Tuesday, April 8, 2014

၁၄နှစ်သမီးကို မတရားကျင့် သတ်ဖြတ်ခဲ့သူဟု သံသယရှိသူအား နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ဖမ်းဆီးနိုင်ခဲ့



လွန်ခဲ့တဲ့ ၁၇နှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ မုဒိမ်းကျင့် သတ်ဖြတ်ပြီး အီလီနွိုက်စ်ပြည်နယ်၊ ၀စ်ကိုစင် ရွံဗွက်အိုင်ထဲမှာ လွင့်ပစ်ထားခြင်းခံခဲ့ရတဲ့ ဆယ်ကျော်သက်မိန်းကလေး အမှုကို တရားခံရှာမတွေ့ဘဲ ပိတ်ပစ်ဖို့အထိ ရဲတွေ စဉ်းစားခဲ့ကြပါတယ်။

သူမကိုတွေ့ရှိခဲ့စဉ်ကတော့ ၁၉၉၇ ဖေဖေါ်ဝါရီ ၉ ရက်နေ့ ဖြစ်ပြီး သူမ ဘယ်သူဘယ်ဝါဆိုတာ သိရှိဖို့အတွက် အချိန် ၁နှစ်ခွဲကျော် ကြာခဲ့ပါတယ်။



ဖြစ်စဉ်ကတော့ ၁၉၉၇ခုနှစ်မှာ ဖြစ်ပါတယ်။ အနိုင်ကျင့်ခံ၊ စွန့်ပစ်ခံကလေးတွေကို ယာယီ ထိန်းသိမ်း စောင့်ရှောက်ပေးရာ နေရာကနေ ထွက်ပြေးသွားတဲ့ Amber Creek ဆိုသူ အသက် ၁၄နှစ်အရွယ် မိန်းကလေး ကို ရက်ပေါင်းများစွာ ကြာပြီးနောက် တောလိုက်မုဆိုးတွေက တောထဲတစ်နေရာမှာ ပြန်တွေ့ခဲ့ပါတယ်။ ပြန်တွေ့စဉ်မှာတော့ သူမဟာ သေဆုံးနေပြီ ဖြစ်ပြီး သူမရဲ့လက်မှာတော့ “Hi” ဆိုပြီးရေးထားတာ တွေ့ရပါတယ်။


ဒါတင်မကသေးပါဘူး။ သူမရဲ့ လက်မောင်းမှာလည်း အနီးအနား စာအုပ်ဆိုင်မှ ၅ ဒေါ်လာ ဈေးနှုန်း ကပ်ခွာ (price tag) တစ်ခုကို တွေ့ခဲ့ရပါတယ်။ အဆိုပါ အရာတွေကို ခြေရာခံပြီး စုံစမ်းခဲ့ပါတယ်လို့ သိရပါတယ်။

Creek ကို အသက်ရှင်လျှက် နောက်ဆုံးမြင်လိုက်ရတာက မီးခိုးရောင် ဇိမ်ခံကားထဲ ၀င်သွားတာကို တွေ့လိုက်ရတယ်လို့ မျက်မြင်တွေက ဆိုကြပါတယ်။ ကားရဲ့လိုင်စင်နံပါတ်ပြားမှာတော့ ‘mayor’ ဆိုတဲ့ စကားလုံး ပါဝင်ပါတယ်။ အဆိုပါ ယာဉ်ရဲ့ ကားမောင်းသူလည်း Creek သေဆုံးမှုမှာ အဓိကသံသယရှိသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။



အဆိုပါ သေဆုံးမှု ဖြစ်စဉ်ကို တရားခံ ရှာမတွေ့ဘဲ လွန်ခဲ့တဲ့ စနေနေ့က သံသယံရှိသူတစ်ဦးကို ရှာဖွေ ဖမ်းဆီးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ သူတို့ စုံစမ်းရေးအဖွဲ့အတွက် အမှတ်တရဖြစ်စရာ အကောင်းဆုံးနေ့ပါလို့ စုံစမ်းရေးအရာရှိ Schmaling ကပြောဆိုခဲ့ပါတယ်။

''ကြောင်စာဝယ်ရန်သွားသည့်အသက် ၁၃ နှစ်လေးအရွယ်မိန်း ကလေးသားမယားပြုကျင့်ခံရ''




မရမ်းကုန်းမြို့နယ်တွင် ကြောင်စာဝယ်ယူရန်သွားသည့် မိန်းကလေးတစ်ဦး သားမယား ပြုကျင့်ခံရသည် ဆိုကာ တိုင်ကြားမှု ဧပြီလ ၃ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ ဧပြီလ ၂ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် အသက် ၁၃ နှစ်လေးလအရွယ် မိန်းကလေး တစ်ဦး ကြောင်စာဝယ်ရန် အိမ်မှထွက်သွားခဲ့ပြီးပြန် မလာ သာဖြင့် မခင်ဖြစ်သူက လိုက်လံရှာ ဖွေခဲ့သည်။

သမီးဖြစ် သူကိုအိမ်နောက် ဖေးလမ်းကြားတွင်တွေ့ရှိသဖြင့် မေးမြန်းခဲ့ရာ လူမြင် လျင်မှတ်မိသူ
အမျိုးသားတစ်ဦးက သူငယ်ချင်းများ ခေါ်ခိုင်းသည်ဟုပြောဆိုကာ (၅) ရပ်ကွက် ဘုရင့်နောင်
လမ်းကြားသို့ခေါ်ခဲ့ပြီး သားမယားပြုကျင့်ခဲ့ကြောင်းသိရသည်ဟု ဆိုသည်။

သမီးဖြစ်သူကို သားမယား ပြုကျင့်သူကို လိုက်လံရှာဖွေခဲ့ရာ ပိတောက်ရွှေဝါ ဘုန်းကြီးကျောင်း
အနီးတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူမှာ အသက် ၂၀ အရွယ် ဇော်မင်းနိုင် ဖြစ်ကြောင်း
သိရသဖြင့် အရေး ယူပေးရန်တိုင်ကြားခဲ့သည်။ မရမ်းကုန်းနယ်မြေ ရဲစခန်းက(ပ)၁၀၄/၁၄ ပြစ်မှု
ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။

တိုးဝေအောင်

မြန်မာတိုင်း(မ်)

ဘန်ကောက်တွင် ရခိုင်အလုပ်သမား ဇနီးမောင်နှံ အသတ်ခံရ ” သွေးလန့်တတ်သူများ မကြည့်ရ”





ဘန်ကောက်မြို့၊ ဘန်ဘော်မြို့တွင် ရခိုင်အလုပ်သမား ဇနီးမောင်နှံ ၂ဦး ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညဥ့်နက်ပိုင်း က နေထိုင်ရာ အခန်းထဲတွင် သတ်ြ ဖတ်ခံခဲ့ရကြောင်း နာရေး ကူညီ နေကြသည့် ရခိုင်ပါတီဝင် များထံမှသိရသည်။

ဘန်ကောက်မြို့၊ အယ်ကချိုင်၇၆ လမ်း၊ တွင်ရှိသော အလုပ်သမား အဆောင် ဒုတိယထပ် အခန်း(၅) တွင် နေထိုင်ကြသည့် ရခိုင်အလုပ်သမား ဇနီးမောင်နှံနှစ်ဦးတို့သည် ပြီးခဲ့သည့် တနင်္ဂနွေ့နေ့ ညဥ့်နက်ပိုင်း အသတ်ခံခဲ့ ရပြီး အင်္ဂါနေ့က အခန်းမှ အပုပ်နံ့ ထွက်လာသဖြင့် သိရှိခဲ့ခြင်းဖြစ်ကြောင်း ဘန်ဘော် နယ်မြေရဲ အရာရှိက ပြောသည်။

အသတ်ခံရသူများမှာ အသက် ၂၈ နှစ်အရွယ် မောင်စောသန်း သည် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်၊ သိုင်းချောင်းအုပ်စု၊ ပဂျွိန်ချောင်းဖြားကျေး ရွာမှ ဦးဖိုးတုတ်(ခ) ဦးမောင်ထွီးစံ+ဒေါ်လှစော တို့၏ သားဖြစ်သည်။ အမျိုးသမီးမှာ အသက်၂၆ နှစ်အရွယ် မိဖြူ ဆိုသူဖြစ်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ မှ ဖြစ်ကြောင်း နာရေးကို ကူညီဆောင်ရွက်နေကြသည့် ရခိုင်အမျိုးသားပါတီ(အမြုတေ)ထိုင်းနိုင်ငံ၊ တာဝန်ရှိ သူများက ပြောသည်။

“ကျနော်တို့ မနေ့ကမှ ထိုင်းသတင်းမှာ ပါလာလို့သိရပါတယ်။ နယ်မြေခံရဲ စခန်း ကိုသွားပြီးတော့အလောင်း ထုတ်ယူရေးကိစ္စနဲ့ သဂြိုဟ်ဖို့ အစီအစဉ် တွေ လုပ်နေကြပါတယ်” ဟု ရခိုင်အမျိုးသားပါတီ(အမြုတေ) ဒု-ဥက္ကဌ ဦးမောင်မောင် ကပြောသည်။

သေဆုံးသည့်အလုပ်သမ၏ စက်ရုံမှ တာဝန်ရှိသူက လကုန်ရက် ကတည်းက ငွေလာမထုတ် သဖြင့် အတူတူအလုပ်လုပ်ကြသည့် အလုပ်သမား များအား ပြောသဖြင့် အလုပ်သမားများက အခန်းတံခါး ကိုခေါက်ကြရာအပုပ်နံ့ ရသဖြင့် အခန်းပိုင်ရှင်ကို အကြောင်းကြားခဲ့ကြသည်။ အခန်းပိုင်ရှင်က နယ်မြေရဲ များကို ခေါ်ယူ၍ အခန်းသော့ကို ဖျက်၍ ၀င်ကြည့်ကြရာ အမျိုးသား ရင်ဘတ်တွင် ထိုးသွင်းဓါးဒဏ်ရာ ၅ချက်နှင့် အမျိုး သမီး လည်ပင်းတွင် ပြချ ဒဏ်ရာတို့ဖြင့်သေဆုံးနေကြောင်း တွေ့ရှိခဲ့ကြရသည်။

သေဆုံးသည့်အလုပ်သမားများ၏ အလုပ်ရုံသို့ သွားရောက်စုံစမ်းရာ ယခု ရက်ပိုင်းအတွင်း အလုပ်သမား ၃ဦး ထွက်သွားကြောင်း၊ သို့ရာတွင် မည်သူ မည်ဝါဖြစ်ကြောင်း အလုပ်သမားများကို မှတ်တမ်းတင်ထားခြင်း မ ရှိကြောင်း အလုပ်ရုံမှ ထွက်ဆိုသည်ဟု ရဲကပြောသည်။ အလုပ်ရုံမှ မြန်မာနှင့်ရခိုင် အလုပ်သမား များ အား စစ်ဆေးရာတွင်လည်း မသိဟူ၍သာ ဘူးကွယ်နေကြ သဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ခက်ခဲ နိုင်ကြောင်း၊ မည်သည့်အတွက် ကြောင့် အသတ်ခံရသည်ကို ရဲများကပေါ်ပေါက်စေချင်ပြောသည်။

လာမည့် တနင်္ဂနွေနေ့(၂၀၁၄ ခု ဧပြီလ ၆ ရက်နေ့)၌ ဘန်ကောက်မြို့ ဖလန်းစောင်နယ်မြေ တွင် ရှိ သော ၀ပ်ထပ်ခမ်း(ဘုန်းကြီးကျောင်း) တွင် သဂြိုဟ် မည်ဖြစ်ကြောင်းသိရသည်။ နာမှု ကူညီလိုသူများ အနေဖြင့် ဥက္ကဌ ဦးခိုင်အံ့မောင် ၀၈၇ ၆၉၉ ၀၂၃၂ နှင့် ဒု-ဥက္ကဌ ဦးမောင်မောင် ၀၉၀ ၀၁၄ ၉၁၀၃ တို့ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

မြတ်ညို(အလွတ်သတင်းထောက်)

ရွှေလုပ်သား




တစ်ကိုယ်လုံးအရိုးများ ပေါ်လာသည့်တိုင် အသက် (၅) နှစ် အရွယ် ကလေးငယ် ကို အစာငတ်ခံ ထားခဲ့တဲ့ မိထွေးကို အရေးယူ




အမေရိကန် ပြည်ထောင်စု တက်ဆက်စ် ပြည်နယ် မှာ အသက် ငါးနှစ် အရွယ် ကလေး ငယ် တစ်ဦးကို မိထွေး ဖြစ်သူက ပိတ်လှောင် ပြီး အစာငတ်ခံ ထားခဲ့တာ မို့ ဖမ်းဆီး အရေး ယူခဲ့ တယ်လို့ သိ ရပါတယ်။ ဒီဖြစ် စဉ်မှာ ကလေးငယ် ရဲ့ ဖခင်လည်း ပါဝင် ပတ်သက်နေ လို့ စွဲချက် တင်ထား ပါတယ်။ အသက် (၃၃) နှစ်အရွယ် ရှိ တ(စ်)မီဟာ လက်ရှိအချိန်မှာ ကိုယ်ဝန်ဆောင်ထားတဲ့အပြင် သားသမီး ငါးဦးလည်း ရှိထားပါတယ်။ ဒါပေမဲ့ ယောက်ျား ဘက် က ပါလာတဲ့ ကလေးငယ် ကိုလှေကား အောက်က အခန်းထဲမှာ ပိတ်လှောင်ပြီး

ဘာ ကြောင့် အစာငတ်ခံထားရသလဲဆိုတဲ့ အ ကြောင်းအရင်းကို မသိရ သေးပါဘူး။
ကလေး ငယ်ဟာ အစာရေ စာပြတ် တောက် မှု ကြောင့် ရဲတပ်ဖွဲ့ ဝင်တွေ တွေ့ရှိချိန်မှာ အရိုး တွေတောင် မြင်နေ ခဲ့ရပါတယ်။ အိမ်နီးချင်း တစ်ဦးက ဖုန်း ဆက်တိုင်ကြားမှုကြောင့် ဒီဖြစ်စဉ်ကို ဖော် ထုတ်နိုင်တာဖြစ်ပြီး အိမ်ကို ရဲတွေရောက်လာ ချိန်မှာ မိထွေးဖြစ် သူဟာ ရှောင်ပြေးသွားခဲ့ တာမို့ လိုက်လံဖမ်းဆီးခဲ့ရပါတယ်။ ကလေး ငယ်ရဲ့ အဖေဖြစ်သူဟာ အသက်(၂၄) နှစ် သာ ရှိသေးပြီး ခိုးမှုနဲ့ထောင်ကျခဲ့ဖူးပြီး ခံဝန်ကတိ နဲ့ နေရသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကလေးငယ်ကို ဆေး ရုံကိုပို့ထားပြီး ဆေးဝါး ကုသပေးနေတယ်လို့ သိရပါတယ်။ တ(စ်)မီ ဟာ သူရဲ့ သားသမီး အရင်း တွေကိုလည်း ဘယ်လို ပြုမှုဆက်ဆံခဲ့သလဲဆိုတာ မေးခွန်းထုတ်ခံခဲ့ ရပြီး စုံစမ်းနေတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့  ၀င်တစ်ဦး က တော့ သူတာဝန်ထမ်းဆောင်ခဲ့ တဲ့ နှစ် (၃၀)ကာလအတွင်း ဒီလိုအကြင်နာ ကင်းမဲ့တဲ့အဖြစ်မျိုး လုံးဝမတွေ့ ဖူး ခဲ့ ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

ကျွန်မတို့ ဟာ အဓမ္မပြုကျင့် ခံရဖို့ ရောက်လာ သူတွေ မဟုတ်ပါဘူး





ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဘရာဇီး နိုင်ငံ မှာ ထူးခြားတဲ့ ကန့်ကွက် ဆန္ဒပြမှု တစ်ခု ပေါ် ပေါက်ခဲ့ပါတယ်။ ဒီဆန္ဒပြ မှုကို အမျိုးသမီး တွေက စတင် ဦးဆောင် ခဲ့ခြင်း ဖြစ်ပါတယ်။

တိတိ ကျကျ ပြောရရင်တော့ အမျိုးသမီး သတင်းထောက် နာနာ ကွီရော့စ် က စတင်ခဲ့ ခြင်း ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံ မှာပြုလုပ်ခဲ့တဲ့ လေ့လာမှု စစ်တမ်း တစ်ခု မှာ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုကြောင့် အဓမ္မအမှုတွေ (၆၆ ဒသမ ၅)ရာခိုင်နှုန်းအထိ ရှိနေခြင်း ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါကို ကန့် ကွက်တဲ့အနေနဲ့ အမျိုးသမီးတွေက ဆန့်ကျင် မှုတွေ ပြုလုပ်ခဲ့ခြင်း ဖြစ် ပါ တယ်။ အမျိုးသမီး တွေဟာ သူတို့ ရဲ့ လူမှု ကွန်ယက် ၀က်ဘ်ဆိုက် တွေမှာ မလုံ့တလုံအ၀တ်အစားတွေကို ၀တ် ဆင်ပြီး “ကျွန်မတို့ဟာ အဓမ္မပြုကျင့်ခံရဖို့ ရောက်လာသူတွေ မဟုတ်ပါဘူး လို့ စာတမ်း တွေ ရေးဆွဲကာ ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးကတော့ “အမျိုးသား တစ်ဦး အ၀တ်အစား မပါဘဲ ကိုယ်ဗလာနဲ့ လျှောက်သွားခဲ့လို့ရှိရင် သူ့ဆီမှာအကြောင်း အမျိုးမျိုးရှိနိုင်ပါတယ်။



ပူအိုက် လို့ ဘောလုံး သွားကစားဖို့စတဲ့ အ ကြောင်းတွေလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး မုဒိန်းမှုကိုလည်း ကျူးလွန်ဖို့ ဖြစ်နိုင်ပါတယ်။ ဘာကိုလုပ် မလဲဆို တာ သိသာထင်ရှားလွန်းပါတယ်” ဆိုတဲ့ စာသားကိုလည်း ရေးသား မှုပြု လုပ်ခဲ့ ပါတယ်။ ၀တ်စားဆင်ယင်မှု ကြောင့် မုဒိန်းမှု တွေဖြစ်နေရတဲ့အဆိုကို ဘရာဇီး နိုင်ငံ အတွင်း မှာရှိနေတဲ့ အဖွဲ့  အစည်း တစ်ခုက စစ်တမ်း ကောက် ယူမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါကို ဘရာဇီး အမျိုး သမီး တွေက လုံးဝလက်မခံဘဲ ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ နှစ်စဉ်မုဒိန်းမှုတွေ ဖြစ်ပွားမှု ဖြင့် တက်လာပြီး မုဒိန်းမှုရဲ့ (၁၀)ရာခိုင် နှုန်း ကိုသာ တိုင်ကြားမှု ပြုလုပ်ခဲ့တယ်လို့ သိရ ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေကို လိင် ပိုင်းဆိုင်ရာ စော် ကားမှုကလည်း မြင့်တက် လာပါ တယ်။



အမျိုးသမီးတွေဆန္ဒပြတာကို တင်ထားတဲ့ဆိုက်က ဒီလိုရေးထားပါတယ်။
ပုံတွေက အသက်အရွယ်တိုင်းကြည့်ဖို့ သင့်လျော်တဲ့ပုံတွေမဟုတ်လို့  ၁၈ ပြည့်မှ ကလစ်ပြီးကြည့်ပါလို့ ရေးထားပါတယ်။သိပ်အဆိုး ၀ါးကြီးမဟုတ်ပေမယ့်
နည်းနည်းရိုင်းလို့ အရွယ်တိုင်းအတွက်မသင့်လျော်ပါဘူး။

http://www.themeltingpot4u.com/2014/04/brazilian-women-bare-all-to-remind.html
 

လူသတ်မှုအပြင် ရဲတွေကိုခဲနဲ့ပေါက်မှုဖြင့် ကိုးလသားအရွယ်ကလေးကို တရားစွဲ




ကိုးလသားကလေးတစ်ဦးဟာ လူသတ်မှုတစ်ခုမှာ ပူးပေါင်းကြံစည်မှုနဲ့ ပါကစ္စတန် တရားရုံးတစ်ခုမှာ တရားရင်ဆိုင်နေရတယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။

လူသတ်မှုအပြင် ရဲကိုခဲနဲ့ပေါက်မှု၊ နိုင်ငံတော်အရေးကိစ္စများတွင် ဝင်ရောက်နှောင့်ယှက်မှုများနဲ့ ကိုးလသားအရွယ် Muhammad Mosa Khan ဟာ တရားရင်ဆိုင်နေရတာဖြစ်ပြီး ဒီအမှုဟာ တရားရုံးရဲ့အ ဆန်းကြယ်ဆုံးတွေထဲက တစ်မှုဖြစ်တယ်လို့ဆိုပါတယ်။



Punjab ပြည်နယ် Lahoreမြို့ရဲ့ သံသယရှိသူ ဂတ်စ်သူခိုးတွေကို ဖမ်းဖို့ရန်အတွက် ရဲများက စီးနင်းဖမ်းဆီးမှုတွေ လုပ်လာခဲ့ပြီးနောက်ပိုင်း အမှုတွေရင်ဆိုင်လာရတဲ့ အယောက် ၃၀ ကျော်ထဲမှာ ဒီကလေးလည်း တစ်ယောက်အပါအဝင် ဖြစ်လာခဲ့တာပါ။

WorldNews.tv ရဲ့ဗီဒီယိုတစ်ခုမှာ နို့ဘူးနဲ့ နဝေတိမ်တောင်ဖြစ်နေတဲ့ ကလေးကို လက်ဗွေနှိပ်တာတွေ ပြုလုပ်ပြီး တရားရုံးခန်းထဲကို သူ့အဖိုးက ချီလာခဲ့ပါတယ်။
သတင်းများအရ ဧပြီ၁၂ရက်နေ့ထိ ဒီကိုးလသားကို အာမခံပေးထားပါတယ်။
ဒီကိစ္စကို Punjab ပြည်နယ်ဝန်ကြီးချုပ်က ကြားဝင်လာခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Muhammad Shahbaz Sharif က ဒီကိစ္စအတွက် ပြည်နယ်စုံစမ်းစစ်ဆေးရေးမှုးထံက ရှင်းလင်းချက်ကို တောင်းဆိုထားပြီး ဒီကလေးအပေါ် အမှုလုပ်ခဲ့တဲ့လူတွေကိုလည်း “လေးနက်သောဆောင်ရွက်ချက်” များ ပြုလုပ်ဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

ချစ်သူ ဈေးဝယ်တာကို စောင့်ရတာ စိတ်မရှည် တော့လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေ




တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်စုပြည်နယ် မှာဖြစ်ပွားခဲ့ တဲ့မှုခင်းတစ်ခုကတော့ ထူးခြား တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တာအိုဟာစီယာအို အမည်ရ တရုတ် အမျိုးသား တစ်ဦးဟာ ခရစ္စ မတ်အကြို အဖြစ် ချစ်သူဖြစ်သူ နဲ့အတူ ဈေး ၀ယ်ထွက် ခဲ့ကြပါတယ်။ တာအိုရဲ့ချစ်သူဟာ အ၀တ်အစားနဲ့ ဖက်ရှင် အသုံးအဆောင် ပစ္စည်း တွေကို ငါးနာရီကျော် အကြာအထိ ၀ယ်ယူမှု ပြုလုပ်ခဲ့ပါတယ်။

တာအိုဟာ ချစ်သူရဲ့ အပြု အမှုကို သည်းခံနိုင်ခြင်း မရှိတော့ဘဲ ဈေးဝယ် ခြင်းကိုရပ်တန့်ဖို့ တောင်းဆို ခဲ့ပါ တယ်။ ဒါပေ မဲ့ တာအိုရဲ့ချစ်သူက ဈေးဝယ်ခြင်းကို ဆက် လက်ပြုလုပ် ခဲ့ပါတယ်။ ဒီနောက် တာအိုဟာ သည်းမခံနိုင်တဲ့ အဆုံး ဈေးဝယ်စင်တာ လေသာ ဆောင်ကနေ ခုန်ချ သတ်သေမှု ပြုလုပ် သွားခဲ့ ပါတယ်။ အသက်(၃၈) နှစ်အရွယ်ရှိ တာအို ဟာ ချစ်သူရဲ့ အပြုအမှုကို သည်းမခံတဲ့ အဆုံး ဒီလိုပြုမှု သွားခြင်းဖြစ် တယ်လို့ မျက်မြင်သက် သေတွေက ထွက်ဆို ထားကြပါတယ်။

တာအို ဟာ ချစ်သူဖြစ်သူရဲ့ ဈေးဝယ်ရာကို တကောက် ကောက်လိုက်ပါရင်း အိတ်တွေပေါင်း မြောက် များစွာကိုလည်း ကိုင်တွယ်ပေး ခဲ့ရပါတယ်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ ဈေးဝယ်ထွက် နေတဲ့ ချစ်သူရဲ့အပြုအမှုဟာ တာအိုကို များ စွာ စိတ်အနှောင့် အယှက်ဖြစ် စေခဲ့ပါတယ်။ တာအိုက ချစ်သူဖြစ် သူကို ထပ်မံပြီး ဆိုင်တွေ ကိုမသွား ရောက်ဖို့ တားမြစ်ခဲ့ရာမှ ပြောမရတဲ့ အဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ တာဖြစ်ပါတယ်။

မျက်မြင် သက်သေ တစ်ဦး က ““တာအိုဟာ သူ့ရဲ့ချစ်သူကို ဖိနပ်တွေဝယ် ယူတာ လုံလောက် နေပြီဖြစ် တယ်လို့ ပြော ကြားခဲ့ပါ တယ်။ နောက်ပြီး ဒီဖိနပ်တွေဟာ တစ်ဘ၀စာ ၀တ်လို့ ရနေပြီလို့ ပြောခဲ့ပါသေး တယ်။ ဒီအချိန်မှာ တာအိုရဲ့ချစ်သူက အော် ဟောက်မှု တွေပြုလုပ်ခဲ့ပါတယ်။ သိပ်မကြာမီ မှာ တာအိုဟာ အပေါ်ထပ်က နေ ခုန်ချ သတ် သေသွား ခဲ့တာဖြစ်ပါတယ်””လို့ ပြောသွားခဲ့ ပါတယ်။ ဈေးဝယ်စင်တာရဲ့ တာဝန်ရှိသူတစ် ဦးက တာအိုခုန်ချ မှုကြောင့် အခြားဈေးဝယ် သူတွေ ဒဏ်ရာ မရခဲ့ပေမယ့် ပစ္စည်း တချို့ ပျက် သွားခဲ့ကြောင်း ပြောကြား သွားခဲ့ပါတယ်။ တာအို အောက်ပြုတ် ကျသွားခဲ့ပြီး တဲ့နောက် မှာ ကယ်ဆေး ရေးအဖွဲ့ဝင်တွေ ရောက်ရှိလာ ပြီး ကယ်တင်မှု ပြုလုပ်ဖို့ ကြိုးစားခဲ့ ပေမယ့် အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွား ခဲ့တယ် လို့ သိရပါတယ်။

Monday, April 7, 2014

အမေ့ခြေရာ အမှီလိုက်တဲ့သမီး





မအေတူသမီးလေး

အနောက်နိုင်ငံတွေမှာ တိုးတက်မှုတွေနဲ့ အတူ လူတွေလည်း
စောစောစီးစီးအရွယ်ရောက်လာကြတယ်ထင်ပါရဲ့။ ဒီပုံမှာ ပါတာ ညီအစ်မ
မဟုတ်ပါဘူး မသိတဲ့ လူတွေကို သူတို့နှစ်ယောက်ကို ညီအစ်မလို့ပဲ မှတ်ထင်မိမှာပါ၊ သူတို့နှစ်ယောက်က သားအမိဖြစ်ပါတယ်။ မိခင်ဖြစ်သူ
Kathleen က ၁၂ နှစ်အရွယ်မှာ သူတို့အသိုင်းအဝိုင်းထဲက ၁၄ နှစ်အရွယ်
ကောင်လေးတစ်ယောက်နဲ့ မှားယွင်းခဲ့တာကြောင့် သမီးဖြစ်သူ Georgia Mossကို မွေးဖွားခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်နဲ့ ကလေးမွေးခဲ့တာကြောင့် ၁၉၈၈ ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ အခုတော့ သမီးဖြစ်သူ Georgia Moss ကလည်း အမေခြေရာကို အမှီလိုက်ပြီး အသက် ၁၂နှစ် မှာ ခလေးမွေးခဲ့ပြီဖြစ်ပါတယ်။ ဘမျိုးဘိုးတူပြောမလား မိမျိုးဖွား တူပြောကြမလား....ဒါမှမဟုတ် လူမှာအမျိုး ကြက်မှာအရိုးပေါ့။ ကျန်ခဲ့တဲ့နှစ်တွေတုန်းကလည်း အသက် ၁၂ နှစ်နဲ့ ဗြိတိန်နိုင်ငံရဲ့ အငယ်ဆုံးဖခင် တစ်ယောက် ဖြစ်သွားတာလဲရှိခဲ့ဘူးပါတယ်။



အမေဖြစ်တဲ့သူ ၁၂ နှစ် အရွယ်တုန်းက

လူမျက်နှာနှင့်တူသော ငါးကို အမေရိကန်တွင်ဖမ်းမိ




ဤအခြင်းအရာကို သင်တွေ့လိုက်ရတဲ့အချိန်မှာ သင့်ကို ရုတ်တရက် ထိတ်လန့်စေမှာလား ။ ဒါမှမဟုတ် မယုံနိုင်အောင် အံ့အားသင့်စေမှာလား ဆိုတာသင်ကိုယ်တိုင်ပဲ သိလိမ့်မယ်။
အမေရိကန်နိုင်ငံ HARTSVILLE South Carolina ရေကန် မှာ ရှစ်နှစ်အရွယ်ကောင်လေးနဲ့ သူ့အဖိုးဖြစ်သူတို့ဟာ ရာစုနှစ်အတွင်း မည်သူမျှတွေ့မြင်ဖူးခြင်းမရှိသော လူမျက်နှာနှင့်တူတဲ့ ငါးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဏ္ဏဝါဗေဒ ပညာရှင်ကတော့ တော်တော်ကြောက်ဖို့ကောင်းတဲ့ ဖန်ဆင်းမှုပဲလို့ဆိုပါတယ်။
ဒီလို အံ့သြဖွယ်ရာ နှာခေါင်း၊ပါးစပ်၊သွားတွေ အပြင် လူမျက်နှာနဲ့ တူတဲ့ငါးကို အရင်က တစ်ခါမှ မတွေ့ဖူးခဲ့ဘူးလို့ သူက ဆိုပါတယ်။ပြီးခဲ့တဲ့ရာစုနှစ်အတွင်း ဒီ တောင်အမေရိက နိုင်ငံမှာ မျိုးရိုးဗီဇ
ပြောင်းလဲမှုနဲ့ သဘာဝမဟုတ်တဲ့ပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင်ရာဖြစ်ရပ်တွေမတွေ့ဖူးခဲ့ပါဘူးလို့ နာမည်ကျော် ပုံမှန်မဟုတ်တဲ့ သားရိုင်းတိရစ္ဆာန် နဲ့ အဏ္ဏဝါဗေဒ ပညာဆိုင်ရာသိပ္ပံပညာရှင် ဒေါက်တာ Gregory Hickensကပြောဆိုခဲ့ပါတယ်။ ဒီလို ထူးဆန်းပြီးဘယ်သူမှမတွေ့ဖူးတဲ့ ငါးကိုဖမ်းမိတာကတော့ အဖိုးအဖွားတွေဆီကို ခေတ္တအလည်ရောက်လာတဲ့ Aaron Krendell ဆိုတဲ့ကောင်လေးငယ်
တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုငါးမျိုးကို အရင်တုန်းက တစ်ခါမှမတွေ့ဖူးပါဘူးလို့ကောင်လေးက
ဆိုပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိတဲ့ အဖိုးဖြစ်သူ Clayton က ၇ လက်မခွဲ အရွယ်အစားရှိတဲ့ ငါးကို သူ့ရဲ့ငါးမျှားတံကနေ ကူညီပြီး ဆွဲပေးခဲ့ရပါတယ်။ သူတစ်ယောက်တည်း ငါးကို ကူညီပြီးတော့
ဆွဲပေးခဲ့တဲ့အချိန်မှာ ငါးရဲ့အရွယ်အစားကို ငါးအရွယ်အစား အနည်းငယ်ကြီးမယ်ဆိုတာ သိလိုက်လို့ သူ့ကိုတောင် မင်း တော်တော် တော်တဲ့ တံငါသည် လေးပဲ လို့တောင် ပြောခဲ့သေးတယ်လို့ အဖိုးဖြစ်သူက ဆိုပါတယ်။ Aaron က ငါးကို မြှောက်ပြီး အဖိုးရေ....ကြည့်ပါဦး ။ ဒီငါးက အန်ကယ် Steve နဲ့တောင်တူတယ်လို့ ပြောပါတယ်။ အဲဒီတုန်းက တော်တော်နောက်တဲ့ကလေးပဲလို့ သူ့ကိုထင်လိုက်သေးတယ်။ အဲဒီနောက် ငါးကို ကျွန်တော့ဘက်ဆွဲလှဲ့လိုက်တဲ့ အချိန်မှာ အသက်ရှူမှားမတတ်ဖြစ်ပြီး ကြောက်ဖို့ကောင်းတဲ့ငါးကို လန့်ပြီးပစ်ချမိလိုက်ပါတယ်။
ကျွန်တော့ကို နှလုံးရောဂါရမတတ်ဖြစ်စေတဲ့အချက်ကတော့ အဲဒီငါးနှုတ်ခမ်းက စကားပြောတော့မလို လှုပ်ရှားနေတာပါပဲ။ အဲဒီငါးကို ခြင်းထဲထည့်လိုက်တဲ့အချိန်
ရင်တုန်ပန်းတုန်ဖြစ်ပြီးနောက်ဒီလို
ငါးမျိုးဘယ်တော့မှ မတွေ့ပါစေနဲ့လို့ဆုတောင်းမိလိုက်တယ်။ ပြီးတော့ ငါးကို ပြန်ယူသွားပြီး
နားလည်တတ်ကျွမ်းတဲ့ သူတွေကို ပြသချင်တယ်။
ဖြစ်ချင်တော့ သူတို့မြို့က တက္ကသိုလ်မှာ ငါးနဲ့သားရိုင်းတိရစ္ဆာန် ပညာရှင် ပရော်ဖက်ဆာ Pal နဲ့ ဆက်သွယ်မိတယ်။ အဲဒီလို လူမျက်နှာနဲ့တူတဲ့ငါးမျိုးဖမ်းမိတယ်လို့ပြောရင် သူများတွေက ကောလဟာလ လို့ ပြောမှာစိုးလို့ ယူလာပြရတာပါလို့ Gregory Hickens ကဆိုပါတယ်။
တစ်ခုဖြစ်နိုင်ခြေရှိတာကတော့ နြူးကလီးယားစမ်းသပ်မှုတွေနဲ့ ရေဒီယို သတ္တိကြွ စွန့်ပစ် ပစ္စည်းတွေကြောင့်
ဒီငါး မျိုးရိုးဗီဇပြောင်းလဲသွားတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

တစ်ရက်ကို အကြိမ် ၂ဝဝ လောက် လိင်ဆက်ဆံလိုစိတ်ဖြစ်ပေါ်နေသူ အင်မတန် ထူးဆန်းတဲ့ရောဂါ (PSAS) 18+





1 day 300 times OMG !

မီရှယ်လီသော်မဆမ် ဆိုတဲ့အမျိုးသမီးဟာ တစ်ရက်ကို အကြိမ်ပေါင်း ၃ဝဝ လောက် လိင်ဆက်ဆံ လိုတဲ့စိတ်ဖြစ်ပေါ်တဲ့ (Persistent Sexual Arousal Syndrome) PSAS ဆိုတဲ့ ရောဂါတစ်မျိုးကိုခံစားနေရပါတယ်။ တချိန်တုန်းက ချစ်သူများကိုလည်း ထိုကဲ့သို့ သူ့စိတ်ဆန္ဒကိုဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အခုတော့ သူ့အိမ်နီးချင်းတစ်ယောက်ဖြစ်တဲ့ အင်ဒရူးကာ (၃၂)နှစ်
ဆိုတဲ့လူနဲ့ရင်းနှီးနေတာ ၆ လလောက်ရှိပါပြီ။ ဘာကြောင့်လဲဆိုတော့
ထိုသူဟာ သူ့ကဲ့သို့ စိတ်အားထက်သန် ဝါသနာကြီးတဲ့သူတစ်ယောက်ဖြစ်နေတဲ့အတွက် သူတို့နှစ်ယောက်ဟာ တစ်ရက်ကို ၁ဝ ကြိမ်ခန့် အချစ်ရည်လူး နိုင်တယ်လို့ သိရပါတယ်။ အသက် ၄၃ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ မီရှယ် က ပြုံးရွှင်စွာဖြင့် အင်ဒရူးဟာ ကျွန်မဘဝကိုပြောင်းလဲနိုင်ခဲ့ပါပြီ ကျွန်မရဲ့ဒီရောဂါကိုကုဖို့အတွက်အချိန်အကြာကြီးကုန်ခံပြီး ရှာနေစရာမလိုတော့ပါဘူး ကျွန်မအခု
တွေ့သွားပါပြီ လို့ပြောပါတယ်။
အခုတော့ကျွန်မမျက်နှာမှာ အမြဲတမ်းပြုံးနိုင်ပါပြီ။ မီရှယ်ရဲ့ ဟာ ရောဂါကြောင့် အမြဲတမ်း အချိန်တိုင်း
နေရာတိုင်းမှာ လိင်ဆက်ဆံဖို့ အထွဋ်အထိပ်မှာရှိနေပါတယ်။ မီရှယ်ရဲ့ ပထမ ချစ်သူတွေဟာ လအတော်ကြာပြီဆိုရင်တော့ သူမရဲ့တောင်းဆိုမှုကို မပြုလုပ်ပေးနိုင်တော့ဘဲ ဆလမ်ပြပြီး ထွက်ပြေးရ
တော့တာဘဲဖြစ်ပါတယ်။ ထိုအထဲမှ တစ်ယောက်ကတော့ ငါကလူ စက်မဟုတ်ဘူး ဆိုပြီးပြောခဲ့ပါတယ်။ အင်တာနက်မှာရှာပြန်တော့လဲ သူ့အကြောင်းကိုနဲနဲပြောပြလိုက်တာနဲ့ အဆင်မပြေဖြစ်သွားကြပါတယ်။ မီရှယ်က ကျွန်မအင်ဒရူးကို အရင်လူတွေလို ခြေကုန်လက်ပန်းကျ သွားမှာစိုးရိမ်ခဲ့ပါတယ်။
ဒါပေမဲ့ကျွန်မသူ့ကို အဲ့လို အင်ဒရူးကိုပြောတဲ့အခါမှာ တော့ အင်ဒရူးက ရယ်မောလျှက် ကျွန်မကို သာအရင်ခြေကုန်လက်ပန်းကျသွားစေရမယ်လို့ပြန်ပြောပါတယ်။ အကယ်၍ အင်ဒရူးသာ တတ်နိုင်ရင် ကျွန်မကတော့ ၂၄ နာရီ အချိန်ပြည့် တတ်နိုင်ပါတယ်။ အခုတော့ကျွန်မအတွက် လွယ်လင့်တကူဘဲ လမ်းကူးပြီး အင်ဒရူးအိမ်ကို သွားပြီး ဆက်ဆံ ကြပါတယ်။ တစ်ရက်တစ်ရက်ကို အနည်းဆုံး ၁ဝကြိမ်လောက်တော့ရှိမယ် လို့ မီရှယ်က ပြောပြပါတယ်။ ကလေး ၄ ယောက် မိခင် မီရှယ်က ဆက်လက်ပြီး အခုကျွန်မဘဝလေးကို တကယ်ဘဲအရမ်းကိုနှစ်သက်ပါတယ်။ ကျွန်မတို့ တတ်နိုင်ရင် အတူနေဖို့အတွက် လည်း အစီအစဉ်ရှိပါတယ်။ ကျွန်မ အင်ဒရူးလိုလူမျိုးကိုလိုက်ရှာတာ အချိန်တော်တော် ကြာခဲ့ပါပြီ။

အခုတော့ကျွန်မ နတ်ပြည် ရောက်နေသလိုခံစားနေရပါတယ်လို့ မီရှယ်က ပြောခဲ့ပါတယ်။





ဆာရာ

သူမကတော့ အင်္ဂလန်နိုင်ငံသူ ဆာရာ ဖြစ်ပါတယ် သူမဟာ PSAS ရောဂါခံစားနေရတာဖြစ်ပြီး တစ်ရက်ကို အကြိမ် ၂ဝဝ လောက် လိင်ဆက်ဆံလိုစိတ်ဖြစ်ပေါ်နေသူတစ်ယောက်ဖြစ်ပါတယ်။

ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ​​ရေချိုး​​ခွင့်​​ပေး​​သည့်​​​ တရုတ်တက္ကသိုလ်




တရုတ်နိုင်ငံ အ​​နောက်​​မြောက်ပိုင်း​​ ရှန်ဇီး​​ရှိ တက္ကသိုလ် တစ်ခုအတွင်း​​ အများ​​သုံး​​ ​​ရေချိုး​​ခန်း​​တစ်ခုတွင် ​​ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ ​​ရေချိုး​​ခွင့်​​​ ​​ပေး​​ထား​​​​ကြောင်း​​ သိရှိရသည်။
ယင်း​​ကိစ္စသည် ပညာ​​ရေး​​နယ်ပယ်တွင် လိင်လုပ်ငန်း​​တစ်ခု ​​ဆောင်ရွက်​​နေခြင်း​​အဖြစ် ​​ဝေဖန်မှုများ​​ မြင့်​​​တက်လာသည်။ အ​​နောက်​​မြောက်ပိုင်း​​ ပိုလီတက္ကသိုလ်တွင် ရှိ​​နေ​​သော အများ​​သုံး​​ ​​ ရေချိုး​​ခန်း​​ တစ်ခုသည် စုံတွဲများ​​အတွက် သီး​​ခြား​​ ​​ရေချိုး​​ခန်း​​ ၇ ခုကို ဖွင့်​​​လှစ်​​ပေး​​ထား​​သည်။ ​​ဒေါင်လိုက်အ​​နေအထား​​ Showerခန်း​​များ​​ ပါရှိ​​သော အခန်း​​ကို ၁၅ ယွမ်၊ ​​ရေချိုး​​ကန်ပါ​​သော အခန်း​​ကို ၁၈ ယွမ်ဖြင့်​​​ ငှား​​ရမ်း​​​​နေ​​ကြောင်း​​သိရသည်။ အဆိုပါ အခန်း​​ကို တစ်ဦး​​တည်း​​ အသုံး​​ပြုလိုပါကလည်း​​ ထက်ဝက်​​ဈေး​​ဖြင့်​​​ ငှား​​ရမ်း​​နိုင်သည်။

ကိုယ်ပိုင် စာချုပ်ဖြင့်​​​ လုပ်ကိုင်​​နေသူ တစ်ဦး​​က အဆိုပါ ​​ရေချိုး​​ခန်း​​ကို ငှား​​ရမ်း​​ကာ ဖွင့်​​​လှစ်ထား​​ခြင်း​​ဖြစ်သည်။ ​​ရေချိုး​​ခန်း​​၏ ​​အောက် ၂ ထပ်သည် သမား​​ရိုး​​ကျ မိသား​​စု၊ ​​ကျောင်း​​သား​​များ​​ အသုံး​​ပြုနိုင်​​သော သီး​​ခြား​​ ​​ရေချိုး​​ခန်း​​များ​​ဖြစ်​​ နေသည်။ တက္ကသိုလ် ​​ကျောင်း​​၀င်း​​အတွင်း​​ ယင်း​​ကဲ့​​​သို့​​​ ​​ရေချိုး​​ခန်း​​မျိုး​​ ရှိ​​နေခြင်း​​အ​​ပေါ် ​​ကျောင်း​​သူ​​ကျောင်း​​သား​​များ​​၏ အမြင်မှာလည်း​​ အ​​ရော​​ရော အ​​ထွေး​​​​ထွေး​​ဖြစ်​​နေသည်။
ဇူဟု အမည်​​ ဖော်ပြသည့်​​​ ဘွဲ့​​​ရ တစ်ဦး​​က “ကျွန်​​တော်က​​တော့​​​ လက်မခံနိုင်ဘူး​​။ တက္ကသိုလ် ​​ကျောင်း​​သား​​​​တွေဟာ အရွယ်​​ရောက်ပြီး​​သား​​ လူ​​တွေပါ။ ဒီ​​တော့​​​ သူတို့​​​ရည်း​​စား​​နဲ့​​​ ​​ရေတူတူချိုး​​တာကို ကိုယ့်​​​ စိတ်တိုင်း​​ကျ ဆုံး​​ဖြတ်နိုင်တယ်။ ဒါ​​ပေမဲ့​​​ တက္ကသိုလ် ​​ကျောင်း​​၀င်း​​ထဲမှာ ဒါမျိုး​​လုပ်တာက​​တော့​​​ ဆိုး​​ရွား​​တဲ့​​​ စရိုက်တစ်ခုပါ”ဟု ​​ဝေဖန်သွား​​သည်။

လေယာဉ်မောင်းခန်း​တွင် လိင်ကိစ္စ ​သောင်း​ကျန်း​​သည့်​စုံတွဲ




လေယာဉ်​မောင်း​ခန်း​အတွင်း​ အနီ​ရောင် ဝတ်စုံနှင့်​ အမျိုး​သမီး​က သူမ၏ အမျိုး​သား​ အ​ဖော်အား​ ပါး​စပ်ဖြင့်​ လိင်​ဖျော်​ဖြေ​နေ​သော ဓာတ်ပုံတစ်ပုံ​ကြောင့်​ ကသည်း​ ပစိဖိတ် ​လေ​ကြောင်း​လိုင်း​အတွက် ဂယက်ရိုက်ခတ်သွား​ခဲ့​သည်။

ထို့​အပြင် AFP သတင်း​ဌာနက အနီ​ရောင် ဝတ်စုံသည် ကသည်း​ပစိဖိတ် ​လေ​ ကြောင်း​လိုင်း​၏ ​လေယာဉ်မယ် ယူနီ​ဖောင်း​ဖြစ်ပြီး​ အမျိုး​သား​ကမူ ​လေယာဉ်ပိုင်း​​လော့​ ဖြစ်နိုင်​ကြောင်း​ ​ ဖော်ပြခဲ့​ရာ အ​ခြေအ​နေ ပိုဆိုး​သွား​ခဲ့​သည်။ 

လေ​ကြောင်း​လိုင်း​မှ ​ပြော​ရေး​ဆိုခွင့်​ရ အမျိုး​သမီး​က ယခုကိစ္စနှင့်​ ပတ်သက်ပြီး​ မိမိတို့​ စုံစမ်း​မှုများ​ ပြုလုပ်​နေ​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ထို့​အပြင် ဓာတ်ပုံထဲမှ အမျိုး​သမီး​သည် မိမိတို့​ ​လေ​ကြောင်း​လိုင်း​မှ ဖြစ်​ကောင်း​ဖြစ်နိုင်​ကြောင်း​လည်း​ အဆိုပါ ​ပြော​ရေး​ဆိုခွင့်​ရ အမျိုး​သမီး​က ဝန်ခံသွား​သည်။ ဓာတ်ပုံထဲမှ အမျိုး​သား​၏ အ​ခြေအ​နေကိုမူ သူမက မှတ်ချက်မ​ပေး​သွား​​ချေ။

အမျိုး​သား​၏ ယူနီ​ဖောင်း​မှာ ပိုင်း​​လော့​တစ်ဦး​ဟု ယူဆရဖွယ် ရှိ​နေ​ကြောင်း​လည်း​ သိရှိရသည်။ လက်ရှိတွင်မူ အဆိုပါ ကိစ္စသည် ​လေယာဉ်ပျံသန်း​​နေစဉ် ဖြစ်ခဲ့​သည်ဆို​သော မည်သည့်​ အ​ထောက်အထား​ကိုမျှ မရရှိ​ သေး​​ကြောင်း​၊ ထို့​​ကြောင့်​ လုံခြုံ​ရေး​ စံနှုန်း​များ​ကို ချိုး​​ဖောက်ရာ​ရောက်သည်ဟု ယူဆ၍ မရနိုင်​ကြောင်း​ လည်း​ ယင်း​အမျိုး​သမီး​က ​ပြောဆိုသွား​သည်။

မိန်းမ အင်္ဂါ နှစ်ခုပါသော အမျိုးသမီး



အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ Hazel Jones ဟာ အမျိုးသမီး အင်္ဂါနှစ်ခု ၊ သားအိမ် နှစ်ခု ၊ သားအိမ်ပြွန် နှစ်ခု ပါရှိပါတယ်။

လက်ရှိအချိန်မှာ Jones ဟာ ITV ရဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ သူ့ရဲ့ အပျိုရည် နှစ်ခါပျက် ခြင်းအကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မိတ်ဆွေတွေကိုအားလုံးကို ပြောပြပါသေးတယ်
လို့ Jones က ITV အစီအစဉ် ကြေငြာသူ Willoughby နဲ့ Phillip Schofield ကိုပြောပြပါတယ်။
ကျွန်မထင်တာကတော့ ဒါဟာ အရမ်းအံ့သြဖွယ်ကောင်းပြီး ကြားရတဲ့သူတွေကိုဆွံ့အ စေတယ်လို့ Jones က ဆက်လက်ပြီး ပြောပြသွားပါတယ်။

ထို့နောက် Jones က ဒါကိုကြည့်ချင်တဲ့ မည်သည့် အမျိုးသမီးကိုမဆို ပြသဖို့ ၀န်လေးမှာမဟုတ်သလို နည်းနည်းလေးမှတောင် ရှက်မိမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။



အသက် ၁၈ နှစ်ပြည့်ပြီးသော သူများသာပုံကို ကြည့်ရန် Click ပါ။

ဒီ ထူးဆန်းအံသြဖွယ်ကောင်းတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သူမ ၁၈ နှစ်အရွယ်အထိ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။

သူ့ကျောင်းနေဖက် သူငယ်ချင်းမိန်းကလေးတွေကို အမျိုးသမီး လစဉ်သုံးပစ္စည်း အတွက် ဘယ်….တစ်ခုကို (ဘယ်တစ်ခုကနေ လာနိုင်သလဲ) ဆိုတာကို မေးကြည့်ခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။ တစ်ကယ်တမ်းကျတော့ စိတ်ကသိကအောက် ဖြစ်စရာအခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်လို့ Jones က ပြောဆိုခဲ့ပါတယ်။

ကျွန်မရဲ့ဘ၀မှာ ထိတ်လန့်စရာ ကြွက်တက်ခြင်း အဖြစ်တွေကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရတယ်လို့ သူမက ဆက်လက်ပြောသွားခဲ့ပါတယ်။ဒါဟာ ခံထိုက်လို့ ခံရတာပဲလို့ သူမကပြောခဲ့ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူမမှာ သားအိမ်က နှစ်ခုရှိတာကိုး လို့ ပြောခဲ့ပါတယ်။
ဒါဆိုရင် ကျွန်မ ကိုယ်ဝန်ဆောင်တဲ့အချိန် အခြားသားအိမ်တစ်ခုမှာ သန္ဓေမတည်မိအောင် ဆင်ခြင်ဖို့ ဗဟုသုတ တစ်ခု ရခဲ့ပါတယ်။

သူမ အဲဒီလို အမျိုးသမီး အင်္ဂါ နှစ်ခုပါတာကို လူတွေသိပြီး သိပ်မကြာခင် ပုရိသအကြိုက် မဂ္ဂဇင်း Vivid Entertainment ကနေပြီးတော့ ရုပ်ရှင်ရိုက်ဖို့ ဒေါ်လာ ၁ သန်းပေးပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒါကို သူမ ငြင်းဆန်ခဲ့ပါတယ်။

မျောက်များ၏ ဗက္လာယ ပြုမူမှုကြောင့် ကမ္ဘာကျော်တစ်ဦးဖြစ်လာခဲ့သူ




မျောက်များကြောင့် အင်တာနက်တွင် ကမ္ဘာကျော်တစ်ဦး ဖြစ်လာသူ ထိုင်ဝမ် မော်ဒယ်လ်က သူမသည် ထိုသို့ဖြစ်လာရန် မမျှော်လင့်ခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။ အသက်(၂၂)နှစ်သာ ရှိသေးပြီး လက်ရှိတွင်
ကျောင်းတက်နေဆဲဖြစ်သော ချာမီယန်ချန်းသည် အမြီးရှည်ရှည်နှင့် မကာကွီ မျောက်လေးများကို အစာကျွေးရာမှ လက်ဆော့တတ်သည့် တိရစ္ဆာန်လေးများကြောင့် ဒုက္ခများခဲ့သည်။


အဆိုပါ မျောက်များသည် သူမ၏ အင်္ကျီကို ဆွဲချွတ်ရန် ကြိုးစားရာ
ချန်းခမျာ အသည်းအသန် ကာကွယ်နေရပြီး အဆိုပါမြင်ကွင်းကို ဓာတ်ပုံရိုက်ထားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ သွားရောက်လည်ပတ်စဉ် ရိုက်ကူးထားသော အဆိုပါ ဓာတ်ပုံကို ပြန်ကြည့်စဉ်က ချန်းသည် ရယ်ရွှင်စရာ အဖြစ်သာ သဘောထားခဲ့သည်။
သို့သော်လည်း ထိုပုံသည် အင်တာနက်မှတစ်ဆင့် အာရှတိုက်တစ်ဝှမ်းကို ကျော်လွန်ကာ အမေရိကန်၊ ဥရောပနှင့် ဗြိတိန်တို့ထိ ပျံ့နှံ့သွားခဲ့သည်။ ချန်းတစ်ယောက် ထိုင်ဝမ်သို့ ပြန်ရောက်ချိန်တွင် ယင်းကိစ္စကို သိရှိပြီးနောက် မျက်လုံးပြူးခဲ့ရသည်။ “တော်တော် ထူးဆန်းတယ်။ ကျွန်မ ပြန်ရောက်တော့ Facebookထဲမှာ ကျွန်မကို Friendအဖြစ် လာAddထားတဲ့လူတွေ မနည်းဘူး။ နောက်ပြီးတော့ ရုပ်မြင်သံကြား ဌာနတွေ
ကလည်း ကျွန်မကို ဖုန်းဆက်ကြတယ်။ ဒုက္ခပါလားနော်။ ကျွန်မ ဘာလီကို အလည်သွားတာက ကျွန်မဘဝကို ဒီလောက် ပြောင်းလဲသွားစေမယ်လို့ မထင်မိဘူး။ ကျွန်မက လောလောဆယ် ပညာသင်
နေတုန်းပါ။ ကျွန်မရဲ့ မလုံမလဲဖြစ်သွားတဲ့ ဓာတ်ပုံကြောင့် ဒီလောက်ကြီး နာမည်ကြီးသွားတာတော့ မကြိုက်ဘူး”ဟု ချန်းက ညည်းညူပြောဆိုသွားခဲ့သည်။

အရွယ်မရောက်သေးသည့်မိန်းကလေးငယ်တစ်ဦးအားသားမယားပြုကျင့်သူနှင့် ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူများအား ပြစ်ဒဏ်များအသီးသီးချမှတ်




အရွယ်မရောက်သေးသည့် မိန်းကလေးငယ်တစ်ဦးအား သားမယားအဖြစ် ပြုကျင့်ကာ ပြည့်တန်ဆာ အဖြစ် ရောင်းချခဲ့သည့် ပထွေးဖြစ်သူအပါအဝင် ဆက်စပ်ပတ်သက်သူ အားလုံးကို ထိရောက်သောပြစ် ဒဏ်များချမှတ် ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် ဩဂုတ်လလယ်ခန့်တွင် ဖျာပုံခရိုင် ဘိုကလေးမြို့နယ် အသက် (၁၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ပထွေးဖြစ်သူ ဦးဝင်းနိုင်က သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အပြင် ပြည့်တန် ဆာ ခေါင်းအိမ်များသို့ ပြည့်တန်ဆာအဖြစ် ရောင်းချခဲ့သဖြင့် တရားဥပဒေအရ ဆောင်ရွက်ပေးပါရန် အုပ်ထိန်းသူအဘွားကဘိုကလေးမြို့အမှတ်(၇)ရပ်ကွက်လူထုအခြေပြုကလေးသူငယ်ကာကွယ်စောင့်ေ ရှာက်ရေး အဖွဲ့ သို့ စာဖြင့်ရေးသားအကူအညီ တောင်းခံခဲ့မှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်မှူ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကစိစစ်ဖော်ထုတ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖော်ထုတ်ချက်အရ ပထွေးဖြစ်သူ ဦးဝင်းနိုင်က သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး မော်လမြိုင်ကျွန်းမြို့ ရှိ ပြည့်တန်ဆာလုပ်ကိုင်သူ သံမဏိ(ခ) ကျော်ချစ်ဦးနှင့် မမေဖူးတို့ထံ ငွေကျပ် နှစ်သောင်းဖြင့် လည်းကောင်း ၊ ပုသိမ်မြို့ရှိ ပြည့်တန်ဆာခေါင်း ထွန်းထွန်းနှင့် မဇာလွင်မြင့်တို့ထံ ငွေကျပ် ၃၀ဝ၀ဝ ဖြင့် လည်းကောင်း ရောင်း ချခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ တရားခံဝင်းနိုင်အား ပြစ် မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်နှင့် ပုဒ်မ ၃၇၂ အရ ထောင်ဒဏ် ၁၀ နှစ်တို့ ကို သီးခြားစီကျခံစေရန် ဖျာပုံခရိုင်တရားရုံးက ဇန်နဝါရီလ ၈ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သံမဏိ (ခ) ကျော်ချစ်ဦးနှင့်မမေဖူးတို့အားလူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ၂၄အရအလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီကို ဩဂုတ် ၉ ရက်တွင်လည်းကောင်း၊ တရားခံထွန်းထွန်းနှင့် မဇာလွင်မြင့်တို့အား ပြည့်တန် ဆာနှိပ်ကွပ်ရေး ဥပဒေပုဒ်မ ၈(၁)နှင့် ၅(၁)တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်စီကို ပုသိမ် မြို့နယ် တရားရုံးက နိုဝင်ဘာ ၅ ရက်တွင်လည်းကောင်း အသီးသီးချမှတ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

Related Posts Plugin for WordPress, Blogger...