Tuesday, March 11, 2014

လူအများရှေ့တွင် နမ်းမိသည့်အတွက် မဖွယ်မရာပြုလုပ်သည်ဟု ဝေဖန်ခံရသော ထိုင်ဝမ် မင်းသမီး


ထိုင်ဝမ်နိုင်ငံ တောင်ပိုင်းမှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် ရွှေမြင်းရုပ်ရှင်ဆုပေးပွဲသို့ တရုတ်၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်နိုင် ငံတို့မှ နာမည်ကျော် အနုပညာရှင်များ တက်ရောက်ကြပါတယ်။ အဆိုပါ ဆုဟာ တရုတ် စာတမ်းထိုး ရုပ်ရှင်များအတွက် အော်စကာဆုတစ်မျိုးဖြစ်ပြီး နာမည်ကျော်များဟာ အပြိုင်အဆိုင် ၀တ်စုံ များဖြင့် တက်ရောက်ကြပါတယ်။




ထိုသို့တက်ရောက်လာကြတဲ့ အနုပညာရှင်များထဲမှ ထိုင်ဝမ်မင်းသမီး လင်ချီလိန်း( Lin Chi-ling) ဟာ တော့ သူမရဲ့ အလှအပတွေကို ထင်ရှားစေတဲ့ ၀တ်စုံကြောင့် ပွဲတက်လာသူများ၏ အာရုံကို ဆွဲဆောင်နိုင် ခဲ့ပါတယ်။




အကောင်းဆုံး ဒါရိုက်တာဆုကို ပေးအပ်ရန်အတွက် သူမ စင်မြင့်ပေါ်ကို တက်လာပြီးနောက် ဒါရိုက်တာကို ဆုပေး ချိန်မှာ ကိုယ်လေးကိုင်းညွှတ်လိုက်တော့ ပေါ်ထွက်လာတဲ့ အလှအပများကြောင့် အင်တာနက် ပရိ သတ် ကြီး ဟာ ဒါဟာလုံးဝ မသင့်လျော်ဘူး။ မိန်းမ မဆန်ဘူးဆိုပြီး အပြင်းအထန် ဝေဖန်ကြပါသတဲ့။




နောက်တော့မှ စင်မြင့်ပေါ်မှာ အစီအစဉ်ကြေငြာသူ Huang Bo ကို နမ်းလိုက်တဲ့အခါမှာတော့ အဆိုပါ အနမ်း ကို မဖွယ်မရာ အဖြစ် ဝေဖန်ကြပါလေရော။ဆုကိုပေးနေစဉ်မှာတော့ သူမဟာ ဟောင်ကောင်အသည်းစွဲ Andy Lau နဲ့ အတူတွဲပြီး နမ်းတဲ့အခန်းလေး ရိုက်ချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ပြီးတော့ အနမ်းခြွေခဲ့ပါသတဲ့။ သြော်..အနမ်း..အနမ်း... အမှတ် ရစရာတွေပါပဲ။

ယောက်ျားများကြောက်သော မိန်းမ


ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲကအနည်းဆုံး (၇) မျိုးလောက်တော့ နည်းနည်းစီပါ ပါတယ်။ အချိန်ယူပြီးဝင်ရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။

ဘယ်လို မိန်းကလေးမျိုးကို ယောက်ျားများ ကြောက်ကြပါသလဲ။ မိန်းကလေး တိုင်း(၁၀)မျိုးထဲတွင် တစ်မျိုးမက နှစ်မျိုးပါဝင်နေမည်မှာ ဧကန်မလွဲပင်။ သင်သည်ဘယ်လိုမိန်းကလေးမျိုးလဲ ကိုယ်ကို သုံးသပ်ဖူးပါသလား။

(၁) ညစ်ပတ်သောမိန်းမ

ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူနှာခေါင်းရှုံ့ ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများပေါက်ကွဲထား သလို ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင်လွယ်လွယ်နှင့် ရှာလို့မ ရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင်ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသောအ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်းညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများ လည်ပေကျံနေတတ်သည်။

(၂)အတင်းပြောသောမိန်းမ

BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့်အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသောစကားများသည် အမှန်ဖြစ်ကြောင်း ယောကျာ်းလေးများကို သူမအား ထောက်ခံရန်မဲဆွယ်တတ်သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာအမှန်ြဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါကယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်းသူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော အမှန်မကန်စကားပြော တတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်းဝေးဝေးရှောင် နိုင်ရမည်။သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင်သတိထားရမည်ဖြစ်သည်။




 (၃)စကားများသောမိန်းမ

ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ်မပြောထိုက်သောလူကို ပြောတတ် သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင်အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှုလျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာ သည်ဟု အထင်ကြီးနေတတ်သူဖြစ်သည်။

(၄) ခိုင်းနိုင်းတတ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆိုနိုင်းယဉ်နေ တတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီးအသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။တကယ်တမ်း ဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သောရည်းစား(သို့) ယောကျာ်းအ တွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီးဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြ သည်။ ယော ကျာ်းလေး တစ်ယောက်မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကိုရွေးမိခြင်း ပင်ဖြစ်သည်။



 (၅) နှုတ်ကြမ်းသောမိန်းမ

စကားပြောကြမ်းသော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေဆက်ဆံရ ခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေအစားသွားစား သည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သောမိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်ကခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသောမိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။

(၆) သ၀န်တိုလွယ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်းကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သောမိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့်သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော ယောကျာ်းလေးကိုပါရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်းမိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်း နှင့်နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သောထိုမိန်း ကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။




 (၇) တုံးအသောမိန်းမ

အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသောမိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ်ရောင်းလိုက်ဖူးသည်။ ထိုမိန်း ကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင်ဖြစ်စေ အလွယ်တကူ အလိမ်မိတတ်
သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီးတွေးခေါ် ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်းတုံးအသော မိန်းကလေး မျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ယခုခေတ် မိန်းကလေး များသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှုရှိနေသင့်သည်။ သူတစ်ပါးကြင်နာ လာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်းအပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။


(၈) ငွေသုံးကြမ်းသောမိန်းမ

Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေပစ္စည်းအ၀ယ်ကြမ်းသော သူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့်ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှငွေများ အလာဟသ စီးဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာနစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထားသေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့်ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်း ကလေးမျိုးနှင့်ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ် ရင်းဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။



(၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ

ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည်တကယ့်ခွါရ ခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင်ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါအသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာကခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည်နုံအသောသူသာလျှင်ဖြစ်သည်။

(၁၀) ချွဲနွဲ့လွန်သောမိန်းမ

မိန်းကလေးတိုင်းချွဲနွဲ့တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန်မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင်နုတ်ခမ်းလေး ဟချင် မဟချင် နှင့်(ခေတ်စကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ် သည်)လူကွယ်ရာတွင်မှု ဆန့်ကျင် ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည်တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့မနေသင့်တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီးလုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။

'အရေးမပေးသင့်သော မိန်းမများ




1. ရတနာသုံးပါးအလေးမထား ပေါ့ပျက်ပျက်နေတက်သောမိန်းမ.....

2. အင်္ဂျာီလယ်ဟိုက် sexy ကြိုက် ယောက်ျားများရှေ့ ကုန်းကုန်းကွကွ လုပ်တက်သော မိန်းမ...

3. ဘောင်းဘီချက်ပျုတ် စတိုင်လ်ထုတ် ဖင်မှီးကုတ်ရိုးပေါ်အောင် ဝတ်ထားသော မိန်းမ.....

4. အင်္ဂျာီပါးပါး တမင်ဝတ်ထား အတွင်းသားတွေကို ပြချင်သော မိန်းမ....

5. စကတ်တိုလက်တအုပ် အရှက်ထုတ် မလုံ့ တလုံပေါ်အောင် ဝတ်တက်သော မိန်းမ....

6. ခေတ်ကိုတင်စား ရင်သားနဲ့ တင်ပါးမှာ Tattooe ထိုးထားသော မိန်းမ....

7. နောက်ကြောပြောင်ချော အမှောင်တောမှာ ကချင် လှုပ်ချင် (DANCE) တဲ့ မိန်းမ....

8. ဘောင်းဘီအသားကတ် အနေမတက် ခြေထောက်ကို ကားထိုင်သော မိန်းမ....

9. ယောက်ျားတွေ့မြင် အကွက်ဆင် ချွဲပျစ်ပျစ်ပြောတတ်သော မိန်းမ....

10. မျက်နှာတစ်ပြင်လုံး ရှဲဒိုးသုံး မြင်မကောင်းအောင် မျက်တောင်တုတွေ တက်ထားသော မိန်းမ....

11. သွားမှာ စိန်မြှုပ် ရယ်စရာမဟုတ် ရယ်စရာလုပ် အီတဖြဲဖြဲ ရယ်ပြနေသော မိန်းမ....

12. လူစုံလျင် ဂျင်းသုပ် သုပ် အတင်းတလှုပ်လှုပ်ပြောတက်သော မိန်းမ....

13. အလုပ်နားရက် ထမင်းမချက် အပျင်းထူပြီး တစ်နေကုန်အိပ်သော မိန်းမ....

14. ဝင်ငွေရရေး လက်မနှေး ဦးနှောက်မရှိတိုင်း ဗေဒင်မေး ချဲထိုးသော မိန်းမ....

15. လမ်းသွားလျင် မျက်စိရွှင် စမတ်ကျသောယောက်ျားတိုင်းကို ပြုံးပြသော မိန်းမ.....

16. အပြောပက်စက် လက်ကသွက် တို့ ဆိတ် လိမ်ဆွဲ အီပြောတက်သော မိန်းမ...

17. အချစ်ကိုရောင်း ပိုက်ဆံတောင်း လိုချင်တာကို ချူယူတက်သော မိန်းမ....

18. အိမ်မှာကြွက်သိုက် အပြင်မှာ ခက်မိုက်မိုက် ဝတ်စားတက်သော မိန်းမ....

19. အတုနဲ့အစစ် ရောလို့ဝတ် လူမြင်တိုင်း အမိအရကြွားတက်သော မိန်းမ...

20. ပြည်ပမှာစာသင် ငါသာသခင်ဟု ပညာဂုဏ်မောက်နေသော မိန်းမ....

21. နိုင်ငံခြားပြန်အခွံသာကျန် အပျိုရည်ပျက်နေသော မိန်းမ...

22. ရည်းစားရှိလည်း နံ့ကြောဆွဲ ကိုယ့်ထက်သာလျင် မျက်စောင်းတစ်ချက် ထိုးပစ်လိုက်သော မိန်းမ....

23. ရင်ဖုံးအင်္ဂျာီချိတ်လုံချည်နဲ့ ဘုရားကအပြန် ကားအမှန်တွေနဲ့ ပါ ပါသွားတတ်တဲ့ မိန်းမ...

24. အရှက်ကနဲ ရက်ကွက်ထဲ လူတကာအော့ကြောလန်အောင် နှုတ်ကြမ်းသော မိန်းမ...

25. ကိုယ့်ထက်သာလျင် အပြစ်မြင် မနာလိုစိတ်ထားရှိသော မိန်းမ....

26. Rapper ဆိုရင် အသေကြိုက် အဖေရိုက်လည်း ရိုက်ပစေဆိုတဲ့ ဆက်စလူးစိန် မိန်းမ....

27. အလုပ်ပြီးလျင် Net ဆိုင်ဝင် လူတကာနဲ့ အရသာခံ Q Q လုပ်တက်သော မိန်းမ....

28. အဖော်နောက်လိုက် အပျော်ကြိုက် လမ်းသလားသော မိန်းမ.....

29. ကိုးရီးယားဆို အထင်ကြီး ငရုပ်သီးစပ်ရင်တောင် အူပါးလို့ အော်တက်တဲ့ မိန်းမ....

30. ညအိပ်ရာဝင် ရေမချိုးချင် ညစ်ပတ်နံစော်နေသော မိန်းမ......

ကဲ ~ အခုခေတ်မိန်းကလေးတွေကိုကြည့်ပြီးပြောရရင် ဘယ်မိန်းကလေးမှ လေးစားစရာ မကောင်းတော့ဘူး။ သူတို့ပြောပုံနေပုံကလဲ ဘယ်လို လေးစားစရာကောင်းမှာတုန်း။

ဒို့ယောက်ျားတွေ လူပျိုကြီးတွေဖြစ်ကြဖို့ များလာတဲ့အကြောင်း တွေ့ရပြီပေါ့

ကားတိုက်ပြီး သတိလစ်သွားရာက ဓမ္မသီချင်းများသီဆိုပေးချိန်ပြန်သတိရလာတဲ့ မိန်းကလေး






ပြီးခဲ့တဲ့သီတင်းပတ်က ကားနဲ့ တိုက်မိပြီး သတိလစ်သွားရာက သတိပြန်လည်မလာတော့ပဲ ကိုးမားရသွား တဲ့ကောလိပ်ကျောင်းသူလေးဟာ မိသားစုနဲ့ သူငယ်ချင်းတွေ ဓမ္မသီချင်းကိုဝိုင်းဝန်း ဆိုပြရာ ကသတိပြန် လည် လာခဲ့တယ်လို့ သိရပါတယ်။
သူ့ မိခင်က အံ့သြဖို့ ကောင်းတဲ့အဖြစ်အပျက်တစ်ခုလို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ရက်နေ့ က ယူတားပြည်နယ် ပရိုဘိုမှာနေထိုင်တဲ့ အသက် ၁၈နှစ်အရွယ် လက်ဆီဟန်ဆန် ဟာကျောင်းကိုသွားဖို့  လမ်းကိုဖြတ်ကူးစဉ်မှာ ကားတိုက်ခံလိုက်ရပြီး ဦးနှောက်မှာဒဏ်ရာရခဲ့ပါတယ်။

ကြာသာပတေးနေ့ က အေဘီစီသတင်းဌာနနဲ့ အင်တာဗျူးမှာ လက်ဆီရဲ့ မိခင်က ပရိုဘို၊ယူတာပြည်နယ် က ဆေးရုံကိုပြန်ခေါ်လာတော့ သူ့ သမီးရဲ့ ဦးနှောက်ကသေသွားပြီဆိုတာ စမ်းသပ်ချက် တွေကဖော်ပြနေ တယ်လို့ ဆိုပါတယ်။

"ကျမတို့ ဓမ္မသီချင်းကိုဆိုတော့ သမီးကနားထောင်ပြီးနိုးလာခဲ့တယ်။ အားလုံးအရမ်းအံ့သြပြီး ငိုမိပါတယ်။
ပြီးတော့သူက လက်သင်္ကေတနဲ့ သမီးအမေတို့ ကိုချစ်ပါတယ်လို့ ပြခဲ့တယ်။ ကျမတို့ အားလုံးငိုမိကြတယ်။
သူ့ လက်နဲ့ ကျမတို့ အားလုံးကိုထိတွေ့ ခဲ့တယ်။နောက်တော့ ထွက်ရမယ်အချိန်ရောက်လို့  အခန်းထဲက ထွက်ပေးခဲ့ကြတယ်။ ကျမတို့ အားလုံးကိုသူလက်ပြနုတ်ဆက်တယ်။"



ဒီလိုပြန်သတိရလာဖို့  အခြေအနေ သုညအခြေအနေကနေခုလိုပြန်သတိရတဲ့အတွက် သူ့ ရဲ့ ဆရာဝန်တွေ ကလည်းဒီအဖြစ်အပျက်ကိုအံ့အားသင့်ခဲ့ကြပါတယ်။
ပရိုဘို မြို့ ကရဲအရာရှိကစိတ်မကောင်းစရာမတော်တဆဖြစ်မှုလို့ ပြောပါတယ်။
အရှေ့ ကားကလာနေတဲ့အချိန်မှာ ဆိုင်ကယ်နဲ့  လမ်းကိုဖြတ်ကူးဖို့ ကြိုးစားတဲ့အချိန်တိုက် မိသွားတာဖြစ်ပါတယ်။အဲဒီအချိန်မှာ သူ ကဆိုင်ကယ်ဦးထုပ် လည်းဆောင်းမထားဘူးလို့ ဆိုပါတယ်။
သူ့ ကိုတိုက်မိသူက အသက်၂၀ အရွယ်အမျိုးသားဒရိုင်ဘာဖြစ်ပါတယ်။သူတို့ မိသားစုက တိုက်ခဲ့တဲ့ဒရိုင်ဘာနဲ့ တွေ့ ဆုံခဲ့ပြီး အမှုမဖွင့်ဘူးလို့ လည်းသိရပါတယ်။

လက်ဆီရဲ့ မိခင်ကတော့ "သမီးခုလိုပြန်သတိရလာ အံ့သြဖွယ်ရာအချက် ဆိုတာ သေသေချာချာ သိပါတယ်။ ဒီကိစ္စဟာဘုရားသခင်ရဲ့  လုပ်ဆောင်မှုတစ်ခုဖြစ်တယ် ဆိုတာကျမတို့ သိပါတယ်" လို့ ပြောပါတယ်။
လက်ဆီအတွက်ဆုတောင်းပေးကြပါ (Pray for Lexi) ဆိုတဲ့အမည်နဲ့  ဖေ့ဘွတ်စာမျက်နှာတစ်ခုလု ပ် ထားပြီး သူ့ ရဲ့ ကျန်းမာရေးတိုးတက်လာမှုတွေကို အဲဒီစာမျက်နှာမှာတင်ထားပါတယ်။ လက်ဆီအတွက် ဆုမွန်ကောင်းတောင်းပေးလိုသူများအောက်ကလင့်ကို Facebook page, Pray for Lexi ကလစ်ပြီးသွားရောက်ဆုတောင်းပေးနိုင်ကြပါတယ်။

ပဲခူးတိုင်းဒေသကြီးတွင် ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ်စားသောက်ကာ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သူများအား ရဲအင်အား ၇၀ ကျော်ဖြင့် ဖမ်းဆီး




ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင် ဆည်၏အရှေ့ ကျောက်ဖြူလေးချောင်းဖျား၊ တောတွင်းစခန်းတစ်ခု၌ ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ် စားသောက်ကာ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သည့် ကျူးလွန်သူလေးဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်တွင် အဆိုပါ မီးသွေးဖုတ်သည့် တောတွင်းစခန်း၌ အလုပ်သမားလေးဦးမှ ၎င်းတို့အား ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင် ဦး.....အား တူးမီးသေနတ်ဖြင့် ပစ်သတ်ကာ ဓားဖြင့်ဗိုက်အားခွဲပြီး ကလီစာများအားနှုတ်ယူ၍ အရက်ဖြင့်ချက်ပြုတ်ကာ စားသောက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ဦး......နှင့်အတူ ရှိနေသည့် အမျိုးသားတစ်ဦးကိုလည်း ဓားဖြင့်လည်ပင်းအား ခုတ်သတ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်ညတွင်လည်း နတ်တလင်းမြို့နယ်နှင့် အရှေ့ဘက် ၃၇ မိုင်ခန့်ဝေးသော ရိုးမတောင်ပေါ်ရှိ အိုးဂင်းမြောင်စခန်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးအား ဓားဖြင့် ၁၁ ချက်ခုတ်၍ ထပ်မံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျူးလွန်ခဲ့ကြသူများမှာ နတ္တလင်းမြို့နယ် ဆီဆုံကျေးရွာနေ စိုးခိုင် (၃၄) နှစ်၊ အုတ်ဖိုမြို့နယ် စိန်ပတ်လည်ရွာနေ ၀င်းသောင်း(ခ)စိုးအောင် (၃၃) နှစ်၊ ဇီးကုန်းမြို့နယ် ဘော်ဘင်ကျေးရွာနေ နိုင်လင်း (၃၉) နှစ်နှင့် အောင်ကျော်ဝင်း (၃၃)နှစ်တို့ဖြစ်ကြောင်း သိရသည်။

“ကျူးလွန်ခဲ့တဲ့ အမျိုးသားလေးဦးကို မတ် ၃ ရက်တွင် ဖမ်းဆီးရမိခဲ့တယ်။ ပထမဦးဆုံး သူတို့သတ်ခဲ့တဲ့ အမျိုးသားက ကျူးလွန်သူလေးဦးကို ကိစ္စတစ်ခုကြောင့် ပါးရိုက်ခဲ့တယ်။ ဒါကြောင့် ကျူးလွန်သူတွေက အငြှိုးထားပြီး သတ်ဖြတ်ခဲ့ကြတယ်။ ပြီးတော့ သူနဲ့အတူပါတဲ့ အမျိုးသားတစ်ဦးကိုပါ ထပ်မံသတ်ဖြတ်ခဲ့တယ်။ ပထမဆုံး သတ်ဖြတ်ခံရတဲ့သူရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ဗိုက်အတွင်းပိုင်းမှာရှိတဲ့ အစိတ်အပိုင်းတွေ တစ်ခုမှ မရှိတော့ဘူး။ စစ်ဆေးမှုတွေ အရတော့ စားသောက်ခဲ့တယ်လို့ သိရတယ်” ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲအုပ်အောင်နိုင်ထွန်းက ပြောကြားသည်။

ယင်းကဲ့သို့ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သူများကို နတ်တလင်းမြို့နယ်၊ ချောင်းကွက်ကျေးရွာ တောစပ်အနီးတွင် မတ် ၃ ရက် ညနေ ၆ နာရီခွဲခန့်တွင် ရဲအင်အား ၇၀ ကျော်ဖြင့် ဖမ်းမိခဲ့ပြီး ၎င်းတို့သည် ရေနောက်ရန်ချောင်း တောင်ယာဘက်ရှိ နေအိမ်တဲများထံမှ ခြိမ်းခြောက်ကာ စရိတ်ဆက်ကြေးများ တောင်းယူခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါလေးဦးကို ကြို့ပင်ကောက်မြို့၊ အလယ်ကုန်း နယ်မြေရဲစခန်းတွင် (ပ) ၅/၂၀၁၄ ပုဒ်မ ၃၀၂ ဖြင့် လည်းကောင်း၊ နတ်တလင်းမြို့နယ် တောင်ညိုနယ်မြေရဲစခန်း၌ (ပ) ၁၉/၂၀၁၄ ပုဒ်မ ၃၀၂ ဖြင့် လည်းကောင်း အမှုဖွင့်ထားကာ တရားစွဲဆိုတင်ပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းစရိတ်အတွက် အပြာဗီဒီယိုရိုက်ပြီးငွေရှာတဲ့ တက္ကသိုလ်ကျောင်းသူ နောက်ဆက်တွဲ


 ကျောင်းစရိတ်အတွက် အပြာဗီဒီယိုရိုက်ပြီးငွေရှာတဲ့ တက္ကသိုလ်ကျောင်းသူ သတင်းရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။



တက္ကသိုလ်ကျောင်းသူ အပြာဗီဒီယိုမယ် မီရီယမ် ရဲ့ ဖခင်ဟာ အာဖဂန်နစ္စတန်ကပြန်လာခဲ့ပါပြီ။

အာဖဂန်မှာ စစ်တပ်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်နေ တဲ့ဒေါက်တာ ကယ်ဗင်ဟာကျောင်း စရိတ် အတွက် အပြာကားတွေရိုက်ပြီးငွေရှာနေတဲ့အကြောင်း ဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေတဲ့သမီးကို သတင်းတွေ မှာတီဗီမှာမမြင်ချင်အဆုံးမြင်နေ ရ၊မကြားချင်အဆုံးကြားနေခဲ့ရပါတယ်။

Duke တက္ကသိုလ်မှာ တက်ရောက်ဖို့ အတွက် တနှစ် ဒေါ်လာငါးသောင်းနဲ့ အထက်ကုန်ကျ မယ့်ကျောင်း စရိတ် အတွက်သမီးဖြစ်သူဟာ အပြာကားရိုက်ပြီး ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဝါရှင်တန်၊စပို့ ကိန်း က ဘာသာတရား ကိုင်းရှိုင်း တဲ့ကတ်သလစ်မိသားစုက ကြီးပြင်းလာခဲ့တဲ့ မီရီယမ် တစ်ယောက်ခုလို သူ့ ကျောင်း စရိတ်အတွက် အပြာကားရိုက်ပြီးငွေ ရှာခဲ့ရပါ တယ်ဆိုတဲ့ကိစ္စဟာ မိသားအတွင်းမှာတော့ တကယ့် ကို နှလုံးကြေကွဲ စရာဖြစ်ရပ် တစ်ခုဖြစ် ခဲ့ပါတယ်။

ဒေါက်တာကယ်ဗင်(၅၄နှစ်)နဲ့ ဇနီးဟာချာရမ်(၄၈နှစ်)တို့ ဟာ သူတို့ သမီးအပြာမယ် အဖြစ်လုပ်ကိုင်နေ တယ် ဆိုတဲ့သတင်း အင်တာနက်ပေါ်၊တီဗီတွေပေါ်မှာမထုတ်လွှင့်ခင် တရက်အလိုလောက်မှ ဒီကိစ္စကိုသိခဲ့ကြရတယ်။အခုတော့ အရှေ့ ဆီယက်တဲလ်နဲ့ အရှေ့ မိုင်၂၅၀လောက်ဝေးတဲ့ စပို့ ကိန်း ဆင်ခြေဖုံး ကအိမ်လေးထဲ မှာ ဒီဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ သမီးရဲ့ အဖြစ်အပျက်ကို လက်ခံလာနိုင်အောင်တဖြည်းဖြည်းကြိုး စားနေကြရပါပြီ။


တချိန်ကကတ်သလစ်မဂ္ဂဇင်းမှာဖော်ပြခံခဲ့ရတဲ့မီရီယမ်၊အခု အပြာမယ် Belle Knox

ဒေါက်တာကယ်ဗင်က ဘာသာတရားကိုင်းရှိုင်းတဲ့ ကတ်သလစ်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး စစ်ပြန်တွေကိုဆေးကုသပေးရတဲ့ လေးစား ဖို့ ကောင်းတဲ့ဆရာဝန်တစ်ယောက်ပါ။ မိခင်ဖြစ်သူကဒီလိုအပြာကားတွေဆိုတာ မကောင်းတဲ့ကိစ္စလို့ ယူဆကြတဲ့ ယဉ်ကျေးမှုရှိတဲ့အိန္ဒိယ ကလာခဲ့တဲ့သူပါ။

သမီးဖြစ်သူကို မိသားစုဝင်အဖြစ်ကစွန့် လွှတ်မှာတော့မဟုတ်ပါဘူးလို့ မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ မစ်မီနော က ပြောပါတယ်။
"မိသားစုအတွက် ကြေကွဲစရာဖြစ်ရပ်ပါ။သူတို့ အဖေက ကျနော်တွေ့ ဖူးသမျှထဲမှာ အကောင်းဆုံး ဖခင်တစ်ယောက်ပါ။သူ ခုပဲအာဖဂန်ကပြန်လာတယ်။ သူတိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ခဲ့ တယ်။သူ့ သမီးအတွက်အရမ်းဂုဏ်ယူတဲ့ဖခင် တစ်ယောက်ပါ။ခုလိုဖြစ်သွားတာတော့ အရမ်းကိုဆိုးဝါးပါတယ်။ ဒါပေမယ့်သူတို့ သမီး ကိုသူတို့ စွန့် လွှတ်မှာတော့မဟုတ်ပါဘူး။ မိသားစုအတွင်းမှာတော့ ဒါဟာ အိပ်မက်ဆိုးကြီး တစ်ခုပါပဲ။"

Belle Knox ဆိုတဲ့နာမည်နဲ့ အပြာမယ်အဖြစ်ရိုက်ကူးခဲ့ရတာဟာ အခြေအနေတစ်ရပ်က သူ့ ကိုတွန်းပို့ လိုက် တာကြောင့်ဖြစ် တယ်လို့ မီရီယမ်က ဆိုပါတယ်။ သူ့ မိဘတွေက ရုတ်တရက် သူ့ ကိုကျောင်းစရိတ်ထောက်ပံ့ငွေဖြတ်တောက်လိုက်ချိန်မှာ တလကို ဒေါ်လာ၅၀၀၀လောက် ပေးရ မယ့်ကျောင်းစရိတ်အတွက် ဒီနည်းလမ်းနဲ့ ရှာခဲ့ ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရိုက်ကွင်းတစ်ခုမှာ သူ့ လို ပဲအပြာမင်းသားနဲ့ တွေ့ ရတဲ့ မီရီယမ်။

အင်တာဗျူးတစ်ခုမှာ မီရီမယ် က "ကျမမှာကောလိပ်တက်နေ တဲ့ တခြားမောင်နှမတွေလည်းရှိပါတယ်။ သူတို့ အတွက်လည်းမိဘတွေ ကထောက် ပံ့ရပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ကျော်လောက်က ဘွဲ့ ရခဲ့တဲ့ ကျမအဖေကလည်း ခုထိသူ့ ရဲ့ ပညာရေးအတွက်ချေးယူထားတဲ့ငွေကို တလ ဒေါ်လာ ၁၀၀၀ ပြန် ဆပ်နေရတုန်းပါပဲ။ ကျမအမေက ခုလောလောဆယ်အလုပ်လက်မဲ့။ ကျမအတွက် ပညာရေးထောက် ပံ့ကြေး အစိုးရက ၁၃၀၀၀ရပေမယ့်မလုံလောက်ဘူး။နောက်ထပ် ၄၇၀၀၀လိုနေသေးတယ်။ "

ဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ အကိုပေါလ်

သူ့ မှာ အန်နီတာ(၂၀နှစ်)နဲ့ ပေါလ်(၂၂နှစ်) အရွယ်ရှိတဲ့မောင်နှမနှစ်ယောက်လည်းရှိပါသေးတယ်။
သူတို့ နှစ်ယောက်လုံးကလည်းကောလိပ်တက်နေကြတာပါ။သူ့ တို့ တွေက သူတို့ ညီမ Duke တက္ကသိုလ် မှာကျောင်းတက်ခွင့် ရတော့ တကယ်တော်တဲ့ ထက်မြက်တဲ့အမဖြစ် သူအတွက်ဂုဏ်ယူခဲ့ကြတာပါ။
သူတက်ခွင့်ရခဲ့တဲ့Duke တက္ကသိုလ်ဆိုတာလည်းနာမည်ကြီးတက္ကသိုလ်တစ်ခုပါ။ တက္ကသိုလ်ကိုတက်ဖို့ လျှောက်တဲ့ကျောင်းသား ၃၈၀၀၀ ထဲက တက်ရောက်ဖို့ ရွေးချယ် ခံရတဲ့ကျောင်း သား ၃၀၀၀ထဲမှာ မီရီယမ် ပါပါတယ်။



ကျူရှင်ခ ချဉ်းပဲ တနှစ်ကို ဒေါ်လာ ၄၇၀၀၀ရှိတဲ့ နာမည်ကျော် Duke တက္ကသိုလ်။

မီရီယမ် ကကျောင်းမှာအမြဲတမ်း အဆင့် A ရပြီးတော်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ၂၀၁၂-၁၃ပညာသင်နှစ်မှာဆိုရင် နိုင်ငံခြားဘာသာနဲ့ ပတ်သက်ပြီး စကောလား ရှစ်တောင်ရခဲ့ပါသေးတယ်။

သူတို့ မိသားစုအတွက် ပညာရေးဟာ အရမ်းကိုအရေးပါပါတယ်။ သူတို့ သားသမီးတွေအားလုံးကိုတက္ကသိုလ်ကို ရောက်အောင်ပို့ ပေးရတာကို မိဘတွေကဂုဏ်ယူတယ်။
သားသမီးတွေကိုတက္ကသိုလ်မှာထားနိုင်ဖို့ အတွက် သူတို့ အရမ်းအလုပ်လုပ်ရတယ်။
ဒေါက်တာကယ်ဗင်ကတနှစ်ကိုဒေါ်လာ နှစ်သိန်းကျော်ဝင်ငွေရှိပါတယ်။
မိခင်ဖြစ်သူက လတ်တလောအလုပ်မရှိဘူးလို့ သိရပါတယ်။ သားသမီးသုံးယောက်ကို ပုဂ္ဂလိကကျောင်းထား ကောလိပ်ပို့ ရတဲ့စရိတ်ဟာ ဒေါ်လာ တစ်သန်းအထက်မှာရှိပါတယ်။
သူတို့ အခုပြောင်းအိပ်ခန်းလေးခန်းပါတဲ့အိမ်က ဒေါ်လာလေးသိန်းနဲ့ ခုနှစ်သောင်းကျော်ပေးရပြီး
အဲဒီအတွက် ပေးရမယ့်အကြွေးတွေ၊သားသမီးတွေရဲ့ ကျောင်းစရိတ်စတာတွေနဲ့  လောလော ဆယ်ငွေကြေးအကျပ်အတည်းဖြစ်နေပုံရတယ်လို့ မိတ်ဆွေတစ်ယောက်ကပြောပါတယ်။


တစ်ပတ်ကို ဒေါ်လာ ၄၇၇ဒေါ်လာ အကြွေးဆပ်နေရတဲ့ အိပ်ခန်းလေးခန်းနဲ့ အိမ်။

ငွေရေးကြေးရေးအပြင် ဒေါက်တာကယ်ဗင်ဟာ အာဖဂန်ကစစ်ဖြစ်နေတဲ့နေရာမှာ တာဝန် ထမ်းဆောင်နေရ တာကာလည်း မိသားစုတွေကြားထဲမှာ ဖိစီးမှုဖြစ်ရတဲ့အချက် တစ်ချက် ပါ။၁၉နှစ်လုံးလုံးဒေါက်တာကယ်ဗင်ဟာကမ္ဘာအနှံ့ လှည့် ပြီးတာဝန်ထမ်းဆောင်ခဲ့ ရပါတယ်။
လောလောဆယ်သူပြန်လာတဲ့နေရာဟာ စစ်ပွဲတွေဖြစ်နေတဲ့တိုင်းပြည်ကပါ။
ဖခင်ဖြစ်သူက စစ်ဖြစ်နေတဲ့နေရာမှာတာဝန်ထမ်းဆောင်နေရတဲ့ကိစ္စဟာ မိသားစုဝင်တွေအတွက် အနည်းနဲ့ အများတော့စိတ်ဖိစီးမှုဖြစ်စေတာပါပဲလို့ သူတို့ မိတ်ဆွေတစ်ယောက်ကပြောပါတယ်။။

စီအင်န်အင်န်နဲ့ အင်တာဗျူးမှာ မီရီယမ် က သူ့ ရဲ့ အလုပ်အတွက်သူမရှက်ဖူး လို့ လို့ ပြောခဲ့ပါတယ်။ သူလုပ်တဲ့အလုပ်ကိုသူသဘောကျပါတယ်တဲ့။ ဒါပေမယ့် သူ့ မိဘတွေကို မပြောခဲ့တာတော့ ၀မ်းနည်းရပါ တယ်။ အဲဒါကတော့တကယ့်အမှားတစ်ခုဖြစ်တယ် လို့ သူထင်ပါတယ် တဲ့။

ဝေဖန်ချက်တွေကတော့အမျိုးမျိုးပါ။
"သူ့ မိဘတွေက သူ့ ကိုငွေကြေးအထောက်အပံ့ရပ်လိုက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကောင်မလေးက ဗီဒီယိုတဆက်ရှင်ရိုက်ရင် ဒေါ်လာ ၁၂၀၀ မြိုးမြိုးမျက် မျက်ရတာကို သဘောကျနေတာ၊နောက်ပြီး ကင်မရာရှေ့ မှာ ခုလိုအရိုက်ခံရတာကိုလည်း သဘောကျနေတာ" လို့ တယောက်ကဝေဖန်တယ်။

နောက်တစ်ယောက်ကတော့

"သူမမှားဘူး။ သူ့ မိဘတွေကသူ့ ကိုကျောင်းစရိတ် မပေးနိုင်တော့ဘူး။ တက္ကသိုလ်ပထမနှစ်မှာ ကျောင်းစရိတ်က တစ်လ ဒေါ်လာ၅၀၀၀ကျမယ်။ အသက် ၁၈နှစ်မိန်းကလေးတစ်ယောက်က ဒီဒေါ်လာ၅၀၀၀ ထောင်ကိုဘယ်မှာသွားရှာမလဲ။
ဒီလိုဗီဒီယိုရိုက်ပြီးငွေမရှာရင် သူကျောင်းကအထုတ်ခံရမယ်။ သူ့ မိဘတွေက ဘာကြောင့် မထောက်ပံ့နိုင်တော့ တာလည်း စဉ်းစားလို့ မရဘူး။ သိရ သလောက် ငွေရေးကြေးရေး တော်တော်အခက်အခဲဖြစ်နေတယ်လို့ သိရတယ်။
အခုဒီကားတွေ ရိုက်တော့ တလကိုတစ်သောင်းကနေသောင်းငါးထောင်လောက်ကို အလွယ်လေးရသွားတယ်။သူမိဘတွေက ၀င်ငွေများတော့ အစိုးရဆီကဂရန့် ၊စကောလားရှစ် အကူအညီဘာမှလျှောက်လို့ မရဘူး။မိဘတွေဆီကလည်း မရတော့ဘူး။
Duke တက္ကသိုလ်မှာဆက်တက်ပြီး ရှေ့ နေ တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သူဘာလုပ်ရမလဲ??"

ကျောင်းမှာတော့ သူ့ ကွယ်ရာရောက်ရင် လူတိုင်းကသူ့ အကြောင်းပြောကြတော့တာပါပဲ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေအပြင် သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်မှုတွေ လည်းခံရပါတယ်။ ဒါပေမယ့်သူကတော ငွေရေးကြေးရေးအတွက် ဗီဒီယိုတွေဆက်ရိုက်နေရဦးမှာပဲဖြစ်ပါတယ်။
ခုထိတော့သူ့ ရိုက်ထားတဲ့ဗီဒီယို တစ်ဒါဇင်လောက်ရှိပြီလို့ သိရပါတယ်။


ဒေါ်လာ၃၃၈သန်းထီပေါက်မှ လင်မယားကွဲ



နယူးဂျာစီက အမေရိကန်ထီ ပါဝါဘောသန်း ၃၃၈ သန်းပေါက်ပြီးငွေရေးကြေးရေးစကားရာက
လင်မယား ကွဲပြီး တရားစွဲတဲ့ အထိဖြစ်သွားရတဲ့အတွဲကတော့ချစ်သူများနေ့ မှာ ပြန်ပေါင်းထုပ်သွားကြပါပြီ။

မစ်ဆန်ချက်နဲ့ ကူဇာဒါဟာကုန်စုံဆိုင်လေးတစ်ခုကို နယူးဂျာစီမှာ အတူဖွင့်ခဲ့ကြပါတယ်။ သူတို့ မှာ ကလေးလည်းရှိပါတယ်။ဒါပေမယ့် တရားဝင်လက်ထပ်ထားကြတာတော့မဟုတ်ပါဘူး။
မနှစ်က ကူဇာဒါက အမေရိကန်ထီသန်း ၃၃၈သန်းပေါက်ခဲ့ပါတယ်။ သန်းနဲ့ ချီပြီးထီပေါက်တော့ မှပဲ ငွေရေးကြေးရေး ကိစ္စစကားများကြပြီးလင်မယားကွဲပါတော့တယ်။ ထီပေါက်ရင်ခွဲဝေယူကြဖို့ သူတို့ မှာသဘောတူညီချက်ရှိခဲ့တယ်လို့  မစ်ဆန်ချက်ကပြောပါတယ်။
နိုဝင်ဘာလမှာ သူ့ ယောက်ျားကို တရားစွဲခဲ့ပါတယ်။
ကူဇာဒါရဲ့ ရှေ့ နေက သူတို့ ဘယ်တုန်းကမှ တရားဝင်လက်ထပ်ခဲ့ကြတာမဟုတ်တဲ့အတွက် ဒီငွေကို တရားဝင်တောင်းဆိုခွင့်မရှိဘူးလို့ ပြောပါတယ်။
အဲဒီအချိန် မိသားစုနဲ့ ကွဲကွာရလို့ ကူဇာဒါကတော့စိတ်ဓာတ်အတော်ကျနေပါပြီ။

ရှေ့ နေက "အရင်က သူမှာ ပိုက်ဆံမရှိဘူး၊ဒါပေမယ့်မိသားစုရှိတယ် ဆိုတဲ့ အခြေအနေကနေ အခုသူ့ မှာ ပိုက်ဆံရှိတယ်၊ဒါပေမယ့် မိသားစုမရှိတော့ဘူးဆိုတဲ့အခြေအနေကိုရောက်သွားတယ်။
ကျနော်သူ့  ကိုပြော တယ်။ နားထောင်ကူဇာဒါ။အချစ်ကအားလုံးကိုအောင်မြင်နိုင်တယ်။ ခင်ဗျားမိန်းမနဲ့ စကားပြော" လို့ အကြံပေးတယ်။
ချစ်သူများနေ့ ရောက်တော့သူကျနော့်ကိုဖုန်းဆက်လာတယ်။
သူတို့ ပြေလည်သွားကြပြီတဲ့။


မစ်စန်ချက်ရဲ့ ရှေ့ နေ အပြောအရ ဒီလောက် များတဲ့ငွေတွေ ဟာဘယ်ရောက် လို့  ရောက် ကုန်မှန်း မသိဘူးတဲ့။ ဒေါ်လာ၅၇သန်းကို ဒိုမီနီကန်ရီပတ်ဗလစ်ကဆွေမျိုး တွေဆီပို့ တယ်။
ကလစ်ဖ်တန်က အိမ်ဝယ်လိုက်တဲ့ အတွက် ဒေါ်လာသုံးသိန်း ကုန်တယ်။ နောက် သန်း၂၀လောက်က ဘာအတွက်ကုန်တယ်မ သိရပဲခေါင်းစဉ်မရှိပဲကုန်သွားတယ်တဲ့။

အရင်သူနေခဲ့တဲ့ကျောင်းလမ်းက အိမ်နီးနားချင်းမိတ်ဆွေတွေကိုလည်း တလစာအိမ် ငှားခသူပေးမယ်လို ကတိပေးခဲ့ပေမယ့် တကယ်တမ်းတော့မပေးခဲ့ပါဘူးဗျာလို့ အိမ်နီးချင်း တစ်ယောက်ကပြောတယ်။

ကူဇာဒါထီမပေါက်ခင်နေခဲ့တဲ့လမ်း။အိမ်နီးနားချင်းတွေရဲ့ အိမ်လခတလစာသူပေးမယ်လို့ ကတိပေးခဲ့တယ်။

တရားသူကြီးက မစ်ဆန်ချက်နဲ့ ကူဇာဒါတို့ နှစ်ယောက်ရဲ့ ကာလကြာရှည်ဆက်ဆံရေး၊ အိမ်ထောင်စု အပေါ်မှာထားတဲ့သဘောထား၊ပေးဆပ်မှုတွေကို သိပေမယ့် ကူဇာဒါရဲ့ ငွေတွေသုံးစွဲမှုကို ကန့် သတ် ဖို့ တော့ဥပဒေကြောင်းအရ လုပ်လို့ မရဘူးလို့ ရှင်းပြတယ်။

တရားသူကြီးက "ကျုပ်က တရားသူကြီးလေ။ ကျုပ်ကဥပဒေအသစ်ထွင်ဖို့ မဟုတ်ဘူး။ ဥပဒေကိုလိုက်နာရ မယ့်လူဖြစ်ပါတယ် တဲ့။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ရထားတိုက်မှုဖြစ်စဉ် သုံးခု ဖြစ်ပွားပြီး လူသုံးဦး သေဆုံး



အောင်မျိုးသန့်

မတ် ၈ ရက် ည ၈ နာရီတွင် မေတ္တာညွှန့်ဘူတာအနီး ရထားကြိတ်ခံရ၍ သေဆုံးနေသူအား ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)


ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ရထားတိုက်မှုဖြစ်စဉ် သုံးခုဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ကြောင်း အမှတ် ၃ ရထား ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ရထားကြိတ်မှု ဖြစ်ပွားခဲ့သော မြို့နယ်များမှာ တာမွေမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်များ၌ဖြစ်ပြီး မတ် ၈ ရက် ည ၈ နာရီတွင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် မေတ္တာညွန့်ဘူတာ ထောင့် မိုင်တိုင် (၃/၃)နှင့် (၃/၄)ကြား သံလမ်းပေါ်တွင် ထိုင်နေသူ အသက် ၄၀ နှစ်ခန့် အမျိုးသားတစ်ဦးကို ရန်ကုန်-မင်္ဂလာ ဒုံမြို့ပတ်ရထားက တိုက်မိ၍ ဦးခေါင်းနှင့် လက်ကြေမွကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ မတ် ၉ ရက် မနက် ၆ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက် ငမိုးရိပ်ဘူတာအ၀င် မိုင်တိုင်အမှတ် ၅/ ၁၁- ၁၂ တွင် အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ရထားတိုက်မိ၍ သေဆုံးသွား ခဲ့ကြောင်း သိရသည်။


လူတွေရဲ့ ဆင်ခြင်တုံတရား အားနည်းမှုတွေကြောင့် ဖြစ်ပါတယ်။ နောက်ပြီး တချို့လူတွေက ရထားသံလမ်းပေါ်မှာထိုင်ပြီး အရက်သေစာ သောက်စားတာတွေ၊ ရထားလာနေတာကို သိရက်နဲ့ မထီမဲ့မြင် လုပ်တာတွေ...

ထို့အပြင် မတ် ၉ ရက် ညနေ ၄ နာရီ ၀န်းကျင်၌လည်း ရွှေပြည်သာမြို့နယ် ဇီးကုန်းမြောက်ပိုင်း၊ လှော်ကား-တညင်းကုန်း ဘူတာကြားတွင် အသက် ၂၈ အရွယ် တပ်မတော်အငြိမ်းစား ၀န်ထမ်းတစ်ဦး ရထားတိုက်မိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရထားကြိတ်မှုကြောင့် လူသေဆုံးခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အမှတ် ၃ ရထားရဲ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ကျော်တေဇက "အဓိကယက လူတွေရဲ့ ဆင်ခြင်တုံတရား အားနည်းမှုတွေကြောင့် ဖြစ်ပါတယ်။ နောက်ပြီး တချို့လူတွေက ရထားသံလမ်းပေါ်မှာထိုင်ပြီး အရက်သေစာ သောက်စားတာတွေ၊ ရထားလာနေတာကို သိရက်နဲ့ မထီမဲ့မြင် လုပ်တာတွေ၊ စိတ်ကျန်းမာရေး ချို့တဲ့သူတွေ စတဲ့အချက်တွေကြောင့် ရထားကြိတ်ခံရတာပါ" ဟု မတ် ၁၀ ရက် ညနေပိုင်းက ပြောကြားသည်။

ယင်းဖြစ်စဉ်များကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းများက သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံထုတ် လျှို့ ဝှက်ကင်မရာအများအပြား မြန်မာနိုင်ငံရှိ တရုတ်ပိုင် ဟိုတယ်များတွင် တပ်ဆင်ထားကြောင်း သိရှိရ

တရုတ်နိုင်ငံမှာတစ်ဆင့် ရွှေလီ-မူဆယ်လမ်းကြောင်းမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများတွင် မြန်မာပြည်သူများအား ဆိုးကျိုး ဖြစ်စေမည့် ဓါတုဗေဒ ဆေးဝါးများပါဝင်သော Fast Food များနှင့် အခြားသော စားသောက်ကုန်များပါဝင်လျှက်ရှိနေကြောင်းကို သတင်းအများအပြားတွင် ဖတ်ရှုမှတ်သားပြီးဖြစ်ပါသည်။

ယခုလည်း တရုတ်ပြည်တွင် ညစ်ညမ်းဗီဒီယိုကားများ၌ Category ကွဲပြားစွာ ထုတ်လုပ်ရောင်းချရန် အတွက် Hidden Camera ဆိုသည့် ညစ်ညမ်းကားမျိုး ခေတ်စားလျှက်ရှိရာ မြန်မာနိုင်ငံအတွင်းမှ အမျိုးကောင်းသမီးများအား ကုန်ကြမ်းအဖြစ်အသုံးချရန်အတွက် နေရာစုံတွင် တပ်ဆင်နိုင်သော လျှို့ ဝှက်ကင်မရာများ တင်သွင်းရောက်ရှိလျှက်ရှိကြောင်း နယ်စပ်မှ ကုန်သွယ်ရေးလုပ်ဆောင်သည့် စီးပွားရေးသမားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ကင်မရာတွေကတော့ အစုံပဲ၊ တခါးလက်ကိုင်ဘုမှာ တပ်တာမျိုး၊ ရေချိုးခန်းမှာရှိတဲ့ အသုံးအဆောင်တွေ မှာ တပ်တာမျိုးတွေပေါ့၊ ဒီက တရုတ်ပိုင်ဟိုတယ်တွေ က အဲဒီဗီဒီယိုတွေကို ဟိုက ညစ်ညမ်းဒါရိုက်တာတွေ ဆီ ပြန်ရောင်းတယ်၊ သူတို့ က Burmese Hidden Camera Girl ဆိုပြီး ဟိုမှာ ပြန်ရောင်းတာ၊ အွန်လိုင်း ကနေ ပိုက်ဆံပေးပြီးမှ ကြည့်လို့ ရတဲ့ Websiteတွေ ထိအောင်တင်တာ၊ စိတ်လွတ်ကိုယ်လွတ် ချစ်သူ နဲ့ ပျော်မြူးတာတော့ ပျော်မြူးတာပေါ့လေ၊ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ ကျွန်တော် ရွှေလီမှာရှိတုန်းက ဆိုရင် ရွှေစုံတွဲ ရေချိုးခန်းထဲမှာ ပလူးနေတဲ့ ဗီဒီယို ဆိုပြီးရောင်းလို့ ဝယ်ကြည့်တာ၊ ကိုယ့်မျက်နှာ ဘယ်ထား ရမှန်းမသိဖြစ်ခဲ့ရတယ်”ဟု စီးပွားရေးလုပ်ငန်းရှင် ကိုခင်ရီမောင် ကအတွေ့ အကြုံကိုပြောပြသည်။

မြန်မာအမျိုးကောင်းသမီးများအနေဖြင့် တရုတ်အမျိုးသားပိုင် ဟိုတယ်များသို့ မသွားရောက် ရန်နှင့်ဖြစ်နိုင် ပါက စိတ်မထိန်းနိုင်လျှင်လည်း တခြားအဆင်ပြေသည့် နည်းလမ်းမျိုးဖြင့်ဖြေရှင်းရန် စေတနာရှေ့ ထားကာ သတိပေးလိုက်ရပါသည်။

ZK(ကနောင်)

Sunday, March 9, 2014

ပရိသတ်ကရွေးတဲ့ အဆိုတော်အဖွဲ့ (သို့မဟုတ်) AKB48





AKB48 (အသံထွက် – အေကေဘီ ဖော်တီအိတ်) ဟာ ဂျပန်နိုင်ငံမှာ အအောင်မြင်ဆုံးနဲ့ အဖွဲ့ဝင်အများဆုံး အမျိုးသမီး အဆိုတော် အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်ပေါင်း ၆၄ ဖွဲ့ပါဝင်ပြီး သီးသန့်အဖွဲ့အနေနဲ့ ဖွဲ့စည်းထားတာမျိုးမဟုတ်ပဲ ပရိသတ်က ရွေးချယ်တဲ့ အဆိုတော် ၆၄ ယောက်ကို စုစည်းထားတာ ဖြစ်ပါတယ်။

AKB48 အဖွဲ့ ထူထောင်သူ Yasushi Akimoto ဟာ ၂၀၀၅ ခုနှစ်မှာ တခြား ပေါ့ပ်အဖွဲ့တွေနဲ့ မတူတဲ့ အဖွဲ့တစ်ခု တည်ထောင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ တိုကျိုမြို့ အကီဟာဘာရာ ရပ်ကွက်က ကပွဲရုံမှာ နေ့စဉ်ဖျော်ဖြေပေးမယ့် အဆိုတော်အဖွဲ့ကို စတင်ဖွဲ့စည်းဖို့အတွက် ကြေညာခဲ့ပါတယ်။ လာရောက် လျှောက်ထားတဲ့ မိန်းကလေး အရေအတွက်ဟာ ၇၉၂၄ ယောက်ရှိခဲ့ပြီး အဲဒီထဲကမှ ၂၄ ယောက်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီထဲက အယောက်၂၀ ကိုပဲ ပထမဆုံးအကြိမ် ဖျော်ဖြေမှုမှာ မြင်တွေ့ခဲ့ရပြီး အဖွဲ့ခွဲ ၄ ခုထဲက ပထမဆုံး အဖွဲ့ Team A အဖြစ် စတင်ခဲ့ပါတယ်။



နောက်ပိုင်းမှာ ဒုတိယမြောက် အဖွဲ့ခွဲအတွက် ၁၁၈၉၂ ယောက်အထိ လာရောက်လျှောက်ထားခဲ့တဲ့ထဲက ၁၉ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း Team K အဖြစ် ဖွဲ့စည်းတဲ့အချိန်မှာ ၁၈ ယောက်ပဲ ပါဝင်ခဲ့ပြီး Mariko Shinoda က ပရိသတ်ဆန္ဒမဲနဲ့ ၁၉ ယောက်မြောက်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အသက်ကြီးသွားတဲ့ Yuki Usami ဟာ အဖွဲ့ရဲ့ ပထမဆုံး ပြီးဆုံးအောင်မြင်သူအဖြစ် သတ်မှတ်ခံရပြီး AKB48ကနေ နှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အဲဒီလို ပြီးဆုံးအောင်မြင်သူတွေကို အဖွဲ့က နှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ Team K ဟာ ကပွဲရုံမှာ ၂၀၀၆ ဧပြီ ၁ ရက်နေ့ကနေ စတင်ဖျော်ဖြေနေပြီ ဖြစ်ပါတယ်။


AKB48 ဟာ သီချင်းသီဆိုတဲ့ အဖွဲ့ပုံစံထက် ဖျော်ဖြေရေးအဖွဲ့ပုံစံကို ပိုမိုအာရုံစိုက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ Team B နဲ့ Team 4 ကို ထပ်မံဖွဲ့စည်းခဲ့သလို အခြား အရပ်ဒေသတွေကို အစွဲပြုပြီး SKE48 ၊ JKT48 (Jakata, Indonesia) ၊ TPE48 (Taipei) အစရှိတဲ့ အဖွဲ့တွေကို ဖွဲ့စည်းခဲ့ပါတယ်။ နောက်ဆုံး Nogizaka46 ကိုလည်း AKB48 ရဲ့ ပြိုင်ဘက်ပုံစံ ဖွဲ့စည်းခဲ့ပါသေးတယ်။ AKB48 ရဲ့ အထင်ရှားဆုံး လှုပ်ရှားမှုကတော့ မဲပေးရွေးချယ်ပွဲပဲ ဖြစ်ပါတယ်။ AKB48 ဟာ တခြားအဆိုတော်အဖွဲ့တွေနဲ့ မတူညီပဲ အဖွဲ့ဝင်တွေကို ပရိသတ်တွေက မဲပေးရွေးချယ်ရတာ ဖြစ်ပါတယ်။ အဖွဲ့၎ဖွဲ့အပြင် သင်တန်းသူတွေလည်း ရှိသလို ညီအစ်မအဖွဲ့တွေလည်း အများအပြား ရှိပါတယ်။ အဖွဲ့ဝင်တွေဟာ ရည်းစားထားခွင့်လည်း မရှိသလို ကိုယ်ကျင့်စာရိတ္တလည်း ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် AKB48 ဟာ ပရိသတ်လိုချင်တဲ့အရာကို တိတိပပ ပေးစွမ်းနိုင်စွမ်း ရှိသလို ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုလည်း အတိုင်းထက်အလွန် ရရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။



AKB48 ရဲ့နောက်ထပ် အားသာချက်က ကိုယ်ပိုင် ကပွဲရုံအပြင် အဖွဲ့ဝင်တွေရဲ့ နေ့စဉ် လှုပ်ရှားမှုတွေ၊ အဖွဲ့အချင်းချင်း ပြိုင်ဆိုင်မှုတွေအပြင် အဖွဲ့ဝင်ဖြစ်လာဖို့ ကြိုးစားမှုတွေကိုပါ အမြဲတမ်း ပရိသတ်သိရှိနိုင်အောင် ထုတ်ပြန်ပေးနေခြင်းပါ။ ပရိသတ်တွေဟာ သူတို့ကို အောင်မြင်ကျော်ကြားသူများ အနေနဲ့ သိပ်မမြင်ပဲ သူတို့ရဲ့ ညီမလေးတွေ၊ သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေလို ခံစားနိုင်အောင် အမြဲတမ်း လုပ်ဆောင်ပေးထားပါတယ်။ အဖွဲ့ဝင်အများစုဟာ ဆယ်ကျော်သက်တွေ ဖြစ်ပြီး ၂၀ စွန်းစွန်းအဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ တခါတရံမှာ အဖွဲ့ရဲ့ ဘီကီနီဝတ်စုံနဲ့ ကြော်ငြာတွေ၊ အနည်းငယ် ကြမ်းရှတဲ့ သီချင်းစာသားတွေကြောင့် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေ လုပ်နေတယ်လို့ ဝေဖန်ခံရပေမယ့် အမျိုးသမီးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်။

လက်ရှိ AKB48 ရဲ့ အဖွဲ့ခေါင်းဆောင်ဟာ Minami Takahashi ဖြစ်ပြီး Team A ရဲ့ ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။ Team A ခေါင်းဆောင်တွေဟာ AKB48 နဲ့ သူ့ရဲ့ အစွယ်အပွား အဖွဲ့အားလုံးရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ Team A, K, B နဲ့ 4 ဆိုပြီး ၄ ဖွဲ့ ခွဲထားသလို သင်တန်းသူတွေလည်း ရှိပါသေးတယ်။ အဖွဲ့ဝင်ဖြစ်ဖို့အတွက် မဲပေးရွေးချယ်မှုတွေလည်း ပြုလုပ်သလို Rock-Paper-Scissors (မြန်မာလိုဆို ဘိုကျားသေနတ် ကစားသလို) ပြိုင်ပွဲလည်း ပြုလုပ်ပြီး ရွေးချယ်ပါတယ်။ AKB48 ရဲ့ Official Page မှာလည်း အဖွဲ့ဝင်တွေကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။


အားသာချက်ဖြစ်နေတဲ့ အလှအပချို့ယွင်းချက်များ




မျက်လုံးမှေးခြင်း၊ သွားကျဲခြင်း၊ မျက်နှာ အဆီပြန်ခြင်း စတာတွေကို မိန်းကလေး အတော်များများက မနှစ်သက်ကြဘဲ အလှအပဆိုင်ရာ အပြစ်အနာအဆာတွေလို့ သတ်မှတ်လေ့ ရှိကြပါတယ်။ သဘာဝကပေးတဲ့ ကိုယ့်ရုပ်ရည်ကို အားမလိုအားမရ ဖြစ်တတ်ကြပါတယ်။ အဲလို ကိုယ့်ရုပ်ရည်ကို ကိုယ်စိတ်တိုင်းမကျ သူတွေအတွက် ကိုယ့်ချို့ယွင်းချက်လို့ ထင်ထားတာတွေက အားသာချက်တွေ ဖြစ်တတ်ကြောင်း၊ အားသာချက်ဖြစ်အောင် လုပ်လို့ရကြောင်း ဖော်ပြလိုက်ပါတယ်။

သွားကျဲကျဲ



သွားကျဲတာပျောက်အောင် သွားဆေးခန်းမှာ သွားညှိတဲ့ ကြိုး (ဘမကျေ) တပ်ပေးလို့ ရပါတယ်။ သွားကျဲတာ၊ သွားခေါတာ၊ သွားထပ်တာတွေ ပျောက်အောင် ခုနောက်ပိုင်း သွားညှိတဲ့ ကြိုးတပ်ကာ ပြုပြင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မူလသဘာဝအတိုင်း သွားကျဲတာလေးကလည်း အများနဲ့မတူတဲ့ ဆွဲဆောင်မှု တစ်မျိုးပဲ။ ကမ္ဘာကျော် အဆိုတော်မက်ဒေါနား၊ မော်ဒယ်လ်ကိတ်မော့စ်နဲ့ တခြား နာမည်ကျော် တချို့ဆိုရင် သွားကျဲတာကိုပဲ ဂုဏ်ယူကာ သွားကျဲတာ မပေါ်ပေါ်အောင် ရယ်ပြလေ့ ရှိပါတယ်။ ချစ်ဖို့ကောင်းတဲ့ သွားလေးတွေပေါ်အောင် နှုတ်ခမ်းနီကို ခပ်ရဲရဲ ဆိုးလိုက်ပါ။ မင်းသမီး ဂျော်ဂျီယာမေ့ဂျစ်ဂါ ဆိုရင် သွားကျဲလေးတွေ ပေါ်လွင်စေတဲ့ နှုတ်ခမ်းနီ ရဲရဲကို မဆိုးထားတာ မရှိသလောက်ပါပဲ။ နှုတ်ခမ်းနီရဲရဲနဲ့ အထာကျနေတတ်ပါတယ်။

အဆီပြန်မျက်နှာ



သင့်မျက်နှာပြင်က မုန့်ဆီကြော်လို့ အဆီတ၀င်းဝင်းနဲ့ ဖြစ်နေနိုင်ပေမယ့် မျက်နှာ အဆီပြန်ခြင်းကို ချို့ယွင်းချက်လို့ မသတ်မှတ်လိုက်ပါနဲ့။ သင်ရဲ့မွေးရာပါ မျက်နှာဝင်းဝင်းစိုစိုလေးလို ဖြစ်အောင် မိတ်ကပ်ဆရာတွေက မနည်းလိုက်ပြင်ရတာ။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်စမ်းပါ။ မင်းသမီးလီတန် မီစတာ (Leighton Meester) ဆိုရင် သူရဲ့ အဆီပြန်တဲ့ အသားအရေကို သဘောကျလို့မဆုံး ဖြစ်နေတာ။ ဒီလောက် ပြောနေတာတောင်မှ သူ့လိုမျိုး ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုမရှိဘဲ အဆီပြန်ခြင်း ကင်းဝေးလိုတယ်ဆိုရင်တော့ ချွေးပေါက်ဖုံးပေးတဲ့ မိတ်ကပ်အောက်ခံ (Pore-reducing Primer/ Make-up Base) လိမ်းပေးနိုင်ပါတယ်။ အဲဒီအောက်ခံမျိုးဟာ အဆီပြန်တာကို ထိန်းပေးသလို ၀က်ခြံအမာအရွတ်တွေကိုလည်း ဖုံးပေးနိုင် ပါတယ်။

အသားဖြူဖျော့ဖျော့



အများစုက အသားဖြူတာကို နှစ်သက်ကြပေမယ့် ဖြူလွန်းဖွေးလွန်း သူတွေကျတော့လည်း သွေးမရှိတဲ့ လူမမာရုပ်လို ဖြူဖပ်ဖြူရော်နဲ့ ကြည့်ရဆိုးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တတ်ကြပါတယ်။ ရတာမလို၊ လိုတာမရ ဆိုသလိုပေါ့။ ကိုရီးယားမလေးတွေ လှနေတာ ဖြူလွန်းတဲ့ အသားအရေကြောင့်ပါ။ မင်းသမီး စကားလတ်ဂျိုဟန်ဆန်ရဲ့ နှုတ်ခမ်းတူတူက ထင်းပြီး ဆွဲဆောင်မှုရှိနေတာကလည်း သူရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကြောင့်ပါ။ သူတို့ဟာ သူတို့ရဲ့ အသားအရောင် အားသာချက်ကို သိရှိပြီး ဂုဏ်ယူစွာနဲ့ ထုတ်ဖော်ပြတတ်ကြပါ တယ်။ အသားဖြူလွန်းသူတွေ ရှောင်ရမယ့် အရာကတော့ ညိုလွန်းတဲ့ မိတ်ကပ်တွေပါ။ သဘာဝမကျစွာ ညိုမည်းစေကာ ညစ်ညစ်ကြီး ဖြစ်သွားစေနိုင်ပါတယ်။ အဲဒီအစား မျက်နှာကို ပြောင်ပြောင်လက်လက် ဖြစ်စေနိုင် မယ့် Highlighter တွေ Shimmer တွေ သုံးပေးနိုင်သလို ပန်းရောင်၊ ပန်းလိမ္မော်ရောင် ပါးနီလေး ဆိုးပေးနိုင်ပါတယ်။

မျက်ခုံးမွေးထူထူ



ခုနောက်ပိုင်း မျက်ခုံးမွေးထူထူတွေ ခေတ်စားနေတာကို သတိထားမိကြမှာပါ။ မင်းသမီးနန္ဒာလှိုင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ချစ်သုဝေတို့ရဲ့ မျက်ခုံးမွေးထူထူနဲ့ကိုပဲ ကြည့် လေ။ မျက်ခုံးမွေးက မျက်နှာမှာ ထင်းနေတာ ပဲ။ မျက်ခုံးမွေးထူသူ အများစုက သူတို့ရဲ့ မျက်ခုံးမွေး ထူထူကို ဂုဏ်ယူစွာနဲ့ ပုံမသွင်းဘဲ၊ မရိတ်ဘဲ ဒီအတိုင်းလေး ထားတတ်ကြပါတယ်။ မျက်ခုံးမွေးထူသူတွေအတွက် အကြံပေးချက်ကတော့ မျက်ခုံးမွေး ထူလပျစ်ပုံ ပေါက်မနေဘဲ သပ်သပ်ရပ်ရပ် ရှိဖို့ပါပဲ။ မျက်ခုံးမွေး ပုံသွင်းတဲ့ Gel ကို လိမ်းပေးပြီး မျက်ခုံးမွေးဖြီးတဲ့ ဘရပ်ရှ်အပေါ် ဘက်သပ်ကာဖြီးပြီး ဘေးဘက်ဆွဲဖြီးလိုက်ပါ။ သပ်ရပ်တဲ့ ပုံပေါက် သွားပါလိမ့်မယ်။ အောက်နားက မျက်ခုံးမွေး တချို့ကို ရိတ်ပြီးလည်း ပုံသွင်းလိုက်ပါ။

နှုတ်ခမ်းပါးပါး

အင်ဂျလီနာဂျိုလီလို ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းထူထူ မပိုင်ဆိုင်တော့ရော ဘာဖြစ် သေးလဲ။ ကိုယ့်နှုတ်ခမ်းပါးပါးလေးကို ထူထူလေးလို့ ထင်ရအောင် လုပ်နိုင်တဲ့နည်းတွေ ရှိနေတာပဲဟာ။ နှုတ်ခမ်းကို ပိုပြီးပါးစေနိုင်တဲ့ နှုတ်ခမ်းနီအရောင် ရင့်ရင့်တွေကို ရှောင်ပါ။ အရောင်ဖျော့ပြီး အပြောင်အလက်လေးတွေ ပါတဲ့ နှုတ်ခမ်းအဆီ (Lip Gloss) တွေက နှုတ်ခမ်းထူထူ ရွှဲရွှဲလေး ဖြစ်စေနိုင်ပါတယ်။ နှုတ်ခမ်းသားအလယ်မှာ Gloss လေး ခပ်များများ တို့ပေးရင်လည်း နှုတ်ခမ်းသားပြည့်ပြည့် ဖောင်းဖောင်းလေး ဖြစ်စေသလို အပေါ်နှုတ်ခမ်းအလယ်ချိုင့်မှာ ထည့်ပေးရင်လည်း နှုတ်ခမ်းစူစူနဲ့ ဆွဲဆောင်မှု ရှိစေနိုင်ပါတယ်။

မျက်လုံးမှေးမှေး



အဆိုတော်မလေး တေလာဆွဖ်တ် တောင် မျက်လုံးသေးသေးလေးနဲ့ လှနေတာ ပဲ။ ကိုယ့်မျက်လုံးမှေးလို့ စိတ်ညစ်မနေပါနဲ့။ မျက်လုံးသေးသူတွေအတွက် အဓိက လိုအပ်ချက်ကတော့ မျက်တောင်ကော့ ကိရိယာနဲ့ မျက်တောင်ကော့ဆေးပါ။ မျက်လုံးအောက် အတွင်းမျက်ခမ်းမှာ အိုင်းလိုင်နာ အဖြူရောင် ဆိုးပေးခြင်းကလည်း မျက်လုံးကို ပိုကျယ်စေတယ်လို့ ထင်ရစေပါတယ်။ အရောင်မှောင် တဲ့ အိုင်းရှဲဒိုးတွေရှောင်ကာ အဲဒီအစား အရောင်ဖျော့ဖျော့ လင်းလင်းလေးတွေကို မျက်ခွံနဲ့ မျက်လုံးအတွင်းထောင့်မှာ ထည့်ပေးပါ။ အောက်မျက်ခမ်းအတွင်းဘက်ကို အနက် ရောင်ကွက်ခြင်းက မျက်လုံးကို ပိုကျဉ်းစေနိုင် တာကြောင့် မျက်လုံးအပေါ်ဘက် အနားတစ်လျှောက်သာ အိုင်းလိုင်နာ ဆိုးပေးပြီး မျက်တောင်ကော့ဆေး များများသုံးပေးဖို့ လိုပါတယ်။

ဆံလုံးသေးသေး



သင့်ဆံပင်ဆံလုံးသေးလို့ သင့်အနေနဲ့ မကြိုက်ရင် မကြိုက်မယ် တကယ်ကတော့ ဆံလုံးသေးသူတွေက ဆံပင်ပုံစံပြောင်းဖို့ ပိုပြီး လွယ်ကူပါတယ်။ ဆံလုံးသေးတာ ချို့ယွင်းချက်မဟုတ်ပါဘူး။ ဆံလုံးသေးတဲ့ ဆံပင်တွေက ပျော့ပျောင်းနူးညံ့တယ်။ ရှင်းရလွယ်ကူ တယ်။ ပုံသွင်းရလည်း လွယ်ကူတယ်။ ကောက်ရင် ကောက်တဲ့အတိုင်း ပုံပေါ်တယ်။ ဆေးဆိုးရင်လည်း လိုချင်တဲ့အရောင်ထွက်တယ်။ ဒါပေမဲ့ ဆံလုံးသေးသူတွေ သတိထားရမှာကတော့ ဆံပင်ညှပ်တဲ့ပုံစံကိုပါပဲ။ ဆံပင်ကို တုံးတိကြီး တစ်ထပ်တည်းညှပ်ပါက ဆံပင် အုံပါးသလို ထင်ရစေပါတယ်။ ဆံပင်ကို အထပ်ထပ်ဖြစ်အောင် Step များများ ညှပ်ပေးပါက ဆံပင်အုံထူသလို ဖြစ်စေနိုင်ပါ တယ်။

ပန်းဆီ

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ






ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။ သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။ မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင် ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက် ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။





ရင်သား တွဲကျစေသော အကြောင်းအရာများ


၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း

ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေ ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲ လာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။


၂။ ကမ္ဘာမြေကြီး ဆွဲငင်အား

ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တ ကယ်ပါပဲ။ ကမ္ဘာမြေကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲ တာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာအရေး ကြောင်းတွေ ကိုပါ ဖြစ်ပေါ်စေပါတယ်။


၃။ မီးယပ်သွေးဆုံးခြင်း

အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သား ကို လျော့တွဲလာ စေပါ တယ်။


၎။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း

အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။





ဘယ်လို ကာကွယ်ရမလဲ


၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း

ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစား ထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီးခေါင်း ကတော့ အောက် ဆိုက်နေ နိုင်ပါတယ်။


၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ

ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။


၃။ သဘာဝကရတဲ့ ဆေး

ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။


၎။ နှိပ်နှယ်ပေးခြင်း

သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

ကမ္ဘာ့ဖလားရလျှင် တကိုယ်လုံးချွတ်ပြမည်ဆိုသည့် မိန်းကလေး ဘောလုံးသမားနောက်ပါသွားရှာ





(၂၀၁၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ကမ္ဘာ့ဘောလုံး ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သည့် ပါရာဂွေး လှပျိုဖြူ လာရီဆာ ရီကွယ်လ်မီးတစ်ယောက် စေ့စပ်လိုက်ပြီ ဖြစ်သည်။ ကံထူးသူ ဂျိုနသန် ဖာဘရိုသည် လာရီဆာကို လက်ထပ်ခွင့် တောင်းဆိုမှုအတွက် လိုက်လျော သဘောတူ ကြည်ဖြူမှုကို ရရှိခဲ့ကြောင်း ပြည်တွင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ဖာဘရိုသည် အာဂျင်တီးနား နာမည်ကျော် ဘောလုံးအသင်း ရေးဗားပလိတ်တွင် ကစားနေသူ ဖြစ်သည်။ လာရီဆာက သူမသည် ဖာဘရို၏ လက်ထပ်ခွင့် တောင်းခံမှုကို လိုက်လျော သဘောတူညီခဲ့ကြောင်း ပရိသတ်များထံသို့ Twitterမှတစ်ဆင့် ဝေမျှ အသိပေးခဲ့သည်။

အသက်(၃၂)နှစ်ရှိ ဖာဘရိုသည် အာဂျင်တီးနားတွင် မွေးဖွားသော်လည်း ပါရာဂွေးအသင်းကို (၆)ပွဲ ကိုယ်စားပြုထားသူ ဖြစ်သည်။ လာရီဆာက "ကျွန်မရဲ့ ဘဝကတော့ ချစ်ခြင်းမေတ္တာရယ်၊ ပျော်ရွှင်မှုတွေရယ်နဲ့ ပြည့်စုံလာပါပြီ။ ကျွန်မတို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ချီးမြှင့်ဖြည့်ဆည်းပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်"ဟု ဖွင့်ဟခဲ့သည်။ လာရီဆာတို့ စုံတွဲသည် (၂၀၁၁)ခုနှစ် ကတည်းက ချစ်ကြိုက်လာခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် စေ့စပ်ကြောင်းလမ်းဖြစ်ခဲ့သည်။



လတ်တလောတွင် လာရီဆာတို့သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်သို့ အလည်အပတ် သွားရောက်လျှက် ရှိသည်။ လာရီဆာသည် (၂၀၁၀)ပြည့်၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင်အာဖရိကထိ လိုက်ပါပြီး ပါရာဂွေးအသင်းကို အင်တိုက်အားတိုက် အားပေးခဲ့သူ ဖြစ်သည်။ သူမသည် ထိုစဉ်က ပါရာဂွေးအသင်း ဗိုလ်စွဲခဲ့ပါက တစ်ကိုယ်လုံး အဝတ်အစားချွတ်ကာ ပြေးလွှား အောင်ပွဲခံမည်ဟု ကတိပြုခဲ့ရာ ကမ္ဘာသိသတင်းတစ်ပုဒ် ဖြစ်ခဲ့သော်လည်း ပါရာဂွေးအသင်း အနေဖြင့် ကွာတားဖိုင်နယ် အဆင့်၌ ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရသည်။

အပျိုဂုဏ်ကို လေလံတင်ခဲ့သည့် ရုရှား ဆယ်ကျော်သက် မိန်းကလေး







အသက်(၁၈)နှစ်သာ ရှိသေးပြီး အမည်မဖော်ပြသည့် မိန်းကလေးသည် အင်တာနက်မှတစ်ဆင့် မိမိ၏ အပျိုရည်ကို လေလံတင် ထားခြင်း ဖြစ်သည်။


ရုရှားနိုင်ငံမှ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးသည် မိမိ၏ အပျိုရည်ကို ဒေါ်လာ (၃၀၀၀၀)မျှဖြင့် ရောင်းချရန် ကမ်းလှမ်း ခဲ့ကြောင်း သိရှိရသည်။ အသက်(၁၈)နှစ်သာ ရှိသေးပြီး အမည်မဖော်ပြသည့် မိန်းကလေးသည် အင်တာနက်မှတစ်ဆင့် မိမိ၏ အပျိုရည်ကို လေလံတင်ထားခြင်း ဖြစ်သည်။ သူမအနေဖြင့် ပေါင်စတာလင် (၁၈၀၀၀)ဝန်းကျင် [ဒေါ်လာသုံးသောင်းမျှ]ဖြင့် ဈေးပေးသူနှင့် ပထမဆုံး တစ်ညတာကို ဖြတ်သန်းရန် အသင့်ရှိနေကြောင်း မိန်းကလေးက ပြောဆိုထားသည်။ ထို့အပြင် သူမသည် အသုံးမပြုရသေးသည့် အသစ်ကျပ်ချွတ်ဖြစ်ကြောင်းလည်း ဆိုက်ဘေးရီးယားတွင် နေထိုင်သည့် အဆိုပါ မိန်းကလေးက အာမခံထားသေးသည်။


မိန်းကလေးက လေလံအောင်မြင်သော အမျိုးသားသည် ကရက်စ်နိုယက်ခ်မြို့ရှိ သူမဆန္ဒရှိရာ ဟိုတယ်တစ်ခုတွင် အတူအိပ်စက်ခွင့် ရှိမည်ဟု ကြေညာထားသည်။ အဆိုပါ လေလံကိစ္စသည် ရုရှားတွင် အငြင်းပွားစရာ အခြေအနေ တစ်ခုအဖြစ် ရောက်ရှိ လာသော် လည်း ရဲအဖွဲ့က တစ်စုံတစ်ရာ ဝင်စွက်ဖက်မည် မဟုတ်ဟု ဆိုသည်။ "မိန်းကလေးကရော၊ ဝယ်လက်ဘက်ကပါ ဥပဒေ ချိုးဖောက်မှု တစ်ခုခု မရှိရင် ကျွန်တော်တို့အတွက် ပြဿနာ မဟုတ်ဘူးလေ"ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက မှတ်ချက်ပြုခဲ့သည်။


အဆိုပါ ဆယ်ကျော်သက် မိန်းကလေးက "ကျွန်မ အရေးတကြီး ငွေလိုနေလို့ပါ။ ဒါကြောင့် ကျွန်မ ပိုင်ဆိုင်ထားတဲ့ တန်ဖိုးအထား ဆုံး အရာကို ထုတ်ရောင်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်မရည်မှန်းထားတဲ့ ဈေးနှုန်းကို မြန်မြန်ရဖို့ မျှော်လင့် ပါတယ်။ မနက်ဖြန်ပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်မရဲ့ အပျိုစင်ဂုဏ် စစ်မှန်သလား ဆိုတာကို သက်သေထူဖို့ အဆင်သင့်ပါပဲ"ဟုလည်း လေလံဝက်ဘ်ဆိုက်တွင် ရေးသားထားကြောင်း ဆိုက်ဘေးရီးယန်းတိုင်းမ် သတင်းစာက ဖော်ပြခဲ့သည်။ သူမက "ကျွန်မ ရူးနေတာလည်း မဟုတ်ဘူး။ အဆန်းထွင်တာလည်း မဟုတ်ဘူး။ ကျွန်မ ငွေလိုလို့ပါ။ ပြီးတော့ ငွေသားနဲ့ပဲ ပေးချေစေ ချင်တယ်"ဟုလည်း ဆိုသည်။


ယခုအခါ မိန်းကလေးသည် အက်ဗ်ဂျီနီ ဗိုလ်နော့ဗ် အမည်ရှိ အမျိုးသားနှင့် ဈေးနှုန်း ညှိနှိုင်းမှု အဆင်ပြေသွားပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဝယ်လက်အကြောင်း တိတိကျကျ မသိရှိရချေ။ ရဲတပ်ဖွဲ့ကမူ ယင်းအခြေအနေသည် ရုရှားနိုင်ငံ၏ ပြည့်တန်ဆာဆိုင်ရာ အက်ဥပဒေနှင့် ငြိစွန်းကြောင်း သတ်မှတ်၍ မရနိုင်ဟု ယူဆထားပြီး ရာဇဝတ်မှုဖြင့် ဖမ်းဆီးရန် မလိုကြောင်း ပြောဆိုထားသည်။

သင့်ခန္ဓာကိုယ် ကမနှစ်မြို့ဖွယ် အနံ့အသက်တွေ ရှိ၊မရှိကို အနံ့ခံ ပေးမယ့် မိန်းကလေး





သင့်ခန္ဓာကိုယ် ကမနှစ်မြို့ဖွယ် အနံ့အသက်တွေ ရှိ၊မရှိကို အနံ့ခံ ပေးမယ့် ခွေးစက်ရုပ်နှင့် မိန်းကလေး ခေါင်းသဏ္ဌာန် စက်ရုပ် တွေကို တီထွင် လိုက်ပါပြီ။
သင်က အရေးကြီးတဲ့ အစည်းအဝေး သို့မပာုတ် ချိန်းဆိုမှု တစ်ခုကို သွားမယ်ဆိုရင် သင့်ကိုယ်သင် အနံ့ထွက်၊ မထွက် သေချာအောင် စစ်ဆေး သင့်ပါတယ်။ ထိုအခါမျိုးမှာ သင့်မိသားစု၊ သူငယ်ချင်း တွေကို အားနာဖွယ် ကောင်းတဲ့ အနံ့ရှိ၊မရှိ အနံ့ခံ ခိုင်းတာပာာ သင့်အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုပါပဲ။ ဒါတွေ အတွက် စက်ရုပ် လာပါပြီ။

ဂျပန်ကုမ္ပဏီ CrazyLabo နဲ့ Kitakyushu National College of Technology တို့က အနံ့ခံ ပေးမယ့် ခွေးစက်ရုပ်နှင့် မိန်းကလေး ခေါင်း သဏ္ဌာန် စက်ရုပ်တို့ကို တည်ဆောက်ဖို့ အဖွဲ့တစ်ခု ဖွဲ့ခဲ့ကြ ပါတယ်။ ခွေးစက်ရုပ်ပာာ သင့်ခြေထောက်ကို အနံ့ခံ ပေးမှာ ဖြစ်ပြီး ဘယ်လိုအနံ့ မျိုးလဲဆိုတာ အဖြေလေးခုထဲမှ တစ်ခုကို ပြန်ပြောမှာ ဖြစ်ပါတယ်။ အနံ့ပာာ အရမ်း ဆိုးနေမယ် ဆိုရင်တော့ စက်ရုပ်ပာာ သိနိုင်စွမ်း ပျောက်သွားမှာ ဖြစ်ပြီး အနံ့ မထွက်ရင်တော့ ခွေးစက်ရုပ်ပာာ သင့်ကို ချစ်စဖွယ် ပွတ်သပ် ပြမှာပါ။ ဘာသာပြန်လျှင် မွှေးကြိုင်သော ရနံ့၊ ရေမွှေး ဒါမပာုတ် အနံ့လို့ ဘာသာပြန်လို့ ရတဲ့ မိန်းကလေး ခေါင်းသဏ္ဌာန် စက်ရုပ် နိုကီပာာလည်း ထိုနည်းအတိုင်း ပြုလုပ်မှာပါ။ သူ့ရဲ့ မျက်နှာသို့ အသက်ရှူ ထုတ်လိုက်သည်နှင့် "ကောင်းတယ်၊ လိမ္မော်ရနံ့လိုပဲ"၊"အို၊ သင့်အနံ့ ဆိုးတယ်"၊ "မကောင်းဘူး၊ ငါလုံးဝ မခံနိုင်ဘူး"၊ "အရေးပေါ် အခြေအနေပဲ" စသဖြင့် အဖြေ ပေးမှာ ဖြစ်ပါတယ်။

စက်ရုပ် နှစ်ခုလုံးမှာ commercial odor sensor လို့ခေါ်တဲ့ အနံ့ခံ ကိရိယာ တပ်ဆင်ထားပြီး အသက်ရှူ ထုတ်ခြင်းနှင့် ခြေဆီနံ့မှ chemical တွေကို ခွဲခြား သိနိုင်တာပါ။ ဒါပာာ ရယ်စရာတော့ ကောင်းပါတယ်။ ကျွန်တော့် အနေနဲ့တော့ စက်ရုပ်ခွေးပာာ ခန္ဓာကိုယ် မပါတဲ့ မိန်းကလေး ခေါင်းကို အသက်ရူ ထုတ်ပြတာ ထက်တော့ ပိုအဆင်ပြေမယ် ထင်ပါတယ်။

Related Posts Plugin for WordPress, Blogger...