက်ဖ်ရှိုးတွေ ရှယ် ကြည့်ရမှာ ဟိ
ဒါနဲ့ ကျွေးရောဗျ
ခင်ဗျား စဉ်းစားကြည့်ဗျာ အမဲသား ငါးဆယ်သား အစိမ်းနဲ့ ရေသန့် ခြောက်ဗူးကို တထိုင်တဲ ပြိုက်ကနဲပဲ
ထူးထူးဆန်းဆန်း တစ်ခု ကြုံသေးဗျ
သူကခြံထောင့်မှာ ဆောင့်ကြောင့်ကြီး ထိုင်စားနေတာကိုး.. ခြံစည်းရိုးကပုဏ္ဏရိတ်ပင်တွေပဲ ရှိတာဗျာ အရင် လူဟောင်းတွေ ဆိုတာက မြို့တည်ကတည်းကအိမ်နီးချင်းတွေ ဆိုတော့ အုတ်တံတိုင်းတွေ ဘာတွေ မကာဘူး.. ဒီလိုပဲ အားလုံးနှစ်အိမ့်တစ်အိမ်တွေ ချည်းပဲ။ သူတို့အိမ်ရဲ့ ဟိုဘက်အိမ်က အိမ်ရှင်မကပန်းပင် ရေလောင်းနေရင်း လှမ်းနှုတ်ဆက်တယ်။ ဒီဘက်မှာ ဘာတွေ ဖြစ်နေလဲ သူကမသိဘူးကိုး။
“အစ်မ နေကောင်းလားတဲ့“ ဟိုကလဲ စားရင်း တန်းလန်း ”အေး” တဲ့
တော်သေးတယ် ဟိုဘက်က ဒီလောက်နဲ့ ပြီးသွားလို့ ခြံစည်းရိုး သစ်ပင်ကြားဆိုတော့ သေသေချာချာလဲ မမြင်ရဘူးပေါ့ဗျာ ဘယ်သူမှန်းတော့ သိတာပေါ့
တော်ကြာ စားပြီးပြီလား ဘာနဲ့ စားလဲ မေးလို့ အမဲသားစိမ်း ခု စားနေတယ် လို့ ဖြေရင် ဘာတွေ ဆက်ဖြစ်မယ် မသိဘူး။ ဟိုက နှလုံးရောဂါသည်။
ဒါနဲ့စားပြီးတော့ ထွက်သွားရော ဆိုပါတော့ဗျာ... ထွက်တာကလဲ ကြမ်းတယ်ဗျကာယကံရှင်ကို အသေ လုပ်ပစ်ခဲ့တာ.. ခြံတံခါးမကြီးကို အကုန် ဟင်းလင်းဖွင့်ရတာ...
နောက် ခြံပြင်ထိအောင် သူ့ဘာသာ လမ်းလျှောက်ထွက်သွားပြီး ခြံပြင်လဲ ရောက်ရော
နောက်ကနေကိုင်မြှောက်လိုက်သလို (သူ့ဘာသာ ခုန်သလို ဒူး မကွေးပဲနဲ့) လေထဲကိုလူတစ်ရပ်လောက် မြောက်တက်သွားပြီး အုတ်ခဲကျိုးပုံပေါ်ကို ခေါင်းနဲ့ပစ်ကျတာ.. အနီးနားက လူတွေ ပြေးဖမ်းတာ မြန်လို့
ဒါနဲ့ ၀ိုင်းခေါ်တြတော့ ခေါ်မရဘူးဗျ
ပရိတ်ရေလေး နှစ်စက်လောက်နဲ့ တောက်လိုက်တော့မှ သေနတ်မှန်သလို “အင့်” ကနဲ အော်ပြီး သတိပြန်လည်လာတာ
ဒါနဲ့သူတို့ အိမ်သားတွေက အဲဒီအမျိုးသမီးကို ခေါ်ပြီး ချက်ချင်းပဲဓာတ်မှန်သွားရိုက်ကြတယ်ဗျ.. အသားစိမ်းတွေ ဗိုက်ထဲမှာ ရှိနေတော့နေမကောင်းဖြစ်မှာ စိုးလို့ ပေါ့လေ.. ဟဲဟဲ ဘာမှ မရှိဘူးဗျ.. နာရီဝက်တောင်မခြားဘူးနော် . ဒါက နံပါတ်လေး ထူးဆန်းမှု ဗျ
နောက်ဆုံးတစ်ခုကတော့
ကျွန်တော် နောက်နေ့လဲ ကျရော ဓာတ်ပုံတွေ သွားကူးရော..
မှတ်မှတ်ရရ ကမ်းနားလမ်းနဲ့ လသာလမ်းထောင့် မြူးဇစ်ပလပ် အခွေဆိုင်ဘေးက ဓာတ်ပုံဆိုင်မှာ
မီနော်လ်တာ ကင်မရာသစ်က ဖလင်လိပ် အသစ်က တစ်ပုံမှ မထင်ဘူးဗျ...
မဟာမြတ်မုနိဘုရားပုံ ပါတဲ့ ကျွန်တော့် ကင်မရာစုတ်လေးက ဖလင်မှာ သုံးဆယ့်ခုနစ်ပုံ တိတိ ထွက်တယ် ရှင်းနေတာပဲ.. ခုထိကို ရှိသေးတယ်...... အဲဒီ.ဓာတ်ပုံတွေ ... ကိုင်း ဘယ့်နှယ့်လဲ
Credit:သရဲအကြောင်းပြောကြမယ်
Related Posts Plugin for WordPress, Blogger...