Monday, October 14, 2013

သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ဒေသခံများကို သန်လျင်-ကျောက်တန်း လမ်းမကြီး နံဘေးသို့ ပြောင်းရွှေ့နေရာ ချထားမည်


Monday, October 14, 2013



သီလ၀ါ အထူးစီမံကိန်းဇုန် မြေနေရာ အစိတ်အပိုင်းကို တွေ့ရစဉ်

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

သို့ဖြစ်ရာ သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ဒေသခံ ကျေးရွာများကို သန်လျင်-ကျောက်တန်း လမ်းမကြီးနံဘေးသို့ မကြာမီ ပြောင်းရွှေ့နေရာ ချထားပေးမည် ဖြစ်ကြောင်း၊ လက်ရှိကာလ၌ လမ်းများစတင် ဖောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

"သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် ဧရိယာ ဟက်တာ ၄၀၀ မှာ ပါဝင်တဲ့ ကျေးရွာတွေကို သန်လျင်-ကျောက်တန်း လမ်းမကြီးဘေးက မြိုင်သာယာ ရပ်ကွက်ကို ပြောင်းရွှေ့နေရာ ချထားပေးမှာ ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီမှာ လမ်းတွေစဖောက်နေပါပြီ။ ပြီးရင် ခြံစည်းရိုးတွေ ခတ်ပါမယ်။ ပြီးရင် အိမ်ဆောက်တာတွေ လုပ်ပြီးရင် ဒေသခံတွေကို နေရာပြောင်းရွှေ့ ချထားပေးမှာ ဖြစ်ပါတယ်။ အိမ်ထောင်စု တစ်ခုကို ၂၅ ပေ၊ ပေ ၅၀ ရှိတဲ့ မြေတစ်ကွက်နဲ့ ၁၂ ပေ၊ ၁၆ ပေရှိတဲ့ အိမ်တစ်လုံးစီ ဆောက်လုပ်ပေးသွား မှာပါ" ဟု သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေး စီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ပါက ပြောင်းရွှေ့ပေးရမည့် ဒေသခံများအတွက် ပြန်လည်နေရာ ချထားရေး လုပ်ငန်းစီမံချက် (Resettlement Action Plan- RAP) ကို ဒေသခံ အများစု လက်မှတ်ရေးထိုး ပြီးသွားပြီ ဖြစ်ကြောင်းလည်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။

"ကျွန်တော်တို့ကို RAP နဲ့ ပတ်သက်ပြီး လက်မှတ်ထိုးခိုင်းတယ်။ ဒါပေမဲ့ ဒီအထဲမှာ ဘယ်လိုအချက်တွေ ပါလဲ။ ဘယ်လိုအကြောင်းအရာတွေ ပါလဲတော့ မသိပါဘူး။ လက်မှတ်ထိုးဆိုလို့သာ ထိုးလိုက်ရတာပါ" ဟုလည်း အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးတွင် ကျင်းပပြုလုပ်သည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ သီလ၀ါ ဒေသခံတို့၏ သတင်းစာ ရှင်းလင်းပွဲတွင် ဒေသခံ တစ်ဦးက ပြောကြားသည်။

"RAP ကို လုပ်မယ်ဆိုရင် ဒေသခံတွေနဲ့ အတူတူ လုပ်ရတယ်။ ဘယ်နေရာမှာ ဘာတွေလုပ်မယ်ဆိုတာ ဒေသခံတွေနဲ့ တိုင်ပင်ရတယ်။ ပြီးရင် အကုန်လုံးကို ချပြပြီးမှ ခုနကပြောတဲ့ ပြောင်းမယ်မပြောင်းဘူး ဆိုတာတွေ လက်မှတ်ထိုးရတာ။ အခုက resettlement plan မှာလည်း ဒေသခံတွေ ပါတာမရှိဘူး" ဟု ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ကိုဘိုဘိုက ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအား အပိုင်း (က)၊ အပိုင်း (ခ)ဟူ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အပိုင်း (က) Class A ၌ မော်တော်ကား စက်ရုံ၊ အီလက်ထရောနစ် စက်ရုံများ ပါဝင်ပြီး အပိုင်း(ခ) Class B ၌ အထည်ချုပ် စက်ရုံနှင့် စားသောက်ကုန် စက်ရုံများ ပါဝင်မည် ဖြစ်သည်။
EMG

ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားနှစ်စင်း ရာခိုင်နှုန်း ၉၀ ခန့် ပြီးစီး


Monday, October 14, 2013

ရွှေဂုံတိုင် ခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်အား အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ ခုံးကျော်တံတား စီမံကိန်း နှစ်ခုဖြစ်သည့် ဘုရင့်နောင်နှင့် ရွှေဂုံတိုင် ခုံးကျော်တံတား နှစ်ခုစလုံးမှာ ရာခိုင်နှုန်း ၉၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် လမ်းဆုံများဖြစ်သော လှည်တန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေငါးလမ်းဆုံ မီးပွိုင့်တို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ ထို့နောက် လှည်းတန်းခုံးကျော်တံတားကို စတင်ဆောက်လုပ် ခဲ့ပြီးနောက်ပိုင်း ဘုရင့်နောင်နှင့် ရွှေဂုံတိုင် ခုံးကျော်တံတားများကို ဆက်လက်ဆောက်လုပ် ခဲ့ကြောင်း၊ တာမွေငါးလမ်းဆုံ မီးပွိုင့်မှာမူ ခုံးကျော်တံတား ဆောက်လုပ်ရန် မလိုအပ်ခြင်းကြောင့် မဆောက်လုပ်ဖြစ် ခဲ့တော့ကြောင်း ထုတ်ပြန်ခဲ့သည်။

"ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနဲ့ ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း နှစ်ခုစလုံး ၉၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လှည်းတန်းခုံးကျော်တံတားအား ရွှေတောင်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ကာ ယခုနှစ် ဧပြီလ ၁၀ ရက်တွင် စတင်အသုံးပြုခွင့် ပေးခဲ့ကြောင်း၊ လှည်းတန်းခုံးကျော်တံတား ဆောက်ပြီးသော်လည်း ယင်းအနီးတစ်ဝိုက်သာ ယာဉ်ကြောပိတ်ဆို့မှု ပြေလည်ပြီး တံတားအဆင်းဖြစ်သော စိုက်ပျိုးရေးမှတ်တိုင် အနီးမှ စတင်၍ ယာဉ်များပိတ်ဆို့နေကြောင်း သိရသည်။

ယခု ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်များကြောင့်လည်း အနီးပတ်ဝန်းကျင်များတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားနေပြီး အချိန်များစွာ ကုန်ဆုံးနေရကြောင်း ယာဉ်မောင်းများက ဆိုသည်။ ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းအား နိုဝင်ဘာလ တတိယပတ်တွင် အပြီးတည်ဆောက်မည်ဟု တံတားအား တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.Ltd မှ ထုတ်ပြန်ထားပြီး ယခု လက်ရှိတွင် တံတားဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ရွှေဂုံတိုင် မီးပွိုင့်အား ကမ္ဘာအေး ဘုရားလမ်းပေါ်မှ ခရီးသည်တင်ယာဉ်နှင့် ယာဉ်ကြီးများ ဖြတ်သန်းခွင့် ယာယီပိတ်ထား၍ ရှောင်ကွင်းလမ်းများဖြစ်သည့် ရေတာရှည်လမ်း၊ အနောက်ရွှေဂုံတိုင် လမ်းများမှ ဖြတ်သန်းသွားလာ နေရသည်။

ဘုရင့်နောင် ခုံးကျော်တံတားကို FMI ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေကာ ဒီဇင်ဘာတွင် အပြီးတည်ဆောက်သွားမည်ဟု ထုတ်ပြန်ထားသည်။ ဘုရင်နောင် ခုံးကျော်တံတားမှာ နှစ်ထပ်တံတားဖြစ်ပြီး လက်ရှိအချောသပ် လုပ်ငန်းများသာ ကျန်ရှိတော့သည်ဟု သိရသည်။

EMG

အဆောက်အအုံ ငှားရမ်းခ၊ စားသောက်ကုန်နှင့် ခရီးစရိတ် မြင့်တက်မှုကြောင့် လူထု၏ စားဝတ်နေရေး နှစ်နှစ်အတွင်း ပိုမိုကျပ်တည်းလာ

Monday, October 14, 2013
N-14-10
တညင်းကုန်း ဘူတာဈေး မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်တွင် ဈေးကစားမှုများကြောင့် အလွန်အမင်း ဈေးမြင့်တက် လာခဲ့သည့်အတွက် ပြီးခဲ့သည့် တစ်နှစ်ကျော် နှစ်နှစ်အတွင်း အဆောက်အအုံ ငှားရမ်းခများပါ လိုက်ပါမြင့်တက် လာခဲ့ကြောင်း၊ ထို့အပြင် စားသောက်ကုန်နှင့် ခရီးစရိတ် မြင့်တက်မှုများကြောင့် လူလတ်တန်းစားများ အပါအ၀င် အခြေခံ လူတန်းစားတို့၏ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြောင်း သိရသည်။
 မကြာခင်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ ၂၀၁၃-၁၄ ခုနှစ် နှစ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ယခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းကို ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိလာမည်ဟု ခန့်မှန်းထားပြီး ပြီးခဲ့သည့် သြဂုတ်လတွင်မူ ခုနစ်ရာခိုင်နှုန်းလောက်အထိ ရှိလာခဲ့သည်ဟု ဖေါ်ပြထားသည်။
"ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရဆိုရင် မြန်မာနိုင်ငံရဲ့ ၂၀၁၃-၁၄ ခုနှစ်ရဲ့ ပျှမ်းမျှငွေကြေး ဖောင်းပွနှုန်းက ၅ ဒသမ ၆ ရာခိုင်နှုန်းပဲ ရှိတယ်။ ဆိုတော့ စင်ကာပူလို ဖွံ့ဖြိုးပြီး နိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း နှစ်ရာခိုင်နှုန်း ရှိတဲ့အချိန်မှာ မြန်မာက ခြောက်ရာခိုင်နှုန်းနီးပါး ဖြစ်နေတယ်ဆိုတာ ဘာမှပြောပလောက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ပြည်သူလူထု ခံစားနေရတာကတော့ အဲဒါမဟုတ်ဘူး။ ကုန်ကျစရိတ်တွေက တစ်ရက်ထက်တစ်ရက် ကြီးမြင့်လာတယ်။ ဥပမာ ကားခဆိုရင်လည်း ဒီလိုပဲ ဟိုတုန်းက ဘတ်စ်ကားစီးပြီး ရုံးလာလို့ ရတယ်။ အခု ကားတွေအရမ်း ပိတ်သိပ်နေတယ်။ တက္ကစီ ငှားစီးရတယ်။ အပြန်ဆိုရင်လည်း တော်တော်နဲ့ မရောက်ဘူး။ တစ်ရက်တစ်ရက် တက္ကစီခတင် ၅၀၀၀ ကျပ်လောက် ကုန်နေတယ်။ ထမင်းစရိတ် မပါသေးဘူး။ ဆိုတော့ ရတဲ့ဝင်ငွေနဲ့ ဘယ်လိုမှ မကာမိတော့ဘူး" ဟု စီးပွားရေး ပညာရှင် တစ်ဦးက ပြောကြားသည်။
တချို့လည်း ဟုတ်ပါတယ်။ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းတွေ ခြေလှမ်းစလာတော့ ပြည်တွင်းထက် လစာလေးတွေ ပိုပေးပြီး ခေါ်တာရှိတယ်။ ဒါကလည်း လူနည်းစုလောက်ပဲ။ လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လမ်းလာတယ် ဆိုတာလည်း လူနည်းစုလောက်ပဲ။ အများစုက ပိုကျပ်သွားတယ်။ ဥပမာ အထွေထွေ အသုံးစရိတ် တက်လာတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဒေါ်လာဈေးလေး တက်သွားတော့ ဆီဈေးလည်း လိုက်တက်သွားတယ် . . . . .
အလားတူ အိမ်ခြံမြေ ဈေးနှုန်းများ ကြီးမြင့်မှုမှာလည်း နောက်ထပ်အကြောင်းရင်းတစ်ခု ဖြစ်နေကြောင်း။ အိမ်ခြံမြေ ဈေးနှုန်းများ ကြီးမြင့်မှုနှင့် တိုက်ခန်းဈေးနှင့် တိုက်ခန်းအငှားဈေးများပါ ကြီးမြင့်လာသောကြောင့် နေ့စဉ်လူနေမှု ဘ၀ကို များစွာထိခိုက် နေကြောင်းလည်း သိရသည်။
"အဆောက်အအုံ ငှားရမ်းခ ဈေးတက်တာ တစ်နှစ်ကျော်လောက် ရှိပြီ။ အရင်နှစ်က ၁၅ သိန်း၊ သိန်း ၂၀ လောက်နဲ့ငှားတဲ့ အငှားတွေက အခုအချိန်မှာတော့ သိန်း ၃၀၊ ၄၀ ဖြစ်သွားတယ်။ ၂၀၁၁ ခုနှစ် ကတည်းက အတက်ဈေးနဲ့ ဖြစ်လာတာ။ အနည်းဆုံးတော့ ရာခိုင်နှုန်း ၂၀ လောက်တော့ တက်တယ်။ အခု လောလောဆယ် အရောင်းအ၀ယ်က အေးသွားတယ်။ ရာခိုင်နှုန်း ၃၇ အပါအ၀င် မြေဈေးတော်တော်လေး မြင့်သွားတော့ အရောင်းအ၀ယ် အေးသွားတဲ့ သဘောပါ။ အသင့်အတင့်လောက်ဖြစ်ပြီး သိပ်ပြီးတော့ အကြီးကြီးတွေတော့ မဖြစ်တော့ဘူး။ အိမ်အပါအ၀င် သောင်းဂဏန်းလောက်တော့ အရောင်းအ၀ယ် ဖြစ်နေတယ်။ အငှားတွေကတော့ ရှိနေတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်နဲ့ နှိုင်းယှဉ်ရင် ရာခိုင်နှုန်း ၂၀ လောက် ဈေးတက်တယ်လို့ ပြောလို့ရပါတယ်" ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ အဆောက်အအုံ ငှားရမ်းခ ဈေးမြင့်တက်မှုမှာ ရန်ကုန်မြို့တွင်းနှင့် အချက်အချာကျသည့် နေရာများတွင်သာမက ဆင်ခြေဖုံး ဒေသများတွင်ပါ လိုက်ပါမြင့်တက်နေကြောင်း သိရသည်။
"ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေး ကြီးမြင့်လာမှုက ဈေးကစားရာက စခဲ့တာပဲ။ အခုမှ ရာခိုင်နှုန်း ၃၇ ဆောင်ခိုင်းတာ။ တချို့က များတယ်လို့ မြင်တယ်။ ဟိုအရင်တုန်းကဆိုရင် ရာခိုင်နှုန်း ၅၇ တောင် ကောက်ခဲ့တဲ့ ကာလရှိတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ ၂၀၀၅ နောက်ပိုင်းလောက်က စပြီးတော့ ရာခိုင်နှုန်း ၁၅  အခွန်ဆောင်ရင် ၀င်ငွေရလမ်း ဖော်ပြစရာ မလိုဘူးဆိုတော့ ငွေမည်းတွေလည်း ၀င်လာတာပေါ့။ ပြီးတော့ ကျောက်မြူးရင်လည်း အိမ်ခြံမြေ မြူးတယ်လေ။ ကျောက်ပွဲတွေက လည်းနှစ်စဉ်လိုလို ရှိတာကိုး။ အိမ်ခြံမြေက ၀င်ကစားတဲ့ သူတွေလက်ထဲ အကုန်လုံး ရောက်တာပေါ့။ တချို့လည်း အမည်မပေါက်ဘဲ ၀ယ်တာတွေလည်း ရှိတယ်" ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။
"တကယ်တော့ mismanagement ပေါ့။ ၂၀၀၅ ပတ်ဝန်းကျင်လောက်အထိ ရာခိုင်နှုန်း ၅၇ ကောက်တယ်။ နောက်ပိုင်း ၁၅ ရာခိုင်နှုန်းပဲ ကောက်တယ်။ နောက်ပိုင်း တစစ ဈေးကစားမှုတွေ ရှိလာတယ်။ ပိုပြီး ဈေးတက်လာလာတော့ ဒီနှစ်နှစ် အတွင်းမှာ နှစ်ဆလောက် တက်သွားတာ။ စီးပွားရေးအရ ပွင့်လမ်းလာနိုင်တဲ့ အနေအထားတွေပေါ်မှာ သတင်းအချက်အလက် ဦးတဲ့သူတွေက ၀င်မြှုပ်နှံထားတာပေါ့။ ဒီအထဲမှာ သာမန်လူလတ်တန်းစားတွေ မပါပါဘူး။ ၀ယ်လည်း မ၀ယ်နိုင်ကြပါဘူး။ ငွေကြေး လွယ်လွယ်ကူကူ ရနေတဲ့ သူတွေလောက်ပါပဲ။ ဥပမာ တိုက်ခန်းတွေ သိန်း ၂၀၀ လောက် တိုက်ခန်းတွေက အခုနှစ်နှစ်ခွဲ အတွင်းမှာ သိန်း ၃၅၀ လောက် ဖြစ်သွားပြီ။ ဒါကြောင့် လူလတ်တန်းစားတွေတောင် တိုက်ခန်းတစ်ခန်း ပိုင်ဖို့ဆိုတာ လိုက်လေဝေးလေ လိုက်လေဝေးလေပါပဲ" ဟု ရန်ကုန်မြို့ခံ အသေးစား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
"သာမန်အားဖြင့်ကြည့်ရင် အခုနှစ်ပိုင်းမှာ ပိုချောင်သယောင် ထင်ရတယ်။ ဒါကလည်း နိုင်ငံရေးအရ ပွင့်လမ်းလာလို့ လူတွေက အရင်လို အကြောက်တရားကြီးနဲ့ နေစရာ မလိုဘဲ ကိုယ်ပြောချင်တာလေးတွေ ပြောလို့ရတော့ အနေချောင်သယောင် ထင်လာကြတယ်။ တချို့လည်း ဟုတ်ပါတယ်။ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းတွေ ခြေလှမ်းစလာတော့ ပြည်တွင်းထက် လစာလေးတွေ ပိုပေးပြီး ခေါ်တာရှိတယ်။ ဒါကလည်း လူနည်းစုလောက်ပဲ။ လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လမ်းလာတယ် ဆိုတာလည်း လူနည်းစုလောက်ပဲ။ အများစုက ပိုကျပ်သွားတယ်။ ဥပမာ အထွေထွေ အသုံးစရိတ် တက်လာတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဒေါ်လာဈေးလေး တက်သွားတော့ ဆီဈေးလည်း လိုက်တက်သွားတယ်။ စားသောက်ကုန် အချို့လည်း တက်လာတယ်။ ဒါပေမဲ့ အဓိကကတော့ နေရေးထိုင်ရေးနဲ့ ခရီးစရိတ် ဖြစ်နေတယ်။ ဥပမာ လစာငါးသိန်းလောက် ရတဲ့သူတောင် မိသားစုနဲ့ဆိုရင် သူ့ဝင်ငွေရဲ့ ရာခိုင်နှုန်း ၂၀ ကို နေရေးအတွက် ပေးလိုက်ရတယ်။ အနည်းဆုံးရာ ခိုင်နှုန်း ၁၀ ကို ခရီးစရိတ်အတွက် ပေးလိုက်ရတယ်ဆိုရင် ဘာမှမကျန်ဘူး။ ဘယ်တော့မှ အိမ်ပိုင်ရာပိုင် မဖြစ်တော့ဘူး" ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောပြခဲ့သည်။
O-14-10
တညင်းကုန်း ဘူတာဈေး မြင်ကွင်း (ဓာတ်ပုံ-၀င်းမြင့်ကျော်)
"ကျွန်မ မနှစ်က စက်တင်ဘာလတုန်းက ရန်ကုန်ကို စရောက်တယ်။ ရောက်ရောက်ချင်း ကြက်သားဈေးက အရိုးအသားရောနေရင် တစ်ဆယ်သား ၅၀၀ ကျပ်၊ အသားသီးသန့်က ၈၀၀ ကျပ်ပါ။ ဗမာကြက်က အရိုးအသားရောနေရင် တစ်ဆယ်သား ၇၀၀၊ အခုတော့ ၁၀၀၀ ကျပ်လောက် ရှိတယ်။ ၀က်သားက နံရိုးဆို တစ်ဆယ်သား ၄၀၀ ကျပ်၊ အခုတော့ ၆၀၀ ကျပ်ပါ။ အသားက မနှစ်က ၈၅၀ ကျပ်၊ အခု ၁၁၀၀ ဆိုတော့ စားသောက်ကုန်ဈေးက တက်တော့တက်တယ်။ ဒီလောက် အများကြီး မဟုတ်ဘူး။ သိသိသာသာ တက်သွားတာတော့ ကျွန်မငှားနေတဲ့ တိုက်ခန်းဈေးပဲ။ ကျွန်မငှားတုန်းက ၁၂၀၀၀၀ ကျပ်၊ အခု ၁၈၀၀၀၀ ကျပ် ပေးရတယ်။ တစ်လတစ်လ ရှာသမျှ နေစရိတ်နဲ့ ကုန်သွားတယ်" ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မ တစ်ဦးက ဆိုသည်။ 
နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများက ငွေကြေးဖေါင်းပွမှုနှုန်းကို တွက်ရာတွင် စားသုံးသူ အညွှန်းကိန်းပေါ်တွင်သာ မူတည်၍ တွက်ချက်ရသောကြောင့် အဓိကအားဖြင့် အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းပေါ်တွင်သာ မူတည်ပြီး တွက်ခဲ့သည့်အတွက် ပြီးခဲတဲ့ နှစ်နှစ်အတွင်း အိမ်ခြံမြေဈေး မြင့်တက်မှုများကို ထည့်သွင်းတွက်ချက်နိုင်ခြင်း မရှိဟု စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။
"အိမ်ခြံမြေဈေး ကြီးမြင့်တာကျတော့ Consumer price Index မှာ ထည့်တွက်လို့ မရဘူး။ ကုန်ဈေးနှုန်း ကြီးမြင့်တာနဲ့တွက်တော့ Consumer price Index မှာကျတော့ ကုန်ပစ္စည်း ၁၂၅ မျိုးလောက် ပါတယ်။ အဲဒီအထဲမှာ အိမ်ငှားခပါတယ်။ အိမ်ရောင်းခ မပါဘူး။ တကယ့် Consumer တွေစားတဲ့ အခြေခံ ကုန်တွေပဲ ထည့်တာ။ ရွေဈေးတို့ ဒေါ်လာဈေးတို့လည်း မပါဘူး။ အစားအသောက်စရိတ်၊ ခရီးသွားလာစရိတ် ပါမယ်။ ကျန်းမာရေးစရိတ် ပါမယ်။ ပညာရေးစရိတ် ပါမယ်။ Inflation ကို တွက်တဲ့အခါ အိမ်ဈေးတို့ ရွေဈေးတို့ကို ထည့်တွက်လေ့ မရှိဘူး" စီးပွားရေး ပညာရှင် တစ်ဦးက ဆိုသည်။
အခြေခံအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ရာတွင် စားသုံးသူ အညွှန်းကိန်းပေါ်တွင်သာ မူတည်၍ တွက်သောကြောင့် လက်တွေ့လူထု ရင်ဆိုင်နေရသော အခြေအနေကို အမှန်တိုင်း သိရှိနိုင်ရန် မဖြစ်နိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှုတွင် တွက်ချက်၍ရသော မူမှန်အကြောင်းတရားများကြောင့် ငွေကြေးဖောင်းပွမှု ရှိသကဲ့သို့ မူမမှန်သော အကြောင်းများကြောင့် ငွေကြေးဖောင်းပွမှုများလည်း ရှိကြောင်း။ ဥပမာ ငွေမည်းများ ဈေးကွက်တွင်း ၀င်ရောက်လာပါကလည်း ငွေကြေးဖောင်းပွမှုကို ဖြစ်စေကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။
မြန်မာနိုင်ငံ၏ လက်ရှိငွေကြေး ဖောင်းပွမှုမှာ ပြည်တွင်းရှိ စီးပွားရေး ပညာရှင် အချို့၏ သုံးသပ်ချက်အရ ရာခိုင်နှုန်း ၂၀ ၀န်းကျင်လောက် ရှိနိုင်ကြောင်း သိရသည်။

EMG

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတို့ သက်သေအဖြစ် လက်မှတ်ရေးထိုးပေးရေး အပါအ၀င် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် UNFC လိုလားချက်များ ထုတ်ပြန်

 14 October 2013


၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက ချင်းမိုင်မြို့၌ တိုင်းရင်းသား ညီလာခံ ပြုလုပ်စဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတို့ သက်သေအဖြစ် လက်မှတ်ရေးထိုးပေးရေး၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အကျေအလည် ညှိနှိုင်းဖြေရှင်းရေးကို အာမခံရန်ဆိုသည့် အချက်များ အပါအ၀င် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ လိုလားချက်များကို အောက်တိုဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့သော UNFC အရေးပေါ် ကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်ခဲ့သည်။

သက်သေများအဖြစ် လက်မှတ်ရေးထိုးမှုတွင် ၎င်းတို့နှစ်ဦးအပြင် UNA ဥက္ကဋ္ဌ၊ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ နိုင်ငံတကာ ခေါင်းဆောင်များ၊ UNFC ဥက္ကဋ္ဌ၊ UNFC အဖွဲ့ဝင်များ၏ ဥက္ကဋ္ဌများ (သို့မဟုတ်) ဒုဥက္ကဋ္ဌများ (သို့မဟုတ်) အတွင်းရေးမှူးများ၊ UNFC အဖွဲ့ဝင် မဟုတ်သော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ (သို့မဟုတ်) ဒုတိယ ဥက္ကဋ္ဌများ (သို့မဟုတ်) အတွင်းရေးမှူးများနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များ ပါဝင်လက်မှတ် ရေးထိုးရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်မှတ်ရေးထိုးမှုတွင် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် တရားသူကြီးချုပ်တို့ ပါဝင်လက်မှတ် ရေးထိုးရမည်ဖြစ်ပြီး အဆိုပါ ငါးဦးမှ တစ်ဦးဦး ပျက်ကွက်ပါက သဘောတူညီချက် အထမြောက်မှု မရှိဟု မှတ်ယူစေရမည်ဟု UNFC ၏ ကြေညာချက်၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်ရမည့် အချက်များတွင် ပါရှိသည်။

လက်မှတ်ရေးထိုးပွဲတွင် အဓိက ပါဝင်ရမည့် အချက်များအဖြစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ် အခြေခံမူများနှင့်အညီ တည်ဆောက်သွားရန်နှင့် ပြည်ထောင်စု အဖွဲ့ဝင် အမျိုးသား အခြေခံ ပြည်နယ်များ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံရန်၊ ဖက်ဒရယ် ပြည်ထောင်စု ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းတည်ဆောက်သွားရန်၊ လက်မှတ်ရေးထိုးပွဲ ပြီးသည့်နောက် ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲအတွက် အခြေခံ မူဘောင်ကို ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက် ရယူရန် . . . . .


လက်မှတ်ရေးထိုးပွဲ မပြုလုပ်မီတွင် လိုအပ်သော အချက်များအဖြစ် စစ်ရေးနှင့် ပတ်သက်၍ ရန်လိုမှုနှင့် စစ်ရေးပြုမူမှု အားလုံးကို ရပ်စဲရန်၊ နှစ်ဖက်ညှိနှိုင်း၍ အစိုးရ တပ်စခန်းများအား ပြန်လည်နေရာ ချထားခြင်းနှင့် နှစ်ဖက်တပ်လှုပ်ရှားမှုများ သတ်မှတ်ထားရှိရန်၊ Nationwide Ceasefire Accord (မူကြမ်း) ကို နှစ်ဖက်ကြိုတင်လေ့လာ ညှိနှိုင်းထားပြီး ရေးသားထားရန် စသည်ဖြင့် ပါဝင်သည်။

ထို့ပြင် အစိုးရမှ တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲကြောင်းကို တရားဝင်ထုတ်ပြန် ကြေညာပေးရန်၊ နှစ်ဖက်လက်ခံနိုင်သော နိုင်ငံရေးလမ်းပြ မြေပုံကို ညှိနှိုင်းဆွေးနွေး သဘောတူထားပြီး ဖြစ်ရန်၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သဘောတူပြီးနောက် အကောင်အထည် ဖော်ဆောင်မှုကို ကြီးကြပ်သည့် အဖွဲ့များ ထားရှိရန်ဟူသော အချက်များလည်း မပြုလုပ်မီ လိုအပ်သော အချက်များတွင် ထည့်သွင်းထားသည်။

လက်မှတ်ရေးထိုးပွဲတွင် အဓိက ပါဝင်ရမည့် အချက်များအဖြစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ် အခြေခံမူများနှင့်အညီ တည်ဆောက်သွားရန်နှင့် ပြည်ထောင်စု အဖွဲ့ဝင် အမျိုးသား အခြေခံ ပြည်နယ်များ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံရန်၊ ဖက်ဒရယ် ပြည်ထောင်စု ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းတည်ဆောက်သွားရန်၊ လက်မှတ်ရေးထိုးပွဲ ပြီးသည့်နောက် ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲအတွက် အခြေခံ မူဘောင်ကို ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက် ရယူရန်၊ သဘောတူပြီးသော အခြေခံ မူဘောင်နှင့်အညီ နှောင့်နှေးခြင်း မရှိစေဘဲ လွှတ်တော်ပြင်ပ၌ နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်လက်ကျင်းပသွားရန်၊ လက်မှတ်ရေးထိုးပြီး အချိန်ပိုင်း အတွင်း၌ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို မတရားအသင်း ဥပဒေပုဒ်မနှင့် ငြိစွန်းခြင်းမှ ကင်းရှင်းကြောင်း တရားဝင် ထုတ်ပြန်ကြေညာ ပေးရန်နှင့် ဥပဒေကြောင်းအရ ဆောင်ရွက်မှုများကို ၁၅ ရက်အတွင်း စီစဉ်ပေးရန်၊ သဘောတူထားပြီးသော စစ်ဘက်ဆိုင်ရာ အချက်များကို အမြန်ဆုံး အကောင်အထည် ဖော်ရန်တို့ ပါဝင်သည်။

အဆိုပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလကုန်တွင် ပြုလုပ်သွားရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ စီစဉ်နေပြီး အဖွဲ့အားလုံး မပါဝင် ပါကလည်း ပြုလုပ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

UNFC အဖွဲ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူထားသည့် အဖွဲ့ခြောက်ဖွဲ့၊ ကေအိုင်အေ အပါအ၀င် ဆွေးနွေးဆဲ အဖွဲ့နှစ်ဖွဲ့နှင့် ဆွေးနွေးမှု လုံးဝမပြုလုပ်ရသေးသည့် အဖွဲ့သုံးဖွဲ့ စသည်ဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ပါဝင်ကြောင်း သိရသည်။

EMG

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆက်လက်ဖြစ်ပေါ်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း မျှော်လင့်

 14 October 2013


ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံ ခေါင်းဆောင်များနှင့် တောင်ကိုရီးယား သမ္မတတို့ တွေ့ဆုံကြစဉ်

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်မည်ဖြစ်ပြီး အဆိုပါ တာဝန်ကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက်ဖြစ်ပေါ် လာလိမ့်မည်ဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းက မျှော်လင့်ထားကြောင်း သိရသည်။

အာဆီယံ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အမြုံ (ASEAN Community) နှင့်အတူ အာဆီယံ စီးပွားရေး အသိုက်အ၀န်း (ASEAN Economic Community) ကို အကောင်အထည် ဖော်နိုင်ရန် မျှော်လင့်ချက် ရှိနေသည်။

မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် AC နှင့် AEC အတွက် မျှော်မှန်းချက်များ ပြည့်မီရန် လုပ်ဆောင်ရမည့်အပြင် ဒေသတွင်း တည်ငြိမ်ရေး အပါအ၀င် နိုင်ငံတကာနှင့် ဆက်ဆံရေး ကိစ္စရပ်များ လုပ်ဆောင်ရာတွင် ဒေသတွင်း ခေါင်းဆောင်အနေဖြင့် ဦးဆောင်ရမည် ဖြစ်သည်။

သို့သော် ပြည်တွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများ၊ တိုင်းရင်းသားအရေး ပြေလည်မှု မရရှိသေးခြင်းနှင့် အာဆီယံကို ဦးဆောင်ရန် အဆင်သင့် ဖြစ်နိုင်၊ မဖြစ်နိုင်ခြင်းကိုလည်း နိုင်ငံတကာ မီဒီယာများက ဆန်းစစ်မှုများ ပြုလုပ်လျက် ရှိနေသည်။

အခြား တစ်ဖက်တွင်လည်း အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးဆိုသည့် အာဆီယံ၏ မူဝါဒကြောင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပြည်တွင်းရေး ပြဿနာများ ပြေလည်မှု မရှိပါက အာဆီယံ အဖွဲ့အပေါ် ရိုက်ခတ်မှုများ ရှိလာနိုင်သည်။

၂၀၀၆ ခုနှစ်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက ရရှိရန် အခွင့်အလမ်း ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးမှုများကြောင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို လက်လွှတ်ခဲ့ရ ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူမည်ကို အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့က အပြင်းအထန် ကန့်ကွက်ခဲ့ပြီး အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများ၊ အခြားဆက်နွှယ်မှုများ အားလုံးကို သပိတ်မှောက်မည်ဟု ထုတ်ဖော်ပြောကြား ခဲ့ကြသည်။ ထိုအခြေအနေများက အာဆီယံ သမိုင်း၌ မြန်မာနိုင်ငံ၏ ပုံရိပ်သည် အဆိုးဝါးဆုံး မှတ်တမ်းဝင်ခဲ့ပြီး မြန်မာနိုင်ငံက ရယူရမည့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံက လွှဲပြောင်းရယူ ခဲ့သည်။ ထို့အပြင် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတိုင်းတွင် မြန်မာနိုင်ငံက အာဆီယံ၏ ပုံရိပ်ဆိုးတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပြီး နိုင်ငံတကာနှင့် မီဒီယာများ၏ ဖိအားပေးမှုကိုလည်း ခံခဲ့ရသည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ လုပ်ဆောင်ပေးနိုင်တဲ့ အကောင်းဆုံး အရာကတော့ မြန်မာနိုင်ငံကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ဆက်လျှောက်လှမ်းဖို့ အားပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌ တာဝန်ပေးပြီး ပြောင်းလဲမှုတွေကို ထောက်ပံ့အားပေး လိုက်တာပါပဲ . . . . .


၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန်က အစိုးရ အဖွဲ့သစ်ကို တာဝန်ယူပြီးချိန်တွင် (၁၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လိုကြောင်း အဆိုပြုခဲ့သည်။ (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အဆိုပြုမှုကို အာဆီယံ ခေါင်းဆောင်များက လက်ခံခဲ့ကြပြီး ထိုအချိန်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသော အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံကို ထောက်ခံမှုများ ပေးအပ်ခဲ့သည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမှုကို နိုင်ငံတကာ မီဒီယာများက ဝေဖန်မှုများ ရှိနေသော်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကမူ အကောင်းဘက်က မျှော်လင့်ထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုများသည် ပြီးပြည့်စုံခြင်း မရှိသေးသော်လည်း စိတ်လှုပ်ရှားဖွယ် ဖြစ်သည်ဟု (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း အာဆီယံလူငယ် ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ဖြစ်ရေးအတွက် ထောက်ခံမှုများ ပြုလုပ်ခဲ့သော အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မာတီနာ တလီဂါဝါကလည်း ၎င်းတွင် ဝေဖန်မှုများနှင့် ဆန့်ကျင်သော အမြင်ရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

"မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံရယူခဲ့တဲ့အတွက် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု မာတီနာ တလီဂါဝါက ဆိုပါသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် အမြဲတစေ ဝေဖန်လေ့ရှိသော ဖိလစ်ပိုင်နိုင်ငံကလည်း အကောင်းမြင် ရှုထောင့်က ပြောကြားခဲ့သည်။

"ကိစ္စရပ်တွေ ကျန်ရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့ ၀န်ခံပါတယ်။ ဒါတွေကိုလည်း သူတို့ (မြန်မာအစိုးရ)အနေနဲ့ အတတ်နိုင်ဆုံး၊ အကောင်းဆုံး လုပ်ဆောင်ဖြေရှင်း နေကြတယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ လုပ်ဆောင်ပေးနိုင်တဲ့ အကောင်းဆုံး အရာကတော့ မြန်မာနိုင်ငံကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ဆက်လျှောက်လှမ်းဖို့ အားပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌ တာဝန်ပေးပြီး ပြောင်းလဲမှုတွေကို ထောက်ပံ့အားပေး လိုက်တာပါပဲ" ဟု ဖိလစ်ပိုင်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရစ်ကီကရန်တန်က ပြောကြားခဲ့သည်။

ထို့အပြင် အာဆီယံ၏ အတွင်းရေးမှူးချုပ် လီလောင်မင်းက မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ထောက်ခံအားပေးမှုကို ရရှိနေသည်ဟု ဘရူနိုင်းတိုင်းမ် သတင်းစာနှင့် သီးခြားတွေ့ဆုံခန်းတွင် ပြောကြားခဲ့သည်။

"အာဆီယံနဲ့ အာဆီယံ ဥက္ကဋ္ဌအတွက် ၂၀၁၄ ခုနှစ်မှာ လုပ်စရာတွေ အများကြီး ရှိပါတယ်။ အာဆီယံ အသိုက်အမြုံ တည်ဆောက်ဖို့အတွက် ၂၀၁၄ ဟာ အရေးပါတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အဖွဲ့ဝင် နိုင်ငံတွေအပြင် အာဆီယံ အတွင်းရေးမှူးချုပ် ဆီကပါ ခိုင်မာတဲ့ အားပေးထောက်ခံမှုတွေ ရနေပါတယ်။ လာမယ့် အာဆီယံ ဥက္ကဋ္ဌရာထူးကို မြန်မာနိုင်ငံက ထိထိရောက်ရောက် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟု အာဆီယံ အတွင်းရေးမှူးချုပ် လီလောင်မင်းက ပြောကြားသည်။

၂၀၁၃ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူထားသည့် ဘရူနိုင်းနိုင်ငံ၏ဘုရင် ဆူလတန် ဟာဂျီဟာဆန် နယ်လ်ဘိုကီးယားမူအစ် ဇာဒင်ဝါဒူလာက အာဆီယံ၏ မျှော်မှန်းချက်များ ပြည့်မီနိုင်ရန်အတွက် အဖွဲ့ဝင် နိုင်ငံအချင်းချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။

"အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကူညီမှု၊ တူညီတဲ့ စိတ်ပိုင်းဖြတ်မှုတွေကြောင့် အာဆီယံဟာ ရရှိပြီးသား အောင်မြင်မှုတွေကို အခြေခံပြီး ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် အကျိုးဖြစ်ထွန်းစေမယ့် ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာတဲ့ ဒေသတစ်ခုကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု အာဆီယံ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ဆူလတန်ဟာဂျီဟာ ဆန်နယ်လ်ဘိုကီးယားမူ အစ်ဇာဒင် ၀ါဒူလာက ပြောကြားခဲ့သည်။

အာဆီယံ အနေဖြင့် အာဆီယံ အသိုက်အမြုံ (AE) နှင့်အတူ အဓိက အရေးပါသော အာဆီယံ စီးပွားရေး အသိုက်အ၀န်း (AEC) ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင် အကောင်အထည်ဖော်ရန် မျှော်မှန်းချက် ထားရှိပြီး AEC ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်ရန် ခက်ခဲမှုများစွာ ရှိနေသည်။

လက်ရှိအခြေအနေတွင် AEC အတွက် အဆင်သင့် ဖြစ်နေသည့် နိုင်ငံမှာ စင်ကာပူ တစ်နိုင်ငံတည်းသာ ရှိနေပြီး ထိုင်းနိုင်ငံမှာ AEC အတွက် ငွေကြေးအများဆုံး အသုံးပြုပြီး ပြင်ဆင်နေသော နိုင်ငံဖြစ်သည်။ AEC အတွက် ပြင်ဆင်မှုမှာ ရာခိုင်နှုန်း ၈၀ ခန့်သာ ပြီးစီးနေသည့် အခြေအနေ၌ ၂၀၁၅ ခုနှစ်အလွန် အာဆီယံ မျှော်မှန်းချက်အသစ် ချမှတ်နိုင်ရေးကို စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံတို့က ဦးဆောင်ပြီး လုပ်ဆောင်ခဲ့သည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် အာဆီယံ၏ ၂၀၁၅ ခုနှစ် မျှော်မှန်းချက် ပြည့်မီရေးကို လုပ်ဆောင်ရမည့်အပြင် ၂၀၁၅ အလွန် အာဆီယံ၏ မျှော်မှန်းချက်အသစ် ချမှတ်နိုင်ရေးကိုလည်း ဆုံးဖြတ်ပေးရမည့် အခန်းကဏ္ဍတွင် ပါဝင်လာမည် ဖြစ်သည်။



အာဆီယံ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပွဲ အခမ်းအနားအပြီး အာဆီယံ ခေါင်းဆောင်များအား တွေ့ရစဉ်

"မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ နိုင်ငံအားလုံးနဲ့အတူ အာဆီယံ အသိုက်အ၀န်း လမ်းပြမြေပုံကို အကောင်အထည်ဖော်ဖို့ ကျန်ရှိနေသေးတဲ့ အစိတ်အပိုင်းများကို ဖြည့်ဆည်းဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ အသိုက်အ၀န်းကို ပိုမိုခိုင်မာစေမယ့် နောက်ဆက်တွဲ လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက် သွားလိုပါတယ်။ အာဆီယံ နိုင်ငံအသီးသီးရဲ့ ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတွေနဲ့ ကိုက်ညီတဲ့ အာဆီယံကို ပြည်သူဗဟိုပြုတဲ့ အဖွဲ့အစည်းအဖြစ် မြှင့်တင်လိုပါတယ်" ဟု သမ္မတ ဦးသိန်းစိန်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းလက်ခံသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းပဋိပက္ခများကို တည်ငြိမ်အောင် ဆောင်ရွက်နိုင်ရေးအပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသားအရေး ပြေလည်မှု ရရှိနိုင်ရေး အစရှိသော ပြည်တွင်းရေး ပြဿနာများကိုလည်း ပြေလည်အောင် ဖြေရှင်းရမည့် အခြေအနေ ရှိနေသည်။

ထို့အပြင် ထိပ်သီးဆွေးနွေးပွဲ နှစ်ခုအပါအ၀င် အစည်းအဝေးပေါင်း ၁၀၀၀ ကျော်ကို မည်ကဲ့သို့ စီမံခန့်ခွဲပြီး ဦးဆောင်ကျင်းပမည် ဆိုခြင်းအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။

"ကျန်တဲ့ အာဆီယံ နိုင်ငံတွေမှာလည်း သူတို့နိုင်ငံတွေမှာ ပြည်တွင်းပဋိပက္ခ ရှိနေတဲ့ အချိန်မျိုးမှာပဲ အာဆီယံ ဥက္ကဋ္ဌ ရာထူးကို အောင်မြင်စွာ လုပ်ဆောင်ခဲ့တာပဲ။ နောက်တစ်ခါ ပထမဆုံးအကြိမ်ဆိုတော့ ဘယ်ကိစ္စမဆို ပထမဆုံးအကြိမ်ဆိုတာ ရှိတာပဲလေ။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေမှာလည်း ပထမဆုံးအကြိမ် ဥက္ကဋ္ဌတာဝန် ယူရတယ်ဆိုတဲ့ အတွေ့အကြုံ ရှိတာပဲ။ သူတို့လည်း အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်တော့ ကျွန်တော်တို့လည်း အောင်မြင်အောင် ကျော်ဖြတ်နိုင်ရမှာပေါ့" ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မီဒီယာများက ဆက်လက်စောင့်ကြည့်နေပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်နှင့် ပြည်တွင်းရေး ပြဿနာများကို မြန်မာအစိုးရက မည်မျှအထိ ဖြေရှင်းနိုင် ဆောင်ရွက်နိုင်မည် ဆိုခြင်းကို မေးခွန်းထုတ်မှုများ ဆက်ရှိနေသည်။

EMG

Sunday, October 13, 2013

PROSTITUTION ပြည့်တန်ဆာ အခါမဟုတ်သေး






“ရှေးရိုးစဉ်လာကြီးတဲ့၊ ယောက်ျားတွေ လွှမ်းမိုးတဲ့မြန်မာပြည်မှာ လိင်လုပ်ငန်းနဲ့ အသက်မွေးမှုကို တရားဝင် လုပ်ဘို့ အဆိုကို ပယ်ချလိုက်တယ်” လို့ သတင်းတွေက ဖေါ်ပြပါတယ်။ အမျိုးသမီး အခွင့်အရေးသမီ တွေက “လိင်ခွဲခြား ဆက်ဆံမှုဆိုတာ မြန်မာပြည်မှာ ကြီးမားတယ်” လို့ပါ ထောက်ပြတာလဲ ဖတ်ရပါတယ်။

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ခြင်းဟာ အဖက်ဖက်ကနေ စဉ်းစားရတာ လူတိုင်းသိပါတယ်။ အချိန်ကာလလဲ ရွေးရပါတယ်။

အခုအချိန်မှာ မြန်မာပြည်က အရင်ကမရှိတာ၊ မဖြစ်တာ၊ မလုပ်တာတွေကို ပြန်ပြင်ဘို့ကြိုးစား နေကြချိန် ဖြစ်တယ်။ ရှိခဲ့တာ၊ ဖြစ်ခဲ့တာတွေကိုလဲ ဖယ်ရှားနေကြတယ်။ ဒီအရေးကိစ္စကလဲ အများကြီးထဲက (အစ်ရှူး) တခုသာဖြစ်တယ်။ တခုချင်း မဟုတ်ဘဲ တပြိုင်တည်းလုပ်စရာတွေလဲ ရှိတာပါ။ ဒါပေမဲ့ “အရေးကြီးတာ အရင်” ဆိုတာ နိုင်ငံတိုင်းမှာရှိတဲ့ လမ်းညွှန် တခုပါ။ မြန်မာပြည်မှာ ဘာတွေက အရေးကြီးသလဲ။

• နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာများပေမဲ့ ဥပဒေသစ်နဲ့ ထပ်ဖမ်းခံနေရတာတွေ ရှိပါတယ်။
• မီဒီယာလဲ ကြိုးစားဆဲပါ။
• အလုပ်သမား၊ လယ်သမားတွေဘဝ တိုးတက်လာတာက တိုင်းတာလို့ ရပါပြီတဲ့လား။
• ပညာရေးက အစည်းအဝေးအဆင့်မှာသာ ရှိသေးတယ်။
• ကျန်းမာရေးက နာတာရှည်လူနာဘဝက မထွက်နိုင်သေးပါ။
• နိုင်ငံရေးမှာလဲ စစ်သွေးစစ်ရောင် မပြောင်သေးပါ။
• စီးပွါးရေး ပြောစရာမလိုပါ။ LDC ကထွက်ဘို့ရာ လမ်းစမမြင်သေးပါ။

ဒီအချိန်မှာ ဒီဥပဒေဖြစ်လာခဲ့ရင် “မြန်မာပြည်မယ် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်တဲ့ နိုင်ငံ စားရင်းထဲ ဝင်လာပြီ” လို့သာ မော်ကြွားနိုင်တာ ရှိပါလိမ့်မယ်။ မလုံသေးတဲ့ ခေါင်မိုးကို အရင်ဖါထေး ကြရအောင် လားဗျာ။

ဒေါက်တာတင့်ဆွေ

မိုဘိုင်း ဟန်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ



==============================


ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်။
ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။
အကျိုးဆက်များကတော့-

skin rashes-အရေအပြား အနီကွက်ထခြင်း၊
headaches (ခေါင်းကိုက်ခြင်း)၊
migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) ,
skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) ,
insomnia (အိပ်မပျော်ခြင်း),
dizziness (ခေါင်းမူးခြင်း),
nausea (မအီမသာဖြစ်ခြင်း),
heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း),
heart pain (နှလုံးအောင့်ခြင်း),
concentration problems (အာရုံစူးစိုက်မှုနည်းခြင်း),
fatigue (ပင်ပန်းနွမ်နယ်ခြင်း),
tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း),
anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း),
memory problems (မှတ်သားမှု အားနည်းခြင်း),
vision problems )အမြင်ဝေဝါးခြင်း,
swollen lymph nodes (အရည်ကြည်ဖုထခြင်း),
indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအားစုပ်ယူခြင်း)

စတာတွေ ဖြစ်နိုင်ပါတယ်။

ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်
မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။

အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။

မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်
မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။

မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်
ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ
မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။

ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။



Ref: Digital Life Journal

အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဗုဒ္ဓလှိုဏ်ဂူတွေ့ရှိခဲ့သည့် ဂျပန်သုတေသနအဖွဲ့




ဂျပန်သုတေသနအဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံ ဘာမီယန်ဒေသမှာ ဗုဒ္ဓလှိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရှိရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေကြီးစိုးတဲ့ လွန်ခဲ့ တဲ့ (၁၂)နှစ်ခန့်ကစပြီး ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦးတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။

ယခုအချိန်မှာ တော့ ဂျပန်သုတေသနအဖွဲ့ဟာ ယခင်က ဗုဒ္ဓဘာသာအမွေအနှစ်တွေတည်ရှိတဲ့ နေရာနဲ့ (၃) ကီလိုမီတာအကွာမှာ ဗုဒ္ဓလှိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သုတေသနပြုလုပ်သူတွေရဲ့ ပြောကြားချက်အရတော့ အဆိုပါလှိုဏ်ဂူဟာ (၄.၅)ကီလိုမီတာအနက်ရှိ လှိုဏ်ဂူအတွင်းမှာ ဗုဒ်္ဓဘာသာနဲ့ ဆက်စပ်ပစ်္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီဂူတွင်းက ရုပ်ပွားတွေတွေဟာ ဘေးဝန်းကျင်ရှိ ဂူတွေထဲက ရုပ်ပွားတော်တွေ ထက် နှစ်(၁၀၀)လောက် သက်တမ်းပိုစောတယ်လို့ သိရပါတယ်။

ဝါကိုတက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျပန်သုတေသနအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ကိုဆာကူမေးဒါ က ယခုလိုမျိုး ဗုဒ္ဓဘာသာကို ဖိနှိပ်ခဲ့တဲ့ နေရာတစ်ခုမှာ ဗုဒ္ဓအမွေအနှစ်တွေကို ရှာဖွေတွေ့ရှိခဲ့တာဟာ အံ့အားသင့်ဖို့ကောင်းကြောင်း ဒါဟာ ဘာမီယမန်ဒေသအတွင်းမှာ ဘယ်လောက်ထိ ဗုဒ္ဓဘာသာပြန့်နှံ့ခဲ့တယ်ဆိုတာကို လေ့လာဖို့အတွက် အခွင့်ကောင်းပဲဖြစ်ကြောင်း ပြောကြားသွားခဲ့တယ်လို့သိရပါတယ်။

MRTV4

Miss Universe Myanmar 2013 Contestants in Swimwear




Aye Chan Moe in Swimwear @ Miss Universe Myanmar 2013
















Swimwear Contest of Miss Universe Myanmar 2013 Beauty Pageant
At the National Theater in Yangon on October 3, 2013.

Photos By Tin SUN.
Photos of MyanmarCelebrity.Com

Swimwear Contest of Miss Universe Myanmar 2013




Kyi Pyar @ Miss Universe Myanmar 2013, Swimwear Contest

















Swimwear Contest of Miss Universe Myanmar 2013 Beauty Pageant
At the National Theater in Yangon on October 3, 2013.

Photos By Tin SUN.
Photos of MyanmarCelebrity.Com

Miss Universe Myanmar 2013: Swimwear Contest




Swimwear Contest of Miss Universe Myanmar 2013



Moe Set Wine in Swimwear @ Miss Universe Myanmar 2013















Swimwear Contest of Miss Universe Myanmar 2013 Beauty Pageant
At the National Theater in Yangon on October 3, 2013.

Photos By Tin SUN.
Photos of MyanmarCelebrity.Com

စင်ကာပူတွင် သေဆုံး၊ မြှတ်နှံ သဂြိုလ်ခံသူများ






လူတစ်ယောက်သေရင်၊ ဘယ်လိုလုပ်ရမယ်၊ ဘယ်လောက်ကုန်ကျသလဲဆိုတာတွေ၊ သေဆုံး သူရဲ့ ရုပ်ကြွင်း ကို အမှတ်တရဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ မွေးနေ့ဆင်နွဲခြင်း၊ သေဆုံးရုပ် အလောင်း သဂြိုလ်ခြင်းတွေ ကို အထူးသဖြင့် ငွေတတ်နိုင်သော မိသားစုက အကြီးကျယ်လုပ်ကြပါသည်။ စင်ကာပူတွင် အနည်း ဆုံး ဒေါ်လာ၂၀၀၀ မှ အများဆုံး ဒေါ်လာသောင်းဂဏန်း၊ သိန်းဂဏန်းထိ ကုန်ကျခံကြသည်။ သခြိုင်းများ လည်း မြို့အပြင်သို့ရွှေ့ကြသည်။


ကျနော် ရန်ကုန်စက်မှုတက္ကသိုလ်ရောက်စဉ်၊ ၁၉၈၀ခုနှစ်က အားလပ်ရက်လျှောက်လည်ရာမှ မမျှော်လင့်ပဲ ဟံသာဝတီအဝိုင်းအနီးမှ ကြံထောသုဿန်သို့ ရောက်ရှိသွားသဖြင့် တစ်ရက်လုံး အုတ်ဂူများအား ကြည့်ရှုရင်း အချိန်ကုန်သွားသည်။ မှတ်မှတ်ရရ .. မြန်မာ့နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ စာရေးဆရာများ၊ သူတို့မွေးနေ့နှင့်သေနေ့ ၂ခုဖြင့် အသက်၆၀၊ အသက်၇၀ စသဖြင့် ကွယ်လွန်၊ ဂူသွင်းထားသည့် အုတ်ဂူများစွာတွေ့ရသည်။ ဒေါ်ခင်မေသန်း (ဗိုလ်ချုပ်ကြီးနေဝင်း၏ ဇနီးသည်) အုတ်ဂူကိုရောက်ရှိကြည့်ရှုခဲ့စဉ်က မြန်မာနိုင်ငံကို ဦးနေဝင်းက မ.ဆ.လ ပါတီအကြီးအကဲအဖြစ် အုပ်ချုပ်နေဆဲကာလဖြစ်သည်။ ထိုစဉ်ကာလ ၁၉၈၀တွင် ဟံသာဝတီအဝိုင်းပတ်လည်သည် မြို့လည်ခေါင်ဖြစ်နေပါသည်။ လာရောက်မြေမြှတ်သဂြိုလ်နေသော အသုဘများကိုလည်း တွေ့ရသည်။


နောက်ပိုင်း န.အ.ဖ လက်ထက် ၁၉၉၀ အလွန်နှစ်များတွင် လူများကို အတင်းကျပ်ရွှေ့ပြောင်းခြင်းဖြင့် လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပေါက်ကန် စသည့်မြို့သစ်များ ပေါ်လာသည်။ လူသေများကိုလည်း အတင်းအကြပ်ရွှေ့ပြောင်းခြင်းဖြင့် သုဿန်များသည် ကားဈေးကွက်နေရာများဖြစ်လာကြသည်။ ယခုအခါတွင် ထိုနေရာများ (သုဿန်မြေနေရာဟောင်းများ) မှာ အလွန်တန်ဖိုးကြီးသော လူနေ၇ပ်ကွက်အိမ်ယာများ ဖြစ်နေလေပြီ။


မြန်မာပြည်တွင် သုဿန်ရွှေ့ခြင်း


ပြည်သူလူထုထံ အသိပေးခြင်း လပိုင်းမျှသာကြာတတ်သည်။ အလောင်း (အရိုး) ဖေါ်ပြီး ပြန်ရွှေ့သည့်လုပ်ငန်းကို မိမိပိုက်ဆံဖြင့်လုပ်ရသည်။ ငွေမတတ်နိုင်သူများမှာ မိမိတို့ မိဘများ၊ အုတ်ဂူကိုပင် တစ်နှစ်တခါ သန့်ရှင်းရေးမလုပ်နိုင်ကြ။ အုတ်ဂူဖေါက်ခိုးခံရခြင်းမှာလည်း ရိုးနေပြီဖြစ်သည်။ နောက်ဆုံး မိမိစရိတ်ဖြင့် အရိုးအိုးတူးထုတ်ပြီး၊ သခြိုင်းအသစ်သို့ အစိုးရသတ်မှတ်ပေးသော နေရာတွင် ထပ်မံမြှတ်နှံရသည်။ ငွေတတ်နိုင်လျှင် အုတ်ဂူအသစ် ဆောက်လုပ်ရသည်။ ရယ်စရာလိုလို ..ပုံပြင်လိုလို.. န.အ.ဖ ခေတ် တာမွေသခြိုင်းကိုရွှေ့အပြီးတွင် ညအချိန်၊ ရဲတပ်ဖွဲ့မှုးမှ ကားကြီးအချို့ ကို ချောဆွဲပြီး ဝိညာဉ်၊ တစ္တေများ နေရာရွှေ့ခြင်းကို လုပ်ရသည်။ ရဲအရာရှိက သခြိုင်းတွင် အမိန့်စာတန်းကိုဖတ်ပြသည်။ သင်တို့နေရာကို ရွှေ့လိုက်ပြီဖြစ်သဖြင့် ယခုကားဖြင့် နေရာသစ်သို့ ပို့ဆောင်ပေးမည်။ ကားပေါ်တက်ကြပါ..ဟု ကျယ်လောင်စွာအမိန့်ပြန်တမ်းထုတ်ရသည်။ ထိုကားကို စောင့်ကြည့်နေသူက အမိန့်ပြန်တမ်းကြေငြာပြီးသည်နှင့် ကားဘီးပင် ပြားလုမတတ် ညွှတ်ကျသွားသည်ဟုဆိုသည်။ ထို့နောက် သခြိုင်းအသစ်သို့ကားမောင်းသွားပြီး၊ အမိန့်ပြန်တမ်း ထပ်ကြေညာရသည်။ ဆင်းနိုင်ပြီ ဟု ကြေညာပြီးချိန် ညွတ်ကျနေသော ကားဘီးများ ပုံမှန်ပြန်ဖြစ်သွားသည်ဟု ဆိုသည်။ တခါ သခြိုင်းဟောင်းတွင် သူရဲ့အရမ်းခြောက်နေဆဲဖြစ်သောကြောင့် အထူးကားတစ်စီးဖြင့် ထို မသိလိုက်သဖြင့် ကျန်ရစ်ခဲ့သော သရဲအတွက် အမိန့်ပြန်တမ်း ပြန်ထုတ်ကာ သယ်ဆောင်ပေးရသည်ဟု ..ပြောဆိုကြသည်။


စင်ကာပူတွင် သုဿန်ရွှေ့ခြင်း


မြို့ကြီးဖြစ်လာသည်နှင့်အညီ စင်ကာပူတွင်လည်း သုဿန်များစွာကို ချွာကြူကန်းဒေသသို့ ပြောင်းရွှေ့ရသည်။ အမိန့်ပြန်တမ်း ထုတ်သလား၊ မထုတ်သလားတော့ မသိရပါ။ အင်္ဂလိပ်လက်အောက် မြန်မာ၊မလေးရှား၊စင်ကာပူတို့ အတူနေထိုင်ခဲ့ရသောကြောင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ တူလေ့ရှိသဖြင့်၊ စင်ကာပူတွင်လည်း အမိန့်ပြန်တမ်းထုတ်ပြီး သစ္ဆေ၊သရဲများကို ရွှေရပေမည်။ အောက်မှပုံမှာ စင်ကာပူ၊ Lornie Road တွင်ရှိသော သခြိုင်းတစ်ခုမှာ Land Transport Authority က ဟိုက်ဝေး၊ အဝေးပြေးကားလမ်းဖေါက်မည့် နေရာတွင်ကျရောက်နေသဖြင့် အရိုးများကို ရွှေ့ပေးမည်ဖြစ်ကြောင်း ကြေငြာချက်ဖြစ်သည်။ ထိုမြေကွက်တွင် မြေစာရင်းဌာန၊ အိမ်မြေဂရံကဲ့သို့ သုဿန်တွင်မြှတ်နှံသူများ၏ ၈ပေ x ၄ပေ မြေကွက်လေးများကို တိုင်များရိုက်ပြီး၊ မှတ်ထားသည်။ သေဆုံးသူအများစုမှာ အုတ်ဂူပင်မရှိတော့ပေ။ ရှိနေသော အုတ်ဂူများမှာလည်း နှစ်ပေါင်း ၅၀ကျော် လူသေမမြှတ်နှံတော့သဖြင့် သေသောသူ၊ ကြာရင်မေ့၊ ထိုသေဆုံးသွားသူများ၏ သားသမီးများပင်လျှင် သေဆုံးပြီး၊ သုဿန်အသစ် ချွာချူကန်းတွင် မြှတ်နှံခြင်း (သို့မဟုတ်) မန်ဒိုင်းမီးသဂြိုလ်စက်တွင် သဂြိုလ်ပြီးဖြစ်နေချေပြီ။


ထိုသုဿန်တွင် မြှတ်နှံထားသူများ၏ အနီးဆုံးဆွေမျိုးစာရင်းကို စင်ကာပူအစိုးရက ရှာဖွေပြီး၊ စာပို့သည်။ မြန်မာပြည်ကဲ့သို့ ကိုယ့်စရိတ်၊ကိုယ်ခံပြီး အရိုးဖေါ်ရန်မဟုတ်ပါ။ အရိုးအားလုံးကို ဖေါ်ပြီး သုဿန်အသစ်သို့ ရွှေ့ပြောင်းမည်။ စရိတ်အားလုံးကို အစိုးရက အကုန်ခံမည်။ အစိုးရလုပ်ပေးသည်ထက် ပိုပြီးအုတ်ဂူကောင်းကောင်း လုပ်လိုသူများကို ဖိတ်ခေါ်ထားသော ဆိုင်းဘုတ်ဖြစ်ပါသည်။ NOTICE OF EXHUMATION ဆိုင်းဘုတ်ကိုလည်း ထင်ရှားစွာ ထောင်ထားသည်။ ဆိုင်းဘုတ်ထောင်ပြီး သုဿန်ရွှေ့မည့်အချိန်သည် ၃နှစ်ခန့် အချိန်ပေးထားသည်။ မသိလိုက်ရမဖြစ်ရအောင် တစ်ချို့ ၃နှစ်တစ်ခါ အဖိုးဖွား၊ အုတ်ဂူလာကြည့်သောသူများ ထိုဆိုင်းဘုတ်ကိုတွေ့ပြီး အုတ်ဂူရွှေ့ပြောင်းခြင်းကို စုံစမ်းနိုင်ပါသည်။ မိမိဖာသာ ရွှေ့လိုပါကလည်း ငွေကုန်ခံပြီး ရွှေ့နိုင်ပါသည်။


ယခုခေတ်တွင် စင်ကာပူအစိုးရက နိုင်ငံသားအားလုံး သေဆုံးလျှင် သူတို့ခန္တာကိုယ်ကို အစိုးရဆေးသုတေသနမှ လာရောက်သိမ်းဆည်းသွားပါမည်။ အကယ်၍ အသိမ်းဆည်းမခံလိုပဲ၊ ဆေးသုတေသန အလုပ်မခံလိုပါက မိမိအသက်ရှင်နေစဉ်ပင် မိမိသေလျှင် မိမိမိသားစုက သခြိုင်းအမှတ်တရ မြှတ်နှံလိုပါသဖြင့် ခွင့်ပေးပါရန် လျှောက်လွှာတင်ရသည်။


လူမျိုးတိုင်း၊ ဘာသာတိုင်း၊ မိမိတို့ ဆွေမျိုးတစ်ဦး သေဆုံးသွားလျှင် အသုဘချပြီး၊ မြေမြှတ်၊ ဂူသွင်းကြသည်။ မတတ်နိုင်သော မြန်မာများကို ဖျာလိပ်ဖြင့် အသုဘချရသည်။ ယခုခေတ်တွင် မီးသဂြိုလ်ခြင်းဖြင့် စရိတ်ကုန်ကျမှု သက်သာစေသည်။ မူဆလင်များက မြေမြှတ်ခြင်းကို ကြိုက်နှစ်သက်ပြီ၊ အခြားဘာသာဝင်များလည်း ငွေတတ်နိုင်ပါက မြေမြှတ်၊အုတ်ဂူလုပ်ပေးကြသည်။ သေဆုံးသူ အုတ်ဂူသို့ မိသားစုလိုက် သွားရောက်ပြီး ပန်းခွေချ၊ အောက်မေ့သတိရပြီး၊ ဆွေမျိုးအချင်းချင်း ညီညွတ်မှုကို တဖန်ပြန်လည်ရရှိစေသည်။ သေဆုံးသူများ အရိုးတွန်သည်ဟုပင် အချိုက အမွှန်းတင်ကြသည်။ ခရစ်ယာန်ဘာသာတွင် သေဆုံးသွားသူများတွင် ကောင်းကင်ဘုံရောက်သူများကတစ်ဖွဲ့၊ ငရဲရောက်သူများက မြေအောက် မရဏာနိုင်ငံတွင်တစ်စု ၂မျိုးရှိသည်။ ၁၈၀၀ နောက်ပိုင်းတွင် Rapture ဟုခေါ်သော ချီဆောင်ခြင်း အယူဝါဒ ပြန်လည်ဖေါ်ထုတ်လာသည်။ မသေမှီပင် အရှင်လတ်လတ် ဇျန်ကြွသကဲ့သို့ ကောင်းကင်နိုင်ငံသို့ ချီဆောင်ခေါ်ယူခြင်း ခံရမည်ဟု ယုံကြည်ကြသည်။ ခန္တာကိုယ်သည် မသေတော့ပဲ၊ ကောင်းကင်ဘုံသို့ မိမိခန္တာကိုယ်အတိုင်း ရောက်ရှိသွားမည်ဟု ယုံကြည်သူများစွာရှိပါလာသည်။ ဗုဒ္ဓ၊ မူဆလင်၊ ဟိန္ဒြူ ဘာသာများတွင်လည်း အလားတူ သေလွန်ခြင်းနှင့်ဆိုင်သော ယုံကြည်ချက်များရှိကြသည်။



ဝတ်မှုန် (စင်ကာပူ) ၁၅-သြဂုတ်လ-၂၀၁၃


စင်္ကာပူရောက် မြန်မာများ

CA 125 ကင်ဆာ စစ်ဆေးနည်း



ဆရာရှင့် ကျမ အသက် ၃၉ နှစ်ကျော်ပါရှင်။ ကျမညာဘက်သားဥအိမ်တွင် သွေးလုံးတည်နေတာ ၄.၅ CM ရှိနေပါတယ်။ ဆီးစပ်နှင့်ခါးလည်း အရမ်းကိုက်ပါတယ်။ ခွဲစိပ်ရင်ကောင်းမလား ဆေးသောက်ရင် ကောင်း မလား ဆိုတာ ဆရာအကြံပေးပါလားရှင်။ ဆရာကိုတစ်ခါမှမမေးဘူးတဲ့အတွက် အမှားရှိရင် ခွင်လွှတ် ပေးပါ။


OVARIAN CYST ဆိုတာ ဆေးနဲ့တော့ မပျောက်ပါ။ ကြီးလာနိုင်တယ်။ တဖက်တည်းဖြစ်တာ တော်ပါသေး တယ်။ ကင်ဆာ မဟုတ်တာလဲ ကံကောင်းတယ်။ သွေးဖြစ်နေရင် များလာတဲ့အခါ ဖိအားသက်ရောက်တာ၊ ပေါက်တာ ဖြစ်ချင်ဖြစ်လာတတ်တယ်။ ခွဲစိတ်ထုတ်ပြစ်တာက အပန်းမကြီးပါ။ အိမ်ထောင်ရေး၊ ကလေး အခြေအနေပေါ်မူတည်ပြီး အကျိတ်သပ်သပ်ကိုသာ ထုတ်တာနဲ့ မျိုးဥအိမ်တခုလုံးထုတ်တာ ရွေးချယ်လေ့ ရှိပါတယ်။


(အိုဂျီ) က အကောင်းဆုံးအကြံပေးတာ ဖြစ်ပါမယ်။ အိမ်ထောင်ပြုလို့ ရောဂါပိုဆိုးမယ်မဟုတ်ပါ။ သား-သမီ ရဘို့တော့ ခက်နိုင်တယ်။ ဒါလဲ ရာနှုန်းပြည့် မရဘူးမဟုတ်ပါ။ ညာဘက်မှာသာဖြစ်ပြီး ဘယ်ဘက်က အကောင်းရှိနေရင် ဟော်မုန်း ထွက်တာ၊ မျိုးဥထွက်လာ လုပ်ပေးနေပါလိမ့်မယ်။ အိမ်ထောင်ပြုလို့ ပိုသက် သာလာတာလဲ ဖြစ်နိုင်ပါသေးတယ်။


WED, DEC 26, 2012 AT 9:01 AM
ဆရာ အကြံပေးမှုကို လက်ခံပါတယ်။ သမီးရဲ့ CA 125 သွေး RESULT ကို ပို့ ပေးလိုက်ပါတယ်။ သမီးရဲ့ OG ကတော့ မခွဲစိပ်နဲ့လို့ ပြောပါတယ်။ ၈ လပိုင်းကတည်းကစပြီး အောင့်တာ ULTRASOUND ရိုက်တော့ ဘာမှ မတွေ့တော့ OG က MERVALON 3 MONTH ON ပါတယ်။ ဒီလ ၁၂ ပိုင်း နည်းနည်းပြန်အောင့်တာနဲ့ ULTRASOUND ပြန်ရိုက်တာ အခုမှ သွေးလုံးရှိမှန်းသိတော့ အရမ်းကြောက်သွားပါတယ်ဆရာ။ ဒါကြောင့် ဆရာဆီ အကြံတောင်းလိုက်တာပါ။

အိမ်ထောင်ပြုလို ရ၊ မရ သိချင်ပါတယ် ဆရာ။ နောက်ပြုသင့် မပြုသင့် သိချင်ပါတယ်။ ဘယ်လိုပြုမူနေထိုင် ရမယ်၊ ဘာအစားစာတွေ စားသုံးသင့်တယ်ဆိုတာ သိချင်ပါတယ်။ သမီးရဲ့ သွေးအဖြေက အခြေနေ ကောင်းရဲ့ လားဆရာ။ သမီးက ကြောက်တတတ်လို့ပါ။

RESULT REF:RANGE UNIT REMARK
53.53 <=35 U/ ML HIGH


CA 125 (စီအေ-၁၂၅) ဆိုတာ (ပရိုတင်း) တမျိုးဖြစ်တယ်။ CANCER ANTIGEN ကင်ဆာဖြစ်စေတဲ့ (အင်တီ ဂျင်) ရဲ့ အတိုကောက် ဖြစ်တယ်။ ဆေးပညာမှာ TUMOR MARKER ဒါမှမဟုတ် BIOMARKER လို့ခေါ်တယ်။ လူတွေရဲ့ (ဆဲလ်) တွေထဲမှာ တကယ်လို့ ကင်ဆာရှိနေရင် ဒါတွေတွေ့မယ်။ အဓိကအားဖြင့် OVARIAN CANCER မျိုးဥအိမ်ကင်ဆာမှာ သိသာတယ်။ သံသယရှိတဲ့လူနာရဲ့သွေးကိုစစ်ရတယ်။ (ရင်ပတ်၊ ဝမ်းဗိုက်) က ကိုယ်ခန္ဓာအရည်ကိုလဲ စမ်းနိုင်တယ်။ ဒီ (အင်တီဂျင်) ကို ဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) နဲ့ စမ်းရတာ ဖြစ် YG တယ်။


35 U /ML ထက်နည်းတာက (နော်မယ်လ်) ပုံမှန်အဖြေဖြစ်တယ်။


• ဓါတ်ခွဲခန်းအဖြေတခုတည်းနဲ့တော့ လူနာမှာ ကင်ဆာရှိနေပြီလို့ ပြောမရသေးပါ။ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေ။ တခြားအခြေအနေတွေမှာလဲ ဒီလိုရလဒ်များနေနိုင်တယ်။
• တင်ပါးဆုံတွင်မှာ ကင်ဆာရှိသူ ၉ဝ% သောလူနာတွေမှာ ၆၅ ထက်များနေတယ်။ အကျိတ်ရှိတာလဲ သိမှသာ အသေအချာပြောနိုင်ပါမယ်။
• များနေတဲ့ အမျိုးသမီးတွေထဲက ၃% မှာသာ မျိုးဥအိမ်ကင်ဆာရှိတယ်။
• မျိုးဥအိမ်ကင်ဆာ တကယ်ရှိနေသူတွေထဲက ၂ဝ% မှာ ဒီအဖြေများမနေပါ။
• ကင်ဆာမဟုတ်တဲ့ ENDOMETRIOSIS (အင်ဒိုမီထရီယိုးဆစ်) UTERINE FIBROIDS သားအိမ်အလုံး၊ OVARIAN CYST မျိုးဥအိမ်အကျိတ်၊ PANCREATITIS သရက်ရွက်ရောင်တဲ့ရောဂါမှာလဲ များနိုင်တယ်။
• ကင်ဆာဟုတ်တဲ့ သားအိမ်ပြွန်၊ သားအိမ်နံရံ၊ အဆုပ်၊ အစာလမ်းကြောင်း၊ ရင်သား၊ သရက်ရွက်အကျိတ် တွေမှာလဲ မြင့်နေမယ်။
• သာမန်ရာသီလာချိန်မှာလဲ မြင့်နေနိုင်တယ်။ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်နေသူနဲ့ အသဲခြောက်ရောဂါ ရှိသူတွေမှာလဲ များတယ်။
• ကိုယ်ဝန်ရှိနေရင် ကင်ဆာမရှိဘဲ များနေနိုင်တယ်။ သွေးဆုံးကာနီးတဲ့ အမျိုးသမီးတွေမှာ ကင်ဆာ မဟုတ်တဲ့ အပြောင်းအလဲတွေကြောင့် များနေနိုင်တယ်။
• ဒီစမ်းသပ်နည်းကို အများဆုံးသုံးတာက OVARIAN CANCER မျိုးဥအိမ်ကင်ဆာရှိတာသေချာနေသူကို ဆေး ကုသရာမှာ ထိရောက်မှုသိနိုင်ဘို့ဖြစ်တယ်။ ဒီလိုလူနာတွေကို မကြာမကြာစစ်နေရတယ်။ နည်းနည်းလာရင် ဆေးကုသမှု ထိရောက်တယ်လို့ သိနိုင်တယ်။


ဒါကြောင့် ဒီစမ်းသပ်နည်းကို ကင်ဆာ ရှိနေ-မနေ သိဘို့ လူအများကိုစမ်းသပ်နည်းတခုအနေနဲ့ မသုံးပါ။ သွေးစစ်လို့ CA-125 များနေတဲ့အမျိုးသမီးကို အကြံပေးနိုင်တာက ကင်ဆာဆိုပြီး စိုးရိမ်စိတ် မများပါနဲ့၊ ဆရာဝန်နဲ့ဆွေးနွေးပါ ဆိုတာသာ ဖြစ်ပါတယ်။


ဒေါက်တာတင်ဆွေ့

သွေးစုပ်ဖုတ်ကောင် အဖေက သမီးကို သွေးစုပ်၊ စားသောက်



ပါပူဝါ နယူးဂီနီက အမျိုးသားတယောက်ဟာ ၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွားတဲ့အတွက် သူ့ကို ဖမ်းလိုက် ပါတယ်။ ဒေသဆိုင်ရာ ကောင်စီလူကြီးတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်အဆိုအရ ၃ နှစ်သမီးလေးနဲ့ သူ့မိခင်တို့ဟာ ဖခင်ဖြစ်သူထံ အလည်လာခိုက် ဘာဖြစ်မှန်း မသိရပဲ အမေက သမီးကို လက်ဆွဲရင်း ထွက်ပြေးခဲ့တယ်တဲ့၊ နောက်က သူ့ခင်ပွန်းက လိုက်လာတော့ ခြုံ တွေထဲ ၀င်ပြေးသွားခဲ့တယ်လို့ ဆိုတယ်။

ပြီးတော့ ခြုံထဲမှာ အဲဒီအမျိုးသားက သူ့သမီးလည်ပင်းကို ကိုက်၊ အသားတွေစား၊ သွေးတွေ စုပ်နေခဲ့ တာ ကို သစ်ပင်တပင်ပေါ် တက်နေတဲ့ လူငယ် ၂ ဦးက မြင်တော့ သူတို့လည်း ထွက်ပြေးပြီး လူတွေကို ပြော
ပြကြတယ်။

ကလေးတွေပြောတာကို အဲဒီကောင်စီလူကြီးက မယုံခဲ့ဘူး၊ ရယ်စရာတောင် လုပ်ပစ်လိုက်ခဲ့တယ်။ ဒါပေမယ့် အဲဒီ ကလေး တွေ က တော်တော် ကြောက်နေတာတော့ သတိထားမိတယ်လို့ ကောင်စီ လူကြီးက သတင်းထောက်တွေကို ပြောပြတယ်။

ဒါနဲ့ မျက်မြင်ကလေးတွေကြောင့် လူတွေရောက်လာပြီး အဲဒီ သွေးစုပ်ဖုတ်ကောင်ဆိုသူကို ခြုံထဲမှာ သူ့သမီးအလောင်းနဲ့ တွေ့လိုက်ကြတယ်။ သမီးကို ပြန်စားတဲ့ အဖေဖြစ်သူကလည်း ထွက်ပြေးဖို့ ကြိုးစား ခဲ့သေးတယ်။ နောက်ဆုံးတော့ လူတွေ က ၀ိုင်းဖမ်းပြီး ရဲလက်ကို အပ်လိုက်ကြတယ်။ သေဆုံးသူ ကလေးမ ရဲ့ အမေကတော့ ဘယ်ရောက်သွားတယ် ဆိုတာ သတင်းထဲမပါတော့ မသိရဘူး။

၃ နှစ်သမီးလေးရဲ့ လည်ချောင်းသွေးဖောက်သောက်၊ အသားစားတဲ့ အတွက်ကြောင့် အဖမ်းခံလိုက်ရတဲ့ ဖခင်ဖြစ်သူ ကို သွေးစုတ်ဖုတ်ကောင်လို့ သမုတ်ခံကြတယ်။

သွေးစုပ်ဖုတ်ကောင်ဆိုတာ တကယ်ပဲ ရှိနေရော့သလား ဆိုတာတော့ ဝေခွဲရခက်နေတဲ့ ပုစ္ဆာတပုဒ်လိုပါဘဲ။ အဲဒီဒေသမှာလည်း မှော်အတတ်ပညာတွေလို ရံဖန်ရံခါ ဒီလိုပြဿနာမျိုးတွေ ဖြစ်တတ်ကြတယ်လို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။

မနှစ်ကပဲ အလားတူ ထူးထူးဆန်းဆန်း သေဆုံးမှုတွေကြောင့် ဒါဇင်နဲ့ ချီတဲ့ လူတွေကို ရဲက ဖမ်းခဲ့ရပါသေး တယ်တဲ့။ ၂၀၁၁ ခုနှစ်ကလည်း မွေးကင်းစ သားလေးကို ပြန်စားလိုက်တဲ့ လူတယောက်နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ခဲ့ပါသေးတယ်။

အိမ့်သံစဉ် ~

ပညာရေးကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ရန် ကမ္ဘာ့ကို မာလာလာ တောင်းဆို

 Created on Saturday, 13 October 2013


ကမ္ဘာ့ဘဏ် ဌာနချုပ်တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့၌ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကင် (၀ဲ)နှင့် မာလာလာတို့ကို တွေ့ရစဉ် (Photo:AFP)

ကမ္ဘာပေါ်ရှိ အမျိုးသမီးများ ပညာသင်ခွင့်အတွက် ရပ်တည်သူ တစ်ဦးဖြစ်လာသော ပါကစ္စတန်ကျောင်းသူ မာလာလာယူဆွတ်ဇိုင်က ပညာရေးကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ရန် ကမ္ဘာ့ဘဏ်ကို အောက်တိုဘာ ၁၁ ရက်တွင် တောင်းဆိုခဲ့သည်။ မာလာလာသည် ၀ါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ် ရုံးချုပ်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ အခမ်းအနား တက်ရောက်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်အတွက် မာလာလာ၏ အကြံပြုချက်ကို ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယုံကင်က တောင်းခံခဲ့ရာ "ကမ္ဘာ့အဖွဲ့အစည်းတွေဟာ ကျန်းမာရေး၊ အေအိုင်ဒီအက်စ်နဲ့ အခြားအစီအစဉ်တွေအတွက် ငွေကြေးအမြောက်အမြား သုံးစွဲပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတွေ အားလုံးဟာ ပညာရေးကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ရမယ်လို့ ကျွန်မထင်ပါတယ်" ဟု မာလာလာက ပြောကြားခဲ့သည်။

ယင်းဦးစားပေးမှုက ကလေးအလုပ်သမား၊ ကလေးလူကုန်ကူး ခံရခြင်း၊ ဆင်းရဲမွဲတေမှုနှင့် အေအိုင်ဒီအက်စ် စသည်တို့ကို တစ်ပြိုင်နက်တည်း တိုက်ဖျက်ပေးမည်ဖြစ်ကြောင်း အသက် ၁၆ နှစ်အရွယ် မာလာလာက ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်သည် မာလာလာ ဖောင်ဒေးရှင်းကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ လှူဒါန်းခဲ့ကြောင်း ကင်ကကြေညာခဲ့သည်။ ကမ္ဘာတစ်ဝန်း အမျိုးသမီးများ ပညာသင်ခွင့် ရရှိရန်အတွက် ကူညီရန် မာလာလာက ယင်းဖောင်ဒေးရှင်းကို ထူထောင်ထားသည်။

မာလာလာက သူ၏ဖခင်သည် သားများကို ဦးစားပေးသော ပါကစ္စတန် လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၏ အခွင့်အရေးများအတွက် လှုံ့ဆော်ခဲ့ကြောင်း၊ ယင်းအတွက် ဖခင်ဖြစ်သူကို တာလီဘန်များ၏ တိုက်ခိုက်ခံရနိုင်သည်ကို အသက် ၁၃ နှစ်နှင့် ၁၄ နှစ်ခန့်တွင် ခံစားမိခဲ့ပြီး မိမိကို တိုက်ခိုက်လာနိုင်ခြေ အတွက်လည်း ကြိုတင်ပြင်ဆင်ခဲ့ကြောင်း မာလာလာက ပြောကြားခဲ့သည်။ အမျိုးသမီးများ ပညာသင်ခွင့် တောင်းဆိုမှုကြောင့် မာလာလာသည် ပြီးခဲ့သောနှစ် အောက်တိုဘာ ၉ ရက်က တာလီဘန်များ၏ သေနတ်ဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရသည်။

ယင်းနောက် မာလာလာသည် ကမ္ဘာတစ်ဝန်း အမျိုးသမီး ပညာသင်ခွင့် လှုံ့ဆော်ရေး ပြယုဂ်ဖြစ်လာပြီး ယခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆု ပေးအပ်ခံရမည်ဟု ထင်ကြေးပေးခံ ခဲ့ရသည်။ နိုဗယ်ဆုနှင့် လွဲချော်ခဲ့သော်လည်း အမျိုးသမီး လူ့အခွင့်အရေးအဖွဲ့ RAW in War က ပေးအပ်သော အန်နာပိုလစ်ကော့စကာယာ အထိမ်းအမှတ်ဆုကို အောက်တိုဘာ ၄ ရက်တွင် ရရှိခဲ့သည်။ မာလာလာ နိုဗယ်ဆု လွဲချော်ခဲ့ခြင်းကို ၀မ်းမြောက်ကြောင်း၊ ပါကစ္စတန် တာလီဘန်အဖွဲ့ Tehreek-e-Taliban က ပြောကြားခဲ့သည်။ မာလာလာ ဆုရရှိခြင်းများနှင့် ပတ်သက်၍ "မာလာလာ ဘာမှမလုပ်ပါဘူး။ အစ္စလာမ်ကို ဆန့်ကျင်နေလို့ ဆုတွေရနေတာပါ" ဟု ပါကစ္စတန် တာလီဘန်များက ပြောခဲ့သည်။

မာလာလာသည် အောက်တိုဘာ ၁၀ ရက်က ဥရောပ၏ ဂုဏ်သိက္ခာ ကြီးမားသော ဆာခါရော့ လူ့အခွင့်အရေးဆုကို ရရှိခဲ့ပြီးနောက် မာလာလာကို အမေရိကန်နှင့် ဗြိတိန်တွင် ရှိနေလျှင်ပင် သတ်မည်ဟု TPP က ခြိမ်းခြောက်ခဲ့သည်။ မာလာလာ၏ အတ္ထုပ္ပတ္တိစာအုပ် 'I Am Malala: The Girl Who Stood Up for Education and Was Shot by the Taliban' သည် မကြာသေးမီက ထွက်ရှိခဲ့သည်။ ဆရာဝန် ဖြစ်ချင်ခဲ့သော မာလာလာက ယခုအခါ အပြောင်းအလဲများ ဖော်ဆောင်ရန်အတွက် နိုင်ငံရေးသမားတစ်ဦး ဖြစ်လိုကြောင်း ပြောကြားသည်။

Ref:AFP

Related Posts Plugin for WordPress, Blogger...