မုဆိုးမ ပင့်ကူ (Black Widow) လို့ခေါ်တဲ့ ယင်းပင့်ကူဟာ ထူးဆန်ပါတယ်။ မုဆိုးမလို့ခေါ်ရတဲ့ အကြောင်းအရင်းကလည်း အထီးပင့်ကူများကို သတ်စား လို့ ဖြစ်ပါတယ်။

ယင်းအဆိပ်ကို မိတ်လိုက်နေစဉ် အသုံးချပြီး ဘယ်ပင့်ကူအထီးမှ မရုန်းနိုင် တော့ပါဘူး။ နဂိုကတည်းကလည်း အမက အထီးထက် ပိုအားကြီးတဲ့ ပင့်ကူမျိုး ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းထဲမှာ လေ့လာချက်အရ ပင့်အကူး အထီးရဲ့  အသက်ရှင်နိုင်ချေက ၃၀ ရာခိုင်နှုန်းပဲရှိပါတယ်။ အများစု က အသတ်စားခံရတာချည်း ဖြစ်ပါတယ်။
ဒါကြောင့် ခင်ပွန်းတစ်ဦးပြီး တစ်ဦးသတ်တဲ့ မုဆိုးမ အမျိုးသမီးကို Black Widow လို့တင်စားခေါ်ဝေါ်တဲ့ အသုံးအနှုန်းလည်း ပေါ်ပေါက်လာပါတယ်။ Black Widow အမည်နဲ့ ရုပ်ရှင်ဇာတ်ကောင်တွေ၊ သီချင်းတွေ၊ ဇာတ်လမ်းတွေလည်း ပေါ်ထွန်းခဲ့ပါတယ်။
Black Widow ရဲ့  အဆိပ်ဟာ ပြင်းပြီး ဆေးသာ အချိန်မှီ အသုံးမပြုရင် လူ့အသက် အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ကြောင်း သိရ ပါတယ်။
0 comments:
Post a Comment