Thursday, December 5, 2013

ဗိုလ်တထောင် စေတီတော်မှစ၍ ရန်ကုန်မြစ်ကမ်းတစ်လျှောက် မြို့ပြစီမံကိန်းများ ဆောင်ရွက်မည်ဆိုပါက အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ၂၅ ပေ ချန်ထားပေးရန် အဆိုပြုထား



Thursday, 05 December 2013
ဗိုလ်တထောင် စေတီတော်နှင့် ရန်ကုန်မြစ်ကမ်းတစ်လျှောက်အား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ဗိုလ်တထောင် စေတီတော်မှ စတင်၍ ရန်ကုန်ဆိပ်ကမ်းနယ်မြေ ကမ်းပါးတစ်လျှောက် အဆောက်အအုံ ဆောက်လုပ်ခြင်းစသည့် မြို့ပြစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ၂၅ ပေ ချန်ထားပြီးမှ ဆောင်ရွက်ပေးရန် အဆိုပြုထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး မြို့ပြစီမံကိန်းပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့်"ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆိုပြုမြေ အသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ အများပြည်သူ ဆွေးနွေးပွဲ"တွင် ဒေါ်လှိုင်မော်ဦးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်တထောင် စေတီတော်အနီး ပတ်ဝန်းကျင်အား စိမ်းလန်းမြေဧရိယာအဖြစ် သတ်မှတ်၍ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခြင်းအား ကန့်သတ်ပေးရန်၊ ယင်းနှင့် ဆက်စပ်၍ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းကိုလည်း စိမ်းလန်းမြေဧရိယာအဖြစ် အများပြည်သူ အပန်းဖြေနိုင်သည့် နေရာများချန်လှပ်ထားပေးရန်၊ ယင်းနေရာများတွင် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို ပုဂ္ဂလိကသော် လည်းကောင်း၊ အစိုးရသော် လည်းကောင်း ဆောင်ရွက်မည်ဆိုပါက အများပြည်သူ လမ်းလျှောက်အနားယူနိုင်သည့် နေရာများ ချန်ပေးထားရန် အဆိုပြုထားခြင်း ဖြစ်သည်။



ရန်ကုန်မြစ်ကမ်းဘေး ကမ်းနားလမ်းမတစ်လျှောက်အား တွေ့ရစဉ်(ဓာတ်ပုံ-၀င်းမြင့်ကျော်) ယင်းသို့ အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ၂၅ ပေချန်ထားရန် အဆိုပြုထားမှုနှင့် ပတ်သက်၍ ၂၅ ပေထက် ပိုမိုချန်ပေးနိုင်မလားဟူ၍ ယင်းဆွေးနွေးပွဲတွင် ကြည့်မြင်တိုင်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာက ဆွေးနွေးခဲ့ရာ အခြားနိုင်ငံများတွင် ပေ ၃၀၊ ပေ ၅၀ စသည်ဖြင့် ချန်ထား၍ အများပြည်သူ အပန်းဖြေနေရာများ လုပ်ပေးထားကြောင်း ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

"ကျွန်မတို့ဘက်ကလည်း ဒီလိုသတ်မှတ်မှုမှာ စီးပွားရေးလုပ်ငန်းရှင်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့ဘက်ကိုလည်း ကြည့်ရပါတယ်။ ပိုလုပ်လို့ရရင်တော့ လုပ်ချင်ပါတယ်။ ဒီလိုသတ်မှတ်နိုင်ဖို့ အတွက်ကိုလည်း တစ်နှစ်လောက် ကြိုးပမ်းလုပ်ဆောင်ခဲ့တာကို ဒီဆွေးနွေးပွဲမှာ ချပြဆွေးနွေးတာ ဖြစ်ပါတယ်"ဟု ဒေါ်လှိုင်မော်ဦးက ဆက်လက် ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ စိမ်းလန်းမြေဧရိယာများဖြစ်သော ကန်တော်ကြီး၊ အင်းလျားကန်၊ မဟာဗန္ဓုလပန်းခြံ စသည့်နေရာ ပတ်ဝန်းကျင်များတွင်လည်း ဆောက်လုပ်ရေး လုပ်ငန်းများ အများအပြား ၀င်ရောက်လာခြင်း မရှိစေရန်အတွက် ထိန်းသိမ်းကန့်သတ်မှုများ ပြုလုပ်သွားရန် လိုအပ်နေကြောင်း ဆွေးနွေးခဲ့သည်။

EMG

မိုဘိုင်းဖုန်း ကိုင်ဆောင်သူဦးရေ လက်ရှိ ၁၀ ရာခိုင်နှုန်းမှ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လူဦးရေ ရာခိုင်နှုန်း ၅၀ အထိ မိုဘိုင်းဖုန်း ကိုင်ဆောင်နိုင်အောင် ပြုလုပ်မည်




Thursday, 05 December 2013
အနော်ရထာလမ်းမပေါ်ရှိ ပုဂ္ဂလိက ဆက်သွယ်ရေး ဖုန်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-အသက်မင်း)

ကုမ္ပဏီများ ဖွဲ့စည်းပြီး ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံတွင် လက်ရှိ မိုဘိုင်းဖုန်း ကိုင်ဆောင်သည့် လူဦးရေမှာ ၂၀၁၃ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းထိရှိပြီး လာမည့် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် မိုဘိုင်းဖုန်း ကိုင်ဆောင်နိုင်မည့် လူဦးရေမှာ ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်အောင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ကိုင်ဆောင် အသုံးပြုသည့် ဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသော်လည်း မြန်မာနိုင်ငံရှိ လူဦးရေအရေအတွက်နှင့် တိုင်းတာပါက မိုဘိုင်ဖုန်း ကိုင်ဆောင်သည့် အရေအတွက် အလွန်နည်းပါးကြောင်း သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းလိုင်းအင်အားကို နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး၂၀၁၃- ၂၀၁၄ တွင် ဖုန်းလိုင်း လေးသန်း၊၂၀၁၄- ၂၀၁၅ တွင် ဖုန်းလိုင်း ငါးသန်းနှင့် ၂၀၁၅- ၂၀၁၆ တွင် ဖုန်းလိုင်း ငါးသန်း စုစုပေါင်း မိုဘိုင်းဖုန်းလိုင်းအင်းအား ၁၄ သန်းအထိ တိုးချဲ့တပ်ဆင်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

"အခုဆိုရင်လည်း ဆက်သွယ်ရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်နေပါတယ်။ နောက်ပိုင်းမှာလည်း အများကြီးလုပ်သွားဖို့ ရှိပါတယ်။ ပြီးတော့ အခုဆိုရင် ပြည်ပကုမ္ပဏီတွေက ရောင်းမယ်။ ပြည်တွင်း ကုမ္ပဏီတွေကလည်း ရောင်းချမယ်ဆိုရင် ကိုင်ဆောင်မယ့် သူတွေအတွက်က ရွေးချယ်မှုတွေ အများကြီး ရရှိမှာပါ။ ပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မိုဘိုင်းဖုန်း ကိုင်ဆောင်မယ့် ရာခိုင်နှုန်း တိုးလာအောင် ပြုလုပ်သွားမှာပါ" ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ၂၀၁၂-၂၀၁၃ တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ တွင်၂၇ ရာခိုင်နှုန်း၊၂၀၁၄- ၂၀၁၅ တွင် ၅၀ ရာခိုင်နှုန်းနှင့်၂၀၁၅-၂၀၁၆ တွင် ၇၅ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ခန်မှန်းချက်များအရ သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းများကို အဆင့်ဆင့် လျှော့ချပြီး ရောင်းချပေးသော်လည်း မြန်မာနိုင်ငံတွင် လူတိုင်းမိုလ်ဘိုင်းဖုန်း ကိုင်ဆောင်နိုင်သည့် အနေအထားသို့ ရောက်ရှိနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

EMG

မျိုးဆက်သစ်များ အတုမယူသင့်သည့် ဗိုလ်မှူး သမီး၊ ဗိုလ်မှူးကြီး သမီး နှင့် ဗိုလ်ချုပ်သမီး ၃ ဦး



လက်တလော အင်တာနက်ပေါ်တွင် ဗြောင်းဆန် သွားခဲ့တဲ့ အကြောင်းကတော့ ဗိုလ်မှူးစိုးမြင့် ရဲ့ သမီး စိုးမြတ်သူဇာ နဲ့ ဗိုလ်မှူးကြီး ကိုကိုရဲ့ သမီး နဝရတ် တို့ရဲ့သမီးတို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းတွေ ဖြစ်ပါတယ်။ အဖေက စစ်သားတွေဖြစ်တာကြောင့် ဝိုင်းဝန်းအပြစ်တင်မှုတွေ ဆက်တိုက်တွေ့လာရပါတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်လိုပဲ စစ်သား သမီးဖြစ်ပြီး မူးယစ်ဆေးထက် သုံးစွဲတာထက် ဆိုးတဲ့ လူကိုတော့ အပြစ်တင်ဖို့ မေ့နေကြပါတယ်။ အဲဒါကတော့ စစ်ဗိုလ်ချုပ် အောင်ဆန်း ရဲ့ သမီး ရဲ့ အမျိုးမစောင့်တဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပါ။

ဗိုလ်မှူးသမီး စိုးမြတ်သူဇာနဲ့ ဗိုလ်မှူးကြီး သမီး နဝရက် တို့က မူးယစ်ဆေးနဲ့ တစ်ချိန်က ပတ်သက်ခဲ့ဖူးပေမယ့် သားသမီး တာဝန်ဝတ်တရားဖြစ်တဲ့ အမျိုးစောင့်ခြင်း တာဝန်ကိုတော့ ကျေပွန်ခဲ့ကြပါတယ်။ စစ်ဗိုလ်ချုပ် သမီး ဒေါ်စုကြည် ကတော့ နိုင်ငံခြားသားကို လက်ထက် ပေါင်းသင်းခဲ့ပါတယ်။

""ဗိုလ်မှူး နဲ့ ဗိုလ်မှူးကြီး သမီးတို့ တစ်ချိန်က မှားခဲ့တာက အခုချိန်မှာ ပြင်လို့ ရသွားပြီ ဖြစ်ပေမယ့် စစ်ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်စုကြည် မှားခဲ့တာကတော့ တစ်သက်လုံးပြင်လို့မရအောင် မျိုးဆက်ပျက်ခဲ့ရပြီ ဖြစ်ပါတယ်။""

စိုးမြတ်သူဇာ နဲ့ နဝရတ်တို့ ၂ ယောက် မူးယစ်ဆေးဝါး သုံးတာက သူတို့ ဘဝ နဲ့ သူတို့ မိသားစုနဲ့ ပဲ ဆိုင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသား ကို အိမ်ထောင်ပြုတာက သူ့မိသားစုကို ပြင်းပြင်းထန်ထန် ထိခိုက်ကာ မျိုးဆက်ပျက်သွားတဲ့အပြင် အမျိုးသားခေါင်းဆောင်ရဲ့ ပုံရိပ်၊ စစ်တပ်ရဲ့ ပုံရိပ် နဲ့ နိုင်ငံရဲ့ ပုံရိပ်တွေကို အများကြီး ပိုထိခိုက်စေခဲ့ပါတယ်။

""ဗိုလ်မှုး နဲ့ ဗိုလ်မှုးကြီးဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ နှိုင်းယှဉ်လျှင် အများကြီး ကွာသလို အနုပညာသည် တွေကလည်း နောက်တစ်ဆက် သမ္မတလုပ်မယ့်လူနဲ့ နှိုင်းယှဉ်လျှင် အများကြီး ကွာလွန်းပါတယ်။ ဒါပေမယ့် သမ္မတလုပ်မယ့်လူရဲက အမှားက အနုပညာသည်တွေ အများထက် အဆပေါင်းများစွာ ပိုဆိုးလွန်းပါတယ်။ ဒါ့အပြင် ပြင်လို့ရတဲ့ အမှားကို ကျူးလွန်ခဲ့သူက သုံးယောက်ထဲမှာ အသက်အကြီးဆုံးသူ ဖြစ်နေပါတယ်။ တသက်လုံးပြင်မရတဲ့ အမှားကို မှားခဲ့တဲ့ သူကိုသာ သမ္မတတင်လိုက်ရင် တနိုင်ငံလုံး ဒုက္ခရောက်ကုန်မှာပါ။""

""၃ ဦးလုံးရဲ့ အမှားတွေကတော့ လူငယ်တွေ အတုမယူသင့်တဲ့ အမှားတွေဖြစ်ပါတယ်။ စိုးမြတ်သူဇာ နဲ့ နဝရတ် တို့လို မူးယစ်ဆေးနဲ့ ပတ်သက်တာကို လူငယ်တွေ အတုမယူသင့်သလို ဒေါ်အောင်ဆန်းစုကြည်လို့ မျိုးမစောင့်တာကိုလည်း လူငယ်တွေ အတုမယူသင့်ပါဘူး။ ဒါပေမယ့် စိုးမြတ်သူဇာနဲ့ နဝရတ်တို့ အမြင်မှန် ရသွားတာကိုတော့ အများကြီး အတုယူသင့်ပြီး ဘယ်တော့မှ ပြင်မရတော့တဲ့ ဒေါ်စုအမှားကိုတော့ သံဝေဂ ယူသင့်ပါတယ်။""

အနုပညာသမား ငရုတ်သီး တွေ စစ်တပ် ကြက်သွန်နဲ့ ပေါင်းပြီး အထောင်းခံရသလိုပဲ အခုလောလောဆယ် စစ်တပ် ကြက်သွန်နဲ့ အတင်းပေါင်းဖို့ ကြိုးစားနေတဲ့ ငရုတ်သီးမ ဒေါ်အောင်ဆန်း စုကြည်ကိုတော့ ထောင်းဖို့ မေ့နေကြပြန်ပါတယ်။ လူတိုင်းဟာ မှားဖူးပေမယ့် ပြင်လို့ရတဲ့ အမှားကို မှားတာက တသက်လုံးပြင်မရတဲ့ အမှားကို မှားခဲ့တဲ့လူထက်စာရင် အများကြီးကောင်းပါသေးတယ်။

Myanmar Express

ယခုနှစ် နိုဝင်ဘာလကုန်အထိ ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် တစ်သိန်းခုနစ်သောင်းကျော် လာရောက်ခဲ့ပြီး ယခင်နှစ်ထက် ၂၃ ရာခိုင်နှုန်း တိုးတက်



 Thursday, 05 December 2013
ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းက ပုဂံဒေသသို့ ရှေးဟောင်းကားများဖြင့် လာရောက်သည့် နိုင်ငံခြားသားအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကိုနော်(ပုဂံ))

ယခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလကုန်အထိ ပုဂံဒေသသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် တစ်သိန်းခုနစ်သောင်းကျော် လာရောက်ခဲ့ပြီး ယခင်နှစ်ထက် ၂၃ ရာခိုင်နှုန်း တိုးတက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။ ပုဂံဒေသမှာ မြန်မာနိုင်ငံ၏ အဓိက ခရီးသွားနေရာ ဖြစ်နေပြီး ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုအရှိဆုံး နေရာတစ်ခုလည်း ဖြစ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ခရီးသွားလာရောက်မှုနှုန်း ထုတ်ပြန်ထားချက်တွင် ယခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလကုန်အထိ ၀င်ပေါက်အသီးသီးမှ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၇၀၃၅၄ ဦးအထိ လာရောက်ခဲ့သည့်အတွက် ယခင်နှစ် ကာလတူ လာရောက်သည့် အရေအတွက်ထက် ၃၂၃၄၂ ဦးပိုများခဲ့ကာ ရာခိုင်နှုန်းအရ ၂၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ နိုင်ငံခြားသားများ လာရောက်မှုမှာ နှစ်စဉ်တိုးတက်လာသည့်အတွက် ပုဂံဒေသသို့ ၀င်ပေါက်၊ ထွက်ပေါက်များအတွက် အဆင်ပြေရန်နှင့် လုံခြုံရေး ဆောင်ရွက်မှုများတွင်လည်း တိုးမြှင့်လုပ်ဆောင်မှုများ ပြုလုပ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ဆက်လက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှာ ခရီးသွားမှုနှုန်းမှာ ၂၀၀၉ ခုနှစ်အထိ ငြိမ်သက်နေရာမှ ၂၀၁၀ နောက်ပိုင်းကာလများတွင် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ၂၀၁၃ ခုနှစ် ၁၀လ အတွင်း၌ပင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁ ဒသမ ၈ သန်းထိ လာရောက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် နှစ်သန်းထိ ၀င်ရောက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ မျှော်မှန်းထားကြောင်း သိရသည်။

EMG

ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမည့်သူများ ဆီးဂိမ်းစ်ကာလ ဒီဇင်ဘာ ၇ ရက်တွင် မဟာဗန္ဓုလ ပန်းခြံနံဘေး၌ ငါးကြိမ်မြောက် ဆန္ဒပြမည်



 Thursday, 05 December 2013
အောက်တိုဘာ ၂၆ ရက်က လေးကြိမ်မြောက် ဆန္ဒပြနေကြသော ၆၇ ရပ်ကွက် နေထိုင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမည့်သူများ ဒီဇင်ဘာ ၇ ရက်၌ မဟာဗန္ဓုလ ပန်းခြံနံဘေးတွင် လူအင်အားတစ်ရာခန့်ဖြင့် ငါးကြိမ်မြောက် ဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၆၇ ရပ်ကွက်တွင် တည်ရှိသော အဆိုပါ စီမံကိန်းကြောင့် လက်ရှိပြောင်းရွှေ့ရမည့် သူများမှာ အိမ်ထောင်စု ၆၀ ကျော်ရှိကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သော ဦးတော်မီ၏ ပြောကြားချက်အရ သိရသည်။

ဆန္ဒဖော်ထုတ်ဖို့ စာတင်ထားတာ ဒီနေ့မနက် (ဒီဇင်ဘာ ၄ ရက်) ၇ နာရီလောက်မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းကြီးကြပ်ရေးအဖွဲ့က ဖုန်းဆက်ပြီး ခွင့်ပြုချက်ရပြီလို့ ဖုန်းဆက်ပါတယ်။ ကျွန်တော်တို့ လူအင်အား ၁၀၀ နဲ့ ဒီဇင်ဘာ ၇ ရက်မှာ မဟာဗန္ဓုလ ပန်းခြံနံဘေးမှာ ပြုလုပ်သွားပါမယ်


ဆက်လက်၍ ၎င်းက "ဆန္ဒဖော်ထုတ်ဖို့ စာတင်ထားတာ ဒီနေ့မနက် (ဒီဇင်ဘာ ၄ ရက်) ၇ နာရီလောက်မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းကြီးကြပ်ရေးအဖွဲ့က ဖုန်းဆက်ပြီး ခွင့်ပြုချက်ရပြီလို့ ဖုန်းဆက်ပါတယ်။ ကျွန်တော်တို့ လူအင်အား ၁၀၀ နဲ့ ဒီဇင်ဘာ ၇ ရက်မှာ မဟာဗန္ဓုလ ပန်းခြံနံဘေးမှာ ပြုလုပ်သွားပါမယ်" ဟု ပြောကြားသည်။

၎င်းတို့ ဆန္ဒပြမည့် ဒီဇင်ဘာ ၇ ရက်သည် မြန်မာနိုင်ငံတွင် တတိယအကြိမ် ပြုလုပ်မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ ပထမဆုံး ယှဉ်ပြိုင်ကစားမည့် ရက်လည်း ဖြစ်သည်။

၆၇ ရပ်ကွက် မြေပေါ်တွင် တည်ဆောက်နေသော ဧရာဝဏ်နှင့် ရတနာတန်ဖိုးနည်းအိမ်ရာတွင် အရစ်ကျစနစ်ဖြင့် တိုက်ခန်းများ ပြန်လည်ရောင်းချပေးမည်ဟု ဒဂုံမြို့သစ် (ဆိပ်ကမ်း) အိုးအိမ်ဦးစီးဌာနမှ ယခင် ညွှန်ကြားရေးမှူး၏ ကတိအတိုင်း ပြုလုပ်ပေးရန် ဆန္ဒပြခြင်းဖြစ်ကြောင်း ၆၇ ရပ်ကွက်တွင် လက်ရှိနေထိုင်သူများက ပြောကြားသည်။

အဆိုပါ ဆန္ဒပြမှုကို နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး လက်ထက်တွင် ဆန္ဒပြမှုလေးကြိမ် ပြုလုပ်ခဲ့ပြီး၊ ယခုဆန္ဒပြမှုမှာ ညွှန်ကြားရေးမှူးအသစ် လက်ထက်တွင် ပထမဆုံးအကြိမ် ဆန္ဒပြခြင်းဖြစ်ကြောင်း ဦးတော်မီက ပြောကြားသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်က ၆၇ ရပ်ကွက်ပြည်သူများသည် မဟာဗန္ဓုလ ပန်းခြံနံဘေးတွင် နောက်ဆုံးအကြိမ် ဆန္ဒပြခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း သိရသည်။

EMG

လက်ရှိအချိန်တွင် နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး တရားရင်ဆိုင်နေရသူ ၂၅၀ ရှိ



Thursday, December 5, 2013
ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုရဲမင်းဦးအား ဗဟန်းတရားရုံး ရုံးချိန်းတွင် တွေ့ရစဉ်(ဓာတ်ပုံ-ဝေလင်းအောင်)

အစိုးရသစ် တက်လာပြီးနောက် နိုင်ငံရေးနှင့် ဆက်နွှယ်သဖြင့် တရားရင်ဆိုင်နေရဆဲ လူပေါင်း ၂၅၀ ရှိပြီး ပြစ်ဒဏ်ခံနေရဆဲ ၂၆ ဦးအထိ ရှိနေကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးရဲအောင်က The Daily Eleven ကို ပြောကြားသည်။

နိုင်ငံတော်သမ္မတက ယခုနှစ်အကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး အားလွှတ်ပေးမည်ဟု ပြောကြားထားသော်လည်း နိုင်ငံရေးနှင့် ဆက်နွှယ်သည့် ဥပဒေများဖြစ်သည့် ငြိမ်းစုစီ ဥပဒေဖြစ်သော ပုဒ်မ ၁၈၊ ၅၀၅ (ခ)တို့ဖြင့် လည်းကောင်း၊ အသင်းအဖွဲ့ ဥပဒေဆိုင်ရာ ပုဒ်မ ၆ ဖြင့် လည်းကောင်း တရားရင်ဆိုင်နေရသူများ များပြားနေခြင်းအပေါ် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သည့် ဦးလှရွှေက "နိုင်ငံရေး တင်းမာမှုတွေ လျော့သွားပြီလား၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအနေနဲ့ အောက်ခြေအထိ ထိရောက်နေပြီလား ဆိုတဲ့မေးခွန်းကို ဖြေဆိုစေချင်ပါတယ်။ အဓိကကတော့ စစ်မှန်တဲ့ Democratic Reform ဖြစ်မှသာလျှင် နိုင်ငံရေးအကျဉ်းသားဆိုတာ ကုန်သွားမယ်လို့ ယုံ ကြည်တယ်"ဟု ပြောကြားသည်။

တရားစွဲဆိုခံနေရသူများထဲတွင် အလုပ်သမားများလည်း ပါဝင်သောကြောင့် အလုပ်သမား အရေးဆောင်ရွက်နေသူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်မာမာဦးက အလုပ်သမားများ၏ ဘ၀အခြေအနေမှာ ဘာမှပြောင်းလဲမှု မရှိသည့်အပြင် အစိုးရအနေနှင့် အလုပ်ရှင်နှင့် အလုပ်သမားများကြား ဘက်လိုက်ညှိနှိုင်းမှုများ ရှိနေဆဲဖြစ်သောကြောင့် အလုပ်သမားများ၏ ဆန္ဒဖော်ထုတ်မှုများ ဆက်လက် ရှိနေမှာသာဖြစ်ကြောင်း ပြောကြားသည်။

တရားစွဲဆို ခံနေရသူများတွင် မြေယာ သိမ်းဆည်းခံနေရသည့် လယ်သမားများနှင့် မိမိအိုးအိမ်အား သိမ်းဆည်းခံနေရသောကြောင့် ဆန္ဒထုတ်ဖော်သူများလည်း ပါဝင်ကြောင်း ဦးရဲအောင်က ပြောကြားသည်။

အစိုးရအနေနှင့် ဖမ်းဆီးထားသူများ အားလွှတ်ပေးနေသော်လည်း ထပ်မံတရားစွဲဆိုနေမှုများ၊ ထပ်မံ ပြစ်ဒဏ်စီရင်နေမှုများနှင့် ပတ်သက်ပြီး နိုင်စစ်ကော်မတီဝင် ဦးရဲအောင်က "ကျွန်တော်တို့ နိုင်စစ်ကော်မတီကနေ နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်ပြီး သမ္မတထံ တင်ပြတယ်။ သမ္မတက လွှတ်ပေးတယ်။နောက်ထပ် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းပြီး ပြစ်ဒဏ် ထပ်ချတယ်ဆိုတော့ နိုင်စစ်ကော်မတီက အလုပ်ရှုပ်တာပေါ့ဗျာ။ အစိုးရအဖွဲ့ထဲမှာရော၊ ကျွန်တော်တို့ ကော်မတီနဲ့ အလုပ်လုပ်တဲ့ နေရာမှာရော ချောချောမွေ့မွေ့ အလုပ်မလုပ်ရဘဲ ထိပ်တိုက်တွေ့နေသလိုမျိုး ဖြစ်နေတာပေါ့နော်။ နှစ်ကုန်ရင် နိုင်ငံရေး အကျဉ်းသားအကုန်လုံး လွှတ်မယ်ဆိုတာကလည်း ဒီလိုထိပ်တိုက်တွေ့နေတဲ့ ကိစ္စတွေကို ဖြေရှင်းမှသာ နိုင်ငံရေး အကျဉ်းသားကုန်မှာ ဖြစ်တယ်။ အချုပ်နဲ့ တရားစွဲဆိုခံထားရတဲ့ လူတွေကလည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေပါတယ်။ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြောချင်တာက ဒီပုဒ်မတွေနဲ့ ဆက်ဖမ်းနေမယ်ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသားတွေကတော့ ရှိနေမှာပဲ ဖြစ်တယ်" ဟု ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် နိုင်ငံရေးအရ တင်းမာမှု လျော့ပါးစေရန်၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ ထိရောက်စေရန် ပြောကြားနေသော်လည်း လက်တွေ့ အကောင်အထည် ဖော်သည့်နေရာတွင် ရလဒ်များကို မတွေ့ရှိသည့်အပေါ် ဝေဖန်ပြောဆိုမှုများ အများအပြားရှိနေပြီး နိုင်ငံရေးအရ တည်ငြိမ်မှုမရှိသဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း မျှော်မှန်းသလောက် လာရောက်ခဲ့ခြင်း မရှိသေးပေ။ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့အနေနှင့် ဖြေရှင်းစရာ ပြဿနာများအဖြစ် မြေယာပြဿနာများ၊ အလုပ်ရှင် အလုပ်သမား ပြဿနာများ၊ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဿနာများ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တောင်းဆိုနေသည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိသဖြင့် အများပြည်သူအနေနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး ကုန်ရမည်ဟု ပြောဆိုခဲ့သည့်အပေါ် သံသယဖြင့် စောင့်ကြည့်နေသည်ဟုလည်း နိုင်ငံရေး အကျဉ်းသားဟောင်းများက ဝေဖန်မှုများ ရှိနေသည်။

EMG

Myanmar Model - Nan Thu Zar














တိုင်ကြားချက်အရ သာကေတစက်မှုဇုန်ရှိ ဂိုဒေါင်တစ်ခုအား ၀င်ရောက်စစ်ဆေးရာ ၀ိုင်ပုလင်းဖာပေါင်း ထောင်ဂဏန်းမျှ တွေ့ရှိ၍ တရားဝင် ဟုတ်-မဟုတ် စစ်ဆေးနေ

Thursday, 05 December 2013


တိုင်ကြားချက်အရ ၀င်ရောက်စစ်ဆေးနေသော Mobile Team မှ တာဝန်ရှိသူတစ်ဦးကို ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ်

တိုင်ကြားချက်အရ သာကေတစက်မှုဇုန်ရှိ Premium Food Service ကုမ္ပဏီပိုင် ဂိုဒေါင်အား ၀င်ရောက်စစ်ဆေးရာ ၀ိုင်ပုလင်းဖာပေါင်း ထောင်ဂဏန်းတွေ့ရှိထားကာ တရားဝင်ဟုတ်- မဟုတ်ကို စစ်ဆေးနေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ သိရသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ ၂၀၁၃ အောက်တိုဘာ ၂၈ ရက်ပါ ရက်စွဲဖြင့် သာကေတမြို့နယ်၊ မြမာလာလမ်းရှိ ဂိုဒေါင်ခြံတစ်ခု၌ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချနေကြောင်း သတင်းပေးပို့ တိုင်ကြားလာသည့်အတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် တိုင်ကြားချက်မှာ ပေါ်လွင်သဖြင့် ဒီဇင်ဘာ ၄ ရက်တွင် ၀င်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအတွင်း ၀ိုင်ပုလင်းများမှာ အမျိုးပေါင်း ၆၀ ခန့်ရှိပြီး ၀ိုင်ပုလင်းဖာများကို အလုံပိတ်အခန်းများ၊ ကွန်တိန်နာဘောက်များနှင့် ဂိုဒေါင်များကို အခန်းဖောက်ကာ ထည့်သွင်းထားပြီး ခန့်မှန်းပေ ၂၀၀ ပတ် လည်ခန့် အပြည့်ရှိကြောင်းနှင့် နိုင်ငံခြားမှ တင်သွင်းထားသော ကြက်ဆင်သားအပါအ၀င် ဟိုတယ်သုံး အေးခဲအသားများကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

ယခုဖြစ်စဉ်အတွင်း တွေ့ရှိထားသော ၀ိုင်းပုလင်းအရေအတွက်နှင့် အေးခဲအသားများမှာ Mobile Team မှဝင်ရောက် ရှာဖွေစစ်ဆေးသည့် ကာလတစ်လျှောက်တွင် အများဆုံးအဖြစ် သတ်မှတ်နိုင်ပြီး ၀ိုင်ပုလင်းများမှာ တန်ဖိုးကြီး အမှတ်တံဆိပ်များဖြစ်ကာ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ သြစတြေးလျ၊ တောင်အာဖရိကနိုင်ငံထုတ်များ ဖြစ်ကြောင်းသိရသည်။

လက်ရှိတွေ့ရှိထားသော ၀ိုင်ပုလင်း အရေအတွက်မှာ များပြားသောကြောင့် တရားဝင်- မ၀င်ကို ဆုံးဖြတ်စစ်ဆေးရန်အချိန် နှစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း၊ ၀င်ရောက်စစ်ဆေးခံရသည့် ဂိုဒေါင်မှာ Premium Food Service ကုမ္ပဏီ ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ဦးစိန်ဝင်းဆိုသူထံမှ ယခုနှစ်အောက်တိုဘာ နောက်ဆုံးပတ်အတွင်းမှ ငှားရမ်းထားခြင်းဖြစ်ကြောင်း Mobile Team မှ သိရသည်။ အစစ်ဆေးခံရသည့် ဂိုဒေါင်ကို ဦးစီးဆောင်ရွက်နေသည့် ဒေါ်ဝင်းဝင်းတင့်က" ကျွန်မတို့က အထောက်အထား အပြည့်အစုံနဲ့ ရှင်းပြမှာ ဖြစ်တယ်"ဟု ပြောကြားသည်။ Mobile Team အဖွဲ့မှ လက်ရှိစစ်ဆေးနေသော ဂိုဒေါင်မှာ သုံးလအတွင်း ငါးခုမြောက် တိုင်ကြားချက်အရ စစ်ဆေးနေခြင်းဖြစ်ပြီး ယင်းမတိုင်မီ စစ်ဆေးခံခဲ့ရသော စက်ရုံများမှာ ပို့ကုန်-သွင်းကုန် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားခြင်း ခံထားရကြောင်း သိရသည်။

EMG

Miley Cyrus နဲ့ Demi Lovato တို့က သူ့ကိုဆေးခြောက်နဲ့မိတ်ဆက်ပေးခဲ့တာလို့ပြောလိုက်တဲ့ Joe Jonas





ပြီးခဲ့တဲ့လတွေအတွင်း မူးယစ်ဆေးဝါးဆိုင်ရာကောလဟာလတွေနဲ့ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့ Joe Jonas ဟာ ပထမဆုံးအကြိမ် ဆေးခြောက်သုံးစွဲခဲ့မှုနဲ့ သူ့ကိုသုံးစွဲစေခဲ့တဲ့ နာမည်ကြီးမိန်းကလေးနှစ်ယောက် အကြောင်းကို ပြောပြပါတယ်။ “ပထမဆုံးအကြိမ်ကျွန်တော် ဆေးခြောက်ကို Demi, Miley တို့နဲ့အတူသုံးခဲ့တာပါ။ ၁၇၊၁၈ လောက်ပဲရှိမှာပေါ့။ သူတို့ကပြောပါတယ်။ စမ်းကြည့်လိုက်ပါတဲ့။ အဲဒီ့တော့ကျွန်တော်လဲစမ်းသပ်ကြည့်တော့တာပေါ့။ ပြီးတော့အဆင်ပြေပါတယ်။ နောက်ထပ်အဲဒီလိုမျိုးမကြာခဏတော့ ဆေးခြောက်မသုံးဖြစ်တော့ဘူးပေါ့” လို့ Vulture မဂ္ဂဇင်းနဲ့အင်တာဗျူးမှာပြောပါတယ်။ Lovato နဲ့ချစ်ကြိုက်ခဲ့တဲ့ Jonas က Lovato ဟာမူးယစ်ဆေးအလွဲသုံးနေခဲ့တာဖြစ်တာကြောင့် သူမကိုကူညီပေးဖို့သက်သက်သာ သူမအနားမှာရှိနေခဲ့ရတာလို့ပြောပါတယ်။ “ကျွန်တော်တကယ်ပဲသူမအကြောင်းတွေနဲ့ သူမရုန်းကန်နေရတဲ့ အရာတွေရဲ့အစအဆုံးကိုသိဖို့လိုလာပါတယ်။ မူးယစ်ဆေးအလွဲသုံးတာလိုဟာမျိုးပေါ့။ သူမကိုကျွန်တော်ဂရုစိုက်ပေးဖို့လိုအပ်နေတယ်လို့ခံစားခဲ့ရပါတယ်။ ဒါပေမယ့်တစ်ချိန်ထဲမှာပဲ ကျွန်တော်ကလိမ်ညာနေခဲ့ရတာပါ။ ကျွန်တော်မပျော်ခဲ့ပါဘူး။ ဒါပေမယ့်သူ့အတွက်လိမ်ညာပေးရမယ်လို့ခံစားခဲ့ရပါတယ်။ သူမအကူအညီလိုနေခဲ့လို့ပေါ့။ ကျွန်တော် အဲဒီ့အကြောင်းပြောနိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော့်မှာကာကွယ်ပေးစရာ ရှိလို့ပေါ့” လို့ Jonas က ပြောပါတယ်။ Jonas ကသူ့လူပျိုရည်ပျက်ခဲ့တဲ့အတွေ့အကြုံကိုလဲပြောပြပါတယ်။ “ကျွန်တော်အသက် ၂၀မှာ လူပျိုရည်ပျက်ခဲ့ပါတယ်။ အဲဒီ့မတိုင်ခင်က ကျွန်တော်အခြားအရာတွေအကုန်လုပ်ဖူးခဲ့ပါတယ်။ ဒါပေမယ့်လိင်ပိုင်းဆိုင်ရာ active ဖြစ်တာတော့ အသက်၂၀ကျမှပါ။ ကျွန်တော်လူမှန်ကိုစောင့်စားခဲ့တဲ့အတွက် ၀မ်းသာရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ပြန်စဉ်းစားလိုက်ရင် “ဒီကောင်မလေးကတော့အရူးပဲ။ သူနဲ့ဘာမှမဖြစ်ခဲ့တာကိုငါကျေနပ်တယ်”လို့တွေးမိမှာပဲ။ Joe Jonas လူပျိုရည်ပျက်ခဲ့တယ်ဆိုတဲ့ အသက် ၂၀ အရွယ်တုန်းက သရုပ်ဆောင်မလေး Ashley Greene နဲ့တွဲနေတာဖြစ်ပါတယ်။ Joe Jonas နဲ့သူ့ရဲ့ညီအစ်ကိုတွေဖြစ်တဲ့ Nick နဲ့ Kevin တို့ဖွဲ့စည်းထားတဲ့ Jonas Brothers အဖွဲ့ဟာ အောက်တိုဘာလထဲမှာ ကွဲခဲ့တာဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ကောင်မလေး Blanda Eggenschwiler တို့ရဲ့အချိန်ပြည့်ပါတီဆင်နွှဲနေမှုကြောင့် အဖွဲ့ပျက်ခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို Joe ကတုန့်ပြန်ပြောဆိုလိုက်ပါတယ်။ “ကျွန်တော့ဘ၀မှာ ဘိန်းဖြူကိုတစ်ခါမှာ မထိဖူးပါဘူး။ ကျွန်တော့်ကောင်မလေးရောပေါ့။ ဒါဟာကျွန်တော့်အတွက် ရယ်စရာကောင်းသလို စိတ်အနှောင့်အယှက်ဖြစ်စရာလဲကောင်းပါတယ်။ ဒီကိစ္စက ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေးကြောင့်လို့ပြောရင်ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်ပါတယ်” လို့ People မဂ္ဂဇင်း ကိုပြောပါတယ်။
Ref:starpulse

ဒီဇင်ဘာလ အတွက် (၇) ရက်သားသမီး ဟောစာတမ်း





တနင်္ဂနွေသား သမီး ။ ။ မိတ်ဆွေကောင်း များနှင့် တွေ့ မည် ။ စပ်တူ လုပ်ငန်းများ အထူးအောင် မြင်မည် ။ ပညာရေး ပညာပေး အတတ်ပညာ နှင့်ပတ်သက်သော လုပ်ငန်းများ အကျိုးပေးမည် ။ လူငယ်များ ပညာရေးနှင့် ပတ်သက်ပြီး စိတ်ချမ်းသာမှုရမည် ။ အမွေရသကဲ့သို့  မမျှော်လင့်ပဲ ငွေဝင်မည် ။ ငယ်ရွယ်သူများ အောင်သွယ်ကောင်း မှုကြောင့် ချစ်သူရလိမ့်မည် ၀မ်းဗိုက်နှင့် ပတ်သက်သောရောဂါများ ခံစားရတတ်သည် ။
ယတြာ ။ ။ တာအိုးတစ်လုံး အတွင်းရေထည့် ရွက်လှ ၁၇ ရွက်ထည့်၍မွေးနံဘုရား ထောင့်တွင်လှုပေးပါ ။
တနင်္လာသားသမီး ။ ။ စက်နှင့် ပတ်သပ်သောလုပ်ငန်းလုပ်သူများ အထူးသတိထားပါ ။ ရောင်းမှား ၀ယ်မှားဖြစ်ခြင်း ။ လူလိမ်ခံရခြင်းများ ကြုံတွေ့ ရလိမ့်မည်။ အိမ်ထောင်ရှင်မိန်းကလေးများခင်ပွန်းနှင့် စကားများပြီး အိမ်ထောင်ကွဲ သည်အထိဖြစ် တတ်သည် ။ရွှေအထားမှားပြီး ပျောက်တတ်သည် ။ သတိထားပါ ။ငယ်ရွယ်သူမိန်းကလေးများ ကြားစကားကိုယုံမိ၍ ချစ်သူနှင့်အဆင်မပြေဖြစ်လိမ့်မည် ။ တနင်္လာအစ ဗုဒ္မဟူးနံအဆုံးနာမည် ရှင်များ အထူးသတိထားပါ ။ ထိခိုက်ဒဏ်ရာ ရတတ်သည် ။ လိမ်လည်ပြီး ငွေချေးသူကြောင့် စိတ်ညစ်ရလိမ့်မည် ။ ယတြာ ။ ။ အင်္ဂါ နေ့  ညနေပိုင်းတွင် လမ်းဆုံလမ်းခွမှ ခွေးများကိုအစာကြွေးပေးပါ ။
အင်္ဂါ သားသမီး ။ ။ ခြံ ကား ကွန်ပျူ တာ စက်ပစ္စည်း ရောင်းဝယ်သူများ အထစ်အငေါ့ ဖြစ်မည် ။ မမျှော်လင့်ပဲ ခရီးသွားခွင့် ကြုံ ခဲ့လျှင် ရေလမ်းခရီးကိုရှောင်ပါ အသက်အန္တရယ် ထိခိုက်တတ် ပါသည် ။ အိမ်ထောင်ရှင်များဇနီး မယား ကျမ္မာရေးအတွက် ငွေကုန်လိမ့်မည်။ဝန်ထမ်းများ စာရင်းဇယားနှင့်ပတ် သက်ပြီး အထက်လူကြီး၏ ဆူပူခြင်းခံရတတ်သည်။ ငယ်ရွယ်သူချစ် သူများ စကားပြောမှားပြီ အထင်လွဲကာစကားများ လိမ့်မည် ။ ဦးခေါင်း ခါးတို့ တွင် ထိခိုက်ဒဏ်ရာရတတ်သည် ။
ယတြာ ။ ။ နီးစပ်ရာ တရားစခန်းများမှ ယောဂီများအား ဆေးဝါးလှုါးန်းပေးပါ ။
ဗုဒ္မဟူးသားသမီး ။ ။ အိမ် အဆောက်အဦး ခြံ ကား ကျောက်ရောင်းဝယ်သော လုပ်ငန်းများ စိတ်ဝမ်းကွဲပြီး အဆင်မပြေဖြစ်မည် ။ ၀န်ထမ်းများ အထက်လူကြီးနှင့် စကားများပြီး အလုပ်မှရပ်စဲခံ ရတတ်သည် ။ ငွေဝင်သော်လည်း ၀င်သလောက်ပြန် ထွက်နေမည် ။ဆေးမှား အစားမှားပြီး ဆေးရုံ ဆေးခန်း ရောက်တတ်သည် ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်း သော်လည်း စိတ်တိုင်းကျသောချစ်သူမျိုးမတွေ့ နိုင်သေးပါ ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ချစ်သူမျိုး နှင့်သာ ဖူးစာဆုံနေမည် ။ ယတြာ ။ ။ မိမိမွေးနံ ဘုရား။ထောင့်တွင် အုန်း (၆) ညွန့်နှင့် အစိမ်းရောင်ယပ် ( ၄) ချောင်း လှုပေးပါ။
ကြာသပတေး သားသမီး ။ မည်သည့်လုပ်ငန်း လုပ်လုပ် အကျိုးပေးသောလဖြစ်သည်။ မိတ်ဆွေ ကောင်းများ၏ ကူညီမှုကြောင့် လုပ်ငန်းများအောင်မြင်မည်။ မမျှော်လင့်ပဲ ဘုရားဖူးခရီးသွားရလိမ့်မည် ။ အမွေရသကဲ့သို့  ထီပေါက်သကဲ့သို့  ငွေ ၀င်မည် ။ ၅ ၄ ၃ ၁ ဂဏန်းများဖြင့် ထီကံစမ်းပါ ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်းနေမည်။ စိတ်အလိုလိုက်ပါက အိမ်ထောင်ကျ သွား နိုင်ပါသည် ။ မိဘ ဘိုးဘွား များကို ငွေကြေးဖြင့်ကန်တော့ပါ ။ စာမေးပွဲ ဖြေထားသူများ ကောင်းသတင်းကြား ရလိမ့်မည်။
ယတြာ ။ ။ မိမိ အိမ်နားမှ ချို့တဲ့သော ကျောင်းသားများအား ဗလာစာအုပ် လှုပေးပါ။
သောကြာသားသမီး ။ ။ ခရီးသွားလုပ်ငန်း ဟိုတယ်လုပ်ငန်း သံ သဲ သွပ် ရောင်းဝယ်သော လုပ်ငန်းများ အဆင်မပြေဖြစ်မည် ။အိမ်ထောင်ရှင်များ ဇနီးကျမ္မာရေး ကြောင့် ငွေကုန်မည် ။ အိမ်တွင်းရေးအဆင်မပြေပဲ တစ်ဦးဦးနှင့် စကားအကြီးအကျယ် များမည် ။ခရီးသွားလျှင် စိတ်ညစ်ရမည်။ ကားနှင့်ပတ်သက်၍ စိတ်ညစ်ရမည် ။ မိမိအိမ် သူခိုးခိုးခံရကိန်းရှိသည်။ သတိထားပါငွေကြေးအရှုပ်အရှ င်းတခု ဖြေရှင်းရတတ်သည် ။ ငယ်ရွယ်သူများ ချစ်သူ ၂ယောက်တပြိုင်နက် ထားခြင်းကြောင့် စိတ်ညစ်ရမည်။
ယတြာ ။ ။မွေးနံ ဘု ရားထောင့်တွင် သီဟို ( ၂၁) ခက်လှုပေးပါ။
စနေသားသမီး ။ ။ လုပ်ငန်းအသစ်များ မချဲ့ ပါနှင့် ။ ယခုလအတွင်း အဆင်မပြေနိုင်သေးပါ။ ဆန် ဆီ ဆေး စက်ပစ္စည်း စာ အုပ် စာပေ လုပ်ငန်းများ အဆင်ပြေမည် ။ မြေကိစ္စ အမွေ ကိစ္စကြောင့် စိတ်ညစ်ရလိမ့်မည် ။ခရီး ယာယီသွားရလိမ့် မည် ။ မိန်းမတစ်ယောက်ကြောင့် အိမ်ထောင်ရေးအဆင်မပြေဖြစ်တတ်သည် ငွေဟောင်း ကြွေးဟောင်းများ မမျှော်လင့်ပဲ ပြန်ဝင်မည် ။ငယ်ရွယ်သူများ ချစ်သူ၏ဆိုးနွဲ့ မှု ကြောင့် စိတ်အနည်းငယ်ညစ် ရတတ်သည် ။ ခြေထောက် တွင်ထိခိုက် ဒဏ်ရာရတတ်သည် ။
ယတြာ ။ ။မွေးနံ ဘုရားထောင့်တွင် ထီးအနီတစ်လက် အုန်း ( ၆ ) ရွက်ကိုလှုပေးပါ ။

အစစအဆင်ပြေကြပါစေ
ကိုမောင်မောင် ( ဆန်း သုတေသီ )

“မင်းသမီး ဘယ်သူက ဘယ်လောက်ဆိုတဲ့ ဈေးကွက်မရှိဘူး”





အကယ်ဒမီ ထွန်းအိန္ဒြာဗိုဟာ သဘာဝကျတဲ့ သရုပ်ဆောင်မှုများကြောင့် ရုပ်ရှင်ချစ်ပရိသတ်များရဲ့ ချစ်ခင်နှစ်သက် အားပေး မှုကို လက်ခံရရှိသူ တဦးဖြစ်ပြီး သရုပ်ဆောင်အနုပညာ အဝန်းအဝိုင်းအတွင်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစား ချစ်ခင် ခြင်းကိုပါ ခံယူရရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင်၊ ဂီတဘက်မှာလည်း ပရိသတ်အခိုင်အမာ ရခဲ့သူဖြစ်ပြီး သူ့ရဲ့ခေတ်တခေတ် ကို ဖြစ်စေခဲ့သူ တဦး ဖြစ်ပါတယ်။ ဇာတ်ရုပ်တွေ ထပ်လွန်းလာတဲ့ သရုပ်ဆောင်ခြင်း အလုပ်ကို ငြီးငွေ့လာတဲ့အတွက် စိတ်ကြိုက်တွေ့တဲ့ ဇာတ်ကောင်စရိုက်မျိုး ရိုက်ခွင့်မကြုံမခြင်း ကားရိုက်တွေ နားထားတယ်လို့ ဆိုတဲ့ သူဟာ လောလောဆယ် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှာ ပါဝင်ကူညီ ဝိုင်းဝန်းပေးနေရင်းက တဘက်မှာလည်း ဆက်လက် သင်ယူချင်နေတဲ့ ပညာရပ်တွေအတွက် အခြေခံဖြစ်တဲ့ အင်္ဂလိပ်စာကို အရင်ဆုံး လေ့လာနေတယ်လို့ သိရပါတယ်။ နိုင်ငံရေးလောကနဲ့လည်း ရင်းနှီးထိစပ်မှုရှိတဲ့ ထွန်းအိန္ဒြာဗိုကို သူသိမြင် ခံစားထိတွေ့မိတဲ့ မြန်မာပြည်က အမျိုးသမီးများ အရေးကိစ္စနဲ့ ပတ်သတ်ပြီး ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ အေးချမ်းမြေ့က မေးမြန်းထားပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နေပြည်တော်မှာ အမျိုးသမီးဖိုရမ် လုပ်သွားတယ်။ အဲဒီမှာ
ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်းပြောတဲ့အခါမှာ အမျိုးသမီးတွေ အင်အားမြှင့်တင်ဖို့ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုပြီး ပါဝင်လာအောင် သူ့အနေနဲ့ကြိုးစားနေတယ်တဲ့။ မြန်မာပြည်မှာလည်း အမျိုးသမီး အမျိုးသား ခွဲခြားမှုတွေ ရှိနေသေးတယ်လို့ သူကပြောသွားတယ်။ လွှတ်တော်ထဲမှာလည်း ခွဲခြားမှုတွေရှိနေတယ်လို့ လွှတ်တော်အမတ် မဖြူဖြူသင်းက ပြောသွားခဲ့တော့ အောင်မြင်တဲ့ အမျိုးသမီးတဦးဖြစ်တဲ့ မထွန်းအိန္ဒြာဗို ကရော အဲဒါကို ဘယ်လိုသဘောရသလဲ။
ဖြေ။ ။ ကျမထင်တာတော့ အမေစု (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ အဓိက အဓိပ္ပာယ်ကတော့ Gender ခွဲတဲ့ကိစ္စကို ပပျောက် စေချင်လို့၊ မရှိစေချင်လို့ပြောတဲ့ သဘောပဲ။ ကျမတို့ဆီမှာ Gender ခွဲတာ ရှိနေတာပေါ့။ ဘုရားဆိုလည်း တက်လို့ မရတဲ့နေရာတွေ ရှိနေတယ်။ ကျမတို့လည်း ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက် နားလည်ကြပါတယ်။ တခြားနေရာမှာလည်း အမျိုးသမီးနဲ့ အမျိုးသား ခွဲခြားတာ တွေ့ရတယ်။ ကျမကတော့ လူဆိုရင် လူသားတယောက်အနေနဲ့ပဲ လက်ခံချင်တယ်။ အဲဒီလူရဲ့ အရည်အချင်းပေါ်မှာပဲ ဆုံးဖြတ်ချင်ပါတယ်။ ယောက်ျားမို့လို့ ဘာဖြစ်ရမယ်၊ မိန်းမမို့လို့ ဘာဖြစ်ရမယ် ဆိုတာမျိုးတော့ ကျမသိပ်မကြိုက်ဘူး။ ကျမတို့ အိမ်ထောင်ရေးမှာလည်း ယောက်ျားနဲ့ မိန်းမဆိုပြီး ကျမလက်မခံဘူး။
ဒီအိမ်ထောင်တခုမှာ အရေးကြီးတဲ့ကိစ္စကို ဘယ်သူ ဘယ်လိုတာဝန်ယူပြီး ခွဲခြမ်းလုပ်ကိုင်နေသလဲ ဆိုတဲ့အပေါ်မှာပဲ အိမ်ထောင်ရေးကို ပြေလည်အောင်တည်ဆောက်တယ်။ ယောက်ျားမို့လို့ဆိုပြီး ခြေသုတ်ပုဆိုးမြွေစွယ်ကျိုး မိန်းမတွေ လိုမျိုးလည်း ကျမမလုပ်နိုင်ဘူး။ ဒီလိုပဲ မိန်းမ ထမီနား ခိုစားတဲ့ယောက်ျား ဆိုတဲ့ အပြောမျိုးကိုလည်း ကိုအောင်မင်းထွန်းလည်း အဖြစ်ခံမှာ မဟုတ်ဘူး။ ဒီအိမ်ထောင်မှာ အရေးကြီးတဲ့ တာဝန်ဆိုတာ အများကြီးရှိတယ်လေ။ အဲဒီအရေးကြီးတဲ့ တာဝန် တွေကို ကျမဘယ်မှာ တာဝန်ယူသလဲ၊ သူဘယ်မှာ တာဝန်ယူသလဲ၊ သူဘယ်လောက် တာဝန် ယူမှု ရှိသလဲ ဆိုတဲ့အပေါ်မှာ ကျမတို့အိမ်ထောင်ရေးက တည်နေတာဖြစ်တယ်။ ကျမတို့အိမ်ထောင်မှာ ယောက်ျား၊ မိန်းမ မရှိသလိုပဲ တိုင်းပြည်မှာလည်း မရှိစေချင်ဘူး။ အရည်အချင်းနဲ့ပဲ သွားစေချင်တယ်။
မေး။ ။ လွှတ်တော်ထဲမှာ အမျိုးသမီးအင်အား အရမ်းနည်းနေတယ်လို့ အမျိုးသမီးအဖွဲ့အစည်း တချို့က ဝေဖန်ကြတဲ့ အပေါ် အစ်မအနေနဲ့ ဘယ်လိုမြင်သလဲ။ ဘယ်လို ဖြစ်စေချင်သလဲ။
ဖြေ။ ။ ကျမကတော့ အမျိုးသမီးနဲ့အမျိုးသား Gender ခွဲတဲ့ကိစ္စကို ခေါင်းစဉ်သပ်သပ် ဖြေရမှာပေါ့။ လွှတ်တော်ထဲမှာ ကတော့ တကယ် နားလည်တတ်ကျွမ်းပြီး တကယ်လုပ်ကိုင်နိုင်တဲ့ သူတွေ ဖြစ်စေချင်ပါတယ်။ အမျိုးသမီးပဲ များများ၊အမျိုးသားပဲ များများ၊ လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက သက်ရောက်မှု နှေးနေတာကို မြန်အောင် လုပ်နိုင်တဲ့ သူတွေ ရောက်စေချင်ပါတယ်။ အမေစု တယောက်တည်းနဲ့ မဖြစ်ဘူးလေ။ အမေစုက အများကြီး ပြောနိုင်ဆိုနိုင် ရှိသော်လည်း လုပ်ပေးမှလည်း ဖြစ်သေးတာ။ သူက လွှတ်တော်ဥက္ကဋ္ဌလည်း မဟုတ်ဘူး။ နောက်တခုက ၂၅ ရာခိုင်နှုန်း ကိစ္စကြီးကလည်း လုံးဝ သဘောမကျဘူး။ ဘယ်မှာမှလည်းမရှိဘူး။ အဓိပ္ပာယ်လည်းမရှိဘူးလို့ ထင်တယ်။
မေး။ ။ မြန်မာပြည်မှာ အမျိုးသမီးကဏ္ဍကို မြှင့်တင်ဖို့ စတင်ကြိုးစားလာကြပြီ၊ အရင်ကဆိုရင် လုပ်ခွင့်မရတာတွေ အခု မြှင့်တင် လာကြတာ တွေ့ရတယ်။ မင်းသမီးတွေက နိုင်ငံတကာမှာ ဆိုရင် လှတာတခုတည်း မဟုတ်ဘဲ တော်ကြတယ်။ အဲဒီလို လှလည်းလှ တော်လည်း တော်တဲ့ မင်းသမီးတွေ မြန်မာနိုင်ငံ ရုပ်ရှင်လောကအတွက် လိုအပ်သလား။ လိုအပ်တယ် ဆိုလို့ရှိရင်လည်း ဘာကြောင့်လဲလို့ ပြောပြပေးပါ။
ဖြေ။ ။ လိုအပ်တာပေါ့။ အများကြီးလိုအပ်တယ်။ အသိ၊ အမြင်၊ အကြား၊ ဗဟုသုတကြွယ်ဝခြင်းဟာ ဘယ်ကဏ္ဍကိုမဆို တိုးတက် စေတာပဲ။ နိုင်ငံတကာမှာကျတော့ ငယ်ကတည်းက ပွင့်လင်းလာတဲ့ တိုင်းပြည်မှာ ကြီးပြင်းလာရတော့ သူတို့မှာ လက်လှမ်း မီတာတွေ အများကြီးပေါ့။ ကျမတို့မှာက ဘယ်လောက်မှ မရှိတဲ့ ကာလလေးကနေ စလေ့လာနေရတာတွေ ဖြစ်တာပေါ့နော်။ နောက်တခုက ဒီနိုင်ငံမှာ သင်တန်းကျောင်းတွေ၊ အသုံးအဆောင် ပစ္စည်းတွေ ပြည့်စုံမှု ဘာမှမရှိသေးဘူး။ နောက်တခုကလည်း မြန်မာကားက တကမ္ဘာလုံး ဈေးကွက်မဟုတ်တဲ့ အတွက် မြန်မာပြည်ရဲ့ ပရိသတ်ကိုပဲ ရည်ရွယ် ရတာပေါ့။ ကြည့်တဲ့ ပရိသတ် ဘာကြိုက်လဲ၊ ကြိုက်တာလေးကိုပဲ သွားနေရတယ်။ သူ့ဆီက ပိုက်ဆံရချင်တာကိုး။ အဲဒီမှာတင် ဒုက္ခတွေ ရောက်ကုန်တာ။ အဲဒါကြောင့် တပြည်လုံးဗဟုသုတ ကြွယ်ဝဖို့လိုအပ်တယ်။
မေး။ ။ ကျမဆိုလိုတာက တော်တဲ့မိန်းကလေးတွေလည်း မရှိဘူးမဟုတ်ဘူး။ တော်လည်းတော်တယ်၊ လှလည်းလှတယ် ဆိုတာမျိုး၊ မင်းသမီးတွေက အဲဒီလို မဖြစ်သင့်ဘူးလား။
ဖြေ။ ။ ကျမတို့မြန်မာပြည်မှာ တော်တဲ့အမျိုးသမီး တော်တော်များများ တွေ့ဖူးတယ်။ ဒါပေမယ့် အဲဒီ အမျိုးသမီးတွေကို အနီးကပ် စကားပြောမိတဲ့ အခါတိုင်းမှာ သူတို့မှာ တွေ့ရတာလေးက တဘက်မှာ တဘက်ကမ်းခတ်အောင် တော်ပြီး
ကျန်တဘက်မှာ တဘက်ကမ်းခတ်အောင် သူမသိတဲ့ အရာလေးတွေ ရှိနေတယ်။ သာမန်လေးတောင် သူသိသင့်တဲ့ ဟာလေးတွေကို သူမေ့နေတယ်။ ဒါက Balance အောက်နေတယ်လို့ ကျမထင်တယ်။ အဲဒါက ကျမတို့တိုင်းပြည်ရဲ့
ပညာရေးနဲ့ပဲ ဆိုင်တယ်ရှင့်။ ကျမတို့တိုင်းပြည်မှာ ကလေးတွေကို ငယ်ကတည်းကစပြီး ပညာတွေအများကြီး သင်ပေးဖို့ လိုတယ်။ လူမှုဆက်ဆံရေးနဲ့ ပြုမူတဲ့ အပြုအမူကအစ သင်ခန်းစာတွေ အမျိုးမျိုးရှိတယ်။ စကားပြောတာက အစ၊ အတွေး အခေါ်က အစ တယောက်ပြောနေတုန်း ဖြတ်ပြောတာက ရိုင်းတယ်ဆိုတာ သူတို့ သိချင်မှလည်းသိတာပါ။ တခါတလေ
လုပြောချင်ရင်လည်း ပြောနေတာပဲ။ အဲဒါက ဗဟုသုတတွေပေါ့။ ဒီလိုမျိုးလေး သိဖို့ဆိုတာကို အများကြီး လုပ်ရအုံးမှာ။
နိုင်ငံခြားသား တယောက်နဲ့ ဆက်ဆံတဲ့အခါမှာ သူတို့တွေ ဘယ်လိုလုပ်တာလဲ ဆိုတာကို ပြီးပြီးရော ပြောလိုက်ရင်တော့ မသိလိုက်ဘူးပေါ့။ သေချာလေ့လာပြီး ပြောလို့ရှိရင် လေ့လာစရာ အများကြီးရှိတယ်။ ကျမတို့တိုင်းပြည်မှာ အများကြီး နောက်ကျနေတယ်။ ဒါက တိုင်းပြည်တခုလုံးနဲ့ ကျမတို့က ခြုံပြောတာ။ ပညာရေး အသတ်ခံရတာကစပြီး တိုင်းပြည်တခုလုံး
ချွတ်ခြုံကျတယ်လို့ပဲ ကျမမြင်တယ်။
မေး။ ။ အခုမြန်မာပြည်မှာ မှုခင်းဂျာနယ်တွေပဲ အားကောင်းလာလို့လား၊ စာပေစိစစ်ရေးပဲ မရှိတော့လို့လားမသိဘူး၊ အရင်ထက် စာရင် အမျိုးသမီးတွေကို လိင်အကြမ်းဖက်တဲ့ ကိစ္စတွေ ပိုပြီး မြင်လာ ကြားလာရတယ်၊ နောက်ပြီး ကလေးတွေကို
အဓမ္မကျင့်တဲ့ ကိစ္စတွေ၊ နောက်တခုက တရုတ်နယ်စပ် ဒေသတွေမှာ အမျိုးသမီးတွေကို ရောင်းစားတဲ့၊ လူကုန်ကူးတဲ့ ကိစ္စတွေ။ အဲဒါမျိုးတွေက အခုနောက်ပိုင်း ပိုပိုပြီး ကြားလာရတယ်။ အဲဒီဟာတွေ အပေါ်မှာရော အစ်မက အမျိုးသမီး တယောက်အနေနဲ့ ဘာပြောချင်သလဲ။ ဘယ်လိုမြင်လဲ။
ဖြေ။ ။ အဲဒါ တိုင်းပြည်စီးပွားရေးက ချွတ်ခြုံကျလာတော့ ငါးစာကိုပဲ မြင်တယ်၊ ငါးမျှားချိတ်ကို မမြင်ကြဘူးဆိုတဲ့ သဘောတွေလည်း ပါတယ်။ နောက်တခုက ဒီကလေးတွေ Abuse လုပ်ခံရတဲ့ကိစ္စက အမေတွေ ပညာအားနည်းတာလည်း ပါတယ်။ ပညာဆိုတာ ကျောင်းအတန်း ပညာကို ပြောတာမဟုတ်ဘူး။ အပြင်ဗဟုသုတ ဘာဖြစ်နိုင်လဲ ဆိုတာ လာဘ် မမြင်တာပေါ့။
ကျမပြောမယ်။ မိန်းကလေးမှ Abuse လုပ်ခံရတာ မဟုတ်ဘူး၊ ယောက်ျားလေးလည်း လုပ်ခံရနိုင်တာပဲ။ ယောက်ျားလေး အချင်းချင်းလည်း ဇယားတွေ အများကြီးရှိတယ်၊ မိန်းကလေး အချင်းချင်းလည်း ရှိတယ်။ ဒါတွေက ဘယ်လိုလုပ်ရင် ဘယ်လို အန္တရာယ် ဖြစ်နိုင်သလဲ ဆိုတာ အုပ်ထိန်းသူက ဗဟုသုတ အကြားအမြင် အများကြီး လိုအပ်တယ်။ ဒါပေမယ့် ကျမတို့ တိုင်းပြည်မှာ ကျတော့ အဲဒါ ကြားမြင်ဖို့ နေနေသာသာ၊ ကိုယ့်ဟာကိုယ် စီးပွားရေးနဲ့ လုံးခြာလိုက်နေရတယ်။ အဲဒီလို ကိုယ့်ကလေးကိုကိုယ် လှည့်မကြည့်နိုင်ဘဲ ဖြစ်နေရတာကြောင့်၊ တိုင်းပြည် စီးပွားရေး ကျလေလေ၊ ဒါမျိုးကိစ္စတွေက များလေလေ ဖြစ်မှာပဲ။ NGO တွေ အများကြီး ပေါ်လာတဲ့ ကိစ္စတွေကလည်း လိုအပ်လို့ ပေါ်လာတာပဲလေ။ နေရာတိုင်းမှာ အများကြီး လိုနေတာကို နိုင်ငံတကာနဲ့ ယှဉ်ပြီး သွားပြောရင်တော့ ကျမတို့ဟာ နွားလှည်းနဲ့ ကားနဲ့ သွားယှဉ်နေသလို၊ အမောင်းပြိုင်မလား၊ ၀င်တိုက်တာ ပြိုင်မလား၊ ဘာပြိုင်မလဲ၊ ဘာမှပြိုင်လို့မရတဲ့ သဘောမျိုး ဖြစ်နေတာပေါ့နော်။ အဲဒီလိုမျိုး ယှဉ်ပြောဖို့ မတရားဘူးလို့ပဲ ကျမထင်တယ်။ ကျမတို့ လိုအပ်တာတွေကို ဘယ်လိုကူနိုင်မလဲ။ ကိုယ်မသေခင်မှာ တတ်နိုင်တာလေးတွေပဲ လုပ်သွားကြရမှာပေါ့။ ကျမတို့လည်း ဘာပညာမှ လက်လှမ်းမမီဘူး။ မီသလောက် အခုအချိန်မှာ လှမ်းနေရတုန်းပဲ။ ရသလောက်ဝေနေပြီး တတ်နိုင်သလောက် ကူညီရမယ့် အဆင့်လောက်နဲ့ပဲ သွားနေရမှာပဲ။
မေး။ ။ အစ်မတို့ ရုပ်ရှင် အသိုင်းအ၀ိုင်းမှာရော အမျိုးသား၊ အမျိုးသမီး ခွဲခြားတဲ့ကိစ္စမျိုးတွေ ရှိလား။
ဖြေ။ ။ ကျမတို့က မြန်မာလူမျိုးတွေဆိုတော့ ငယ်ငယ်ကတည်းကကို ယောက်ျားဆိုရင် ဘုန်းမြင့်တယ်ဆိုတဲ့ အသိပညာနဲ့ ကြီးပြင်း လာခဲ့ရတာပေါ့။ အလိုအလျောက် နေရင်းနဲ့ကို Respect ပေးပြီးသားပဲ။ ဒါကတော့ ကျမဆိုရင် ဇာတ်ပို့ ဇာတ်ရံ မင်းသား သရုပ်ဆောင်တွေကို မပြောနဲ့၊ စက်အဖွဲ့က လူတွေကိုလည်း နာမည်ကို ကျမထက် ဘယ်လောက်ငယ်ငယ် ‘ကို’ တပ်ခေါ်တယ်။ ကျမကတော့ ယောက်ျားမို့လို့ သူ့ကို အသားပေးပြီး ခေါ်တာမဟုတ်ဘူး။ ယဉ်ကျေးမှုအနေနဲ့ တယောက်နဲ့ တယောက် ရင်းနှီးခင်မင်မှုအနေနဲ့ သူကြားရတာ နားဝင်ချိုအောင် ခေါ်တဲ့သဘောပါ။
မင်းသားနဲ့ မင်းသမီးက ကျတော့ ဘယ်နေရာမှာ သွားဖြစ်လဲဆိုရင် ဈေးကွက်မှာ မင်းသားနာမည် ပြောရလောက်တဲ့ ဈေးကွက် ဖြစ်တယ်။ ဥပမာ – ဦးကျော်ဟိန်းကား ဘယ်လောက်၊ ကျော်သူကား ဘယ်လောက်၊ စိုးသူကား ဘယ်လောက်ပေါ့။ စသဖြင့် သူ့တန်းနဲ့သူ သူ့ဈေးက ပေါက်ပြီးသား။ မင်းသမီး ဘယ်သူက ဘယ်လောက်ဆိုတဲ့ ဈေးကွက်မရှိဘူး။ ကျမ အထင်ကတော့ အမျိုးသမီး ပရိသတ် ပိုများလို့ ဖြစ်မယ်ထင်တယ်။ သူတို့ကြိုက်တဲ့ မင်းသားတွေကားမှာမှ အများစုကြိုက်တဲ့ ဒါရိုက်တာပါရင် ဈေးလေး နည်းနည်း တက်တာပေါ့။ သူတို့ကြိုက်တဲ့ မင်းသမီးဆိုရင် ဈေးနည်းနည်း ပိုရတာ ရှိတယ်။ ဒါပေမယ့် အဲဒီ ဒါရိုက်တာ ရိုက်တဲ့ ကားဆိုရင် ဈေးဘယ်လောက် ဆိုတာမရှိဘူး။
မေး။ ။ အစ်မက အကြားအမြင် ဗဟုသုတလည်း များတော့ နည်းနည်း ထပ်မေးချင်တာက ရိုက်ကွင်းမှာ အစ်မကတော့ မင်းသမီးကြီး ဖြစ်တဲ့အတွက် ဒါရိုက်တာကပဲ ဖြစ်ဖြစ်၊ မင်းသားမင်းသမီး တွေကပဲ ဖြစ်ဖြစ် လေးစားမှု ရှိမှာပဲလေ။ အစ်မ အနေနဲ့ ကြည့်ရင်တော့ မိန်းမယောက်ျား မခွဲပါဘူး ဆိုတဲ့ဟာမျိုးဖြစ်မှာပဲပေါ့။ တခြားလူတွေကော ဥပမာ – ရိုက်ကွင်းမှာ မိန်းကလေးတွေကို နှုတ်အားဖြင့် စော်ကားနှောက်ယှက် ပြောဆိုတာမျိုးတွေ၊ ပါးစပ်သရမ်းတာ မျိုးတွေပေါ့၊ အခုအချိန်အထိ ရှိနေသေးလား။
ဖြေ။ ။ သြော် … ဖြစ်နိုင်တာပေါ့။ အများကြီးရှိတာပေါ့။ ဒါပေမယ့် ဒီလို အနုပညာ လောကမှာက ပြေလည်အောင် လုပ်တဲ့သူက အလုပ်လုပ်ရပြီးတော့ မပြေလည်ရင် ကိုယ့်ထမင်းအိုး ထိခိုက်တာ ဖြစ်တဲ့အတွက် ကလေးမလေးတွေ ခမျာမှာလည်း အဆင်ပြေအောင် ပြောဆို ဆက်ဆံရတာမျိုးတွေ ဖြစ်နေတယ်။ ယောက်ျား၊ မိန်းမ မခွဲဘဲ နင်ငါ့ကို နှိမ်တာပဲ၊ ငါဒါမျိုး မခံနိုင်ဘူးဆိုပြီး သွားစွာနေပြန်တော့လည်း၊ စွာလို့မရတဲ့ တခြား အကြောင်းတရားတွေ ကလည်း သူတို့ခမျာ ရှိပြန်တယ်။ အဲဒါကြောင့် ကိုယ့်ကို သူများ ရိုသေမှုရချင်ရင် သူများကိုအရင် ရိုသေလိုက်လို့ပဲ အကြံပေးတတ်တယ်။ လောလောဆယ်လည်း အဲဒီလို အကြံပေးလို့ပဲရတယ်။
နှိမ်တိုင်း ပြန်ပြီး မတုံ့ပြန်ဘဲနဲ့ ယဉ်ယဉ်ကျေးကျေးလေးနဲ့ပဲ ပြန်တုန့်ပြန်တော့ လုပ်တဲ့သူက တခါနှိမ်မယ်၊ နှစ်ခါနှိမ်မယ်၊ သုံးခါလောက် ကျတော့ အားနာလာမယ်။ ကိုယ်ကတော့ သည်းခံတဲ့ဘက်က အရင်သွားရမှာပဲ။ ဈေးကွက်အရရော၊ လုပ်ငန်းသဘောသဘာဝ အရရော ကိုယ်က မာနိုင်တဲ့ အနေအထားမရှိတဲ့ အတွက်ပေါ့။ အားလုံးကို ပြေလည်အောင် ဆက်ဆံ ရတဲ့ သဘောသဘာဝ ကလည်း ရုပ်ရှင်လောကမှာရှိတယ်။
မေး။ ။ အမျိုးသမီးတွေ လမ်းသွားရင် နှုတ်အားဖြင့် စနောက်တာတွေ၊ လက်အားဖြင့် နှောက်ယှက်စော်ကားတာတွေ
ရှိတဲ့အပေါ် အမျိုးသားထု ကိုကော ဘာပြောချင်သလဲ။
ဖြေ။ ။ ကျမတို့တိုင်းပြည်က လူတယောက်ကို အဲဒီလို ပြောတာ သိပ်ရိုင်းတယ်။ သူများ စိတ်အနှောင့်အယှက် ဖြစ်သွားအောင် လုပ်တာဟာ ကိုယ်သိပ်ရိုင်းနေတဲ့ အပြုအမူကို လုပ်နေမိပါလားဆိုပြီး ကိုယ်ကိုယ်တိုင် ရှက်တတ်မှ ရမှာပါ။
အဲဒီလို ရှက်တတ်တဲ့ အသိပညာတွေ အများကြီး လိုသေးတာပေါ့။ အဲဒီလိုပဲ ယောက်ျား မိန်းမမှ မဟုတ်ဘူး၊ မိန်းမ တယောက်ရဲ့ အပြုအမူကလည်း ယောက်ျားတယောက် အတွက်ပဲဖြစ်ဖြစ၊် တခြားမိန်းမ တယောက်ယောက် အတွက် ဖြစ်ဖြစ် အနှောင့်အယှက်ဖြစ်သွားရင် ကိုယ့်ကိုယ်ကိုယ် ရှက်တတ်အောင် ပညာပေးရမှာတွေ အများကြီး လိုသေးတယ်။
တခါတလေတော့ ကိုယ်လုပ်လိုက်တဲ့ အပြုအမူတွေဟာ ကိုယ်တိုင်တောင် ရိုင်းမှန်းမသိတာတွေ အများကြီးရှိတယ်။
ကျမတို့ ဘေးကကြည့်တဲ့ သူတွေက ဒီကလေးက အရမ်းရိုင်းပါလား၊ သူ့ကိုသွားပြောရင် ကိုယ့်ကို ပြန်ထိုးသွားတာပဲ ရှိမယ်။ ကျမတို့တိုင်းပြည်မှာ ပညာရေးကို အသတ်ခံထားရပြီး လုံးလည်ချာလည် လိုက်နေတာတွေ အများကြီး ကျန်သေးတယ်။
အခုအချိန်က ဒီမိုကရေစီဆိုပြီး ဒီမိုကရေစီကို သေချာနားမလည်ဘဲ၊ လွတ်လပ်ရမှာပဲ ဆိုပြီး တဘက်လူ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေတာတွေ ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတာ သိသင့်တယ်။ ဒါကအစိုးရနဲ့ပဲ မဆိုင်ဘူး၊ တိုင်းသူပြည်သား အားလုံး၊ နိုင်ငံသူနိုင်ငံသား အားလုံးနဲ့လည်း ဆိုင်တယ်။ ပညာတွေအများကြီး ပေးပြီး အချိန်ယူရဦးမယ်။ ကျမတို့က ပညာပေးပြီး သင်တန်းဖွင့်လည်းပဲ စီးပွားရေး လုပ်နေတဲ့သူတွေက မအားဘူး၊ မလုပ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်လို့ ရမလဲ။ ကျမတို့တိုင်းပြည်က စနစ်တကျကြီး ပျက်ယွင်းနေတော့ ကိုင်ရတာ တော်တော်ခက်မှာလေ။ ကျမတို့လည်း အသက်ရှိသရွေ့ လုပ်ရဦးမှာပဲ။
ကိုယ်ကိုယ်တိုင် ဦးဆောင်ဖို့က ဘယ်လိုမှမလွယ်ဘူး။ အမေစုလို အမျိုးသမီး ဦးဆောင်တာတောင် အထင်လွဲတဲ့သူတွေ
အများကြီး ရှိသေးတာပဲ။ ကျမတို့လို ခြေစာမှုန့်ဆိုတာ ဘယ်လိုမှ စာရင်းမရှိဘူး။ ကိုယ်နိုင်သလောက် ကူမယ်ဆိုတဲ့ စိတ်ကို လျှော့ထားဖို့ပဲ ရှိတယ်။ စိတ်မလျှော့ထားရင်လည်း ကိုယ့်ကိုယ်ကိုယ် လဲသေလိုက်ဖို့ပဲ ရှိတယ်။ ။

ဧရာဝတီ 

ငြိမ်းချမ်းရေးပါမစ်ဖြင့် သွင်းလာသည့် ကျပ်သိန်းသောင်းချီတန် ကားအစီးရေ ၁၀၀၀ ကျော်အတွက် အနည်းဆုံး အခွန်ငွေ ကျပ်ဘီလျံ ၂၀၀ အထိ နစ်နာ

Thursday, 05 December 2013
ကားတင်သွင်းခွင့်ရရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ထိုက်သင့်သည့် တန်ဖိုးမရရှိ၊ နိုင်ငံတော်အနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာ နစ်နာပြီး ကြားပွဲစား အဆင့်ဆင့်နှင့် ပါမစ်ဝယ်ယူ တင်သွင်း သူအချို့သာ ကောင်းစားသွားသည့် ငြိမ်းချမ်းရေး ကားပါမစ် အစီအစဉ်အရ တင်သွင်းလာသည့် လက်ရှိအစီးရေ ၁၀၀၀ အတွက်ပင် အနည်းဆုံး အခွန်ငွေမှာ ကျပ်ဘီလျံ ၂၀၀ အထိ နစ်နာနေကြောင်း သိရသည်။

ယခုတင်သွင်းနေသည့် ကားအများစုမှာ တစ်စီးလျှင် အနိမ့်ဆုံး အခွန်ကျပ်သိန်း ၁၁၀၀ ကျော်မှ အမြင့်ဆုံး ကျပ်သိန်း ၈၅၀၀ ကျော်အထိ ကျသင့်သည့် ကားများကိုသာ အများဆုံး တင်သွင်းနေခြင်း ဖြစ်သည်။

အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ရသည့် ငြိမ်းချမ်းရေး ကားပါမစ်နှင့် ကညနခွန် တစ်ခုတည်းကိုပင် ရာခိုင်နှုန်း ၆၀ သာပေးဆောင်ရသည့် ငြိမ်းချမ်းရေး ကားပါမစ် နှစ်မျိုးနှစ်စားဖြင့် တင်သွင်းလျှက်ရှိကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွက် ချထားပေးသည့် ကားပါမစ်များဟု ဆိုသော်လည်း အဖွဲ့အစည်း အမည်ပေါက်မဟုတ်ဘဲ မည်သူမဆို ၀ယ်ယူစီးနင်းသူတိုင်း၏ တိုက်ရိုက် အမည်ပြောင်းခွင့်ကိုလည်း ရရှိထားသည့် ပါမစ်အမျိုးအစားများဖြစ်ပြီး ကြားပွဲစားအဆင့်ဆင့်နှင့် ၀ယ်ယူစီးနင်းသူများသည် အနိမ့်ဆုံး အမေရိကန် ဒေါ်လာ တစ်သိန်းကျော်မှ အမြင့်ဆုံး အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင်အထိ တန်ကြေးရှိသော ကားအမျိုးအစားများကိုသာ အများအပြား တင်သွင်းလာကြခြင်း ဖြစ်သည်။

အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင် တန်ကြေးရှိသော Rolls- Royce ကဲ့သို့ ကားတစ်စီးအား အခွန်ပေးဆောင်၍ တင်သွင်းမည်ဆိုပါက အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အထိ ကျသင့်မည်ဖြစ်ပြီး အခွန်ဆောင်ပြီး ကားတစ်စီးတန်ဖိုးသည် ကျပ်သိန်းပေါင်း ၁၃၀၀၀ ၀န်းကျင်အထိပင် ကျသင့်မည်ဖြစ်ကြောင်း၊ အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ပါမစ်ဆိုပါက ၀ယ်ယူတင်သွင်းသူသည် အခွန်ငွေကျပ် သိန်းပေါင်း ၈၅၀၀ ကျော်အား လုံးဝပေးဆောင်ရန် မလိုသည့်အတွက် ပြည်သူ့ဘဏ္ဍာ များစွာနစ်နာပြီး တင်သွင်းစီးနင်းသူနှင့် ကြားပွဲစား အကျိုးအမြတ်များစွာ ရရှိသွားသည်။

အနိမ့်ဆုံးထား တင်သွင်းနေသည့် အမေရိကန်ဒေါ်လာ တစ်သိန်းဝန်းကျင် တန်ကြေးရှိ Lexus အမျိုးအစားတစ်စီးအတွက်ပင် အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ပေးလိုက်ပါက အခွန်ငွေကျပ်သိန်း ၁၁၀၀ ကျော်အထိ နစ်နာလျှက်ရှိသည်။

ပါမစ်တန်ဖိုးမှာ တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိဖြစ် ၍တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အမှန်တကယ်ရရှိသည့် တန်ဖိုးမှာ ပါမစ်တစ်စောင်အတွက် အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ အများဆုံး ကျပ်သိန်း ၁၅၀၀ သာ ရရှိမည် ဖြစ်သည်။

ငြိမ်းချမ်းရေးပါမစ်များဖြင့် လက်ရှိတင်သွင်းထားသည့် အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင်အထိ တန်ကြေးရှိသော Rolls Royce အမျိုးအစားကားများမှာ ယခုအခါ မြန်မာနိုင်ငံအတွင်း အစီးရေ ၃၀ ၀န်းကျင်အထိပင် ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်ဒေါ်လာ သုံးသိန်းအထိ တန်ကြေးရှိသော Bentley အမျိုးအစားကားများသည် အစီး ၂၀ နီးပါး အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် အစီးရေများစွာ ထပ်မံတင်သွင်းရန် စီစဉ်ထားကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ နိုင်ငံအတွက်လုပ်တာပဲ။ ငြိမ်းချမ်းရေးအတွက်ဆိုရင် ပွင့်ပွင့်လင်းလင်းပဲ လွှတ်တော်ကနေတစ်ဆင့် တောင်းပေါ့။ တစ်ကယ့် ငြိမ်းချမ်းရေးအတွက် တောင်းတာပဲ။ မပေးဘူးဆိုရင် ဒါလွှတ်တော်ရဲ့ တာဝန်ပဲ။ အန်ကယ့် အမြင်အရဆိုရင် ပြောပါတယ် . . .


အဓိကအားဖြင့် မြ၀တီနယ်စပ်နှင့် တာချီလိတ်တို့မှ တင်သွင်းလျှက်ရှိကြောင်းနှင့် ကညနသို့ ဆက်သွယ်မေးမြန်းချက်အရ ငြိမ်းချမ်းရေးပါမစ်ဖြင့် တင်သွင်းသည့် ကားများထဲတွင် Rolls-Royce, Bentley, Lambor- ghini, Lexus, BMW ကဲ့သို့ ကားများအများဆုံး နံပါတ်ထုတ်ယူကြောင်း သိရသည်။

အဖွဲ့အစည်းများအတွက် ချထားပေးခြင်းဖြစ်ရာ အဖွဲ့အစည်းအမည်ဖြင့် တင်သွင်းအသုံးပြုနေသည့် ကားများကိုမူ အခွန်ကင်းလွတ်ခွင့် ပေးထားသည်မှာ နည်းလမ်းတကျ မှန်ကန်ကြောင်း၊ သို့သော် မိမိအမည်ပေါက်ဖြင့် တင်သွင်းအသုံးပြုနေသည့် ဒေါ်လာ သိန်းပေါင်းများစွာ တန်ကြေးရှိသည့် ကားများအပေါ်၌မူ အခွန်ပြန်လည် စည်းကြပ်ရန် လိုအပ်နေသည်။

ငြိမ်းချမ်းရေးပါမစ်ဖြင့် တင်သွင်းလာမည့် ကားများအတွက် နံပါတ်ပေးရာတွင် ၉င/--- စီးရီး၌ အစီး ၃၀၀၀ အထိ ချန်ပေးထားသည်ဟု သိရသည်။

လက်ရှိအစီး ၁၀၀၀ ကျော်အတွက်ပင် အနည်းဆုံးအခွန်ငွေကျပ် ဘီလျံ ၂၀၀ အထိ နစ်နာသွားရာ အစီး ၃၀၀၀ အထိ တင်သွင်းခွင့်ပေးလိုက်ပါက အခွန်ငွေမည်မျှ နစ်နာသွားမည်ကို ခန့်မှန်းနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးပေးရာ၌ တစ်နှစ်လျှင် ကျပ် ၁၈၅ ဘီလျံအရှုံးပေးနေရ၍ဟုဆိုကာ ယခုလျှပ်စစ်မီတာခများအား စီးပွားရေးလုပ်ငန်းသုံးဆိုလျှင် နှစ်ဆအထိပင် တိုးမြှင့်တော့မည်ဖြစ်ရာ ယခင်ကတည်းက နေရေးစားရေးအတွက် အလျဉ်မီရန် ရုန်းကန်နေရသော အများပြည်သူမှာ လျှပ်စစ်ဓာတ်အားခ တိုးသည့်ဒဏ်ကို ထပ်မံခံစားရဦးမည် ဖြစ်သည်။

ထိုသို့သောအချိန်တွင် အခွန်မဆောင်ဘဲ ချမ်းသာနေသည့် လုပ်ငန်းရှင်ကြီးအချို့မှာ ကားတစ်စီးလျှင် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အထိ ကျသင့်မည့်အခွန်ကို ပေးဆောင်စရာမလိုဘဲ ကျပ်သိန်းပေါင်း သောင်းချီတန်သည့်ကားကို ကျပ်သိန်းပေါင်း ၅၅၀၀ ဖြင့် စီးနင်းခွင့်ပေးထားသကဲ့သို့ ဖြစ်နေခြင်းမှာ မဖြစ်သင့်သည့်အတွက်လည်း အဖွဲ့အစည်းအမည်ဖြင့်မဟုတ်ဘဲ မိမိအမည်ပေါက် လုပ်ထားသည့် ကားများကို အခွန်ပြန်ကောက်ရန်လိုခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က "ငြိမ်းချမ်းရေးအတွက် ကားပါမစ်တွေ ပေးနေတယ်ဆိုတာ သူတို့မှာလည်း လုပ်ပိုင်ခွင့်တော့ ရှိတာပေါ့။ လုပ်ပိုင်ခွင့် ရှိပေမယ်လို့လည်း ဒီလိုလုပ်တာတွေကို လွှတ်တော်နဲ့ညှိတော့ ညှိနှိုင်းသင့်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါ policy ပိုင်း ဖြစ်လာပြီလေ။ တကယ်တော့ ဒါတွေလုပ်ရင် ဥပဒေပိုင်း ဖြစ်လာပြီလို့လည်း ထင်တယ်လေ။ ငြိမ်းချမ်းရေးအဖွဲ့တွေကို သူတို့ ငြိမ်းချမ်းရေး ရပြီးတဲ့နောက် ရပ်တည်နိုင်အောင် သူတို့ရဲ့ဘ၀တွေကို ဆက်လက် တည်ဆောက်နိုင်အောင် ဒါတွေကလိုတယ်။ လိုတာတွေကို ဒါမျိုးလေးတွေလောက်တင် မလုပ်ဘဲ ရေရှည် တည်တံ့အောင် လုပ်ပေးဖို့လိုတယ်။ လုပ်ပေးဖို့အတွက်က အစိုးရနဲ့တင်မရဘူး။ ဥပဒေတွေ ပြဋ္ဌာန်းပြီး ဥပမာနိုင်ငံတော်ကနေ ဘာတွေထောက်ပံ့ပြီး ဘယ်လိုလုပ်မယ်ဆိုတာ ဒါကအသေးစိတ် ရေးဆွဲတင်ပြီး လုပ်ကိုင်သင့်ပါတယ်။ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ နိုင်ငံအတွက်လုပ်တာပဲ။ ငြိမ်းချမ်းရေးအတွက်ဆိုရင် ပွင့်ပွင့်လင်းလင်းပဲ လွှတ်တော်ကနေတစ်ဆင့် တောင်းပေါ့။ တကယ့် ငြိမ်းချမ်းရေးအတွက် တောင်းတာပဲ။ မပေးဘူးဆိုရင် ဒါလွှတ်တော်ရဲ့ တာဝန်ပဲ။ အန်ကယ့် အမြင်အရဆိုရင် ပြောပါတယ်။ လိုအပ်တဲ့ငွေကြေးကို တကယ်ငြိမ်းချမ်းရေး ရမယ်ဆိုရင် ဘယ်လောက်ကုန်ကုန် တောင်းသင့်တယ် ထင်တယ်"ဟု သုံးသပ်ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ ဥက္ကဋ္ဌဦးသူရိန်ဇော်က "အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ ဘတ်ဂျက် ကျပ်သန်း ၁၀၀၀၀ ကို ပြီးခဲ့တဲ့ လွှတ်တော်က ခွင့်ပြုပေးပြီး ဖြစ်ပါတယ်။အဲဒီခွင့်ပြုပေး ထားတဲ့ ငြိမ်းချမ်းရေးဘတ်ဂျက်အပြင် သမ္မတရုံး သီးသန့်ရန်ပုံငွေထဲကနေလည်း ခေါင်းစဉ်တစ်ခုအနေနဲ့ သုံးလို့ရပါတယ်။ငြိမ်းချမ်းရေးကိစ္စမှာ အသုံးပြုတဲ့ ကားပါမစ်ဆိုတဲ့ သတင်းတွေကတော့ ငြိမ်းချမ်းရေး ဆောင်ရွက်တာမှာ ပိုမိုအဆင်ပြေချောမွေ့အောင် ဆောင်ရွက်တာ ဖြစ်မယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ အခွန်သက်သာခွင့် ပေးနေမှုများသည် တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေ နစ်နာနေသောကြောင့် ယင်းသို့ အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ အခွန်ကင်းလွတ်ခွင့် သက်သာခွင့်ပြုနိုင်သည့် အခွန်ဆိုင်ရာ ဥပဒေများကို လွှတ်တော်များက ပြင်ဆင်သင့်နေပြီ ဖြစ်သည်ကိုတည်ဆဲဥပဒေများအရ သိရသည်။

ကုန်သွယ်လုပ်ငန်းခွန်၊ ပို့ကုန်သွင်းကုန်၊ ၀င်ငွေခွန်၊ အကောက်ခွန်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေများရှိနေပြီး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ ၀င်ငွေခွန်ဥပဒေ၊ အကောက်ခွန်နှုန်းဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေစသည့် ဥပဒေများဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေတိုင်းတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများက အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများ လိုအပ်သလို ထုတ်ပြန်နိုင်ရန် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ အဆိုပါ ဥပဒေများအနက် အခွန်ဆိုင်ရာ သက်သာခွင့် ကင်းလွတ်ခွင့်များ ပေးနိုင်သည့် ဥပဒေများမှာ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ ၀င်ငွေခွန်ဥပဒေ၊ အကောက်ခွန်နှုန်းဥပ ဒေတို့ဖြစ်ပြီး အမိန့်ကြော်ငြာစာထုတ်ပြန်၍ အ ခွန်ကင်းလွတ်ခွင့်ပေးနိုင်သည်ကိုတွေ့ရသည်။
ကားတင်သွင်းမှုကဲ့သို့ကုန်ပစ္စည်းများ ကုန်သွယ်မှုနှင့်ပတ်သက်၍ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေဖြင့်လည်းကောင်း၊ ၀င်ငွေနှင့် ပတ်သက်၍ ၀င်ငွေခွန်ဥပဒေဖြင့်လည်းကောင်း၊ အကောက်ခွန်နှုန်းနှင့်ပတ်သက်၍ အကောက် ခွန်နှုန်းဥပဒေဖြင့် လည်းကောင်း အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များ ပေးနိုင်သည်ကို တွေ့ရသည်။

အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များပေးရာတွင် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေဆိုပါက ပုဒ်မ ၈ အရလည်းကောင်း၊ အကောက်ခွန်နှုန်း ဥပဒေဆိုပါက ပုဒ်မ ၇ အရ လည်းကောင်း အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များ ပေးနိုင်သည်ကို ဥပဒေများ၌ ပြဋ္ဌာန်းထားသည်။

ယင်းကဲ့သို့ အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များ ပေးနိုင်မှုပေါ်တွင် လုပ်ငန်းရှင်အချို့ အပါအ၀င် အဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ်တချို့က မိမိတင်သွင်းလိုသည့် ပစ္စည်းအမျိုးအစားပေါ်တွင် အခွန်သက်သာစေရန် သက်ဆိုင်ရာဌာနများ သက်ဆိုင်ရာတာဝန်ရှိသူများ ထံချဉ်းကပ်လာဘ်ပေးကာ အခွင့်အရေးယူလာနိုင်သဖြင့် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်လာနိုင်ကြောင်း ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ခဲ့သည်။

တစ်ခါတစ်ရံတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ချက်များသည် ဥပဒေအရ ထုတ်ပြန်နိုင်သော်လည်း ဥပဒေပေါ်တွင် လွှမ်းမိုးသကဲ့သို့ မဖြစ်ရန် အရေးကြီးကြောင်း၊ အမိန့်ကြော်ငြာစာများ မကြာခဏထုတ်ပြန်၍ ကင်းလွတ်ခွင့် သက်သာခွင့်များပေးမည်ဆိုပါက မူလဥပဒေအပေါ်တွင် ပြည်သူများ ယုံကြည်လေးစားမှု လျော့ကျနိုင်သည်ကို သတိပြုသင့်ကြောင်း ဥပဒေပညာရှင်များက ဆိုသည်။

ထို့ကြောင့် ယင်းဥပဒေများအရ အခွန်ကင်းလွတ်ခွင့်များနှင့် ပတ်သက်၍ လိုသလို အမိန့်ကြော်ငြာစာ ထုတ်ပြန်ကာ အခွန်သက်သာခွင့် ကင်းလွတ်ခွင့်ပေးခြင်းထက် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ကာ တိကျသည့် အမျိုးအစားသတ်မှတ်ချက်ဖြင့် တိုင်းပြည်အတွက် မနစ်နာနိုင်သည့် အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များပေးနိုင်ရန် လွှတ်တော်များက ယင်းဥပဒေများကို ပြန်လည်သုံးသပ်ကာ ပြင်ဆင်သင့်ကြောင်း အထက်တန်း ရှေ့နေတစ်ဦးက အကြံပြုခဲ့သည်။

တည်ဆဲဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ဟူသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၆ ပြဋ္ဌာန်းချက်နှင့် တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ဟူသည့် ဖွဲ့စည်းပုံ ခြေခံဥပဒေပုဒ်မ ၄၄၇ ပြဋ္ဌာန်းချက်များအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တည်ဆဲဥပဒေအားလုံး၏ အထွတ်အထိပ်ဖြစ်သည်ကို တွေ့ရှိရပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ပါက ယင်းဥပဒေသည် အလိုအလျောက် အတည်မဖြစ်တော့သည်ကို လေ့လာတွေ့ရှိရသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များ မကြာခဏပေးနေပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်သကဲ့သို့ ဖြစ်နိုင်ကြောင်း ဥပဒေနှိုင်းယှဉ် လေ့လာချက်များအရ သိရသည်။

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စု ၀န်ကြီးများသည် ဖွဲ့စည်း ပုံအခြေခံဥပဒေကို လိုက်နာကြရမည်ဖြစ်ပြီး မလိုက်နာသူရှိခဲ့ပါက စွပ်စွဲပြစ်တင်ခံရနိုင်ကာ တာဝန်မှ ရပ်စဲခံရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၁ နှင့် ၂၃၃ ပြဋ္ဌာန်းချက်များအရ သိရသည်။

အလားတူ ဘဏ္ဍာရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၂၉ တွင် ပြဋ္ဌာန်းထားပြီး ဘဏ္ဍာရေး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၀။ (က) ၌ ပြည်ထောင်စု ၀န်ကြီးဌာနများ၏ အရသုံး ခန့်မှန်းခြေငွေစာရင်းများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ အရသုံးခန့်မှန်း ခြေငွေစာရင်းများကို နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သော ဒုတိယသမ္မတ တစ်ဦးဦးက ဦးဆောင်စိစစ်၍ ပြည်ထောင်စုဝန်ကြီး ဌာနများအပါအ၀င် အဖွဲ့အစည်းများ၏ အရသုံးငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေး ကော်မရှင်သို့ တင်ပြရမည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ ဘဏ္ဍာရေး ကော်မရှင်အနေဖြင့် ပြည်ထောင်စု ၀န်ကြီးဌာနများ အပါအ၀င် အဖွဲ့အစည်းများ၏ အရသုံးငွေစာရင်း လျာထားချက်ကို လိုသလို စစ်ဆေးနိုင်သည်ကို သိရသည်။




EMG 

ကမ္ဘောဒီးယားနိုင်ငံ၏ တတိယအကြီးဆုံး ပုဂ္ဂလိကပိုင်ဘဏ် ANZ Royal မှ မြန်မာနိုင်ငံတွင် ဘဏ်နှင့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် လာရောက်ဆွေးနွေး




 
Thursday, 05 December 2013
ဗီယက်နမ်နိုင်ငံတွင် အသစ်ထပ်မံ ဖွင့်လှစ်ခဲ့သည့် ANZ ဘဏ်ခွဲအား တွေ့ရစဉ် (ဓာတ်ပုံ-vccinews.com)

ကမ္ဘောဒီးယားနိုင်ငံ၏ တတိယအကြီးဆုံး ပုဂ္ဂလိကပိုင် ဘဏ်ဖြစ်သည့် ANZ Royal ဘဏ်မှ မြန်မာနိုင်ငံတွင် ဘဏ်နှင့်ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် လာရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ANZ Royal ဘဏ်မှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂ ရက်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ လက်ရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့် လုပ်ငန်းဆိုင်ရာများကို မေးမြန်းခဲ့သည်ဟု သိရသည်။

ယင်းကဲ့သို့ ANZ Royal ဘဏ်မှ မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ လာရောက် ဆွေးနွေးခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ဇွန် ၃ ရက်တွင်လည်း ပထမအကြိမ် လာရောက် ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ANZ Royal ဘဏ်သည် သြစတြေးလျ၊ နယူးဇီလန်နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ လုပ်ငန်းရှင်များ အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် ဘဏ်တစ်ခုဖြစ်ပြီး သြစတြေးလျနိုင်ငံနှင့် New Zealand Banking Group Limited မှ ရှယ်ယာ ၅၅ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ Royal Group of Companies မှ ရှယ်ယာ ၄၅ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားကြောင်း သိရသည်။

အဆိုပါဘဏ်ကို ၂၀၀၅ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်၊ ဂျာမနီ၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ကိုရီးယားနှင့် ဗီယက်နမ် စသည့် နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ဘဏ်ခွဲပေါင်း ၁၉ ခု ဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျှက်ရှိရာ နိုင်ငံတကာမှ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ လုပ်ငန်းကဏ္ဍစုံတွင် မြှုပ်နှံလုပ်ကိုင်မှုများ ပြုလုပ်ရန်အတွက် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို လာရောက် ဆွေးနွေးမေးမြန်းမှုများ များပြားလျှက်ရှိသည်။

EMG

ဘားအံဆွေးနွေးပွဲ ကျင်းပနိုင်ရေး အစိုးရ အလုပ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ NCCT အဖွဲ့တို့ တွေ့ဆုံရန် ညှိနှိုင်းနေ



Thursday, 05 December 2013
မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးပွဲအား တွေ့ရစဉ် ( ဓာတ်ပုံ- အောင်ဇော်ထွန်း)

ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၏ ဌာနချုပ်ရှိရာ လိုင်ဇာဒေသနှင့် မြစ်ကြီးနားမြို့တို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများ၏ အဆက်ကို ဘားအံတွင် ဆွေးနွေးနိုင်ရေး အစိုးရ အလုပ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့(NCCT) တို့ တွေ့ဆုံရန် ညှိနှိုင်းနေသည်ဟု Myanmmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်အထိ ကချင်ပြည်နယ် လိုင်ဇာဒေသ၌ ဆွေးနွေးခဲ့ကာ နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက် များတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် မြစ်ကြီးနားမြို့၌ တွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် ဘားအံတွင် ထပ်မံတွေ့ဆုံရန် နှစ်ဖက်သဘောတူညီမှု ရခဲ့သည်။အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘားအံတွင် ထပ်မံဆွေးနွေးနိုင်ရေး အတွက် ပြင်ဆင်မှု ပြုလုပ်ရန် အလုပ်အဖွဲ့ အချင်းချင်း ဦးစွာတွေ့ဆုံရန် စီစဉ်နေကြောင်း သိရသည်။

''NCCT နဲ့ တွေ့ဖို့ဆိုတာ အခုညှိနှိုင်း နေတုန်းပါ။ သူတို့ကလည်း သူတို့ရဲ့အဖွဲ့ တစ်ခုလုံး သဘောတူညီမှု ရဖို့ဆိုတာ အဖွဲ့တွေကများတော့။ အချိန်လေးတော့ ယူရတာပေါ့။ အလုပ်အဖွဲ့ချင်းတွေ့ဖို့ ညှိနှိုင်းနေတယ်။ ရက်တွေညှိနေတယ်။ လိုင်ဇာနဲ့ မြစ်ကြီးနားရဲ့ အဆက်ကို ဘားအံမှာ ကျွန်တော်တို့ ဆွေးနွေးနိုင်ဖို့ ပြင်နေတဲ့ ပြင်ဆင်မှု တစ်ခုပေါ့။ ဘားအံဆွေးနွေးပွဲကျမှပဲ အပြီးသတ်လုပ်နိုင်မယ့် သဘောရှိတာပေါ့။ အခု လောလောဆယ် ဘယ်မှာတွေ့ရင် ကောင်းမလဲ ဘယ်သူတွေ လာမလဲ ဆိုတာတွေကို ဆွေးနွေးနေပါတယ်'' ဟု ဦးအောင်နိုင်ဦးက ဒီဇင်ဘာ ၄ ရက်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။



ကျန်ရှိနေသေးတဲ့ သံသယတွေ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြ မှုတွေကို ဖြေလျော့ပြီး မှန်ကန်တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သံန္နိဌာန်ချထား...

အစိုးရနှင့် ဘားအံတွင် မတွေ့ဆုံမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား လိုင်ဇာကဲ့သို့သော ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး (ကေအင်န်ယူ) နယ်မြေတွင် ပြုလုပ်ရန် စီစဉ်ထားပြီး ဒီဇင်ဘာ ၁၇ ရက်မှ ၂၁ ရက်အတွင်း ကျင်းပရန် လျာထားကြောင်းနှင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဘားအံဆွေးနွေးပွဲမှာလည်း ဇန်န၀ါရီလသို့ ရက်ရွှေ့ဆိုင်းကြောင်း သတင်းများ ထွက်ပေါ်နေသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာနှင့် ပတ်သက်ပြီး မြစ်ကြီးနား ဆွေးနွေးပွဲတွင် အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသို့ ပေးပို့ထားသည့် မူကြမ်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်မခံသည့် အချက်များ ပါဝင်နေသော်လည်း ဆက်လက် ညှိနှိုင်းမည်ဟု NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက နိုဝင်ဘာလက ရန်ကုန်မြို့သို့ ရောက်ရှိစဉ် ပြောကြားထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂ ရက်က ပြည်သူများသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ''ကျန်ရှိနေသေးတဲ့ သံသယတွေ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြ မှုတွေကို ဖြေလျော့ပြီး မှန်ကန်တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သံန္နိဌာန်ချထားကြောင်း ကိုလည်း ပြောကြားလိုပါတယ်။ ထပ်လောင်း ပြောကြားလိုတဲ့ ကိစ္စကတော့ ယခုတစ်ကြိမ် ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ စိတ်ရင်းစေတနာ အမှန်ကို အခြေပြုတဲ့၊ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်'' ဟု ပြောကြားထားသည်။

EMG

တောင်အာဖရိက အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ဒုဝန်ကြီးနှင့် UMFCCI မှ တာဝန်ရှိသူများ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး



Thursday, 05 December 2013
နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနေစဉ်

တောင်အာဖရိကနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများ တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၄ ရက်တွင် ရန်ကုန်မြို့ရှိ၊ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးနှင့် UMFCCI မှ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးဇော်မင်းဝင်း၊ ဒေါက်တာမောင်မောင်လေး၊ ဒေါက်တာမျိုးသက်နှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ တောင်အာဖရိကနိုင်ငံဘက်မှ မိမိတို့နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

"တောင်အာဖရိကနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေက အရမ်းနည်းနေသေးတယ်။ အခုမှ သူတို့နိုင်ငံဘက်က စီးပွားရေးနဲ့ ကုန်သွယ်မှု အခြေအနေတွေ၊ မြန်မာဘက်က စီးပွားရေးနဲ့ ကုန်သွယ်မှု အခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာ မိတ်ဆက်တုန်းပဲ ရှိသေးတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ စီးပွားရေးအကြောင်းတွေကို သိပြီဆိုရင်တော့ အပြန်အလှန် ပူးပေါင်းဖို့ ဆွေးနွေးကြမှာပေါ့"ဟု UMFCCI မှ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။

လက်ရှိတွင် တောင်အာဖရိကနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားခြင်း မရှိသေးကြောင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင်လည်း များစွာနည်းပါးလျှက်ရှိပြီး၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအများဆုံး ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

EMG

Related Posts Plugin for WordPress, Blogger...