Tuesday, December 10, 2013

ခင်ပွန်းဟောင်းနှင့် မုန်းမရသည့် ဆက်ဆံရေးကို ဖွင့်ဟခဲ့သည့် မီရန်ဒါကားရ်


သားငယ် ဖလင်းကို ဖွားမြင်ထားသည့် စုံတွဲသည် လမ်းခွဲပြီးသည့်တိုင် အတူတကွ အပြင်ထွက် လည်ပတ်မှုမျိုး ပြုလုပ်ခဲ့ပြီး ကလေးအတွက် တစ်လှည့်စီ ထိန်းကျောင်းအချိန်ပေးနေသည်ကို သတင်းများက ဖော်ပြခဲ့လမ်းခွဲခဲ့ပြီး ဖြစ်သည့်တိုင် မိမိနှင့် အော်လန်ဒို ဘလွမ်းတို့သည် အချင်းချင်း မြတ်နိုး ချစ်ခင်ဆဲဖြစ်ကြောင်း မီရန်ဒါကားရ်က ဖွင့်ဟ ပြောကြားလိုက်သည်။ မီရန်ဒါနှင့် ခင်ပွန်းဟောင်း အော်လန်ဒိုတို့သည် အောက်တိုဘာလတွင် လမ်းခွဲကြောင်း သတင်းကို အတည်ပြု ကြေညာပြီး (၃)နှစ်ကြာ အိမ်ထောင်ရေးကို ဆုံးခန်း တိုင်စေခဲ့သည်။ သားငယ် ဖလင်းကို ဖွားမြင်ထားသည့် စုံတွဲသည် လမ်းခွဲပြီးသည့်တိုင် အတူတကွ အပြင်ထွက် လည်ပတ်မှုမျိုး ပြုလုပ်ခဲ့ပြီး ကလေးအတွက် တစ်လှည့်စီ ထိန်းကျောင်းအချိန်ပေးနေသည်ကို သတင်းများက ဖော်ပြခဲ့သည်။ အစောပိုင်းတွင် အော်လန်ဒိုက မိမိနှင့် မီရန်ဒါသည် မိသားစုများအဖြစ် ထာဝရ စည်းလုံးနေမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

ဩစတြေးလျ စူပါမော်ဒယ်လ် မီရန်ဒါသည် ဩစတြေးလျထုတ် Harper's Bazaar မဂ္ဂဇင်းအတွက် ဓာတ်ပုံ အရိုက်ခံခဲ့ပြီးနောက် သူမ၏ ပျက်သုဉ်းခဲ့သော အိမ်ထောင်ရေးနှင့် စပ်လျဉ်းသည့် မှတ်ချက်စကားများကို ပြောဆိုသွားခဲ့သည်။ Lord of the Ringsစတား မင်းသားနှင့် လမ်းခွဲခြင်းအပေါ် မီရန်ဒါက "ခုလို ခွဲထွက်သွားရတယ် ဆိုတာက လူတိုင်းအတွက် အခကအခဲတွေ ရှိပါလိမ့်မယ်။ လူအများ သုံးသပ်တဲ့ စံညွှန်းတွေနဲ့ ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည် ဖြစ်စေပေါ့လေ။ ကျွန်မတို့ကတော့ အချင်းချင်း ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးကို ဆက်ပြီး ထိန်းသိမ်းထားခဲ့ပါတယ်။ ပြီးတော့ ဖလင်းကို ချစ်ခင်တဲ့ မိဘတွေအဖြစ် ညှိညှိနှိုင်းနှိုင်း ရှေ့ဆက်နေမှာပါ။ ဒီအတွက် အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပဲ ကျွန်မတို့ ကိုင်တွယ်သွားပါမယ်"ဟု ပြောကြားခဲ့သည်။

သူမက "ကျွန်မနဲ့ အော်လန်ဒိုတို့က တစ်ယောက်ကိုတစ်ယောက် လေးစားပါတယ်။ နားလည်မှုလည်း ထားကြပါတယ်။ နားလည်မှုရှိရင် ကျန်တာအားလုံး လိုက်လျောညီထွေ ဖြစ်လာမှာပဲလေ။ ကျွန်မတို့ဟာ တစ်ယောက်ဘဝမှာ တစ်ယောက်က ကြီးမားတဲ့ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ဆက်ရှိနေဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့နှစ်ယောက်ဟာ အပြန်အလှန် လေးလေးနက်နက် ချစ်ခင်ရင်းနှီးနေဦးမှာ ဖြစ်ပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။

ကျန်းမာပြီးကြံ့ခိုင်သော အရိုးများကို ပိုင်ဆိုင်စေဖို့ နည်းလမ်းများ



ကယ်လစီယမ်နဲ့ ဗီတာမင်ဒီပါဝင်တဲ့ အာဟာရတွေကို နေ့စဉ်စားသုံးဖို့ဆိုတာ အရိုးကျန်းမာရေး
အတွက်အရေးကြီးလှပါတယ်။ အသက် (၃၀) ကျော်လာပြီဆိုတာနဲ့ လူ့အရိုးဟာ ပျက်စီးဖို့လွယ်ကူလာပြီး ပြန်လည်တည်ဆောက်ဖို့ဆိုလည်း ငယ်စဉ်ကထက် အချိန်ပိုကြာပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်းဆဟာလည်း အသက်ကြီးလာလေလေ လျော့လာလေလေဖြစ်ပါတယ်။ အရိုး သိပ်သည်းဆဟာ ကျန်းမာတဲ့ အခြေအနေမှာ ရှိနေစေဖို့ နည်းလမ်းကို တင်ပြပေးလိုပါတယ်။
၁။ ကယ်လစီယမ်စားသုံးမှုကို မြှင့်တင်ပါ။ သွားနဲ့အရိုးတွေရဲ့ ပုံမှန် ဖွံ့ဖြိုးသန်စွမ်းမှုအတွက် ကယ်လစီယမ်ဟာ အရေးပါတဲ့ သတ္တုဓာတ်ဖြစ် ပါတယ်။ နေ့စဉ်စားသုံးတဲ့ အာဟာရတွေထဲကမှ ဒိန်ချဉ်၊ ချိစ်နွားနို့လို နို့ထွက် အစားအစာတွေ၊ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်လို အစိမ်းရောင်ဟင်းသီး ဟင်းရွက်တွေ ကကယ်လစီယမ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်လို့နေ့စဉ် စားသုံးပေးသင့်ပါတယ်။
၂။ နေရောင်ခြည်ကိုခံယူပါ။ ပူပြင်းတဲ့နေ့လယ်ခင်းနေရောင်ကိုဆိုလိုတာမဟုတ်ပါဘူး။ မနက်ခင်းနေရောင်ခြည်ကို ဆိုလိုပါတယ်။ ဗီတာမင်ဒီ ခန္ဓာကိုယ်ထဲမှာ လုံလောက်စွာ မရှိနေရင် ကယ်လစီယမ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေမယ့်လည်း အဲဒီကယ်လစီယမ်တွေကို မစုပ်ယူနိုင်ပါဘူး။ နေရောင်ခြည်ဟာ အကောင်းဆုံးနဲ့ သဘာဝအတိုင်းများ များရရှိတဲ့ ဗီတာမင်ဒီ ရင်းမြစ်ကြီးပဲ ဖြစ်ပါတယ်။ မနက်ခင်းနေရောင်ခြည်ကို (၁၅)မိနစ်ကြာခံယူပြီးကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်ပါ။ ဒါ့အပြင် ပုစွန်ဆိတ်၊ ဆာဒင်းငါး၊ ကျူနာငါး၊ ဆော်လမွန်ငါး၊ ကြက်ဥနှစ်တွေဟာလည်း ဗီတာမင်ဒီတွေကြွယ်ဝစွာ ပါဝင်နေပါတယ်။
၃။ ပရိုတင်းစားသုံးမှုကို စစ်ဆေးပါ။ ဘယ်အရာကိုမှ လွန်လွန်ကျူးကျူး မစားသုံးသင့်ပါဘူး။ ပရိုတင်းလို့ခေါ် တဲ့ အသားဓာတ်လည်း ထို့အတူပါပဲ။ ကိုယ်ခန္ဓာကြွက်သားတွေနဲ့အရိုးကို တည်ဆောက်မှုမှာအရေးပါပေမယ့်လည်း ပရိုတင်းပုံမှန်ထက်များနေပြီဆိုရင် ကိုယ်ခန္ဓာထဲမှာ PH အပြောင်းအလဲတွေဖြစ်စေပါတယ်။ အဲဒီအခါမှာအရိုးပျက်စီးမှုကို ဖြစ်စေတဲ့ acidic ပတ်ဝန်းကျင်ကို အရိုးတွင်းမှာ ဖြစ်ပေါ်လာစေပါတယ်။
၎။ အငန်စားသုံးမှုကို ထိန်းချုပ်ပါ၊ မိမိတို့အများစုဟာ တစ်နေ့ကို ဆိုဒီယမ်၂၃၀၀၀မီလီဂရမ်လောက် ပျမ်းမျှစားသုံးမိနေကြပါတယ်။ ဆိုဒီယမ် ကိုစားသုံးမှုမြင့်မားခြင်းဟာ ကယ်လစီယမ်တွေကို ဆီးနဲ့ချွေးတွေကနေ တစ်ဆင့် စွန့်ထုတ်မှုများပြီးဆုံးရှုံးစေပါတယ်။
၅။ ကဖင်းနဲ့ ဆိုဒါကို လျှောချပါ။ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည် စတာတွေနဲ့ ဆိုဒါပါ ၀င်တဲ့ snacks၊ အချိုရည်တွေဟာ ကိုယ်ခန္ဓာကနေ ကယ်လစီယမ် စုပ်ယူမှုကိုတားဆီးပါတယ်။ ဆိုဒါအရသာပြုလုပ်ရာမှာပါဝင်တဲ့ ဖော့စဖောရပ်ကလည်း ကယ်လစီယမ်စုပ်ယူမှု ကိုအနှောက်အယှက်ဖြစ်စေပါတယ်။
၆။ အရက်အလွန်အကျွံသောက်ခြင်း ကိုရှောင်ကြည်ပါ။ အရက်အလွန် အကျွံသောက်ခြင်းသည် အရိုးကြံ့ခိုင် ကျန်းမာရေးကို ထိခိုက်စေသဖြင့် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။

သက်ကို
Ref;ANI

အမှတ်မထင် တွေ့ရှိခဲ့သော ဆေးဝါးများ


(၁) ကော်တီဆုမ်း (cortisone)
ရောင်ရမ်းမှု၊ နာကျင်မှု၊ ဓါတ်မတည့်ခြင်းနှင့် အရေပြားပြဿနာများအတွက် အသုံးပြုသော ကော်တီ ဆုမ်း (အသက်ကယ်ဆေးဟုလူသိများ) ဆေးကို ဒုတိယကမ္ဘာစစ်အတွင်းက စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဂျာမန် လေသူရဲများ အမြင့်ပေများများပျံသန်းမှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် စတီးရွိုက်ထိုးဆေးများအသုံးပြုကြသည်ဟု မဟာမိတ်ထောက်လှမ်းရေးကတွေ့ရှိခဲ့ပြီးနောက် အမေရိကန်ကလည်း အဆိုပါဆေးမျိုးတီထွင်ရန်ကြိုးပမ်းခဲ့ရာမှ ကော်တီဆုမ်းဆေးများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

(၂) ၀ါဖာရင် (warfarin)်
သွေးကျဲဆေးအဖြစ်အသုံးပြုလျက်ရှိသည့် ၀ါဖာရင် (warfarin) ကို ၁၉၂၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ကနေဒါနှင့် မြောက်ဒါကိုတာပြည်နယ် မွေးမြူရေးခြံများ၌ စတင်တွေ့ရှိခဲ့သည်။ မွေးမြူထားသည့် နွားအချို့တွင် ဒဏ်ရာအနည်းငယ်ရရုံမျှဖြင့် အဆက်မပြတ် သွေးထွက်ပြီး ရံဖန်ရံခါသေဆုံးသည်အထိ ရှိလာသော ကြောင့် စုံစမ်းရာမှ ပဲရိုင်းပင်အနွမ်းများစားသုံးသည့် နွား များ၌ သွေးထွက်လွန်သည်ကို တွေ့ခဲ့ရသည်။ ၁၉၄၀ ခုနှစ်တွင် ပဲရိုင်းပင်များမှ ဒြပ်ပေါင်းတစ်မျိုးထုတ်ယူနိုင်ခဲ့ ပြီး warfarin အမည်ဖြင့် ထုတ်လုပ်ခဲ့သည်။
(၃) ဗိုင်ယာဂရာ (viagra)ာ
၁၉၈၀ ခုနှစ်ဝန်းကျင်က sidenafil ဟုအမည်ပေးထားသည့် ဆေးကို သွေးပေါင်လျှော့ချရန်နှင့် နှလုံးသွေး လွှတ်ကြော သွေးစီးဆင်းမှု ကောင်းမွန်စေရန် စမ်းသပ်ခဲ့ကြရာ နှလုံးသွေးကြောကျဉ်းရောဂါကို ထိထိရောက် ရောက်ကုသနိုင်ခြင်းမရှိဘဲ အမျိုးသားအင်္ဂါများထံ သွေးဝင်ရောက်မှုများပြားပြီး မာကျောလာသည်ကိုတွေ့ခဲ့ ရသည်။ ဤသို့ဖြင့် sidenafil ကို ပန်းသေပန်းညိုး ကုသရန် အသုံးပြုသောဆေးအဖြစ် ၁၉၉၈ ခုနှစ်တွင် မှတ်ပုံတင်ထားခဲ့သည်။

(၄) လစ်သီယမ် (lithium)်
စိတ်ကြွစိတ်ကျရောဂါကဲ့သို့ စိတ်မတည်ငြိမ်သော ရောဂါများ ကုသရန်အသုံးပြုသော လစ်သီယမ်ဆေးကို ၁၈၄၀ ခုနှစ်များက ဆီးကျောက်ရောဂါနှင့် အဆစ်ရောင်ရောဂါတို့အတွက် အသုံးပြုခဲ့သည်။ ရာစုနှစ်တစ်ခုအကြာ၌ အဆိုပါဆေးကို ဓါတ်ခွဲခန်းစမ်းသပ်ခံပူးသတ္တ၀ါငယ်များတွင် ထိုးသွင်းခဲ့ရာ အိပ်မောကျကုန်သည်ကို တွေ့ခဲ့ရပြီး ထိုမှတစ်ဆင့် စိတ်ကြွချိန်တွင်တည်ငြိမ်မှုရရှိစေရန် လစ်သီယမ်ဆေးကို အသုံးပြုခဲ့သည်။
သီဟ
Ref:RD

လီယိုနာဒိုကြောင့် အသည်းကွဲမှုကို အလုပ်ဖြင့်ဖြေဖျောက်နေသည့် တိုနီဂါရန်


အသက်(၂၁)နှစ်ရှိ တိုနီသည် ရေလှိုင်းများကြားတွင် ဓာတ်ပုံရိုက်ကွင်း အစီအစဉ် တစ်ခုအတွက် အလုပ်ရှုပ်နေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။a

လီယိုနာဒို ဒစ်ကာပရီယိုနှင့် ပတ်သက်ပြီး တိုနီဂါရန်တစ်ယောက် အသည်းကွဲမှုကို အလုပ်ဖြင့် ဖြေဖျောက်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လီယိုနာဒို၏ ချစ်သူအဖြစ် သတင်းကြီးနေသော စူပါမော်ဒယ်လ်သည် လီယိုနာဒိုက အခြားသော အမည်မသိ အမျိုးသမီး တစ်ဦးကို နမ်းရှုပ်နေသည့် ဓာတ်ပုံများ ထွက်ပေါ်လာချိန်တွင် ကာရေဘီယန်သို့ ရောက်ရှိနေခဲ့သည်။ အသက်(၂၁)နှစ်ရှိ တိုနီသည် ရေလှိုင်းများကြားတွင် ဓာတ်ပုံရိုက်ကွင်း အစီအစဉ် တစ်ခုအတွက် အလုပ်ရှုပ်နေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။


ဂျာမန်သူ တိုနီသည် လတ်တလောတွင် ကမ္ဘာသိ မော်ဒယ်လ်တစ်ဦး ဖြစ်မလာသေးသော်လည်း ထိပ်ဆုံးအဆင့် တက်လှမ်းရန် အလားအလာကောင်းများ ပိုင်ဆိုင်ထားသူအဖြစ် သတ်မှတ်ချီးကျူး ခံနေရသည်။ အသက်(၃၉)နှစ်ရှိ လီယိုနာဒိုသည် မီယာမီရှိ နိုက်ကလပ် တစ်ခုတွင် အမည်မသိ အမျိုးသမီး တစ်ဦးနှင့် နမ်းရှုပ်နေသည်ကို သတင်းထောက်များက ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည့်နောက် တိုနီနှင့် လီယိုနာဒိုတို့၏ ဆက်ဆံရေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ယင်းတို့နှစ်ဦးလုံးက အဆိုပါ အခြေအနေကို တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ တိုနီသည် ကာရေဘီယန်တွင်သာ အလုပ်အတွက် အာရုံစိုက် နှစ်မြှုပ်ထားခြင်း ဖြစ်သည်

သူမသည် အပေါ်ပိုင်းတွင် အဖြူရောင် တီရှပ်အပါး တစ်ထည်ကို ဝတ်ဆင်ကာ ဘီကနီအောက်ခံ အပြာရောင်တစ်ထည်ကို ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကာရေဘီယန် ဧည့်ပရိသတ်၏ စိတ်နှလုံးကို သိမ်းကျုံးယူခဲ့သည့် တိုနီ၏ ဓာတ်ပုံများကို Daily Mailက ဖော်ပြခဲ့ပြီး လီယိုနာဒို အနေဖြင့် စိတ်ကူးယဉ်ချင်စရာ အမျိုးသမီးတစ်ဦးကို လက်လွှတ်လိုက်ရခြင်းဟု ရေးသားဖော်ပြခဲ့သည်။ တိုနီသည် အသက်(၁၅)နှစ် အရွယ်ကတည်းက Clavin Kleinအတွက် စတင်၍ ကိုယ်ဟန်ပြခွင့် ရလာခဲ့ပြီး Stella McCartney၊ Dior၊ Louis Vuitton၊ Chanel အစရှိသော အမှတ်တံဆိပ်များ အတွက်လည်း အလုပ်လုပ်ပေးခဲ့ဖူးကြောင်း သိရှိရသည်။

Ref::: Planet 

ဂျပန်ရောက် အလှမယ် ဂုဏ်ရည်အေးကျော်



ဂျပန်ရောက် ဂုဏ်ရည်အေးကျော်ရဲ့ Facebook မှာ ဘီကီနီနဲ့ ပြိုင်ပွဲဝင်ရပုံ ၂ ပုံ မနေ့က ရောက်လာပါတယ်။


သူက Miss International 2013 ပြိုင်ပွဲကို ဂျပန်မှာ ၀င်ပြိုင်နေသူပါ။

ဂုဏ်ရည်အေးကျော်ရဲ့ ဘီကီနီပုံတွေကို မြန်မာFacebook ပရိသတ်အများအပြားက ချီးကျူးနေကြပါတယ်။

"Very beautiful....love u.... မြန် မာ မတွေ ပြိုင် သ မျှထဲ မှာ အမိုက် ဆုံး ဘဲ" လို့ တယောက်က မှတ်ချက်ပြုထားပါတယ်။

အသက် ၂၄နှစ်အရွယ် မန္တလေးသူ ဂုဏ်ရည်အေးကျော်ရဲ့ Facebook မှာလည်း သူ့အကြောင်းတွေကို ဟောဒီလို တွေ့ရမှာပါ။

Hello Fans: Thank you for your each & every single hit of like...
Let's keep in touch ...
Biography
DOB : August 8th
Zodiac : Leo
Education: B.A (Eng:) (MUFL)
Diploma in Computer Studies (NCC Education, England)

- Volunteer as a Hearse Driver, Taking care of Elders and Leader of Female Group No.(8), in Chan Mya Thu Kha Organization Since 3 January 2010 ....
- Volunteer at FFSS(Free Funeral Service Society) on 2 October 2013 ....
- ချမ်းမြသုခနာမှုကူညီရေးအသင်း၏ မ (၈) ယာဉ်မှူး၊ ဘိုးဘွားစောင့်ရှောက်ရေးနှင့် နာရေးကားမောင်းစေတနာ့ဝန်ထမ်း ခြင်းကို ၂၀၁၀ခုနှစ် ဇန်န၀ါရီ ၃ရက်မှ ယနေ့အထိ တာဝန်ထမ်းဆောင်လျက်ရှိ။ ။
- ဦးကျော်သူ ဦးဆောင်သည့် အခမဲ့နာမှုကူညီရေးအသင်းဍ် စေတနာ့ဝန်ထမ်းခြင်းကို ၂ရက် အောက်တိုဘာလ ၂၀၁၃တွင် စတင်ဆောင်ရွက်။ ။

2013 Miss Myanmar International
2012 Miss Loy Krathong
2011 Miss La Pyae Won ( 2nd Runner Up)














လပေါင်းများစွာဝေးကွာနေခဲ့တဲ့ တင်းနစ်ကွင်းထဲမှာ ကလေးတစ်ယောက်လိုဖြစ်နေခဲ့တယ်ဆိုတဲ့ မာရီယာရှာရာပိုဗာ


ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ကစားခဲ့တဲ့ ဆင်ဆင်နက်တီအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ပထမအဆင့်ကနေ ထွက်ခွာခဲ့ရ ပြီးတဲ့နောက်ပိုင်း ညာဖက်ပုခုံးဒဏ်ရာကြောင့် ကာလရှည်ကြာနားနေခဲ့ရတဲ့ ရုရှားတင်းနစ်မယ် မာရီယာရှာရာပို ဗာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုလံဘီယာနိုင်ငံ ဘိုတာဂိုမြို့မှာ ဆားဘီးယားတင်းနစ်မယ် အန်နာအီဗန်နိုဗစ် နဲ့ သရုပ်ပြတင်းနစ်ပွဲတစ်ပွဲကစားသွားခဲ့ပါတယ်။ဒီပွဲမှာ အန်နာအီဗန်နိုဗစ်က နာလန်ထကာစ ရှာရာပိုဗာကို (၆-၁)(၁-၆)(၁၂-၁၀)နဲ့ အနိုင်ကစားသွားခဲ့တာပါ။ ဒီပွဲအပြီးမှာ ရှာရာပိုဗာက “ လတွေအကြာကြီးမကစားပဲနေခဲ့ပြီး အခုမှ ကွင်းထဲပြန်ဝင်ရတဲ့အခါကျတော့ ကလေးတစ်ယောက်လိုဖြစ်နေတယ်ရှင်။ ဒီလို အရမ်းကစားချင်နေခဲ့ တာကြာပြီလေ။ ကိုလံဘီယာနိုင်ငံကို ကျေးဇူးပါပဲ။ နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြတဲ့အတွက်ပေါ့။ ကျွန်မ မကြာခင်ပြန်ကစားတော့မှာပါ”လို့ ပြောသွားခဲ့ပါတယ်။အဆိုပါညာဖက်ပုခုံးဒဏ်ရာကြောင့် လက်ရှိကမ္ဘာ့အဆင့်(၄) ရှာရာပိုဗာဟာ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ ကို လွဲချော်သွားခဲ့ရသလို ရာသီပိတ်ပြိုင်ပွဲဖြစ်တဲ့ WTA ချန်ပီယံရှစ်ကိုပါ လွဲခဲ့ရပါသေးတယ်။ သူမအတွက် အ နီးစပ်ဆုံး ပြိုင်ပွဲကတော့ ဒီဇင်ဘာ (၂၉)ကနေ ၂၀၁၄ ၊ ဇန်န၀ါရီ(၅)ရက်အထိ ကျင်းပပြုလုပ်သွားမယ့် Brisbane International တင်းနစ်ပြိုင်ပွဲပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ လက်အမျိုးသမီးချန်ပီယံက ဆီရီနာဝီလျံဖြစ် ပြီး အမျိုးသားချန်ပီယံကတော့ အန်ဒီမာရေးဖြစ်ပါတယ်။

လိင်ဆက်ဆံမှု ဦးစားပေး ချစ်စခန်းဖွင့်မှု ထွန်းကားလာ



လက်မထပ် ပဲ အတူနေ သည့် ဓလေ့ စရိုက် (Living Together) အထက် No String Attach ခေါ် ချစ်ကြိုက်မှု သံယောဇဉ် နှောင်ကြိုး များ မပါ သည့် လိင် ကိစ္စသာ သီးသန့်  သာ ဖြစ်သည့် Casual Sex ယဉ် ကျေး မှု မှာ မြန်မာ နိုင်ငံ တွင် တစ်နေ့  တခြား ထွန်း ကား လာကြောင်းတွေ့ရှိရသည်။

သံယောဇဉ် အမျှင် တန်း များ မပါ သည့် လိင်မှု ကိစ္စ ပုံ စံ သည် ရန်ကုန် နှင့် မန္တလေး မြို့  များရှိ ငွေကြေး အတန် အသင့် ရှိ သည့် လူလတ် တန်းစား များ တွင် အများ ဆုံး တွေ့ ရ သော် လည်း ကျောင်းသူ ၊ ကျောင်း သား များ နှင့် ပညာတတ် လွှာ များ တွင် လည်း အများ ဆုံး တွေ့ ရသည်။

အိမ် ထောင် ရှိ သူ တွေ မှာ အများ ဆုံး တွေ့ ရတတ် တယ်။ ကုမ္ပဏီ တွေ ၊ နိုင်ငံခြား အလုပ်ရှင် တွေ နဲ့  တွဲ လုပ် ရတဲ့ လုပ်ငန်း တွေ မှာ အများ ဆုံး တွေ့ ရတတ်တယ်။ ပါတီ တွေ ၊ ဧည့်ခံ ပွဲ တွေ က များ တော့ အများစု က ဒီပွဲ တွေ မှာ ပျော် ပါး ရင်း Sex ကို လက် သိပ် ထိုး ပေးတတ် ကြ တယ် ၊ အချိန် တန် ရင် တော့ အိမ် ပြန် ပေါ့ .. ဟု ခရီးသွား လာရေး ဧဂျင် စီ တစ်ခု မှ မန်နေဂျာ တစ်ဦး က FNG ကို ပြောသည်။

၉၀ ပြည့် လွန် နှစ် ပိုင်း များ က လက်မထပ် ဘဲ အတူ နေ ယဉ် ကျေးမှု မှာ မြန်မာ နိုင်ငံ တွင် စတင် ထွန်း ကား လာခဲ့ ပြီး အရွယ် ရောက် ပြီး သူ အမျိုး သမီး များ ၏ ၅ ရာ ခိုင် နှုန်းမှာ လက်မထပ် ဘဲ

Sex ကိစ္စဆွဲဆောင်မူရှိအောင် ၀တ်ဆင်ထားသောမြန်မာ မိန်းကလေးတစ်ဦး

တစ်ခါသုံး ဂျီအက်စ်အမ်ကတ်များ၌ အင်တာနက်စနစ်ပါ တွဲဖက်ပါဝင်



ဆီးဂိမ်းအတွက် ရည်ရွယ်ရောင်းချခဲ့သည့် တစ်ခါသုံး ဂျီအက်စ်အမ်ကတ်များတွင် အင်တာနက် တွဲဖက်ပါဝင်လာခဲ့ကြောင်း အဆိုပါတစ်ခါသုံးဂျီ အက်စ်အမ်ဖုန်းကတ်များ ရောင်းချနေသည့် Elite Tech ကုမ္ပဏီမှ တာဝန်ရှိသူ ကိုအောင်က ပြောသည်။ ယခင်က တစ်ခါသုံးဂျီအက်စ်အမ်ဖုန်းလိုင်းများတွင် အင်တာနက်လိုင်းပါဝင်ခြင်းမရှိဘဲ၊ ဖုန်းလိုင်းသာ ပါဝင်ခဲ့သော်လည်း ယခုအခါ အင်တာနက်လိုင်းတွဲဖက်ပါ ဝင်လာခဲ့သည်ဟုသိရသည်။ “တစ်လအတွင်းနံပါတ်မပြောင်းဘူး။ ငွေဖြည့်ပြီးတော့ ဆက်သုံးနေလို့ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။



တစ်ခါသုံးဂျီအက်စ်အမ်ဖုန်းကတ်များကို နိုင်ငံခြားသားများအတွက် ရည်ရွယ်ရောင်းချခြင်းဖြစ်ပြီး ဝယ်ယူရန်အတွက် Passport မိတ္တူလိုအပ်ကြောင်း သိရသည်။ “Access Point မှာ mptnet လို့ ပြောင်းလိုက်တာနဲ့ အင်တာနက်သုံးလို့ရပါတယ်။ ပထမဦးဆုံးပေးရတဲ့ ၂ သောင်းကျပ်မှာ ပြည်တွင်းအတွက် ၂၅၀၀ ပဲသုံးလို့ရတယ်။ ကတ်ဖိုးက ၁၅၀၀ ကျပ်။ ကျန်တာက နိုင်ငံခြားခေါ်တာနဲ့ အင်တာနက်သုံးဖို့အတွက် သတ်မှတ်ထားတယ်” ဟု ဘီလ်ခွဲခြား သတ်မှတ်ထားခြင်းနှင့် ပတ်သက်၍ ၎င်းကဆက်လက်ပြော သည်။



တစ်ခါသုံးကတ်များသည် ငွေကြေးထပ်မံဖြည့်သွင်းသည့်အခါ၌လည်း အသုံးပြုနိုင်သည့်ဘီလ်ပမာဏသည် ပြည်တွင်းပြည်ပဟူ၍ ခွဲခြားဝင်ရောက်ခြင်းဖြစ်သည့်အတွက် သတ်မှတ်ထားသည့်အတိုင်း အသုံး ပြုရန်လိုအပ်သည်။ ပုံမှန်အားဖြင့် တစ်ခါသုံးဂျီအက်စ်အမ်ကတ်ကို တစ်လအတွင်းသာ သုံးစွဲစေခဲ့ခြင်းဖြစ်သော်လည်း Ativiate ပြုလုပ်ခြင်းမရှိခဲ့ပါက သုံးလအထိ ကိုင်ဆောင်အသုံးပြုနိုင်ကြောင်း သိရသည်။



တစ်ခါသုံးဂျီအက်စ်အမ် ဖုန်းကတ်များကို ငွေဖြည့်ကတ် ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများအတွက် ရောင်းချနေခြင်းဖြစ်သော်လည်း လက်ရှိကာလ၌ ရောင်းအားအခြေအနေ ကောင်းမွန်ခြင်း မရှိကြောင်း သိရသည်။


မြင့်ကျော်လှိုင်
internetjournal

အသည်းခြောက်ရောဂါ



မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် အသည်းခြောက်ရောဂါအဖြစ်များတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေကြပါတယ်။

ဒီအသည်းခြောက်ရောဂါ အဓိကဖြစ်ရတာက အသည်းရောင် B ပိုး၊ C ပိုး၊ အရက် နဲ့ အဆီများလွန်းတာကြောင့် ဖြစ်ပါတယ်။ ဒါတွေကို ဘယ်လို ကာကွယ်သင့်ပါသလဲ။ ရောဂါဖြစ်လာခဲ့ရင် စောစောသိဖို့ အရေးကြီးရာမှာ တချို့ မှာ လက္ခဏာပြပေမဲ့၊ တချို့ မှာ လက္ခဏာမပြတာမို့ ဆေးစစ်ကြည့်ဖို့ လိုပါတယ်။ ဘယ်လို စစ်နိုင်နိုင်ပါသလဲ။ ရောဂါဖြစ်လာပြီးရင်လည်း ဖြစ်ရခြင်းအကြောင်းရင်းကို ရှာပြီး ကုသမှုပေးနိုင်ပါတယ်။ ဒါပေမဲ့ အစားအသောက် ရှောင်ရမှာတွေ ရှိပါတယ်။ ဘာအစားအစာတွေကို ရှောင်ရပါမလဲ။ နောက်ဆုံးအဆင့်မှာတော့ အသည်းအစားထိုး ကုသမှုအထိ ရှိပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ အသည်းအထူးကု အငြိမ်းစား ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း, ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ကလေးများ မျက်မှန်တပ်ဖို့ နဲ့ မျက်စိထဲ ထုံးဝင်ခြင်း



မြန်မာနိုင်ငံမှာ မျက်စိထိခိုက်မှုနဲ့ ပတ်သက်ပြီး လွဲမှားမှုကြီး (၃) မျိုးရှိရာမှာ ပထမတမျိုးက Steroid မျက်စဉ်းဆေးတလွဲ သုံးစွဲတာဖြစ်ပြီး၊ ဒုတိယနဲ့ တတိယအချက်တွေက လိုအပ်ချိန်မှာ မျက်မှန်မတပ်မိခြင်းနဲ့ မျက်စိထဲ ထုံးဝင်ခြင်း ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

ကလေးငယ်တွေမှာ မွေးရာပါ မျက်စိအားနည်းချက်တွေရှိလာရင် အချိန်မီ မျက်မှန်တပ်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်ပါလဲ။ ဘယ်အချိန်မှာ မျက်စိ စစ်ဆေးမှုတွေ စတင်လုပ်သင့်ပါလဲ။

မျက်စိထဲထုံးမှုန့်ဝင်တာဟာ အက်ဆစ်ဝင်တာထက် ပိုဆိုးပြီး မျက်စိအမြင်အာရုံ ဆုံးရှုံးတဲ့အထိဖြစ်နိုင်တာမို့ ထုံးကို သန့်စင်သွားအောင် အမြန်ဆေးကြောပေးဖို့နဲ့ မျက်စိဆရာဝန်နဲ့ အမြန်ပြစစ်ဆေးဖို့ အရေးကြီးပါတယ်။ ဒီအကြောင်း အသေးစိတ် သိရှိနားလည်ဖို့ မျက်စိအထူးကုဆရာဝန် ဒေါက်တာဒေါ်ခင်သန္ထာမြင့်နဲ့ ကိုဝင်းမင်းက ဆွေးနွေးတင်ပြထားပါတယ်။

အမေရိကန်အမျိုးသမီးတွေ သိပ္ပံကို ပိုပြီး စိတ်ဝင်စားလာအောင် ကြိုးပမ်းချက်

အမေရိကန်ပြည်ထောင်စုက အမျိုးသမီးတွေ သိပ္ပံဘာသာမှာ ၀ါဿနာပါလာရေးအတွက် တဖက်တလမ်းက ကြိုးစားဆောင်ရွက်နေသူတဦးကတော့ အမေရိကန်အမျိုးသားအာကာသသိပ္ပံဌာန နာဆာက အမျိုးသမီး အာကာသယာဉ်မှူးဟောင်း ဆယ်လီ ရိုက်စ် ဖြစ်ပါတယ်။ သူဟာ ၁၉၇၈ ခုနှစ်မှာ နာဆာမှာ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၈၃ ခုနှစ် အသက် ၃၂ အရွယ်မှာ အာကာသယာဉ်ထဲ လိုက်ပါခွင့်ရခဲ့တဲ့ ပထမဆုံးနဲ့ အငယ်ဆုံး အမျိုးသမီးတဦးလည်းဖြစ်ပါတယ်။ အခုတော့ အသက် ၆၀ အရွယ်မှာ သူဟာ အာကာသအစီအစဉ်ကနေ အနားယူခဲ့ပြီးဖြစ်ပေမဲ့ အမေရိကန်အမျိုးသမီးတွေ သိပ္ပံပညာမှာ စိတ်ဝင်စားလာကြဖို့ သူ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာတွေကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။

၂၀၁၄ အမေရိကန်မယ် Miss Nina Davulari ရဲ့ ပြောကြားချက်များ


ဒီနှစ် အမေရိကန်မယ် Miss America 2014 သရဖူရှင်ဟာ ပထမဆုံး အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသူဖြစ်ပါတယ်။ Miss Nina Davulari အနေနဲ့ မတူကွဲပြားတဲ့ နောက်ခံတွေက လာရောက်နေထိုင်ကြတဲ့ အမေရိကန်ပြည်ထောင်စုမှာ ချစ်ကြည်ရင်းနှီးစွာ နေထိုင်နိုင်ကြဖို့ အရေးကြီးတဲ့အကြောင်း၊ ကြိုးစားရင် ကိုယ်ဖြစ်ချင်တာ ဖြစ်နိုင်တဲ့အကြောင်း သူက ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်းတင်ပြထားပါတယ်။

သမ္မတရဲ့လွတ်မြောက်မှုဆုရရှိသူ ပထမဆုံးအမေရိကန်အမျိုးသမီးအာကာသယာဉ်မှူး


အမေရိကန်သမ္မတက အရပ်သားတွေကို ဒီနှစ်အမြင့်ဆုံးချီးမြှင့်တဲ့ သမ္မတရဲ့ လွတ်မြောက်မှုဆုဖြစ်တဲ့ Presidential Freedom Award ဆုရှင်တွေအနက် သိပ္ပံပညာကို အမျိုးသမီးငယ်တွေ ပိုမိုစိတ်ဝင်စားစေဖို့ စွမ်းဆောင်ပေးခဲ့သူ အမေရိကန် အာကာသယာဉ်မှူးဟောင်းလည်းတစ်ဦးဖြစ်တဲ့ Sally Ride လည်းပါဝင်ပါတယ်။ သူဟာ ၂၀၁၂ က အသက် ၆၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့အတွက် ဒီဆုဟာ သူ ကွယ်လွန်ပြီးနောက်မှ ချီးမြှင့်ခံခဲ့ရတဲ့ ဂုဏ်ပြုမှုလည်းဖြစ်ပါတယ်။ သိပ္ပံပညာကို အမျိုးသမီးငယ်တွေ ပိုမိုစိတ်ဝင်စားစေဖို့ သူ့ရဲ့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်းတင်ပြထားပါတယ်။

မန်ဒဲလားအောင့်မေ့ဖွယ်အခမ်းအနား ကမ္ဘာခေါင်းဆောင် ၈၀ ကျော် တက်မည်


10.12.2013
အသက် ၉၅ နှစ်အရွယ်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှု ခေါင်းဆောင် နယ်ဆင် မန်ဒဲလားအတွက် အင်္ဂါနေ့ အောင့်မေ့ဖွယ်အခမ်းအနားကို တတ်ရောက်ဖို့ ကမ္ဘာအ၀ှမ်းက ခေါင်းဆောင်တွေ တောင်အာဖရိကနိုင်ငံကို သွားရောက်နေကြပါပြီ။

အမေရိကန်သမတ ဘရက်ခ်အိုဘားမားနဲ့ ဇနီးဖြစ်သူ မစ်ရှဲလ် အိုဘားမား
တို့ဟာ တနင်းလာနေ့က မနက်ပိုင်းက ၀ါရှင်တန်ဒီစီကနေ ထွက်ခွာသွားကြပါပြီ။ သူနဲ့အတူ သမတဟောင်း ဂျော့ ဒဗလျူဘွတ်ရှ်နဲ့ ဇနီးသည် လော်ရာတို့လည်း အတူ ပါဝင်ခဲ့ကြပါတယ်။ သမတဟောင်း Bill Clinton နဲ့ Jimmer Carter တို့ဟာလည်း တောင်အာဖရိကနိုင်ငံ Johannesburg မြို့ကို သီးခြားထွက်ခွာသွားကြပါပြီ။ မစ္စတာ မန်ဒဲလားရဲ့ ဈာပနအခမ်းအနားကိုတော့ ၂၀၁၀ ခှုနစ် ကမ္ဘာဖလားဘောလုံးပွဲ ကျင်းပတဲ့နေရာဖြစ်တဲ့ Johannesburg က ဘောလုံးအားကစားရုံအတွင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။

မစ္စတာမန်ဒဲလားကို ဂုဏ်ပြုဖို့ ကမ္ဘာအ၀ှမ်းမှာရှိတဲ့ နိုင်ငံအကြီးအကဲတွေ၊ အစိုးရအဆင့်မြင့် တာဝန်ရှိသူတွေ၊ တော်ဝင်မိသားစုဝင်တွေ စုစုပေါင်း ကမ္ဘာခေါင်းဆောင် ၈၀ ကျော် တတ်ရောက်ဖွယ်ရှိတယ်လို့ တောင်အာဖရိက ကြေညာပါတယ်။

မစ္စတာမန်ဒဲလားဟာ တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားရေးဆန့်ကျင်လှုပ်ရှားမှုကို ဦးဆောင်ခဲ့တာကြောင့် ထောင်ထဲမှာ ၂၇ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ သူထောင်ကထွက်လာပြီးတဲ့နောက် သူဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမဲ သမတဖြစ်လာခဲ့တာပါ။

အခု သူ့ဈာပနအခမ်းအနားကို နိုင်ငံတကာကခေါင်းဆောင်တွေ တတ်ရောက်မှာမို့ လုံခြုံရေးကိုလည်း အထူးတင်းကြပ်ထားပါတယ်။ လူပေါင်း ရှစ်သောင်းလောက် တတ်ရောက်မယ်လို့ မျှော်မှန်းထားတဲ့ အဲဒီ အောင့်မေ့ဖွယ်အခမ်းအနားမှာ အမေရိကန်သမတအိုဘားမားလည်း မိန့်ခွန်းပြောမယ်လို့ မျှော်လင့်ရပါတယ်။ မစ္စတာမန်ဒဲလားရဲ့ဈာပနကို တတ်ရောက်ဖို့ စီစဉ်ထားသူတွေအထဲမှာတော့ ဗြိတိန် ၀န်ကြီးချုပ် David Cameron ပြင်သစ်သမတ Francois Hollande ဘရားဇီးသမတ Dilma Roussef ကျူးဘား သမတ Raul Castro နဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းတို့လည်း ပါဝင်ကြပါတယ်။

ကိုယ်ဝန်မရစေရန် Safe Period တွက်ချက်ခြင်း။

အိမ်ထောင်ရှင်တွေ သားသမီးမလိုချင်သေးတဲ့အခါ၊ အမျိုးသားကလည်း အကာအကွယ်မသုံးချင်ဘူး၊ အမျိုးသမီးကလည်းဆေးမသောက်ချင်ဘူးဆိုရင် အကာအကွယ်သုံးတာ၊ တားဆေးထိုးတာသောက်တာလောက် စိတ်မချရပေမယ့် အသုံးပြုလို့ရတဲ့ SAFE PERIOD တွက်ချက်ပုံကိုဖော်ပြပေးလိုက်ပါတယ်။

ပထမဦးစွာ အမျိုးသမီးရဲ့ ရာသီစက်ဝိုင်းကိုသိရပါမယ်။ ဒီနည်းဟာ ရာသီသွေးပေါ်ချိန်မှန်သူတွေဆိုရင် ပိုစိတ်ချရပါတယ်။ ရာသီစက်ဝိုင်းဆိုတာ ပြီးခဲ့တဲ့ရာသီလာချိန်ရဲ့ပထမဆုံးနေ့ကနေ အခုရာသီသွေးပေါ်ချိန်ရဲ့ပထမနေ့ အထိကို ဆိုလိုပါတယ်။ အဲဒီအချိန်အပိုင်းအခြားကို Menstrual Cycle(ရာသီစက်ဝိုင်း) လို့ခေါ်ပါတယ်။

ရာသီစက်ဝိုင်းဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပဲ များသောအားဖြင့်တော့ ၂၆ ရက်ကနေ ၃၁ ရက်အထိ ရှိတတ်ကြပါတယ်။

သားဥကြွေခြင်း Ovulation ဖြစ်စဉ်ဟာ ရာသီစက်ဝိုင်းရဲ့ တ၀က်မှာဖြစ်ပေါ်တတ်ပါတယ်။ ဆိုလိုတာက အမျိုးသမီးတစ်ယောက်ဟာ ၂၈ရက်တစ်ခါ ရာသီသွေးပေါ်တတ်ရင် အဲဒီရဲ့တ၀က်ဖြစ်တဲ့ ၁၄ ရက်မှာ Ovulationဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာလည်း တစ်ယောက်နဲ့တစ်ယောက် ကွာခြားမှုရှိနိုင်ပါတယ်။

အဲဒီ Ovulation မတိုင်ခင် ၁ပတ် နဲ့ Ovulation ဖြစ်ပြီး ၁ ပတ်တို့ဟာ ကိုယ်ဝန်ရနိုင်တဲ့ အချိန် Fertile period ပါပဲ။ အဲဒီအချိန်ကလွဲရင် ကျန်တဲ့အချိန်ဟာ စိတ်ချရတဲ့ကာလ SAFE PERIOD လို့သတ်မှတ်ပါတယ်။

ဒါကြောင့် ဒီလို SAFE PERIOD ကိုတွက်ဖို့ဆိုရင် Fertile period ကိုသိရပါမယ်။

Fertile period ကိုတွက်ချက်ခြင်း။

ရာသီသွေးပေါ်ချိန် မှန်သူများအတွက် - ရာသီစက်ဝိုင်း၏ တ၀က်သည် သားဥကြွေချိန်ဖြစ်သည်။ သားဥကြွေချိန်မတိုင်မှီ ၇ ရက် နှင့် ကြွေပြီး ၇ ရက်တို့သည် SAFE PERIOD ဖြစ်သည်။

A--------------------B===========*===========B--------------------A

A = ရာသီသွေးစပေါ်ချိန် / နောက်တစ်ကြိမ်ရာသီသွေးပေါ်ချိန် * =သားဥကြွေချိန်

ရာသီသွေးပေါ်ချိန် မမှန်သူများအတွက်

===== ပြထားသော ကာလသည် ကိုယ်ဝန်ရနိုင်ချိန်Fertile periodဖြစ်၍ ----- ပြထားသောကာလသည် SAFE PERIOD ဖြစ်သည်။

- ရာသီသွေးပေါ်ချိန် အတိုဆုံးအချိန်မှ ၁၈ ရက် နုတ်ခြင်းသည် Fertile period ၏ ပထမရက်ဖြစ်သည်။ - ရာသီသွေးပေါ်ချိန် အရှည်ကြာဆုံးအချိန်မှ ၁၀ ရက် နုတ်ခြင်းသည် Fertile period ၏ နောက်ဆုံးရက်ဖြစ်သည်။

ဥပမာ- အမျိုးသမီးသည် ရာသီသွေးပေါ်ချိန် ၂၆ ရက်မှ ၃၁ ရက်အထိ ကွာခြားတတ်သည်ဆိုပါစို့ ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အတိုဆုံး ကာလ ၂၆ မှ ၁၈ ကိုနုတ် = ၈ ရက် ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အရှည်ဆုံးကာလ ၃၁ မှ ၁၀ ကိုနုတ် = ၂၁ ရက်

ထို့ကြောင့် ထိုအမျိုးသမီးအတွက် ရာသီလာချိန် ပထမရက်မှစတင်ရေတွက်လျှင် ၈ ရက်မြောက်နေ့မှ ၂၁ ရက်မြောက်နေ့အထိသည် Fertile period ဖြစ်သည်။ ထိုအချိန်မဟုတ်သည့် အခြားရက်များသည် SAFE PERIOD ဖြစ်သည်။

SAFE PERIOD နည်းသုံးလျှက်နဲ့ပင် ကိုယ်ဝန်ရရှိနိုင်မှု

တစ်နှစ်မှာ လူအယောက် ၁၀၀ ထဲမှာ ၁၁.၉ ယောက် ကိုယ်ဝန်ရနိုင်သည်။ ရာခိုင်နှုန်းအရ ၂၅ % အထိကိုယ်ဝန်ရရှိနိုင်မှု ရှိသည်။

ဤသို့ ကလေးမရစေနိုင်ရန် တားဆီးကာကွယ်မှုများနည်းထဲတွင် သားကြောဖြတ်ခြင်းနည်းမှတပါး အကောင်းဆုံးမှာ အကာအကွယ်(ကွန်ဒုံး) သုံးခြင်းပင်ဖြစ်သည်။ အကာအကွယ်သုံးခြင်းသည် လိင်မှတဆင့်ကူးစက်သောရောဂါများကိုပါ ကာကွယ်သောကြောင့် လူငယ်များအတွက် အကောင်းဆုံးပင်ဖြစ်သည်။

Related Posts Plugin for WordPress, Blogger...