Monday, November 11, 2013

၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ ၀န်ကြီးဌာန ၁၉ ခုမှ နိုင်ငံတော်သို့ ပေးသွင်းရန် ကျပ်သန်းပေါင်း ၁၀ သိန်းကျော်၊ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်နှင့် ရွှေစင် ၁၁၀၀ ပိဿာကျော် ကြွေးကျန်ရှိနေ

Monday, November 11, 2013



နိုဝင်ဘာ ၈ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်

၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်အထိ ပြည်ထောင်စု ၀န်ကြီးဌာန ၁၉ ခုမှ နိုင်ငံတော်သို့ ကျပ်သန်း ၁၁၂၅၀၇၇ ဒသမ ၀၄၂၊ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၃၈၁ သန်း၊ ရွှေစင် ၁၁၃၉၄၈ ဒသမ ၁၃ ကျပ်သား၊ သံချောင်း ၅ ဒသမ ၃၆၂ တန် ပေးသွင်းရန် ကြွေးကျန်ရှိနေကြောင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ် နိုင်ငံတော်၏ ရသုံးစာရင်းများကို စစ်ဆေးတွေ့ရှိချက်များအရ သိရသည်။

နိုင်ငံတော်သို့ ကြွေးကျန်ပေးရန် ကျန်ရှိနေသည့် ၀န်ကြီးဌာနများမှာ ပြန်ကြားရေး ၀န်ကြီးဌာန၊ လယ်/ဆည်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ သစ်တော၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု၊ စီးပွား/ကူးသန်း၊ ပညာရေး၊ ကျန်းမာရေး၊ သတ္တုတွင်း၊ ဘဏ္ဍာရေး၊ စီမံ/စီးပွား၊ ဆောက်လုပ်ရေး၊ ရထား၊ သိပ္ပံနှင့် နည်းပညာ၊ ဟိုတယ်/ခရီး စသည့်ဝန်ကြီးဌာနများဖြစ်သည်။

သတ္တုတွင်း ၀န်ကြီးဌာန၏ ကြွေးကျန်များနှင့် ပတ်သက်၍ သာပေါင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက "၀န်ကြီးဌာန၏ ရွှေစင်ကြွေးကျန်များမှာ ယခင်အစီရင်ခံစာပါထက် လျော့ကျရမည့်အစား၊ သုံးဆခွဲ ပိုမြင့်တက်လာကြောင်း၊ ယင်းကြွေးကျန်ကိစ္စသည် စာရင်းဇယား ပျက်ကွက်မှု သက်သက်မဟုတ်သဖြင့် ၀န်ကြီးဌာနနှင့် ကန်ထရိုက်တို့အကြား ပြည်ထောင်စု အစိုးရက ၀င်ရောက်ဆွေးနွေးပေးရန် တိုက်တွန်းဆွေးနွေးခဲ့သည်။

ယင်းကြွေးကျန်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒုတိယ၀န်ကြီးများက ပြည်ထောင်စု ၀န်ကြီးဌာနများကိုယ်စား နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ပြည်ထောင်စု လွှတ်တော်၌ လာရောက်ရှင်းလင်း ပြောကြားခဲ့ပြီး ယင်းကြွေးကျန်များ ပြန်လည်ရရှိရန်အတွက် တည်ဆဲဥပဒေများအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။

ယင်းကဲ့သို့ ၀န်ကြီးဌာနများမှ လွှတ်တော်တွင် ကတိပေးပြောဆိုမှုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ၀န်ကြီးဌာနတိုင်းသည် ကတိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် ယင်းကတိများအတိုင်း ဆောင်ရွက်နိုင်မည်၊ ဆောင်ရွက်ရန်ဖြစ်နိုင်မည် ဖြစ်သောကြောင့် ပြန်လည်သုံးသပ်ရန် လိုကြောင်း၊ တည်ဆဲဥပဒေများအရ ဆောင်ရွက်မည် ဆိုပါက ၀န်ကြီးဌာနများအကြား၊ ၀န်ကြီးဌာနနှင့် ပြည်သူများအကြား မပြေလည်မှုနှင့် မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ကြောင်း ပြောကြားသည်။

"မလုပ်နိုင်သော ကတိကို ပေးထားခြင်းသည် ကတိခံသွားတဲ့ပုဂ္ဂိုလ် သို့မဟုတ် သက်ဆိုင်ရာ ၀န်ကြီးဌာနမှာလည်း တာဝန်တွေ ရှိနေမှာ ဖြစ်ပါတတယ်။ ဒါကြောင့် ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ပြည်ထောင်စုလွှတ်တော် အတွက်ကော တာဝန်ကျေအောင်၊ အစိုးရ အုပ်ချုပ်ရေး အဖွဲ့နဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနလည်း တာဝန်ကျေအောင်၊ အဆင်ပြေအောင် လုပ်ပေးဖို့ လိုလိမ့်မယ် ထင်ပါတယ်။ ကတိပေးသွားတဲ့ ၀န်ကြီးဌာနတွေ ပြန်ကြည့်ပါ။ တကယ်ပေးတဲ့ အတိုင်းရော လုပ်နိုင်ကြမှာလား။ သို့ရာတွင် လွှတ်တော်ကို တက်ပြီးတဲ့ အခါမှာ ကတိပေးမှ ဖြစ်တယ်ဆိုပြီးတော့ ကတိပေးခဲ့တယ်။ လက်တွေ့ကျတော့ ကတိအတိုင်း မဆောင်ရွက်နိုင်ဘူးဆိုရင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဌာနအသီးသီးမှာ ကတိပျက်ကွက်မှုတွေ ဖြစ်မယ်။ အဲဒီအခါ ပြည်ထောင်စု လွှတ်တော်ကလည်း ကတိတွေ ပျက်ကွက်တာကို ဒီအတိုင်း ကြည့်နေရမယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်မှာလည်း တာဝန်ရှိပါတယ်။ ဒါကြောင့်မို့ ပြဿနာ တစ်ရပ်ကို ဖြေရှင်းတဲ့ နေရာမှာ ဘက်စုံထောင့်စုံ ပါဝင်ဆွေးနွေး အဖြေရှာပြီး လုပ်ဆောင်မှုဟာ အကောင်းဆုံး ဖြစ်ပါတယ်" ဟု ဆိုသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရငွေကျပ် ၁၀ ဒသမ ၅၂၃ ထရီလီယံ၊ သုံးငွေကျပ် ၁၃ ဒသမ ၀၄၁ ထရီလီယံ၊ လိုငွေကျပ် ၂ ဒသ မ ၅၁၈ ထရီလီယံ၊ ဂျီဒီပီမှာ ကျပ် ၅၁ ဒသမ ၃၈၃ ထရီလီယံဖြစ်ပြီး၊ လိုငွေနှင့် ဂျီဒီပီ အချိုးမှာ ၄ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့က ၀န်ကြီးဌာနများအလိုက် နိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့် ၂၈-၁၀-၂၀၁၃ ရက်အထိ စုစုပေါင်း ကြွေးကျန်စာရင်း


စဉ် ၀န်ကြီးဌာန ကျပ် (သန်း) အမေရိကန်ဒေါ်လာ(သန်း) ပစ္စည်း
၁ ပြန်ကြားရေး ၄၁၈ ဒသမ ၆၄၄


၂ လယ်/ဆည် ၄၄၂၅၀၄ ဒသမ ၈၄၁


၃ မွေး/ရေ ၂၈၈၀၅ ဒသမ ၇၈၆


၎ ဆက်သွယ်ရေး ၂၁၈၀ ဒသမ ၇၉၄ ၇ ဒသမ ၄၂၉

၅ ပို့ဆောင်ရေး ၇၉၆၁ ဒသမ ၅၉၄ ၁ ဒသမ ၁၁၈

၆ သစ်တော ၁၄ ဒသမ ၆၄၁ ၀ ဒသမ ၇၈၄

၇ လျှပ်စစ် ၂၇၆၂၇၉ ဒသမ ၁၇၆


၈ စွမ်းအင် ၁၀၄၃၉၅ ဒသမ ၃၈၉


၉ စက်မှု ၂၇၇၂ ဒသမ ၄၄၅


၁၀ စီးပွား/ကူးသန်း ၄၁၉၉ ဒသမ ၇၅၃


၁၁ ပညာရေး ၁၅၁ ဒသမ ၃၉၄


၁၂ ကျန်းမာရေး ၁၄၂၅ ဒသမ ၁၁၃


၁၃ သတ္တှုတွင်း ၇၉၄ ဒသမ ၁၁၈
ရွှေစင် ၁၁၃၉၄၈ ဒသမ ၁၃ ကျပ်သား
၁၄ ဘဏ္ဍာရေး ၁၈၃၀၉၆ ဒသမ ၉၈၅ ၁၀ ဒသမ ၀၄၁

၁၅ စီမံ/စီးပွား ၅၄၇၀၁ ဒသမ ၄၆၉


၁၆ ဆောက်လုပ်ရေး ၈၁၉၈ ဒသမ ၁၈၄ ၀ ဒသမ ၁၁၅

၁၇ ရထား ၆၃၀၉ ဒသမ ၉၀၉
သံချောင်း ၅ ဒသမ ၃၆၂ တန်
၁၈ သိပ္ပံနှင့်နည်းပညာ ၈၆၆ ဒသမ ၈၀၇
၁၉ ဟိုတယ်/ခရီး
၂၄ ဒသမ ၈၉၄

စုစုပေါင်း ၁၁၂၅၀၇၇ ဒသမ ၀၄၂ ၄၄ ဒသမ ၃၈၁ ရွှေစင် ၁၁၃၉၄၈ ဒသမ ၁၃ ကျပ်သား

သံချောင်း ၅ ဒသမ ၃၆၂ တန်

မှတ်ချက်။ ။ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ကြွေးကျန်တွင် ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာအပြင် FEC သန်း ၀ ဒသမ ၀၇၄၊ ယမ်း ၀ ဒသမ ၂၆ သန်း၊ ရင်းဂစ် ၀ ဒသမ ၀၀၂ သန်း၊ ယူရို ၂ ဒသမ ၃၉၆ များ ပါဝင်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...