ရန်ကုန် ၊ ၂၄-၈-၂၀၁၃
ငါးပိတွင် ယူရီးယား
ဓာတ်မြေသြဇာ ပါဝင်မှု ရှိ- မရှိကို စစ်ဆေးရန် လတ်တလော အစီအစဉ်
မရှိသေးကြောင်း ဗဟို အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန ( FDA ) မှ
ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော် က ပြောကြား ကြောင်း သိရသည်။

ငါးပိဖြစ်ရန် လအတန်ကြာ
အချိန်ယူ ရသည်ဖြစ်ရာ ငါးပိ မြန်မြန်ပေါ်ရန် ငါးအရိုးများ ဆွေးမြေ့
မြန်စေသည့် ဓာတ်မြေသြဇာ တွင် ပါဝင်သော အက်စစ်ဓာတ် ကို အသုံးပြုခြင်း
ဖြစ်နိုင်ကြောင်း ၊ ယူရီးယား ဓာတ်မြေသြဇာ တွင် ပါဝင်သော Carcinogenic
Activit မှာ ကင်ဆာရောဂါကို ဆိုးရွားစွာ ဖြစ်စေ နိုင်ကြောင်း သိရသည်။
ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် အစားအသောက် တွင် သုံးစွဲခွင့် မပြုသော
ဓာတုပစ္စည်း များကို သုံးစွဲခြင်း မပြုရန် တားမြစ် ထားကြောင်းလည်း
သိရှိရသည်။
0 comments:
Post a Comment