
ရန်ကုန် ၊ ၂၉-၈-၂၀၁၃
နိုင်ငံတကာ ငွေပို့ငွေလွှဲဆိုင်ရာ သဘောတူ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ၊ ကမ္ဘာအေး ဘုရားလမ်းရှိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား တွင် ငွေပို့ငွေလွှဲ ၀န်ဆောင်မှု ပြုလုပ်ပေးသည့် အင်္ဂလန်နိုင်ငံ အခြေစိုက် MoneyGram သည် မြန်မာနိုင်ငံသား များဘဏ် လီမိတက် ၊ ထွန်းဖောင်ဒေးရှင်း ဘဏ်လီမိတက် တို့နှင့် ပူးပေါင်း သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြပြီး သြဂုတ်လ ၂၇ ရက်က အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် နှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း တွင်ရှိသော MoneyGram သည် ကိုယ်စားလှယ်ပေါင်း ၃၂၁၀၀၀ ပါဝင်သည့် ကွန်ရက် တစ်ခုဖြစ်ပြီး ယခုအခါ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် ၊ မြန်မာနိုင်ငံသား များဘဏ် နှင့် ထွန်း ဖောင်ဒေးရှင်းဘဏ် တို့နှင့် ချိတ်ဆက်ပြီး နိုင်ငံပေါင်း ၈၀ တို့တွင် ငွေပို့ငွေလွှဲများ ပြုလုပ် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၀ ခုတွင် MoneyGram ငွေပို့ငွေလွှဲ ၀န်ဆောင်မှုများ ဆက်လက် ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း MoneyGram ၏ Asia Pacific Southasia and Middle East ဒေသဆိုင်ရာ Senior Vice-president မှ ပြောကြား ခဲ့သည်။
ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း လုံး၌ မြန်မာရွှေပြောင်း လုပ်သား ၅ သိန်းကျော်ရှိပြီး အမေရိကန် ၊ သြစတြေးလျ ၊ ဂျပန် ၊ ထိုင်း နှင့် စင်ကာပူ အပါအ၀င် အခြား နိုင်ငံအများအပြား တွင်လည်း မြန်မာ နိုင်ငံသား
လုပ်သား ၂ သန်းခန့် အခြေချ နေထိုင်လျက် ရှိကြောင်း လေ့လာ ခန့်မှန်း ထားသည်။ ထိုသို့ ပြောင်းရွှေ့ နေထိုင်မှု များသည် MoneyGram အနေဖြင့် မြန်မာ Customer များအတွက် ငွေပို့ငွေလွှဲ ၀န်ဆောင်မှုများ ထောက်ပံ့ ဖြည့်စွမ်းပေးရန် နည်းဗျူဟာ ကျနစွာ နေရာရလာ ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းသို့ မိမိနေထိုင်ရာ ဒေသမှ ငွေလွှဲပေးပို့ ရာ၌ အခက်အခဲ မရှိ ပိုမို လွယ်ကူ မြန်ဆန်စေရေးကို ဆောင်ကျဉ်း ပေးနိုင်ရန် ရည်ရွယ် ထားကြောင်း
သိရှိရသည်။
0 comments:
Post a Comment