Monday, October 14, 2013

သွေးကျဲဆေးအကြောင်း သိကောင်းစရာ




သွေးကျဲဆေး (blood thinner) လို့ အလွယ်ခေါ်ကြပေမယ့် သွေးကျဲသွားအောင်လုပ်ပေးတာ မဟုတ် ပါဘူး။ Warfarin ဆိုတဲ့ဆေးဟာ သွေးခဲဖြစ်စေတတ်တဲ့ ဗိုက်တာမင် K ကို အဓိကတားဆီးပြီး သွေးကြောတွေထဲ သွေးခဲပိတ်ဆို့ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေး ကျဲဆေးပေးရတဲ့ အဓိကရည်ရွယ်ချက်ကလည်း အရေးကြီးသွေးကြော ထဲမှာ သွေးခဲမပိတ်အောင်ဖြစ်ပါတယ်။
သွေးကျဲဆေး၏ဘေးထွက်ဆိုးကျိုးကတော့ သွေးထွက်လွန်ခြင်းဖြစ်ပါတယ်။ ဒဏ်ရာရပြီးတော်တော်နှင့် သွေးမတိတ်တာ၊ ဆီးအရောင်နီခြင်း၊ ညိုခြင်းဖြစ်တဲ့အခါ၊ ကတ္တရာစေးလို ၀မ်းမည်းမည်းသွားတဲ့အခါတွေမှာ သွေးကျဲဆေးချက်ချင်းရပ်ပြီး ဆရာဝန်နှင့်ပြဖို့လိုပါတယ်။
သွေးကျဲဆေးနေ့စဉ်သောက်သုံးရသူတွေဟာ နေ့စဉ်အချိန်မှန်မှန် သောက်ပေးဖို့လိုပါတယ်။ ဆေးသောက်ဖို့မေ့သွားလျှင် သတိရရချင်း သောက်သင့်ပါတယ်။ ဆေးသောက်ချိန်ကျော်သွားလို့ တစ်ရက်မသောက်ဘဲ နေလိုက်တာ၊ နောက်နေ့မှပေါင်းသောက်တာ မလုပ်ရပါဘူး။
သွေးကျဲဆေးသောက်သူတွေဟာ သွေးထွက်နိုင်တဲ့ကိစ္စမှန်သမျှ သတိထားရပါတယ်။ ဓါး၊ ကတ်ကြေး၊ ဂျုတ်ကအစ သတိထားကိုင်တွယ်ရပါတယ်။ သွားပွတ်တံကိုလည်း ပျော့ပျော့ပြောင်းပြောင်းရွေးချယ်ဖို့လိုပြီး သွားကြားထိုးတံမသုံးရပါဘူး။ အပြင်ထွက်တိုင်း ရှူးဖိနပ်စီးသင့်သလို လက်ကိုဒဏ်ရာဖြစ်စေနိုင်တဲ့ ကိစ္စတိုင်းလက်အိတ်စွပ်ပြီးမှ အလုပ်လုပ်သင့်ပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးထွက်စေတဲ့ဒဏ်ရာမျိုး အဖြစ်နည်းစေတဲ့ အားကစားမျိုးကို ဦးစားပေးသင့်ပါတယ်။ ဘတ်စ်ကားစီးတဲ့အခါမှာလည်း ကားလက်ကိုင်တန်းနှင့် ခေါင်းမဆောင့်မိစေဖို့ ဂရုပြုသင့်ပါ တယ်။
သီဟ
Source:WebMD

အများသုံးကွန်ပျူတာသုံးပြီးတိုင်း လက်ဆေးပါ






ရုံးတွင်ဖြစ်စေ၊ အင်တာနက်ဆိုင်တွင်ဖြစ်စေ ကွန်ပျူတာသုံး ပြီးပါက မိမိ၏လက်များကို ရေရိုးရိုးနှင့်မဟုတ်ဘဲ ဆပ်ပြာနှင့် သေချာစင်ကြယ်အောင် ဆေးဖို့လို သည်။ လက်ကို မဆေးဘဲ မျက်နှာကို ထိခြင်းမပြုလုပ်ရပါ။ ကွန်ပျူတာခလုတ်မှ တစ်ဆင့် ရောဂါပိုးမွှားများသည် ပါးစပ်၊နှာခေါင်း၊ မျက်လုံးများကို ကူးစက်နိုင်သည်။
ကွန်ပျူတာလက်ကွက်ခလုတ်များ၊ Mouse တို့သည် အမျိုးမျိုးသောရောဂါပိုးမွှားများ ကိန်းအောင်းရာ ပူနွေးသည့်အိပ်ယာများ ဖြစ်သည်ဟု ဆိုထားသည်။ အကယ်၍ ခလုတ်များနှင့် mouse တို့ကို ဆေးကြောခြင်းမပြုမိပါက အဓိကအနေဖြင့် ကွန်ပျူတာသုံးပြီးတိုင်း လက်ကို စင်အောင် ဆေးပါ ။သို့မဟုတ်က ကွန်ပျူတာမှတစ်ဆင့် တုပ်ကွေးနှင့် အခြားကူးစက်ရောဂါများကို ရရှိနိုင်သည်။
ထိုမျှမက ကွန်ပျူတာသုံး နေစဉ် အစားကို လက်နှင့်တို့ထိ၍ စားသုံးခြင်းကို မပြုပါနှင့်။ အနည်းဆုံး ကိုယ်ပိုင်သုံးရေမပါ လက်ဆေး ရည်(Hand wash gel) နှင့် ဆေးကြောပြီးမှ စားသုံးခြင်း၊ဇွန်းနှင့် စားသုံးခြင်းတို့ကို ပြုလုပ်ပါ။

HT

Health Updates Journal

ဦးနှောက်၏ဉာဏ်ရည်စွမ်းအားကို တိုးမြှင့်ပေးသောအစားအစာများ


(၁) ဂျုံနှင့်လုပ်သောအစာများ
ယင်းတွင် ပါဝင်သော Low -GI က ဂလူးကို့စ်ကို သွေးတွင်းသို့ ဖြည်းညှင်းစွာ စီးဆင်းစေပြီး တစ်နေ့တာ စိတ်ပိုင်းဆိုင်ရာနိုးကြားမှုကို ဖြစ်ပေါ်စေသည်။
(၂)ငါးအဆီ
သဘာဝအရ မရှိမဖြစ် လိုအပ်သောအိုမီဂါ ၃သည် ငါးအဆီ တွင် EPA နှင့် DHA အဖြစ် ရှိနေ သည်။ ပဲပိစပ်ဆီ၊ ဖရုံစေ့၊ ပဲပိစပ်၊ သစ်ကြားဆီတို့တွင်လည်း အလားတူ ဦးနှောက်လုပ်ငန်းစဉ်၊ နှလုံး၊ အဆစ်အမြစ် အတွက်ကောင်းစေသည်။ ဥပမာ ဆယ်လ်မွန်ငါး၊ ငါးသား လောက်ယောက်ဖ၊ ငါးကွန်းရှပ်၊ ငါး သေတ္တာငါးဆီများသည် အယ်လ်ဇိုင်း မားရောဂါကို ကာကွယ်ပြီး မှတ်ဉာဏ်ပျောက်ဆုံးမှုကို ကာကွယ်ပေးသည်။
(၃)ခရမ်းချဉ်သီး -တွင် Lycopene အင်တီအောက်ဆီးဒင့်ကို တွေ့ရသည်။ Free radical က ဆဲလ်များကို ပျက်စီးစေခြင်းအား ဟန့်တားပေးသည်။
(၄)ဖရဲစေ့- ကို နေ့စဉ်လက်တစ်ဆုပ် စားပေးပါက ဇင့်နှင့်မှတ်ဉာဏ်ကို တိုးစေသောအားကို တိုးစေပြီး စဉ်းစားတွေးခေါ်မှု အားကိုမြှင့်ပေးသည် ။
(၅)အဆံများ
အဆံများတွင် ဗီတာမင် E ပါဝင်ပြီး အထူးသဖြင့် အရွယ်ရသူများ၏မှတ်ဉာဏ်ကို တိုးပေးသည် ။ အလားတူအရွက်စိမ်းများ၊ ကဥပွတ်၊ သံလွင်ဆီ၊ အစေ့၊ ဥများ၊ ဆန်လုံးညို တို့ကိုလည်း စားသုံးပေးနိုင်သည်။
(၆)ဗီတာမင်များ
ဗီတာမင် B အုပ်စုများ ဖြစ်သည့် B6၊ B12 ဖောလစ်အက် ဆစ်တို့သည် လေဖြတ်ခြင်း၊ အယ်လ် ဇိုင်းမားတို့ကို ဖြစ်စေတတ်သော သွေးတွင်းရှိ Homocysteine level ကို လျှော့ချပေးသည်။
HT
Health Updates Journal

အခွံကို မလွှင့်ပစ်ဘဲ စားသုံးနိုင်သည့် ဆေးဘက်ဝင်အသီးများ




(၁)ကီဝီသီး – အမွှေးနုကလေးများ နှင့် ကီဝီသီးတွင် အင်တီအောက်ဆီးဒင့်မြင့်မားစွာပါဝင်ပြီး အစာအဆိပ် ဖြစ်တတ်သော Staphylococcus နှင့် E-coli စသည့်ရောဂါပိုးမွှားများ ကို တိုက်ထုတ်နိုင်သည်။
(၂) နာနတ်သီး – ယင်း၏အခွံတွင် အမျှင်ဓာတ်နှင့်ဗီတာမင် C တို့ပါဝင် ပြီး ယင်းရှိ broinelain အင်ဇိုင်းသည် အစာချေဖျက်မှုအတွက် ကောင်းမွန်သည်။ နာနတ်သီးတွင် မာကြောသောအပြင်ပန်းရှိသော် လည်း အခွံအောက်အတွင်းသားက နူးညံ့သည်။
စားသုံးပုံ -အူတိုင်ကို ညှစ်ပြီး အဖတ်များဖြစ်အောင် လုပ်၍ဖျော်ရည်တွင် ထည့်ပြီးစားပါ။ ကျန်နေသောအဖတ်များကို စွတ်ပြုတ်၊အ သားဟင်းပြုတ်တို့နှင့်ရောစားပါက ဖိုင်ဘာဓာတ်ကို ရရှိစေသည်။
(၃)ငှက်ပျောသီး- ငှက်ပျောခွံတွင် Lutein အင်တီအောက်ဆီးဒင့်ပါဝင် ပြီး မျက်လုံး၏ဆဲလ်များကို ခရမ်းလွန်ရောင်ခြည်ပြင်းထန်စွာ ကျရောက်ခြင်းမှ ကာကွယ်ပေးသည်။
စားသုံးပုံ -အခွံကို (၁၀)မိနစ်ပြုတ်ပါ ။ ယင်း၏အရည် သို့မဟုတ် ဖျော်ရည်တွင် ရော၍ သောက်ပါ။
(၄)အာလူး – အာလူးအခွံတွင် ဖိုင် ဘာ၊ပိုတက်စီယမ်၊ သံဓာတ်၊ဖော့စ်ဖရပ်စ်နှင့်ဗီတာမင်စီတို့ပါဝင်သည်။ အာလူးအခွံတွင် လိမ္မော်သီးထက်ပို၍ ဗီတာမင်စီပါဝင်သည်။ အအေးမိခြင်းကို အကာအကွယ်ပေးသည်။
စားသုံးပုံ – အာလူးကို အခွံမခွာဘဲ ပြုတ်ပြီး ချေပါ။ သို့မဟုတ် လှီးပါ ။ သံလွင်ဆီထည့်၍ မီးဖုတ်စားပါ။
(၅)ရှောက်သီး -အခွံတွင် Super-Flavonoid ခေါ် အင်တီအောက်ဆီးဒင့်ကြွယ်ဝစွာ ပါဝင်ပြီး HDL Level ကို နိမ့်မသွား စေဘဲ LDL ကိုလက်စထရာကိုသာ လျော့စေသည်။ အရည်ထက် အဆ(၂၀)ပို၍ အစွမ်းထက်သည်။
စားသုံးပုံ -ဖျော်ရည်ထဲတွင် ညှစ်ပြီးသားအခွံကိုပါ ထည့်၍ သောက်ပါ။
ဒေါန

Health Updates Journal

ကလေးများ၏ စိတ်ဓာတ်ကို ညှို့ယူစေသောအရောင်





ကလေးထိန်းမူကြို၊ ကလေးများ၏အိပ်ခန်း စသည်တို့တွင် အရောင်စုံနံရံကပ်စတစ်ကာ သို့မဟုတ် အရောင်စုံအခန်းခြယ်သမှုများသည် ကလေးများ၏စိတ် ကို ဆွဲဆောင်စေကြောင်း သိပံ္ပနည်းကျစမ်းသပ်မှုများအရ သိရှိ နိုင် သည်။
အနီရောင် -ကလေးများ၏စိတ်ကို ကျန်းမာကြံ့ခိုင်ဖျတ်လတ်စေသည်။
ပန်းရောင် -ကလေးများအား မျှဝေခံစားသောစိတ်၊ အေးဆေးတည် ငြိမ်သော စိတ်ကို ဖြစ်စေသည်။
အ၀ါရောင် – ပျော်ရွှင်တက်ကြွသော စိတ်၊ အစာချေဖျက်မှုကောင်းခြင်း၊ မှတ်ဉာဏ်အားကောင်းခြင်းတို့အား ဖြစ်စေသည်။
လိမ္မော်ရောင် -လူအများနှင့်ပေါင်းသင်းဆက်ဆံလိုစိတ်၊ ပတ်ဝန်းကျင် နှင့်လိုက်လျောညီထွေနေလိုစိတ်များ ကလေးတို့တွင် ဖြစ်ပေါ်စေသည်။ စိတ်တည်ငြိမ်မှု၊ အေးဆေးသောစိတ် တို့ကို ဖြစ်စေသည်။
အပြာရောင် -ကလေးတို့၏ကိုယ်၊ စိတ်ကို တည်ငြိမ်စေပြီး ကြောင့်ကြစိတ်၊ ရန်လိုစိတ်တို့ကို လျော့ပါးစေ သည်။
မရမ်းရောင် – အရောင်များ ပေါင်းစပ်ဖြစ်ပေါ်သောအခြေခံစိတ်ကဲ့သို့ တည်ငြိမ်စေခြင်း၊ အသိဉာဏ်ကြွယ်ဝစေခြင်း၊ အ၀ါရောင်ကဲ့သို့ နှလုံး သားမွေ့လျော်ခြင်း၊ အနီရောင်ကဲ့သို့ အားအင်ဖြစ်ခြင်း၊ သက်သောင့်သက်သာခံစားတတ်ခြင်း၊ သစ္စာစောင့်သိစိတ်၊ ကြွယ်ဝချမ်းသာစိတ်များ ဖြစ်စေသည်။
အစိမ်းရောင် -ကလေးတို့အား တည်ငြိမ်အေးချမ်းစိတ်၊ သုခခံစားမှု၊ ကျန်းကျန်းမာမာနေလိုစိတ်၊ လန်းဆန်းသောစိတ်၊ ကြောင့်ကြမှုကင်းပြီး အာရုံစုစည်းတတ်ခြင်း၊ စာဖတ်နိုင်သောဉာဏ်စွမ်းရည်တို့ကို ပေးစွမ်းသည်။

ဒေါန
Health Updates Journal

ဆံပင်ကျွတ်ခြင်းကို ကုသပေးမယ့် လေဆာဦးထုပ်





အနီရောင်လေဆာကို ဦးရေပြားအပေါ်တွင်ပစ်ပြီး ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်မယ့် Laser-firing Helmet ကို တီထွင်နိုင်ခဲ့တယ် လို့ အင်္ဂလန်နိုင်ငံမှာမိတ်ဆက်ခဲ့ပါ တယ်။ အဲဒီဦးထုပ်ကို i Grow Hair Growth System လို့ခေါ်ဆိုပြီး ဆံပင်ပြန်ပေါက်နှုန်းကို ၃၅%ကနေ ၄၀%ထိ မြှင့်တင်ပေးနိုင်မယ်လို့ တီထွင်သူတွေက ပြောကြားထားပါ တယ်။
ဒီလေဆာဦးထုပ်ဟာ ကျန်းမာတဲ့ဆံပင်တွေကိုလည်း ထိန်းသိမ်းထားနိုင်ပြီး ရှိရင်းစွဲ ဆံပင်တွေရဲ့ဆံလုံးကိုထူစေခြင်း၊ ဆံပင်ကျွတ်ခြင်းကို လျော့ပါးစေခြင်းစတဲ့ အကျိုး ရလဒ်တွေ ခံစားရမှာဖြစ်ပါတယ်။ ဒီလေ့လာမှုမှာတော့ အမျိုးသားတွေ ရဲ့ ဆံပင်ပြန်ပေါက်စေဖို့အာမခံခဲ့ပြီး အမျိုးသမီးတွေအတွက်တော့ ဆက်လက် လေ့လာနေပါတယ်။
လေဆာဦးထုပ်ဟာ low Level red laser ၅၁ခုကို သုံးစွဲထားပြီး ပါဝင်တဲ့ LEDမီးလုံးလေးတွေကလည်း ဆံပင်ခြေက ဆံဥလေးများကို သန်စွမ်းစေပါတယ်။ ဒီထုတ်ကုန်ကို Apira Scienceက ထုတ်လုပ်တာဖြစ်ပြီး ဦးထုပ်မှာ သီချင်းနားဆင်နိုင်တဲ့ နားကျပ်လည်း တစ်ပါတည်း ပါဝင်တာကြောင့် ဆောင်းထားစဉ်မှာ ဖျော်ဖြေရေးကိုလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တစ်ခါအသုံးပြုရင် ၂၅မိနစ်ခေါင်းမှာ ၀တ်ထားရမှာ ဖြစ်ပြီး ထိပ်ပြောင်တဲ့ အမျိုးသားတွေ အတွက်တော့ သတင်းကောင်းပဲဖြစ်ပါတယ်။ ခြောက်ပတ်ကနေ ရှစ်ပတ် အတွင်း သိသိသာသာ အကျိုးရလဒ် ကိုခံစားရမှာဖြစ်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် အရေပြားအထူးကုဆရာဝန်တစ်ဦးဖြစ်သူ Dr.Lorrie Klein က ပြောကြားထားပါတယ်။
ဒီဦးထုပ်ကို အသုံးပြုပြီး လ အနည်းငယ်အကြာမှာ ဆံပင်ပိုပြီး အုံထူလာခြင်း၊ ကျန်းမာသန်စွမ်းလာခြင်းတွေကို ခံစားရမှာဖြစ်ပြီး ကိုးလအကြာမှာတော့ အမြင့်မားဆုံး အာနိသင်ကိုရမှာပါ။ ဆက်လက်သုံးစွဲရင်လည်း ဆံပင်ကျန်းမာရေးကို ထိန်းသိမ်းနိုင်ပါတယ်လို့ ယင်းကဆက်လက် ရှင်းပြထားပါတယ်။
ဒီတီထွင်မှု Lasers in Surgery and Medicine မှာ ဖော်ပြထားပါ တယ်။
ငြိမ်းအေး
ref.PTI
Health Updates Journal

ခါးဆစ်ရိုး ထိခိုက်စေသည့် အမူအကျင့်များ





- ထိုင်ခြင်းသည် မတ်တတ်ရပ်ခြင်းထက် ခါးဆစ်ရိုးပေါ် (၄၀) ရာခိုင်နှုန်း ဖိအားပိုမိုသက်ရောက်သည်။ ထို့ ကြောင့် နာရီဝက်တိုင်း မတ်တတ်ရပ်ပါ။ အညောင်းဆန့်ပါ။
- လေ့ကျင့်ခန်းပြုလုပ်သူများ၏ (၄၀) ရာခိုင်နှုန်းသည် ခါးနာသည့်အခါ လေ့ကျင့်ခန်းပြုလုပ်ခြင်းရပ်ဆိုင်းတတ်ကြသည်။ လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်း၊ ယောဂလေ့ကျင့်ခြင်းဖြင့် ခါးနာရောဂါကို အမြန်သက်သာစေသည်။
- လေးလံသည့်အိတ်များလွယ်ခြင်း၊ ဆွဲခြင်းသည် ပုခုံးကို အနိမ့်အမြင့်မညီ ဖြစ်စေသောကြောင့် ခါးဆစ်ရိုးစောင်းစေသည်။ ဘေးကင်းစွာလွယ်နိုင်၊ ဆွဲနိုင်သည့် အများဆုံးအလေးချိန်သည် လူ့ခန္ဓာကိုယ်အလေးချိန်၏ (၁၀) ရာခိုင်နှုန်းသာရှိသင့်သည်။
- ကျန်းမာရေးနှင့်ညီညွတ်အောင် အစာမစားသည့်အခါ အ၀လွန်လာစေပြီး ခါးဆစ်ရိုးကို အားပြုရမှုလွန်ကဲစေသည်။
- မွေ့ရာဟောင်းများသည် လူ့ခန္ဓာ ကိုယ်အလေးချိန်ကို အပြည့်အ၀ ထောက်ပံ့မပေးနိုင်ဘဲ အိပ်ချိန်ကြာလာသည်နှင့် ပျော့အိလာပြီး ကျောရိုး ဆစ်ကိုကျွံဝင်သွားစေသည်။ ထို့ကြောင့် အိပ်ရာနိုးလာသည့်အချိန်တွင် ခါးနာဝေဒနာခံစားရတတ်သည်။ ထို့ကြောင့်မွေ့ရာများကို အနည်းဆုံး ငါးနှစ်တစ်ကြိမ် လဲလှယ်ပါ။
- ဒေါက်ဖိနပ်အမြင့်စီးလျှင် ကျောရိုး ကြွက်သားများ အလုပ်ပိုလုပ်ရသည်။ ဒေါက်ဖိနပ်စီးသည့်အခါ ဖနောင့်အောက်တွင် ကူရှင်ခံစီးပါ။ ဒေါက် ဖိနပ်စီး၍ ဝေးဝေးမလျှောက်ပါနှင့်။
- စိတ်ဆိုးခြင်း၊ စိတ်ဖိစီးခြင်းကြောင့် ကျောကြွက်သားများ တောင့်တင်းစေသည်။ ဒေါသလျှော့ပါ။ စိတ်ဖိစီးမှု လျှော့ပါ။
- တစ်ပတ်လျှင် (၁၅) နာရီခန့် တီဗီကြည့်ခြင်းသည် ခါးနာခြင်းကို သုံးဆပိုမိုဖြစ်ပွားစေသည်။ တီဗီ ကြည့်ချိန်လျှော့ချပါ။ ကြော်ငြာဝင်ချိန်တွင် အကြောဆန့်ပါ။
- ခါးနာခြင်းကို လစ်လျူရှုမထားပါ နှင့်။ နောက်ထပ် ဒဏ်ရာဒဏ်ချက်မ ဖြစ်ခင်ကုသမှုခံယူပါ။
သီဟ

Source:backsurgeon
Health Updates Journal

စိတ်ကျရောဂါပျောက်ဆေးနှင့် အမျိုးအစား(၂)ဆီးချိုရောဂါ ဆက်စပ်နေ







University of Southam-pton မှာရှိတဲ့ လေ့လာသူအဖွဲ့တစ်ခုက စိတ်ကျရောဂါသက်သာစေသည့် ဆေးများနှင့်အမျိုးအစား(၂) ဆီးချို ရောဂါဆက်စပ်ပုံအကြောင်းကို တွေ့ ရှိခဲ့ပါသည်။ လေ့လာသူတွေက ယခင်လေ့လာမှုပေါင်း (၂၂)ခု၊ လူဦးရေ(၁)သန်းခန့်နှင့် စိတ်ကျရောဂါ ပျောက်ဆေးအမျိုးမျိုးတို့ကို ပြန်လည် အသေးစိတ်စိစစ်ခဲ့ပြီးမှ ယခုရလဒ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရလဒ်များအရ စိတ်ကျရောဂါပျောက်ဆေး သောက်သုံးခဲ့ရသူ အတော်များများတွင် အမျိုးအစား(၂) ဆီးချိုဖြစ်ပွားကြောင်း တွေ့ခဲ့ရသည်။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ စိတ်ကျရောဂါ ပျောက်ဆေးများက ခန္ဓာကိုယ် အလေးချိန်တိုးခြင်းကို ဖြစ်စေပြီး ယင်းက တဖန်ပြန်၍ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းမှု၌ ပြဿနာဖြစ်စေကာ ယင်းကြောင့်အမျိုးအစား (၂)ဆီးချိုကို ပိုမိုဖြစ်ပွားစေခြင်းဖြစ်သည်ဟု လေ့လာသူ အဖွဲ့ခေါင်းဆောင် ပါမောက္ခရစ်ချက်ဟော့(တ်)က အဆိုပြုခဲ့သည်။ အင်္ဂလန်၌ ၂၀၁၂တွင် စိတ်ကျရောဂါ သက်သာဆေး သောက်နေရသူ သန်း၅၀ခန့်ရှိပြီး ဆီးချိုဖြစ်ပွားသူ ဦးရေမှာလည်း နှစ်စဉ် မြင့်တက်လာလျက်ရှိသည့်အတွက် စိတ်ကျရောဂါပျောက်ဆေးများတွင် တွေ့ကြုံရသည့် ယင်းပြဿနာအား လျော့ချနိုင်ရန် ကြိုးစားသင့်သည်ဟု ဖြည့်စွတ်အကြံပြုခဲ့သည်။
အ၀င်း
ref:Netdoctor.co.uk
Health Updates Journal

ရင်သားကင်ဆာကို ကာကွယ်နိုင်တဲ့ မြေပဲထောပတ်





မြေပဲထောပတ် (peanut butter)ဟာ ရင်သားကင်ဆာကို ကာကွယ်နိုင်တယ်လို့ သုတေသနတစ်ရပ်မှာဖော်ပြထားပါတယ်။
ဒီလေ့လာမှုကိုဝါရှင်တန်တက္ကသိုလ်နဲ့ ဟားဗတ်ဆေးတက္ကသိုလ်တို့ ပူးပေါင်းသုတေသနပြုခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆ခုနှစ်မှ၂၀၀၁ခုနှစ်အတွင်းမှာ အမေရိကန်မိန်းကလေး ၉၀၃၉ဦးရဲ့ ကျန်းမာရေးစစ်တမ်းတွေကို အခြေခံပြုလုပ်ထားတဲ့ သုတေသနဖြစ်ပါတယ်။
လေ့လာမှုမှာ ပါဝင်တဲ့ မိန်းကလေးတွေဟာ အသက်၉နှစ်ကနေ၁၅နှစ်အတွင်း အသီးသီးရှိသူများဖြစ်ကြပါတယ်။ ဒါ့ကြောင့် အဲဒီမိန်းကလေးတွေ ၂၀၀၅ခုနှစ်ကနေ ၂၀၁၀ခုနှစ် မှာ အသက်၁၈နှစ်ကနေ ၃၀နှစ်အသီးသီးရှိပြီးရောဂါဖြစ်ပွားမှုကို လေ့လာနိုင်ခဲ့တာဖြစ်ပါတယ်။တွေ့ရှိခဲ့ တာကတော့ မြေပဲထောပတ်ကိုစားသုံးခဲ့တဲ့ မိန်းကလေးတွေဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုကို ၃၀% လျှော့ချနိုင်ခဲ့တာပဲဖြစ်ပါတယ်။
လေ့လာမှုခေါင်းဆောင်တွဲဖက်ပါမောက္ခ Dr.Graham Colditz က မြေပဲထောပတ်က ရင်သားကင်ဆာကိုကာကွယ်နိုင်မှုကို ဆက်လက်လေ့လာနေပြီး ဘယ်ဓာတ်ပေါင်းက ကာကွယ်နိုင်တဲ့ အာနိသင်ရှိသလဲဆိုတာကိုဖော်ထုတ်နေကြောင်းပြော ကြားခဲ့ပါတယ်။
ဒီလေ့လာမှုကိုJournal of Nutritionမှာဖော်ပြထားတာဖြစ်ပါ တယ်။
သန့်စင်
Health Updates Journal

*** ဗုံး.............သတိ ***


================

• မိုင်းလို့ယူဆရတာနှင့် လုံးဝမထိပါနှင့်

• ဘေးတွင် သဲအိပ် ရေဖြည့် ပလတ်စတစ်ပုံး များဖြင့်ဝန်းရံပါဖြေး ညှင်းစွာ လုပ်ပါ

• အရှိန်ကြောင့်အသက် ဝင်နိုင်ပါသည်။

• ဓါတ်ပုံမရိုက်ပါနှင့် အလင်းကြောင့်ကွဲအောင် လုပ်လို့ရပါသည်။

• အသံမဆူညံပါစေနှင့် အသံကြောင့်လည်း ကွဲနိုင်ပါသည် ။

• စပ်စုသူများအနားမနေပါစေနှင့်

• အယောင်ပြပြထားပြီး လူများမှ ရှင်းမည့်သူလာမှ အဝေးထိန်းခွဲနိုင်ပါသည် ။

• မိုင်းမထောင်ရန် မကာကွယ်နိုင်သော်လည်း အထိအခိုက်မများစေရန်ဖြစ်ပါသည်

• မိုင်းကွဲကွဲခြင်း ဒါဏ်ရာရသူကူညီရန်သွားပါက မကွဲသေးသော မိုင်းကို သတိထားပါ။

• ပစ္စည်းထုပ်များ မေ့ကျန်ခြင်းများ တွေ့ရှိပါက သတိဖြင့် ကြည့်ရှုပါ။
ထိတွေ့ပြီးမှ ပေါက်ကွဲနိုင်သောကြောင့် ဖြစ်ပါသည်။

• ပစ္စည်းများ မေ့ချင်ဟန် ဆောင်သော သူများကို အမိဖမ်းပါ။ မမိလျှင် မှတ်မိအောင် လုပ်ပါ။

• သံထည်ပစ္စည်း၊ ယမ်း ရှာဖွေသော စက်ပစ္စည်းများ တပ်ဆင်မထားနိုင်သည့် ကုန်တိုက်များတွင် ပစ္စည်းထားရှိသူများအား သတိပြုရန်။

• တည်းခိုခန်းမန်နေဂျာများ မူမမှန်သည့် ခရီးသည်များ၊ မသင်္ကာစရာ တည်းခိုသူများ တွေ့ရှိပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားပါ။

• မလုံမလဲ အထုပ်အပိုးများနှင့် တွေ့ရှိပါက သတိထား စောင့်ကြည့်ပါ။ သက်ဆိုင်ရာသို့ အကြောင်းကြားပါ။

• ယာဉ်စီးစဉ် အထုပ်အပိုးများကို ဂရုပြုပါ။

အကောင်းဆုံးအကြံပြုချင်တာကတော့ မိုင်း (သို့) ဗုံး (သို့) ပေါက်ကွဲတတ်တဲ့ အရာဝတ္ထုလို့ သံသယရှိဖွယ်ရာ ဖြစ်လာတာနဲ့ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ / အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူ များ ထံ သတင်းပေးပို့ ကြပါ

အထူးအဆန်းလုပ်ပြီး ၀ိုင်းကြည့်မနေကြပါနဲ့ ဆိုတာ အရမ်းအရေးကြီးပါတယ်
remote များ ဖြစ်နေခဲ့ရင် လူများလေ ကောင်းလေပေါ့

(၀ဏ္ဏဖေသော်) Red Star News

ညွှန်မှူးယောက်ဖကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်း၊ မြင်းဆေး ၆၆ ပြားတွေ့


MONDAY, OCTOBER 14, 2013


မနေ့ညက ကရင်ပြည်နယ် ဘားအံမြို့မှာ ရဲကား ၃ စီးက လိုင်စင်မဲ့ကားတစီးကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်းကြတယ်လို့ ဒီတပတ်ထုတ် မြန်မာပို့စ် ဂျာနယ်မှာ ရေးထားပါတယ်။

(ဓာတ်ပုံများ - ဇော်ရဲထက်)

ကားထဲမှာ စိတ်ကြွဆေး ၆၆ ပြား တွေ့တယ်၊ လိုင်စင်မဲ့ကားမောင်းသူက ညွှန်ကြားရေးမှူးအဆင့်ရှိ အစိုးရအရာရှိကြီးတဦးရဲ့ ယောက်ဖ တော်စပ်သူဖြစ်တယ်လို့ ဘားအံမြို့ရဲစခန်းကို ကိုးကားပြီး ဂျာနယ်မှာ ရေးထားပါတယ်။

ဘားအံ ၉ ရပ်ကွက် ကညနရုံးအနီးမှာရှိတဲ့ အိမ်ထဲက ထွက်လာတဲ့ကားကို ၀ိုင်းဖမ်းကြတာလို့ ဂျာနယ်မှာ ရေးထားတာပါ။

ဖမ်းချုပ်ထိန်းသိမ်းရာမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ဆိုနိုင်တာကတော့ လက်ထိပ်ကိုင်ထားတဲ့ အမျိုးသမီးရဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။

ကိုင်ထားတဲ့လက်ထိပ်နဲ့ တယောက်ကို ခတ်လိုက်တယ်၊ လမ်းပေါ်မှာ မှောက်လျက်အနေအထားရှိတဲ့ နောက်တယောက်ရဲ့ ဇက်ကို ဒူးနဲ့ ဖိထားတာကို တွေ့ရပါမယ်။

ဘားအံအခြေစိုက် ရဲအရာရှိတဦးဖြစ်မယ်လို့ ယူဆရပါတယ်။

အိမ်ထဲကအထွက် ပိတ်ဖမ်းတယ် ဆိုတော့ သူတို့ ဖမ်းရမယ့်သူ(တွေ)ကို စောင့်ကြည့်နေတာလည်း ဖြစ်နိုင်ပါတယ်။
လိုင်စင်မဲ့ကားမောင်းလို့ ဖမ်းတာတော့ မဖြစ်နိုင်ပါဘူး။ ကရင်ပြည်နယ်မှာ လိုင်စင်မဲ့ကား များတဲ့အတွက် ကားဖမ်းဖို့အတွက်တော့ အဲဒီလောက် လှုပ်ရှားစရာ မလိုပါ။
တခြားအကြောင်းအရာအတွက် ဖမ်းတာ ဖြစ်မယ်လို့ ထင်ပါတယ်။

မြင်းဆေး ခေါ် စိတ်ကြွဆေး အလုံးခြောက်ဆယ်ကျော် ဖမ်းမိတယ်လို့ သတင်းမှာ ရေးထားတဲ့အတွက် မူးယစ်ဆေးအမှုအတွက် သံသယရှိလို့ ဖမ်းတာဖြစ်မယ်လို့ ယူဆရပါတယ်။




ဧရာဝတီ 

မိန်းကလေးများအတွက် သားအိမ်အလုံးအန္တရာယ်




...................

အမျိုးသမီး တွေရဲ့ချက်အောက်မှာ အလုံး တွေ့ရပြီး တဖြည်းဖြည်းနဲ့ အလုံးက ကြီးလာမယ်၊ ဝမ်းမသွားနိုင်၊ ဆီးမသွားနိုင် ဖြစ်မယ်၊ ဝမ်းဗိုက်ထဲ တက်လာတဲ့ အခါ သိပ်ကျပ်လွန်းလို့၊ အသက်ရှူ ကျပ်တာမျိုး၊ သားအိမ် အပြင်ဘက်ကို ထွက်လာတဲ့ အလုံးအညှာ ရှည်ထွက်ပါက အညှာနှင့် အလုံးကြီး ရှည်ရှည်လျားလျား၊ ကြီးကြီးမားမား ဖြစ်ကာ အလုံးက အဝေးမှာ ရှိပြီး အညှာလိမ် သွားလို့ နာကျင်လွန်းတဲ့အခါ အရေးပေါ် ခွဲစိတ် ရတတ်တယ်။


အလုံးက လိုဏ်ခေါင်းထဲ ရှိနေပြီး ခဏခဏ သားပျက်ကာ သားသမီး မရနိုင်တာမျိုး၊ ပုံမှန်အားဖြင့် အမျိုးသမီး ၁ဝဝ မှာ ၉၉ ယောက်က နှစ်နှစ်၊ သုံးနှစ်အတွင်း တဖြည်းဖြည်း ကြီးလာပြီး လက်သီးဆုပ် အရွယ်လောက် အလုံး ဖြစ်လာမယ်။ အကြောင်း အမျိုးမျိုးကြောင့် ကြီးလာ၊ နာလာရင် အရေးပေါ် ခွဲစိတ် ကုသရတယ်။ အချို့အလုံးက ကိုယ်ဝန်ဆောင်တာနဲ့ ယှဉ်ပြီးဖြစ်ကာ သန္ဓေသားကို ဒုက္ခမပေးဘဲ၊ ကလေးမွေးမှ နံရံမှာ အလုံးရှိမှန်း သိရလို့ တစ်ခါတည်း ခွဲစိတ် ကုသရတတ်တယ်။ အချို့ နံရံထဲ အလုံးကြီးလို့၊မကျုံ့နိုင်ဘဲ မွေးပြီး သွေးသွန်တတ်တယ်။ သို့မဟုတ် မမွေးခင်မှာ အလုံးကြီးက ကြီးလာပြီး ကလေး အနေအထား မမှန်ဖြစ်တတ်တယ်။ ခေါင်းအောက်ဆိုက်ရမဲ့ အစား ကန့်လန့် နေတတ်တယ်။ မွေးချိန် ကြာတတ်တယ်။ မိခင် ဘယ်လောက်ညှစ်အား ကောင်းကောင်း ကလေး မထွက်နိုင်ဘူး။

သားအိမ်ထဲ အလုံးရှိရင် ရောဂါဖြစ်၊ မဖြစ် သေချာအောင် Ultrasond ရိုက်ပြီး အနုအရင့် ခွဲခြားကာ အဆင့် သတ်မှတ်နိုင်မယ်။ ရိုးရိုးအကျိတ်လား သို့မဟုတ် ကင်ဆာအကျိတ်လား သေချာအောင် စမ်းသပ်မှုတွေ လုပ်ရတယ်။ အထူး စမ်းသပ်ချက်တွေ လိုတယ်။ အချို့ ကိုယ်ဝန် ရင့်တော့မှ အလုံးရှိမှန်း သိလို့ ကလေးမွေးရင်း တစ်ခါတည်း ဖယ်ရှား လိုက်တာမျိုး တွေ့ဖူးတယ်။ ခွဲကြောင်း မလိုချင်လျှင် အတွင်းကြည့် မှန်ပြောင်းသုံးပြီး အသားလုံး ထုတ်ယူကာ ခွဲကြောင်းကြီးကြီး မပေးဘဲ တစ်စချင်း ထုတ်ယူတာမျိုး ရှိတယ်။ ခွဲပြီး သိပ်မကြာခင် အနာကျက်တယ်။ မြန်ဆန်တယ်။

နောက်တစ်နည်းက လေဆာနည်းနဲ့ Hystosupic Myomutomy ဆိုတာ ဗိုက်ပေါ် အပေါက်လည်း မလုပ်၊ ခွဲကြောင်းလည်း မလုပ်၊ အောက်ကနေ သားအိမ် လည်တံဖြတ်ပြီး တိုက်ရိုက်ဝင်တာ၊ သားအိမ် လိုဏ်ခေါင်းထဲ အထိ တိုက်ရိုက်ဝင်ပြီး နံရံမှာရှိတဲ့ အလုံးကို အသေးလေးတွေ လုပ်ပြီး ထုတ်တာ။ နောက်တစ်ခုက ခွဲစိတ်စရာ မလိုဘဲ သွေးထောက်ပံ့နေတဲ့ သွေးကြော နှစ်ဖက်ကို ပိတ်ဆို့လိုက်ရင် သွေးကြော ဖြတ်တာနဲ့ တူသွားပြီး ကင်ဆာ အလုံးဟာ မကြီးဘဲ သေးသေးသွားပြီး ရှုံ့သွားလို့ခွဲဖို့ မလိုတော့ဘူး။

နောက်တစ်ခုက ဟော်မုန်းဓာတ် အဲဒီဆေးပေးရင် အလုံးက ကျုံ့ပြီး ဆက်မကြီးဘူး။ ခွဲပြီးလုပ်တာ မဟုတ်ဘဲ မှန်ပြောင်းနဲ့ ခွဲစိတ်တာ ဖြစ်တယ်။ လည်တံကနေ သွင်းပြီး အဲဒီမှန်ပြောင်းက တစ်ဆင့် အတွင်းက အလုံးကို ထုတ်တဲ့အခါ ခုန ဟော်မုန်းဆေး တစ်မျိုးကို မခွဲခင် ခြောက်ပတ် သို့မဟုတ် တစ်လခွဲလောက် ပေးထားတော့ သားအိမ်နံရံက အလုံးကျုံ့ပြီး ဘေးဝန်းကျင်နဲ့ သီးသန့် ဖြစ်သွားတယ်။ ထုတ်တဲ့ အခါ လွယ်ကူသွားတယ်။ ဆေးမပေး မိရင် ကြွက်သားတွေနဲ့ တွဲတာကြောင့် သွေးထွက်တာနဲ့ သွေးတိတ်အောင် လျှပ်စစ်နဲ့ ထိရတယ်။

ကင်ဆာမဖြစ်ခင် ကြိုတင် ကာကွယ်ရေးဟာ အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ စကားအတိုင်း ကင်ဆာအဖု၊ အကျိတ် ရှိ၊ မရှိ ကာယကံရှင် အဖို့ ရေချိုးနေ တုန်း စမ်းသပ် ကြည့်နိုင်သလို ကလေး မမွေးဘူးသေးသူများ အနေနဲ့ သားအိမ်ခေါင်း ကင်ဆာနဲ့ ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးခြင်းနဲ့ အတူ သားအိမ်အတွင်း အလုံးရှိ၊ မရှိ ကို ပုံရိပ်ဖော်စက်နဲ့ ဖတ်ကြည့်ရင်ဖြင့် ကြိုတင်သိနိုင်၊ ကာကွယ် နိုင်ပါတယ်။ ။

ရေကန်ထဲကဆား





အရမ်းကောင်းတဲ့ ဥပမာ လေးပါ ...ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ်

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဆီကို တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက် ရောက်လာပါတယ်..

ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က

“ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်

.. ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့
မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်.

မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်.. ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ

ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်..

ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ”

လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်.. ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်..

ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.

. . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု
မဟုတ်တော့ဘူးပေါ့…” “ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ.. ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်.......

credit:satekuupuyar.blogspot

ယောင်္ကျားတွေက ဒီလိုပဲလား..ဒါလား ယောင်္ကျား(စုံတွဲများဖတ်သင့်သည်)





ဝုန်း...
ကျွန်တော့် အခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သော အသံကြောင့် ကျွန်တော်ရော ကျွန်တော့် ချစ်သူပါ လန့်သွားပြီး။ အခန်း တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်နေသော ကျွန်တော့် အဖေ။ ကျွန်တော့်ချစ်သူက မျက်နှာ လွှဲနေလိုက်ပါတယ်။
နှစ်ယောက်စလုံး ဧည့်ခန်းထဲကိုလာခဲ့ ။

အဖေ ကပြောပြီး အပြင်ကို ထွက်သွားပါတော့သည်။ ချစ်သူကို အခွင့်အရေးယူရန် ကျိုးစားနေသော ကျွန်တော်။ အဖေ ကိုယ်တိုင် မိသွားသဖြင့် ရှက်စိတ် မွန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ ကျွန်တော့် ချစ်သူလက်ကို လှမ်းအဆွဲ နေဦးလေ ကိုမောင်ရဲ့  ကြည့်ကောင်းအောင် လုပ်ပါရစေဦး။ ကျွန်တော်တို့  နှစ်ယောက် ဧည့်ခန်းကိုရောက်တော့။

အဖေက ကျွန်တော့်ချစ်သူအား။ သမီးကို ဒီကောင် တစ်ခုခု လုပ်လိုက်ပြီလား။
ဘာ ဘာမှ မလုပ်ပါဘူးဦး သမီးသမီးတို့ ဘာမှ မဖြစ်ကြပါဘူး။ ကျွန်တော့်ချစ်သူက ကြောက်အား လန့် အားနဲ့ အထစ်ထစ် ငေါ့ငေါ့ ပြန်ဖြေသည်။
အဖေက ကျွန်တော့်ကိုကြည့်ပြီး။ မင်းသူ့ကို ပြန်လိုက်ပို့ ပေးလိုက်။
ကျွန်တော် ချစ်သူလက်ကို ဆွဲပြီး ဘတ်စကား မှတ်တိုင်မှ ကားပေါ် တင်ပေးလိုက်ပါတယ်။ အိမ်သို့ ပြန်ရောက်သည်နှင့် အဖေက ဒီမှာထိုင် ဒါလားကွ ယောင်္ကျား ။။
မင်းကို ငါတို့ က တစ်ယောက်ထဲ မွေးထားတာ မင်းမှာ ညီမ မရှိဘူးဆိုပြီး နှမချင်း မစာနာပဲ ဒီလို လုပ်တာလား။

မဟုတ်ပါဘူး အဖေရာ သားတို့ ခုလဲ ဘာမှ မဖြစ်ကြပါဘူး။ သူလဲ ပြောသွားတယ်လေ။
ဖြစ်ဖြစ် မဖြစ်ဖြစ် မင်း အခွင့်အရေး ယူဖို့ ကျိုးစားတယ် မဟုတ်လား မလိမ်နဲ့ ငါ့ကို မှန်မှန်ပြော။
ဟုတ်ပါတယ် အဖေ သား ၀န်ခံပါတယ်။ သား ကျိုးစားမိပါတယ် သား မှားပါတယ်။
ငါအိမ်ပြန်ရောက်တာ မြန်ပေလို့ ပေါ့ကွာ။ ဒီမှာ မောင်မောင် မင်းကို အဖေ ငယ်ငယ်လေးကတည်းက ဘုရား ရှစ်ခိုးတိုင်း ငါးပါးသီလ ခံပြီး ရှစ်ခိုးခိုင်းတာ မင်းစိတ်ထဲမှာ ကဗျာရွတ်တာ သီချင်းဆိုတာလိုမျိုး သဘောထားခဲ့တာလား။

မထားပါဘူးအဖေရာ ကံငါးပါးကို မကျူးလွန်အောင် အဓိပ်ပါယ်ပါ အဖေရှင်းပြပြီးမှ ရှစ်ခိုးခိုင်းခဲ့တာပါ။
ဒါဆို ဘာကြောင့် ခုလို လုပ်ရသလဲ ကဲပြော။ ဒါ ကာမေသု မိစ္ဆာစာရကံလေ။
ဟုတ်ပါတယ်အဖေ သားကလဲ လူငယ်ဆိုတော့ စိတ်အလိုလိုက်ပြီး ခုလို ဖြစ်ခဲ့ရတာပါ။ သားတောင်းပန်ပါတယ်အဖေ။ တကယ်ပြောတာပါ နောက်ဒီလို ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဂတိပေးပါတယ်။ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်အဖြစ် ခွင့်လွှတ်ပေးပါ။
အေးမှတ်ထား ယောင်္ကျားဆိုတာ ခန္မာကိုယ်က ယောင်္ကျား ဖြစ်နေတိုင်း ယောင်္ကျားလို့ ပြောလို့ မရဘူး။ စိတ်ဓါတ်ကအစ တကယ်ယောင်္ကျား ပီသတဲ့စိတ်မျိုး ထားနိုင်မှ ယောင်္ကျားကွ။ ကိုယ်လက်ထပ် မယူနိုင်သေးတဲ့ ကိုယ့်ချစ်သူကို ဘယ်တော့မှ ဒီလို မလုပ်နဲ့ ။ သူက ကိုယ့်ကို ချစ်လို့  အလို လိုက်မယ် ဆိုရင်တောင်မှ ကိုယ်က အခွင့်အရေး မယူသင့်ဘူး။ မှတ်ထား ကိုယ်ကလဲ ချစ်သူဘ၀မှာ ဒီလိုမျိုး အခွင့်အရေး မတောင်း အပ်ဘူး။

ဟုတ်ကဲ့ပါအဖေ သားမှတ်ထားပါ့မယ် ။ သားချစ်သူကိုလဲ တွေ့ ရင် တောင်းပန်လိုက်ပါ့မယ် အဖေ။
အေး ဒါက လုပ်သင့်တဲ့ အလုပ်ပဲ။ ယောင်္ကျားကောင်းမှန်ရင် မှားတာကိုလဲ ရဲရဲ ရင့်ရင့် ၀န်ခံရဲတဲ့ သတ္တိ ရှိရမယ်။ အေး နောက်ထပ် ဒါမျိုး အဖေ မတွေ့ ချင်ဘူး။ မင်းဂတိကိုလဲ မင်းမှတ်ထား။ သွားတော့။
ဒီလိုနဲ့  ၂ ရက်လောက် အကြာ ညနေဖက် အဖေ့ရဲ့ ညီ ဦးချစ်ခင်ရဲ့ အိမ်ကို ကျွန်တော် ရောက်သွားပါတယ်။
ဟာ လာဟေ့ ငါ့တူ မောင်မောင် ဘယ်လိုလဲ ပျောက်ချက်သား ကောင်းနေပါလား။ မင်းကိုကြည့်ရတာ မျက်နှာလဲ မကောင်းပါလား။

ဟုတ်တယ် လေးလေးချစ်ရေ အိမ်မှာ ဟိုနေ့ က ပြဿနာ အကြီးကြီး တက်လို့ ။
ကျွန်တော်က အဖေ့ညီ ဦးချစ်ခင်ကို ဦးလေးချစ်ဟု မခေါ်ပဲ လေးလေးချစ်ဟုခေါ်ပါသည် ။
ဘယ်လို ဖြစ်တာလဲ မင်းအဖေနဲ့ လား။
ဟုတ်တယ်လေးလေးချစ် အဖေနဲ့ ကျွန်တော်နဲ့ ။
ဘယ်လိုဖြစ်တာလဲကွ ပြောစမ်းပါဦး။
ကျွန်တော်က ဟိုတနေ့ က အကြောင်းကို ပြန်ပြောပြလိုက်ပါတယ် ။။
အင်းမင်းကလဲ မင်းပဲ အေးလေ မင်းက လူငယ်ပဲ။ ဒါပေမဲ့ ငါ့အကိုကြီး အကြောင်းကို ငါသိတယ်။ သူက ဒါမျိုး မရဘူးကွ။ သူနဲ့ ငါနဲ့ က ၁၀ နှစ်လောက် ကွာတော့ ငါငယ်ငယ် ကလဲ မင်းလိုပဲ သူ့ ကိုကြောက်ခဲ့ရတာကွ။ ဘုရားရှစ်ခိုးတိုင်းလဲ ငါးပါးသီလ ခံပြီး ရှစ်ခိုးရတာ အင်း ခုထိပါပဲကွာ။ အဲဒီ အကျင့်ကောင်းလေးကတော့ ခုထိကို စွဲနေတော့တာပါပဲ။ မင်းအန်တီလေးနဲ့ လေးလေးနဲ့ အိမ်ထောင် မကျခင် ချစ်သူဘ၀မှာလဲ မင်းအဖေ က လေးလေးကို မင်းကို အခုပြောသလိုပဲ ဆုံးမခဲ့တာကွ။ ငါနဲ့ မင်းအန်တီလေး ချစ်ဘူဖြစ်ပြီး ၂ နှစ်လောက်ကြာမှ သူကိုယ်တိုင်ပဲ မင်းအန်တီလေးမိဘ တွေဆီလိုက်တောင်းပြီး ပေးစားခဲ့တာကွ။
ဟုတ်လား အန်တီလေး။

ကျွန်တော်က လေးလေးချစ် ဘေးနားတွင် ထိုင်နေသော လေးလေးချစ် မိန်းမ အန်တီ မိုးမိုး ကိုလှမ်းမေးလိုက်ပါတယ်။
အမလေး မင်းအဖေကတော့ မပြောပါနဲ့ တော့ မောင်မောင် ရေ့ ။
မင်းလေးလေးနဲ့ ချစ်သူဖြစ်တာ မင်းအဖေ သိသွားတော့ အန်တီလေးကို တွေ့ ချင်တယ် ခေါ်ခဲ့လို့ ပြောတယ်။ အန်တီလေးလဲ ကြောက်ကြောက်နဲ့ လိုက်ပြီး တွေ့ ခဲ့ရတယ်။
ပြောတာများ စုံနေတာပဲ။ လက်မထပ်ခင်မှာ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေဖို့ ။ တစ်ယောက်ကို တစ်ယောက် သစ္စာရှိဖို့ စိတ်အလို မလိုက်ကြဖို့  ၂ ယောက်စလုံးကို ပြောဆို ဆုံးမပြီး ဂတိတောင်းတယ်လေ။ နောက်တော့လဲ မင်းအဖေ ကိုယ်တိုင်ပဲ လက်ထပ်ပေးခဲ့တယ်။ မင်းအဖေက ကိုယ်ကျင့်သီလကို အရမ်း တန်ဖိုးထားတဲ့လူ။ မင်းလဲ မင်းအဖေ စကားကို နားထောင်ပါ ငါ့တူရယ်။
ဟုတ်ကဲ့ပါ အန်တီလေးရယ် ကျွန်တော်လဲ နောက်မဖြစ်အောင် သတိထားပါတော့မယ် ဂတိပေးပါတယ်။
မင်းကိုတော့ လေးလေးချစ် အပြစ် မတင်ချင်ပါဘူးကွာ ဒါပေမဲ့ နောက်ထပ် ဒီလိုမျိုး မဖြစ်စေနဲ့ ကွာ။ ဒီခောတ်မှာ မင်းတို့ အရွယ် လူငယ်လေးတွေ အတွေးအခေါ် မှားနေတာလေးတွေတော့ လေးလေးချစ် ပြောပြချင်တယ် ။ ဒါပေမဲ့ ခောတ်ရေစီးကြောင်းကို အပြစ်ပုံချမယ်ဆိုရင်တော့ ရတာပေါ့ ကွာ။

ဟိုတစ်နေ့ က မနက်ပိုင်းလေးလေး ထိုင်နေကြ လ္ကက်ရည်ဆိုင်မှာ ထိုင်နေတုံး လေးနားဝိုင်းမှာ ငါ့တူအရွယ် လူငယ် ၃ ယောက် စကားပြော နေတာများကွာ လေးလေး ကြားရတာနဲ့ တင် ဒေါသဖြစ်မိတယ်။ မိန်းကလေးတွေကို ဟင်းရွက်ကစွန်းများ အောက်မေ့နေသလား မသိပါဘူးကွာ။ ဘယ်မိန်းကလေးနဲ့ ဘယ်လို စွံနေတာ သူ့ ကိုဘယ်လို အခွင့်အရေးပေးတာ သူပြောသမျှ အားလုံး လိုက်လျောတာ သူ့ ကို ဘယ်လောက်ချစ်တာ စုံနေတာပါပဲကွာ။ တစ်ယောက်နဲ့ တစ်ယောက် ကောင်မလေးတွေနဲ့ ပတ်သက်လို့  ဂုဏ်ဖေါ်ပြောနေကြတာ။ လေးလေးက သူတို့ စကားတွေကြားရတော့ သူတို့ အကြောင်း မသိပဲ ချစ်နေကြတဲ့ မိန်းကလေးတွေကို သနားမိသလို ကိုယ်ကျငိ့တရား ကောင်းအောင် မဆုံးမခဲ့ကြတဲ့ သူတို့ မိ ဘတွေကိုပဲ အပြစ်တင်ချင်နေမိတော့တယ်။ ဒီလိုသာဆိုရင် ငါတို့ တိုင်းပြည်မှာ ကိုယ်ကျင့် သီလကို တန်ဖိုးထားတဲ့ ယောင်္ကျားကောင်းတွေ တဖြည်းဖြည်း ရှားပါးလာပြီး နောက်ဆုံး ယောင်္ကျား ခန္မာကိုယ် ရှိတဲ့ ယောင်္ကျားယုတ်တွေပဲ များလာတော့မယ်။ ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ ယောင်္ကျားတွေတောင် ပျောက်ကုတ်မှာစိုးရိမ်ရတယ် ။ ပတ်ဝန်းကျင်မှာလဲ မြင်နေရတာပဲ။ စိတ်ကို မနိုင်ကြလို့ ငယ်ငယ် ရွယ်ရွယ်နဲ့  မဖြစ်သင့် တာတွေဖြစ်ပြီး လက်ထပ်ကြ မကြာပါဘူး ပြန်ကွဲသွားကြ နဲ့  မင်းလဲ မြင်နေရတာပဲ။ ဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကွဲလေးတွေဖြစ် သွားကြတော့ မပျက်စီးသင့်တဲ့ မိန်းကလေးတွေ အများကြီး ပျက်စီးသွားရတာပေါ့ကွာ ။

ဒီလို ကိစ္စတွေဟာ ဘယ်သူ့ ကိုမှလဲ အပြစ်ပြောလို့ မရပြန်ဘူးကွ။ ခုခောတ် သူတို့ လေးတွေ ပတ်ဝန်းကျင် မှာလဲ နိုင်ငံခြား ရုပ်ရှင်တွေ ဗွီဒီယိုတွေ သတင်းတွေ စာပေတွေကလဲ အတုယူမှားလောက်အောင် တနည်းတဖုံအားဖြင့် ဆွဲဆောင် သလို ဖြစ်နေကြတာလဲ ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့ အဓိကအနေနဲ့  မိန်းကလေးတွေ ကလည်း စိတ်အလို မလိုက်ပဲ စည်းတဲ့ ကမ်းနဲ့ နေထိုင်ပြီး ကိုယ့်ချစ်သူကို လေ့လာရမယ် အကဲခတ်ရမယ် အလိုမလိုက်သင့်တာကို အလို မလိုက်ရဘူး။ ယောင်္ကျားလေးတွေကလည်း ငါဟာ ယောင်္ကျားဆိုတဲ့စိတ်ကို မွေးပြီး သူ့ နှမ ကိုယ့်နှမ စာနာတဲ့စိတ်နဲ့  ကိုယ့်ချစ်သူကို မြင့်မြတ်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် သဘောထားနိုင်ရမယ် အချောင်ရတာပဲ ဘာပဲဖြစ်ဖြစ် နောင်ခါလာ နောင်ခါဈေးဆိုတဲ့ ယောင်္ကျားယုတ်တွေရဲ့ စိတ်မျိုး မထားအပ်ဘူး။ ဘာဖြစ်လို့ ဒီလို ပြောရသလဲဆိုရင် နောက်ဆုံး ဖြစ်ချင်တာ ဖြစ်လိုက်လို့ တကယ် နစ်နာသွားတာက မိန်းကလေးတွေ ဖြစ်နေလို့ ပဲ။ ဒါကြောင့် မိန်းကလေးတွေထက် ယောင်္ကျားလေးတွေကပိုပြီး အရေးကြီးတယ်လို့ ပြောချင်တာ။ နောက်ဆုံး ပြောချင်တာကတော့ မိဘတွေပဲ ငယ်ငယ် ကတည်းက ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး သားသမီးလေးတွေကို သွန်သင်ပြသ ဆုံးမ ပေးခဲ့ကြရမယ်။ ဒါမှ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ သားသမီးလေးတွေ ဖြစ်လာကြမှာ။ အခုလို ဖြစ်ချင်တာ ဖြစ်ကုန်ကြတာကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့စိတ်မျိုး မရှိကြလို့ ပဲ။ အဲဒီလိုစိတ်မျိုးရှိလာအောင်လည်း သွန်သင် ဆုံးမမခံခဲ့ကြရလို့ ပဲ။
ဒါကြာင့် ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုသလို အနာဂတ် တို့ တိုင်းပြည်ကို လွှဲပြောင်းယူမဲ့ ယနေ့ လူငယ်လေးတွေဟာ ကိုယ်ကျင့်သီလကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့ လူငယ်လူရွယ်လေးတွေ များများ ပေါ်ပေါက်လာပါစေလို့ ပဲ လေးလေး ဆုတောင်းနေမိပါတော့တယ်ငါ့တူရယ် ။။။။။။။။။
ကိုမောင်မောင်(ရွှေမြို့ တော်)
By ရိုးရာလေး

Related Posts Plugin for WordPress, Blogger...