
ကမ္ဘာပေါ်တွင် သက်ရှိများမပေါ်ပေါက်မီအချိန်တွင် မားစ်ဂြိုဟ်၌သက်ရှိများပေါ်ပေါက်ခဲ့ချေရှိဟု သိပ္ပံ ပညာရှင်များက ပြောကြားလိုက်ကြောင်း သြဂုတ် ၂၉ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။
လေ့လာတွေ့ရှိချက် အသစ်များအရလွန်ခဲ့သည့်နှစ်ပေါင်း ဘီလီယံများစွာက သက်ရှိများစတင်ရန် မားစ် ဂြိုဟ်မှာ ကမ္ဘာဂြိုဟ်ထက် ပို၍ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်ခဲ့ကြောင်းဆိုသည်။
ယင်းတွေ့ရှိချက်မှာ သက်ရှိများစတင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ပထမဆုံးသော မော်လီကျူးများ မည်သို့ စုစည်းခဲ့သည်ဆိုသည့်အပေါ် အခြေခံသည်။
တွေ့ရှိချက်အားရှင်းပြသည့် သီအိုရီအသေးစိတ်အား ပါမောက္ခစတိဗ်ဘန်နာက အီတလီနိုင်ငံ ဖလော့ရင့် မြို့တွင်ကျင်းပခဲ့သည့် Goldschmidt အစည်းဝေးပွဲတွင် ရှင်းပြခဲ့သည်။
သိပ္ပံပညာရှင်များအနေဖြင့် သက်ရှိများဖြစ်ပေါ်ရန်အတွက် အလွန်ရေးပါသည့် မော်လီကျူးအစိတ်အပိုင်း သုံးခုဖြစ်သော အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA, DNA နှင့် ပရိုတိန်းများ ပထမဆုံးအကြိမ်အဖြစ် မည် သို့အတူတကွတည်ရှိခဲ့သည်အား စိတ်ဝင်စားနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
မျိုးရိုးဗီဇဆိုင်ရာ ဒြပ်ထုများပေါင်းစပ်ဖြစ်ပေါ်စေသည့် အဆိုပါမော်လီကျူးများမှာ ကမ္ဘာပေါ်တွင် နှစ်ပေါင်း သုံးဘီလီယံခန့်က ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၏ ပေါင်းစပ်ဖြစ်တည်မှုမှာ ကာဗွန်အခြေခံ ဓာတ် သတ္တိများဖြစ်သော သက်ရှိများအား ဖြစ်ပေါ်လာစေသည့် အော်ဂဲနစ်ဓာတ်ပေါင်းများထက် ပိုမိုရှုပ်ထွေး သည်ဟုသိရသည်။ RNA မှာ အထက်ဖော်ပြပါ မော်လီကျူးသုံးခုအနက် အစောဆုံးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
သက်ရှိများဖြစ်ပေါ်လာစေရန်အတွက် အခြေခံကြသည့် အော်ဂဲနစ်မော်လီကျူးများအား အပူနှင့်အလင်း တို့အား ပေါင်းထည့်လိုက်ခြင်းဖြင့် RNA, များ ရိုးရှင်းစွာ ဖြစ်ပေါ်လာခြင်း မရှိပေ။ ယင်းအစားမည်းနက် ထူ ထပ်သည့် အရာများသာ ပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။
အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA မှာသတ္တုဓာတ်များ၏ သလင်းကျောက်မျက်နှာပြင်ရှိ အက်တမ်ပုံစံ ပြားဖြင့်ပုံသွင်းရန် လိုအပ်သည်။
RNA အားပုံသွင်းရန် အကောင်းဆုံးဖြစ်သည့် သတ္တုများမှာ ကမ္ဘာ့အစောပိုင်းကာလများတွင် ပင်လယ်ပြင် အတွင်း၌ ပျော်ဝင်နေသည်ဟု သိရသည်။ သို့သော်၎င်းတို့ မှာ မားစ်ဂြိုဟ်ပေါ်တွင် ပိုများသည်ကို တွေ့ရှိ ရကြောင်း ပါမောက္ခဘန်နာကဆိုသည်။ ယင်းတွေ့ရှိချက်အရ သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ ပြီးယင်း၏ဂြိုဟ်အပိုင်းအစများ ကမ္ဘာပေါ်သို့ ကျရောက်လာသည့်အတွက် ကမ္ဘာပေါ်တွင် သက်ရှိများပေါ် ပေါက်လာသည်ဟုအမေရိကန်နိုင်ငံ Gainesville ရှိသိပ္ပံနှင့် နည်းပညာဆိုင်ရာ Westheimerတက္ကသိုလ် မှ ပါမောက္ခဘန်နာက ပြောကြားလိုက်သည်။
သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ပြီး၊ ယင်းမှတစ်ဆင့် ကမ္ဘာဂြိုလ်ပေါ်သို့ ရောက်ရှိခဲ့သည်ဆို သည့်ယူဆချက်မှာ ယခင်ကတည်းကရှိနှင့်ခဲ့ပြီး ဖြစ်သည်။ သို့သော် ပါမောက္ခဘန်နာ၏ ယူဆချက်မှာ ယခင်တည်ရှိခဲ့ပြီးဖြစ်သည့် သက်ရှိတို့၏ ဒေသအစနှင့် သက်ဆိုင်သည့် သီအိုရီအား အားနည်းသွားစေခဲ့သည်။
သို့သော် ကမ္ဘာကြီးကဘယ်အချိန်က စတင်ခဲ့သလဲဆိုသော ပြဿနာနှင့်ပတ်သက်ပြီး မေးခွန်းများက တော့ကျန်နေဆဲဖြစ်သည်။ သို့သော်ကမ္ဘာပေါ်တွင် သက်ရှိများစတင်ရန်အတွက် လိုအပ်သော မော်လီ ဘက်နမ်နှင့် ဘိုနိုဓာတ်သတ္တုများဖွဲ့တည်နိုင်သည့် အခြေအနေတော့
မဟုတ်သေးပေ။ မားစ်ဂြိုဟ်အနေ ဖြင့် ခြောက်သွေ့သော ပတ်ဝန်းကျင်ရှိခြင်းကလည်းသက်ရှိများဖြစ်ပေါ်ရန် ကောင်းမွန်သော အခြေအနေ တစ်ရပ်ဖြစ်ခဲ့သည်။
0 comments:
Post a Comment