ဒီနေ့ Eleven Media ပါ အင်တာဗျူး တစ်ခုကို ဖတ်လိုက်တယ်။ပြီးတော့ ဒီလိုလူတွေရှိသေးလား လို့ ကောက်ချက် ချမိတယ်။ အင်တာဗျူး က ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းထိန်ကို အင်တာဗျူးထားတာ ။ ကင်တားနား က မိတ္ထီလာ လူအုပ်ကြီးနဲ့ အကြမ်းဖက် ခံရတယ်လို့ ကမ္ဘာအနှံသိအောင် လိမ်လည်ကြေငြာ နေတာ အားလုံးလဲ အသိပဲ ဖြစ်တယ်။ ဒါ ကို ပြည်သူ တစ်ရပ်လုံး က လဲ သိတယ် ။ ကင်တားနား လူလိမ် ၊ဘင်္ဂလီ ကိုယ်စားလှယ်ဆိုတာလဲသိတယ်။ အင်တာဗျူးမှာ ဦးဝင်းထိန် က ဘာပြောသွားလဲဆိုတော့ "ကင်တားနား ပြောတာတွေအမှန်ပဲ"လို့ ဆိုလိုက်တယ်။ဒါဟာ ဘာရည်ရွယ်ချက် လဲ ဆိုတာတော့ သူကိုယ်တိုင်မှပဲ သိနိုင်မယ်။
ဦးဝင်းထိန်နှင့်တွေ့ ဆုံခြင်း အား ဖတ်ရှုရန် (Eleven Media)
ဒီကိစ္စ နဲ့ ပတ်သတ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ကဦးရဲထွဋ်ကိုယ်တိုင်ဂျာနယ်အင်တာဗျူးတွေနဲ့ သတင်းတွေမှာ "ကင်တားနား အကြမ်းဖက်ခံရတယ်ဆိုတာမဟုတ်ပါဘူး" လို့ထွက်ဆိုခဲ့တယ်။ ပြီးတော့ တကယ်လို့ လူဦးရေ ၂၀၀ ကျော် လူအုပ်ကြီးက အကြမ်းဖက်တယ်၊ ကားမှန်တွေကို ထုတယ် ၊ ကားဘော်ဒီတွေကို ကန်တယ်လို့ဆိုရင်လည်း ကားမှာအပျက်အစီး အပိန်အချိုင့် ရှိမရှိ စစ်ဆေး ထွက်ဆိုနိုင်တယ်လို့ဆိုတယ်။ ကင်တားနားကို လုံခြုံရေးကိစ္စ တာဝန်မဲ့တယ် ဆိုတဲ့ စွပ်စွဲချက်အပေါ်လဲ ရဲတပ်ဖွဲ့ဝင်(၃၀)နဲ့ လုံခြုံရေး ဆောင်ရွက် ပေးခဲ့ကြောင်းကိုလဲ ထုတ်ပြန် ကြေငြာခဲ့တယ်။


ဦးရဲထွဋ်နှင့်တွေ့ ဆုံခြင်း အား ဖတ်ရှုရန် (Eleven Media)
နောက်တစ်ဖက်က ကင်တားနားခရီးစဉ်မှာလိုက် သတင်းယူတဲ့Eleven Mediaက သတင်းထောက် ကို ၀ဏ္ဍစိုး လည်း အဲ့အချိန်၊ အဲ့ဒီနေရာမှာ ရှိနေခဲ့တယ်။ ကိုဝဏ္ဍစိုးရဲ့ပြောဆိုချက်တွေ အရလည်း ပိုစတာတွေကိုင်ပြီး ဆန္ဒပြကြသလို သူ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်း ကန့်ကွက်စာနဲ့ တီရှပ်ပေး တာပဲရှိပါတယ်။ သူပြောသွားသလို ကားကိုထုရိုက်တာ၊ တံခါးနဲ့ပြတင်းပေါက်ကို ကန်ကျောက် တာမျိုး လုံးဝမလုပ်ကြပါဘူး လို့ပြောဆိုပါတယ်။

ဦးဝင်းထိန် ရဲ့ အင်တာဗျူး ဖြေကြားချက်တွေဟာ မိတ္ထီလာကိစ္စမှာ ကင်တားနားရဲ့ ထွက်ဆိုချက် တွေဟာအမှန်ပဲလို့ RFA သတင်းဌာနကို ဖြေကြားခဲ့တယ်။ ပြီးတော့ဒီပြဿနာကို ၉၆၉ အဖွဲ့
ကပါအများဆုံး ပါဝင်လှုံဆော်တဲ့ သဘောမျိုးတွေ ဖြေထားတာတွေ့ရပါတယ်။
ကျွန်တော်အမြင်ကိုပြောရရင်တော့ ပြဿနာ တစ်ခုကို ချဉ်းကပ်ပုံရှု့ထောင့်တွေကွဲပြားသော် ကွဲပြား ညားလည်းပဲ အမှန်တရား နဲ့ အမျိုးသားအကျိုးစီးပွား သာပထမဖြစ်ပါတယ်။ ဒါကြောင့် ဦးဝင်းထိန်ရဲ့ အင်တားဗျူး ဖြေဆိုချက်တွေဟာ ဘာလဲဘယ်လဲလို့ မေးစရာရှိလာ ပါတယ်။ ဒါ့ပြင် မိတ္ထီလာ ပဋိပက္ခ ဖြစ်တုန်းကလည်း ဦးဝင်းထိန် ဟာမွတ်စလင်တွေ အသတ်ခံရတာကိုပဲ တွင်တွင်ပြောပြီး ဗုဒ္ဓဘာသာဘုန်းကြီး ဦးသောဘိသအသတ်ခံရတာကို ကျတော့လုံးဝမပြောပဲ နှုတ်ဆိတ်နေခဲ့တာဟာ လဲ စဉ်းစားစရာမေးခွန်း တစ်ခုပါပဲ ။
OE
ဦးဝင်းထိန်က ကုလားတွေဆီကရထားလို့နေမှာပေါ့
ReplyDelete