စူပါမော်ဒယ် Irina Shayk ကတော့ ၂၀၁၄ အော်စကာပွဲမှာ အားလုံးရဲ့ အကြည့်တွေကို ရပ်တန့်စေနိုင် ခဲ့ပါတယ်။ တလက်လက် တောက်ပနေတဲ့ နက်ပြာရောင် ဂါဝန်ရှည်ဟာ သူမရဲ့ ကောက်ကြောင်း အထွေထွေကို လှလှပပကြီး ဖော်ကျူးသွားနိုင်ခဲ့ပါတယ်။
နောက်တစ်ပွဲကတော့ Elton John ရဲ့ AIDS ဖောင်ဒေးရှင်း အကျိုးပြု အော်စကာပါတီပွဲကြီးဖြစ်ပြီး ဒီပွဲမှာတော့ Sexy ကျတဲ့ အနက်ရောင် ကြိုးသေးတပ် ဂါဝန်က သူမရဲ့ ရင်သပ်ရှုမောဖွယ် အလှအပ အသွယ်သွယ်ကို အထင်းသား ဖော်ကျူးသွားနိုင်ခဲ့ပါတယ်။
Irina က လက်ရှိမှာ နာမည်ကြီး ဘောလုံးသမား Christiano Ronaldo နဲ့ တွဲနေတာဖြစ်ပြီး သူမအနေနဲ့ ဖေဖေါ်ဝါရီလထဲမှာ အလွန်ပဲအလုပ်ရှုပ်နေခဲ့ပါတယ်။ အားကစားဒီဇိုင်း ရေကူးဝတ်စုံ နှစ်(၅၀)မြောက် နှစ်ပတ်လည်ပွဲမှာလည်း ပါဝင်သရုပ်ပြခဲ့ပြီး Sochi Olympics ဖွင့်ပွဲ အခမ်းအနားအတွက် ရုရှားနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် ခန့်အပ်စေလွှတ်ခြင်း ခံရမှုတွေကြောင့် Irina တစ်ယောက် မအားလပ်နိုင်အောင် ဖြစ်နေပါတယ်။
“Sochi 2014 အိုလံပစ် ဖွင့်ပွဲအခမ်းအနား အတွက် အခုလို ရုရှားကိုယ်စားပြု တက်ရောက်ရတာ သိပ်ကို ပျော်ပါတယ်” လို့လည်း tweet လုပ်ထားပါသေးတယ်.
အခုလည်း အော်စကာပွဲမှာ ပရိသတ်အားလုံးရဲ့ မျက်ဝန်းနဲ့ အကြည့်တွေကို သိမ်းပိုက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်တချို့ကို ခံစားကြည့်ရအောင်။



Ref:starpulse.com
0 comments:
Post a Comment