
ယင်းနေ့နံနက်က အိမ်တံခါးများ သော့ခတ်ပြီး နေအိမ် မျက်နှာချင်းဆိုင်ရှိ ယောက္ခမထံ သော့အပ်ကာ အလုပ်သွားခဲ့စဉ် ညနေ ၄ နာရီခန့်က အိမ်နောက်ဖေးဘက်ရှိ ပြတင်းပေါက်တစ်ခုမှ တံခါးဘောင်များ ပျက်စီးနေသည်ကို ယောက္ခမဖြစ်သူက တွေ့ရှိခဲ့ပြီး ဖုန်းဆက် အကြောင်းကြား ခဲ့ကြောင်း၊ ယင်းကြောင့် အိမ်သို့ပြန်လာခဲ့ပြီး စစ်ဆေးရာ ဗီရိုအံဆွဲတွင်း သိမ်းဆည်းထားသော စိန်ထည်နှင့် ရွှေထည် လက်ဝတ် ရတနာများ ပျောက်ဆုံးနေသည်ကို သိရှိခဲ့ကြောင်း အိမ်ရှင်ဖြစ်သူ Air Bagan ရုံးဝန်ထမ်း အမျိုးသမီး၏ ပြောဆိုချက်ကို ကိုးကား၍ ၎င်းကရှင်းပြသည်။
“အိပ်ခန်းထဲမှာ ရှိတဲ့ ဗီရိုသော့ကို ဖျက်ပြီး အံဆွဲထဲက အဖိုးတန် ပစ္စည်းတွေကို ယူသွားတာ။ နေ့ခင်းပိုင်း ဒီအိမ်မှာ လူမရှိတာကိုသိလို့ ဝင်ခိုးတာ။ အခုသံသယ ရှိတဲ့ သူတွေကို စခန်းမှာ စစ်ဆေးနေပါတယ်” ဟု ၎င်းကဆိုသည်။ ဖောက်ထွင်း ခံရမှုကြောင့် စကြာပုံ စိန်အလုံး ၄၀ ပါ စိန်ဆွဲကြိုး တစ်ကုံး၊ စိန်ရှစ်လုံးပါ စိန်လက်ကောက် တစ်ကွင်းနှင့် ရွှေထည် လက်ဝတ်ရတနာ ပစ္စည်းများ အပါအဝင် ငွေကျပ်သိန်း ၁၀၀ ကျော်ဖိုး ပျောက်ဆုံး ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ နေအိမ်ဖောက်ထွင်း ခံရမှုနှင့် ပတ်သက်၍ (ပ)၃၈/၁၄၊ ပုဒ်မ ၄၅၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း တောင်ဥက္ကလာပ မြို့မရဲစခန်းထံမှ သိရှိရသည်။
0 comments:
Post a Comment