
ဂျာမနီနိုင်ငံ Halle ရှိ တရိစ္ဆာန်ရုံငယ်လေးထဲတွင် ဆင်ပေါက်လေးကို မွေးဖွားခဲ့သော မိခင်ဆင်မကြီးက မွေးပြီးပြီးချင်း သူမ၏ကလေးအား နင်းချေကာ နှာမောင်းဖြင့် ပစ်ပေါက် သတ်ခဲ့ကြောင်း သိရသည်။
Bibi ဟု အမည်ရသော ထိုဆင်မကြီးဟာ ယခုဆင်သားပေါက်နှင့်ပါဆို သုံးကြိမ်တိတိ သားဖွားသည့် အတွေ့အကြုံရှိသော ဆင်မကြီးဖြစ်သည်မို့ ယင်းသို့ ပြုလုပ်လိမ့်မည်ဟု မထင်ခဲ့သောကြောင်း တရိစ္ဆာန်ရုံစောင့်ဝန်ထမ်းများက ဆိုခဲ့သည်။
Bibi က ဝန်ထမ်းများ လာဝင်မကူနိုင်ခင် ဆင်ပေါက်လေးကို မွေးပြီးပြီးချင်း ခြေဖြင့်နင်းချေခဲ့ကာ သူမနှာမောင်းဖြင့် ပစ်ပေါက်သတ်ခဲ့တာ ဖြစ်ကြောင်း သိရသည်။ ဒါဟာ ကလေးမွေးဖွားရာတွင် ရရှိသော စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ကြောင်း ဝန်ထမ်းများက ဆိုခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ (၃၀)ရက်နေ့ကလည်း တရုတ်နိုင်ငံ Shandong နယ်မြေထဲက Rongcheng ရှိ Shendiaoshan သဘာဝသားရဲတရိစ္ဆာန် ဘေးမဲ့ဧရိယာထဲတွင် သားပေါက်သော ဆင်မကြီးက ဆင်ပေါက်လေးကို မွေးပြီးပြီးချင်း ချေနဲ့နင်းနေခဲတာကို ဝန်ထမ်းများက တွေ့ရှိခဲ့ကြပြီး ဒါဟာ ဆင်မကြီးက ဆင်ပေါက်လေးကို အမှတ်တမဲ့ နင်းမိတာလို့ ဝန်ထမ်းများက ထင်ခဲ့ကြောင်း သိရသည်။
မိခင်ဆင်မကြီး၏ အနင်းခံခဲ့ရသော ထိုဆင်ပေါက်လေးအား ရရှိလာသောဒဏ်ရာများ သက်သာအောင် နှစ်နာရီအကြာ ကုသအပြီး ဆင်မကြီးဆီ ပြန်ပို့သောအခါ ထိုဆင်မကြီးက ထပ်မံနင်းသတ်ဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း သိရသည်။
ဝန်ထမ်းများက ဆင်မကြီးကို ဆင်ပေါက်လေးရဲ့အဝေး ခြောက်လွှတ်ခဲ့တာဖြစ်ကြောင်း ၊ မိခင်ဆင်မကြီးရဲ့ ပစ်ပယ်မှုခံရသော ဆင်ပေါက်လေးဟာ ၎င်းအား ဝန်ထမ်းများက ဖျောင်းဖျ ချော့မောနေသည့်တိုင်အောင် ငါးနာရီကြာ အော်ဟစ်ငိုယိုနေခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
Source : Daily Mail
0 comments:
Post a Comment