Friday, July 25, 2014

ပထမရွှေကျင်ဆရာတော်ကြီး၏ ဆုံးမသြဝါဒ


-----------------(၁)ရေကန်၌မှော်ကိုဖယ်၍ သောက်ရေကိုခပ်ရ၏---။ (၂)မသူတော်၌အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းကိုရှာရသည်--။

(၃)တုံးတံတားကို လျှောက်စဉ်အရပ်တစ်ပါးကို မကြည့်နဲ့ ချောက်သို့ကျလိမ့်မည်--။ (၄)သံသရာတံတားကိုလျှောက်စဉ် သူတစ်ပါးအပြစ်ကို မကြည့်နဲ့ သံသရာချောက်ကမ်းပါးကို ကျလိမ့်မည်-
(၅)ရိုသေစွာခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်--။ (၆)ကျင့်ဝတ်မချွတ်လျှင် တပည့်ပင် ဆရာကိုနိုင်၏--။

(၇)မြင်းနိုင်လို ဇက်ကိုဆွဲ၊
လှေကိုနိုင်လိုတက်ကိုဆွဲ ၊ ဆရာကိုနိုင်လို ကျင့်ဝတ်မြဲ---။

(၈)ပန်းပဲဆရာ အထုမခံရသော
သံတုံးသည်လက်နက်မဖြစ်--။ (၉)ကျောက်ဆစ်ဆရာ အဆုံးအဖြတ်မခံရသော ကျောက်တုံး အရုပ်မဖြစ်---။

(၁၀)ဆရာအဆုံးအမ မခံရသော တပည့် သူကောင်းမဖြစ်---။

(၁၁)သစ်ပင်ကြီးတို့သည်ခုတ်လှဲသူတို့အားမလှဲမချင်း အရိပ်ဖြင့် အေးစေ၏---။ (၁၂)နံ့သာတုံးတို့သည် မီးရှို့သူတို့အားမကျွမ်းမချင်းအနံ့ဖြင့် မွှေးစေ၏---။ (၁၃)သူတော်ကောင်းသည် ညှဉ်းဆဲသူတို့အားမသေမချင်း အကျိုးဆောင်၏---။

(၁၄)ဗဟုသုတရှိလျက်သီလမရှိလျှင် ရေမတည်သောကန်နှင့်တူ၏---။ (၁၅)ပညာရှိလျှက်သီလမရှိလျှင်အသီးမချိုသော သစ်ပင်နှင့်တူ၏---။ (၁၆)ကျမ်းဂန်တတ်လျှက်သီလမရှိလျှင်အဆိပ်သီးနှင့်တူ၏---။

(၁၇)ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည်ရွံဖွယ်တည်း--။ (၁၈)စာတက်လျှက်မိမိကိုယ်ကို မဆုံးမလျှင်ထိုစာသည် ငရဲရိက္ခာနှင့်တူ၏--။

သမီးလေးဖတ်ဖို့ 



1.လူတွေဟာ အချစ်နဲ့မကင်းနိုင်ကြဘူး။ သိတတ်တဲ့အရွယ်ကစပြီး သေဆုံးသွားတဲ့အချိန်အထိ မိဘဆွေမျိုး၊ သူငယ်ချင်းမိတ်ဆွေ၊ ဆရာသမား၊လူမျိုး၊ဘာသာ၊သာသနာ၊အလုပ်တာဝန် စသဖြင့် အမျိုးမျိုး ချစ်ခဲ့ကြတယ်။ ဒါပေမယ့် အမျိုးအစားပြန်ခွဲတော့ နှစ်မျိုးပဲရှိပါတယ်။ ကိုယ့်အတ္တကို ချစ်ခြင်းနဲ့သူတစ်ပါးကို ချစ်ခြင်းပါပဲ။ဘယ်လိုချစ်ချစ်ပေါ့ သမီးရယ်။ အချစ်ကြောင့်တော့ သူ(သို့မဟုတ်) ကိုယ်(သို့မဟုတ်) သူရောကိုယ်ရော ထိခိုက်နစ်နာပျက်စီးသွားရတာမျိုးမဖြစ်ပါစေနဲ့။

2.သစ်ပင်ကြီးလေလေ၊ လေတိုက်ခံရလေလေ။ ရည်မှန်းချက်ကြီးလေလေ၊ကံကြမ္မာရဲ့တိုက်ခတ်မှုကို ခံရလေလေပဲသမီး ရည်မှန်းချက်ကြီးကြီးထားတဲ့ သူဟာ ဒီအချက်ကို သေသေချာချာသိထားရမယ်။

3.KNOWLEDGE IS A TREASURE. တဲ့၊ အသိပညာ ဆိုတာရတနာတစ်ပါးပါ။ အသိပညာဆိုတာ ငွေပေးဝယ်လို့မရဘူး ကိုယ်ကိုယ်တိုင်ရှာဖွေဆည်းပူလေ့လာမှ ရတာ အသိပညာနဲ့အတန်းပညာကိုတော့ ခွဲခြားပြီးသိနော် သမီး။ အသိပညာဆိုတာ အမှန်နဲ့အမှား၊အကောင်းအဆိုး၊တရားမျှတမှုနဲ့မတရားမှုကို ခွဲခြားနားလည်ပြီး မှန်မှန်ကန်ကန် ချင့်ချိန်စဉ်းစားဆုံးဖြတ်လုပ်ကိုင်တတ်တဲ့ အရည်းအချင်ကိုပြောတာ။ အဲ့ဒီအသိပညာရှိမှကိုယ့်ဘ၀ တိုးတက်အောင်မြင်ပျော်ရွှင်နိုင်မယ်ဆိုတာ ယုံကြည်ထားစမ်းပါ။

4.သမီလေး တစ်ခါတစ်ရံတံခါးကိုဖွင့်သောသူသည် အခန်းထဲသို့နောက်ဆုံးမှ ၀င်ရသောသူ ဖြစ်တတ်တယ်။

5.ဘ၀ဆိုတာ ရုန်းကန်ခြင်းပဲ ဘ၀ဆိုတာ အိပ်မက်ပဲ ဘ၀ဆိုတာ ပန်းခင်းလမ်း မဟုတ်ဘူး စသဖြင့်ဘ၀ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြတယ်။ ကိုယ်မြင်တဲ့ရှုထောင့်၊ကိုယ့်ရဲ့ဘ၀ပေးအခြေအနေ၊ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေပေါ်မှုတည်ပြီး ပြောကြတာပါပဲ သမီးလည်း အချိန်တန်တော့ ပြောစရာရှိလာမှာပါ။ ဘ၀ဆိုတာဘာလဲ ဆိုတဲ့မေးခွန်းလေးကို အခုတည်းက ကိုယ်ဘာသာပြန်မေးကြည့်ပေါ့။

6.သမီလေး အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်။ HEALTH IS BETER THAU WEALTH. ကျန်းမာခြင်းဟာ ချမ်းသာခြင်းထက် ပိုကောင်းသတဲ့။ အဲ့ဒါကြောင့် ကျန်းမာရေးကို တန်းဖိုးထားဂရုစိုက် ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အသိပညာတွေလေ့လာ၊ ကျန်းမာရေးနဲ့အညီနေ၊ ထိုင်၊အိပ်၊စား လှုပ်ရှားလုပ်ကိုင်ပါလို့ ဖေဖေ အလေးအနက်တိုက်တွန်းချင်တယ်။

7.သမီးဖေဖေငယ်ငယ်တုန်းက ကျက်ခဲ့ဖူးတဲ့စာတစ်ကြောင်းရှိတယ် LOVE TRUTH BUT PARDON ERROR. အမှန်တရားကို ချစ်မြတ်နိုင်းပါ သို့သော် အမှားကိုလည်း ခွင့်လွှတ်ပါ။

8.သမီးလေး တစ်ခါတစ်ရံမှာ လူတစ်ယောက်ရဲ့ဘ၀ဟာ စကားတစ်လုံး၊စာတစ်ကြောင်း ကဗျာတစ်ပုဒ်ကြောင့် အကြီးအကျယ် ပြောင်းလဲသွားစေနိုင်သတဲ့ ဖေဖေ ရေးခဲ့တဲ့စာကြောင်းတွေဟာ သမီးလေးရဲ့ဘ၀ကို တိုးတက်ပြောင်းလဲသွားစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

9.သမီး တောင်းဖြစ်ချင်ရင် ၀ါးခွဲရသတဲ့ တောင်းလိုချင်ရင် တောင်းယက်ဖို့ ၀ါးကိုခွဲရလိမ့်မယ် ၀ါးကွဲသွားမှာကြောက်ရင် တောင်းယက်လို့ ဘယ်ရပါ့မလဲ တစ်ခါတစ်ရံဘ၀မှာ လိုချင်တာတစ်ခုအတွက် စွန့်လွတ်မှု၊ ပေးဆပ်ရမှုတွေလည်း ရှိနေတတ်တယ်ဆိုတာ သမီးလေး မမေ့နဲ့နော်။

10.တစ်ချို့ကထမင်းစားဖို့အသက်ရှင်တယ် တချို့ကအသက်ရှင်ဖို့ ထမင်းစားတယ် အဓိပ္ပာယ်တူသယောင်ရှိပေမယ့် မတူဘူးသမီး ထမင်းစားဖို့အသက်ရှင်နေတဲ့သူက ထမင်းစားဖို့ပဲ ခေါင်းထဲမှာရှိပြီး ထမင်းကောင်းကောင်းစားဖို့အတွက် ငွေများများရှာမယ် ငွေရှိရင် ဘာမဆို ရတယ်ဆိုတဲ့လူစားမျိုး။ အသက်ရှင်ဖို့ထမင်းစားတဲ့သူကတော့ သူ့ဘ၀ကိုအဓိပ္ပာယ်ရှိရှိရပ်တည်ချင်လို့၊ အသက်ရှင်ချင်လို့ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ အာဟာရပြည့်အောင် ထမင်းကိုစားခြင်းဖြစ်တယ် သူအသက်ရှင်တာ ထမင်းအတွက်မဟုတ်ဘူး သူ့ယုံကြည်ချက်တွေအတွက် အဲဒီလို........ အသက်ရှင်ဖို့ထမင်းစားတဲ့သူမျိုးကို ဖေဖေ တို့လေးစားသင့်တယ် အဲဒီလိုလူမျိုးဖြစ်အောင် သမီးကြိုးစားပါ။

သမီးလေးဖတ်ဖို့ (ကောင်းသန့် )
ဖေဖေလက်ဆောင်ပေးထားဖူးတဲ့ ကောင်းသန့် သမီးလေးဖတ်ဖို့ စာအုပ်ထဲကပါ။

ကောင်းသန့်ရဲ့စာလေးတွေက သမီးလေးတွေအတွက်လောက်သာ မဟုတ်ပဲ သားသားကြီးတွေ အတွက်ပါ ခွန်းအားတိုးစေတာမို့ပြန်လည်မျှဝေလိုက်တာပါ။

ကျိုက်ထီးရိုးစေတီတော် အံ့ဖွယ်(၉)ပါး



၁။ မြတ်စွာဘုရား ဆံတော်မြတ်ကို မိမိဆံကျစ်၌် အမြဲကိုးကွယ်သော တိဿရေသ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို ဌာပနာ၍ ဘုရားတည်လိုသောအခါ သိကြားမင်းသည် ထိုရေသ့၏ ဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းမှ ဆောင်ယူ၍ ကျိုက်ထီးရိုးကျောက်ဆောထငိပ်၌ ဘုရားတည် ရန် တထင်ားခြင်း။

၂။ ထိုကျောက်တုံးကြီးသည် ကျောက်တောင်စောင်းထိပ်၌ တည်ပါလျက် ငလျလငှ်ူတ်ခြင်းစသော အေကြာင်းကြောင့် ရွေ့လျားခြင်း မရှိခြင်း။

၃။ ထိုကျောက်တုံးကြီးပေါ်၌ ခက်ခဲစွာစေတီတည်ထားခြင်း။

၎။ မြတ်စွာဘုရား၏ ဆံတော် ဌာပနာခြင်း။

၅။ ကမ္ဘာပေါ်တွင် ကျိုက်ထီးရိုးစေတီနှင့်တူသောစေတီမရှိခြင်း။

၆။ ဘုရားဖူးတို့သည် ခက်ခဲစွာ တောတောင် လျှိုမြောတငို့ကို ဖြတ်ကျော်၍ တောတင်က်ဘုရားဖူးရခြင်း။

၇။ ဘုရားဖူးတို့သည် ဖူးမ၀ဖြစ်၍ နောက်ထပ်လာရောက် ဖူးပါရေစဟု ဆုတောင်းခြင်း၊ အေခါက်များစွာ လာရောက်ဖူးမြော်ကြရခြင်း။

၈။ ဘုရားဖူးတို့သည် ဘေးရန်အန္တရာယ်မရှိ၊ ကြည်နူးချမ်းသာခြင်း။

၉။ နှစ်စဉ်မပျက် တောတင်က်ဘုရားဖူးများ အဆင်းအတက် ဖွေးဖွေးရှိလျက် ရင်ပြင်တော်၌ ပြည့်ကြပ်များပြားခြင်း။

ယောကျာ်းတစ်ယောက်ကိုပျော်ရွှင်အောင်လုပ်နည်းနှင့် မိန်းမတစ်ယောက်ကို ပျော်ရွှင်အောင်လုပ်နည်း




==============================

ယောကျာ်းတစ်ယောက်ကိုပျော်ရွှင်အောင်လုပ်နည်း
------------------------------------------------------

1. ကျွေးမွေးပါ
2. တူတူအိပ်ပါ
3. သူငြိမ်းချမ်းစွာနေပါစေ
4. သူ့ဖုန်းကိုလျှောက်မကြည့်ပါနဲ့
5. သူ့ကိစ္စတွေကိုဝင်မရှုပ်ပါနဲ့
6. နားလည်ပေးပါ

အရမ်းကြီးမခက်ပါဘူးနော်?
---

မိန်းမတစ်ယောက်ကိုပျော်ရွှင်အောင်လုပ်နည်း
------------------------------------------------

1. သူငယ်ချင်းတစ်ယောက်အဖြစ်
2. ရဲဘော်ရဲ့ဘက်တစ်ယောက်အဖြစ်
3. ချစ်သူတစ်ယောက်အဖြစ်
4. အစ်ကိုတစ်ယောက်အဖြစ်
5. အဖေတစ်ယောက်အဖြစ်
6. ဆရာတစ်ယောက်အဖြစ်
7. စားဖိုမှုးတစ်ယောက်အဖြစ်
8. မီးပြင်သမားတစ်ယောက်အဖြစ်
9. ရေပြင်သမားတစ်ယောက်အဖြစ်
10. စက်ပြင်သမားတစ်ယောက်အဖြစ်
11. လက်သမားတစ်ယောက်အဖြစ်
12. အိမ်တွင်းအလှဆင်တတ်သူတစ်ယောက်အဖြစ်
13. စတိုင်ကျသူတစ်ယောက်အဖြစ်
14. Sex နဲ့ပတ်သတ်လို့နားလည်တတ်သူတစ်ယောက်အဖြစ်
15. အထွေထွေဗဟုသုတရှိသူတစ်ယောက်အဖြစ်
16. စိတ်ဓါတ်အားပေးနိုင်သူတစ်ယောက်အဖြစ်
17. ဒါဏ်ရာရရင် အနာကျက်အောင်ဆေးထည့်ပေးတတ်သူတစ်ယောက်အဖြစ်
18. စိတ်ရောဂါကုသတတ်သူတစ်ယောက်အဖြစ်
19. စိတ်ပျော်ရွှင်အောင်လုပ်ပေးနိုင်သူတစ်ယောက်အဖြစ်
20. သူပြောတဲ့စကားတွေကိုနားထောင်ပေးတတ်သူတစ်ယောက်အဖြစ်
21. စီမံခံ့ခွဲတတ်သူတစ်ယောက်အဖြစ်
22. သန့်သန့်ရှင်းရှင်းနေတတ်သူတစ်ယောက်အဖြစ်
23. နွေးထွေးတတ်သူတစ်ယောက်အဖြစ်
24. အသိဥဏ်ရှိသူတစ်ယောက်အဖြစ်
25. ဟာသဥဏ်သူတစ်ယောက်အဖြစ်
26. တီထွင်တတ်သူတစ်ယောက်အဖြစ်
27. စိတ်ဓါတ်ခိုင်မာသူတစ်ယောက်အဖြစ်
28. နားလည်ပေးတတ်သူတစ်ယောက်အဖြစ်
29. အားပေးတတ်သူတစ်ယောက်အဖြစ်
30. အားကိုးထိုက်သူတစ်ယောက်အဖြစ်
31. ချစ်တတ်သူတစ်ယောက်အဖြစ်
နေပေးပါ

ဒါတွေကိုမမေ့ပဲနဲ့

32. သူ့ကိုချီးကျုးဖို့
33. သူနဲ့တူတူဈေးလိုက်ဝယ်ပေးဖို့
34. ရိုးသားဖို့
35. တင့်တောင့်တင့်တယ်ထားနိုင်ဖို့
36. သူ့ကိုဖိအားမပေးဖို့
37. တခြားကောင်မလေးတွေကိုလိုက်မငန်းဖို့
38. သူ့ကိုဂရုစိုက်ဖို့
39. အားတဲ့အချိန်တိုင်းသူ့အတွက်ပေးဖို့နဲ့ အရေးကြီးဆုံးက

40. ဘယ်တော့မှမမေ့ပါနဲ့ဒီနေ့တွေကို

*မွေးနေ့
*နှစ်ပတ်လည်နေ့
*Valentine နေ့
*သူမချိန်းဆိုတဲ့နေ့

ဆီးချိုရောဂါအတွက် ရုံးပတီသီး



ဆီးချိုရောဂါကို လုံးဝအမြှစ်ပြတ် ကုလို့မရနိုင်ဘူးဆိုပေမယ့် သက်သာအောင်တော့ အနေအထိုင်၊ အစားအသောက်တို့ကို ဆင်ခြင်ပြီး ဆေးနည်းမျိုးစုံတို့ဖြင့် ကုသလို့ရပါတယ်။ ဆေးရုံဆေးခန်း၊ ဆရာဝန်များနှင့် အလှမ်းဝေးပြီး အခက်အခဲကြုံနေသူများအနေဖြင့် အောက်ပါ သဘာဝဆေးနည်းလေးကို ကုသနိုင်ကြပါတယ်။

ဆီးချိုရောဂါအတွက် တကယ်ကိုထိရောက်ပြီး ကောင်းမွန်သည့် ဘဘာဝကုထုံးမို့ အများသိအောင် မျှဝေပေးလိုက်ပါသည်။

ဖန်ခွက်ထဲမှာ ထည့်ထားသည့် ပုံထဲကအတိုင်း ရုံးပတီသီးကို အရင်းပိုင်းနှင့် ထိပ်သီးအပိုင်းတို့ကို ဖြတ်လိုက်ပါ။ ၄ ထောင့် ၅ ထောင့်ခန့်ဆိုလျှင် လုံလောက်ပါပြီ။

ပြီးလျှင် ဖန်ခွက်ထဲမှာ ထည့်ပြီး ရေစိမ်ထားလိုက်ပါ။ ညပိုင်းမှာ စိတ်ထားပြီး မနက်မိုးလင်း ရေသောက်သည့်အချိန်မှာ အဖတ်များကို ဖယ်လိုက်ပြီး ၄င်းရေကို သောက်ပေးနိုင်ပါသည်။

၃ ရက်ခန့် သောက်ပေးပါက ဆီးချို သွေးချိုရောဂါကို သက်သာစေနိုင်ပါသည်။

(သတိပြုရန်) ။ ။ အလွန်အကျွံမသောက်သင့်ပါ။ သကြားဓါတ်၊ အချိုဓါတ်များ ဆုံးရှုံးမှု အလွန်များပြားလွန်းသွားလျှင် အန္တရာယ်ဖြစ်စေနိုင်ပါသည်။

ဆီးချိုရောဂါကို ခံစားနေရသော ဝေဒနာရှင် အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ Diabetes cure using okra | Natural cures.

ငှက်ပျောသီးမှ ပေးစွမ်းနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ



ငှက်ပျောသီးကို စားသုံးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိစေပါသည်။

၁။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓါတ်ဟာ အာဟာရကို ပြည့်ဝစေနိုင်သည့်အပြင် အမျိုးသားဟော်မုန်းဓါတ်ကိုပါ ပိုမိုပြည့်ဝစေသည့်အတွက် လိင်ကိစ္စအတွက် အထူးကောင်းမွန်စေပါသည်။

၂။ အမျိုးသမီးများအတွက်လည်း ငှက်ပျောသီးဟာ များစွာ အထောက်အကူပြုပေးနိုင်ပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ ရေဓါတ်တွေကြောင့် အသားအရည်ကို ပိုမိုနူးညံ့ချောမွေ့ စေပြီး တောက်ပစေပါသည်။

၃။ အိပ်မပျော်သူများ ငှက်ပျောသီးကို စားပေးပါ။ ငှက်ပျောသီးမှာ ပါဝင်တဲ့ tryptophan ဓါတ်ဟာ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကို ကောင်းစွာအထောက်အကူပေးနိုင်သည့်အတွက် နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါသည်။

၎။ ငှက်ပျောသီးမှာ ပါဝင်သည့် ကယ်လိုရီဓါတ်ဟာ ပင်ပန်းမှုများကို လျှင်မြန်စွာ ပြေပျောက်စေပြီး ခွန်အားကို ပြန်လည်ပြည့်ဝစေပါသည်။

၅။ ငှက်ပျောသီးမှာ ပါဝင်သည့် ပိုတက်စီယမ်ဓါတ်ဟာ ခန္ဓာကိုယ်မှ ရေဓါတ်ကို ထိန်းညှိပေးနိုင်သည့်အတွက် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်သည်။

၆။ ငှက်ပျောသီးမှာ ပါဝင်သည့် မဂ္ဂနီစီယမ်ဓါတ်နှင့် ပိုတက်စီယမ်ဓါတ်ဟာ ခန္ဓာကိုယ်မှ ကြွက်သားများနှင့် ခြေသလုံးကြွက်သားများကိုလည်း ပိုမို သန်မာစေပါသည်။

၇။ ၀မ်းချုပ်သူများ ငှက်ပျောသီးကို စားပေးပါက ၀မ်းကို မှန်စေပါသည်။


Ref: Banana fruit nutrition facts and health benefits.

Friday, May 2, 2014

အကောင်းဆုံး အတွေးအခေါ် (၁၅)ခု


(၁) အခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာရယူပါ။ သင့်အနေနဲ့ အမှားတွေအားလုံး ကိုယ်တိုင် လိုက်လုပ်ကြည့်ရလောက်အောင် အသက်မရှည်နိုင်ပါဘူး။

(၂) လူတစ်ယောက်ဟာ အလွန်အမင်း မရိုးသားသင့်ပါဘူး။ ဖြောင့်တန်းတဲ့သစ်ပင်တွေဟာ အရင်ဆုံး အခုတ်ခံရသလို ရိုးသားတဲ့ လူတွေဟာလည်း အရင်ဆုံး ရှင်းထုတ်ခံရတတ်ပါတယ်။

(၃) မြွေတစ်ကောင်ဟာ အဆိပ်မရှိလျှင်ပင် အဆိပ်ရှိချင်ယောင် ဆောင်နေရပါမယ်။

(၄) မိတ်ဆွေဖြစ်ခြင်းရဲ့ နောက်ကွယ်မှာ ကိုယ့်ကျိုးကြည့်မှုအချို့ ရှိနေတတ်ပါတယ်။ ကိုယ့်ကျိုးမကြည့်တဲ့ မိတ်ဆွေစိတ်ဆိုတာ မရှိပါဘူး။ ဒါဟာ လက်ခံရန် ခက်ခဲလွန်းပေမယ့် ပကတိ အခြေအနေမှန်ပါပဲ။

(၅) အလုပ်တစ်ခုခု မစတင်မှီ မိမိကိုယ်ကို အမြဲတမ်း မေးခွန်းသုံးခု မေးပါ။ “ဒီအလုပ်ကို ဘာကြောင့် လုပ်နေတာလဲ။ အကျိုးရလဒ်တွေက ဘာတွေလဲ။ အောင်မြင်နိုင်ပါ့မလား။” ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး လေးလေးနက်နက်စဉ်းစား၊ ကျေနပ်လောက်တဲ့ အဖြေတွေ့မှသာ ဆက်လက်လုပ်ဆောင်ပါ။

(၆) ကြောက်ရွံ့မှု ပေါ်လာလျှင် ချက်ချင်းပင် တိုက်ခိုက်ဖယ်ရှားပစ်လိုက်ပါ။
(၇) လောကကြီးမှာ အကြီးမားဆုံးစွမ်းအားဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ နုပျိုမှုနဲ့ အလှအပပါ။

(၈) တစ်ခုခု စတင်လုပ်ဆောင်တဲ့အခါ ကျရှုံးမှာကို မကြောက်ပါနဲ့။ စွန့်လွှတ်အရှုံး မပေးပါနဲ့။ ရိုးရိုးသားသား လုပ်ကိုင်ဆောင်ရွက်တဲ့ လူတွေဟာ အပျော်ရွှင်ဆုံးလူတွေ ဖြစ်နေတတ်ပါတယ်။

(၉) ပန်းပွင့်တွေရဲ့ ရနံ့ဟာ လေနှင်ရာဘက်သာ မွေးပျံ့ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ဂုဏ်သတင်းကတော့ အရပ်မျက်နှာအားလုံး ပျံနှံ့ပါတယ်။

(၁၀)ဘုရားသခင်ဆိုတာ ရုပ်တုတွေမှာ ရှိမနေပါဘူး။ သင့်ခံစားချက်ဟာ သင်ရဲ့ ဘုရားသခင်ပါ။ သင့်စိတ်ဟာ သင်ရဲ့ ဘုရားကျောင်းပါ။

(၁၁) လူတစ်ယောက်ဟာ ဖွားမြင်ခြင်းဖြင့် ကြီးမြတ်လာတာမဟုတ်ဘူး။ လုပ်ဆောင်ချက်ဖြင့်သာ ကြီးမြတ်လာတာပါ။

(၁၂) သင့် အဆင့်အတန်းထက် မြင့်နေတဲ့လူတွေ၊ နိမ့်ကျနေတဲ့လူတွေနဲ့ ဘယ်တော့မှ မိတ်ဆွေမဖွဲ့ပါနဲ့။ အဲဒီလို မိတ်ဆွေဖွဲ့မှုမျိုးဟာ ဘယ်လိုပျော်ရွှင်မှုမျိုးကိုမှ မပေးကမ်းနိုင်ပါဘူး။

(၁၃) သင့်ကလေးကို ပထမ ငါးနှစ်တာကာလအတွင်း ချစ်သူတစ်ဦးလို ဆက်ဆံပါ။ နောက်ငါးနှစ်မှာ ဆူပူကြိမ်းမောင်းပါ။
ဆယ့်ခြောက်နှစ်အရွယ် ရောက်တဲ့အခါ သူငယ်ချင်းလိုဆက်ဆံပါ။ ကြီးပြင်းအရွယ်ရောက်လာတဲ့ ကလေးတွေဟာ သင်ရဲ့ အကောင်းဆုံး သူငယ်ချင်းတွေပါပဲ။

(၁၄) မျက်မမြင်တစ်ယောက်အတွက် မှန်တစ်ချပ်ဟာ အသုံးမဝင်သလို လူမိုက်တစ်ယောက်အတွက် စာအုပ်တွေဟာလည်း အသုံးမဝင်ပါဘူး။

(၁၅) ပညာဆိုတာ အကောင်းဆုံး မိတ်ဆွေပါ။
ပညာတတ်တစ်ယောက်ကို နေရာတိုင်းက လေးစားတန်ဖိုးထားပါတယ်။ ပညာဟာ အလှတရားနဲ့ ငယ်ရွယ်နုပျိုမှုကို အနိုင်ယူပါတယ်။

Monday, April 28, 2014

မြန်မာနိုင်ငံက တစ်ပိသာကို ကျပ် ၆ သိန်းကျော်တန်တဲ့ အသီး



တစ်ပိသာကို ကျပ် ၆ သိန်ကျော်တန်တဲ့ အသီးတမျိုးလို့ ပြောနိုင်တယ်။
ဗြိတိန်မှာ ဈေးကြီးပေးဝယ်စားရတဲ့ မြန်မာနိုင်ငံက အလေ့ကျပေါက် အသီးပင်ဖြစ်ပါတယ်။ အသီး ၁၀ လုံးကျော်လောက်ကို ၂ ပေါင်(ကျပ်ငွေ၂၇၀၀ ကျော်) ပေးရပါတယ်၊ တပိသာအလေးချိန်ဆိုရင် ကျပ် ၆ သိန်းကျော်တန်မယ်လို့ ခန့် မှန်းရပါတယ်။
...
သယ်ယူပို့ ဆောင်စရိတ်တော့ရှိလိမ့်မယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်
တောနယ်မှာတော့ ဖေါင်ဖေါင်သီးလို့ ခေါ်ပါတယ်။ အဲ့ဒီအသီး မှည့်တဲ့အခါ အခွံက ခြောက်လာပြီး အသီးလေးက အ၀ါနုရောင်ဖြစ်ပြီး ဆီးသီးစေ့ငယ်လောက်အရွယ်ရှိပါတယ်၊ အရသာက ချဉ်ပြုံးဖြစ်ပြီး အတွင်းကအစေ့က မျိုးပျက်ခရမ်း အစေ့လိုဖြစ်ပါတယ်။

တကယ်တန်းဈေးကွက်ဝင်သီးနှံဖြစ်အောင် အသီးရဲ့  ကျန်းမာရေးအာနိသင်ကို ဖေါ်ပြနိုင်မယ်ဆိုရင် ဈေးကွက်ဝင် အသီးအနှံတခုဖြစ်လာနိုင်တယ်၊မြန်မာနိုင်ငံမှာ အလွယ်တကူ
စိုက်ပျိုးနိုင်တဲ့အတွက် မြေကြီးက ရွှေသီးနိုင်တဲ့ သီးနှံဖြစ်နိုင်ပါတယ်။

တစ်ပိသာကို ကျပ် ၆ သိန်ကျော်တန်တဲ့ အသီး

မြစ်တစင်းထဲမှာ လောင်တဲ့ မီး



ရေတသွင်သွင် စီးဆင်းနေတဲ့ မြစ်တစင်းထဲ မီးလောင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ တွေးကောင်း
တွေးနိုင်ပါတယ်။ တကယ်ပဲ မြစ်တစင်းထဲမှာ မီးအကြီးအကျယ်တောက်လောင်ခဲ့ပါတယ်။



ဖြစ်စဉ်ကတော့ ISIS လို့ အမည် ရ တဲ့ အကြမ်းဖက်သမားတွေက ဘဂ္ဂဒက်မြို့မြောက်ဘက် တီကရစ် အရပ်နားမှာ တိုက်ဂရစ်မြစ်ကို ဦး တည် သွယ်တန်းထားတဲ့ ရေနံပိုက် လိုင်းတွေကို ဖောက်ခွဲဖျက်ဆီးလိုက် လို့ ဧပြီလ ၁၇ ရက်နေ့က အွန်လိုင်းပေါ် ရောက်လာတဲ့ တိုက်ဂရစ်မြစ်ထဲက မီးလောင်မှုဟာ ကြောက်ခမန်း လိလိ ပါ။

ရေနံပိုက်လိုင်းတွေ ဖောက်ခွဲဖျက်ဆီးလိုက်တဲ့အတွက် မြစ်ရေပေါ် ယိုလျှံထွက်လာတဲ့ ရေနံတွေကို မီးလောင် ကျွမ်းခဲ့တာဖြစ်ပါတယ်။

အီရတ်ပြည်ထဲရေး ဝန်ကြီးကတော့ အဲဒီအခြေအနေကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ဂရစ်မြစ်ဆိုတာ အာရပ်ကမ္ဘာထဲ နာမည်ကြီး မြစ်တစင်းလည်းဖြစ်သလို တူရကီ၊ အီရန်နဲ့ အီရတ်နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းနေတာလည်း ဖြစ်ပါတယ်။

Video ကြည့်ချင်တယ်ဆိုရင်






အမျိုးသမီးအင်္ဂါထဲ သေနတ်ဖွက်ယူလာသည့်မိန်းမငယ်။





အသက်(19)နှစ်အရွယ်ရှိ ဒေးလာအာချာဆိုသည့်အမျိုးသမီးကိုယာဉ်မောင်းသည့်ကိတ်စနှင့်
ဧပြီလ(21)ရက်နေ့ကဖမ်းဆီးအပြစ်ပေးလိုက်ပါတယ်။


အကျဉ်းတောင်ထဲသို့သူမရောက်ရှိပြီးနောက်
အမျိုးသမီးအကျဉ်းထောင်ထဲတွင်တာဝန်ရှိသူတွေကအကျဉ်းထောင်အတွင်းစစ်ဆေးရာတွင်
သူမ၏ပေါင်နှစ်လုံကြားတွင်းတွင်အမျိုးအမည်မသိအရာတခုကိုတွေ့ရှိခဲ့ပါတယ်။

ထိုကဲ့သို့မယုံသင်္ကာသောနေရာကိုရှာဖွေစစ်ဆေးရန်အတွက်သူမကိုရေချိုးခန်းထဲသို့
ခေါ်သွားပြီးအခြားသောအများသမီးတာဝန်ရှိသူနှစ်ဦးဖြစ့်ထပ်မံစစ်ဆေးရာသူမ၏အ
မျိုးသမီးအင်္ဂါထဲတွင်ဝှက်ယူလာသောလေးလက်မအရွယ်ကျည်အပြည့်နှင့်သေနတ်
တလက်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

ထိုသေနတ်အသေးလေးရီဘော်ဗာဟာဒေါ်လာ(250)လောက်တန်ဖိုးရှိပါတယ်။
ထိုသေနတ်ငယ်ကိုကားပြခန်းတခုကိုဖေါက်ထွင်းဝင်ရောက်ခဲ့စဉ်ကအရာရှိတယောက်ထံမှခိုးယူခဲ့ဘွယ်ဖြစ်နိုင်ကြောင်းသိရသည်။

Wednesday, April 23, 2014

သူငယ်ချင်းနှင့်အတူကျူးလွန်ခဲ့သော မုဒိန်းမှုကို လိဒ်လူငယ်ကစားသမားက ဗွီဒီယိုရိုက်၍ပင် မှတ်တမ်းတင်ခဲ့ဟုဆို


ဝေဘုန်းလူ

ဟိုတယ်တစ်ခုတွင်သူငယ်ချင်းနှင့်အတူ မုဒိမ်းမှုကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခံထားရသည့် လိဒ်အသင်းလူငယ်ကစားသမား ဆိုင်မွန်လန်နစ်ဟမ်သည် ယင်းကျူးလွန်မှုအား ဖုန်းကင်မရာဖြင့် ဗွီဒီယိုရိုက်၍ပင်မှတ်တမ်းတင်ခဲ့ကြောင်း အမှုကိုစစ်ဆေးနေသည့်တရားရုံးမှ တရားသူကြီးတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။


အသက် ၁၉ နှစ်အရွယ်ရှိ ဆိုင်မွန်သည် အဆိုပါပြစ်မှုကို သူငယ်ချင်းဖြစ်သူ နသန်ကမ်းဘဲလ်နှင့်အတူ ၂၀၁၂ သြဂုတ်လက လိဒ်မြို့ရှိ အီတက်ဟိုတယ်တွင်ကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခြင်းခံထားရသူဖြစ်သည်။

တရားလို အမျိုးသမီးမှာ နံနက်ပိုင်းအိပ်ယာနိုးလာချိန်တွင် သူမမည်သည့်နေရာသို့ မည်သို့မည်ပုံရောက်ရှိနေကြောင်း မစဉ်းစားတတ်ခဲ့ဘဲ အ၀တ်မဲ့အနေအထားဖြင့်နိုးထလာခဲ့ခြင်းဖြစ်ကြောင်း တရားလိုရှေ့နေက တရားရုံးတွင်ထွက်ဆိုထားသည်။

ကမ်းဘဲလ်၏မိုဘိုင်းဖုန်းမှ ဗွီဒီယိုဖိုင်တွင်ပါရှိသော ယင်းအမျိုးသမီးမှာ အိပ်ယာနိုးလာချိန်တွင်သူမ၏ လက်ကိုင်ဖုန်းနှင့်အတူ ပိုက်ဆံများပါပျောက်ဆုံးနေ၍ ရဲထံအကြောင်းကြားခဲ့သည်။ တရားလိုဘက်မှရှေ့နေ အင်ဒရူးဟာဆလန်က “ နသန်ကမ်းဘဲလ်နဲ့ဆိုင်မွန်တို့ဟာ ပြစ်မှုကျူးလွန်ခဲ့ကြသူတွေပါ။ တရားခံတွေဘယ်လို ပြစ်မှုကျူးလွန်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိပါတယ်” ဟု ပြောကြားခဲ့သည်။ ၎င်းကဆက် လက်၍ တရားခံနှစ်ဦးမှာ အမျိုးသမီးကို ဖုန်းဖြင့်ဗွီဒီယိုရိုက်ကူးရာတွင် ၎င်းတို့ပါမပါစေရန်အတွက် ရှောင်ရှားကြရင်း ကျယ်လောင်စွာရယ်မောခဲ့သည်ကို ဗွီဒီယိုဖိုင်တွင်ပါရှိကြောင်းပြောကြားခဲ့သည်။ ဆိုင်မွန်နှင့် အသက် ၂၄ နှစ်အရွယ်ရှိ ကမ်းဘဲလ်တို့မှာ ပြဿနာဖြစ်ပွားသည့်ညမှ အရက်ဘားတစ်ခုတွင် ပထမဆုံးဆုံတွေ့ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း အင်ဒရူးက ပြောကြားခဲ့သည်။

ပြစ်မှုကျူးလွန်ခံရသည့် အမျိုးသမီးမှာ ဆိုင်မွန်နှင့်သိကျွမ်းသူ ဖြစ်ပြီး ဆိုင်မွန်တို့နှင့်အရက်အတူသောက်ကာ အမူးလွန်နေပြီးနောက် ဟိုတယ်သို့သွားရန် သဘောတူညီခဲ့ ကြောင်း၊ သူငယ်ချင်းများကပင် အမူးလွန်နေသော သူမအတွက် စိုးရိမ်ပူပန်ခဲ့ရသည်။ ဖမ်းဆီးခံရပြီးနောက် ပြစ်မှုကျူးလွန်သည်ဟု နှစ်ဦးစလုံးက၀န်ခံခဲ့ကြသော်လည်း အမျိုးသမီးဘက်မှအလိုတူခဲ့၍ဖြစ်ကြောင်း ထွက်ဆို ခဲ့ကြသည်။ သို့သော်လည်း တရားလိုဘက်မှမူ အမူးလွန်၍အသိစိတ်ပျော်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သကဲ့သို့ ဆိုင်မွန်ကလည်း နောက်ပိုင်းတွင် အမျိုးသမီးက ငြင်းဆန်ခဲ့သည်ဟု ၀န်ခံခဲ့သည်။ ဆိုင်မွန်နှင့် ကမ်းဘဲလ်တို့ဒ၏ အမှုမှာ ၂ နှစ်နီးပါးကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

လူငယ်တစ်စု ပွဲခင်းအတွင်း အဓ္ဓမ ကားပေါ်တင်ပြေးမှုတွင် တရားခံ ၄ ဦး လွတ်မြောက်နေဆဲ



မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာ၌ ဇာတ်သဘင်ပွဲကျင်းပနေစဉ် ပွဲခင်းရံပုံငွေဆိုင်တစ်ဆိုင်မှ ဈေးရောင်းနေသူအသက် ၁၉ နှစ်အရွယ်မိန်းမပျို ၂ ဦးအား

လူငယ်တစ်စုမော်တော်ကားပေါ် အဓ္ဓမဆွဲတင်ပြေးခဲ့သည့်ဖြစ်စဉ်တွင် တရားခံဟုယူဆရသူ လူငယ် ၃ ဦးဖမ်းဆီးရမိပြီး ကျန် ၄ ဦးလွတ်မြောက်နေဆဲဟု သိရသည်။

အဓိကတရားခံဟုယူဆရသူ သံဖြူဇရပ်မြို့ အောင်သာယာရပ်နေ အဇွန့်နှင့် မုဒုံမြို့နယ်၊ တောင်ပကျေးရွာမှ လူငယ်များဖြစ်ကြသော အလေး၊ အမွန်၊ အညူတို့အားတရာခံပြေးဟု ကြော်ငြာဖွယ်ရှိကြောင်း၊ လက်ရှိတွင် ကွန်ပလာ၊ အတူး၊ အထွန်းတို့ ၃ ဦးကို ဖမ်းဆီးရမိထားကြောင်း ကမာဝက်နယ်မြေရဲစခန်း ဂတ်စာရေး တပ်ကြပ်ကြီးကျော်ကျော်မြင့်က ပြောသည်။

တပ်ကြပ်ကြီးကျော်ကျော်မြင့်က “အလိုမတူ အဓမ္မ အတင်းနိုင်ထက်ကားတင်ပြေးခြင်း ပ/(၁၇)/၂၀၁၄ ပြစ်မှုပုဒ်မ ၃၆၆ နဲ့ အမှုဖွင့်ထားတယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

ပြီးခဲ့သည့်ဧပြီလ ၁၇ ရက်နေ့၊ နံနက် ၃ နာရီအချိန်ခန့်တွင် ကျေးရွာ၌ကပြဖြေဖျော်နေသော ဇာတ်သဘင်ပွဲခင်းအတွင်း ထိုသို့အခင်းဖြစ်သည်ကိုသိရှိသည်တပြိုင်နက် ကွမ်းလှာကျေးရွာမှ လူငယ် (၄၀) ကျော်ခန့်စုစည်းမိကာ မော်တော်ဆိုင်ကယ်များဖြင့်လူအုပ်စုခွဲ၍ လိုက်လံရှာဖွေခဲ့ရာ တစ်နာရီခန့်အကြာတွင် ရွာမှသုံးမိုင်ခန့်အကွာ နှီးပဒေါကျေးရွာ တံတားကြီးအလွန်၌ ရွာခံပြည်သူ့စစ်နှင့်ရဲများ အကူအညီဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကွမ်လှာရွာသား နိုင်ဆန်နီက “မိန်းခလေးတွေကို သင်္က࿿န်ြရေပက်ကစားသလိုလိုနဲ့ ကားပေါ်အတင်းအဓမ္မဆွဲတင်ပြီး တယောက်ကိုပါးစပ်ပိတ်၊ တယောက်ကို သူတို့ဖမ်းချူပ်နှောင်ထားလိုက်တယ်၊ ကံကောင်းထောက်မလို့ မိန်ခလေးနှစ်ယောက်ကို ပြန်ကယ်တင်လိုက်နိုင်လိုက်တာပါ၊ အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး အသေသတ်လိုက်မှာလား၊ ရောင်းစားတာမှာလားတော့ မတွေးဝန့်စရာ” ဟု ပြောသည်။

ပြန်လည်လွတ်မြောက်လာသူ မိန်းမပျိုတစ်ဦး၏မိခင်ဖြစ်သူ ဒေါ်ဖွားအေးက သမီးဖြစ်သူကိုလာရောက် ရည်ငံနေသည့် လက်ရှိအဓိကတရားခံဟုယူဆရသူ အဇွန့်ဆိုသူမှာ မိမိနေအိမ်သို့ နှစ်ကြိမ်နှစ်ခါခန့် လာရောက်လည်ပတ်ခဲ့ရာတွင် သမီးဖြစ်သူတစ်ခါမှအတွေ့မခံသဖြင့် မိမိသာလျှင်အားနာ၍ လက်ခံ စကားပြောပေးခဲ့ရသည်ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ဆိုသည်။

မွန်ပြည်နယ်တွင် အထက်ပါဖြစ်ရပ်ကဲ့သို့ မိန်းမပျိုများအား အုပ်စုဖွဲ့ကားပေါ်တင်ပြေးသည့်အမှုများ ယခင်ကဖြစ်ပေါ်ခဲ့ခြင်းမရှိဟု ဒေသခံများအပြောအရ သိရသည်။

မင်းထူးသစ်

လွတ်လပ်သောမွန်သတင်းအေဂျင်စီ




ကွမ်လှာကျေးရွာအဝင်လမ်း

ဓာတ်ခွဲခန်း မှ ထုတ်လုပ်တဲ့ မိန်းမအင်္ဂါ ကို အမျိုးသမီးလေးယောက် တွင် အောင်မြင်စွာ ထည့်သွင်း




သိပ္ပံပညာရှင်များ က ဓာတ်ခွဲခန်း မှ ထုတ်လုပ်တဲ့ မိန်းမအင်္ဂါ ကို အမျိုးသမီးလေးယောက် မှာ ၂၀၀၅ ခုနှစ် ကနေ ၂၀၀၈ ခုနှစ် အတွင်းမှာ အောင်မြင်စွာ ထည့်သွင်းပေးနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ ဆရာဝန်များ ရဲ့ ပြောကြားချက်အရ လူနာများဟာ ကျန်းမာနေကြပါတယ်။

ခွဲစိတ်မှု ပြုလုပ်ချိန် မှာ အမျိုးသမီးလေးယောက် ရဲ့ အသက် ဟာ ၁၃ နှစ်ကနေ ၁၈ နှစ် အတွင်းမှာ ရှိကြပါတယ်။ အမျိုးသမီးလေးယောက် ဟာ Mayer-Rokitansky-Kuster-Hauser Syndrome (MRKH) လို့ ခေါ်တဲ့ အလွန်ရှားပါးတဲ့ မျိုးရိုးဗီဇ ဝေဒနာ ကို ခံစားခဲ့ရတာဖြစ်ပါတယ်။ အဲဒီ ဝေဒနာ ဟာ အမျိုးသမီး ၄၅၀၀ မှာ တစ်ယောက်သာ ဖြစ်လေ့ရှိပြီး ပုံစံမမှန်တဲ့ မိန်းမအင်္ဂါ ဒါမှမဟုတ် မိန်းမအင်္ဂါ လုံးဝ မပါရှိဘဲ မွေးဖွားလာတာဖြစ်ပါတယ်။ အဆိုပါ ဝေဒနာ ကို ကုသလေ့ရှိတဲ့ နည်းလမ်း က မိန်းမအင်္ဂါ ကို ခွဲစိတ် ပြီး ပြန်လည် ပြုပြင်ရတာဖြစ်ပါတယ်။ အဲဒီလို ခွဲစိတ် ပြုပြင် တဲ့ အခါမှာ နာကျင်မှု ဝေဒနာ ကို ခံစားကြရပါတယ်။ နောက်ပြီး ရှုပ်ထွေးတဲ့ ခွဲစိတ်မှု ကို ခက်ခဲစွာ ပြုလုပ်ကြရပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို ခွဲစိတ်ပြုပြင်ကြတဲ့အခါမှာ ပိုမိုခက်ခဲ ရှုပ်ထွေးတယ်လို့ သိရပါတယ်။ အဲဒီအတွက် ဆရာဝန်များ က မိန်းမအင်္ဂါ ကို တီထွင်ခဲ့ကြတာဖြစ်ပါတယ်။

မိန်းမအင်္ဂါ အစိတ်အပိုင်းတွေကို ဝေဒနာရှင်တွေရဲ့ Cell တွေကနေ ပြုလုပ်တာဖြစ်ပါတယ်။ ဝေဒနာရှင်များမှ အလွန်သေးငယ်တဲ့ Tissue တွေကို ရယူပြီး ဓာတ်ခွဲခန်း ထဲမှာ ကြီးထွားဖွံ့ဖြိုးစေတာဖြစ်ပါတယ်။ ခြောက်ပတ်အကြာမှာတော့ အမျိုးသမီး မှာ ခွဲစိတ် ထည့်သွင်းပေးတာဖြစ်ပါတယ်။ အဆိုပါ မိန်းမအင်္ဂါ ထည့်သွင်းထားတဲ့ အမျိုးသမီးများ ဟာ သာမာန် အမျိုးသမီးများ လိုပဲ လိင်စိတ်ဆန္ဒ ဖြစ်ပေါ်တာ နဲ့ စိတ်ဆန္ဒ ပြီးမြောက်တာ တွေကို ရရှိခံစားနိုင်ပါတယ်။

သူရ

၁၁ နှစ်အရွယ် ယောင်္ကျားလေးနှင့် မကြာခဏလိင်ဆက်ဆံပြီး ဗီဒီယို ရိုက်ကူးမှုကြောင့် အမျိုးသမီးတစ်ဦး ထောင်ချခံရ





အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီ မှာ နေထိုင်တဲ့ အသက် (၃၃) နှစ် အရွယ်ရှိ ပါလီရာစီယို အမည် ရ အမျိုးသမီး တစ် ဦးဟာ အသက် (၁၁) နှစ် အရွယ် ကလေး ငယ် တစ်ဦးနဲ့ ပေါင်းသင်း နေထိုင် ခဲ့လို့ ထောင် ဒဏ် အနှစ် (၂၀) ချမှတ် ခြင်း ခံရကြောင်း သိရှိ ရပါတယ်။ ပါလီရာစီယိုဟာ ကလေးငယ်နဲ့ ပေါင်းသင်း နေ စဉ် အတွင်း ဗီဒီယိုရိုက်ကူးမှုတွေကို ကြိမ်ဖန် များစွာ ပြုလုပ်ခဲ့ပါတယ်။

ပါလီရာစီ ယိုဟာ ၂၀၀၉ ခုနှစ်၊ မေလ ကနေ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ အထိ အသက်(၁၁)နှစ် အရွယ် ကောင်ကလေး တစ်ဦးနဲ့ ပေါင်းသင်း နေထိုင်ခဲ့ တာဖြစ် ပါတယ်။ ပါလီရာစီယိုဟာ ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေး တဲ့ ကျောင်းတစ်ကျောင်းမှာ ၀င် ရောက်လုပ် ကိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

တရားရေးဆိုင်ရာ တာဝန် ရှိသူတွေက တော့ ပါလီရာစီယိုဟာ အရွယ်မရောက်သေး တဲ့ ကလေးငယ်နဲ့ ပေါင်းသင်းနေထိုင်ခဲ့တဲ့ အ ပြင် မဖွယ်မရာဆက်ဆံပုံတွေကို ဗီဒီယို ရိုက် ကူးမှု ပြုလုပ် ခဲ့တာမို့ ယခုလို ပြစ်ဒဏ် ချမှတ် လိုက်ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါ တယ်။

အမေရိကန်နိုင်ငံမှာ အရွယ်မရောက် သေးတဲ့ ကလေး ငယ်တွေနဲ့ ပေါင်းသင်းဆက် ဆံမှုတွေပြုလုပ်တဲ့ အမျိုးသမီးတွေကို ထိ ရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတယ် လို့ သိ ရပါတယ်။

The Messenger

အသက်မပြည့် ကလေးမလေးနှစ်ဦးအား အဓမ္မပြုကျင့်သူကို အမှုသုံးခုနဲ့ ဖမ်းဆီးအရေးယူထား


မကြာသေးခင်ကပဲ ပြီးဆုံးသွားခဲ့တဲ့ သင်္ကြန်အတက်နေ့တုန်းက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ အရွယ်မရောက်သေးတဲ့ ညီအစ်မနှစ်ဦးကို အဓမ္မကျင့်ခဲ့တဲ့ အမျိုးသားကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးမလေး တွေဟာ အသက်(၁၆)နှစ်နဲ့ အသက်(၁၄)နှစ် အရွယ်တွေဖြစ်ပြီး (၁၆)နှစ်အရွယ် ကလေးမလေး ကတော့ လည်ပင်ရိုးကျိုးပြီး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီဓမ္မပြုကျင့်ခဲ့သူအမျိုးသားဟာ ကလေးမလေးနှစ်ဦးကို အရက်တိုက်ခဲ့ပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒိုက်ဦးမြို့နယ်ရဲစခန်းက စခန်းမှူး ဦးတင်ထွန်းက ခုလို ရှင်းပြပါတယ်။
“ညနေငါးနာရီလောက်မှာ သူတို့ချမ်းတယ် အဲ့တော့ အရက်ဆိုင်ရှေ့ရပ်တယ် အရက်သောက်တယ်ပဲ ထားပါတော့ အရက်သောက်တယ် အဲဒီမှာ တရာခံရဲ့ ပြောပြချက်၊ အသက်မသေဘဲကျန်ခဲ့တဲ့ ကောင်မလေးရဲ့ ပြောပြချက်အရဆိုရင် အရက်နှစ်ပြားပေါ့ နှစ်ပြားဆိုတော့ တစ်ပြားကိုရှစ်ပက်၊ နှစ်ပြားဆိုတော့ ၁၆ ပက်၊ အဲဒါကို ဘီယာတစ်ဗူးရယ်၊ လက်ဖက်သုပ် ရယ်စားကြ သောက်ကြတယ်။”
လက်ရှိအချိန်မှာတော့ အဓမ္မကျင့်ခဲ့သူအမျိုးသားကို ဒိုက်ဦးမြို့နယ်ရဲစခန်းက အမှုဖွင့် အရေးယူထား ကြောင်း မြစ်မခသတင်းအရ သိရပါတယ်။


Radio Australia - Myanmar

Related Posts Plugin for WordPress, Blogger...