
ဘိုကိုဟာရမ်အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့ (Reuters)
ပြီးခဲ့တဲ့အင်္ဂါနေ့ က အစ္စလာမ္မစ်အကြမ်းဖက်သမားတစ်စုဟာ နိုင်ဂျီးရီးယား ကကောလိပ် ကျောင်း တစ်ကျောင်း ကိုမီးရှို့ ပြီးကျောင်းသား ၂၉ယောက်ကိုသေနတ်နဲ့ ပစ်၊ဓားနဲ့ ထိုးပြီးသတ်ဖြတ်ခဲ့ကြပါတယ်။ ဒီလုပ်ရပ်ကိုလုပ်ဆောင်တဲ့အဖွဲ့ ဟာဘိုကိုဟာရမ်Boko Haramလို့ ခေါ်တဲ့ အစ္စလာမစ်အစွန်းရောက် အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။ ဘိုကိုဟာရမ် ဆိုတာ အနောက်တိုင်းပညာရေး သည် အပြစ်ရှိသည် လို့ အဓိပ္ပါယ် ရပါတယ်။
ဘူနီယာဒီအစိုးရကောလိပ်ကျောင်းစီးနင်းတိုက်ခိုက်မှုမှာသေဆုံးသူ၂၉ယောက် ကနေ ၅၉ယောက် အထိရှိနိုင် တယ်လို့ ရဲအရာရှိတွေကပြောတယ်။ဒီကျောင်းဟာ မြို့ တော် ဒါမာတူရူအနား က ယိုဘီပြည်နယ်မှာတည်ရှိပါတယ်။
ရဲအရာရှိတစ်ဦးက "ကျနော်တို့ ရောက်သွားတော့ တချို့ ကျောင်းသားတွေရဲ့ အလောင်းတွေ က ပြာဖြစ်နေပါပြီ။အသတ်ခံရတဲ့သူအားလုံး ဟာယောက်ျားလေးတွေဖြစ်ပါတယ် လို့  ပြောပါတယ်။ မျက်မြင်တစ်ဦးရဲ့ ပြောဆိုချက်အရ" ကျောင်းသားတွေက ပြတင်းပေါက်ကနေခုန်ပြီးထွက်ပြေး ဖို့ ကြိုးစားကြတယ်။အကြမ်းဖက်သမားတွေက ကျောင်းသားတွေကိုသိုးတွေကိုသတ်သလိုပဲလည်လှီးသတ် တယ်။တချို့ ထွက်ပြေးသွားတဲ့သူတွေကို သေနတ်နဲ့ လှမ်းပစ်တယ်" လို့ ပြောပါတယ်။

မီးရှို့ ခံလိုက်ရတဲ့ကျောင်း
ဘိုကိုဟာရမ်အစ္စလာမ်အစွန်းရောက်အဖွဲ့ က နိုင်ဂျီးရီးယားကိုအစ္စလာမ် ရှရီယားဥပဒေနဲ့  တင်းတင်းကျပ်ကျပ်အုပ်ချုပ်တဲ့နိုင်ငံအဖြစ်ပြောင်း ပစ်ချင်ကြတာပါ။
ဒီအဖွဲ့ က လေးနှစ်အတွင်းမှာလူထောင်နဲ့ ချီပြီး သတ်ပစ်ခဲ့ပြီး အာဖရိကမှာထိပ်တန်းရေနံထွက်တဲ့ နိုင်ဂျီး ရီးယားနိုင်ငံအတွက် လုံခြုံရေးအရခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပါတယ်။

ဒီနှစ်ဖေဖော်ဝါရီလထဲမှာပဲ လူ ၃၀၀လောက် အသတ်ခံခဲ့ကြရပြီးဖြစ်ပါတယ်။
စက်တင်ဘာလတုန်းကလည်း ကျောင်းသားလေး ဆယ်လောက်အသတ်ခံခဲ့ကြရပါတယ်။
ဘိုဘိုဟာရမ်ရဲ့ ခေါင်းဆောင်အဘူဘာကာ ကဒီမိုကရေစီထောက် ခံသူတွေနဲ့  အစ္စလာမ်ကို ဆန့် ကျင်သူတွေ မှန် သမျှကို ခုလိုအကြမ်းဖက်မှုတွေလုပ်ဆောင် မှုသွားမယ်လို့ ဗီဒီယိုတစ်ခုထဲ
မှာပြောခဲ့ပါတယ်။
the melting pot 4 U

Twenty-nine college students were killed Tuesday in Buni Yadi, Nigeria, authorities say
0 comments:
Post a Comment