Wednesday, January 8, 2014

ပြည်ပကုမ္ပဏီများ လုပ်ငန်းစတင်ချိန်မှ MPT မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခ လျှော့ ချမည်

Wednesday, January 8, 2014



အများပိုင် ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်နေသော မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) က ယခုနှစ်အတွင်း အော်ရီဒူး၊ တယ်လီနော စသည့် ပြိုင်ဘက်ကုမ္ပဏီများ လုပ်ငန်း စတင်ချိန်မှသာ မိုဘိုင်းဖုန်း ခေါ်ဆိုခများ လျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ “ဈေးနှုန်းကိုတော့ အခုချိန်မှာ မပြောနိုင်သေးပေမယ့် လူတိုင်း အဆင်ပြေပြေ သုံးစွဲနိုင်မယ့် ပြည်ပကုမ္ပဏီတွေနဲ့လည်း ယှဉ်နိုင်တဲ့ ဈေးနှုန်း ဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။

နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် အသွင်ပြောင်းရန် ပြင်ဆင်နေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နောက်ပိုင်းတွင် အင်တာနက် သုံးစွဲမှု များကိုလည်း နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ သုံးစွဲသူစိတ်ကြိုက် ရွေးချယ် ဝယ်ယူသည့် စနစ်သို့ ပြောင်းလဲရန် ပြင်ဆင်နေကြောင်း အဆိုပါဌာနထံမှ သိရသည်။

“မိုဘိုင်းဖုန်း ခေါ်ဆိုခတွေ လျှော့ချတာထက် ဝန်ဆောင်မှုတွေကို ပိုကောင်းအောင် အရင် လုပ်သင့်တယ်။ ဖုန်းခေါ်ဆိုခတွေ လျှော့လည်း ဒီလိုဝန်ဆောင်မှုတွေပဲ ထပ်ပေးနေမယ်ဆိုရင် ဘာမှ မထူးဘူး။ ဒီအချိန်မှာ MPT ကို ပြည်သူတွေ ယုံကြည်လာအောင် လုပ်သင့်နေပြီ။ ပြည်ပကုမ္ပဏီတွေစမှ အသည်းအသန် ပြောင်းမယ် ဆိုရင်တော့ နောက်ကျနေပြီလို့ ထင်တယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်ရန် အဓိကကျသည့် ဆက်သွယ်ရေးလိုင်စင် ရရှိရေးအတွက် တင်ဒါအောင် ပြည်ပကုမ္ပဏီ နှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနောတို့က ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနနှင့် လိုင်စင် ကိစ္စရပ်များကို အပြီးသတ် ဆွေးနွေးနေပြီး ယခုနှစ်ဆန်းပိုင်းတွင် အပြီးသတ်နိုင်ဖွယ် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

အော်ရီဒူးက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၄၅ ကျပ်၊ ဆင်းမ်ကတ်တစ်ခု ၁၅၀၀ ကျပ် ဖြင့် 3G စနစ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်မည်ဟု ကြေညာ ထားပြီး တယ်လီနောက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်၊ ဆင်းမ်ကတ်တစ်ခု ၁၅၀၀ ကျပ်ဖြင့် ဝန်ဆောင်မှုများ ပေးမည်ဟု ဆိုထားကာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကမူ မိုဘိုင်းဖုန်း ခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ် ကောက်ခံနေသည်။

အဆိုတော် Ailee ၏ ၀တ်လစ်စလစ် ပုံများ အွန်လိုင်းတွင် ပျံ့နှံ့




အဆိုတော် Ailee ၏ ဝတ်လစ်စားလစ်ပုံများ အွန်လိုင်းတွင် ပျံ့နှံလာခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ သူ၏ အေဂျင်စီက သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ချက်ချင်းလုပ်ပြီး ပုံများ ကို အွန်လိုင်းပေါ်တင်ခဲ့သူများကို ဖော် ထုတ်ကာ ဥပဒေအကြောင်း အရ အရေးယူသွားမည်ဟု ပြောဆိုသွားခဲ့သည်။




In the world of K-Pop, Ailee is one of the biggest names. She’s not only extremely talented musically, she’s also pleasing to the eye. Earlier today, she had to deal with a scandal after a series of nude shots hit the internet. A statement from her camp admitted she is indeed the subject.


Look below for 9 pictures of Ailee, many of which show her with little or no clothing. As you will see, her body is absolutely amazing. Although she was born in the United States, she went to South Korea and became a star. As for this controversy, her people are blaming her ex-boyfriend Daniel Lee, a man who now works at the media outlet that leaked the uncensored story.

Here are the images — click the right arrow to view the whole gallery:








ကြော်ငြာ နဲ့  အရောင်းမြှင့်တင်ရေး တွေ မှာ မော်ဒယ်(လ)တွေ ရဲ့ ခန္တာကိုယ် အလှ အရေးပါလာ



မြန်မာ ဖက်ရှင် နဲ့  မော်ဒယ်(လ) လောက မှာ အပြောင်း အလဲ တွေ ဖြစ်လာရာ ABC ဘီယာ ၏
အရောင်း မြှင့် တင် ရေး ဉ် မော်ဒယ် များ ၏ ပြောင်းလဲ လာသည့် ဖက်ရှင် ကို ဤ သို့  တွေ့ ရစဉ်။



ယခင်က ခန္တာကိုယ် အလှ ကို ဖော်ပြခွင့် မရခဲ့ စဉ် က မော်ဒယ်(လ) များ သည် မျက်နှာ နှင့် ခန္တာ ကိုယ်
ပြင်ပန်း သဏ္ဍန် လှ ပ မှု ရှိ လျှင် မော်ဒယ်(လ) လောက ထဲ ကို ၀င်ရောက် ၍ ရပြီ ဟု ဆို နိုင်သော် လည်း
နောက်ပိုင်း တွင် မူ ပကတိ အလှ ကို အသား ပေး လာမှု ကြောင့် ခန္တာ တစ်ခု လုံး လှပ ကျော့ရှင်းမှ
သာရ သည် ဟု မော်ဒယ်(လ) ဧဂျင်စီ မှ သင်တန်း ဆရာမ တစ်ဦး က ပြောသည်။




နေအိမ်တွင် ကိုယ်ပိုင်နိုက်ကလပ် တည်ဆောက်ထားသည့် ပဲရစ်ဟီလ်တန်




Wednesday, January 8, 2014

ပဲရစ်ဟီလ်တန်က သူမ၏ နေအိမ်တွင် နိုက်ကလပ်တစ်ခုကို ထည့်သွင်း
တည်ဆောက်ထားကြောင်း ကြွားလုံးထုတ် ပြောဆိုလိုက်သည်။ ဟီလ်တန်
ဟိုတယ် လုပ်ငန်းစုကြီး၏ အမွေခံ သန်းကြွယ်သူဌေးမလေးက ဘီဗာလီဟေးလ်ရှိ နေအိမ်တွင် မိသားစုများ၊ သူငယ်ချင်းများနှင့်အတူ ပျော်
ရွှင်နိုင်မည့် ကလပ်တစ်ခုကို စိတ်ကြိုက် ဖန်တီးထားကြောင်း ဆိုသည်။ "ကျွန်မအိမ်မှာ အိပ်ခန်း(၅)ခန်းရှိတယ်။ ကျွန်မကတော့ အကြိုက်ဆုံး အိပ်ခန်းကို ကိုယ်ပိုင်အဖြစ် ရွေးထားတယ်။ ပြီးတော့ ကျွန်မရဲ့ အဝတ်ဗီရို
ကိုလည်း သိပ်ကြိုက်တယ်။ နောက်တစ်ခု ရှိသေးတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်
နိုက်ကလပ်ပါ။ အဲဒီမှာ ကျွန်မ ပါတီတွေ အများကြီး လုပ်ပြီးပြီ"ဟု ပဲရစ်က
ပြောကြားခဲ့သည်။

ပဲရစ်တွင် ဘာရွန်ဟီလ်တန်၊ ကွန်ရက်ဒ်ဟီလ်တန်နှင့် နစ်ကီဟီလ်တန်
ဆိုသော မောင်နှမ (၃)ဦးလည်း ရှိနေသေးသည်။ သူမက မိမိ၏ မောင်နှမ
များကို နေအိမ်သို့ ဖိတ်ကြားကာ သီးခြားပါတီလေးများ ပြုလုပ်လေ့
ရှိကြောင်းလည်း ဖွင့်ဟခဲ့သည်။ "ကျွန်မမိသားစုနဲ့ ခုလိုမျိုး သီးသီးသန့်သန့် ပါတီလေးတွေ လုပ်ခွင့်ရတာကို သိပ်သဘောကျပါတယ်။ ဒါက အရမ်းကို
ပျော်စရာကောင်းတယ်။ ကျွန်မရဲ့ အိမ်ထဲမှာ သူငယ်ချင်းတွေချည်း စုပြီးတော့ ဝိုင်းဖွဲ့နေလို့ရတယ်။ ကျွန်မမောင်ရဲ့ မွေးနေ့ပါတီကိုတောင် အိမ်က နိုက်ကလပ်မှာ လုပ်ဖြစ်ခဲ့သေးတယ်"ဟု ပဲရစ်က ဆိုသည်။

သူမက ရပ်ကွက်အနေအထားအရ ကျယ်ကျယ်လောင်လောင် ပါတီမျိုးကို ညအချိန်မတော်တွင် ကျင်းပ၍မူ မရနိုင်ကြောင်းလည်း ဝန်ခံခဲ့သည်။ "ဒီမှာက လုံခြုံရေး တင်းကျပ်လွန်းတယ်။ (၂)နာရီလောက်ထိ ပါတီပေးလို့တော့ရ တယ်။ ဒါပေမဲ့ ဆူညံနေလို့ မရဘူး။ ဒါကြောင့် ကျွန်မက ညကြီးအချိန်မတော် ထိ ပါတီလုပ်တယ်ဆိုရင် အခင်ဆုံး၊ အကြောင်းအသိဆုံး သူငယ်ချင်းတွေကိုပဲ
ရွေးပြီး ခေါ်ထားပါတယ်"ဟု ပဲရစ်က ရှင်းပြသွားသည်။

ကားပြပွဲ တွေ မှာ အဖော်လွန် တဲ့ မော်ဒယ်(လ) တွေ ကို တရုတ် နှိပ် ကွပ်






တရုတ် ပြည်မှာ မော်တော် ကား ပြပွဲ တွေ ကျင်းပ တဲ့ အခါ မလုံ မခြံ ၀တ်ထား တဲ့ မော်ဒယ်(လ)တွေ ကို ဖမ်းဆီး အရေး ယူတာ တို့  မော်တော်ပြ ပွဲ ကျင်း ပတဲ့ ကုမ္ပဏီ ကို လည်း အရေးယူတာတွေ လုပ် လာ ပြီ ဖြစ်တဲ့ အကြောင်း ဒီနေ့ ထုတ် ဝေတဲ့ South China Morning Post သတင်းစာ မှာ ဖော်ပြထား ပါတယ်။

စက်တင်ဘာ လဆန်း က ချန်ဒူး မော်တော် ကား ပြ ပွဲ မှာ မစ်ယန်ယူ ဆိုတဲ့ မော်ဒယ်(လ) အပါအ၀င်အခြား မော်ဒယ် လေးဦး ဟာ ၀တ်လစ် စလစ် နီး ပါး ဖက်ရှင် နဲ့  ပုရိသ တွေ အကြိုက် ဓာတ် ပုံ အရိုက်ခံ ခဲ့ တယ် လို့  ဆို ပါတယ်။

ဒီကား ပြပွဲ မှာ ဂျပန် လုပ် မော်တော် ကား တွေ နဲ့  တရုတ် ပြည် လုပ် မော်တော် ကား တွေပြသထား ပါတယ်။

အစိုးရ က နှိပ် ကွပ် ပေမယ့် လည်း မော်ဒယ်(လ်) တွေ ရဲ့  အစွမ်း ကြောင့် ကား တွေ အရောင်း စွံ သဗျို့ လို့  ချန်ဒူး အော်တို ပြပွဲ ကို စီစဉ် သူ တစ်ဦးက ဆိုပါတယ်။

Car News China အင်တာနက် စာမျက် နှာ မှာ တော့ ကား ပြ ပွဲ တွေ မှာ မော်ဒယ်(လ) တွေ ၀တ်လစ်စလစ် နီး ပါး အလှ ပြ ခိုင်း တာ မျိုး တွေ့  ရင် အရေး ယူအပြစ် ပေးမယ် လို့  ဖော်ပြ ထား ပါတယ်။

မြန်မာ နိုင်ငံ ရဲ့  အိမ် နီး ချင်း နိုင်ငံ ဖြစ်တဲ့ တရုတ် နိုင်ငံ မှာ ကား ပြ ပွဲ တွေ ၊ မော်ဒယ်(လ) ရှိုး တွေ မှာမမြင် အပ် တဲ့ နေ ရာ တွေ ကို ဖော်ပြ ပြီး လူကြိုက်များ အောင် လုပ်တာ ခွင့် မပြု တော့ ဘူး လို့  ဆို ပါတယ်။

မြန်မာ နိုင်ငံ မှာ တော့ မော်တော် ကား ပြ ပွဲ တွေ မော်ဒယ် ရှိုး တွေ မှာ ၀တ်လစ်စလစ် နီး ပါး မဖြစ် သေး
တာကြောင့် သိသာ တဲ့ နှိပ် ကွပ် မှု တွေ မလုပ် သေးဘူး လို့  မော်ဒယ်(လ) ပြပွဲ စီစဉ် သူ တစ်ဦး က ပြောပါတယ်။

လတ်တလော ကျင်း ပနေ တဲ့ မော်တော်ကား ပြပွဲ တွေ ၊ မော်ဒယ်(လ) ရှိုး တွေ မှာ စကတ် တို ယဉ်ကျေးမှုခောတ်စား နေပေမယ့် အဖော် အချွတ် လုပ် ပြီး ပြတာ မျိုးတော့ မတွေ့ ရ သေးဘူး လို့  ရန်ကုန် မြို့  က ဟိုတယ် မန်နေဂျာ တစ်ဦး က ပြောပါတယ်။

ဝတ်လစ်စလစ် ကိုယ်ဟန်ပြမယ်လေး ရက်စက်စွာ သတ်ဖြတ်ခံရခြင်း


ခုတလော သတ်သည့် ဖြတ်သည့် သတင်းတွေ ခေတ်စား၏။

ကျနော်လည်း ခါတော်မီ အသတ်အဖြတ်များ တင်ခြင်း ဟု မသတ်မှတ်စေလိုပါ။

ကျနော် ပြောပြချင်သည်မှာ တကယ့် အဖြစ်အပျက် ဖြစ်၏။



ဟုတ်ပါသည်။ အတိအကျ ဆိုသော် မနေ့ ညက ပင်ဖြစ်သည်။

ထိုသတင်းကြားကြားချင်း ကျနော် အလွန် တုန်လှုပ်ခြောက်ခြား သွား၏။

သို့သော် သတင်းကား သတင်းမှန်တည်း …။ ဘယ့်နှယ့် …



စိတ္တဇ ဓါတ်ပုံဆြာ တယောက် ၀တ်လစ်စလစ် ကိုယ်ဟန်ပြမယ်လေးအား …

ရက်ရက်စက်စက် သတ်ဖြတ်သည့် သတင်း…။





ဒီသတင်းကို လိုက်မည် …။ လုံးဝ လက်လွတ် မခံသင့်သောသတင်း …။

ဟုတ်သည်…။ စီဂျေတစ်ဦး အနေဖြင့် စီဂျေတာဝန်ကျေရမည်။

ထို ဖြစ်ရပ်မှာ ကျနော် နေထိုင်သော မြို့ ကလေးတွင် ဖြစ်ပွားခဲ့သောကြောင့်

ထိုမြို့တွင်နေထိုင်သော ကျနော့်တွင် တာဝန်ရှိသည်။ (မည်သူ တာဝန်ပေးပေး

မပေးပေး စီဂျေဟု ခံယူချက် ပြင်းပြစွာ စွဲကိုင်၍ ထိုသတင်းကို အိပ်ရေးပျက်ခံ

လိုက်ခဲ့ခြင်း ဖြစ်ပါသည်။)



သတင်းအစုံအလင်မှာ ဤသို့ဖြစ်သည်။ (နာမည် နေရပ်လိပ်စာ စသည်တို့မှာ

တစုံတဦး ကို မလိုလားအပ်ဘဲ မထိခိုက်စေလိုသဖြင့် အတိအကျ ဖော်ပြခြင်း

မပြုတော့ပါ)။





တောမြို့ ကလေး တစ်မြို့ တွင်ဖြစ်သည်။ စိတ်ရောဂါ အခံရှိသူ ဓါတ်ပုံဆြာ

တစ်ယောက်သည် ၀တ်လစ်စလစ် ကိုယ်ဟန်ပြမယ်လေးအား ကိုယ်ဟန်ပြသမှု

အပြီးတွင် ရက်စက်စွာ သတ်ဖြတ်ပစ်လိုက်ပြီး အလောင်းကို ဖျောက်ဖျက်ပစ်လိုက်မှု

ပင်ဖြစ်တော့သည်။ နောက်ဆက်တွဲ သတင်းများအရ ကိုယ်ဟန်ပြခ ငွေကြေး (၀ါ)

ခံစားမှု တစုံတရာ မပေးချေလိုသောကြောင့် သတ်ဖြတ်ခြင်း လည်း မဟုတ် ဟု

သိရလေသည်။ အထီးအမ သဘာဝ လိင်ကိစ္စ နှင့်လည်း လားလားမှ မပတ်သတ်

ဟု လည်း သတင်းထုတ်ပြန်ခဲ့ပြန်သည်။

အဘယ်ကြောင့်များ အရွယ်ကောင်း ကိုယ်ဟန်ပြမယ်လေး အပေါ် ရက်စက်စွာ

အကြောင်းမဲ့ သတ်ဖြတ် ခဲ့ပါသနည်း။ ပဟေဌိ တစ်ခုပင်ဖြစ်သည်။

ထို ဓါတ်ပုံဆြာ အား ဆက်သွယ်မေးမြန်းရန် မှာ ကျနော့် အနေဖြင့် မစွမ်းသာ

သောကြောင့် လက်တလော ထိုမျှသာ ပြောပြပေးနိုင်ပါသည်။ သက်ဆိုင်ရာ

အဖွဲ့အစည်းများ မည်သို့ လှုပ်ရှား အရေးယူ ဆောင်ရွက်မည် ကိုလည်း

သိချင်စမ်းပါဘိ ။ ဖြောက်ဖျက်ခံ ကိုယ်ဟန်ပြမယ်လေး၏

ရုပ်အလောင်းကား ယခုတိုင်အောင် ရှာဖွေ မတွေ့ရှိသေးဟုတော့ သိရပါသည်။

ကျနော်လည်း သတင်း အစအနများ ရတန်သင့်သလောက် ရရှိပြီးသောအခါ

သတင်းဓါတ်ပုံများ လိုက်လံရှာဖွေကြည့်မိပါသည်။ ဟုတ်ကဲ့..သတင်းဓါတ်ပုံများလည်း

ရသင့်သလောက် ရရှိခဲ့ပါသည်။ဝတ်လစ်စလစ် ကိုယ်ဟန်ပြမယ်လေး မသေဆုံးမီ

မိနစ်ပိုင်းအတွင်း ရိုက်ယူခဲ့သော ပုံများ ဟု သိရပါသည်။ (ရက်စက်စွာသတ်ဖြတ်သော

ပုံများကတော့ မှတ်တမ်းပင် မရှိသလား ..ကျနော်ပဲ မရရှိခဲ့ခြင်းလား မပြောတတ်ပေ)





ထို့ကြောင့် ၀တ်လစ်စလစ် ကိုယ်ဟန်ပြမယ်လေး ကိုယ်ဟန်ပြနေပုံ အချို့ကိုသာ

ထုတ်နှုတ် တင်ဆက်လိုက်ရပါသည်။ မကြည့်ဝံ့သူများ ဆက်၍ မဖတ် မကြည့် ရန်နှင့်

ယခုပိုစ့်ကို ပိတ်ပစ်ရန် တင်ကြို ပြောဆိုခွင့်ပြုပါ။

…………..

………….

…………

………..

……….


………

……..

…….

……

…..

….



..

.




ဝတ်လစ်စလစ် ကိုယ်ဟန်ပြမယ်လေး..

အဟိ. ..
ဘယ်ခြင်က အင်္ကျီဝတ်တယ် ကြားဖူးလို့တုန်း နော့်….

ဝတ်လစ်စလစ်ပေါ့ …






ကိုယ်ဟန်ပြမယ်လေး၏ အနီးကပ်အလှ



ခြင် အမ ကပဲ ကိုက်တာခည … ခြင်ဟာ အစားအစာ လို့ငှာ

ကိုက်တာမဟုတ်ဘဲ ..ဥတွေ မျိုးအောင်ဖို့ သွေးနွေးသတ္တ၀ါရဲ့

သွေးလိုလို့ (အပူချိန်အတွက်) ကိုက်တာဖြစ်လို့ …ခြင်အထီး ဟူသည်

မကိုက်… အစားအစာ အလို့ငှာ ၀တ်ရည် အပင် အရွက်မှ အရည်

စုတ်ပီး အသက်ရှင်၏ ဟူသတတ်….။




ကိုယ်ဟန်ပြမယ်လေး၏ ဘေးတစောင်းပုံ



ဒီလူ့နှယ့်ဗျာ …

သည်လို သည်လိုတွေ ကိုယ်ဟန်ပြခိုင်းပြီးကာမှ …

လူမဆန်စွာ ရက်ရက်စက်စက် လုပ်ရက်လေခြင်း …

ထှောက်ခ်….




ယခုကဲ့သို့ ..ထွက်ပြေးလွတ်မြောက်ရန် အားထုတ်ခဲ့သော်လည်း



အသက်ဘေး ပေကိုးဗျာ …

သူလည်း သူစွမ်းသလောက်တော့ ကြိုးစားခဲ့ရှာပါသေးတယ်..





အားမတန် မာန်လျှော့..



တွေ့လား ..သွေးတွေ ၀ နေတာ …

ကိုယ်ဟန်ပြဖိုး အကျအန ယူပီးသားပါဆို…

:D



ဟီး …

အလန့်ထညက် လုပ်တာ ဆောဒီးပါ ရွာသူားတို့ …

တရေးနိုးလို့ စီးကရက် ထသောက်တာ ..

ဝရန်တာ တံခါးဖွင့်တုန်း ဒင်းက ၀င်လာတော့ …

ကံဆိုးဖို့ ဖြစ်သွားရှာတယ်ဗျာ …
ကိုယ့် အိမ်ကို မဖိတ်ဘဲလည်း လာသေး ..

နာအောင်လည်း လုပ်သေး

သွေးလည်း စုပ်သေး …

ဖြောင်းကနဲ ရိုက်ပြီး

သည်အတိုင်း ပေးသေလိုက်ဖို့ မတန်. .နည်းနည်းမှ မတန်…

ဒါ့ကြောင့် ဒင်းကို မသေခင်ကလေး အသုံးချလိုက်တာ …

ခစ်ခစ်…



တော်သေးဘီ

ခင်တဲ့

ဂီ

အမေရိကန်ပြည်ထောင်စုတွင် ၁၀ စုနှစ် နှစ်ခုအတွင်း အပူချိန်ကျဆင်းမှု စံချိန်တင်


Wednesday, January 8, 2014

ဇန်န၀ါရီ ၆ ရက်က မီချီဂန်ပြည်နယ် ဒက်ထရွိုက်မြို့တွင် ဆီးနှင်းများ ကျဆင်းနေသည့်အကြား လူတစ်ဦး လမ်းရှာ၍ ခရီးသွားနေစဉ်


ဇန်န၀ါရီ ၇ ရက် အစောပိုင်းတွင် ၁၀ စုနှစ် နှစ်ခုအတွင်း တွေ့ကြုံခဲ့ရဖူးခြင်း မရှိသည့် အရိုးထဲထိ ခိုက်ခိုက်တုန်စေသော အအေးဓာတ်သည် အမေရိကန်ပြည်ထောင်စု တစ်ဝန်းကို လွှမ်းခြုံသွားခဲ့ရာ လေကြောင်းခရီးစဉ်များနှင့် ကျောင်းများကို ပိတ်ထားရပြီး လူများကို အိမ်အတွင်း၌သာ နေထိုင်ရန် ပန်ကြားထားရကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း ပြည်နယ်များ၌ပင် အအေးဓာတ်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး နှင်းခဲများ ရင်ဘတ်ထိ မြင့်တက်နေသည်။ အမေရိကန်အမျိုးသား မိုးလေ၀သဌာနက အလွန်အကျွံ အေးခဲမှုသည် အရှေ့ဘက်သို့ ရွေ့လျားလာလိမ့်မည်ဟု ဆိုသည်။

နှစ်သစ်ကူး အားလပ်ရက် ခရီးစဉ်များမှနေ၍ နေအိမ်များသို့ပြန်ရန် ကြိုးပမ်းနေကြသည့် ခရီးသည် အမြောက်အမြားအတွက် လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းသွားခြင်းက အိပ်မက်ဆိုးတစ်ရပ် ဖြစ်လာသည်။ ဇန်န၀ါရီ ၆ ရက်တွင် အမေရိကန်ပြည်ထောင်စုရှိ လေကြောင်းခရီးစဉ်ပေါင်း ၄၃၀၀ ကျော်ကို ရပ်ဆိုင်းလိုက်ရာတွင် ထက်ဝက်ခန့်မှာ ချီကာဂိုမြို့မှ လေကြောင်းခရီးစဉ်များဖြစ်သည်။ လေကြောင်းခရီးစဉ် ၆၅၀၀ ကျော်မှာလည်း ကြန့်ကြာသွားခဲ့သည်။

အေးခဲနေသော ရာသီဥတုကြောင့် လူပေါင်း ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သတင်းရရှိသည်။ ‘၀င်ရိုးစွန်းဝဲဂယက်’ ဟုခေါ်သော ရာသီဥတု ပြောင်းလဲမှုပုံစံက အပူချိန်ကို ၁၀ စုနှစ် နှစ်ခုအတွင်း မကြုံဖူးသေးသည့် အမှတ်သို့ ထိုးကျသွားစေခဲ့သည်ဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း နေရာအနှံ့အပြားတွင် ရာသီဥတုက အေးလွန်းသည့်အပြင် လေပြင်းများနှင့်ပါ ကြုံကြိုက်ရသည်ဟုဆိုသည်။

ကမ်မာတောင်းနှင့် မွန်တာနာမြို့များတွင် အပူချိန်သည် အနုတ် ၆၃ ဒီဂရီဖာရင်ဟိုက် (အနုတ် ၅၃ စင်တီဂရိတ်) ရှိပြီး မြောက်ဒါကိုတာ၊ တောင်ဒါကိုတာနှင့် မင်နက်ဆိုးတား ပြည်နယ်များတွင်လည်း အအေးဓာတ်က ယင်းထက်ပို၍ လျော့ပါးမှုမရှိဟု ဆိုသည်။ ယင်းသည် တောင်ဝင်ရိုးစွန်းထက် သိသိသာသာ အအေးဒဏ် ပိုကဲလွန်းနေသည်ဟု ဆိုသည်။ တောင်ဝင်ရိုးစွန်း၏ အပူချိန်မှာ အနုတ် ၂၉ ဒီဂရီဖာရင်ဟိုက်သာရှိသည်။ ၀ါရှင်တန်ဒီစီကဲ့သို့သော မြို့ကြီးများတွင် အလယ်အလတ်အဆင့်ရှိ ဆီးနှင်းများ ပြိုဆင်းမှုများ ဖြစ်ပွားမှုနှင့်အတူ လူအများ ကြောက်လန့်တကြားဖြစ်လျက် အိမ်တံခါးများပိတ်ကာ နေထိုင်နေရကြောင်း သိရသည်။

Ref:AFP

ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း ရဲတပ်ဖွဲ့ဝင်များကို ဆိုင်ကယ်စီးခွင့်မပြုတော့


Wednesday, January 8, 2014

ဝင်းမြင့်ကျော်

ရန်ကုန်မြို့အတွင်း မောင်းနှင်နေသော မော်တော်ဆိုင်ကယ် တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)


ရန်ကုန်တိုင်းဒေသကြီးရှိ စည်ပင်သာယာ နယ်နိမိတ်အတွင်း ရဲတပ်ဖွဲ့ဝင်များ ဆိုင်ကယ်စီးနင်းခွင့် လုံးဝခွင့်မပြုတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဇန်န၀ါရီ ၆ ရက် နံနက်ပိုင်းတွင် သိရသည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ စည်းကမ်းချိုးဖောက်ပြီး မော်တော်ဆိုင်ကယ် စီးနင်းမှုများကို စောင့်ကြည့်စစ်ဆေး အရေးယူနိုင်ရန် ဖမ်းဆီးရေး အဖွဲ့များကို တိုးချဲ့စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းခွင့် ပြုထားသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများ အနေဖြင့် မိမိ၏၀န်ထမ်းများကို ကြီးကြပ်စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ခေါ်ယူသတိပေး ဆွေးနွေးပြီးနောက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အနေဖြင့် ရဲတပ်ဖွဲ့ဝင်များ မော်တော်ဆိုင်ကယ် စီးနင်းခွင့် မပြုတော့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဇန်န၀ါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

“၀န်ထမ်းတွေက တခြားသူတွေထက် စည်းကမ်းပိုင်းကို ပိုပြီးလိုက်နာသင့်တယ်။ အခုဆိုင်ကယ် စီးခွင့်ပြုထားတဲ့ ဌာနဆိုင်ရာတွေရဲ့ ၀န်ထမ်းအချို့က စည်းကမ်းတွေ လိုက်နာမှု အားနည်းနေတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ စစ်ဆေးကြီးကြပ်ဖို့ လိုတယ်ဆိုတာကို ခေါ်ယူဆွေးနွေးခဲ့တယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ဆက်ပြီးမထိန်းသိမ်းနိုင်လို့ စီးခွင့်မပြုတော့တာလို့ ထင်ပါတ” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဆက်လက် ပြောကြားသည်။

အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးလင်းထွဋ်က “ဆိုင်ကယ်စီးခွင့်ပြုထားတဲ့ ၀န်ထမ်းအချို့က စည်းကမ်းလိုက်နာမှု မရှိဘူး။ တချို့အရပ်သားတွေကလည်း ရဲလိုပုံစံ ဟန်ဆောင်ပြီးတော့ ဆိုင်ကယ်စီးနင်းတာတွေ တွေ့ရှိရတယ်။ အခု ရန်ကုန်တိုင်းထဲမှာ ရဲတပ်ဖွဲ့ဝင်တွေကို ဆိုင်ကယ်စီးခွင့် လုံးဝခွင့်မပြုတော့ဘူး။ ဒါတွေကိုလည်း ထိရောက်စွာ ကြပ်မတ်ပြီး ဖမ်းဆီးအရေးယူ သွားပါမယ်” ဟု ဆိုသည်။

ရဲလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရန်အတွက် စခန်းရဲတပ်ဖွဲ့နှင့် သတင်းတပ်ဖွဲ့အချို့မှာ မော်တော်ဆိုင်ကယ် စီးနင်းပြီး လုပ်ငန်းလုပ်ဆောင်ရာ၌ မတော်တဆ တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် တပ်ဖွဲ့ဝင်အချို့ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်နေမှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ဆိုင်ကယ်စီးနင်းခွင့်ကို ရပ်ဆိုင်းရခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မော်တော်ဆိုင်ကယ် စီးခွင့်ပြုထားသည့် ဌာနများမှာ စည်ပင်၊ လျှပ်စစ်၊ သံရုံး၊ ယာဉ်ထိန်း စသည့်ဌာနများ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှု ဖြစ်စဉ်များကို ၂၀၁၁ တွင် ၁၆၅၂ မှု၊ ၂၀၁၂ တွင် ၁၈၀၃မှု နှင့် ၂၀၁၃ တွင် ၂၅၃၂ မှုတို့ ဖြစ်ပွားခဲ့သည်။

ဖုန်းဆိုင်များ မကြာခဏ ဖောက်ထွင်းခံနေရပြီး ကျူးလွန်သူ အများစုကို ဖမ်းမမိသေး


Wednesday, January 8, 2014

မင်းသိန်းနိုင်

တာမွေမြို့နယ်မှ ဖုန်းဟန်းဆက်များ ခိုးယူခံခဲ့ရသည့် ဖုန်းဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖုန်းဆိုင်များ ဖောက်ထွင်းခိုးယူခံရမှု မကြာခဏ ဖြစ်ပွားခဲ့ပြီး နှစ်ပတ်အတွင်း၌ ဖောက်ထွင်းခိုးယူခံခဲ့ရသည့် မြို့နယ်များမှာ တာမွေမြို့နယ်၊ လှိုင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်များဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ်မှ ဖုန်းဆိုင်ဖောက်ထွင်း ခိုးယူခံခဲ့ရသည့် ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် သီရိမင်္ဂလာဥယျာဉ်အိမ်ရာ၊ လွတ်လပ်ရေးရပ်ကွက်၊ အလုံမြို့နယ်နေ ဦး.....(၂၉)နှစ်သည် ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ ဦးချစ်မောင်လမ်းတွင် ဖွင့်လှစ်ထားသော ၎င်းပိုင် MOBILE PARK လက်ကိုင်ဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင်သို့ ဆိုင်ဖွင့်ရန် ရောက်ရှိပြီး ဆိုင်အတွင်း သော့ဖွင့်ဝင်ရောက်စဉ် ဆိုင်ခန်းဘေးပြတင်းပေါက်မှာ ပွင့်နေသဖြင့် စစ်ဆေးကြည့်ခဲ့ကြောင်း ထိုသို့စစ်ဆေးရာ ဆိုင်အတွင်းရှိ စုစုပေါင်း ကျပ် ၆၃၆၃၀၀၀ တန်ဖိုးရှိ ဟန်းဆက် ၆၉ လုံး၊ ဘက္ထရီများနှင့် ငွေဖြည့်ကတ်များမှာ ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် လှိုင်မြို့နယ် အင်းစိန်လမ်း၊ ၉ ရပ်ကွက်၊ သံလမ်းရှိ ဆိုင်ခန်းတစ်ခန်းကို ငှားရမ်းကာ ဟန်းဖုန်းဆိုင်၌ ဟန်းဆက်ထည့်သည့် မှန်ဗီဒိုအား သော့မခတ်ဘဲ ဆိုင်အပြင် သံပန်းတံခါးကိုသာ သော့ပိတ်ကာ နေအိမ်သို့ ပြန်ခဲ့ကြောင်း၊ ထို့နောက် ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီခန့်တွင် ဆိုင်သို့လာပြီး ဆိုင်တံခါးဖွင့်စဉ် မှန်ဗီဒိုအတွင်း ထားရှိခဲ့သည့် စုစုပေါင်း ကျပ် ၅၉၄၉၀၀၀ တန်ဖိုးရှိ ဟန်းဆက် ၉၂ လုံး၊ တစ်သောင်းတန် ငွေဖြည့်ကတ် ၄၀ ကတ်၊ ငါးထောင်တန် ငွေဖြည့်ကတ် ၄၀ ကတ်နှင့် အခြားဆက်စပ်ပစ္စည်းများ ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

ယင်းဖြစ်စဉ်များနည်းတူ ဒီဇင်ဘာ ၇ ရက်က ဗိုလ်အောင်ကျော်လမ်း (အလယ်)၊ ၉ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်ရှိ Mobile Bank ဖုန်းဆိုင်မှ ကျပ်ကိုးသိန်းကျော်တန်ဖိုးရှိ ဟန်းဆက် ၁၄ လုံး ခိုးယူခံခဲ့ရသည့်ဖြစ်စဉ်၊ ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်းတွင် အင်းစိန်မြို့နယ်၊ ၆ ရပ်ကွက်ရှိ Mobile Light ဖုန်းဆိုင်မှ ကျပ် ၁၅ သိန်းကျော်တန်ဖိုးရှိ ဟန်းဆက်များနှင့် ငွေဖြည့်ကတ်များ ခိုးယူခံခဲ့ရသည့်ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အများစုမှ ကျူးလွန်သူကို ဖမ်းမမိသေးကြောင်း သိရသည်။ -

EMG

အရပ်ဘက် လူ့အဖွဲ့အစည်းရွေးချယ်မှု အစည်းအဝေး ဇန်န၀ါရီ ၁၄ ရက်တွင် ထပ်မံပြုလုပ်မည်


Wednesday, January 8, 2014

ကျော်ဇင်ဝင်း၊ ဇာလီမြင့်ဦး

ဇန်န၀ါရီ ၇ ရက်က ပထမအကြိမ်အဖြစ် ရန်ကုန်မြို့ MPC တွင် ပြုလုပ်ခဲ့သော အရပ်ဘက် လူ့အဖွဲ့အစည်းများ ဖွဲ့စည်းရေး ဆွေးနွေးပွဲအား တွေ့ရစဉ်


အာဆီယံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေး ဖိုရမ်နှင့် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများအတွက် အရပ်ဘက် လူ့အဖွဲ့အစည်း ရွေးချယ်မှု အစည်းအဝေးအား ဇန်န၀ါရီ ၁၄ ရက်တွင် ထပ်မံကျင်းပမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ ဖွဲ့စည်းရေး ဆွေးနွေးပွဲကို ပထမအကြိမ်အဖြစ် ဇန်န၀ါရီ ၇ ရက်က ရန်ကုန်မြို့ MPC တွင် ပြုလုပ်ခဲ့ပြီး အရပ်ဘက် လူ့အဖွဲ့အစည်း ၅၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို Focal တစ်ခု ကျွန်တော်တို့ပေးရမယ်။ ပေးရမယ့်အခါမှာ အဖွဲ့အားလုံး CSO တွေ ပါစေချင်တယ်။ NGO တွေ ပါစေချင်တယ်။ ဒါတွေကို ကိုယ်စားပြုမယ့် အဖွဲ့တစ်ခုကို ကျွန်တော်တို့ ရွေးချယ်ပြီးတော့ လာမယ့်လာအိုနိုင်ငံမှာလုပ်မယ့် ကျေးလက်ဒေသ ဖွံ့ဖြိုးမှုနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးပွဲမှာ ကျွန်တော်တို့နိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်နိုင်ဖို့ ဖွဲ့စည်းသွားမှာဖြစ်တယ်။ လာမယ့် ၁၄ ရက်မှာက ဒီအဖွဲ့အတွက် နာမည်ကို ဘယ်လိုထားမလဲ။ ဘယ်လိုစီမံကိန်းတွေ ချမလဲဆိုတာကို ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်တယ်” ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။

ထို့ပြင် အဆိုပါ မိတ်ဖက်အဖွဲ့အစည်းများ ဖွဲ့စည်းပြီးပါက အာဆီယံ ဖိုရမ်များတွင် ကိုယ်စားပြု တက်ရောက်ဆွေးနွေးမည့် ဗဟိုအရပ်ဘက် လူ့အဖွဲ့အစည်းတစ်ခုကို ရွေးချယ်ကာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ဆွေးနွေးရမည်ဖြစ်ပြီး အဆိုပါ NGO နှင့် CSO Focal point များအနေဖြင့် ဆွေးနွေးပွဲများသို့ ကိုယ်ပိုင်စရိတ်ဖြင့် ကျခံ၍ တက်ရောက်ရမည် ဖြစ်သော်လည်း အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ပြည်ပရန်ပုံငွေ ရရှိရန် ကူညီဆောင်ရွက်ပေးမည့်အပြင် သက်ဆိုင်ရာ အစိုးရကလည်း ကူညီပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ပြည်သူ့ဖိုရမ်တွင် တက်ရောက်ဆွေးနွေးခဲ့သည့် အရပ်ဘက် လူ့အဖွဲ့အစည်းများကို စုစည်းကာ ဆွေးနွေးသွားခြင်းဖြစ်ပြီး ယနေ့ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ၎င်းအဖွဲ့အစည်းများမှ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေး လိုအပ်ချက်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

EMG

အိမ်ခြံမြေဈေးကွက်တွင် ကြိုက်ရောင်းကြိုက်ဝယ် ပြုလုပ်ကြသော်လည်း ပိုင်ဆိုင်သူ အမည်ပြောင်းကာ အခွန်ဆောင်သူနည်းပါး


Wednesday, January 8, 2014



ရွှေဂုံတိုင်ရှိ တိုက်ခန်းအိမ်ရာများကို တွေ့ရစဉ်


မြန်မာ့အိမ်ခြံမြေ ဈေးကွက်တွင် ကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြင့် အရောင်းအ၀ယ် ပြုလုပ်ကြသော်လည်း ၀ယ်ယူသူက မူလပိုင်ဆိုင်သူ၏ အမည်ကိုပြောင်းကာ အခွန်ဆောင်သူ နည်းပါးကြောင်း အိမ်ခြံမြေ အသိုင်းအ၀ိုင်းမှ သိရသည်။

“အိမ်ကို ကိုယ့်အမည်ပေါက်နဲ့ အပိုင်ဝယ်ချင်ရင် အခွန်ရာခိုင်နှုန်း ၃၇ ဆောင်ရတယ်။ အဲဒီတော့ သိန်းတစ်ရာတန်တဲ့အိမ်က ကိုယ့်အမည်ပေါက်ဖြစ်ဖို့ဆို ၁၃၇ သိန်းကျမယ်။ ဒီတော့ သာမန်ငွေကြေး သိပ်မတတ်နိုင်တဲ့ သူတွေက တော်ရုံဆိုရင် အခွန်မဆောင်ကြတော့ဘူး။ နဂိုပိုင်ဆိုင်သူ အမည်ပေါက်နဲ့ပဲ ထားလိုက်တယ်။ အရှုပ်အရှင်း ဖြစ်လာမှ အခွန်ဆောင်ပြီး အမည်ပြောင်းတာများတယ်” ဟု အိမ်ခြံမြေ၀ယ်ရောင်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကွက်မှာ အရောင်းအ၀ယ် အေးလျက်ရှိပြီး အငှားဈေးကွက်သာ များနေကြောင်း သိရသည်။

“တိုက်ခန်းအရောင်းအ၀ယ် လုပ်ကြတာကတော့ အခွန်မဆောင်ပါဘူး။ ဂရမ်နဲ့ခြံကွက်၊ အိမ်တွေ၊ မြေတွေအရောင်းအ၀ယ် လုပ်မှပဲ ဆောင်ကြတာများပါတယ်။ အရပ်ထဲမှာတော့ အရပ်စာချုပ်နဲ့ပဲ လုပ်ကြတာများတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

အစိုးရက တစ်ပေပတ်လည် မြေဈေးများ သတ်မှတ်ခဲ့ပြီး အခွန်တိုးမြှင့် ကောက်ခံခြင်းကို ပြုလုပ်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်အတွင်း အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းခြင်းမရှိဘဲ တိုးလာခြင်းသာရှိကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ လူဦးရေမှာ များစွာတိုးတက်လာပြီး မြို့ပြဧရိယာ ချဲ့ထွင်မှု များလာသော်လည်း အစိုးရက အိမ်ရာဖော်ဆောင်ပေးမှုမှာ လုံးဝလောက်ငှမှု မရှိခြင်းကလည်း အိမ်ခြံမြေဈေး ကြီးမြင့်ရခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သည် နောင်လာမည့် ဆယ်စုနှစ် အနည်းငယ်အတွင်း လူဦးရေ ဆယ်သန်းကျော် နေထိုင်သည့် Mega City ဖြစ်လာမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ အခြေချလာသည့် လူဦးရေမှာ နေထိုင်စရာ အိမ်အခန်းများ ဆောက်လုပ်ပြီးစီးမှုထက် သုံးဆခွဲ များပြားလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ယခင်ထုတ်ပြန်ချက်များအရ သိရသည်။

EMG

ဒဂုံမြောက်ပိုင်းရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများ စတင်လျှောက်ခွင့်ပြု၊ အရစ်ကျနှင့် ဘဏ်ချေးငွေစနစ်နှစ်မျိုးဖြင့် ရောင်းချရာတွင် အနည်းဆုံး ကျပ် ၂၃၇ သိန်းဟု သတ်မှတ်ထား


Wednesday, January 8, 2014

ကျော်ထင်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးကြပ်၍ တည်ဆောက်လျှက်ရှိသော ဗိုလ်ဗထူးတန်ဖိုးမျှ အိမ်ရာစီမံကိန်းအား တွေ့ရစဉ်


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်ဆောက်လုပ်နေသော ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများ ၀ယ်ယူခွင့်အတွက် လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတိုက်ခန်းများကို အရစ်ကျဝယ်ယူမှုနှင့် ဘဏ်ချေးငွေဖြင့် ၀ယ်ယူမှုစသည့် နည်းလမ်းနှစ်မျိုးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဘဏ်ချေးငွေမှာ အနည်းဆုံး လေးနှစ်ပြန်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

အရစ်ကျဖြင့် ၀ယ်ယူမှုအတွက် တိုက်ခန်းတစ်ခန်းအတွက် စာချုပ်ချုပ်ဆိုသည့်အချိန်တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း၊ ဒုတိယထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ စတုတ္ထထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ ဆဋ္ဌမထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ တိုက်အမိုးမိုးပြီးချိန်တွင် ၁၅ ရာခိုင်နှုန်းနှင့် တိုက်ခန်းအားအပ်နှံသည့်အချိန်တွင် ၁၀ ရာခိုင်နှုန်းသို့ ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဘဏ်ချေးငွေဖြင့် ၀ယ်ယူမည်ဆိုပါက U ၆၀၀ အမျိုးအစား၏ Type A မှ ၆၁၄ စတုရန်းပေရှိသည့် အခန်းတန်ဖိုးကျပ် ၂၅၅ သိန်းအား ကြိုတင်ငွေ ၃၀ ရာခိုင်နှုန်း၊ (Bank Commision Chgarge) ၁ ရာခိုင်နှုန်း၊ ပထမနှစ်ဘဏ်တိုး ၉ ရာခိုင်နှုန်းတို့ပေါင်း၍ စုစုပေါင်း ၄၀ ရာခိုင်နှုန်းအား စာချုပ်ချုပ်ဆိုသည့်အချိန်တွင် ပေးချေရမည်ဖြစ်ပြီး၊ ဒုတိယနှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်း၊ တတိယနှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်း၊ စတုတ္ထနှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်းနှင့် လစဉ်ပေးသွင်းငွေ (၄၈လအတွက်) တစ်လလျှင် ၃၇၁၈၇၅ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုနှင့် ဘဏ်တိုးများ တည့်တွက်လိုက်ပါက တိုက်ခန်း၏ စုစုပေါင်းကုန်ကျငွေမှာ ကျပ် ၃၀၀၃၉၀၀၀ (ကျပ်သိန်းသုံးရာကျော်) ကျသင့်မည်ဟု ထုတ်ပြန်ထားသည်။

ဗိုလ်ဗထူးတန်ဖိုးမျှ အိမ်ရာစီမံကိန်းကို လျှောက်ထားလိုသူများအနေဖြင့် အစိုးရ၀န်ထမ်းဖြစ်ပါက လုပ်သက်အနည်းဆုံး ၂၀ နှစ်ရှိရမည်ဖြစ်ပြီး အမှန်တကယ်နေထိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး အခြားပြင်ပမှ လျှောက်ထားသူများအနေဖြင့် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်သူ အိမ်ထောင်ဦးစီး ဖြစ်ရမည်ဖြစ်ကြောင်းနှင့် လျှောက်ထားသူ၏ မိသားစုလစဉ်ဝင်ငွေသည် အနည်းဆုံးကျပ်သုံးသိန်းရှိရမည်ဟု သတ်မှတ်ထားပြီး ဇန်န၀ါရီ ၁ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာန၏ ဌာနမှူးထံသို့ ကိုယ် တိုင်လက်ရေးမူ လျှောက်လွှာဖြင့် လျှောက်ထားရမည်ဟု ထုတ်ပြန်ထားသည်။

"အမှန်တကယ် နေအိမ်လိုအပ်တဲ့သူတွေကိုပဲ ရောင်းချပေးသွားမှာပါ။ အဲဒီအတွက် လျှောက်ထားမယ့်မိသားစုက လစဉ်ဝင်ငွေ အနည်းဆုံး ကျပ်သုံးသိန်းရှိမယ်။ အကယ်၍ ဆွေမျိုးများပါတဲ့ မိသားစုဝင်တွေ နေထိုင်ဖို့ဝယ်မယ်ဆိုရင်တော့ စုစုပေါင်းလစဉ်ဝင်ငွေ ကျပ်ခုနစ်သိန်းရှိရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ခိုင်လုံတဲ့အထောက်အထားတွေ တင်ပြရမှာ ဖြစ်ပါတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး ပြောကြားသည်။

ဝယ်ယူမည့်တိုက်ခန်းများအား ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရန်နှင့် ငါးနှစ်ကျော်လွန်၍ ရောင်းချလိုပါက စည်ပင်သို့ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှာ လွှဲပြောင်းရောင်းချခွင့် ရရှိမည်ဟုလည်း ထုတ်ပြန်ထားသည်။

ယင်းသို့ရောင်းချမည့် အိမ်ရာဈေးနှုန်းများနှင့်ပတ်သက်၍ အများပြည်သူအချို့အကြား ဝေဖန်မှုများရှိနေပြီး ဒဂုံမြို့သစ်မြောက်ပိုင်းလိုနေရာမျိုး၌ ကျပ် ၂၃၇ သိန်းရှိသည်ဆိုခြင်းမှာ များပြားသည့်ဈေးနှုန်းဖြစ်ပြီး သင်္ဃန်းကျွန်း၊ သာကေတစသည့်မြို့တွင်းနှင့် နီးစပ်သောနေရာများ၌ပင် ယင်းဈေးနှုန်းထက်ပင် သက်သာသောတိုက်ခန်းများ ရရှိနိုင်ပြီး အိမ်ရာလိုအပ်နေသော အခြေခံလူတန်းစားများ လက်လှမ်းမမီသော ဈေးနှုန်းများ ဖြစ်နေသည်ဟုလည်း သုံးသပ်နေကြသည်။

EMG

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသစ် ကျင်းပရန် ၀န်ကြီးချုပ် ဟာစီနာအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုမြင့်တက်

Wednesday, January 8, 2014


မြို့တော်ဒါကာမှ ကီလိုမီတာ ၂၆၀ အကွာရှိ ရက်ရှာဟီမြို့လယ် ကွင်းတစ်ခုတွင် မဲပေးရန် ကြိုးပမ်းသူတစ်ဦးအား ဆန္ဒပြသူများက ဇန်န၀ါရီ ၅ ရက်တွင် ရိုက်နှက်နေကြစဉ် (Photo:AFP)


ဇန်န၀ါရီ ၅ ရက်က ကျင်းပခဲ့သော ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲတွင် အလွယ်တကူ အနိုင်ရခဲ့သော ၀န်ကြီးချုပ် ရှိတ်ဟာစီနာကို ရွေးကောက်ပွဲသစ် ကျင်းပရန် ဇန်န၀ါရီ ၇ ရက်၌ ဖိအားပေးမှု မြင့်တက်နေချိန်တွင် အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာကလည်း ရန်ဘက်ဖြစ်သည်။ ဟာစီနာသည် “ဒီမိုကရေစီ ပျက်သုဉ်းအောင် လုပ်နေသည်” ဟု စွပ်စွဲခဲ့သည်။

အဓိက အတိုက်အခံ ပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ၏ ရွေးကောက်ပွဲ သပိတ်မှောက်မှုသည် မိမိ၏ ရွေးကောက်ပွဲ အနိုင်ရခြင်း တရားဝင်မှုအပေါ် ထိခိုက်ခြင်းမရှိကြောင်း ဟာစီနာက ထုတ်ပြန်ခဲ့သည်။ သို့သော် အမေရိကန် ဦးဆောင်သော နိုင်ငံတကာက ဟာစီနာကို အဓိကပါတီအားလုံး ပါဝင်သော ရွေးကောက်ပွဲသစ်အား ပြန်လည်ကျင်းပရန် ဖိအားပေးခဲ့သည်။ BNP ပါတီနှင့် အခြားပါတီ ၂၀ က သပိတ်မှောက်ခဲ့သော ရွေးကောက်ပွဲတွင် မိမိတို့ အနိုင်ရမှုနှင့် ပတ်သက်ပြီး တရားဝင်မှုကို ညှိနှိုင်းမည်ဆိုသော မည်သည့်စိတ်ကူးကိုမဆို ပယ်ချသွားမည်ဖြစ်ကြောင်း ဟာစီနာက ဇန်န၀ါရီ ၆ ရက်တွင် ကြေညာခဲ့သည်။

ဟာစီနာကို ရာထူးမှနုတ်ထွက်ပြီး ရွေးကောက်ပွဲသစ် ကျင်းပရာတွင် အိမ်စောင့်အစိုးရက ဦးဆောင်ရန် ဇီယာက ထပ်မံတောင်းဆိုခဲ့သည်။ ဇီယာသည် ယခင်ကလည်း ယင်းကဲ့သို့ တောင်းဆိုခဲ့ဖူးပြီး ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးရန် ထောက်ခံသူများအား မိန့်ခွန်းပြောခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ် ပုံစံဖြင့် ထိန်းသိမ်းခံခဲ့ရသည်မှာ သီတင်းပတ်နှစ်ပတ်ခန့် ရှိလာပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် အသုံးမ၀င်သော ယင်းရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး ရာထူးမှ နုတ်ထွက်သင့်ကြောင်း၊ အတိုက်အခံများနှင့် နားလည်မှုယူပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို ပါတီဘက်လိုက်မှုမရှိသော အိမ်စောင့်အစိုးရက ကြီးမှူးကျင်းပသင့်ကြောင်း ဇီယာက အစီရင်ခံစာ ထုတ်ပြန်ပြီး တိုက်တွန်းခဲ့သည်။ ထို့ပြင် ရွေးကောက်ပွဲတွင် မဲပေးသူ နည်းပါးခြင်းမှာလည်း ဟာစီနာ အစိုးရအပေါ် ပြည်သူများက “အသံတိတ်တော်လှန်ရေး” ဆင်နွှဲလိုက်ခြင်းဖြစ်ကြောင်း ဇီယာက ရွေးကောက်ပွဲအပြီး ပထမဆုံး မှတ်ချက်အဖြစ် ပြောကြားခဲ့သည်။

ဇန်န၀ါရီ ၅ ရက် ရွေးကောက်ပွဲရလဒ် ပျက်ပြားစေရန် အတိုက်အခံများသည် ဇန်န၀ါရီ ၆ ရက်မှစတင်ပြီး ၄၈ နာရီကြာမြင့်မည့် အထွေထွေသပိတ် ဆင်နွှဲကာ ဖိအားပေးရန် စီစဉ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ထောက်ခံသူ ရာပေါင်းများစွာက မဲရုံများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း ပြုလုပ်ခဲ့ချိန်တွင် ရွေးကောက်ပွဲနေ့၌ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ရာ ဘင်္ဂလားဒေ့ရှ် သမိုင်းတွင် သေဆုံးမှုအများဆုံး ရွေးကောက်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယင်းရွေးကောက်ပွဲ မတိုင်မီ အာဏာရ အ၀ါမိလိဂ်ပါတီ အမတ်များနှင့် ၎င်း၏မဟာမိတ်ပါတီမှ အမတ်စုစုပေါင်း ၁၅၃ ဦးက အမတ်နေရာ ၃၀၀ ရှိသည့် ပါလီမန်တွင် ယှဉ်ပြိုင်သူမရှိဘဲ အနိုင်ရခဲ့သည်ဟု ကြေညာခဲ့သဖြင့် ယင်းရွေးကောက်ပွဲ၏ တရားဝင်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။

ရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြမှုများတွင် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိက အတိုက်အခံ ပါတီကြီးနှစ်ခုအား ကုလသမဂ္ဂက ဇန်န၀ါရီ ၆ ရက်တွင် ဝေဖန်ခဲ့သည်။ ပါတီကြီးနှစ်ခုအနေဖြင့် အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲကို ပြန်လည်စတင်ရန်နှင့် သက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေး လုပ်ငန်းစဉ်အတွက် ဘင်္ဂလားဒေ့ရှ် ပြည်သူများ၏ တောင်းဆိုချက်ကို အမြန်ဆုံးဆောင်ရွက်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က တိုက်တွန်းခဲ့ကြောင်း ၎င်း၏လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲအပေါ် စိတ်ပျက်မိကြောင်းနှင့် ပြည်သူများ၏ သဘောထားဆန္ဒကို ထုတ်ဖော်နိုင်သည့် ရွေးကောက်ပွဲသစ် ပြန်လည်ကျင်းပပေးရန် အမေရိကန်အစိုးရက ဇန်န၀ါရီ ၆ ရက်တွင် တိုက်တွန်းခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်အား ကိုလိုနီပြုခဲ့ဖူးသော ဗြိတိန်ကလည်း ရွေးကောက်ပွဲ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်းအပေါ် ဝေဖန်ခဲ့ကြောင်း သိရသည်။

Ref:AFP

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့် ကုန်သွယ်မှုများ ပြုလုပ်ခဲ့ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အများဆုံး ကုန်သွယ်ခဲ့

Wednesday, January 8, 2014
မင်းသီဟဇော်

မြန်မာ-ထိုင်း နယ်စပ်ရှိ မြ၀တီကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)


နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့် ကုန်သွယ်မှု ဆောင်ရွက်ခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်းဖြစ်သည့် မူဆယ်မှ ကုန်သွယ်မှု ပမာဏ အများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၆၁၁ ဒသမ ၇၆၂ သန်း ရရှိခဲ့သည့်အနက် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှ အမေရိကန်ဒေါ်လာ ၂၈၁၉ သန်းကျော် ကုန်သွယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ် စသည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ယင်းကာလအတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၂၂၃၆ ဒသမ ၃၉၇ သန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၁၃၇၅ ဒသမ ၃၆၅ သန်းဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ -အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပြီးဖြစ်သည့် နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်း အရေအတွက်မှာ အများဆုံးဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း အရေအတွက်မှာ ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

နယ်စပ်စခန်းများမှ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် တရုတ်နှင့် ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ပြီး ထိုင်းနှင့် ဒုတိယအများဆုံး ကုန်သွယ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် ထိုင်း၊ တရုတ် နယ်စပ်များတွင် ကုန်သွယ်ရေး စခန်းများ ထပ်မံဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ထပ်မံဖွင့်လှစ်ရန် လျာထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ မြန်မာ-တရုတ် နယ်စပ်တွင် မိုင်းလားနယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်း နယ်စပ်တွင် မယ်စဲ့ကုန်သွယ်ရေးစခန်း၊ ဘုရားသုံးဆူ ကုန်သွယ်ရေးစခန်း၊ ပုံပါကျင်နယ်စပ် ကုန်သွယ်ရေးစခန်းတို့ ဖြစ်ကြောင်း သိရသည်။

EMG

နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများ လိုက်ပါလာသည့်လှေကို သြစတြေးလျက အင်ဒိုနီးရှားသို့ပြန်ပို့

Wednesday, January 8, 2014


Photo:Wolter Peeters


နိုင်ငံရေးခိုလှုံခွင့် တောင်းခံမည့်သူများ လိုက်ပါလာသည့် လှေတစ်စင်းကို သြစတြေးလျရေတပ်က အင်ဒိုနီးရှား အာဏာပိုင်များထံ ဦးစွာအကြောင်းကြားခြင်း မပြုဘဲ အင်ဒိုနီးရှားသို့ ပြန်ပို့ခဲ့သည်ဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဇန်န၀ါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သြစတြေးလျသို့ ခိုလှုံခွင့်တောင်းခံရန် လှေဖြင့်ခိုးဝင်သူများကို သြစတြေးလျပိုင်နက် ခရစ္စမတ်ကျွန်းတွင် နေရာချထားရန် သြစတြေးလျ အစိုးရက ယခင်နှစ်အတွင်း သဘောတူခဲ့ပြီးဖြစ်သည်။

သြစတြေးလျ အစိုးရသစ်က အင်ဒိုနီးရှား အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက် ခြင်းမရှိဘဲ လှေတစ်စင်းကို ပြန်လွှတ်ခဲ့ခြင်းမှာ ပထမဆုံး ဖြစ်ရပ်ဖြစ်သည်။ ယင်းက အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုဘမ်ဘန်၏ဖုန်းကို သြစတြေးလျက ကြားဖြတ်ခိုးနားထောင်မှုကြောင့် တင်းမာမှုများ ဖြစ်ပွားနေသည့် အင်ဒိုနီးရှားနှင့် သြစတြေးလျအကြား တင်းမာမှုအသစ်များ တိုးပွားစေနိုင်သည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ခဲ့သည်။

ဆိုမာလီယာနှင့် ဆူဒန်မှ အများဆုံးပါဝင်သည့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ ၄၅ ဦး လိုက်ပါလာသည့် အဆိုပါလှေသည် သြစတြေးလျ ရေပိုင်နက်သို့ ဇန်န၀ါရီ ၄ ရက်တွင် ရောက်ရှိခဲ့သည်။ ယင်းလှေကို သြစတြေးလျရေတပ် သင်္ဘောတစ်စင်းက ကြားဖြတ်တားဆီးခဲ့ပြီး အင်ဒိုနီးရှားသို့ ပြန်ပို့ခဲ့သည်။ ယင်းလှေသည် အင်ဒိုနီးရှားရေပိုင်နက် ရိုတီကျွန်းသို့ ဇန်န၀ါရီ ၆ ရက် နံနက်အစောပိုင်းတွင် ရောက်ရှိခဲ့သည်ဟု ရုတ်အန်ဒါအိုခရိုင်ရဲချုပ် ဟီဒါယက်က ပြောကြားခဲ့သည်။ ယင်းသို့ ပြန်ပို့ခြင်းကို သြစတြေးလျ အာဏာပိုင်များက အင်ဒိုနီးရှား အာဏာပိုင်များထံ အကြောင်းမကြားခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်သည် ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ ဒီဇင်ဘာလလယ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းလှေသည် ဆီပြတ်လပ်ပြီး သောင်တင်နေခဲ့သည်ဟူသော ကနဦး ဖော်ပြချက်များကိုလည်း ဟီဒါယက်က ငြင်းပယ်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာက ဂျာဗားကျွန်း တောင်ဘက်ပင်လယ်ပြင်တွင် သြစတြေးလျ သင်္ဘောတစ်စင်းက ပြန်လည်ကယ်ဆယ်ခဲ့သည့် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူ ၆၀ ခန့်ကို လက်ခံရန် အင်ဒိုနီးရှားက ငြင်းဆန်ခဲ့သည်။

Ref:AFP

Related Posts Plugin for WordPress, Blogger...